Chapter 22: 20

Array
(
[text] =>

"ကျွန်တော်တို့ ခိုးစားကြမလား"

"ဟမ်"

"ထမင်းစားချင်တာများ ခိုးမစားလဲရတယ်"

"မဟုတ်ဘူးလေဗျာ ကျုပ်ပြောတာ...အဲဒါ"

"မရဘူးနော်ဦး ဒီနေ့မှမရဘူး အသံကြားလိုက်မယ်"

"မရဘူး လိုချင်တယ်လို့ ပြောတော့ကျုပ်ကိုချစ်တယ်ဆို"

"မရစ်နဲ့ချစ်တာချစ်တာ ပေးတာပေးတာဘဲ မဆိုင်ဘူး "

ထိုမျှနဲ့တင်မရဘဲကလေးမုန့်တောင်းသလိုလုပ်နေသူကိုအလိုက်လိုက်ရတော့သည်

( ကျော်ပြီ ခွပြီ စိတ်ဆိုးကြပါနဲ့😛😛)

"မသာတွေ လူသူအိပ်နေမှန်းလဲမသိဘူးလားမသိဘူး"

"ငါတို့ကိုကလျှာရှည်ပြီး ဒီအိမ်မှလာအိပ်တာကို "

ပိုင်စိုးဦးတို့အိပ်ခန်းရဲ့နံရံကပ်အိပ်သည့်ဘီလူးနှင့် ဝင်းဆန်းမှာနားဒုက္ခတွေအပီပြင်ခံရတော့သည်

"ဒီနေ့လေးကိုမအောင့်နိုင်ကြဘူးလားမသိဘူး"

"ငါတော့ အိမ်ရှေ့ထွက်အိပ်မယ် မင်းလိုက်ချင်လိုက်မလိုက်ချင်နေ"

"လိုက်မှာပေါ့ "

ထိုတွင် နှစ်ယောက်သားအတွဲညီစွာအိမ်ရှေ့ရောက်သွားရသည်

"မင်းတို့နှစ်ကောင်က ညကမအိပ်ဘူးလားမျက်ကွင်းကနောက်စိရောက်နေတယ် "

"ငါမ ိုးမ အဲဒါမင်းတို့လင်လင်တွေကြောင့်လေ"

"ကြားနေလား "

"လုံးတိုင်းကြားတယ် "

"ဟီး.. ကျုပ်လည်းမအောင့်နိုင်တော့လို့ပါသည်းခံ"

"အေးပါကွာ ငါ့မှာလည်းမိန်းမနဲ့ပါ နားလည်ပါတယ်"

"အားလုံးလူစုံနေပြီဆိုတော့တာဝန်ခွဲမယ် "

လူအားလုံးကို ကွပ်ပစ်သို့ခေါ်ကာ လူစုကြသည် ပြီးတာနှင့်

"မင်းလင်လေး ကျန်သေးတယ်လေ"

"ညကအိပ်ရေးပျက်ထားတယ် အဲလောက်ဆိုသဘောပေါက်"

"ပထမဆုံး ပိုင်ထွေးဦးမင်းက ငါ့ညီဆိုတော့သက်သာတာလေးပေးမယ် အနောက်ကမြေကွက်လပ်ကိုပြောင်အောင်သွားရှင်း "

"ဘာ!!....အဲဒါကသက်သာလား ထိကရုံးပင်တွေကြီးပဲကောင်"

"ငါကလုပ်ဆိုလုပ် "

"ဦးရွှေမိုးနဲ့ ဦးနိုင်ဝင်းခများတို့က ဈေးသွားချေ ညတွက်ဆင်ပြေမဲ့ဟာသာဝယ်ခဲ့ "

"အော်~ ဦးနိုင်ဝင်းပြန်လာရင်ချက်ပြုတ်ဖို့တခါတည်းဝင်လိုက်တော့ ဟိုကောင်ငဟိန်းကူညီလိုက်မယ်"

"ငါတို့ပါကူညီလိုက်မယ်လေ "

ထိုစကားကို တာဝန်ပေးမခံရသေးသည့် ဝင်းဆန်းနှင့်ငလုံးမှဝင်ပြောချင်း ကျန်တဲ့သူတွေကမျက်ခုံးအစုံပင့်တက်သွားသည်

"တိတ်စမ်း ကြက်ဥကြော်ကသွေးတိုးလို့ ဆေးထိုးရတာလဲမှတ်မိသေးတယ် ပုဇွန်ချဥ်ဆားထဲ့ကြော်တာလဲ မှတ်မိသေးတယ် ကိုယ့်အခြေနေကိုယ်သိ"

"ငလုံး မင်းက ဘီယာနှစ်ဂါလံ ဆိုဂျု ဝိုင် ကြည့်ပြီးတော့သာဝယ်လာခဲ့ အအေးလည်းမမေ့နဲ့ ရေခဲရော ဝင်းဆန်းမင်းကလိုက်ကူချေ"

"ငါတို့သာတန်းစီခိုင်းသွားတယ် မင်းကရောကင်းကောင်"

"ကျုပ်ကလား အမ်း...ဘာလုပ်ရမလဲမစဥ်းစားရသေးဘူး "

"ငါပြောဖို့မေ့နေတာကင်းကောင်ရ ဟိုကောင် နီးကျားနဲ့ အစီ လာမှာပြောတယ်"

"အတော်ဘဲ အဲကောင်တွေလာတာနဲ့ ဦးနိုင်ဝင်းအဖွဲ့ကိုလွှတ်လိုက်မယ် "

"ငဟိန်းရှိတယ်လေကွာ"

"ပြုတ်မဲ့ဟာနဲ့ သုတ်မဲ့ဟာနဲ့ ကင်မဲ့ဟာနဲ့နှစ်ယောက်တည်းနိုင်လား "

"ထောက်ခံတယ် ကျုပ်တော့မနိုင်ဘူး "

"ကျုပ်ကတော့ ထွေးဦးကိုပဲကူလိုက်မယ် မြေရှင်းပြီးတာနဲ့ ခုံတွေချရမှာ "

"အေ မင်းပြောတာလဲဟုတ်တယ် ဦးမိုးရွှေကဈေးကပြန်လာတာနဲ့အားပြီ ဘယ်အဖွဲ့ကိုထည့်မှာ မင်းအဖွဲ့ထည်းလား"

"မင်းတို့အဖွဲ့နဲ့ထည့်လိုက်မယ် မင်းတို့ကစိတ်ချရတာမဟုတ်ဘူး အရက်ရတာနဲ့ မော့တော့မှာ ငလုံးဆိုတဲ့ကောင်ကလည်းအရက်သာလျှာပေါ်တင် ချက်ချင်းမှောက်တဲ့ကောင်ညန်း"

"အေးပါကွာ ဖအေကသားတွေတွက်စီမံပေးသလိုဖြစ်နေတယ် ဒါနဲ့ဦးသက်ကရော "

"ဟုတ်သားပဲ ငါမေ့နေတာ"

"သူ့မေ့နေရင်လည်းထားလိုက်ပါတော့လား ငလုံးကောင်ရဲ့"

"မရပါဘူး ကျုပ်တို့အကုန်လုံးကတစ်ခုစီယူပြီ ခများကိုတော့ဘာမှမလုပ်ခိုင်းဘဲမရဘူး လုပ်ရာလည်းမရှိတော့ဘူးခွဲပြီးပြီ အဲတော့ကျုပ်တို့အားလုံးကူဖို့လုပ်လိုက် ခများရဲ့တိုက်ကွန်ဒိုကကွက်တွေထုပ်လို့ရအောင် ငဟိန်းလုပ်ပေးလိုက်မယ် "

"နေ့လယ်တွက်စားဖို့လိုသေးတယ် မီးဖိုချောင်ငသက်မင်းဝင်လိုက် ညနေပိုင်းတွက်ကငါတို့ပေါ့ "

"အေးပါကွာ"

ဟန်နိုးလာတော့ အဝတ်တွေသေချာဝတ်ပေးထားသည် စားပွဲပေါ်ကနာရီတချက်ကြည့်တော့ ၁၁တီးတီးနဲ့တူ မွေးပျံ့လာသောကြာဇံဟင်းခါးအနံ

"ဦးသက် ဘာချက်နေတာလဲ"

"ဟေ့! ဟေ့! မျက်နှာအရင်သွားလေညစ်ပတ်ရဲ့ ခဏနေရင်အကုန်လုံးထမင်းစားတော့မှာ သွားတော့ ကင်းကောင်တောင်အဲလောက်မညစ်ပတ်ဘူးပြောမရဆိုမရကောင်"

အိပ်ယာထစိတ်ကြည်နေသည်မို့ ဘာမှမပြောချင်ပေမဲ့ ခေတ်ဆက်သာဟန်စိတ်ကိုလာဆွရင်တော့ So sorry ပဲ

"ကျွန်တော်က ပြောမရဆိုမရလား ဦးသက်တူကပြောမရဆိုမရလား

ဒဿဂီရိလိုမျက်နှာများတဲ့အကောင်နဲ့မပတ်သက်နဲ့လို့ပြောတာသိပ်နာခံတာပဲနော် အခုတော့ဘယ်လိုလဲဦးသက်ရဲ့"

"ဟက်! ဒါကသူပျော်အောင်ခဏလေးလွှတ်ထားတာ စောင့်ကြည့်နေလိုက်မကွဲကွဲအောင်ခွဲပြမယ် မင်းကိုလည်းချစ်တာမဟုတ်ဘူးလေ"

ချစ်တာမဟုတ်ဘူးလေးကိုဖိပြောတော့ မျက်နှာပျက်သွားပေမဲ့ထိန်းလိုက်နိုင်သည် ဟန်ကဒီလိုလူမျိုး ရင်ထဲကမ္ဘာပျက်နေပါစေအပြင်ထုပ်မပြ

"ဟုတ်လား ဒါဆို ဘာလို့ယူခဲ့တာပါလိမ့် ဟန်တော့ပြောပါတယ် တာဝန်ယူစရာမလိုပါဘူးဦးလို့ "

"ကစားစရာအသစ်ကလေးထင်လို့နေမှာပေါ့ "

"ဟိုး...စတော့ဦးသက် ဒီမှာလူအများကြီးအခုလိုပြောနေတာ သိသွားရင်ဘယ်လိုလုပ်မလဲအထူးသဖြင့် ဦးသက်ရဲ့ တူလေး.."

ပြောပြီးတာနှင့်လှည့်ထွက်လာလိုက်သည် ဖြစ်နိုင်ရင်မျက်နှာပါမတွေ့ချင်တော့

သူတို့မသိလိုက်သည်မှာ နေ့လယ်ရောက်နေပြီဖြစ်သည့်အတွက် ဟန့်အားလာနှိုးသည့်ပိုင်စိုးဦးတယောက်တံခါးအကွယ်ကနေ ဖြစ်စဥ်အစဆုံးကြည့်နေတာကိုပင်

"ဟော ကင်းကောင်ပြီးပြီလား"

"မြေရှင်းပြီးပြီ ခုံချဖို့ဘဲလိုတော့တာ ဒါနဲ့ဟန်ကအခုထိမနိုးသေးဘူးလား"

"နိုးပြီထင်တယ် အခုနအိမ်အောက်ဆင်းသွားတာမြင်တယ် သန့်ရှင်းရေးသွားလုပ်တာနေမှာ"

ဟန်ဆောင်ကောင်းသည့်လူကို ဪ~ပြင်ဘာမှမပြောနိုင်

"ဦးသက် လက်ရာကတော့ပှံမှန်တိုင်းဘဲ ကောင်းတယ်"

"ကောင်းတာကနောက် အစားလွန်ပြီးအိပ်ချင်တယ်လုပ်ရင် ကန်မှာ ကျုပ်အဆိုးမဆိုနဲ့ "

"စိတ်လျှော့ကင်းကောင် အသက်တိုမယ် "

"လူပုစိတ်တိုခွေးပုရန်လိုဆိုတာဒါမျိုးပြောတာ "

"ကျုပ်ကရှည်တာ်ဗျ ဟန်အသိဆုံး၅.၈လောက်ရှိတာလေ"

"အဟွတ်..အဟွတ်...ဟွတ်.."

ဘုန့်!

"ကင်းကောင် လူ့ငနွားငါမဆဲချင်ဘူးနော် စားပွဲမှာဟာညစ်တီးညစ်ပတ်တွေ"

"အမှန်ဘဲလေကွာ ငါ့အရပ်က၅ပေ၈လက်မရှိတာလေမောင်"

"မင်းအစကတည်းကအရပ်နဲ့ ၅ပေ၈လက်မလို့ပြောရင်သေသွားမှာမို့လို့လား "

"ခများတို့ကသာ ငလုံးနဲ့ပေါင်းပြီးနှာတွေး တွေဖြစ်ကုန်တာကို ထည့်ပြော"

"ဟို..စားစရာတွေအေးကုန်လိုက်မယ် စားပြီးမှဘဲပြောကြတော့လေနော် ဦးရောပဲလိုက်မစနဲ့တော့ "

"ကျုပ်.ရဲ့.ဟန်. ပြောလို့မဟုတ်ရင်ဒီထက်ဆိုးတာတွေလာမယ် "

ကျုပ်ရဲ့ဟန်ကို ဦးသက်မျက်နှာကြည့်ပြီးတစ်လုံးချင်းဖိပြောလိုက်သည် နဘေးတွင်ထိုင်နေသည့်ပိုင်ထွေးဦးမှာတော့ အခြေနေရိပ်မိနေသလိုရှိပြီး ချွေးစေးအနဲငယ်ပျံစပြုနေပြီ သူရိပ်မိသလိုဆိုတာက အတွေးပင်မစရသေး အကိုပင်လောင်းမျောက်၏အသံကြောင့် အတွေးစပျက်သွားရသည်

"ကျုပ်မေးနေတယ်"

"သစ်ကိုင်းနဲ့ခြစ်ထားတာပါဆို"

"ဒီထက်ကောင်းထက်ဖြေရှင်းချက်မရှိတော့ဘူးလား ဒီနားမှာခများခြစ်မိရလောက်တဲ့ထိ ဘယ်မှာမှသစ်ကိုင်းမရှိဘူး မှန်မှန်ပြောပါဟန်ရာ ဒါကသစ်ကိုင်းခြစ်ရာထက် ဘရိုက်ဓားရာထွက်နေတာနော် ကျုပ်ဘယ်နှခါပြောရမလဲ ခများစိတ်တိုနေရင်ဒေါသထွက်နေရင် ပစ္စည်းတွေပစ်ခွဲချင်သလောက်ပစ်ခွဲလိုက် ကိုယ့်ကိုကိုယ်ထိခိုက်အောင်မလုပ်ရဘူးလို့ ခများဗျာ ကျုပ်ပြောရင်လည်းကျုပ်အဆိုးဆိုဦးမယ် ခများလုပ်ပုံကဟုတ်ကိုမဟုတ်နေတာ"

ဒေါသထွက်လွန်ရင် ထိခိုက်အောင်လုပ်တက်တက်က ဘယ်ဘက် လက်တလျှောက်အမာရွတ်လေးတွေထင်နေသည်ကသက်သေ အခုလည်းလုပ်ထားပြန်ပြီ ဒေါသထွက်လွန်နေချိန်နာမှန်းမသိပေမဲ့ သွေးအေးသွားရင်အရမ်းနာတာကို ရွာမှာတုန်းကမျက်မြင်တွေ့ခဲ့ဖူးသည်

( 'ခများလူမိုက်လား ကိုယ့်ကိုကိုယ်ဘရိုက်ဓားနဲ့လှီးရအောင်'

'ဟန်.ဒေါသမထိန်းနိုင်လို့'

'ပစ္စည်းတွေကြိုက်သလောက်ပစ်ခွဲလေ ကိုယ့်ကိုကိုယ်နာကျင်အောင်မလုပ်နဲ့ '

'ဦးကစိတ်ပူနေတာလား'

'စိတ်ပူစရာလား ခများလက်ဖြူဖြူကအမာရွတ်တွေနဲ့ကြည့်မလှလို့ပြောနေတာ'

'မနာဘူးလားခများ'

'မနာဘူး သွေးအေးသွားရင်တော့နာတယ်'

'ခများလူမိုက်ကလုပ်တာကို နောက်တခါအဲလိုမလုပ်နဲ့ ကျွန်တော်မကြိုက်ဘူး "

'ပြောအခုကအမေ့ကိစ္စနဲ့ပဲလား'

'အင်း'

'ဒေါသထွက်တာခများနဲ့မလိုက်ဘူး '

'အရမ်းကြည့်ရဆိုးတယ်'

'မျက်နှာသေနဲ့ အံတင်းတင်းကြိတ်ထားတာများလူသတ်လို့ရရင်သတ်မဲ့အတိုင်ဘဲခများက'

'သတ်လို့ရရင်သတ်ချင်တာ ဥပဒေတွေဥပဒတ်တွေသာမရှိရင် ဘယ်နှစ်လောင်းပြိုင်ဆိုတာသတင်းမှာတက်လာကြာပြီ '

'လျှောက်မလုပ်ရဘူး အခုလိုကိုယ့်ကိုကိုယ်ဒဏ်ရာရအောင်လုပ်တာနဲ့တင်ကိုလွန်လှပြီ' )

"ဟေ့ ကျုပ်ပြောတာကြားလား"

"သိပါပြီဆို "

"ပြောလိုက်ရင်သိပါပြီဆို ထပ်လုပ်တာပဲ"

"အဲဒါကမပြောနိုင်ဘူး မထိန်းရင်ထပ်လုပ်မိမယ်ထင်တယ်"

"တွေ့လာ မင်းကပြောလေကဲလေ "

စားသောက်ပြီးစည်းတဲ့ချိန်ကနေ တတောက်တောက်ပြောနေသည်မှာ ကြည့်ရကပ်လာထင် ချက်ပြုတ်အဖွဲ့ကလှမ်းအော်တော့သည်

"ဟိုလင်လင်တွေ ကြည်နူးမနေနဲ့ ဒီမှာဘာတွေလုပ်မှာလဲလာပြော ဟိုကောင်ကင်းကောင် ညနေ၆နာအပြီးလုပ်ရမှာနော်အခုဘဲ ၁နာရီရှိပြီ ခုံတွေကမချရသေးဘူး "

"ဟန်လာပြီ"

ဟိုကပြောတာတောင်မဆုံးသေး လှစ်ခနဲသွားလိုက်တာများခြေတိုလိုသာ ခြေများရှည်ရင် အိမ်ပေါ်ကနေအိမ်​အောက်ခုန်ဆင်းမယ်ထင်

"ဟန် စာရင်း​ပေးလိုက်တဲ့အတိုင်းပဲလား"

"အင်း အားလုံးရေခဲရိုက်ထားတယ် "

"အဲဆို ဝက်သားကိုခပ်ပါးပါးလှီးပြီး ရေခဲထပ်ရိုက်ထားလိုက် စားခါနီးကြမှကင်မယ် ကြက်သားကျတော့တခြမ်းခွဲပြီးကင် အူတွေပါတယ်မလား အဲဒါကသုတ်လိုက် ပုဇွန်ကိုလည်းတခါတည်းကင်လိုက်လို့ရတယ် ကင်းမွန်ရောဘဲလိပ်ရော တချို့ကိုဖယ်ထားလိုက် အချည်နဲ့နှပ်ရအောင် "

"ဆက်ဟန် ခွဲလိုက်ရင်လောက်ပါ့မလား "

"ဘယ်နှစ်ပိဿာစီဝယ်လာကြလဲ "

"ကြက်သား သုံးပိဿာ ၊ ဝက်သား သုံးပိဿာ၊ ကြက်အူကတစ်ပိဿာ ၊ ဆက်ဟန်ကပင်လယ်စာအသားပေးဆိုလို့ ပုဇွန် ကင်းမွန် ဘဲလိပ် ဂဏန်း ကိုလေးပိဿာစီဝယ်လာတယ် ငါးကြတော့ သုံးပိဿာပဲဝယ်လာတယ် "

"ပင်လယ်စာကို နှစ်ပိဿာစီခွဲပြီးကင်လိုက် ရှောက်သီးဝယ်လာတယ်မလား အဲဒါကိုအရည်ညစ်လိုက် ကင်းမွန်ရယ် ဘဲလိပ်ရယ်ကိုသေချာလုပ်ပြီးအချည်ရည်နဲ့ပုံးထဲထည့်ထားလိုက် အဖုံးမဖုံးနဲ့ ပုဇွန်ရောဘဲ ပုဇွန်ကိုခေါင်းဖယ်ပြီးရင်ကျောကအမဲတွေဖယ်ပြီး အချည်စိမ်ထားလိုက် "

"ဂဏန်းမဆလာတော့ရတယ်မလား"

"အင်းရတယ် ဟင်းခါးရောထည့်အုံးမလား"

"မထည့်တော့ဘူးအအေးနဲ့ဘဲမျှောလိုက် ပြောင်းဖူးကရောပြုတ်ပြီးသားမလား ဆော့လုပ်တဲ့သူကများများလုပ်နော် အကင်တွေကများတယ် "

"အသီးတော့ဝယ်မလာဘူးရတယ်မလား "

"ရတာပေါ့ အအေးသမားကဆိုဂျုနဲ့ရောလိုက် အရက်ကြမ်းကသပ်သပ်ထားပေါ့"

ဘယ်လိုလုပ်ရမလဲဆိုတာဆက်ပြောပြီး ထွက်လာလိုက်ရသည် သူတော်တော်နေရခက်နေပြီ ပြောတာနားမထောင်ပဲကိုယ့်မျက်နှာပဲ​ကြည့်နေသူကြောင့်

"အဆင်ပြေရဲ့လားဟန် "

"ပြေတယ်ဦး ခုံတွေမြန်မြန်ချပြီးသွားလုပ်ကူကြတာပေါ့လုပ်စရာကများတယ် "

ရှင်းထားသည့်မြေကွက်လပ်ကိုရောက်တော့ အလယ်ဗဟိုတည့်တည့်ကိုရွေးပြီး မီးပုံရာလုပ်လိုက်သည် အစားသောက်ထားမဲ့ခုံကို မီးဖို့ရဲ့ရှေ့ခြံရှေ့ကိုမျက်နှာမူပြီးထားလိုက်သည် မီးဖိုရဲ့အနောက်ဖက်မှာတော့ တင်စားမဲ့ခုံရယ်မျက်နှာချင်းဆိုင်ထိုင်လို့ရအောင် လုပ်ထားသည် အဘေးကကွက်လပ်ကိုလွှတ်ထားလိုက်သည် ခုံမှာထိုင်ချင်ထိုင် မီးပုံနဘေးကထိုကွက်လပ်မှာထိုင်ချင်တဲ့သူထိုင် အားလုံးပြီးစီးတော့ ချက်ပြုတ်ဘက်ပြန်လှည့်ရသည်

"ကြက်အူသုတ်တာဆင်ပြေပါ့မလားမသိဘူး "

"ဆင်ပြေတယ် ဟင်းချက်တော်တဲ့သူတွေရှိတာဘဲဟန်ရာ နားနားနေနေကျုပ်နားနေစမ်းပါ"

"ဦး ဟန်အားမရဘူးလို့"

"မရဘူး ကျုပ်စကားကားနှစ်ခါမပြောချင်ဘူး "

အလိုတော်မလိုက်နိုင် ချက်ပြုတ်နေသည့်ထဲဟိုကောင်နီးကြားပါနေသရွေ့လုံးဝမဝင်ခိုင်း

သို့သော် နဂိုစူထော်ထော်နှုတ်ခမ်းကပိုထေည်လာတာများ သူစိတ်ကောက်နေတယ်ဆိုပြီး ပြောမပြလည်းသိသည်

"ဟုတ်ပြီကွာ ဒါမဲ့ကျုပ်နားနေရမယ် ခများဝင်မချက်ရဘူး"

"ဘာလို့လဲ"

"အထွန့်မတက်နဲ့ ချက်ပြုတ်နားသွားခိုင်းတာနဲ့တင်ကိုတော်တော်လွန်နေပြီ"

"ဟန်ကိုတမျိုးထင်သွားမှာပေါ့ မနက်ကလည်းနေ့လယ်မှအိပ်ယာထတယ် ညနေဘက်ကြတော့လည်းသူတို့ကချွေးသံတရွဲရွဲလုပ်နေရပြီးဟန်ကဘာမှမလုပ်ရင်အားနာစရာ"

"ကျွန်တော့ဘဲအလျှော့ပေးပါတယ် ဝင်တော့မချက်နဲ့နဘေးက​နေရင်ရပြီ နားမထောင်ရင်တော့ကျွန်တော့အဆိုးမဆိုနဲ့"

"ဟုတ်ပြီလာသွားစို့ "

"ခများတို့ဆင်ပြေရဲ့လား"

"မပြေဘူးဟ"

မီးဖို့ကိုအရှည့်လိုက်ဖိုကာ သံတန်းအရှည်ကြီးတင်ထားသည် ကြက်သားနဲ့ဝက်သားက ကင်နေပြီဆိုပေမဲ့ ငါးကအူတွေကိုင်လို့မပြီးသေး

အကင်ကို ဦးနိုင်ဝင်း ငဟိန်းနဲ့ ဦးရွှေမိုးက တာဝန်ယူထားသည်

ဦးသက်နှင့် ဝင်းဆန်းက အချည်ရည်နှပ်မဲ့ဟာတွေလုပ်နေသည်

ငလုံးကဆော့တွက်ငရုတ်သီးကိုငရုတ်ဆုံအကြီးကြီးနှင့် ခြေမွအောင်ထောင်းနေတော့သည်

"အအေးပြောဖို့မေ့နေတာ ညနေဝိုင်းချခါနီးမှဖျော်ရအောင် "

"​ကြက်အူဘယ်သူကိုင်နေလဲ "

"ငါဟေ့ငါ "

ရေစည်နားကွက်လာသည့်နီကြား

"အကင်ကလူလောက်ရဲ့လား"

"မလောက်ဘူးဟေ့ ပိဿာတွေကများတော့ လိုက်မကြည့်နိုင်ဘူး "

"အဲဆို ဦးနိုင်ဝင်းကငါးဘက်ယူလိုက် ငါးကအရသာဝင်ဖို့အရေးကြီးတယ် ညှီများလဲကြောက်ရသေးတယ် ဦးရွှေမိုးကဝက်သားယူလိုက် ကိုဟိန်းကျတော့တော့ကြက်သားနဲပုဇွန်ကိုယူလို့ဖြစ်တယ်မလား "

"အေးဖြစ်တစ် ကင်းမွန်တွေကျန်သေးတယ်လေ "

"ကင်းမွန်ရယ် ဘဲလိပ်ရယ်ကို အစီယူလို့ရတယ်မလား "

"ရတယ် ရတယ် "

"ထွေးဦးနဲ့ ဦးကဂဏန်းမဆလာနဲ့ အသားချောင်းတွေကြော်ဖို့လုပ်လိုက်"

"ဟိုနီကြားက ငလုံးကိုဘဲဝင်ကူလိုက် ကြက်အူကဦးသက်ပဲလုပ်လိုက်တော့ အချည်ရည်နှပ်ပြီးရင် ဝင်းဆန်းနဲ့လွှတ်ထားလိုက်"

"တော်သေးတာပေါ့ ဟန်မှအဲလိုမစီစဥ်ရင်ဘာလုပ်ရမှန်းမသိဘဲဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ အချိန်တောင်မှီမှာမဟုတ်ဘူး "

"ဆက်ဟန်ဒီခဏ "

ငလုံးအဖွဲ့က ခေါ်သည်မို့ အဲဘက်ပြေးရပြန်သည်

"ငါဒီဆော့ကိုမလုပ်တက်ဘူး လိုအပ်တာတွေဘဲလုပ်ပေးထားမယ်ရတယ်မလား"

"ငရုတ်သီးထောင်းပြီးဘာလုပ်ရမလဲပြောဦး"

"ဝယ်လာတဲ့သံပုရာသီးအကုန်အရည်ညှစ်ထားလိုက် ပြီးရင်ဟန်ဘဲဆက်လုပ်လိုက်မယ် "

"မလုပ်ရပါဘူး ခများပြောထားတာမေ့သွားတာလား"

"ဟန်ဝင်မချက်ဘူးလေ ဆော့လေးပဲလုပ်ပေးမှာနော် ဦးကလိမ္မာတယ်"

"မရဘူးဆို မရဘူး ကလေးလိုလိုဘာလိုလိုလာမလုပ်နဲ့ အဲကြောင့်ခများဒီမလာခိုင်းချင်တာ ကျုပ်​ပြောရင်လည်းလူဆိုးကဖြစ်အုံးမယ်"

"အကြောင်းပြချက်ကဘာလဲ ဝင်မချက်ခိုင်းစေချင်ရတဲ့အကြောင်းပြချက်ပေးရင် မလုပ်ဘူး"

"........"

"တွေ့လာ အကြောင်းပြချက်လည်းမပေးနိုင်ဘူး"

"ကျစ်! ခများလက်ရာကိုကျုပ်ကလွဲရင် ဘယ်သူ့ကိုမှမစားစေချင်လို့ ရှင်းပြီလာ ဟိုကောင်ကိုမှလွန်လှပြီ"

သူပြောတဲ့ဟိုကောင်ဆိုသည်မှာ သူ့ညီပိုင်ထွေးဦးဖြစ်သည်

ဦးပြောသည်ကတိုးတိုးမဟုတ်တာကြောင့်

အလုပ်ကိုယ်စီလုပ်နေကြသူတွေအားလုံးကတပြိုင်နက်လှည့်ကြည့်လာပြီး မျက်နှာတွေရှုံမဲ့ထားကြသည်

"အစကတည်းကပြောလိုက်ရင်ပြီးရောဟာကို ဒီဟာဘယ်သူလုပ်မှာလဲ "

"ကျုပ်ပဲလုပ်မှာမို့ ထိုင်ခုံမှာငြိမ်ငြိမ်လေးနေ တစ်ခုခုဝင်လုပ်တာနဲ့ခများလက်ကိုရိုက်ချိုးပစ်မှာ "

"ဟုတ်ပါပြီ ချစ်လိုက်တာ..."

"ငါတို့ရှိသေးတယ်ဆိုတာလဲသတိရအုံးဟေ့ တကယ်တည်းရှောင်ပေးရမယ်ဆိုလည်းကြိုပြော"

"ငဟိန်း ​ကြက်သားမီးစွဲနေပြီ"

စစ်မတိုက်ခင်လက်နက်ချဆိုတာထိုမျိုးဖြစ်လိုက်မည် ကိုယ်ချစ်ရသူက တခြားတယောက်နဲ့ပျော်ရွှင်နေတာကိုကြည့်နေနိုင်ပေမဲ့ ရင်ထဲမှာတော့အက်စစ်နှင့်လောင်းနေသည့်အလား တစ်စစ်စစ်နဲ့ကိုနာကျင်ရသည် လုယူလိုတဲ့စိတ်မရှိပေမဲ့ တခြားသူလက်ထဲမှာသာမပျော်ရင်လုယူဖို့အဆင်သင့် သို့ပေမဲ့မဖြစ်နိုင်ပြန် ကိုယ့်ချစ်ရတဲ့သူကမြင်တွေ့ရခဲ့သည့်ပါးချိုင့်ကလေးပေါ်အောင်ကိုပျော်ရွှင်နေရသည်

ပြုံးနေလိုက်တာခများရာ ရက်စက်လိုက်တာလို့မပြောချင်ဘူးဘာလို့ဆိုမီးပုံမှန်းသိရက်နဲ့ကို ကျုပ်ကတိုးဝင်တာ အိုးချင်းထားအိုးချင်ထိဆိုတာသိပ်မှန်တာဘဲ ကျုပ်ထင်တာ၉၉ပြားကောင်စိတ်ကစားနေတယ်ပေါ့ တကယ်ကစားသွားတာကျုပ်ကို အခုတော့နားလည်လိုက်ပါပြီ

"ဘယ်လိုလဲ "

"သကြားနဲနဲလိုသေးတယ် "

"ရပြီလား ကျုပ်တော့ရပြီထင်တယ်ချိုလွန်းသွားမယ် "

"အင်းရပြီလေ ဟန်ဟိုဘက်သွားကြည့်လိုက်အုံးမယ် "

"ဟန်ဒီခဏလာပြီး လာမြည်းပေးစမ်းပါ"

"အရမ်းပေါ့နေတယ် ဆားလေးနဲနဲထပ်တိုး အင်း~ဂဏန်းမဆလာကတော့စားဖိုမှုးကယူထားတော့မမြည်းတော့ဘူးယုံလိုက်မယ် "

သူအပိုင်ပါလို့ခေါင်းစဥ်တပ်ထားသည့်လူကို ပက်လက်ခုန်ကနေ တစိမ့်စိမ့်ကြည်နေမိသည် ရင်အုပ်ကျယ်ကျယ်ခါးသွယ်သွယ်နဲ့ကျောပြင်လေး ကြည့်လေထပ်ကြည့်ချင်လေ ယောင်္ကျားရပြီးမှပိုမိုနုဖက်လာသည့်ထင်ရသည့်အသားရေကိုလည်းသူမကျေနပ်ချေ တခြားယောင်္ကျားလေးတယောက်နဲ့လည်းသူစမ်းသက်ဖူးသည် မအောင်မြင်ရလဒ်က ခေတ်ဆက်သာဟန်ဆိုတဲ့လူမို့လို့ကို သူ့အတ္တကြီးနေခဲ့တာ

(ပျင်းနေပြီလား အသဲကြော်ပဲလှော်ကလေးတွေ comment လေးဖြစ်ဖြစ်လုပ်သွားကြပါလား အားဆေးလေးတွေလိုနေတယ်ရယ်)

........................................................................

[text_hash] => 147841a3
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...