Chapter 24: ၂၄

Array
(
[text] =>

ချစ်သူတစ်ယောက် ကောက်ရထားသည် {အခန်း ၂၄}

"ဒယ်ဒီ ကျွန်တော်ကို ဘာပြောချင်လို့လဲ"

မိသားစု၄ယောက်ရဲ့ မနက်စာ၊ စားချိန်က အရင်ကလိုတိတ်ဆိတ်

မနေဘဲ တက်ကြွမှုတွေနဲ့ ခပ်မြူးမြူးရယ်သံ‌တွေဖြင့်သာပြည့်နှက်

နေခဲ့သည်။ ဒီနေ့မှာတော့ ဒယ်ဒီက ရန်ကုန်ကို ပြန်ရမယ့်အကြောင်း ပြောလာရင်း တစ်လက်စတည်း သူ့ကိုပါ ပြောစရာ

ရှိတယ်ဟု စကားစလာသည်။

ဖေဖေက ပြင်ဦးလွင်ရဲ့ အအေးဓာတ်ကို သဘောကျလို့သာ

ဒီမှာနေနေပေမယ့် ကုမ္ပဏီကတော့ ရန်ကုန်မှာဖြစ်တာကြောင့်

နေ့တိုင်းမဟုတ်ပေမယ့် တစ်ပတ်တကြိမ် နှစ်ပတ်တစ်ကြိမ်တော့

သွားရပါသည်။ ဤသည်မှာလည်း ဒယ်ဒီစိတ်ညစ်ရသည့်အကြောင်း ဖြစ်မည်ထင်၏။

"ဒီနေ့ ရန်ကုန်သွားမှာ!!

"အင်း သိတယ်လေ အဲ့ဒါဘာဖြစ်လဲ"

"ငါမရှိတုန်း မင်းဖေဖေကို ဂရုစိုက်ပေးလိုက်ဦး ရန်ကုန်မှာ

၃ရက်လောက်ကြာမယ်"

"အင်း"

ပြီးမှ သူငယ့်ကို ပြုံးကြည့်ရင်း

"ငယ်... တစ်ခုခုဝယ်စရာတို့ လုပ်စရာတို့ဆို ကိုယ်တိုင်

လုပ်စရာမလိုဘူးနော် ဒီကောင့်ကိုသာ အကုန်ခိုင်း

ဘာမှအားနာနေဖို့မလိုဘူး"

ထိုအခါ ဩဂတ်မျက်နှာကြီးက မဲ့ရှူံ့သွားသလို မိုးနှောင်းကလည်း

ရယ်သွမ်းသွေးသည်။

"ဩဂတ်... "

"ဟုတ် ဒယ်ဒီ!!!

"ငါ့သားငယ်နဲ့ မင်းကိစ္စက ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ

သူများသားကို ယူရင် ရှာကျွေးရမှာနော် ဆေးရုံကရတဲ့

တပဲခြောက်ပြားလောက်နဲ့ ငါသားငယ်ကို မျက်နှာငယ်အောင်

လုပ်မလို့တော့ မဟုတ်ဘူးမလား"

သော်ဒီကလည်း ရုတ်တရက်မို့ ကြောင်အမ်းသွားရင်းဒယ်ဒီနဲ့

ကိုကို့ကို တစ်လှည့်စီကြည့်နေမိသည်။ ပြီးမှ

"ဒယ်ဒီ သားတို့က ဒီတိုင်းညီအစ်ကိုတွေပါပဲ ဘာလို့အဝေးကြီး

တွေးနေရတာလဲ"

"ဟမ်!! ဒါဆို သားက ကိုကို့ကို မချစ်ဘူးပေါ့!!

"မချစ်တော့တာပါ!!!!!

သော်ဒီ ဘယ်သူ့ကိုမှမကြည့်ပဲ မျက်လွှာချရင်း ဖြေလိုက်သည်..။

ဩဂတ်ကလည်း မကျေမနပ်မျက်နှာထားဖြင့် သော်ဒီအဖြေကို

သဘောမကျသည့်ပုံနဲ့..

"ကျွန်တော် ဆေးရုံကထွက်လိုက်ပြီ ဒယ်ဒီ!!!

"ဟာ!! နေစမ်းပါဦး မင်းက ဆေးရုံကထွက်လိုက်ပြီဆိုတော့

သင်ထားတဲ့ ပညာတွေကို ဘယ်မှာ အသုံးချတော့မှာလဲ"

"သူ့ဆီမှာလေ.."

သော်ဒီကိုကြည့်ရင်း သူမေးငေါ့ပြရပေမယ့် ခုနက စကားကြောင့်

မကျေနပ်။ ဘာလဲ...သူများကိုချစ်အောင်ပြုစားပြီး အခုမှ

လူကို စွန့်ပစ်ချင်နေတယ်...

ဩဂတ်ဂုဏ်ပိုင်တို့က စွန့်ပစ်ချင်တိုင်း စွန့်ပစ်လို့မရဘူးကွ....

"အဓိက သူကျန်းမာဖို့ပဲ မဟုတ်ဘူးလား .. ဒယ်ဒီရယ်

ကျွန်တော်သင်လိုက်တဲ့ ပညာက အရှူံးမရှိပါဘူး"

"ဒါဆိုလည်း ဒယ်ဒီကုမ္ပဏီကို လက်လွှဲယူလိုက်တော့လေ

မင်းဒယ်ဒီက အသက်ကြီးနေပြီကွ အနားယူချင်နေပြီ "

သူ ဒယ်ဒီအားမျက်စောင်း အသာထိုးရင်း

"ဒယ်ဒီကဗျာ ဒါမျိုးကျ အသက်ကြီးနေပြီ ဖေဖေ့ကို

လုပ်ရင်တော့ အသက်ကြီးနေလို့ မလုပ်တော့ဘူးပြောတာ

မဟုတ်ဘူး စိတ်ဓာတ်ပဲ.."

သူ့အပြောကြောင့် ဒယ်ဒီက ရယ်ပြီး ဖေဖေကတော့ ရှက်ရှက်နဲ့

မျက်နှာကြီး ရဲလာတော့သည်။ မနက်စာ၊ စားချိန်လေးက

သူ့ကို အရင်ကအချိန်တွေသတိရသွားစေတာတော့အမှန်ပင်။

၄ယောက်အတူ ထမင်းလက်ဆုံ မစားရတာ ဘယ်လောက်တောင်

ကြာပါပြီလဲ။ ရန်ကုန်မှာ ရှိတုန်းက ညီပြင်ဦးလွင် သွားချိန်ဆို

တစ်ယောက်ထဲ နေရသည်မှာ အထီးကျန်စရာပင်။

မိသားစုနဲ့ အကြာကြီးခွဲပြီးမှ ပြန်တွေ့ရတော့ ဒီအခြေနေကနေ

ရုန်းထွက်ချင်တဲ့ဆန္ဒမရှိတော့ပါ။ ဘေးနားက ညီ့ကိုကြည့်ပြီးလည်း အချိန်ပြည့် ရင်ခုန်စိတ်လှုပ်ရှားရသည်မှာ သူက

သူမဟုတ်တော့သည့်အတိုင်းပင်။ ချစ်ရသူကတော့ သူ့ကို

လစ်လျူရှုထားသည်မှာ သူကပဲတစ်ဖတ်သတ် ချစ်နေရသည့်

အတိုင်းဖြစ်နေသည်။

နှလုံးသားကိစ္စနဲ့ပတ်သတ်ပြီး ခက်ခဲမယ်ထင်ရင် ဘက်လျှော့တတ်တဲ့ သူ့လိုလူက ဘယ်လောက်နှင်ပါစေ ညီ့ကိုတော့ လက်မလျှော့ချင်။  ညီသူ့ကို ချစ်နေတယ်ဆိုတာ သိရတုန်းက စိတ်တိုရမယ့်အစား ရှက်ပဲရှက်ခဲ့သည်။ သို့တိုင် သူသည်လည်း ညီ့ကို ချစ်သူလို

ချစ်မိသွားလိမ့်မယ်လို့ စိတ်ကူးနဲ့တောင် ‌ပုံဖော်၍မရခဲ့။

ညီက သူထားဖူးတဲ့ ရည်းစားကောင်မလေး‌တွေနဲ့မတူ။

ခြောက်လည်းမရ ချော့လည်းမရ။ သူကလည်း ညီနဲ့မှ တအား

အပိုးကျိုးနေတာဖြစ်ပြီး ဒီအကျင့်လေးတွေကိုပဲ ချစ်နေတာပင်။

မနက်စာ၊ စားပြီးသည့်နောက် ဖေဖေက ဒယ်ဒီကို ကားနားထိ

လိုက်ပို့ပြီး နှစ်ဦးသား ၅မိနစ်လောက် နမ်းလိုက်ဖက်လိုက်နဲ့

အလွမ်းသယ်နေကြပုံကို ကြည့်ပြီး သူ ဘေးက ညီ့ကိုမျက်နှာငယ်

လေးဖြင့်သာ ကြည့်နေမိပါသည်။ စိတ်မာလွန်းသူ ညီက သူ့ကို

'စိတ်တောင်မကူးနဲ့' ဆိုတဲ့စကားကို အံကြိတ် ပြောခဲ့ပြီး မျက်နှာလွှဲသွားသည်မို့ ဒယ်ဒီတို့နှစ်ယောက်ကို ကြည့်ဖို့ရာအတွက် အပြင်ထွက်လာရသည်။

"ဒယ်ဒီသွားပြီနော်.. မင်းဖေဖေကို ဂရုစိုက်လိုက်ဦး"

"စိတ်ချ ဒယ်ဒီ"

ဒယ်ဒီ့ကားလေးမောင်းထွက်သွားချိန်မှာတော့ ဖေဖေ့မှာ သက်ပြင်းချရင်း အိမ်ထဲကို လျှောက်ဝင်သွားသည်။ သူတို့စံအိမ်နဲ့

မနီးမဝေးမှာ ရေပန်းကြီးတစ်ခုရှိပြီး အဲ့ဒီအနီးမှာ ရေပန်းကို

ဝိုက်စိုက်ထားတဲ့ နှင်းဆီနီတွေရှိသည်။ ဒါတောင် ခြံအလယ်မှာ

ရှိတဲ့ ဖေဖေ့ပန်းဥယျာဉ်ကို သူမရောက်ဖူးသေးပေ။

"ကိုကို့ဖုန်း လာနေတယ်!!

ဖုန်းကို ထိုးပေးလာတဲ့ ညီကြောင့် ခပ်ရေးရေးပြုံးရင်း

"ဖုန်းကိုစားပွဲပေါ်တင်ခဲ့တာ..ကျေးဇူးနော်.. ညီ

ဒါနဲ့ ဘယ်သူဆက်တာလဲ ဖုန်းတော့ကိုင်လိုက်တာမဟုတ်ဘူး

ကိုကို့မှာ ညီမသိအောင် လုပ်ထားတဲ့အရှုပ်တွေ ဘာမှမရှိတဲ့ဟာ"

"မမခင်တဲ့!!!

သူ့မျက်ခုံးတွေ နည်းနည်းပင့်သွားရသည်။ မမခင်နဲ့ သူ့ကြားမှာ

ဘာဆို ဘာမှပြောစရာမရှိ။ ဒါပေမယ့် ညီ့လက်ထဲက ဖုန်းကို

ယူကာ ချက်ချင်းကိုင်လိုက်သည်။

"ဟုတ်ကဲ့ မခင်ခင်ခ ပြောစရာရှိလို့လား.."

'ဩဂတ်.. မင်းကိုသတိရလို့လေ အရင်ကလိုပဲ မမခင်လို့

ပြန်ခေါ်ပါ့လားဟင် တို့နာမည်အပြည့်စုံကို မင်းနှုတ်က

ကြားရတာ သူစိမ်းဆန်သလိုခံစားရလို့'

"သူစိမ်းတွေပဲလေ မမခင်ရဲ့ ကျွန်တော်တို့ကြားထဲမှာ ဘာမှ

ထွေထွေထူးထူး ပြောစရာမှမရှိတာ"

'ခက်တာပဲ ဩဂတ်ရယ် ဒီမှာ မင်းမမခင်ကို နည်းနည်းမှ

သတိမရဘူးလားဟမ် မလွမ်းဘူးလား'

"အဲ့အကြောင်းပြောရရင်တော့ မမခင် ထင်သလိုပါပဲ

ကျွန်တော်ရှေ့ရေးအတွက် ကြိုးစားနေရလို့ ဘယ်သူ့ကိုမှ

လွမ်းချိန်မရှိပါဘူး"

မမခင်နဲ့ ဖုန်းပြောနေတုန်း နှုတ်ခမ်းစူကာ ထွက်ပြေးရန်ပြင်နေတဲ့

ကောင်လေးကို အနောက်ကနေ သိမ်နေတဲ့ခါးကို လက်နဲ့အသာ

လှမ်းဖက်ရင်း ပခုံးလေးကို ဖွဖွကိုက်လိုက်တော့ 'အာ့' ခနဲ

အသံထွက်လာတော့ သူသဘောကျရသည်။

'ဩဂတ် ဘယ်ကိုရောက်နေတာလဲ'

ရုန်းနေတဲ့ ညီ့အား ရင်ခွင်ထဲမှာ ထည့်ထားရင်း သူ့မျက်နှာကလည်း ရွှမြူးရိပ်တို့နဲ့ ပြည့်နှက်နေခဲ့ပါသည်။

"ကျွန်တော့်ဘဝရဲ့ အလင်းရောင်လေးက ရန်ကုန်ကနေ

ထွက်ပြေးသွားလို့ သူရှိတဲ့ နေရာကို ရောက်နေတာပါ မမခင်"

'ဘယ်နေရာလည်းဆိုတာ မမခင်ကိုပြောလေ လိုက်လာခဲ့မယ်

တစ်လက်စတည်း မင်းဒယ်ဒီနဲ့လည်း တွေ့ရတာပေါ့'

"ဒယ်ဒီနဲ့တွေ့ပြီး မမခင်က ဘာလုပ်မလို့လဲ"

'မင်းက ငယ်သေးတယ် ဩဂတ် ဒီလိုအရွယ်မှာ ဆုံးဖြတ်ချက်

အမှားတွေချမိတာမျိုးက ပုံမှန်ပါပဲ ဒါကို မင်းဒယ်ဒီကလမ်းမှန်

ရောက်အောင် ဆုံးမရမှာလေ'

ညီ့အပြင် ဒယ်ဒီကိုပါ အပြောခံလိုက်ရတော့ သူ့စိတ်ထဲ

တင်းခနဲဖြစ်သွားသည်။ မမခင်ဆိုတာ သူတစ်ချိန်က အထင်ကြီး

လေးစားခဲ့တဲ့ မိန်းမတစ်ယောက်။ အခုတော့ လေးစားစရာကနေ

ရွံစရာဖြစ်နေတော့သည်။

"အဲ့ကိစ္စဆိုရင်တော့ ပြောဖို့မလိုပါဘူး မမခင်သာ ကိုယ့်ကို

လူထုတ်စက်လို သဘောမထားတဲ့ ယောက်ျားကိုရှာယူပါ"

'ဩဂတ် မင်းစကားတွေက လွန်နေပြီ မမခင်က သူများတွေ

လိုချင်ရင်တောင် မရနိုင်တဲ့သူနော်..'

"ဟုတ်လား!! ဒါပေမယ့် ကျွန်တော် မလိုချင်ဘူးလေ"

'မင်း.. အရမ်းရက်စက်တယ် မမခင်ကို ချစ်ခွင့်ပန်ပြီး

ပြန်ရုတ်သိမ်းလိုက်တာက မမခင်ရဲ့ အရှက်နဲ့သိက္ခာကို

ထိပါးလိုက်တာနဲ့အတူတူပဲ အနည်းဆုံးတော့ မင်းက မမခင်ကို

ကာကွယ်ပေးရမှာမဟုတ်ဘူးလား'

"ဒီမှာ မခင်ခင်ခ!!!!! ဩဂတ်ဂုဏ်ပိုင် ဟိုးအရင်ကတည်းက

ကာကွယ်ပေးချင်တဲ့လူ တစ်ယောက်ပဲ ရှိခဲ့တာ အဲ့ဒါက

သော်ဒီထူးဟန်ပဲ"

'သူ့ကို ကာကွယ်ရအောင် သူက ဘာမလို့လဲ မင်းအတွက်

ကလေးမွေးနိုင်လား မင်းလိုချင်တဲ့မိသားစုကို သူပေးနိုင်လား'

"ကလေးမွေးနိုင်တဲ့ မိန်းမတစ်ယောက်ဆိုတိုင်း ကိုယ့်ကိုယ်ကိုယ်

ဂုဏ်ယူမနေပါနဲ့ မမခင်!!! တကယ်ဆို ကျွန်တော့်အတွက်

သော်ဒီထူးဟန်က မမခင် လက်လှမ်းမမှီနိုင်တဲ့ နေရာမှာ

ရပ်နေခဲ့ပြီးသားပါ.. ကိုယ့်အမေနဲ့ လိင်တူမိန်းမတစ်ယောက်ကို

စကားလုံးကြမ်းတွေနဲ့ ကျွန်တော်မပြောချင်ပါဘူး "

ကြားနေရတဲ့ သော်ဒီမှာလဲ မျက်မှောင်ကြုတ်ပြီး ကိုကို့လက်က

ရုန်းထွက်နေသော်ငြား အချည်းအနှီးသာ။

"ကျွန်တော်ကို မဆက်သွယ်ပါနဲ့တော့ ကျွန်တော် ဘယ်တုန်းကမှ

မခင်ခင်ခကို အစစ်မှန်ချစ်ခဲ့တာ မဟုတ်ဘူး!!

တိကျပြတ်သားစွာ ပြောပြီးနောက်မှာတော့ သူဖုန်းကိုချပစ်လိုက်သည်။ ရယ်တော့ရယ်ရသား.. တစ်ချိန်တုန်းက မမခင်ကို

ဘယ်ချိန်‌ပဲတွေ့ပါစေ မမခင်ရဲ့အလှက သူ့ကိုအသက်ရှူရပ်စေတဲ့

အထိ စိတ်လှုပ်ရှားစေသော်လည်း အခုချိန်မှာတော့ မမခင်က

သူသိဖူးပေမယ့် မသိချင်တော့တဲ့ သာမန်မိန်းမတစ်ယောက်သာ

ဖြစ်တော့သည်။

ရုန်းနေတဲ့ ညီ့အား ငုံ့ကြည့်လိုက်ပါသည်။ ညီက အသားက

ခပ်ဖြူဖြူ သူ့မျက်နှာပေါ်မှာထင်းရှားတဲ့အမှတ်ဆိုလို့ မျက်ခမ်း

အောက်က စိုလဲ့နေတဲ့ မျက်ရည်ခံမှဲ့လေးတစ်လုံးသာရှိသည်။

ညီက သူ့ကိုစိတ်လှုပ်ရှားစေဖူးတဲ့ မိန်းမတွေလို နှုတ်ခမ်းနီ

မဆိုးတတ်ပေမယ့် ညီ့နှုတ်ခမ်းတွေက ရဲနေတတ်သည်။ ဒါတောင်

လူလစ်ရင် ဆေးလိပ်ခိုးသောက်ချင်သေးတာ။

ခဲရောင်ဆံပင်လေးအား ငုံ့နမ်းရင်း သူ ပြုံးရပါသည်...။

"ဘာလို့ရုန်းနေတာတုန်းကွာ!!

"လွှတ်!! အထဲမှာ ဖေဖေရှိတယ်နော်.."

"ရှိတော့ဘာဖြစ်လဲ ဖေဖေက ကိုယ့်ကို မင်းနဲ့သဘောတူပါတယ်နော်"

"ဖေဖေသဘောတူလည်း ကျွန်တော်သဘောမတူဘူးဗျာ..

လူယုတ်မာကြီး မျက်နှာများတဲ့ လူရှုပ်လူပွေ!!

"ဟာ!! မများပါဘူး ညီရယ်.. ဒီမှာကြည့်ပါ့လား မျက်နှာက

တစ်ခုထဲရယ်"

သော်ဒီစိတ်တိုတိုနဲ့ ကိုကို့ခြေထောက်ကို နင်းပစ်လိုက်ပြီး

ပြေးထွက်ခဲ့လိုက်သည်။ ကိုကိုမမြင်ရတဲ့ နေရာမှ ရပ်တန့်လိုက်ပြီး

နိမ့်လိုက်မြင့်လိုက်ဖြစ်နေတဲ့ ရင်ဘက်ကို အသာဖိရသည်..။

ကိုကိုက သူများကို ဘယ်လိုရင်ခုန်အောင် လုပ်ရမလည်းဆိုတာတော့ သိသားပဲ။

......................

"ဟိတ်..ကိုသော်!!

အနောက်ကထွက်ပေါ်လာတဲ့ အသံကြောင့် သော်ဒီလှည့်ကြည့်လိုက်သည်။

"ဟာ!! ထူးထူး ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ"

"ဟွန့်!! ကျွန်တော်တစ်ယောက်လုံး လာတာတောင်

သတိမထားမိရအောင် ကိုသော် ဘာတွေ တွေးနေတာလဲ"

ထိုအခါ ထူးထူးကို သူအတိုက်ခံငြင်းရတော့သည်။ ထူးထူးက

သူ့ထက်၃နှစ်ငယ်ကာ မကြာခင်ကမှ သူခင်ခဲ့ရတဲ့ ကောင်လေး

တစ်ယောက်သာဖြစ်သည်။ ဒီနေ့ ပန်းခြံဘက်မှာ ဖေဖေ့အတွက်

ပန်းတွေ လာခူးနေတုန်း ဘယ်ကနေ ဘယ်လိုရောက်နေမှန်း

မသိတဲ့ ထူးထူးနဲ့ တွေ့ခြင်းသာဖြစ်သည်။ သူတို့ရဲ့ စံအိမ်ကြီးက

တစ်အိမ်တည်းပဲကွဲထွက်နေကာ ဘေးမှာ အိမ်နီးချင်းတွေမရှိပါ။

ဒါကြောင့် ဒီကိုလာမယ်ဆိုရင် တကူးတက လာမှပဲ ရနိုင်မှာ။

"ကားနဲ့ လာတာပေါ့ တစ်ယောက်ထဲ မဟုတ်ပါဘူး

သူငယ်ချင်းတွေနဲ့.."

"သူငယ်ချင်းတွေကရော ဘယ်မှာလဲ"

"အပြင်မှာရပ်ထားတဲ့ ကားထဲမှာပေါ့ ခြံတံခါးကလည်း ဖွင့်ထားတော့ ဝင်လာလိုက်တာ ဦးလေးကိုမေးတော့ ကိုသော်ပန်းခြံဘက်မှာ ဆိုလို့.."

"ဟောဗျာ!! ရောက်တာများ ခြံထဲထိ ကားကိုမောင်းခဲ့တာ

မဟုတ်ဘူး"

"ကိုသော်ကလည်းဗျာ အဲ့နှစ်ယောက်က ပုံမှန်ချိန်တွေဆို

စပ်စလူးနတ်ပူးနေတဲ့အတိုင်းပဲ အခုမှ ကြောက်တယ် မဝင်ရဲဘူးတဲ့ "

"ဘာကြောက်စရာရှိလဲ အစ်ကိုက ဝါးစားမှာမလို့လား"

ထူးထူးက အသံထွက်ရယ်ပြီး ကိုသော့်လက်ထဲက ပန်းတွေအား

ကြည့်နေလိုက်သည်။ တစ်လက်စတည်း ကိုသော့်လက်ချောင်း

သွယ်သွယ်လေးတွေကို ငေးကြည့်ရင်း စကားစသည်။

"ကိုသော် ခွေးကြောက်တတ်မှန်း မသိခဲ့ဘူး အဲ့နေ့က ကိစ္စအတွက် တောင်းပန်ပါတယ်နော်"

"ရပါတယ် ထူးထူးရာ မင်းက တမင်လုပ်တာမှမဟုတ်တာ"

"ဒီလောက်ချစ်စရာကောင်းတဲ့ ခွေးကို ၊ ကိုသော်ကြောက်လို့

ထူးဆန်းနေတာ သိလား ကိုသော်"

"အင်း!!

"ဘာလို့လည်းဟင်"

သော်ဒီ သက်ပြင်းချလိုက်သည်။ ပြီးမှ

"ငယ်ငယ်တုန်းက ခွေးကိုက်ခံဖူးလို့ပါ အဲ့ကတည်းက

ဘယ်လိုခွေးမဆို ကြောက်တော့တာပဲ"

ထူးထူးကတော့ ခေါင်းတညိတ်ညိတ်နဲ့ အဲ့တုန်းက ကိုသော်က

တကယ်ခွေးကြောက်ရှာနေတာပင်။ လူစိမ်းယောက်ျားတစ်ယောက်ရဲ့ ရင်ခွင်ထဲကို အားကိုးတကြီး တိုးဝင်နေတဲ့ကိုသော့်

ပုံစံက သူ့မျက်စိထဲကနေ အခုထိမထွက်။

"ဟို... အဲ့နေ့က တွေ့ခဲ့တာ ကိုသော့်ချစ်သူလားဟင်!!!

သော်ဒီလှုပ်ရှားမှုတွေရပ်သွားပြီး ဘေးနားက ထူးထူးကို

ပြန်ကြည့်လိုက်သည်။ ထိုအခိုက် အဝေးနေရာမှာ ဖုန်းပြောနေတဲ့

ကိုကို့အား သူလှမ်းမြင်ရတော့ ရင်ထဲတလှပ်လှပ်ဖြစ်လာရသည်။

"မဟုတ်ပါဘူး သူက ကိုယ့်အစ်ကိုပါ!!

"ဟုတ်လို့လား ကိုသော်က တစ်ဦးတည်းသော သားဆို!!

"ဟုတ်တယ် ကိုယ်ကဖေဖေ့သား ကိုကိုက ဒယ်ဒီသားလေ"

"ဪ.. ဒါပေမယ့် ချစ်သူတွေလိုမျိုးပဲနော် သူကလည်း

ကိုသော့်ကို တအားချစ်တဲ့ပုံပဲ အဲ့နေ့က ဖက်ထားတာကို

ကြည့်လေ ကျွန်တော့်ကိုလည်းခြံရိပ်တောင်မနင်းနဲ့ဆိုပဲ..

ကိုသော် ခွေးကြောက်တတ်မှန်း ဘယ်လိုလုပ် သိမှာလဲ

ဟွန့်!! အသက်ကြီးပြီးအချိန်မစီးဘူး ကိုယ့်ထက်အငယ်ကို

ညှာရမှန်းမသိတဲ့လူ အဲ့လိုလူကို ဘယ်သူက ကြိုက်မှာလဲ

အရူးကပဲ ကြိုက်မှာ!!

ထူးထူးစကားကြောင့် သူ့လက်ဖျားတွေ အေးစက်တောင့်တင်း

သွားခဲ့၏။ ကိုကို့ကို စသိကျွမ်းခဲ့သည့် ၁၃နှစ်အရွယ်ကတည်းက

သော်ဒီထူးဟန်ဆိုတာ ကိုကို့ကို စကားနဲ့တောင် အထိခိုက်ခံသူ

မဟုတ်ပေ။

"အဲ့လိုပြောတာ ရိုင်းတယ်နော် ထူးထူး... ဘာပဲဖြစ်ဖြစ်

သူက ကိုယ်တို့ထက် အသက်ကြီးတယ်လေ လူတိုင်းက

အမြဲမချိုနိုင်ဘူး ကိုကိုက လူကောင်းတစ်ယောက်ပါ"

"ဟွန့်!! ပြောတော့ မချစ်ဘူးဆို အခုသူ့ဘက်က ကာပြောနေတယ် သွားပါပြီဗျာ ကျွန်တော့်မှာတော့ ကိုသော့်ကို စတွေ့တုန်းက

ချောချောလေးဆိုပြီး Crush လိုက်ရတာ အခုကျ ပိုင်ရှင်ကြီးနဲ့"

သော်ဒီကတော့ ကလေးဆန်တဲ့ ထူးထူးအပြောတို့ကြောင့်

အသံထွက်ရယ်ကာ ခေါင်းခါလိုက်သည်။ ဒါကို ထူးထူးက

သူ့နားကို တိုးကပ်လာပြီး..

"ကိုသော်နဲ့ အဲ့လူကြီးက ဘယ်သူကအပေါ် ဘယ်သူကအောက်လည်းဟင်"

သော်ဒီ နှုတ်ခမ်းမဲ့ကျသွား၏။ ကိုကိုနဲ့ သူဆိုရင် ကိုကိုက

လူကောင်ပိုကြီးပြီး သူကတော့ ကိုကိုနဲ့ယှဉ်ပါက သေးတဲ့ထဲမှာ

ပါဝင်၏။ ဒါပေမယ့် ထူးထူးတို့လို လူနဲ့ကျတော့ သူကအရပ်

ပိုရှည်ပြီး ထင်းထွက်နေရော။

"ငါက အောက်!!!

"ဗျာ!!

ထူးထူး စကားဆက်ပြောဖို့ပြင်နေတုန်းမှာပဲ အနောက်ကနေ

သူ့အင်္ကျီကော်လံကို ဆွဲတာ ခံလိုက်ရသည်။

"ဟမ်!!

"ဟေ့ကောင်!! မင်းဘယ်လို ဝင်လာခဲ့တာလဲ ခွေးတိုးပေါက်ကလား"

"ခင်ဗျားပဲ ခွေးတိုးပေါက်ကဝင်!!

အနောက်ကနေ အတင်းဆွဲထားတာမို့ ထူးထူးက ယက်ကန်ယက်ကန် ဖြစ်နေကာ ရှေ့တိုးလို့ပင်မရ။

"ကိုကို!! ဘာလို့ သူများကိုအနိုင်ကျင့်နေတာလဲ

ရူးနေလား"

"ညီ..အသာနေ ဒီကောင့်ကို၊ ကိုကိုရှင်းမယ်"

"ကိုသော်က လွှတ်ပေးလိုက်လို့ ပြောနေတဲ့ဟာ"

"ငါ့ချစ်သူ အနားကို ဘာလို့ကပ်တာလဲ မင်းခြံထဲ

မဝင်ခင်မှာ ခြံရှေ့မှာရှိတဲ့ ဆိုင်းဘုတ်ပေါ်ကစာကို

မတွေ့ခဲ့ဘူးလား"

"ဘာစာလဲ!!

ထိုအခါမှာတော့ သူပြုံးလိုက်ရသည်။ ထို့နောက် သကောင့်သားရဲ့

ဂုတ်ကိုဆွဲပြီး ခြံပြင်ကိုထွက်ရန်ပြင်သည်။ ညီကသူ့ကိုတားသလို

ဖေဖေကလည်း ကြောင်အမ်းအမ်းနဲ့ ကြည့်နေခဲ့ပါသည်..။

ခြံရှေ့က ဆိုင်းဘုတ်နားကို ရောက်တော့မှ လွှတ်ပေးလိုက်ပြီး

"အဲ့မှာ ရေးထားတာကို အသံထွက်ပြီးဖတ်စမ်း!!!

ထူးထူးမှာကြောင်အမ်းအမ်းနဲ့ ဆိုင်းဘုတ်ပေါ်က စာတွေကို

အသံထွက်ပြီး ဖတ်ရတော့သည်။

"ခွေးနဲ့ ခွေးပိုင်ရှင်မဝင်ရ.."

ဒါသက်သက်လုပ်တာ...

"ခင်ဗျား ဒါ ကျွန်တော်ကို ပြောတာ မဟုတ်လား!!

"သိရင် ပြီးတာပဲ "

"ဒါပေမယ့် အခု ခွေးမှမပါတာ!!

"ခွေးရော ခွေးပိုင်ရှင်ရော ကြည့်မရလို့ကွာ ဘာဖြစ်လဲ"

အဲ့နေ့ကတည်းက လိုလိုမယ်မယ်ဆိုပြီး ခြံရှေ့မှာဆိုင်းဘုတ်

ထောင်ထားခဲ့ခြင်းဖြစ်သည်။ အခုလည်း ညီ့အနားကိုအတင်း

လိုက်ကပ်နေတဲ့ သကောင့်သားကို ကြည့်လို့မရ။ ညီက

သူ့ကိုသာ ခပ်တည်တည်ဆက်ဆံပေမယ့် ကျန်တဲ့လူတွေကိုတော့

ပြုံးပြုံးရွှင်ရွှင် ဆက်ဆံသည်။

"ငါ့ချစ်သူအနားကို ကပ်ရဲကပ်ကြည့် မင်းကို အရိုးတစ်ခြား

အသားတစ်ခြားဖြစ်အောင် လုပ်ပစ်မယ် နားလည်လား"

"ဟွန့်!! ကိုသော်နဲ့တောင် ဘာမှမဟုတ်သေးတာကို

ပိုင်ဆိုင်ကြောင်း သိပ်ပြချင်နေတာပဲ"

"အခုမဟုတ်ပေမယ့် နောက် ဟုတ်တော့မှာလေ

ပုံစံက ၊ ကလေးမသာရုပ်နဲ့ သူများချစ်သူအနားကို

လာကပ်ရဲသေးတယ်"

"ဘာ!! ခင်ဗျားကသာ ကလေးမသာ"

"မင်းက ၊ ကလေးမသာလေ အခုထွက်သွားစမ်း!!

ထိုစဉ် ညီက အပြင်ကို လေသေနတ်ကြီးဆွဲကာ ထွက်လာသည်။

ဒါနဲ့ ကလေးမသာက မြင်လားဆိုတဲ့သဘောနဲ့ မေးငေါ့ပြတာကြောင့် နရင်းတစ်ချက်အုပ်လိုက်ရသည်။

"ဟေ့ရောင်!!ကိုကို သူ့ကိုလွှတ်လိုက်!!

သေနတ်ကြီးနဲ့ ချိန်ထားတာမို့ သကောင့်သားအား မလွှတ်ချင်ပဲ

လွှတ်လိုက်ရသည်။

"ညီကကွာ!! အဲ့ဒါဘာလုပ်တာတုန်း ကိုယ့်ချစ်သူကို အခုလို

လုပ်ရလား"

"ဘယ်သူက ခင်ဗျားချစ်သူလဲ ဒီမှာ ခင်ဗျားကိုကျွန်တော်ငြင်းတယ်"

ပြော‌လည်းပြော လူကို ခြေထောက်တစ်ဖတ်နဲ့ လှမ်းကန်သည်။

စိတ်မရှည်တော့တဲ့သူက ညီ့ကိုသာ ပခုံးပေါ် ထမ်းတင်ပြီး

ခြံထဲပြန်ဝင်လာတာမို့ ညီက ယက်ကန် ယက်ကန်ပါလာခဲ့သည်။

ဒီလိုနဲ့ ညီ့ကို သူနဲ့အတူ ရန်ကုန်ကို ပြန်ခေါ်ရန် လာပိုးပမ်းတဲ့

အစီစဉ်က ဟိုလိုလို ဒီလိုလိုဖြင့် နှစ်ပတ်လောက် ကြာသွားခဲ့သည်။

........................

ရှေ့က မြင်ကွင်းကိုကြည့်ရင်း သူမှင်သက်နေမိသည်..။

ညနေ ၅နာရီမို့ နေကသိပ်မပူတော့ဘဲ ကျန်နေသေးတဲ့

ပုစွန်ဆီရောင် ဆည်းဆာ ညနေခင်းအလှက သိပ်ကြည့်လို့

ကောင်းနေ၏။ သို့သော် ညီ‌သူ့ကို ‌ဆွဲခေါ်လာသည့် နေရာက

မြင်းစီး ကွင်းတစ်ခုကိုဖြစ်သည်။

"ဒါက ကျွန်တော်အကြိုက်ဆုံး မြင်းလေ ဂျက်ကီတဲ့..

ကိုကို သူ့ကိုယူလိုက်!!

"ကိုကိုယူပြီး ဘာလုပ်ရမှာလဲ.."

ညီ သူ့ကို ဆတ်ခနဲလှည့်ကြည့်လာသည်။ မျက်တောင်မခတ်တမ်း

ကြည့်နေပြီးမှ ‌ခေါင်းစခြေဆုံး ထပ်ကြည့်ရင်း ပြီးမှ နှုတ်ခမ်း

ထောင့်စွန်းလေးကို ကော့ညွတ်ကာ ပြုံးပြသည်။

"ယူလိုက်!!

ဆိုရင်ပဲ ညီ့လက်ထဲက မြင်းဇက်ကြိုးကို ဘုမသိ၊ ဘမသိဖြင့်

ယူလိုက်ရသည်။ ပြီးမှ ညီက ကွင်းထဲကနေ မြင်းတစ်ကောင်ကို

ဆွဲထုတ်လာသည်။ ညီတစ်ယောက် ရန်ကုန်ကနေ ပြင်ဦးလွင်ကို

ခဏခဏသွားနေခဲ့တာ အရင်ကတော့ အဲ့ဒါက အလကား

သက်သက်သွားတာဟုထင်သော်လည်း အခုမှ ပြင်ဦးလွင်မှာ

ညီ သင်ယူခဲ့တာတွေ များသားဟု ကောက်ချက်ချရသည်။

"ကိုကို ဘာကြောင့် ကျွန်တော့်ဆီ လိုက်လာခဲ့တာလဲ!!!

"ညီ့ကို ချစ်လို့လေ မခွဲနိုင်လို့!!

"ဪ... ကျွန်တော့်အဖြေ မရမချင်း မပြန်ဘူးပေါ့ အဲ့လိုလား"

"ညီပါမှ ရန်ကုန်ပြန်မယ်!!

ညီကတော့ ခေါင်းတညိတ်ညိတ်။ အရင်ကလို ခပ်ကြမ်းကြမ်း

စကားတွေပြောပြီး ပြန်ခိုင်းတာမျိုးမဟုတ်တာမို့ ညီတစ်ခုခု

ကြံနေမှန်း သိသော်လည်း လက်ရှိတွင်တော့ သူတတ်နိုင်တာ

ဘာမှမရှိချေ။

ထို့နောက် ညီ သူ့ကို ခပ်လှမ်းလှမ်း ခေါ်လာခဲ့သည်။ ကွင်းက

စိမ်းစိုနေကာ မြက်နုနုလေးတွေရှိသည်မို့ ကြည့်ရသည်မှာစို‌စို

ပြေပြေရှိလှသည်။

"ကိုကိုက ကျွန်တော့်ကိုချစ်တယ်ပြောနေပေမယ့် ကျွန်တော်

မယုံဘူး!!!

"ဟင် ဒါဆို ကိုကိုက ညီယုံအောင် ဘယ်လိုလုပ်ရမှာလဲ"

သော်ဒီလှစ်ခနဲ ပြုံးလိုက်သည်။ ကိုကို သူ့ကို ခံစားရအောင်

ဒီလောက်လုပ်ထားတာ ရန်ကုန်က‌နေ လိုက်လာပြီးချော့ရုံနဲ့

ကျေနပ်ရမည်လား။

ချစ်တာနဲ့ပဲ ထိပါးခံရမယ်လို့မဆိုလို‌ပေ။ သူ့ကို ခံစားရအောင်

လုပ်တဲ့ ကိုကို့အား ပညာပါးပါးတော့ ပြရပေမည်။

"ကိုကို မြင်းစီးဖူးလား"

"၁၄နှစ်လောက်ကတော့ စီးဖူးပါတယ် ဒါပေမယ့် တစ်ကြိမ်ပဲ!!

"စီးတတ်တယ်လား!!

"အကျွမ်းကြီးတော့ မဟုတ်ပါဘူး ဘာဖြစ်လို့လဲ"

ညီက ခေါင်းမော့ရယ်တော့ သူကြောင်သွားသည်။ သေချာပါတယ်

ညီညီ တစ်ခုခုကြံစည်နေတယ်ဆိုတာ..

"ကိုကို့ကို ကျွန်တော် ဘာလို့သဘောကျခဲ့လည်း သိလား!!

"ညီ့ကို ကာကွယ်ပေးလို့မဟုတ်ဘူးလား"

"မှားတယ် ကိုကို... "

"ဒါဆို ဘာဖြစ်လို့ သဘောကျခဲ့တာလဲ"

"ကိုကိုက ညီ့ထက် အမြဲတမ်း ခြေတစ်လှမ်းသာတယ်လေ

ညီက ကိုယ့်ထက် ခြေတစ်လှမ်းသာတဲ့ သူကိုပဲ ချစ်မှာသိလား

ဒီတော့ ကိုကို ညီနဲ့ ပြိုင်ရမယ်"

စကားအဆုံး ညီ့မျက်နှာအား အလန့်တကြားကြည့်ရသည်။

မပြောနဲ့နော် မြင်းစီးပြိုင်ရမယ်လို့...

"ဘာပြိုင်မှာလဲ"

"မြင်းစီးတာလေ.."

"ကိုကို မကျွမ်းဘူး"

"တကယ်လို့ ကိုကိုနိုင်ရင် ကျွန်တော့်ကို အပိုင်ရမှာနော်!!!

သူ ‌ငိုင်ကျသွားသည်။ သူကျွမ်းတာဆိုလို့ ကားစီးတာကိုသာ

ဖြစ်သည်။ ၁၄နှစ်လောက်က မြင်းစီးတစ်ခါသင်ဖူးပေမယ့်

အဲ့နောက်တော့ ဒီလိုနေရာမျိုးတွေနဲ့ ခပ်ခွာခွာဖြစ်ခဲ့ရပါသည်။

ဒါပေမယ့် သူလက်မခံရင် သေချာတယ် ညီက သူ့ကိုထားခဲ့မည်

ဖြစ်၏။ သူ လက်သီးလေးဆုပ်ပြီး ခေါင်းညိတ်ရုံကလွဲလို့ ဘာမှ

မတတ်နိုင်ခဲ့ပါ။ သူ ညီ့ကိုချစ်ကြောင်းနဲ့ ညီ့ကိုပြန်ရချင်လို့ ကြိုးစား

နေကြောင်းကို ညီသိစေချင်ခဲ့သည်။

"ဟုတ်ပြီလေ ဟိုးမှာတွေ့လား ရှေ့က သစ်ပင်ကြီးကို!!

"အင်း"

"အဲ့ဒီကို အရင်ရောက်တဲ့သူက အနိုင်ပဲ!!

ညီ့မျက်နှာပေါ်မှာ ယုံကြည်ချက်တွေ ရှိသလောက် သူကတော့

စိတ်ညစ်မှုတွေနဲ့ ပူပန်နေရသည့်အသွင်ဆောင်နေခဲ့သည်။

မြင်းပေါ်တက်ပြီးနောက်မှာတော့ ညီ့ဘက်က မျက်လုံးတစ်ဖက်

မှိတ်ပြကာ ကျီစယ်သော်လည်း ပြန်မပြုံးနိုင်ခဲ့ပါ။

သေချာပေါက် ညီ့ဘက်က စိန်ခေါ်နေခြင်းသာ ဖြစ်သည်..။

အသက်၁၃နှစ်ကတည်းက သူ့အပေါ်အနိုင်ရခဲ့တဲ့ ညီက

ဒီတစ်ခါမှာလည်း အနိုင်ပိုင်းနိုင်ဦးမည်ဆိုတာ မသိစိတ်က

သိသော်လည်း ကြိုအရှူံးပေးလိုက်ခြင်းက သူ့ပုံစံမဟုတ်..။

နိုင်သည်ဖြစ်စေ ရှူံးသည်ဖြစ်စေ ညီနဲ့ပတ်သတ်ရင် လက်လျှော့မှာ

မဟုတ်ဘူးဆိုတာ ညီယုံအောင် သက်သေပြရမည်။

နှစ်ယောက်အတူ မြင်းနဲ့အတူ ထွက်လာပေမယ့် အနောက်မှာ

ကျန်ခဲ့တဲ့ ကိုကို့ကြောင့် သော်ဒီမပြုံးဘဲမနေနိုင်ပါ။ အခုဆို

ကိုကိုတစ်ယောက် ဂျက်ကီနဲ့အတူ ယောင်လည်လည်ဖြစ်နေရင်း

ဘယ်လောက်များ စိတ်သောက ရောက်နေမလည်းဆိုတာ

တွေးရုံဖြင့် ၎င်းက သော်ဒီကိုအူမြူးစေသည်။

"ယေး!!! နိုင်ပြီကွ!!

သော်ဒီ မြင်းပေါ်က ဆင်းပြီး ခုန်ပေါက်နေသော်လည်း ဩဂတ်မှာ မပြုံးနိုင်ပဲ သူ့ကိုသာ မျက်နှာကြီးရှူံ့တွကာ ကြည့်နေခဲ့သည်။

ပြီးမှ မြင်းပေါ်က ဆင်းရင်း သစ်ပင်အိုကြီးကိုမှီကာ ထိုင်ချလိုက်သည်။ ညီကတော့ သစ်ပင်အိုကြီးကို ဝိုင်းကြီးပတ်ပတ် လှည့်ကာ

သူနိုင်လို့ ပျော်နေပေမယ့် မပျော်ရသူ တစ်ဦးကဖြင့် ခေါင်းငိုက်စိုက် ကျကာ မျက်နှာမဲ့နေခဲ့သည်။

"ကိုကိုရာ စိတ်မကောင်းမဖြစ်ပါနဲ့... "

သူငယ်ချင်းတွေလို ပခုံးကို မာန်ပါပါ ဖက်ကာ နှစ်သိမ့်နေပေမယ့်

တကယ်တမ်းမှာတော့ ကိုကို့မျက်နှာအားကြည့်ကာ ရယ်ချင်နေတာ ဖြစ်သည်။

"‌နောက်ကျရင် မြင်းစီးသင်ထားပေါ့!!

‌အားနာနာနဲ့တောင် ပြန်မပြုံးပြတဲ့ ကိုကို့ရဲ့ပခုံးပေါ်ကို

ခေါင်းမှီချရင်း ဝင်လုဆဲဆဲ နေကို ကြည့်ရင်း သော်ဒီအပြုံးတွေက

ညနေ ၊ နေဝင်ချိန်ထက်တောင် ပိုလှနေပါသေးသည်။

"ဒီနေ့ နေဝင်ချိန်က အရမ်းလှတယ်နော် ကိုကို!!

"အင်း... လှတော့ ဘာလုပ်ရတော့မှာလဲ ကိုကိုရှူံးသွားပြီ "

"ဒါဆို ဝမ်းနည်းသွားတာပေါ့ ဟုတ်လား"

"အင်း.."

"ဘာလို့လဲ ဒါက ဒီအတိုင်း ပြိုင်ပွဲလေးပဲဟာကို.."

သူ ညီ့ရဲ့ မျက်နှာကို လှည့်ကြည့်လိုက်သည်။ ပြီးမှ

"ဒါက ပြိုင်ပွဲသက်သက် မဟုတ်ဘူး...ညီ

ကိုယ့်ဘဝတစ်လျှောက်လုံး ညီ့ကိုအရှူံးပေးလာခဲ့တာ

တစ်ခါ ထပ်ရှူံးသွားလည်း ဘာမှမဖြစ်ဘူး.. အခုဟာက!!!

အဖျားခတ် တုန်သွားတဲ့ ကိုကို့အသံကြောင့် သူအလန့်တကြား

ဖြစ်သွားသည်။ ကိုကို့ကို စိတ်ဒုက္ခရောက်အောင် လုပ်မိတာ

လက်လွန်သွားပြီလားမသိ။

"ကျွန်တော်မှ ဒီလိုမလုပ်ရင် လွယ်တယ် ထင်သွားမှာပေါ့!!

"ဘာရယ်!!!

"ဟုတ်တယ်လေ ကိုကို့စိတ်ထဲမှာ ဒီကောင်လေးက ငါ့ကို

ကြိုက်နေတာပဲ အချိုလေးနည်းနည်း ပစ်ကျွေးလိုက်ရင်

ရမှာပဲလို့ အလွယ်လေး တွေးခဲ့တာ မဟုတ်လား Noပါနော်

ရန်ကုန်က အထာတွေ ပြင်ဦးလွင်မှာ လာမသုံးနဲ့ မရဘူး!!

"ကိုကို့ဘက်က မင်းကိုလွယ်တယ်လို့ တစ်ခါမှမတွေးဖူးဘူးနော်"

သော်ဒီမှာ အသံထွက်ရယ်ပြီး ကိုကို့ပေါင်ပေါ်ခွတက်ပစ်လိုက်သည်။ ကြောင်အမ်းအမ်းဖြစ်သွားတဲ့ ကိုကို့မေးဖျားကို

လက်နဲ့အသာပင့်လိုက်တော့ တစ်ယောက်ကိုတစ်ယောက်

ခဏကြာတဲ့အထိ ငေးစိုက်ကြည့်နေမိသည်။

"ကိုကို့အကြောင်း ရေးထားတဲ့ စာတွေကို ဖတ်ပြီးပြီမလား"

"ဟမ်!! ဘယ်လိုသိလဲ"

"သိတာပေါ့ အမှတ်သားလုပ်ထားခဲ့တာလေ "

"အင်း!! ကိုကိုဖတ်ကြည့်ထားပါတယ်"

သော်ဒီအပြုံးတွေက အူးမြူးရိပ်တွေဖြင့်

"နောက်ဆုံးစာရွက်မှာ ရေးထားတာကို ဖတ်ပြီးပြီလား"

"စာအုပ်တစ်ဝက်ထိပဲ ညီရေးထားတာ မဟုတ်ဘူးလားဟမ်!!

"ကိုကိုပိန်းဥ... ဒီလောက်ပိန်းလို့ ကျွန်တော့်အချစ်တွေကို

မမြင်တာ"

"ညီကလည်းကွာ!!!

သူချက်ချင်း ကိုကို့နှဖူးလေးကို တစ်ချက်နမ်းလိုက်သည်။

ပြီးမှ ကိုကို့နှုတ်ခမ်းကို သူ့ဘက်က စပြီး နမ်းမိ၏။ ကိုကိုက

အစက ကြောင်သွားပေမယ့် နောက်တော့ သူ့ခါးကို ပြန်ဖက်ကာ

အနမ်းတွေတုန့်ပြန်ရင်း မြက်ခင်းပေါ် လှဲချကာ ဆက်ပြီး

နမ်းလိုက်သည်။

"ကိုကိုနိုင်မှ မင်းကိုအပိုင်ရမယ်ဆို!!!

သော်ဒီ ကိုကို့လည်ပင်းကို လက်နှစ်ဖက်နဲ့ ဖက်တွယ်ရင်း

"ရှူံးသွားရင်လည်း ကိုကိုနဲ့ပြန်မလိုက်ဖူးလို့ မပြောခဲ့ဘူးလေ!!

ဩဂတ် ဝမ်းသာသွားကာ သူကြားခဲ့တာကိုမယုံကြည်နိုင်ဖြစ်နေသည်။

"ဒါဆို!!!

"ရန်ကုန်ပြန်ရအောင် ကိုကို!!

"အဟက်.."

"ဘာရယ်တာလဲ .."

"ကိုကို့ ညီက မျက်ရည်လွယ်လေး မဟုတ်ဘူးပဲ!!

"အံမယ်!! မျက်ရည်လွယ်တယ်ဆိုတာက ကိုကိုတစ်ယောက်တည်း အတွက်ပါနော်"

သူ ညီ့ရဲ့ နှဖူးကို နမ်းပြီးမှ နှုတ်ခမ်းလေးကိုပြွတ်ခနဲနမ်းလိုက်၏။

"ကိုကိုနဲ့ပတ်သတ်သမျှကို မီးရှိူ့ပြီး ထွက်ပြေးသွားခဲ့တာ

ကိုကိုဘယ်လောက် ခံစားရလည်း သိရဲ့လား!!

"အဲ့ဒါ ကိုကိုဆိုးလို့လေ ဟွန်း!!! ညီလည်း ဝမ်းနည်းခဲ့တာပါပဲနော် သူကဖြင့် မမခင်ကိုလက်ထပ်မယ်တကဲကဲ လုပ်နေပြီးတော့"

"ဟောဗျာ!!

"မဟုတ်ဘူးလား"

"ဟုတ်ပါတယ် ကိုကို့အမှားပါ.."

သူ ကိုကို့ရဲ့ လည်ပင်းကို လက်နှစ်ဖက်နဲ့ချိတ်တွယ်ပြီး သူ့မျက်နှာနဲ့ အနီးစပ်ဆုံးထိ ငုံ့ကိုင်းစေလိုက်သည်။

"ဘယ်တော့ လက်ထပ်မှာလည်းပြော.. သူများသားကို

မျက်နှာလွှဲခဲပစ် လုပ်မှာတော့မဟုတ်ဘူးမလား"

"အဲ့တော့ ကိုကို့ကို ပြောပါဦး ညီလေးကနေ ချစ်သူဖြစ်သွားတဲ့

ခံစားချက်ကို.."

"ပျော်တယ်.."

"ဘယ်လောက်ထိလဲ"

သော်ဒီက အသံထွက်ကာ တဟင်းဟင်းရယ်ပြီးမှ

"အချစ်ဦးကို ပိုင်လိုက်ရတဲ့ ခံစားချက်ကို ၊ ကိုကိုကသိလို့လား"

"အချစ်ဦးကို ပိုင်ဆိုင်ရတဲ့ ခံစားချက်ကိုမသိပေမယ့် ညီ့ကို

ပိုင်ဆိုင်ရတဲ့ခံစားချက်ကို သိတယ်လေ"

"ကိုကို အရူး ဟုတ်လည်းမဟုတ်ပဲနဲ့"

"အဟက်.. မဟုတ်ရင် ကိုယ့်အနေထားကြီးနဲ့ ဘယ်လိုလုပ်

မင်းရဲ့ငယ်ကျွန် ဖြစ်ပါ့မလဲ.."

သူ ကိုကို့ရဲ့ မျက်နှာလေးကိုကြည့်ရင်း ပါးချိုင့်ထင်းထင်းလေးကိုလက်နဲ့ ထိကြည့်လိုက်သည်။ ဒီပါးချိုင့်လေးထဲမှာ ပျော်ဝင်ဖူးတဲ့

မိန်းကလေးတွေ ဘယ်လောက်များ ရှိလိမ့်မလဲ။

"ကျွန်တော့်အသက် ၁၃နှစ်ကတည်းက ကိုကို့ကိုချစ်လာခဲ့တာ"

ကိုကို့ရဲ့ မျက်နှာနုနုလေးကို လက်နဲ့ဖွဖွပွတ်သပ်သလို

ကိုကိုကလည်း သူ့လက်လေးကို ဆတ်ခနဲဖမ်းဆွဲကာ အရူး

တစ်ယောက်လို နမ်းရှိုက်လာခဲ့သည်။

"ဒီမျက်နှာလေးကိုရော ဘယ်လောက်ထိ ငေးကြည့်ခဲ့ရလည်း

ကိုကိုသိလား.. "

"နောက်ဆို ငေးကြည့်စရာ မလိုတော့ပါဘူး ဒီယောက်ျားက

မင်းအပိုင်ပဲလေ.."

သူဟာ ကိုကို့ရဲ့ ၁၅နှစ်တုန်းကပုံစံလေးကိုလည်း သဘောကျသလို ၂၅နှစ်အရွယ် ကိုကို့ကိုလည်း သဘောကျသည်..။

ကိုကိုက တော်လည်းတော်ပြီး ရန်တောင် တစ်ခါမှမဖြစ်ဖူးခဲ့တဲ့

လူလိမ်မာလေးတစ်ဦးဖြစ်သည်။ သူကတော့ ကိုကိုနဲ့မတူ

ဆန့်ကျင်ဘက် တွေ့တဲ့လူနဲ့ရန်ဖြစ်သည့်သူပင်။ ထိုအချိန်တိုင်း

သူရှုပ်သမျှတွေကို ဖေဖေမသိအောင် တိတ်တိတ်လေးရှင်းပေး

သည့်သူအား ပို၍ မြတ်နိုးရပြီး ကိုကို့ရဲ့စကားတိုင်းကလည်း

သူ့အတွက် နာခံချင်စရာလေးဖြစ်ခဲ့သည်။

ဖေဖေဆုံးမရင်တောင် လစ်လျှူရှုတတ်သူက ကိုကို့စကားတိုင်းကို

မဖယ်ရှားဝံ့ခဲ့သူပင်။ ထိုအချိန်တိုင်း ကိုကို ဘာလို့ သူ့ကိုအလိုလိုက် နေတာလည်းလို့ ကိုကို့ကို မျှော်လင့်ချက်အပြည့်ဖြင့်

မေးခဲ့သမျှ 'အလိုလိုက်ရမှာပေါ့ ကိုကိုတို့က ညီအစ်ကိုတွေလေ'

ဆိုတဲ့ စကားနောက်မှာ ဝမ်းနည်းရတာချည်း။

"ချစ်တယ်..ကိုကို.. အစ်ကိုတစ်ယောက်လိုမဟုတ်ပဲ

ချစ်သူတစ်ယောက်လို မြတ်နိုးမှုမျိုးနဲ့.."

Zawgyi

ခ်စ္သူတစ္ေယာက္ ေကာက္ရထားသည္ {အခန္း ၂၄}

"ဒယ္ဒီ က်ြန္ေတာ္ကို ဘာေျပာခ်င္လို့လဲ"

မိသားစု၄ေယာက္ရဲ့ မနက္စာ၊ စားခ်ိန္က အရင္ကလိုတိတ္ဆိတ္

မေနဘဲ တက္ြကြမွုေတြနဲ့ ခပ္ျမူးျမူးရယ္သံ‌ေတြြဖင့္သာျပည့္နွက္

ေနခဲ့သည္။ ဒီေန့မွာေတာ့ ဒယ္ဒီက ရန္ကုန္ကို ျပန္ရမယ့္အေြကာင္း ေျပာလာရင္း တစ္လက္စတည္း သူ့ကိုပါ ေျပာစရာ

ရွိတယ္ဟု စကားစလာသည္။

ေဖေဖက ျပင္ဦးလြင္ရဲ့ အေအးဓာတ္ကို သေဘာက်လို့သာ

ဒီမွာေနေနေပမယ့္ ကုမ္ပဏီကေတာ့ ရန္ကုန္မွာြဖစ္တာေြကာင့္

ေန့တိုင္းမဟုတ္ေပမယ့္ တစ္ပတ္တြကိမ္ နွစ္ပတ္တစ္ြကိမ္ေတာ့

သြားရပါသည္။ ဤသည္မွာလည္း ဒယ္ဒီစိတ္ညစ္ရသည့္အေြကာင္း ြဖစ္မည္ထင္၏။

"ဒီေန့ ရန္ကုန္သြားမွာ!!

"အင္း သိတယ္ေလ အဲ့ဒါဘာြဖစ္လဲ"

"ငါမရွိတုန္း မင္းေဖေဖကို ဂရုစိုက္ေပးလိုက္ဦး ရန္ကုန္မွာ

၃ရက္ေလာက္ြကာမယ္"

"အင္း"

ျပီးမွ သူငယ့္ကို ျပုံးြကည့္ရင္း

"ငယ္... တစ္ခုခုဝယ္စရာတို့ လုပ္စရာတို့ဆို ကိုယ္တိုင္

လုပ္စရာမလိုဘူးေနာ္ ဒီေကာင့္ကိုသာ အကုန္ခိုင္း

ဘာမွအားနာေနဖို့မလိုဘူး"

ထိုအခါ ဩဂတ္မ်က္နွာြကီးက မဲ့ရွူံ့သြားသလို မိုးေနွာင္းကလည္း

ရယ္သြမ္းေသြးသည္။

"ဩဂတ္... "

"ဟုတ္ ဒယ္ဒီ!!!

"ငါ့သားငယ္နဲ့ မင္းကိစ္စက ဘယ္လိုလုပ္ဖို့ စဉ္းစားထားလဲ

သူမ်ားသားကို ယူရင္ ရွာေက်ြးရမွာေနာ္ ေဆးရုံကရတဲ့

တပဲေြခာက္ျပားေလာက္နဲ့ ငါသားငယ္ကို မ်က္နွာငယ္ေအာင္

လုပ္မလို့ေတာ့ မဟုတ္ဘူးမလား"

ေသာ္ဒီကလည္း ရုတ္တရက္မို့ ေြကာင္အမ္းသြားရင္းဒယ္ဒီနဲ့

ကိုကို့ကို တစ္လွည့္စီြကည့္ေနမိသည္။ ျပီးမွ

"ဒယ္ဒီ သားတို့က ဒီတိုင္းညီအစ္ကိုေတြပါပဲ ဘာလို့အေဝးြကီး

ေတြးေနရတာလဲ"

"ဟမ္!! ဒါဆို သားက ကိုကို့ကို မခ်စ္ဘူးေပါ့!!

"မခ်စ္ေတာ့တာပါ!!!!!

ေသာ္ဒီ ဘယ္သူ့ကိုမွမြကည့္ပဲ မ်က္လြွာခ်ရင္း ေြဖလိုက္သည္..။

ဩဂတ္ကလည္း မေက်မနပ္မ်က္နွာထားြဖင့္ ေသာ္ဒီအေြဖကို

သေဘာမက်သည့္ပုံနဲ့..

"က်ြန္ေတာ္ ေဆးရုံကထြက္လိုက္ျပီ ဒယ္ဒီ!!!

"ဟာ!! ေနစမ္းပါဦး မင္းက ေဆးရုံကထြက္လိုက္ျပီဆိုေတာ့

သင္ထားတဲ့ ပညာေတြကို ဘယ္မွာ အသုံးခ်ေတာ့မွာလဲ"

"သူ့ဆီမွာေလ.."

ေသာ္ဒီကိုြကည့္ရင္း သူေမးေငါ့ျပရေပမယ့္ ခုနက စကားေြကာင့္

မေက်နပ္။ ဘာလဲ...သူမ်ားကိုခ်စ္ေအာင္ျပုစားျပီး အခုမွ

လူကို စြန့္ပစ္ခ်င္ေနတယ္...

ဩဂတ္ဂုဏ္ပိုင္တို့က စြန့္ပစ္ခ်င္တိုင္း စြန့္ပစ္လို့မရဘူးကြ....

"အဓိက သူက်န္းမာဖို့ပဲ မဟုတ္ဘူးလား .. ဒယ္ဒီရယ္

က်ြန္ေတာ္သင္လိုက္တဲ့ ပညာက အရွူံးမရွိပါဘူး"

"ဒါဆိုလည္း ဒယ္ဒီကုမ္ပဏီကို လက္လြွဲယူလိုက္ေတာ့ေလ

မင္းဒယ္ဒီက အသက္ြကီးေနျပီကြ အနားယူခ်င္ေနျပီ "

သူ ဒယ္ဒီအားမ်က္ေစာင္း အသာထိုးရင္း

"ဒယ္ဒီကဗ်ာ ဒါမ်ိုးက် အသက္ြကီးေနျပီ ေဖေဖ့ကို

လုပ္ရင္ေတာ့ အသက္ြကီးေနလို့ မလုပ္ေတာ့ဘူးေျပာတာ

မဟုတ္ဘူး စိတ္ဓာတ္ပဲ.."

သူ့အေျပာေြကာင့္ ဒယ္ဒီက ရယ္ျပီး ေဖေဖကေတာ့ ရွက္ရွက္နဲ့

မ်က္နွာြကီး ရဲလာေတာ့သည္။ မနက္စာ၊ စားခ်ိန္ေလးက

သူ့ကို အရင္ကအခ်ိန္ေတြသတိရသြားေစတာေတာ့အမွန္ပင္။

၄ေယာက္အတူ ထမင္းလက္ဆုံ မစားရတာ ဘယ္ေလာက္ေတာင္

ြကာပါျပီလဲ။ ရန္ကုန္မွာ ရွိတုန္းက ညီျပင္ဦးလြင္ သြားခ်ိန္ဆို

တစ္ေယာက္ထဲ ေနရသည္မွာ အထီးက်န္စရာပင္။

မိသားစုနဲ့ အြကာြကီးခြဲျပီးမွ ျပန္ေတြ့ရေတာ့ ဒီအေြခေနကေန

ရုန္းထြက္ခ်င္တဲ့ဆန္ဒမရွိေတာ့ပါ။ ေဘးနားက ညီ့ကိုြကည့္ျပီးလည္း အခ်ိန္ျပည့္ ရင္ခုန္စိတ္လွုပ္ရွားရသည္မွာ သူက

သူမဟုတ္ေတာ့သည့္အတိုင္းပင္။ ခ်စ္ရသူကေတာ့ သူ့ကို

လစ္လ်ူရွုထားသည္မွာ သူကပဲတစ္ဖတ္သတ္ ခ်စ္ေနရသည့္

အတိုင္းြဖစ္ေနသည္။

နွလုံးသားကိစ္စနဲ့ပတ္သတ္ျပီး ခက္ခဲမယ္ထင္ရင္ ဘက္ေလ်ွာ့တတ္တဲ့ သူ့လိုလူက ဘယ္ေလာက္နွင္ပါေစ ညီ့ကိုေတာ့ လက္မေလ်ွာ့ခ်င္။  ညီသူ့ကို ခ်စ္ေနတယ္ဆိုတာ သိရတုန္းက စိတ္တိုရမယ့္အစား ရွက္ပဲရွက္ခဲ့သည္။ သို့တိုင္ သူသည္လည္း ညီ့ကို ခ်စ္သူလို

ခ်စ္မိသြားလိမ့္မယ္လို့ စိတ္ကူးနဲ့ေတာင္ ‌ပုံေဖာ္၍မရခဲ့။

ညီက သူထားဖူးတဲ့ ရည္းစားေကာင္မေလး‌ေတြနဲ့မတူ။

ေြခာက္လည္းမရ ေခ်ာ့လည္းမရ။ သူကလည္း ညီနဲ့မွ တအား

အပိုးက်ိုးေနတာြဖစ္ျပီး ဒီအက်င့္ေလးေတြကိုပဲ ခ်စ္ေနတာပင္။

မနက္စာ၊ စားျပီးသည့္ေနာက္ ေဖေဖက ဒယ္ဒီကို ကားနားထိ

လိုက္ပို့ျပီး နွစ္ဦးသား ၅မိနစ္ေလာက္ နမ္းလိုက္ဖက္လိုက္နဲ့

အလြမ္းသယ္ေနြကပုံကို ြကည့္ျပီး သူ ေဘးက ညီ့ကိုမ်က္နွာငယ္

ေလးြဖင့္သာ ြကည့္ေနမိပါသည္။ စိတ္မာလြန္းသူ ညီက သူ့ကို

'စိတ္ေတာင္မကူးနဲ့' ဆိုတဲ့စကားကို အံြကိတ္ ေျပာခဲ့ျပီး မ်က္နွာလြွဲသြားသည္မို့ ဒယ္ဒီတို့နွစ္ေယာက္ကို ြကည့္ဖို့ရာအတြက္ အျပင္ထြက္လာရသည္။

"ဒယ္ဒီသြားျပီေနာ္.. မင္းေဖေဖကို ဂရုစိုက္လိုက္ဦး"

"စိတ္ခ် ဒယ္ဒီ"

ဒယ္ဒီ့ကားေလးေမာင္းထြက္သြားခ်ိန္မွာေတာ့ ေဖေဖ့မွာ သက္ျပင္းခ်ရင္း အိမ္ထဲကို ေလ်ွာက္ဝင္သြားသည္။ သူတို့စံအိမ္နဲ့

မနီးမေဝးမွာ ေရပန္းြကီးတစ္ခုရွိျပီး အဲ့ဒီအနီးမွာ ေရပန္းကို

ဝိုက္စိုက္ထားတဲ့ နွင္းဆီနီေတြရွိသည္။ ဒါေတာင္ ြခံအလယ္မွာ

ရွိတဲ့ ေဖေဖ့ပန္းဥယ်ာဉ္ကို သူမေရာက္ဖူးေသးေပ။

"ကိုကို့ဖုန္း လာေနတယ္!!

ဖုန္းကို ထိုးေပးလာတဲ့ ညီေြကာင့္ ခပ္ေရးေရးျပုံးရင္း

"ဖုန္းကိုစားပြဲေပါ္တင္ခဲ့တာ..ေက်းဇူးေနာ္.. ညီ

ဒါနဲ့ ဘယ္သူဆက္တာလဲ ဖုန္းေတာ့ကိုင္လိုက္တာမဟုတ္ဘူး

ကိုကို့မွာ ညီမသိေအာင္ လုပ္ထားတဲ့အရွုပ္ေတြ ဘာမွမရွိတဲ့ဟာ"

"မမခင္တဲ့!!!

သူ့မ်က္ခုံးေတြ နည္းနည္းပင့္သြားရသည္။ မမခင္နဲ့ သူ့ြကားမွာ

ဘာဆို ဘာမွေျပာစရာမရွိ။ ဒါေပမယ့္ ညီ့လက္ထဲက ဖုန္းကို

ယူကာ ခ်က္ခ်င္းကိုင္လိုက္သည္။

"ဟုတ္ကဲ့ မခင္ခင္ခ ေျပာစရာရွိလို့လား.."

'ဩဂတ္.. မင္းကိုသတိရလို့ေလ အရင္ကလိုပဲ မမခင္လို့

ျပန္ေခါ္ပါ့လားဟင္ တို့နာမည္အျပည့္စုံကို မင္းနွုတ္က

ြကားရတာ သူစိမ္းဆန္သလိုခံစားရလို့'

"သူစိမ္းေတြပဲေလ မမခင္ရဲ့ က်ြန္ေတာ္တို့ြကားထဲမွာ ဘာမွ

ေထြေထြထူးထူး ေျပာစရာမွမရွိတာ"

'ခက္တာပဲ ဩဂတ္ရယ္ ဒီမွာ မင္းမမခင္ကို နည္းနည္းမွ

သတိမရဘူးလားဟမ္ မလြမ္းဘူးလား'

"အဲ့အေြကာင္းေျပာရရင္ေတာ့ မမခင္ ထင္သလိုပါပဲ

က်ြန္ေတာ္ေရွ့ေရးအတြက္ ြကိုးစားေနရလို့ ဘယ္သူ့ကိုမွ

လြမ္းခ်ိန္မရွိပါဘူး"

မမခင္နဲ့ ဖုန္းေျပာေနတုန္း နွုတ္ခမ္းစူကာ ထြက္ေျပးရန္ျပင္ေနတဲ့

ေကာင္ေလးကို အေနာက္ကေန သိမ္ေနတဲ့ခါးကို လက္နဲ့အသာ

လွမ္းဖက္ရင္း ပခုံးေလးကို ဖြဖြကိုက္လိုက္ေတာ့ 'အာ့' ခနဲ

အသံထြက္လာေတာ့ သူသေဘာက်ရသည္။

'ဩဂတ္ ဘယ္ကိုေရာက္ေနတာလဲ'

ရုန္းေနတဲ့ ညီ့အား ရင္ခြင္ထဲမွာ ထည့္ထားရင္း သူ့မ်က္နွာကလည္း ရြွျမူးရိပ္တို့နဲ့ ျပည့္နွက္ေနခဲ့ပါသည္။

"က်ြန္ေတာ့္ဘဝရဲ့ အလင္းေရာင္ေလးက ရန္ကုန္ကေန

ထြက္ေျပးသြားလို့ သူရွိတဲ့ ေနရာကို ေရာက္ေနတာပါ မမခင္"

'ဘယ္ေနရာလည္းဆိုတာ မမခင္ကိုေျပာေလ လိုက္လာခဲ့မယ္

တစ္လက္စတည္း မင္းဒယ္ဒီနဲ့လည္း ေတြ့ရတာေပါ့'

"ဒယ္ဒီနဲ့ေတြ့ျပီး မမခင္က ဘာလုပ္မလို့လဲ"

'မင္းက ငယ္ေသးတယ္ ဩဂတ္ ဒီလိုအရြယ္မွာ ဆုံးြဖတ္ခ်က္

အမွားေတြခ်မိတာမ်ိုးက ပုံမွန္ပါပဲ ဒါကို မင္းဒယ္ဒီကလမ္းမွန္

ေရာက္ေအာင္ ဆုံးမရမွာေလ'

ညီ့အျပင္ ဒယ္ဒီကိုပါ အေျပာခံလိုက္ရေတာ့ သူ့စိတ္ထဲ

တင္းခနဲြဖစ္သြားသည္။ မမခင္ဆိုတာ သူတစ္ခ်ိန္က အထင္ြကီး

ေလးစားခဲ့တဲ့ မိန္းမတစ္ေယာက္။ အခုေတာ့ ေလးစားစရာကေန

ရြံစရာြဖစ္ေနေတာ့သည္။

"အဲ့ကိစ္စဆိုရင္ေတာ့ ေျပာဖို့မလိုပါဘူး မမခင္သာ ကိုယ့္ကို

လူထုတ္စက္လို သေဘာမထားတဲ့ ေယာက္်ားကိုရွာယူပါ"

'ဩဂတ္ မင္းစကားေတြက လြန္ေနျပီ မမခင္က သူမ်ားေတြ

လိုခ်င္ရင္ေတာင္ မရနိုင္တဲ့သူေနာ္..'

"ဟုတ္လား!! ဒါေပမယ့္ က်ြန္ေတာ္ မလိုခ်င္ဘူးေလ"

'မင္း.. အရမ္းရက္စက္တယ္ မမခင္ကို ခ်စ္ခြင့္ပန္ျပီး

ျပန္ရုတ္သိမ္းလိုက္တာက မမခင္ရဲ့ အရွက္နဲ့သိက္ခာကို

ထိပါးလိုက္တာနဲ့အတူတူပဲ အနည္းဆုံးေတာ့ မင္းက မမခင္ကို

ကာကြယ္ေပးရမွာမဟုတ္ဘူးလား'

"ဒီမွာ မခင္ခင္ခ!!!!! ဩဂတ္ဂုဏ္ပိုင္ ဟိုးအရင္ကတည္းက

ကာကြယ္ေပးခ်င္တဲ့လူ တစ္ေယာက္ပဲ ရွိခဲ့တာ အဲ့ဒါက

ေသာ္ဒီထူးဟန္ပဲ"

'သူ့ကို ကာကြယ္ရေအာင္ သူက ဘာမလို့လဲ မင္းအတြက္

ကေလးေမြးနိုင္လား မင္းလိုခ်င္တဲ့မိသားစုကို သူေပးနိုင္လား'

"ကေလးေမြးနိုင္တဲ့ မိန္းမတစ္ေယာက္ဆိုတိုင္း ကိုယ့္ကိုယ္ကိုယ္

ဂုဏ္ယူမေနပါနဲ့ မမခင္!!! တကယ္ဆို က်ြန္ေတာ့္အတြက္

ေသာ္ဒီထူးဟန္က မမခင္ လက္လွမ္းမမွီနိုင္တဲ့ ေနရာမွာ

ရပ္ေနခဲ့ျပီးသားပါ.. ကိုယ့္အေမနဲ့ လိင္တူမိန္းမတစ္ေယာက္ကို

စကားလုံးြကမ္းေတြနဲ့ က်ြန္ေတာ္မေျပာခ်င္ပါဘူး "

ြကားေနရတဲ့ ေသာ္ဒီမွာလဲ မ်က္ေမွာင္ြကုတ္ျပီး ကိုကို့လက္က

ရုန္းထြက္ေနေသာ္ျငား အခ်ည္းအနွီးသာ။

"က်ြန္ေတာ္ကို မဆက္သြယ္ပါနဲ့ေတာ့ က်ြန္ေတာ္ ဘယ္တုန္းကမွ

မခင္ခင္ခကို အစစ္မွန္ခ်စ္ခဲ့တာ မဟုတ္ဘူး!!

တိက်ျပတ္သားစြာ ေျပာျပီးေနာက္မွာေတာ့ သူဖုန္းကိုခ်ပစ္လိုက္သည္။ ရယ္ေတာ့ရယ္ရသား.. တစ္ခ်ိန္တုန္းက မမခင္ကို

ဘယ္ခ်ိန္‌ပဲေတြ့ပါေစ မမခင္ရဲ့အလွက သူ့ကိုအသက္ရွူရပ္ေစတဲ့

အထိ စိတ္လွုပ္ရွားေစေသာ္လည္း အခုခ်ိန္မွာေတာ့ မမခင္က

သူသိဖူးေပမယ့္ မသိခ်င္ေတာ့တဲ့ သာမန္မိန္းမတစ္ေယာက္သာ

ြဖစ္ေတာ့သည္။

ရုန္းေနတဲ့ ညီ့အား ငုံ့ြကည့္လိုက္ပါသည္။ ညီက အသားက

ခပ္ြဖူြဖူ သူ့မ်က္နွာေပါ္မွာထင္းရွားတဲ့အမွတ္ဆိုလို့ မ်က္ခမ္း

ေအာက္က စိုလဲ့ေနတဲ့ မ်က္ရည္ခံမွဲ့ေလးတစ္လုံးသာရွိသည္။

ညီက သူ့ကိုစိတ္လွုပ္ရွားေစဖူးတဲ့ မိန္းမေတြလို နွုတ္ခမ္းနီ

မဆိုးတတ္ေပမယ့္ ညီ့နွုတ္ခမ္းေတြက ရဲေနတတ္သည္။ ဒါေတာင္

လူလစ္ရင္ ေဆးလိပ္ခိုးေသာက္ခ်င္ေသးတာ။

ခဲေရာင္ဆံပင္ေလးအား ငုံ့နမ္းရင္း သူ ျပုံးရပါသည္...။

"ဘာလို့ရုန္းေနတာတုန္းကြာ!!

"လြွတ္!! အထဲမွာ ေဖေဖရွိတယ္ေနာ္.."

"ရွိေတာ့ဘာြဖစ္လဲ ေဖေဖက ကိုယ့္ကို မင္းနဲ့သေဘာတူပါတယ္ေနာ္"

"ေဖေဖသေဘာတူလည္း က်ြန္ေတာ္သေဘာမတူဘူးဗ်ာ..

လူယုတ္မာြကီး မ်က္နွာမ်ားတဲ့ လူရွုပ္လူေပြ!!

"ဟာ!! မမ်ားပါဘူး ညီရယ္.. ဒီမွာြကည့္ပါ့လား မ်က္နွာက

တစ္ခုထဲရယ္"

ေသာ္ဒီစိတ္တိုတိုနဲ့ ကိုကို့ေြခေထာက္ကို နင္းပစ္လိုက္ျပီး

ေျပးထြက္ခဲ့လိုက္သည္။ ကိုကိုမျမင္ရတဲ့ ေနရာမွ ရပ္တန့္လိုက္ျပီး

နိမ့္လိုက္ျမင့္လိုက္ြဖစ္ေနတဲ့ ရင္ဘက္ကို အသာဖိရသည္..။

ကိုကိုက သူမ်ားကို ဘယ္လိုရင္ခုန္ေအာင္ လုပ္ရမလည္းဆိုတာေတာ့ သိသားပဲ။

......................

"ဟိတ္..ကိုေသာ္!!

အေနာက္ကထြက္ေပါ္လာတဲ့ အသံေြကာင့္ ေသာ္ဒီလွည့္ြကည့္လိုက္သည္။

"ဟာ!! ထူးထူး ဘယ္ကေန ဘယ္လိုေရာက္လာတာလဲ"

"ဟြန့္!! က်ြန္ေတာ္တစ္ေယာက္လုံး လာတာေတာင္

သတိမထားမိရေအာင္ ကိုေသာ္ ဘာေတြ ေတြးေနတာလဲ"

ထိုအခါ ထူးထူးကို သူအတိုက္ခံျငင္းရေတာ့သည္။ ထူးထူးက

သူ့ထက္၃နွစ္ငယ္ကာ မြကာခင္ကမွ သူခင္ခဲ့ရတဲ့ ေကာင္ေလး

တစ္ေယာက္သာြဖစ္သည္။ ဒီေန့ ပန္းြခံဘက္မွာ ေဖေဖ့အတြက္

ပန္းေတြ လာခူးေနတုန္း ဘယ္ကေန ဘယ္လိုေရာက္ေနမွန္း

မသိတဲ့ ထူးထူးနဲ့ ေတြ့ြခင္းသာြဖစ္သည္။ သူတို့ရဲ့ စံအိမ္ြကီးက

တစ္အိမ္တည္းပဲကြဲထြက္ေနကာ ေဘးမွာ အိမ္နီးခ်င္းေတြမရွိပါ။

ဒါေြကာင့္ ဒီကိုလာမယ္ဆိုရင္ တကူးတက လာမွပဲ ရနိုင္မွာ။

"ကားနဲ့ လာတာေပါ့ တစ္ေယာက္ထဲ မဟုတ္ပါဘူး

သူငယ္ခ်င္းေတြနဲ့.."

"သူငယ္ခ်င္းေတြကေရာ ဘယ္မွာလဲ"

"အျပင္မွာရပ္ထားတဲ့ ကားထဲမွာေပါ့ ြခံတံခါးကလည္း ဖြင့္ထားေတာ့ ဝင္လာလိုက္တာ ဦးေလးကိုေမးေတာ့ ကိုေသာ္ပန္းြခံဘက္မွာ ဆိုလို့.."

"ေဟာဗ်ာ!! ေရာက္တာမ်ား ြခံထဲထိ ကားကိုေမာင္းခဲ့တာ

မဟုတ္ဘူး"

"ကိုေသာ္ကလည္းဗ်ာ အဲ့နွစ္ေယာက္က ပုံမွန္ခ်ိန္ေတြဆို

စပ္စလူးနတ္ပူးေနတဲ့အတိုင္းပဲ အခုမွ ေြကာက္တယ္ မဝင္ရဲဘူးတဲ့ "

"ဘာေြကာက္စရာရွိလဲ အစ္ကိုက ဝါးစားမွာမလို့လား"

ထူးထူးက အသံထြက္ရယ္ျပီး ကိုေသာ့္လက္ထဲက ပန္းေတြအား

ြကည့္ေနလိုက္သည္။ တစ္လက္စတည္း ကိုေသာ့္လက္ေခ်ာင္း

သြယ္သြယ္ေလးေတြကို ေငးြကည့္ရင္း စကားစသည္။

"ကိုေသာ္ ေခြးေြကာက္တတ္မွန္း မသိခဲ့ဘူး အဲ့ေန့က ကိစ္စအတြက္ ေတာင္းပန္ပါတယ္ေနာ္"

"ရပါတယ္ ထူးထူးရာ မင္းက တမင္လုပ္တာမွမဟုတ္တာ"

"ဒီေလာက္ခ်စ္စရာေကာင္းတဲ့ ေခြးကို ၊ ကိုေသာ္ေြကာက္လို့

ထူးဆန္းေနတာ သိလား ကိုေသာ္"

"အင္း!!

"ဘာလို့လည္းဟင္"

ေသာ္ဒီ သက္ျပင္းခ်လိုက္သည္။ ျပီးမွ

"ငယ္ငယ္တုန္းက ေခြးကိုက္ခံဖူးလို့ပါ အဲ့ကတည္းက

ဘယ္လိုေခြးမဆို ေြကာက္ေတာ့တာပဲ"

ထူးထူးကေတာ့ ေခါင္းတညိတ္ညိတ္နဲ့ အဲ့တုန္းက ကိုေသာ္က

တကယ္ေခြးေြကာက္ရွာေနတာပင္။ လူစိမ္းေယာက္်ားတစ္ေယာက္ရဲ့ ရင္ခြင္ထဲကို အားကိုးတြကီး တိုးဝင္ေနတဲ့ကိုေသာ့္

ပုံစံက သူ့မ်က္စိထဲကေန အခုထိမထြက္။

"ဟို... အဲ့ေန့က ေတြ့ခဲ့တာ ကိုေသာ့္ခ်စ္သူလားဟင္!!!

ေသာ္ဒီလွုပ္ရွားမွုေတြရပ္သြားျပီး ေဘးနားက ထူးထူးကို

ျပန္ြကည့္လိုက္သည္။ ထိုအခိုက္ အေဝးေနရာမွာ ဖုန္းေျပာေနတဲ့

ကိုကို့အား သူလွမ္းျမင္ရေတာ့ ရင္ထဲတလွပ္လွပ္ြဖစ္လာရသည္။

"မဟုတ္ပါဘူး သူက ကိုယ့္အစ္ကိုပါ!!

"ဟုတ္လို့လား ကိုေသာ္က တစ္ဦးတည္းေသာ သားဆို!!

"ဟုတ္တယ္ ကိုယ္ကေဖေဖ့သား ကိုကိုက ဒယ္ဒီသားေလ"

"ဪ.. ဒါေပမယ့္ ခ်စ္သူေတြလိုမ်ိုးပဲေနာ္ သူကလည္း

ကိုေသာ့္ကို တအားခ်စ္တဲ့ပုံပဲ အဲ့ေန့က ဖက္ထားတာကို

ြကည့္ေလ က်ြန္ေတာ့္ကိုလည္းြခံရိပ္ေတာင္မနင္းနဲ့ဆိုပဲ..

ကိုေသာ္ ေခြးေြကာက္တတ္မွန္း ဘယ္လိုလုပ္ သိမွာလဲ

ဟြန့္!! အသက္ြကီးျပီးအခ်ိန္မစီးဘူး ကိုယ့္ထက္အငယ္ကို

ညွာရမွန္းမသိတဲ့လူ အဲ့လိုလူကို ဘယ္သူက ြကိုက္မွာလဲ

အရူးကပဲ ြကိုက္မွာ!!

ထူးထူးစကားေြကာင့္ သူ့လက္ဖ်ားေတြ ေအးစက္ေတာင့္တင္း

သြားခဲ့၏။ ကိုကို့ကို စသိက်ြမ္းခဲ့သည့္ ၁၃နွစ္အရြယ္ကတည္းက

ေသာ္ဒီထူးဟန္ဆိုတာ ကိုကို့ကို စကားနဲ့ေတာင္ အထိခိုက္ခံသူ

မဟုတ္ေပ။

"အဲ့လိုေျပာတာ ရိုင္းတယ္ေနာ္ ထူးထူး... ဘာပဲြဖစ္ြဖစ္

သူက ကိုယ္တို့ထက္ အသက္ြကီးတယ္ေလ လူတိုင္းက

အျမဲမခ်ိုနိုင္ဘူး ကိုကိုက လူေကာင္းတစ္ေယာက္ပါ"

"ဟြန့္!! ေျပာေတာ့ မခ်စ္ဘူးဆို အခုသူ့ဘက္က ကာေျပာေနတယ္ သြားပါျပီဗ်ာ က်ြန္ေတာ့္မွာေတာ့ ကိုေသာ့္ကို စေတြ့တုန္းက

ေခ်ာေခ်ာေလးဆိုျပီး Crush လိုက္ရတာ အခုက် ပိုင္ရွင္ြကီးနဲ့"

ေသာ္ဒီကေတာ့ ကေလးဆန္တဲ့ ထူးထူးအေျပာတို့ေြကာင့္

အသံထြက္ရယ္ကာ ေခါင္းခါလိုက္သည္။ ဒါကို ထူးထူးက

သူ့နားကို တိုးကပ္လာျပီး..

"ကိုေသာ္နဲ့ အဲ့လူြကီးက ဘယ္သူကအေပါ္ ဘယ္သူကေအာက္လည္းဟင္"

ေသာ္ဒီ နွုတ္ခမ္းမဲ့က်သြား၏။ ကိုကိုနဲ့ သူဆိုရင္ ကိုကိုက

လူေကာင္ပိုြကီးျပီး သူကေတာ့ ကိုကိုနဲ့ယွဉ္ပါက ေသးတဲ့ထဲမွာ

ပါဝင္၏။ ဒါေပမယ့္ ထူးထူးတို့လို လူနဲ့က်ေတာ့ သူကအရပ္

ပိုရွည္ျပီး ထင္းထြက္ေနေရာ။

"ငါက ေအာက္!!!

"ဗ်ာ!!

ထူးထူး စကားဆက္ေျပာဖို့ျပင္ေနတုန္းမွာပဲ အေနာက္ကေန

သူ့အင္္က်ီေကာ္လံကို ဆြဲတာ ခံလိုက္ရသည္။

"ဟမ္!!

"ေဟ့ေကာင္!! မင္းဘယ္လို ဝင္လာခဲ့တာလဲ ေခြးတိုးေပါက္ကလား"

"ခင္ဗ်ားပဲ ေခြးတိုးေပါက္ကဝင္!!

အေနာက္ကေန အတင္းဆြဲထားတာမို့ ထူးထူးက ယက္ကန္ယက္ကန္ ြဖစ္ေနကာ ေရွ့တိုးလို့ပင္မရ။

"ကိုကို!! ဘာလို့ သူမ်ားကိုအနိုင္က်င့္ေနတာလဲ

ရူးေနလား"

"ညီ..အသာေန ဒီေကာင့္ကို၊ ကိုကိုရွင္းမယ္"

"ကိုေသာ္က လြွတ္ေပးလိုက္လို့ ေျပာေနတဲ့ဟာ"

"ငါ့ခ်စ္သူ အနားကို ဘာလို့ကပ္တာလဲ မင္းြခံထဲ

မဝင္ခင္မွာ ြခံေရွ့မွာရွိတဲ့ ဆိုင္းဘုတ္ေပါ္ကစာကို

မေတြ့ခဲ့ဘူးလား"

"ဘာစာလဲ!!

ထိုအခါမွာေတာ့ သူျပုံးလိုက္ရသည္။ ထို့ေနာက္ သေကာင့္သားရဲ့

ဂုတ္ကိုဆြဲျပီး ြခံျပင္ကိုထြက္ရန္ျပင္သည္။ ညီကသူ့ကိုတားသလို

ေဖေဖကလည္း ေြကာင္အမ္းအမ္းနဲ့ ြကည့္ေနခဲ့ပါသည္..။

ြခံေရွ့က ဆိုင္းဘုတ္နားကို ေရာက္ေတာ့မွ လြွတ္ေပးလိုက္ျပီး

"အဲ့မွာ ေရးထားတာကို အသံထြက္ျပီးဖတ္စမ္း!!!

ထူးထူးမွာေြကာင္အမ္းအမ္းနဲ့ ဆိုင္းဘုတ္ေပါ္က စာေတြကို

အသံထြက္ျပီး ဖတ္ရေတာ့သည္။

"ေခြးနဲ့ ေခြးပိုင္ရွင္မဝင္ရ.."

ဒါသက္သက္လုပ္တာ...

"ခင္ဗ်ား ဒါ က်ြန္ေတာ္ကို ေျပာတာ မဟုတ္လား!!

"သိရင္ ျပီးတာပဲ "

"ဒါေပမယ့္ အခု ေခြးမွမပါတာ!!

"ေခြးေရာ ေခြးပိုင္ရွင္ေရာ ြကည့္မရလို့ကြာ ဘာြဖစ္လဲ"

အဲ့ေန့ကတည္းက လိုလိုမယ္မယ္ဆိုျပီး ြခံေရွ့မွာဆိုင္းဘုတ္

ေထာင္ထားခဲ့ြခင္းြဖစ္သည္။ အခုလည္း ညီ့အနားကိုအတင္း

လိုက္ကပ္ေနတဲ့ သေကာင့္သားကို ြကည့္လို့မရ။ ညီက

သူ့ကိုသာ ခပ္တည္တည္ဆက္ဆံေပမယ့္ က်န္တဲ့လူေတြကိုေတာ့

ျပုံးျပုံးရြွင္ရြွင္ ဆက္ဆံသည္။

"ငါ့ခ်စ္သူအနားကို ကပ္ရဲကပ္ြကည့္ မင္းကို အရိုးတစ္ြခား

အသားတစ္ြခားြဖစ္ေအာင္ လုပ္ပစ္မယ္ နားလည္လား"

"ဟြန့္!! ကိုေသာ္နဲ့ေတာင္ ဘာမွမဟုတ္ေသးတာကို

ပိုင္ဆိုင္ေြကာင္း သိပ္ျပခ်င္ေနတာပဲ"

"အခုမဟုတ္ေပမယ့္ ေနာက္ ဟုတ္ေတာ့မွာေလ

ပုံစံက ၊ ကေလးမသာရုပ္နဲ့ သူမ်ားခ်စ္သူအနားကို

လာကပ္ရဲေသးတယ္"

"ဘာ!! ခင္ဗ်ားကသာ ကေလးမသာ"

"မင္းက ၊ ကေလးမသာေလ အခုထြက္သြားစမ္း!!

ထိုစဉ္ ညီက အျပင္ကို ေလေသနတ္ြကီးဆြဲကာ ထြက္လာသည္။

ဒါနဲ့ ကေလးမသာက ျမင္လားဆိုတဲ့သေဘာနဲ့ ေမးေငါ့ျပတာေြကာင့္ နရင္းတစ္ခ်က္အုပ္လိုက္ရသည္။

"ေဟ့ေရာင္!!ကိုကို သူ့ကိုလြွတ္လိုက္!!

ေသနတ္ြကီးနဲ့ ခ်ိန္ထားတာမို့ သေကာင့္သားအား မလြွတ္ခ်င္ပဲ

လြွတ္လိုက္ရသည္။

"ညီကကြာ!! အဲ့ဒါဘာလုပ္တာတုန္း ကိုယ့္ခ်စ္သူကို အခုလို

လုပ္ရလား"

"ဘယ္သူက ခင္ဗ်ားခ်စ္သူလဲ ဒီမွာ ခင္ဗ်ားကိုက်ြန္ေတာ္ျငင္းတယ္"

ေျပာ‌လည္းေျပာ လူကို ေြခေထာက္တစ္ဖတ္နဲ့ လွမ္းကန္သည္။

စိတ္မရွည္ေတာ့တဲ့သူက ညီ့ကိုသာ ပခုံးေပါ္ ထမ္းတင္ျပီး

ြခံထဲျပန္ဝင္လာတာမို့ ညီက ယက္ကန္ ယက္ကန္ပါလာခဲ့သည္။

ဒီလိုနဲ့ ညီ့ကို သူနဲ့အတူ ရန္ကုန္ကို ျပန္ေခါ္ရန္ လာပိုးပမ္းတဲ့

အစီစဉ္က ဟိုလိုလို ဒီလိုလိုြဖင့္ နွစ္ပတ္ေလာက္ ြကာသြားခဲ့သည္။

........................

ေရွ့က ျမင္ကြင္းကိုြကည့္ရင္း သူမွင္သက္ေနမိသည္..။

ညေန ၅နာရီမို့ ေနကသိပ္မပူေတာ့ဘဲ က်န္ေနေသးတဲ့

ပုစြန္ဆီေရာင္ ဆည္းဆာ ညေနခင္းအလွက သိပ္ြကည့္လို့

ေကာင္းေန၏။ သို့ေသာ္ ညီ‌သူ့ကို ‌ဆြဲေခါ္လာသည့္ ေနရာက

ျမင္းစီး ကြင္းတစ္ခုကိုြဖစ္သည္။

"ဒါက က်ြန္ေတာ္အြကိုက္ဆုံး ျမင္းေလ ဂ်က္ကီတဲ့..

ကိုကို သူ့ကိုယူလိုက္!!

"ကိုကိုယူျပီး ဘာလုပ္ရမွာလဲ.."

ညီ သူ့ကို ဆတ္ခနဲလွည့္ြကည့္လာသည္။ မ်က္ေတာင္မခတ္တမ္း

ြကည့္ေနျပီးမွ ‌ေခါင္းစေြခဆုံး ထပ္ြကည့္ရင္း ျပီးမွ နွုတ္ခမ္း

ေထာင့္စြန္းေလးကို ေကာ့ညြတ္ကာ ျပုံးျပသည္။

"ယူလိုက္!!

ဆိုရင္ပဲ ညီ့လက္ထဲက ျမင္းဇက္ြကိုးကို ဘုမသိ၊ ဘမသိြဖင့္

ယူလိုက္ရသည္။ ျပီးမွ ညီက ကြင္းထဲကေန ျမင္းတစ္ေကာင္ကို

ဆြဲထုတ္လာသည္။ ညီတစ္ေယာက္ ရန္ကုန္ကေန ျပင္ဦးလြင္ကို

ခဏခဏသြားေနခဲ့တာ အရင္ကေတာ့ အဲ့ဒါက အလကား

သက္သက္သြားတာဟုထင္ေသာ္လည္း အခုမွ ျပင္ဦးလြင္မွာ

ညီ သင္ယူခဲ့တာေတြ မ်ားသားဟု ေကာက္ခ်က္ခ်ရသည္။

"ကိုကို ဘာေြကာင့္ က်ြန္ေတာ့္ဆီ လိုက္လာခဲ့တာလဲ!!!

"ညီ့ကို ခ်စ္လို့ေလ မခြဲနိုင္လို့!!

"ဪ... က်ြန္ေတာ့္အေြဖ မရမခ်င္း မျပန္ဘူးေပါ့ အဲ့လိုလား"

"ညီပါမွ ရန္ကုန္ျပန္မယ္!!

ညီကေတာ့ ေခါင္းတညိတ္ညိတ္။ အရင္ကလို ခပ္ြကမ္းြကမ္း

စကားေတြေျပာျပီး ျပန္ခိုင္းတာမ်ိုးမဟုတ္တာမို့ ညီတစ္ခုခု

ြကံေနမွန္း သိေသာ္လည္း လက္ရွိတြင္ေတာ့ သူတတ္နိုင္တာ

ဘာမွမရွိေခ်။

ထို့ေနာက္ ညီ သူ့ကို ခပ္လွမ္းလွမ္း ေခါ္လာခဲ့သည္။ ကြင္းက

စိမ္းစိုေနကာ ျမက္နုနုေလးေတြရွိသည္မို့ ြကည့္ရသည္မွာစို‌စို

ေျပေျပရွိလွသည္။

"ကိုကိုက က်ြန္ေတာ့္ကိုခ်စ္တယ္ေျပာေနေပမယ့္ က်ြန္ေတာ္

မယုံဘူး!!!

"ဟင္ ဒါဆို ကိုကိုက ညီယုံေအာင္ ဘယ္လိုလုပ္ရမွာလဲ"

ေသာ္ဒီလွစ္ခနဲ ျပုံးလိုက္သည္။ ကိုကို သူ့ကို ခံစားရေအာင္

ဒီေလာက္လုပ္ထားတာ ရန္ကုန္က‌ေန လိုက္လာျပီးေခ်ာ့ရုံနဲ့

ေက်နပ္ရမည္လား။

ခ်စ္တာနဲ့ပဲ ထိပါးခံရမယ္လို့မဆိုလို‌ေပ။ သူ့ကို ခံစားရေအာင္

လုပ္တဲ့ ကိုကို့အား ပညာပါးပါးေတာ့ ျပရေပမည္။

"ကိုကို ျမင္းစီးဖူးလား"

"၁၄နွစ္ေလာက္ကေတာ့ စီးဖူးပါတယ္ ဒါေပမယ့္ တစ္ြကိမ္ပဲ!!

"စီးတတ္တယ္လား!!

"အက်ြမ္းြကီးေတာ့ မဟုတ္ပါဘူး ဘာြဖစ္လို့လဲ"

ညီက ေခါင္းေမာ့ရယ္ေတာ့ သူေြကာင္သြားသည္။ ေသခ်ာပါတယ္

ညီညီ တစ္ခုခုြကံစည္ေနတယ္ဆိုတာ..

"ကိုကို့ကို က်ြန္ေတာ္ ဘာလို့သေဘာက်ခဲ့လည္း သိလား!!

"ညီ့ကို ကာကြယ္ေပးလို့မဟုတ္ဘူးလား"

"မွားတယ္ ကိုကို... "

"ဒါဆို ဘာြဖစ္လို့ သေဘာက်ခဲ့တာလဲ"

"ကိုကိုက ညီ့ထက္ အျမဲတမ္း ေြခတစ္လွမ္းသာတယ္ေလ

ညီက ကိုယ့္ထက္ ေြခတစ္လွမ္းသာတဲ့ သူကိုပဲ ခ်စ္မွာသိလား

ဒီေတာ့ ကိုကို ညီနဲ့ ျပိုင္ရမယ္"

စကားအဆုံး ညီ့မ်က္နွာအား အလန့္တြကားြကည့္ရသည္။

မေျပာနဲ့ေနာ္ ျမင္းစီးျပိုင္ရမယ္လို့...

"ဘာျပိုင္မွာလဲ"

"ျမင္းစီးတာေလ.."

"ကိုကို မက်ြမ္းဘူး"

"တကယ္လို့ ကိုကိုနိုင္ရင္ က်ြန္ေတာ့္ကို အပိုင္ရမွာေနာ္!!!

သူ ‌ငိုင္က်သြားသည္။ သူက်ြမ္းတာဆိုလို့ ကားစီးတာကိုသာ

ြဖစ္သည္။ ၁၄နွစ္ေလာက္က ျမင္းစီးတစ္ခါသင္ဖူးေပမယ့္

အဲ့ေနာက္ေတာ့ ဒီလိုေနရာမ်ိုးေတြနဲ့ ခပ္ခြာခြာြဖစ္ခဲ့ရပါသည္။

ဒါေပမယ့္ သူလက္မခံရင္ ေသခ်ာတယ္ ညီက သူ့ကိုထားခဲ့မည္

ြဖစ္၏။ သူ လက္သီးေလးဆုပ္ျပီး ေခါင္းညိတ္ရုံကလြဲလို့ ဘာမွ

မတတ္နိုင္ခဲ့ပါ။ သူ ညီ့ကိုခ်စ္ေြကာင္းနဲ့ ညီ့ကိုျပန္ရခ်င္လို့ ြကိုးစား

ေနေြကာင္းကို ညီသိေစခ်င္ခဲ့သည္။

"ဟုတ္ျပီေလ ဟိုးမွာေတြ့လား ေရွ့က သစ္ပင္ြကီးကို!!

"အင္း"

"အဲ့ဒီကို အရင္ေရာက္တဲ့သူက အနိုင္ပဲ!!

ညီ့မ်က္နွာေပါ္မွာ ယုံြကည္ခ်က္ေတြ ရွိသေလာက္ သူကေတာ့

စိတ္ညစ္မွုေတြနဲ့ ပူပန္ေနရသည့္အသြင္ေဆာင္ေနခဲ့သည္။

ျမင္းေပါ္တက္ျပီးေနာက္မွာေတာ့ ညီ့ဘက္က မ်က္လုံးတစ္ဖက္

မွိတ္ျပကာ က်ီစယ္ေသာ္လည္း ျပန္မျပုံးနိုင္ခဲ့ပါ။

ေသခ်ာေပါက္ ညီ့ဘက္က စိန္ေခါ္ေနြခင္းသာ ြဖစ္သည္..။

အသက္၁၃နွစ္ကတည္းက သူ့အေပါ္အနိုင္ရခဲ့တဲ့ ညီက

ဒီတစ္ခါမွာလည္း အနိုင္ပိုင္းနိုင္ဦးမည္ဆိုတာ မသိစိတ္က

သိေသာ္လည္း ြကိုအရွူံးေပးလိုက္ြခင္းက သူ့ပုံစံမဟုတ္..။

နိုင္သည္ြဖစ္ေစ ရွူံးသည္ြဖစ္ေစ ညီနဲ့ပတ္သတ္ရင္ လက္ေလ်ွာ့မွာ

မဟုတ္ဘူးဆိုတာ ညီယုံေအာင္ သက္ေသျပရမည္။

နွစ္ေယာက္အတူ ျမင္းနဲ့အတူ ထြက္လာေပမယ့္ အေနာက္မွာ

က်န္ခဲ့တဲ့ ကိုကို့ေြကာင့္ ေသာ္ဒီမျပုံးဘဲမေနနိုင္ပါ။ အခုဆို

ကိုကိုတစ္ေယာက္ ဂ်က္ကီနဲ့အတူ ေယာင္လည္လည္ြဖစ္ေနရင္း

ဘယ္ေလာက္မ်ား စိတ္ေသာက ေရာက္ေနမလည္းဆိုတာ

ေတြးရုံြဖင့္ ၎င္းက ေသာ္ဒီကိုအူျမူးေစသည္။

"ေယး!!! နိုင္ျပီကြ!!

ေသာ္ဒီ ျမင္းေပါ္က ဆင္းျပီး ခုန္ေပါက္ေနေသာ္လည္း ဩဂတ္မွာ မျပုံးနိုင္ပဲ သူ့ကိုသာ မ်က္နွာြကီးရွူံ့တြကာ ြကည့္ေနခဲ့သည္။

ျပီးမွ ျမင္းေပါ္က ဆင္းရင္း သစ္ပင္အိုြကီးကိုမွီကာ ထိုင္ခ်လိုက္သည္။ ညီကေတာ့ သစ္ပင္အိုြကီးကို ဝိုင္းြကီးပတ္ပတ္ လွည့္ကာ

သူနိုင္လို့ ေပ်ာ္ေနေပမယ့္ မေပ်ာ္ရသူ တစ္ဦးကြဖင့္ ေခါင္းငိုက္စိုက္ က်ကာ မ်က္နွာမဲ့ေနခဲ့သည္။

"ကိုကိုရာ စိတ္မေကာင္းမြဖစ္ပါနဲ့... "

သူငယ္ခ်င္းေတြလို ပခုံးကို မာန္ပါပါ ဖက္ကာ နွစ္သိမ့္ေနေပမယ့္

တကယ္တမ္းမွာေတာ့ ကိုကို့မ်က္နွာအားြကည့္ကာ ရယ္ခ်င္ေနတာ ြဖစ္သည္။

"‌ေနာက္က်ရင္ ျမင္းစီးသင္ထားေပါ့!!

‌အားနာနာနဲ့ေတာင္ ျပန္မျပုံးျပတဲ့ ကိုကို့ရဲ့ပခုံးေပါ္ကို

ေခါင္းမွီခ်ရင္း ဝင္လုဆဲဆဲ ေနကို ြကည့္ရင္း ေသာ္ဒီအျပုံးေတြက

ညေန ၊ ေနဝင္ခ်ိန္ထက္ေတာင္ ပိုလွေနပါေသးသည္။

"ဒီေန့ ေနဝင္ခ်ိန္က အရမ္းလွတယ္ေနာ္ ကိုကို!!

"အင္း... လွေတာ့ ဘာလုပ္ရေတာ့မွာလဲ ကိုကိုရွူံးသြားျပီ "

"ဒါဆို ဝမ္းနည္းသြားတာေပါ့ ဟုတ္လား"

"အင္း.."

"ဘာလို့လဲ ဒါက ဒီအတိုင္း ျပိုင္ပြဲေလးပဲဟာကို.."

သူ ညီ့ရဲ့ မ်က္နွာကို လွည့္ြကည့္လိုက္သည္။ ျပီးမွ

"ဒါက ျပိုင္ပြဲသက္သက္ မဟုတ္ဘူး...ညီ

ကိုယ့္ဘဝတစ္ေလ်ွာက္လုံး ညီ့ကိုအရွူံးေပးလာခဲ့တာ

တစ္ခါ ထပ္ရွူံးသြားလည္း ဘာမွမြဖစ္ဘူး.. အခုဟာက!!!

အဖ်ားခတ္ တုန္သြားတဲ့ ကိုကို့အသံေြကာင့္ သူအလန့္တြကား

ြဖစ္သြားသည္။ ကိုကို့ကို စိတ္ဒုက္ခေရာက္ေအာင္ လုပ္မိတာ

လက္လြန္သြားျပီလားမသိ။

"က်ြန္ေတာ္မွ ဒီလိုမလုပ္ရင္ လြယ္တယ္ ထင္သြားမွာေပါ့!!

"ဘာရယ္!!!

"ဟုတ္တယ္ေလ ကိုကို့စိတ္ထဲမွာ ဒီေကာင္ေလးက ငါ့ကို

ြကိုက္ေနတာပဲ အခ်ိုေလးနည္းနည္း ပစ္ေက်ြးလိုက္ရင္

ရမွာပဲလို့ အလြယ္ေလး ေတြးခဲ့တာ မဟုတ္လား Noပါေနာ္

ရန္ကုန္က အထာေတြ ျပင္ဦးလြင္မွာ လာမသုံးနဲ့ မရဘူး!!

"ကိုကို့ဘက္က မင္းကိုလြယ္တယ္လို့ တစ္ခါမွမေတြးဖူးဘူးေနာ္"

ေသာ္ဒီမွာ အသံထြက္ရယ္ျပီး ကိုကို့ေပါင္ေပါ္ခြတက္ပစ္လိုက္သည္။ ေြကာင္အမ္းအမ္းြဖစ္သြားတဲ့ ကိုကို့ေမးဖ်ားကို

လက္နဲ့အသာပင့္လိုက္ေတာ့ တစ္ေယာက္ကိုတစ္ေယာက္

ခဏြကာတဲ့အထိ ေငးစိုက္ြကည့္ေနမိသည္။

"ကိုကို့အေြကာင္း ေရးထားတဲ့ စာေတြကို ဖတ္ျပီးျပီမလား"

"ဟမ္!! ဘယ္လိုသိလဲ"

"သိတာေပါ့ အမွတ္သားလုပ္ထားခဲ့တာေလ "

"အင္း!! ကိုကိုဖတ္ြကည့္ထားပါတယ္"

ေသာ္ဒီအျပုံးေတြက အူးျမူးရိပ္ေတြြဖင့္

"ေနာက္ဆုံးစာရြက္မွာ ေရးထားတာကို ဖတ္ျပီးျပီလား"

"စာအုပ္တစ္ဝက္ထိပဲ ညီေရးထားတာ မဟုတ္ဘူးလားဟမ္!!

"ကိုကိုပိန္းဥ... ဒီေလာက္ပိန္းလို့ က်ြန္ေတာ့္အခ်စ္ေတြကို

မျမင္တာ"

"ညီကလည္းကြာ!!!

သူခ်က္ခ်င္း ကိုကို့နွဖူးေလးကို တစ္ခ်က္နမ္းလိုက္သည္။

ျပီးမွ ကိုကို့နွုတ္ခမ္းကို သူ့ဘက္က စျပီး နမ္းမိ၏။ ကိုကိုက

အစက ေြကာင္သြားေပမယ့္ ေနာက္ေတာ့ သူ့ခါးကို ျပန္ဖက္ကာ

အနမ္းေတြတုန့္ျပန္ရင္း ျမက္ခင္းေပါ္ လွဲခ်ကာ ဆက္ျပီး

နမ္းလိုက္သည္။

"ကိုကိုနိုင္မွ မင္းကိုအပိုင္ရမယ္ဆို!!!

ေသာ္ဒီ ကိုကို့လည္ပင္းကို လက္နွစ္ဖက္နဲ့ ဖက္တြယ္ရင္း

"ရွူံးသြားရင္လည္း ကိုကိုနဲ့ျပန္မလိုက္ဖူးလို့ မေျပာခဲ့ဘူးေလ!!

ဩဂတ္ ဝမ္းသာသြားကာ သူြကားခဲ့တာကိုမယုံြကည္နိုင္ြဖစ္ေနသည္။

"ဒါဆို!!!

"ရန္ကုန္ျပန္ရေအာင္ ကိုကို!!

"အဟက္.."

"ဘာရယ္တာလဲ .."

"ကိုကို့ ညီက မ်က္ရည္လြယ္ေလး မဟုတ္ဘူးပဲ!!

"အံမယ္!! မ်က္ရည္လြယ္တယ္ဆိုတာက ကိုကိုတစ္ေယာက္တည္း အတြက္ပါေနာ္"

သူ ညီ့ရဲ့ နွဖူးကို နမ္းျပီးမွ နွုတ္ခမ္းေလးကိုျပြတ္ခနဲနမ္းလိုက္၏။

"ကိုကိုနဲ့ပတ္သတ္သမ်ွကို မီးရွိူ့ျပီး ထြက္ေျပးသြားခဲ့တာ

ကိုကိုဘယ္ေလာက္ ခံစားရလည္း သိရဲ့လား!!

"အဲ့ဒါ ကိုကိုဆိုးလို့ေလ ဟြန္း!!! ညီလည္း ဝမ္းနည္းခဲ့တာပါပဲေနာ္ သူကြဖင့္ မမခင္ကိုလက္ထပ္မယ္တကဲကဲ လုပ္ေနျပီးေတာ့"

"ေဟာဗ်ာ!!

"မဟုတ္ဘူးလား"

"ဟုတ္ပါတယ္ ကိုကို့အမွားပါ.."

သူ ကိုကို့ရဲ့ လည္ပင္းကို လက္နွစ္ဖက္နဲ့ခ်ိတ္တြယ္ျပီး သူ့မ်က္နွာနဲ့ အနီးစပ္ဆုံးထိ ငုံ့ကိုင္းေစလိုက္သည္။

"ဘယ္ေတာ့ လက္ထပ္မွာလည္းေျပာ.. သူမ်ားသားကို

မ်က္နွာလြွဲခဲပစ္ လုပ္မွာေတာ့မဟုတ္ဘူးမလား"

"အဲ့ေတာ့ ကိုကို့ကို ေျပာပါဦး ညီေလးကေန ခ်စ္သူြဖစ္သြားတဲ့

ခံစားခ်က္ကို.."

"ေပ်ာ္တယ္.."

"ဘယ္ေလာက္ထိလဲ"

ေသာ္ဒီက အသံထြက္ကာ တဟင္းဟင္းရယ္ျပီးမွ

"အခ်စ္ဦးကို ပိုင္လိုက္ရတဲ့ ခံစားခ်က္ကို ၊ ကိုကိုကသိလို့လား"

"အခ်စ္ဦးကို ပိုင္ဆိုင္ရတဲ့ ခံစားခ်က္ကိုမသိေပမယ့္ ညီ့ကို

ပိုင္ဆိုင္ရတဲ့ခံစားခ်က္ကို သိတယ္ေလ"

"ကိုကို အရူး ဟုတ္လည္းမဟုတ္ပဲနဲ့"

"အဟက္.. မဟုတ္ရင္ ကိုယ့္အေနထားြကီးနဲ့ ဘယ္လိုလုပ္

မင္းရဲ့ငယ္က်ြန္ ြဖစ္ပါ့မလဲ.."

သူ ကိုကို့ရဲ့ မ်က္နွာေလးကိုြကည့္ရင္း ပါးခ်ိုင့္ထင္းထင္းေလးကိုလက္နဲ့ ထိြကည့္လိုက္သည္။ ဒီပါးခ်ိုင့္ေလးထဲမွာ ေပ်ာ္ဝင္ဖူးတဲ့

မိန္းကေလးေတြ ဘယ္ေလာက္မ်ား ရွိလိမ့္မလဲ။

"က်ြန္ေတာ့္အသက္ ၁၃နွစ္ကတည္းက ကိုကို့ကိုခ်စ္လာခဲ့တာ"

ကိုကို့ရဲ့ မ်က္နွာနုနုေလးကို လက္နဲ့ဖြဖြပြတ္သပ္သလို

ကိုကိုကလည္း သူ့လက္ေလးကို ဆတ္ခနဲဖမ္းဆြဲကာ အရူး

တစ္ေယာက္လို နမ္းရွိုက္လာခဲ့သည္။

"ဒီမ်က္နွာေလးကိုေရာ ဘယ္ေလာက္ထိ ေငးြကည့္ခဲ့ရလည္း

ကိုကိုသိလား.. "

"ေနာက္ဆို ေငးြကည့္စရာ မလိုေတာ့ပါဘူး ဒီေယာက္်ားက

မင္းအပိုင္ပဲေလ.."

သူဟာ ကိုကို့ရဲ့ ၁၅နွစ္တုန္းကပုံစံေလးကိုလည္း သေဘာက်သလို ၂၅နွစ္အရြယ္ ကိုကို့ကိုလည္း သေဘာက်သည္..။

ကိုကိုက ေတာ္လည္းေတာ္ျပီး ရန္ေတာင္ တစ္ခါမွမြဖစ္ဖူးခဲ့တဲ့

လူလိမ္မာေလးတစ္ဦးြဖစ္သည္။ သူကေတာ့ ကိုကိုနဲ့မတူ

ဆန့္က်င္ဘက္ ေတြ့တဲ့လူနဲ့ရန္ြဖစ္သည့္သူပင္။ ထိုအခ်ိန္တိုင္း

သူရွုပ္သမ်ွေတြကို ေဖေဖမသိေအာင္ တိတ္တိတ္ေလးရွင္းေပး

သည့္သူအား ပို၍ ျမတ္နိုးရျပီး ကိုကို့ရဲ့စကားတိုင္းကလည္း

သူ့အတြက္ နာခံခ်င္စရာေလးြဖစ္ခဲ့သည္။

ေဖေဖဆုံးမရင္ေတာင္ လစ္လ်ွူရွုတတ္သူက ကိုကို့စကားတိုင္းကို

မဖယ္ရွားဝံ့ခဲ့သူပင္။ ထိုအခ်ိန္တိုင္း ကိုကို ဘာလို့ သူ့ကိုအလိုလိုက္ ေနတာလည္းလို့ ကိုကို့ကို ေမ်ွာ္လင့္ခ်က္အျပည့္ြဖင့္

ေမးခဲ့သမ်ွ 'အလိုလိုက္ရမွာေပါ့ ကိုကိုတို့က ညီအစ္ကိုေတြေလ'

ဆိုတဲ့ စကားေနာက္မွာ ဝမ္းနည္းရတာခ်ည္း။

"ခ်စ္တယ္..ကိုကို.. အစ္ကိုတစ္ေယာက္လိုမဟုတ္ပဲ

ခ်စ္သူတစ္ေယာက္လို ျမတ္နိုးမွုမ်ိုးနဲ့.."

[text_hash] => 2c058e8d
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...