Array
(
[text] =>
Uni
နောက်မှလုပ်လို့ရမဲ့အရာတစ်ခုအားကြာကြာမတွေးနိုင် ရင်ခွင်ထဲထည့်ထားသူအားလက်အသာလေးမကာ အိမ်အောက်ဆင်းလာလိမ့်သည် အဝတ်တွေလျှော်ရအုံးမယ် အနောက်ကအပင်တွေပေါင်းသတ်ကမယ် ပြီးရင်ရေလောင်း
အချစ်နဲ့ပတ်သက်လာရင် ဓားသွားပေါ်ပဲလျှောက်ရလျှောက်ရ ဆူးခင်းပဲနင်းရနင်းရကျော်ဖြတ်မယ်ဆိုပြီးအတွေးလေးဝင်ရောက်ဖူးလျှင် ချက်ချင်းထုပ်ပစ်သင့်သည် ဘဝဟာထင်သလောက်မလွယ်ကူ စိတ်ကူးယဥ်အိပ်မက်ထဲတွင် အညာသားကိုရလျှင် မနက်ခင်းထမင်းကြမ်းနဲ့ပဲပြုတ်ဆီဆမ်း နေ့လည်နေ့ခင်းရင်အေးစာလေးနဲ့ နှစ်ယောက်တူ ချစ်ကြည်နူးတစ်တီတူး ညနေဘက် နှစ်ယောက်သားလမ်းလေးလျှောက်ပြီး ညဘက်ကြယ်တွေကိုနှစ်ယောက်ပုံဖော်ကြည့်မယ် ဒါပါပဲ
လက်တွေ့ဘဝတွင်
မနက်စာကိုနှစ်ယောက်အတူစားတယ်ဆိုပေမဲ့ စားပြီးတာနဲ့သူငယ်ချင်းနဲ့အရက်ဆိုင်
မဟုတ်ရင်ရွာထိပ်မှာကလေးတွေနဲ့ကစားနေလိုက်မည် ကလေးတွေနဲ့မဟုတ်ရင် ရွယ်တူတွေ လူကြီးတွေနဲ့ ကစားနေလိုက်မည်
နေ့လယ်ခင်းစိတ်ကောင်းဝင်ရင်ထမင်းလာစားတက်သည် ညနေဘက်မှရေချိုးထမင်းစား အရက်ထပ်သောက် မူးပြီးရစ် ပြီးရင်မှောက် ဒါကသူ့ရဲ့တနေ့တာအလုပ်
ဟန်ကျတော့မနက်စာ နေ့လယ်စာ ညစာ တွက်စီမံချက်ပြုတ်ရ အိမ်မှုကိစ္စတွေ အနောက်ကပျိုးပင်လေးတွေပေါင်းသတ်လိုက်မြေဆွလိုက်ရေလောင်းလိုက်နှင့် တနေ့တာကိုထိုလိုဖြတ်သန်းသည် ပင်ပန်းတယ်ထင်ရပေမဲ့ အိမ်မှာလိုနားပူနားဆာလဲမလုပ် အရမ်းကြီးမကြင်နာတာကလွဲရင် ဦးဟာအတော်ကိုဂရုစိုက်တဲ့လူတယောက်ဆိုတာသိခဲ့ရသည် Strightစစ်စစ်က Gayဖြစ်ဖို့အချိန်နဲနဲတော့ယူရမှာပေါ့ ပြီးတော့ကလေးစိတ်မကုန်သေးတဲ့လူကိုယူထားတော့လည်း ကိုယ့်ဘဝကလင်ယူတာလားကလေးထိုင်မွေးတာလားမသဲကွဲ
🎶🎶~ဝေးဆုံးသွားပြီဆိုလဲ
ကျန်နေမှာပါ မင်းအနားမှာ~
အချိန်တွေတိုင်း ငါ့အချစ်များစွာ
လောကကြီးရဲ့ အပြင်ဘက်
ပြန်မလာနိုင်အောင် ငါထွက်သွားလဲ
ယူပါ အကြင်နာတွေကို ငါချန်ခဲ့မှာ
မင်းသိမှာပါ ငါ့ရဲ့အချစ်တွေဟာ
နောက်ဆုံးချိန်ထိမင်းနဲ့ဝေးဝေးမသွား
မင်းအမုန်းများ ဆီးကာနေလဲ နောက်ဆုတ်ဖို့မစဥ်းစား
အမြဲတမ်းမင်းနား ရောက်လာမှာပါ
ထာဝရအချစ်များ~~~
တကယ်တော့ ဖျားနေတဲ့အပူချိန်များရင် တချိန်လုံးအိပ်နေသည့်ကြောင့် ကျောဘက်ကပူတက်လာသည်မို့နိုးလာရသည် နိုးနိုးချင်း လူပျောက်ရှာပုံတော်ဖွင့်ရသည် သိပ်မကြာလိုက်
ခြူသံနှင့်အတူ သီချင်းဆိုနေသံ အိမ်ရှေ့ဘက်ကလာတာဖြစ်သည်
သူထွက်ကြည့်လိုက်တော့ အဝတ်လှမ်းရင် သီချင်းဆိုနေသည့်သူ့အပိုင်လေး ဆံပင်တွေကမျက်နှာဖုံးနေ၍ ကြက်တောင်စီးလေးစီးထားသေးသည် သီချင်းသံစဥ်နဲ့တူခေါင်းလှုပ်လိုက်တော့ ထိပ်ကကြက်တောင်စီးကလှုပ်စိလှုပ်စိ ဘေးတိုက်အနေထားမို့ မျက်နှာအစိတ်ပိုင်းတစ်ခုချင်းစီတိုင်းကိုအသေးစိတ်လိုက်ကြည့်နေလိုက်သည် နှာတံစင်းစင်းလေးတွေကနေခုန်ဆင်လိုက်ရရင် အပေါ်ကနှုတ်ခမ်းကရေအိုင်ငယ်လေးပမာ မျက်ခုံးမွေးကခပ်ပါးပါးလေးတွေဖြစ်ပြီး အမေညိုအဖေညိုက ဟန်ကတော့ဖြူဖြူဥဥလေး တရုတ်ပေါက်စနလေးအတိုင်း မွန်မျိုးရိုးကဆင်းသက်လာသူဖြစ်ပေမဲ့ မွန်စကားမပြောနှင့် မွန်နဲ့ပတ်သက်တာတစ်ခုမှမရ သူ့အဖေရောပေါ့ အိမ်နေရင်း ရှပ်လက်ပြတ်အမဲနှင့်ဘောင်းဘီတိုအနီလေးဝတ်ထားသူက ဘယ်ရှုထောင့်ကကြည့်ကြည့် အရမ်းချောသည် အင်္ကျီလက်ပြတ်က ဂျိုင်းကနေတစ်ထွာနီးနီးလွတ်နေသည်ကြောင့် ဖြူလွလွနံရိုးနှင့် ချယ်ရီသီးကအတိုင်းသားမြင်ရသည်
ဘာမို့လို့ အိမ်နေရင်းတောင်ဒီလောက်ပြင်ဆင်ထားရတာပါလိမ့်
"အဟမ်း... ဟမ်း..ကိုယ့်လင်ကိုအဲလောက်ကြည့်နေရအောင်ထိ ဟန်ကအရမ်းချောနေလား"
ပေါ်တင်ကြည့်၍လူမိသွားရာ အူကြောင်ကြားပုံစံဖမ်းလိုက်ရသည်
"မင်းမှာဘဝင်မြင့်ရောဂါရှိနေပြီ "
"အယ်မကြည့်ဘူးပေါ့ ဒါဆို "
"ကြည့်တယ်လေ မျက်လုံးက ကျုပ်ကြည့်တာမဟုတ်ဘူး "
"အား..ယား..ဝန်ခံရမှာရှက်နေတယ်ကျန်း"
"မင်း..တော်တော့ "
"ဟယ်..ဦးမျက်နှာနီနေတယ် ပြန်ဖျားနေသေးတာလား"
"မင်းတော်လိုက်တော့လို့... "
"ဟား...ဟာ...ဟား....ဟ..အင်းမပြောတော့ဘူးဒါနဲ့ဘယ်လိုနေသေးလဲ"
"ကိုယ်မပူတော့ဘူး နုံးနေသလိုခံစားရလို့ရေသွားချိုးမလားလို့ "
"သွားချိုးလေအကြာကြီးတော့မရဘူး အဝတ်ကလျှော်ပုံထဲထားခဲ့ ရေလဲတခါတည်းယူ ရေချိုးရင်ဘယ်တော့မှရေလဲမယူဘူး တဘက်ပါယူသွား "
ထိုအရာတွေဟာပိုင်စိုးဦးအကျင့်ပျက်လာတာတွေဖြစ်သည် လူလွတ်တုန်းကအရာအားလုံးသူသတိတရလုပ်သည် သူ့ဘဝထဲဟန်ရောက်ပြီးနောက်ပိုင်း နှစ်ရက်တည်းနဲ့တင်အကျင့်အားလုံးပျက်
သူငယ်ချင်းတွေနဲ့တွေ့လျှင်ငါ့ယောင်္ကျားလျှော်ပေးတာလေဆိုပြီးဂုဏ်ဆာရသေးသည်
အစကဆိုရေလဲကိုပခုံးပေါ်တင် ဆပ်ပြာချင်းနဲ့အကျနလုပ်လာသူက အခုဆိုရေချိုးခါနာနီးရင်
ဟန်ရေ..ရေလဲလေးတချက်လာပေးပါအုံး
ဟန်ရေ..ဆပ်ပြာမေ့ခဲ့လို့
ဟန်ရေ.. ရှန်ပူလေးတထုပ်လောက်
ဟန်ရေ.. ဘလက်မရှိဘူး
ဟန်ရေ.. သွားတိုက်တံ
ဟန်ရေ..သွားတိုက်ဆေး
သတိမရတာမဟုတ် တမင်ကိုမေ့ခဲ့တာ လာပေးတိုင်းယူသလိုလိုနှင့် အသားယူတာများများ နောက်ပိုင်းတွင်သူရေချိုးရင်ဟန်ကဆယ်လှမ်းအကွာမှာထိုင်နေတက်သည်
ဆပ်ပြာချင်းထဲစုံနေအောင်ထည့်ထားသည့်ဟာကိုလည်း ရေချိုးသည့်ထောင့်တနေရာတွင် သံနှင့်ရိုက်ထားသည် မရိုက်ထားလျှင် တစ်ခုချင်းစီကိုတစ်နေရာစီထားသည် ပြီးရင်တောက်လျှောက်ဟိုဟာဒီဟာယူခိုင်းတော့သည် လာပေးရင် ယူသလိုလိုနဲ့လက်ကလေးကိုင်ရတဲ့အရသာက သမီးရီးစားပိုးပန်းနေသလိုလို
"ကင်းကောင်....."
"ဟမ်..ဘယ်လို ဘယ်လိုခေါ်လိုက်တယ်ပြန်ခေါ်ကြည့်စမ်း"
"ခေါ်နေတာကြာပြီ ထိုင်ရက်သေသွားတယ်ထင်လို့ သွားမြန်မြန် အေးလာမှမချိုးတော့ဘူးလုပ်ရင် ဟန်နဲ့လာမအိပ်နဲ့ "
"သွားပြီး အခုသွားပြီ "
ဟန်ပြောလိုက်မှထိုင်နေရာကနေအသဲသန်ဆင်းပြေးသည် ပြီးတော့ရေချိုးကန်နားကနေပြောလိုက်သူကြောင့် မျက်နှာပူတက်လာသည် သူပြောလိုက်တာအကျယ်ကြီးလေအဘေးမဘုတ်ဆုံတို့အိမ်ကသိရင်ဟန်ကိုစလို့ပြီးမှာမဟုတ်တော့ သူပြောတာက 'မအိပ်ခိုင်းပဲမနေပါနဲ့ ဟောဒီဦးဆိုတဲ့ကောင်ကမင်းအနားမှာရှိမှအိပ်ပျော်တာတဲ့လေ'
သူတို့နှစ်ယောက်မသိလိုက်တာက အဝတ်လှမ်းနေတဲ့အချိန်ကနေ ပိုင်စိုးဦးရေသွားးချိုးတဲ့ချိန်ထိ မဘုတ်ဆုံတို့အိမ်ကနေ သူကြီးသားကိုအောင်ဖေတို့အုပ်စုလေဟာပြင်ကနေလက်သည်းကိုက်၍ရပ်ကြည့်နေတာကိုပင်
"ကိုကြီးအောင်ဖေရေ ရှယ်ပဲ ဒီဗီဒီယိုနဲ့ဟိုမျောက်ကိုပြန်ပြရမယ် "
"ဟုတ်တယ်အဲဒါမှ ချစ်လား မချစ်လား မသိတဲ့ကောင်ကသိမှာ "
ထိုအဖွဲ့ထည်းတွင်ပိုင်စိုးဦးရဲ့ညီ ပိုင်ထွေးဦးလည်းအပါဝင်
"အဲဒါမှ ငြင်းနေရင်လည်းနောက်ထပ်planတွေထုပ်ပြရလိုက်မယ် "
"ဘာလိုplan လဲ "
ပိုင်ထွေးဦး၏အကြည့်ဖြင့်လူငါးယောက်ခေါင်းချင်းဆိုင်လိုက်သည်
"မဖြစ်ဘူးနော် မဖြစ်ဘူး "
"ဟာကိုအောင်ဖေရာ စစ်ကမတိုက်ရသေးဘူး လက်နက်ကချနေပြီ "
သူတို့အစီစဥ်အား တောတန်းရွာ၌ကျန်ခဲ့သော ဝင်းဆန်း ငဟိန်း သူ့ဦးလေး ဘီလူးတို့သိပါလျှင်အသဲသန်တားကြလိမ့်မယ် ပိုင်စိုးဦး၏သဝန်တိုချက်က 9+ လေ
"ဟိုကောင်တွေ happy new year ပြန်လာလုပ်မယ်တဲ့ "
"ဘယ်ကောင်လဲ "
"ဦးမိုးရွှေ ငလုံး ဘီလူး ငဟိန်း ဝင်းဆန်း ပင်လောင်းမျောက်ရဲ့ဦးလေး ပြီးတော့ကနဖော့က ဦးနိုင်ဝင်းရော "
"မင်းကဘယ်လိုသိ"
"မနေ့က ကိုကြီးမရီးကိုပြောနေတာကြားတာ "
အခုနပြောသည့်လူတွေမှာဝန်းသိုနယ်သားတွေဖြစ်ပြီး ရွာနီးချုပ်စပ်ကဖြစ်သည် သတ္တုမိုင်းလုပ်ရင်းရေစက်ဆုံကြတာပေါ့
"အာ~ ငါသိပြီ ဟိုဘာလဲနီကျားလဲပါလာမှာ "
"နီကျားက တရုတ်ကနေတောင်ဆင်းလာမယ်ပေါ့"
ဒေါက်လ့်~
အ့!
"ဟိုကောင်ဘီလူးရဲ့ အကို ဆံပင်ကနီကြောင်ကျားမလို့ နီကျား "
"တကယ်လာမှာလား "
"အင်းလေ မင်းကဘာလို့အဲလောက်အံဩနေရတာလဲ "
"အဲဒါ ငါ့အကိုယောင်္ကျားငါ့မရီးရဲ့ Ex "
"ဟေ!"
"ဟေ!"
"ဟေ!"
"ဟေ!"
"မင်းဟာကဟုတ်လို့လားကွ "
"ဟုတ်ပါတယ်ဆို မင်းမယုံရင်စောင့်ကြည့်နေလိုက် "
"ဘယ်တော့လာမှာလဲ "
"မနက်ဖြန်"
"ငါတော့ပင်လောင်းမျောက်မျက်နှာ ဘယ်လိုဖြစ်သွားမလဲစောက်ရမ်းသိချင်နေပြီ "
"ဟုတ်ပမောင် "
"ငါသတင်းသဲ့သဲ့ကြားသေးတယ် ဘီလူးနဲ့လည်းဘာလိုလိုဆို "
"ငါလည်းကြားတယ် ကိုကြီးကိုလည်းမမေးရဲဘူး မရီးမေးဖို့ကြတော့လည်းဆင်မပြေလို့ ဟိုကောင်တွေလာတဲ့ထိအောင့်နေရတာ "
"ငဟိန်းဖုန်းဆက်မေးရင်ရော "
"နိုးပါကွယ် ကိုကြီးကငဟိန်းနဲ့မတည့်ဘူး ဒါတွေသိနိုင်တဲ့တယောက်တော့ငါသိတယ် "
"ဘယ်သူလဲ "
ဖုန်းကိုခါးကြားမှထုပ်ကာ နံပါတ်တစ်ခုကိုကောက်ဆက်တော့သည်
📱📱
"ဘာလဲဟေ့ရောင် "
"လေသံမှာလှချည်လားကွ "
"ဘာပြောမှာလဲ မအားဘူး ငါ့ဘေဘီလေးစီဖုန်းဆက်ရမှာ"
"ငါ့မရီးကြောင်း"
ကျန်လေးယောက်မှာတယောက်မှအသံမထွက် မထွက်ရသည့်အကြောင်းရင်းကလည်း မရီးကြောင်းမပြောမှာကြောက်၍ ပါးစပ်တွေအားဇစ်ပိတ်သလိုပိတ်ခိုင်းထားသည်
"........................"
"ကျေးဇူးကွာ ပြောပြတဲ့တွက် "
"............."
📱📱
"ကဲဘယ်လိုလဲ "
"ဝိုး မင်းမရီးကအရမ်းစန်းပွင့်တာပဲ "
"ဒါနဲ့ပင်လောင်းမျောက်ထက် သာတဲ့ကောင်တွေအများကြီးကိုဘာလို့ မင်းအကို၉၉ပြားမှလဲ "
"အဖြေက 75%ချစ်နေတာ "
"ငဟိန်းနဲ့ကဘယ်လိုမှမယုံဘူး "
"ဖြစ်နေတာမဟုတ်ပါဘူးကွာ ဟိုကောင်ပြောတာမကြားဘူးလား လုဖော်လုဖက်ပါဆို"
"ဒါပေမဲ့ ငလုံးပြောသလိုဆိုရင် ပင်လောင်းမျောက်လက်ထဲရောက်မှတဲ့ အဲဆိုငဟိန်းကချစ်တာမဖြစ်နိုင်ဘူး မင်းမရီးကလှလို့ကြွေသွားတာလောက်ပဲ "
"ပင်လောင်းမျောက်ကြတော့ရော "
"သူကချစ်တယ်ဆိုတာဖွင့်မပြောတာ မင်းတို့စဥ်းစားကြည့်လေ ဘယ်သူကမချစ်ပဲနဲ့သဝန်တွေတိုလို့လဲ ငါ့တို့plan Bအတိုင်းသာဆိုစမ်းသပ်စရာကိုမလိုတော့ဘူး စောက်ရမ်းသိသာနေပြီ ဟိုမျောက်ချစ်နေတာ "
"နေပါအုံးကွ ငါ့မရီးကယောင်္ကျားလေ လှတယ်ဆိုတာသုံးမရဘူးညန်း "
"ငါပြောပြမယ်နော် သူကြီးစီမှာငယ်ငယ်ထဲကနေလာပေမဲ့ ဒီလိုနေရာမှာဆို စိန်တစ် အောင်တစ်ညီအကိုကရှယ်ကျွမ်း ချောပေ့လှပေ့ဆိုတဲ့ ယောင်္ကျားလေးနဲ့ မင်းမရီးယှဥ်ကြည့်လိုက် မင်းမရီးကလုံးဝကိုကွဲထွက်နေတာ "
"ဘယ်လိုကွဲထွက်နေတာလဲ "
"သေချာကြည့် အောက်နှုတ်ခမ်းမှာ နှုတ်ခမ်းခြောက်ပြီးအသားတွေအက်နေတာ "
ဒေါက်လ်! ဒေါက်လ်! ဒေါလ်! ဒေါက်လ်!
"စောက်စကားအကောင်းမပြောဘူး ပြန်ကြ သူများသူကြီးနောက်လိုက်တွေများ အလုပ်နဲ့လက်ကဆက်နေတာ ဒင်းတို့ကအားအားယားယား မင်းရောဘာထူးလဲ ကို့အဖေကသူကြီးပဲဆိုပြီးလက်ယားလက်ယားမနေနဲ့ ဟိုကောင်ငါးပူတင်း မင်းလဲဒီသက်ဒီရွယ်ထိ သောက်လုပ်လေးရှာစမ်းပါ"
ဒေါက်လ်!
"မင်းနေနှင့်အုံးငါသူကြီးဖြစ်တဲ့ချိန်ကြ မင်းငါ့ထိပ်တုန်းကမလွတ်စေရဘူး "
မှန်တာပြောတာလေ သူကြီးသားဖြစ်ပြီးတော့ ဘားးးမှလဲသိဘူး
"ဟုတ်ကဲ့အဖေ "
အားလုံးပြန်မှ မျောက်ရဲ့အိမ်ဘက်ပြန်ကူးလာရသည် ပင်လောင်းမျောက်မှာလိုက်တာတွေကမပါမဖြစ်
........................................................................
[text_hash] => d6ffe05a
)
What do you think?