Chapter 26: 24

Array
(
[text] =>

"မင်းတို့ကွာ ရွာနှံ့ပုံများ ရေဦးကနေ ဝက်ဖုံထိထန်းရေ လာသောက်ရတယ်လို့"

"ဘာလဲ ရေဦးကလူတွေဝက်ဖုံမှာမသောက်ရဘူးလို့ပြောထားလို့လား မူးကွဲနေအောင်သောက်လည်းရေဦးရောက်ရင်ပြေပြီ"

"အေးလေ ဝက်ဖုံနဲ့မူဂျင်တံတားကစောက်ထိုးကျလည်းကံပေါ့ "

"မင်းတို့သောက်တာအကြောင်းမဟုတ်ဘူး ငါ့ထန်းပင်လေးတော့ချန်ပေးပါကွာ ကျုပ်မှာဒါလေးနဲ့ပဲလုပ်စားနေရတာ "

အရင်တခေါက် သူတို့ထန်းရေအမူးလွန်ပြီး ထန်းတောရှင်ကိုအေးသာကို အပြီပြင်ရစ်ကြတော့သည် သူတို့ကအမူးလွန်နေ​ပြီဖြစ်တာကြောင့်ထန်းရေမရောင်းတော့ အဲဒါကိုသူတို့က သစ်ပင်လှဲသည့် ချိန်းစက်ကိုညီအကိုနှစ်ယောက်နှိုးပြီး ထန်းပင်ကိုလှဲပစ်ခဲ့သည် တော်သေးသည်ကထန်းပင်ကအသီးမသီးသည့်အပင်ဖြစ်နေသည်မို့

"အဲလောက်လည်းမူးအောင်မသောက်ပါဘူးဗျာ ခများလည်း"

"ပြောရမလားကွ ပင်လောင်းမျောက်ဆိုတဲ့မင်းကမူးလာရင်မျောက်ဖြစ်သွားတဲ့ကောင်"

"ဟေ့ရောင်ကင်းကောင် မင်းငလုံးပြောသလိုပဲကလေးယူမှာလား "

"ငါရရင်လိုချင်တာပေါ့ ဒါပေမဲ့ငါယူခဲ့တာယောင်္ကျားလေးကွ "

"မင်းကလည်းကွာ နည်းပညာတိုးတက်နေတဲ့ခေတ်ထဲမှာ ကလေးယူတာအဆန်းမှမဟုတ်ဘဲ မွေးစားလည်းရတာပဲ ခိုင်နှင်းဝေဂေဟာရှိတယ်လေ "

"ဟင့်အင့်! ငါလိုချင်တာငါတို့နှစ်ယောက်ရဲ့သွေးသား ပြီးတော့နည်းပညာနဲ့ယူတယ်ထားအုံး အရမ်းအန္တာရယ်များတယ် ဟန်ကစိတ်ပါနေရင်တောင်ငါငြင်းဆန်မိလိမ့်မယ် ဟန်ကလေးလိုချင်တယ်ဆိုရင်ငါပဲကလေးလုပ်မှာ "

"ထားပါတော့ ကလေးလည်းမယူဘူးမွေးစားဆိုလည်းမဟုတ်ဘူး တကယ်လို့မင်းတို့နှစ်ယောက်အခန့်မသင့်လို့ကွဲကြပါပြီတဲ့ မင်းဘယ်လိုလုပ်မလဲ "

"ငါမသိဘူး "

"ကွဲမှာအသေချာပဲ အရက်သမားကိုလင်တော်တာအံ့ဩပအေ"

"မယ်စိန်"

"ရှင်အသာနေပါ ကိုအေးသာရယ် ကျုပ်ပြောပါရစေ "

"မှန်တယ် ကျုပ်ကအရက်သမားဒါမဲ့မဟုတ်တော့လုပ်မနေဘူး "

"မဟုတ်တာလည်းမလုပ်သလို ဟုတ်တာလည်းလုပ်မနေဘူးမလား အချိန်တန်ပိုက်ဆံရှာပေးမယ် ငါကအရွယ်ကောင်း ရှာပြီးဖြုန်းမယ် နင်လို၉၉ပြားကောင်ကအဲတာပဲတွေးတာမလား ယောင်္ကျားလေးယူထားလို့ ဝန်သိပ်မပိဘူးဆိုပြီးရောမပျော်နေဘူးလား ဒီမှာပိုင်စိုးဦးအိမ်ထောင်တစ်ခုဖြစ်လာရင်ငွေရှာပေးနိုင်ယုံနဲ့တင်မပြီးဘူး အဲဒါနားလည်လား နွေးထွေးမှု ကြင်နာမှု အေးတူပူမျှလည်းခံစားပေးတက်ရသေးတယ် နင်ကရတယ်ဆိုရင်တောင် တဖက်ကလေးကရော လိုအပ်နေလားတွေးပေးရတယ် ကိုယ်​ဖြစ်ချင်တာလုပ်ချင်တာပဲရှေ့တန်းတင်မနေရဘူး  နွေးထွေးမှုကောရှိလား ကြင်နာမှုတွေကော အေးတူပူမျှဆိုတာကောနားလည်လား "

"တော်ပါတော့မယ်စိန်ရယ် "

"မင်းအဒေါ်ပြောတာဟုတ်တယ်ကွ ငါအလုပ်မရှိရင်အရက်သောက်မယ် ကစားမယ် အလုပ်ရှိရင်ပိုက်ဆံပေးမယ် အိမ်ထောင်သည်ဘဝကအဲလောက်နဲ့မရဘူးကွ မင်းအဒေါ်ပြောတာတွေလည်းရှိရတယ် အဲမှမင်းတို့ကလေးမရှိလည်းရေရှည်ထိလက်တွဲသွားနိုင်မှာ ကျုပ်နဲ့မယ်စိန်ညာတုန်းကများမိဘလည်းသဘောမတူ အလုပ်ကလည်းမယ်မယ်ရရမရှိ သိပ်လည်းမလုပ်နိုင် ငါစဥ်းစားမိတာကငါမှာပိုက်ဆံမရှိရင်ရေသောက်ဗိုက်မှောက် အခုကတစ်ဗိုက်ပိုလာပြီ ငါကိုယုံကြည်အားကိုးလိုက်လာတာယုံကြည်မူ့တွေမပျက်စေရဘူးတွေးပြီး အလုပ်လုပ်တော့တာပဲ ငါမလုပ်နိုင်တဲ့အလုပ်ဆိုခပ်ရှားရှားတောင်ဖြစ်သွားတယ် အလုပ်ရှိမှဆိုမဟုတ်ဘဲ ငါဘာလုပ်ရင်ကောင်းမလဲအမြဲတွေးနေခဲ့တာ ဟောအခုထိဒီထန်းတောပါရပြီး မိဘတွေလည်းကြည်ဖြူပြီ အချိန်ကကလေကချေက အခုတော့ထန်းတောရှင်ကလေးနှစ်ယောက်အဖေအေးသာဖြစ်နေပြီကွ "

"မင်းအဒေါ်ပြောတာတွေလည်းစိတ်ထဲမထားနဲ့ကွာနော့် ကောင်းစေချင်လို့ပြောတာကိုလေ "

"ကျုပ်နားလည်ပြီ "

"ပြန်မယ် ငဟိန်း သောက်ချင်စိတ်မရှိတော့ဘူး "

...........

သွက်နေသည့်ခြေလှမ်းတွေဟာ ပုံမှန်ထက်နှေးကွေးနေသည် မျက်နှာလေးထောင့်ထက် မျက်ခုံးတို့ပိုင်ရှင်အလိုကျတွန့်ချိုးထားကြသည်

ဝက်ဖုံကထွက်လာသည့်တိုင် မူဂျင်တံတားမရောက်သေး ရောက်မဲ့ရောက်တော့လည်း တံတားထက်ခြေပစ်လက်ပစ် အမြဲတမ်းပျော်ပျော်နေပြီးရှေ့ရေးမတွေးတက်လွန်းလို့၉၉ပြားခေါ်နေပေမဲ့ အခုလိုမြင်ရတော့စိတ်မကောင်း

"ကင်းကောင် အခုနဒေါ်လေးစိန်ပြောတာတွေ တွေးနေတာလား "

"အင်း "

"မင်းသူ့ကိုချစ်နေသားပဲ ဘာလို့မပြောတာလဲ "

"သိနေခဲ့တာလား "

"မြွေအချင်းအချင်းခြေမြင်တာကြာပေါ့ မင်းသူကိုစနေရရင် ပါးချိုင့်တွေပေါ်အောင်ပြုံးတက်တာ သူစိမ်းတွေနဲ့စကားပြောနေတာတွေ့ရင်မင်းမျက်ခုံးကတွန့်သွားတာ ဟန်ခရီးသွားတိုင်းယောင်လည်လည်နဲ့သွားတွေ့တက်တာ ပြန်လာရင်အဆင်ပြေရဲ့လား ကြည့်နေတက်တာ ဆက်ဟန်အနောက်၄၅ဒီဂရီကနေအမြဲလိုက်ကြည့်နေတက်တာလည်းသိတယ် "

"ငါမပြောချင်ဘူး ကြောက်တယ် ငါချစ်မှန်းသိရင် တန်ဖိုးကျသွားမလားငါစိုးရိမ်တယ် ငါချစ်တယ်ပြောပြီးမှ အနားကထွက်သွားမှာလည်းကြောက်တယ် "

"တကယ်ထွက်သွားမှ ငါချစ်တယ်ဆိုတာတောင်မပြောလိုက်ရဘူးလို့နောင်တတွေရနေမှာပ"

"မင်းသိလား ဟန်မျက်နှာပျက်နေရင် ဘာများဖြစ်သလဲငါများအမှားလုပ်မိထားသလား အသဲသန်တွေးရတယ် ပျော်ရွှင်နေရင်ဘာကိစ္စနဲ့များအဲလောက်ပြုံးနေရတာလဲငါမကြိုက်ဘူး တခြားသူတွေဟန်နဲ့တွဲပေးလာရင်ငါကဒေါသထွက်တက်သေးတယ် ဟန်အလုပ်လုပ်မယ်ပြောတိုင်းငါဘာလို့တားလဲ လက်ဖြူဖြူလေးတွေက ပန်းကန်ကိုင်ရင်ကိုအနီရောင်ဖြစ်လာတာ ခြေထိပ်လေးတွေကနီရဲနေတာ ငါဘယ်လိုစိတ်နဲ့ ခများအလုပ်လုပ်ပါပြောနိုင်မလဲ မျက်နှာနုနုလေးကနေနဲနဲထိရင်ကို ပန်းရောင်တွေထလာတာ ငါသာအလုပ်လုပ်ခွင့်ပြုလိုက်ရင် လယ် နဲ့ပဲကောက် စပါးစိုက်တို့ရိပ်တို့ လုပ်ရတော့မှာ ငါမလုပ်ခိုင်းစေချင်ဘူး "

"မင်းရဲ့မေတ္တာတွေ ဆက်ဟန်နားလည်မှာပါကွာ"

"ပြန်စို့ မင်းမျက်ခုံးတွေလဲဖြေလိုက်မင်းကြည့်ပြီးငါကို တော်တော်လေးညောင်းနေပြီ "

................

အချိန်သည်ကား နေ့လယ််၃နာရီခွဲ

အိမ်ပြန်ရောက်တော့သောက်ထားသည်မှာအမူးပြေလို့ဟိုဘက်ကိုလွန်နေပြီ လူစုံတက်စုံရှိသည့်အိမ်ကတိတ်ဆိတ်နေသည် အရေးကြီးဆုံးလူကမောင့်ဟန်လေး တွေ့ပါပြီ

အိပ်ခန်းထဲမှာ သူရဲ့တီရှပ်ကြီးကောက်ဝတ်ထားပြီးသူရဲ့ဆိုဒ်အသေးဆုံးဘောင်းဘီကောက်ဝတ်ထားသည် အင်္ကျီတွေဘောင်းဘီတွေရှိပါရဲ့နဲ့ သူ့ဟာတွေပဲလိုက်ဝတ်တက်တာပြောမရဆိုမရ စောင်ကိုရင်ဘက်ကခုကာဝမ်းလျားမှောက်အိပ်နေသည် ဘယ်ကတည်းကအိပ်နေမှန်းမသိပေမဲ့ နေစောင်းထိအိပ်မိရင်ဖျားတဲ့အကျင်နဲ့သူမို့ နှိုးဖို့လက်အလှမ်း ကိုယ်ပါကိုယ်ငွေ့လှုံချင်စိတ်ပေါက်လာပြီး နောက်ကျောကိုရင်ဘက်ကပ်၍ထပ်အိပ်လိုက်သည်

အင်းနွေးထွေးလိုက်တာ အရက်နံနဲ့ရောနေတဲ့ယောင်္ကျားဆန်ဆန်ကိုယ်သင်းနဲ့လေး

"ခများနှိုးသွားပြီလား"

"အွန်းဖယ်အုံး အသက်ရှုရကျပ်တယ် "

"မှန်းစမ်း ဖျားနေပီလား"

"ဟင့်အင့်! ဦးကဘယ်ကတည်းကရောက်နေတာလဲ"

"အခုနကပဲ ခများအိပ်နေတာတွေ့လို့မနှိုးပဲကျုပ်ပါဝင်အိပ်လိုက်တာ "

"အေးလိုက်တာ "

"ရေမချိုးလို့တော့မရဘူးနော် ကျုပ်ရေနွေးတယ်ပေးထားတယ် "

"အင်းချိုးမှာ ခေါင်းလည်းလျှော်မှာ "

"အဲဆိုထ ကြာရင်အအေးပတ်နေမယ်"

ရေကန်ထဲရောက်တဲ့ချိန် ဦးပါဝင်လာသည် ပုံစံကရေချိုးဖို့ပုံစံ

"ဘာလုပ်တာ "

"ကျုပ်လည်းချိုးမှာပေါ့ "

"ချိုးမယ်ဆိုလည်းချိုးလေ ဘာလို့စိုက်ကြည့်နေတာလဲ"

"လှလို့ ခများအသားကဘာလို့အဲလောက်ဖြူနေရတာလဲ ခများအမေရောအဖေရောညိုတိုတိုတွေကို "

"အမျိုးတွေဘက်လိုက်တာ"

"အကိုစစ်ဟန်လည်းမဲတာပဲ"

"ညိုတာပါ သူလည်းဖြူတယ်အလုပ်ကြောင့်မဲသွားတာ"

"သွားတက်နဲ့ပါးချိုင့်ကရော ဘာလို့ပါတာ"

"ကလေးသူငယ်နတ်ဘုရားက သေချာပန်းပုထုပေးလိုက်လို့အခုလိုချောမောလှပနေတာ "

"ဒီမှာထိုင်ကျုပ်ခေါင်းလျှော်ပေးမယ် "

"မွှေးတယ် ခများဆံသားတွေကပျော့ပြောင်းနေတာပဲ ဒီဆံပင်ကေနဲ့လည်းခများလိုက်တယ် "

"ဦးလို့အေးလာတော့မယ် လျှော်နေတာလားကိုင်ထားတာလား"

"ခများရဲ့ဦးရေပြားတွေနာမှာကြောက်လို့ညန်း "

"အ့? မျက်လုံးထိပြီ ဦး အားစ်~ စပ်တယ် "

"ဆောရီး ပြွတ်! "

"မျက်လုံးထိတာနဲ့ နှုတ်ခမ်းနမ်းတာဘားးးးးမှလဲဆိုင်ဘူး "

"ဆိုင်ဆိုင် မဆိုင်ဆိုင်နမ်းချင်လို့နမ်းတာ "

15 minutes later

"ကျုပ်နားလာထိုင် ရေသုတ်ပေးမယ်တဘက်ယူခဲ့"

"ခများအသားရေကချိုးကာစဆို ပိုနီတယ် ဘာလို့လဲ"

"ဟန်မသိဘူး ဒီတိုင်းပဲနီနေတက်တာ "

"နှာတံလေးကဖြောင့်စင်းနေရော"

"ရေသုတ်ဆို ခေါင်းစိုနေသေးတယ် "

"ကျုပ်ဝယ်ပေးထားတာရှိသေးတယ်မလား ကုန်ရင်ပြောလေဝယ်ခဲ့ပေးမယ် မသွားခင် "

"အများကြီးရှိသေးတယ်"

"အရှေ့ဘက်လှည့် "

ရွှတ် !

ပိုင်စိုးဦးရဲ့လည်ပင်းကိုဆက်ဟန်ကမျက်နှာမူပြီး အာဒမ်လေးကိုတရွှတ်ရွှတ်လိုက်နမ်းသည် နမ်းရုံထဲနှင့်အားမရ ကိုက်ပြီးလွှတ့်မပေးတော့

"လွှတ်ပေးတော့လေဗျာ ပန်းသီးကိုက်သလိုတစ်တိတိလုပ်နေတာ ဆံပင်ကမခြောက်သေးဘူး "

"ထားလိုက်တော့ ဦး"

"ဦးကိုမေးစရာရှိတယ်"

"မေး"

"ဦးကလေးလိုချင်လား"

"ဟင့်အင့်! ကျုပ်ကလေးမချစ်တက်ဘူး"

"သေချာလို့လားဦးရယ် "

"ကျုပ်ကမဟုတ်ဘဲပြောမလား ကလေးကစိတ်ရှုပ်စရာကောင်းတယ် အချိန်လဲပေးရသေးတယ် "

"မင်းကလေးလိုချင်ရင် ကျုပ်ကလေးလုပ်ပေးမယ်လေဘယ်လိုလဲ ညတိုင်းချိုချိုတိုက်ပေါ့"

ဘုတ်!

"ဖယ် "

"ခများကစိတ်ကြီးပဲ ကျုပ်ကိုလည်းနင်းမိအုံးမယ်"

"မိရှင်ဖျား ဆက်ဟန်နဲ့ငါနဲ့ညား "

"ဘာဖြစ်တာလဲပိုင်စိုးဦးရာ "

"ဪ~ ဩ ဘာဖြစ်လဲဟုတ်လား အသံမပေးဘာမပေးနဲ့မင်းကငါ့ရှေ့ရောက်နေတာလေ "

"အသံပေးတယ် မင်းမကြားတာ မရီးကိုကြည့်နေလိုက်တာများဟိုကမိန်းမဆိုဗိုက်ကြီးတယ် "

"ပြောထားပေါ့ကွာ သဘက်ခါဆိုမင်းတို့မရီးနဲ့အခုလိုတွေ့ရမှာမဟုတ်တော့ဘူးး"

"ကျုပ်ကလူပျိုဆိုတော့ နားလည်ပေးရမှာပေါ့ ဒါနဲ့ အခုနကလေးကိစ္စပြောနေတာကြားတယ် အဆင်ပြေလား "

"ပြေတယ် "

"ဝါး အဲဆိုကျုပ်ကတူမလေးဖြစ်ဖြစ်တူလေးဖြစ်​ဖြစ်ရတော့မှာလား "

ဒေါက်လ် !

"ကလေးမယူဘူး အဲဒါပြောတာ "

"အဲဒါကပြေလား မပြေဘူးပြောရမှာကို "

"ဟ ငါလိုချင်ပါတယ်ပြောပြီးငြင်းခုန်နေတာမဟုတ်ဘူး အဲတော့ပြေတယ် ဖယ်စမ်းပါ ရှုပ်တယ် ငါ့နားမလာနဲ့နော် မင်းမရီးလည်းဘာမှသွားမမေးနဲ့ "

"သိတယ် "

..............

"ပိုင်စိုးဦး "

"မီးသွယ် ဘာကိစ္စလာလေ "

"ဟိုလူတွေရှိလား "

"အိမ်ပြန်တယ် ငါတို့ညီအကိုနဲ့ငါ့လင်ပဲရှိတယ် "

"တွေ့လိုက်တယ် "

"ဘာကိုလဲ မင်းဟာက "

"ညနေက အကိုဆက်ဟန်နဲ့ ချစ်ကြည်နူးနေတာ "

"အဲတော့ "

"ကြည်နူးဖို့ကောင်းတယ် ယောင်္ကျားနှစ်ယောက်ရဲ့အိမ်ထောင်ရေးဆိုပေမဲ့ အဘေးလူတွေကိုလည်းအပျော်တွေကူးစက်စေတယ် အားလည်းကျစေတယ် မနာလိုတာတွေလည်းဖြစ်စေတယ် "

"အဲလိုဘဲ​ဖြစ်နေရမှာမဟုတ်ဘူးလား "

"ပြောပြ တောတန်းရွာရောက် ၉၉ပြားကောင်ရဲ့အချစ်ကြောင်း"

"တနေ့နေ့မှာတယောက်ယောက်ရဲ့မေးလာစေချင်ခဲ့တာ ငါရင်ဘက်ကြီးဖွင့်ချင်ခဲ့တာ "

"ငါရှိတယ် နင့်သူငယ်ချင်းသွယ်သွယ်မောင်ရှိတယ် ရှင်းအောင်ပြောလိုက်မယ်နော် ငါကမနာလိုတာမဟုတ်ဘူးအားကျတာ သိဖို့"

"ငါလည်းဘားးးးမှမပြောရသေးပါဘူးကွာ"

"စပြောတော့ "

"တောတန်းကိုစပြောင်းတုန်းက ငါအရမ်းပျင်းတာ အိမ်ခြေဘယ်လောက်မှမရှိ တိတ်ဆိတ်နေတက်တယ် ငါတို့ငှားနေတဲ့အိမ်ဘေးကအပျိုကြီးဆိုင်အပြင်ဘာမှစိတ်မဝင်စားဘူး တနေ့ ဟန်ဆိုင်ကို ဦးနိုင်ဝင်းနဲ့ အစီကခေါ်သွားတာ အဲကနေအပျိုကြီးဆိုင်ထက် ဟန်ဆိုင်ကိုသွားရတာပိုကြိုက်လာတယ် ဟန်ကိုစနေရရင်ငါအရမ်းပျော်တယ် စိတ်တိုနေရင်အရမ်းကြည့်လို့ကောင်းတာ ...

( 'ဟေ့ရောင်ထော်ကြီး '

'သေဖို့လား နာမည်မဖျက်နဲ့မကြိုက်ဘူး '

'ရော..... ရော့...​ေထာ်နေလို့ထော်ကြီးခါ်တာဆန်းသလားထော်ကြီး '

'ဟုတ်ပါပြီ ဆံဖြူ '

'ဘာကိုဆံဖြူလဲ မခေါ်နဲ့ '

'ဆံဖြူနေလို့ ဆံဖြူခေါ်တာဆန်းသလားဆံဖြူရဲ့ '

'ဆံပင်ကဖြူနေတာမဟုတ်ဘူး ရင်ထဲကဖြူစင်မူ့တွေခေါင်းပေါ်ရောက်သွားလို့'

'ဖြူရင်ဖြူတယ်ပေါ့ ဖြူစင်သလေးဘာသလေးနဲ့')

"အဲလိုစနေရရင် အလိုလိုကိုငါပျော်နေတော့တာ"

"နောက်တော့ရော "

( ' ဝင်းဆန်းဘယ်သူ့ဟာကြီးလဲ '

တနင်္ဂနွေနေ့ အပတ်စဥ်ဓမ္မစကူးလ်တွင် ဖြစ်သည်

' ဆက်ဟန်ဟာ တခြားနေရာထားရင်သူများစားမှာစိုးလို့ငါ့စီထားခဲ့တာ '

'သူ့အကြိုက်တွေကြီးပဲလား '

'ဆက်ဟန်အကြိုက်ကို ငါကဘယ်လိုသိမလဲကင်းကောင်ရ '

'ပေးငါသိမ်းပေးထားလိုက်မယ် '

ပြီးတော့ ဆက်ဟန်ကသူရေခဲချောင်းနှစ်ချောင်းနဲ့ ice_creamတခွက်ကိုလာယူတော့သည်

'ပေးတော့ အရမ်းစားချင်နေပြီ ထမင်းတောင်မြိုမကြဘူး '

'ငါ့မှာမဟုတ်ဘူးညန်း ကင်းကောင်စီမှာ '

'ပေးခဲ့တာကကိုဝင်းဆန်းကိုလေ သူ့စီကဘယ်လိုရောက်သွားတာလဲ'

'သူသိမ်းပေးမယ်ပြောလို့ '

'ဦး ပေးတော့ "

'ကွိုင်နေလား ဘာတွေပေးခိုင်းနေတာ'

'စိတ်တိုအောင်မဆွနဲ့နော်ဦး'

'မပေးဘူး ဆို ရင် ရော '

'မပေးရင်ရိုက်တယ် '

အရှေ့ကခြေတံရှည်နဲ့ ဘုန်းကြီးကျောင်းဝင်းပတ်ပြေးနေသလို အနောက်ကသူမှာလည်းပွစိပွစိပြောကာ လိုက်ရိုက်တော့သည်

'မယူဘူး မှတ်ထားမှာနောက်တခါကြမှဟင်းဟင်းပဲ'

'အမလေး ဒါကျောင်းပုရိန်ဝဏ်မှာနော် အချစ်စမ်းနေလိုက်တာများ'

'ီးကိုအချစ်စမ်း စိတ်တိုနေတာနော်လာမဆွနဲ့ ကင်းကောင်ကဒေါသတွေ ကိုဟိန်းစီရောက်ကုန်မယ် '

'ငါအခုနပတ်ပြေးနေတာဗီဒီယိုရိုက်ထားတယ် ယူမလား'

'မယူဘူး '

'ဟေ့ရောင်ကင်းကောင် မင်းစတာလွန်သွားပြီထင်တယ်ကွ မျက်စောင်းထိုးသွားတာများပြာကျလောက်တယ် '

'အေးလေ ဆက်ဟန်ကအစားနဲ့ပတ်သက်ရင်မရမှန်းသိသိနဲ့ ')

"နင့်လင်ကအဲလိုဆိုကလေးအတိုင်းပါဘဲလား "

"အင်း "

........................................................................

[text_hash] => 2bf21c38
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...