Array
(
[text] =>
"ကျွန်တော်တို့ ရွာထဲလမ်းလျှောက်သွားကြမလား"
"အင်း အစားလွန်ပြီးဗိုက်အင့်သွားပြီ "
အတူတွဲလျှောက်တိုင်းအနောက်မှာဘဲနေခဲ့သည်က တာဝန်တစ်ခုလိုထမ်းပိုးထားသည်
"ကျွန့်တော့်ဘေးလာလေဗျာ "
"အတူတူသွားလဲအတူတူ နောက်ကသွားလဲအတူတူပဲကို "
"ကျွန်တော်က လာဆိုလာဗျာ "
"စိတ်ကြီးပဲ အဲကြောင့်ဆံပင်တွေဖြူနေတာ"
"ရော.....ရော့..ဘားးးးမှလဲမဆိုင်ဘူး"
"ဟန် ကျွန်တော်ထားခဲ့ရမှာစိတ်မချဘူးခများရယ်"
"ရီစရာဦးရယ် ဟန်က တောင်၂၀ဝတ်ယောင်္ကျားတယောက် ဘာမှမဖြစ်အောင်ကာကွယ်နိုင်ပါတယ် "
"မဟုတ်ဘူးဟန် ဒီနေရာကဝန်းသိုနယ် ရန်ကုန်လို တောတန်းလိုမဟုတ်ဘူး အမြင်ကျဥ်းတဲ့သူကအများကြီး ခန္ဓာကိုယ်ထိခိုက်အောင်မလုပ်နိုင်တဲ့ထိ စိတ်ထိခိုက်အောင်လုပ်မှာ ကျွန်တော်အရမ်းကြောက်တယ် "
"ခေါ်သွားလိုက်တော့ "
"ခေါ်ချင်တာ ဟိုရောက်ရင်စားဖို့နေဖို့အလကားမပေးဘူး အလုပ်လုပ်ရတယ် ကျင်းသားတယောက်ရဲ့ယောင်္ကျားဆိုပြီးလွှတ်ထားမှာမဟုတ်ဘူး ကျွန်တော်တို့အလုပ်ကလည်းမင်းသိရဲ့သားနဲ့ အရမ်းပင်ပန်းတာ ကျွန်တော်ကခများကိုဘုရင်တပါးလိုထားပြီးအမိန့်ပဲပေးစေချင်တာ ပင်ပန်းတာတွေမလုပ်စေချင်ဘူး ခများနဲ့ညားလို့နောင်တအရဆုံးကဘာလဲသိလား ခများနဲ့ပတ်သက်လာရင်ကျွန်တော့စိတ်တွေဒွိဟဖြစ်တက်တာပဲ အလုပ်ပထမဆုံးထွက်လုပ်တုန်းကမိဘနဲ့ခွဲရတယ်ဆို တချက်ဝမ်းမနည်းဘူး ကျွန်တော့်ညီကိုတခြားကျင်းမှာထားခဲ့ရလို့စိတ်မချဘူးဆိုတာမဖြစ်ဘူး အခုတော့ ကျွန်တော့ဝေခွဲရခက်နေပီ "
ရွာထိပ် သရက်ပင်အောက်ကကွပ်ပစ်ကလေးမှာ ကောင်လေးနှစ်ယောက်ဟာခပ်ငိုင်ငိုင် ညနေပိုင်းလေပူတစ်ချို့နဲ့တူ တယောက်သောသူ၏ရင်တွင်းလည်းလောင်မြိုက်နေရသည်
"အလုပ်မလုပ်ဘူးဘဲထား ထမင်းချက်တာဝန်ယူရမှာ မင်းချက်တာကိုကျွန်တော်တယောက်တည်းစားချင်တာ နေပူအထိမခံထိ ပါးပြင်လေးတွေနဖူးလေးတွေ မိုးတော့လုံပါရဲ့ အရိပ်တွက်ဖျင်ပါးထိုးနေရတဲ့အခါ ကျွန်တော့မြတ်နိုးရတဲ့ပါးပြင်နုနုကမွေးညင်းနုနုလေးတွေ ပျောက်ကွယ်သွားမှာစိုးတယ် ပြီးတော့အရက်သမားများစွာနဲ့ လူပေါင်းမြောက်များအားလုံးရဲ့စိတ်ကတသတ်မတ်ထဲမရှိဘူး လက်သစ်စမ်းချင်ကြတဲ့ ရာဂသမားတွေလည်းရှိတယ် သူတို့ရှိတဲ့နေရာမှာ မင်းကိုမထားချင်ဘူး "
"ဟန်စဥ်းစားထားတာရှိတယ် "
"ဘာ စဥ်းစားထားတာလဲ "
"ဟန် ရန်ကုန်ဆင်းမလားလို့ အဲနေရာကဟန်ကျင်လည်တဲ့နေရာပဲ "
"ကောင်းသားပဲ ကျွန်တော်နဲ့အတူတူဆင်းမလား "
"ဒီမှာလုပ်စရာလေးတစ်ချို့ရှိသေးတယ် ဦးပဲအရင်သွားလိုက်ပေါ့ ဟိုရောက်ရင်အကြွေးအရင်မဆပ်ပဲ ဖုန်းတစ်လုံးရအောင်ဝယ် ပြီးရင်ဟန်ကိုဆက်သွယ် ကျင်းတခါပြီးရင်ဖြစ်ဖြစ် နှစ်ခါပြီးရင်ဖြစ်ဖြစ် ရန်ကုန်လာတွေ့လို့ရတယ် မဟုတ်ရင် ဟန်လာတွေ့လည်းရတယ် "
"ဟုတ်ကဲ့ပါ ဘုရင်ကြီးဗျ"
"အယ်မယ် လင်လင်နှစ်ယောက်ခွဲရမှာဆိုတော့အလွမ်းတွေရှယ်သယ်နေကြသပ"
"ဒါနဲ့ ဘာတွေပြောနေလဲနားထောင်လို့ရသလားမောင်"
"faမှန်းသိသာတယ်ညန်း"
"ပင်ပင်စုတ် အပူမရှာတာ အချစ်ဆိုတာဘလောက်ပူလောင်ဖို့ကောင်းသလဲ"
"အမကဘယ်သွားမလို့လဲ ဝတ်ကောင်းစားလှနဲ့"
"ဟီး..ကျုပ်ရဲ့အသက်ကလေးနဲ့သွားတွေ့မလို့တော်ရေ "
"အချစ်ကပူလောင်တယ်ဆို"
"အေးချမ်းတာလဲရှိတယ် သွားပြီ အဘလိုက်လာမှာစိုးလို့"
"မိရင်ခိုးပြေးပေါ့ဗျာ"
ဟား....ဟား.ဟား......
"ကဲပြော အခုဘာလုပ်ခိုင်းမလဲ ဘာစားချင်လဲ အမိန့်ရှိပါ့ဘုရင်ကြီးဗျ "
"ဟဲ့! ငါ့ရဲ့ငယ်ကျွန် စောဥမ္မာသွားသတ်ချေ"
"တင်ပါ့ အား မှားနေတယ်လေ "
"ဟီး~ ယောင်သွားလို့ အဟမ်းအဟမ်း ငါရဲ့ငယ်ကျွန် အနီးနားကမုန့်ဆိုင်ကို ထမ်းပို့ချေ"
"အရမ်းလေးနေလားဦး လေးနေရင်ချတော့"
"ခများသာရွိရွစိမလုပ်နဲ့ လေးရတဲ့ထဲပစ်ချလိုက်မှာ "
"ငြိမ်ငြိမ်နေ လိုက်မနမ်းနဲ့ယားတယ် "
"ဟင့်.. ဝတ္ထုတွေထဲမှာရောဇာတ်ကားတွေထဲမှာရောရှိတယ်လေ မင်းသားမင်းသမီးကိုကျောပိုးထားရင် မင်းသမီးက ခေါင်းမှီတာတို့ နားထင်နမ်းတာတို့ လည်ပင်းနမ်းတာတို့ ရှိတယ်အဲဒါဆိုမင်းသားက အမောပြေသွားရော "
ယားတာကတော့တကယ်ပါ ဘာယားတာလဲဆိုရင်အသဲယားတာနောက်ကျောကအေကာင်ပေါက်ကိုချပြီး နေရာမှာတင်နမ်းမိလိုက်မည် တသက်မှာအခွင့်ရေးဘလောက်ရမယ်မှန်းမသိတာမို့ ထိုအခွင့်ရေးကိုလက်လွှတ်မခံ ရွာထိပ်ကဆိုင်နဲ့ ရွှာအလယ်မရောက်တရောက်ဆိုင်ကိုကျော်ကာ သုံးဆိုင်မြောက်ဆိုင်သို့ရောက်သွားရသည် ကျောပေါ်တင်ထားရသည့်ခံစားချက်ကလေးပေမဲ့ ကောင်းတယ်
"ဟေ့ရောင် သူတို့ကမချစ်ဘူးဆို"
"ငါလည်းအဲလိုကြားတာလေ"
"မင်းကောင်ကပြုံးနေတာ ချိုင့်ဝင်နေတာပဲ"
"ပင်လောင်းမျောက်က ငါတို့မမြင်ဖူးတဲ့ပုံစံတွေ့လိုက်ရတာပဲ"
"ငါထင်တာလေ ကျောပေါ်အားကောင်းမောင်းသန်တယောက်တင်ထားတာတော်တော်ကိုလေးမှာနော် "
"သွားမေးဟေ့ "
"အကိုခေတ်ဆက်သာဟန်ကိုအားကျလိုက်တာ"
"မျောက်ကအရမ်းချစ်ပုံပဲ ဟိုကောင်မပြောတာရွာထိပ်မှာတွေ့တယ်တဲ့ အခုကရွာလယ်ရောက်နေပြီဒီပုံံနဲ့ မျောက်ကဘလောက်ချစ်လဲကြည့်တာနဲ့သိသာတာကို "
...............
"ဘယ်မှာစားမလဲ အိမ်ပြန်မလား "
"စိတ်တိုသရက်ခြံသွားမလား ဦးစိတ်တိုလာရင်လည်းအပျော်ရှာလို့ရတယ် "
"စိန်လိုက်မောင် "
ဦးစိတ်တိုသရက်ခြံဆိုတာ ဟိုဦးစိတ်တိုနဲ့မျောက်ညိုကားကြည့်ဖူးရင်သိလိုက်မယ် ဟိုကငှက်ပျောခင်း ဒါကသရက်ခြံ အခုဦးစိတ်တိုက ဓားမနဲ့ကင်းစောင့်တက်သည်ကခပ်များများ
ဟန်ကမုန့်တွေတစ်ခုပြီးတစ်ခုယူစားတယ် တာဝန်ပေးခံရတဲ့လူအတိုင်းပေါင်ပေါ်မေးထောက်ကြည့်နေသူကဦး ဟန်ခွံ့ကျွေးရင်လည်းစားတက်သည်သူကိုယ်တိုင်တော့မစား
"အချိုတွေများလို့အီဆိမ့်လာပြီ အချဥ်လေးစားချင် "
"ဦးစိတ်တိုမရှိဘူး သရက်သီးခိုးစားမလား"
"လိုက်လိုက်တော့ ဟန်လူကြည့်ပေးမယ် "
မျောက်ဆိုသည့်နာမည်အတိုင်း သရက်သီးအများဆုံးခိုင်ကိုတက်ကာ အလုံးကြီးနှစ်လုံးခူးတော့သည် ဦးအပင်အောက်ရောက်မှ တဖက်ခြံသို့သွားကာ ငံပြာရည်သွားတောင်းရသည်
"အမလေး သွားတွေကြွကုန်ပြီ ချဥ်တာ"
"အဲလောက်လဲမချဥ်ပါဘူး "
ရှပ်! ရှပ်!
"ဟန် "
"အင်း"
"ခြေသံကြားလား "
"ကြားတယ် တိုင်ပင်အော်မယ်"
"သွေးတက်အောင် အစချန်ခဲ့"
သရက်သီးအကာစိမ်းတွေခွာထားတာကိုဖွခဲ့ပြီး တိုင်ပင်အော်ကာ အနောက်ပေါ်မှပြေးရန်ကြံတော့သည်
1 2 3 go
"ကျုပ်လက်ကို သေချာကိုင်ပြီးလျှို "
ခြံစည်းရိုးအမြင့်ကြီးကိုတခြံလုံးခေတ်ထားသည့်ဦးစိတ်တိုဟာ တကွက်တော့ချော်သွားသည် ခြံအနောက်ဘက်ထွက်ပေါက်မှာ ခြံစည်းရိုးတိုင်ကိုနဲနဲဟပြီးကျင်းသေးတစ်ကျင်းကိုလူထွက်ရအောင်တူးထားသည်
နောက်လမ်းမရောက်တော့ ဦးစိတ်တို၏ကြိမ်းမောင်းသံတွေပလုံစီလျက်
"ပြန်စို့ ဒီသတင်းကအုပ်ကြီးအိမ်ရောက်တေ့မယ် "
"မပူနဲ့ ကိုအောင်ဖေရှင်းပေးလိုက်မယ်"
အိမ်ရောက်ပြီးမကြာ စိန်တစ်တို့ညီအကို တစ်နည်းအားဖြင့်သူကြီးနောက်လိုက်တို့လာခေါ်တော့သည်
"မင်းတို့လက်ချက်ဆိုတာ ငါကောင်းကောင်းသိတယ်"
"ဘာကြည့်ပြီးပြောတာလဲ"
"ငါခြံရှေ့မှာ မင်းတို့ပဲဖြတ်လျှောက်တာ"
"ခများဘယ်သူပြောလဲ ရွာထဲကကောင်တွေလား ခြံရှေ့ကဖြတ်တိုင်းသူခိုးရိုးရအောင် ခွေးဖြတ်လျောက်လည်းပြောမှာလား "
"ရွာမှာမင်းအပြင် မွှေတဲ့ကောင်မရှိတော့ဘူးကွ"
"ရော...ရော့..တခါခိုးတာနဲ့နောက်လည်းသူခိုးဆိုသလို့ဖစ်နေပြီ "
"မင်းဝန်ခံလိုက်ဟေ့ကောင်"
ထိုသိုထိုသို့ဖြင့်အမှုဟာလက်သည်မပေါ် ကြားထဲကမြေစာပင်အဖြစ် သူကြီးအိမ်ရှေ့ကမန်ကျည်းပင်တော့အခုတ်ခံလိုက်ရသည်
"ဟန်တို့လုပ်တာမကောင်းဘူးထင်တယ်နော်"
"အွန်းထင်တာပဲ စားချင်သေးလားသွားခူးပေးမယ်"
"ရွှဲ့နေတာလား"
"အတည့်ပဲပြောနေတာလေ"
"ဂါး.....ပြေးစမ်း"
"မောလိုက်တာ"
"ကြည့် ခများပဲလိုက်ရိုက်ပြီးမောနေပြီမလား ဒီနားလာထိုင်တအောင့်ကြာရင်ရေချိုးမယ် "
ရေချိုးတော့လည်း တစ်နာရီကြာမဲ့နေရာမှာနှစ်နာရီကြာသည် ကလေးစိတ်မကုန်သေးသောသူကိုလင်တော်ထားရတော့လည်း အလုပ်သွားခါနီးစိတ်တိုင်းကျ လွှတ်ပေးထားသည် ထမင်းစားတော့ရော အသက်၁၇နှစ်ကလေးကိုခွံ့ကျွေးရသေးသည် သူပြောထားဖူးသည့်စကားအတိုင်းပဲ
'မင်းကလေးလိုချင်ရင် ကျုပ်ပဲကလေးလုပ်ပေးမယ်' ဆိုတာ
"အသက်ရှုရကြပ်တယ် လွှတ်အုံး "
ရွှတ်! ရွှတ်!
"ခများကိုယ်က Vasalineအနံ့ကမွှေးနေတာပဲ "
"အနံ့ကြိုက်ရင် ကိုယ့်ဟာကိုယ်သုံးလေ "
"မသုံးချင်ဘူးညန်း ခများကိုယ်နဲ့ပေါင်းထားသည့်အနံ့ကိုပဲမွှေးကြူချင်တာ "
"ကျုပ်ဒီည ဒီလိုပဲအိပ်မှာနော် "
"ပြောလည်းရမှာမို့လို့လား "
"မရဘူး အခုချိန်နတ်ပြည်ကသိကြားမင်းတားလဲမရဘူး "
"စောစောအိပ်တော့ဦး မနက်ကျရင်ကောလင်းစောစောဖြတ်ရမှာမလား "
"အင်း "
"ဟန်လဲလိုက်ပို့ပေးမယ် ခန္ဓီးတံတားထိ"
"မလိုဘူးမောင် "
"ဘာလို့လဲ "
"ခများသာလိုက်ပို့ရင် ကျုပ်သွားဖြစ်မှာမဟုတ်ဘူး ခများနောက်ပဲပြန်လိုက်လာမိလိုက်မယ် ခများမသိခင်ပဲသွားမှာ "
အပြောပင်မဆုံးချင်သေး ရင်ခွင်ထဲကထွက်ကာကျောခိုင်းသွားသည်သဘောကစိတ်ကောက်သွားပြီပေါ့ ကောက်လည်းမတက်နိုင် သူ့အကြောင်းသူပဲသိသည် နဂိုကတည်းကစိတ်မချချင်ပါဘူးဆို အဲလိုသာလိုက်ပို့ရင်လည့်တဆန့်ဆန့်နဲ့ သွားဖြစ်မှာမဟုတ် နောက်ကျောခိုင်းထားသည့်အတိုင်းကိုသူလည်းဆွဲသွင်းပစ်လိုက်သည် အင်္ကျီချွတ်ထားကြသည်ကြောင့်ခုန်နေသည့်နှလုံးသားကိုလည်းခံစားမိလိုက်မည်ထင်ပါသည်
အွတ်..အီး...အီး...အွတ်!
ရှစ်.. သေစမ်း Phone alarm ကိုကြက်အော်သံလုပ်ထားရတယ်လို့
နာရီကြည့်တော့ ၄နာရီခွဲပြီ အဘေးကလူကြည့်လိုက်တော့အိပ်မောကျတုန်းပဲမို့ အချိန်ရှိခိုက်လုံ့လစိုက် သွားဖို့ရာပြင်ဆင်ရသည်
ညကတည်းကအဝတ်တွေထည့်ထားပြီးသားဖြစ်ပြီးအထွေထူးပြင်စရာမရှိ မျက်နှာသစ်သွားတိုက် ဝတ်သွားမဲ့အင်္ကျီဘောင်းဘီကောက်ဝတ် အခုခေတ်စားနေသည့် ခပ်လုံးလုံးအိပ်လေးကောက်လွယ် မနက်စာကိုညီကပြင်ဆင်ပေးနေသည် နာရီပြန်ကြည့်တော့ ၅နာရီထိုးပြီးပြီ ခါတိုင်းထိုသို့မကြာ အခုကကြမ်းပြင်ကိုမနင်းရဲခြေသံဖွဖွနှင့်ညီအကိုနှစ်ယောက်လှုပ်ရှားနေရသည်
"ဟေ့ရောင် အဝတ်သွားလဲတော့ "
ခါတိုင်းအော်ပြောနေကြလည်း အခုဟာကကြားရုံလေသံနှင့်
ကျွတ်!
"မသာဖြေးဖြေးလျှောက်ဟ "
ညီဖြစ်သူအဝတ်စားလဲပြီးသည်နှင့် အိမ်အောက်သို့ခပ်ဖွဖွဆင်းပြီးတစ်ချိုးတည်းလစ်ကြတော့သည် လေးအိမ်ကျော်လောက်မှာသတ္တုမိုင်းကြိုသည့်ကားသွားစောင့်ရသည်
ကားပေါ်ရောက်မှ ညီအကိုနှစ်ယောက်သက်ပြင်းချနိုင်သည်
"ရား....အခုမှအသက်ဝဝရှုရတယ်"
"မင်းမရီးနိုးသွားမှာစိုးလို့ပါကွာ "
"ငါတော့ထပ်အိပ်မယ် အိပ်ရေးဝဘူးညကလည်း နောက်ကျမှအိပ်လို့ "
"ကျုပ်တော့ ခန္ဓီးတံတားကြီးကိုနှုတ်ဆက်လိုက်အုံးမယ်"
ပြတင်းပေါက်ဘက်ကထိုင်သည့် ပိုင်ထွေးဦးမှာ တံတားမရောက်တရောက်အလှည့် သရဲမြင်လိုက်ရသလိုမှင်သေသေဖြစ်သွားသည်
"မင်း မျက်ခွက်ကဘာဖြစ်တာလဲဟေ့ကောင်"
"မရီး မရီးကိုတွေ့လိုက်တယ် "
"မင်းအိပ်ရေးမဝသေးဘူးပဲ အိပ်လိုက်"
"အိပ်ရေးမဝလို့မဟုတ်ဘူး ငါလိုးရဲ့ တကယ်တွေ့လိုက်တာ"
"ငါတို့ဆင်းလာတုန်းက မင်းမရီးအိပ်တုန်းလေ လာမယ်ထားပါတော့ဆိုင်ကယ်မှမရှိဘဲဘာနဲ့လာမှာလည်း"
"မဟုတ်ဘူး တကယ်တွေ့လိုက်တာ "
"မင်းအင်္ကျီကြက်သွေးရောင်နဲ့ ဘောင်းဘီအမဲလေးဝတ်ထားတာ မာဖလာလည်းပတ်ထားတယ်"
"မင်းအမြင်မှားတာပါကွာ "
ပြောလည်းမရတာကြောင့် လွှတ်ထားလိုက်သည်
*မင်းသိပ်ဆိုးတယ် ဟန်*
"ပိုင်စိုးဦး မင်းလင်ကလိုက်မပို့ဘူးလားကွ ပြီးတော့ငါ့ကိုဘာလို့မင်းအိမ်ရှေ့မှာမရပ်ခိုင်းတာလဲ"
"ကျုပ်လိုက်မပို့ခိုင်းတာ မရပ်ခိုင်းဘူးဆိုတာလဲကျုပ်ထွက်လာတာမသိစေချင်လို့"
"မင်းဟာဘယ်လိုကြီးလဲမောင်"
"ရှင်းရှင်းလေးပ တနယ်တကျေးသားကိုယူပြီးသိပ်အနိုင်ကျင့်တာဖြစ်မှာ"
"ဝိုး ဝက်ဖုံကယောင်္ကျားအချင်းချင်းယူတဲ့အခြောက်ဆိုတဲ့ကောင်လား "
"ဟုတ်တယ်ငါကအခြောက် မင်းတို့လိုကာမပိုင်ယောင်္ကျားရှိတဲ့သူကိုမြူစွယ်တဲ့ကောင်တွေထက်တော့ ငါလိုအခြောက်ကအများကြီးသာတယ် "
"ကျုပ်မရီးကိုထားခဲ့တာက ချစ်လွန်းလို့ဗျ ချစ်လွန်းလို့ လိုက်မပို့ခိုင်းဘူးဆိုတာလဲ မရီးသာလိုက်ပို့ရင်ကျုပ်အကိုအလုပ်ထဲရောက်မှာမဟုတ်ဘူး ရှင်းလာ"
"ကျုပ်မသိလို့မေးပါအုံးမယ် ကျုပ်အကိုကအသားရွေးစားတာ မင်းတို့ကနဖော့ကျီးကန်းက မရွေးတာဘာလို့လဲ ဘာလာလာကိုဒေါင်းတော့တာ "
"မင်း..ကျုပ်တို့ကိုကြီးကိုထိခိုက်စရာမလိုဘူး "
"အိုး..ဟိုး...ဘာမှလဲမပြောရသေးပါဘူး ကြည့်ရပုံကျီးကန်းရဲ့ဒေါင်းတဲ့ထဲမှာပါတာလား "
"ကျီးကန်းကဒေါင်းစရာမလိုဘူး သူက installလုပ်ပေးပြီးသား"
"မင်း..."
"တော်ကြတော့ မင်းတို့ကောင်တွေကွာမိုင်းသားအချင်းချင်း ရန်မဖြစ်ကြနဲ့ ခရီးသွားတယ်ဆိုတာမသိလဲမိတ်ဆွေလုပ်ရတယ်ကွ"
"မလုပ်နိုင်ဘူး "
"မလုပ်နိုင်ရင် မင်းကားပေါ်ကဆင်းလိုက်လေ"
"ဆင်းစရာလား ဆင်းချင်းဆင်းမင်းလိုမခြောက်ကဆင်းရမှာ"
"တော်ကြပါတော့ကွာ ငါနားတွေပူလို့ ပုံံစံလေးကိုသေချာမမြင်လိုက်ရဘူး "
"အရေးထဲ ဘယ်ကောင်မကိုငမ်းနေပြန်ပြီလဲ"
"ငါတို့နယ်ကတော့မဖြစ်လောက်ဘူးထင်တယ် အဝေးကတောင်အသားရေကဝင်းလက်တောက်ပြောင်နေတာပဲ "
"ဟုတ်မှလဲလုပ်ပါကွာ ဥစ္စာစောင့်ဖြစ်နေအုံးမယ်"
"တကယ်ပြောတာကွာ ကြက်သွေးရောင်အင်္ကျီလေးနဲ့ဘောင်းဘီကအမဲလေး လည်ပင်းမှာလည်းမာဖလာလေးပတ်ထားသေးတာ "
"မင်းလည်းတွေ့လိုက်တာလား "
"အေး မင်းကဘာလို့မေးတာ တွေ့လိုက်လို့လား "
"မသာ အဲဒါငါ့လင်ဟ"
"ကိုကြီး မင်းပြောတော့မတွေ့လိုက်ဘူးဆို "
"ကျစ်! အသာနေကွာ မင်းရဲ့ပစ်မှားချင်စိတ်ကိုဖျောက်လိုက်မဟုတ်ရင် ငါ့လက်သီးကလူမရွေးဘူး"
"အဲလောက်လဲအဖြစ်မသည်းနဲ့ ပစ်မှားရင်တောင်ငါကဝန်းသိုမှာကျန်ခဲ့တာမဟုတ်ဘူး"
"အဲဒါကိုစိတ်မဝင်စားဘူး ကျုပ်ပြောချင်တာကစိတ်နဲ့တောင်မပစ်မှားနဲ့"
"အေးပါကွာ"
"ကားဆရာ ကောလင်းဂိတ်မှာချိန်းထားလား"
"အေး ဘာလဲလူလဲမလို့လား"
"ကျုပ်တို့ဆင်းမှာ ဟိုကောင်တွေနဲ့လိုက်သွားမယ် အဖွဲ့တူတူပဲကို"
"ဝှိုက် ဒီလိုပဲဖစ်ရမှာစောက်ခြောက်တွေကားပေါ်ကဆင်းရတော့မယ်"
"မင်းမေ့နေတာလား နေရာတူကြိုပြီးမှ အဖွဲ့တူတွေပြန်စုရတာ "
"အလွန်ဆုံးဘယ်နှစ်ရက်လောက်ကြာမလဲ "
"မင်းတို့ကယားဘူးဆို နှစ်ရက်ပေါ့ "
မနက်စာအတွက်ထမင်းဆိုင်တွင်ဂိတ်ထိုးရင်းလူချိန်းကြတော့သည် ကားနားတာနှင့်ဈေးသည်တွေကအပြိုင်အဆိုင် ဆိုင်ထဲမှာ Chocolate mike shap မြင်တော့ ဟန်ကိုသတိရမိပြန်သည်သူသာပါရင်သေချာပေါက်ဝယ်မှာ
"ကိုကြီး အဲဒါဘာလို့ဝယ်တာလဲ"
"လွှင့်ပစ်မလို့"
ဘုတ်!
"မသာ အကောင်းမေးတာဟ မင်းမှအဲဒါတွေမသောက်ပဲ ဟိုဘက်Tiggerရှိတယ်လေ ကျုပ်ကအဲဒါယူမယ်ထင်တာ"
"မင်းမရီးပြောလိုက်တယ် ခရီးသွားရင် အရက် ဘီယာရှောင်တဲ့"
"ဪ"
"မချိုလည်းမချိုဘူး"
"ငါကိုလည်းတိုက်"
"အိ့ ~ဒီလောက်ချိုအီနေတာကိုကွာ "
"မင်းမရီးနှုတ်ခမ်းနဲ့ယှဥ်ရင် "
"ဟင့်! တရားရတော့မယ် သွားကွာ မင်းနားမနေဘူး "
"ဒါနဲ့မင်းဘယ်သူနဲ့ချိတ်ထားလဲ အရင်နေရာပဲသွားမှာလား"
"မင်းစီလိုက်မှာ ဟိုမှာအကြွေးမရှိတော့သွားစရာမလိုဘူး"
" ဦးအောင်မျိုးမှာရော ယူထားသေးလား"
"ဟင့်အင့် အမေပေးလိုက်တယ်"
"မြေကွက်လည်းမေးပြီးပြီ ပြောဖို့မေ့နေတာ "
"ဘာတဲ့လဲ"
"အရင်တိုင်းပဲ မရောင်းဘူးတဲ့ ဈေးကတော့ရွှေပဲဟေ့"
"ဘလောက်မို့"
"တစ်ဧက ၂၅၀ "
"လေးဧက၁၀၀၀ပေါ့ မြေရိုင်းများထင်နေသလား ပုံမှန်ဈေးကရော"
"၁၅၀"
"600 ပေါ့"
"အင်း ဒါနဲ့အဲမြေမှဘာလို့လိုနေတာလဲ "
"မြေအနေထားကောင်းတယ် ဦးစိတ်တိုခြံကိုပဲကြည့် မြေကွက်နဲ့ဆက်နေတာ သေချာပေါက်ကိုမျိုးအောင်နှုံးများမှာ "
"သူလည်းဘာမှမစိုက်တာထက်စာရင် ရောင်းတာမှကောင်းသေး ကျုပ်တို့မဝယ်နိုင်ဘူးဆိုပြီးအထင်သေးတာ သားသမီးလည်းရှိတာမဟုတ်"
"နောက် တစ်နှစ်နေရင် အဲခြံရအောင်ယူမယ် "
"ရူးသွားတာလား ေဂါက်သွားတာလား မင်းကို၉၉ပြားကောင်လို့ပြောတာအမှန်ပဲ လယ်တောင်ခြေမချဖူးတဲ့ကောင်က"
"ဈေးက၁၀၀၀ကြီးတောင်ခေါ်ထားတာ အဆမတန် မင်းတစ်နှစ်တွင်း၁၀၀၀ကဘယ်မှာသွားရှာမလဲ ပုံမှန်ဈေးနဲ့တောင်မင်းမလိုက်နိုင်ဘူး "
"ငါသူ့ဆေးစာရွက်တွေ့လိုက်တယ် သူ့မှာအချိန်တစ်နှစ်ပဲရှိတော့တာ သားသမီးလဲရှိတာမဟုတ်တော့ သူသေမဲ့ချိန်သွားပြုစုလိုက် ပုံမှန်ဈေးထက်နဲနဲလေးလျော့ပြီးဈေးပေး သူလည်းသေငါတို့လည်းမြေအားလုံးရ ပိုက်ဆံလည်းဘယ်လောက်မှမစိုက်ရဘူး "
"အရူးကတစ် မူးသာဆိုတာ ဒါပဲနေမှာ "
"စားတော့ သွားမယ် "
........................................................................
[text_hash] => 0171d21a
)
What do you think?