Array
(
[text] =>
Uni
"ဟန်ဘာလုပ်နေတာလဲ "
"ကြယ်ဆက်နေတာလေ "
"မင်းမချမ်းဘူးလား တီရှပ်အပါးလေးနဲ့ "
ဟန်ကိုလည်းပြောရင်း သူလည်းဟန်ဘေးဝင်ထိုင်လိုက်သည် လသာပြင်ကဆိုရင်ကြယ်တွေရှင်းရှင်းလင်းလင်းမမြင်ရ ထို့ကြောင့်အိမ်ရှေ့ကွပါပစ်ပေါ်ရောက်နေရသည် ဟန်ကကွပ်ပစ်ထက်တွင် ခေါင်းကိုလက်နဲ့ခုကာကြယ်တွေကြည့်နေသည်
"နဲနဲအေးသလိုတော့ရှိတယ် "
"ကောင်းကင်မှာကြယ်တွေအများကြီးလေ မင်းဘယ်လိုဆက်တာလဲ မှားမှာပေါ့ "
"ဒီနားလာအိပ် "
ထို့တွင် ဦးလည်းဟန်ဘေးတွင်ဝင်လှဲသည်
"ဦးဘယ်တလုံးကနေဆက်ချင်လဲ ဆက်ချင်တဲ့နေရာကနေလက်တထောက်လိုက် ပြီးတော့ဆက်ကြည့် ပုံတွေပေါ်လာလိုက်မယ် မှားရင်လည်းကြိုးစားခွင့်ရှိတယ်လေ ဘဝကံကြမ္မာလိုအကြောင်းရာတွေ အမဲစက်တွေထင်နေမှာမဟုတ်ဘူး "
"ကြည့်ဟန်ဆက်ပြမယ် "
"ဒါက4 ဟောမှာ တန်းနေတာဆိုတော့ 1 ဒါက ဘုရင်သရဖူလိုပဲဆိုတော့ ဘုရင်ဆိုတော့နံပါတ်1 အယ် 411တဲ့ "
"မင်းဟာကြယ်ဆက်တာမဟုတ်ဘူးညန်း ချဲဂဏန်းကောက်နေတာ "
"မဘုတ်ဆုံပြောတယ် နေ့လယ်က၇၁ ဂဏန်းကောင်းတယ်တဲ့"
"မင်းထိုးလိုက်တာလား "
"မထိုးပါဘူး ချဲထိုးလို့ကုန်မှာထက်စားပစ်မှာ "
"တော်တယ်ဟန် ပြီးတော့ချဲထိုးတာ နှစ်လုံးထိုးတာကျွန်တော်မကြိုက်ဘူး "
"အင်း ဒါနဲ့ဦးဟန်ကိုတော်တယ်လို့ပြောလိုက်တာလား"
"မပြောပါဘူး ခများနားကြားလွဲတာ "
"ဪ~ဟုတ်ပါပြီ မပြောဘူးဆိုလဲမပြောဘူးပေါ့"
" ကျုပ်အမှန်တိုင်းဝန်ခံရရင် ဒီအခြေနေသဘောကျမိတာအမှန်ပဲ လပြည့်လကွယ်နေ့တွေသာ အပြင်မှာညနက်တဲ့ထိနေဖူးတာ တခါမှ ကောင်းကင်ကထူးခြားမှုတွေရှိတယ်ဆိုတာမသိဘူး အခုတော့ လမင်းကြီးရဲ့ဘေးမှာကြယ်တွေဝိုင်းနေတာက ကျွန်တော့တွက်ထူးဆန်းတဲ့မြင်ကွင်းလိုပဲ "
ဟန်မြတ်နိုးရသည့်နှုတ်ခမ်းတစ်စုံဟာ ပါးချိုင့်တွေခွက်ဝင်တဲ့ထိပြုံးနေသည်
ဘယ်လိုတောင်လှပလိုက်တဲ့မြင်ကွင်းလေးလဲ
တော တောင်မှာ စမ်းချောင်း အင်း အိုင်
မြစ်ချောင်းတွေနဲ့မှပြည့်စုံသလို
ကောင်းကင်မှာလည်း လတွေကြယ်တွေနဲ့
ပြီးပြည့်စုံသလို
ဟန်ဘဝတွက် ဦးဆိုတဲ့လူသားရှိရင်
ပြည့်စုံတယ်
"ဦးလက်ပေး "
ကြောင်တောင်တောင်နိုင်စွာလက်ပေးလိုက်တော့ ဟန်လက်ဖဝါးဖြူဖြူလေးဟာ သူ့လိုလက်ကြမ်းကြီးနဲ့အံဝင်ခွင်ကျ
"မင်းနော် အခွင့်ရေးရရင် ရသလောက်ကိုယူတာ"
"ဟီး.. ဒီတက်တူးအပြည့်တွေနဲ့လက်ကြမ်းကြီးကကိုင်လို့ကောင်းတယ်လေ "
"အဲဒါဘာလုပ်တာ"
"ကြယ်တွေ ဖမ်းဆုပ်တာလေ "
" အရည်မရ အဖတ်မရကို"
"ဒီမှာ ဦးလက်ကကြယ်တလုံးကိုထိသလိုလုပ်လိုက် ပြီးရင် မျက်လုံးတဖက်မှိတ်ကြည့် တကယ်ထိနေသလိုပဲ"
"ဟုတ်တယ်နော် "
"ဒါပေါ့ ဘယ်သူလဲ ဦးလင်လေးလေ "
"အင်း၉၉ပြားကောင်ရဲ့လင် "
"မြန်မာစံတော်ချိန် ၁၁နာရီရောက်နေပြီ အိမ်ရှေ့ကနှစ်ကောင်ရေ တက်ခဲ့ကြ ပြန်ဖျားလို့ကတော့ကန်ချပစ်မှာ မရီးတော့မပါ "
တခါတရံ ညီအကိုတွေချစ်ချစ်ခင်ခင်မနေကြပေမဲ့ အကိုနေမကောင်းဖြစ်မှာတော့ အရမ်းစိတ်ပူသည် အခုထိကလေးဆန်ချင်နေသေးသည် အကိုကိုလည်းသူနားလည်ပေးနိုင်ပါသည် ရန်ဖြစ်တိုင်းအကိုမှားတာတွေရှိပေမဲ့ အတူတူလိုက်ဆိုးပေးသည် ထိုမျှနဲ့ပင် ညီရဲ့ ၅၂၈မေတ္တာကို သိမည်ထင်ပါသည်
"တွေ့လာ စိတ်ဆိုးနေပြီ တက်စို့ ညနက်လေအေးလေဘဲ ဦးပြန်ဖျားနေလိမ့်မယ် "
"..........."
အိမ်ပေါ်မတက်ချင်တက်ချင်ဖြင့် တက်လာပြီး မင်းနဲ့ငါတွေ့မယ် ဆိုပြီးကြည့်သွားတဲ့အကိုဖြစ်သူအား ပြောင်ပြပြီး မရီးကိုတောင်ပြန်မနှုတ်ဆက်အား အခန်းထဲပြေးဝင်ရသည်
အခန်းကမကျယ်ဘူးဆိုပေမဲ့ သူနေရာနဲ့သူတော့ဟုတ်နေတာပင် နှစ်ယောက်အိပ်လို့ရတဲ့သစ်သားကုတင်လေးကို ဘယ်ဘက်အခြမ်းနဲ့ခေါင်းရင်း ပြတင်းပေါက်နားထိကပ်လိုက်သည် ကုတင်ခြေရင်းမှာတော့ နှစ်ယောက်စာဗီဒိုကြီးတစ်လုံး ကုတင်မရှိသည့်ဘက်မှာတော့ စာပွဲခုံလေးတလုံးထားထားသည် အဲဘက်ခြမ်းမှာပင် ဗီဒိုအသေးလေးတစ်လုံးကထပ်ရှိသည် အဲဒါကဦးရဲ့ကိုယ်ရေးကိုယ်တာဆိုတဲ့ဟာ
"အဲဘက်မှာ ခများလင်ရှိနေလို့လား အဲထောင့်ကိုပဲတိုးသွားရအောင် "
"အကျင့်ပါနေတာကို "
"အဲအကျင့်တွေဖျောက် "
"ဖျောက်ချင်းဖျောက်ဦးပဲဖြစ်သင့်တာ ခနနေရင်ကျွန်တော် ခနနေရင် ကျုပ် ဘာလဲအဲတာက "
"အကျင့်ပါတာ "
"အခုတမျိုးတော်ကြာတမျိုး ဆိုတာအဲဒါပဲ "
"ကျုပ်မေးစရာရှိတယ် ဘာလို့ကျုပ်ကိုဦးလို့ခေါ်တာလဲ "
"ဟိုတခါကပြောသလိုပါဘဲ နာမည်အစကိုခေါ်တာ"
( ''မင်း ကိုတပ်မခေါ်ပဲနာမည်အရင်းခေါ်လို့မရဘူးလား"
"ခေါ်နေတယ်လေ"
"ဘယ်မှာခေါ်လို့"
"ဦးလို့ခေါ်တယ်လေ"
"မင်းက ကင်းကောင်ကိုဦး လို့ခေါ်တာ အသက်တူကိုလေ"
"ဦးလို့ခေါ်တာအသက်ရွယ်နဲ့မဆိုင်ဘူး "
"အဲတော့မင်းကအဖျားစွတ်ခေါ်တာပေါ့"
"အင်း" )
"မင်းရဲ့ရည်းစားဟောင်းတွေရော အဲလိုအဖျားဆွတ်ပြီးခေါ်တာပဲမလား "
"ဦးက သဝန်တိုနေတာလား "
"ဘာကိစ္စနဲ့တိုရမှာလဲ "
"အဖျားဆွတ်ပြီးခေါ်တယ်ဆိုတာတော့မှန်တယ် ဒါပေမဲ့ ဦးအရွယ်တောင်မှ ဦးလို့မခေါ်ဘူး ဘာလို့လဲသီလား ဟန့်ရင်ထဲမှာ ဦးဆိုတဲ့နာမ်စားနဲ့ လူတယောက်ပဲရှိလို့ "
"အဲဒါက ဦးပဲလေ "
"လိမ်တာ "
"ဘာကိုလဲ ဦး ဟုတ်တယ်ဟန်ဦးလို့ခေါ်ခဲ့ဘူးတယ် အဲဒါက ရန်ကုန်ကတက်စီသမားတွေ ဆိုက်ကားသမားတွေ ဦးနာမည်စသိပြီး ဦးဆိုတဲ့နာမ်စားပေးမိတော့ ဦးလေးတွေ အန်ကယ်တွေဖြစ်သွားတာ ဦးသတိမထားမိလို့ရယ် "
"Exဘယ်နှစ်ယောက်ရှိခဲ့လဲ အမှန်တိုင်းသိချင်တယ် "
"ဟန်ပြောလို့စိတ်မဆိုးဘူးလို့ဂတိပေးမလား "
"အင်း "
ဟန်ဟာ ဒဿဂီရိလိုမျက်နှာများတယ် လူရှပ်ဆိုပြီး ဦးလေးသတိပေးခဲ့ဖူးသည် ဒါပေမဲ့သူစိတ်ထဲမထားခဲ့ ဟန်ပါးစပ်ကကိုယ်တိုင်ပြောလာခဲ့ရင် နားထောင်နိုင်စွမ်းရှိမည်မထင်
"မိန်းကလေး၅ယောက် ယောင်္ကျားလေးက၃ယောက် ဟန်တို့ချစ်သူဖြစ်ခဲ့ကြတယ် ၁လပြည်တဲ့သူကခပ်ရှားရှားပဲ ဘာလို့လဲဆို ဟန်စိတ်ရှုပ်မခံနိုင်ဘူး စိတ်တွေညစ်လာရင် ေဂျာင်းပဲ ယောင်္ကျား...."
"တော်...တော်ပါတော့ဟန်ရယ် ကျွန်တော်နားမထောင်နိုင်တော့ဘူး ဒီနေရာကနာတယ် "
လက်တစ်ဖဝါးစာပဲကွာသည့်အနေထားမှာ ဦးကဖက်တွယ်လာပြီး ညအိပ်မီးဝါကျင်ကျင်အောက် ကောင်လေးရဲ့မျက်နှာထက်ဝမ်းနည်းရိပ်သန်းသည့်အနေဖြင့်စုဆောင်းလာသည့်ငွေပုလဲများအိုင်ထွန်းနေချင်ပြီ တဖက်ကလည်းပြောရင်း နောက်လက်တဖက်ကလည်း ရင်ဘက်တနေရာကိုညွှန်ပြနေသည်
ဟန်နဲ့ယှဥ်ရင် ဦးဟာ၉၉ပြားကောင်ဖြစ်ယုံကလွဲပြီး လုံးဝအဖြူထည်လေး
"ခများရဲ့အချစ်ဦးတွေ ဖြစ်ခဲ့တဲ့သူတို့ကို မုန်းတယ် ပြီးတော့ကျွန်တော့်ကြောင့်စိတ်ရှုပ်ရလားဟင် စိတ်ရှုပ်သွားရင်လည်းနှင်တော့မထုတ်ပါနဲ့ခများရယ် ကျွန်တော်ကိုယ်တိုင်ထွက်သွားပေးမှာပါ "
"မဟုတ်တာ ဦးရာ "
ဒီကောင်လေးငိုတာမြင်တော့ သူလည်း ဝမ်းနည်းလာသည်
"ခများနဲ့တွေ့ရင် ကျွန်တော်ပျော်တယ် တခြားသူနဲ့တွေ့ပြီး ပါးချိုင့်တွေပေါ်အောင် ပြုံးနေတာလဲမကြိုက်ဘူး ကျွန်တော်ပျော်ရွှင်ဖို့တစ်ခုတည်းတွက်ပဲကြည့်မိတာ မင်းပျော်ရဲ့လားဆိုတာမတွေးမိဘူး ကျွန်တော်ကဆိုးတယ်မလားထုချင်ထုရိုက်ချင်ရိုက်ပါ မထွက်သွားပါနဲ့ "
ကုတင်အောက်မှာဒူးထောက်ပြီးထိုင်နေသူက လုံးဝဟန်သိတဲ့၉၉ပြားကောင်မဟုတ် ပါးပြင်ပေါ်ကမျက်ရည်တချို့ကိုသုတ်ပေးလိုက်ပြီး ကုတင်ပေါ်ပြန်ထိုင်ခိုင်းရသည်
"ဒီမှာထိုင်ပါအုံး ဟန်မျက်နှာကြည့် "
ကုတင်ပေါ်တစောင်းထိုင်နေသည်ထိ ထိုလူသားလေးဟာခေါင်းမမော့လာ
"ကြည့်ပါဆို "
မျက်နှာဆွဲမော့လိုက်မှ မျက်နှာကို ကြည့်လာသည် ထပ်ပြီးငိုမချမိဖို့ မျက်ဝန်းတဝိုက်ရစ်ဝိုင်းနေသောမျက်ရည်တချို့ ကိုကျမလာစေဖို့ မျက်တောင်တစ်ခုကတာဝန်ယူယက်ခတ်နေသည်
"ဟန်ရည်းစားတွေအများကြီးထားခဲ့ဖူးတယ်ဆိုတာမှန်တယ် ဦးနဲ့ကြတော့အရင်ကလူတွေနဲ့ ရင်ခုန်ရပုံချင်းမတူဘူး ဟန်ဝန်ခံရရင် ဦးရဲ့အပြုမူတွေကအရမ်းသဘောကျခဲ့ရတာ တခြားသူတွေကပြောတယ်ပထမဆုံးချစ်တဲ့သူကို အချစ်ဦးတဲ့ အဲဒါကမဟုတ်ဘူး ဘယ်သူနဲ့မှမတူတဲ့ရင်ခုန်သံနဲ့ချစ်တဲ့သူကမှ အချစ်ဦးလို့ခေါ်တာ
ဟန်တွက်ဆိုရင် ဦးကနှစ်ဦးမှာ ရင်ခုန်ရတဲ့ အချစ်ဦးပဲ "
"နှစ်ဦးမှာ ရင်ခုန်ရတဲ့ အချစ်ဦး "
"အင်းလေ သင်္ကြန်မှာကတည်းက "
"တောင်းပန်ပါတယ် "
"..........."
"ကျွန်တော်ခံစားချက်တွေသိနေတာတောင်မှ ချစ်တယ်လို့မပြောရဲလို့ "
"ဟင်း...ဘယ်လောက်လဲ ဘယ်ချိန်ထိလဲ ဟန်စောင့်နိုင်ပါတယ် "
"ကျေးဇူးတင်ပါတယ် "
ထိုညတွင် ခံစားချက်ကိုယ်စီဖြင့် တယောက်သောသူကအိပ်ပျော်သွားပြီး တယောက်သောသူမှာ အတွေးပင်လယ်ထက် ပက်လက်မျောနေတုန်းပင် ဘာလို့များ ချစ်တယ်ဆိုတာမပြောထွက်ခဲ့ရလဲကိုယ့်ကိုကိုယ်မသိ
........................................................................
[text_hash] => 553276b4
)
What do you think?