Array
(
[text] =>
ချစ်သူတစ်ယောက် ကောက်ရထားသည် {အခန်း ၁}
"ဟျောင့် မင်းဒယ်ဒီ မိန်းမ ယူတော့မှာဆို..'
မင်းသွင်ရဲ့ စကားကြောင့် သူပြုံးစိစိဖြစ်သွားသည်။ ဒယ်ဒီ
အိမ်ထောင်ပြုတော့မယ်ဆိုတာကို မင်းသွင်တစ်ယောက်ဘယ်လို
သိခဲ့လည်းမသိ။ မနက်အစောပိုင်းကမှ ရပ်ကွင်ထဲရှိ အန်တီကြီး
တစ်ယောက်နဲ့ စကားစပ်မိလို့ ပြောခဲ့ရာမှ အခုတော့တစ်ရပ်ကွက်လုံး သိသွားဟန်တူပါသည်။
"ဟုတ်တယ် မိန်းမတော့မဟုတ်ဘူး.."
"ဟေ!! ဒါဖြင့် သူယူမှာ ယောက်ျားလား"
"အေး!!
မင်းသွင်ခင်မျာ အတော်လေးအံ့ဩသွားပုံနဲ့ ပါးစပ်အဟောင်းသား
ဖြစ်သွားသည်။ မင်းသွင်လိုမျိုး ဒယ်ဒီဆီက ယောက်ျားတစ်ယောက်နဲ့ အိမ်ထောင်ပြုတော့မယ်ဆိုတုန်းက အံ့ဩခဲ့ရပါသည်။
ဒယ်ဒီအသက်ရွယ် ရုပ်ရည်နဲ့ အရည်အချင်းက ကလေးတစ်ယောက်ရဲ့ အဖေဖြစ်တာတောင် နည်းနည်းမှ လျော့ကျသွားတာမရှိ။
အနားမှာ နံပါတ်စဉ်တပ်ပြီးစောင့်နေတဲ့ ပျိုမဒီတွေမှပေါသောလို့။
ဒယ်ဒီသူငယ်ချင်းမ ၊ ဖြစ်တဲ့ အန်တီ စံပယ်ဖူးတောင် ပါသေးသည်။ ဒယ်ဒီ အိမ်ထောင်ပြုတော့မယ်ဆိုတုန်းက သူအရမ်းကို
အံ့ဩခဲ့တာအမှန်။ ဒယ်ဒီရဲ့ အိမ်ထောင်ဘက်ကို သိရတော့မှ
ပိုတောင် အံ့ဩစရာ ကောင်းခဲ့ပါသည်။
"ဟျောင့် တကယ်ကြီးလား ငါဖြင့် မင်းဒယ်ဒီကို အိမ်ထောင်မပြု
တော့ဘူးလို့တောင်ထင်ခဲ့တာလေ"
"ငါလည်း အဲ့လိုထင်ခဲ့တာပဲ.."
Computer Screenကနေ မင်းသွင်ရဲ့ အံ့ဩနေသည့်
မျက်နှာအား သူ အထင်သားမြင်ရသည်။
"ဒီအရွယ်ကြီးကျမှကွာ.."
"ဘာဒီအရွယ်ကြီးလဲ ငါ့ဒယ်ဒီက အခုမှ အသက်၄၀ပဲရှိသေးတာ
အသက်သိပ်မကြီးသေးပါဘူးကွာ.."
"အေး!! ထားပါတော့ ဒါဖြင့် ဘယ်သူနဲ့ယူမှာလဲ ငါကတော့
အန်ကယ် အဂ္ဂကို အဖြောင့်လို့ ထင်ခဲ့မိတာကို အခုတော့
ယောက်ျားတစ်ယောက်နဲ့ အိမ်ထောင်ပြုမယ်တဲ့လား.."
"ငါ့ဒယ်ဒီက ဂေး မဟုတ်ပါဘူး သူတစ်လျှောက်လုံး မိန်းမတွေပဲ
ကြိုက်လာတာ အန်ကယ်မိုးနှောင်းနဲ့တွေ့မှ တကယ်ချစ်ခဲ့တာလို့
ပြောတာပဲ.."
"ဟာ.. ဒါဆို မင်းမာမီကရော"
"မာမီဆုံးသွားတာ ငါ့တစ်သက်ရှိနေပြီ ဒယ်ဒီလည်းသနားပါတယ်
လူကြီးတွေ ပေးစားလို့မချစ်မနှစ်သက်ပဲ မာမီနဲ့ လက်ထပ်ခဲ့ရတာ
သားတစ်ယောက်အနေနဲ့ ကိုယ့်ဒယ်ဒီရဲ့ ပျော်ရွှင်မှုကိုတော့
မပိတ်ပင်သင့်ဘူးထင်တာပဲ.."
ဒယ်ဒီနဲ့မာမီက လူကြီးချင်းသဘောတူလို့ လက်ထပ်ခဲ့ကြတာ။
ဒီလောက်လှပြီး ကျက်သရေရှိတဲ့ မာမီကို ဒယ်ဒီရင်မခုန်ခဲ့တာ
အံ့ဩလို့ပင်မဆုံးပါ။ ဘေးမှာ ထောင်ထားတဲ့ ဘောင်သွင်းထားသည့် ဓာတ်ပုံလေးကိုကြည့်ကာ သူသက်ပြင်းသဲ့သဲ့ချသည်..။
ဒယ်ဒီ အရမ်းပျော်နေပါပြီ မာမီ စိတ်မပူပါနဲ့တော့နော်..
"မင်းဒယ်ဒီလက်ထပ်မယ့်သူက ဘယ်သူလဲ အသိုင်းဝိုင်းကြီးထဲကလား"
ထိုအခါ သူခေါင်းခါပြရင်း
"မဟုတ်ဘူး အန်ကယ်လေးက မန္တလေးမှာ နေတာကွာ
ဒယ်ဒီကလည်း မန္တလေးဘက်ကို ခဏခဏအလုပ်ခရီးတွေ
ထွက်ရတော့ သူတို့ချင်းငြိကုန်ကြတာပေါ့ သာမန်လူတန်းစားပါပဲ
ငွေရေးကြေးရေး သိပ်မပြည့်စုံပေမယ့် မေတ္တာပြည့်ဝမယ့်
လူမျိုးပါပဲ ငါတစ်ကြိမ်ဆုံဖူးတယ် ဒယ်ဒီချစ်မယ်ဆိုလည်း ချစ်ချင်
စရာလေးပါပဲ .."
"ဪ အန်ကယ်က အချစ်မှာ ကျရှူံးသွားတာပေါ့ ခ်ခ်!!
"ဟုတ်တယ်ကွ အဲ့အချိန်တုန်းက ငါ ဒယ်ဒီမျက်နှာပေါ်က
အပြုံးတွေကို ပထမဆုံးအကြိမ် မြင်လိုက်ရတာပဲ ဒယ်ဒီက
အန်ကယ်လေးကို သိပ်ချစ်တဲ့ပုံပါပဲ ဪ.. ဒယ်ဒီနဲ့ လက်ထပ်ပြီး
သွားရင် ငါက အန်ကယ်လေးကို ဖေဖေလို့ ပြောင်းခေါ်ရတော့မှာ"
"ဟုတ်ပါပြီ ဩဂတ်ရာ မင်းတို့သားဖတွေ အဆင်ပြေရင်
ပြီးတာပါပဲ.."
မင်းသွင်က လေးထောင့်မျက်မှန်လေးကို တစ်ချက်ပင့်ရင်း
ပြောလာ၏။ မင်းသွင်က သူငယ်ငယ်ကတည်းကပေါင်းလာတဲ့
တစ်ဦးတည်းသော သူငယ်ချင်းတစ်ယောက်။ မင်းသွင်က
စာဂျပိုးတစ်ယောက်ဖြစ်ပြီး ရည်မှန်းချက်လည်းကြီးသူတစ်ယောက်ပင်။ ဆယ်တန်းကို ဆေးမှတ်မှီအောင် ဖြေပြီးတာနဲ့
ဆေးကျောင်းတက်မယ်ဟု ရည်မှန်းချက် ခပ်ကြီးကြီးထား၏..။
ဒါတောင် စာအုပ်နဲ့မျက်နှာနဲ့ မခွာတဲ့ မင်းသွင်က စာမလုပ်ပဲ
အတန်းထဲမှာ စာတော်နေတဲ့ သူ့ကို ဘာဆေးတွေ စားပြီး
စာတော်နေတာလည်းဟု ခဏခဏ ခနဲ့ဖူးသေးသည်..။
"ဒါနဲ့ ငါမင်းကို ပြောရဦးမယ်.."
ပါးချိုင့်နှစ်ဖက်လုံးထင်းနေအောင် ပြုံးနေတဲ့သူ့အား မင်းသွင်က
စိတ်ဝင်တစားကြည့်ကာ နားစိုက်ထောင်လာသည်။
"အန်ကယ်လေးမှာ သားတစ်ယောက်ရှိတယ်ကွာ ငါ့ထက်
၂နှစ်ငယ်တယ် ငါက အမြဲတမ်း ညီလေး လိုချင်နေတာ
မင်းသိမှာပေါ့ မာမီကလည်းငါ့ကိုမွေးပြီး ဆုံးသွားတာဆိုတော့
ငါမျှော်လင့်လို့မရဘူးကွာ အခုတော့ ညီလေးတစ်ယောက်
ရတော့မယ်.."
မင်းသွင်က မျက်ခုံးတစ်ချက် ခပ်သာသာပင့်ပြီးမှ
"ဟာ..ဒါဆို မင်းအန်ကယ်လေးက လူပျိုမဟုတ်ဘူးပေါ့.."
"ငါ့ဒယ်ဒီလည်း လူပျိုမဟုတ်ဘူးလေ "
"ဘာပဲဖြစ်ဖြစ်ကွာ အန်ကယ်လို အနေထားကြီးနဲ့ ယောက်ျားတွေ
ကို စိတ်ဝင်စားတယ်ဆိုရင်တောင် လူပျိုလောက်တော့
ရှာယူသင့်ပါတယ်"
"အရေးကြီးတာ အချစ်စစ်ဖို့ပဲလေ အဲ့ထက် ဘာကများ
ပိုအရေးကြီးမှာလဲ ငါကတော့ ဒယ်ဒီပျော်ရင် ကျေနပ်တယ်.."
"ဒယ်ဒီပျော်လို့ ကျေနပ်မှာလား ညီလေးတစ်ယောက် ရလို့
ကျေနပ်တာလား သေချာစဉ်းစားပြော အရူးကောင်.."
"အဟက်.., ဘာလဲ သူများညီလေး ရတာကိုမနာလိုနေတာ
မဟုတ်လား.."
"သွားစမ်းပါကွာ ငါဖြင့် အိမ်ကငမွှေထိုးနဲ့ နေ့တိုင်းသတ်နေရတာ
ညီတစ်ယောက် ရတာက ဘာမှ ပျော်စရာမကောင်းပါဘူး
ကြည့်နေ မင်းငြီးငွေ့လာမှာ"
"စိတ်ချ ဟေ့ကောင် အဲ့လိုတစ်သက်လုံးဖြစ်လာမှာမဟုတ်ဘူး
ဘာလို့ဆို ငါက..."
ထိုစဉ် အိမ်ရှေ့က ကားသံသဲ့သဲ့ကြားလိုက်ရတော့ ရင်ထဲလှပ်ခနဲ
ဖြစ်ရင်း ပါးချိုင့်ရေးရေးလေးက ထင်းခနဲ ပေါ်လာခဲ့ပါသည်..။
"ဘာဖြစ်လို့လဲ.."
"ဆောရီး သားရီးရာ ဒယ်ဒီနဲ့ အန်ကယ်လေးတို့ လာပြီထင်တယ်"
"ဘာ!!! ဒီနေ့လား'
"ဟုတ်တယ် ဒီနေ့ကစပြီး အန်ကယ်လေးတို့က ငါတို့အိမ်မှာ
လာနေတော့မှာလေ ငါ့ညီလေးပုံကိုတော့ ဖုန်းထဲကနေ
မြင်ဖူးပါတယ် အခုတော့ လူချင်းတွေ့ရတော့မယ်.."
"အေးပါကွာ ပြီးတော့မှ ညီတစ်ယောက်ရှိတာက
ဘယ်လောက်ထိ ပြဿနာများကြောင်း ငါ့ကိုရင်လာမဖွင့်နဲ့"
သူ မင်းသွင်စကားကြောင့် ခေါင်းခါပြီး Computer ကို
ပိတ်ချပစ်လိုက်သည်။ ပြီးမှ အခန်းထဲကနေ လှစ်ခနဲပြေးထွက်ပြီး
ဒယ်ဒီရှိရာကို လှေခါးထစ်မှတဆင့် ဒုန်းဆိုင်းပြေးဆင်းတော့သည်။
"လာလေ..ငယ်.. ဘာမှစိတ်မပူနဲ့နော် ကိုယ့်အိမ်လိုပဲသဘောထား"
ဒယ်ဒီရဲ့ အသံလွင်လွင်က စပြီးထွက်ပေါ်လာခဲ့ပါသည်..။
ပြီးမှ အန်ကယ်လေးက ဒယ်ဒီလက်ကိုချိတ်တွယ်ရင်း အိမ်ထဲ
ဝင်လာတာကိုလည်း ဩဂတ်ဂုဏ်ပိုင် အထင်းသားတွေ့ရသည်။
ခဏကြာတော့ မြင်ကွင်းထဲ ဝင်ရောက်လာတဲ့ ဖြူဖြူသေးသေးလေးကို မြင်တော့ ဩဂတ်မှာ ပါးချိုင့်တွေ ပေါ်သည်အထိ အရူးလို
ပြုံးလိုက်သည်။
ဒါက သူသိပ်တွေ့ချင်တဲ့ သူ့ရဲ့ညီလေး သော်ဒီထူးဟန်ပင်။
"ဒယ်ဒီ!!!
"သား... ဒီကိုလာ"
သူ ဒယ်ဒီဆီ တန်းပြေးသွားတော့ သော်ဒီက အန်ကယ်လေးနောက်ကို ဝင်ပုန်းသည်။ ကြည့်ရတာ အခုမှ တွေ့တာမို့ ရှက်နေတဲ့ပုံပါပဲ။ သူ ညီလေးကိုကြည့်ရင်း အသည်းတယားယားဖြစ်နေတော့သည်။
"သားငယ်လေး., ဘာဖြစ်လို့လဲ"
"သားငယ်က ရှက်နေတဲ့ပုံပဲ ငယ်.."
"မဟုတ်တာ ကိုကိုရယ် သားငယ်က အရင် ဒီပုံစံမဟုတ်ဘူး"
သားအကြောင်းကို ခရေစေ့အတွင်းကျကျ သိသူမို့ မိုးနှောင်း
တွေခနဲ ဖြစ်သွားရ၏။ သားက ရှက်တတ်သူလည်း မဟုတ်သလို
တစ်ခါတစ်လေ အိမ်မှာဆို သူနဲ့တောင် ရန်ဖြစ်တတ်တာမျိုးလည်း
ရှိသည်။ တကယ်ဆိုရင် သော်ဒီထူးဟန်က ကတ်ကတ်လန်
ရန်တွေ့တတ်သူမို့ အခုမှ ဘာလို့ရှက်သလိုလို သူ့အနောက်မှာ
ဝင်ပုန်းရသလည်းဆိုတာ မိုးနှောင်းမတွေးတတ်။
"သော်ဒီထူးဟန်!!
ထိုအခါမှ သော်ဒီက သူ့အဖေနောက်မှာ ပုန်းနေရင်း ရှေ့ကို
မဝံ့မရဲ ထွက်လာသည်။ ၁၃နှစ်အရွယ်မို့ ကလေးတစ်ယောက်ရဲ့
သွင်ပြင်ရှိပေမယ့် ရွယ်တူကလေးတွေထက် ပိုသေးပြီးညှပ်သည်။
ခဲရောင်ဒူးတိ ဘောင်းဘီတိုလေးနဲ့ အနက်ရောင် စပို့ရှပ်လက်တိုလေးကို ဝတ်ထားလျက် လျှာထိုးဦးထုပ်ကို နောက်ပြန်စောင်းထား၍ ဖြူဥပြီးသေးသွယ်နေတဲ့ ချစ်စရာမျက်နှာလေးက
ရုပ်လုံးပေါ်လာခဲ့သည်။
"ကိုကို့ကို နှုတ်ဆက်လိုက်လေ ဒီနေ့ကစပြီး သားက ကိုကိုနဲ့အတူ
နေသွားရတော့မှာ.."
သော်ဒီထူးဟန်က ရှေ့လည်းမတိုး နောက်လည်းမဆုတ်သာပဲ
ရှေ့မှာရှိတဲ့ ဩဂတ်ကိုသာ မဝံ့မရဲ ကြည့်နေသည်..။
"ဟင်း!! မင်္ဂလာပါ ညီ.. ကိုကို့နာမည်က ဩဂတ်ဂုဏ်ပိုင်
ညီ့နာမည်က သော်ဒီထူးဟန်တဲ့ ကိုကိုပြောတာ မှန်တယ်မလား"
သူ့ထက် နိမ့်နေသေးတဲ့ ညီဖြစ်သူကို ဩဂတ် မျက်နှာကြီး
ကိုင်းချကာ သေချာလေး ကြည့်ရင်း နှုတ်ဆက်သော်လည်း
သော်ဒီထူးဟန်က သူ့ပါးချိုင့်ထင်းထင်းလေးတွေကို မျက်တောင်
မခတ်တမ်း ငေးကြည့်နေသည်..။
အဲ့ဒီနောက်တော့ ဘာမှမပြောပဲ အဖေဖြစ်သူလက်ကို ဖမ်းဆွဲကာ
အနောက်မှာပြန်ပုန်းလိုက်တော့ ဩဂတ်ရဲ့ အပြုံးတွေကတန့်ခနဲ
ဖြစ်လျက် ကြောင်စီစီပါ ဖြစ်ကုန်သည်။ ပြီးမှ သူ့ရဲ့အရှက်သည်းလွန်းတဲ့ ညီအသစ်စက်စက်လေးကိုကြည့်ပြီး သဘောကျနေတော့သည်။
"အားနာလိုက်တာ သားကြီးရယ် အရင်က ဒီကောင်လေး
ဒီလိုမဟုတ်ပါဘူး.."
"ရပါတယ် ဖေဖေရဲ့ ညီက ကျွန်တော်ကိုစိမ်းနေသေးလို့ပါ.."
"ငယ်!! ညစာကို အိမ်မှာစားမှာလား ဒါမှမဟုတ် အပြင်မှာ
စားချင်လား.."
ဦးအဂ္ဂဂုဏ်ရှိန်မာန်ရဲ့ အပြောကြောင့် မိုးနှောင်း မှာ
ချစ်ရသူကိုအပြုံးနဲ့ကြည့်လိုက်သည်။
"နောက်ကျနေပြီ ကိုကို!! ငယ်တို့ အိမ်မှာပဲ ချက်စားရအောင်"
"ကိုယ်တို့က သားဖနှစ်ယောက်တည်းရှိပြီး အိမ်မှာလည်း
ထမင်းချက်တွေ ခေါ်မထားဘူး တစ်ခါတစ်လေ အပြင်မှာ
စားချင်လည်းစား၊ ဒါမှမဟုတ် အပြင်ကနေ သွားဝယ်စားတာ
အဲ့ဒါကြောင့် ကြက်ဥပဲ ရှိမယ်ထင်တယ်!!
"ရတယ် ကိုကို ငယ်ပဲကြည့်လုပ်လိုက်ပါ့မယ်'
"အင်း"
မိုးနှောင်း မီးဖိုချောင်ဝင်ဖို့ရာ သူ့လက်ကိုဆွဲထားတဲ့ သော်ဒီကို
တစ်ချက်ငုံ့ကြည့်သည်။ သော်ဒီက ရှက်နေပေမယ့် သူ့နောက်မှာ
ပုန်းရင်း ဩဂတ်ကို ခိုးခိုးကြည့်နေသည်။ ဩဂတ်နဲ့ အကြည့်ချင်း
ဆုံလိုက်တိုင်း တစ်ဖက်လူမှာ သူ့ကိုပြုံးပြသည့်အခါမှာလည်း
သော်ဒီက ရှက်ရပြန်သည်။
"သားငယ် ဖယ်အုံး ဖေဖေ ညစာပြင်မလို့!!
"လာခဲ့ ညီ.. ကိုကိုနဲ့ အခန်းထဲ လိုက်ခဲ့ ညီ့အတွက်
လက်ဆောင်ရှိတယ်"
လက်တစ်ဖက်ကို ဆန့်ပေးလိုက်ပေမယ့် ညီက တစ်ချက်သာ
ကြည့်ပြီး သူ့ကို လက်ကမ်းမပေးပဲ မျက်တောင်လေးပုတ်ခတ်
ပုတ်ခတ် လုပ်နေတာမို့ သူကပဲ ညီ့လက်ကို ဆတ်ခနဲဆွဲယူပြီး
သူနဲ့အတူ ခေါ်ခဲ့လိုက်တယ်။ ဒယ်ဒီနဲ့ ဖေဖေအတွက် သီးသန့်
အချိန်လိုအပ်လောက်မယ်ထင်လို့ လမ်းကြောင်းပေးတဲ့သဘောနဲ့
ညီ့ကို အတူခေါ်ခဲ့ခြင်းသာ။
နောက်ပြီး ကိုယ်တိုင်ကလည်း ညီနဲ့အတူ နှစ်ယောက်တည်း
စကားပြောချင်တာလည်းပါသည်။
ဩဂတ်အခန်းက တော်တော်လေး ကျယ်တယ်။ အခန်းထဲမှာ
ဖိနပ်စင်ကြီးကို သော်ဒီမော့ကြည့်ရသည်။ ဖန်ကောင်တာထဲမှာ
ထည့်ထားတဲ့ အရောင်အမျိုးမျိုး ဒီဇိုင်းအမျိူးမျိုးနဲ့ ရှိနေတဲ့
ဖိနပ်တွေက အသစ်တွေချည်းပဲ..။ သူ ဖိနပ်စင်ကြီးကို မော့ကြည့်
နေတုန်းမှာပဲ ကိုကို့ရဲ့ ဆွဲခေါ်ရာကို ပါခဲ့ပြန်သည်။
"ဒါတွေက ကိုကို့ရဲ့ စုဆောင်းမှုတွေလေ.."
ရှေ့မှာရှိတဲ့ စက်ရုပ်စင်ကြီးကို မြင်တော့ သော်ဒီ အံ့ဩသွားရ၏။
ထိုစင်ကြီးကလည်း ဖိနပ်စင်လိုမျိုး အကန့်တွေနဲ့ အထပ် ထပ်တွေ
ရှိနေကာ ကောင်တာထဲမှာ ပုံစံမတူတဲ့ စက်ရုပ်တွေ အများကြီးကို
တွေ့ရသည်..။
"အံ့ဩသွားလား ညီ့ကို အရုပ်တစ်ရုပ် လက်ဆောင်ပေးမယ်
ဘယ်ဟာကြိုက်လဲ.. ကြိုက်တာပြောနော် ကိုကို့အရုပ်တွေက
လူတိုင်း မရနိုင်ဘူးနော်"
ဒီစကားတွေနဲ့ ဒီမြင်ကွင်းကိုသာ မင်းသွင်မြင်ပါက နေရာမှာတင်
သွေးတတ် သေသွားနိုင်သည်။ ဒီကောင်က အိမ်ကိုရောက်ရင်
ဟိုအရုပ်လေး ပေးပါဦး ဒီအရုပ်လေးဖြင့် သူကြိုက်တယ်နဲ့
အမျိုးမျိုး နားပူနားဆာလုပ်ပြီး လိုချင်တဲ့အရုပ်တွေကိုတောင်းပေမယ့် ဩဂတ်က သူ့စုဆောင်းမှုတွေကို ဘယ်သူ့လက်ထဲမှထည့်ပေးဖို့ စိတ်မကူးချေ။
အခုလို ပေးတဲ့သူက ညီက ပထမဆုံးပင်..။
သော်ဒီက စင်ရဲ့ အလည်ကန့်မှာရှိတဲ့ လေယာဉ်ပျံလေးကို
လက်ညိုးထိုးပြရင်း
"အဲ့ဒါ ယူမယ်!!!
ပထမဆုံးအကြိမ် ညီ့ရဲ့ အသံကိုကြားလိုက်ရတဲ့ ဩဂတ်က
ရင်ထဲ လှပ်ခနဲတစ်ချက်ဖြစ်သွားရင်း ညီ့ကို ငုံ့ကြည့်လိုက်သည်။
"ညီက အကောင်းကြိုက်တာပဲ ခဏလေးနော်
ကိုကို ယူပေးမယ်.."
"ဟုတ်"
ညီ့ပုံစံက ခုနကလို သူ့ကိုရှက်နေပုံမရတော့ပဲ ရဲတင်းလာသည်မို့
ဩဂတ် ကျေနပ်နေမိတယ်။ ညီကြိုက်တဲ့ လေယာဉ်ပျံအရုပ်လေးကို ယူပြီး ညီ့လက်ထဲ ထည့်ပေးလိုက်တော့ ပျော်သွားပုံရတဲ့
ကလေးက ပြုံးသွားခဲ့ပါသည်..။
ညီက အကြည်ဓာတ်လေးမို့ ပြုံးလိုက်ရင် တအားကြည့်လို့ကောင်းပြီး မျက်ဝန်းဝိုင်းဝိုင်းလေးတွေကလည်း လခြမ်းကွေးပမာ
ဖြစ်သွားတတ်သည်..။ ညီ့မျက်ခမ်းအောက်မှာ ရှိနေတဲ့ မျက်ရည်ခံ မှဲ့လေးကို ဘာရယ်မဟုတ် ဩဂတ်တွေ့လိုက်ရတာမို့
ငေးကြည့်နေမိတော့သည်။
ရုတ်တရက် ညီက ကိုယ့်ရှေ့မှာပဲ မျက်တောင်မွှေးကိုဆတ်ခနဲ
ဆွဲနှုတ်ပြီး ကိုယ်ပေးတဲ့ လေယာဉ်ပျံအရုပ်လေးပေါ်ကို ကပ်လိုက်သည်မို့ မျက်ခုံးပင့်သွားသည်။
"ဘာလုပ်တာလဲ ညီညီ!!
"အခု ကျွန်တော့်ဟာဖြစ်သွားပြီ ပြန်တောင်းရင် ကိုကိုမျက်စိစွံမှာ"
ညီ့ရဲ့ တုန့်ပြန်စကားကြောင့် ခဏကြာသည်အထိ ဩဂတ်
စဉ်းစားခန်းဝင်ရတယ်။ သို့သော် သဘောပေါက်သွားတဲ့အချိန်မှာတော့ ဖြည်းဖြည်းချင်း သူ့မျက်နှာက ပြုံးဖြီးလာကာ ညီညီရဲ့
ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်ပစ်လိုက်သည်။
"ပြန်မတောင်းပါဘူး ညီရယ်"
"ကိုကိုတောင်းလို့လည်း မရတော့ဘူးလေ ညီ့ဟာဖြစ်သွားပါပြီဆို!!
ဩဂတ်ကတော့ ညီက သူ့ကို၊ ကိုကိုလို့ခေါ်သည့်အတွက်
အရမ်းကို ကျေနပ်နေသည့်အတွက် ကောင်တာထဲမှာရှိသမျှ
အရုပ်တွေကိုတောင် ညီ့အား ပေးပစ်ချင်မိသည်..။
"ဘာအရုပ် ထပ်လိုချင်သေးလဲ ကိုကို ပေးမယ်လေ.."
"တကယ်ပေးမှာလားဟင်!!
"တကယ်ပေါ့ ညီရဲ့ ကိုကိုက မင်းကိုတကယ်ပေးမှာ"
"ထပ်လိုချင်တာ မရှိတော့ပါဘူး.."
ဩဂတ် ပြုံးလိုက်တိုင်း လှစ်ခနဲပေါ်လာတတ်တဲ့ ပါးချိုင့်တွေကို
သော်ဒီ ခဏခဏ ငေးကြည့်မိသည်။
"ခုနက ကိုကို့ကို ဘာလို့ စိမ်းနေရတာလဲဟင် ကိုကိုတို့က
ညီအစ်ကိုတွေဆိုတာ ဖေဖေက ကြိုမပြောထားလို့လား"
"မဟုတ်ပါဘူး ဖေဖေက ပြောထားပါတယ် ညီလည်း
ကိုကိုတစ်ယောက်ရှိလာမယ်လို့ မတွေးဖူးဘူးလေ အဲ့ဒါကြောင့်!!
"ကိုကိုကတော့ ဟိုးအရင်ကတည်းက ညီလေးတစ်ယောက်
လိုချင်နေခဲ့တာ သိလား အခု ညီရောက်လာပြီဆိုတော့
ကိုကို့ဆန္ဒတွေ ပြည့်ဝသွားတာပေါ့"
သော်ဒီက သူ့မှာအစ်ကိုတစ်ယောက်ရှိလာမယ်လို့ တစ်ခါမှ
မတွေးဖူးတာမို့ ဝမ်းသာနေလား ဝမ်းနည်းနေလားပင်မပြောတတ်။ ကိုကိုပေးတဲ့ လေယာဉ်ပျံအရုပ်လေးကို ရင်မှာ ပိုက်ပြီး
သူ့ကိုပြုံးကြည့်နေတဲ့ ကိုကို့ကို သူကလည်း အပြုံးလေးနဲ့ တုန့်ပြန်
လိုက်ရသည်။
"ကိုကို့ဆီမှာ စုဆောင်းထားတဲ့အရုပ်တွေက အများကြီးပဲနော်
"ဟုတ်တယ် ညီရဲ့ ကိုကို့သူငယ်ချင်းဆို ကိုကို့အရုပ်တွေကို
လိုချင်နေတာ သိလား ရုပ်ကြမ်းကြီးနဲ့လည်း ငိုပြနေသေးတယ်
ဒါပေမယ့် ကိုကိုသူ့ကို တစ်ခုမှ မပေးလိုက်ဘူး ညီ့လောက်
ချစ်စရာမကောင်းလို့"
"ကိုကို့မှာ သူငယ်ချင်းရှိတယ်ပေါ့"
"ရှိတယ်လေ ညီရဲ့ ညီ့မှာရော သူငယ်ချင်းမရှိလို့လား"
"ဟင့်အင်း ညီ့မှာ ဘာသူငယ်ချင်းမှ မရှိဘူး ကိုကို!!
ညီ့စကားကြောင့် သူ မျက်ခုံးနှစ်ဖက် ထိလုနီးနီးစုကြုတ်သွားသည်။ အံ့ဩနေသည်လား မယုံကြည်နိုင်သည်လား မသေချာပေမယ့် ညီ့လို ချစ်စရာကောင်းတဲ့ ကလေးက ဘယ်လိုလုပ်ပြီး
သူငယ်ချင်းမရှိရတာလည်းလို့ ခပ်ချဉ်ချဉ်တွေးရ၏။
"ကိုကို!!!
ညီက လက်ထဲမှာ ပိုက်ထားတဲ့ လေယာဉ်ပျံအရုပ်လေးကို
ဆော့ကစားရင်း သူ့ကို ကြည့်လာသည်။
"ပြောလေ .."
"ဒါလေးက တကယ်ပဲ ကျွန်တော့်အပိုင်ဖြစ်သွားပြီပေါ့နော်
ကိုကိုပြန်မတောင်းရဘူးနော်"
"ဟော...ဟုတ်ပါတယ်ဗျာ ပြန်မတောင်းပါဘူး ညီပိုင်တာပါ "
သော်ဒီထူးဟန်က နဝေတိမ်တောင်ဖြင့် ဟိုဟိုဒီဒီ စဉ်းစားနေ၏။
သူကလည်း ညီ့ရဲ့ပုံစံလေးကို အသည်းတယားယားဖြစ်နေသည်။
"ဒါဆို ကိုကိုအကြိုက်ဆုံး ပစ္စည်းကို ညီက ကြိုက်တယ်ဆိုရင်ရော?
သော်ဒီက လေးနက်စွာမေးသော်ငြား ဩဂတ်ကတော့ပေါ့ပါးစွာ
ဖြေလိုက်သည်။
"အင်း ဒါဆို ကိုကိုမယူတော့ဘူး ညီ့ကို ဦးစားပေးမယ်လေ"
သော်ဒီထူးဟန် မျက်ခုံးတစ်ချက်ပင့်သည်။ အဖြေကို သူသိပ်ပြီး
မကျေနပ်။ ပြီးမှ ဖြည်းဖြည်းချင်း ပြုံးလိုက်သည်။
"ဟုတ်လို့လား စဉ်းစားပြီးဖြေနော် ကိုကို... အကယ်၍
ကိုကိုက မဟားတရားကြိုက်တဲ့ ပစ္စည်းတစ်ခုကို ညီက
အရမ်းကြိုက်လို့ လိုချင်တယ်ဆိုရင် ကိုကိုက တကယ်ပေးမှာလား"
ဒီတစ်ခါတော့ ဩဂတ်တွေခနဲဖြစ်သွားရ၏။ ညီ့ရဲ့ကလေးဆန်တဲ့
မျက်နှာလေးကို ပြန်ကြည့်တော့ ခုနက သူ့ကိုရှက်လွန်းလို့
ဖေဖေ့နောက်မှာ ပုန်းနေတဲ့ အရှက်သည်းသည့်ပုံစံနဲ့လားလားမှမဆိုင်။ ညီက သူနဲ့မျက်နှာချင်းဆိုင်မှာရပ်နေပြီး သူ့ကိုပြောင်တင်းစွာ ကြည့်နေသည်။
"ဖြေလေ!!!
"အမ်း!! ဒါဆိုရင် ညီနဲ့အတူ မျှသုံးမယ်လေ.."
သော်ဒီထူးဟန် စိတ်ကျေနပ်သလို ပြုံးရွှင်သွားခဲ့သည်..။
ဒါကမှ ကိုကို့ရင်ထဲကလာတဲ့ အဖြေပင်။
"ကိုကို တကယ်ပြောတာလား မညာရဘူးနော်"
"တကယ်ပါဗျာ ကိုကိုတို့အတူ ပစ္စည်းတစ်ခုကို အတူမျှသုံးလည်း
ပြဿနာမရှိပါဘူးကွ"
"ဒါဆို လက်ချင်းချိတ် ကတိပေး!!
ဩဂတ်ပြုံးရင်းနဲ့သာ ညီ့ရဲ့ ကလေးဆန်မှုကို ကြည့်နေလိုက်သည်။
ပြီးမှ သူလည်း ညီ့ကို လက်ချင်းချိတ်လျက် ကတိပေးလိုက်၏။
သော်ဒီလည်း ကိုကို့ရဲ့ ကတိကြောင့် အရမ်းကျေနပ်သွားခဲ့သည်။
အဲ့ဒီနေ့က သူပေးခဲ့တဲ့ ဘာမဟုတ်သည့် ကတိတစ်ခုက
သူ့နောက်ကို အရိပ်မဲကြီး တစ်ခုလို လိုက်နေမယ်ဆိုတာကို
ဩဂတ်ဂုဏ်ပိုင် ထင်မထားခဲ့မိပါ..။
.................
Zawgyi
ခ်စ္သူတစ္ေယာက္ ေကာက္ရထားသည္ {အခန္း ၁}
"ေဟ်ာင့္ မင္းဒယ္ဒီ မိန္းမ ယူေတာ့မွာဆို..'
မင္းသြင္ရဲ့ စကားေြကာင့္ သူျပုံးစိစိြဖစ္သြားသည္။ ဒယ္ဒီ
အိမ္ေထာင္ျပုေတာ့မယ္ဆိုတာကို မင္းသြင္တစ္ေယာက္ဘယ္လို
သိခဲ့လည္းမသိ။ မနက္အေစာပိုင္းကမွ ရပ္ကြင္ထဲရွိ အန္တီြကီး
တစ္ေယာက္နဲ့ စကားစပ္မိလို့ ေျပာခဲ့ရာမွ အခုေတာ့တစ္ရပ္ကြက္လုံး သိသြားဟန္တူပါသည္။
"ဟုတ္တယ္ မိန္းမေတာ့မဟုတ္ဘူး.."
"ေဟ!! ဒါြဖင့္ သူယူမွာ ေယာက္်ားလား"
"ေအး!!
မင္းသြင္ခင္မ်ာ အေတာ္ေလးအံ့ဩသြားပုံနဲ့ ပါးစပ္အေဟာင္းသား
ြဖစ္သြားသည္။ မင္းသြင္လိုမ်ိုး ဒယ္ဒီဆီက ေယာက္်ားတစ္ေယာက္နဲ့ အိမ္ေထာင္ျပုေတာ့မယ္ဆိုတုန္းက အံ့ဩခဲ့ရပါသည္။
ဒယ္ဒီအသက္ရြယ္ ရုပ္ရည္နဲ့ အရည္အခ်င္းက ကေလးတစ္ေယာက္ရဲ့ အေဖြဖစ္တာေတာင္ နည္းနည္းမွ ေလ်ာ့က်သြားတာမရွိ။
အနားမွာ နံပါတ္စဉ္တပ္ျပီးေစာင့္ေနတဲ့ ပ်ိုမဒီေတြမွေပါေသာလို့။
ဒယ္ဒီသူငယ္ခ်င္းမ ၊ ြဖစ္တဲ့ အန္တီ စံပယ္ဖူးေတာင္ ပါေသးသည္။ ဒယ္ဒီ အိမ္ေထာင္ျပုေတာ့မယ္ဆိုတုန္းက သူအရမ္းကို
အံ့ဩခဲ့တာအမွန္။ ဒယ္ဒီရဲ့ အိမ္ေထာင္ဘက္ကို သိရေတာ့မွ
ပိုေတာင္ အံ့ဩစရာ ေကာင္းခဲ့ပါသည္။
"ေဟ်ာင့္ တကယ္ြကီးလား ငါြဖင့္ မင္းဒယ္ဒီကို အိမ္ေထာင္မျပု
ေတာ့ဘူးလို့ေတာင္ထင္ခဲ့တာေလ"
"ငါလည္း အဲ့လိုထင္ခဲ့တာပဲ.."
Computer Screenကေန မင္းသြင္ရဲ့ အံ့ဩေနသည့္
မ်က္နွာအား သူ အထင္သားျမင္ရသည္။
"ဒီအရြယ္ြကီးက်မွကြာ.."
"ဘာဒီအရြယ္ြကီးလဲ ငါ့ဒယ္ဒီက အခုမွ အသက္၄၀ပဲရွိေသးတာ
အသက္သိပ္မြကီးေသးပါဘူးကြာ.."
"ေအး!! ထားပါေတာ့ ဒါြဖင့္ ဘယ္သူနဲ့ယူမွာလဲ ငါကေတာ့
အန္ကယ္ အဂ္ဂကို အေြဖာင့္လို့ ထင္ခဲ့မိတာကို အခုေတာ့
ေယာက္်ားတစ္ေယာက္နဲ့ အိမ္ေထာင္ျပုမယ္တဲ့လား.."
"ငါ့ဒယ္ဒီက ေဂး မဟုတ္ပါဘူး သူတစ္ေလ်ွာက္လုံး မိန္းမေတြပဲ
ြကိုက္လာတာ အန္ကယ္မိုးေနွာင္းနဲ့ေတြ့မွ တကယ္ခ်စ္ခဲ့တာလို့
ေျပာတာပဲ.."
"ဟာ.. ဒါဆို မင္းမာမီကေရာ"
"မာမီဆုံးသြားတာ ငါ့တစ္သက္ရွိေနျပီ ဒယ္ဒီလည္းသနားပါတယ္
လူြကီးေတြ ေပးစားလို့မခ်စ္မနွစ္သက္ပဲ မာမီနဲ့ လက္ထပ္ခဲ့ရတာ
သားတစ္ေယာက္အေနနဲ့ ကိုယ့္ဒယ္ဒီရဲ့ ေပ်ာ္ရြွင္မွုကိုေတာ့
မပိတ္ပင္သင့္ဘူးထင္တာပဲ.."
ဒယ္ဒီနဲ့မာမီက လူြကီးခ်င္းသေဘာတူလို့ လက္ထပ္ခဲ့ြကတာ။
ဒီေလာက္လွျပီး က်က္သေရရွိတဲ့ မာမီကို ဒယ္ဒီရင္မခုန္ခဲ့တာ
အံ့ဩလို့ပင္မဆုံးပါ။ ေဘးမွာ ေထာင္ထားတဲ့ ေဘာင္သြင္းထားသည့္ ဓာတ္ပုံေလးကိုြကည့္ကာ သူသက္ျပင္းသဲ့သဲ့ခ်သည္..။
ဒယ္ဒီ အရမ္းေပ်ာ္ေနပါျပီ မာမီ စိတ္မပူပါနဲ့ေတာ့ေနာ္..
"မင္းဒယ္ဒီလက္ထပ္မယ့္သူက ဘယ္သူလဲ အသိုင္းဝိုင္းြကီးထဲကလား"
ထိုအခါ သူေခါင္းခါျပရင္း
"မဟုတ္ဘူး အန္ကယ္ေလးက မန္တေလးမွာ ေနတာကြာ
ဒယ္ဒီကလည္း မန္တေလးဘက္ကို ခဏခဏအလုပ္ခရီးေတြ
ထြက္ရေတာ့ သူတို့ခ်င္းျငိကုန္ြကတာေပါ့ သာမန္လူတန္းစားပါပဲ
ေငြေရးေြကးေရး သိပ္မျပည့္စုံေပမယ့္ ေမတ္တာျပည့္ဝမယ့္
လူမ်ိုးပါပဲ ငါတစ္ြကိမ္ဆုံဖူးတယ္ ဒယ္ဒီခ်စ္မယ္ဆိုလည္း ခ်စ္ခ်င္
စရာေလးပါပဲ .."
"ဪ အန္ကယ္က အခ်စ္မွာ က်ရွူံးသြားတာေပါ့ ခ္ခ္!!
"ဟုတ္တယ္ကြ အဲ့အခ်ိန္တုန္းက ငါ ဒယ္ဒီမ်က္နွာေပါ္က
အျပုံးေတြကို ပထမဆုံးအြကိမ္ ျမင္လိုက္ရတာပဲ ဒယ္ဒီက
အန္ကယ္ေလးကို သိပ္ခ်စ္တဲ့ပုံပါပဲ ဪ.. ဒယ္ဒီနဲ့ လက္ထပ္ျပီး
သြားရင္ ငါက အန္ကယ္ေလးကို ေဖေဖလို့ ေျပာင္းေခါ္ရေတာ့မွာ"
"ဟုတ္ပါျပီ ဩဂတ္ရာ မင္းတို့သားဖေတြ အဆင္ေျပရင္
ျပီးတာပါပဲ.."
မင္းသြင္က ေလးေထာင့္မ်က္မွန္ေလးကို တစ္ခ်က္ပင့္ရင္း
ေျပာလာ၏။ မင္းသြင္က သူငယ္ငယ္ကတည္းကေပါင္းလာတဲ့
တစ္ဦးတည္းေသာ သူငယ္ခ်င္းတစ္ေယာက္။ မင္းသြင္က
စာဂ်ပိုးတစ္ေယာက္ြဖစ္ျပီး ရည္မွန္းခ်က္လည္းြကီးသူတစ္ေယာက္ပင္။ ဆယ္တန္းကို ေဆးမွတ္မွီေအာင္ ေြဖျပီးတာနဲ့
ေဆးေက်ာင္းတက္မယ္ဟု ရည္မွန္းခ်က္ ခပ္ြကီးြကီးထား၏..။
ဒါေတာင္ စာအုပ္နဲ့မ်က္နွာနဲ့ မခြာတဲ့ မင္းသြင္က စာမလုပ္ပဲ
အတန္းထဲမွာ စာေတာ္ေနတဲ့ သူ့ကို ဘာေဆးေတြ စားျပီး
စာေတာ္ေနတာလည္းဟု ခဏခဏ ခနဲ့ဖူးေသးသည္..။
"ဒါနဲ့ ငါမင္းကို ေျပာရဦးမယ္.."
ပါးခ်ိုင့္နွစ္ဖက္လုံးထင္းေနေအာင္ ျပုံးေနတဲ့သူ့အား မင္းသြင္က
စိတ္ဝင္တစားြကည့္ကာ နားစိုက္ေထာင္လာသည္။
"အန္ကယ္ေလးမွာ သားတစ္ေယာက္ရွိတယ္ကြာ ငါ့ထက္
၂နွစ္ငယ္တယ္ ငါက အျမဲတမ္း ညီေလး လိုခ်င္ေနတာ
မင္းသိမွာေပါ့ မာမီကလည္းငါ့ကိုေမြးျပီး ဆုံးသြားတာဆိုေတာ့
ငါေမ်ွာ္လင့္လို့မရဘူးကြာ အခုေတာ့ ညီေလးတစ္ေယာက္
ရေတာ့မယ္.."
မင္းသြင္က မ်က္ခုံးတစ္ခ်က္ ခပ္သာသာပင့္ျပီးမွ
"ဟာ..ဒါဆို မင္းအန္ကယ္ေလးက လူပ်ိုမဟုတ္ဘူးေပါ့.."
"ငါ့ဒယ္ဒီလည္း လူပ်ိုမဟုတ္ဘူးေလ "
"ဘာပဲြဖစ္ြဖစ္ကြာ အန္ကယ္လို အေနထားြကီးနဲ့ ေယာက္်ားေတြ
ကို စိတ္ဝင္စားတယ္ဆိုရင္ေတာင္ လူပ်ိုေလာက္ေတာ့
ရွာယူသင့္ပါတယ္"
"အေရးြကီးတာ အခ်စ္စစ္ဖို့ပဲေလ အဲ့ထက္ ဘာကမ်ား
ပိုအေရးြကီးမွာလဲ ငါကေတာ့ ဒယ္ဒီေပ်ာ္ရင္ ေက်နပ္တယ္.."
"ဒယ္ဒီေပ်ာ္လို့ ေက်နပ္မွာလား ညီေလးတစ္ေယာက္ ရလို့
ေက်နပ္တာလား ေသခ်ာစဉ္းစားေျပာ အရူးေကာင္.."
"အဟက္.., ဘာလဲ သူမ်ားညီေလး ရတာကိုမနာလိုေနတာ
မဟုတ္လား.."
"သြားစမ္းပါကြာ ငါြဖင့္ အိမ္ကငေမြွထိုးနဲ့ ေန့တိုင္းသတ္ေနရတာ
ညီတစ္ေယာက္ ရတာက ဘာမွ ေပ်ာ္စရာမေကာင္းပါဘူး
ြကည့္ေန မင္းျငီးေငြ့လာမွာ"
"စိတ္ခ် ေဟ့ေကာင္ အဲ့လိုတစ္သက္လုံးြဖစ္လာမွာမဟုတ္ဘူး
ဘာလို့ဆို ငါက..."
ထိုစဉ္ အိမ္ေရွ့က ကားသံသဲ့သဲ့ြကားလိုက္ရေတာ့ ရင္ထဲလွပ္ခနဲ
ြဖစ္ရင္း ပါးခ်ိုင့္ေရးေရးေလးက ထင္းခနဲ ေပါ္လာခဲ့ပါသည္..။
"ဘာြဖစ္လို့လဲ.."
"ေဆာရီး သားရီးရာ ဒယ္ဒီနဲ့ အန္ကယ္ေလးတို့ လာျပီထင္တယ္"
"ဘာ!!! ဒီေန့လား'
"ဟုတ္တယ္ ဒီေန့ကစျပီး အန္ကယ္ေလးတို့က ငါတို့အိမ္မွာ
လာေနေတာ့မွာေလ ငါ့ညီေလးပုံကိုေတာ့ ဖုန္းထဲကေန
ျမင္ဖူးပါတယ္ အခုေတာ့ လူခ်င္းေတြ့ရေတာ့မယ္.."
"ေအးပါကြာ ျပီးေတာ့မွ ညီတစ္ေယာက္ရွိတာက
ဘယ္ေလာက္ထိ ျပဿနာမ်ားေြကာင္း ငါ့ကိုရင္လာမဖြင့္နဲ့"
သူ မင္းသြင္စကားေြကာင့္ ေခါင္းခါျပီး Computer ကို
ပိတ္ခ်ပစ္လိုက္သည္။ ျပီးမွ အခန္းထဲကေန လွစ္ခနဲေျပးထြက္ျပီး
ဒယ္ဒီရွိရာကို ေလွခါးထစ္မွတဆင့္ ဒုန္းဆိုင္းေျပးဆင္းေတာ့သည္။
"လာေလ..ငယ္.. ဘာမွစိတ္မပူနဲ့ေနာ္ ကိုယ့္အိမ္လိုပဲသေဘာထား"
ဒယ္ဒီရဲ့ အသံလြင္လြင္က စျပီးထြက္ေပါ္လာခဲ့ပါသည္..။
ျပီးမွ အန္ကယ္ေလးက ဒယ္ဒီလက္ကိုခ်ိတ္တြယ္ရင္း အိမ္ထဲ
ဝင္လာတာကိုလည္း ဩဂတ္ဂုဏ္ပိုင္ အထင္းသားေတြ့ရသည္။
ခဏြကာေတာ့ ျမင္ကြင္းထဲ ဝင္ေရာက္လာတဲ့ ြဖူြဖူေသးေသးေလးကို ျမင္ေတာ့ ဩဂတ္မွာ ပါးခ်ိုင့္ေတြ ေပါ္သည္အထိ အရူးလို
ျပုံးလိုက္သည္။
ဒါက သူသိပ္ေတြ့ခ်င္တဲ့ သူ့ရဲ့ညီေလး ေသာ္ဒီထူးဟန္ပင္။
"ဒယ္ဒီ!!!
"သား... ဒီကိုလာ"
သူ ဒယ္ဒီဆီ တန္းေျပးသြားေတာ့ ေသာ္ဒီက အန္ကယ္ေလးေနာက္ကို ဝင္ပုန္းသည္။ ြကည့္ရတာ အခုမွ ေတြ့တာမို့ ရွက္ေနတဲ့ပုံပါပဲ။ သူ ညီေလးကိုြကည့္ရင္း အသည္းတယားယားြဖစ္ေနေတာ့သည္။
"သားငယ္ေလး., ဘာြဖစ္လို့လဲ"
"သားငယ္က ရွက္ေနတဲ့ပုံပဲ ငယ္.."
"မဟုတ္တာ ကိုကိုရယ္ သားငယ္က အရင္ ဒီပုံစံမဟုတ္ဘူး"
သားအေြကာင္းကို ခေရေစ့အတြင္းက်က် သိသူမို့ မိုးေနွာင္း
ေတြခနဲ ြဖစ္သြားရ၏။ သားက ရွက္တတ္သူလည္း မဟုတ္သလို
တစ္ခါတစ္ေလ အိမ္မွာဆို သူနဲ့ေတာင္ ရန္ြဖစ္တတ္တာမ်ိုးလည္း
ရွိသည္။ တကယ္ဆိုရင္ ေသာ္ဒီထူးဟန္က ကတ္ကတ္လန္
ရန္ေတြ့တတ္သူမို့ အခုမွ ဘာလို့ရွက္သလိုလို သူ့အေနာက္မွာ
ဝင္ပုန္းရသလည္းဆိုတာ မိုးေနွာင္းမေတြးတတ္။
"ေသာ္ဒီထူးဟန္!!
ထိုအခါမွ ေသာ္ဒီက သူ့အေဖေနာက္မွာ ပုန္းေနရင္း ေရွ့ကို
မဝံ့မရဲ ထြက္လာသည္။ ၁၃နွစ္အရြယ္မို့ ကေလးတစ္ေယာက္ရဲ့
သြင္ျပင္ရွိေပမယ့္ ရြယ္တူကေလးေတြထက္ ပိုေသးျပီးညွပ္သည္။
ခဲေရာင္ဒူးတိ ေဘာင္းဘီတိုေလးနဲ့ အနက္ေရာင္ စပို့ရွပ္လက္တိုေလးကို ဝတ္ထားလ်က္ လ်ွာထိုးဦးထုပ္ကို ေနာက္ျပန္ေစာင္းထား၍ ြဖူဥျပီးေသးသြယ္ေနတဲ့ ခ်စ္စရာမ်က္နွာေလးက
ရုပ္လုံးေပါ္လာခဲ့သည္။
"ကိုကို့ကို နွုတ္ဆက္လိုက္ေလ ဒီေန့ကစျပီး သားက ကိုကိုနဲ့အတူ
ေနသြားရေတာ့မွာ.."
ေသာ္ဒီထူးဟန္က ေရွ့လည္းမတိုး ေနာက္လည္းမဆုတ္သာပဲ
ေရွ့မွာရွိတဲ့ ဩဂတ္ကိုသာ မဝံ့မရဲ ြကည့္ေနသည္..။
"ဟင္း!! မင္္ဂလာပါ ညီ.. ကိုကို့နာမည္က ဩဂတ္ဂုဏ္ပိုင္
ညီ့နာမည္က ေသာ္ဒီထူးဟန္တဲ့ ကိုကိုေျပာတာ မွန္တယ္မလား"
သူ့ထက္ နိမ့္ေနေသးတဲ့ ညီြဖစ္သူကို ဩဂတ္ မ်က္နွာြကီး
ကိုင္းခ်ကာ ေသခ်ာေလး ြကည့္ရင္း နွုတ္ဆက္ေသာ္လည္း
ေသာ္ဒီထူးဟန္က သူ့ပါးခ်ိုင့္ထင္းထင္းေလးေတြကို မ်က္ေတာင္
မခတ္တမ္း ေငးြကည့္ေနသည္..။
အဲ့ဒီေနာက္ေတာ့ ဘာမွမေျပာပဲ အေဖြဖစ္သူလက္ကို ဖမ္းဆြဲကာ
အေနာက္မွာျပန္ပုန္းလိုက္ေတာ့ ဩဂတ္ရဲ့ အျပုံးေတြကတန့္ခနဲ
ြဖစ္လ်က္ ေြကာင္စီစီပါ ြဖစ္ကုန္သည္။ ျပီးမွ သူ့ရဲ့အရွက္သည္းလြန္းတဲ့ ညီအသစ္စက္စက္ေလးကိုြကည့္ျပီး သေဘာက်ေနေတာ့သည္။
"အားနာလိုက္တာ သားြကီးရယ္ အရင္က ဒီေကာင္ေလး
ဒီလိုမဟုတ္ပါဘူး.."
"ရပါတယ္ ေဖေဖရဲ့ ညီက က်ြန္ေတာ္ကိုစိမ္းေနေသးလို့ပါ.."
"ငယ္!! ညစာကို အိမ္မွာစားမွာလား ဒါမွမဟုတ္ အျပင္မွာ
စားခ်င္လား.."
ဦးအဂ္ဂဂုဏ္ရွိန္မာန္ရဲ့ အေျပာေြကာင့္ မိုးေနွာင္း မွာ
ခ်စ္ရသူကိုအျပုံးနဲ့ြကည့္လိုက္သည္။
"ေနာက္က်ေနျပီ ကိုကို!! ငယ္တို့ အိမ္မွာပဲ ခ်က္စားရေအာင္"
"ကိုယ္တို့က သားဖနွစ္ေယာက္တည္းရွိျပီး အိမ္မွာလည္း
ထမင္းခ်က္ေတြ ေခါ္မထားဘူး တစ္ခါတစ္ေလ အျပင္မွာ
စားခ်င္လည္းစား၊ ဒါမွမဟုတ္ အျပင္ကေန သြားဝယ္စားတာ
အဲ့ဒါေြကာင့္ ြကက္ဥပဲ ရွိမယ္ထင္တယ္!!
"ရတယ္ ကိုကို ငယ္ပဲြကည့္လုပ္လိုက္ပါ့မယ္'
"အင္း"
မိုးေနွာင္း မီးဖိုေခ်ာင္ဝင္ဖို့ရာ သူ့လက္ကိုဆြဲထားတဲ့ ေသာ္ဒီကို
တစ္ခ်က္ငုံ့ြကည့္သည္။ ေသာ္ဒီက ရွက္ေနေပမယ့္ သူ့ေနာက္မွာ
ပုန္းရင္း ဩဂတ္ကို ခိုးခိုးြကည့္ေနသည္။ ဩဂတ္နဲ့ အြကည့္ခ်င္း
ဆုံလိုက္တိုင္း တစ္ဖက္လူမွာ သူ့ကိုျပုံးျပသည့္အခါမွာလည္း
ေသာ္ဒီက ရွက္ရျပန္သည္။
"သားငယ္ ဖယ္အုံး ေဖေဖ ညစာျပင္မလို့!!
"လာခဲ့ ညီ.. ကိုကိုနဲ့ အခန္းထဲ လိုက္ခဲ့ ညီ့အတြက္
လက္ေဆာင္ရွိတယ္"
လက္တစ္ဖက္ကို ဆန့္ေပးလိုက္ေပမယ့္ ညီက တစ္ခ်က္သာ
ြကည့္ျပီး သူ့ကို လက္ကမ္းမေပးပဲ မ်က္ေတာင္ေလးပုတ္ခတ္
ပုတ္ခတ္ လုပ္ေနတာမို့ သူကပဲ ညီ့လက္ကို ဆတ္ခနဲဆြဲယူျပီး
သူနဲ့အတူ ေခါ္ခဲ့လိုက္တယ္။ ဒယ္ဒီနဲ့ ေဖေဖအတြက္ သီးသန့္
အခ်ိန္လိုအပ္ေလာက္မယ္ထင္လို့ လမ္းေြကာင္းေပးတဲ့သေဘာနဲ့
ညီ့ကို အတူေခါ္ခဲ့ြခင္းသာ။
ေနာက္ျပီး ကိုယ္တိုင္ကလည္း ညီနဲ့အတူ နွစ္ေယာက္တည္း
စကားေျပာခ်င္တာလည္းပါသည္။
ဩဂတ္အခန္းက ေတာ္ေတာ္ေလး က်ယ္တယ္။ အခန္းထဲမွာ
ဖိနပ္စင္ြကီးကို ေသာ္ဒီေမာ့ြကည့္ရသည္။ ဖန္ေကာင္တာထဲမွာ
ထည့္ထားတဲ့ အေရာင္အမ်ိုးမ်ိုး ဒီဇိုင္းအမ်ိူးမ်ိုးနဲ့ ရွိေနတဲ့
ဖိနပ္ေတြက အသစ္ေတြခ်ည္းပဲ..။ သူ ဖိနပ္စင္ြကီးကို ေမာ့ြကည့္
ေနတုန္းမွာပဲ ကိုကို့ရဲ့ ဆြဲေခါ္ရာကို ပါခဲ့ျပန္သည္။
"ဒါေတြက ကိုကို့ရဲ့ စုေဆာင္းမွုေတြေလ.."
ေရွ့မွာရွိတဲ့ စက္ရုပ္စင္ြကီးကို ျမင္ေတာ့ ေသာ္ဒီ အံ့ဩသြားရ၏။
ထိုစင္ြကီးကလည္း ဖိနပ္စင္လိုမ်ိုး အကန့္ေတြနဲ့ အထပ္ ထပ္ေတြ
ရွိေနကာ ေကာင္တာထဲမွာ ပုံစံမတူတဲ့ စက္ရုပ္ေတြ အမ်ားြကီးကို
ေတြ့ရသည္..။
"အံ့ဩသြားလား ညီ့ကို အရုပ္တစ္ရုပ္ လက္ေဆာင္ေပးမယ္
ဘယ္ဟာြကိုက္လဲ.. ြကိုက္တာေျပာေနာ္ ကိုကို့အရုပ္ေတြက
လူတိုင္း မရနိုင္ဘူးေနာ္"
ဒီစကားေတြနဲ့ ဒီျမင္ကြင္းကိုသာ မင္းသြင္ျမင္ပါက ေနရာမွာတင္
ေသြးတတ္ ေသသြားနိုင္သည္။ ဒီေကာင္က အိမ္ကိုေရာက္ရင္
ဟိုအရုပ္ေလး ေပးပါဦး ဒီအရုပ္ေလးြဖင့္ သူြကိုက္တယ္နဲ့
အမ်ိုးမ်ိုး နားပူနားဆာလုပ္ျပီး လိုခ်င္တဲ့အရုပ္ေတြကိုေတာင္းေပမယ့္ ဩဂတ္က သူ့စုေဆာင္းမွုေတြကို ဘယ္သူ့လက္ထဲမွထည့္ေပးဖို့ စိတ္မကူးေခ်။
အခုလို ေပးတဲ့သူက ညီက ပထမဆုံးပင္..။
ေသာ္ဒီက စင္ရဲ့ အလည္ကန့္မွာရွိတဲ့ ေလယာဉ္ပ်ံေလးကို
လက္ညိုးထိုးျပရင္း
"အဲ့ဒါ ယူမယ္!!!
ပထမဆုံးအြကိမ္ ညီ့ရဲ့ အသံကိုြကားလိုက္ရတဲ့ ဩဂတ္က
ရင္ထဲ လွပ္ခနဲတစ္ခ်က္ြဖစ္သြားရင္း ညီ့ကို ငုံ့ြကည့္လိုက္သည္။
"ညီက အေကာင္းြကိုက္တာပဲ ခဏေလးေနာ္
ကိုကို ယူေပးမယ္.."
"ဟုတ္"
ညီ့ပုံစံက ခုနကလို သူ့ကိုရွက္ေနပုံမရေတာ့ပဲ ရဲတင္းလာသည္မို့
ဩဂတ္ ေက်နပ္ေနမိတယ္။ ညီြကိုက္တဲ့ ေလယာဉ္ပ်ံအရုပ္ေလးကို ယူျပီး ညီ့လက္ထဲ ထည့္ေပးလိုက္ေတာ့ ေပ်ာ္သြားပုံရတဲ့
ကေလးက ျပုံးသြားခဲ့ပါသည္..။
ညီက အြကည္ဓာတ္ေလးမို့ ျပုံးလိုက္ရင္ တအားြကည့္လို့ေကာင္းျပီး မ်က္ဝန္းဝိုင္းဝိုင္းေလးေတြကလည္း လြခမ္းေကြးပမာ
ြဖစ္သြားတတ္သည္..။ ညီ့မ်က္ခမ္းေအာက္မွာ ရွိေနတဲ့ မ်က္ရည္ခံ မွဲ့ေလးကို ဘာရယ္မဟုတ္ ဩဂတ္ေတြ့လိုက္ရတာမို့
ေငးြကည့္ေနမိေတာ့သည္။
ရုတ္တရက္ ညီက ကိုယ့္ေရွ့မွာပဲ မ်က္ေတာင္ေမြွးကိုဆတ္ခနဲ
ဆြဲနွုတ္ျပီး ကိုယ္ေပးတဲ့ ေလယာဉ္ပ်ံအရုပ္ေလးေပါ္ကို ကပ္လိုက္သည္မို့ မ်က္ခုံးပင့္သြားသည္။
"ဘာလုပ္တာလဲ ညီညီ!!
"အခု က်ြန္ေတာ့္ဟာြဖစ္သြားျပီ ျပန္ေတာင္းရင္ ကိုကိုမ်က္စိစြံမွာ"
ညီ့ရဲ့ တုန့္ျပန္စကားေြကာင့္ ခဏြကာသည္အထိ ဩဂတ္
စဉ္းစားခန္းဝင္ရတယ္။ သို့ေသာ္ သေဘာေပါက္သြားတဲ့အခ်ိန္မွာေတာ့ ြဖည္းြဖည္းခ်င္း သူ့မ်က္နွာက ျပုံးြဖီးလာကာ ညီညီရဲ့
ပါးေဖာင္းေဖာင္းေလးကို ဆြဲညွစ္ပစ္လိုက္သည္။
"ျပန္မေတာင္းပါဘူး ညီရယ္"
"ကိုကိုေတာင္းလို့လည္း မရေတာ့ဘူးေလ ညီ့ဟာြဖစ္သြားပါျပီဆို!!
ဩဂတ္ကေတာ့ ညီက သူ့ကို၊ ကိုကိုလို့ေခါ္သည့္အတြက္
အရမ္းကို ေက်နပ္ေနသည့္အတြက္ ေကာင္တာထဲမွာရွိသမ်ွ
အရုပ္ေတြကိုေတာင္ ညီ့အား ေပးပစ္ခ်င္မိသည္..။
"ဘာအရုပ္ ထပ္လိုခ်င္ေသးလဲ ကိုကို ေပးမယ္ေလ.."
"တကယ္ေပးမွာလားဟင္!!
"တကယ္ေပါ့ ညီရဲ့ ကိုကိုက မင္းကိုတကယ္ေပးမွာ"
"ထပ္လိုခ်င္တာ မရွိေတာ့ပါဘူး.."
ဩဂတ္ ျပုံးလိုက္တိုင္း လွစ္ခနဲေပါ္လာတတ္တဲ့ ပါးခ်ိုင့္ေတြကို
ေသာ္ဒီ ခဏခဏ ေငးြကည့္မိသည္။
"ခုနက ကိုကို့ကို ဘာလို့ စိမ္းေနရတာလဲဟင္ ကိုကိုတို့က
ညီအစ္ကိုေတြဆိုတာ ေဖေဖက ြကိုမေျပာထားလို့လား"
"မဟုတ္ပါဘူး ေဖေဖက ေျပာထားပါတယ္ ညီလည္း
ကိုကိုတစ္ေယာက္ရွိလာမယ္လို့ မေတြးဖူးဘူးေလ အဲ့ဒါေြကာင့္!!
"ကိုကိုကေတာ့ ဟိုးအရင္ကတည္းက ညီေလးတစ္ေယာက္
လိုခ်င္ေနခဲ့တာ သိလား အခု ညီေရာက္လာျပီဆိုေတာ့
ကိုကို့ဆန္ဒေတြ ျပည့္ဝသြားတာေပါ့"
ေသာ္ဒီက သူ့မွာအစ္ကိုတစ္ေယာက္ရွိလာမယ္လို့ တစ္ခါမွ
မေတြးဖူးတာမို့ ဝမ္းသာေနလား ဝမ္းနည္းေနလားပင္မေျပာတတ္။ ကိုကိုေပးတဲ့ ေလယာဉ္ပ်ံအရုပ္ေလးကို ရင္မွာ ပိုက္ျပီး
သူ့ကိုျပုံးြကည့္ေနတဲ့ ကိုကို့ကို သူကလည္း အျပုံးေလးနဲ့ တုန့္ျပန္
လိုက္ရသည္။
"ကိုကို့ဆီမွာ စုေဆာင္းထားတဲ့အရုပ္ေတြက အမ်ားြကီးပဲေနာ္
"ဟုတ္တယ္ ညီရဲ့ ကိုကို့သူငယ္ခ်င္းဆို ကိုကို့အရုပ္ေတြကို
လိုခ်င္ေနတာ သိလား ရုပ္ြကမ္းြကီးနဲ့လည္း ငိုျပေနေသးတယ္
ဒါေပမယ့္ ကိုကိုသူ့ကို တစ္ခုမွ မေပးလိုက္ဘူး ညီ့ေလာက္
ခ်စ္စရာမေကာင္းလို့"
"ကိုကို့မွာ သူငယ္ခ်င္းရွိတယ္ေပါ့"
"ရွိတယ္ေလ ညီရဲ့ ညီ့မွာေရာ သူငယ္ခ်င္းမရွိလို့လား"
"ဟင့္အင္း ညီ့မွာ ဘာသူငယ္ခ်င္းမွ မရွိဘူး ကိုကို!!
ညီ့စကားေြကာင့္ သူ မ်က္ခုံးနွစ္ဖက္ ထိလုနီးနီးစုြကုတ္သြားသည္။ အံ့ဩေနသည္လား မယုံြကည္နိုင္သည္လား မေသခ်ာေပမယ့္ ညီ့လို ခ်စ္စရာေကာင္းတဲ့ ကေလးက ဘယ္လိုလုပ္ျပီး
သူငယ္ခ်င္းမရွိရတာလည္းလို့ ခပ္ခ်ဉ္ခ်ဉ္ေတြးရ၏။
"ကိုကို!!!
ညီက လက္ထဲမွာ ပိုက္ထားတဲ့ ေလယာဉ္ပ်ံအရုပ္ေလးကို
ေဆာ့ကစားရင္း သူ့ကို ြကည့္လာသည္။
"ေျပာေလ .."
"ဒါေလးက တကယ္ပဲ က်ြန္ေတာ့္အပိုင္ြဖစ္သြားျပီေပါ့ေနာ္
ကိုကိုျပန္မေတာင္းရဘူးေနာ္"
"ေဟာ...ဟုတ္ပါတယ္ဗ်ာ ျပန္မေတာင္းပါဘူး ညီပိုင္တာပါ "
ေသာ္ဒီထူးဟန္က နေဝတိမ္ေတာင္ြဖင့္ ဟိုဟိုဒီဒီ စဉ္းစားေန၏။
သူကလည္း ညီ့ရဲ့ပုံစံေလးကို အသည္းတယားယားြဖစ္ေနသည္။
"ဒါဆို ကိုကိုအြကိုက္ဆုံး ပစ္စည္းကို ညီက ြကိုက္တယ္ဆိုရင္ေရာ?
ေသာ္ဒီက ေလးနက္စြာေမးေသာ္ျငား ဩဂတ္ကေတာ့ေပါ့ပါးစြာ
ေြဖလိုက္သည္။
"အင္း ဒါဆို ကိုကိုမယူေတာ့ဘူး ညီ့ကို ဦးစားေပးမယ္ေလ"
ေသာ္ဒီထူးဟန္ မ်က္ခုံးတစ္ခ်က္ပင့္သည္။ အေြဖကို သူသိပ္ျပီး
မေက်နပ္။ ျပီးမွ ြဖည္းြဖည္းခ်င္း ျပုံးလိုက္သည္။
"ဟုတ္လို့လား စဉ္းစားျပီးေြဖေနာ္ ကိုကို... အကယ္၍
ကိုကိုက မဟားတရားြကိုက္တဲ့ ပစ္စည္းတစ္ခုကို ညီက
အရမ္းြကိုက္လို့ လိုခ်င္တယ္ဆိုရင္ ကိုကိုက တကယ္ေပးမွာလား"
ဒီတစ္ခါေတာ့ ဩဂတ္ေတြခနဲြဖစ္သြားရ၏။ ညီ့ရဲ့ကေလးဆန္တဲ့
မ်က္နွာေလးကို ျပန္ြကည့္ေတာ့ ခုနက သူ့ကိုရွက္လြန္းလို့
ေဖေဖ့ေနာက္မွာ ပုန္းေနတဲ့ အရွက္သည္းသည့္ပုံစံနဲ့လားလားမွမဆိုင္။ ညီက သူနဲ့မ်က္နွာခ်င္းဆိုင္မွာရပ္ေနျပီး သူ့ကိုေျပာင္တင္းစြာ ြကည့္ေနသည္။
"ေြဖေလ!!!
"အမ္း!! ဒါဆိုရင္ ညီနဲ့အတူ မ်ွသုံးမယ္ေလ.."
ေသာ္ဒီထူးဟန္ စိတ္ေက်နပ္သလို ျပုံးရြွင္သြားခဲ့သည္..။
ဒါကမွ ကိုကို့ရင္ထဲကလာတဲ့ အေြဖပင္။
"ကိုကို တကယ္ေျပာတာလား မညာရဘူးေနာ္"
"တကယ္ပါဗ်ာ ကိုကိုတို့အတူ ပစ္စည္းတစ္ခုကို အတူမ်ွသုံးလည္း
ျပဿနာမရွိပါဘူးကြ"
"ဒါဆို လက္ခ်င္းခ်ိတ္ ကတိေပး!!
ဩဂတ္ျပုံးရင္းနဲ့သာ ညီ့ရဲ့ ကေလးဆန္မွုကို ြကည့္ေနလိုက္သည္။
ျပီးမွ သူလည္း ညီ့ကို လက္ခ်င္းခ်ိတ္လ်က္ ကတိေပးလိုက္၏။
ေသာ္ဒီလည္း ကိုကို့ရဲ့ ကတိေြကာင့္ အရမ္းေက်နပ္သြားခဲ့သည္။
အဲ့ဒီေန့က သူေပးခဲ့တဲ့ ဘာမဟုတ္သည့္ ကတိတစ္ခုက
သူ့ေနာက္ကို အရိပ္မဲြကီး တစ္ခုလို လိုက္ေနမယ္ဆိုတာကို
ဩဂတ္ဂုဏ္ပိုင္ ထင္မထားခဲ့မိပါ..။
.................
[text_hash] => d85fa7d3
)
What do you think?