Chapter 17: 15

Array
(
[text] =>

Uni

မနက်တွင်တော့ပိုင်စိုးဦးတယောက်မထနိုင်ခဲ့ပေ အကြောင်းကမနက်လင်းခါနီးမှ အိပ်ပျော်သွား၍ဖြစ်သည်   ဟိုလေးယောက်ကတော့ မနက်နေဖင်လာထိုးမှနိုးကြသည်

"ပင်လောင်းမျောက် ညကမအိပ်ဘူးထင်တယ် "

"ဒီချိန်လောက်ဆိုနိုးသင့်နေပြီလေမောင်"

"ငါတို့နှိုးလိုက်ရင်ကောင်းမလား"

"အိပ်ပါစေကွာ ဒါနဲ့ အိမ်သာလည်းသွားချင်တယ် ရေလည်းသောက်ချင်တယ် ဗိုက်လည်းဆာတယ် "

"နေ့လည်ရောက်ဖို့သိပ်မလိုတော့ဘူးစောင့်လိုက် "

နေ့လယ်ရောက်သည့်အချိန်ထိလည်း ပိုင်စိုးဦးဆိုသည့်လူသားဟာ မနိုးလာခဲ့ မနက်စာအဖြစ်ဆက်ဟန်ရောက်လာမယ်လို့တွေးခဲ့ပေမဲ့လည်း မရောက်လာခဲ့

"ဟာ ဟေ့ရောင်တွေ မျောက်ကဖျားနေတာဟ "

"ဟမ်~အဲဆိုသတိလစ်နေတာနေမယ် "

"ညကဒီလောက်ချမ်းတာစောင်မှမခြုံပဲ ဖျားတော့မှာပေါ့ "

ဘာလုပ်ဘာကိုင်ရမှန်းမသိတော့ဘဲ သူကြီးအားအော်ခေါ်ရတော့သည်

ထိုအခုတွင် ပင်လောင်းမျောက်၏ကျေးဇူးကြောင့် ငါးယောက်စလုံးထိပ်တုန်းကလွတ်ရသည်

"ဟိုကောင်အောင်ဖေ နဲ့ပူတင်း အဲမျောက်မလာခဲ့ ဟိုနှစ်ကောင် သူ့လင်လေးသွားခေါ် "

သူကြီး၏တောက်တိုမယ်ရ နှစ်ယောက်ဖြစ်သည့် စိန်တစ် နှင့်အောင်တစ်ညီအကိုတို့သည် အရှေ့ဘက်အရပ်ဆက်ဟန်စီသို့ဒေါင်းစိုင်းအပြေးနှင်ရသည် ထိပ်တုန်းတစ်ညနေထားရတာမို့ လမ်းစလျှောက်တော့ခြေကကျင်ခနဲ

မနက်က မနက်စာလာပိုမလို့ဆဲဆဲအခြေနေတစ်ခုကြောင့်မသွားဖြစ်ပေမဲ့ နေ့လယ်ထမင်းဂျိုင့်ပြင်တုန်း သူကြီးလူကြောင့် ခြေလှမ်းတွေခပ်သော့သော့လေးနှင်ရတယ် ဟိုနှစ်ယောက်ခြေတွေထုံလွန်းလို့ကျန်ရစ်ခဲ့တယ်

"ဟင် ဘယ်ပျောက်သွားတာလဲ မြန်လိုက်တာ ငါတို့နားတာငါးမိနစ်တောင်မပြည့်တာ "

"ငါတို့ရွာမှာသူကြီးအိမ်သွားတဲ့ဖြတ်လမ်းများရှိသလား"

ဘုတ် !

အင့်~

"ငါတို့ဒီရွာမှာမွေးပြီးဒီရွာမှာကြီးတာ ဖြတ်လမ်းရှိတာသိသလား"

"ဟင့်အင့်"

"အဲဆိုမမေးနဲ့ သွားမယ်မြန်မြန်"

သူကြီးနောက်လိုက်နှစ်ယောက်ကြောင့် ကိုယ့်အခြေနေပင်လစ်လျူရှုမိပြီးသူကြီးအိမ် ဒေါင်းစိုင်းလာမိသည် ဦးကဖျားရင်အရမ်းဂျီဂျတာ

"ဟောဟိုမှာ မင်းလင်လေးလာပြီ "

ဟန်မှာလည်းခြံထဲတန်းမဝင်နိုင်သေးပဲ အမောဖြေနေရသည် ရင်ဘက်တနေရာအောင့်နေတာကိုတော့မသိ

"ရောက်လာတာနဲ့အတော်ပဲ ဆက်ဟန်ရေ ဒီကောင်အဖျားကြီးပြီး သတိလစ်သွားတာဘာမှစိုးရိမ်စရာမရှိပါဘူး တခုကဆေးလုံးဝထိုးလို့မရတာ ဆရာကလည်းစောင့်နေတော့အားနာစရာကြီးရယ် မင်းလင်ကိုပြောပါအုံး "

လင်ဇောဖြင့် ဘယ်သူ့ကိုမှမမြင်မိ သူကြီးပြောမှဘေးပတ်ပတ်လည်ကြည့်မိသည်

"ဦး ဆေးထိုးရအောင်"

"မင်းမျက်နှာဘာဖြစ်နေတာလဲ "

"ဘာမှမဖြစ်ဘူးလေ "

မေးကွန်းအဖြေဟာတလွဲစီ

"ဦး ဆေးထိုးမှသက်သာမှာ "

"မင်းမျက်နှာကဘာလို့အဲလောက်ဖြူနေရတာလဲ "

ဟန်စိတ်တွေရှုပ်လာမိသည် သူဘာဖြစ်နေတယ်ဆိုတာလည်းမပြောချင် ဦးကိုလည်းဆေးထိုးစေချင်သည်

အယ့် ဦးကဆေးထိုးအပ်ကြောက်သည်ဘဲ

"ဟဲ့! အကောင် ဆရာကိုအားနာမှပေါ့ "

"ဟုတ်ပြီ ကျုပ်ဆေးထိုးမယ်အပေးယူအနေနဲ့ ခများဘာဖြစ်နေလဲဆိုတာစမ်းသပ်ရမယ် "

ဦးမှာဟန့်အဖြေကိုပင်မစောင့် ဆရာအားဆေးထိုးဖို့ပြောတော့သည် ဟန်မှာလည်း ဦးလက်မှာအနဲငယ်ပြန်စပြုနေပြီဖြစ်သောချွေးတွေနဲ့တူဆုပ်ကိုင်လိုက်မိသည် ဆေးထိုးအပ်အသားထဲဝင်လာပြီဆိုသည်နှင့် ဟန်လက်မှာပိုမိုတင်းကြပ်သွားရသည်

"ဒီကကလေးကိုဆေးရုံမှာသေချာလေးစမ်းသပ်စေချင်တယ် မင်းရဲ့နှလုံးခုန်သံသိပ်မကြိုက်ဘူး "

"ကျွန်တော်အားတဲ့ချိန်သွားလိုက်ပါ့မယ်ဗျ"

အိမ်ပြန်လာသည့်လမ်းတလျှောက်တွင်လည်းနှစ်ယောက်စလုံးအတွေးကိုယ်စီဝင်ပြီး ဘာမှမပြောတိတ်တဆိတ်သာ

"စကားပြောရအောင်ဟန်"

အိမ်ရောက်ရောက်ခြင်း အိမ်ပေါ်တက်အနားယူချင်မိသည် စကားလည်းမပြောချင် ပြောရင် ရင်ဘက်ကအောင့်တက်လာပြီးမောလာသည်

"ဘယ်ကတည်းကလဲ ဘယ်လောက်ကြာပြီလဲ ဘယ်အဆင့်ရောက်ပြီလဲ ဘာလို့ကြိုမပြောပြထားရတာလဲ "

"၁၂နှစ်ကတည်းက အဆင့်၃ "

"၆နှစ်တောင်ဖြစ်နေပြီပေါ့ ဘာလို့ရောဂါရှိမှန်းသိကတည်းကမကုရတာလဲ "

"ဆရာဝန်ကပြောပါတယ် ပိုက်ဆံမတက်နိုင်လို့မကုခဲ့ရဘူးဆေးတွေပဲမှီခဲ့ရတာ ပြီးတော့ဟန်ကိုယ်တိုင်လည်းမကုချင်ဘူး "

"ဘာလို့လဲ ကိုယ့်မှာရောဂါရှိတာဘယ်သူမှမကြိုက်ဘူးထင်တာပဲ"

"အင်း အစကတော်တော်လေးလန့်ခဲ့တာ ဟန်မောတယ်ပြောတိုင်း နင့်အသက်အခုထိဒီရောဂါကြီးသယ်ထားရတဲ့ငါ့လောက် မဆိုးဘူး ဆိုတဲ့စကားကြားတိုင်း ကုချင်စိတ်မရှိတော့ဘူး "

"ရှင်းပြပေးလို့ရမလား ကျုပ်က၉၉ပြားကောင်မို့ဉာဏ်မမီဘူးရယ် "

"အမေဟန့်ကိုဆေးရုံမှာအောင်အောင်မြင်မြင်မွေးခဲ့တယ် အဲချိန်ကယုန်လေးအမေဆို အပျိုလေး တဖက်ခန်းမှာလူနာကပါလာတဲ့လူနာစောင့်တချို့က ယုန်လေးအမေကိုလာပိုးပန်းကြတယ် ဟန်ကိုအသုံးချပြီး ဟန်ကိုချီလိုက် ပွေ့လိုက်နဲ့ အရက်သမားတွေကလည်းဖြစ်တော့ရဲတင်းတယ်

အဲမှာအမေကသွေးလန့်ပြီးသတိလစ်သွားတယ် ဆရာဝန်တွေသာအသက်ဆက်ဆေးမပေးခဲ့ရင် အမေအသက်ပြန်မရှင်လာဘူး အဲမှာတင်အမေကနှလုံးရောဂါရသွားခဲ့တာ

ပြဿနာတစ်ခုခုဖြစ်ပြီဆို နင့်ကြောင့်ငါဒီရောဂါရတာ​ဂြိုလ်​ကောင်လို့အမြဲပြောတယ် "

"ဒါကပြဿနာနိုင်ချင်လို့တစ်ခုပဲသက်သက်လေ ကျုပ်ပြောပြမယ် ဟန်ကရက်သားအရွယ်လေ ဟုတ်တယ်မလားဘယ်လို့လုပ် ဂြိုလ်ကောင်ဖြစ်ရမလဲ အဓိကဟိုအရက်သမားတွေကြောင့်မဟုတ်လား ဒါကိုဟန်ကစိတ်ထဲမထားနဲ့ပေါ့"

"ဟန်မထားဖို့ကြိုးစားကြည့်သေးတယ် မရဘူး အမြဲတမ်းဟန်နားထဲကြားနေရတာ အမေပြောတာတွေ"

'ဟန်ရယ် 'ဟုစိတ်ထဲကရွတ်ရုံပြင်ဘာမှမတက်နိုင် ဟန်အဖေသေကတည်းက ခေတ်ဆက်သာဟန်ပြောင်းလွဲသွားပြီလို့ဆိုကြသည် အဲတုန်းကဟန်အသက်၁၁နှစ်ကလေးသာ

ရောဂါရတာ၁၂နှစ် ဟန်တယောက်ထိုအိမ်တွင်ဘယ်လိုတောင်ရှင်သန်ခဲ့ရပါလိမ့်

"ဆေးသောက်ထားလား "

"ဟင့်အင့်သောက်ပြီးရင် အရမ်းအိပ်ချင်လို့မသောက်ရသေးဘူး "

"အင်းဒါဆို ဟို့ကောင်ခေါ်လိုက်မယ် စားစရာတွေဝယ်လာလို့ရအောင် "

"အင်း"

သိပ်မကြာလိုက်ဦးညီတယောက် ဆိုင်ကယ်ပေါ်ကအထုပ်တွေဖြင့်ဆင်းလာသည်

"ကိုကြီးတွက်ဆန်ပြုတ် ဒါကမရီးတွက် စားလွယ်တဲ့ကွတ်တီယို မာမားတော့မရဘူးအမေကမှာလိုက်တယ် ဗိုက်ဟာနေမယ်တဲ့ ကွတ်တီယိုလည်းအရွက်တွေထည့်မလာဘူး မုန့်ဖက်သာများများထည့်လာတယ် ကိုကြီးတို့အိမ်ပေါ်လိုက်လာချေ ကျွန်တော်ပြင်ပေးမယ် "

"မင်းလမ်းလျှောက်နိုင်လား"

"နိုး...အရမ်းမောတယ်"

"ဒါဆိုအခုနကျုပ်ဆီဘယ်လိုလာခဲ့တာလဲ "

"မသိဘူး ဦးနေမကောင်းဘူးလာပြောတာနဲ့ပြေးလာလိုက်တာပဲ "

"စိတ်ပူတယ်ပေါ့ "

"ဘာလို့ပူရမှာလဲ မတော်လို့သေသွားရင် အသက်မပြည့်တဲ့မုဆိုးဖိုဖြစ်မှာစိုးလို့နော် "

"ဟုတ်ပါပြီ အခုတော့အိမ်ပေါ်တက် အစာစားပြီးအိပ်ရမယ် ကျုပ်လည်းအိပ်ချင်နေပြီ "

စားပွဲဝိုင်းတွင် ဦးညီကစားစရာတွေပြင်ပေးထားပြီး အိမ်အောက်သို့ပြန်ဆင်းသွားလေသည်

"ဟေ့ရောင်ညီ မင်းပြန်တော့မှာလားး"

"မပြန်တော့ဘူးမောင် အမေကလိုအပ်ရင်ခိုင်းဖို့နဲ့ ကိုကြီးတို့နေကောင်းတဲ့ထိနေဖို့မှာလိုက်တယ် အခုအိပ်ပြန်ပြီးအဝတ်သွားယူမလို့

စားပြီးပန်းကန်တွေပုံထားလိုက် ကျုပ်ပြန်လာမှဆေးမယ်"

"ဟုတ်ပြီကောင် "

စားသောက်ပြီးစီးသည့်အချိန်တွင် ဦးကကိုယ်တိုင်ကိုယ်ကျဆေးတိုက်သည် နောက်ပိုင်းဒုက္ခများတော့မယ်နဲ့တူပါတယ် ဒီလိုအမောဖောက်လာတိုင်းဦးဆေးတိုက်မှာကိုပဲစောင့်နေမိလိမ့်မယ်

ဒီတိုင်းလေးပဲ.....နေပေးလို့ရမလား

သဘောကျရတဲ့ လူတယောက်စီက

ဂရုစိုက်မှုနဲနဲလေးဖြစ်ဖြစ်ရလိမ့်ရင်......

နောက်နောင်.....

အဲဂရုစိုက်မှုမျိုးထပ်လိုချင်သေးတာ

မရရင် ကိုယ်ဘဲတဖက်သက်အတွေးနဲ့ဒုက္ခရောက်လွန်းလို့..

"ရင်ဘက်ကအောင့်နေသေးလား "

"အင်း "

နှစ်ယောက်စလုံးဆေးသောက်ပြီးတွင် အိပ်ရန်အမြန်ပြင်ကြတော့သည် ဟန်ကလုပ်နေကြတိုင်းမှောက်အိပ်ပြီး ရင်ဘက်ကိုခေါင်းအုံးနဲ့ခုလိမ့်သည် ဟန်လုပ်သမျှကိုဦးကလည်းဘေးတစောင်းအနေထားနဲ့လိုက်ကြည့်နေတော့သည်

"ပက်လက်လှန်လိုက် "

ဦးပြောတဲ့တိုင်း ဟန်ကပက်လက်လှန်လိုက်သည် ထိုချိန် ရင်ဘက်ပေါ် ခေါင်းတင်လာပြီးဗိုက်အပေါ်ညှုပ်ရိုးသို့လက်တင်လာသည် ရင်ဘက်ကိုအလေးဖိထားသလိုမို့ နဲနဲတော့အောင့်သက်သာသည်

"ကျုပ်ဒီလိုအိပ်လို့ရတယ်မလား အဖျားကူးမယ်ကြောက်ရင်လည်းကြိုပြော"

"ဘာမှမဖြစ်ပါဘူး"

"ဘယ်လိုလဲ အောင့်နေသေးလာ"

"နဲနဲ ဒါနဲ့ငါးပူတင်းပြောတာ ညကစောင်မခြုံဘူးဆို ပြီးတော့ဖျားချင်တယ်လို့လဲပြောသေးတယ်တဲ့ ပြောဘာလို့ဖျားချင်ရတာလဲ "

ရင်ဘက်ပေါ်ဇိမ်ကြနေသည့်ပိုင်စိုးဦးမှာ ငါးပူတင်းဆိုသည့်ကောင်အားအကြီးကျယ်မေတ္တာပို့တော့သည်

'ခများဂရုစိုက်တာခံချင်လို့' ဆိုတာတော့သူ့စိတ်ထဲမှာသာပြောလိုက်သည် မဖြေမချင်းမေးနေမည့်မိမိလင်တော်မောင်အကြောင်းလဲသိသဖြင့် အိပ်ဟန်ဆောင်လိုက်သည်

ကျုပ်ဆိုတဲ့ ၉၉ပြားကောင်က

မလုပ်စဖူးတွေပါလုပ်တက်နေပြီ

အရာအားလုံးဟာ ခေတ်ဆက်သာဟန်ဆို့တဲ့

ခများကြောင့်

သိပ်တကိုယ်ကောင်းဆန်တဲ့ ကျုပ်က

တွေးပေးတက်လာပြီ

အရင်ကဆို ကြောက်ရွံ့နေတက်သည့်

၉၉ပြားကောင်ကျုပ်က

ဘေးမှာခများရှိနေတယ်ဆိုတဲ့အသိနဲ့

ဘယ်အရာမှရင်ဆိုင်ရမှာမကြောက်ဘူး

အားလုံးက ခများကြောင့်

ခများကျုပ်အနားကထွက်သွားရင် ၉၉ပြားကောင်က

၇၅​ပြားအဆင့်ရောက်သွားလိမ့်မယ်

မယုံမရှိနဲ့

ဟန်မှာအချိန်ကြာသည်ထိပြန်ဖြေမလာသူကိုကြည့်တော့အိပ်ပင်ပျော်နေပြီ

"မရီး နိုးလာပြီလားဘယ်လိုနေသေးလဲ ရင်ဘက်အောင့်နေသေးလားမောရောမောနေလား "

"ဖြည်းဖြည်းမေးမှပေါ့ ထွေးဦးရယ် အောင့်လည်းမအောင့်ဘူးမောလည်းမမောဘူး မင်းကိုကြီးသာအဖျားငွေ့လေးရှိနေတယ် "

"ကိုကြီးကမဖျားတက်ဘူး ဖျားပြန်ရင်လည်သူများနဲ့မတူဘူး အရမ်းဂျီဂျတာ မရီးနဲ့ဆင်ပြေပါ့မလား"

"သက်သာနေပါပြီဆိုကွာ သူ့ကိုကိုယ်ဘဲလုပ်ပေးလိုက်မယ် နော် ကောင်မလေးနားသွားမှာမလား "

"ဟာ မရီးကဘယ်လိုသိတာလဲ"

"ငါလည်းဒီဘဝတက်လာတဲ့သူပါကွ အဲလောက်တော့ပါမွှား"

"ကိုကြီးသိလို့မရဘူးဗျ ကျွန်တော်အခေါက်ခံရလိမ့်မယ် "

"ခုချိန်သွားရင်မှီတယ် မင်းကိုကြီးကအိပ်နေတာ "

"ဒါဆိုကျွန်တော်သွားပြီ စားပွဲပေါ်မှာ မနက်စာနဲ့ ကြောင်အိမ်ထဲမှာ နေ့လယ်စာထည့်ပေးထားတယ် "

ခေါင်းတချက်ငြိမ့်ပြလိုက်သည် အမှာတမ်းခြွေတာနဲ့တင်နေ့လယ်ရောက်လိမ့်မယ်

ဦးညီ ခြံကထွက်ပြီဆိုမှ ဦးရှိနေသေးသည့်အခန်းထဲပြန်ဝင်လာရသည်

အဖျားတက်နေသည်မို့ နှာခေါင်းနှင့် နှုတ်ခမ်းတွေဟာဖြူဖျော့မနေပဲအပန်းရောင်သန်းနေသည် နဂိုဖြူသည့်အသားရေကအလုပ်ကြောင့်ညိုနေသည်ဆိုပေမဲ့ သူတွက်ကအားလုံးပြီးပြည့်စုံနေသည် ဘဝလက်တွဲဖော်အား ချမ်းသာမှဆိုမဟုတ်ပဲ အတူတူရုန်းကန်ချင်တဲ့စိတ်ကလေးရှိသူကို သူဘယ်လိုမှဥပက္ခာမပြုရက်

မချစ်ရင်နေပါ

ရုပ်နဲ့နာမ်နှစ်ခုစလုံးဟာဒီလူတွက် နိဗ္ဗန်

အသံကြားတာနဲ့ ရုပ်ကလေးပါမြင်ချင်လာတဲ့ ဓာတ်ကလေးနဲ့မို့

၉၉ပြားလိုနေတာကလွဲရင်

တောင်းစရာမလိုတဲ့ဆုပါ.. ဦး

"အဟမ်း ခေတ်ဆက်သာဟန် ခများလင်ကျုပ်ကကောင်းကောင်းအိပ်ရမှာလား"

"နိုးသွားတာလား sorry"

"ခများ ကျုပ်မျက်နှာပေါ်ကစားနေတာ အိပ်လို့ရမလား "

ဟုတ်သည် ဟန်အတွေးတွေနဲ့တူ ဦးမျက်နှာအစိတ်ပိုင်းတစ်ခုချင်းစီတိုင်းကို လက်တို့နေမိသည်

"ကျုပ်ကိုချစ်လား"

"ဘာလို့မေးတာလဲ"

"ဖြေမှာသာဖြေစမ်းပါ"

"ရစ်တာလေးနဲ့ ရွှဲတာကအစ

အမြင်မကြည်တာအလယ်

စိတ်ဆိုးတာနဲ့ဒေါသထွက်နာအဆုံး

ဘယ်လိုနေနေချစ်ဖို့ကောင်းတယ် "

"ရိုးရိုးပြောလည်းရတယ်ညန်း"

"ကျုပ်က၉၉ပြားကောင်နော်"

"ချစ်တယ်"

"ရောဂါလည်းရှိတယ်"

"ချစ်တယ်"

"လူတွေအများကြီးထဲမှာမှ ဘာလို့ကျုပ်လဲ"

"ဦးဖြစ်နေလို့ကိုချစ်တယ်"

"ကျုပ်ဗိုက်ဆာတယ်"

"အင်း ဦးစားဖို့တစ်ခုခုသွားယူပေးမယ် "

"ခွံကျွေး"

"လက်ကျိုးနေလို့လား "

"ခများ ကျုပ်ကိုချစ်တယ်ဆို အခုတော့ငြိုငြင်ပြီပေါ့ ခများချစ်တယ်ဆိုတာဘာလဲ "

"တော် တော် ဟ "

"ပူတယ်လေမောင် "

"အေးပြီ အေးအောင်လုပ်ပေးထားတာ"

"မစားချင်တော့ဘူး"

"မရဘူး စားပြီးဆေးသောက်ရမှာ ဆန်ပြုတ်ကုန်အောင်သောက်"

"မသောက်ပါဘူးဆို ဘာလို့အတင်းတိုက်နေတာလဲ ပြီးတော့အရသာလည်းမကောင်းဘူး "

"ဟုတ်လား ဟန်ကိုယ်တိုင်အပင်ပန်းခံချက်ထားရတာ"

လိမ်တယ် ဆိုတာမကောင်းဘူးဆိုပေမဲ့ ဦးနဲ့ပတ်သက်လာရင်မုသာဝါဒကံကိုအထပ်ထပ်ကျူးလွန်ရဲသည်

"ခွံ့ တော့ ကျုပ်အိပ်ချင်ပြီ"

"ဟင့်! ဦးကလည်းမကောင်းဘူးဆို မစားနဲ့တော့်လေနော်"

"ဘယ်သူပြောလဲမကောင်းဘူးလို့ ကျုပ်ကအဖျားရှိတော့ခံတွင်းမတွေ့ယုံတင်"

"ဪ ဪ"

ပထမရစ်မှုလုပ်ငန်းစဥ် အောင်မြင်စွာပြီးဆုံး

"မရဘူးကောင် မင်းချော့သိပ်မှအိပ်မှာ သီချင်းလဲဆိုပေး "

"ကိုယ့်ကိုကိုယ်ကလေးမှတ်နေလား "

"ကျုပ်ကခများထက်ငယ်တယ်ဆိုတာသိလား "

"ဘာငယ်တာလဲ "

"အသက်လေ ကျန်တဲ့နေရာအကုန်ကြီး"

ဒေါက်!

"စကားအကောင်းမပြောဘူး "

"ဟုတ်တယ်လေ အရပ်ဆိုလည်းမင်းထက်ရှည်တယ် ခန္ဓာကိုယ်အနေထားမင်းထက်သာတယ် မဟုတ်ဘူးလား"

"ဟုတ်ပါပြီ "

"မင်း​ေနာ် လျှောက်လျှောက်တွေး ကျုပ်နေမကောင်းလို့ မဟုတ်လို့ကတော့ ဟင်း ဟင်း "

"လူယုတ်မာနဲ့မတိမ်းမယိမ်းဖြစ်လာပြီ ဖုန်းနဲ့ဖွင့်ပေးမယ်လေ"

"နိုးပါ ခေါင်းကိုက်နေတယ် အဲတော့မင်းပဲဆိုပေး"

"မဟုတ်ရင် ဟန်ဖက်အိပ်ပေးမယ်ဘယ်လိုလဲ "

"အဲဒါပိုကောင်းတယ်"

ရင်ခွင်ထဲထည့်လိုက်သူကဟန်ဖြစ်ပြီး ရောက်သွားသူကသူ့ရင်ခွင်ထဲ ဟန်ရောက်နေသည်

ဒုတိယရစ်နည်း အောင်မြင်စွာပြီးဆုံး

နေ့လယ်တွက်ပါ ဟင်းချက်ပေးခဲ့တာမို့ ပူစရာမလို လိုတာကအလုပ် ဟန်မှာသူဋ္ဌေးသားမဟုတ်သည့်တိုင် မပင်ပန်းသည့်အလုပ်တွေလုပ်ကာဗော်ကျော့်နေခဲ့သူ အခုဟာကသူယူခဲ့တာအညာသားဖြစ်နေသည့်တွက် စပါး မြေပဲ နှမ်း လယ်ယာစိုက်ပျိုးကြတာပဲရှိသည် ထိုအလုပ်ကိုဟန်လုပ်ချင်ပေမဲ့

မလုပ်နိုင် ပေါက်တူးနှစ်ချက်တူးတာနဲ့တင် လျှာကနှုတ်ခမ်းဝရောက်နေပြီ ထို့ကြောင့်ဟန်အလုပ်လုပ်မယ်ပြောတိုင်းဦးကတားမြစ်နေသည်ပင် ဟန်ဆုံးဖြတ်ထားတာတစ်ခုတော့ရှိသည် .......

(အရင်ပိုင်းတွေကရှည်လွန်းသွားတယ် ဘယ်မှဖြတ်ချလို့မရတာကြောင့်ပါ နားလည်ပေးကြပါရှင့်)

........................................................................

[text_hash] => 7255717a
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...