Array
(
[text] =>
Uni
ဆေးလေးသောက်အားရှိတာလေးစား ယားဘူးထဲမှာဘဲအလုပ်ကလေးရှာ ဦးစီပြန်အိပ် ၆လပိုင်းထဲရောက်လို့ဟန်မွေးနေ့ကိုပင်ရောက်လာခြေပြီ နဲနဲပါးပါးကျွေးမယ်ဆိုပြီး ကိတ်ကလေးမှာ အရက်တွေဝယ်ပေး အကင်လေးဘာညာသလကာလုပ်
"ဆက်ဟန် အကင်ပြီးပြီအရက်တွေလည်းဆင်သင့်ပဲ "
"ဟုတ်ဦးနိုင်ဝင်း နားတော့လေမနက်ကတည်းကဖိုထဲရောက်နေတာ "
"ဘာလုပ်ရအုံးမှာ "
"မရှိတော့ဘူး ကိတ်လာရင်ရပြီး ဦးကလည်းကြာလိုက်တာကိတ်လေးသွားယူတာကို "
"ငဟိန်းပါ ပါသွားတော့ဘယ်သဝေထိုးနေလဲမှမသိတာ"
"လာပြီ ကောမယ်ဆိုတာကြီးပဲ"
"ဟင်း...ဟွန့် ၊ ဘာတွေကိုဟိန်းလက်ထဲမှာက"
"မင်းဘဝတွက်တန်ဖို့းအရှိဆုံးအရာ "
"အမယ် ကင်းကောင်တို့က ကဗျာဆန်ချင်နေပြီ "
"အကောင်းပြောတာပ လောပန်းလက်မှတ်ထိုးပေး "
"ဘာလက်မှတ်လဲကွ "
ခဏဆိုပြီးလက်ကာပြလိုက်တော့အားလုံးကအသံတိတ် ပြီးတော့ဦးယူထုပ်လိုက်သည့်အရာက အပြာရောင်ပန်းခက်နုနုကလေးနဲ့လက်ထက်စာချုပ်တစ်ခု ဟန်ဖြင့်မျက်ရည်ဆို့တက်လာပြီး မြေပြင်ပေါ်ထိုင်ချလိုက်မိသည်
မြေပေါ်ကသူကိုဆွဲထူးလိုက်ပြီး မျက်ဝန်းထဲကမျက်ရည်စတ်ချို့ကိုခပ်ဖွဖွသုတ်ပေးလိုက်သည်
"ကျွန်တော် ခများကိုပိုင်ထားရပေမဲ့မဆိုင်ဘူးလို့ထင်နေမိတာ ဒါကကျွန်တော်ချုပ်နှောင့်မည့်အရာ ခများဘယ်မှထွက်သွားလို့မရတော့ဘူး ဒီနေ့ကစကျွန်တော်ကတိပေးတယ် ကျွန်တော်တစ်ဘဝလုံးခများကိုပုံအပ်ပါတယ် ပြီးတော့ခများလည်းကျွန်တော့်ကိုတစ်ဘဝလုံးစောင့်ရှောက်ခွင့်ပေးပါ..မောင့်ဟန် "
ဝိုး.........ဝိုးးးးးးးးးးဝိုး...........
ဟင့်!
"ပေးတယ် ဟန်ဘဝတစ်ခုလုံးဦးအပိုင်ဖြစ်ပေးပါတယ် "
"ကဲမင်းတို့နှစ်ယောပ်လက်မှတ်ထိုးမှာမလား အဝတ်သစ်တွေသွားလဲချေ ငါမှတ်တမ်းတင်ပေးမယ်"
စာချုပ်ကိုစားပွဲပေါ်တင်ခဲ့ပြီး တီရှပ်အပြာနုနှင့်အောက်ကအပြာရင့်ကိုတွဲဝတ်လိုက်သည် ဟန်ကိုကြည့်တော့လည်းထိုနည်းတူစွာ ပြောရရင်coupleပေါ့လေ
ဦးရဲ့ဆံပင်ကောက်ကောက်ကိုဂျယ်နဲ့ပုံသွင်းပေးလိုက်ပြီးကော်လံသေချာပြင်ပေးလိုက်သည်
"မင်္ဂလာမဆောင်ပေးနိုင်တဲ့တွက် ကျွန်တော်စိတ်မကောင်းဘူး "
"လက်ထက်စာချုပ်ပေါ်က ဦးလက်မှတ်ကလည်းဟန့်ကိုပျော်ရွှင်စေပါတယ် "
မွ~
"ကဲလာ ပြီးပြီသွားမယ်ဦး "
"အမယ် ချောမောလိုက်ကြတာငါ့အကိုတို့က"
"မင်းအကိုပဲ အဲလောက်တော့ရှိမှာပေါ့ဟ"
ပထမဆုံးလက်မှတ်ထိုးလိုက်ကြသည် ပြီးတော့ကိတ်ခွဲ အပြန်လှန်ခွံ့တာကိုလည်းမှတ်တမ်းတင်လိုက်သေးသည်
"အပင်အောက်မှာရပ်လေ "
"ပိုင်စိုးဦးက ဆက်ဟန်ပခုံးဖက်လိုက် အရှေ့ပဲကြည့် စာချုပ်တည့်တည့်ကိုင် "
"ok 1 2 3 "
ချပ်
"နောက်တစ်ပုံ အယ်...မျက်နှာချင်းဆိုင်ရပ်လိုက် စာချုပ်ပေးဒီကို ဆက်ဟန်လက်မောင်းကိုင် နဖူးနမ်း "
" ok 1 2 3 "
ချပ်
"စောက်ရမ်းမိုက်တယ်ဟေ့ "
ဒီတစ်ခါတွင် ဆက်ဟန်က ပိုင်စိုးဦးရဲ့ပါးပြင်အားခြေဖျားထောက်နမ်းလိုက်တော့ ဟိုကလည်းခါးကိုဖက်လိုက်တာအရံသင့်
ချပ်
"ငါတို့အဖွဲ့အားလုံးနဲ့ရိုက်ရအောင် ဒီတစ်ခါအမှတ်တရကအများဆုံးပဲ "
"ဟုတ်ပဘကြီးရယ် ၉၉ပြားမို့သာပဲဉာဏ်ကပြေးသား ကိုချစ်ရတဲ့သူဘယ်လိုပုံစံထားရမလဲသိတယ် "
"စက္ကန့်ချိန်လိုက် အားလုံးလာ ငါ့အိမ်မှာဆွဲမယ်ပြီးရင် "
1 2 3 ချပ်
"ငဟိန်းလုပ်ပါအုံး ငါတို့ညီအကိုတွေကို "
"အေးအေး ရပ်မယ် ဟဲ့အကောင်လိ့ဖြစ်အလယ်ဝင်ရပ်နေကလား နင့်အကိုဘက်ကရပ်လေ "
"အေးပါကွာ "
1 2 3 ချပ်
"ငါတို့ကျင်းသားသပ်သပ်ရိုက်မယ် "
ဦးသက် ကင်းကောင် ဆက်ဟန် ငဟိန်း ဝင်းဆန်း ထွေးဦးတို့ကို စလုံးကတစ်ပုံရိုက်ပေးသည်
1 2 3 ချပ်
"မင်းတို့နှစ်ယောက်ကိုထပ်ရိုက်ပေးမယ် ဘေးချင်းကပ်ရပ်ပြီးရင်ကင်းကောင်ကဆက်ဟန်ပုခုံးဖက်လိုက် မင်းညာလက်နဲ့ဆက်ဟန်လက်ကိုကိုင် ငါ့ဘက်မကြည့်နဲ့အချင်းချင်းကြည့်"
1 2 3 ချပ်
နေ့တစ်ပိုင်းစာကိုဓာတ်ပုံရိုက်တာနဲ့အချိန်ကုန်သွားရသည်
"ငါပြောပြမယ်ဟေ့ရောင်တွေ သွားတုန်းကတော့မွေးနေ့ကိတ်ယူပေါ့ ပြန်လာတော့ တစ်ခါမှမခေါ်ဖူးတဲ့နာမည်နဲ့ 'ဟိန်းစိုးအောင် တနေရာဝင်စို့' အေးဝင်ပေါ့ငါကလည်း သူဝင်သွားတော့ လပ်ထပ်စာချုပ်တွေရှိတဲ့ဆိုင် ကောင်းကောင်းလိုက်ရွေးနေတာကောင် ဆိုင်နာမည်လဲမကြည့်မိဘူး မင်းဘာရှာတာလဲဟေ့ရောင်ပြောတာ ပြန်ဖြေမအားဘူး 'ဒါလေးလှလား ဒါလှလား ' တဲ့ ပြီးတော့ငါပြန်ဖြေတာလဲမစောင့်ဘူး ယူပြီးပိုက်ဆံသွားရှင်းတော့တာပဲ ထွက်လာမှဆိုင်နာမည်ကြည့်မိတယ် ' နေကမ္ဘာ ' လက်ထပ်စာချုပ်အမျိုးမျိုးလုပ်ငန်းတဲ့ "
" ကင်းကောင်တို့ကလုပ်ချလိုက်ရင် ဗရမ်းဗတာတွေကြီးပ "
"အမယ် စပရိုက်လေ မင်းတို့သာကြိုပြောရင်အပေါက်တွေကဖွာတော့မှာညန်း"
" ကင်းကောင်ကငါတို့စီမှာအလုပ်စလုပ်ကတည်းက၁၅နှစ်အရွယ်နဲ့မလိုက်ခန္ဓာကိုယ်ကထွားကြိုင်းနေတာ စိတ်ကကလေးစိတ် အခုထိဆော့မယ် အိပ်မယ်သောက်မယ် သူမလုပ်ချင်ရင်လှည့်မကြည့်ဘူး သူစိတ်ကမကြည့်ရင်ကြီးတယ်ငယ်တယ်နားမလည်ဘူးကန်ထားပစ်တဲ့ကောင်က အပျိုကြီးညမနဲ့ဆို ဘယ်တော့မှမတည့်ဘူး ပိုင်စိုးဦးကစိတ်မကြည်ရင်ကလေးတွေဘာတွေမရှောင်ဘူး ပိတ်ကန်တဲ့ကောင်"
"ဒါနဲ့ဟိုကောင်တို့အိပ်ခန်းထဲဝင်ပြီလား ဝှက်ထားတဲ့ထမင်းဟင်းတွေရော "
"ထုပ်လိုက်တော့ဗိုက်ဆာနေပြီ"
"ဒင်းတို့ကြောင့်ငါတို့အဆာခံနေရတာ "
"မင်္ဂလာဦးည ဖတ် ဖတ် ဖတ်တာက အစာဝနေရင်မကောင်းလို့ "
"ဟုတ်တယ်ပ "
တဖက်တွင်
"လူယုတ်မာ "
"ထမင်းမကျွေးတာနဲ့လူယုတ်မာဖြစ်ကောလား ကျုပ်ကခများတယောက်ထည်းကိုပဲယုတ်မာတာနော် "
"မသိဘူး "
"ဒီညမင်္ဂလာဦးညနော် "
"ဘာဦးတာ အဲမင်္ဂလာဦးညကခဏခဏဦးနေတာပဲ "
"မိန်းကလေးသာဆိုကလေးတပြွတ်စီးထွက်..ထွက် "
"ဆက်ပြောလေ ပြီးရင်အပစ်ပေးတော့မှာ "
"ပြီးရောပြီးရော "
"ဘာလဲအဲဒါလက်ခံတာလား "
"လုပ်မှာလား မလုပ်ဘူးလား ခံရမဲ့သူကဟက်ကော့ကြီး"
"အင်း စောင်ခြုံမလား "
"ဟင့်အင့် "
"မင်းကတော့လေ "
ထို့နောက် ဖတ် ဖတ် ဖတ် ဒန့်
........
ရက်တွေကနေလအသို့ပြောင်းလာသည်မှာမြန်သည်ဟုပင်ထင်ရလေသည် ဒီနေ့ကကျင်းနားရက်ဖြစ်သလိုသူ၏အသက်ပြည့်မွေးနေ့ ဘုရားတက်မယ်ဆိုတဲ့စိတ်ကူးကဟန်၏မေ့လဲမှုတွင်ကြက်ပျောက်ငှက်ပျောက် အရင်လကလည်းထို့သိုမေ့လဲဖူးသေးသည် ထိုတုန်းကဒီလောက်မကြာ အခုတော့သတိရမလာတော့၍ဆေးရုံသို့ပြေးရပြန်သည် ဟိုရောက်တော့စမ်းသပ်ချက်များကလိုက်မမှီအောင်ထူးဆန်းလို့နေသည် ဇာတ်ကားတွေထဲကလိုသွေးကြောစမ်းနေလေသည်
*ဘာမှမဖြစ်လောက်ပါဘူးကင်းကောင်ရာ "
ဆေးရုံသို့လာတော့ သူတို့ညီအကိုရယ်လောပန်းရယ် ငလုံးနဲ့ငဟိန်းပါ ပါလာကြသည်
"လူနာရှင် congratulation ပါဗျ ကိုယ်ဝန် ၁၂ပတ်ရှိနေပါပြီ"
"ဟုတ်ကဲ့ "
*မဟုတ်သေးဘူးလေ *
"ဗျာ ဆရာဘာပြောလိုက်တယ် "
"ကိုယ်ဝန်၁၂ပတ်ရှိနေပြီလို့ပြောလိုက်တာပါ "
"မဖြစ်နိုင်တာဆရာရယ် ကျွန့်တော့်ယောင်္ကျားကယောင်္ကျားကြီးလေ "
ဆရာဝန်က ပထမဆေးရုံးရောက်တဲ့အခါတုန်းကကိစ္စပါရှင်းပြလိုက်တော့မှ ခေါင်းတငြိမ့်ငြိမ့်ဖြစ်ကုန်ကြသည်
အခန်းပြင်ထွက်လာတော့ ပိုင်စိုးဦးမှာငိုင်တွေတွေဖြစ် သူ့လက်ကိုကြည်လိုက်ပွတ်လိုက်နှင့် ကြာတော့ထရိုက်ချင်လာသည်
"ဟေ့ရောင်မင်းမပျော်ဘူးလား "
"ငါမယုံနိုင်သေးဘူး ကလေးရှိနေတာကို"
"သေချာပါတယ်ကွာမင်းကလဲ "
"သုံးလတဲ့ ဘယ်လတုန်းကဖြစ်လောက်မလဲ"
" မင်းလုပ်ထားမင်းသိမှာပေါ့ "
"ဟုတ်သားပဲ ငါလည်းတော်တော်လည်းစိတ်လှုပ်ရှားနေတယ်"
"ထွေးဦး မင်းတူလေးလားတူမလေးလားမသိဘူးရတော့မှာတဲ့ "
"ကျုပ်သိပ "
"ငါရင်နာတယ်ပိုင်စိုးဦး ဆက်ဟန်လိုလူတယောက်ကမင်းလိုကောင်တွက်ကလေးမွေးမယ်လို့ဆုံးဖြတ်တာမှားတယ်လို့ထင်တယ် ပြီးတော့မင်းမွေးနေ့မှာစပရိုက်အကြီးစားပဲ မင်းအခုလိုဖြစ်နေတာမြင်တော့ငါဆွဲထိုးချင်တယ် "
"ဆက်ဟန်အဲလောက်ချစ်လိမ့်မယ်လို့ငါမထင်ဘူး ငါတို့ကောင်ကြီးကံကောင်းလိုက်တာ"
"ငဟိန်း ငါမပျော်ဘဲနေမလားငါနဲ့ဟန်ရဲ့သွေးသား ငါကလေးတွက်မမျှော်လင့်ထားဘူး မကြာသေးခင်ကမှအသက်ပြည့်တဲ့လူတယောက်ကိုငါလွတ်လပ်စေချင်သေးတယ် ရမယ်လို့သာသိရင်ငါတားမိမှာ ကလေးတွက်ငါစိတ်တွေဘာမှမပြင်ဆင်ရသေးဘူး ပြီးတော့ငါလိုလက်ကြမ်းရဲ့လက်ထဲကလေးရောက်လာမှာကိုငါတွေးမိသွားတယ် "
"ကိုကြီးအဖေတစ်ယောက်ရဲ့လက်က ဘယ်လောက်ကြမ်းကြမ်းကလေးတွေတွက်နွေးထွေးစေတယ် မင်းရဲ့သားဆိုသည့်အသိနဲ့နှလုံးသားက နူးညံ့စေလိမ့်မယ်ကိုကြီး "
"ကလေးတွက်ပြင်ဆင်ဖို့အချိန်အများကြီးရပါသေးတယ်ကွာ ၇လတောင်ကျန်သေးတာပဲ "
"ဟုတ်တယ် ကလေးတွက်ကငါသင်ပေးမယ် မင်းစိတ်မပူနဲ့ အခုချိန်ဆိုဆက်ဟန်နိုးလောက်ပြီထင်တယ် မင်းသွားလိုက်တော့ "
ဆက်ဟန်စီသွားဆိုတော့လည်း ဆက်ခနဲထပြေးသွားသည်
"၉၉ပြားကောင်ဒီဝန် ထမ်းနိုင်ပါ့မလားကိုထွန်း ကလေးစိတ်ကမကုန်သေးတာ ထိန်းမနိုင်မှာစိုးရိမ်တယ် "
"သူ့မထိန်းနိုင်ရင်ငါတို့ကဝိုင်းထိန်းပေးရမှာပေါ့ "
သူအခန်းထဲရောက်တော့ဟန်ကသတိရနေပြီ
"ဦး တောင်းပန်ပါတယ် "
"ဘာတွက်လဲဟန် "
"ဦးကိုမတိုင်ပင်ပဲ ကလေးယူခဲ့လို့ "
"ကျုပ်ကသာတောင်းပန်ရမှာ တကယ်ဆိုခများလွတ်လွတ်လပ်လပ်လေးနေရအုံးမှာ အခုတော့ကလေးအဖေဖြစ်ရတော့မယ် "
"ေနရတာရောအဆင်ပြေလား ဘယ်နားအဆင်မပြေလဲကျုပ်ကိုပြောနော် ကလေးကသုံးလတောင်ဖြစ်နေပြီတဲ့ဟန် "
"ဦး သားလေးလိုချင်လား သမီးလေးလိုချင်လား "
"ဘာလေးပဲဖြစ်ဖြစ်ကျုပ်တို့ကလေးပဲလေ "
"ရှေ့လျှောက် ဦးကိုဝန်ပိစေတော့မယ်ထင်တယ်"
ဟုတ်တာပေါ့ ကျုပ်ဆိုတဲ့ကောင်ကခများကိုစွန့်လွှတ်ဖို့တစ်ချိန်လုံးတွေနေခဲ့တာ ခများကတိုးဝင်လာတယ် ကျုပ်တို့ဇာတ်လမ်းကအဲမှာတင်စတော့တာပဲ
"ကျုပ်ဝန်ပိုတယ်လို့မတွေးမိဘူး ကလေးရှိလာရင်မင်းမလွတ်လပ်မှာသာကျုပ်အတွေးကပိုရောက်တယ် ခများမှာကလေးရှိတယ်ဆိုတော့လေ ကျုပ်နောက်ထပ်တွေးမိတာက သားလေးဖြစ်မလား သမီးလေးဖြစ်မလား ကလေးနဲ့ကျုပ်နေရာလုရမှာရယ် ကျုပ်လိုလက်ကြမ်းကြီးနဲ့နီတာရဲကလေးကိုပွေ့ထားတာမြင်ရလာတောင် "
"..........."
"ကျေးဇူးတင်ပါတယ် ကျုပ်လိုကောင်နားခများရောက်လာပြီးမိသားစုဆိုတာလေးဖန်တီးပေးလို့ "
"အဲဒါကဟန်ပြောရမှာ ဦးစီရောက်ကတည်းကဟန်ပျော်ရွှင်ရပါတယ် "
"နောက်နောင် ကျုပ်ပခုံးရဲရဲမှီပါ အားငယ်တဲ့အခါ ခများဖို့ကျုပ်ရင်ခွင်ရှိတယ် ခများရင်ဆိုင်ရမဲ့အနာဂတ်လျှောက်လှမ်းမှာ ကျုပ်ဆိုတဲ့ကောင်ကခများရှေ့မှာရှိတယ် ကျုပ်၉၉ပြားလိုကောင်ကို ရင့်ကျက်စေတာခများပဲမို့ အနာဂတ်မှာ ကလေးနဲ့အတူကျုပ်တို့ပျော်ရွှင်ရမှာပါ "
အီး......ဟီး.....
"လူကိုငိုအောင်လုပ်နေတာပဲ "
ကိုယ်ဝန်ကြောင့်ထင်ပါရဲ့ စိတ်ကလေးကနုလာတယ်
ကိုယ်ဝန်က သုံးလကျော်ပြီး ငါးလထဲပင်ရောက်နေလေပြီ ဗိုက်ထဲက ကလေးတော့သူ့အဖေကိုအတော်ချစ်ပုံ ဟန်ကဘာတစ်ခုမှမခံစားရ သူသာတစ်ခုမဟုတ်တစ်ခုဖြစ်လိုက်ရမှ ကလေးအနှီထုပ်ပုံလည်းအခုထိမရသလို အင်္ဂုလိမာလသုတ်လဲမရသေး
ယားဘူးဘက်ကျင်းပြောင်းရတော့မည် ယားဘူး၌လုပ်စရာမြေမရှိတော့ ပလော ပလောက်ဘက်ပြောင်းရမည်ဖြစ်သည် ဒီနေ့ကနားရက်ပေါ့လေ
"ရော့ ဆက်ဟန်မင်းတွက်အားရှိမဲ့ဟာတွေ ဒါကကင်းကောင်တွက်ကိုယ်ဝန်သည်စာအုပ် ဆောင်ရန်ရှောင်ရန်တွေ "
"အများကြီးပဲ ကျေးဇူးတင်ပါတယ်လောပန်း "
"ဟင်း ဒါကမင်းသားကံကြောင့်ငါအဲလိုပေးတာ ပလောက်ကမြေကလိုချင်တာဈေးအများကြီးခေါ်ချတာ အခုရတော့လည်း မဖြစ်စလောက်ဈေးနဲ့ ငါမှန်းထားတာထက်တောင်နဲသေးတယ် "
"ကင်းကောင်ဒီလာအုံး "
လာဆိုတာနဲ့စားနေတဲ့သရက်သီးကမချ ပန်းကန်လိုက်မကာလာလေသည် သရက်သီးကအစိမ်းကြီး အမလေး သွားတွေကြိမ်းတာ
"မင်းအခုလုပ်ခကို မွေးဖို့စုထား ငါ့အကြွေးကဖြေးဖြေးဆပ် မင်းဆပ်ဖို့နှစ်ရာထဲကငါးဆယ်ကို ငါလျှော်ပေးမယ် "
"မဖြစ်နိုင်တာဗျာ ငါးဆယ်ကနဲတာမဟုတ်ဘူး ကျုပ်ဆပ်ပေးပါ့မယ် "
"ငါမင်းကိုပေးချင်လို့ပေးတာမဟုတ်ဘူး ကလေးကိုပေးတာ "
"ကိုကြီးနဲ့မရီးရေ......."
"ဘာဖြစ်လာတာလဲထွေးဦး "
"မရီး ကျုပ်လေ ကျုပ်... ချဲထိုးထားတယ် "
"အဲတော့ မပေါက်ဘူးမလား "
"ငါဆဲရင်မကောင်းဖြစ်တော့မယ်ကင်းကောင်ရေ ၊ မရီးကလေးကလပ်ကီးဗျ "
"ဘာကိုလဲဟ ရှင်းရှင်းပြော "
"ဒီလိုလောပန်းရ ကျုပ်ညကအိမ်မက်ထဲမှာတူလေးကိုချီထားတာ ပြီးတော့သူကဒုတ်ကလေးနဲ့စာရေးပြတာ ကျုပ်လည်းမနက်ရောက်တော့ နှစ်သောင်းခွဲဖိုးတောင်ထိုးချလိုက်တာ "
"ပေါက်သွားရောလား "
"ဒါပေါ့ ဒဲ့ကြီးပေါက်တာ "
"နှစ်သောင်းခွဲဆိုဘယ်လောက်ရမလဲ"
"တစ်ထောင်မှာငါးသိန်း နှစ်သောင်းဆိုတစ်ရာ ငါးထောင်ကနှစ်ဆယ့်ငါးသိန်း "
"ထုပ်ပြီးပြီလား "
"ထုပ်ပြီးလို့ ကိုကြီးလာပေးတာ "
"ငါကဘာလုပ်ရမှာ နင့်ဟာနင်ယူပေါ့ "
"ကျုပ်ကလည်းပေးချင်လို့ပေးတာမဟုတ်ဘူး ကျန်နေတဲ့တစ်ရာကိုဆပ်ပေးတာပ ကျုပ်တူလေးကလပ်ကီးလေ "
အဲဒါဘာပဲ ဆက်ဟန်ထရင်တောင်သူတို့လပ်ကီးကိုဂရုစိုက်ဖို့ပြောတက်သည် ဗိုက်ထဲမှာကတည်းကသဲသဲလှုပ်နေကြသူတွေ ဆေးရုံဆင်းသည့်နေ့ကလည်း ဟန်အားပြောဆိုကြသည့်တဖက်ကျင်းသားတွေကြောင့် ထိုးပွဲခဲ့ရသေးသည် သူတောင်ဝင်မပါလိုက်ရ
"ကိုကိုစီ ဦးဘယ်သွားလဲ "
"ကိုထွန်းနဲ့ဆိုင်လိုက်သွားတယ် ဘာဝယ်ဆိုလည်းမသိဘူး ပြောတော့ပြောသွားတယ် ငါမေ့သွားပြီ "
"ဒါဆို ထွေးဦးရော "
"မရီး..ဘာလို့လို့လဲ "
"မေးကြည့်တာရယ် ကျင်းကဘယ်တော့ပြောင်းမှာလဲ "
"နောက်၃ရက်လောက်ဒီမှာနေအုံးမှာ ဟိုရောက်ရင်တစ်ခါတည်းဆင်းရမှာမို့လို့ "
"ဆက်ဟန် ထမင်းစားမလား ကင်းကောင်ချက်ထားတာ "
"ဦးချက်ထားတာ စားကြည့်မယ်လေ "
၅လထဲဝင်ပြီဆိုကတည်းကအစားသောက်တွေပျက်လာပြီးလူကပိန်ကျလာသည် အရိုးပေါ်အရေတင်
"စားလို့မရပြန်ဘူးလား "
"ဟင့်အင့် သရက်သီးစားချင်တယ် "
"မရဘူး.! အချဥ်တွေစားရင်တားလို့လဲမရဘူး ပြီးရင်အစပ်ဆိုဂျီကျအုံးမယ် "
"ကိုဟိန်းကလဲ "
"ဘာမှမလဲနဲ့ ငါဘာသွားဝယ်ပေးရမလဲ ဘာစားချင်လဲ "
"ကိုကိုးဖျော်ပေး "
"ဟိုကောင်လာတော့မှာစောင့်လိုက် "
"ကိုဟိန်းဖျော်တာပဲသောက်မှာ "
ခများတို့ပြောရင်ယုံမှာလား ဆက်ဟန်က ကင်းကောင်ကလွဲရင်ကိုကိုးဗူးထိရင်တောင်မကြိုက်တဲ့လူက အခုဖျော်ခိုင်းနေတယ်ဆိုတော့ ဗိုက်သည်စိတ်ကြိုက်လုပ်ပေးရတော့သည်
"ဆက်ဟန် "
ကိုကိုးသောက်နေတော့ ဖြေချင်စိတ်မရှိ ဘုဆတ်ဆတ်သာကြည့်လိုက်သည် သူက လောပန်အောင်မျိုး
"ကလေးပစ္စည်းတွေကို ပလောက်ရောက်မှဝယ် ဆရာဝန်ဖုန်းဆက်လာတယ် ကလောကOGနဲ့လွှဲပေးထားတယ်တဲ့ "
"ဟုတ် လောပန်း"
"ကိုဟိန်း စပါကလင်လေးတစ်ဗူးလောက် "
သွားဝယ်ရပြန်သည် ကင်းကောင်မရှိတော့ရစ်တာ ဟိုကောင်ဆိုရင်ထိုသို့မဟုတ် တော်စမ်းဆိုတာနဲ့တိတ်
အခုတော့ ငလုံး အစီ သူရယ် ထွေးဦးရယ် ဦးသက်ပါမနေရ တစ်ခုပြီးတစ်ခုဝယ်ခိုင်းနေလေတော့ ဟိုကောင်မြန်မြန်လာပါတော့လို့ဆုတောင်းယုံကအပ တခြားမရှိ
"ဟန်ဗိုက်ရေ ဘာပါလာလဲထွက်ကြည့် "
"မင်းတို့ကောင်တွေကဘာဖြစ်နေတာလဲ ဦးသက်ခများကရော ဆိုင်ကယ်နဲ့ဘယ်သွားမှာ "
"ကင်းကောင်ရေ မင်းမရှိတော့ငါတို့ရစ်နေတာဟ ခိုင်းချက်ကလက်လန်တယ် အဲကောင်အပြင်ကိုထွက်လာရင် ငါတို့တော့သွားပြီမောင်"
"ဟန့်သားကို အဲကောင်လို့မပြောနဲ့ကြိုက်ဘူး "
"အေးပါကွာ ငါတို့မှားတာ "
"ဦးကရောဘယ်သွားတာ "
"ခများတွက် လိုအပ်တာတွေသွားဝယ်တာ "
"ဘယ်မှာလဲ "
"မပါဘူး စိတ်တိုင်းမကျလို့တစ်ခုမှမဝယ်လာဘူး "
၅လထဲရောက်နေပြီဖြစ်သည့်ဗိုက်ကလေးသည် နဲနဲလေးစူနေပြီ သူ့အင်္ကျီအပွတွေကြောင့်သိပ်မသိသာ ဟော်မုန်းကြောင့်စိတ်ကအပြောင်းလဲမြန်သလို ရင်သားတွေလည်းနဲနဲလေးစူနေသည်
"ကျုပ်တွက်တော့ဝယ်လာတယ် "
"အင်္ကျီတွေ ဦးမှာလည်းရှိသားနဲ့ကိုပိုက်ဆံပိုကုန်အောင်လို့ဝယ်လာရတယ်လို့ "
"ကျုပ်မှာရှိတဲ့ဟာအကုန်ခများလိုက်ဝတ်နေတာ ကျုပ်နဲ့မတော်တာဆို ခများဗိုက်မဖုံးဘူး ခများအင်္ကျီတွေကျုပ်ဝတ်ရအောင်ကလည်း sexy boy ဖြစ်တော့မှာ "
"ဟုတ်သားပဲ မေ့နေတာ ဟိုပုလင်းကရော "
"မနေ့ကခများဗိုက်မှာအရာလေးတွေ့လို့ ကိုထွန်းမေးလိုက်တာ အဲလိုပဲတဲ့ကိုယ်ဝန်ဆောင်တွေကအကြောပြတ်ရာတွေထွက်လာတယ်တဲ့ သံလွင်ဆီလိမ်းရတယ်ဆိုလို့ဝယ်လာတာ "
"ဟိုဟာကရော "
"ကလေးလေးတွက် ထောက်ကူပြုနိုင်မဲ့ အဖေအမေလက်စွဲ "
"အခုဘာစားထားလဲဟန်ဗိုက် "
"အစုံဘဲ ဟီး "
"ကင်းကောင်ရေ ကိုဗိုက်ထမင်းမစားဘူး မင်းကျွေးလိုက်အုံး "
"အေး "
အစီဘက်လှည့်ပြောပြီး ဟန်ဗိုက်ဘက်လှည့်တော့သူမဟုတ်သလို ကလေးရှိလာကတည်းကတော်တော်လေးစိတ်ရှည်လာတယ်ထင်တယ်
"ဟန်ဗိုက် ဘာလို့မစားတာလဲ စားလို့မရပြန်ဘူးလား "
"စားမှာ ဦးခွံ့ပေးလေနော် "
"ဟုတ်ပြီ ကျုပ်ထမင်းသွားထည့်အုံးမယ်ထိုင်နေ "
"ဟန်ဗိုက် ကိုကိုးကသောက်ထားတာလား ရေပူလောင်မှဖြင့်ခများနဲ့တော့လေ "
"ဟန်ဖျော်တာဟုတ်ဘူး ကိုဟိန်းဖျော်ခိုင်းတာ "
"ကျုပ်ပြောထားပြီးသားနော် တခြားသူတွေမခိုင်းနဲ့လို့ "
"ဟင့် သူများသောက်ချင်တာကို သူမှမရှိဘဲ ဖျော်ခိုင်းတာပေါ့ ပြီးတော့သားကသောက်ချင်တယ်ဆိုလို့ "
"သားလို့ဘယ်သူပြောလဲ သမီးလေးဖြစ်မှာ "
"ဟွန့် မွေးတဲ့သူကသားဘက်ပိုအားသန်ရင် မွေးလာတဲ့ကလေးကလဲသားပဲတဲ့ ရှင်းတယ်နော် "
"သားလေးရေ မင်းေဖဖေကလူဆိုးကြီးသိလား "
ပူနေပြီဖြစ်သောဗိုက်ကလေးအားကိုင်ကာထိုသို့လဲတိုင်တက်သေးသည်
"ဟေ့ ဟေ့ ေဖဖေလို့မပြောပါနဲ့ဆို ဒယ်ဒီပဲ "
"မသိဘူး ဖေဖေဆိုဖေဖေပဲ "
ထမင်းခွံ့တိုင်းပေါင်ပေါ်တင် နားညီးအောင်ပြောရသေးသည်
"ကလေးသာထွက်လာရင် ကင်းကောင်တွက်ရှယ်ပဲ အခုတည်းကနှိပ်စက်နေတာသာကြည့်တော့ "
"ဟုတ်ပ ကလေးသာမရှိရင်ရှုပ်လို့ဆိုပြီးပိတ်ဟောက်တော့မှာအခုတော့ ကလေးကြီးကိုကလေးချော့သလိုချော့နေရတယ် "
"ကစားဝိုင်းလေးလုပ်ကြမလား သား နဲ့သမီး "
"ငါကသမီးပဲ ဆက်ဟန်ကပိုနုလာတယ် မိန်းကလေးကိုယ်ဝန်ဆိုအဲလိုပဲ "
"ငါကသား "
ထိုသို့ဖြင့် သမီးငြင်းတဲ့သူက၅ယောက် သားလို့ပြောတဲ့သူက၅ယောက် လျော်ကြေးအနေနဲ့ရှုံးတဲ့သူကကျန်၅လတွက်၅သိန်းပေရမည်
"မရီး ဟိုကောင်ရော "
"မသိဘူး လာမမေးနဲ့သွား "
"ဟယ် ဘာဖြစ်တာတုန်း "
"စောက်ကောင်က အခြောက်လေသံနဲ့ ဟယ်မဟုတ်ဘူး ဟာ"
"အစီ ဘာဖြစ်တာ "
"ကင်းကောင်ပေါ့ ဘယ်သွားမှန်းမသိတာ ထမင်းစားပြီးအိပ်ခိုင်းခဲ့တာထင်တယ် နိုးလာတော့မတွေ့လို့ကောက်ချိတ်နေတာ "
"မရီးကလည်း တနေရာရာသွားမှာပေါ့ ဖုန်းဆက်ကြည့်လေ "
"ဆက်ဘူး လာမခေါ်နဲ့သွားကြအကုန်လုံး "
📱📱
"ဟေ့ရောင်မင်းဘယ်ရောက်နေတာလဲ "
"........"
"မြန်မြန်လာ ကောက်ညှင်းငချိတ်ဖြစ်နေပြီဟ "
"......."
"ငါပါလာမယ် "
📱📱
"ဟေ့ကောင် ဒါဘယ်တုန်း "
"မရီးကိုအစီပဲကြည့်ထိန်းထားလိုက် ကျုပ်ဝိုင်းသွားမှာ "
"အခြေနေမကောင်းဘူးလား "
"ကျုပ်ကြေးပြားသွားသိမ်းမှာ "
..........
သူရောက်တော့ ဟန်ကအခန်းထဲအိပ်နေလေသည် ညနေ၄နာရီဆိုတော့ လမ်းလျှောက်ဖို့ကောင်းတဲ့အချိန် သူဟန်နားဝင်လှဲလိုက်ပြီး ဗိုက်ကလေးပေါ်လက်အုပ်တင်တာနဲ့ဟန်ကနိုးလာပြီ
"ဆေးလိပ်နံ့ရတယ် "
"ကျုပ်အပြင်သွားတုန်းကသောက်လာတာ အနံ့ရနေသေးတာလား ခဏလေး ပါးစပ်သွားဆေးလိုက်မယ် "
"ဟင့်အင့်ကြိုက်တယ်... အနားမှာဘဲနေပေး "
"မဖြစ်ပါဘူး ကိုယ်ဝန်သယ်ကဆေးလိပ်နံ့ခံလို့မရဘူး "
"ဦး..........လို့ "
"ပြီးရော ပြီးရော "
ဦးဟာသူကိုယ်ဝန်ရှိတာသိပြီဆိုကတည်းက အစစအရာရာဆင်ခြင်ပေးသည် အရက်ကိုလည်းဟန်အိပ်တဲ့ခါမှာ တစ်ပဲ့စာလောက်သောက်တက်ပြီး ဆေးလိပ်သောက်ရင် အနားမလာခိုင်းအနံ့ရမှာစိုးလို့ပီကေကဆောင်ထားတက်သေးသည် ရှေ့လကလိုအပ်မှုဖြစ်လာတာကြောင့်ထိန်းချုပ်ရင်းမရဟန် အဲဒါတောင်မှကဘေးထိခိုက်မှာစိုးလို့ဆိုပြီး ဟန်ကိုအဘေးကပဲထားတာ သူ့ဘာသာသူဖြေရှင်းခဲ့သည်
"ဟန်ဗိုက် ဘာတွေးနေတာလဲ "
"ဟမ်...ဘာမဟုတ်ပါဘူး ဒါနဲ့ဦးကဘယ်သွားတာလဲ "
"ကျုပ်လက်ယားလာလို့အပျော်တမ်းသွားတော့တာ "
"မကစားပါနဲ့ဆိုတာကို လက်ထဲမှာရှိတဲ့ပိုက်ဆံကုန်မှာ အပျော်တမ်းကနေ အတည်ကြီးလုပ်ချပစ်တာ"
"ကျုပ်ပိုက်ဆံကျုပ်သိပါတယ်နိုင်နေလို့ကြာနေတာ "
"ဘယ်လောက်လဲ "
"၅၀တည်း "
"ဦးလိုလူက ၅၀ကြီးတောင်နိုင်လာတာအပျော်တဲ့လား ကြေးတွေဒီလောက်များတာ "
"ကဲပါ ကလေးတွက်မွေးစရိတ်ရတာပေါ့ အခုတော့ထလမ်းလျှောက်ရမယ် ပထမဆုံးကိုယ်ဝန်လွယ်တဲ့သူတွေကအိပ်ပဲအိပ်နေလို့မရဘူးတဲ့ မွေးလို့ကောင်းအောင်လမ်းလျှောက်ပေးရတယ် လာ လာ..."
"ဖြေးဖြေးလျှောက်လေ ပြုတ်ကျမှဖြင့်ရင်ကျိုးရချေရဲ့ "
"ဦးကလည်း စိတ်မှမရှည်တာကို "
"နဲနဲလေးဆွဲဆန့်လိုက် အထဲကကျုပ်ကလေးလေးထိခိုက်သွားမယ် "
အီးးးးးးးဟီး..........
"ဘာလို့ငိုနေလဲဟန်ဗိုက် "
"လူဆိုးကောင်..ကျပ်မပြည့်ကောင်..... ငါ့ကိုမချစ်ဘူး... အထဲကကောင်ကိုပဲစိတ်ပူနေတယ် "
"ဟာ..ကျစ်..ဟန်ဗိုက်ရာ ကျုပ်ပြောချင်တာကအထဲကဟာလေးတစ်ခုခုဖြစ်ရင် အရင်ခံရမှာခများလေ မထွက်သေးတဲ့ကောင်ကိုစိတ်မပူပါဘူး "
အီး.......ဟီး.........အင့်
"ဘာလို့ငိုပြန်တာတုန်း "
"ကို့သွေးသားရင်းကိုတောင် စိတ်မပူဘူးတဲ့ "
တစ်ခုမဟုတ်တစ်ခုကျန်ဖန်ရစ်နေသူကိုကြည့်တာ ကောက်နေသည့်ဆံပင်အားဖွပ်လိုက်သည်
"အဲဆို ဟန်ကိုချစ်လား. ? "
"စံကားဝါပင်အောက်မြန်မြန်သွားစို့ "
စကားလမ်းကြောင်းလွှဲခြင်းသည်ဦးတက်မြောက်သောပညာရပ်တစ်နှယ်
ေနရာဒေသမဟုတ်ပဲစိုက်ပျိုးထားသောစံကားဝါပင်အောက် ထိုင်ချလိုက်ပြီး နေမင်းကြီး၏အနောက်သို့ဝင်ပုံကို ဦးရင်ခွင်အားမှီကာ ကြည့်ရှု့နေလိုက်ပြီး ဦးစီမှပြန်မယ်ပြောလာမှ နေမင်းကြီးတစ်ခါပြန်ကြည့်မိသည် အချိန်တွေကြာပုံက နေ၏အရိပ်လေးပင်မရှိတော့ပဲမှောင်ရီပြုစဖြစ်နေလေသည်
"ကိုဗိုက် ငါဟင်းချက်ထားတယ် ဘာစားချင်လဲ လာကြည့် "
"ဦး ဒီဟင်းနဲ့ခွံ့ကျွေး "
"ကျုပ်ရေချိုးလိုက်အုံးမယ် ခဏစောင့်"
"ဟင့်အင့် အခုစားမှာ "
"ဟန်ဗိုက်ရာ မဆိုးစမ်းနဲ့ ချွေးနံ့တွေနဲ့ ခများခေါင်းမူးလိုက်မယ့်"
"ဟင့်အင့်ဆို ကျွေးမလား မကျွေးဘူးလား ပြော စိတ်ဆိုးပစ်လိုက်မာနော် "
"မင်းပဲလျှော့လိုက်တော့ကင်းကောင် ကိုဗိုက်ကထမင်းစားတာမဟုတ်ဘူး စားမယ်ပြောတုန်းကကျွေးလိုက် "
သူပဲလျှော့ရပြန်ကာ ကြက်သားတောဟင်းနဲ့ဆိုလို့ခူးခပ်ပြီး ခေါ်ရပြန်သည်
"ဟန်ဗိုက် ငြိမ်ငြိမ်နေနော် ကျုပ်အတွင်းခံမဝတ်ထားဘူး"
"ခေတ်ဆက်သာဟန် ဘယ်လိုဖြစ်နေတာလဲ ငြိမ်ငြိမ်နေလို့...နဂါးကြီးနိုးလာမယ် "
ပေါင်ပေါ်ခွရက်တိုင်ကာလှုပ်နေသည့်ဟန်နှင့် ထမင်းပန်ကန်ကြီးမကာ ချော့နေရသူလဲရှိသည်
"ကြက်သားအရသာမရှိဘူး "
"ဘာနဲ့စားချင်လဲငါးဖယ်လား "
"ဦးနှုတ်ခမ်းနဲ့ "
"ဟင်း.....လာနောက်နေတာလား ကျုပ်စိတ်မရှည်တော့ဘူး "
"ဦးနှုတ်ခမ်းနဲ့ခွံ့ "
လျှော့ရပြန်ပြီ ထမင်းအရင်ခွံ့ပြီး ကြက်သားကိုသူ့နှုတ်ခမ်းမှာကိုက် ပြီးရင်ဟန်ပါးစပ်ထဲလွှဲထည့်ရသည်
"ဦးဝင်းနိုင် ကိုဗိုက် ကင်းကောင်စီရောက်သွားတာမှန်တယ်မလား "
"ဘာကိုလဲ "
"ဦးနိုင်ဝင်းသေချာကြည့်ပါ ကင်းကောင်ဆိုတာအဲလိုချော့ဖို့မပြောနဲ့ စိတ်ကလက်တစ်ဆစ် ထစ်ခနဲရှိရင် အော်ဆုပ်ပစ်တာ အခုကြည့် ဆက်ဟန်ကဖျားပျံတယောက်လိုကပ်တွယ်နေတာ ကင်းကောင်နေရာမှာကျုပ်သာဆို လုပ်ပေးနိုင်မှာမဟုတ်ဘူး "
"အဲတော့မင်းက လက်လွှတ်ပေးပြီပေါ့ "
"ဟုတ်တယ်ကျုပ်လက်လွှတ်တော့မှာ ဒါပေမဲ့ဆက်ဟန်စီကများ ကိုဟိန်းလို့ခေါ်သံမှာကျုပ်ကျဆုံးနေမိတုန်းပဲ အခုလိုသူတို့တွေပျော်ရွှင်နေတာမြင်တော့ ကျုပ်သူ့ကိုလက်လွှတ်ချင်မိတယ် "
"ငါကင်းကောင်ကိုချီးကျူးတယ် ငါလည်းကလေးလေးယောက်အဖေပဲ ငါ့မိန်းမပထမဆုံးကလေးစယူကတည်း ငါ့မှာလုပ်ပေးတာတစ်ခုမှမရှိဘူး မွေးပြီးတဲ့ချိန်မှ ထမင်းချက်တာတို့အနှီးလျှော်တာတို့လုပ်ပေးရတာ အမှန်တိုင်းပြောရရင် ကလေးနှစ်ယောက်မှာချဥ်ခြင်းတက်တာဘာလဲငါမသိဘူး "
"ဆက်ဟန်က လူကောင်းနဲ့တွေ့ဖို့တန်တဲ့သူမလို့ပေါ့ "
"နီကျား "
"ပိုင်စိုးဦးကို ဝတ်စားပုံကနေသာ၉၉ပြားလို့ခေါ်ကြတာ တကယ့်ကျပ်မပြည့်တဲ့ကောင်မှမဟုတ်ဘဲ အရင်ကသူကြိုက်သလိုနေခဲ့နေခဲ့ အခုချိန်မှာ သူ့ရဲ့အရာအားလုံးကိုဆက်ဟန်တွက်ပေးဆပ်ထားတာကျုပ်တို့အားလုံးအသိပဲ သူတပါးအိမ်ထောင်ရေးကွဲတာမျိုးမမြင်ချင်ဘူးဆိုပေမဲ့ ကျုပ်ဆက်ဟန်ကိုချစ်တုန်းပဲ"
"ဒီမှာနီကျား မင်းဒုသနသောဆိုတာနားလည်ရင်နောက်ဆုတ် ဆက်ဟန်တို့တစ်ခုခုဖြစ်လို့မင်းပယောဂမကင်းရင် ငါနဲ့အရင်ရှင်းရမယ် "
"မင်းလည်း လှတာကိုကြိုက်ရင်းကနေတကယ်ချစ်မိသွားတာပဲမလား "
"မင်း... "
"ငါမသိဘူးလို့မထင်လိုက်နဲ့ ဆက်ဟန်သွားတဲ့နေရာတိုင်းမင်းလိုက်ချောင်းနေတာမတွေ့ဘူးမထင်လိုက်နဲ့ "
"နှစ်ကောင်စလုံးတော်တော့ အခုချိန်မှာဆက်ဟန်ကလူလွတ်တယောက်မဟုတ်တော့တဲ့အတွက် အခြေနေလေးကြည့်ကြပေါ့ကွာ"
.............
"ပိုင်စိုးဦး မင်းညကဘယ်ချိန်မှအိပ်လဲမျက်စိကအနောက်ရောက်နေပြီ "
"ရေချိုးတာတောင်၈နာရီထိုးပြီ "
"ဟ အဲချိန်ထိဘာလုပ်နေတာလဲ "
"ဆက်ဟန်သိပ်နေရလို့ တော်ရုံနဲ့မအိပ်ဘူးရယ် ပုံပြင်ပြောဆိုတာလာသေးတာ "
"ကလေးကမထွက်သေးဘူး ပညာကပြနေပြီ "
"အဲလောက်နဲ့နောက််မရောက်ဘူးလို့ထင်တာပဲငါတော့ "
"ကိုထွန်းကလဲဗျာ.... တစ်ညလုံးအိပ်ရခက်တယ်ထင်တယ် ဟိုလှိမ့်ဒီလှိမ့်နဲ့ ကျုပ်လဲဘယ်လိုလုပ်ရမှန်းကိုမသိတာ "
"လောပန်းကိုခွင့်တောင်းမလို့ ကျုပ်တို့ခွင့်တစ်လလောက်ယူမလို့ ဟန်ဗိုက်လနုတုန်းက အမေတို့လည်းတွေ့ချင်နေတာပေးတွေ့ချင်တယ် ရက်နဲနဲဆိုဟန်တွက်အဆင်မပြေလို့ ပြန်လာရင်ပလောက်တစ်ခါတည်းလာမယ်လေ "
"မင်းခွင့်မယူလည်းအကုန်လုံးခွင့်ပေးရမှာ ပလောက်မှာတိုက်ပွဲဖြစ်နေတယ် ကျင်းလုပ်လို့မရဘူး ဒီမှာပဲအခြေနေကြည့်ပြီးနေရတော့မှာ ငထွန်းလူတွေကဒီမှာနေမယ် ငါတော့တောတန်းပြန်ဆင်းမလို့ "
"ကျုပ်တို့မနက်ဖြန်လောက်သွားဖို့လုပ်လိုက်တော့မယ် "
"ပိုက်ဆံလိုသေးလား "
"ရတယ်လောပန်း အမေလွှဲထားတာရှိတယ် "
"ဆင်ပြေရင်ပြီးတာပဲ လမ်းကနှစ်ရက်တောင်ကြာမှာ ဆက်ဟန်အဆင်မပြေရင်ဆက်မသွားနဲ့ "
"ဟုတ်လောပန်း"
🌠🌠
"ဦး အဝတ်တွေထည့်ရအုံးမယ်မလား ဟန်ကရတယ် "
"တကယ်ရလား ဒါဆိုသံလွင်ဆီလိမ်းပေးမယ် "
ဗိုက်လုံးလုံးလေးကိုသံလွင်ဆီလိမ်းပေးလိုက်ပြီး စောင်အပါးလေးကို အောက်တပိုင်းခြုံပေးခဲ့လိုက်သည် နောက်တော့ လိုအပ်သည့်အဝတ်နှစ်အိတ်ကအဆင်သင့်ဖြစ်သွားသည် ဟန်ဗိုက်အားစောင်းကြည့်လိုက်တော့အိပ်ရခက်နေပုံရသည် ပက်လက်အိပ်သည် ၊ ညာဘက်လှဲအိပ်သည် ၊ ဘယ်ဘက်လှဲအိပ်သည်
"အိပ်လို့မရဘူးလား ဟန်ဗိုက် "
ဟင့် !
ရွှတ်~
"ဗိုက်ဆာလို့ ပြီးတော့အိပ်လို့လဲမရဘူး "
"မျက်ရည်ကလွယ်လိုက်တာ ငိုစရာမှမဟုတ်ပဲ ဘာစားချင်လဲပြော ကျုပ်လုပ်ပေးမယ် "
"မလုပ်ပါနဲ့ ဦးလည်းအိပ်တော့လေ ဟန်ထက်ဦးကပိုပင်ပန်းတာကို "
"ဟန်ဗိုက် ကျုပ်ပြောမယ် ကျုပ်ပင်ပန်းတာကဗိုက်ကြီးနေတဲ့ခများနဲ့ယှဉ်ရင် တစ်ဝက်တောင်မမှီဘူး "
"ဟန်စားချင်တာအများကြီး ဒါမဲ့ကိုကိုးပဲသောက်မယ်လေနော် "
"အဲဆိုလာ အိပ်လို့မှမပျော်ဘဲအပြင်လိုက်ခဲ့ အခုမှ၈ခွဲပဲရှိသေးတာ ဟိုကောင်တွေလည်းရှိသေးတယ် "
သူအပြင်ထွက်လာတော့ ဦးညီရယ် ဝင်းဆန်း ငလုံး ကိုဟိန်းနှင့်အစီကရှိနေသည်
"ကိုဗိုက် ဘာလိုလို့လဲ အိပ်လို့မရဘူးလား မနက်ဖြန်ဘဲခရီးသွားရမှာကို "
"ဟန်ဗိုက်ဆာလို့ "
"ဟုတ်လား ဘာမှလဲမရှိတော့ဘူးမောင် ဘာထွက်ဝယ်ပေးရမလဲ "
"ရတယ်ငဟိန်း ကိုကိုးပဲသောက်တော့မှာတဲ့ "
"ဆိုင်တွေလဲမရှိတော့ဘူး "
"ကျုပ်တူလေးကဘာစားချင်မှန်းမှမသိတာ အဲဒါကိုကြီး မင်းကြောင့် မုန့်တွေကြိုဝယ်ဆိုတာမဝယ်ဘူး "
"ကိုဟိန်းအဲဒါဘာလဲ "
"မုန့်တုန်းလေ မိုးသူဇာ( မုန့်အမည် ) "
"ဟန်စားချင်တယ် "
"ခေတ်ဆက်သာဟန် "
"ဘာလဲ ဦးကလည်းစားချင်တာကို "
"ဟုတ်လို့လားကိုဗိုက်ရယ် မင်းပဲယိုများလို့အီတယ်ဆို"
"စားမှာ "
"ခဏအဲဆို ဦးသက်မှာနှစ်ထုပ်ရှိတယ် သွားယူပေးမယ် "
"ဟင့်အင့် ကိုဟိန်းဟာပဲစားမှာ "
ပြောသာပြောနေရတယ် ကင်းကောင်မျက်နှာလည်းလှမ်းကြည့်ရသေးသည် ဟိုကောင့်မျက်နှာကအီးမှန်းထားသလိုရုပ်လေးဖြစ်နေပြီ
ခဏနေတော့ မုန့်ထုပ်နဲ့ကိုကိုးကိုထိုင်သောက်နေတော့သည်
"ထွေးဦး မင်းမရီးကြည့်ထားနော် ငါဆေးလိပ်သောက်ချင်လို့ "
"အေးးးးးးးးး. "
"ကိုဟိန်း ကိုမေးစရာရှိတယ် "
"မေးလေ "
"ယုန်လေးနဲ့အခြေနေဘယ်လိုလဲ "
"မင်းကဘာကိုသိချင်တာ အတိုင်းပဲ "
"အစီ ဟန်လေ စားချင်သေးတယ် "
"မင်းစားတဲ့ဟာမရှိတော့ဘူးပ "
"ညနေက ကိုကိုစီဝယ်လာတဲ့ဆီးသီးထုပ် "
"မရဘူးနော်မရီး အခုပဲအချိုနဲ့အအီတွေစားထားတာ အခုကချဥ်ကြီးမရဘူး "
"တကယ်မရဘူးလား "
"မရဘူး "
နဂိုထော်နေသည့်နှုတ်ခမ်းလေးက ပိုထော်လာပြီး ' ဦးရေ ' လို့အော်ခေါ်တော့သည် ဟိုကလည်းချက်ခြင်းကြီးရောက်ချလာသည် လင်တယောက်လုံးအနားရောက်လာတာနဲ့ မျက်နှာငယ်ချသွားပုံက သနားစရာလေးပါပေါ့
"ဝပြီ အိပ်တော့မယ် "
ကိုဟိန်း "..........."
အစီ ".............."
ထွေဦး "............."
ငလုံး "............"
ဝင်းဆန်း "............"
"ဟုတ်ပြီ ကျုပ်လိုက်ပို့မယ် "
လက်မောင်းရင်းကနေတွဲခေါ်သွားပြီး အိပ်ယာပေါ်အသာလှဲချပေးလိုက်ပြီးသူပါတပါတည်းဝင်လှဲချလိုက်သည်
"အိပ်ရခက်နေလား "
"ကျုပ်ဘယ်လိုလုပ်ပေးရမလဲ "
"ရတယ် ဦး "
ရတယ် ဦးလို့သာပြောတာ ရင်ဘက်နဲ့ပေါင်ပေါ် လက်နဲ့ခြေကရောက်နေပြီ ဆယ်မိနစ်လောက်ကြာတော့အနေထားကပြောင်းသွားပြန်သည် ။
upမမှန်လို့ အားပေးမှုတွေလျော့သွားမှာစိုးတယ်ပဲလှော်ကလေးတွေရယ် Voteလေးလဲပေးခဲ့ကြအုံးနော်
........................................................................
Zaw
"ဘာလုပ်ရအုံးမှာ "
"ဘာလက်မှတ်လဲကွ "
ဟင့်!
မွ~
"အပင်အောက်မှာရပ်လေ "
"ok 1 2 3 "
ချပ်
" ok 1 2 3 "
ချပ်
ချပ်
1 2 3 ချပ်
"အေးပါကွာ "
1 2 3 ချပ်
1 2 3 ချပ်
1 2 3 ချပ်
"ဟုတ်တယ်ပ "
တဖက်တွင်
"လူယုတ်မာ "
"မသိဘူး "
"ဒီညမင်္ဂလာဦးညနော် "
"ပြီးရောပြီးရော "
"ဘာလဲအဲဒါလက်ခံတာလား "
"အင်း စောင်ခြုံမလား "
"ဟင့်အင့် "
"မင်းကတော့လေ "
........
"ဟုတ်ကဲ့ "
*မဟုတ်သေးဘူးလေ *
"ကျုပ်သိပ "
"ဦး တောင်းပန်ပါတယ် "
"ဘာတွက်လဲဟန် "
"နေရတာရောအဆငျပွလေား ဘယ်နားအဆင်မပြေလဲကျုပ်ကိုပြောနော် ကလေးကသုံးလတောင်ဖြစ်နေပြီတဲ့ဟန် "
"..........."
အီး......ဟီး.....
"ကင်းကောင်ဒီလာအုံး "
"ကိုကြီးနဲ့မရီးရေ......."
"ဘာဖြစ်လာတာလဲထွေးဦး "
"အဲတော့ မပေါက်ဘူးမလား "
"ပေါက်သွားရောလား "
"ထုပ်ပြီးပြီလား "
"ကိုကိုစီ ဦးဘယ်သွားလဲ "
"ဒါဆို ထွေးဦးရော "
"မရီး..ဘာလို့လို့လဲ "
"စားလို့မရပြန်ဘူးလား "
"ကိုဟိန်းကလဲ "
"ကိုကိုးဖျော်ပေး "
"ဆက်ဟန် "
"ဟုတ် လောပန်း"
"ဦးကရောဘယ်သွားတာ "
"ဘယ်မှာလဲ "
"ဟိုဟာကရော "
"အစုံဘဲ ဟီး "
"အေး "
"သားလေးရေ မင်းဖေဖကေလူဆိုးကွီးသိလား "
"ဟေ့ ဟေ့ ဖေဖလေို့မပွောပါနဲ့ဆို ဒယ်ဒီပဲ "
"မသိဘူး ဖေဖေဆိုဖေဖေပဲ "
"ငါကသား "
"မရီး ဟိုကောင်ရော "
"မသိဘူး လာမမေးနဲ့သွား "
"ဟယ် ဘာဖြစ်တာတုန်း "
"အစီ ဘာဖြစ်တာ "
"........"
"......."
"ငါပါလာမယ် "
"ဟေ့ကောင် ဒါဘယ်တုန်း "
"အခြေနေမကောင်းဘူးလား "
..........
"ဆေးလိပ်နံ့ရတယ် "
"ဦး..........လို့ "
"ပြီးရော ပြီးရော "
"ဘယ်လောက်လဲ "
"၅၀တည်း "
အီးးးးးးးဟီး..........
အီး.......ဟီး.........အင့်
"အဲဆို ဟန်ကိုချစ်လား. ? "
"ဟင့်အင့် အခုစားမှာ "
"ကြက်သားအရသာမရှိဘူး "
"ဦးနှုတ်ခမ်းနဲ့ "
"ဦးနှုတ်ခမ်းနဲ့ခွံ့ "
"ဘာကိုလဲ "
"နီကျား "
"မင်း... "
.............
"အဲလောက်နဲ့နောက်မရောက်ဘူးလို့ထင်တာပဲငါတော့ "
"ပိုက်ဆံလိုသေးလား "
"ဟုတ်လောပန်း"
ဟင့် !
ရွှတ်~
"ဟန်ဗိုက်ဆာလို့ "
"ကိုဟိန်းအဲဒါဘာလဲ "
"ဟန်စားချင်တယ် "
"ခေတ်ဆက်သာဟန် "
"စားမှာ "
"အေးးးးးးးးး. "
"မေးလေ "
"တကယ်မရဘူးလား "
"မရဘူး "
"ဝပြီ အိပ်တော့မယ် "
ကိုဟိန်း "..........."
အစီ ".............."
ထွေဦး "............."
ငလုံး "............"
ဝင်းဆန်း "............"
"အိပ်ရခက်နေလား "
"ရတယ် ဦး "
........................................................................
[text_hash] => 3a2a759c
)
What do you think?