Array
(
[text] =>
မှတ်မှတ်ရရ ထိုနေ့တွင်
"သောက်ကွာ အမူးသောက်"
မနက်စောစောစီးစီးတွင်အရက်လာသောက်သည့် ဦးနှင့်သူ့လူ ဦးနိုင်ဝင်း
"မင်းအမေရောဟန်"
"ဟန်ကို ဟန်လို့မခေါ်နဲ့ ခေတ်ဆက်သာဟန် နာမည်ရှိတယ် ကိုပိုင်စိုးဦးဆိုရင်တော့ချွင်းချက်"
"မင်းဟာကလည်းကွာ"
ခဏကြာတွင် ဦးနိုင်ဝင်းဆိုတဲ့လူရဲ့ကောင်မကြီး ရောက်လာပြီး သူနဲ့အတူပါလာသည့် ဦးကိုမေ့သွားလေသည်
"ဟန် မင်းဖုန်းပေး"
ဒါကဦးရဲ့လုပ်ရိုးလုပ်စဥ်တွေ သူတို့ဆိုင်လာလို့အမေမရှိရင် ဦးကဟန်ဆော့ထားသည်tiktokကိုအမြဲကြည့်သည် ထိုထဲမှာ
'ယောင်္ကျားဆိုတာ ဆိုးချင်ဆိုးမိုက်ချင်မိုက် ဒါပေမဲ့ မယုတ်မာရဘူး မယုတ်မာတက်ရဘူး သမီးလေးမွေးလာမှာပဲဝဋ်ဆိုတာနောက်ဘဝမကူးဘူး'
ထိုအပုဒ်ကိုတော့ထပ်တလဲလဲကြည့်သည် အခုလည်းကြည့်နေပြန်ပီ
"မရိုးဘူးလား"
"နိုး "
"ပြစရာရှိတယ် ဒီတက်တူးပုံလေးရွေးပေး"
"ဒီနှစ်ပုံကမင်းနဲ့လိုက်တယ် ဒါပေမဲ့မထိုးရဘူး တက်တူးကသေရာပါပါသွားမှာပြီးတော့အရမ်းနာတယ် မထိုးနဲ့"
"အာ ဦးလည်းထိုးထားတာပဲလေ"
သတိထားရင်းနဲ့တောင်မှ ပါးစပ်ကလွှတ်ခနဲထွက်သွားသည် သူတော့သတိမထားမိလောက်ပါဘူးလေ
"တစ်နှစ်အာမခံနဲ့ကပ်ထားတာ "
တက်တူးမထိုးဖို့အရေးသူ့မှာအမျိုးမျိုးပြောကာ ဟန်မှာသူ့စကားအောက်အလိုလိုရောက်သွားလေသည်
နောက်တစ်ခုက အင်္ကျီ
ထိုနေ့ကလည်းသူတို့နှစ်ယောက်ပင် အမေပေါကံကိုသွားတယ်ဆိုပါတော့ ဆိုင်တွက်လိုအပ်သည်များကို သွားဝယ်သည်မို့ တော်တော်ကိုကြာမည်
တီရှပ်အစိမ်းလေးကိုပုဆိုးစိမ်းလေးနဲ့တွဲဝတ်ထားသည်မှာပနံသင့်စွာ ဒါပေမဲ့ ဟန်ကရင်အုပ်နဲနဲကျယ်ပြီးခါးသွယ်သည်မို့ အင်္ကျီကရင်နားတွင်ကပ်နေလေသည်
ဒုန်း!
"ပိုင်စိုးဦး လန့်တာကွာ"
ဝင်ထဲဝင်လာပြီးဖင်ပူအောင်တောင်မထိုင်ရသေးပေ စားပွဲခုံထုချလိုက်သည်ကြောင့် ဟန်ပါလန့်သွားရသည်
"အင်္ကျီရှားနေတာလားဟန်"
"ပိုင်ရီး သူ့ဟာသူဘာဝတ်ဝတ်ပေါ့ကွာမင်းနဲ့ဘာဆိုင်လဲ"
"ငါ့အင်္ကျီဝတ်မလား"
ဝတ်မလားဆိုပြီးတကယ်တောင်ချွတ်ပေးနေပြီ သူ့တီရှပ်ကသူနဲ့တောင်ဒူးဖုံးနေတာ ဟန်သာဝတ်လိုက်ရင် ခြေမျက်စိဖုံးဂါဝန်ကြီးဖြစ်သွားမှာအသေချာ
ဟန်ရဲ့ရွှဲ့တက်တဲစိတ်ကလေးကလည်းပေါ်လာသည်ကြောင့်ချွတ်လိုက်ရာခါးပိုင်းလေးပဲပေါ်သေးသည် တော်ပြီလို့တားလာသည်ကြောင့် မချွတ်ရတော့ နောက်တော့ဟန်ကြိုက်လှပါရဲ့ဆိုသည့်အင်္ကျီလေးမှာ ဝတ်လို့မရသည့်ပုံးထဲအော်တိုမတ်တစ်ရောက်သွားလေသည်
"ဟေ့ ထော်ကြီး ဘာတွေတွေးနေတာ"
"ဆံဖြူ ဘာလိုလို့လဲ"
ထော်ကြီးဆိုသည်မှာ ဟန်နှုတ်ခမ်းကအပေါ်သီးလေးမှာ နဲနဲလေးထော်နေလေသည် အောက်နှုတ်ခမ်းကပါးပြီးအပေါ်နှုတ်ခမ်းနဲ့ညီညီညာညာပင် ပုံမှန်တိုင်းနေရင်စိတ်ပုတ်နေတယ်လို့သာထင်ကြပြီး စကားပြောရင်သိသိသာသာထွက်လာတက်သေးသည်
ဆံဖြူဆိုသည်မှာ ဦးထုပ်အမြဲဆောင်းထား၍မသိပေမဲ့ဦးထုပ်ချွတ်လိုက်ရင် ဦးနှောက်အနောက်ကတပိုင်းလုံးကတော်တော်လေးဖြူနေသည် ထိုအချင်းရာကြောင့်ဆံဖြူလို့ခေါ်လျှင်ရင်မကြိုက်
ထိုလိုဆံပင်တွေဖြူလာရခြင်းမှာလည်း သွေးမကောင်းလို့ဆိုလား
ပြီးတော့ရွာမှာနေတုန်းကဆိုရင် သွေးအမြဲသွင်းနေရတယ်တဲ့ သနားပေမဲ့လည်း ထော်ကြီးလို့မခေါ်ရင်ဘာမှမဖြစ်ပါဘူး
"ဆံပင်ဖြူတယ်ဆိုတာကလေ ရင်ထဲကဖြူစင်မှုတွေခေါင်းပေါ်ရောက်သွားလို့"
"ဖြူရင်ဖြူတယ်ပေါ့ ဖြူစင်သလေးဘာသလေးနဲ့ ဆင်ခြေဆင်လက် ဆင်နားရွက်ဆင်ကိုယ်လုံးတွေ "
"တော်ကြပါတော့ အရက်ကလေးနားအေးပါးအေးသောက်ပရစေဟ အဲလောက်ကိုက်ချင်လမ်းမထွက်"
"အဲဆိုဘယ်သူအရင်စတာလဲ"
"ပိုင်ကြီးကအရင်စတာထော်လန်"
"အားးးးးးးး"
ဟန်တကယ်စိတ်တိုလာပြီဖြစ်သည် လေးယောက်ထိုင်နေသည့်စားပွဲဝိုင်းလေးမှာ ကတ်ကြေးနဲ့ထိုးပေးမယ်ဆိုတာကြောင့်တိတ်သွားလေသည်
"ပြန်မယ်ကွာ"
"ကျုပ်နေခဲ့အုံးမှာ "
"ဒီဝိုင်းကိုမင်းရှင်းရမှာနော်"
"အင်း သွားတော့"
သူ့တို့လေးယောက်မှာ ထန်းတစ်ဗူးကိုတယောက်သောက်သည် ဟန်တွက်ချက်ကြည့်ရသလောက် တနေ့ကိုလေးဗူးလောက်ကအသာလေးဝင်သည် စကားမှားချင်း ရိုင်ထိုးရိုင်တိုင်ဖြစ်ချင်းလဲမရှိ သွားလိုက်သည်မှာဖြောင့်တန်းလို့ တောတန်းရွာကလူတွေကြည့်လိုက် ဆက်ချိုနုတစ်ဝက်လောက်ဝင် အာလေးလျှာလေး လုံချည်မနိုင်ပုဆိုးမနိုင် ဘယ်ကသွားညာရောက် သူတို့ကြတော့ အယ်ကိုဟော ပရိုမက်ဖြစ်သွားပီ
ကျန်သုံးယောက်ကထွက်သွားပြီး ဦးကနေခဲ့သည်
ဖုန်းနဲ့ဆက်သွယ်လုပ်လို့ရတယ်ဆိုပေမဲ့ စိတ်ကလက်တဆစ်ဦးပေါ့ မနက်အိမ်ယာကနိုးလို့ဖုန်းရွာမတွေ့ဘူးဆိုပြီး သောင်းကျန်းတာ တွေ့လဲတွေ့ရော ယူပြီးပြီးတိုင်နဲ့ဆောင့်ခွဲပစ်လိုက်လို့နှစ်ခြမ်းဖြ်သွားတယ်တဲ့ ဟန်ဆိုရင်နှမြောလွန်းလို့ ထိန်းသိမ်းပေးမဲ့လူလိုနေတာ
အဲတော့ ဆက်သွယ်လုပ်ကြဖို့ဖုန်းမရှိဘူးဆိုပါတော့
"ဘလောက်ကျန်သေးလဲဟန်"
"၉၀၀ ကျန်သေးတယ်"
"ဟို ပိုက်ချောင်းပေး ၉ချောင်းမလား "
ဟန်တို့ဆိုင်က ကလေးတွက်ဦးစားပေးရောင်းသည်မို့ ကလေးစားစရာတွေသာ အခုပြောတဲ့ပိုက်ချောင်းမှာ ချိုချဥ် ccအချောင်းလေးဖြစ်သည်
"ရော့ မင်းတွက် "
ဟန်ပေးလိုက်သည့်၉ချောင်းမှ ၄ချောင်းမှာဟန်အားပြန်ပေးလာသည်မို့မငြင်းရက်စွာယူလိုက်သည်
ကိုယ်ချစ်နေရသူကပေးလာရင်ဘယ်သူကများငြင်းနိုင်မှာလဲ ဖြစ်နိုင်ရင်မစားပဲသိမ်းထားချင်တာ ပိုးတက်မှာစိုးလို့စားပစ်လိုက်သည်
သူလည်းပေးပြီးတာနဲ့ထွက်သွားလိုက်သည် အထွေထူးသိပ်မပြောဖြစ်
နောက်တနေ့
"မင်းခြေထောက်ကအခုထိမကောင်းသေးတာလားဟန်"
"အင်း~ယားတုန်းပဲ"
သင်္ကြန်မှာကတည်းက ယားလို့ကုတ်ရင်းကနေအနာတွေပြည်တွေဖြစ်လာသည် နောက်တော့ ခြေဖမိုးတွေ ခြေချောင်းတွေခြေဆစ်တွေပါပြန့်လာသည် ဆေးထိုးလိုက်တော့အနာကမပြန့်တော့ဘူးဆိုပေမဲ့ ဒီတိုင်းရှိနေတုန်းပင်
"ခြေတောက်ပြကြည့်"
"ပြလိုက်~ ပိုင်ကြီးကဆေးကြောင်းနားလည်တယ် ဖြတ်သင့်ရင်သူဖြတ်ပေးလိုက်မယ်"
"အင်းဖြတ်ပစ်ရတော့မယ်"
"ကိုပိုင်စီုးဦးးးး"
"မင်းကအစားရှောင်လေဟန် ယားစေတဲ့ဟာ အဆီမများတဲ့ဟာ စားလေ အဲမှကောင်းမှာပေါ့ "
"အင်း "
"ပြောလိုက်ရင်တော့အင်းပဲလိုက်လိုက်ရင်တလွဲ"
'ဦးကလည်း'ဟုစိတ်ထဲသာပြောလိုက်သည် အမေတောင်မနိုင်သည့်ကိုယ့်ကိုနားချနိုင်သည်ကဦးတယောက်သာ
"ဆက်ဟန် ငါခြံထဲသွားမှာ ဆိုင်သေချာကြည့်ထား"
ဟန်တို့ခြံက၄ဧကလောက်ရှိသည် ဟန်တို့ရွာကဧကနဲ့ပိုင်သည့်လူတွေကြီးပင် အုန်းပင် ကွမ်းသီးပင်အဓိကထားစိုက်ပျိုးကြသည် အသီးပင်စားပင်တွေကတစ်အိမ်နှစ်အိမ်သာ ဟန်တို့ခြံတွင် အုန်းပင် ကွမ်းပင် ကင်းမွန်းချည်ရွက် ဆူးပုတ်ရွက် ချည်ပေါင်ရွက် ရော်ဘာပင်ကအနဲငယ်ရှိသည် ဟင်းသီးဟင်းရွက်တွေကတစ်ရာနှစ်ရာစားတွေပင်တခါတလေ ဘုန်းကြီးကျောင်းဆွမ်းအလှည့်ကျအိမ်ကလာခူးလျှင် အလကားပေးလိုက်သည်
ဟန်အကိုကလည်း သတ္တုမိုင်းတွေထဲ ခဲလိုက်ဝိုင်းသည် အဲတော့ဆိုင်မှာဟန်တယောက်တည်းသာ
လာပါပြီဟန်မျှော်နေသည့်လူတွေ ထုံးစံအတိုင်းလေးယောက်ပေါ့
"ရော့ မင်းအတွက်"
ဟန်ရှေ့ရောက်လာသည့် ပေါက်စီတစ်လုံး သူတစ်လုံးစားလျက်
"ကိုပိုင်စိုးဦးဟန်မှ ပေါက်စီ.."
နှုတ်ခမ်းနှစ်လွှာကြားလက်ညိုးကန့်လန့်ခံကာထားလာသည်ကြောင့် ဆက်ပြောလို့မရတော့ချေ
"ပေါက်စီမစားတာပြောမလို့မလား ဒါကသားသတ်လွတ် ကြက်ဥနဲ့ "
ဟန်လည်းဆက်ငြင်းရန်ပြင်လိုက်ပေမဲ့ သူ့လူတွေစကားကြောင့် ဟန်ယူလိုက်သည်
"ယူလိုက်ပါဟန်ရာ ပိုင်ကြီးကဘယ်သူ့ကိုမှသီးသန့်အဲလိုကျွေးဖူးတာမဟုတ်ဘူး "
ဒါပေမဲ့ ဇာတ်လမ်းကအခုမှစတာ
အရည်ကလေးဝင်လာရင် စကားတစ်ခွန်းဆယ်ခါပြောတဲ့သူနဲ့ ဂိမ်းကိုသဲကြီးမဲကြီးဆော့တဲ့လူနဲ့ ဆယ်ခါပြောတဲ့လူနောက်ကိုကတယောက်ကတော့ဖောရှောလိုက်လုပ်နေရသည် ခဲတံချွန်ထားလေးကိုတရမ်းရမ်းနဲ့ စိုက်ကြည့်နေသူကသူ့ရဲ့ ငေးကြည့်ခွင့်ရတဲ့ဦးရယ်သာ
"မင်းသိလား ငပိုင် လောပန်းက ပိုက်ဆံတွေစိုက်ထားရတာ"
"မသိဘူး ကောင်"
"ဟိုအိမ်ကဘွားတော်ကငပိုင်မင်းသိပါတယ်"
"မသိဘူး အိမ်ထောင်စုစာရင်းလိုက်စစ်နေတဲ့ကောင်မဟုတ်ဘူး"
"ငပိုင် မင်းဘာဖြစ်နေတာ သောက်လေကွာ"
"နံကြားထဲသံပြားဝင်သေတက်တယ်ဆိုတာ ဦးနိုင်ဝင်းသိလား"
"ဗလိုင်းကြီးပါလား မင်းဘာမကျေနပ်တာ ရှင်းရှင်းပြောဟေ့ရောင်"
ဟန်မှာနားထောင်နေပေမဲ့ ဝင်မတားပေ ဦးဘာဆက်ပြောမလဲဆိုတာပဲသူသိချင်သည်
အရက်တွေစွတ်သောက်ပြီး ရန်ရှာနေသည်မှာပိုင်စိုးဦးနောက်တယောက်လားလို့ထင်တဲ့ထိ
ထိုချိန်ဂိမ်းမင်းသားလို့ခေါ်ကြတဲ့ဟိန်းစိုးအောင်မှထပြောလေသည်
"ဦးနိုင်ဝင်း အဲလောက်ထိ မအနဲ့လေဗျာ"
စိတ်ကုန်သွားသလိုနှယ် ဓားကိုပစ်ချပြီး ဆိုင်ထဲကထွက်သွားလေသည်
ဦးထွက်သွားမှ ကိုဟိန်းမှ ဆက်ပြောလေသည်
"ကျွန်တော်တို့သူပြောထားပြီးသားလေ ဦးနိုင်ဝင်းကသိသိရက်နဲ့သွားခေါ်တာ ဟိုကဓားနဲ့မထိုးတာတောင်ကံကောင်း"
"ငါ့မေ့သွားတာ "
"ခများမေ့တာကြီးကလည်းလွန်းတာ သတိပေးနေတာအကြိမ်ပေါင်းမနဲတော့ဘူး ဟိုက"
ဟန်မှာဆက်၍သာနားထောင်နေသည် ရုတ်တရက်ဘာပြောမှန်းတောင်မသိပဲဖြစ်လာသည် သူတို့လည်းပြောပြီးသည်နှင့်ထွက်သွားသည် ဦးနိုင်ဝင်းဆိုသည့်လူမှာ ခေါင်းတောင်မသယ်နိုင်တော့ပေ
တင်္နဂနွေ နေ့
"ထော်ကြီး ကျောင်းပေါ်မသွားဘူးလား"
"ခဏနေကျရင်သွားမှာဦးမိုးရွှေ "
"အေလာခဲ့ ဘုန်းကြီးဝိုင်းကမင်းမရှိရင်မရဘူး ဟိုကောင် နိုင်ဝင်း ဝင်းဆန်း ငပိုင် ငဟိန်း ဘီလူးတွေတောင်သွားကုန်ပြီ"
အစကကျောင်းပေါ်မတက်တော့ဘူးလုပ်ပေမဲ့ ငပိုင်ဆိုသည့်အမည်လေးကြောင့် စောစောပင်သွားချင်လာသည်
ဦးမိုးရွှေ ဦးနိုင်ဝင်းနဲ့ဝင်းဆန်းက ချက်ပြုတ်ရေးမှာတာဝန်ယူနေကြပြီး တောက်တိုမယ်ရတွက် ဦးနှင့်ဘီလူးက အပြင်မှာအရန်သင့်စောင့်နေကြသည် သူတို့မှလုပ်စရာမရှိပဲ ဟန်တို့ကသာ ဟင်းရွက်ချွေရတာနဲ့ ဟိုဟာလေးပြေးရှာဒီဟာလေးပြေးရှာလုပ်နေရသည် ချစ်ရသူမျက်နှာလေးကို ပြေးပြေးကြည့်ရသေးသည် ထိုင်နေလို့မောသွားတယ်ဆိုပါတော့
"ငပိုင် ဘီလူး ခေါက်ဆွဲကြော်အိုးလာသယ်ပေးတော့"
ခေါက်ဆွဲအိုးကိုခူးခပ်ရန်နေရာချပြီးဘုန်းကြီးတွက် သီတင်းသုံး ဦးပဇင်းတွေတွက် ဆရာဆရာမတွက်ဖယ်ကာ ကျွေးမွေးသူတွေကို ထည့်ပေးသည်
ဟန်တို့ကသာစားနေပေမဲ့ ဦးနဲ့ဘီလူးကတော့အပြင်မှာငုတ်တုတ် သူတို့ကဧည့်သည်လိုဖြစ်နေသေးတယ်မလားပြီးတော့ မရဲတင်းဘူးလေ ထိုထဲမှာဘီလူးဆိုတဲ့လူကိုတော့ကျွေးချင်စိတ်မရှိပေ ဖွင့်ပြောထားတယ်ဆိုပေမဲ့ နောက်ကြောင်းစုံစမ်းတော့ သားနဲ့မယားနဲ့ သူမလိုက်သည့်မိန်းမယောင်္ကျား မကုန်သေးဘူးလားမေးရင်တောင်ကုန်တော့မှာလို့ဖြေမှာ
"ဦး စားမလား"
လူကိုဟန်ခေါ်လိုက် ဘိုးတော်ခေါ်လိုက် ဘကြီးခေါ်လိုက်နဲ့မို့ ဟန်လို့ခေါ်ရင် ဗျာလို့ထူးပြီး ဘိုးတော်ခေါ်ရင် မြေးလို့ပြန်ခေါ်သည် သူကဘကြီးခါ်ရင်ကိုယ်ကဦးလို့ခေါ်သည် သူကတော့စိတ်ထဲမထားဘူးဆိုပေမဲ့ ကိုယ်ကခေါ်ချင်နေတဲ့သူမို့ အဲနေ့ကတည်းကဦးလို့သာခေါ်တော့သည်
"မင်းကကျွေးရင်စားမှာပေါ့"
စားမယ်ဆိုတာနဲ့ ခေါက်ဆွဲကြော်ကိုပန်းကန်သစ်နဲ့ပြန်ထည့်ပေးကာပေးလိုက်သည်
"လူတွေများဘက်လိုက်ချက် "
"လူချင်းမတူဘူးလေဘီလူးရဲ့ "
"အေးပါကွာ"
ဘီလူးဆိုသည့်လူမှာ ဘယ်လိုငြင်းငြင်း ဆက်လိုက်နေတုန်းပင် သူသာလူပျိုဖြစ်နေပါလျှင် ဇွဲကောင်းလို့ဆိုပြီးစဥ်းစားပေးမိမှာ
[text_hash] => 074e700d
)
What do you think?