Chapter 21: 19

Array
(
[text] =>

( ပျင်းနေကြပြီလား အေးအေးလေးပဲသွားရအောင်လေ upကရရင်သလိုတင်နေရတာကြောင့်မမှန်ဘူး ခွင့်လွှတ်ပေးကြလို့တောင်းဆိုပါတယ်)

အလုပ်တတောက်နားချိန်သည် နေကခေါင်းပေါ်ရောက်ချေပြီ အိမ်ရှေ့ဘက်လာတော့လူသံတွေသဲ့သဲ့ကြားရသည် ဟုတ်သားပဲသူမေ့နေတာ ဟိုလူတွေရောက်နေပြီထင်ပ

"ဟေ့ရောင် မင်းလင်ကဘယ်မှာလဲ "

"ခြံထဲမှာ ပေါင်းသတ်နေတယ်"

ဆက်ဟန်ကြည့်တော့ပေါက်ပြားထမ်းပြီးချွေးတရွဲရွဲ ကို့ကောင်ကြည့်တော့ မီးဖိုချောင်ထဲကလုံချည်မနိုင်ပုဆိုးမနိုင်တာဘဲ

"ငါ့လင်ပြောသလိုဘဲအေးဆေးနားကြ ငါလုပ်စရာလေးရှိသေးလို့ ခများလည်းရေသွားချိုးချေ ချွေးနံ့ကြီးဘဲ"

ကင်းကောင်တို့လင်လင်တွေ ထွက်သွားကြမှဟောင်းနေသည့်ပါးစပ်ကိုပိတ်ကာ တယောက်နှင့်တယောက်မေးငေါ့ရသည်

"နေရာချင်းလဲသွားတာလား "

"ဟုတ်ပမောင် ငါထင်တာငါ့တို့ကင်းကောင်ကအပေါ်မဟုတ်ဘူးလား"

"မင်းတို့ကောင်တွေဘာကြည့်ပြီးပြောတာလဲ "

"အိမ်တအိမ်မှာအိမ်ရှင်မနေရာယူတဲ့သူက အောက်ကလေ အခုကင်းကောင်ကချက်ပြုတ်နေတာဆိုတော့ အောက်ကပေါ့ "

"ဟိုကနော်နုနုဖက်ဖက်နဲ့မထင်ရဘူး လူကြမ်းကိုမှတက်ခွနိုင်တယ် "

"ငါတော့မယုံဘူး "

"ဘာကိုလဲငလုံးရဲ့"

"အခုနသူအင်္ကျီချွတ်နေတုန်းငါမြင်လိုက်တယ် ဆက်ဟန်ကိုယ်မှာမရမ်းရောင်သန်းနေတဲ့အကွက်တွေ "

"အင်းငါလည်းတွေ့လိုက်တယ် ကင်းကောင်လက်မောင်းမှာကိုက်ရာ တွေ"

"ဘယ်လိုတွေကြီးမှန်းကိုမသိဘူးမောင် ရှုပ်နေတာဘဲ ရေလည်းချိုးချင်နေပြီ အိပ်လည်းအိပ်ချင်နေပြီ "

"ရေချိုးလို့ရပါပြီ ဟန်ပြီးပြီ "

"ငါ့လင်ပြောတာဟုတ်တယ် ရေသွားချိုးလိုက်ပြီးရင်ထမင်းစားမယ်"

"ငါ့လင် ငါ့လင်နဲ့ကြားရတာကန့်လန့်ကြီးဖြစ်လာသလိုဘဲ"

"အေးလေ သူ့တို့ကြောင်းပြောတာတော်ပါတော့ကွာ ရေမြန်မြန်ချိုးတော့ "

"ဟေ့ရောင်ဒါကဘာလဲ "

"ဟင်းတွေလေ "

"ဟင်းတွေမဟုတ်ဘူးညန်း အရွက်အစုံကြော် "

လူဆယ်ယောက်ရှိတာမို့ စားပွဲဝိုင်းအကြီးဆုံးချလိုက်သည် အရင်ဆုံးဦး ဦးရဲ့ဘေးမှာဟန် ဟန်နဘေးမှာမှ သူ့ညီပြီးတော့ဝိုင်းကာအစဥ်လိုက်ထိုင်ကြသည် စားပွဲဝိုင်းတွေအရွက်မျိုးစုံကို မျိုးစုံနေအောင်ချက်ထားသည် သူ့ညီရှေ့မှာအသားဟင်းတခွက် ဟန်နဲ့ဦးရှေ့မှာ ကြက်သားဆီပြန် ပုဇွန် ဝက်သားလုံးကြော် ငါးကင်

"စေသနာနဲ့ပါကွာ မင်းတို့ကျင်းဆင်းရင်အသားတွေထပ်နေအောင်စားရတာလေ အဲတော့မင်းတို့ကအာဟာရမျှတမှုမရှိတော့ဘူး အသီးအရွက်လည်းစားပေးရတယ် ဟုတ်တယ်နော်ဟန် "

"အမ်..အော်..အင်းဟုတ်တယ်"

"ဒါဆို မင်းလင်ကျတော့ရော"

ကျန်တဲ့ကောင်တွေကရှုးရှုးရှားရှားဖြစ်နေပြီ ထမေးသည့်ဒုန်းဝေးလို့သည် ဦးနိုင်ဝင်းဆိုသည့်လူအားအသက်ရွယ်သာသိပ်မကွာရင်နရင်းထရိုက်မိလိမ့်မည်

သူ့လင်နဲ့တူမလားလို့

"ဆက်ဟန်ဒီကောင်နေ့တိုင်းအသီးရွက်ဘဲကြွေးတာလား"

"မဟုတ်ပါဘူး "

"အေးပါကွာ တရားတွေလည်းရပါ့ "

"ဟေ့ရောင်ဘာတွေလဲ မင်းပြောငါမြင်တာစိမ်းနေတဲ့အရွက်တွေကြီးပဲ"

"ချည်ပေါင်ရွက်ကြော် ငပိရည်နဲ့ ဆလပ်ရွက် ဂေါ်ဖီထုပ် ပူစံနံနဲ့ လုပ်ပေးထားတယ် ဘူးသီးဟင်းခါး သင်္ဘောသီးထောင်း အာလူးစာသွပ် ကျောက်ဖရုံသီးကြော် ရွှေဖရုံသီးကြော် "

"တော်သေးတာပေါ့ ဟင်းခါးလေးပါလို့ "

"အဲလောက်စားရတာကိုက ကျေးဇူးတင် "

"အေးပါကွာ "

အိမ်ကသုံးယောက်တည်းနေတဲ့ချိန်က ကျယ်လွန်းနေပေမဲ့ ဟိုလူတွေရောက်လာတော့ကျင်းသွားသလိုခံစားရသည်

ကွပ်ပစ်မှာသုံးယောက် လသာပြင်က တန်းမှာနှစ်ယောက် အောက်မှာတစ်ယောက် လှေကားအတက်အဆင်းမှာနှစ်ယောက် ကွပ်ပစ်ခင်းထားသည့်သစ်ပင်ပေါ်မှာနှစ်ယောက်

"မင်းကျင်းပြန်ဆင်းရင် ဒုက္ခတော့များပြီ"(ဘီလူး)

"ဟုတ်ပမောင် ဘိုးတော်စီမှာကြီးဘဲယူလိုက်တာ ကျင်းဆင်းရင်ဟိုကပိုက်ဆံပေးတော့မလား သုံးစွဲဖို့ပိုက်ဆံမပေးရင် စောက်ဒုက္ခတိုင်ပတ်တော့မယ် "(ငလုံး)

"မင်းအဖေစီမှာအပ်ထားတာကရော "(ဦးနိုင်ဝင်း)

"တချို့က ကျုပ်စီမှာ"(ပိုင်ထွေးဦး)

"မင်းစီကဘယ်လိုရောက်သွားတာလဲ"(ဦးမိုးရွှေ)

"ကျုပ်ကျင်းဆင်းတုန်းက ဘိုးတော်အကြွေးအမ်းစရာရှိနေတယ် အဲဒါလှမ်းတောင်းလိုက်တာ အဖေကသူ့ဟာပေးလိုက်တာလေ"(ပိုင်ထွေးဦး)

"မင်းကကင်းကောင်ပိုက်ဆံမှန်းမသိဘူးလား"(ငဟိန်း)

"မသိလို့ပေါ့ သူအိမ်ရောက်မှသိတာ "(ပိုင်ထွေးဦး)

"ဘယ်လောက်ယူလိုက်တာ "(ကင်းကောင်၏ဦးလေး ငသက်)

"၁၅"(ပိုင်ထွေးဦး)

"ကင်းကောင် မင်းအပ်ထားတာဘယ်လောက်လဲ "(ဦးနိုင်ဝင်)

"နဲနဲပဲရှိတာ"(ဦး)

"အဲနဲနဲကဘယ်လောက်လဲ"(ငလုံး)

"၇၀"(ဦး)

"မသာ၇၀ကနဲလားဟ ငါတို့ဆိုတပြားမှမအပ်ဘူး ပြန်ကိုတောင်းလိုက်သေးတာ"(ငလုံး)

"မင်းအဲဒါနဲ့အကြွေးတချို့ဆပ်လိုက်ရင်ရော "(ဦးမိုးရွှေ)

"အဲပိုက်ဆံက ထိလို့မရဘူးလုပ်စရာလေးရှိလို့ "

"ဘာလုပ်မှာ မင်းရင်းနှီးရအောင်ကလည်းလယ်လုပ်တာလည်းမဟုတ် " (ငသက်)

''အေးလေ ဘာတွက်လဲဟေ့ရောင် " (ဝင်းဆန်း)

''လျှို့ဝှက်ချက် ''

''အေးပါကွာ မပြောပြချင်လဲပေါ့ နောက်တော့ဘာလုပ်လဲသိရမှာဘဲကို "(ငဟိန်း)

"ရွာမှာ ငါတို့သတင်းကဘယ်လိုဖြစ်သွားလဲ "

"အေးကွာ ပြောရမယ်ဆိုအရှည်ကြီးပဲ ပြောလည်းမပြောချင်ဘူး " (ဘီလူး)

"ပြောစမ်းပါကွာ "

"ဟို..ဆက်ဟန်ငါပြောရမလား" (ဘီလူး)

''အင်း..ပြောလေ''

''မင်းတို့သွားပြီး နှစ်ရက်လောက်ကြတော့အဲလူတွေကရောက်လာတယ်

အတိတ်ကာလတစ်ခုတွင်

"အဘွားကြီး ဆင်းခဲ့စမ်း "

ဘုန်း !

ဗွမ်း~

ဒုတ်!

ဘုန်း!

"အမလေး ငါ့ပစ္စည်းတွေ ဟဲ့မသာတွေလူခေါ်ရင်လူခေါ်လေ ဘာကိစ္စနဲ့ဖျက်စီးနေရတာလဲ "

"ရှည်ရှည်ဝေးဝေးမပြောချင်ဘူး ဘယ်မှာလဲခများသားနဲ့ဟိုကောင်"

"ငါမသိဘူး"

ရွာထဲကသူတွေလဲ သီတင်းသိချင်၍အိမ်ရှေ့အိမ်၌ပြည့်နေကြသည်

ဟိုလူတွေမှာအကုန်လုံးဒုတ်ကိုယ်စီနှင့် လူကခြောက်ယောက်ခုနစ်ယောက်လောက်ရှိသည် အကိုစစ်ဟန်တော့အရိပ်ပင်မမြင်ရ

"ငါမသိဘူးလို့ဘယ်နှစ်ခါပြောရမလဲ သူတို့ကပြေးသွားကြတာလေ ငါကို့ဘာမှပြောသွားတာမဟုတ်ဘူး"

"ဟုတ်မယ်ကိုကြီး သူကဟိုကောင်စီမှာလိုက်နေတာတဲ့ သူတို့သွားတဲ့ချိန်ကညဘက်ဆိုတော့ဘယ့်သူမှမသိလိုက်ဘူး"

"မင်းတို့ကြောင့် သူတို့ပြေးတာဟိုတနေ့ကအခုမှလာပြောတာကိုမြေနိုးတွေရဲ့ စောက်သုံးကိုမကျတဲ့ကောင်တွေ ဘယ်နေရာသွားတက်လဲစဥ်းစားကြစမ်း"

"ရန်ကုန်တော့ရှိတယ်ဆရာဆက်ဟန်သွားနေကြနေရာဘဲ ဟိုကောင်ရွာတော့သွားလောက်မယ်မထင်ဘူး "

"သွားမယ် ငါနောက်ကနှစ်ယောက်လိုက်ခဲ့ ကျန်တဲ့ကောင်တွေကစစ်ဟန်ကိုရအောင်ရှာထား "

"ဟုတ်ကဲ့ပါကိုကြီး "

သူတို့ရန်ကုန်သွားမည့်နေ့တွင်ပင် အုပ်စုလိုက်ကြီးအဖမ်းခံလိုက်ရသည် စစ်တပ်ကိုအလိုရှိသူဟုခေါင်းစဥ်ဖြင့်

သူတို့နဲ့ပါဝင်သည့်တပ်ကြပ်ကလည်းနယ်ပြောင်းခံလိုက်ရတော့ မသက်သာလှ နောက်ဆုံးရှေ့တန်းပို့ခံလိုက်ရသည် အကိုခေတ်ဆက်စစ်ဟန်မှာလည်း ရွာသားတွေတဖက်လှည့်ပြောပြလိုက်သည်ကြောင့် ရေတပ်ထဲရောက်သွားရသည် အစကအချုပ်ခန်းထဲရက်ပိုင်းလောက်ပေမဲ့ ပိုက်ဆံနဲ့ပြန်လာရွေးခိုင်းတော့ ဒေါ်ခေတ်ဆက်ရတီကသွားမရွေးတော့ပေ ပစ်မှုတွေပါထပ်တိုးခိုင်းလိုက်သေးသည် နောက်ဆုံးသူလည်းတစ်နှစ်အချုပ်ခန်းထဲနေရတော့သည်

အဲဒါပဲဟေ့ "

"ဒါဆို မရီးနဲ့ကလေးကရော"

"မင်းအကိုအချုပ်ကျပြီးများမကြာဘူး ကလေးထားခဲ့ပြီးပြေးသွားတယ်"

"အဲနေ့မှာဘဲ မင်းအမေနှစ်လုံးရောဂါဖောက်တော့တာဘဲ ဘယ်သူမှသွားကြည့်သမားမရှိဘူး "

"ရွာသားတွေကရော"

"ဘယ်သူကသူ့ဒေါသနဲ့ရလို့လဲ တရွာလုံးက အဲဒါသွေးထက်ရေကိုအားကို့လို့ခံလေ ဆိုပြီးတောင်ပြောကြသေးတာ"

"မင်းတို့ညီအကိုနှစ်ယောက်ပျက်စီးတာ  သူချုပ်ချယ်လွန်လို့ပြောတာနားကိုမဝင်ဘူး မိဘခေါင်းစဥ်နဲ့ဘဲခံနေတယ် "

"တကယ့်လူ့ဂွစာပါကွာ ဗျစ်တောက်ဗျစ်တောက်ကလည်းနိုင်သေး"

"အခုထိလည်းသူ့ဒေါသမကျသေးဘူး"

"သူ့စီပြန်လာမှာလုပ်နေသေးတယ် ပြီးတော့လာမေးတဲ့သူတိုင်းကိုမင်းအိမ်ထောင်ကျတယ်လို့မပြောဘူး သူငယ်ချင်းရွာသွားတယ်လို့ဘဲလိုက်ပြောနေတာ "

"ဦးသက်နဲ့တောင်စကားများသေးတယ် 'ခများသားအိမ်ထောင်ကျတယ်ပြောရင်ဘာဖြစ်မှာလဲ' ပြောတော့ ငါ့သားကလေးမှမမွေးနိုင်တာ နစ်နာစရာမရှိဘူးလေ အိမ်ထောင်ကျသွားတယ်ပြောရင် ငါ့သားအနာဂတ်မှာအမဲစက်ထင်သွားမှာပေါ့တဲ့ ပြောပုံကကြည့်ဘယ်လောက်စိတ်တိုဖို့ကောင်းလဲ"

''အဲဆိုဘာလို့ ခများအစကတည်းကမခွဲတာလဲ ပြန်ပြောတာပေါ့ ''

''ငါလူဆိုးမကြီးအဖြစ်မခံနိုင်ဘူး ယောင်္ကျားအချင်းချင်းပဲဘယ်လောက်ခံမှာမလို့ သူမပျော်ရင်ငါ့စီပြန်လာလိမ့်မယ် တဲ့''

"အဲနေရာယောင်္ကျားလေးသာဆို ငါဆိုရင်ထထိုးတယ် "

"ခများစီးမှာမပျော်လို့ ကျုပ်တို့လူနောက်ကောက်ကောက်ပါအောင် လိုက်သွားတာမဟုတ်လားပြောလိုက်တော့ ဆက်ဆက်ခါအောင်နာတော့တာဘဲ"

"အမေစားဟန်ကပဲတောင်းပန်ပါတယ် "

"မင်းနဲ့မဆိုင်ပါဘူး တောင်းပန်စရာလည်းမလိုဘူး "

"ဒါမဲ့...."

"ဘာဒါမဲ့လည်း အခုလွတ်လပ်ပြီလင်ရသွားတာကလွဲလို့ မင်းအမေအိမ်မှာမလုပ်ခဲ့ရတာတွေစိတ်ကြိုက်လုပ်"

"ဖြူဖြူ ပြာပြာ နီနီ ဝါဝါဝေဆာမြူးလို့လွင် ဟောအဆင်ဟောအဆင် အားလုံးငါရဲ့လင် အမယ်လေး ဟဲ့!ငဟိန်း ငလုံး အဲပေါ်ဘာတက်လုပ်နေတာလဲ"

"မီးသွယ် နင်ဘာလုပ်နေတာမြင်လဲ"(ငဟိန်း)

ပြောလည်းပြော အိမ်ထဲလဲဝင်လာပြီးကွပ်ပစ်တွင်လာထိုင်သည်

"မီးသွယ် အခုထိလက်ယားလက်ယားဆိုတော့ရည်းစားမရှိသေးဘူးမလား"(ငသက်)

"မပူမရှာတာပါနော်"

"မမေ့နိုင်သေးဘူးလုပ်ပါဟ"(ဦးနိုင်ဝင်း)

"စကားဆင်ခြင်ပြောပါဦးနိုင်ဝင်း "

နေ့လည်လေပူတွေက ရင်ထဲကအပူတွေကိုမရှင်နိုင် ဟန်မျက်နှာကိုသာစေ့စေ့ကြည့်နေမိသည် ဦးနိုင်ဝင်စကားအဆုံးဟန်မျက်နှာတည်သွားတာကိုလဲမြင်ဖြစ်အောင်မြင်လိုက်ရသည် မကြာခင်မုန်တိုင်းဒဏ်မြင်နေ၍ ဟန်ပေါင်ပေါ်လှဲချလိုက်သည်

" နေ့လယ်ကြီးဘယ်သွားမလို့လဲ"(ဦး)

"အမေပေါ့ နေ့လယ်မှပဲကြွေးတောင်းခိုင်းတာလေ ညနေတောင်မရဘူးဆိုလို့ ထီးကိုင်ရတာလဲပျင်းတယ် နေပူတာအာရုံလွဲအောင်သီချင်းဆိုလာတာ"

"တောင်းပြီးပြီးလား"(ငလုံး)

"မတောင်းရသေးဘူး"

"သွားတော့လေ နေကပိုပူလာမှ"(ဦး)

"နားပါစေကွာ နေကပူကပူနဲ့" (ဦးနိုင်ဝင်း)

''မရဘူးနော်သွယ် ဒီမှာယောင်္ကျားသားတွေကြီးပဲ တခြားသူတွေမြင်ရင်တမျိုးထင်သွားလိမ့်မယ် "

ထိုစကားကိုတော့ လှေကားအတက်အဆင်းမှာထိုင်နေသည့်ဦးနိုင်ဝင်းကိုတည့်တည့်ကြည့်၍ ဦးကပြောလိုက်သည်

"အေးပါဟယ် ဝင်စရာလေးရှိသေးလို့ကြာကြာထိုင်လို့လည်းမရပါဘူး "

"ရရင်တော့ထိုင်ချင်သေးတာပေါ့နော် "

"ဟိန်း..စိုးအောင်စုတ် "

ညနေဘက်ရောက်တော့ သူသူကိုယ်ကိုယ်အိမ်ပြန်ကာ အရောင်ပြပြီးပြန်လာကြသည်

"ဟေ့ရောင်တွေသီချင်းဖွင့်ကြမလား "

"လုပ်လိုက်စမ်း ဟိန်းစိုးအောင်ဆိုတဲ့ကျုပ်ကဘယ်နေရာရောက်ရောက် ပတ်ဝန်းကျင်ကိုနားဒုက္ခပေးရမှကျေနပ်တာ"

ငဟိန်း ခေါ်ဟိန်းစိုးအောင်နှင့် ငလုံးခေါ် ဝေအောင်မှာ ထိုင်နေကြဖြစ်သည့်သစ်ပင်ခွပေါ်ရောက်ချေပြီ ဦးနိုင်ဝင်းနှင့်ဝင်းဆန်းကအိမ်မပြန်လာသေး ဦးမိုးရွှေနှင့်ဘီလူးက အိမ်ဘေးရေကန်က တမံတလင်းမှာတခွက်တဖလားကစ်နေကြသည် ဦးသက်ကရွာထဲလမ်းသလားသွားလေသည်

"လာပြီဟ မြူးမြူးလေး dj"

"မြူးမြူးလေးdjဆိုတာ ရှိလို့လားငဟိန်း"

"မနောက်နဲ့ကင်းကောင် djအေးအေးလေးတွေမဟုတ်ဘဲ ခပ်မြူးမြူးလေးကိုပြောတာ"

ထိုင်းdj နဲ့ chiness djကိုသုံးပုဒ်လောက်ဖွင့်ပြီး မြန်မာသီချင်းတွေဘက်ရောက်လာသည်

🎶 ခွဲလို့မသွားပါနဲ့ နင်အဝေးထွက်မပြေးပါနဲ့.. ငါဟာနင့်အလိုအတိုင်း ဖြည့်စည်းပေးခဲ့တာအမြဲ..မရက်စက်ပါနဲ့ ငါ့အသည်းကို ထပ်မခွဲပါနဲ့..ငါ့ဘဝတစ်ခုလုံး နင့်အတွက် ပုံအပ်ပေးထားပါတယ်..နင်ကအချစ်ဦးမဟုတ်ပေမဲ့ ငါရဲ့အချစ်ဆုံးပါဘဲ..နင့်အတွက် ငါ့အသက်ကိုလဲ ငါပေးဆပ်ရဲပါတယ်..ယုံကြည်ပေးပါနင် အမှန်တကယ်မြတ်နိုးလို့ပါလေ..ထာဝရမခွဲဘဲ ငါတို့နှစ်ယောက် ကမ္ဘာဆုံးထိ လက်တွဲမဖြုတ်ပါလေ..

🎶ရိုးရိုးလေးမင်းရဲ့ သိပ်လှတဲ့အပြုံးတွေထဲငါခွေရိုင်လဲ..ရုန်းထွက်ဖို့မကြိုးစားတော့ပါမင်းရဲ့အတွက်ဆိုငါအရှုံးသမားပါ..ဟိုတုန်းကကြားခဲ့ဖူးတယ် အချစ်ကမီးလိုပူလောင်တယ်တဲ့..အခုကျတော့မင်းနဲ့တွေ့မှအဲဒီစကားတွေမယုဲတော့ဘူးငါ..ဘုရားဟောလည်းရှိတာပဲ..အမုန်းတရားထက်မေတ္တာပဲပွားကြဖို့ဟောခဲ့သေးတာပဲ..ဘာကြောင့်မို့ငါ့ကိုကွယ် မင်းလေးအခုမုန်းချင်လည်း..မျက်စောင်းကြီးတော့မထိုးနဲ့ကြောက်ပါတယ်..

"လူကသာအသဲမကွဲဖူးတာ အသဲကွဲသီချင်းတွေနားထောင်ရတာတော့စောက်ရမ်း​ကြိုက်တယ်"

"မင်းကြိုက်တာအရေးမကြီးဘူး ငါ့ဟာရှုံးလို့ကတော့ကန်ချမှာနော် "

"ကန်ချရင်လည်း ဘောကျေယုံပေါ့ "

"နေရင်းထိုင်းရင်း ီးဖြစ်လို့ ဘောစကားတွေလာပြောနေတာလား"

"အေးငါ့ဟာ တော်တော်တင်းနေပြီ"

"ဘာ~ ဒီ​စောက်ငနွားနဲ့တော့"

"အေးလေ အခုထိကိုတာဝါတိုင်နားမကပ်နိုင်သေးတော့ တင်းပြီပေါ့ မင်းသားီးီးလားလားတွေကြားနေတာ"

"ဟ~ ငါလူးရေသေပြီရော့ဟယ် "

ဘုန်း!...

ပင်စည်ခွဆုံ ဒုတိယအဆင့်တွင်ထိုင်နေသည် ငဟိန်းကိုအားနှင့်ကန်ချလေသည် အောက်ကကွပ်ပစ်ခံနေ၍သာ ခံရသက်သာလှသည်

"သေနာ တကယ်ကန်တာဟ"

"သေလေ "

........................................................................

[text_hash] => a2268a14
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...