Chapter 30: 28

Array
(
[text] =>

ဘာလိုလိုနဲ့အချိန်ဟာ နှစ်လခန့်ကုန်လွန်ခဲ့ပြီး ဒီနေ့တွင် ဦးတို့ကျင်းတစ်ကျင်းပြီးစာရင်းရှင်းသောနေ့ဖြစ်သည် သူလည်းတနင်္ဂနွေဖြစ်သောကြောင့် တနေ့လုံး အိမ်၌အားလပ်ရက်အပြည့်ဝယူရင်း ဦးစီဖုန်းဆက်ဖို့ပြင်သည်

"ခများ ဘိုးတော်ကိုပိုက်ဆံလွှဲလိုက်တာလား "

"အင်း ဦးသုံးရတာလျော့နေမှာစိုးလို့ "

"ကျုပ်ဖုန်းဝယ်လိုက်ပြီ ဈေးအများကြီးထဲကတော့မဟုတ်ဘူး "

"ကောင်းတာပေါ့ ဖုန်းပြောရင် ထွေးဦးဖုန်းနဲ့ဘဲပြောနေရတာ အားနာစရာ  အခုတော့ကိုယ့်ဘာသာကိုယ်လွတ်လပ်ပြောလို့ရပြီ"

"ကျေးဇူးတင်ပါတယ် ကျုပ်အကြွေးတွေဝိုင်းဆပ်ပေးလို့"

"မဟုတ်တာဦးရယ် ဦးနဲ့ဟန်ကလင်မယားတွေလေ ပြီးတော့အဲပိုက်ဆံကဦးတယောက်တည်းသုံးထားတာမဟုတ်ဘူး ဟန်နဲ့လည်းသက်ဆိုင်တယ် နဲသည်များသည်မဟုတ်ဘဲဟန်ကဝိုင်းဆပ်ပေးချင်တာ"

"ဖုန်းကလေ ထွေးဦးဝယ်ပေးထားတာ "

"ဟာ.. ဦးကလည်း ဘာလို့ဝယ်ခိုင်းတာလည်း ဦးလည်းပိုက်ဆံရသားပဲကို"

"ကျုပ်ကတားတာပဲ သူ့မှာအသုံးမလိုသေးလို့ ကိုကြီးပဲသုံးလိုက်ပြောလို့ ဝယ်လိုက်တာ ကျုပ်ရတဲ့၃၀ကလည်း အကုန်ဆပ်လိုက်ပြီ "

"အကုန်ဆပ်လိုက်တော့ ဦးကကြားထဲဘယ်လိုသုံးမလဲ "

"ဒီလိုပဲ ရှာကြံရမှာပဲ"

"အစားရောပုံမှန်စားရဲ့လား"

"ဗြောင်းပြန်တွေ ကျင်းအကြောင်းသိရဲ့သားရဲ့ နေ့လယ်ပြီးတဲ့ချိန်ကအမှန်ဘဲ အလွန်ဆုံးရှိ ၁၂ခွဲ"

"အကြွေးကလေ တခြားမှာယူထားသေးလား "

"ဘိုးတော်စီမှာဘဲရှိတယ် ခများတစ်ခုပြောမလို့ ဒီတခါကျင်းဆင်းရင်တစ်လလောက်ပဲကြာမှာ ပြီးတာနဲ့တောတန်းသွားမလို့ "

"တောတန်းမှာမြေရှိသေးလို့လား "

"ဘိုးတော်ရဲ့အနှောင်းစီ "

"အပျိုကြီးသိရင် ပါးရိုက်တော့မယ် "

"ရိုက်ရင်တော့ခံရမှာပေါ့ အလယ်သွားမလို့ ပြီးရင်သင်္ကြန်လွန်ပြီးသုံးရက်လောက်ထိ နားပေးမယ်ပြောမယ် "

"ကောင်းသားပဲ ဟန်လည်းသင်္ကြန်တွင်းခွင့်တိုင်ထားတယ် "

"ရော......ရော့..အခုမှနှစ်လပိုင်းကုန်ပဲရှိသေးတယ် ခများသူဋ္ဌေးတော့ပွတော့မယ် "

"ရက်နားနီးမှပြောရင်မရမှာစိုးလို့ အခုကတည်းကကြိုပြော ခွင့်မပေးချင်လဲ ဇွဲကောင်းလို့ငဲ့လိုငဲ့ညားပါလေ "

"တကယ်လို့ ခွင့်ရရင်ဦးစီလာမှာနော် "

"မင်းသဘော "

"..........."

"............"

"အွန်း ဘိုင်းဘိုင်"

..........

"ဖုန်းရပြီးရင်လည်း ကိုယ့်ဖုန်းနဲ့ကိုယ်ဆက်လေမောင်"

"လုပ်စရာတွေရှိသေးတယ်ကွ"

"မင်းအကို ဖုန်းဝယ်ပေးတာမှားတယ်လို့နောင်တမရဘူးလား"

"ဘာလို့လဲ ဦးသက် "

"မင်းကောင်က တန်ဖိုးထားရကောင်းမှန်းသိတာမဟုတ်ဘူး ရိုက်ခွဲလိုခွဲ ဂလုံးဂလုံးဝိုင်းမှာပေါင်လိုပေါင် ရောင်းလိုရောင်း မျိုးစုံလုပ်တဲ့ကောင် မနေ့ကတည်းကငါမေးနေတာ ဘယ်လောက်တန်ဝယ်ခဲ့လဲ့လို့ တစက်မှမဖြေဘူး "

(ဂလုံးဂလုံး :     :ဆင် မြင်း ကြက် ဒေါင်းပုံများကိုကြိုက်နှစ်သက်ရာအကောင်ကိုပိုက်ဆံထိုးပြီး ကြိုးနှင့်ဆွဲချသည့်ကစားနည်း)

"ဘယ်လောက်မှမဟုတ်ပါဘူး ၇သိန်းတန်လေးပဲ "

"မင်းတို့ကောင်တွေကွာ လုပ်ချင်သလိုကိုလုပ်နေကြတော့တာပဲ ဟိုကောင်ကဘယ်ပျောက်သွားပြန်တာလဲ "

စကားပြောရင်ပျောက်သွားသည့်အကိုအားလိုက်ရှာရအောင် ကလေးမှမဟုတ်ဘဲလေ ဘယ်သွားမယ် ဘယ်လာမယ်ဆိုတာလွတ်လပ်ခွင့် သိလည်းမသိ၍ပုခုံးတွန့်ပြယုံမှအပ မတက်နိုင်

ထမင်းချက်ရော ကျင်းရောဆင်းရသည့်အတွက် သူ့တွက်ကပိုပင်ပန်းရသည် လခများနေပြန်တော့လည်း လခရသည့်အချိန်ပင်ပန်းသမျှပျောက်

"အရက်သောက်လစ်ပြီပေါ့ "

"စောက်ပိုက်ဆံကမရှိ ခွေးမသောက်တဲ့အရည်တွေသောက် ပြီးရင်အကြွေးတင် ဒါနဲ့ဘဲချလပတ်ရမ်း​ေနကြတယ်"

"ဦးသက် ဦးသက်ကလေကြာလေမိန်းမနဲ့တူလာလေပဲသိလား အခုကိုကြီးမှာပိုက်ဆံမရှိဘူးအကြွေးတွေတင်နေတယ် မရီးကလည်းခုနလေးတင်ဘိုးတော်ကိုအကြွေးလွှဲထားသေးသည် ပြီးတော့ကျုပ်ကိုဝယ်သမျှချမ်းသမျှ သောက်သမျှ စားသမျှကို ကျုပ်ပဲရှင်းပေးတာ ဘာလို့လဲသိလား ကျုပ်အကိုမို့လို့ ရှင်းလား"

ပြောချင်ရာပြောပြီးထွက်သွားသည့်သူကိုကြည့်ကာခေါင်းတခါခါ

"လူငယ်ဆိုတော့ကွာ အနာဂတ်လည်းသိပ်မရှိတော့ မစဥ်းစားတက်သေးဘူးငသက်ရ"

"မဟုတ်ဘူးဦးအောင်မျိုး ပိုင်ထွေးဦးကသူ့အကိုတွက်ဆိုရင် အမြဲတမ်းရှိနေရမယ်ဆိုတဲ့ဆောင်ပုဒ်ကိုလက်ကိုင်ထားတဲ့သူ သူ့အကိုဘယ်လောက်မှားနေပါစေသူလည်းမှားတာဘဲ အဓိကသူ့အကိုဖြစ်နေလို့"

"ညီအကိုတွေ အဲလိုစိတ်ဓာတ်ရှိတာတော့သဘောကျတယ်"

"စကားမစပ် ဦးအောင်မျိုး ဆက်ဟန်ကအကြွေးလွှဲတယ်ဆိုတာဘာလဲ"

"6သိန်းလွှဲလိုက်တာလေ ကင်းကောင်ကိုကူဆပ်ပေးတာတဲ့"

"ဪ လိုက်လဲလိုက်ပမောင်"

"ကဲ ငသက်ရေ အာမွှေးလေးဆွတ်အုံးမယ်ကွ "

ဝမ်းသာအားရပြောသွားသောလောပန်းကိုကြည့်ပြီးသံဝေဂရချင်ချင် ကိုယ်ကိုတိုင်ကအရက်ဆိုင်ထိုင်ထားမှတော့ လက်အောက်ငယ်သားတွေနားထောင်ပါလိမ့်မယ် အားကြီး

လတွေသာတစ်လပြီးတစ်လဖြစ်လာပြီး သင်္ကြန်လတောင်ရောက်လုလု ပိတောက်ပန်းတချို့ဝေဆာဖို့ မိုးဦးလေးတွေပက်ဖြန်းနေပြီး လွမ်းဆွေးဖို့ကောင်းသလို နေ့လယ်ကတည်းကထွက်သွားသည့်တိုင် မိုးချုပ်ပင်ပြန်မလာသည့်အကိုကြောင့် စိတ်ပူရပြန်ပါသည် အရက်မူးလွန်ပြီးလဲနေသလား အခုချိန်ထိကလေးတွေနှင့်ကစားနေသလား ဘယ်ဘိလပ်ခုံရောက်နေသလဲတွေးရင်း ကလေးရိုက်သလိုဖင်ကိုခပ်ဆပ်ဆပ်လေး ရိုက်ပစ်ချင်လာသည်

"အေ့! "

တွေးရင်း မျက်စိရှေ့မှောက် လေကျော့လာသည့်အကိုကို တွေ့ကရာနဲ့ကောက်ထုပစ်ချင်လာသည်

"ပြန်လာသေးတာဘဲ အရက်မူးလွန်ပြီးကျင်းထဲကျပြီထင်တာ"

"မင်းနော် ပွစိပွစိနဲ့ ဟန်တောင် ငါအိမ်ပြန်နောက်ကျရင် ဘာမှမပြောဘူး "

"ဪ~ အရက်တောင်ဗူးတဝက်မဝင်သေးဘူး ဟန်မျှော်နေလိမ့်မယ်ဆိုပြီးပြန်ပြေးတာဘယ်ကောင်လဲ"

"ငါဟေ့! ငါ ဘာလို့စောင့်နေတာလဲ မင်းအကိုငါကကလေးမဟုတ်ဘူး "

"ကလေးမဟုတ်လို့ကိုစိတ်ပူနေရတာ ကျုပ်အသက်က၁၅နော် ခေါင်းပူလွန်းလို့ဆံပင်ဖြူတောင်ထွက်ကုန်ပြီ ပုံစံကိုကလင်သေလို့မှိုင်နေတဲ့ရုပ်"

"ဖွ လွဲပါစေ ​ဖယ်ပါစေ ဘာတွေပြောနေတာလဲ နမိတ်မရှိနမာမရှိ အဆက်သွယ်ကမရတဲ့ထဲ "

"ဟမ်~ မရီးနဲ့ဆက်သွယ်မရဘူးလား "

"အင်း "

"ဒါများ မင်းဆက်လိုက်လဲရသပ "

"မဆက်ပဲနေမလား သင်္ကြန်လထဲရောက်နေပြီး ဘယ်ချိန်လာမလဲမေးဖို့ကို စက်ပိတ်ထားတယ်ကြီးအော်နေတာ "

"ကြားထဲမှာမပြောဘူးလား "

"မင်းဖုန်းနဲ့ဆက်တဲ့အခေါက်က နောက်ဆုံးပဲ "

"အံ့ဪလိုက်တာမောင် ကြားထဲဖုန်းမဆက်ပဲနေနိုင်ကြတယ်ပေါ့ "

"ဖုန်းဆက်လည်းကွာ နေကောင်လား အလုပ်ဆင်ပြေလား ထမင်းစားပြီးလား မေးပြီးရင် ငါဘာပြောရမှန်းမသိတော့ဘူး ပြီးတော့ငါ့အလုပ်ကြောင်းပြောပြမယ်ဒါပဲ ရှိတာကို မဆက်တော့ဘူးပေါ့ အခုဟာက လာမယ်ပြောထားပြီးသတင်းလဲမလာ စာလည်းမရေး ဖုန်းဆက်တော့လည်းစိတ်ပိတ်ထားတယ်ကြီး အော်နေတာ "

"ဖုန်းအားကုန်နေလို့လည်းဖြစ်နိုင်တာပဲ ထပ်ဆက်ကြည့်ပေါ့ "

"ငါမနက်ကတည်းကဆက်နေတာ အခုထိပဲ ရွာလည်းဆက်ပြီးပြီး "

"ဘာတဲ့လဲ"

"မလာဘူးတဲ့"

"ကဒ်ပြောင်းလိုက်တာများလား "

"မသိဘူးကွာ ငါအိပ်ချင်နေပြီ "

"အင်းသွားအိပ်တော့ ဟမ်~ မဟုတ်ဘူးလေဟေ့ရောင်အကို ရေချိုးအုံးလေ "

"မချိုးဘူး "

"မင်း ညစ်ပတ် တနေ့ကုန်အလေလိုက်နေပြီးရေမချိုးလို့တော့မရဘူးနော် ဟေ့ရောင်ငါပြောတာကြားလား"

"မကြားဘူး ဟင်းကဘယ်မလဲဟိုကောင် "

"ရေချိုးဖို့သာပျင်းတာ ထမင်းစားဖို့ကြမပျင်းဘူး "

ဟင်းအားလိုက်မရှာဘဲ စားပွဲမှာလက်ဆေးပြီးထိုင်စောင့်နေသူကြောင့် ထမင်းခူးခပ်ပေးပြီး ဟင်းချပေးဖို့ပြင်ရတော့သည်

"အိမ်ပြင်ကနေအိမ်ထဲဝင်တာ အဲလောက်ကြာရလား ကြည့် ငါ့လက်ရေတောင်ခြောက်သွားပြီ "

"ငပိရည်နဲ့မစားချင်ရင်တိတ်တိတ်နေ "

စားပွဲပေါ်မှာအဆင့်သင့်ရှိတာကလည်းငပိရည်ကျိုမို့ ပါးစပ်ကလေးဇစ်ပိတ်သလိုနေလိုက်ရသည်

6:30pm

"အားရိုးညောင်းကိုက်နေတာပဲဟေ့ တပဲ့တခွက်ကစ်ဖို့လစ်စို့ ငဟိန်း ဘီလူး ထွေးဦး ကင်းကောင် ငလုံးကော"

"မလိုက်တော့ဘူးဦးနိုင်ဝင်း ဂိမ်းတိုက်ဖို့ချိန်းထားတယ် "

"ဟိုကောင်ငလုံး မင်းရော "

"ကျုပ်မှအရက်မသောက်တက်တာ ငဟိန်းနဲ့ဂိမ်းတိုက်ရင်းနေခဲ့မှာ "

"ထွေးဦး မင်းအကိုကရော"

"ညနေကတည်းကအိပ်ပျော်သွားပြီလေ"

"အဲတော့လိုက်မယ်မလား "

"ဟင့်အင့် ကိစ္စလေးတစ်ခုရှိလို့မူးနေလို့မဖြစ်ဘူး "

"ကဲဘီလူးရေ မင်းနဲ့ငါဘဲရှိတော့တယ် "

"ကျုပ်ကဘယ်နားကျန်ခဲ့တာလဲ "

"ဟာ~ ဦးမိုးရွှေ အရက်ဖြတ်ထားတာဆို "

"မင်းကိုဘယ်သူပြောလဲ"

"ကိုထွန်း "

"မိုးရွှေဆိုတဲ့ငါ့ဘဝမှာ အရက်ဖြတ်တယ်ဆိုတာဟာသတစ်ခုဘဲ ကဲသွားစို့ "

အရက်သမားတစ်စုထွက်သွားပြီးသူလည်း အိမ်ထဲဝင်ပြီးတံခါးတွေသေချာပိတ်မပိတ်လိုက်စစ်ဆေးလိုက်သည် ဟိုအရက်သမားအုပ်စုကပြန်လာဖို့မသေချာ ပြန်လာလျှင်လည်း ကျင်းထဲဆင်းအိပ်လိုက်မည်

🍃🍃🍃🍃🍃

6:00am

"အင်း....ငါလွမ်းနေတဲ့ရွှေပြည်နန်းအနံ့ကလေး "

မျက်လုံးကမဖွင့် နှာခေါင်းကတရှုံ့ရှုံ့လိုက်နမ်းနေပြီး ပါးစပ်ကလဲထုတ်ပြောနေသေးသည်

"Vasaline အနံ့ ငါလိုး ပိုင်ထွေးဦး မင်းငါ့ဟာတွေခိုးလိမ်းပြန်ပြီလား"

"မျက်လုံးဖြဲကြည့် "

"နားရက်ရပြီလေမောင် ဆက်အိပ်အုံးမှာ "

*တော်တော်ကို မွှန်နေတာပဲ *

"မင်းကိုယ်လုံးက အိလာသလားလို့ "

"ဦး"

ဟန်ခေါ်လိုက်ချိန်တွင် ခန္ဓာကိုယ်ပါထပြီးသားဖြစ်သွားသည် မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်နေပုံကမယုံသေးသည့်ပုံ

"မင်း တကယ်ဆက်ဟန်ပါနော် ကျုပ်ညကအရက်မသောက်ပါဘူး"

"ဦးအမူးလွန်နေတာမဟုတ်ဘူး ဦးလင်ဆက်ဟန်မှ ဆက်ဟန်အစစ်"

အစစ်ဆိုတာနဲ့အိုစာသွားသည့်မျက်နှာက မိန်းမဆိုရင်စုန်းမပဲ

"ဘာဖြစ်တာလဲမပျော်ဘူးလား"

"အဆက်သွယ်မလုပ်ဘဲပစ်ထားပြီး အခုမှ ရုတ်တရက်တွေ့ရတော့ ဘာပြောရမှန်းမသိတော့လို့"

"စပရိုက်ဖြစ်အောင်လို့ လုပ်ထားတာဘယ်လိုလဲ မိုက်လား"

"အင်း ဒါနဲ့ဘယ်ကတည်းကရောက်နေတာလဲ ဘယ်ကောင်တံခါးဖွင့်ပေးတာလဲ"

"ညနေကတည်းက အောက်ထပ်မှာအိပ်နေတာ ၁၀နါရီလောက်ကျတော့ ဦးစီမှာလာအိပ်တာ ဟီး.. ဦးကအခုလိုတင်းနေအောင်ဖက်ထားလို့ အသက်ရူရနဲနဲတော့ကျပ်ပေမဲ့လည်းပေါ့"

ထိုအခါမှ ဖက်ထားတာလွှတ်ချလိုက်ပြီး သူမြတ်နိုးရသည့်မျက်နှာလေးထောင့်ကလေးဟာ အနီရောင်ဘက်ပြောင်းသွားသည်

"ဦးကပုတ်သင်ညိုများလား အရောင်ပြောင်းနိုင်တယ်"

"တော်!.....တော်!.."

ဦးထသွားမှအိပ်ယာသိမ်းပေးပြီး လျှော်ရန်အဝတ်စားတွေကိုပါတစ်ခါတည်း အောက်သို့သယ်လာရသည်

မကြာပါ ရေတွင်း၌ဆူညံသံတစ်ချို့ကြားရတော့သည်

"မရီးက မပြောနဲ့ဆို့လို့မပြောတာကို"

"အော် မင်းမရီးကအကိုလား ငါကအကိုလား "

"မရောနဲ့ဟေ့ရောင် အကိုကအကို မရီးကမရီးတခြားစီ ဒါနဲ့မနေ့ညနေ့ကမင်းပြောတာ ကျုပ်တကယ်ရီချင်တယ်သိလား ဖွ လွဲပါစေဖယ်ပါစေ ဖွ"

ဒေါက်!

"အာ့! မသာနာတယ်ဟ သူ့ခေါင်းမဟုတ်တဲ့တိုင်း "

"မင်းငါ့ကိုကြိုပြောလေ အခုတော့ဟိုကောင်တွေငါလဒမှိုင်ကြောင်း ဟန်ကိုသွားပြောရင်ဘယ်လိုလုပ်မလဲ"

"ကိုယ့်ဘာသာကိုယ့်စဥ်းစားပေါ့ "

"ငါမသိလို့မေးနေတာပ"

"မင်းကို ဘာလို့တခြားသူတွေ ၉၉ပြားလို့ခေါ်လဲသိလား"

"ပေါတောတောနေလို့လား မဟုတ်ရင် ကလေးတွေနဲ့ကစားတုန်းမို့လို့"

"အဖြေကအဲဒါကဲ မင်းဘား...မှမသိတာရေရှည်ကိုကြည့် စဥ်းစားတွေးခေါ်နော် ကိစ္စတစ်ခုကိုခေါင်းထဲထည့်တွေး "

"အဲဆိုငါမေးမယ်နော် ကဲငါ့နေရာမှာဆိုရင်ရောမင်းဘယ်လိုဖြေရှင်းမလဲ "

"လွယ်လွယ်လေး ပိုက်ဆံမရှိလို့မှိုင်နေတာညန်းပြောလိုက်မှာ"

"ဪအဲလိုပြောတော့ ငါကဘယ်သောအခါမှလက်ထဲပိုက်ဆံမရှိတဲ့အကောင်လေ တကယ်​နော် လုပ်သတ်ချင်တာမှ လက်ကိုယားနေတာပဲ "

"အမေ့ကိုလွမ်းလို့ ပြောရင်ရော "

"အမေနဲ့စကားပြောနေရမယ် အဆက်သွယ်ရမယ် ကြောက်လို့ဖုန်းတောင်ဝယ်မကိုင်တဲ့ငါကလေ ဒေါက်!"

"အာ့! ငါ့ခေါင်းအားလူးသီးဖြစ်တော့မယ် တော်တော့ တစ်ခုမှလည်းမရှိဘူး မင်းရောဘယ်လိုပြောမလဲ "

"ငါလား မပြောဘူး "

ညီအကိုနှစ်ယောက်အကြိတ်နယ်ဆွေးနွေးနေတုန်း ဟန်အနောက်ရောက်နေတာကိုပင်မသိ

"လွယ်ပါတယ် ဦးရယ် ဟန်ကိုဖုန်းဆက်မရလို့ပြောလိုက်ပေါ့ "

"ကောင်းသားဘဲ ဟမ်~ မဟုတ်ဘူးလေ "

"ဟုတ်တယ်လေ "

"ဘာကိုဟုတ်တာလဲဟေ့ရောင် "

"ဟုတ်တယ်ဆိုတာမဟုတ်ဘူး ဟာရှုပ်ကုန်ပြီ ကျုပ်ပြောတာက ကိုကြီးပြောတဲ့မဟုတ်ဘူးဆိုတာဟုတ်တယ်ပြောတာ"

"တော်ပါတော့ကွာ ငါသိပါတယ် အခုမျက်နှာသစ်ပြီးပြီလားသွားတော့ နှစ်ယောက်စလုံး"

"​ဟေ့ရောင်မင်းသွားတော့ "

"မယ်လေး သွားမှာဒီလင်နှစ်ယားကြားတော့မနေနိုင်ပေါင်"

"ငါတို့ကြားမှာလဲမနေခိုင်းပါဘူး သွားစမ်းကွာမင်းမလဲလူငယ်မဟုတ်တဲ့တိုင်း မသွက်မလပ်နဲ့ "

"မရီးကြောင့်မို့လို့သီးခံနေတာနော် မဟုတ်လို့ကတော့ဟင်းဟင်းပဲ"

"လုပ်ရဲလုပ်ကြည့်လိုက်စမ်း မင်းတချက်ငါနှစ်ချက်ပဲ"

"ဦး တော်လို့မရသေးဘူးလား ထွေးဦးမင်းလဲသွားလိုက်တော့ ဦးရော"

"ကျုပ်မလိုက်ဘူး ဘာလဲမနက်စောစီးခများကအဝတ်လျှော်တော့မှာလား နားနားနေနေနေမှပေါ့ "

"စိမ်ထားမလို့ နေ့လယ်မှလျှော်မယ်လေ မနက်ဖြန်သင်္ကြန်အကြိုရေခံထွက်မယ်မလား အဝတ်စားပိုမရှိဘဲနေလိမ့်မယ် "

"ဟုတ်ကဲ့ပါဗျာ ဝတ်စရာလည်းဒါအကုန်ပဲ ကျန်တာတွေကယားဘူးမှာ "

"အဲဆို ဒီကနေ ယားဘူးတစ်ခါတည်းသွားရင်းရေခံမှာ အဲလိုလား "

"အင်း ကားတောင်ငှားပြီးပ "

"ဟန်ဈေးကားမှာ မုန့်ဝယ်ပေးထားတယ် ထွေးဦးတောင်စားပြီးနေလောက်ပြီ သွားစို့"

"အင်း"

လင်နှစ်ယောက်မနက်စာအတူစား ဟိုကြောင်းပြောဒီကြောင်းပြောနှင့် ထမင်းစားနားချိန်ဖြစ်သည် ၁၂နာရီသို့ညွှန်နေချေပြီ

"ထွေးဦး လက်ရာတိုးတက်လာပြီ"

"ဒါပေါ့ မရီးလာမှာဆိုလို့အရသာမှုန့်တွေရှယ်ထည့်ပေးထားတာ "

"ကျန်နေတွေကရော"

"အသီးရွက်ကြော်တဲ့နေ့ကြရင်တော့အရသာရှိပါရဲ့ အသားချက်တဲ့နေ့ဆို လွှင့်ပစ်ရလွန်းလို့လောပန်ကလျှော့ထည့်ခိုင်းထားတယ် ပိုက်ဆံပါသက်သာအောင်လို့ "

"ဘယ်လိုသက်သာအောင်လဲ"

"( 1 ) သွေးမတိုးဘူး

( 2 )  အရက်ဖိုးပိုက်ဆံပိုမကုန်ဘူး

( 3) အသားတွေပစ်စလက်ခက်မဖြစ်ဘူး အဲဒါပဲ"

"အဲလိုဆိုတော့ ကောင်းသားပဲ"

"ဘာကောင်းတာ မကောင်းဘူး "

တောတန်းရွာတွင်တည်းခဲ့သော အမေအိမ်မှာတည်းနေသည်မှာ ဒီနေ့နဲ့ဆိုလေးရက်မြောက်သည် ရောက်ကတည်းက ယောက်ခမအိမ်ခြေဦးမလှည့်မိသေး

နေသည့်အိမ်ကနှစ်ထပ်ကို အောက်ကကြွေပြားခင်းထားသည်မို့အေးသည် လေပူတချို့ဝင်လာရင်တော့ ကြွေပြားအအေးဒဏ်လည်းမခံနိုင် ရာသီဥတုကဆောင်းကုန်လို့နွေပေါက်ပြီမလား နေ့လယ်ပိုင်းမုန့်လက်ဆောင်းသည် လာတက်သည်မို့ အိမ်ရှေ့ဗံဒါပင်၌ဂိမ်းဆော့ရင်းနှစ်ယောက်  လှေကထစ်မှာတယောက် လှေကထစ်ဘေးကတမံတလင်းမှာတယောက် အိမ်အောက်ထပ်ဝင်သည့်အပေါက် ဝတွင်ပိုင်စိုးဦးက ကြွေပြားတွင်ဖြစ်ပြီး ခေတ်ဆက်သာဟန်က ပိုင်စိုးဦး၏အနောက်ဘက်ကုလားထိုင်တွင်ဖြစ်သည် ပုံစံကိုမြင်အောင်ကြည့်ရမည်ဆိုလျှင် ခေတ်ဆက်သာဟန်ကကုလားထိုင်တွင်ထိုင်နေပြီး ပိုင်စိုးဦးကခေတ်ဆက်သာဟန်ခြေထောက်ထဲတွင်ဝင်ထိုင်နေပြီး ဆက်ဟန်ပေါင်ပေါ်ခေါင်းတင်ထားသည်

"အလုပ်ကပြောရအဆင်ပြေတယ်မလား "

"ဟင့်အင့် လုပ်လအရမ်းနည်းတယ်ဒီဘက်ခေတ်ကြီးနဲ့သုံးသိန်းကဘာမှလုပ်လို့မရဘူး "

~မုန့်လက်ဆောင်း  ရွှေရင်အေး နွေပူပူမှာရင်အေးစေမဲ့ မိတင်ရဲ့ရွှေရင်အေး မုန့်လက်ဆောင်~

"ခဏ ဒေါ်တင် ေထွးဦးမင်းသောက်မလား "

"ဟုတ်မရီး "

"အာ~ မုန့်လက်ဆောင်း သုံးထုတ်ပေးပါ "

"ရော့ အရင်နေ့တွေ့ကမတွေ့ဘူး ဘယ်ရောက်နေတာလဲ "

"မစပ်စုနဲ့ရောင်းစရာရှိတာရောင်း "

"အေးပါဟယ် ကြီးကျယ်တာအေ ဒါလေးမေးတာကို "

နဂိုစူနေသည့်နှုတ်ခမ်းလေးကိုမှအရှေ့ထပ်ထုတ်လိုက်ပြီး ရန်တွေ့နေသည့် ဟန်ဟာ ၅နှစ်ကလေးလေးသဖွယ် အမဲရောင်ကိုအမြတ်တနိုးဝတ်ဆင်တက်သူမို့လားမသိ အမဲရောင်ချည်းထပ်နေလည်းမရိုးရ ခြေသလုံးဖြူဖြူပေါ် ကြက်သွေးရောင်စကအတိုလေးဝတ်ပြီး အရှေ့ဘက်ဝဲကျနေသည့်ဆံပင်တစ်ချို့စုပြီးစီးထားသေးသည် ခေါင်းတချက်လှုပ်တိုင်းအုန်းပင်အသေးလေးကလှုပ်နေသည် အသားရေကြည်လင်လာပုံက နေရောင်ထဲမှာပိုမိုထင်ရှားနေပြီး လက်နှင့်ခြေသလုံးပေါင်တစ်ဝိုက်က သွေးကြောစိမ်းဖိန့်ဖိန့်ပါမြင်ရသည်ထိ

"မင်းနဲ့ မိတင်ဘယ်တော့တည့်မှာလဲ "

မုန့်လက်ဆောင်းထုတ်ကို ထွေးဦးအားပေးလိုက်ပြီး ထိုင်ခုံပေါ်မထိုင်ဘဲဦးရှေ့ထိုင်ချလိုက်သည်

"ဘယ်တော့မှာတည့်လာမှာမဟုတ်ဘူး ဘယ့်နှယ်ဘီယာခိုးသောက်ပါတယ်ဆိုမှ သူကသွားတိုင်ရတယ်လို့"

"ဟိုကမသောက်စေချင်တဲ့စေတနာနဲ့ဖြစ်မှာပါ "

"မင်းမသိပါဘူးထွေးဦးရယ် အဲမိန်းမကလေ စောက်တင်းကလည်းပြောသလားမမေးနဲ့ သူ့ယောင်္ကျားကလည်းရှမ်းစစ် မသောက်တက်မစားတက်အလုပ်ကြိုးစားဖိုးသခွားဆိုပြီး ဘဝင်က လေမှာတက်ဟပ်နေတာ ကြည့်လို့ကိုမရဘူး "

"မင်းလည်းစွာတာလေးကိုရပ်ပြီး မုန့်စား အေးနေတုန်းက"

"ဟန်ကိုမပြောနဲ့ ဦးလည်းဟန်ကိုမကြည့်ဘဲမုန့်စား"

"သူ့ဟာကြီးကတနေ့တခြားချိုလာတယ် အုန်းနို့ချိုသလိုဆိမ့်ဆိမ့်ကလေးလဲမဟုတ်ဘူး သကြားရေလောင်းထည့်ထားသလားမှတ်ရတယ် "

"အေးလေ အုန်းသီးတွေ​​ဈေးကြီးလို့ဖြစ်မှာ "

"ဦး ​မငေးနဲ့စားလို့ "

"အော်~ အင်း "

ပြွစ်!

"ချိုတယ် "

အရှေ့ရှိမုန့်လက်ဆောင်းကို နဘေးချပြီး ဆက်ဟန်၏နှုတ်ခမ်းထောင့်စွန်းတွင် ပေနေသောမုန့်အရေတစ်ချို့ကို လျှာနဲ့ရစ်သိုင်းလိုက်ပြီး အပေါ်နှုတ်ခမ်းအသီးကလေးပါအသံမြည်အောင် စုပ်ယူသွားပြီးနောက် အဆဲသံပလုံစီထွက်လာတော့သည်

"မင်းကွာ ငါတစ်ယောက်လုံးအရှေ့ထားပြီး "

"ိုကောင် ဒါလမ်းမနဲ့နီးနီးလေးကွ အဲလောက်စုပ်ချင်နေရင် အိမ်ထဲဝင်ကွာ စောက်လုံးကလည်းဂိမ်းဖက်ကနေ ဘယ်လိုရောက်သွားမှန်းမသိဘူး "

"အေးလေကွာ လမ်းမမှာလူအသွားလာများတာ မအောင့်နိုင်ဘူးလားအိမ်သာရှိတယ် မသုံးရသေးတော့အနံမရဘူး အထဲဝင်ဂျက်ထိုးကွာ "

"မင်း ဦးလေးငါပြောမယ် "

"မင်း ငါ့ရှေ့ကအခုထွက်သွားလိုက်တော့ "

"သွားမှာ ဦးသက်နှင်စရာမလိုဘူး "

မိတင်နဲ့ထွက်လက်စဒေါသမှာ ဦးသက်ပေါ်မရောက်အောင် ဦးလက်ကိုအိမ်နောက်ဆွဲလာခဲ့လိုက်သည်

"ကျုပ်လက်ကို လွှတ်အုံး "

"ဆောရီးမေ့သွားလို့ ဦးလည်းသွားစရာရှိတာသွားလေ ဟန်ကအဝတ်လျှော်ရအုံးမှာ "

"မသွားဘူးရေခပ်ပေးမယ် လာခဲ့"

အဝတ်စားသေသန့်အောင်မဝတ်တက်သူဆိုတော့ ဘလက်ကိုအသုံးပြုပြီး အားကုန်ထုတ်သုံးရသည် ဦးကရေခပ်ရင် ဟန်ကဘလက်တိုက် သူကရေညစ် အများအမြင်မှာ အဝတ်လျှော်နေတာထက် ရေဆော့နေတယ်လို့မြင်လိုက်မည်

"စိုကုန်ပြီ သင်္ကြန်တောင်မကျသေးဘူး "

"မထူးဘူး ရေပါတခါတည်းချိုးလိုက်တော့ "

"မချိုးလို့ရမလား "

"ဆပ်ပြာမှုန့်တွေမစင်သေးဘူးလေ ဦးရယ် "

"လက်ညောင်းနေပြီလေမောင် "

"အဲကြောင့်ပြောတာ ဆပ်ပြာမှုန့်တွေဗလပုံမထည့်နဲ့လို့ "

"ဟုတ်ပါပြီ ကျုပ်မှားတာ ဟိုဘက်ကဇလုံပေး "

"ဘာလုပ်မှာ "

"ဘာလုပ်လုပ် ပေးမှာဆိုပေး "

ဟန်ဇလုံပေးလိုက်တော့ ရေတစ်ပုံးထပ်ဆွဲကာ ဆပ်ပြာမုန့်တွေထပ်လောင်းထည့်ပြီးအမြုံ့တွေထအောင်လုပ်နေသည် သူ့ကိုသာမျက်စိတစ်ဆုံးလိုက်ကြည့်နေရင် လေးရက်ဝတ်ခဲ့သည့် တပတ်စာလိုအင်္ကျီတွေကလျှော်လို့ပြီးမှာမဟုတ်တော့ ခပ်သွက်သွက်ရေနှစ်ပြီး ရေဆေးလိုက်တော့အကုန်ပြီးပြီ သွားလှမ်းမဲ့ချိန် ကလေးကြီးကြည့်လိုက်တော့ အိမ်ရှင်အမေကိုယ်စားမေတ္တာပို့မိလိုက်သေးသည်

အကြောင်းကား ဆပ်ပြာမှုန့်တွေနှင့်ကစားနေသည့် ဦးကြောင့်

"ဆပ်ပြာမှုန့်နဲ့ကစားရအောင် ကလေးလား"

"မင်းရဲ့ကလေး လာစမ်းပါအုံးကျုပ်နားက ကြောင်ရုပ်လေးလုပ်ပေးမယ် "

"မလိုဘူးနော် အနားမလာနဲ့အင်္ကျီတွေပေလို့ကတော့ရိုက်မာ"

"လာပါဆို ချစ်စရာလေးဖြစ်သွားမှာ "

"မလာဘူးလို့ အဝတ်လှမ်းရအုံးမှာ "

လှမ်းမဲ့အဝတ်တွေက ရေတွင်းမှာထားကာ ပတ်ပြေးရတော့သည် ဦးမှာတော့ ဆပ်ပြာမှုန့်တွေကိုလက်ခုတ်နဲ့သယ်ကာ လိုက်သုတ်တော့သည်

"အဲဒါ အသက်ပြည့်တော့မဲ့သူတွေလား စိတ်တွေလည်းလေလိုက်တာ"

"ငါတော့မင်းတူတွေကိုထင်တယ်ငသက်ရေ သင်္ကြန်ရေမဆော့ခင်ဖျားတော့မယ်"

"မပူပါနဲ့ကိုအောင်မျိုး ဆက်ဟန်တယောက်လုံးရှိတယ်"

"အဲဒီလင်ကလည်း ကင်းကောင်သာပျော်မယ်ဆိုပြုံးပြုံးကြီးကောင် မလာနဲ့သာပြောပြီးပြေးနေတာ ပြုံးနေတာမှပါးစပ်ကနောက်စိတက်ချိတ်တော့မယ်"

အိမ်နောက်တွင်ထိုသို့တဖုံ အိမ်ရှေ့တွင်တဖုံ

"အရှင်ဘုရား တပည့်တော်တို့ကို မျက်စိနောက်တဲ့အလုပ်မှလွတ်ပါစေ "

"သူတို့နဲ့မှ ဘုရားပါတရတဲ့အဖြစ် ကိုယ့်ဘာသာကိုယ်နေလည်းမရဘူးကွာ စိတ်ပျက်လိုက်တာ "

"မင်းပြောလည်းအလကားပါဘဲ မနက်ဖြန်ဒီထက်ကိုနောက်ရအုံးမှာ "

မနက်ဖြန်ဖြစ်လာမည့်ပုံစံကိုပုံဖော်ရင်း နှစ်ယောက်သားသက်ပြင်းရှည်ကြီးချမိပြန်သည်

🎵 အတာကြူးတဲ့တန်းခူးလအချိန်ခါ နှစ်ကူးသင်္ကြန်မဟာ

သူလေးနဲ့တွေ့ရပုံမှာ မေ့လဲမမေ့နိုင်ပါ ဒီနှစ်တွေလဲကြုံရမှာလဲ တမ်းတတယ်ဒီချိန်ခါ ပိတောက်ပန်းပွင့်တိုင်းသတိရစေသူပါ........ ရာသီလေမပြတ်တမ်း ပိတောက်ပန်းပွင့်တွေ့ခူးလို့သာ ပျိုပျိုမေလက်ကမ်းလှမ်းလို့ယူစမ်းပါ.. မှာပါစေမတွေတမ်း.ရေချမ်းတေးတွေးဖြန်းလိုက်ပါ ချမ်းခိုက်ခိုက်တုန်ရေ အမျက်တော်မဝင်နဲ့ ငါတောင်းပန်ချင်တာ ဝင်းဝင်းဖန့်ဖန့်သူ့မျက်နှာ ရွှင်းရွှင့်ဖန့်ဖန့်လှရဲ့ဗျာ..ရွှင်းရွှင်းဖန့်ဖန့်လှရဲ့ဗျ... ဝင်းဝင်းဖန့်ဖန့်သူ့မျက်နှာ သူ့မျက်နှာရေစင်ဖြန်းက နှုတ်ခမ်းလေးစူပါ မငြူစူစမ်းနဲ့လှပျိုဖြူရာ သ​ကြားမင်းသားသိသွားရင် ဪမှတ်ချက်ယူသွားမှာသတိထားပါ ပြုံးတော်မူပါရွှေမျက်နှာ... မုန်းတော်မူရင်ဖြေလှည့်ပါ.. ပိတောက်တွေဝေဆာရွှေရည်လူးကာ. လက်ဆောင်ယူပါဒီနှစ်ဦးမှာ ​အပြုံးခြင်းပြိုင်လို့လန်းဆန်းကြပါ ထူးမြတ်တဲ့ဒီချိန်ခါ မင်္ဂလာယူစမ်းပါခမျ......

"သင်္ကြန် သီချင်းကဘယ်တော့ဘဲနားထောင်ထောင်အနှစ်သရအမြဲရှိတယ်ကွ အခုလိုသင်္ကြန်ရက်မျိုးဆိုသီချင်းနားထောင်းရင်အကြောထက ရွပိုးတွေပါထလာသလိုကိုခံစားရတယ်"

"မနက်ဖြန်တောင်ရောက်ချင်နေပြီ "

"ကိုကြီး မင်းမနှစ်ကလဲဒီမှာနေတာနော် ပိတောက်ပန်းပွင့်တဲ့နေရာမသိဘူးလား"

"ငါတို့ကျင်းသားအကုန်လုံးသိတဲ့တစ်ပင်ရှိတယ် "

"နေစမ်းပါအုံးပိုင်ထွေးဦးရဲ့ မင်းကပိတောက်ပင်မေးပြီးပန်ပေးဖို့ ကောင်မလေးလဲမရှိဘဲ့နဲ့"

"အထင်သေးတာလားမောင် ကိုယ့်ဘာသာကိုယ်ပန်လို့ရတယ်နားလည်လား ငါမေးတာသာဖြေစမ်းပါငဟိန်းရ"

"ကုန်ပြီ "

"ဘာ! ဒီနေ့မှပွင့်တဲ့နေ့လေမောင် အကောင်းပြောစမ်းပါ"

"ကုန်ပြီမသာရဲ့ ရှိတာကတစ်ပင်တည်း အခုနလေးတင်ကလေးတွေတပြုံကြီးသွားလိုက်တာမမြင်ဘူးလား အဲဒါသွားခူးတာ ပြန်လာရင် အပင်လိုက်ပါလိုက်မယ်တောင်းခဲ့ချေ"

"အခက်လိုက်တော့လုပ်ပါ "

"ယုန်လေးလက်ထဲဓားမမြင်ဘူးလား ကလေးတွေကဘောလုံးတစ်သင်းလောက်ရှိတာ သူလုလိုက်ငါလုလိုက်နဲ့ အခက်ရအခက်ချိုးအပင်ရအပင်ချိုးလာကြလိမ့်မယ် လိုချင်ကျင်းကစောင့်"

"အိမ်ကစောင့်လို့မရဘူးလား"

"လမ်းမတန်းကသွားရင်တွေ့တဲ့အိမ်ကတောင်းတက်လို့ ကျင်းကနေပတ်သွားလိမ့်မယ် မင်းရှင်းပြရတာငါအာပေါက်တယ်"

အရက်ဝိုင်းဘေးဒူးနှစ်ဖက်ထောင်ကာ မျက်စိသူငယ်နားသငယ်နှင့် puppy eyes လုပ်လဲပိုင်စိုးဦးရှေ့အသုံးမဝင်

"ဦး ဒါဆိုဟန်ပိတောက်ပန်းမရတော့ဘူးပေါ့ "

"ရှိလောက်မှာပါ မနက်ဖြန်ထပ်ပွင့်ချင်လဲပွင့်မှာပေါ့ သွားကြည့်ပေးမယ် အခုတော့ထ အိမ်သွားမယ် "

အိမ်ပြန်လာသည့်လမ်းတလျှောက်ကိုပင်အတွေးတွေနှင့် နစ်နေပုံရသည့်ပုံက ညနေဆည်းဆာအောက် လိုချင်တာမရသည့်ကလေးငယ်လေးလိုအသဲယားဖွယ်အတိ

ဘာလိုလိုနဲ့ သူတို့တွေ့ဆုံမှုလေးသည်တစ်နှစ်ပြည့်ခဲ့ချေပြီ

"ဟန် တောတန်းရောက်လက်စနဲ့အမေ့အိမ် မသွားဘူးလား "

"ဟင့်အင့်! တကယ်လို့ဟန်သွားခဲ့ရင် တစ်ခုခုအကြောင်းပြပြီးအနားမှာခေါ်ခဲ့လိုက်မယ် ဦးနဲ့မခွဲနိုင်ဘူး ပြီးတော့ ဦးနဲ့လည်းသင်္ကြန်ကို့ဖြတ်သန်းချင်သေးတယ် "

"မင်းကတော့လေ သားလိမ္မာလေးပဲ "

"၁၇နှစ်တောင်သင်္ကြန်မကစားပဲ သားလိမ္မာလုပ်ပေးပြီးပြီ ကျေနပ်ရောပေါ့ "

"ယောက်ခမကြီးမှာ အတိတ်တွေရှိလို့လား"

"အင်း အမေရဲ့အမေ ဟန်အဘွားကဒီလိုဘဲသင်္ကြန်မကစားခိုင်းဘူး ဈေးပဲရောင်းခိုင်းခဲ့တာ အဲတော့ရှင်းရှင်းပြောရရင် အဖေနဲ့ညားတဲ့ထိသင်္ကြန်အပြင်မထွက်ဖူးဘူး"

"ကိုယ်ချင်းစာတရားနဲလိုက်တာ "

"ဘာကို"

"ဟုတ်တယ်လေ စဥ်းစားကြည့် သူ့လက်ထက်က သင်္ကြန်မကစားဖူးလဲကိစ္စမရှိဘူး သူ့သားသမီးခေတ်ကြတော့မတူဘူးလေ ခေတ်ကြီးကရှေ့ပြေးပြီးတိုးတက်နေတာ ငါလည်းမကစားဖူးတာ ငါ့သားသမီးလည်းမကစားရဘူးဆိုတာအဓိပ္ပါယ်မရှိဘူး ငါ့တုန်းကမလွတ်လပ်လို့ ငါ့သားသမီးတွေငါ့လိုမလွတ်မလပ်မဖြစ်စေရဘူး ဖြစ်ရမှာ "

"ဆက်ပြောပါအုံး "

"ရွှဲ့တာလား "

"အကောင်းပြောတာ "

"မင်းသွားမယ်ဆိုသွားလို့ရတယ် မင်းအမေတားရင်လည်းပြောလိုက်ပေါ့ ဟန်ကအခုချိန်မှာလူလွတ်မဟုတ်တော့ဘူး အမေ့မှာပိုင်သာပိုင်ပေမဲ့မဆိုင်ဘူးလို့ပြောလိုက်ပေါ့ ပြီးရင်ချက်ချင်းထွက်လာခဲ့ပေါ့ "

"အဲလိုတွေပြောရမှာထက်စာရင် မသွားတာပိုမကောင်းဘူးလား "

"မင်းသဘော "

"ကျုပ်စက်ဘီးစီးမလို့ ဗီဒီယိုရိုက်ပေးမလား"

"အင်း"

စက်ဘီးစထွက်တဲ့နေရာကနေ သွားလိုက်တဲ့မျက်စိတစ်ဆုံး မှတ်တမ်းတင်ပေးထားပြီး သုံးခေါက်မြောက်ကြတော့ နောက်ခုံပေါ်တခြားတယောက်နှင့်ပျော်ရွှင်စွာပါလာသည်မှတ်တမ်းကိုတော့ချက်ခြင်းရပ်ပစ်လိုက်သည်

"ပြပါအုံး ကျုပ်ဘယ်လိုနေလဲ"

ရုပ်သံကြည်လင်လွန်းသည့်ဗီဒီယိုသည်အလွန်ဆုံးရှိမှ ငါးမိနစ်စာ သူ့စီးခဲ့တာတစ်နာရီနီးပါး

"ကျုပ်စီးခဲ့တာတစ်နာရီလောက်ရှိတယ် "

"အင်းလေ တခြားတယောက်နဲ့စီးနေတာကို ငါကမှတ်တမ်းတင်ပေးထားရမှာလား"

"ငါ ဟုတ်လားပြန်ပြောလိုက်စမ်း အဲပါးစပ်ကငါဆိုတာထပ်ပြောလိုက် ကျုပ်ဘာလုပ်ပစ်မယ်ဆိုတာမင်းသိချင်ရင် ထပ်ပြောကြည့်လေ "

"လွှတ်ထားပေး "

"မလွှတ်ဘူး ခများငါလို့ပြောတာဖြေရှင်းရမယ် "

"ငါလို့ပြောတာနဲ့ ကမ္ဘာပျက်သွားတာလား ဒါဆိုတခြားတယောက်နဲ့စက်ဘီးပေါ် ပြုံးရွှင်နေတဲ့ ကိုယ့်ရဲ့ချစ်ရတဲ့သူကို ကြည့်နေရတဲ့ငါကရော ကမ္ဘာပျက်ခွင့်မရှိဘူးလား "

"သဝန်တိုနေတာလား "

"ဟုတ်တယ်တိုတယ် မညာချင်ဘူး ငါဒီကိုလိုက်လာတာ မင်းတို့သာယာနေတာကိုကြည့်ဖို့မဟုတ်ဘူး "

"ခေတ်ဆက်သာဟန်!  "

"နာသွာလား မတက်နိုင်ဘူး "

အသားရေကြည်လင်လွန်းသည့်ကောင်လေးဟာ မျက်နှာတွင်ဒေါသကြောင့် အနီရောင်သန်းနေပြီး ညိုတိုတိုကောင်လေးကလည်း ဘာပြောရမှန်းမသိ ရင်အစုံသာ အဆမတန်နိမ့်ချည်မြင့်ချည်

လင်မယားနှစ်ယောက်ရန်ဖြစ်နေသည်ကို ဝင်ဆွဲချင်စိတ်လည်းမရှိ တကယ်လို့ခြေလွန်လက်လွန်ဖြစ်ခဲ့ရင်တောင် ပိုင်စိုးဦးဘက်ကနာနေရင် သေပစေဆိုပစ်ထားကြမှာ ရန်ဖြစ်သည်ကိုအဆုံးထိကြည့်ပြီးမှ အရက်ဆိုင်ချီတက်ကြသည် ကိုမင်းမင်းနဲ့ဘဘကြီးမိုင်းကလူတချို့ပါ လာတာကြောင့်ဝိုင်းက တော်တော်စည်သည်

"ဘာမှမဟုတ်တာသဝန်တိုနေတာက လွန်တာပေါ့ "

"မင်းအဲလိုမပြောနဲ့ငလုံး ဆက်ဟန်သဝန်တိုတက်တာလဲမင်းသိသားပဲ မင်းမသိတာကဇာတ်လမ်းစဆုံးကို"

"ဘယ်လိုဖြစ်ကြတာလဲ ငဟိန်း"

"မနက်ကတည်းကသာယာနေကြတာကွာ ညနေကမှဟိုကောင်ကစက်ဘီးစီးတာ ဆက်ဟန်ကိုဗီဒီယိုရိုက်ခိုင်းတယ် အစကတော့ဟုတ်နေတာပဲ လေးငါးပတ်လောက်ရှိပြီစီးနေတာ နောက်တော့စက်ဘီးအနောက်ကယုန်လေးကပါလာတယ် အံမယ်ခါးလေးတောင်ကိုင်လိုက်သေး ဟိုကောင်ကလည်းအရသာရှိလို့လားမသိဘူး ပြုံးဖြီးနေတာပဲ အဲဒါကိုဆက်ဟန်က ဆက်ရိုက်ပေးထားရမှာလားမင်းပြောကြည့် "

"ဆက်ဟန် သဝန်တိုတာမမှားဘူး "

အစကမှားတယ်လုပ်နေသည့် ငလုံးကနားရင်းထတီးတော့သည်

"ဟ~ သေဖို့လာရိုက်တာလား"

"မင်းမသိပဲနဲ့ ပြောလို့ နောက်တချက်ကစောက်မြင်ကပ်လို့"

"ငါတို့လို လူလွတ်တွေပဲကောင်းပါတယ်ကွာ ဒါနဲ့အခုဟိုကောင်ကဘယ်ရောက်သွားတာလဲ"

"ယုန်လေးအိမ်မှာနေမှာပေါ့ စောက်မှတ်ကလည်းမရှိဘူး သဝန်တိုတယ်ပြောထားရင်ရှောင်ရမှန်းလည်းမသိဘူး အားနေအဲဘိလပ်ခုံပဲသွားနေတာ"

"နေ့ပြောနောက်ကြည့် ညပြောအောက်ကြည့်တဲ့ ဟေ့ရောင်ရေ "

"အဲကောင်မရှိပါဘူးကွာ မင်းကလဲ"

"ကြည့်လိုက်လို့ "

သူအနောက်လှည့်ကြည့်တော့ ခဲကန်ထဲမေးထောက်ထိုင်ကာ မျက်နှာကပြိုတော့မဲ့မိုးလို

"ငါ့ကိုစေသနာအရမ်းထားကြတာပဲ မင်းတို့ကောင်တွေ "

"မဟုတ်လို့လား မင်းပျောက်လို့ရှာရင်အမြဲတမ်းဘိလပ်ခုံမှာပဲရှိနေကြလေ "

"ဟုတ်ပါတယ်ဗျာ ကျွန်တော်မှားတာခည ရပါ့လား စိတ်ညစ်လို့လာထိုင်ပါတယ် ပိုညစ်သွားရတယ် "

ဝတ်ထားသည့်ပုဆိုးကို စလွယ်သိုင်းလွယ်ပြီး လောက်လေးတလက်နှင့် နွားကျောင်းသားပုံထွက်သွားသူကို အော်ရပြန်သည်

"ဟိုကောင် ဘိလပ်ခုံမသွားနဲ့နော် မင်းလင်ကကောက်နေတာ"

"ငါသိတယ်"

ညနေစောင်းနေပြီမို့ ရေထပ်ချိုးကာ ဝင်လာလိုက်သည် မီးဖိုချောင်မှာ အလုပ်ရှုပ်နေသည့်ညီကိုမြင်မှ

"​ထွေးဦး မင်းမရီးရော"

"မင်းနဲ့စိတ်ဆိုးပြီးကတည်းကအိပ်နေတယ်လေ "

"မရှိပါဘူး အပေါ်တက်ပြီးပြီ အဝတ်ယူမတွေ့ဘူး"

"ဘယ်တွေ့မလဲ အမေ့ကုတင်မှာအိပ်နေတာကို "

အိမ်ရှင်အမေကအိမ်အောက်ထပ်ရဲ့ကုတင်ပေါ်မှာအိပ်သည် ဒူနာသည့်နေ့ဆိုမအိပ် ပြီးတော့ကုတင်က သေတ္တာတွေနှင့်ကွယ်ထားသည့်မို့မမြင် သေချာသွားကြည့်မှကုတင်မြင်ရသည်

"မိုးချုပ်နေပြီ ထမင်းစားပြီးပြီလား "

"ကျုပ်နှိုးတယ် မစားဘူးတဲ့ "

"ကျစ်! ဘာဖြစ်ချင်နေတာလဲသူက "

"စိတ်ဆိုးနေတာလေ ပြန်ချော့လိုက်ပေါ့ "

"စကားဆုံးအောင်နားမထောင်ဘူး "

ဟန်အိပ်နေသည့်တယောက်အိပ်ကုတင်လေးပေါ် အသာလှဲချလိုက်ပြီး ကျောပေးထားသည့်ကျောပြင်လေးကိုရင်ခွင်ထဲဆွဲသွင်းလိုက်သည် နောက်ပြီးရှန်ပူနံ့သင်းနေသည့်ဆံပင်ပျော့ပျော့လေးတွေကိုအဆုတ်ထဲထိရှိုက်လိုက်ပြီး လည်ပင်းသားတွေမွှေးကြူပလိုက်သည် နောက်ပြီးအိပ်စက်ခြင်းသို့....

(စာနဲနဲရှည်လိုက်မယ်နော် အပိုင်းတွေများမှာစိုးလို့ ပြီးတော့လေ Voteပေးခြင်းဖြင့် အားပေးပါအုံး )

........................................................................

[text_hash] => d55be737
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...