Array
(
[text] =>
သူ့နားက၂၅စက္ကန့်ထွက်သွားသူကိုလှည့်ကြည့်လာဖို့ဆုတောင်းမိသည် အမှန်တကယ်လည်းလှည့်ကြည့်လာပြီးမူပိုင်အပြုံးတစ်ခုချိတ်ဆွဲလိုက် fly kissတွေလှမ်းပစ်သည် လမ်းတစ်ဝက်မှာတင်ဖမ်း၍လွှတ်ပစ်လိုက်သည်
ဟိုကပြန်ကောက်လိုက် ပြန်ပစ်လိုက် သူကထပ်လွှတ်ပစ်လိုက်နှင့် နောက်ဆုံးဟန်ပစ်လိုက်သည်က သူတို့နှစ်ယောက်ကြားဝင်လာသည့်ဟိန်းစိုးအောင်ထံတန်းတန်းမတ်မတ်
"ဟာ~ကိုဟိန်း ပြန်ပေးပြန်ပေး"
"ဘာလဲ ဘာတွေလုပ်နေကြတာလဲ ငါကဘာပြန်ပေးရမှာလဲ ကင်းကောင်မင်းလင်ပြောအုံး"
"ပြန်ပေးလိုက် "
"လာပြန်ပြီနောက်တယောက် လူနားလည်အောင်ပြော"
"ငါ့အသဲ"
"မင်းအသဲကိုငါက ဘာလို့ယူရမှာလဲ မင်းအသဲကဟိုမှာလေ"
"မဟုတ်ဘူး မင်းရင်ဘက်ထဲရောက်သွားတာ "
"ငါမှမယူတာရင်ဘက်ထဲကဘာလို့ရောက်လာတာလဲ "
"ဟန်လှမ်းပစ်လိုက်တာ ကျုပ်အသဲမင်းစီရောက်သွားလို့ပြန်ထုပ်ပေး"
"ဒါဆိုဆက်ဟန်ကပစ်တယ် မင်းကဖမ်းတယ်ပေါ့ အလယ်ကငါရောက်လာလို့ငါ့စီရောက်သွားတာအဲလိုလား"
ကိုဟိန်းကထိုသို့ပြောတော့ ဟန်ရောဦးပါအသဲသန်ခေါင်းငြိမ့်ပြရသည်
"ရော့ကွာ!! ပြန်ယူသွား"
ရင်ဘက်တနေရာကိုအုပ်ကိုင်ကာ တစ်ခုခုဆွဲထုပ်သလိုလုပ်ပြီးဟန်ဘက်ပြန်ပစ်သည် ပြန်ပစ်တော့လည်းနူးနူးညံညံ့လေးဖမ်းယူလိုက်သည် သူ့နှလုံးသားလေးနာကျင်နေရပြီလေ အစိပ်စိပ်အမွှာမွှာတော့မဖြစ်စေချင်ပါ
''အူကြောင်ကြွက်လင်လင်တွေ "
"အဲဒါဦးကြောင့် ဟန်ပစ်နေတာကိုဦးမှမယူဘဲ လွှတ်ပစ်နေတယ် အီး..."
"ဟာ~ဟေ့! ငိုစရာမဟုတ်ဘူးလေခများရာ ပြန်ပစ်ကျုပ်သေချာလေးဖမ်းမယ်"
"သေချာလား? မလွှတ်ပစ်ရဘူးအသဲလေးနာနေပြီ"
"ပစ်စမ်းပါခများရာ မြန်မြန်"
ဟန်ဒီတခါပစ်သောအချိန်တွင်သော ပိုင်စိုးဦးကဖမ်းပြီး ပါးစပ်ထဲကောက်ထည့်လိုက်ပြီး မျိုချလိုက်သည်
"အီး... သူများအသဲလေးဝါးစားလိုက်တယ် အီး..ဟီး....မကောင်းဘူး အသဲလေးဗိုက်ထဲရောက်သွားပြီ "
"ဟာ....ဟား..... ခများက ကလေးလေးကျနေတာပဲ ကျုပ်ထက်နှစ်လကြီးလို့သာပဲ နှစ်နှစ်များငယ်လို့ကတော့ထမင်းတောင်ဝါးခွံ့ရမဲ့ပုံပဲခများ"
"တော်စမ်း..သူများအသဲလေးဝါးစားပြီးပျော်နေတယ်လူဆိုးကောင်"
"အင်း ကျုပ်က.ခများရဲ့.လူဆိုးကောင် ဟုတ်ပြီလား မငိုနဲ့တော့ပေပွကုန်ပြီ ချွေးနံ့တွေဟင်းနံ့တွေနဲ့ရေသွားချိုးစို့"
"ကျေနပ်သေးတာမဟုတ်ဘူးနော် ရေတော့ချိုးလိုက်မယ်နံဟောင်နေပြီ"
"ဟုတ်ပါပြီဗျာ"
ရေချိုးကန်ဟာခါတိုင်းလိုဟာလာဟင်းလင်းမဟုတ် ဟိုအဖွဲ့လာမယ်ပြောကတည်းက တလပတ်တွေဝယ်ကာအကာတွေလုပ်ထားသည် နေ့လယ်တွင်ချိုးလျှင်ပုံရိပ်မြင်ရသေးသည်ဟုဆိုကာနောက်တစ်ထပ်လုပ်ထားသည်
ထိုသို့လုပ်ပြီးလည်းပိုင်စိုးဦးဆိုသည့်အနှီလူးသားဟာမကျေနပ်နိုင် အဘယ်ကြောင့်ဆိုသော်
'ခါတိုင်ခများရေချိုးရင် ကျုပ်ဘယ်နေရာကကြည့်ကြည့် ကြည့်လို့ရတယ် အခုကကြည့်လို့မရတော့ နောက်တခါရေတူတူချိုးရအောင်လေနော် လုပ်စမ်းပါခများရာ'
အင်း...ထိုလူသားကျေနပ်အောင်တော့အလိုလိုက်ရတာပဲ အကြောင်းရင်းကချစ်တာကို.....
"၉၉ပြားလင်မယားဆိုတာ ဒင်းဒို့မှအစစ်"
"တကယ်ဆိုပိုင်ဆိုင်ဖို့ကြိုးစားသင့်တယ်ငဟိန်း"
"ဟင့်အင့် ဦးနိုင်ဝင်းကြည့်လိုက် သူပျော်ရွှင်နေတယ်"
"ကင်းကောင်ကမချစ်ဘူးလေ "
"ချစ်လျက်နဲ့ထုပ်မပြတာပါ ချစ်လားမချစ်လားအိမ်ထောင်သည်ဖြစ်တဲ့ဦးနိုင်ဝင်းသိမှာပါ နောက်ပြီးကျွန်တော်ပိုင်သွားပြီဆိုပါဆို့ဆက်ဟန်မှမချစ်တာ ကိုယ့်မချစ်ဘူးဆိုတာသိနေရက်နေဘယ်လိုများနေနိုင်ပါ့မလဲ ကျွန်တော့်လက်ထဲ ဝမ်းနည်းနေရမှာထက် တခြားသူလက်ထဲပျော်ရွှင်နေတာကို ပိုသဘောကျတယ်"
"မသိတော့ဘူးကွာ မင်းတို့လူငယ်တွေကသိပ်ခေါင်းမာကြတာပဲ"
"ဟန် မင်းထမင်းစားချင်စားနော်အခုမှခြောက်နာရီဘဲရှိသေးတာ "
"ဟင့်အင့်ဦး အစားသောက်တွေမစားနိုင်မှာကြောက်လို့မစားတော့ဘူး "
ညနေဘက်လေးစိမ်းတွေနှင့်အတူ စပို့ရှပ်အဖြူအပါးကအသားကိုဖောက်ထွင်းမြင်နိုင်ပြီး စကဘောင်းဘီအမဲလေးနှင့် လူသားဟာ ဒီဇင်ဘာလအကုန်တွင်အစွမ်းကုန်ကိုချောမောနေသည်
djတိုင်းလုံးတိုင်းကခေါင်းတလှုပ်လှုပ်နှင့် ခန္ဓာကိုယ်ကစိတ်အလိုကျ မြူးကြွနေသည်
Woft cut ကေကို ခဲရောင်ဆိုးပြီးရွှေအိုရောင်းလှိုင်းဖောက်ထားသည်မှာမကြာသေး ခြေဖမိုးဖြူဖြူကပါအမဲရောင်ကြိုးပြားကြီးဖြင့်ကွင်းထိုးဖိနပ်ကပါ ဟန့်အလှအားထောက်ပံ့ထားသည်
"ကိုဟိန်း အဲdjကမကောင်းဘူး အခုဘဲအလှုအိမ်ရောက်နေသလိုခံစားရတယ် "
"ငါလည်းရှာနေတယ်ကွ အပုဒ်ကများနေတော့လိုချင်တာမရဘူး "
"ဟန်"
"အင်း "
"ဟန်"
"ပြောလေ"
"ဟန်"
"ဘာဖြစ်နေတာလဲ မူ့တွေဇလားတွေပျက်လိုက်တာ"
"ပါးစပ်အားနေလို့ "
"မောင့်ဟန် "
ဒီတစ်ခွန်းကိုတော့ဟန်ကြားမယ်မထင်
ဒီရက်ပိုင်း သူထိုနာမ်စားတွေအရမ်းသဘောကျတက်လာသည် ဥပမာ_ မောင့်ဟန့် ၊ခများရဲ့လူဆိုးကောင် ၊ကျုပ်လင် ၊
"ဦးရဲ့ဟန်ဆိုပိုကောင်းသလား"
"ဟိုကောင် ကင်းကောင် တယောက်ထဲပွစိပွစိမလုပ်နေနဲ့ဟ"
"ရွာထဲလမ်းသလားစို့ "
"အင်း လာမယ် "
"ကျုပ်လင် ရွာထဲလိုက်မလား"
"အင်းလိုက်မှာ ဦးလူတွေရော"
"ငလုံးဆိုတဲ့ကျုပ်က ကျန်ခဲ့ရင်စိတ်မကောင်းစရာ"
"ငါက နားဒုက္ခပေးနေခဲ့မှာ"
"ငါကလိုက်မှာနော် ဘယ်အရက်တွေနဲ့ကဲဖို့စဥ်းစားနေကြလဲဆိုတာသိမှရမှာ"
"မိန်းကလေးတွေကြောင်ဖို့ပြောပါကိုဝင်းဆန်းဗျ"
"နိုး နိုး..နိုး..မိန်းမသစ္စာမရှိဘူး အရက်ကပဲသစ္စာရှိတာ"
"ဟန်အဲဒါ သူချစ်တဲ့မတွေ့သေးလို့အာချောင်ရဲတာ"
"ကိုဝင်းဆန်းကအဲလိုဆိုရင် ဦးကရော"
"အဟမ်း..ဟိုနောက်ကြနေလိမ့်မယ် သွားစို့လေ"
သူလိုချင်တာမရသည်ကလေးလေးလိုပင် စူပုတ်နေလိုက်တာများ သူဘေးကလိုက်နေပုံက ဘဲကလေးလမ်းလျှောက်သလိုဖြစ်နေသည်
ဂတ်! ဂတ်! ဂတ်! ဂတ်!
ခွီး...
"ဟေ့ကောင် လမ်းသွားတာရီစရာပါသလား"
"ဘာမှမဟုတ်ပါဘူးကွာ ဒီတိုင်းရီစရာလေးတွေးမိလို့ ကောင်"
''လိုက်ကမ်းဆိုးမသိတဲ့ကောင်တွေ ခေတ်ရေးအခြေနေမကောင်းဘူးဆိုတာနားမလည်ကြဘူးလားမသိဘူး တကယ်တည်းအေ ရွနေလိုက်ကြတာ စိတ်ပူလို့ပူရကောင်းမှန်းမသိတဲ့ဟာတွေ"
ဟန်တို့လျှောက်လာသည်မှ နှစ်အိမ်သုံးအိမ်သာရှိသေးသည် ကြားရသည့်စွာကျယ်စွာကျယ်အသံကြောင့် လေးယောက်သားမတိုင်ပင်ပဲရပ်မိလိုက်ကြသည် ဒီလမ်းမှာသီချင်းဖွင့်ထားတာဆိုလို့သူတို့တအိမ်ထဲလေ
"အိုအေ ဒီညကဟတ်ပီးနယူးလီးယားညလေ လူငယ်ဘဲအဲလောက်တော့ဖွင့်မပေါ့ နားညီးလဲကိုယ့်အသိနဲ့ကိုယ်နေလေ မှိုချိုးမျှစ်ချိုးပြောစရာမလိုပါဘူးတော်"
"ဒင်းတို့အိမ်ပြောင်းလာကတည်းက တစက်မှကောင်းကြိုးမပေးဘူး ရွံစရာကောင်းလိုက်တာ ယောင်္ကျားအချင်းချင်းတဲ့ "
"အချင်းချင်းယူတာနဲ့ သီချင်းဖွင့်တာလားလားမျှမဆိုင်ဘူးထင်တာပဲနော် အမကြီး ကောင်းကြိုးပေးရအောင်ကလဲ သူတို့ကပရဟိတလုပ်နေတာမဟုတ် အချင်းချင်းပဲယူယူ ကွဲပြားပြီးပဲယူယူ မေတ္တာသာထားကြည့်စမ်းပါ အချစ်ဟာအချစ်ပါဘဲ မြတ်စွာဘုရားရဲ့ အထုပ်ပတ္တိထဲမှာတောင် အချင်းချင်းယူတာကိုမတားမြစ်ထားဘူး အမကြီးကဘယ်ခေတ်မှာနေနေလို့အခုလိုမျိုး ရွံရှာနေရတာလဲ "
"ဘာဘဲဖြစ်ဖြစ် ဟိုမျောက်ကိုတော့ဘာမှမပြောချင်ဘူး သူ့လင်ဆိုတဲ့ဟာလေးကအေ ယောင်္ကျားမဟုတ်မိန်းမမဟုတ် ပုံစံကိုကနုနုဖက်ဖက်ကလေး ရွာထဲကမိန်းမယောင်္ကျားပါးစပ်ဖျားမှာ တော်တော်ကိုတွင်ကျယ်တာ သူတို့အခုလို့ဒီလာပြီးနေတာကိုကရှက်စရာ ကျုပ်ဆိုလူကြားထဲနေရဲမှာမဟုတ်ဘူး သူတို့ကြောင့်ဘဲ ဒီကကောင်တွေအတုမြင်အတက်သင်ဖြစ်လာကြမှာ မြင်ယောင်မိသပညန်း"
"ခများကဘာစောက်ကြောင်းရှိလို့ ကျုပ်လင်အကြောင်းပြောနေရတာလဲ "
နားထောင်နေရင်း ဇတ်ခနဲဝင်သွားသည့်ဦးကို ဆွဲဖို့ရာမမှီလိုက် ငလုံးပြောဖို့ကြပြန်တော့လည်း သူကဦးထက်ပင်မြန်သေးသည် ဝင်းဆန်းကြပြန်တော့လည်း လမ်းအလယ်မရောက်တရောက်ရောက်နေသည် သူကဘာသွားလုပ်တာလဲ ?
"ကိုဝင်းဆန်း ဘာလုပ်နေတာလဲ "
"ရွာလူကြီးလာရင်အော်မလို့"
အခုချိန်ဝင်းဆန်းနဲ့ပြောနေရမှာထက် သူ့ရဲ့ဦးကအရေးကြီးသည် မတော်လို့ဒေါသထွက်လာရင်လည်ပင်းထညှစ်မှ
"မှန်တာပြောတာအေ"
"ကျုပ်ယောင်္ကျားက စစ်ရဲ့လားမေးတာနော် ဟုတ်ပြီ ခများမှာသမီးရှိတယ် တစ်ညအိပ်ခိုင်းလိုက်ပါလား စစ်မစစ်သိရတာပေါ့ "
"မင်း..."
"ဦး....''
"ကျုပ်က ကျုပ်လင်ကိုမြတ်နိုးလွန်းလို့ ဘုရင်ထားသလိုထားထားတာ နုနုဖက်ဖက်ဖြစ်တာဆန်းသလား အတုမြင်အတက်သင်ဆိုတာတခြားဟာဘဲရှိတယ် အချစ်ရေးမှာအတုမြင်အတက်သင်မရှိဘူး ထားပါတော့ တခြားအိမ်ကလင်မယားရန်ဖြစ်လို့မိန်းမကိုဓားနဲ့ထိုးတယ်ဆိုပါစို့ ခများလင်ရော ခများကိုဓားနဲ့ထိုးမှာလား မကောင်းတဲ့ခေတ်ကြီးထဲ နေ့စဥ်နှင့်အမျှစိတ်ပူမနေနိုင်ဘူး စိတ်သင့်တဲ့အချိန်ကြမှပူမယ် စိတ်ကသာပူနေတာလက်တွေ့ဘာမှမဖြစ်ဘူး တကယ်ဖြစ်လာရင်တော့စိတ်ပူလိုက်မယ်ထင်တယ် သတင်းတွေနေ့စဥ်နှင့်အမျှကြည့်ပြီး မကြည့်ရဲတာတွေကြည့်ပြီးကျုပ်တို့လိုလူငယ်တွေက ကြောက်လန့်နေဖို့မလိုဘူးရှင်းလား "
"ဖတ်! ဖတ်! ဖတ်! နိမိတ်မရှိ နမာမရှိအေ ဖြစ်စရာလား "
"အေးလေ လူတယောက်ကစိတ်နဲ့ဘဲဆိုင်တာ သူကအချင်းချင်းကြိုက်လို့ငါလည်းအချင်းချင်းကြိုက်ရမယ်ဆိုတာမရှိဘူး ဒီတခါအလျှော့ပေးထားတာ နောက်တခါဆိုလို့ကတော့ ခများခြံစည်းကဝါးခြမ်းပြား နံရိုးစိုက်သွားမယ် "
အခုန လေကြီးနေသူမှာ ဦးစကားတွေအောက်ငြိမ်ဝပ်ပြားတာမှကားနဲ့ကြိတ်ထားသလားမှတ်ရတဲ့ထိ နောက်မိန်းမတယောက်ကတော့ နှုတ်ခမ်းတခြမ်းမဲ့ရွဲ့ပြီး ဦးကိုလက်မထောင်ပြနေသည် စွာကျယ်နေသူကိုမျက်စောင်းထိုးဖို့လည်းမမေ့
"အရီး ရေ အရီး ''
''ဘာတုန်းအေ အလန့်တကြား "
"အရီးသမီးလေ ဆေးခန်းမှာမူးလဲလို့ ဟို.. ဟိုအရီးသားကတော့စစ်တပ်ကဖမ်းသွားတယ် အခုသူကြီးအိမ်လိုက်ခဲ့ပါတဲ့ "
"ငါ.ငါ့သမီးဆီအရင်သွားမှာ ဆေးခန်မှမူးလဲတာတယောက်တည်း မဖြစ်ပါဘူးအေ "
"မဟုတ်ဘူးအရီးရ ဆေးခန်းကနေ သူကြီးအိမ်ရောက်နေတာ မြန်မြန်"
သားနှင့်သမီးအသံကြားသည်နှင့်ထမိန်စွန်တောင်ဆွဲကာပြေးသွားတာများသုတ်ခြေတင် ဟန်တို့ပါရွာထဲစိတ်မပါတော့သည်ကြောင့် သူကြီးအိမ်ဘက်ပြောင်းလိုက်ကြသည်
"မိုက်လိုက်တာအေ ရွာထဲငါမျက်နှာဘယ်လိုထားရမလဲဟဲ့! "
သမီးဖြစ်သူအား တဘုန်းဘုန်းရိုက်ကာ ငိုရိုနေသည်မှအခုနစွာကျယ်နေပုံကလားလားမျှမသက်ဆိုင်
"ညီးသမီးအမှားမှမဟုတ်ဘဲ ညီးအမှားလေ မိန်းကလေးကမိန်းကလေးသူငယ်ချင်းထားတာဆန်းသလား အခုတော့ဘယ်နှယ့်ရှိစ "
လေးယောက်သားနားသာထောင်နေတာ တစ်ခုမှမသိ မသိတဲ့အဆုံး သူကြီးသားစီပြေးကပ်ရတော့သည်
"ကိုအောင်ဖေ ဘယ်လိုဖြစ်တာလဲ"
"ဘယ်လိုဖြစ်ရမလဲကွာ မင်းတို့ကိုကြည့်ပြီး သူ့သမီးလဲအဲလိုဖြစ်မှာကြောက်လို့ မိန်းကလေးသူငယ်ချင်းမထားခိုင်းဘူးလေ ယောင်္ကျားလေးသူငယ်ချင်းပဲထားခိုင်းတာ ခြေလွန်လက်လွန်ဖြစ်ကုန်တယ် ဆိုပါတော့ကွာ"
"ကောင်လေးကရော တာဝန်မယူဘူးလား"
"ကောင်လေးကတနယ်သား နေရာအတိကျလဲမသိဘူး စားရကံကြုံလို့စားသွားတာပေါ့ "
"ရှင် "
"ဟုတ်တယ် ငါပြောတဲ့အတိုင်းဘဲ မင်းသားစစ်တပ်ကဖမ်းချိန်မှာဆေးလွန်နေခဲ့တာ သူတယောက်တဲမဟုတ်ဘူး သူ့သူငယ်ချင်းတွေလဲပါတယ် "
"မဖြစ်နိုင်တာ ကျမသားဆေးသုံးစရာလား"
"ရွာထဲမှာသတင်းမှန်သမျှမင်းအကုန်သိတယ် အခုဟာကိုမသိချင်ယောင်ဆောင်ထားတာလား စစ်တပ်ကလာဖမ်းချိန်သွေးရူးသွေးတန်းထွက်ပြေးလို့ ပစ်လိုက်တယ်လို့တော့ပြောတယ် သေတော့မသေဘူး ရှေ့တန်းရောက်ကုန်ပြီ "
2024မှာပင် ဖမ်းရင် ထောင်သို့ချသေးသည်၂၀၂၅တွင် ဖမ်းမိတာနှင့်ရှေ့တန်းရောက်ရမည်
"ညီးအေ မိုက်လိုက်တာ ဘယ်မလဲညီးအကောင်"
"တော်ပါတော့အမေရယ် သမီးရှက်လွန်းလို့ပါ"
"ညီးလုပ်တုန်းကလုပ်ပြီး အခုမှရှက်နေရလား ပြောစမ်းဘယ်မှာလဲညီးကောင်"
ပြောခိုင်းပေမဲ့လည်းမပြောဘဲ ငိုယိုကာဖြင့်ထွက်ပြေးသွားသည် အစကတော့ဝမ်းသာနေတယ်ဆိုပေမဲ့ အခုလိုကျပြန်တော့လည်းစိတ်မကောင်း
"ဟန် ပြန်ရအောင်လည်ချင်စိတ်လဲမရှိတော့ဘူးည"
"ဟုတ်ပ ရွာထဲခနလေးလာပါတယ် ပျော်နေတဲ့ကမ္ဘာလေးပျက်သွားပီ"
"ငါတို့ဘာသာငါတို့ အိမ်မှာကဲတာအကောင်း"
"ကဲပါတော်ကြပါတော့7 နာရီလည်းထိုးနေပြီအစားသောက်တွေထားရတော့မှာ သွားစို့"
ဟန်တို့အိမ်ပြန်လာချိန်တွင် စားပွဲ၌မနက်ကလုပ်ထားသည်များကို စားပွဲပေါ်တင်နေကြပြီ အရက်ပုလင်းတွေ ဘီယာတွေ အအေးတွေနဲ့ဆိုဂျူကသန့်သန့်စီထားလိုက်သည် မီးဖို ဖိုတဲ့သူကဖို ထင်းခြောက်တွေသယ်သူကသယ် အားလုံးပြီးစီးသလောက်ပင်ရှိနေပြီ
"မင်းတို့မျက်နှာတွေကဘာဖြစ်နေကြတာလဲ အီးမှန်ထားတဲ့ရုပ်နဲ့"
"ဘာမှမဖြစ်ပါဘူးကွာ "
"အဲဆိုဘာလို့အဲရုပ်တွေထွက်နေတာလဲ "
တယောက်မျက်နှာတယောက်အရင်ကြည့်လိုက်ပြီး ဘယ်ကတည်းကပြောချင်နေမှန်းမသိသောဝင်းဆန်းမှာ ဖြစ်ကြောင်းကုန်စဥ်ကို အသေးစိတ်ပြောပြတော့သည်
"ဝမ်းသာတယ် သူများသားသမီးပဲပြောချင်ကြတာ ကိုယ့်အလှည့်ကျဘယ်လိုလဲဆိုတာပြလိုက်တာဘဲ ဝဋ်လည်တာများမြန်ချက်"
"ကဲကဲ မီးဖိုပြီးပြီ စားကြသောက်ကြမူးကြမယ် သန်းကောင်မကျော်မချင်းမမှောက်ရဘူး ကိုယ့်ရေချိန်ကိုယ်ထိန်း လာကွာ ချီးယားလ်"
အရက်ခွက်ကိုင်သူကကိုင် ဘီယာဘူးကိုင်သူကကိုင် ဝိုင်ပုလင်းကိုင်သူကကိုင်နှင့် ဟန်သာဘာကိုင်လို့ကိုင်ရမှန်းမသိ
"ဦးလို့ "
"ကျစ်! ခများရာ ခများလေ အရက်နဲ့ကိုတွေ့လို့မရတာ ရော့!Chang ရော့! ဒါကSpeed ရောပြီးသောက် မထူးပါဘူး ကျုပ်ကိုယ်တိုင်ရောပေးမယ် "
"ဟာ..ဦး ဦးဟာဘီယာကဘယ်မလဲ အစက်ရေထည့်တာလား အအေးကြီးပဲ "
နောက်ဆုံးအဲလိုဖြင့်အာလျှော့ရကာ ရှိသမျှအစားစာတွေပဲစားရတော့သည်
"ဒီအရှည်နှပ်လေးကမိုက်သားပဲ "
"ဟုတ်ပ ပုဇွန်တွေကအသားစစ်နေပြီ"
"အချည်ရည်နှပ်တဲ့ကြာချိန်လည်းကြည့်အုံးလေ နေ့လယ်ကတည်းက "
"ငါတို့ကချက်တာဆိုပေမဲ့ ဘယ်လိုလုပ်ရမလဲပြောတာဆက်ဟန် "
"ဟုတ်တယ် ဟုတ်တယ်"
"ဆက်ဟန်က တော်လိုက်တာ "
"ကျုပ်လင်ဘဲ အဲလောက်တော့ရှိမပေါ့ "
" !@#$%^&*?-±÷©!@#$%^^*&*+"
ထိုသို့လျှပ်တပျက်ဂုဏ်ဝင်ဆာလည်း အဆဲကမလွတ် လူပေါင်းစုံ၏ဆဲသံတွေခဏအကြာတွင်တိတ်သွားသည်
"ကဲ ဂိမ်းကစားမယ် ကစားတယ်ဆိုတာထက်အလှည့်ကျသီချင်းဆိုတယ်ဆိုတာပိုမှန်လိမ့်မယ် "
ထိုင်ခုံမှာထိုင်နေသူတွေက မီးပုံကိုအဝိုင်းပတ်ကာထိုင်လိုက်ကြသည် ဦးရဲ့ဘယ်ဘက်တွင် ဟန် ဟန်ဘေးတွင်သူ့ညီ သူ့ညီဘေးတွင်နီကြား နီကြားဘေးတွင်ဘီလူး ဦးရဲ့ဘေးတွင်ငလုံး ငလုံးဘေးတွင်ငဟိန်းနှင့် ကျန်သူများအသီးသီးနေရာယူထားသည်
"ရော့ဟန် "
ပခုံးပေါ်ရောက်လာသည့် ဂျင်းလက်ရှည်အပါလေးနှင့်ဘီယာတစ်ဗူး
"ဟန်ယူလိုက်ရင်ဦးအေးနေမှာပေါ့ "
"ကျုပ်အေးမှာထက် ခများအေးမှာပိုကြောက်တယ်"
"ဟန်အေးရင် ဦးရင်ခွင်ငှားပေါ့ "
"မင်းကတော့လေ"
နှုတ်ခမ်းလေးများစူပြီး မျက်လုံးကလပ်ကလပ်လုပ်နေပုံက ရင်ဘက်ထဲယားကျိကျိပင်ဖြစ်လာသည် ဖက်နမ်းပစ်ချင်စိတ်ကတော်တော်လေးထိန်းရသည်
နောက်ဆုံးလက်လျှော့ရသူကသူသာ အသားဖြူဖြူပေါ် စပို့ရှပ်အဖြူအပါးနှင့်တစ်သားထဲ ဘီယာရှိန်ကြောင့်ပါးဖွေးဖွေးနှစ်ဖက်ဟာပန်းရောင်သန်းနေသည် မီးပုံကအရောင်ထင်ဟပ်မှုကြောင့် မွေးညှင်းနုနုလေးတွေကအစအသေးစိတ်မြင်နေရပြီး ကြယ်သီးနှစ်လုံးဖြုတ်ထားသည့်ရင်ဘက်က ရင်အလယ်တည့်တည့်ကမှဲ့နက်ကလေးကိုအတိုင်းသားမြင်ရသည် အစားစားတိုင်းမို့တက်သွားသည့်ပါးပြင်ကိုလဲစိတ်ရှိတိုင်းဆွဲညှစ်ပစ်ချင်သည် ဘီယာသောက်တိုင်းအထက်အောက်လှုပ်ရှားသွားသည် လည်စေ့သေးသေးလေးနှင့် ဖြူလွလွ ညှပ်ရိုးကိုငုံခဲလိုက်ရရင်
အား....စောက်ဒုက္ခပဲဟေ့ အခုချိန်မှထဖြစ်ရလား စိတ်နဲ့ပစ်မှားနေတာကို အလိုက်မသိသည့်ကောင်ကငေါက်ခနဲ
သူ့ညီဘာပြောနေလဲသူမသိတော့ သူသိတာသူ့ကိစ္စအရင်ရှင်းရမည် တင်းနေတာများပေါက်ကွဲထွက်တော့မတက်
' My is very အားဆေးလို '
........................................................................
[text_hash] => 186cc1be
)
What do you think?