Chapter 4: 3

Array
(
[text] =>

Uni

ပြဿနာဆိုတာမီးခွက်ထွန်းရှာစရာမလိုပဲ လျှပ်စီးနဲ့ပါလာတာ

ရိုးရိုးတန်းတန်းငြင်းမရ၍ လူချင်းတွေ့ကာငြင်းပါမှ ဦးနဲ့ပက်ပင်းတိုးလေသည် ထိုနေ့စ၍ဘီးလူးနဲ့ဟန့်ကိုအထင်လွဲကာ အရွှဲ့တိုက်တော့သည် ရည်းစားထားတာလားဆိုတော့မဟုတ်ဘူး လူကိုပတ်ပြီးရန်ရှာတာပင်

"တော်တော်ရှုပ်တဲ့ကောင် ပညာတက်ဖြစ်ပြီးမင်းမခွဲ​ခြားတက်ဘူးလား" စသဖြင့် ရှင်းပြလည်းလက်မခံပေ

မလွတ်လပ်သည့်ဟန်မှာ မရရအောင်လမ်းကြောင်းရှာကာဦးစီသွားသည်

အိမ်မှာမတွေ့ရတာနဲ့ရှိပြန်ရင်လည်းရှောင်နေတက်သည်  လူတယောက်ကို တောင်းပန်တယ်ရှင်းပြတယ်ဆိုတာဟန်ရာဇဝင်၌မရှိ ဦးနဲ့တွေ့မှ ရာဇဝင်တွေရိုင်းကုန်သည်

နောက်ဆုံးဟန်မှာမနေနိုင်တော့၍ အပတ်စဥ်ဓမ္မစကူးလ်နေ့၌တွေ့ဖို့ ချိန်းလိုက်သည် လာပါပြီးမှုန်ကုတ်နေသည့်ကိုယ်တော်ညိုချောလေး သူ့သူငယ်ချင်း ငဟိန်းနဲ့တူ ဦးနဲ့သီးသန့်တွေ့ဖို့ပြောတော့ လူစောင့်ပေးရှာသည်

"ပြော ဦးဘာကိုမကျေနပ်တာ ဟိုနေ့ကပြောသွားတာသိပ်ကျေနပ်နေတာမဟုတ်ဘူး"

"ကျွန်တော်ဘာပြောလို့ မူးနေတော့မေ့သွားပီ "

မထုံတက်တေးမျက်နှာလုပ်နေသူ့ကိုဆွဲထိုးချင်စိတ်ပါပေါက်လာသည် လက်နဲ့တော့မဟုတ်ဘူး နာသွားမှာစိုးလို့ ဆက်မေးလည်းမပြောသည်ကြောင့် ဆွမ်းစားဆောင်ဘက်ဘဲသွားလိုက်သည် သူ့ကိုပြန်လှည့်ကြည့်လိုက်တော့ အောက်ဆင်းသွားသည် သေချာပေါက်အရက်သွားသောက်မှာ

ဒီလိုနဲ့ပဲလတွေနဲနဲ ကြာလာသည် ဟန်ကစလိုက်သူက ကောက်လိုက် ပြန်တည့်သွားလိုက်အထင်လွဲလိုက်နဲ့ အဆင်ပြေပါသည်

အခုလည်း ပုံမှန်အတိုင်း သူတို့သုံးယောက်မှာဆိုင်ထိုင်နေကြသည် ကျန်တယောက်ကတော့အသဲကွဲနေလို့တဲ့ သူတို့နေတဲ့အိမ်မှာတဲ့လေ ကိုယ့်တူမနဲ့ငဟိန်းတွဲနေတယ်ဆိုတာ မိဘတွေရော တရွာလုံးပါသိသည် အခုဟာက 'သူပြန်ရတော့မှာမို့ ချစ်လျက်နဲ့ခွဲရမဲ့တူ လမ်းခွဲလိုက်တာကောင်းတယ်' ဆိုပြီး ​ပြတ်လိုက်တာတဲ့ ကိုယ့်တူမကတောင်းပန်တာတောင်မရဘူးဆိုပဲ ဟန့်အမတွေကလည်းသဘောတူပါတယ် ဟန်သာဆို သူ့နောက်လိုက်သွားမှာ ဒါပေမဲ့ ကိုယ့်တူမအသက်က၁၃နှစ် ပြတ်သွားတာပဲကောင်းပါတယ် စောက်လုံးတွေနောက်လို့

ဒါပေမဲ့ ငဟိန်းတို့ပြန်မှာဆိုတော့ ဦးရောပေါ့ ဆိုသည့်အတွေးကဝင်ဝင်လာသည် ပြီးတော့ကိုယ့်တူမကိုလည်း ပိုင်ကြီးကကြိုက်နေတယ်ဆိုတဲ့သတင်းလေးကတဖုံ ဘယ်မသာအိမ်မှာ ပိုင်ကြီးဖဲရိုက်နေတယ်ဆိုတာတစ်မျိုး ဘိလပ်ထိုးတယ်ဆိုတာတမျိုးကြားရသည် 

"သူလည်းတော်တော်ခံရမှာ"

"အေးပ လက်သည်းခွန်ကုန်သွားတာကို"

"ငါမကျေနပ်တာကငဟိန်း ပိုင်ကြီးကလက်နာလို့အလုပ်မဆင်းတာကို ဟေ့ရောင်မင်းခြေထောက်ကကောင်းသေးတယ်ဆိုတော့စက်နှိုပ်ရင် ခြေနဲ့နှိုပ်ရမဲ့ပုံ"

လက်သည်းခွန်ကုန်သွားတယ်တဲ့ပြီးတော့သူရဲ့ဦးတဲ့

"ဟို ဦးနိုင်ဝင်း ကိုပိုင်ကြီးကဘာဖြစ်လို့"

"စက်ခဲညှပ်မှာစိုးလို့ နှိပ်တာလေဘာဆွဲမိလို့ ကျောပ်ခဲမညှပ်ပဲ လက်ညှပ်သွားတယ်လေ နားနေတာသုံးရက်လောက်ရှိပြီ"

ကျောက်ခဲလေးတစ်လုံးဖိရင်တောင်တော်တော်နာတာ လက်သည်းခွန်အကုန်လုံးလန်သွားတယ်ဆိုတော့ တော်တော်နာနေမှာ သွားကြည့်ချင်ပေမဲ့ အိမ်ရှေ့လမ်းမတောင်မထွက်ရသည့်ဟန်မှာ စိတ်ပါပျက်သွားရသည်

ဟန်တို့ကညနေ၅နာရီလောက်ဆိုဆိုင်သိမ်းပြီး ညနေဘက်ပဲအားသည့်သူတို့တွက်ကြတော့ အိမ်ပေါ်၌ဖွင့်ပေးထားသည်

"ဗျို့ အိပ်ရှင်လို့"

"အိပ်ချင်ကိုယ့်အိမ်ကိုယ်သွားလေ"

"အိမ်ရှင်တို့လို့ပြောတာ စားနေလို့မပီတော့တာ"

ဆိုင်သိမ်းပြီးတာနဲ့အိမ်တံခါးအားလုံးပိတ်ပြီး ထမင်းစားကြသည် မုန့်လာဝယ်လို့ရမရသိချင်ရင် အိမ်ရှေ့မီးသာကြည့် မီးဖွင့်ထားရင်လာလို့ရပြီးမီးပိတ်ထားရင် အိပ်သွားကြပြီ

"ဘယ်သူလဲဟန်"

"ကိုပိုင်ကြီး အမေ"

တံခါးဖွင့်ပေးလိုက်လျှင်သူတို့လိုချင်တာ တက်လာယူကြသည်

"ဘာယူမှာ "

"ထန်းတစ်ပုလင်း ရှုးရှဲ နှစ်ထုပ် ယုဇနလဖ္ဘက်နဲ့ ရေသန့်ဘူး"

အမေကလိုအပ်တာတွေယူပေးပြီးဟန်က ရေသန့်ဘူးခွန်သွားယူပေးသည် အရက်ထည့်ဖို့ ရေသန့်ဘူးနဲ့ဆို ယူသွားရတာလွယ်ကူသလို ဟန်တို့လဲတပုလင်းကို၇၀နဲဲ့ပြန်ရောင်းစားသည်

"ဪလူတွေများ သိရက်နဲ့သတင်းလေးတောင်မေးဖော်မရဘူး"

"အရမ်းနာနေလားဟင်"

"ဒီမှာမမြင်ဘူးလား"

လက်ထိုးပေးလာသည်ကြောင့် ဟန်လည်းသေချာကြည့်လိုက်သည် အနာကရောင်နေပြီး ပြည်တွေတည်ချင်နေသည် ဟန်လက်နဲ့ထိလိုက်တော့ နာသွားထင်ဦးမှာမဲ့သွားလေသည် ဟန်မှာနာသွားသည့်သူထက် ဟန်ကငိုချင်လာသည်

စချင်လို့တမင်ညစ်လိုက်ပေမဲ့ မျက်ဝန်းအိမ်လေးထဲ ပုလဲလုံးတွေသီလာသည်ကြောင့် ဘာဖြစ်မှန်းမသိဝဲဘက်ရင်အုံကနာကျင်လာသည်

"ဟန် ဘာ ဘာမှမဖြစ်ဘူးနော် ပြီးတော့မနာတော့ဘူး စချင်လို့တမင်ပြောလိုက်တာ"

"မဟုတ်ဘူး အင့်! ဦးဦးး အရမ်းနာနေတာမလား"

"ရောဟန် ကျွန်တော်သက်သာသွားပြီ ဟန့်ကိုစချင်လို့ပါဆို အဲလောက်လေးနဲ့ မငိုပါနဲ့ ခများရယ် "

ထိုမှ မျက်ရည်တွေကိုမကျစေပဲ ခေါင်းကိုမော့ထားလေသည်

"ငိုရအောင်ကလေးမှမဟုတ်တာ "

တွေ့လား ဗြောင်လိမ်ဗြောင်စားလေး

"ပြီးရော ကျွန်တော်ပြန်ပြီ"

"အင်း"

သူ့အမေတွေ့ရင်ဟန်ပိုမလွတ်လပ်မှာစိုးလို့ သူလည်းထွက်လာလိုက်သည် ဝဲဘက်ရင်အုံကတော့နာနေတုန်းပင်

"ဆက်ဟန် အောင်မလေးဆက်ဟန်"

"ဗျာ"

"ငါတို့ခေါ်နေတာကြာပြီ ဘယ်ကောင်မအကြောင်းစဥ်းစားနေတာလဲ"

စဥ်ဆိုင်ထဲဦးကဝင်လာသည်

"ဒီတိုင်းသူ့အကြောင်းစဥ်းစားမိလို့ပါ"

"နေပါအုံး ဆက်ဟန်ငါမေးအုံးမယ် မင်းငါတို့ထဲကဘယ်သူချစ်နေတာ မင်းအမေမရှိဘူး ပြောပြဟေ့ရောင် ငဟိန်းလားဘီလူးလား ပိုင်ကြီးလား"

"ဘာလို့ကျုပ်ကပါလာတာလဲ"

သူလည်းပြောသာပြောရပေမဲ့ အဖြေကိုတော့သိချင်သည်

"သေချာပေါက်ဦးကိုပေါ့"

"ဦးဆိုတာ ဦိးနိုင်ဝင်းကိုပြောတာမဟုတ်ဘူးနော်"

ရိသဲ့သဲ့လုပ်လွန်းသည့်ဦးနိုင်ဝင်လိုလူကိုဖြုတ်ချနိုင်မဲ့မဟာအခွင့်အရေးပင်

"မင်း ကိုတပ်မခေါ်ပဲနာမည်အရင်းခေါ်လို့မရဘူးလား"

"ခေါ်နေတယ်လေ"

"ဘယ်မှာခေါ်လို့"

"ဦးလို့ခေါ်တယ်လေ"

ဟန်လည်းပြောအပြီး ဦးမှာသောက်နေသည့်အရက်သီးသွားလေသည်

"မင်းက ပိုင်ကြီးကိုဦး လို့ခေါ်တာ အသက်တူကိုလေ"

"ဦးလို့ခေါ်တာအသက်ရွယ်နဲ့မဆိုင်ဘူး "

"အဲတော့မင်းကအဖျားစွတ်ခေါ်တာပေါ့"

"အင်း"

ရှက်ရမည့်သူကဟန်ဖြစ်ပြီး ရှက်နေသူကဦးဖြစ်နေသည် မျက်နှာကြီးရဲတွတ်ပြီး ပြန်ဖို့သာအသွင်သွင်ခေါ်နေတော့သည်

🎶မကြာမီ သီတင်းလဲကျွတ်တော့မယ်လူပျိုကြီး ဘဝကကွယ် ဒီတနှစ်တော်ကျွတ်ဖို့မမြင်🎶

"ကျွတ်တော့မယ်လုပ်ပါ ကိုဟိန်းရ"

"ချွတ်ပေးမဲ့သူကမရှိလို့ဟေ့"

ဦးနဲ့မတွေ့ရ တွေ့ရင်သူလည်းမပြောကိုယ်လည်းမပြော ဒါပေမဲ့ဘလိုပြောရမယ် သီတင်းကျွတ်လေးမှာတော့သူကိုတွေ့ချင်နေမိသည်  ဆိုင်ကမလာတာလည်းကြာပြီ အစကသူတို့ကိုအကြွေးရောင်းပေးသည်ကြောင့် နေ့တိုင်းလိုလိုတွေရပြီး အကြွေးမရောင်းသည့်နောက်ပိုင်း မျက်နှာလေးတွေ့ဖျု့အလွန့်အလွန်ခဲယဥ်းသွားသည်

"မျက်နှာမချိုမချဥ်နဲ့ ဘာလဲပိုင်ကြီးမတွေ့ရလို့လား"

သူ့ပုံစံကအဲလောက်တောင်ပုံပေါ်နေပြီလား မြင်မြင်အချစ်ဖြစ်ပြီး သူများတွေပြောတဲ့အချစ်ဦးဆိုတာနေမှာ ပထမဆုံးချစ်တဲ့အချစ်ကို အချစ်ဦးမဟုတ်ဘူးလို့သင်ပေးသွားခဲ့သည်ပဲ

"စိတ်မပူနဲ့ ပိုင်ကြီးက နေကောင်းသွားပီ ပြီးတော့ အရင်လိုရန်လိုက်မရှာဘူး အချိန်တန်အရက်သောက်ပြီးအိပ်ဖို့ပဲချောင်းနေတာ ဘာမှမဖြစ်ဘူး"

"ဘာလို့လာပြောပြနေတာလဲ သိချင်တယ်ပြောမိလို့လား"

"အမယ်မသိချင်လို့ပဲ ပါးစပ်ကနားရွက်တက်ချိတ်တော့မယ်"

ထိုအရာတွေဟာ ပိုင်စီုးဦးဆိုသည့်လူသားသူ့ဘဝထဲဝင်လာမှ ဗရမ်းဗတာတွေဖြစ်လာတာ

"ဓာတ်ပုံရိုက်ထားရမယ်ထင်တယ် မမှတ်မိချင်လို့"

"အခုက ဘာယူမှာ"

"ယူမှထိုင်ရမှလား"

"အဲလိုမဟုတ်ပါဘူး မလာတာကြာပြီဆိုတော့ ဘာလိုတာရှိလို့လဲမေးချင်တာပါ"

ဟန်ပြောတာလဲဟုတ်ပါသည် ထိုနေ့ကတည်းကပိုင်ဦးတို့မတွေ့ရသည်မှာ နှစ်လရှိပြီထင် သူလည်းရှောင်နေတာဖြစ်သလို ဟန်လည်းရှောင်နေသည် ခါတိုင်းဆိုအနောက်ကဦးချင်းထပ်နေတာ အခုလည်းရုတ်တရက်အရမ်းတွေ့ချင်လာလို့ဘာမှမစဥ်းစားမိဘဲ လာပြီးမှဘာပြောရမှန်းမသိအူကြောင်ကြောင်ဖြစ်နေကြသည်

"သီတင်းတောင်ကျွတ်တော့မှာပါလား "

အမလေးပိုင်စိုးဦးရေ သွားသေလိုက်ပါတော့ ပြောမယ့်ပြောတော့ထွက်လာတဲ့စကားကဒါတဲ့

"အင်း"

ဟန်အမှန်တိုင်းဝန်ခံရရင် ပုဆိုးလေးတထည်လောက်လက်ဆောင်အဖြစ်ပေးချင်သည် ဒါပေမဲ့ဟန်တို့အခြေနေက.....

"ဦး~ တကယ်လို့ဟန်စီကလက်ဆောင်ရမယ်ဆိုရင်ဦးဘာလက်ဆောင်လိုချင်လဲ"

"လက်ဆောင်!  စဥ်းစားလိုက်မယ်"

"အင်း "

ထို့နေ့ပြီးတဲကမတွေ့ရတော့ပြန် သီတင်းကျွတ်တောင်ရောက်လာ​လေပြီ

........................................................................

[text_hash] => fe6ae84b
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...