Array
(
[text] =>
စိတ်ကြည်လင်စွာ နိုးထရတဲ့မနက်တိုင်းက
ကျုပ်ဘေးနားခများရှိလို့
ချစ်တယ်ပြောရင်
တန်ဖိုးများကျသွားမလားစိတ်နဲ့
မချစ်ဘူးဆိုပြန်ရင်လည်း
မင်းများပစ်သွားမလားဆိုတဲ့စိတ်က
တချို့ မကြည်မလင်နိုးထရတဲ့မနက်ခင်းတွေပေါ့
"မသောက်နဲ့ဆို "
"သောက်မှာ ခါတိုင်းလဲသောက်နေကြပဲကို "
"မရဘူး နေ့တိုင်းအချိုပြင်းတာတွေမသောက်ရဘူး သောက်ချင် ကျုပ်သောက်တဲ့ဟာသောက် "
မနက်လင်းကတည်းက စလိုက်သောမနက်စာသည် တစက်မှမတို့ထိရသေး လူတယောက်ကိုအလယ်မှာထားပြီး သောက်မယ်မသောက်ဘူး လုပ်နေကြတာ
ကော်ဖီနှစ်ခွက်စလုံးယူသောက်လိုက်တော့နားအေးရော
"မင်းဘာလုပ်တာလဲ "
"ဘာလုပ်လိုက်တာမြင်လဲ တကယ်တည်းမနက်စာကိုအေးဆေးမစားရဘူး "
"ငါကစေတနာနဲ့ပြောပြတာလေ အသက်ကသင်္ချိုင်းမနင်းခင် ၁၀၇ပါးသောရောဂါတွေဝင်လာမှ "
"လက်ဖက်ရည်သောက်တာနဲ့ ၁၀၇ပါးဝင်တာ မဆိုင်ဘူးထင်တာပဲ"
"ဘာလို့မဆိုင်ရမှာလဲ ၁၀၇ပါးထဲမှာအချိုစားခြင်းကြောင့် ဆီးချိုဖြစ်တာ က၁ပါးပါတယ် "
"ဦးလည်း လက်ဖက်ရည်သောက်တာပဲမဟုတ်ဘူးလား"
"မတူဘူးညန်း ကျုပ်သောက်တာကHappyအချိုပေါ့တယ် ခများဟာက Sandayအချိုများတယ် အဲကြောင့်မသောက်ခိုင်းတာ "
"ဒါကလက်ကျန်အထုပ်လေ "
"ဟုတ်သားပဲကိုကြီးရာ ဒါကနောက်ဆုံးအထုပ်ပဲသောက်ပါစေ "
"အေးကွာ ပြောမရလည်းသောက်"
"အဲလိုမှပေါ့ လေကုန်ခံပြီးပြောနေရသေးတယ် "
"မင်းသောက်ချင်ရင် မိုင်လိုရှိတယ်အဲဒါသောက် ပြောလက်စနဲ့ဆက်ပြောလိုက်မယ် ဒီနေ့ကျုပ်မီးဖိုချောင်ဝင်မှာ "
"ဘာလို့လဲ ရွာထဲသွားကြမှာမဟုတ်ဘူးလား "
"ဟင့်အင့် ကျွန်တော်ရော ကိုကြီးပါဒီနေ့ဘယ်မှမသွားဘူး မီးဖိုချောင်ဝင်မှာ မရီးဘာသာမရီးကြိုက်တာလုပ် "
"နှစ်ယောက်စလုံးနေကောင်းရဲ့လားဟင် "
ဦးဆိုသည်မှာ ထမင်းစားချိန်ကလွဲ၍မီးဖိုချောင်မှာရှိတဲ့သူမဟုတ် ဟန်နေမကောင်းတဲ့အခါမှသာလျှင်မီးဖိုချောင်မှာတွေ့ရတက်သည် ဦးညီမှာမူ သူတို့နေမကောင်းဖြစ်တဲ့ချိန်မှ ဝင်ချက်ပြုတ်ပေးသည်လေ
"ကောင်းလားမကောင်းလားမင်းသိပါတယ်"
"အဟွတ်... အဟွတ်"
"မင်းဟာဘာစကားကြီးလဲမောင် စားပွဲမှာညစ်တီးညစ်ပတ်တွေ"
"ငါဘာပြောလို့ သူနဲ့အတူအိပ်တယ်အတူထတယ် ငါနေမကောင်းရင်သူသိမှာပေါ့အဲဒါပြောတာ "
"ရှင်းရှင်းပြောလေမောင် "
အရှေ့ကကောင်ကြည့်တော့ မျက်နှာကြီးနီပြီးခေါင်းက လက်ဖက်ရည်ခွက်ထဲဝင်မတက်သောက်နေလေသည် ဘာဘဲဖြစ်ဖြစ် စည်းရုံးတာအောင်မြင်တယ်လို့ပြောရမလားပဲ
စားသောက်ပြီးလုပ်စရာမရှိတော့သည့်အဆုံး အိမ်ရှေ့၌ဖုန်းပွတ်ရန်အကြံ ဦးညီကဆွဲခြင်းတလုံးဆွဲ ဦးကပိုက်ဆံအိတ်ကိုလွယ်လျက် ကောက်ကောက် ကောက်ကောက်နှင့်ထွက်သွားလေသည်
"မောင်လေး ဆက်ဟန် "
"ဗျာ"
"ဟိုနှစ်ကောင်ဘယ်ကြွတာတုန်း "
မေးလာသည့်အမဘုတ်ဆုံကိုခေါင်းသာခါပြလိမ့်သည် သူလည်းမသိဘူးလေ
ဖုန်းအင်တာနက်ဖွင့်လိုက်တာနှင့် တောင် တောင် တောင် ဝင်လာသောစာများ သေချာတာကတော့ စောက်ချောကြီးများဂရုကစာတွေ စောက်ချောကြီးဂရုတွင်သူအပါဝင်ခြောက်ယောက်
"ဟဲ့ အကောင် လိုင်းလဲမဖွင့်ဘူး သေသွားသလား"
(ဝေဝေ)
"လင်ရတော့ ဖုန်းမေ့နေတာလား"
(ယဥ်)
"လင်နဲ့ကြည်နူးနေရလို့ဖြစ်မှာ "
(နေကို)
"ဝါး စပရိုက်အကြီးစားကြီး "
(မင်းဇင်)
"စကားမပြောဖြစ်ဘူးဆို ဗြုန်းစားကြီး ငါလင်ရသွားပြီးဆိုပြီးပြန်ပျောက်သွားတယ်မသာက"
(ခန့်ခန့်)
"ပြောတော့တဖက်သတ်တဲ့ ရန်ကုန်ကပုံတွေကဘာတုန်း "
(ဝေဝေ)
"ဟိုကောင်ရှင်းစမ်း "
(မင်းဇင်)
"အဲမသာကလိုင်းမတက်ပဲ မနေနိုင်တဲ့ကောင်က တစ်လကျော်ကြီးပစ်ထားတယ် "
(နေကို)
"လင်ရလို့ သူငယ်ချင်းမေ့တဲ့အကောင်"
(ယဥ်)
"ဟေ့ရောင်နေကို ငါမပြောဘူးလား ခေတ်နဲ့အဖွဲ့မကွဲရအောင်နင်တော်ကောက်လိုက်ပါလားလို့ "
(ခန့်ခန့်)
"တိတ်စမ်း "
(နေကို)
"နင်ရောဘာထူးလဲမင်းဇင် ယဥ်နဲ့အခြေနေ"
(ခန့်ခန့်)
"ခေတ်ကြောင်းပြောရင်ခေတ်ကြောင်းပြော ငါ့ကြောင်းပါမလာနဲ့"
(ယဥ်)
"နေအုံးလိုင်းတက်လာမှ ဆဲဖြဲပစ်မယ် "
(ဝေဝေ)
"ချ"(နေကို)
"ချ''(မင်းဇင်)
''ချ''(ခန့်ခန့်)
စာတွေဖတ်ပြီးတာနဲ့ ဖင်ပဲကြိမ်းလာသလိုလို အမေဇုန်တောကထွက်တော့မှာမဟုတ်ဘူးဆိုတာလဲသိလိုက်ရသည်
"သူငယ်ချင်းလေးတို့"
"ခေတ် ပေါ်တော်မူ"
(ယဥ်)
"ခေတ်ပြန်ပေါ်လာပြီလို့ ဟိုကောင်တွေငါသွားပြောလိုက်မယ်"
(ဝေဝေ)
"ပေါ်လာရအောင် ငါကရေနစ်နေလို့လား"
"လင်ရင်ခွင်ထဲက ထမရဖြစ်နေရုံလေးတင်''
(မင်းဇင်)
''ဘယ်လိုဖြစ်လို့ တန်းပြီးလင်ရသွားတာလဲ ပြောတော့သမီးရည်းစားတွေမဟုတ်သေးဘူးဆို "
(ခန့်ခန့်)
''ငါ့သူငယ်ချင်းက အညိုဆင်လေးဖြစ်ချင်နေပြီ ကြည့်ပါအုံးကွာ မျက်နှာမှာနေလောင်ထားလိုက်တာ"
(နေကို)
''အဲဒါပြောတာပေါ့ ရှိတုန်းကတန်ဖိုးထားလို့ ဒင်းကိုပဲကြည့်''
(ဝေဝေ)
"ခေတ် နင့်လူရော"
(ယဥ်)
''သူ့ညီနဲ့ ဈေးသွားတာထင်တယ် "
ဟန်ပြောပြီးတွင် ကျန်လေးယောက်မျက်နှာကမှိုရလိုက်သလို
"နင်လင်ဘလိုရသွားလဲမမေးတော့ဘူး အချိန်လဲမရှိဘူး အဲတော့ လင်ရပြီးနောက်ပိုင်းအဆင်ပြေရဲ့လား "
(ယဥ်)
"အင်း အိမ်မှာတုန်းကထက်တော့အများကြီးလွတ်လပ်တယ်"
"နင့်အမေအိမ်မှာမလုပ်ခဲ့ရတာတွေ အတိုးချပြီးတော့သာလုပ်နော်ခေတ်''
(နေကို)
''သူ့လင်ကကြိုက်ပါ့မလားဟ''
(မင်းဇင်)
"ဘယ်လိုဖြစ်ဖြစ် ငါတို့အငယ်ဆုံးလေးဆင်ပြေနေတော့ငါတို့လည်းစိတ်ချမ်းသာတယ် ဒါနဲ့နင့်ရည်မှန်းချက်တွေကရော အိမ်ထောင်သည်ဘဝမှာဘဲမြေမြုပ်လိုက်တော့မှာလား''
(ခန့်ခန့်)
''ငါမသိဘူး ခန့်ခန့် နင်တို့ရောလုပ်ကဆင်ပြေရဲ့လား"
"အင်း ဖူးခက်မှာပန်းခြံလုပ်နေတာ ရာထူးတိုးပေးမယ်လို့တော့ကြားထားတယ် "
(ခန့်ခန့်)
"ငါက မန္တလေးဆေးတက္ကသိုလ်မှာပထနှစ်လေ ဘွဲ့ရပြီးတာနဲ့ဩဇီလွှတ်မယ်လို့ပြောတယ် "
(ယဥ်)
"ငါကတောင်ဒဂုံက စက်ရုံမှာပဲ''
(ဝေဝေ)
''ငါ့သူဌေးကပြောတယ် သူနဲ့ နောက်တနှစ်လောက်နေရင် Usလိုက်ရမယ်ဆိုလား ငါ့ဖြစ်ချင်တဲ့သင်္ဘောကပ္ပတိန်လုပ်ပေးမယ်တဲ့ ''
(နေကို)
"ဆောက်လုပ်ရေး မန်နေဂျာတဲ့ဟာ ကန်ထရိုက်လက်အောက်က ဟိုဟာခိုင်းဒီဟာခိုင်းနဲ့အလုပ်သမားကြလို့ ''
(မင်းဇင်)
"အားလုံးဆင်ပြေသားပဲ ''
''ယဥ် ကြိုးစားနော်နင့်ဂျူတီကုတ်နဲ့ ဩဇီရဲ့ဆေးရုံရှေ့မှာ ဓာတ်ပုံရိုက်ထားတာငါမြင်ချင်တယ်
ဝေဝေ နင်ကအိမ်ထောင်သည်ဆိုတော့ ငါဘာမှမပြောတော့ဘူး မိသားစုနဲ့အမြဲတမ်းအေးအေးချမ်းနေရပါစေကွာ''
''နေကို နင့်အဖြစ်ချင်ဆုံးကသင်္ဘောကပ္ပတိန်မဟုတ်လား အချိန်မဆွဲနဲ့ ဟိုရောက်တာနဲ့ ကပ္ပတိန်ဖြစ်မှာမဟုတ်ဘူးနင်နှစ်တွေနဲ့ချီကြိုးစားရအုံးမှာ ကပ္ပတိန်ဖြစ်တဲ့ချိန်ကပ္ပတိန်တယောက်ရဲ့ဂုဏ်ပုဒ်တွေနဲ့အတူ ကုန်းပတ်ပေါ်မှာဓာတ်ပုံရိုက်ထားတာငါမြင်ချင်တယ် ''
''မင်းဇင် နင်ကအကြီးဆုံးသားဆိုတော့ငါဘာမှမပြောချင်ဘူး ဆက်ကြိုးစားလို့တော့ငါပြောချင်တယ်ကွာ"
''ဟိုကောင်ခန့်ခန့် ဖူးခက်မှာဆော်အလန်းလေးတွေများတယ် ဖွန်ကြီးပဲမကြောင်နဲ့ အလုပ်ကိုအာရုံစိုက်ပြီးလုပ် "
"အေးပါဟာ "
''ငါတို့ငိုမိအောင်လုပ်နေတာဘဲ ခေတ်ဆက်သာဟန်"
"တရားလားခေတ်"
"ငါတို့ကြတော့ဟိုဟာမြင်ချင်တယ် ဒီဟာမြင်ချင်တယ်နဲ့ နင်ကြတော့ရော ရည်မှန်းချက်တွေရေစုန်မျှောဖို့ကြံနေတာ တရားလား ငါတို့ကနေရာမတူကြဘူးဆိုပေမဲ့သူငယ်တန်းတက်ကတည်းက လည်ပင်ဖက်ပေါင်းလာကြတာကွ အ.ထ.က.ပေါကံမှာတက်လည်းအတူတူ တစ်ခန်းတဲ အတူတူနေရဖို့ ဆရာမတွေကိုဘယ်လောက်တောင်မျက်နှာချိုသွေးလိုက်ရသလဲ ကျူရှင်နေပြန်တော့လည်းအတူတူ နောက်ဆုံးကျူရှင်ကွဲသွားကြလို့ မရရင်အောင်ပြန်ခေါ်ပြီးကျုရှင်သင်ကြရတာရော နေမကောင်းလို့ကျောင်းပျက်ရင် ဟို့လူကပ်ဒီလူ့ကပ်နဲ့ စာတွေအသဲသန်ကူးပေးရတာကော ဒီကကောင်တွေပဲ
အလကားသင်ပေးတဲ့ဆရာမမှာမသင်ပဲ လခပေးပြီးနင်ရှိတဲ့နေရာမှာသင်ခဲ့တဲ့ငါလေ (နေကို)
နင်ရှိတဲ့နေရာတက်ချင်လွန်းလို့ ကျူရှင်သွားခါနီးအရိုက်ခံခဲ့တာ(ဝေဝေ)
အတော်ဆုံးဆရာမစီမှာထားတာကိုမှမနေပဲ နင်ရှိတဲ့နေရာမှငါရွေးတက်ခဲ့တာ (ယဥ်)
သူငယ်တန်းကတည်းကကျူရှင်အတူတူနေခဲ့လို့ အကြောင်းပြချက်နဲ့မရရအောင် နင့်နားလာခဲ့တာ(မင်းဇင်)
ငါကဒီတိုင်းခင်ချင်လို့ အဲမှာလာတက်ခဲ့တာ (ခန့်ခန့်)
မုန့်စားလည်းအတူတူ နာလည်းခံ သာလည်းခံ နေလာခဲ့ကြတာလေ ကျောင်းထွက်တော့ကောဘယ်သူကခေါင်းခါလို့လဲ ယဥ်တောင်မှငါတို့မရှိတော့ပျင်းတယ်ဆိုပြီးOnlineကတက်ခဲ့တာ ရည်မှန်းချက်တွေထားခဲ့တယ် အပျော်တွေပေါင်းရှာတယ် ပြဿနာတွေလိုက်ရှာတယ် ဘဝတက်လမ်းကိုယ်စီရွေးထားကြပေမဲ့ ငါတို့ကရင်ဘက်ချင်းနီးကြတာလေ ငါရဲ့အတွယ်တာရဆုံးမိသားစုဆိုလဲဟုတ်တယ် ငါတို့အားလုံးကဘဝတက်လမ်းနဲ့ကြိုးစားနေချိန်မှာ ခေတ် နင်ကအိမ်ထောင်သည်ဘဝနဲ့ရည်မှန်းချက်တွေမ ဖြောက်လိုက်နဲ့ ငါတောင်းဆိုပါတယ်"
(နေကို)
''ဟုတ်တယ် နေကိုပြောတာငါထောက်ခံတယ် နင့်ဘဝနင်ဖျက်လိုက်ရင် မြန်မာပြည်ဆင်းလာပြီး ဂျပန်ရောက်အောင်ကန်မှာ "
(မင်းဇင်)
"ခေတ် ရည်မှန်းချက်တွေမဖြစ်တော့ရင်တောင်မှ ဘဝအာမခံချက်လေးရှိအောင် တစ်ခုခုကြိုးစားသင်ယူစရာရှိတာသင်ယူပေါ့ "
(ယဥ်)
"နင်တို့ကမငိုကြနဲ့လေ နင်တို့ငိုတော့ငါလည်းငိုချင်တာပေါ့ နင်တို့စေတနာငါနားလည်ပါတယ် ငါ့ဘေးနားရှိနေပေးလို့လဲကျေးဇူးတင်ပါတယ် "
"နင့်နားမှာဘယ်သူမှမရှိတာ ငါတို့ကကာကွယ်ပေးရမှာပေါ့ ပြီးတော့ငါတို့ကြားမှာကျေးဇူးတွေမလိုဘူး"
(မင်းဇင်)
"ဟုတ်တယ် "
(ခန့်ခန့်)
''နောက်ဆိုရင် မကြာမကြာလိုင်းတက်ဖြစ်မယ်"
"အေးပါကွာ ငါတို့နေရာကခြေနေကောင်းတယ်ဆိုတော့ကာ လိုင်းပိတ်တယ်ဆိုတာမရှိဘူး မီယံမာမှာကဘယ်ဟာဖြစ်ဖြစ် So Sad "
(မင်းဇင်)
"အဘရေ ကျေးဇူးပါဗျ အဘမှအာဏာမသိမ်းရင် ပြည်ပထွက်ရမဲ့လူငယ်ကခပ်ရှားရှားရယ် "
(နေကို)
''ငါလိုင်းဆင်းတော့မယ် ငါ့လင်ပြန်ရောက်လာလို့"
"အေးအေး "
...................
''ဟန်ရေ လာပါအုံးအမလေးမောလိုက်တာ"
"ဆွဲခြင်းကိုင်တဲ့သူကမောရမယ်မရှိဘူး ဘယ်နှယ့်ဗျာ ကိုကြီးတို့ကအာရုံသိပ်စားတာပဲ "
"ရော့! ရေအေးလေးသောက်လိုက်ကြ ဘာတွေဝယ်လာတာလဲ "
"အိမ်မှာမရှိတဲ့အသီးအရွက်ရယ် အသားနဲနဲပါ ဈေးကလည်းနိဗ္ဗန်ရောက်သွားတဲ့အတိုင်းဘဲ အားကြီးနဲ့ကိုခေါ်ကြတာ"
"အဘခေတ်လေကိုကြီးရာ "
"တော်! တော်! အဲဒီအဘခေတ်နဲ့မဟောင်းတဲ့ဇာတ်လမ်းတွေလာမှာပစ္စည်းယူ နေ့လယ်ရောက်တော့မှာအမှီချက်ဖို့လိုတယ်"
"ဟန် ဒီခဏလာခဲ့ "
အိမ်ရှေ့ကွပ်ပ်၌ပစ်စလက်ခတ်အိပ်ချပြီး ဟန်အားလက်ရပ်ခေါ်သည် ဘေးမှာလည်းအထုပ်ကြီးတစ်ထုပ်
"ဦးဟင်းသွားချက်မှာဆို "
"အင်း ဟိုကောင်ပြင်ထားလိုက်မယ် ပြီးမှသွားချက်မှာ "
"ပြောဘာလဲ "
"ခများဗျာ လင်တယောက်လုံးဈေးကမောမောပန်းပန်းပြန်လာတာ ချိုချိုသာသာလေးမရဘူးလားကောင်"
"ဟုတ် ဦးဘာပြောမလို့လဲ "
"တော်လိုက်တော့ ပုံမှန်တိုင်းပဲပြောတော့ "
"မောလို့ ဖက်ထားပေး "
ဖြောင်း~
"လာနောက်နေတာလား လုပ်စရာတွေပုံနေတာ ဘာမှမဟုတ်ရင်ဖယ် "
"ခဏလေးပါဆိုကွာ ရော့!ခများတွက် "
ရွှေပြည်နန်းကထုပ်တဲ့ မျက်နှာသစ်ဆေး သနပ်ခါးဗူး လိုးရှင်းဘူး ဗူးကြီးဗူးလတ်ဗူးသေးအရွယ်စုံဆိုဒ်စုံ
"ဝယ်လာတာလား "
"မဟုတ်ဘူး ခိုးလာတာ "
"ဦး.... "
"ကျစ်! ဝယ်လာတာပေါ့ခများရဲ့ အခုလိုအအေးရာသီနဲ့ခများအသားရေတွေကပက်ကြားအက်သလို အက်နေလိမ့်မယ် ဒီမှာ Vaseline ခများနှုတ်ခမ်းကွဲနေတာသိလို့ဝယ်လာတာ"
"ဒါအားလုံးကဟန်တွက်ပေါ့ "
"အင်း"
"ဦးတွက်ကရော "
"ကျုပ်လိုရုပ်ကြမ်းကြီးက ဆပ်ပြာခဲနဲ့လဲဖြစ်တယ် အသားရေကကြမ်းနေပြီးသား မလိုဘူး "
"ချစ်လိုက်တာ ဦးရာအသဲယားလာပြီ"
အား....
"ဘာလုပ်တာလဲ ကိုက်ရအောင်မင်းကခွေးလား"
တက်တူးတွေရှိနေသည့် လက်မောင်းနီးတစ်ဝိုက်၌ သွားရာအကွင်းလိုက်ကြီး ဦးကလည်းအသားဖြူသူမို့ တစ်ချို့အင်္ကျီမဖုံးသည့်နေရာတွေမှာသာ အညိုရောင်ဘက်ပြောင်းနေသည်
"အစွယ်နဲ့ဘီလူး အသဲယားလာလို့ ထပ်ကိုက်ချင်သေးတာ "
ဒီတခါလက်သီးကိုတင်းတင်းဆုပ် လုံးဝမအော်တော့ပေ
"ဟင်~ ဦး ဟန်ကိုက်လိုက်တာသွေးဆို့နေပြီမနာဘူးလား "
"နာတာပေါ့ ဒါမဲ့အခုနခများကိုက်လိုက်တုန်းက မင်းပြုံးလိုက်တာမြင်တယ်ပါးချိုင့်တွေလည်းပေါ်နေတယ် ထပ်မြင်ချင်လို့ "
"ဦးကမြင်ချင်ရင် ပြုံးပေးမှာပေါ့"
"ဒီလိုလေးလေ "
သောတပန်ဖြစ်ဖို့ နိဗ္ဗာန်ရောက်ဖို့ဆိုတာ
အဝေးကြီးပါ
ပါးချိုင့်ကလေးပေါ်အောင်ရယ်လိုက်ရင်
သွားတက်ကလေးကိုသာမြင်လိုက်ရရင်
နိဗ္ဗန်ကို တရားမကူဘဲရောက်သွားသလိုပဲ
"ဟုတ်ပါပြီကွာ သတိပေးစရာရှိတယ် ဘယ်သူ့ကိုမှဒီလိုမပြုံးပြရဘူးကြားလား "
"အင်း"
ကြည်နူးမှုဟာကြာကြာမခံ ချက်ပြုတ်ဖို့ခေါ်တော့သည် ဦးထွက်သွားတော့ ဟန်လဲပေါက်တူးတစ်လက်ကိုင်ကာအိမ်နောက်ဖက်ခြေချရတော့သည်
........................................................................
[text_hash] => b4f416f3
)
What do you think?