Array
(
[text] =>
မနက်နိုးတာနှင့် လှေကတက်မှာထိုင်နေကြသူမရှိတော့ရင်ထဲဟာတာတာနှင့် နေရာအနှံမှာဦးပုံရိပ်တွေပြည့်နှက်နေသည် သူကလည်းမနက်ဖြန်ရန်ကုန်ဆင်းမှာဆိုတော့ ဒီနေ့ကိစ္စအဝဝရှင်းရမည် အထူးသဖြင့်ယောက်ကထီး
အိမ်ရှိရှင်းလင်းစရာများကိုရှင်းပြီး တပတ်တခါအိမ်ကြည့်ဖို့အမဘုတ်ဆုံကအပ်ထားရသည်
"မသွားလို့မရဘူးလားမောင်လေးရယ် "
"မသွားချင်ပါဘူးအမဘုတ်ဆုံ ဦးမှာဒီအိမ်နဲ့ခြံဝယ်ထားတဲ့ပိုက်ဆံအကြွေးကအများကြီးသူတယောက်ထည်းဆပ်လို့ဘယ်ဖြစ်မလဲ ပြီးတော့ဟန်ကဒီနယ်မှာဘာမှမလုပ်စားတက်ဘူး ဟန်နေရာကျွမ်းတာရန်ကုန်ပဲရှိတယ် "
"အဲဒါလည်းမှန်တာပဲ အိမ်ကိုတော့စိတ်ချ အမကြည့်ပေးထားမယ်"
"လုပ်စရာရှိလို့ခွင့်ပြုပါအုံး အမဘုတ်ဆုံ"
"အေးအေ"
မနက်စာရော နေ့လယ်စာရောဘယ်မှာမှန်းမသိ ဝက်ဖုံရောက်မှ နေ့လယ်မကျ ညနေမကျအစားကိုစားရသည်
"ကျုပ်ရောက်ပြီ"
ဦးပိုင်စိုးပိုင်သည့် လယ်
"မရောက်ဘူးထင်တာ "
"ပြောတိုင်းသာကြောက်နေရင် အဲကြောက်တဲ့သွေးကိုဖောက်ထုတ်လိုက်မယ် ပြောခများဘာဖြစ်ချင်တာလဲ"
"ငါ့သားနားကထွက်သွား "
"မသွားနိုင်ဘူးဆိုရင်ရော "
"ငါ့မှာရှိတဲ့ရွှေတွေပေးလိုက်မယ် ငါ့သားနားကထွက်သွား မင်းထွက်သွားရင် ငါ့သားကိုမိသားစုအသိုက်ဝန်းပေးနိုင်တဲ့သူနဲ့ပေးစားမှာ"
"ကျုပ်ကပစ္စည်းဥစ္စမက်တယ်ထင်လို့လား ခများဆို့ပိုင်ဆိုင်မှုက ကျုပ်တို့နဲ့ယှဥ်ရင်မပြောပလောက်ပဲရှိသေးတာ မိသားစုဆိုတာလည်းသူသာလိုချင်ရင်ပေးနိုင်တယ် မိန်းမယူမှမဟုတ်ဘူးနားလည်လား "
"မင်းနောက်မဆုတ်ရင် ငါဘာတွေလုပ်နိုင်လဲသိစေရမယ်"
"သိပြီးသားမလိုဘူး ခများလုပ်ရပ်တွေအကုန်သိတယ် ခများသားတွေကပြောပြတာမဟုတ်ဘူးနော် ကျုပ်ဘာသာကျုပ်သိတာ ဘယ်လိုသိတယ်ဆိုတာရောသိချင်သေးလား
ကျုပ်အကျွမ်းကျင်ဆုံးက တဖက်သူစိတ်ဒုက္ခရောက်အောင်လုပ်နိုင်ဆုံးပဲ လျှို့ဝှက်ချက်လေးပြောပြမယ် ခများကိုခများသားရင်ခွင်ထဲကလုံးလုံးဆွဲထုပ်ပြမယ် သိချင်ရင်ရှေ့ဆက်တိုးကြည့်လိုက်"
" မင်းကိုယ်မင်းဟုတ်လှပြီးထင်နေလားဟေ့ကောင် ဟိုမှာမင်းဘာကောင်ကြီးပဲဖြစ်နေဖြစ်နေငါစိတ်မဝင်စားဘူး ဒါငါ့နေရာ "
"ခြင်္သေ့ကတခြားနေရာရောက်ရင် ကြောင်ဖြစ်သွားတာတွေ့ဖူးလား"
"ငါ့မှာမင်းထွက်သွားနိုင်တဲ့နည်းတွေအများကြီးရှိတယ် "
"စမ်းကြည့်လေ ကျုပ်ကတဖက်သူချက်ချင်းခံစားရတာထက် ဖြေးဖြေးချင်းခံစားခိုင်းရတာကြိုက်တယ် ဥပမာ_လယ်ကထွက်တဲ့ပိုက်ဆံပမာဏတဝက်ကို အလောင်းကစားလုပ်ပစ်ထားတာမျိုးပေါ့ ကျုပ်ယောက်ခမ ဦးအမေ ခများမိန်းမသာသိသွားရင် "
"မင်း....ဆိုက်ကိုကောင်"
"right ကျုပ်ကဆိုက်ကိုကောင် ကျုပ်အကြောင်းသိတဲ့တော်တော်များများတော့ဆိုက်ကိုလို့ခေါ်တယ် "
"ကျုပ်သွားလိုက်ပါအုံးမယ် ယောက်ခထီး "
..............
"ကိုပိုင်စိုး ရှင်ပြန်လာသေးတာဘဲ "
အိမ်ရောက်တာနှင့်ဆီးကြိုသည့် မိန်းမကြောင့်ပျောက်လုစချွေးပင်ပြန်ထွက်လာသည်
"အခုနမှ သမက်ကလေးပြန်သွားတာ "
သမက် ဆိုသည့်စကားကြားသည်နှင့် သိသွားပြီလားအတွေးကဝင်ရောက်လာသည် သူပြောသလို တဖြေးဖြေးခံစားစေချင်တယ်ဆိုတဲ့အတိုင်းပါလေ
"ကျုပ်နဲ့ဘာဆိုင်လဲ သူလာတာနဲ့ "
"ရှင့်အကြောင်းလာတိုင်သွားတယ်လေ "
"ဘာ..ဘာတွေတိုင်သွားတာလဲ "
"ရှင် ဟိုဘက်ရွာကဝိုင်းသမားတွေနဲ့စကားပြောနေတယ်တဲ့ ရှင်နော် ရုတ်ရုတ်မလုပ်နဲ့ ခင်မာဦးတဲ့တစ်ဦးတည်းရှိတယ် သားတွေဒီအရွယ်ရောက်မှာလောင်းကစားပြန်လုပ်ရင် ရှင်ကျမနဲ့အတွေ့ပဲ "
ဟိုကောင်ပြောသလိုပါဘဲ ခြင်္သေ့က တခြားနေရာရောက်ရင်ကြောင်မဖြစ်ဘူးဆိုတာ သူ့အဖြစ်ကိုဘဲကြည့် သတင်းအစလေးပေးသွားသေးသည် ဆုံးသွားသည့်ပမာဏကိုလည်း ဘယ်လိုပြန်ရှာရပါ့မလဲ ခင်မာဦးသာပိုက်ဆံကိစ္စသိရင် ဖြစ်လာမည့်အခြေနေကိုလည်းမတွေးတက်
............
"ဘယ်လိုလဲ ဟိုကောင်သွားလိုက်လို့အိမ်ပြန်လာတာလား"
"ကျုပ်ဘာသာကျုပ် ပြန်လာချင်လာမယ်မလာချင်မလာဘူး ခများမွေးထားလို့ဆိုပြီးထိန်းချုပ်ဖို့မစဥ်းစားနဲ့ အခုလည်းကျုပ်အမေလာနှုတ်ဆက်တာ "
ထိုအရာက ပိုင်ထွေးဦးသူ့အကိုအိမ်စသွားသည့်နေကတည်းကတင်းမာခဲ့သည့်အခြေနေ
"ဩ ဒါနဲ့ကျုပ်အကိုတွေကအဆင်ပြေတယ် အကိုလည်းအလုပ်သွားတယ် ခများသိချင်မယ်ထင်လို့ပြောပြတာ ခများထင်သလို မရီးကပေါ့ပေါ့ပျက်ပျက်အတန်းစားထဲကမဟုတ်သလို ခများသားမှာလည်းတာဝန်ယူမှုတွေအများကြီးရှိတယ် ခများသေတဲ့ထိ သားဆိုတဲ့ခေါင်းစဥ်နဲ့ထိန်းချုပ်လို့ရမယ်ထင်လား လူတိုင်းမှာကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ် အခုကျုပ်သွားပြီးရင်ဘာခြေနေရောက်ရောက်ပြန်မလာဘူး ခများသေရင်တောင်မှပေါ့ အကိုတော့မပြောတက်ဘူးသားကြီးဆိုပြီးအသုဘတော့လာချပေးမယ်ထင်တယ် "
ဖောင်း~
"မင်းကကြာလေမိုက်ရိုင်းလာလေပဲ "
"ရှင်တော်စမ်း စကားနဲ့ပြောလေ လက်ပါစရာလား "
"မင်းသားမိုက်ရိုင်းနေတာကြည့် ငါလုပ်မှလူဖြစ်လာတဲ့ကောင်က"
"ခများကိုခေါ်ပါလို့ပြောဖူးသလား အိမ်ထောင့်တာဝန်တော့ကျေပါရဲ့ အဖေမေတ္တာရောကျေရဲ့လား ကိုယ့်ကိုကိုယ်ပြန်မေး"
"ခများကြီး ကျုပ်မရီးကိုလုပ်ထားတာတွေတစ်ခုမှမသိဘူးမထင်လိုက်နဲ့ "
"သား မင်းဘာတွေပြောနေတာလဲ "
"အမေမသိဘူးမလား အမေ့လင်ဦးပိုင်စိုးကလေ ကျုပ်မရီးအကို့စီကထွက်သွားအောင် အောက်တန်းကျတဲ့နည်းတွေနဲ့လုပ်တာ "
"ကိုပိုင်စိုး ရှင်ပြောစမ်းကျမသမက်ကိုရှင်ဘာတွေလုပ်ထားလဲ "
"........."
"ဟက် ခမျာမပြောရဲဘူးမလား ကနုတ်ဖော့ရွာကကျီးကန်းကို မရီးစီလွှတ်လိုက်တာ လမ်းဘေးဖာသည်နဲ့မြူစွယ်ခိုင်းတာယောင်္ကျားဖာတွေရော အကိုအထင်လွဲအောင်လေ မူဂျင်ကလူမိုက်နဲ့ ရိုက်ခိုင်းတာ အကိုအလုပ်သွားရင် မရီးစိတ်ခြောက်လှန့်ခိုင်းတဲ့ကောင်ပါမိထားတယ် "
"ကိုပိုင်စိုး ရှင် ရှင် ရှင့်သမက်ကမကြည်ဖြူတဲ့ထိ ရှင့်သားရဲ့အသက်လေ ရှင်မသိလို့လားဟမ်~ ဒီအကြောင်းကိုရှင့်သားသာသိရင် သွေးကြဲသွားလိမ့်မယ်ကိုပိုင်စိုး ရှင်တောင်မှကျမမိဘတွေကြည်ဖြူခဲ့လို့လား ရှင်လည်းကြိုးစားခဲ့ရတာပဲ ဒါကရှင့်သမက် ကိုယ်ချင်းစာမှပေါ့ရှင်"
"မတူဘူးကွ ငါကမျိုးပွားနိုင်တယ် သူတို့ကယောင်္ကျားချင်းမျိုးမပွားနိုင်ဘူး"
"ခများကြီးအကြောင်းပြချက်ကဒါလား "
"သား တော်ပြီအဝတ်လာယူတာမလား သွားအမေထုပ်ပေးမယ် "
"မရဘူး ကျုပ်ပြောစရာတွေရှိသေးတယ် "
"ပိုင်ထွေးဦး ခေါင်းမမာနဲ့ သားကြီးကအမေ့ရင်ခွင်ထဲကထွက်သွားပြီ သားပါထွက်သွားရင်အမေဘယ်လိုနေရမလဲ သားအဖေနဲ့မဆက်သွယ်ထိအမေကို့တော့ဆက်သွယ်မယ်မလား "
"အမေ့ကို ကျွန်တော်ရော အကိုရောမပစ်ထားပါဘူး"
"အေးပါကွယ် လာ တချို့ပဲယူသွားမလား မနက်ဖြန်သားအကိုကြီးခရီးသွားမှာဆိုအမေစားစရာတွေလုပ်ထားတယ် မင်းကိုကြီးကြိုက် ငါးခြောက်ကျွတ်ကျွတ်ကြော် သားအကြိုက် ဝက်သားအခြောက်ကြော်ပေးထားတယ် "
"ကျေးဇူးပါမေ ကျွန်တော်တို့ဘက်ရှိနေပေးလို့"
"မိဘဆိုတာသားသမီးတွက် တံတိုင်းပါကွယ် ပတ်ဝန်းကျင်ကရိုက်ခတ်လာတာကို မိဘကကာကွယ်ပေးရမှာတာဝန်ပဲ စိတ်မကောင်းစရာကတော့တနေ့ကြရင် အမေ့မြေးတွေကာကွယ်ပေးမဲ့သူတွေပေါ့ "
"အမေကဗျာ "
...........
''ဟယ်လို..... ဟိုတယ်ရောက်နေပြီ မရီးဗျ ကိုကြီးကရေချိုးနေတယ်"
"မရီးစကားနားထောင်တာပေါ့ လုံးဝထိတာမဟုတ်ဘူး"
"အဟမ်း ငါ့အကြောင်းမပြောလို့ရမလား "
"အကောင်းဘက်ကပြောပေးတာကို"
"တော် ရေသွားချိုးတော့ "
"ဘယ်လိုလဲ သွားဖို့ပြင်ပြီးပြီလား"
"အင်း အားလုံးလုပ်ထားပြီးပြီ ဦးရော အခုမှဟိုတယ်ရောက်တာလား"
"နဲနဲကြာပြီ မှေးခနဲဖြစ်သွားလို့မဆက်တာပ "
"ဦးအောင်မျိုးကဘာပြောသေးလဲ"
"သဘက်ခါအလုပ်ဆင်းရမှာ"
"အဲဆို မနက်ဖြန်ရောက်မှာလား"
"ညနေပိုင်းပေါ့ "
"ကျန်းမာရေးဂရုစိုက်ဟန် ပင်ပန်းရင်မလုပ်နဲ့ ကျွန်တော်တယောက်လုံးရှိနေတာပဲ "
"အွန်း "
"ကျွန်တော့်ကိုပြောစရာတစ်ခုခု မဟုတ်ရင်မှာစရာတစ်ခုခုများမရှိဘူးလား "
"မရှိဘူးလေ"
"ဒါဖြင့် ဖုန်းချ အရက်သောက်ဖို့ချိန်းထားတာရယ် "
ဆိုတာနှင့်ချက်ချင်းချသွားသည် ကလေးစိတ်မကုန်ဘူးပြောပြန်ရင်လည်းပြောအုံးမည် မှာချင်တာပေါ့ တစ်ခုပြီးတစ်ခုကိုတစ်သီတစ်တန်းကြီးမှာချင်တာ အရက်လျှော့သောက်ဖို့ရယ် ေဆးလိပ်လျှော့သောက်ဖို့ရယ် ကိုယ့်ကိုကိုယ့်ဂရုစိုက်ဖို့ရယ် အစားပုံမှန်စားဖို့ရယ် ညအိပ်ချိန်မကျော်ဖို့ရယ် နောက်ထပ်နောက်ထပ်မှာချင်တာတွေ အိမ်ထောင်ပြုလိုက်မှမလွတ်လပ်တော့ဘူးဆို့တဲ့အတွေးကို ၁၇နှစ်သား၉၉ပြားကောင်လေးစီဝင်ရောက်သွားမှာသိပ်စိုးရိမ်ပါသည်
အလုပ်သာဆင်းနေရတယ် စက်ကြိုးသာဆွဲနေရတယ် ရေထိုးနေရတယ် အလုပ်ကများပေမဲ့တစ်ခုမှစိတ်မပါ သူထွက်လာသည့်နေကဖုန်းတခါပြောဖြစ်ပေမဲ့ စိတ်ကောက်ချင်လို့မနက်ကျတော့ဖုန်းမဆက်
ညနေပိုင်းကျတော့လည်းမဆက်လာ
သူလည်းခရီးပန်းလာသည်ကြောင့် အလုပ်လုပ်မည့်နေရာရောက်သည်နှင့်ထမင်းပင်မစားနိုင်ရေချိုးပြီးတန်းအိပ်ပစ်လိုက်သည်
မနက်ကျတော့အလုပ်ဆင်းပြန် ဘာတစ်ခုမှစိတ်ပါမနေ ဒီချိန်ဆိုရန်ကုန်ရောက်နေလောက်ပြီထင်သည် အဆင်ပြေရဲ့လားသွားရလာရအဆင်ပြေရဲ့လားတော့သိချင်မိသား
"ဟေ့ရောင် စက်ခဲဆွဲဟ "
"ခဲညှပ်ရင် မနက်ဖြန်အလုပ်မဆင်းရပြီ"
"ကင်းကောင် ဘာဖြစ်နေတာလဲ စိတ်နဲ့လူနဲ့မကပ်ဘူး"
"အလုပ်ဆင်းမှမေးကြည့်"
ညနေအလုပ်ဆင်းပြီး အရက်ဝိုင်းတွင်ဖြစ်သည်
မထိုင်စဖူး လောပန် တဖြစ်သူတို့၏သူဋ္ဌေးလည်းပါဝင်လာသည်
"မနက်ကတည်းကကွာ လဒမှိုင်ကြီးနဲ့ မင်းပုံစံနဲ့ဆိုင်ရောင်းရင်ဝယ်သူရှိမှာမဟုတ်ဘူး "
"ေနမကောင်းတာလား "
"ကောင်းတယ် လောပန်း"
"ဒါဆို ဘာဖြစ်နေတာလဲပိုင်စိုးဦး "
"ငသက် မင်းလူကအသိသာကြီး လင်လွမ်းနေတာ ငါတုန်းကလဲအဲလိုပဲကွ ပြန်ချင်စိတ်တောင်ပေါက်တာ နောက်တော့နေသားကျသွားတာပါဘဲ"
"ထွေးဦး မင်းအစာဝါးကြည့်"
လေးထောင့်စားပွဲဝိုင်းတွင် ကျင်းသားနှင့်လောပန်းခြောက်ယောက် ထိပ်တွင်တစ်ယောက်စီ ပိုင်စိုးဦးတို့ညီအကိုကမျက်နှာချင်းဆိုင်အနေထားမှာ
လက်ဖက်သုပ်တစ်ဇွန်းကို များများလေးခပ်ပြီးအာစောင်တဖက်တွင်ဝါးလိုက်သည် ကျန်ငါးယောက်မှာငြိမ်နေ၍ကြည့်နေကြသည်
"ပါးလည်းမဖောင်းဘူးညန်း"
"လောပန်း ကန်တော့နော် ဒေါက်လ်!"
ပိုင်စိုးဦးနဘေး စားပွဲထိပ်တွင်ထိုင်နေသည့်လောပန်းကို တချက်ကန်တော့လိုက်ပြီး ဟိုဘက်ကနေခေါင်းကိုလှမ်းခေါက်သည်
"ရူးတာ ကောင်းကောင်းမရူးဘူး "
"ဟိုကနူးနူးညံ့ညံ့ကလေး ဒီဟာတွေနဲ့တူတာမဟုတ်ဘူး"
"ကင်းကောင် ငါပြောပြမယ် မင်းအဲလောက်သတိရနေရင် ဖုန်းဆက်ပေါ့ခက်တာမှတ်လို့ အတူတူနေပြီးမှရုတ်တရက်ဆိုသလိုခွဲရတော့ လွမ်းတယ်ဆိုတာငါနားလည်တယ် အခုကစာပေးစာယူခေတ်မဟုတ်ဘူး ဟလိုဆိုတာဘာဆိုတာသိပြီ မျက်နှာလေးမြင်ချင်သပဆိုလည်းရတယ် မင်းမှာဖုန်းမရှိပေမဲ့ မင်းညီမှာရှိသားပဲဆက်လိုက်ပေါ့ "
"သူမဆက်ရဲဘူး "
"ဘာလို့လဲ"
"မဆက်ချင်တာပ "
2 minutes later
"ဖုန်းပေး"
"မဆက်ချင်တာလဲမဟုတ် အိုက်တင်ခံနေတယ်"
တီး...တီလ်....တီလ်....
"မကိုင်ဘူးလား"
"ထပ်ခေါ်ကြည့်လိုက်မယ်"
တီးလ်
"ဦး "
*ဟယ်လိုက အရင်မလာဘူး ဦးကအရင်လာတယ်*
"အင်း ဘာလို့ဖုန်းမကိုင်တာလဲ "
"ရေချိုးနေလို့ "
"အခုမှလား ၇နာရီကျော်မှရေချိုးရအောင်ဘာလုပ်နေလဲခများက"
"အလုပ်ရှာနေတာ စောစောပြန်လာတာပဲ ဈေးဝင်နေလို့ကြာနေတာ ဦးရောဘာလုပ်နေတာ"
"အရက်သောက်နေတာ ကျုပ်မှဖုန်းမဆက်ရင် ခများဆက်မဲ့ပုံလည်းမပေါ်ဘူး"
"စိတ်ကောက်နေတာလား "
"စိတ်ကောက်ရအောင် ကျုပ်ကကလေးလား"
*ကလေးမဟုတ်ပါဘူး ကျပ်ပဲမပြည့်တာ*
"ဟုတ်ပါပြီ ဆက်ချင်တာပေါ့ ဦးကအားလားမအားလားမှမသိဘဲ အလုပ်ပြီးရင်အရက်သောက်တော့မယ်ဆိုတာသိတယ်လေ မနှောင့်ယှက်ချင်တော့လို့ "
"ရပြီ နောက်တခါကျုပ်ပဲဆက်မယ် "
"အွန်း "
"အလုပ်ကဘယ်လိုလဲ နေရာရောအဆင်ပြေလား"
"အင်းပြေတယ် အဆောင်ကကျောက်မြောင်းထဲမှာ အလုပ်ကတော့အဝတ်ရောင်းရမှာ"
"အဆောင် "
"အင်းလေ "
"ယောင်္ကျားလေးသီးသန့်အဆောင်လား"
"အင်းလေ "
"ဟာ အဆောင်တော့မဖြစ်ဘူးနော် ခများကလိင်တူဆိုတာသိသွားရင်ဘယ်လိုလုပ်မလဲ ပြီးတော့နှိမ်ချဆက်ဆံရင်ရော"
"ဟန်က.."
"ဟန်ကယောင်္ကျားလေး ကာကွယ်နိုင်တယ် ပြောမလို့လားဓာတ်ပြားဟောင်းလာမဖွင့်နဲ့"
"အဆောင်မှာမနေလို့ဘယ်မှာနေမလဲပြောပါအုံး လစာနှစ်ပဲခြောက်ပြားကို တိုက်ခန်းငှားတာနဲ့ကုန်မှာ"
"အလုပ်ကဘယ်နေရာမှာလဲ "
"ရန်ကင်း"
"ဒီလိုလုပ်ပါလား "
"ဘယ်လိုမျိုးလဲ ဦးအောင်မျိုး"
"ကြားမှတ်တိုင်နားမှာ The Garden house Codo ရှိတယ် အဲမှာ အထွန်းကွန်ဒိုတစ်ခန်းရှိတယ် အဲမှာသွားနေမလား"
"ဘယ်လိုဖြစ်မလဲ လောပန်းရ"
"အေးလေ ကွန်ဒိုကဈေးအများကြီးပေးရမှာ"
"ငါပြောချင်တာအဲလိုမဟုတ်ဘူး ခြံစောင့်ကိုသိတယ်မလား အိမ်နဲ့ခြံကိုစောင့်ရှောက်ပေးရတာလေ အခုလည်းကွန်ဒိုကိုစောင့်ရှောက်ပေးပေါ့ အထွန်းစီကကြေးတောင်ရအုံးမှာ "
"ဘယ်လိုလဲ ကျုပ်တော့သဘောကျတယ် ခများအလုပ်ကရော "
"The Garden နဲ့ဆို တစ်မှတ်တိုင်လောက်ပဲခြားတယ်အလုပ်က The Hight Club Closses မှာ"
"အဲဆိုပိုဆင်ပြေတာပေါ့ "
"ဘယ်လိုလဲနေမလား "
"ဟုတ်ကဲ့ဦးအောင်မျိုး "
"အဲဆို ငါအထွန်းကိုပြောလိုက်မယ် "
"ကျုပ်ကိုမှာစရာရှိသေးလား"
*အပိုတွေလုပ်နေတယ် *
"အရက်တွေသိပ်မသောက်နဲ့ "
"အွန်း ဖုန်းချလိုက်တော့ "
ဖုန်းချပြီး တစ်နာရီကြာ နံပါတ်စိမ်းတစ်လုံးဝင်လာသည် ထိုသူက ဦးအောင်မျိုး၏ညီ အထွန်း သူ့အဖြစ်ကိုပြောရရင်ကွန်ဒိုစောင့်ပေါ့ စောက်ရှောက်ခတစ်သိန်းခွဲရသေးသည် ဒီခေတ်ကြီးနဲ့တစ်သိန်းခွဲကဘာမှလုပ်လို့မရဘူးပေမဲ့အဆောင်လခပေးကုန်မှာထက် တစ်သိန်းခွဲရတာကအများကြီးကောင်းသည် နောက်ပြီး အလုပ်က ၃သိန်း ေတာ်ဝင်အကယ်ဒမီနာမည်ရ ရန်ကုန်_ပေါကံ ကားအသေးစားဝန်ဆောင်မှုတွင်လည်း စာရင်းကိုင်လုပ်ခက ၃သိန်းရသေးသည် ဦးနှင့်လည်းတနေ့ခြားဖုန်းပြောဖြစ်သည် ၇သိန်းခွဲကိုရေခမီးခ စားသောက်စရိတ်နှုတ်ပြီးခြောက်သိန်းကိုစုထားလိုက်သည်
( upများသွားလို့ မကောက်ကြပါနဲ့ လိုင်းကအမြဲပြတ်နေတာ ရတုန်းကတင်ရတာမို့လို့ပါ )
........................................................................
[text_hash] => e31c73f5
)
What do you think?