Chapter 25: ၂၅ {ဇာတ်သိမ်းပိုင်း}

Array
(
[text] =>

ချစ်သူတစ်ယောက် ကောက်ရထားသည် {အခန်း ၂၅}

|ဇာတ်သိမ်းပိုင်း|

မခင်ခင်ခဆိုတဲ့အမျိုးသမီးက ကိုကို့ရည်းစားတွေထဲမှာ သူခွာချလို့

မရနိုင်ခဲ့တဲ့ မိန်းမဆိုတာ သူနဲ့ ကိုကို အိမ်ထောင်သက် ၂နှစ်ကြာတဲ့ အချိန်၌ သူသိခဲ့ရပါသည်။ ညအချိန်မတော် ဖုန်းဆက်တာတွေ

ဖုန်းဆက်လို့မရရင် မက်ဆေ့ခ်ျပို့တတ်တာတွေကို တစ်လျှောက်လုံး ကိုကို့ဖုန်းကိုမစစ်ခဲ့တဲ့ သူက ၂နှစ်ပြည့် Anniversary ညမှာ သိခဲ့ရ၏။ ကိုကို သူ့ကို မပြောခဲ့ရတဲ့အကြောင်းကိုလည်း သူက အပြည့်ဝနားလည်ပါသည်။ စိတ်တို စိတ်ဆတ်တတ်တဲ့

သူသာ ဒီကိစ္စသိသွားပါက ချက်ချင်း‌သွားသောင်းကျန်းမှာဆိုတာကို ၊ ကိုကိုက သေချာပေါက်သိခဲ့ပါသည်။

ထိုကိစ္စတွေကို ၊ ကိုကိုက မပြောခဲ့သည့်တိုင် သူကလည်း

စောင့်သာကြည့်နေပြီး ကိုကို့အား မမေးခဲ့ပါချေ။ ကိုကို့ဖုန်းက

အမြဲတမ်း သူကိုင်ချင် ကိုင်လို့ရအောင် ထားထားတာမို့ Lock

ချလေ့မရှိ။ ဒါကြောင့် ကိုကိုအိပ်သည့်အခါတိုင်း မခင်ခင်ခကို

စောင့်ကြည့်လို့ရနေတာပင်။ နောက်တော့ မခင်ခင်ဆိုတဲ့

Contact name လေးက ကိုကို့ဖုန်းကနေ အပြီးတိုင်ပျောက်သွားခဲ့ပါသည်။ ကြည့်ရတာ ကိုကို Block လိုက်တာပဲ ဖြစ်ရမည်။

အဲ့ဒီနောက် စာတွေပို့တာ ဖုန်းတွေဆက်တာ မရှိတော့ပေမယ့်

ကိုကိုနဲ့ သူ့ပတ်ဝန်းကျင်၌ မခင်ခင်ခကို ခဏခဏ တွေ့လာရသည်။ အထူးသဖြင့် ကိုကိုရှိတဲ့ နေရာတွေမှာဖြစ်၏။ တစ်ခါတစ်လေ ကုမ္ပဏီထိ လိုက်သွားတတ်တာတွေ မရမက သူ့ကို ညစာ

လိုက်ကျွေးဖို့ မိန်းမငယ်လေးတစ်ယောက်လို ချွဲနွဲ့ပြောကာ

ပူဆာတာတွေ။ ကိုကိုထုတ်မပြောဖူးပေမယ့် သူအကုန်သိနေခဲ့ပါ၏။ သို့တိုင် ကိုကိုနဲ့ သူ့ကြားမှာ မခင်ခင်ခကြောင့် ဘာမှ

ထွေထွေထူးထူးပြောင်းလဲသွားခဲ့ခြင်း မရှိခဲ့ချေ။

အရင်လို ချစ်ဆဲ.. ရင်ခုန်ဆဲ။ တစ်ခါတစ်ရံမှာ နေ့တိုင်းတွေ့နေရတဲ့ မျက်နှာကို လွမ်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကုမ္ပဏီထိ

သွားတွေ့တတ်တဲ့ သူ့အား တွေ့တိုင်း ကိုကိုက အသည်းယားသည်ဟု ဆိုသေး၏။ သူကလည်း ဒါလေးတွေကို ကျေနပ်နေရတာပင်။

အိမ်ထောင်သက် ၃နှစ်နီးပါး ကြာတဲ့အခါ မခင်ခင်ခရဲ့

နှောက်ယှက်မှုတွေက အရာထင်ခဲ့သည်ဟုဆိုရမည်။ ကိုကို့ရဲ့

အံဆွဲထဲမှာ ကလေးပုံလေးတွေအား သူခဏခဏ တွေ့လာရသည်။ ရင်တွင်းမှာ မြှားတစ်စင်းပစ်ဝင်သလို မြင်မြင်ချင်းစူးနင့်

လာကာ အသက်ရှူရပ်မတတ်ခံစားခဲ့သော်လည်း ကိုကို့ကို သူထုတ်ပြီး မမေးဖြစ်။

ကိုကို ကလေးလိုချင်နေခြင်းပင်။

တစ်နေ့သော ညနေခင်းမှာ မခင်ခင်ခကို သူတို့နှစ်ဦးရဲ့အိပ်ခန်းမှာ

တွေ့လိုက်ရသည့်အချိန်၌ သူနှင့် ကိုကို့ရဲ့ အိမ်ထောင်သက်တစ်လျှောက်မှာ ပထမဆုံး စကားများဖို့အကြောင်းဖန်လာခဲ့ပါသည်။

"မင်းထင်သလို မဟုတ်ဘူးနော် ကောင်လေး တို့နဲ့ဩဂတ်က!!

"မမခင်က လှသားပဲ ပညာအရည်အချင်းကလည်း တစ်ချက်မှ

ပြောစရာမရှိဘူး မမခင်အမေက မမခင်ကို အဲ့လိုပြီးပြည့်စုံအောင်

မွေးထုတ်ခဲ့တာပဲနော် ဒါပေမယ့် အရှက် ထည့်ပေးလိုက်ဖို့

မေ့နေပုံပဲ.."

တင်းမာသွားတဲ့ မမခင်မျက်နှာက မာနတရားတို့ခေါင်ခိုက်သည့်

မိန်းမတစ်ယောက်ရဲ့မာန် အပြည့်ပါနေသည်။ သူကိုယ်တိုင်ကလည်း မမခင်ကို စတွေ့သည့်အချိန်မှာ ကိုကို ပါသွားမှာစိုး၍

ကြောက်လန့်ခဲ့ဖူးပါသည်။ အမှန်တိုင်းပြောရကြေးဆို မမခင်က

သူ ပထမဆုံး အချစ်ပြိုင်ဘက်လို့ သတ်မှတ်ခဲ့တဲ့ ပထမဆုံး

မိန်းမတစ်ယောက် ဖြစ်ခဲ့ပါသည်။

"ကိုကို... မင်္ဂဦးညမှာ ကျွန်တော့်ကို ပေးခဲ့တဲ့ ကတိ၃ခု

အကြောင်းကို မှတ်မိသေးလား"

ဩဂတ်မျက်နှာမှာ စိုးရိမ်မှုတို့ကနေ နည်းနည်းတော့ပြုံးသွားရသည်။ အဲ့ဒီ ကတိ၃ခုကို သူအခုထိ မှတ်မိပါ၏။

'နံပါတ်တစ်။ ကိုကိုနဲ့ကျွန်တော့်ရဲ့ အိပ်ခန်းထဲကို ဘယ်သူ့ကိုမှ

ပေးမဝင်ရဘူး အဲ့ဒီလူက ကိုကို့သူငယ်ချင်းဆိုရင်တောင်မရဘူး

နံပါတ်နှစ်။ ကိုကို ကျွန်တော်မဟုတ်တဲ့ မိန်းမတွေကို ၃စက္ကန့်ထက် ပိုမကြည့်ရဘူး

နံပါတ်၃။ ကျွန်တော်ထက် ပိုပြီး ဘယ်သူ့ကိုမှ ဦးစားမပေးပါနဲ့

ကျွန်တော်ဝေမျှရတာ မကြိုက်ဘူး'

စသဖြင့် သော်ဒီသည် မင်္ဂဦးညမှာ ထိုကတိ၃ခုကို တောင်းပြီးမှ

သူ့ကို ထိခွင့်ပြုခဲ့သည်။

"ကိုကိုမှတ်မိပါတယ် ညီ!!

"ဒါဆို... ဒီပြဿနာကို ဘယ်လိုရှင်းမှာလဲ "

"မခင်ခင်ခက ကိုယ့်အိမ်ရောက်လာတာ မှန်တယ်...ညီ

ဒါပေမယ့် ကိုယ်သူ့ကို ဧည့်ခန်းမှာ ထားခဲ့တာ သူ့ဘာသာ!!!

သူ မခင်ခင်ခမျက်နှာကိုလှမ်းကြည့်တော့ သူမမျက်နှာက

အကြီးကျယ်ပျက်ယွင်းနေခဲ့ပါသည်။

"ဩဂတ်!! မင်းပြောပုံအရ တို့ကပဲ မင်းဆီကို အရှက်မရှိ

လာခဲ့တာပေါ့ ဟုတ်လား"

"............"

"တို့က မင်းကို မောင်လေးတစ်ယောက်လို သဘောထားလို့

တို့အခက်ခဲတွေကို ဝေမျှခဲ့တာလေ!!

"ဒီမှာ အစ်မ!! အစ်မရဲ့ရုပ်ရည် အစ်မအဆင့်အတန်းနဲ့

ခေါင်းခေါက်ရွေးလို့ ရတဲ့ ‌ခပ်တုံးတုံးယောက်ျားတွေမှ အပုံကြီးပဲကို ဘာလို့ ကျွန်တော်လူကိုမှ ထိပါးချင်ရတာလည်းဟင်..

အဲ့ဒါကြောင့် တစ်ချို့လူတွေက ပြောတာ အရှက်ဆိုတာ

မျက်ခွက်ပေါ်မှာ ပေါ်တာမဟုတ်ဘူးတဲ့.."

"ဘာ!! မင်း မိုက်ရိုင်းလိုက်တာ မိန်းမ တစ်ယောက်နဲ့ စကားပြောတဲ့အချိန် ဘယ်လိုလေးစားရမလည်းဆိုတာ မင်းအမေက

သင်မပေးထားဘူးလား!!

"မသင်ထားဘူး ကျွန်တော်မှာ အမေမှ မရှိတာ!!!

"မထူးဆန်းပါဘူး ဆုံးမမဲ့အမေ မရှိလို့ ရိုင်းစိုင်းနေတာ!!

"မခင်ခင်ခ!! ကျွန်တော်တို့ အိမ်ထဲကနေ အခုထွက်သွားလိုက်ပါ

နောက်လည်း ကျွန်တော်တို့နဲ့ လာမပတ်သတ်ပါနဲ့ "

"ဩဂတ်!! သူ တို့ကို ပြောနေတာ ကြားတယ်မလား

မင်း‌ယောက်ျားတစ်ယောက်နဲ့ တစ်သက်လုံး အတူရှိသွားနိုင်မယ်လို့ တို့မယုံဘူး ဟင်း!! သူက ၊ ကလေးမွေးနိုင်တာမှ မဟုတ်တာ

စောင့်ကြည့်တာပေါ့"

မခင်ခင်ခ ထွက်သွားပြီးနောက် ဩဂတ်မှာ ညီ့ကို မဝံ့မရဲဖြင့်

ကြည့်ရသည်။

"ညီ!!!

"ကျွန်တော် အရင်ပြောမယ် ကိုကို!!!

"အင်း!!

"ကျွန်တော့်ကို ချစ်သေးရဲ့လား"

"ချစ်တာပေါ့ ... ညီ ဘယ်လို မေးရက်ရတာလဲ"

"အဲ့ဒီမိန်းမက ခင်ဗျားနဲ့ ဘယ်လိုပတ်သတ်နေလို့ နေရာတိုင်းမှာ

တွေ့နေရတာလဲ"

"ကိုကိုပြောပြီးပြီလေ သူ့ကို ၊ ကိုကိုက ဧည့်ခန်းထဲမှာ

ထားခဲ့တာ အခုတလော သူ့အမေကလည်း ဆုံးသွားတော့

ကိုကို့ကို ရင်ဖွင့်နေတာ သူကလည်း သူ့အမေကို သိပ်ချစ်တဲ့

အကြောင်းတွေပေါ့"

"သူက ၊ ကလေးမဟုတ်တော့ဘူးနော် ကျွန်တော့်ကို ကျော်ပြီး

ခင်ဗျား ဘယ်မိန်းမကိုမှ ထွေးပိုက်ထားစရာ မလိုဘူး!!

"ကိုကို မလုပ်ပါဘူး သူနဲ့တွေ့တာ ဒါနောက်ဆုံးပါ ကတိပေးတယ်

ကိုကို့အတွက်တော့ ညီက ပထမ ဒုတိယ ပြီးရင် တတိယပဲ

ကိုယ့်နှလုံးသားထဲမှာ ညီတစ်ယောက်ပဲ ရှိတာ မဟုတ်ရင်ဘာလို့

အတင်းလိုက်ခေါ်ပြီး လက်ထပ်မှာလဲ စိတ်ချ ကိုယ် သူနဲ့လုံးဝ

မတွေ့တော့ဘူး"

မျက်နှာချင်းဆိုင်ကာ ပခုံးပေါ်လက်နဲ့‌ဆုပ်ကိုင်ရင်း ပြောလာတဲ့

ကိုကို့ကို သူကြည့်နေလိုက်သည်။ အပေါ်ယံကကြည့်ပါက အရမ်း

Strong ဖြစ်နေပုံရပေမယ့် သူ့ရင်ထဲမှာတော့ ပူလောင်နေခြင်း

တို့သာ ပြည့်နှက်နေခဲ့ပါ၏။

"ကိုကို ကလေးလိုချင်နေတာလား!!!

မေးတော့ ကိုကိုဆွံ့အသွားပါသည်။ ဟွန့်.. ကျွန်တော်မေ့နေတာ

အချစ်နဲ့ ဘဝက တစ်ခြားစီဆိုတာ ကျွန်တော်မေ့နေခဲ့တာ။

ကိုကိုသည် သူ့ကို ချစ်သော်ငြားလည်း သူက ကိုကိုလိုချင်တဲ့

ဘဝတစ်ခု မပေးနိုင်။ ဒါကပဲ သူတို့ကြားမှာ အဖုထစ်ဖြစ်နေတာပင်။

"ညီ!!!

"ထားလိုက်ပါ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကလေးမမွေးနိုင်တာ

သိတယ်မလား!!

"ကိုကို ညီ့ကို တကယ်ချစ်လို့ လက်ထပ်ခဲ့တာ ကလေးလိုချင်တာ

မှန်ပေမယ့် မင်းနဲ့ ရွေးချယ်ခိုင်းရင် မတွေဝေပဲ မင်းကိုပဲရွေးမှာ

ကိုကို့တစ်သက်လုံး မင်းကိုပဲချစ်သွားပြီး မင်းတစ်ယောက်ထဲကိုပဲ

သစ္စာရှိသွားမှာ ဖောက်ပြန်တယ်ဆိုတာ ကိုယ်အရွံဆုံးလုပ်ရပ်ပါပဲ

ညီရယ်... ကလေးလိုချင်လို့ ဆိုတဲ့အကြောင်းပြချက်နဲ့ မင်းမဟုတ်တဲ့ ဘယ်မိန်းမကိုမှ မထိဘူး!!!

"ဒီမှာ ကိုကို!! လျှာရိုးမရှိတဲ့ စကားတွေပြောပြီး ဖာထေးဖို့

မကြိုးစားစမ်းပါနဲ့ နောက်တစ်ခါ အဲ့မိန်းမနဲ့ ကိုကို ထပ်တွေ့ရင်

ကျွန်တော့်အတွက် အခေါင်းတစ်လုံး ပြင်ထားလိုက်တော့"

"ဘာတွေ ပြောနေတာတုန်းကွာ နိမိတ်မရှိတာတွေ

မလုပ်ရဘူးနော် ဘာကိုမှ လျှောက်မလုပ်ရဘူး.."

မျက်လုံးတွေပြူးရင်း သွေးပျက်ခြောက်ခြားသွားပုံရတဲ့ ကိုကို့

အသံတွေက တုန်ယင်နေခဲ့ပါသည်။ မျက်ဝန်းထဲမှာလည်း သူ့ကို

အဆုံးရှူံးမခံနိုင်ခြင်းတွေ များစွာတွေ့ရတော့ သူလည်း ရင်ထဲ

စို့နင့်ရသည်။ သို့သော် ထိုခံစားချက်တို့က ကိုကို့ကို သူစိမ်း

မိန်းမနဲ့ တွဲမြင်လို့ ဖြစ်ပေါ်လာတဲ့ ဒေါသနဲ့ နာကျင်မှုတွေကို

မကျော်နိုင်ပါ။

"ကျွန်တော့်ကို စိန်မခေါ်နဲ့ ကိုကို.. ကျွန်တော်မရှိပဲ ကိုကိုနေနိုင်ရင်

လုပ်ကြည့်လိုက်ပေါ့"

ကိုကိုက သူ့ကိုစိန်ခေါ်သည်ဟုထင်ပါသော်လည်း စင်စစ်တွင်

သူကသာ ကိုကို့ကို စိန်ခေါ်ပြီး ထားရစ်ခဲ့သည်။

ယနေ့က သတိပေးစကားကြောင့် ကိုကို ထပ်မလုပ်ရဲဘူးဟု

ထင်ခဲ့သော်လည်း သိပ်အကြာခင်မှာတော့ ကိုကို့ကို မခင်ခင်ခနဲ့

စားသောက်ဆိုင် တစ်ခုမှာ တွေ့ခဲ့ပါသည်။

"အာ့..."

"တောင်းပန်ပါတယ်ဗျာ ဘာဖြစ်သွားသေးလဲ"

ဝိတ်တာကောင်လေးသည် သူ့ပေါ်မှောက်ကျသွားတဲ့ ဝိုင်နီကြောင့်

အသည်းအသန်တောင်းပန်ကာ တစ်ရှူးနဲ့လိုက်သုတ်ပေးနေပေမယ့် ‌သူကတော့ ရှေ့ကမြင်ကွင်းကိုသာ ဝေ့ဝါးသောအမြင်အာရုံမှ

တဆင့် တွေ့နေရသည်။

"ညီ!!!

ဝုန်းခနဲ ထရပ်ကာ သူ့နားပြေးလာတဲ့ ကိုကို့ကြောင့် လှစ်ခနဲ

လှည့်ပြေးခဲ့ပါ၏။ အခုချိန်မှာ ကိုကိုနဲ့ မျက်နှာချင်းမဆိုင်ချင်ပါ။

ကံကောင်းစွာနဲ့ အနောက်က လိုက်လာတဲ့ ကိုကို့ကို မျက်ခြေ

ဖျက်ပစ်နိုင်ခဲ့ပါသည်။

ထိုနေ့မှ စကာ သူ အိမ်ကို ၃ရက်လောက် မပြန်ဖြစ်သလို

ဖုန်းကိုလည်းစက်ပိတ်ထား၍ ကိုကို့ရဲ့ ဖုန်းအဝင်ကောတွေက

ဖက်တီးဆီ၌သာ ဦးတည်ခဲ့ချေ၏။

"မင်းကလည်းကွာ!! ကိုကြီးဩဂတ်နဲ့ အဲ့မိန်းမက

ဖောက်ပြန်တယ်ပြောရအောင် အိပ်ပြီးပြီမလို့လား နောက်ပြီး

ကိုကြီးဩဂတ်ပုံစံကြည့်ရတာလည်း မင်းကိုတကယ်ချစ်ပုံပါပဲ"

"ကုတင်ပေါ်မှာ ထပ်လျက်လေး တွေ့ရမှ ဖောက်ပြန်တာ

မဟုတ်ဘူး ဖက်တီးရ!!

"ကိုကြီးဩဂတ်က ဖောက်ပြန်နေတယ်လို့ ထင်တယ်ပေါ့!!

"မဟုတ်ဘူး ငါလည်းသိတယ် ကိုကို မဖောက်ပြန်ဘူး

ဟိုမိန်းမက လိုက်ကပ်နေတာ"

"အေးလေ ဒါဆိုပြီးပြီပေါ့ မင်းက စင်မြင့်က လူပါပဲကွာ

အဲ့ဒါကိုမှ ဟိုဘက်ကအတင်းဝင်လုံးပြီး မယားငယ်ဘွဲ့

သိပ်လိုချင်နေလည်း ထိုက်ထိုက်တန်တန် ပေးအပ်လိုက်ပေါ့!!

"ဟွန်း!! အဲ့မိန်းမကိုအဖက်လုပ်ဖို့ထိ ငါအရမ်းပျင်းတယ်

အခုဟာက ကိုကို အဲ့မိန်းမနဲ့ မတွေ့တော့ဘူး ကတိပေးပြီးမှ

ကတိဖျက်တာကို မကျေနပ်တာ အရှင်းဆုံးပြောရရင်ကွာ

ငါကလဲ့စား ချေချင်နေတာ.."

"ဟင်!! ဒါဆို မင်းကလည်း ပြန်တွဲပြမယ်ပေါ့ အဲ့လိုလား"

"ငါအဲ့လို လုပ်ဖို့ထိ စိတ်မပါဘူး မင်းသိလား လူတစ်ယောက်ကို

ကလဲ့စားချေချင်ရင် သူမြတ်နိုးတဲ့အရာကို ဖျက်စီးရတယ်တဲ့

ဒီနေ့ဒီချိန်ထိ ကိုကိုအမြတ်နိုးဆုံးက ဘာလို့ထင်လဲ.."

ဖက်တီးမှာ ‌သူ့ဆီက အန္တရာယ်အငွေ့သက်များကြောင့် တံတွေး

မျိုချရသည်။ ပြောရင် ပြောတဲ့အတိုင်း လုပ်တတ်တဲ့ သော်ဒီ

အကျင့်ကို သူသိသည်။ ဆုံးဖြတ်ပြီးရင် နောက်မဆုတ်တတ်သူ

သော်ဒီထူးဟန်က ကိုကြီးဩဂတ်တောင် တစ်ခါတစ်လေမနိုင်ပါ။

"မင်း....မဟုတ်မှလွဲရော!!

တစ်ခုခုသဘောပေါက်သွားတဲ့ ဖက်တီးကို သူကြည့်ရင်းနှုတ်ခမ်း

မဲ့ပစ်သည်။ ကိုကို့ကို ရှောင်နေပါက စိတ်ပြေမယ် ထင်ရသော်လည်း ၃ရက်ကြာသည့်တိုင် စိတ်မပြေတဲ့အပြင် ခံတွင်းတွေပါ ပျက်လာတာမို့ သူ နေမထိထိုင်မသာ ဖြစ်လာရသည်...။

အမှန်တိုင်းပြောရရင် ကိုကို့ကို သူသိပ်လွမ်းမိပါသည်...။

"သန်ဘက်ခါ ဆိုင်ကယ်ပြိုင်ပွဲရှိတယ်မလား.."

"အင်း ရှိတယ်လေ ဘာလို့လဲ"

"ငါဝင်ပြိုင်မယ်.."

ဖက်တီးက အလန့်တကြား သူ့ကိုကြည့်လာရင်း...

"ဟာ!! ကိုကြီးဩဂတ်က မင်း ပြိုင်ပွဲဝင်တာကို မကြိုက်ဘူးလေ

မသွားဖို့ကို တားမြစ်ထားတယ်မလား"

"သူမကြိုက်ဘူးပြောတိုင်း ငါမလုပ်ပဲ နေရမှာလား

သူမကြိုက်ရင် သူမလုပ်နဲ့ပေါ့ ငါတော့ကြိုက်လို့လုပ်တယ်ကွာ

ဘာဖြစ်လဲ.."

ဖက်တီးသည် သူနဲ့ ကိုကို့ကြားမှာ စိတ်ရှုပ်လာပုံဖြင့် ခေါင်း‌တွေ

ဆွဲကုတ်နေသည်။

"ဒီပြိုင်ပွဲသာ နိုင်ရင် ငါအချီကြီး ရမှာကွ နောက်ပြီး

ကိုကိုရှာသမျှတွေကို ငါမဖြုန်းရက်ပါဘူး"

"မင်းပြောတော့ မိဘလုပ်စာကို ထိုင်စားလိုက် ထစားလိုက်

လုပ်ချင်တာဆို"

"အဲ့ဒါမိဘလုပ်စာကို ပြောတာ !!!!!ကိုကို့လုပ်စာကိုတော့

မစားရက်ပါဘူး"

"အေးပါ!!

"ကိုကို မင်းဆီ ဖုန်းဆက်လာရင် ငါက မင်းနဲ့အတူရှိနေတယ်လို့

ပြောလိုက် ပြိုင်ပွဲအကြောင်း သွားမပြောနဲ့.."

"ဟုတ်ပြီ!!

ကိုကိုက သူ့ကို ဆိုင်ကယ်ပြိုင်ပွဲတွေ ဝင်ပြိုင်တာ မကြိုက်သလို

သူကလည်း ကိုကို့သဘောကျ နေခဲ့သူပင်။ ဒါက ပထမဆုံးအကြိမ် ဝင်ပြိုင်တာ ဖြစ်သည်။ ကိုကိုသာ သိပါက စိတ်တိုမလား

ဒါမှမဟုတ် အရိုက်ပဲ ခံရမလား သူမသိ။

စီးကရက်တစ်လိပ်ကိုရှိုက်ဖွာရင်း သူသာ ပြိုင်ပွဲဝင်ပါက

ကိုကိုဖြစ်သွားမယ့် ပုံစံကို ‌စိတ်ကူးယဉ်ကြည့်ကာ အူမြူးလာရသည်။ ပြိုင်ပွဲဝင်လို့တော့ စိတ်ပူနေမည်မဟုတ်။ ဒီပြဿနာကောင် မရှိပါက ပိုတောင်ကောင်းဦးမယ်လို့ တွေးချင်လည်း

တွေးနေမှာပေါ့။

လက်ထပ်ပြီးကတည်းက တစ်ရက်တောင် မခွဲဖူးခဲ့တာဖြစ်လို့

အမှန်တိုင်းပြောရရင် ဝေးခဲ့ရတဲ့ ၃ရက်တာလုံး သူ ကိုကို့ကို

သိပ်လွမ်းရပါသည်...။ သို့သော်လည်း......

...........................

ဇီးရောင်အင်္ကျီလက်ရှည်နဲ့ ခြေမျက်စိဖုံး ဘောင်းဘီရှည်အနက်ရောင်ကို ဝတ်ထားရင်း လူသူကင်းရှင်းနေတဲ့ စားသောက်ဆိုင်

တစ်ခုမှာ သူထိုင်နေမိရင်း လက်ကောက်ဝတ်မှာ အကန့်သတ်နဲ့

ထုတ်ထားတဲ့ နာရီအား တကြည့်ကြည့်ဖြစ်နေမိသည်..။ ပြီးမှ

လက်သန်းကြွယ်မှာ ရှိနေတဲ့ လက်ထပ် လက်စွပ်ကို ဖွဖွလေး

နမ်းရင်း ရင်တွေလည်းတလှပ်လှပ် ခုန်နေခဲ့ပါသည်။

အဲ့နေ့ပြီးသည့်နောက် သူညီ့ကို ထပ်မ‌တွေ့ရသော်လည်း ဖက်တီးနဲ့ အတူရှိနေခြင်းမို့ သက်ပြင်းချနိုင်ခဲ့သည်။ စိတ်ကောက်ပြီး

အိမ်ပြနိမလာတဲ့ ကလေးကို သူကလည်း အစွမ်းကုန်ပြန်ချော့ချင်၍ စားသောက်ဆိုင်တစ်ခုလုံးကို ငှားပစ်ခဲ့ကာ ဖက်တီးကနေ

တဆင့် ဒီနေရာမှာ စောင့်နေမယ်လို့ ပြောခိုင်းခဲ့ခြင်းဖြစ်သည်...။

စင်စစ်မှာလည်း မခင်ခင်ခနဲ့ သူက ဘာမှမသက်ဆိုင်သည့်အတွက်

တစ်နေ့ကလည်း အပြတ်သတ်ပြောပစ်ခဲ့ကာ အဲ့ဒီနေ့မှ စလို့

မခင်ခင်ခ သူ့ဆီကို ဘယ်နည်းနဲ့မဆို ဆက်သွယ်ပေမယ့် သူကလည်း ရအောင်ရှောင်ပစ်ခဲ့သည်။ တကယ်ဆို ညီ့စကားကို

နားထောင်ပြီး မခင်ခင်ခနဲ့ မတွေ့သင့်တာ သူသိပါ၏။ ဒါပေမယ့်

မခင်ခင်ခက သူနဲ့တွေ့မယ့် ဧည့်သည်တစ်ဦးနဲ့ ပါလာကာ သူနဲ့

ရအောင်တွေ့ဖို့ အကြောင်းဖန်ခဲ့သည်ဆိုတော့ ငြင်းဆန်လို့

မရတော့ချေ။

Ring....Ring

ညီ့ကိုမျှော်နေသည့်အချိန် ဆက်သွယ်သူက ကောင်းကင်ဟိန်းပင်။

နှုတ်ခမ်းလေး အသာတွန့်ရင်း သူကိုင်ပစ်လိုက်သည်။

"ဟိန်းလေး!! ညီရော မင်းသူ့ကိုပြောပြီးပြီလား..."

'ကိုကြီးဩဂတ်...'

တစ်ဖက်က ဖက်တီးအသံကို ကြားရပြီးနောက် ငိုသံတွေပါ

ထပ်ကြားရတော့ သူမျက်မှောင်ကြုတ်ပစ်လိုက်သည်...။

"ဘာဖြစ်လို့လဲ ဟိန်းလေး"

'ကိုကြီးဩဂတ်....သော်ဒီလေ!!!!

ဆိုတဲ့ဖက်တီးကြောင့် ချွေးစေးတွေ ထွက်လာကာ ဝုန်းခနဲ

ချက်ချင်းထရပ်ပစ်လိုက်သည်။

"ညီဘာဖြစ်လို့လဲ ကိုယ့်ကိုပြောစမ်း!!!

'သော်ဒီအခု ဆေးရုံမှာ ကိုကြီး!!

"ဘာ!!!ညီ ဆေးရုံမှာ ဟုတ်လား"

'ကိုကြီးမင်းသွင်ရှိတဲ့ ဆေးရုံမှာအခု တင်ထားတယ်'

ထို့နောက် ဖုန်းချပြီး ခပ်မြန်မြန် ဆိုင်ထဲကနေ ထွက်လာလိုက်သည်။

'ကိုကို အဲ့မိန်းမနဲ့ ထပ်တွေ့ရင် ကျွန်တော့အတွက် အခေါင်းတစ်လုံး ပြင်ထားလိုက်တော့'

"မင်း ကိုကို့ကို အပြစ်ပေးနေတာလား မရဘူးလေ မဖြစ်ရဘူး"

'ကျွန်တော့်ကို စိန်မခေါ်နဲ့ ကိုကို ... ကျွန်တော်မရှိပဲ ကိုကိုနေနိုင်ရင် လုပ်ကြည့်ပေါ့'

"ဟင့်အင်း!! ကိုကိုမနေနိုင်ပါဘူး ကလေးလေးရဲ့

ကိုကိုမှားတယ်နော်.."

ညီက သူ့ကို ဒီလိုပုံစံမျိုးဖြင့် အပြစ်ပေးနေကြောင်း သူသိပါသည်။

ရင်ထဲ တဆစ်ဆစ်နာကျင်လာရခြင်းနဲ့အတူ ပူနွေးနွေးစိုစွတ်မှု

တစ်ခုအား ခံစားရပါသော်လည်း သူဂရုစိုက်ဖို့ အချိန်ရှိမနေပါ။

ညီဘယ်လောက်ထိ နာကျင်ပြီး အထီးကျန်နေလောက်မလည်းဆိုတာ တွေးရင်း သူကိုယ်တိုင်လည်း ရင်ကွဲမတတ်ဖြစ်ခဲ့ရပါသည်။

ဆေးရုံထဲ ဝင်လာတဲ့ သူ့ခြေလှမ်းတွေက လေးလံနေကာ

ဝေ့ဝါးသော အမြင်အာရုံဖြင့် ရှေ့ကိုမနည်းလှမ်းနေရပါ၏...။

သူ့ပုံစံက ဖြူတိဖြူဖက်နဲ့ ဇွန်ဘီတစ်ကောင်လိုလည်း ဖြစ်နေသေးသည်။ အခန်းရှေ့မှာတော့ ဖက်တီးက သူ့အား စောင့်နေပုံပေါ်ကာ

သူ့ကိုမြင်တော့ ချက်ချင်းထရပ်သည်။

"သူရော?

"အခန်းထဲမှာပါ ကိုကြီးဩဂတ်"

ဖက်တီးကိုယ်တိုင်ကလည်း မျက်ခွံတွေမို့အစ်သည်အထိ ငိုထားပုံ

ရသည်။ အထဲမှာတော့ ညီနဲ့အတူရှိနေတဲ့ မင်းသွင်အား တွေ့ရသည်။ ပြိုလဲ ကွဲပြဲနေတဲ့ သူ့ပုံစံကို အကြာကြီးနေမှ နောက်တစ်ကြိမ် ထပ်မြင်ရတော့ မင်းသွင်ကြောင်အမ်းအမ်းဖြစ်သွားခဲ့သည်။

ပထမဆုံး သူမြင်ခဲ့တဲ့အချိန်က သော်ဒီ ထွက်ပြေးသွားတဲ့အချိန်ရယ် သော်ဒီကို သူချစ်မိသွားပြီလို့ သူ့ကိုယ်သူ လက်သင့်ခံလိုက်တဲ့ အချိန်ရယ် ။ ပြိုလဲခဲ့သမျှ အချိန်တွေဟာ သော်ဒီထူးဟန်နဲ့

တိုက်ရိုက်ပတ်သတ်ခဲ့ရသည်အထိ ဒီကောင့်ရူးသွပ်မှုအတိုင်းဆကို

သူမတွေးတောနိုင်ခဲ့ချေ။

"သူဘယ်ချိန် သတိရလာမှာလဲ"

"ခန့်မှန်းခြေ နောက်ထပ်၅နာရီလောက်‌ပေါ့"

ညီ့မျက်နှာ ဖြူဖြူလေးအား သူကြည့်လိုက်သည်။ ခေါင်းထက်မှာ

ပတ်တီးတစ်ခု ရှိနေပြီး ထိုပတ်တီးမှာ သွေးအလွန်ထွက်မှုကြောင့်

နီစိုစိုလေး ဖြစ်နေခဲ့သည်။

"ညီနဲ့ အတူရှိချင်လို့ မင်းထွက်သွားပေးလို့ရလား"

ထို့နောက်မှာ မင်းသွင်က သက်ပြင်းချပြီး အပြင်ကိုထွက်သွားပေးသည့်နောက် ညီ့နှဖူးထက် အနမ်းတစ်ပွင့်ခြွေချခဲ့ကာ ရှိုက်သံ

တို့ကလည်း ထိန်းထားသည့်ကြားက ထွက်ပေါ်လာခဲ့သည်..။

ရင်တွင်းမှ တဆစ်ဆစ်ဖြစ်လာခြင်းကြောင့် ငိုသံတွေက

တစ်ဖြည်းဖြည်း ကျယ်လာပြီး သူကလည်း သူ့ကိုယ်သူ

မထိန်းထားတော့ပဲ လွှတ်ချလိုက်တော့သည်။

အမှန်တကယ် သူ့မှာ ကလေးလိုချင်သည့်စိတ် ဖြစ်ပါသော်လည်း

ညီနဲ့ယှဉ်ပါက သူ့ဆန္ဒက ဘယ်လောက်မှ တန်ဖိုးမရှိခဲ့ပါချေ။

သူ ကလေးလိုချင်တာကို သိသွားတဲ့ညီက ဘယ်လောက်တောင်

နာကျင်ခံစားသွားရမည်လဲ။ စိတ်ကူးနဲ့တောင် မတွေးရဲ...

ထိုအချိန်၌ ခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ခုအား ကောက်ကာ

ချမှတ်လိုက်ပါ၏။

သူညီ့ကို စိန်မခေါ်ရဲ။ သူနဲ့ညီက အကျင့်စရိုက် အတော်လေးကွာသူ ဖြစ်ရာ သူက တစ်ခုခုလုပ်တော့မည်ဆိုပါက ကောင်းကျိုး

ဆိုးကျိုးကို စဉ်းစားပြီးမှ လုပ်တတ် ကိုင်တတ်သူပင်။ ညီကတော့

သူနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး သူလုပ်ချင်ပြီဆိုပါက ဇွတ်အတင်း

လုပ်တတ်ပြီး ဘယ်သူတားတားမရတော့ချေ။ တစ်ဖက်လူရဲ့

စိတ်ခံစားချက်ကိုလည်း ထည့်မတွေးတတ်။

ထိုည၌ ဩဂတ်မှာ ညီ့လက်လေးတစ်ဖက်ကို မလွှတ်တမ်းကိုင်ရင်း မျက်လုံးတွေမို့အစ်သည်အထိ ငိုခဲ့မိပါသည်။

........................

"ကိုကို!! ညီ့လက်သည်းတွေ ရှည်လာပြီ"

ညနေ ၅နာရီနေရောင်က အပူတပြင်းမရှိတော့သည်မို့ သူနဲ့ကိုကို

ခြံထဲဆင်းကာ သူက ဒန်းပေါ်မှာထိုင်လျက်သားဖြစ်နေပြီး ကိုကို

ကတော့ ကုလားထိုင်ပေါ်မှာ ထိုင်နေပြီး သူနဲ့မျက်နှာချင်းဆိုင်

ဖြစ်နေခဲ့သည်။

"ဟုတ်ပါရဲ့!!! ကိုကိုညှပ်ပေးမယ်နော်"

ပြောရင်းဆိုရင်း ကိုကိုက အိမ်ထဲဝင်ကာ လက်သည်းညှပ်

သွားယူတော့သည်။ သူ သတိရပြီးနောက် ကိုကိုက သူ့ကို

ဆေးရုံကနေ ပြန်ခေါ်လာကာ အိမ်မှာပဲ ကိုယ်တိုင်အနီးကပ်

ကုပေးခဲ့ပါသည်။ ဆရာဝန်တစ်ယောက်ရဲ့ အလုပ်တွေကို

သူ့အပေါ်မှာအပြည့်အဝ အသုံးချနေခြင်းပင်။

"လက်သည်းတွေက တကယ်ရှည်နေပြီပဲ!!

သော်ဒီလက်သည်းရှည်တို့က မဲညစ်မနေပဲ ကြည်တောက်တောက်လေး ဖြစ်နေသည်မို့ ဩဂတ်သဘောတကျ

ရှိနေကာ ညှပ်ပစ်ရမှာလည်း နှမျောနေမိသည်။

"ဟုတ်ပါတယ်ဆို ကြည့်ပါ့လား ညီ့လက်သည်းတွေရှည်ပြီး

ညစ်ပတ်တာက ဘာမှအဖြစ်ဘူးနော် ကိုကို့နောက်ကျော နာမှာပဲ

စိုးတာ.."

ဩဂတ်မှာ မျက်ခုံးပင့်လျက်နဲ့ ညီ့အားကြည့်ကာ ပါးချိုင့်တွေ

ထင်းသည်အထိ ရယ်လာ၏။ ပြီးနောက် ထိန်းမရစွာ ညီ့ရဲ့

မျက်ရည်ခံမှဲ့လေးကို လှမ်းနမ်းပစ်လိုက်သည်။

"ကိုကို..."

"အင်း!!!

လက်သည်းညှပ်ပေးနေတဲ့ ကိုကို့ပုံစံက တတည်ကြည်လေးနက်

နေခဲ့ပါ၏။ သူ ကိုကို့ကို ငေးတိုင်း လုံခြုံနွေးထွေးမှုတွေပြည့်နှက်

နေတဲ့ ခံစားချက်တို့ကိုသာ ရခဲ့သည်။ သူသတိပြန်လည်လာပြီး

နောက်မှာ ထူးဆန်းစွာပင် မခင်ခင်ခကလည်း သူတို့ပတ်ဝန်းကျင်မှာ ပေါ်မလာတော့‌တာကြောင့် သူကျေနပ်နေမိသည်..။

"ကိုကို ကလေးလိုချင်လား!!!

ကိုကို့အကြည့်တစ်ချက်သာ သူ့ကိုပစ်ပေးလာခဲ့၏။ ပြီးနောက်

မျက်လွှာပြန်ချကာ နောက်ဆုံးကျန်နေ‌တဲ့ လက်သည်းလေးကို

ညှပ်ပြီး မတ်တပ်ထရပ်လိုက်တာမို့ သူကြောင်သွားရသည်။

"ကိုကို လက်သည်းညှပ် သွားထားဦးမယ် ညီ..စတော်ဘယ်ရီ

ဖျော်ရည် သောက်မလား နို့နဲ့လေ"

သူ့အဖြေကိုတောင် မစောင့်တော့ပဲ ကိုကိုက ခပ်သွက်သွက်

အိမ်ထဲကို ‌လျှောက်ဝင်သွား၍ သူကြောင်အမ်းရပြန်သည်..။

ဒီမေးခွန်းကို သူသတိပြန်ရလာတဲ့ အချိန်မှာလည်း မေးခဲ့ဖူး၏။

သို့သော် ထိုသို့အမေးခံရတိုင်း ကိုကိုက စကားလမ်းကြောင်း

လွှဲတတ်သည်။

အက်စီးဒင့် ဖြစ်ပြီးနောက် ကိုကို သူ့ကို ပိုပြီး ဂရုစိုက်လာတဲ့အတွက် သူကျေနပ်ရသည်။ ပိုထူးဆန်းသည်က ကိုကိုဘက်က

သူ့ကိုလိုလေသေးမရှိအောင်ထားပြီး အရင်ကထက် အလိုလိုက်နေတာ ဖြစ်သည်။ အရင်ကဆို ပြိုင်ပွဲတွေ သွားကြည့်တာတောင်

မကြိုက်တတ်သူက အခုတော့ သူ့စိတ်တိုင်းကျ ကိုယ်တိုင်လိုက်ပို့

တတ်လာသည်။

သူတစ်ခုခု စားချင်တဲ့အချိန်တိုင်းလည်း အလုပ်တွေကိုပစ်ချကာ

ကိုယ်တိုင်သွားဝယ်ပေးတာမျိုး။ တစ်ခါကလည်း နာမည်အရမ်း

ကြီးနေတဲ့ အချဉ်ပေါင်း စားချင်တာ ကိုကိုက သူကိုယ်တိုင်သွား

ဝယ်ပေးမယ်ဟုဆိုကာ ထွက်သွားပြီး ၂နာရီကြာမှ ပြန်ရောက်လာသည်။ အကြောင်းက လူတွေများလို့ တန်းစီရသည်ဟုဆို၏။

ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့်အချိန်မှာတောင်

တစ်ယောက်ထဲ အိမ်သာသွားလို့မရ။ စိတ်မချ၍ ကိုယ်တိုင်

လိုက်ပို့မယ်ဟုဆိုကာ လိုက်ပို့ခဲ့ပါသည်။ အက်စီးဒင့်ဖြစ်ပြီးနောက်

ကိုကို့စိတ်ထဲကို အကြောက်တရားတွေရိုက်သွင်းခဲ့မိပြီလားဆိုတာ

သူတွေးရသည်။

ထိုအခိုက် ခြံထဲကိုကားတစ်စီးဝင်လာသည်။ အရောင်ကို

ကြည့်ခြင်းအားဖြင့် ထိုကားက ကိုကြီးမင်းသွင်ကားဆိုတာ

တန်းသိလိုက်ရသည်။ ကိုကြီးက ကားပေါ်က ဆင်းပြီး ကိုယ့်ဆီ

တန်းလျှောက်လာတာမို့ ကားနေတဲ့ ခြေထောက်နှစ်ချောင်းကို

ပြန်စိလိုက်ရသည်။

"သော်ဒီ မင်းသက်သာပြီပဲ!!!

"ဟုတ်ကဲ့ ကိုကြီး ဒီကိုပဲလာတာလား"

"ဟုတ်တယ်ကွ ဒီတလော မင်းကိုကိုက ဖမ်းရသိပ်ခက်တာလေ

မင်းနားမှာ ကော်လိုကပ်နေတာ အဲ့ကောင်ရော ဘယ်မှာလဲ"

"အိမ်ထဲမှာရှိပါတယ် ကိုကိုက စတော်ဘယ်ရီဖျော်နေတာ"

"ဪ ဟုတ်လား.. ကိုကြီး မကြာခင် လက်ထပ်တော့မှာ

အဲ့ဒါကြောင့် လူကိုယ်တိုင် လာဖိတ်ရတာလေ အခုလည်း

အားနေတာနဲ့..."

"ဟာ..ဟုတ်လား ကိုကြီးမင်းသွင်တောင် စွံတော့မှာပဲ

ကွန်ဂရက်ကျူလေးရှင်းပါဗျာ.."

"ဟဲ!!! ကိုကြီး ကလေးရရင် မင်းတို့နှစ်ယောက်

ထိန်းပေးရမှာနော်"

"ဒါပေါ့ဗျ!!

သော်ဒီမျက်နှာထက်မှာ အခုတလော ကိုကို့ကြောင့် အပြုံးတွေ

ခဏခဏ တွဲခိုတတ်နေ၏။ ဒါကြောင့် စိတ်အခြေနေမကောင်းတဲ့

အချိန်ထက် အမြဲတမ်း စိတ်ချမ်းသာနေခဲ့ရသည်။

"ဒါနဲ့လေ.. ကိုကြီးမင်းသွင် ကိုကို့ကို ကူပြောပေးလို့ရမလား"

"ဟင်!! ဘာကိုလဲ"

"ဟို.. ကျွန်တော်အရမ်းတစ်ကိုယ်ကောင်းဆန်သလိုဖြစ်နေတာ

ကိုကို ကလေးယူမယ်ဆိုလည်း ကျွန်တော်က ခွင့်ပြုပါတယ်

အဲ့ဒါပြောတိုင်း ကိုကိုက အမြဲရှောင်နေလို့လေ သူပဲ အရင်က

လိုချင်နေပြီးတော့.."

သူ ထိုသို့ ဆုံးဖြတ်ရခြင်းက သိပ်တော့မလွယ်ကူပါ။ အခုလို

ခွင့်ပြုရခြင်းကလည်း သူ့အတ္တတွေထက် ကိုကို့ကို ပိုပြီး

ချစ်သည့်အတွက်ပင်။ အစက ကိုကို ကလေးလိုချင်တာကို

သူသိပ်သဘောမကျခဲ့။ အခုတော့ ကိုကိုသာ ကလေးလိုချင်ပါက

အငှားကိုယ်ဝန်ဆောင်လိုက်လို့လည်း အဆင်ပြေသည်။

"နော်..ကိုကြီးမင်းသွင် ကိုကို့ကို ကူပြောပေးပါဦး!!

ဒန်းပေါ်မှာထိုင်နေတဲ့ သော်ဒီက သူ့ကိုမော့ကြည့်လာသည်..။

ပုံစံလေးက အရမ်းကိုသနားကမားပုံလေးဖြစ်နေပြီး ဘာအပြစ်ပဲ

လုပ်ပါစေ ခွင့်လွှတ်ချင်စရာကောင်းနေသည်မို့ ဟိုကောင်

ရူးတာလည်း အပြစ်မဟုတ်ပေ။

"မင်းမသိသေးဘူးထင်တယ် သူမင်းကိုပြောမပြဘူးလား"

"ဘာကိုပြောပြရမှာလဲ.."

သူကြောင်အမ်းရင်း မေးရသည်။ ကိုကြီးပြောသလိုဆို ကိုကိုက

သူ့ကို တစ်ခုခုဖုံးကွယ်ထားခဲ့သည်ပဲ...။ လိမ်တာ မကြိုက်တဲ့

သူက ကိုကိုတစ်ခုခု လိမ်ထားတာ ကြားရတော့ မျက်မှောင်လေး

အနည်းငယ်စုကြုတ်သွားခဲ့ရသည်။

"ပြောလေ ကိုကို ဘာလိမ်ထားတာလဲ.."

မင်းသွင် သက်ပြင်းအသာချသည်။ ဒီကိစ္စကို မပြောဖို့ သူ့ကို

ဩဂတ်က ကတိအထပ်ထပ် တောင်းခဲ့တာ။ ဒါပေမယ့် အခု

သော်ဒီကိုမြင်တဲ့အခါ သူစိတ်ပြောင်းသွားခဲ့သည်။

"ဩဂတ်က Vasectomy လုပ်ထားတာ သော်ဒီရဲ့..

သူဘယ်တော့မှ ကလေးရအောင် မလုပ်နိုင်တော့ဘူး.."

"ဗျာ!!!

သော်ဒီ အလန့်တကြား ထရပ်လိုက်ပြီး ခေါင်းတွေချာချာ

လည်သွားရသည်။ ကိုကိုက၊ ကလေးရအောင် မလုပ်နိုင်တော့ဘူးတဲ့လား။

နားထဲမှာလည်း မင်းသွင်ပြောတဲ့ စကားတွေသာ ကြားယောင်ရင်း

မျက်ရည်တွေလည်း ဝဲတက်လာတော့သည်။ ဒီကိစ္စကို

ကိုကိုက ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ခဲ့သည်ပဲ...။

ကိုကိုက ကလေးမရတော့ဘူး... ရအောင် မလုပ်နိုင်တော့ဘူး။

သော်ဒီ ရင်ထဲ တဆစ်ဆစ်ကိုက်ခဲလာပြီး နှုတ်ခမ်းတွေက

တုန်ယင်လာကာ မျက်ရည်တွေလည်း စီးကျလာတော့သည်...။

ကိုကို ကလေးမရတော့ဘူးတဲ့ ကိုကိုဘာလို့ အခုလိုလုပ်ရတာလဲ

သူ့ကိုတောင် ဖုံးကွယ်ဖို့လုပ်လိုက်သေးတယ်။

ထိုအခိုက် ကိုကိုပြန်လာသည်။ လက်ထဲမှာလည်း စတော်ဘယ်ရီ

ဖျော်ရည်တစ်ခွက်နဲ့။ သို့သော် သူ့အနားကိုရောက်လာပြီး

သူ့မျက်ရည်တွေကို မြင်လိုက်ရတော့ လက်ထဲက စတော်ဘယ်ရီ

ခွက်က သတိလက်လွတ် အောက်ကို လွတ်ကျသွားခဲ့တော့သည်။

"ညီ!!! ကလေးလေး ဘာလို့ငိုနေတာတုန်းဟင် ဘာလို့ငိုတာတုန်းကွာ ကိုကိုတစ်ခုခုလုပ်မိလို့လား"

"ကိုကို Vasectomy လုပ်ထားတယ်ဆို ဟုတ်လားဟင်!!!

ဩဂတ်မှာ တန့်သွားရင်း ရပ်နေတဲ့ မင်းသွင်ကို မာတင်းနေတဲ့

မျက်နှာဖြင့် လှည့်ကြည့်သည်။ မင်းသွင်ကလည်း နားလည်စွာ

အကြည့်လွှဲသွားခဲ့ပါ၏။

"ဘာလို့လဲ.. ကိုကိုဘာလို့ အဲ့လိုလုပ်တာလည်းဗျာ ဖြေလေ...

ကိုကို့အမြင်မှာ ကျွန်တော်က သဘောထားသေးသိမ်တဲ့လူလား"

"မဟုတ်ပါဘူး!! အဲ့လို လုံးဝ မဟုတ်ရပါဘူးကွာ"

ညီက သူ့ရင်ဘက်ဆီ လက်သီးတစ်ချက် ပစ်ကျွေးလာခဲ့သည်။

သူ့မှာ နာတယ်လို့လည်း ညီ့ကို မအော်ရက်။ ညီ့ရဲ့ မျက်လုံး

တွေထဲကနေ မျက်ရည်တွေ အဆက်မပြတ်စီးကျနေသည်ကိုသာ

ရင်နာနာကြည့်နေမိတော့သည်။

"ကိုယ်ဝန်အငှားဆောင်လို့ ရတာပဲ ကိုကို့ကို ရော

ကိုကို့ရဲ့ သွေးသားကိုပါ ကျွန်တော်ချစ်နိုင်ပါတယ်..."

ညီက သူ့ရင်ဘက်ပေါ် ခေါင်းမှီချကာ တအင့်အင့်ရှိုက်ငိုသည်..။

တကယ်တမ်း အငှားကိုယ်ဝန်ဆောင်ဖို့ သူကလည်း မတွေးဖူးတာ

မဟုတ်၊ တွေးခဲ့ဖူးပါသည်။

ညီသိမ်ငယ်တာကို မကြိုက်တဲ့စိတ်လေးကလည်း ရှိပါ၏..။

အကယ်၍ ကလေးယူခဲ့ပါလျင် သူ့ကိုယ်သူ ကလေးမရနိုင်ဘူး

ဆိုတဲ့စိတ်နဲ့ ညီသိမ်ငယ်ပါလိမ့်မည်။ ဒါမှမဟုတ် သူ့ကိုယ်သူ

ကလေးမရနိုင်လို့ အပြစ်တင်ကောင်းတင်လိမ့မည်။

ကလေးက ညီသိမ်ငယ်ရတဲ့ အကြောင်းပြချက် တစ်ခုဖြစ်မယ်ဆို

ဤကလေးကို အစကတည်းက မယူတာက ပိုကောင်းလိမ့်မယ်ဟု

သူထင်ခဲ့တာကြောင့် အခုလို‌ဆုံးဖြတ်ရခြင်းဖြစ်ပါ၏။

သူ ညီ့ရဲ့ မျက်နှာလေးကိုဆွဲယူကာ မျက်နှာချင်း ဆိုင်သည်...။

ညီ့မျက်ရည်တွေကို မကြိုက်ပေမယ့် ငိုတာလေးက အသည်းတယားယားမို့ နှာခေါင်းထိပ်လေးကို ဆွဲညှစ်ပစ်လိုက်သည်။

"မငိုစမ်းပါနဲ့..ညီရာ.. ကိုကိုက ညီငိုတာကို မကြိုက်ဘူး!!

"ကိုကိုဆိုးလို့လေ.. ကိုကိုအရမ်းဆိုးတယ်ဗျာ"

ညီ့မျက်ရည်တွေကို သုတ်ပေးရင်း သူကလည်းနာကျင်မှုတွေ

ကြားက ပြုံးရပါသည်။

ညီငိုတာကို မြင်ရင်လေ ကိုကိုက...အင်း!! သေမှာ။

"ဒီမှာကြည့် ကိုကို့ကို ကြည့်စမ်း ကလေးရဲ့.."

သူ ကိုကို့မျက်နှာကို မျက်ရည်တွေကြားက ကြည့်လိုက်သည်..။

ကိုကို့ရဲ့ စိတ်အာရုံထဲမှာ သူ့ကိုယ်သူ တွေ့နေရခြင်းက

သော်ဒီအပျော်ဆုံးအချိန်တစ်ခုဖြစ်ခဲ့သည်။

"ညီက၊ ကလေးမမွေးနိုင်ဘူး ကိုကိုက ၊ ကလေးရအောင်

မစွမ်းဆောင်နိုင်ဘူး ကိုကိုတို့နှစ်ယောက်က အရမ်းလိုက်ဖက်တဲ့

ဝမ်းစပ်လိုပဲလေ.."

ကိုကိုက သူပျော်ဖို့ ဖာထေးပြောနေပေမယ့် ကိုကို့အညွန့်ကို

ချိုးမိတဲ့အတွက် သူမပျော်နိုင်ပါ။ သူ့အတ္တတွေက ကိုကို့ဘဝကို

သတ်သွားခဲ့တယ်ဆိုတဲ့ အမှန်တရားကို သူလက်ခံဖို့အသင့်

မဖြစ်သေးပါ။

"ကိုကို..ခင်ဗျားက အရူးပဲ သိလား တကယ့်အရူးကြီးလိုပဲ

ခင်ဗျားလို အရူးတစ်ယောက်ကို ချစ်မိတဲ့ ကျွန်တော်ကတော့

ခင်ဗျားထက် ပိုရူးတဲ့ အရူးကောင်ကြီးပေါ့.."

"ပြောသားပဲ ကိုကိုတို့က လိုက်ဖက်တယ်လို့..

အဟွန်း အခုဘယ်လိုလုပ်ကြမလဲ ကိုကိုက၊ ကလေးမရတော့ဘူးလေ  မင်းကပဲ ရှေ့လျှောက်ပြီး စောင့်ရှောက်ပေးပါဦးနော် "

"ရူးနေလား!!

သူ ကိုကို့ရဲ့မျက်နှာကို သူနဲ့အနီးဆုံးဖြစ်တဲ့အထိ ဆွဲယူပြီး

မျက်နှာအနှံ့ နမ်းရှိုက်ပစ်လိုက်သည်။ ကိုကိုကလည်း ပေါ့ပါးစွာ

ရယ်သွမ်းကာ သူနမ်းတာလေးကို အသာလေးငြိမ်ခံ‌နေခဲ့ပါသည်။

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ဖက်နမ်းနေပြီး

မင်းသွင်အား မေ့လျော့နေကြသည်။ မင်းသွင်ကတော့ သူတို့ကို

ကြည့်ကာ ခေါင်းတခါခါဖြစ်နေခဲ့သည်။

ဘယ်သူက ဘယ်သူ့ကို ပိုချစ်နေမှန်း သူလည်း မတွေးတတ်တော့ချေ။

"ဒယ်ဒီက နောက်ထပ် အိမ်ထောင်ပြုလိုက်တာကို

ကိုယ့်အတွက် ချစ်ရမယ့်သူ တစ်ယောက်ပါ ရှာပေးခဲ့တယ်

ညီ တွေးကြည့် ကိုယ့်ဒယ်ဒီက အဖေကောင်းပဲနော်..

ဒီလောက် ချစ်ဖို့ကောင်းတဲ့ အချစ်ကလေးကို ကိုယ့်ဘဝထဲ

ဆွဲခေါ်လာတယ်"

"ကိုကိုနော်!!!

သူဟာ တကယ်ပဲ ညီ့ကို သိပ်ချစ်ပြီး ကြည့်လိုက်မိချိန်တိုင်းမှာ

ညီ့ကြောင့် စိတ်အေးရသည်။

မတော်တဆ တိုက်ခဲ့ဖူးတဲ့ ခလုတ်လေးက သူ့ဘဝကို

ဒီလောက်ထိ ပြောင်းလဲစေမယ်မှန်း သူစိတ်ကူးတောင်မယဉ်ခဲ့ပါ။

အစမှာတော့ ညီတစ်ယောက်အဖြစ်ရောက်လာပြီး အခုတော့

သူ့ဘဝရဲ့ လက်တွဲဖော် ဖြစ်လာခဲ့သည်။

ညီ့ဘက်က စချစ်ခဲ့ပေမယ့် သူကလည်း မလျော့တဲ့ချစ်ခြင်းမျိုးနဲ့

ညီ့ကို ချစ်ခဲ့မိပါ၏။ ညီနဲ့ သူဟာ တစ်ယောက်ကိုတစ်ယောက်

သိပ်ချစ်ခဲ့ကြသူတွေမို့ မည်သည့်ကြားခံကိုမှ အလိုအပ်ကြ...။

သူ့အတွက်တော့ ညီနဲ့ အတူရှိချိန်တိုင်းမှာ ညီ့အတွက်

သူ့အသက်ကိုတောင် စတေးပစ်ဖို့ ဆန္ဒရှိသည်အထိ ညီ့ကို

ပျော်စေချင်သည်။ စိတ်ချမ်းသာစေချင်မိသည်..။ ဘာလို့ဆို

ဩဂတ်ဂုဏ်ပိုင်က သော်ဒီထူးဟန်ရဲ့ သီးသန့်ထုတ်ကုန်ဖြစ်နေလို့ပါပဲ။

The End.....

Zawgyi

ခ်စ္သူတစ္ေယာက္ ေကာက္ရထားသည္ {အခန္း ၂၅}

|ဇာတ္သိမ္းပိုင္း|

မခင္ခင္ခဆိုတဲ့အမ်ိုးသမီးက ကိုကို့ရည္းစားေတြထဲမွာ သူခြာခ်လို့

မရနိုင္ခဲ့တဲ့ မိန္းမဆိုတာ သူနဲ့ ကိုကို အိမ္ေထာင္သက္ ၂နွစ္ြကာတဲ့ အခ်ိန္၌ သူသိခဲ့ရပါသည္။ ညအခ်ိန္မေတာ္ ဖုန္းဆက္တာေတြ

ဖုန္းဆက္လို့မရရင္ မက္ေဆ့ခ္်ပို့တတ္တာေတြကို တစ္ေလ်ွာက္လုံး ကိုကို့ဖုန္းကိုမစစ္ခဲ့တဲ့ သူက ၂နွစ္ျပည့္ Anniversary ညမွာ သိခဲ့ရ၏။ ကိုကို သူ့ကို မေျပာခဲ့ရတဲ့အေြကာင္းကိုလည္း သူက အျပည့္ဝနားလည္ပါသည္။ စိတ္တို စိတ္ဆတ္တတ္တဲ့

သူသာ ဒီကိစ္စသိသြားပါက ခ်က္ခ်င္း‌သြားေသာင္းက်န္းမွာဆိုတာကို ၊ ကိုကိုက ေသခ်ာေပါက္သိခဲ့ပါသည္။

ထိုကိစ္စေတြကို ၊ ကိုကိုက မေျပာခဲ့သည့္တိုင္ သူကလည္း

ေစာင့္သာြကည့္ေနျပီး ကိုကို့အား မေမးခဲ့ပါေခ်။ ကိုကို့ဖုန္းက

အျမဲတမ္း သူကိုင္ခ်င္ ကိုင္လို့ရေအာင္ ထားထားတာမို့ Lock

ခ်ေလ့မရွိ။ ဒါေြကာင့္ ကိုကိုအိပ္သည့္အခါတိုင္း မခင္ခင္ခကို

ေစာင့္ြကည့္လို့ရေနတာပင္။ ေနာက္ေတာ့ မခင္ခင္ဆိုတဲ့

Contact name ေလးက ကိုကို့ဖုန္းကေန အျပီးတိုင္ေပ်ာက္သြားခဲ့ပါသည္။ ြကည့္ရတာ ကိုကို Block လိုက္တာပဲ ြဖစ္ရမည္။

အဲ့ဒီေနာက္ စာေတြပို့တာ ဖုန္းေတြဆက္တာ မရွိေတာ့ေပမယ့္

ကိုကိုနဲ့ သူ့ပတ္ဝန္းက်င္၌ မခင္ခင္ခကို ခဏခဏ ေတြ့လာရသည္။ အထူးသြဖင့္ ကိုကိုရွိတဲ့ ေနရာေတြမွာြဖစ္၏။ တစ္ခါတစ္ေလ ကုမ္ပဏီထိ လိုက္သြားတတ္တာေတြ မရမက သူ့ကို ညစာ

လိုက္ေက်ြးဖို့ မိန္းမငယ္ေလးတစ္ေယာက္လို ခ်ြဲနြဲ့ေျပာကာ

ပူဆာတာေတြ။ ကိုကိုထုတ္မေျပာဖူးေပမယ့္ သူအကုန္သိေနခဲ့ပါ၏။ သို့တိုင္ ကိုကိုနဲ့ သူ့ြကားမွာ မခင္ခင္ခေြကာင့္ ဘာမွ

ေထြေထြထူးထူးေျပာင္းလဲသြားခဲ့ြခင္း မရွိခဲ့ေခ်။

အရင္လို ခ်စ္ဆဲ.. ရင္ခုန္ဆဲ။ တစ္ခါတစ္ရံမွာ ေန့တိုင္းေတြ့ေနရတဲ့ မ်က္နွာကို လြမ္းလို့ဆိုတဲ့ အေြကာင္းျပခ်က္နဲ့ ကုမ္ပဏီထိ

သြားေတြ့တတ္တဲ့ သူ့အား ေတြ့တိုင္း ကိုကိုက အသည္းယားသည္ဟု ဆိုေသး၏။ သူကလည္း ဒါေလးေတြကို ေက်နပ္ေနရတာပင္။

အိမ္ေထာင္သက္ ၃နွစ္နီးပါး ြကာတဲ့အခါ မခင္ခင္ခရဲ့

ေနွာက္ယွက္မွုေတြက အရာထင္ခဲ့သည္ဟုဆိုရမည္။ ကိုကို့ရဲ့

အံဆြဲထဲမွာ ကေလးပုံေလးေတြအား သူခဏခဏ ေတြ့လာရသည္။ ရင္တြင္းမွာ ျမွားတစ္စင္းပစ္ဝင္သလို ျမင္ျမင္ခ်င္းစူးနင့္

လာကာ အသက္ရွူရပ္မတတ္ခံစားခဲ့ေသာ္လည္း ကိုကို့ကို သူထုတ္ျပီး မေမးြဖစ္။

ကိုကို ကေလးလိုခ်င္ေနြခင္းပင္။

တစ္ေန့ေသာ ညေနခင္းမွာ မခင္ခင္ခကို သူတို့နွစ္ဦးရဲ့အိပ္ခန္းမွာ

ေတြ့လိုက္ရသည့္အခ်ိန္၌ သူနွင့္ ကိုကို့ရဲ့ အိမ္ေထာင္သက္တစ္ေလ်ွာက္မွာ ပထမဆုံး စကားမ်ားဖို့အေြကာင္းဖန္လာခဲ့ပါသည္။

"မင္းထင္သလို မဟုတ္ဘူးေနာ္ ေကာင္ေလး တို့နဲ့ဩဂတ္က!!

"မမခင္က လွသားပဲ ပညာအရည္အခ်င္းကလည္း တစ္ခ်က္မွ

ေျပာစရာမရွိဘူး မမခင္အေမက မမခင္ကို အဲ့လိုျပီးျပည့္စုံေအာင္

ေမြးထုတ္ခဲ့တာပဲေနာ္ ဒါေပမယ့္ အရွက္ ထည့္ေပးလိုက္ဖို့

ေမ့ေနပုံပဲ.."

တင္းမာသြားတဲ့ မမခင္မ်က္နွာက မာနတရားတို့ေခါင္ခိုက္သည့္

မိန္းမတစ္ေယာက္ရဲ့မာန္ အျပည့္ပါေနသည္။ သူကိုယ္တိုင္ကလည္း မမခင္ကို စေတြ့သည့္အခ်ိန္မွာ ကိုကို ပါသြားမွာစိုး၍

ေြကာက္လန့္ခဲ့ဖူးပါသည္။ အမွန္တိုင္းေျပာရေြကးဆို မမခင္က

သူ ပထမဆုံး အခ်စ္ျပိုင္ဘက္လို့ သတ္မွတ္ခဲ့တဲ့ ပထမဆုံး

မိန္းမတစ္ေယာက္ ြဖစ္ခဲ့ပါသည္။

"ကိုကို... မင္္ဂဦးညမွာ က်ြန္ေတာ့္ကို ေပးခဲ့တဲ့ ကတိ၃ခု

အေြကာင္းကို မွတ္မိေသးလား"

ဩဂတ္မ်က္နွာမွာ စိုးရိမ္မွုတို့ကေန နည္းနည္းေတာ့ျပုံးသြားရသည္။ အဲ့ဒီ ကတိ၃ခုကို သူအခုထိ မွတ္မိပါ၏။

'နံပါတ္တစ္။ ကိုကိုနဲ့က်ြန္ေတာ့္ရဲ့ အိပ္ခန္းထဲကို ဘယ္သူ့ကိုမွ

ေပးမဝင္ရဘူး အဲ့ဒီလူက ကိုကို့သူငယ္ခ်င္းဆိုရင္ေတာင္မရဘူး

နံပါတ္နွစ္။ ကိုကို က်ြန္ေတာ္မဟုတ္တဲ့ မိန္းမေတြကို ၃စက္ကန့္ထက္ ပိုမြကည့္ရဘူး

နံပါတ္၃။ က်ြန္ေတာ္ထက္ ပိုျပီး ဘယ္သူ့ကိုမွ ဦးစားမေပးပါနဲ့

က်ြန္ေတာ္ေဝမ်ွရတာ မြကိုက္ဘူး'

စသြဖင့္ ေသာ္ဒီသည္ မင္္ဂဦးညမွာ ထိုကတိ၃ခုကို ေတာင္းျပီးမွ

သူ့ကို ထိခြင့္ျပုခဲ့သည္။

"ကိုကိုမွတ္မိပါတယ္ ညီ!!

"ဒါဆို... ဒီျပဿနာကို ဘယ္လိုရွင္းမွာလဲ "

"မခင္ခင္ခက ကိုယ့္အိမ္ေရာက္လာတာ မွန္တယ္...ညီ

ဒါေပမယ့္ ကိုယ္သူ့ကို ဧည့္ခန္းမွာ ထားခဲ့တာ သူ့ဘာသာ!!!

သူ မခင္ခင္ခမ်က္နွာကိုလွမ္းြကည့္ေတာ့ သူမမ်က္နွာက

အြကီးက်ယ္ပ်က္ယြင္းေနခဲ့ပါသည္။

"ဩဂတ္!! မင္းေျပာပုံအရ တို့ကပဲ မင္းဆီကို အရွက္မရွိ

လာခဲ့တာေပါ့ ဟုတ္လား"

"............"

"တို့က မင္းကို ေမာင္ေလးတစ္ေယာက္လို သေဘာထားလို့

တို့အခက္ခဲေတြကို ေဝမ်ွခဲ့တာေလ!!

"ဒီမွာ အစ္မ!! အစ္မရဲ့ရုပ္ရည္ အစ္မအဆင့္အတန္းနဲ့

ေခါင္းေခါက္ေရြးလို့ ရတဲ့ ‌ခပ္တုံးတုံးေယာက္်ားေတြမွ အပုံြကီးပဲကို ဘာလို့ က်ြန္ေတာ္လူကိုမွ ထိပါးခ်င္ရတာလည္းဟင္..

အဲ့ဒါေြကာင့္ တစ္ခ်ို့လူေတြက ေျပာတာ အရွက္ဆိုတာ

မ်က္ခြက္ေပါ္မွာ ေပါ္တာမဟုတ္ဘူးတဲ့.."

"ဘာ!! မင္း မိုက္ရိုင္းလိုက္တာ မိန္းမ တစ္ေယာက္နဲ့ စကားေျပာတဲ့အခ်ိန္ ဘယ္လိုေလးစားရမလည္းဆိုတာ မင္းအေမက

သင္မေပးထားဘူးလား!!

"မသင္ထားဘူး က်ြန္ေတာ္မွာ အေမမွ မရွိတာ!!!

"မထူးဆန္းပါဘူး ဆုံးမမဲ့အေမ မရွိလို့ ရိုင္းစိုင္းေနတာ!!

"မခင္ခင္ခ!! က်ြန္ေတာ္တို့ အိမ္ထဲကေန အခုထြက္သြားလိုက္ပါ

ေနာက္လည္း က်ြန္ေတာ္တို့နဲ့ လာမပတ္သတ္ပါနဲ့ "

"ဩဂတ္!! သူ တို့ကို ေျပာေနတာ ြကားတယ္မလား

မင္း‌ေယာက္်ားတစ္ေယာက္နဲ့ တစ္သက္လုံး အတူရွိသြားနိုင္မယ္လို့ တို့မယုံဘူး ဟင္း!! သူက ၊ ကေလးေမြးနိုင္တာမွ မဟုတ္တာ

ေစာင့္ြကည့္တာေပါ့"

မခင္ခင္ခ ထြက္သြားျပီးေနာက္ ဩဂတ္မွာ ညီ့ကို မဝံ့မရဲြဖင့္

ြကည့္ရသည္။

"ညီ!!!

"က်ြန္ေတာ္ အရင္ေျပာမယ္ ကိုကို!!!

"အင္း!!

"က်ြန္ေတာ့္ကို ခ်စ္ေသးရဲ့လား"

"ခ်စ္တာေပါ့ ... ညီ ဘယ္လို ေမးရက္ရတာလဲ"

"အဲ့ဒီမိန္းမက ခင္ဗ်ားနဲ့ ဘယ္လိုပတ္သတ္ေနလို့ ေနရာတိုင္းမွာ

ေတြ့ေနရတာလဲ"

"ကိုကိုေျပာျပီးျပီေလ သူ့ကို ၊ ကိုကိုက ဧည့္ခန္းထဲမွာ

ထားခဲ့တာ အခုတေလာ သူ့အေမကလည္း ဆုံးသြားေတာ့

ကိုကို့ကို ရင္ဖြင့္ေနတာ သူကလည္း သူ့အေမကို သိပ္ခ်စ္တဲ့

အေြကာင္းေတြေပါ့"

"သူက ၊ ကေလးမဟုတ္ေတာ့ဘူးေနာ္ က်ြန္ေတာ့္ကို ေက်ာ္ျပီး

ခင္ဗ်ား ဘယ္မိန္းမကိုမွ ေထြးပိုက္ထားစရာ မလိုဘူး!!

"ကိုကို မလုပ္ပါဘူး သူနဲ့ေတြ့တာ ဒါေနာက္ဆုံးပါ ကတိေပးတယ္

ကိုကို့အတြက္ေတာ့ ညီက ပထမ ဒုတိယ ျပီးရင္ တတိယပဲ

ကိုယ့္နွလုံးသားထဲမွာ ညီတစ္ေယာက္ပဲ ရွိတာ မဟုတ္ရင္ဘာလို့

အတင္းလိုက္ေခါ္ျပီး လက္ထပ္မွာလဲ စိတ္ခ် ကိုယ္ သူနဲ့လုံးဝ

မေတြ့ေတာ့ဘူး"

မ်က္နွာခ်င္းဆိုင္ကာ ပခုံးေပါ္လက္နဲ့‌ဆုပ္ကိုင္ရင္း ေျပာလာတဲ့

ကိုကို့ကို သူြကည့္ေနလိုက္သည္။ အေပါ္ယံကြကည့္ပါက အရမ္း

Strong ြဖစ္ေနပုံရေပမယ့္ သူ့ရင္ထဲမွာေတာ့ ပူေလာင္ေနြခင္း

တို့သာ ျပည့္နွက္ေနခဲ့ပါ၏။

"ကိုကို ကေလးလိုခ်င္ေနတာလား!!!

ေမးေတာ့ ကိုကိုဆြံ့အသြားပါသည္။ ဟြန့္.. က်ြန္ေတာ္ေမ့ေနတာ

အခ်စ္နဲ့ ဘဝက တစ္ြခားစီဆိုတာ က်ြန္ေတာ္ေမ့ေနခဲ့တာ။

ကိုကိုသည္ သူ့ကို ခ်စ္ေသာ္ျငားလည္း သူက ကိုကိုလိုခ်င္တဲ့

ဘဝတစ္ခု မေပးနိုင္။ ဒါကပဲ သူတို့ြကားမွာ အဖုထစ္ြဖစ္ေနတာပင္။

"ညီ!!!

"ထားလိုက္ပါ ဘာပဲြဖစ္ြဖစ္ က်ြန္ေတာ္ ကေလးမေမြးနိုင္တာ

သိတယ္မလား!!

"ကိုကို ညီ့ကို တကယ္ခ်စ္လို့ လက္ထပ္ခဲ့တာ ကေလးလိုခ်င္တာ

မွန္ေပမယ့္ မင္းနဲ့ ေရြးခ်ယ္ခိုင္းရင္ မေတြေဝပဲ မင္းကိုပဲေရြးမွာ

ကိုကို့တစ္သက္လုံး မင္းကိုပဲခ်စ္သြားျပီး မင္းတစ္ေယာက္ထဲကိုပဲ

သစ္စာရွိသြားမွာ ေဖာက္ျပန္တယ္ဆိုတာ ကိုယ္အရြံဆုံးလုပ္ရပ္ပါပဲ

ညီရယ္... ကေလးလိုခ်င္လို့ ဆိုတဲ့အေြကာင္းျပခ်က္နဲ့ မင္းမဟုတ္တဲ့ ဘယ္မိန္းမကိုမွ မထိဘူး!!!

"ဒီမွာ ကိုကို!! လ်ွာရိုးမရွိတဲ့ စကားေတြေျပာျပီး ဖာေထးဖို့

မြကိုးစားစမ္းပါနဲ့ ေနာက္တစ္ခါ အဲ့မိန္းမနဲ့ ကိုကို ထပ္ေတြ့ရင္

က်ြန္ေတာ့္အတြက္ အေခါင္းတစ္လုံး ျပင္ထားလိုက္ေတာ့"

"ဘာေတြ ေျပာေနတာတုန္းကြာ နိမိတ္မရွိတာေတြ

မလုပ္ရဘူးေနာ္ ဘာကိုမွ ေလ်ွာက္မလုပ္ရဘူး.."

မ်က္လုံးေတြျပူးရင္း ေသြးပ်က္ေြခာက္ြခားသြားပုံရတဲ့ ကိုကို့

အသံေတြက တုန္ယင္ေနခဲ့ပါသည္။ မ်က္ဝန္းထဲမွာလည္း သူ့ကို

အဆုံးရွူံးမခံနိုင္ြခင္းေတြ မ်ားစြာေတြ့ရေတာ့ သူလည္း ရင္ထဲ

စို့နင့္ရသည္။ သို့ေသာ္ ထိုခံစားခ်က္တို့က ကိုကို့ကို သူစိမ္း

မိန္းမနဲ့ တြဲျမင္လို့ ြဖစ္ေပါ္လာတဲ့ ေဒါသနဲ့ နာက်င္မွုေတြကို

မေက်ာ္နိုင္ပါ။

"က်ြန္ေတာ့္ကို စိန္မေခါ္နဲ့ ကိုကို.. က်ြန္ေတာ္မရွိပဲ ကိုကိုေနနိုင္ရင္

လုပ္ြကည့္လိုက္ေပါ့"

ကိုကိုက သူ့ကိုစိန္ေခါ္သည္ဟုထင္ပါေသာ္လည္း စင္စစ္တြင္

သူကသာ ကိုကို့ကို စိန္ေခါ္ျပီး ထားရစ္ခဲ့သည္။

ယေန့က သတိေပးစကားေြကာင့္ ကိုကို ထပ္မလုပ္ရဲဘူးဟု

ထင္ခဲ့ေသာ္လည္း သိပ္အြကာခင္မွာေတာ့ ကိုကို့ကို မခင္ခင္ခနဲ့

စားေသာက္ဆိုင္ တစ္ခုမွာ ေတြ့ခဲ့ပါသည္။

"အာ့..."

"ေတာင္းပန္ပါတယ္ဗ်ာ ဘာြဖစ္သြားေသးလဲ"

ဝိတ္တာေကာင္ေလးသည္ သူ့ေပါ္ေမွာက္က်သြားတဲ့ ဝိုင္နီေြကာင့္

အသည္းအသန္ေတာင္းပန္ကာ တစ္ရွူးနဲ့လိုက္သုတ္ေပးေနေပမယ့္ ‌သူကေတာ့ ေရွ့ကျမင္ကြင္းကိုသာ ေဝ့ဝါးေသာအျမင္အာရုံမွ

တဆင့္ ေတြ့ေနရသည္။

"ညီ!!!

ဝုန္းခနဲ ထရပ္ကာ သူ့နားေျပးလာတဲ့ ကိုကို့ေြကာင့္ လွစ္ခနဲ

လွည့္ေျပးခဲ့ပါ၏။ အခုခ်ိန္မွာ ကိုကိုနဲ့ မ်က္နွာခ်င္းမဆိုင္ခ်င္ပါ။

ကံေကာင္းစြာနဲ့ အေနာက္က လိုက္လာတဲ့ ကိုကို့ကို မ်က္ေြခ

ဖ်က္ပစ္နိုင္ခဲ့ပါသည္။

ထိုေန့မွ စကာ သူ အိမ္ကို ၃ရက္ေလာက္ မျပန္ြဖစ္သလို

ဖုန္းကိုလည္းစက္ပိတ္ထား၍ ကိုကို့ရဲ့ ဖုန္းအဝင္ေကာေတြက

ဖက္တီးဆီ၌သာ ဦးတည္ခဲ့ေခ်၏။

"မင္းကလည္းကြာ!! ကိုြကီးဩဂတ္နဲ့ အဲ့မိန္းမက

ေဖာက္ျပန္တယ္ေျပာရေအာင္ အိပ္ျပီးျပီမလို့လား ေနာက္ျပီး

ကိုြကီးဩဂတ္ပုံစံြကည့္ရတာလည္း မင္းကိုတကယ္ခ်စ္ပုံပါပဲ"

"ကုတင္ေပါ္မွာ ထပ္လ်က္ေလး ေတြ့ရမွ ေဖာက္ျပန္တာ

မဟုတ္ဘူး ဖက္တီးရ!!

"ကိုြကီးဩဂတ္က ေဖာက္ျပန္ေနတယ္လို့ ထင္တယ္ေပါ့!!

"မဟုတ္ဘူး ငါလည္းသိတယ္ ကိုကို မေဖာက္ျပန္ဘူး

ဟိုမိန္းမက လိုက္ကပ္ေနတာ"

"ေအးေလ ဒါဆိုျပီးျပီေပါ့ မင္းက စင္ျမင့္က လူပါပဲကြာ

အဲ့ဒါကိုမွ ဟိုဘက္ကအတင္းဝင္လုံးျပီး မယားငယ္ဘြဲ့

သိပ္လိုခ်င္ေနလည္း ထိုက္ထိုက္တန္တန္ ေပးအပ္လိုက္ေပါ့!!

"ဟြန္း!! အဲ့မိန္းမကိုအဖက္လုပ္ဖို့ထိ ငါအရမ္းပ်င္းတယ္

အခုဟာက ကိုကို အဲ့မိန္းမနဲ့ မေတြ့ေတာ့ဘူး ကတိေပးျပီးမွ

ကတိဖ်က္တာကို မေက်နပ္တာ အရွင္းဆုံးေျပာရရင္ကြာ

ငါကလဲ့စား ေခ်ခ်င္ေနတာ.."

"ဟင္!! ဒါဆို မင္းကလည္း ျပန္တြဲျပမယ္ေပါ့ အဲ့လိုလား"

"ငါအဲ့လို လုပ္ဖို့ထိ စိတ္မပါဘူး မင္းသိလား လူတစ္ေယာက္ကို

ကလဲ့စားေခ်ခ်င္ရင္ သူျမတ္နိုးတဲ့အရာကို ဖ်က္စီးရတယ္တဲ့

ဒီေန့ဒီခ်ိန္ထိ ကိုကိုအျမတ္နိုးဆုံးက ဘာလို့ထင္လဲ.."

ဖက္တီးမွာ ‌သူ့ဆီက အန္တရာယ္အေငြ့သက္မ်ားေြကာင့္ တံေတြး

မ်ိုခ်ရသည္။ ေျပာရင္ ေျပာတဲ့အတိုင္း လုပ္တတ္တဲ့ ေသာ္ဒီ

အက်င့္ကို သူသိသည္။ ဆုံးြဖတ္ျပီးရင္ ေနာက္မဆုတ္တတ္သူ

ေသာ္ဒီထူးဟန္က ကိုြကီးဩဂတ္ေတာင္ တစ္ခါတစ္ေလမနိုင္ပါ။

"မင္း....မဟုတ္မွလြဲေရာ!!

တစ္ခုခုသေဘာေပါက္သြားတဲ့ ဖက္တီးကို သူြကည့္ရင္းနွုတ္ခမ္း

မဲ့ပစ္သည္။ ကိုကို့ကို ေရွာင္ေနပါက စိတ္ေျပမယ္ ထင္ရေသာ္လည္း ၃ရက္ြကာသည့္တိုင္ စိတ္မေျပတဲ့အျပင္ ခံတြင္းေတြပါ ပ်က္လာတာမို့ သူ ေနမထိထိုင္မသာ ြဖစ္လာရသည္...။

အမွန္တိုင္းေျပာရရင္ ကိုကို့ကို သူသိပ္လြမ္းမိပါသည္...။

"သန္ဘက္ခါ ဆိုင္ကယ္ျပိုင္ပြဲရွိတယ္မလား.."

"အင္း ရွိတယ္ေလ ဘာလို့လဲ"

"ငါဝင္ျပိုင္မယ္.."

ဖက္တီးက အလန့္တြကား သူ့ကိုြကည့္လာရင္း...

"ဟာ!! ကိုြကီးဩဂတ္က မင္း ျပိုင္ပြဲဝင္တာကို မြကိုက္ဘူးေလ

မသြားဖို့ကို တားျမစ္ထားတယ္မလား"

"သူမြကိုက္ဘူးေျပာတိုင္း ငါမလုပ္ပဲ ေနရမွာလား

သူမြကိုက္ရင္ သူမလုပ္နဲ့ေပါ့ ငါေတာ့ြကိုက္လို့လုပ္တယ္ကြာ

ဘာြဖစ္လဲ.."

ဖက္တီးသည္ သူနဲ့ ကိုကို့ြကားမွာ စိတ္ရွုပ္လာပုံြဖင့္ ေခါင္း‌ေတြ

ဆြဲကုတ္ေနသည္။

"ဒီျပိုင္ပြဲသာ နိုင္ရင္ ငါအခ်ီြကီး ရမွာကြ ေနာက္ျပီး

ကိုကိုရွာသမ်ွေတြကို ငါမြဖုန္းရက္ပါဘူး"

"မင္းေျပာေတာ့ မိဘလုပ္စာကို ထိုင္စားလိုက္ ထစားလိုက္

လုပ္ခ်င္တာဆို"

"အဲ့ဒါမိဘလုပ္စာကို ေျပာတာ !!!!!ကိုကို့လုပ္စာကိုေတာ့

မစားရက္ပါဘူး"

"ေအးပါ!!

"ကိုကို မင္းဆီ ဖုန္းဆက္လာရင္ ငါက မင္းနဲ့အတူရွိေနတယ္လို့

ေျပာလိုက္ ျပိုင္ပြဲအေြကာင္း သြားမေျပာနဲ့.."

"ဟုတ္ျပီ!!

ကိုကိုက သူ့ကို ဆိုင္ကယ္ျပိုင္ပြဲေတြ ဝင္ျပိုင္တာ မြကိုက္သလို

သူကလည္း ကိုကို့သေဘာက် ေနခဲ့သူပင္။ ဒါက ပထမဆုံးအြကိမ္ ဝင္ျပိုင္တာ ြဖစ္သည္။ ကိုကိုသာ သိပါက စိတ္တိုမလား

ဒါမွမဟုတ္ အရိုက္ပဲ ခံရမလား သူမသိ။

စီးကရက္တစ္လိပ္ကိုရွိုက္ဖြာရင္း သူသာ ျပိုင္ပြဲဝင္ပါက

ကိုကိုြဖစ္သြားမယ့္ ပုံစံကို ‌စိတ္ကူးယဉ္ြကည့္ကာ အူျမူးလာရသည္။ ျပိုင္ပြဲဝင္လို့ေတာ့ စိတ္ပူေနမည္မဟုတ္။ ဒီျပဿနာေကာင္ မရွိပါက ပိုေတာင္ေကာင္းဦးမယ္လို့ ေတြးခ်င္လည္း

ေတြးေနမွာေပါ့။

လက္ထပ္ျပီးကတည္းက တစ္ရက္ေတာင္ မခြဲဖူးခဲ့တာြဖစ္လို့

အမွန္တိုင္းေျပာရရင္ ေဝးခဲ့ရတဲ့ ၃ရက္တာလုံး သူ ကိုကို့ကို

သိပ္လြမ္းရပါသည္...။ သို့ေသာ္လည္း......

...........................

ဇီးေရာင္အင္္က်ီလက္ရွည္နဲ့ ေြခမ်က္စိဖုံး ေဘာင္းဘီရွည္အနက္ေရာင္ကို ဝတ္ထားရင္း လူသူကင္းရွင္းေနတဲ့ စားေသာက္ဆိုင္

တစ္ခုမွာ သူထိုင္ေနမိရင္း လက္ေကာက္ဝတ္မွာ အကန့္သတ္နဲ့

ထုတ္ထားတဲ့ နာရီအား တြကည့္ြကည့္ြဖစ္ေနမိသည္..။ ျပီးမွ

လက္သန္းြကြယ္မွာ ရွိေနတဲ့ လက္ထပ္ လက္စြပ္ကို ဖြဖြေလး

နမ္းရင္း ရင္ေတြလည္းတလွပ္လွပ္ ခုန္ေနခဲ့ပါသည္။

အဲ့ေန့ျပီးသည့္ေနာက္ သူညီ့ကို ထပ္မ‌ေတြ့ရေသာ္လည္း ဖက္တီးနဲ့ အတူရွိေနြခင္းမို့ သက္ျပင္းခ်နိုင္ခဲ့သည္။ စိတ္ေကာက္ျပီး

အိမ္ျပနိမလာတဲ့ ကေလးကို သူကလည္း အစြမ္းကုန္ျပန္ေခ်ာ့ခ်င္၍ စားေသာက္ဆိုင္တစ္ခုလုံးကို ငွားပစ္ခဲ့ကာ ဖက္တီးကေန

တဆင့္ ဒီေနရာမွာ ေစာင့္ေနမယ္လို့ ေျပာခိုင္းခဲ့ြခင္းြဖစ္သည္...။

စင္စစ္မွာလည္း မခင္ခင္ခနဲ့ သူက ဘာမွမသက္ဆိုင္သည့္အတြက္

တစ္ေန့ကလည္း အျပတ္သတ္ေျပာပစ္ခဲ့ကာ အဲ့ဒီေန့မွ စလို့

မခင္ခင္ခ သူ့ဆီကို ဘယ္နည္းနဲ့မဆို ဆက္သြယ္ေပမယ့္ သူကလည္း ရေအာင္ေရွာင္ပစ္ခဲ့သည္။ တကယ္ဆို ညီ့စကားကို

နားေထာင္ျပီး မခင္ခင္ခနဲ့ မေတြ့သင့္တာ သူသိပါ၏။ ဒါေပမယ့္

မခင္ခင္ခက သူနဲ့ေတြ့မယ့္ ဧည့္သည္တစ္ဦးနဲ့ ပါလာကာ သူနဲ့

ရေအာင္ေတြ့ဖို့ အေြကာင္းဖန္ခဲ့သည္ဆိုေတာ့ ျငင္းဆန္လို့

မရေတာ့ေခ်။

Ring....Ring

ညီ့ကိုေမ်ွာ္ေနသည့္အခ်ိန္ ဆက္သြယ္သူက ေကာင္းကင္ဟိန္းပင္။

နွုတ္ခမ္းေလး အသာတြန့္ရင္း သူကိုင္ပစ္လိုက္သည္။

"ဟိန္းေလး!! ညီေရာ မင္းသူ့ကိုေျပာျပီးျပီလား..."

'ကိုြကီးဩဂတ္...'

တစ္ဖက္က ဖက္တီးအသံကို ြကားရျပီးေနာက္ ငိုသံေတြပါ

ထပ္ြကားရေတာ့ သူမ်က္ေမွာင္ြကုတ္ပစ္လိုက္သည္...။

"ဘာြဖစ္လို့လဲ ဟိန္းေလး"

'ကိုြကီးဩဂတ္....ေသာ္ဒီေလ!!!!

ဆိုတဲ့ဖက္တီးေြကာင့္ ေခ်ြးေစးေတြ ထြက္လာကာ ဝုန္းခနဲ

ခ်က္ခ်င္းထရပ္ပစ္လိုက္သည္။

"ညီဘာြဖစ္လို့လဲ ကိုယ့္ကိုေျပာစမ္း!!!

'ေသာ္ဒီအခု ေဆးရုံမွာ ကိုြကီး!!

"ဘာ!!!ညီ ေဆးရုံမွာ ဟုတ္လား"

'ကိုြကီးမင္းသြင္ရွိတဲ့ ေဆးရုံမွာအခု တင္ထားတယ္'

ထို့ေနာက္ ဖုန္းခ်ျပီး ခပ္ျမန္ျမန္ ဆိုင္ထဲကေန ထြက္လာလိုက္သည္။

'ကိုကို အဲ့မိန္းမနဲ့ ထပ္ေတြ့ရင္ က်ြန္ေတာ့အတြက္ အေခါင္းတစ္လုံး ျပင္ထားလိုက္ေတာ့'

"မင္း ကိုကို့ကို အျပစ္ေပးေနတာလား မရဘူးေလ မြဖစ္ရဘူး"

'က်ြန္ေတာ့္ကို စိန္မေခါ္နဲ့ ကိုကို ... က်ြန္ေတာ္မရွိပဲ ကိုကိုေနနိုင္ရင္ လုပ္ြကည့္ေပါ့'

"ဟင့္အင္း!! ကိုကိုမေနနိုင္ပါဘူး ကေလးေလးရဲ့

ကိုကိုမွားတယ္ေနာ္.."

ညီက သူ့ကို ဒီလိုပုံစံမ်ိုးြဖင့္ အျပစ္ေပးေနေြကာင္း သူသိပါသည္။

ရင္ထဲ တဆစ္ဆစ္နာက်င္လာရြခင္းနဲ့အတူ ပူေနြးေနြးစိုစြတ္မွု

တစ္ခုအား ခံစားရပါေသာ္လည္း သူဂရုစိုက္ဖို့ အခ်ိန္ရွိမေနပါ။

ညီဘယ္ေလာက္ထိ နာက်င္ျပီး အထီးက်န္ေနေလာက္မလည္းဆိုတာ ေတြးရင္း သူကိုယ္တိုင္လည္း ရင္ကြဲမတတ္ြဖစ္ခဲ့ရပါသည္။

ေဆးရုံထဲ ဝင္လာတဲ့ သူ့ေြခလွမ္းေတြက ေလးလံေနကာ

ေဝ့ဝါးေသာ အျမင္အာရုံြဖင့္ ေရွ့ကိုမနည္းလွမ္းေနရပါ၏...။

သူ့ပုံစံက ြဖူတိြဖူဖက္နဲ့ ဇြန္ဘီတစ္ေကာင္လိုလည္း ြဖစ္ေနေသးသည္။ အခန္းေရွ့မွာေတာ့ ဖက္တီးက သူ့အား ေစာင့္ေနပုံေပါ္ကာ

သူ့ကိုျမင္ေတာ့ ခ်က္ခ်င္းထရပ္သည္။

"သူေရာ?

"အခန္းထဲမွာပါ ကိုြကီးဩဂတ္"

ဖက္တီးကိုယ္တိုင္ကလည္း မ်က္ခြံေတြမို့အစ္သည္အထိ ငိုထားပုံ

ရသည္။ အထဲမွာေတာ့ ညီနဲ့အတူရွိေနတဲ့ မင္းသြင္အား ေတြ့ရသည္။ ျပိုလဲ ကြဲျပဲေနတဲ့ သူ့ပုံစံကို အြကာြကီးေနမွ ေနာက္တစ္ြကိမ္ ထပ္ျမင္ရေတာ့ မင္းသြင္ေြကာင္အမ္းအမ္းြဖစ္သြားခဲ့သည္။

ပထမဆုံး သူျမင္ခဲ့တဲ့အခ်ိန္က ေသာ္ဒီ ထြက္ေျပးသြားတဲ့အခ်ိန္ရယ္ ေသာ္ဒီကို သူခ်စ္မိသြားျပီလို့ သူ့ကိုယ္သူ လက္သင့္ခံလိုက္တဲ့ အခ်ိန္ရယ္ ။ ျပိုလဲခဲ့သမ်ွ အခ်ိန္ေတြဟာ ေသာ္ဒီထူးဟန္နဲ့

တိုက္ရိုက္ပတ္သတ္ခဲ့ရသည္အထိ ဒီေကာင့္ရူးသြပ္မွုအတိုင္းဆကို

သူမေတြးေတာနိုင္ခဲ့ေခ်။

"သူဘယ္ခ်ိန္ သတိရလာမွာလဲ"

"ခန့္မွန္းေြခ ေနာက္ထပ္၅နာရီေလာက္‌ေပါ့"

ညီ့မ်က္နွာ ြဖူြဖူေလးအား သူြကည့္လိုက္သည္။ ေခါင္းထက္မွာ

ပတ္တီးတစ္ခု ရွိေနျပီး ထိုပတ္တီးမွာ ေသြးအလြန္ထြက္မွုေြကာင့္

နီစိုစိုေလး ြဖစ္ေနခဲ့သည္။

"ညီနဲ့ အတူရွိခ်င္လို့ မင္းထြက္သြားေပးလို့ရလား"

ထို့ေနာက္မွာ မင္းသြင္က သက္ျပင္းခ်ျပီး အျပင္ကိုထြက္သြားေပးသည့္ေနာက္ ညီ့နွဖူးထက္ အနမ္းတစ္ပြင့္ေြခြခ်ခဲ့ကာ ရွိုက္သံ

တို့ကလည္း ထိန္းထားသည့္ြကားက ထြက္ေပါ္လာခဲ့သည္..။

ရင္တြင္းမွ တဆစ္ဆစ္ြဖစ္လာြခင္းေြကာင့္ ငိုသံေတြက

တစ္ြဖည္းြဖည္း က်ယ္လာျပီး သူကလည္း သူ့ကိုယ္သူ

မထိန္းထားေတာ့ပဲ လြွတ္ခ်လိုက္ေတာ့သည္။

အမွန္တကယ္ သူ့မွာ ကေလးလိုခ်င္သည့္စိတ္ ြဖစ္ပါေသာ္လည္း

ညီနဲ့ယွဉ္ပါက သူ့ဆန္ဒက ဘယ္ေလာက္မွ တန္ဖိုးမရွိခဲ့ပါေခ်။

သူ ကေလးလိုခ်င္တာကို သိသြားတဲ့ညီက ဘယ္ေလာက္ေတာင္

နာက်င္ခံစားသြားရမည္လဲ။ စိတ္ကူးနဲ့ေတာင္ မေတြးရဲ...

ထိုအခ်ိန္၌ ခိုင္မာသည့္ ဆုံးြဖတ္ခ်က္တစ္ခုအား ေကာက္ကာ

ခ်မွတ္လိုက္ပါ၏။

သူညီ့ကို စိန္မေခါ္ရဲ။ သူနဲ့ညီက အက်င့္စရိုက္ အေတာ္ေလးကြာသူ ြဖစ္ရာ သူက တစ္ခုခုလုပ္ေတာ့မည္ဆိုပါက ေကာင္းက်ိုး

ဆိုးက်ိုးကို စဉ္းစားျပီးမွ လုပ္တတ္ ကိုင္တတ္သူပင္။ ညီကေတာ့

သူနွင့္ ဆန့္က်င္ဘက္ြဖစ္ျပီး သူလုပ္ခ်င္ျပီဆိုပါက ဇြတ္အတင္း

လုပ္တတ္ျပီး ဘယ္သူတားတားမရေတာ့ေခ်။ တစ္ဖက္လူရဲ့

စိတ္ခံစားခ်က္ကိုလည္း ထည့္မေတြးတတ္။

ထိုည၌ ဩဂတ္မွာ ညီ့လက္ေလးတစ္ဖက္ကို မလြွတ္တမ္းကိုင္ရင္း မ်က္လုံးေတြမို့အစ္သည္အထိ ငိုခဲ့မိပါသည္။

........................

"ကိုကို!! ညီ့လက္သည္းေတြ ရွည္လာျပီ"

ညေန ၅နာရီေနေရာင္က အပူတျပင္းမရွိေတာ့သည္မို့ သူနဲ့ကိုကို

ြခံထဲဆင္းကာ သူက ဒန္းေပါ္မွာထိုင္လ်က္သားြဖစ္ေနျပီး ကိုကို

ကေတာ့ ကုလားထိုင္ေပါ္မွာ ထိုင္ေနျပီး သူနဲ့မ်က္နွာခ်င္းဆိုင္

ြဖစ္ေနခဲ့သည္။

"ဟုတ္ပါရဲ့!!! ကိုကိုညွပ္ေပးမယ္ေနာ္"

ေျပာရင္းဆိုရင္း ကိုကိုက အိမ္ထဲဝင္ကာ လက္သည္းညွပ္

သြားယူေတာ့သည္။ သူ သတိရျပီးေနာက္ ကိုကိုက သူ့ကို

ေဆးရုံကေန ျပန္ေခါ္လာကာ အိမ္မွာပဲ ကိုယ္တိုင္အနီးကပ္

ကုေပးခဲ့ပါသည္။ ဆရာဝန္တစ္ေယာက္ရဲ့ အလုပ္ေတြကို

သူ့အေပါ္မွာအျပည့္အဝ အသုံးခ်ေနြခင္းပင္။

"လက္သည္းေတြက တကယ္ရွည္ေနျပီပဲ!!

ေသာ္ဒီလက္သည္းရွည္တို့က မဲညစ္မေနပဲ ြကည္ေတာက္ေတာက္ေလး ြဖစ္ေနသည္မို့ ဩဂတ္သေဘာတက်

ရွိေနကာ ညွပ္ပစ္ရမွာလည္း နွေမ်ာေနမိသည္။

"ဟုတ္ပါတယ္ဆို ြကည့္ပါ့လား ညီ့လက္သည္းေတြရွည္ျပီး

ညစ္ပတ္တာက ဘာမွအြဖစ္ဘူးေနာ္ ကိုကို့ေနာက္ေက်ာ နာမွာပဲ

စိုးတာ.."

ဩဂတ္မွာ မ်က္ခုံးပင့္လ်က္နဲ့ ညီ့အားြကည့္ကာ ပါးခ်ိုင့္ေတြ

ထင္းသည္အထိ ရယ္လာ၏။ ျပီးေနာက္ ထိန္းမရစြာ ညီ့ရဲ့

မ်က္ရည္ခံမွဲ့ေလးကို လွမ္းနမ္းပစ္လိုက္သည္။

"ကိုကို..."

"အင္း!!!

လက္သည္းညွပ္ေပးေနတဲ့ ကိုကို့ပုံစံက တတည္ြကည္ေလးနက္

ေနခဲ့ပါ၏။ သူ ကိုကို့ကို ေငးတိုင္း လုံြခုံေနြးေထြးမွုေတြျပည့္နွက္

ေနတဲ့ ခံစားခ်က္တို့ကိုသာ ရခဲ့သည္။ သူသတိျပန္လည္လာျပီး

ေနာက္မွာ ထူးဆန္းစြာပင္ မခင္ခင္ခကလည္း သူတို့ပတ္ဝန္းက်င္မွာ ေပါ္မလာေတာ့‌တာေြကာင့္ သူေက်နပ္ေနမိသည္..။

"ကိုကို ကေလးလိုခ်င္လား!!!

ကိုကို့အြကည့္တစ္ခ်က္သာ သူ့ကိုပစ္ေပးလာခဲ့၏။ ျပီးေနာက္

မ်က္လြွာျပန္ခ်ကာ ေနာက္ဆုံးက်န္ေန‌တဲ့ လက္သည္းေလးကို

ညွပ္ျပီး မတ္တပ္ထရပ္လိုက္တာမို့ သူေြကာင္သြားရသည္။

"ကိုကို လက္သည္းညွပ္ သြားထားဦးမယ္ ညီ..စေတာ္ဘယ္ရီ

ေဖ်ာ္ရည္ ေသာက္မလား နို့နဲ့ေလ"

သူ့အေြဖကိုေတာင္ မေစာင့္ေတာ့ပဲ ကိုကိုက ခပ္သြက္သြက္

အိမ္ထဲကို ‌ေလ်ွာက္ဝင္သြား၍ သူေြကာင္အမ္းရျပန္သည္..။

ဒီေမးခြန္းကို သူသတိျပန္ရလာတဲ့ အခ်ိန္မွာလည္း ေမးခဲ့ဖူး၏။

သို့ေသာ္ ထိုသို့အေမးခံရတိုင္း ကိုကိုက စကားလမ္းေြကာင္း

လြွဲတတ္သည္။

အက္စီးဒင့္ ြဖစ္ျပီးေနာက္ ကိုကို သူ့ကို ပိုျပီး ဂရုစိုက္လာတဲ့အတြက္ သူေက်နပ္ရသည္။ ပိုထူးဆန္းသည္က ကိုကိုဘက္က

သူ့ကိုလိုေလေသးမရွိေအာင္ထားျပီး အရင္ကထက္ အလိုလိုက္ေနတာ ြဖစ္သည္။ အရင္ကဆို ျပိုင္ပြဲေတြ သြားြကည့္တာေတာင္

မြကိုက္တတ္သူက အခုေတာ့ သူ့စိတ္တိုင္းက် ကိုယ္တိုင္လိုက္ပို့

တတ္လာသည္။

သူတစ္ခုခု စားခ်င္တဲ့အခ်ိန္တိုင္းလည္း အလုပ္ေတြကိုပစ္ခ်ကာ

ကိုယ္တိုင္သြားဝယ္ေပးတာမ်ိုး။ တစ္ခါကလည္း နာမည္အရမ္း

ြကီးေနတဲ့ အခ်ဉ္ေပါင္း စားခ်င္တာ ကိုကိုက သူကိုယ္တိုင္သြား

ဝယ္ေပးမယ္ဟုဆိုကာ ထြက္သြားျပီး ၂နာရီြကာမွ ျပန္ေရာက္လာသည္။ အေြကာင္းက လူေတြမ်ားလို့ တန္းစီရသည္ဟုဆို၏။

ညဘက္ နွစ္နွစ္ြခိုက္ြခိုက္ အိပ္ေပ်ာ္ေနသည့္အခ်ိန္မွာေတာင္

တစ္ေယာက္ထဲ အိမ္သာသြားလို့မရ။ စိတ္မခ်၍ ကိုယ္တိုင္

လိုက္ပို့မယ္ဟုဆိုကာ လိုက္ပို့ခဲ့ပါသည္။ အက္စီးဒင့္ြဖစ္ျပီးေနာက္

ကိုကို့စိတ္ထဲကို အေြကာက္တရားေတြရိုက္သြင္းခဲ့မိျပီလားဆိုတာ

သူေတြးရသည္။

ထိုအခိုက္ ြခံထဲကိုကားတစ္စီးဝင္လာသည္။ အေရာင္ကို

ြကည့္ြခင္းအားြဖင့္ ထိုကားက ကိုြကီးမင္းသြင္ကားဆိုတာ

တန္းသိလိုက္ရသည္။ ကိုြကီးက ကားေပါ္က ဆင္းျပီး ကိုယ့္ဆီ

တန္းေလ်ွာက္လာတာမို့ ကားေနတဲ့ ေြခေထာက္နွစ္ေခ်ာင္းကို

ျပန္စိလိုက္ရသည္။

"ေသာ္ဒီ မင္းသက္သာျပီပဲ!!!

"ဟုတ္ကဲ့ ကိုြကီး ဒီကိုပဲလာတာလား"

"ဟုတ္တယ္ကြ ဒီတေလာ မင္းကိုကိုက ဖမ္းရသိပ္ခက္တာေလ

မင္းနားမွာ ေကာ္လိုကပ္ေနတာ အဲ့ေကာင္ေရာ ဘယ္မွာလဲ"

"အိမ္ထဲမွာရွိပါတယ္ ကိုကိုက စေတာ္ဘယ္ရီေဖ်ာ္ေနတာ"

"ဪ ဟုတ္လား.. ကိုြကီး မြကာခင္ လက္ထပ္ေတာ့မွာ

အဲ့ဒါေြကာင့္ လူကိုယ္တိုင္ လာဖိတ္ရတာေလ အခုလည္း

အားေနတာနဲ့..."

"ဟာ..ဟုတ္လား ကိုြကီးမင္းသြင္ေတာင္ စြံေတာ့မွာပဲ

ကြန္ဂရက္က်ူေလးရွင္းပါဗ်ာ.."

"ဟဲ!!! ကိုြကီး ကေလးရရင္ မင္းတို့နွစ္ေယာက္

ထိန္းေပးရမွာေနာ္"

"ဒါေပါ့ဗ်!!

ေသာ္ဒီမ်က္နွာထက္မွာ အခုတေလာ ကိုကို့ေြကာင့္ အျပုံးေတြ

ခဏခဏ တြဲခိုတတ္ေန၏။ ဒါေြကာင့္ စိတ္အေြခေနမေကာင္းတဲ့

အခ်ိန္ထက္ အျမဲတမ္း စိတ္ခ်မ္းသာေနခဲ့ရသည္။

"ဒါနဲ့ေလ.. ကိုြကီးမင္းသြင္ ကိုကို့ကို ကူေျပာေပးလို့ရမလား"

"ဟင္!! ဘာကိုလဲ"

"ဟို.. က်ြန္ေတာ္အရမ္းတစ္ကိုယ္ေကာင္းဆန္သလိုြဖစ္ေနတာ

ကိုကို ကေလးယူမယ္ဆိုလည္း က်ြန္ေတာ္က ခြင့္ျပုပါတယ္

အဲ့ဒါေျပာတိုင္း ကိုကိုက အျမဲေရွာင္ေနလို့ေလ သူပဲ အရင္က

လိုခ်င္ေနျပီးေတာ့.."

သူ ထိုသို့ ဆုံးြဖတ္ရြခင္းက သိပ္ေတာ့မလြယ္ကူပါ။ အခုလို

ခြင့္ျပုရြခင္းကလည္း သူ့အတ္တေတြထက္ ကိုကို့ကို ပိုျပီး

ခ်စ္သည့္အတြက္ပင္။ အစက ကိုကို ကေလးလိုခ်င္တာကို

သူသိပ္သေဘာမက်ခဲ့။ အခုေတာ့ ကိုကိုသာ ကေလးလိုခ်င္ပါက

အငွားကိုယ္ဝန္ေဆာင္လိုက္လို့လည္း အဆင္ေျပသည္။

"ေနာ္..ကိုြကီးမင္းသြင္ ကိုကို့ကို ကူေျပာေပးပါဦး!!

ဒန္းေပါ္မွာထိုင္ေနတဲ့ ေသာ္ဒီက သူ့ကိုေမာ့ြကည့္လာသည္..။

ပုံစံေလးက အရမ္းကိုသနားကမားပုံေလးြဖစ္ေနျပီး ဘာအျပစ္ပဲ

လုပ္ပါေစ ခြင့္လြွတ္ခ်င္စရာေကာင္းေနသည္မို့ ဟိုေကာင္

ရူးတာလည္း အျပစ္မဟုတ္ေပ။

"မင္းမသိေသးဘူးထင္တယ္ သူမင္းကိုေျပာမျပဘူးလား"

"ဘာကိုေျပာျပရမွာလဲ.."

သူေြကာင္အမ္းရင္း ေမးရသည္။ ကိုြကီးေျပာသလိုဆို ကိုကိုက

သူ့ကို တစ္ခုခုဖုံးကြယ္ထားခဲ့သည္ပဲ...။ လိမ္တာ မြကိုက္တဲ့

သူက ကိုကိုတစ္ခုခု လိမ္ထားတာ ြကားရေတာ့ မ်က္ေမွာင္ေလး

အနည္းငယ္စုြကုတ္သြားခဲ့ရသည္။

"ေျပာေလ ကိုကို ဘာလိမ္ထားတာလဲ.."

မင္းသြင္ သက္ျပင္းအသာခ်သည္။ ဒီကိစ္စကို မေျပာဖို့ သူ့ကို

ဩဂတ္က ကတိအထပ္ထပ္ ေတာင္းခဲ့တာ။ ဒါေပမယ့္ အခု

ေသာ္ဒီကိုျမင္တဲ့အခါ သူစိတ္ေျပာင္းသြားခဲ့သည္။

"ဩဂတ္က Vasectomy လုပ္ထားတာ ေသာ္ဒီရဲ့..

သူဘယ္ေတာ့မွ ကေလးရေအာင္ မလုပ္နိုင္ေတာ့ဘူး.."

"ဗ်ာ!!!

ေသာ္ဒီ အလန့္တြကား ထရပ္လိုက္ျပီး ေခါင္းေတြခ်ာခ်ာ

လည္သြားရသည္။ ကိုကိုက၊ ကေလးရေအာင္ မလုပ္နိုင္ေတာ့ဘူးတဲ့လား။

နားထဲမွာလည္း မင္းသြင္ေျပာတဲ့ စကားေတြသာ ြကားေယာင္ရင္း

မ်က္ရည္ေတြလည္း ဝဲတက္လာေတာ့သည္။ ဒီကိစ္စကို

ကိုကိုက ရည္ရြယ္ခ်က္ရွိရွိ ဖုံးကြယ္ခဲ့သည္ပဲ...။

ကိုကိုက ကေလးမရေတာ့ဘူး... ရေအာင္ မလုပ္နိုင္ေတာ့ဘူး။

ေသာ္ဒီ ရင္ထဲ တဆစ္ဆစ္ကိုက္ခဲလာျပီး နွုတ္ခမ္းေတြက

တုန္ယင္လာကာ မ်က္ရည္ေတြလည္း စီးက်လာေတာ့သည္...။

ကိုကို ကေလးမရေတာ့ဘူးတဲ့ ကိုကိုဘာလို့ အခုလိုလုပ္ရတာလဲ

သူ့ကိုေတာင္ ဖုံးကြယ္ဖို့လုပ္လိုက္ေသးတယ္။

ထိုအခိုက္ ကိုကိုျပန္လာသည္။ လက္ထဲမွာလည္း စေတာ္ဘယ္ရီ

ေဖ်ာ္ရည္တစ္ခြက္နဲ့။ သို့ေသာ္ သူ့အနားကိုေရာက္လာျပီး

သူ့မ်က္ရည္ေတြကို ျမင္လိုက္ရေတာ့ လက္ထဲက စေတာ္ဘယ္ရီ

ခြက္က သတိလက္လြတ္ ေအာက္ကို လြတ္က်သြားခဲ့ေတာ့သည္။

"ညီ!!! ကေလးေလး ဘာလို့ငိုေနတာတုန္းဟင္ ဘာလို့ငိုတာတုန္းကြာ ကိုကိုတစ္ခုခုလုပ္မိလို့လား"

"ကိုကို Vasectomy လုပ္ထားတယ္ဆို ဟုတ္လားဟင္!!!

ဩဂတ္မွာ တန့္သြားရင္း ရပ္ေနတဲ့ မင္းသြင္ကို မာတင္းေနတဲ့

မ်က္နွာြဖင့္ လွည့္ြကည့္သည္။ မင္းသြင္ကလည္း နားလည္စြာ

အြကည့္လြွဲသြားခဲ့ပါ၏။

"ဘာလို့လဲ.. ကိုကိုဘာလို့ အဲ့လိုလုပ္တာလည္းဗ်ာ ေြဖေလ...

ကိုကို့အျမင္မွာ က်ြန္ေတာ္က သေဘာထားေသးသိမ္တဲ့လူလား"

"မဟုတ္ပါဘူး!! အဲ့လို လုံးဝ မဟုတ္ရပါဘူးကြာ"

ညီက သူ့ရင္ဘက္ဆီ လက္သီးတစ္ခ်က္ ပစ္ေက်ြးလာခဲ့သည္။

သူ့မွာ နာတယ္လို့လည္း ညီ့ကို မေအာ္ရက္။ ညီ့ရဲ့ မ်က္လုံး

ေတြထဲကေန မ်က္ရည္ေတြ အဆက္မျပတ္စီးက်ေနသည္ကိုသာ

ရင္နာနာြကည့္ေနမိေတာ့သည္။

"ကိုယ္ဝန္အငွားေဆာင္လို့ ရတာပဲ ကိုကို့ကို ေရာ

ကိုကို့ရဲ့ ေသြးသားကိုပါ က်ြန္ေတာ္ခ်စ္နိုင္ပါတယ္..."

ညီက သူ့ရင္ဘက္ေပါ္ ေခါင္းမွီခ်ကာ တအင့္အင့္ရွိုက္ငိုသည္..။

တကယ္တမ္း အငွားကိုယ္ဝန္ေဆာင္ဖို့ သူကလည္း မေတြးဖူးတာ

မဟုတ္၊ ေတြးခဲ့ဖူးပါသည္။

ညီသိမ္ငယ္တာကို မြကိုက္တဲ့စိတ္ေလးကလည္း ရွိပါ၏..။

အကယ္၍ ကေလးယူခဲ့ပါလ်င္ သူ့ကိုယ္သူ ကေလးမရနိုင္ဘူး

ဆိုတဲ့စိတ္နဲ့ ညီသိမ္ငယ္ပါလိမ့္မည္။ ဒါမွမဟုတ္ သူ့ကိုယ္သူ

ကေလးမရနိုင္လို့ အျပစ္တင္ေကာင္းတင္လိမ့မည္။

ကေလးက ညီသိမ္ငယ္ရတဲ့ အေြကာင္းျပခ်က္ တစ္ခုြဖစ္မယ္ဆို

ဤကေလးကို အစကတည္းက မယူတာက ပိုေကာင္းလိမ့္မယ္ဟု

သူထင္ခဲ့တာေြကာင့္ အခုလို‌ဆုံးြဖတ္ရြခင္းြဖစ္ပါ၏။

သူ ညီ့ရဲ့ မ်က္နွာေလးကိုဆြဲယူကာ မ်က္နွာခ်င္း ဆိုင္သည္...။

ညီ့မ်က္ရည္ေတြကို မြကိုက္ေပမယ့္ ငိုတာေလးက အသည္းတယားယားမို့ နွာေခါင္းထိပ္ေလးကို ဆြဲညွစ္ပစ္လိုက္သည္။

"မငိုစမ္းပါနဲ့..ညီရာ.. ကိုကိုက ညီငိုတာကို မြကိုက္ဘူး!!

"ကိုကိုဆိုးလို့ေလ.. ကိုကိုအရမ္းဆိုးတယ္ဗ်ာ"

ညီ့မ်က္ရည္ေတြကို သုတ္ေပးရင္း သူကလည္းနာက်င္မွုေတြ

ြကားက ျပုံးရပါသည္။

ညီငိုတာကို ျမင္ရင္ေလ ကိုကိုက...အင္း!! ေသမွာ။

"ဒီမွာြကည့္ ကိုကို့ကို ြကည့္စမ္း ကေလးရဲ့.."

သူ ကိုကို့မ်က္နွာကို မ်က္ရည္ေတြြကားက ြကည့္လိုက္သည္..။

ကိုကို့ရဲ့ စိတ္အာရုံထဲမွာ သူ့ကိုယ္သူ ေတြ့ေနရြခင္းက

ေသာ္ဒီအေပ်ာ္ဆုံးအခ်ိန္တစ္ခုြဖစ္ခဲ့သည္။

"ညီက၊ ကေလးမေမြးနိုင္ဘူး ကိုကိုက ၊ ကေလးရေအာင္

မစြမ္းေဆာင္နိုင္ဘူး ကိုကိုတို့နွစ္ေယာက္က အရမ္းလိုက္ဖက္တဲ့

ဝမ္းစပ္လိုပဲေလ.."

ကိုကိုက သူေပ်ာ္ဖို့ ဖာေထးေျပာေနေပမယ့္ ကိုကို့အညြန့္ကို

ခ်ိုးမိတဲ့အတြက္ သူမေပ်ာ္နိုင္ပါ။ သူ့အတ္တေတြက ကိုကို့ဘဝကို

သတ္သြားခဲ့တယ္ဆိုတဲ့ အမွန္တရားကို သူလက္ခံဖို့အသင့္

မြဖစ္ေသးပါ။

"ကိုကို..ခင္ဗ်ားက အရူးပဲ သိလား တကယ့္အရူးြကီးလိုပဲ

ခင္ဗ်ားလို အရူးတစ္ေယာက္ကို ခ်စ္မိတဲ့ က်ြန္ေတာ္ကေတာ့

ခင္ဗ်ားထက္ ပိုရူးတဲ့ အရူးေကာင္ြကီးေပါ့.."

"ေျပာသားပဲ ကိုကိုတို့က လိုက္ဖက္တယ္လို့..

အဟြန္း အခုဘယ္လိုလုပ္ြကမလဲ ကိုကိုက၊ ကေလးမရေတာ့ဘူးေလ  မင္းကပဲ ေရွ့ေလ်ွာက္ျပီး ေစာင့္ေရွာက္ေပးပါဦးေနာ္ "

"ရူးေနလား!!

သူ ကိုကို့ရဲ့မ်က္နွာကို သူနဲ့အနီးဆုံးြဖစ္တဲ့အထိ ဆြဲယူျပီး

မ်က္နွာအနွံ့ နမ္းရွိုက္ပစ္လိုက္သည္။ ကိုကိုကလည္း ေပါ့ပါးစြာ

ရယ္သြမ္းကာ သူနမ္းတာေလးကို အသာေလးျငိမ္ခံ‌ေနခဲ့ပါသည္။

သူတို့နွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ဖက္နမ္းေနျပီး

မင္းသြင္အား ေမ့ေလ်ာ့ေနြကသည္။ မင္းသြင္ကေတာ့ သူတို့ကို

ြကည့္ကာ ေခါင္းတခါခါြဖစ္ေနခဲ့သည္။

ဘယ္သူက ဘယ္သူ့ကို ပိုခ်စ္ေနမွန္း သူလည္း မေတြးတတ္ေတာ့ေခ်။

"ဒယ္ဒီက ေနာက္ထပ္ အိမ္ေထာင္ျပုလိုက္တာကို

ကိုယ့္အတြက္ ခ်စ္ရမယ့္သူ တစ္ေယာက္ပါ ရွာေပးခဲ့တယ္

ညီ ေတြးြကည့္ ကိုယ့္ဒယ္ဒီက အေဖေကာင္းပဲေနာ္..

ဒီေလာက္ ခ်စ္ဖို့ေကာင္းတဲ့ အခ်စ္ကေလးကို ကိုယ့္ဘဝထဲ

ဆြဲေခါ္လာတယ္"

"ကိုကိုေနာ္!!!

သူဟာ တကယ္ပဲ ညီ့ကို သိပ္ခ်စ္ျပီး ြကည့္လိုက္မိခ်ိန္တိုင္းမွာ

ညီ့ေြကာင့္ စိတ္ေအးရသည္။

မေတာ္တဆ တိုက္ခဲ့ဖူးတဲ့ ခလုတ္ေလးက သူ့ဘဝကို

ဒီေလာက္ထိ ေျပာင္းလဲေစမယ္မွန္း သူစိတ္ကူးေတာင္မယဉ္ခဲ့ပါ။

အစမွာေတာ့ ညီတစ္ေယာက္အြဖစ္ေရာက္လာျပီး အခုေတာ့

သူ့ဘဝရဲ့ လက္တြဲေဖာ္ ြဖစ္လာခဲ့သည္။

ညီ့ဘက္က စခ်စ္ခဲ့ေပမယ့္ သူကလည္း မေလ်ာ့တဲ့ခ်စ္ြခင္းမ်ိုးနဲ့

ညီ့ကို ခ်စ္ခဲ့မိပါ၏။ ညီနဲ့ သူဟာ တစ္ေယာက္ကိုတစ္ေယာက္

သိပ္ခ်စ္ခဲ့ြကသူေတြမို့ မည္သည့္ြကားခံကိုမွ အလိုအပ္ြက...။

သူ့အတြက္ေတာ့ ညီနဲ့ အတူရွိခ်ိန္တိုင္းမွာ ညီ့အတြက္

သူ့အသက္ကိုေတာင္ စေတးပစ္ဖို့ ဆန္ဒရွိသည္အထိ ညီ့ကို

ေပ်ာ္ေစခ်င္သည္။ စိတ္ခ်မ္းသာေစခ်င္မိသည္..။ ဘာလို့ဆို

ဩဂတ္ဂုဏ္ပိုင္က ေသာ္ဒီထူးဟန္ရဲ့ သီးသန့္ထုတ္ကုန္ြဖစ္ေနလို့ပါပဲ။

The End.....

[text_hash] => 72281413
)

What to read next?

Popular picks trending right now.

14 · Trending right now

Downright Delinquents

Hayley Larson is the girl everyone wants to be. She is a model, has amazing friends, a perfect life. When her father is brutally murdered, her perfect life spins out of control. Sent to Downright High, a school for delinquents, Hayley finds herself in a mixture of trouble, ranging from enemies, fights, riots, to even […]
0.0 46 Chapters
1 · Trending right now

New – (boyxboy)

“New Year, New Slate, New Hair, New You.” Will Evans’ new mantra to get him through his last year of high school. Four months after a devastating heartbreak by an ex-boyfriend who disappears with no explanation, Will decides that he need to turn a new leaf, wipe the slate clean and start anew. Little does […]
0.0 27 Chapters
6 · Trending right now

A Whole New World (Kellic) – boyxboy

After being taken away from his severely neglectful parents, Kellin Quinn is put into foster care with little knowledge or experience of the world outside his abusive home. He’s taken in by the Fuentes family where he meets Vic, a boy who used to be so full of life but now holds only sadness and […]
0.0 50 Chapters
5 · Trending right now

Expiration Date (Books 1 and 2)

Expiration Date is coming in print, audio, and ebook from Podium Entertainment April 6, 2027 ✨ The Society knows when we’re going to die. They imprint it on our arms at birth. I was supposed to die yesterday. I’m the girl who’s Expired. Winner of the 2020 Readers Choice Awards Cover by @Forcade
0.0 174 Chapters
21 · Trending right now

Don’t Leave Me Here (boyxboy)

“I had nowhere else to go” What happens when the misunderstood villain shows up at the hero’s doorstep bleeding and asking for help? What happens when the hero has a child just inside that he’s desperate to keep hidden from everyone, especially the villain? Most of all, what happens when the two start to notice […]
0.0 71 Chapters
3 · Trending right now

Enda (Boyxboy)

Canton Foster is an aspiring Chef until one day he breaks, feeling that he can no longer do it. The students of the Academy have seen one of their own fall and come to a conclusion that Canton is depressed. So he is sent to Bosworth. Bosworth is a facility for mental illnesses. Canton believes […]
0.0 51 Chapters

Powered by your reading activity and community trends

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...