Chapter 2: 1

Array
(
[text] =>

ဇာတ်လမ်းအကြောင်းကိုဘယ်ကနေစရမလဲဆိုတော့ကျွန်တော်တို့ရွာကနေပဲစရမယ်ဆိုပါတော့

ပြီးတော့ကျွန်တော်ဆိုတာကြီးထည့်ပြောရတာမကြိုက်ဘူး ဟန်လို့ဘဲသုံးမယ် နောက်တော့လည်းသိလာမှာပါ ဟန်နာမည်အရင်းကို

ဟန်တို့ရွာကအိမ်ခြေသုံးဆယ်ပဲရှိပြီး ရွာဦးဆရာတော်ကသာအုပ်ချုပ်တယ် ဆရာတော်ဝင်မဖြေရှင်းပေးလို့မရတဲ့ကိစ္စတွေဆိုရင်တော့ကူဖြေရှင်းပေးတယ်လက်ထောက်ရှိတယ် အစကတော့ရွာလေးက လယ်ကွင်းတွေခြံအကြယ်ကြီးတွေနဲ့စိုစိုပြေပြောပါဘဲ သတ္တုမိုင်းတွေမဝင်ခင်အထိပေါ့ ဝင်လည်းဝင်ပြီးရော နွားတို့ကျက်စားရာလယ်ကွင်းတောင်ဘယ်နားရှာရမှန်းမသိဘူး ခြံအကျယ်ကြီးရှိတဲ့သူတွေကလဲ နဲနဲချင်းစီဖဲ့ရောင်းရင်း အိမ်ရာကွက်လေးသာကျန်ခဲ့တော့တယ်

မိုးရာသီဆိုရင်တောင်ကျရေကြောင့်ရေချောင်းမှာရေတက်လာရင် အပျိုလူပျိုတွေရေချောင်းမှာသာချိုးကြသည် အိမ်တိုင်းလိုလိုရေတွင်းတွေရှိပေမဲ့မိုးရာသီဆို ရေချောင်းမှာချိုးကြတာများသည် အခုတော့အသစ်ပြောင်းလာသည့်လူတွေကြောင့် အမှိုက်တွေအဝတ်ဆွေတွေပစ်ချလို့ဘယ်သူ့မှရေမချိုးကြတော့

ရွာလေးသာငယ်တာ အလှူတို့မင်္ဂဆောင်တို့လုပ်ကြည့် ရွာသားတွေကအရမ်းညီကြတာ ကျန်တဲ့ချိန်ဆိုသွားမမေးနဲ့ ဟိုအိမ်နဲ့စကားမပြောရတာနဲ့ဒီလူနဲ့စကားမပြောရတာနဲ့

အခုဆိုသတ္တုမိုင်းကျေးဇူးကြောင့် ဈေးဆိုင်ထောင်ထားကြသည်မှာဟန်တို့အပါအဝင် လေးဆိုင် ရွာထိပ်နဲ့ ရွာနောက်ဆုံးမှာနှစ်ဆိုင် ရွာလယ်မှာနှစ်ဆိုင် ဟန်တို့ဆိုင်က ဘုန်းကြီးကျောင်းခြေရင်းမှာ နောက်ဈေးဆိုင်နဲ့ဆိုနှစ်အိမ်တော့ခြားတယ် စီးပွားရေးတော့ကောင်းသလားမမေးနဲ့ သူစားရတာငါမနာလို ငါစားရတာသူနာမလိုကြီးပဲ

"ဟေ့ကောင် ဟန် မလကာပင်ပေါ်တက်နေပြန်ပြီလား ဘုန်းကြီးလေးခွနဲ့ဆော်ရင်တော့ ကြည့်ကောင်းတော့မှာ"

အခုဟန့်ကိုလာပြောသာမှာဘုန်းကြီးလက်ထောက်ဖြစ်သည်

သူလည်းပြောပြီးသည်နှင့်ကျောင်းပေါ်တက်သွားသည်ကြောင့်ဟန်ပါလိုက်သွားသည် ကျောင်းပေါ်မှာမျက်စိအနောက်ဆုံးအရာပြပါဆိုလျှင် ရေခဲသေတ္တာပဲဖြစ်သည်

အဲထဲမှာမှ ခါရာဘောင်တလုံးယူသောက်လိုက်သည် မလကာပင်ပေါ်ကဆင်းလာရလို့မောသွားပီ

"ဘလောက်နဲ့ရောင်းလိုက်ပြန်ပြီ"

"450နဲ့ပါဘုရား"

"မိသန်းစိန်တို့ သူဌေးဖြစ်ပြီပေါ့"

မိသန်းစိန်ဆိုတာဟန်တို့မျက်စောင်းထိုးအိမ်ကဖြစ်ပြီး အခုလာပြောသူ၏ ယောက္ခမဖြစ်သည်

"အရင်လူတွေဘဲလား"

"မဟုတ်ပါဘူးဘုရား အခုကသူ့အကိုအောင်မျိုးယူတာပါ"

"အဲကိစ္စနဲ့ပက်သက်ပြီး အမေက၁၀၀လာလှူခိုင်းလို့ပါဘုရား"

ဟန်တို့ရွာမှာတစ်ခုကောင်းတာက ဘုန်းကြီးကျောင်းမှာဘာပဲလုပ်လုပ်သူ့ဒကာတွေဒကာမတွေစီကဘာမှမလှုခံတာပင် ရွာသားတွေကလှုခံရင်တောင် တားသေးသည် အခုလို မတည်ငွေတွေ ရည်ဇူးငွေတွေလာလှုရင်တော့လက်ခံသည်

တစ်ချို့ရွာတွေဆိုငါဘာလုပ်မှာ ဘလောက်လိုတယ် ဘလောက်လာထည့်ဆိုတာမျိုးဟန်တို့တောတန်းရွာဆရာတော်တွင်မရှိ

"ပြန်ပြီကိုညီရေ အိမ်ရောက်ရင်အမေကနားပူတော့မှာဗျ"

"အေအေး"

ဟန်အိမ်လာတော့ဆိုင်မှာလူတွေကျနေသည် အမေ့မျက်နှာတော့တခြမ်းကဝမ်းသာပြီးတခြမ်းကလငပုတ်ဖမ်းထားသလိုပဲ ဆိုင်ထဲကည့်လိုက်တော့မျက်နှာစိမ်းတွေ သေချာသလောက်ကတော့ဦးအောင်မျိုးလူတွေနေမှာ

"လာစမ်း နင်ဘယ်တွေသွားနေတာ ဆိုင်မှာငါတယောက်တည်းလက်မလယ်ဘူးဆိုတာနင်မသိဘူးလား ခေတ်ဆက်သာဟန်"

အဲဒါကဟန့်အမေ ဒေါ်ခေတ်ဆက်ရတီ မျက်နှာနှစ်မျိုးနဲ့အမေပေါ့

"မမသူက"

သူတို့ထဲတွင် အသက်ကြီးကြီးလူကမေးလာပြီး ဟန်ကိုလာအကဲခေတ်နေသည် ဟန်မကြိုက်တာအဲတာတွေ ဟိုအဖွဲ့ဆိုရင်လည်း ဟန်ဝါရင်းဒုတ်ပြထား၍ရိသဲ့သဲ့မလုပ်ရဲကြတော့ပေ အခုမှသိတဲ့လူတယောက်ကိုအခုလိုဝါးစားတော့မလိုစိုက်ကြည့်နေတာတော့မဟုတ်သေးပေ

"ကျွန်မသားအငယ်ပေါ့"

"အချောလေးပဲ"

"သူ့အဖေမျိုးတွေဖက်လိုက်တာလေ"

ကြည့်ရပုံစံအရတော့မိသားစုဝင်ဘယ်နှစ်ယောက်ရှိကြောင်း အဖေဆုံးသွားပီဖြစ်ကြောင်း အကိုကသုံးမရတာရယ် ဟန်ကဘာမှမလုပ်တက်တာကိုတော့ပြောပြပြီးပြီဆိုတာသိနှင့်နေပီ ဒါပေမဲ့ဟန်နာမည်ကိုတော့အမေကပြောပြမှာမဟုတ်ဘူး

ဟန်တို့ရွာက မြို့မကျတော့မကျဖြစ်ပြီး၂၄နာရီမီးလဲရသည် ဈေးဝယ်ချင်ရင်မနက်ပိုင်း လာရောင်းတဲ့သူတွေရှိသည် ကုန်ခြောက်တွေလိုချင်ရင်တော့ဟန်တို့ရွာကနေပေါကံမြို့နယ်လေးကိုမိနစ်၂၀ခန့်မောင်းသွားရသည်

သင်္ကြန်ရောက်ဖို့၂ရက်အလို

ဦးအောင်မျိုးတို့အဖွဲ့ကတော့ ကဲဖို့အစီစဥ်တွေဆွဲနေကြပြီ ဟန်တို့ကတော့အိမ်ထဲကအိမ်ပြင်ထွက်ဖို့ကံမပါလာဘူးထင်ပ ​သင်္ကြန်ရောက်သည့်တိုင်ဆိုင်မှာနေကာ ရေကစားနေသည့်ကလေး သတ္တုမိုင်းတွေကြည့်ကာ ငါလဲအဲလိုလွတ်လပ်ခဲ့ရင်ဆိုသည့်အတွေးကဝင်လာတိုင်းယောင်္ကျားတန်မဲ့မျက်ရည်ကကြချင်လာသည်

သင်္ကြန် အတက်နေ့

"မမော် သူကဘယ်သူလဲ"

"ဘယ်သူကို့မေးတာ"

"ဟိုမှာလေ တံတားနားမှာ လက်အိတ်စွပ်ထားတဲ့တယောက်"

ဟန်ကြည့်​နေသည်မှာကြာပြီ အရပ်က၅ပေ၈လောက်ရှိမည် အသားညိုပြီး အပေါ်အမဲအောက်အမဲ အပေါ်တီရှပ်က ဘယ်သူအင်ကျီကောက်စွပ်ထားလဲမေးရတဲ့ထိ ဒူးဖုံးနေသည် အောက်ဘောင်းဘီတောင်မှလက်မြောက်လိုက်မှပေါ်လာသည် ခြေစွပ်ကခြေသလုံးပေါ်ရောက်နေပြီး ဘွတ်အဖြူလေးနဲ့ ဦးထုပ်ဝိုင်းအမဲလေးကခပ်ငိုက်ငိုက်ဆောင်းထားပုံအရလုံးဝဟန်နှလုံးသားထဲရထားတစ်စင်းလုံးဖြတ်မောင်းသွားသလိုနှယ် ဂျိုမ်း ဂျိုမ်းဂျိုမ်းနဲ့ အဲဟုတ်ဘူး ဒုန်း ဒုန် ဒုန်း ဒုန်းနဲ့

"ဪပိုင်စိုးဦးလေ"

ပိုင်စိုးဦးတဲ့လား ဒါဆိုဦးပေါ့ ဟန်တွက်ဒါကပထမဆုံးလူတယောက်၏နာမည်ကိုအဖျားဆွတ်ခေါ်ဖူးချင်းဖြစ်သည်

"ဘယ်အဖွဲ့က တခါမှလည်းမတွေ့ဖူးဘူး"

"ဦးအောင်မျိုးအဖွဲ့ထဲကပဲ"

"ဒါနဲ့ငါပြောပြစရာရှိတယ် နင့်အမေတော့မရှိဘူးမလား"

အဲဒါပါပဲ ဟန်တို့ကိစ္စတခုခုပြောချင်လျှင် အရင်ဆုံးအမေကိုရှာရသည် အကြောင်သိတွေဆိုရင် ဟန့်အမေကသားဝှက်ဘီလူးမတဲ့

"ဘာကိစ္စလဲပြော"

"ရွာထိပ်က ဘရီးတို့အဖွဲ့သိလား"

"မသိဘူး ဆိုင်ကိုလည်းတယောက်မှမလာတာဘလိုသိမှာ"

"သိသိမသိသိ အဲဖွဲ့ထဲကလူနှစ်ယောက်ကနင့်ကိုချိန်နေတာတဲ့"

"မဖြစ်နိုင်တာ ဟန်ကိုသူတို့ကတွေ့ဖူးလို့လား"

"အင်း ဟိုအိမ်အလှုမှာတုန်းကတဲ့"

ဪအဲလောက်ဆိုသိပြီ အဲအိမ်အလှုမှာတုန်းက စားမတက်ဝါးတက် စိုက်ကြည့်ပြီး အနောက်မှာပက်ကျိလိုလိုက်နေတဲ့လူနှစ်ယောက်နေမှာ သတ္တုမိုင်းဆိုဘယ်အဖွဲ့မှမျက်လုံးထဲဘောင်မဝင်ပေ ဟိုတယောက်ကလွဲလို့

အပတ်စဥ်ယဥ်ကျေးမှုသင်တန်းရှိပြီးရွာပေါင်း ခုနစ်ရွာကကလေးတွေလာသင်ကြသည် ဆရာဆရာမတွေကြတော့ ပရိတ်ဟိတပေါ့ဗျာ နေ့လယ်ခင်းအလှုရှင်ဝင်တာလည်းရှိသလိုမဝင်တဲ့အခါတွေကျရင်လည်းဆရာတော်ကပိုက်ဆံထုတ်ရသည်

အပတ်တိုင်းဦးအောင်မျိုးလူတွေက ကျောင်းပေါ်တက်ကြပြီး အိုးသူကြီးအဖွဲ့ထဲဝင်ရင်ဝင်မဝင်ရင် ဟန်တို့ကျွေးမွေးအဖွဲ့ထဲဝင်ကြသည် အခုဆိုဟန်နဲ့တောင် တော်တော်လေးရင်းနှီးနေပီ

"ပန်းကန်တွေလိုနေတယ် ဘီလူး ကိုမိုးရွှေ ဟိန်းစိုးအောင် ဝင်းဆန်း ပိုင်စိုးဦး ဟန်နဲ့ကျောင်းအောက်လိုက်သွားလိုက်"

ရွာရဲ့အပျိုခေါင်းကြီးကအမိန့်ချလိုက်သည်ကြောင့် ပန်းကန်တွေသယ်ဖို့ဆရာတော်နေသည့်ကျောင်းအောက်ကိုရောက်လာကြသည် ဟန်ကလိုအပ်သည်များကိုယူထုပ်ပေးပြီး နှစ်ယောက်တစ်တွဲသယ်သွားကြသည် ကျန်တဲ့နှစ်ယောက်မှာ ဟန်နဲ့ပိုင်စိုးဦးသာ ဦးထုပ်ဆောင်းထားတဲ့အချိန်မို့မျက်လုံးသေချာမမြင်ရဘူးဆိုပေမဲ့ အခုလို ဦးအုပ်မဆောင်းတဲ့ချိန်ဟန်မှာမျက်လုံးချင်း မဆုံမိအောင်အတက်နိုင်ဆုံးထိန်းထားရသည်

"ကိုပိုင်စိုးဦး ဒါကိိုကအခန်းမှာထားမှာ"

ကိုနဲ့မရင်းနှီးတဲ့လူကိုကိုတပ်ခေါ်ပေမဲ့ ဟန်ထက်တော့အသက်ကြီးပုံရသည်မို့ကိုတပ်ခေါ်ရတာ စိတ်ထဲဘာ်လိုမှမနေ ချွင်းချက်ကဦးလို့မခေါ်မိအောင်သာ

"ကျွန်တော်ကရွာခံမဟုတ်ဘူးနော် ဒါပေမဲ့ရွာသားဖြစ်တော့မလားမသိဘူး"

နှလုံးသားထဲရိုက်ခတ်လာသည့်အသံလေးဟာ မလွန်ဆန်နိုင်အောင်ပင် ဘာကိုဆိုလိုချင်မှန်းသိပေမဲ့ သူကယောင်္ကျားလေးလေဟန်တို့လိုလူငယ်တွေက lgbtကိုနားလည်ပေမဲ့တောင်တန်းရွာကလူတွေဆို ယောင်္ကျားနဲ့မိန်းမ ရှေ့နောက်လျှောက်တာတောင် အတင်းပြောချင်ကြသည်

ဦးကိုဘာမှပြန်မပြောပေမဲ့ လုပ်စရာရှိတာသာလုပ်နေလိုက်သည် ကလေးတွေကိုနေ့လယ်ထမင်းကျွေးပြီး ကျောင်းလာတဲ့လူတွေကျွေးပြီးရင်အသီးသီးအိမ်ပြန်လို့ရပြီ

ဦးကအရင်ပြန်သွားတာသိပေမဲ့ ဘယ်ကိုရောက်နေမလဲအတပ်သိသည် ဟန်တို့ဆိုင်ကအရက်ပါတွဲရောင်းတော့ သေချာပေါက်အဲမှာ ဟန်အိမ်ကိုပြန်လာတော့တွေ့ပါပြီ ဟန်မှန်းရင်လွဲခဲတယ်

စားပွဲကနှစ်ဝိုင်းရှိပြီး ထောင့်ထဲကတစ်ဝိုသ်းကိုသူတို့တွက်သီးသန့်ပေးထားရသည် ဘာမှမဟုတ်ဆိုင်ထဲဝင်ထိုင်နေလိုက်ပြီးရောင်းစရာရှိတာရောင်း သူတို့အဖွဲ့စရင်းနောက်ရင်း ရယ်မောကြ

အင်း ဟန်ဒီလိုစိတ်လွတ်ကိုယ်လွတ်မရယ်မောရတာကြာပြီ

စကားတွေပြောရင် ဟန်ကိုတယောက်ယောက်ကစိုက်ကြည့်နေသလိုခံစားရတာကြောင့်လှည့်ကြည့်လိုက်တော့ ဦး ဟန်လည်းဘာမှမလုပ်မိပဲတစ်ခုခုကိုဒေါသပဲထွက်နေသလို ဝင်လာကတည်းကစကားတစ်ခွန်းမှမပြောပဲဟန်ကိုပဲစိုက်ကြည့်နေတာ သူ့လူတွေပြန်တဲ့ထိ သူကအနောက်မှာပဲနေခဲ့ပြီး

"မင်း ပါးချိုင့်တွေပေါ်နေတယ် ပြီးတော့သွားတက်ကလေး ဘယ်သူ့ရှေ့မှာမှ အဲဒါတွေပေါ်အောင်မရယ်နဲ့"

ဘာလဲဟ အမိန့်ပေးသွားတာလား သူ့အမိန့်ပေးရအောင်ကဘာတွေမို့လို့လဲ အခုန သွားတက်နဲ့ပါးချိုင့်ပေါ်သွားလို့ဒေါသထွက်နေတာလား အပြင်ပန်းသာဘာရုပ်မှမဖြစ်ပေမဲ့ရင်ထဲမှာတော့အမိန့်ပေးလို့စိတ်ဆိုးရမဲ့အစား ပန်းတွေပွင့်ကုန်သည်

နေ့တွေသာကုန်ဆုံးလာသည် ဟန်စောင့်မျှော်နေသည့်နေ့ကိုမရောက်လာခဲ့ပေ ဦးကနေ့တိုင်းဆိုင်ကိုမလာဘူးဆိုပေမဲ့ တနေ့ခြားတော့လာသည် သူမလာတဲ့နေ့ဆို ပြုံးယောင်သာ​ပြုံးသည် လူကမနာခံချင်ပေမဲ့နှလုံးသားကအမိန့်ကိုနာခံချင်နေပုံ

သူသာရှိရင် မြင်ရခဲ့ပြီဖြစ်တဲ့ပါးချိုင့်နဲသွားတက်ကလေးကိုမြင်ရမည်

[text_hash] => 447eb8fb
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...