Chapter 16: 14

Array
(
[text] =>

Uni

"မြန်မြန်ပြန်ချင်ပြီကွာ "

ဦးအောင်မျိုးကိုသတ္တုမိုင်းလူတွေက လေးယောက်ပဲရှိတော့ပြီး သူအဖေ့ဖြစ်တဲ့ဘဘကြီးဆိုက်နဲ့ သူ့တူဆိုက်တို့တွင်လူခွဲ၍ဝင်လုပ်ရတော့သည် အဲဒီဆိုက်နှစ်ခုကလည်းပြီးမြန်အောင်ပေါင်းလုပ်ကြသည်မို့ စုစုပေါင်းလူငါးဆယ်လောက်တော့ရှိသည်

အဘခေတ်ကြီးမို့ လုပ်မယ်ကြံလိုက် စစ်သားတွေကတားလိုက်ငွေထိုးလိုက် ပြန်မောင်းလိုက် Pdfတွေကတားလိုက်နှင့် တော်တော်လေးကိုဆင်ပြေသည် တခါတလေဗုံးသီးလေးတွေ ငှက်ပျောဖူးလေးတွေပါကြဲချပေးသည်မို့ အလုပ်လုပ်ရတာတော်တော်လေးပျော်ဖို့ကောင်းသည် စိတ်ညစ်ဖို့

"ဟုတ်ပမောင် မလုပ်ရတဲ့ရက်ကခပ်များများဖြစ်လာပြီ"

"ငါတော့ပြန်ချင်ပေမဲ့မပြန်ချင်ဘူး"

မနေ့ကတင်ငှက်ပျောဖူးတွေ အတောင့်လိုက်ကျွေးနေ၍ အားလုံးကအလုပ်နားထားရသည်

နားတဲ့ရက်ဆိုထုံးစံတိုင်းအရက်ဝိုင်းကမထ လူစုံလျှင်ပိုဆိုး

"ဟ~ငါ့ကောင်ရီးအချစ်တွေ့နေလို့လား "

"အချစ်ကသစ္စာမရှိဘူးမောင် မိဘတွေရှိတဲ့နေရာပြန်ချင်တာ မပြန်ချင်ဘူးဆိုတာက ငါတို့ဘက်မှာအခြေနေကပိုဆိုးတယ်လေ"

"ဝင်းဆန်းပြောတာလည်းဟုတ်တယ် ဒါပေမဲ့ထားဝယ်သူတွေချောတာတော့ ပစ်ထားလို့မရဘူးနော့်"

"ငဟိန်းစကား ငါထောက်ခံတယ် "

"အခုချိန်လောက်ဆို ကင်းကောင်တို့ဘယ်လိုနေမယ်မသိဘူး"

"အေးဟ ​ယောင်္ကျားချင်းကိုရွံတယ်ဆိုပေမဲ့လေ ကင်းကောင်နဲ့ ဆက်ဟန်ကျတော့ငါဘာမှမခံစားရဘူး"

"ခံစားရအောင်မင်းက ဆက်ဟန်ရဲ့အချစ်ဦးမို့လို့လား"

"ငါပြောချင်တာအဲဒါမဟုတ်ဘူး ယောင်္ကျားအချင်းချင်းတွဲရင်ကာဘယ်လိုမှန်းကိုမသိတာ ရွံဖို့ကောင်းတယ်လို့ထင်တယ် အဲ..ဒါပေမဲ့ ကင်းကောင်တို့ကျတော့အဲလိုမျိုးမဟုတ်ဘဲ ဆက်ဟန်နဲ့ကျသွားလို့ဝမ်းတောင်သာနေသေးတာ "

"ငါတို့ဝန်းသိုနယ်ကကောင်တွေ လက်ခံမယ်ထင်လား"

"မထင်ဘူး တခုတော့ရှိတယ် ပတ်ဝန်းကျင်စကားနားမထောင်ဘဲ သူ့နောက်ယုံယုံကြည်ကြည်လိုက်သွားတဲ့ဆက်ဟန်ကို ကင်းကောင်းကသာ ရှေ့ကမားမားမတ်မတ်ရပ်တည်ပေးရင် အဲဒီလက်မခံတဲ့ကောင်တွေဆိုတာအလကားပဲ"

"ကင်းကောင်က ကာကွယ်ပေးမယ်ထင်လား ၉၉ပြားကောင်ကြီးကို"

"တကယ့်၉၉ပြားမဟုတ်ဘူးဆိုတာလည်းထည့်တွေးလေ ဘာဘဲဖြစ်ဖြစ် ဆက်ဟန်ပေါ်ခံစားချက်မရှိဘူးဆိုရင်တောင်မှ ယောင်္ကျားတယောက်ရဲ့တာဝန်အဖြစ် ကာကွယ်ပေးသင့်တယ်"

"ငါမရှင်းတာတစ်ခုရှိတယ် ကင်းကောင်ကဆက်ဟန်ကိုမချစ်ဘူးဆို ဘာလို့ယူလိုက်ကြတာလဲ"

"သူ့ကိုယ်သူမသိတာမောင်"

"ဟုတ်တယ် အဲနေ့ကဆက်ဟန်တာဝန်ယူစရာမလိုဘူးလို့ပြောပြီးသား ကင်းကောင်ကသာမချစ်နေရင် ဇာတ်လမ်းကပြတ်ပြီ အခုကဘာညာကွာကွီတွေပြောပြီးဆက်ဟန်ကိုရအောင်ယူတာ "

"ငါတို့ကြားတာ ငဟိန်းကောင်မလေးကိုလိုက်နေတယ်ကြားတာ"

"အရွဲတိုက်တာလေ ဆက်ဟန်က ယောင်္ကျားမိန်းမပါးစပ်ဖျားမှာလေ ပြီးတော့  ဟောတယောက်ဟောတယောက်နဲ့ဆိုတော့ တိုက်လို့ရမယ်ထင်လို့ပေါ့ကွာ ပိုင်ရှင်ကလည်းရှိနေတော့ပြဿနာပေါ့ "

"ဒါနဲ့ငဟိန်း မင်းကရောဟိုကလေးမနဲ့ဘယ်လို"

"ဟက်! ငါကပြတ်တယ်သူကမပြတ်တာ "

"ကြားတာကကင်းကောင်တို့ပြေးတဲ့ညကပြတ်တာဆို"

"အင်းလေ အဲနောက်ပိုင်းငါလည်းအဆက်သွယ်မလုပ်ဘူး နှစ်ရက်ပဲ သူငါ့ကိုပြန်တွဲဖို့လာပြောတယ် "

"ပြန်တွဲလိုက်တယ်ဆိုပါတော့ "

"မင်းကချစ်နေသေးလို့လား"

"၁အချက် သူနာကျင်စေချင်လို့

၂အချက် ခံစားချက်က ၄၀% "

"ဘာလို့နာကျင်စေချင်တာလဲ "

"သူအနိုင်လိုချင်တဲ့အရာမှန်သမျှ ရအောင်ယူတက်လို့"

"ဒါမိန်းမတယောက်မှာရှိသင့်တာဘဲလေ "

"မဟုတ်ဘူး သူကဖျက်စီးတက်တာ သူ့ကြောင့်လူတယောက်ရဲ့ဘဝပျက်မလိုဖြစ်ခဲ့ဖူးတယ် အဲဒါသူ့ဦးလေးခေတ်ဆက်သာဟန်ဘဲ "

"ဘလို ငါတို့သေချာရှင်းပြစမ်းဟေ့ရောင် "

"ငါမရှင်းပြလဲ နောက်တော့မင်းတို့သိလာမှပါကွာ"

"ငါရိပ်မိသလိုရှိတယ် "

"ဘာကိုလဲ"

"အဲဒီချိန်က ဆက်ဟန်နဲ့ကင်းကောင်ကစကားမပြာကြဘူး ယုန်လေးကိုလဲလိုက်နေတဲ့ချိန် စကားမပြောရတဲ့အကြောင်းရင်းကအရက်သောက်လို့ ယုန်လေးကလဲငြင်းထားတယ် ဆက်ဟန်ကကင်းကောင်ပေါ်ခံစားချက်ရှိနေတာလေ တနေ့ဆက်ဟန်တို့ဆိုင်မှာသူတို့သုံးယောက်ဆုံကြတယ် ဆက်ဟန်ကဘာကိုစိတ်တိုသွားမှန်းမသိပေမဲ့ ကင်းကောင်ကို ကင်းကောင်လို့ခေါ်လိုက်တာ အဲမှာကင်းကောင်ကပြန်စိတ်ဆိုးသွားပြီး ဆက်ဟန်နှုတ်ခမ်းထကိုက်တာပဲ ယုန်လေးမျက်နှာပျက်သွားတာကိုငါသေချာလေးမြင်လိုက်တာ "

"မဟုတ်ဘူးထင်တယ်နော် ကင်းကောင်ကိုကင်းကောင်လို့ခေါ်တာစိတ်ဆိုးစရာလား"

"အဲကောင်ကိုကစောက်ကြီးကျယ်တာ ဆက်ဟန်ကိုကင်းကောင်လို့မခေါ်ခိုင်းဘူး ငါတို့ကျပြန်တော့လည်းသူခေါ်သလိုဟန်လို့ခေါ်လို့မရဘူး"

"မင်းမှတ်မိလားဟေ့ရောင် ဆက်ဟန်ကင်းကောင်ကို ပိုင်စိုးဦးလို့ခေါ်တဲ့နေ့ကလေ ပန်းကန်ဘယ်နှစ်ချပ်ကွဲလဲလို့"

"မှတ်မိသပမောင် "

"ကင်းကောင်ခေါ်ရင်လည်းမကြိုက် ပိုင်စိုးဦးခေါ်ရင်လည်း ဒေါသထွက်သေး ဦးလို့ခေါ်ပြန်ရင်လည်းသူကတဖန်ရှက်လို့တဲ့ "

"အဲနေ့ကဆို ငါတောင်ကြောင်သွားတာ ငါတို့ကင်းကောင်မှဟုတ်ရဲ့လားလို့ အဲနေ့ကလေ ဘာလို့မခါ်တော့တာလဲ ကိုထပ်ခါထပ်ခါပြောနေတာ ကိုင်လိုက်တဲ့ဟာမှန်သမျှလွတ်ကျလို့ ပန်းကန်သုံးချပ် ဖန်ခွက်တလုံးနဲ့ အရက်ကနှစ်ပုလင်း"

"အရက်မသာက်ရသေးလို့လက်တုန်နေတာကောင်တဲ့ ဘဘကြီအစားငါထိပ်ခေါက်ချင်တာလေ လက်ကိုမှယားနေတာဘဲ "

ခွမ်းးး~~

"ဟေ့ကောင် ငဟိန်းဘာဖြစ်တာလဲ "

"အရက်သောက်မှာလား ကင်းကောင်အကြောင်းပြောမှာလား "

သူတကယ်နားထောင်နိုင်စွမ်းမရှိတော့၍ ကုန်နေပြီဖြစ်သောအရက်ပုလင်းအားရိုက်ခွဲပစ်လိုက်သည်

"မပြောတော့ဘူး သီချင်းဆိုမယ် "

"ငါပြောမယ် မမြင့်ဆိုရအောင် လုံးဝအလွင့်"

"၁၉၈၆ ဖွားမှန်းစောက်ရမ်းသိသာတယ် "

~🎵~ ရယူခြင်းမဟုတ်တဲ့အချစ်စစ်နဲ့

~စွန့်စားပြီးချ်မယ်ဆိုတဲ့မမြင့်ရယ်

အချိန်မတော် အိမ်ပြန်လမ်းထက်မှာ

ငါ့ကိုဆွေးသွားအောင်လုပ်ရက်တဲ့ဖိတ်စာရယ်~

မင်းလက်ဆောင်ပေးထားတဲ့ ပုဆိုးလေးအား

ငါမြတ်နိုးလွန်းလို့ကွာမဝတ်ပဲသိမ်းထားတယ်

နာကျင်မှာကိုငါပြန်တွေးမိတာ~

"အလဲ့! ကုလားမနဲ့ယူရင် လုံးဝနာကျင် စေရဘူး ကု့လားမ ကတိပေးတယ်းး"

ဖွီး~ ဟား..ဟား....

"မနောက်နဲ့ငါဖီးလ်နေတာ"

"ဒီးမှာအကိုကြီး ကု့လားမနောက်နေတယ်ထင်လား"

မမြင့်သီချင်အား မျက်စိစုံမှတ်ဆိုနေသည့်၁၉၈၆ဖွားသည် အနောက်အားလှည့်ကြည့်အခိုက် ခုံပေါ်ကပြုတ်ကျသွားလေတော့သည်

လန့်လဲလန့်စရာပင် အခုကုလားမဟာဗိုက်ကမွေးကာနီး အင်ဂျင်ဝိုင်လိုအသားရေနဲ့ ရေတိုင်ကီကြီးအလား မျက်နှာကမိတ်ကပ်ဟာမများရှာပေ ပြာနေသလောက်ပဲရှိတာ

"ဒီမှာကုလားမ ကျုပ်တို့သီချင်းဆိုတာခများလာနောက်မနေနဲ့"

"အလယ့်အကိုကြီးကဗြောင်လိမ်ဗြောင်စားပဲ အယ့်ကိုကြီးမမြင့်ဆို"

"အေးလေ ကျုပ်ကမမြင့်ဆိုနေတာလေ"

"ကယ်လားမလည်း မမြင့်ပဲ အယ့်ကိုကြီးကိုနှောင့်ယှက်မှုနဲ့တိုင်လိုက်ရမလား"

"အမလေး သူကတိုင်မယ်တဲ့"

ငိုမဲ့မဲ့ဖြစ်ကာအဘေးလူတွေကိုအကူညီတောင်းရတော့သည်

"ကျုပ်တို့က ၁၉၈၆ခုဖွားမမြင့်ကိုဆိုနေကြတာ"

"ဪ~ကယ့်လယ်မပြောတာထင်လို့ မှတ်ထားနော်ကယ်လယ်မက ၁၉၉၆ခုဖွား သွားပြီနော် ဒီကအကိုကြီး မွ"

ဖွီး...ဟား...ဟား.....

"တော်ပြီငါကတိပေးတယ် နောက်ဘယ်တော့မှမမြင့်ကိုမဆိုတော့ဘူး"

"မင်းကလဲကွာ ကုလားမကချစ်စရာလေးပါ မဲမဲသဲသဲလေး"

"လိ့! ချ်စရာ "

ဟားး.....ဟား..ဟား....ဟား.......

"ဟိုကောင်တွေမနက်ဖြန် အလုပ်ဆင်းရမှာနော် သေမလိုဇွတ်သောက်မနေကြနဲ့ "

"ငါ့တို့ကျင်းခေါင်းက တနေ့တခြားမိန်းမနဲ့တူလာတယ်"

"ဟေ့​ရောင်တွေ ငါပြန်ပြီ''

"အေအေငဟိန်း "

"ငါ ကင်းကောင်ကြောင်းထပ်ပြောမယ် အခုနဘယ်ထိရောက်.."

"ဆက်ဟန်ကို ကင်းကောင်နှုတ်ခမ်းကိုက်တာနေဆက်ပြော"

"ကိုယ်နဲ့ဘာမှမတော်တဲ့သူကအဲလိုလုပ်ရင်ကြိုက်ပါ့မလား ယုန်လေးကလည်းရှိနေသေးတာလေ ပါးထမရိုက်တာကံကောင်း အဲထဲကခေါ်လည်းမခေါ်ဘူး ပြောလည်းမပြောဘူး နောက်ဆုံးတွေ့တဲ့ခေါက်ဆို တန်းညားသွားတာ"

"ကံကြမ္မာကဆန်းကြယ်တယ်ဆိုတာ အဲဒါပြောတာ"

"ငဟိန်းကဘာလို့ ကင်းကောင်ကြောင်းပြောရင်မကြိုက်တာလားမသိဘူး"

"ယုန်လေးကိုကင်းကောင်ကလိုက်လို့ နောက်တခုက ငဟိန်းကဆက်ဟန်ကိုလိုက်တော့မဲ့ချိန် ကင်းကောင်လက်ထဲပါသွားလို့"

"အင်း ငဟိန်းနဲ့ကင်းကောင်ကလုဖော်လုဖက် ရှင်းပြီလာ"

"မရှင်းသေးဘူး ရှင်းလေရှုပ်လေဆိုတာဒင်းတို့ပြောတာ"

"ငါခေါက်ထဲ့လိုက်ရ.."

"၁၉၈၆ရေ အခုနကုလားမ ဒီရွာမှာတခါမှမတွေ့ဖူးပါဘူး ဘယ်ကလဲမသိဘူး"

"သူ့ဘာသာသူဘယ်ကဖြစ်ဖြစ်ပေါ့"

"ဘယ်ကလဲအပျိုကြီး"

"သံတိုသံဇဝယ်သမား"

ခွီး....ဟား..ဟား...

"၁၉၈၆ကောင် ယူလိုက်ပါလား သူနဲ့သာယူပြီးရင် သံတိုသံစတွေဝယ်တယ် ဘက်ထရီအိုးပျက်တွေဝယ်တယ် ဖုန်းဆိုးဖုန်းပျက်တွေဝယ်တယ် လိုက်အော်ဝယ်လို့ရတယ် ဟား...ဟား...ဟား..."

"ဘာတဲ့ ၁၉၉၆ဖွားတဲ့ "

ဟား...ဟားး.....ဟား......

ခွမ်း~~

"တော်လိုက်တော့မဟုတ်ရင် ဒီပုလင်းကွဲက မင်းတို့တွက်ဖြစ်သွားမယ်"

လဲသူလဲနေကြပြီမို့ အိမ်သို့ပြန်ကြရတော့သည် ခြုံတိုးတဲ့သူနဲ့ သောက်နေတဲ့နေရာမှာလဲနေသူနဲ့ တချို့ကောင်တွေကြအိမ်ပြန်လာကြသည်

"အမေရေ သားအိမ်မရှိတော့ဘူး ဗြဲ...."

"ဟင့်! အိမ်ဇောက်ထိုးဖြစ်နေတယ်အမေ့"

ဦးအောင်မျိုးအဖွဲ့သည် အိမ်ပြန်လာရင်း အိမ်ရှေ့၌ထိုင်၍ငိုကြတော့သည်အိမ်ပေါ်ထပ်၌ မနေနိုင်တော့သည့် ကျင်းခေါင်းအဖြစ် ကင်းကောင်၏ဦးလေးမှာ သွားတွဲရတော့သည် တယောက်တည်းမနိုင်၍ အိပ်နေသည့်ငဟိန်းပါနှိုးတင်ရတော့သည်

"တော်တော်စောက်လုပ်ရှုပ်တဲ့ကောင် "

"ခွေးအိပ်တဲ့နေရာမှာပစ်ထားလိုက်ကမှာ "

ဘုတ်~

အင့်~

အိပ်ယာပေါ်ရောက်သည်နှင့် ပစ်ချလိုက်သည် လုံးဝပစ်စလက်ခက်

..........

"ခေါင်းမသုံးရဘူးလို့ပြောထားတယ်လေ"

"အဲဒါသက်သက်ညစ်တာ ဟေ့ကောင်"

"ပင်လောင်းမျောက်ရေ ခြေဖနောင့်သုံးဟ"

"ဟ~ငလို့ရေ လူချင်းမထပ်နဲ့ဟ"

ညနေဘက်အပျင်းပြေ လမ်းလျှောက်ရင်း ခြင်းခေတ်သမားတွေနှင့်တိုးလို့ခြင်းဝင်ခတ်တော့သည် ဟန်တော့မပါ အနီးနားကသစ်ပင်မှာထိုင်ခိုင်းခဲ့သည် ခြင်းဝိုင်းကဟန်တို့မှာဆို တဖက်သုံးယောက် အခုဟာက ခြင်းခတ်ဝိုင်းလားလူတိုက်ဝိုင်းလားမသိတော့

''မင်းကပင်လောင်းမျောက် ယောင်္ကျားမလား"

"ဟုတ်ကဲ့"

အသားရောင်ကကျီးကန်းနဲ့နင်လားငါလား လည်ပင်းကပြတ်ကျမတက် တကျပ်သားဆွဲကြိုးကဝင်းတောက်ထောက် ပုဆိုးမှာပတ်ထားသည့်ခါးပတ်ကို ကြည့်ပုံအရ ရွာလူကြီးသားဖြစ်ပုံရသည်

"မင်းသူ့ကိုချစ်လား"

"ဒါကျုပ်တို့ကိစ္စထင်တယ် သူစိမ်းလူနဲ့ဘာမှမဆိုင်ဘူးနော်"

"ကိုယ်ကစေသနာနဲ့ပြောပြတာ ပိုင်စိုးဦးဆိုတဲ့အကောင်ကယောင်္ကျားရောမိန်းမရောထည်လွဲတဲဠနေတာ တော်ကြာကျန်ခဲ့ရင်.."

"ပြောပြတဲ့တွက်ကျေးဇူး "

"ခများဒါဘာလုပ်တာလဲ"

ရှပ်အပါးလေးဝတ်ထားသည်မို့ကောက်ကြောင်းကပေါ်နေပြီး နောက်ကျောဘက်ရောက်လာသည့်လက်ကြောင့်ထရပ်လိုက်မိသည် ဦးကိုအထင်မလွဲ​စေချင်

ရွှေဆွဲကြိုးကိုပွတ်လိုက် လက်ပတ်ကြိုးပတ်ပြလိုက်နှင့် သူကြီးသားဆိုသည့်ဂုဏ်ပုဒ်သာမရှိရင် ဆွဲထိုးသည်

"ဟောဒီမောင်ကြီးက ဟိုကောင်မပေးနိုင်တာတွေပေးနိုင်တယ် ဟို့ကောင့်စီကမရတဲ့ချစ်ခြင်းတွေ နောက်ဆုံးဟောဒီခန္ဓာကိုယ်ကြီးကိုကော"

ဖြောင်း~

"ဦး ဟန်ရှင်းပြ.."

"မင်းဘာမှရှင်းပြစရာမလိုကျုပ်အစဆုံးမြင်တယ် "

ဟိုကောင်ရောက်လာသည်ကအစ ဘယ်စကားပြောတာအဆုံး

"မင်းလို ကျပ်မပြည်တဲ့ကောင်ငါ့လိုသူကြီးသားထိုးရဲ့တယ်ပေါ့ "

"ငါ့လီ့မို့ မထိုးရဲစရာလား "

"ထိုးမှာလား ထိုးလေ ပြီးရင်Jallအောင်း ဟား...ဟား.. မင်းjallအောင်းရင် ဒီအလှလေးငါစောက်ရှောက်ပေးပါ့မယ်"

ဖောင်း~

"ပိုင်စိုးဦးစိတ်လျှော့ကွာ ခြေလွန်လက်လွန်ဖြစ်ကုန်မယ်"

"သူပြောနေတာခများတို့မကြာဘူးလား ဟာကွာ တောက်စ်"

"ပိုင်စိုးဦးးးးးးးးး"

"ဟာကိုကြီးအောင်ဖေလုပ်ပါအုံးဗျာ ပင်လောင်းမျောက်ကတားမရဘူး ထိုးမယ်တကဲကဲလုပ်နေတာ"

"ကျုပ်ရှင်းမယ် ခများတို့လည်းလာကြ"

"ဘယ်သူများလဲလို့ ကနုတ်ဖော့ရဲ့ တဏှာရူးသူကြီးသားပဲ"

"မင်း..."

"ဘာလဲအနာပေါ်ဒုတ်ကျလို့စပ်သွားတာလား"

"ငါတဏှာရူးတာမဟုတ်ဘူး ပွင့်လင်းမြင်သာရင်ခုန်ပါတဲ့ ဒီလောက်ချစ်ဖို့ကောင်းတဲ့ခေတ်ဆက်သာဟန်ဆိုတဲ့ကောင်လေးကို ပိုင်စိုးဦးဆိုတဲ့ကောင်မချစ်ဘူးဆိုတာကြားတော့ရင်နာလို့ ကျုပ်ကချစ်ပေးတာ မဟုတ်မှခများချစ်နေလို့လား ဟား...ဟာ.."

ဖောင်း~

"ဟေ့ရောင်တွေထိုးကွာ "

စုစုပေါင်း ဦးအပါဝင်ငါးယောက်သည် ဟိုဖက်သူကြီးသားနှင့်နောက်လိုက်အပါနှစ်ယောက်အပြီပြင်ကိုတွယ်ကြတော့သည် သူတို့ဗလနှင့်မယှဥ်နိုင်သည့်ဟန်က အဘေး၌ဝင်ပဲဆွဲရမလိုလို ရပ်ပဲကြည့်ရမလိုလို နောက်ဆုံးရွာထဲကလူတွေလာဆွဲမှခွဲကြတော့သည်

"ဒေါက်! ဒေါက်! ဒေါက်! "

"ကြားလို့မှကောင်းကြသေးရဲ့လားကွာ ရန်ဖြစ်တာဝင်ဆွဲဖို့နေနေသာသာ သူတို့ကရောပါရေပါတဲ့ မင်းတို့နှစ်ကောင်ကရော မဆွဲကြဘူးလား"

ရန်ဖြစ်သည့်အကျိုးဆက်က အကုန်လုံးရေဦးရှိသူကြီးအိမ်တန်းစီရောက်ကြတော့သည်

"ဘာလို့ဆွဲရမှာလဲသူကြီးရ ဒီကိစ္စမှာကျုပ်တို့ရွာသားတွေမမှားဘူး "

"ဟုတ်တယ် "

"မင်းပါးစပ်ပိတ် သူကြီးသားလုပ်ပြီးရန်ပွဲဦးဆောင်တာမင်းမရှက်ဘူးလား "

"ဘာလို့ရှက်ရမှာလဲ သူများယောင်္ကျားကိုတကူးတကလာပြီးလုတာမှမဟုတ်တာ"

"မင်း...ဖောင်း..."

သူကြီးရှေ့တန်းစီရှိတာတောင်ဝင်ထိုးနိုင်စွမ်းကအံ့မခန်း လူကြည့်တော့ အာလူးတွေအပြုံလိုက်သီးနေတာများညပြန်ရောင်းစားလို့ရတယ်

"တော်ကြစမ်း.....အမလေးငါသွေးတက် "

"အမလေးကြည့်ပါအုံးတော် ကျုပ်သားနုနုထွဋ်ထွဋ်လေးမှာ ဒဏ်ရာဒဏ်ချက်တွေကြီးပဲ"

ကျီးကန်း၏အမေဖြစ်သူမှာ သားမျက်နှာကိုမထိရက်သည့်အလား ဦးကိုကြည့်တော့အံတင်းတင်းကြိတ်ထားတုန်း

"တရားစွဲမယ် အကုန်လုံးကို အုပ်စုဖွဲ့အနိုင်ကျင့်မှု့ မြူစွယ်ဖြားရောင်းမှုနဲ့ "

"ဟက် !ခများကြီးရီစရာတွေအရမ်းပြောတာပဲ "

"ဒီမှာခများသားက နယ်ကျော်ပြီးလာဘူးနေတာလေ ဘူးချင်လဲလွတ်ရာကျွတ်ရာဘူးမှပေါ့ ကျုပ်တို့တောင် တရားပြန်စွဲလို့ရတယ်နားလည်လား"

မိန်းမနှင့် တဖက်ရွာသူကြီးသားကြား ကနုတ်ဖော့ရွာသူကြီးဦးမြဒင်ခေါင်းကုတ်ရချေသည် သားနှင့် နောက်လိုက်နှစ်ကောင်ကြည့်တော့ နှုတ်ခမ်းကွဲသူကကွဲ မရမ်းသီးစားသူကစား ဟိုဘက်ဖွဲ့ကရောဘာထူးလဲ

"ကျွန်တော်တို့အေးဆေးပြောကြတာပေါ့ မတင်ထွေးရယ် ထိုင်ပါအုံး"

"ဒီကိစ္စကိုမြဒင်ဘယ်လိုလုပ်ချင်သလဲ ပြောပါ"

"ကျွန်တော့သဘောပြောရမယ်ဆိုရင်တော့ ပြစ်ဒဏ်ချမှတ်ခိုင်းစေချင်ပါတယ် ဘယ်သူ့ကိုမှမျက်နှာလိုက်တယ်ဆိုတာမဖြစ်စေပဲပေါ့"

"အို..ရှင် ဒီကိစ္စကျမသားမမှားဘူး"

"မင်းအေးဆေးနေ မင်းမြှောက်လွန်းလို့ဒီကောင်ဒီလိုဖြစ်နေတာ"

"ဒီကိစ္စမှာ ဒီကောင်ဘက်ကအများကြီးလွန်တဲ့တွက်ပြစ်ဒဏ်ကိုပိုပေးစေချင်တယ် "

"ရှင်..အဖေမှဟုတ်ရဲ့လား"

"ဖေ...."

"မင်းအပေါက်ပိတ်နေ မင်းကြောင့်အရှက်ရပေါင်းများပြီ"

"ဒီလိုလဲဘယ်ဟုတ်ပါမလဲဗျာ ကျွန်တော့်ဘက်ကကောင်တွေကအုပ်စုနဲ့ဆိုတော့ သူမသာငါအသုဘပါပဲ"

"အဲတော့ အားလုံး ငါ့ရဲ့ခြောက်ပေါက်ထဲကြွပါ ပြီးတော့မေကြီးဒီကောင်တွေကိုထမင်းလဲမကျွေးနဲ့ရေလည်းမတိုက်နဲ့ "

"ကျမသားအစာငတ်ရေငတ်တော့မထားနိုင်ပါဘူး "

"ဒီကောင်တွေကို တနေ့အစာမစားရေမသောက်ရရုံနဲ့မသေဘူး ကိုမြဒင်ဘယ်လိုလဲသဘောတူလား"

"သဘောမတူဘူး ကျွန်တော်ဆိုရင်နှစ်ရက်လောက်ချုပ်ထားမှာ"

"ဒီလိုလဲဘယ်ဟုတ်ပါ့မလဲကိုမြဒင်ရယ် သူတို့မှတ်လောက်သားလောက်ဖြစ်တယ်ဆိုရင်ရပါပြီ "

ဟိုဘက်ရွာသူကြီးကတော်ဆိုသူမှာငေါက်ခနဲထထွက်သွားပြီး သူကြီးတို့နှစ်ယောက်ကတော့အလာဘသလာဘပြောနေခဲ့ကြသည်

သူရဲ့ဦးအဖွဲ့နဲ့ ဟိုကောင်တွေကြတော့ ခွဲပြီးထိပ်တုန်းခတ်ထားသည်

"ဟုတ်ပါပြီဗျာ ဒါဖြင့်ကျွန်တော်ပြန်ပြီ ဪမေ့လို့ "

"ဘာများလဲကိုမြဒင် "

"ဒီက ကလေးကိုဦးတောင်းပန်ပါတယ်ကွယ် ဦးသားကြောင့်"

"ရပါတယ်ဗျ နောက်တခါဦးသားသာကျုပ်တို့ရှေ့ထပ်ပေါ်လာရင် ကျုပ်တို့အဆိုးမဆိုပါနဲ့"

"အေးပါကွယ် "

..............

"ဦး အရမ်းနာနေလားဟင်"

"........."

"ဦးလို့ စိတ်ကောက်နေတာလား "

"ဆက်ဟန်ရေ ငါတို့ရောနာလားလို့မေးပါလားဖြေပေးမယ်လေ နာတယ်လို့"

"မင်းတို့က ဟန်ယောင်္ကျားမှမဟုတ်ပဲ နော့်ဦး"

"........."

"ပင်းလောင်းမျောက်ကဘာဖြစ်နေတာလဲ စိတ်ကောက်နေတာမိန်းမကြီးကျလို့ "

"ဟုတ်ပါ့ကွာ"

"ဦး..."

"ကျစ် မင်းပြန်လို့မရသေးဘူးလား "

"ပြန်ဖို့ပဲလေ ဦးမှမထူးပဲ"

"ဘာလဲပြော "

"ခဏနေကျရင် ဟန်ပြန်လာခဲ့မယ် ဦးဘာစားချင်လဲ ဘာလုပ်လာပေးခဲ့မလဲ "

"မလာနဲ့ ပြီးတော့ မင်းမကြားလိုက်ဘူးလား သူကြီးရဲ့ ထမင်းမစားရ ရေမသောက်ရအမိန့်"

"သိတယ်လေ ဘာဖြစ်ဖြစ်လုပ်လာခဲ့မယ် ပြန်ပြီ"

"ပိုင်စိုးဦးမင်းလကလား"

"ဘာလဲ လက"

"လင်ကြောက်လေ "

"မင်းတို့တော့ ကျုပ်ဒီထဲကထွက်ရင်မင်းတို့အလှည့်ပဲ "

"ကျုပ်မသိလို့ မေးပါအုံးမယ် ကိုကြီးအောင်ဖေကဘာလို့ ဝင်မဆွဲတာလဲ"

"ဘာလို့ဝင်ဆွဲရမှာလဲကွ ဟိုကောင်ပြောနေတာအတိုင်းသားကြားတယ် မျောက်တကောင်တည်းသမရင် ဟိုသုံးကောင်လက်ချက်နဲ့သေမှာ အဲတော့ အားလုံးသမတော့ပွဲသိမ်းပဲ "

"သူကြီးကိုမကြောက်ဘူးလား"

"ဘာလို့ကြောက်ရမှာလဲ ငါတို့ရွာကသွားစော်ကားတာမှမဟုတ်တာ သူတို့ကနယ်ကျော်ပြီးငါတို့ရွာလာစော်ကားမှာတော့ ဆုံးမပေးရမှာပေါ့ အဲကောင်လည်းကြည့်မရတာကြာပြီ ဆောက်ကြွားဆောက်ကြွားနဲ့ကောင် "

"လက်သံတွေတော့ပြောင်သားဗျ နားတာဆိုတာ "

"နာရင်အောင့်ခံ"

"နားညီးတယ်မောင် "

"တော်သေးတာပေါ့ကွာ ငါ့ဖေကထိပ်တုန်းအပင်အောက်မှာလုပ်လို့ မဟုတ်ရင်နေပူလို့သေရချည်ရဲ့"

ဟီး...ဗြဲ... ရွှတ်...ဟင့်.."

"ဟေ့ရောင်ငါးပူတင်း မင်းကဘာထဖြစ်တာလဲ"

"သားတယောက်လုံးသူကြီးအိမ်ရောက်နေတာတောင်ငါတို့မိဘတွေက တချက်လာမကြည့်တာဝမ်းနည်းလို့"

"ရေဦးရဲ့ ရန်ပွဲဆိုငါတို့ပဲ ဘယ်မှာဘာပွဲဆိုငါတို့ပဲ အဲတော့သူတို့တွက်မထူးဆန်းတော့ဘူး မင်းမလဲသူကြီးအိမ်မရောက်ဘူးတာကျလို့ "

"အေးလေ အခုကအဖော်နှယောက်တိုးလာတာပေါ့"

"ငါတို့က သူကြီးအိမ်ရောက်ချင်လို့ရောက်တာမဟုတ်ဘူး ငါတို့ကရွာဇော်တွေဆိုတာမေ့သွားမှာစိုးလို့ ပြီးတော့ သူကြီးထိပ်တုန်းကငါတို့မှမဝင်ရင် ဘယ်ကောင်မှမဝင်လို့ ဝင်ပေးနေတာ "

"ဟိုကောင်တွေ တိတ်ကြစမ်းငါနားညီးတယ် "

"သူကြီးကစိတ်ကြီးပဲ"

1 hour later

"ဦး.. ဦးရေ..ထအုံး.. "

ခဏအိပ်ပျော်သွားချိန် အရှေ့ရောက်နေသည့် ဟန် လက်ထဲငါးဆင့်ဂျိုင့်ရယ် ရေခဲပုံးအသေးလေးရယ်

"မင်းကိုမလာနဲ့လို့ပြောတယ်လေ "

"ဥိးတို့ ဗိုက်ဆာနေမှာစိုးလို့ ပြီးတော့ အနာကရောင်နေတယ်အဲဒါဆေးလာထည့်ပေးတာ "

ဆက်ဟန်စကားကြောင့် ကျန်လေးယောက်ကငေါက်ခနဲ နောက်တော့ ပင်လောင်းမျောက်၏အကြည့်တချက်အောက် ပြန်ငြိမ်ကြသွားသည်

"ငါတို့တွက်ပါလားဟင် "

"အကုန်လုံးတွက်ပါပါတယ်"

"ကိုကြီးအောင်ဖေ ယူလို့ဖြစ်ပါ့မလား "

"မဖြစ်ဘူးထင်တယ်ကောင် မျောက်မျက်နှာလည်းကြည့်အုံး "

သူကြီးသားနဲ့ တခြားတယောက်တွန့်တိုးပြောနေသည့်က ဟန်နှင့်ဦးတို့အတိုင်းသားကြားရသည်

"ဒါကဆေး မင်းတို့တွက် "

ဟန်လုပ်သမျှဘာတစ်ခုမှဝင်မပြောပဲ သူ့လုပ်စာထိုင်စာနေသလိုရုပ်ကြီးနှင့်သာလိုက်ကြည့်နေသည်

"ဒါက ကွတ်တီယို ဆိုင်ကဝယ်လာပေးတာ ကြိုက်မကြိုက်တော့မသိဘူး "

"ကျေးဇူးတင်ပါတယ်ဗျာ ဝယ်ကျွေးတဲ့တွက်"

"ဟန် ပိုက်ဆံပြန်ယူမှာ "

"............."

"............."

"............."

"............."

ဦးပြုံးလိုက်တယ် ပါးချိုင့်တွေပေါ်အောင်

"ဦးကဆေးအရင်ထည့်မယ် ပြီးမှစားရမယ် ဟန်ကိုယ်တိုင်လုပ်လာလို့ကြာသွားတာ "

"နာလာ နရရ်ဆိုပြော "

(နာလား နာတယ်ဆိုပြော)

"မနာဘူး"

ဘယ်နာမလဲ မျက်နှာမှာကွမ်းနဲ့ခပ်ဖွဖွလေးတို့ပေးနေပြီး ပါးစပ်ကလဲနာမှာစိုးလို့လေမှုတ်ပေးနေသေးတယ် ငြိမ်ခံနေလိုက်သည် မျက်နှာချင်းဆိုင်ကကောင်အားကျစမ်း

"အယ်မာက ဦးစားရှင်နေဟိုမာမားသုတ်အစပ်မပါရ "

(ဒီမှာက ဦးစားချင်နေတဲ့မာမားသုတ် အစပ်မပါဘူး)

ရန်ဖြစ်တုန်းကပင်လောင်းမျောက်လက်ကျိုးသွားပုံပင် အားနေသည့်လက်နှစ်ဖက်ကိုဒီတိုင်းထားကာ ဆက်ဟန်ကပြောပြောပြီးခွန့်ကျွေးနေလေသည်

ပင်လောင်းမျောက်ပြောတာကျတော့နားလည်သည် ဆက်ဟန်ဘာပြောနေလဲဆိုတာနားမလည်

ရန်ဖြစ်တုန်းကတင်းမာနေသည့်မျက်နှာနှင့် အခုမျက်နှာတခြားစီ အခုပုံကမှိုအပိဿာလိုက်ရသလိုပုံကြီး ငါတီးရရင်တော့ ဂါး....

ဟင့်! ငါတို့ကျ အပြန်လှန်ဆေးထည့်ပေးရတယ် တရားဘူး ငါထိပ်တုန်းကလွတ်ကြည့်

လင်ယူပစ်မယ်

"ကိုကြီးအောင်ဖေ ဆက်ဟန်ဘာပြောနေလဲသိလား"

"ဟုတ်တယ်ကိုအောင်ဖေ ဆက်ဟန်ကဘာပြောလို့ ဟိုမျောက်ကဒီလောက်ပြုံးနေရတာလဲ"

"မင်းတို့မေးကြည့်လေ ငါဘယ်သိမလဲ "

"ရော့! အအေးဗူး "

"ကျေးဇူးကွာ "

"ကျုပ်အတွက်ကရော"

" ဦးတွက်က ပန်းသီးဖျော်ရည် အင့်!"

"ကျုပ်တို့တွက်ပဲယူလာတာမင်းတွက်ကရော "

"ဒီမှာလေ ချောကလက်"

"မလေး ငါဘယ်သူများလဲလို့ ကျုပ်ပြောထားတယ်လေ ဒီကောင်တွေကိုထမင်းမစားရေမတိုက်ရဘူးလို့"

"ကျွန်တော်ကဘာလုပ်လို့လဲ "

"သူကြီးစကားလဲနားထောင်တယ်လေ"

"ဒါတွေကနားထောင်တာလား"

"သူကြီးအခုနဘာပြောတာ ထမင်းမစားရေမသောက် အခုလည်းထမင်းမစားဘူးရေမသောက်ဘူးလေ မုန့်ပဲသရေစာပဲစားတယ် ကြည့်! ဒီကွတ်တီယိုမှာ ထမင်းပါသလား ဒါကအအေးဘူးရေရောလို့လဲမရဘူး ပါကင်ပိတ်ကြီး"

ခွီး..ဟား....ဟား...ဟား...

ခွီး...ဟာ......ဟား.....ဟား

ခွီး...

ခွီး...ဟား...ဟား...ဟား..ဟား...

ဟန်စကားအဆုံးသူကြီးမှာ ဒေါသထွက်ထွက်နှင့်အိမ်ပေါ်ပြန်တက်သွားသည် အိမ်ပေါက်ဝရှေ့မိန်းမကတော့ မျက်နှာပြုံးဖြီးဖြီးနှင့်

အွန့်! ပြွတ်စ်~

"ဦး..ဘာလုပ်တာ"

"ဒီမှာ လူတွေရှိနေတယ်လေ "

"အသဲယားလို့ "

"အဟမ့်! ဟေ့ကောင်တွေငါတို့လည်းရှိသေးတယ်ဆိုတာသတိရအုံးဟ ငါတို့ကအတွေ့ကြုံမရှိသေးဘူး "

"မမြင်ချင် မှိတ်ထားလေကောင်"

"မှိတ်တာပဲကွ မျက်လုံးကကြည့်ချင်တယ်ဆိုလို့"

ပိုင်စိုးဦးရှေ့ကလူကြည့်လိုက်တော့ မျက်နှာကခရမ်းချဥ်သီးပမာရဲတွတ်နေလေသည်

ဟန်မှာနေမထိထိုင်မသာ မျက်နှာပူလာတာကြောင့် ဦးကိုပင်နှုတ်မဆက်အား ထထွက်လာလိုက်သည်

"ဟေ့ရောင် မင်းလင်လေးရှက်သွားပြီ"

တဖက်တွင်တော့

"စိတ်လျှော့ပါ မိန်းမရာ"

"မလျှော့နိုင်ဘူး ကျမသားဟိုဘက်ရွာမှာနေခဲ့ရတာ အဲဒါတွေကရှင့်ကြောင့် "

"ဟ~ မင်းသားသရမ်းတာလဲကြည့်အုံး မိန်းကလေးလဲမဟုတ်ဘူး ကာမပိုင်ရှိတဲ့ယောင်္ကျားကိုသွားစမှတော့ ဖြစ်တာတောင်နဲသေးသဟေ့"

"နောက်ကျောလေးကိုင်တာများ ဗိုက်ကြီးတာကျလို့"

"မင်းအဲလိုဖြစ်နေလို့ မင်းသားဒီပုံစံဖြစ်နေတာမထူးဆန်းတော့ဘူး သူကြီးသိက္ခာကျတယ်ကွ"

"အိုတော် ကျမတို့ကရွာမှာသူကြီးလည်းဖြစ်သလို ရွာမျက်နှာဖုံးဘယ်သူဘာပြောမှာလဲ ပြောတဲ့သူကိုလည်းပါးချည်းရိုက်ပစ်မှာ "

*တင်ထွေးရေ မင်းနဲ့တော့ ခက်ရချည်ရဲ့*

သူကြီးကသာခေါင်းခါခါကျန်ခဲ့ပေမဲ့ သူကြီးကတော်ကတော့ပိုက်ဆံအိတ်ဂျိုင်းကြားညပ်ကာ ရွာထဲသွားချေပြီ ထုံးစံအတိုင်း နှစ်လုံးဒိုင် မီးတုတ်စီ

"ချမ်းလိုက်တာကွာ "

"ဆောင်းရာသီမှာ ထိပ်တုန်းခတ်ခံရတာမကောင်းဘူးဟေ့ "

"ဟုတ်ပမောင် ခြင်တွေကလည်းကိုက်သေး"

"ဟိုဘက်ကကောင်တွေ စောက်စကားကိုများတယ် "

"ငါတို့ဘာသာငါတို့ပြောတာ မင်းပါးစပ်ငှားပေးနေရလို့လား"

"ကဲဒီကလေးတွေ တော်ကြတော့ ဒီမှာမင်းတို့တွက်စောင် သားတို့က နှစ်ထည်ယူလိုက် မျှခြုံနော် "

"ရော့! ဒါမင်းတို့တွက် စေသနာရှိလွန်းလို့တော့မဟုတ်ဘူး"

"သူကြီးကတော် သူကြီးကိုမကြောက်ဘူးလား စောင်လာပေးနေတာလေ "

"မင်းတို့သူကြီးပြောတဲ့ထဲမှာ စောင်ပေးမခြုံရဘူးဆိုတာမပါဘူး ပါလည်းမကြောက်ဘူး "

"မေကြီး....."

"ရှင်..လာပြီ..လာပြီ...တော်ရေ"

ဟား....ဟား...ဟား....

"ကိုအောင်ဖေ ဘယ်လိုဖြစ်တာလဲဗျ "

"ရိုးနေပါပြီကွာ ဟိုကမေကြီးရေဆိုတာနဲ့ ရေကပါပြီးသား ဟိုကရှင်နော်ဆိုတာနဲ့ မေကြီးကလည်းဖြစ်ပြီးသား"

"သူကြီးလင်မယားလဲရိုတက်တာပဲလား "

"ဟ~သူကြီးလည်းလူပဲ အချစ်နဲ့တွေ့ရင် အားလုံးကကဗျာဆရာတွေဖြစ်လိုဖြစ် ရုပ်ကြမ်းကြီးနဲ့နွဲ့လိုနွဲ့ ဥပမာပင်လောင်းမျောက်ကိုပဲကြည့် "

ကြည့်ဆိုတာနဲ့လေးယောက်စလုံးရဲ့မျက်နှာဟာပိုင်စိုးဦးဘက်ရောက်လာသည် ကောင်းကင်တိမ်မဲတွေပေါ်ကိုကြယ်တွေကိုလက်နဲ့ပဲထိနေသလို မျက်နှာဟာလည်းညနေကတည်းကစပ်ဖြီးဖြီး ကြည့်နေသူတွေမှာတော့သူအစား ပါးတွေညောင်းတက်လာသည်

"ဒီတထည်ကနဲနဲကြီးတယ် ငါတို့သုံးယောက်ခြုံလိုက်မယ် "

"ဟေ့ရောင် ပိုင်စိုးဦး ရော့! မင်းကထောင့်မှာဆိုတော့အဲဘက်ဆွဲလိုက်"

"ကျုပ်မလိုဘူး မင်းတို့ဘာသာခြုံလိုက်"

"ငါးပူတင်း သူကရေခဲလူသားလားမသိဘူးနော် "

ဒေါက် !

အ့~

"တိတ်တိတ်နေစမ်း"

"ပိုင်စိုးဦး မင်းမချမ်းဘူးလား"

"ချမ်းတယ် "

"ခြင်ရောမကိုက်ဘူးလား"

"ကိုက်တယ်"

"အဲဆိုဘာလို့စောင်မခြုံတုန်း "

"ဖျားချင်လို့ "

"........"

"ဖျားချင်တယ်ဆိုတာလည်းရှိသေးတာလား"

"ဒါတော့ ခများတို့အိမ်ထောင်ကျရင်သိလိမ့်မယ်"

"အားရှိ ဒီအိမ်ထောင်ဆိုတာပဲလာခလုတ်တိုက်နေကြတယ် တော်ပြီ ဒီကနေထွက်ရင် ကျုပ်လည်းလင်ယူမယ် "

"မင်းလိုကောင်ကိုယူမဲ့သူကရှိလို့လား "

"အထင်မသေးနဲ့ ငါးပူတင်းတဲ့ မပိုင်ရင်ခြင်တောင်မရိုက်ဘူး မမိလို့"

ဒေါက် ~

"မင်းကတွေ့နေပြီပေါ့ ဘယ်သူလဲဘယ်ကလဲ "

"ဟိုကျီးကန်းအာမဲရဲ့နောက်လိုက် ရွှေမန်းတင်မောင်ဆိုလား"

"ဘာ....."

"လန့်တာစိန်အောင်တစ်တို့ရာ "

"မင်းဟာလန့်စရာပေါ့ကွ မင်းနဲ့ဘယ်တုန်းကသိသွားတာလဲ "

"ညနေသူကြီးအိမ်ရောက်တုန်းက "

"မင်းဟာမမြန်လွန်းဘူးလား"

"မမြန်ပါဘူးကိုအောင်ဖေရာ အချစ်ဆိုတဲ့အရာကစက္ကန့်ပိုင်းနဲ့လဲအချစ်တစ်ခုဖြစ်ပေါ်လို့ရတယ်"

ထိုစကားကိုတော့ ညနေကတည်းကငြိမ်နေသည့် ပိုင်စိုးဦးထံမှပင်

"ဟုတ်တယ် ကိုအောင်ဖေမြင်မြင်ချင်းအချစ်ဆိုတာအဲဒါမျိုးပေါ့ "

"မယ်~ မသိရင်အချစ်ကြောင်းသိနေတဲ့အတိုင်းပဲ စိန်တစ်တို့ကတော့ "

"ကျုပ်လည်းကြားဖူးတာပြောတာလေ "

"ပိုင်စိုးဦး.. ပိုင်စိုးဦး...ဟေ့ကောင်ပင်လောင်းမျောက်"

"ဘာလဲကွာ "

"ငါတို့အိပ်ရာဝင်ပုံပြင်မပြောပြချင်ဘူးလား "

"ကလေးကလားနဲ့ "

"ဘယ်ကလာကလေးကလားနဲ့ အချစ်ပုံပြင်လေးဖြစ်ဖြစ် ဘာဖြစ်ဖြစ် လုပ်စမ်းကွာ"

"ကျုပ်ပြောပြမယ် "

"ဟိုးရှေးနှစ်ပေါင်းများစွာတုန်းက ရွာတစ်ရွာမှာကောင်လေးတယောက်ရှိခဲ့ဖူးတယ် အေးချမ်းနေတဲ့သူတို့ရွာလေးကိုတနေ့ မျက်နှာဖုံးသူဌေးတွေကလာရောက်ပြီးသယံဇာတတစ်ခုကိုတူးယူခဲ့ကြတယ် အလုပ်သမားအင်းအားအများစုကြီးနဲ့ မြန်မာ့နှစ်ဦးအခါသမယမှာ စခဲ့တဲ့ဇာတ်လမ်းလေး ပထမတွေ့ဆုံခြင်းက ဘေးချင်းကပ်ရပ်လွှဲသွားကြတယ် ဒုတိယတစ်ခေါက်မှာကောင်လေးရဲ့ဘဝထဲကိုစတင်ဖို့ချဥ်းကပ်တော့တယ် ကောင်လေးနဲ့တွေ့တဲ့အချိန်တိုင်းပျော်ရွှင်လာတယ် အမျိုးမည်မသိတဲ့ခံစားချက် ဒါပေမဲ့အဲ့ကောင်လေးကမသိရှာဘူး အထက်တန်းစားအလွှာနီးနီးရှိတဲ့ဒီကောင်လေးကို အလုပ်သမားကောင်လေးက တွေဝေရခက်အောင်လုပ်နိုင်ခဲ့တယ် သူများအနှိမ်ခံဘဝ ဘာမှမရှိတဲ့အလုပ်သမားတယောက်ရဲ့ဘဝထဲမဆွဲခေါ်ရက်သလို တဖက်မှာပိုင်ဆိုင်ချင်တဲ့စိတ်ကလေးကလဲရှိခဲ့တယ် နောက်ဆုံး ပိုင်ဆိုင်ဖို့ မကြိုးစားတော့ပဲ ကောင်လေးရဲ့အနောက် 45°ကနေပဲ ခိုးကြည့်ပြီး ဘဝရဲ့ လပိုင်းတချို့ကို့ဖြတ်သန်းဖို့ကြိုးစားရှာတယ် ကံတရားကမျက်နှာပေးတယ်ထင်ပါရဲ့ သူတို့နှစ်ယောက်ပေါင်းစည်းဖို့ဖြစ်လာခဲ့တယ်လေ ပုံပြင်လေးရဲ့မဆုံးသတ်ကတော့ပျော်ရွှင်ခြင်းတဲ့"

"အဲဒါမင်းမလား "

"ဟုတ်တယ်ပိုင်စိုးဦး တိတ်ဆိတ်ခြင်းသည် ဝန်ခံခြင်းတမျိုးတဲ့ မင်းတကယ်ချစ်နေတာဆိုရင် ဖွင့်ပြောပြီးအိမ်ထောင်ရေးအကောင်းဆုံးတည်ဆောက် ဒီနေ့ဖြစ်တဲ့ပြဿနာက နမူနာပဲ မချစ်ရင်အခုတည်းကလက်လွှတ်လိုက် သူနာကျင်နေရလိမ့်မယ် နောင်တဆိုတာနောင်မှရတာကောင် စကားနှစ်လုံးတဲ့ 'နောင်တ' နောင်မှရလို့နောင်တဖြစ်တာ နောင်တရတဲ့ချိန်ဆို အချိန်တွေလွန်ကုန်ရောပေါ့ ငါပြောတာနားလည်လား"

"အချစ်ဆိုတာဘယ်လိုမျိုးလဲ ကိုအောင်ဖေရောဘယ်လိုခံယူထားလဲ "

"အချစ်ဆိုတဲ့အရာငါလည်းမသိဘူး ဒါပေမဲ့ ခံယူချက်ကတော့ရှင်းရှင်းပြောရရင် သူ့နားမှာရှိရင်အလိုလိုပျော်နေတာမျိုး သူမရှိရင်တစ်ခုခုလိုနေသလိုမျိုး သဝန်တိုနေတာမျိုး အကြောင်းမဲ့စိတ်ပူနေတာမျိုး တယောက်ယောက်ကသူ့အကြောင်းလာပြောရင်မင်းကနားမထောင်ချင်ပေမဲ့ နှလုံးသားသူ့သခင်သိသလိုခုန်ကောက်လာသလိုပေါ့ကွာ"

"မင်းဆိုရင်ပိုပြီးသိသင့်တယ်ပိုင်စိုးဦး "

"ဘာကိုလဲ "

"မင်းတို့ကယောင်္ကျားမိန်းမမဟုတ်ဘူး ဆက်ဟန်နေရာမှာမိန်းမဆိုရင်တော့ကွာအဲ သူကလှလို့ချောလို့စိတ်ဝင်စားတယ်ပေါ့ "

"ငါမေးမယ်ပိုင်စိုးဦး မင်းရည်းစားဘယ်နှစ်ယောက်ထားဖူးလဲ "

"ရင်တော့ခုန်ဖူးတယ် မထားဖူးဘူး အောင်တစ်ပြောသလိုပေါ့ သူတို့ကလှလို့ချောလို့ရင်ခုန်ခဲ့တာခဏပဲ နောက်ဆုံးဘယ်သူကိုမှရင်မခုန်တော့တဲ့ဒီရင်ဘက်ထဲကကောင်က ဆက်ဟန်နဲ့တွေ့မှပြန်ခုန်လာတယ် ဆက်ဟန်နားရောက်တိုင်းခုန်လာလို့ကြားသွားမလားစိုးရိမ်ခဲ့ရတယ် ယောင်္ကျားအချင်းချင်းကိုမှလားဆိုတဲ့အသိကလည်းလိုက်လာတယ် "

"ငါသေချာအောင်ထပ်ပြောမယ် အောင်တစ်ပြောတာတစ်ဝက်လောက်မှန်ရင်မင်းချစ်နေတာ မင်းသူ့ကိုစိတ်ပူရင် ယောင်္ကျားမိန်းမနဲ့ဖြစ်ဖြစ်တွဲပြီးတွေလို့စိတ်တိုရင် သဝန်တိုတယ်ပေါ့ကွာ သူ့တွက်ဆိုပြီးဦးစားပေးမိရင် မင်း...ချစ်နေတာဘဲ ဘယ်လိုလဲ မင်း....ချစ်နေတာလား"

*ချစ်မိနေပြီထင်တယ် ဟန်*

"ကျုပ် စိတ်ကိုပြန်သုံးသပ်ကြည့်ရအုံးမယ်ထင်တယ် ဘယ်သူမှမနာကျင်စေဖို့"

"အချိန်တော့မနှောင်းစေနဲ့ငါ့ကောင် ငါကြည့်ရသလောက်ကတော့ဆက်ဟန်မင်းကိုကြည့်တဲ့အကြည့်တွေက ငါတို့ကြည့်တာနဲ့လုံးဝမတူဘူး "

"စိန်တစ်ပြောတာထောက်ခံတယ် ငါတို့ကြည့်တဲ့အကြည့်ကလေ မျက်ဝန်းသေတွေနဲ့မသိခင်ကဆိုရင်ရှိန်သလိုလို ကြောက်ရမလိုလိုနဲ့ ညနေကမင်းကိုကြည့်နေတာလေ အချစ်တွေရွှန်းလဲ့နေသလိုမျိုးပဲ မျက်လုံးကအရောင်တွေတောက်နေတာ "

"ဟေ့ကောင်တွေညလည်းနက်ပြီ အိပ်စို့ကွာ ဟိုမသာတွေကအိပ်တောင်အိပ်နေပြီ "

"ဟုတ်တယ်အိပ်စို့ "

........................................................................

[text_hash] => 03c1eb2a
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...