Chapter 35: 33
Array
(
[text] =>
Uni
"မင်းက ကလေးပဲကို ပဲနို့ကလည်းကြိုက်သေး မုန့်မြင်ရင်လင်လဲမေ့တက်သေး ကျုပ်ပြောတာမဟုတ်ဘူးလား "
"အဲနေ့ကမေ့တာမဟုတ်ပါဘူးဆို ဦးဘာသာဦးနေခဲ့တာလေ "
"မဟုတ်တာညန်း မုန့်လဲရရော ကျုပ်ပိုက်ဆံရှင်းနေတာကိုမစောင့်မင်းထွက်သွားတာလေ ကို့လင်ပါလားမပါလားတောင်မသိဘူး ဆိုင်ရှင်ကအော်မှ အနောက်မှာလေတဲ့ ကြောင်တောင်တောင်နဲ့ "
"ဦးလိုက်လာတယ်ထင်လို့အနောက်မှာလို့ပြောတာပေါ့ "
"မငြင်းနဲ့ မေ့တာကမေ့တာပဲ"
"စိတ်တိုလာပြီနော် "
"တိုပါနဲ့ နဂိုကပုရတဲ့ထဲ ဆွဲဆန့်ကြည့်ပါလား "
"ဘယ်မှာပုလို့လဲ ၅ပေ၆ကပုံမှန်ပဲ ဦးသာရှည်နေတာ "
"၅ပေ၈ကမှပုံမှန်အရပ်နော် မင်းကသာလေ လူနဲ့ဟိုဟာနဲ့မလိုက်တာ ဟိုဟာကနဲနဲသေးတယ်"
ဘုန်း.~..
"ညစ်တီးညစ်ပတ်တွေ "
"ကျုပ်ပြောတာအမှန်ပဲမဟုတ်ဘူးလား ကျုပ်ဆိုရင်အရပ်ရောဟိုဟာရောတူတူပဲ "
ဒေါက်လ်!
"ဒါထမင်းဟင်းချက်တဲ့နေရာ မင်းတို့ညစ်တီးညစ်ပတ်တွေပြောတဲ့နေရာမဟုတ်ဘူး "
"အစီ အမယ်တွေကများလိုက်တာ ဘာတွက်အဲလောက်ချက်ထားတာလဲ "
"ဒီဟာတွေအကုန်က ဆက်ဟန်တွက်လောပန်း လောပန်းတို့တွက်ကအုပ်ဆောင်းထဲမှာတစ်ချို့ရှိတယ်"
"ဘာနေ့မို့လို့လဲဆက်ဟန် "
"မနေ့က အစီနဲ့ကျုပ်ဖဲဆော့တာ အစီရှုံးလို့ဆက်ဟန်စားချင်တာချက်ကျွေးရမှာပ"
"ဪ~ ဒါနဲ့ဆက်ဟန်ရန်ကုန်ကဘယ်နေ့ပြန်ရမှာလဲ "
"မနက်ဖြန် "
"ကားရောပြောထားပြီးပြီလား တော်ဝင်အကယ်ဒမီနဲ့ပဲလား"
"ဟုတ်တယ် ဦးအောင်မျိုး "
ဒုန့် ~~
"ပိုင်စိုးဦးကဘာဖြစ်သွားတာလဲ "
"ဆက်ဟန် မင်းကင်းကောင်ကိုမပြောရသေးဘူးလား "
"ဟင့်အင့်အစီ "
"မြန်မြန်လိုက်ချော့တော့မောင် ကောက်တေးကကောက်သွားပြီ "
ဟန်မီးဖိုဆောင်ကနေအပြင်ထွက်လာတော့ ဦးအစပင်မတွေ့ရတော့
"နီးကြား ဦးတယောက်တွေ့မိသေးလား "
"မတွေ့ဘူး "
"ငလုံးရော"
"လမ်းဘက်ထွက်သွားတာတွေ့လိုက်ကောင် မေးတာတောင်မဖြေဘူး၉၉ပြား"
လမ်းဘက်ထွက်သွားတယ်ပြောလို့သွားတက်သည့်နေရာပြန်စဥ်းစားရတယ် ဟုတ်သားပဲစံကားဝါပင်
စံကားဝါပင်းနားရောက်တော့ အပင်ခြေမှာထိုင်ကာ ကြွေကျသည့်စံကားဝါပွင့်ဖတ်ကို တစိုက်စိုက်ကြည့်နေလေသည်
"ဦး"
"ဘာလို့လိုက်လာတာလဲ ကျင်းထဲနေခဲ့တာမဟုတ်ဘူး "
"ဦးက ဘာလို့ဒီကိုလာတာလဲ "
"လာလို့မရဘူးလား "
"မဟုတ်ဘူးလေ ဟန်ပြောချင်တာက..."
"သူများသိပြီးမှ ကျုပ်သိရတဲ့အဖြစ်က ဘယ်လိုနေမယ်ဆိုတာမင်းမသိဘူးလား ကျုပ်ကိုပြောစရာမလိုဘူး အဲလိုလား "
"ဦး "
"......."
"ဦး"
"..........."
"ပိုင်စိုးဦး "
"ဘာဖြစ်နေတာလဲမောင် "
"ဟန်ကိုကြည့်...ဟန်ပြောဖို့ပါဘဲ ဦးမနက်နိုးလာတုန်း​ေခါင်းကိုက်တယ်ဆိုပြီးပြန်အိပ်သွားတော့ဟန်မပြောဖြစ်တာ အခုနိုးလာတော့လည်း အစီနဲ့ ဟင်းချက်ရင်းပြောဖို့မေ့သွားတာ "
ဦးထိုင်နေသည်က စကံားဝါအပင်ရဲ့အနောက်မှာမို့လမ်းကကြည့်ရင်ကွယ်နေလေသည်
"ကျုပ် အဆက်သွယ်တော့လုပ်လို့ရတယ်မလား "
"ရတာပေါ့ အရင်စာတော့ရေးလိုက်ပေါ့မဟုတ်ဘူးလား"
ဟန်ဦးဘေးဝင်ထိုင်လိုက်သည် ဦးကတော့ကြွေကျနေသည့်ပန်းပွင့်ဖတ်အားငေးတုန်း
ရင်ခွင်ထဲဝင်လိုက်တော့အလိုက်သင့်ပြန်ဖက်လာသည့်ဦး
"ဒီစံကားဝါပင်အောက်ရောက်တိုင်း ခများပုံရိပ်တွေလွမ်းနေရတော့မှာဘဲ "
"လွမ်းရင်ဖုန်းဆက် "
"မသွားလို့မရဘူးလား "
"ဘယ်ရမလဲဦးရဲ့လက်မှတ်ဖြတ်ထားပြီးသား "
"ခများဘယ်မှမသွားနဲ့တော့ ကျုပ်နားမှာဘဲနေပေး ခများတယောက်စာတွက်ကျုပ်ရှာပေးနိုင်ပါတယ်"
"မဟုတ်သေးဘူးဦး ဟန်ကဦးတယောက်တည်းမပင်ပန်းစေချင်လို့ကို"
"မရဘူးလား ကျုပ်နားမှာဘဲဘုရင်တစ်ပါးလိုနေလေ အလုပ်လဲမလုပ်နဲ့ "
"အဲလိုမရဘူး "
"မင်းကိုစိတ်မချဘူး"
"ဟန် ၆လတခါလောက်ပြန်လာခဲ့မယ်လေ အခါကြီးရက်ကြီးတွေဆိုလည်းရရင်လာခဲ့မှာပေါ့ "
"ဒါပေမဲ့လည်းဟန်ရယ်.."
မွ~~
"တစ်သက်လုံးခွဲရမဲ့သူလိုပဲ"
"ခေတ်ဆက်သာဟန်! တော်ပြီ ကျုပ်နားမလာနဲ့ "
"မလာဘူး "
ရှိနေသည့်စိတ်ရင်းခံကစိတ်ဆတ်သည်မို့ ဆက်လည်းမပြောတော့ ကျင်းထဲကိုပဲလှည့်ထွက်လာလိုက်သည် ဟိုရောက်တော့ အစီကအားလုံးချက်ပြုတ်ပြီးစီးနေပြီ
"ဆက်ဟန် လာပြီလား ဒီမှာအကုန်ပြီးပြီ ဝက်ချိုချဥ်ဘယ်လိုနေလဲမြည်းကြည့် ငါချက်မတက်လို့လောပန်းအောင်မျိုးချက်ပေးထားတာ "
"ဟုတ်အစီ ခဏနေကျရင်စားလိုက်မယ် အဲမှာဘဲထားထားလိုက်လေ"
"တခါတည်းစားလိုက်ပါလားမောင် နေ့လယ်စားချိန်တောင်ရောက်နေပ ကျန်သူတွေကိုစောင့်ရင်မင်းဟာကုန်ပြီ"
"အင်း "
"ခဏလေးစောင့် ငါထမင်းခူးပေးမယ် "
"ကင်းကောင်နဲ့ခြေနေဘယ်လိုလဲ ကောက်နေသေးလား"
"မသိဘူး "
"မင်းသူ့နောက်ကိုလိုက်သွားတာမဟုတ်ဘူးလား "
"ဟန်အလုပ်လုပ်လို့မရဘူးလားအစီ"
"ဘာဖြစ်ကြတာလဲဆက်ဟန်"
"ဦးက ဟန်အလုပ်လုပ်တာမကြိုက်ဘူးထင်တယ်"
"ဒါကတော့ဆက်ဟန်ရယ် အိမ်ထောင်ရှိတဲ့လူတိုင်းပါဘဲ မလုပ်စေချင်တာမဟုတ်ပဲ ပင်ပန်းမှာစိုးလို့ပေါ့ မင်းကရောဘာလို့အလုပ်လုပ်ချင်နေရတာလဲ"
"ဦးတယောက်တည်းရုန်းကန်နေရမှာစိုးလို့ "
"..........."
"ဟန်မှန်တယ်မလားအစီ"
"ကင်းကောင်ဘာပြောလဲ "
"သူ့နားမှာဘဲနေတဲ့ သူရှာကျွေးနိုင်တယ်တဲ့ ရှာကျွေးနိုင်မှန်းဟန်သိတယ် ဒါပေမဲ့သူ့နားမှာနေပါပြီတဲ့ဟန်ကယောင်္ကျားလေး အမြင်စောင်းလာကြမှာ အနားမှာဒီတိုင်နေတာထက်ထဖက်တလှမ်းကကူညီချင်တာကို "
"ငါလည်းမပြောတက်တော့ဘူးဆက်ဟန်ရယ်"
ချက်ပြုတ်ထားသည့်အရောင်သွေးစုံလင်လှသည့်ဟင်းများကိုကြည့်ကာစားချင်စရာပေမဲ့ မစားချင် ချက်ပြုတ်ပေးသူပင်ပန်းပျောက်အောင်သာ နဲနဲချင်းစီစားပေးလိုက်သည်
"ဘယ်လိုလဲဆက်ဟန်စားမကောင်းဘူးလား စားတာအားမရလိုက်တာမောင် တို့ကနဲဆိတ်နဲ"
"အစီချက်ထားတာကောင်းပါတယ် ဟန်မစားချင်လို့ "
"နဲနဲ​ဖြစ်ဖြစ်စားလိုက်ပါအုံးလားဆက်ဟန် မစားချင်ရင်လည်းဝက်သားဆလပ်လေးတော့ စားလိုက်ပါလား "
စားဆိုတော့လည်းအကုန်စားလိုက်သည် အမြဲတမ်းပျော်အောင်နေတဲ့သူကအခုလိုညိုးနေတော့စိတ်မကောင်း နှစ်ယောက်လုံးကြည့်ရင်ဘယ်သူမှမမှား
ခဏနေတော့ ကင်းကောင်ကရောက်လာလေသည်
"ပိုင်စိုးဦး ဆက်ဟန်နဲ့ဘာဖြစ်တာလဲ "
"ထမင်းစားပြီးပြီလား "
"မစားရသေးဘူး ငဟိန်းစောင့်နေတာ "
"ကျုပ်မေးတာကသူ့ကို "
"ဪ မသိဘူးလေကွာ မင်းကဗလိုင်းကြီးထမင်းစားပြီးလားဆိုတော့"
"ကျုပ်မေးတာသာဖြေ အစီ"
"နဲနဲတော့စားတယ် မစားချင်ဘူးတဲ့ မျက်နှာလည်းမကောင်းဘူး"
"ကျုပ်မမှားဘူး အစီ "
"မဟုတ်သေးဘူးပိုင်စိုးဦး"
"လောပန်း "
"မင်းတို့ကိစ္စဝင်မပါချင်ဘူး ဒါမဲ့ဆက်ဟန်အစီကိုပြောတာအကုန်လုံးကြားတယ် ဒီကိစ္စမင်းလည်းမမှားသလို ဆက်ဟန်လည်းမမှားဘူး"
"မင်းကလဲအနားမှာရှိစေချင်သလို ဆက်ဟန်ကလဲမင်းဘက်ပြန်ကြည့်တာလေ မင်းတစ်ယောက်တည်းကျားကန်ရမှာထက်တဖက်ကနေကူညီပေးချင်တာ ပြီးတော့မင်းတို့ကတစ်သက်လုံးခွဲနေရတာမဟုတ်ဘူး အခါကြီးရက်ကြီးတွေဆိုဆက်ဟန်လာတာပဲ မလာစေချင်လဲမင်းလိုက်သွားပေါ့ မင်းသေချာမင်းစဥ်းစားကြည့် ဆက်ဟန်သာဒီမှာအမြဲရှိနေရင် ဆက်ဟန်တွက်မကောင်းဘူး လူ့စိတ်ကဘယ်တော့မှတစ်သက်မတ်တည်းမရှိဘူး အချိန်မရွေးဖောက်ပြန်နေတာ ဒီနေ့ကြည့်ရရင် မနက်ဖြန်ရချက်မှရမှာ ငါပြောတာဟုတ်တယ်မလား "
"ကျုပ်တို့မဝေးဘူးမလား "
"ဘာလို့ဝေးရမှာလဲကွ မင်းမှာဖုန်းရှိသားပဲအဆက်သွယ်လုပ်လို့ရတယ်လေ မင်းဆက်ဟန်ကိုပြန်ချော့သင့်တယ်"
"လောပန်းပြောတာငါထောက်ခံတယ် "
အစီစကားဆုံးသည်နှင့် ဟိုလူ့ကိုသွားကြည့်လိုက်သည် အိပ်ယာပေါ်ကွေးကွေးလေးနှင့်အိပ်နေသည်မို့ အရိုးတွေနာတော့မှာပဲတွေးမိပြီး ပြင်ပေးချင်ပေမဲ့ စိတ်ကတင်းခံနေသေးသည်
"အစီ ကျုပ်ကိုကိုးဖျော်ထားပေးတယ် ဟိုလူနိုးရင်တိုက်လိုက် ကျုပ်ဖျော်တယ်လို့မပြောနဲ့ "
"မင်းဟာကလဲကွာ မင်းဖျော်တယ်ပြောရင်ဘာဖြစ်မှာမို့လို့ "
"ကျုပ်​ေပြာသလိုသာလုပ်စမ်းပါ အခုနဟင်းတွေရော "
"ရှိတယ် မင်းစားမှာလားကို့ဘာသာကိုယူလိုက်တော့ "
"အင်း"
ညနေဘက်တွင်လည်းဟိုလူနှင့်စကားမပြောဖြစ်သေး အရက်ဝိုင်းတွင်သောင်တင်နေလေသည်
"ဆုံစည်းရာ အရက်ဝိုင်းတဲ့ မသိရင် ဆိုင်ထောင်ထားတာကျလို့"
"အေးလေ "
ကျင်းနှင့်နီးသည့်သစ်ပင်ကြီးအောက်တွင် အရက်ဝိုင်းထောင်နေကြဒီနေ့မှ ကျင်းသားတယောက်လက်ကမြင်းပြီး သစ်ပင်အကိုင်း၌ 'ဆုံစည်းရာအရက်ဝိုင်း'ဆိုပြီးသစ်သားဆိုင်းပုဒ်လေးဆွဲထားလေသည်
"နာမည်ကြီးပြောင်လိုက်စမ်းပါကွာ ဆုံစည်းရအောင်ကငါတို့ကျင်းသားတွေပဲရှိတာ "
"ငါရေးထားတာအဲဓိပ္ပါယ်မဟုတ်ဘူးဟ ငါတို့အရက်သောက်ချင်ရင်ဒီအောက်ကိုပဲလာကြလို့ ဆုံစည်းရာလို့ရေးထားတာပ"
"အရက်ပဲသောက်တာမဟုတ်ဘူးလေ ဖဲပါရိုက်တယ် "
"ဦးနိုင်ဝင်းတို့လက်သွက်ချက်ပဲ ချဖဲရိုက်မယ် "
"ရှမ်းကိုးမီးလား ၊ ဝိုက် ၊ နဲ ၊ ၉ပေါက် ၊ ဘာလဲ"
"နဲဆော့မယ်"
"ရှမ်းကိုးမီးဆိုပါလား ရိုက်တက်တာကြလို့ "
"ဘယ်လောက်ကြေးလဲ "
"၂၀၀"
"၂၀၀နဲ့ငါ့လီးလိုဆော့မှာလား "
"ကင်းကောင်တို့မိုက်ရိုင်းတာ ၂၀၀တောင်နိုင်အောင်ဆော့"
"စိန်လိုက်ပ"
လူခြောက်ယောက်ရှိသည့်ဝိုင်းလေးသည် တက်ညီလက်ညီဖြင့် ဖဲရိုက်ရန်ပြင်ကြတော့သည် ဘယ်နှစ်ချပ်ဆိုတာမဟုတ်ပဲ လေးချပ်တီးလည်းဆော့ကြသလို သုံးချပ်လည်းဆော့ကြသည် အခုကလေးချပ် နဲဖစ်သည့်အတွက်ဂဏန်းအနဲဆုံးလူကနိုင်သည်
"ကင်းကောင်တို့ဖဲပွတ်တဲ့ပုံစံကဆရာကြီးစတိုင်နဲ့ "
"ကလယ်ဖင်ထိုးခိုင်းကြည့်ပါလား အလှူမှာပိုက်ဆံကြဲသလိုပဲ "
"ဟား....ဟား....အဲဒါတော့ဟုတ်တယ်"
"ရော့နိုင်ပြီပ "
"ဟာ စောက်ကျိုးနည်း နှဲဆော့ရင်အကြီးတွေပဲကျတယ်"
"ဒီတခါပိုင်စိုးဦးတို့အလှည့်ပဲ လာထားလိုက်တော့ နှဲကပိုင်စိုးဦးတို့တွက်လာဘ်ကောင်းတယ်"
"လုပ်ထားအုံးပေါ့ကွာကင်းကောင်ရာ မင်းတစ်ခါတည်းပါနောက်မနိုင်ဘူးကြည့်နေ "
"ကြေးပိုထိုး "
"၁၀၀၀ထိုးမယ်"
"ရော.......ရော့. ပိုင်စိုးဦးတို့ကအဲလိုဆိုသိပ်ကြိုက်တာ"
ဒီတခါတွက်လည်းပိုင်စိုးဦးက၂ဖြင့်နိုင်သွားလေသည်
"ကဲလာထား ကျုပ်ကနှစ်ထောင်ဆိုတော့နှစ်ဆ ငါးယောက်၁၀၀၀၀ပေး "
"နောက်တစ်ခေါက်ကွာ ကြေးပိုမြှင့်မယ် "
"၅၀၀၀"
"အစီရှုံးမဲမမဲနဲ့နော် "
"ကြိုက်သွားပြီရော...ကင်းကောင်တို့က၅၀၀၀သုံးဆ"
"ငါ့လိ့ဖြစ်သုံးဆလား မင်းသာနိုင်ရင် ၁၅၀၀၀ကြီးတောင်ပေးရမှာ"
"မသိဘူးသုံးဆပဲ ခများတို့သာကြေးလျှော့ချင်လျှော့ "
"မလျှော့ဘူး ၁၀၀၀၀ကွာရှုံးရင်၃၀၀၀ထိုးတယ် ချ "
သူ၏လက်တက်ဖြစ်သောတဖက်ဖွင့်ဖဲကိုစိတ်ဝင်တစားဖြေးဖြေးချင်းပွတ်....
"ဟဲ့ရောင်ကိုကြီး "
"ဘာလဲကွာ ငါဖဲရိုက်နေတယ် အာရုံလာမစားနဲ့ "
"ကင်းကောင်ထလို့ "
"ဖဲရိုက်နေတယ် ကိုမေကိုလိုးရဲ့ "
"မင်းမိန်းမ သွေးတွေဆင်းနေလို့ "
"လာနောက်နေတာလား ငါ့မိန်းမ မိန်းမမှမဟုတ်တာ ဓမ္မတာလာတာလဲမဟုတ် ကလေးမွေးထားတာလဲမဟုတ် "
"ငါနောက်နေတာမဟုတ်ဘူးဟေ့ရောင် ငါနဲ့ထိုင်နေရင်းခေါင်းမူးပြီးဗိုက်အောင့်တယ်ပဲဆိုတာ ပြီးတော့သွေးတွေကျလာတာပဲ"
ထိုသို့ဆိုလာတော့ပွတ်နေသည့်ဖဲချပ်အောက်ကျပြီး ဟန်ရှိသည့်ကျင်းထဲစီပြေးရသည်
ဟိုရောက်တော့အနားမှာလူနှစ်ယောက်ရှိပြီးသူ့ဟန်ကပုံလျက်သားနှင့်ဘောင်းဘီအဖြူကလေးမှာသွေးတွေကြောင့်အနီရောင်ပြောင်းနေသည်
"ဟန် ကျုပ်ဟန်ဘာဖြစ်တာလဲ"
"သွေးတွေကျလာပြီးသတိလစ်သွားတာပဲကင်းကောင်"
ပုံလျက်ဖြစ်နေသည့်ဟန်ကိုယ်လေးကိုရင်ခွင်ထဲပို့သွင်းလိုက်သည်နဂိုအသားရေဖြူသူမို့နှုတ်ခမ်းသားတွေနှင့်မျက်နှာမှာသွေးရောင်မရှိတော့ပဲဖြူဖျော့နေပြီ
"ကျုပ်ဟန် မင်းဘာဖြစ်တာလဲ ကျုပ်စိတ်ပူအောင်မလုပ်ပါနဲ့ခများရယ် ကျုပ်ခများကိိုစိတ်မဆိုးတော့ပါဘူး"
"ဟန်"
သူတို့၏ညီငယ်လေးသည် သူ၏အိမ်သူသက်ထားအားဘယ်လိုမှမချစ်ဘူးဆိုဆို ဖက်၍ငိုကြွေးတတွတ်တွတ်ပြောဆိုနေသည်ကို သူ့အိမ်သူမသိနိုင်ပေ
ဆေးရုံတင်ရအောင်ပြောလည်းနားမဝင် မေ့မျောနေသည့်ခန္တာကိုယ်အားတင်းနေအောင်ဖက်၍သာနေနေ၏
လောပန်းအားလုံးဝင်ဖြောင်းဖျမှသာ ရနိုင်တော့မည့်အခြေနေ
"ပိုင်စိုးဦး ဆက်ဟန်ကိုဆေးရုံတင်မှရမယ် ဒီတိုင်းထားထားလို့မရဘူး"
"ဟုတ်တယ်ကင်းကောင် အချိန်နောက်ကျလိုက်မယ် ကားအဆင်သင့်ဖြစ်နေပြီဆေးရုံသွားရအောင်နော်"
အဲလိုနှင့်တစ်ခါဆက်ဟန်အားလက်နှစ်ဖက်နှင့်ပွေ့ကာ ကားပေါ်တက်သွားသည်ကြောင့် အနောက်ကလောပန်းတစ်စုပိုက်ဆံအိတ်ပြေးကိုင်သူကိုင် ကားမောင်းဖို့သွားသူသွားနှင့်ပြာယာခတ်ကုန်ပြန်သည်
"ဆရာမ ကျွန်တော့ယောင်္ကျားကိုကယ်ပါအုံး"
"ကုတင်ပေါ်တင်လိုက်ပါ"
"ဆရာကျွန်တော့ယောင်္ကျားဘာဖြစ်တာလဲ"
ဆေးရုံထဲပွေ့လျက်သားဝင်လာတဲ့အတိုင်းကုတင်ပေါ်ရောက်တော့လည်းပွေ့လျက်သားအနေထားနှင့်မို့ စမ်းသပ်ဖို့ဖယ်ပေးပါပြောရသည် သူ့ယောင်္ကျားပြောနေသူကတက်တူးနှင့်ရုပ်ကြမ်းမှအားမနာ ဒူးထောက်မတက်
"ကျွန်တော့ယောင်္ကျားဘာဖြစ်တာလဲဆရာ "
စမ်းသပ်နေသည်မှာအတော်ကြာနေပြီဖြစ်ပြီး လက်ဖြူဖြူလေးမှာလည်းဆေးချိတ်ထားရသည်
"ဆရာမ OG Doctorကိုတချက်လောက်ခေါ်ပေးပါ "
"လူနာရှင်စိတ်အေးအေးထားပါ ဆရာတို့သေချာအောင်ထပ်စမ်းသပ်မှရလိုက်မယ် ကျေးဇူးပြုပြီးအပြင်မှာထွက်စောင့်ပေးပါ "
သူတို့ထွက်လာတော့ ဆရာတယောက်အခန်းထဲဝင်သွားပြန်သည်
"ကျန်တဲ့သူတွေကျင်းပြန်တော့ "
"ထွေးဦးတော့နေခဲ့အုံးဆေးရုံတင်ရမယ်ထင်တယ် တင်ရင်လိုအပ်တာတွေယူလို့ရအောင် ကင်းကောင်ကဘာမှခိုင်းလို့မရဘူး ငူငူငိုင်ငိုင်နဲ့ ငလုံးမင်းလဲနေခဲ့ချေ "
"လင်တယောက်လုံးနေရင်းထိုင်ရင်းသွေးတွေဆင်းလာမှတော့ ဘယ်လင်ကသာယာနေမလဲဦးရီးရ"
နောက်ထပ်အလုပ်တစ်ခုကကင်းကောင်အားနှစ်သိမ့်ပေးရန်သာဖြစ်သည်
"လောပန်း ဟန်ဘာမှမဖြစ်ပါဘူးနော် "
"မဖြစ်လောက်ပါဘူးကွာ ဆရာဝန်ကြီးတွေကြည့်ပေးနေတာပဲ "
"ထွေးဦး "
"ဗျာ"
"ငါသူ့ကိုထားမိလို့စိတ်ဆိုးနေတာများလား မင်းသူ့ကိုပြောပေးပါ ကျုပ်သူ့ကိုမပစ်ထားပါဘူးလို့"
"ပြောပေးမှာပေါ့ဗျာ "
"ဟန်အခုလို့​ဖြစ်ရတာငါ့ကြောင့် ငါသူ့ကို့ပစ်ပြီးဖဲရိုက်နေလို့ဖြစ်ရတာ "
"မဟုတ်တာပဲကိုကြီးရာ "
တင်လ်~
"လူနာရှင်ဘယ်သူလဲ ဗျ "
"ကျွန်တော်ပါဆရာ "
"ခများတို့လည်းဝင်လို့ရပါပြီ "
ဝင်ဆိုတာ ပိုင်စိုးဦးကဆက်ဟန်နားတစ်ခါးရောက်သွားပြီး ဆက်ဟန်အဘေးတွင်ဝင်ရပ်လေသည် ဆက်ဟန်မှာမေ့မျှောနေလျက်အတိုင်းပင်
"ကျွန်တော့်ယောင်္ကျားဘာဖြစ်တာလဲဆရာ "
"လူနာကအခုလိုပဲသွေးဆင်းတက်လား "
"မဆင်းပါဘူးဗျ ဒီနေ့မှဗိုက်အောင့်တယ်ဆိုပြီး သွေးတွေဆင်းလာတာ "
"အစားရောမှားတာမျိုးရှိလား "
"မရှိဘူးဆရာ ဒီနေ့လည်းဘာမှမစားထားဘူး "
"ဒိလိုမဖြစ်ခင်က အစားသောက်နဲ့ပတ်သက်ပြီးထူးခြားတာရော "
ရွှတ်!
"အရင်နေ့တွေကတော့ လက်ဖက်သုတ်တွေစားတက်တယ် အအေးတွေရောအပူအစပ်တွေလဲအရမ်းစားတယ်ဆရာ "
"အဲလောက်ဆိုကျွန်တော်တို့ခက်မှန်းလို့ရပါပြီ သေချာအောင်လို့ အက်ထရာဆောင်းတော့ရိုက်ရမယ် အသေးစိတ်ကိုတော့လူနာသတိရတော့မှပဲပြောပြတာပေါ့ "
"ဆရာမ လူနာစီကသွေးတွေရှင်းလိုက်ပါအုံး"
"လူနာစီကမဟုတ်ပါဘူးဆရာ လူနာရှင်စီကပါ "
"လူနာရှင် ခများခြေထောက်မှာ"
ဆရာဝန်ပြောမှကင်းကောင်ခြေထောက်ကို အားလုံးကြည့်မိသည်
"ပိုင်စိုးဦးရယ် မင်းနာကျင်မှုကိုမခံစားရဘူးလား "
"ကျွန်တော်ဘာမှမဖြစ်ဘူးဦးအောင်မျိုး "
အိမ်သူတွက်စိတ်ပူနေတာနဲ့တင်ခြေတောက်ကနာကျင်မှုကိုမခံစားရပုံ လူနာအနားမှာပဲပေတေနေနေသည် မေးခိုင်ကာကွယ်ဆေးထိုးဖို့အနာသန့်စင်ဖို့ကိုမနဲပြောရသည်
အဲဒါကိုမှလူနာနားမှာပဲဆရာမလေးတွေကိုသန့်စင်ခိုင်းလိုက်ရသည်
..........
အက်ထရာဆောင်းလည်းရိုက်ပြီးပြီ တနေ့လည်းကူးလို့နောက်တနေ့တောင်ကူးနေပြီ ဆက်ဟန်ကသတိမရသေး
"အကို တစ်ခုခုစားလိုက်ပါလားကွာ "
"မစားချင်ပါဘူးကွာ ဟန်ကနှစ်ရက်တောင်ရှိပြီသတိတောင်မရသေးဘူး "
"မင်းမစားရင်လဲသွားလိုက်မယ်ကင်းကောင် ဆက်ဟန်နိုးလာရင်မင်းကလဲသွားလို့မဖြစ်ဘူး "
"ဆက်ဟန်သတိရလာတဲ့ချိန်ငါရှိနေမှဖြစ်မှာငလုံးရ"
"မင်းပုံစံလည်းကြည့်အုံးအကို မရီးလဲကတည်းကအဝတ်အစားတွေနဲ့ဘာမှလည်းမစားဘူး ဒီတိုင်းကြီးထိုင်နေလို့မဖြစ်ဘူးလေ "
"သွားလုပ်ပါကွာနော် ငါတို့စောင့်ပေးနေမယ်"
"မသွားချင်ဘူး"
"ပိုင်စိုးဦးမင်းပုံစံလည်းမင်းကြည့်အုံး နဂိုကဖရိုဖရဲနဲ့ပါဆိုမှဆံပင်ဘုတ်သိုက် ညစ်သိုးသိုးနဲ့ဆက်ဟန်နိုးရင်လူမှားနိုင်တယ်"
"ဟုတ်တယ်အကိုရ မင်းရေသွားချိုးအဝတ်လဲ ပြီးရင်ပြန်လာခဲ့ပေါ့ ငါတို့မရီးနားမှာဘဲရှိနေမယ် "
သူတို့ပြောတာလည်းမှန်သည်မို့ နှစ်ရက်စာထိုင်ထားသည့်ဒဏ်ကြောင့်ခြေထောက်ကနာကျင်မှုကိုပါခံစားလိုက်သည်
အခန်းထဲနှစ်ယောက်သားကျန်ခဲ့သည်
"ေထွးဦး မင်းတော့မသိဘူးငါတော့လေဆက်ဟန်ကိုမိန်းကလေးလို့မြင်တယ်"
"ကျုပ်လည်းထင်တယ် မရီးနေမကောင်းတုန်းကငါနဲ့ထိမိလိုက်တာ ဓာတ်ပါလိုက်သလိုခံစားချက်ကြီး"
"ဘာဖြစ်လို့"
"ကျုပ်တွေ့ဖူးသမျှဖြူဖြူချောချောလေးတွေက ယောင်္ကျားဆန်ဆန်အငွေ့သက်ကြီးနဲ့ကြည့်လိုက်တာနဲ့အမွှေးကြမ်းကြီးနဲ့သိသာတယ် ကျုပ်ထိမိတုန်းကဆိုအမွှေးတွေကနူးညံနေရော အသားရေဆိုအိနေတာ ကျုပ်အကိုသဝန်တိုလွန်းတာလဲမပြောနဲ့ ပါးစပ်ထဲငုံထားချင်စရာလေး"
"မင်းတော့သိမယ်မထင်ဘူးထွေးဦး မင်းအကိုကပါးစပ်ကဘယ်လောက်မချစ်ဘူးဆိုဆို သူ့လုပ်ရပ်တွေကသိနိုင်တယ် ငါတို့အလုပ်တွဲလုပ်လာတာသုံးနှစ် ဝန်းသိုမှာတုန်းကပင်လောင်းမျောက်ဆိုနာမည်ကျော် ငါတို့နဲ့ပေါင်းလာတဲ့နှစ်မှာ ရန်ပဲဲဖစ်လို့သူ့ကိုမျက်စောင်းမထိုးနဲ့ဖိနပ်ကိုင်ပြီးပြေးပြီ
အခုဆက်ဟန်ကိုထိလို့ဟိုဘက်ကဆေးရုံရောက်တယ် ဆက်ဟန်နဲ့မညားခင်ကဆို ဘယ်နေရာမှာကစားဝိုင်းရှိတယ် ဘယ်နေရာမှာဖဲဝိုင်း သူအကုန်သွားတယ် အခုသွားဖို့ကိုဆက်ဟန်စိတ်မချလို့မသွားဘူး သွားခဲ့ရင်လည်းဆက်ဟန်နားမပေါက်ဖို့ပြောရတာလည်းအမောပဲ 'အရက်နံ့စွဲနေရင်သိပ်ကြိုက်တာပ' လို့ပြောတဲ့အဲကောင်က အခုဆက်ဟန်လည်းလာရောခေါင်းကိုက်မှာကြောက်လို့ပီကေဆောင်တယ်တဲ့ မကြားဖူးမကြုံဖူးတွေ အဲဒါချစ်လို့မဟုတ်ရင်ဘာလဲ ဆက်ဟန်စီရောက်ရင်သာ ဟိတ်ဟန်ကြီးနဲ့မချစ်ဘူး ဖင်ပိတ်ပြောတာကောင်"
"ဟုတ်လို့လားငလုံးရဲ့ ဘယ်ရန်ပွဲမဆိုအကိုမပါမပြီးဘူးမလား"
"အဲဒါဝန်းသိုမှာ ငါတို့နဲ့တွဲလုပ်လာတဲ့နှစ်တွေမှာလေ ရန်ပွဲဆိုကင်းကောင်မပါဘူးပြေးပြီ အေကျင်းသားတွေနဲ့မတည့်လို့တချက်ထိုးနှစ်ချက်ထိုးအဲလောက်ပဲ ဟိုတနေ့ဆက်ဟန်ထိတုန်းဆို အမယ်လေးငါသူ့နားတောင်မကပ်ရဲတော့ဘူး သတ်လို့ရရင်သတ်မဲ့ပုံစံနဲ့ "
"ညနေဆရာဝန် အခန်းလှည့်တာဘယ်ချိန်လဲ "
"မလှည့်တော့ဘူး ည၈နာရီလောက်မှလှည့်တော့မယ် "
"အဲဒါအသာထား ငါအပြင်မှာဂိမ်းသွားဆော့အုံးမယ် "
"အေး ကင်းကောင်လာတာလဲကြည့်အုံးနော် ဟိုကောင်ကဆဲမှာ "
"အေး မင်းရောစားချင်တာရှိလား ထွက်ဝယ်ပေးမယ် "
"အဲလိုရလား အဲဆိုကျုပ်တွက် VCodeတစ်ဗူးလောက် "
ငလုံးထွက်သွားတော့မှ သူမရီးနားကပ်သွားမိသည် ရောက်ကတည်းကဆေးချိတ်ထားတာကြောင့် မျက်နှာလှလှဟာ သွေးရောင်အနဲငယ်ရှိနေပြီ ခဏကြာတော့တံခါးဖွင့်ဝင်လာသည့်လူကြောင့် လူကကြောင်လျက်သား
"ကိုကြီး မင်းအခုနဘဲသွားတာလေ "
"ဘာဖြစ်လို့လဲ "
"မင်းရေတော့ချိုးပါတယ်နော် "
"ချိုးတယ် ငါလည်းအထွက်အစီလည်းအရောက် ငါမောင်းရင်မှောက်မှာစိုးလို့သူမောင်းပေးတာ "
"အေးပါကွာ "
"မင်းပြန်ချင်ပြန် တဲမှာလျှော်စရာတွေရှိတယ်လျှော်လိုက် "
"အေးအေး"
ညီဖြစ်သူထွက်သွားပြီးမှ ဟန်ဘေးနားဝင်ထိုင်လိုက်သည်
'ဟန် မင်းနိုးလာရင်ကျွန်တော်ပစ်မထားတော့ပါဘူး ဖဲရိုက်လို့စိတ်ဆိုးနေတာလား ဒါဆိုလည်းနိုးလာတော့လေ ခများနိုးလာရင်အကြောင်းစုံရှင်းပြပါ့မယ် မဟုတ်မှကျွန်တော့အနားမှာပဲနေပြောလို့မကျေနပ်တာများလား နိုးသင့်ပြီလေမောင် နှစ်ရက်ရှိပြီပ ကျွန်တော့နမ်းတိုင်းနှုမ်းခမ်းမွှေးစူးကြောင်းပြောပါအုံး ခများမနိုးရင် ခများမြတ်နိုးတဲ့လက်သည်းတွေဖြတ်ပြစ်မယ် '
ကုတင်ထက်လဲလျောင်းနေသည့်ကောင်ငယ်လေးအနား လက်ကိုကိုင်ကာ ရုမ်ကြမ်းကြီးနှင့်တယောက်က တတွတ်တွတ်ပြောနေလေသည် ထိုမြင်ကွင်းကိုမှာစရာရှိ၍လာသော OG Doctor တယောက်ပြန်လှည့်သွားရလေသည်
7:25pmချိန်တွင် ညီဖြစ်သူလည်းတဖက်ကုတင်တွင်အိပ်ပျော်နေလေပြီးသူလည်းမှေးကနဲဖြစ်သွားလေသည်
"ဦး "
"ဟင် "
"ဦး လက် "
"အာ ဆောရီး..ဘယ်လိုနေသေးလဲ.. ဘာဖြစ်နေလဲ.. နေရခက်တာရှိလဲ... ဘယ်နားနာနေလဲ ကျုပ်ကိုပြော"
"ဟန်ဘာမှမဖြစ်ဘူး သက်သာတယ် ရေတော့ဆာတယ် "
"ဩ ခဏလေး ထိုင်လို့ရလား ကျုပ်ရေခပ်ပေးမယ် "
"ထွေးဦး ဟေ့ရောင် ထစမ်း "
"အိပ်ပါစေ ဦးကလည်း "
"ထွေးဦး "
"ဗျာ "
"ဆရာဝန်သွားခေါ်ချေ မင်းမရီးနိုးလာပြီ "
"ဟုတ် ဟုတ် "
"ခဏလေးနော်ဆရာဝန်သွားခေါ်နေပြီ "
"ဦးကဘာလို့ တုန်နေတာလဲ "
"အရက်လိုနေလို့ "
"ဒါဆိုသွားသောက်လေ "
"ဘာလို့သောက်ရမှာလဲ မင်းခေါင်းကိုက်နေမှာပေါ့ပြီးတော့ဆေးရုံမှာအဲလောက်ကတော့ကျုပ်သိတယ် "
ခရနေကျတော့ဆရာဝန်နှစ်ယောက်နှင့်ထွေးဦးရောက်လာလေသည်
"လူနာရှင်တွေနေပါ အပြင်ထွက်စရာမလိုတော့ပါဘူးဗျ"
"လူနာရောဘယ်လိုနေသေးလဲ ဘယ်နားကဆင်မပြေတာရှိလဲ ဆရာ့ကိုအားမနာပဲပြောနော်"
"ဘာမှမဖြစ်ပါဘူးဆရာ ဒါနဲ့ဘာလို့အခုလိုဖြစ်တာလဲ "
"အခုတော့နားလိုက်ပါအုံး မနက်ဖြန်မှပြောကြတာပေါ့ အခြေနေတွေစောင့်ကြည့်စရာမလိုတော့ပါဘူး မနက်ဖြန်တောင်ဆင်းချင်ဆင်းလို့ရပြီ "
"ဟုတ်ကဲ့ပါဆရာ"
ဆရာထွက်သွားတော့မှ ဦးဖက်ပြန်လှည့်ရသည်
"ဘာမှမဖြစ်တာသေချာတယ်နော် "
"တကယ်ပါဆို ဒါနဲ့ဘယ်ချိန်ရှိပြီလဲထွေးဦး "
"၇နာရီခွဲ​ပြီမရီး "
"မနက်ကတည်းက အိပ်ပျော်သွားတာအခုမှနိုးတာလား "
"ဗရမ်းဗတာ...ဒီနေ့က၂ရက်နေ့ညဖြစ်သွားပြီ မရီးအိပ်နေတာ တစ်ရက်နေ့မနက်ကတည်းက "
"ဟင် တကယ် တော်တော့လေးအိပ်ပျော်သွားတာပဲ "
"ခများကလေ လူကိုစိတ်ပူရအောင်သိပ်လုပ်တာပဲ"
"ဟန်.... ဦးစိတ်ပူရအောင်လုပ်မိတဲ့တွက်တောင်းပန်ပါတယ်"
"မဟုတ်တာကွာ"
"ဦးမျက်ကွင်းတွေဝင်သွားသလိုပဲ "
"ဝင်မှာပေါ့မရီးကလဲ မရီးဒီကိုရောက်ကတည်းက မရီးဘေးမှာတစ်ချိန်လုံးရှိနေတာ အစားတောင်မစားလို့ခေါက်ထားရသေးတယ်ဆေးသောက်ဖို့"
"ဆေးသောက်ဖို့ ဘာဆေးလဲ ဦးကဘာဖြစ်လို့လဲ "
"ပိုင်ထွေးဦး!! ''
"ဘာတုန်း ကင်းကောင်ပေါ့ မရီးဆေးရုံတင်တဲ့နေ့ကကားပေါ်တင်တာ ဖိနပ်ယူရမှန်းမသိလို့သံစူးတာ အဲလိုသံစူးရဲ့နဲ့ပဲအခန်းထဲမှာမနဲကြာတယ် "
"ထွေးဦးပြောတာ အမှန်ပဲလားဦး "
"အင်း "
"ဘာလို့လဲ ကို့ခန္ဓာကိုယ်ပေါ်ကနာကျင်မှုကိုတောင်မသိရတာလဲဦးရယ်"
"ကျုပ်ခြေကနာကျင်မှုထက် ကျုပ်ရင်ဘက်ကပိုနာတယ် ခများကိုပစ်ထားမိလို့ဆိုတဲ့စိတ်က ဘယ်လောက်နာကျင်ရတယ်ထင်လဲဟန်"
"အခုရောဆေးထည့်ထားပေးလား "
"ဆေးထည့်ပေးလို့ကိုမရတာမရီးရေ "
"အဲနေ့ကတောင်မှလောပန်းတွေဝိုင်းပြောမှ မေးခိုင်ဆေးထိုးတာ ဆေးတစ်စက်မှမထည့်ရသေးဘူး ပြောလည်းကျွဲပါးစောင်းတီးနေသလိုပဲ "
"အဲလိုလုပ်နေလို့မရဘူးဦး ဟန်တစ်ခုခုဖြစ်ရင်ဦးကပဲဒီခြေထောက်နဲ့ပြေးလာလို့ရမှာ ဘယ်တုန်းကအဲလောက်ခေါင်းမာတက်သွားရတာလဲ"
"ကျုပ်ဒဏ်ရာထက် ခများပိုနာကျင်နေလိမ့်မယ်ထင်လို့ ပြီးတော့မေးခိုင်ဆေးလဲထိုးထားသေးတာပဲကို"
"ဦးကတော့လေ ၊ ထွေးဦး ဆေးယူလာပေး "
မရီးပြောတော့မှ ဟိုကောင်ဆေးတွေယူပြီးပေးလိုက်သည် သူတို့ပြောရင်သာနားမပေါက်တာ သူ့လင်ဆိုရင်တစ်ခွန်းပဲ
"သံကဘယ်နှစ်လက်မလဲ "
"2လက်မ "
"၂လက်မသံ ခြေဖနောင့်ဝင်တာတောင်မသိဘူလား"
"ကျုပ်ဘာမှမသိဘူး ကျုပ်ပစ်ထားမိလို့အခုလိုဖြစ်ရတာဆိုတဲ့စိတ်ကလွဲရင်.."
"ဦး..ဟန်ကိုချစ်လား"
"ဘာလို့မေးတာ "
"မချစ်ဘူးလို့ပဲ ဖြေမှာမလား ဒါဆိုဘာလို့စိတ်ပူနေရတာလဲ"
"ကျုပ်မှာအဖြေမရှိဘူး"
"တနေ့ဟန်မချစ်ဘူးလို့ပြောရင် ဦးချစ်တယ်လို့ပြန်ပြောမလား"
"မင်းဘာဖြစ်နေတာလဲဟန် "
"ဦးသိလားတဖက်ကသာချစ်တယ်ချစ်တယ်နဲ့ ပြောနေတာ ဟိုဖက်ကမချစ်ဘူးဆိုတဲ့စကားတစ်ခွန်းရယ်ကြောင့်ဘယ်လောက်ထိခံရခက်လဲဦးသိလား ကြားထဲစိတ်ပူပေးနေတာတွေ ဂရုစိုက်နေပြတာတွေကအပေါ်ယံလား သက်သက်နာကျင်စေချင်လို့များမချစ်ဘူးလို့ပြောသလား တစ်ခါတစ်လေတွေးမိတယ် "
"............"
"ရပြီ ဟန်အိပ်တော့မယ် "
စကားသံဟာတိတ်ဆိတ်သွားပြီး မျက်လုံးအစုံပိတ်ချလိုက်တော့ ကိုယ်ပေါ်ရောက်လာသည့်အနွေးဓာတ်တစ်ခု အချိန်တစ်ခုမျှအကြာတွင်တော့ သက်ပြင်းချသံရယ် 'စိတ်ပူတာရော ဂရုစိုက်တာရောက ကျုပ်စိတ်ရင်းအမှန်' ဆိုသည့်စကားသံဦးစီမှကြားလိုက်ရသည်
🌇🌇
မနက်ရောက်တော့ ဆရာဝန်ထံသွားရတော့သည် ဦးကအပြင်မှာနေခဲ့ရလေသည်
"ဗျာ... ကျွန်တော်ကိုယ်ဝန်ဆောင်လို့ရတယ် "
"ဟုတ်တယ်ဗျ ထူးထူးဆန်းဆန်း၁၀၀မှာတယောက်ပါတယ်လို့ပဲပြောရမှာပေါ့ ဓာတ်မှန်ရိုက်ချက်အရခများမှာသားအိမ်ပါနေပြီး အခုလိုသွေးတွေကျရတာကသားအိမ်ကျတဲ့လက္ခာတွေ့ရတယ် "
"မဖြစ်နိုင်တာဆရာရယ် ကျွန်တော်ကယောင်္ကျားစစ်ကြီးလေ"
"ဟုတ်ပါတယ် သားအိမ်ပါသူတွေရဲ့အားနည်းချက်က မိန်းမယူရင်မျိုးပွားနှုန်းနဲမယ် ယောင်္ကျားဆိုရင်တော့ပါတနာရဲ့ထိတွေမှုကြောင့်သားအိမ်ကဖွံ့ဖြိုးလာချေများတယ် "
"ဒါဆို ဘာလို့သားအိမ်ကကျတာလဲဆရာ "
"ကျားဟော်မုန်း နဲ့မဟော်မုန်းကတပြိုင်တည်းဝင်နေတဲ့အတွက်ရယ် ခန္ဓာကိုယ်ကပါလက်မခံချင်တာကြောင့်ဖြစ်တာပါ အခုလိုမဖြစ်ခံစားရတာရှိလား ထူးခြားချက်တွေပေါ့ "
"ရှိတော့ရှိတယ်ဆရာ သွေးစအနဲငယ်လေးရက်လောက်ကျတက်တယ် နဲနဲပဲဆိုတော့ ပေါ့တန်ပေါ့တနေခဲ့တာ "
"ဘယ်ကတည်းကကျနေတာလဲ"
"သူနဲ့နှစ်ခါလောက်အတူနေပြီးကတည်းကပါဆရာ "
"ခများ ဒီသားအိမ်ကထုပ်ချင်လား မဟုတ်ရင်သားအိမ်ခိုင်ဆေးစားမလား "
"ဆေးစားချင်တယ်ဆရာ ဘယ်လောက်ပြင်းပြင်းပါ"
"ခများစိတ်ဓာတ်တော့သဘောကျသွားပြီ တစ်ချိုကလိုချင်လို့ဘန်ကောက်ထိသွားရတာ ခများအိမ်ထောင်ဖက်ကအရမ်းကံကောင်းတယ် "
"ဆရာဒီဆေးတွေဘယ်နှလလောက်စားရင်သားအိမ်ပြန်ခိုင်လာနိုင်လဲဆရာ "
"အယ် အနဲဆုံးတစ်လခွဲပေါ့ ကြားထဲမှာပါတနာနဲ့အတူနေပေးနိုင်ရင်အကောင်းဆုံးပဲ မလောဖို့တော့အကြံပေးချင်တယ် ခများတို့ကအခုမှငယ်ငယ်လေးတွေရယ် ဆောင်ချိန်ကအများကြီးပါ သားအိမ်ကောင်းအောင်အရင်လုပ်လိုက်ပါအုံး သားအိမ်ရှိနေပြီဆိုတော့ရှောင်ရမှာတွေရေးပေးလိုက်မယ် ဆေးကဆယ်ရက်စာပေးလိုက်မယ် ပြန်လာပြပေးပါ
ဓာတ်မှန်ပါထပ်ရိုက်ကြတာပေါ့ "
"ဟုတ်ဆရာ ဒါဆိုသွားခွင့်ပြုပါအုံး "
"ကောင်းပါပြီဗျာ "
ဝင်ပြီးပြီး ထမင်းတစ်အိုးကျက်ခန့်တွင်ဟန်ကထွက်လာလေသည်
"ဟန် ဆရာဘာပြောသေးလဲ "
"အခြေနေကောင်းတယ် ဆေးရုံကဆင်းလို့ရပြီ ဆယ်ရက်စာဆေးလဲပေးလိုက်တယ် ပြန်တော့လာပြရမယ် "
"အဲဆိုပြီးရော ကိုထွန်းကားဆေးရုံပြင်မှာရှိနေတယ် အထုပ်တွေရောအဲမှာ "
"အင်း ဒါနဲ့ဟန်ရန်ကုန်မသွားတော့ဘူးဦး "
"ကောင်းတယ် အစကလည်းစိတ်ကချချင်တာမဟုတ်ဘူး ကျုပ်နားမှာပဲနေရမယ် "
"မနေပါဘူး ဦးနဲ့နီးတယ်အလုပ်ရှာမှာပေါ့ နေ့စားဖြစ်ဖြစ်ဘာဖြစ်ဖြစ် "
"ဗရမ်းဗတာတွေမပြောနဲ့ ကြက်ရိုးနဲ့တောင်လက်ရှတဲ့လူကနေ့စားကလုပ်ချင်သေးတယ် "
"ဦးကလဲ "
"ကျုပ်မလဲဘူး ရပ်နေတာ"
"......."
"၆လပိုင်းခများမွေးနေ့ရှိတယ် လက်ဆောင်ဘာလို့ချင်လဲ"
"ဟန်ဘဝတွက်တန်ဖို့အရှိဆုံးအရာ"
"ခများနားမှာကျုပ်ရှိနေတာက မင်းဘဝတွက်တန်ဖိုးရှိဆုံးသောအရာပဲ"
"ဦးကရောဘာလိုချင်လဲ "
"ကျုပ်က၈လပိုင်းမှ ၃လကျော်တောင်ကျန်သေးတယ်"
"မွေးနေ့နီးမှဘာလို့ချင်လဲပြောတော့အဲဆို "
"အင်း "
ကားနားရောက်တော့ ထွေးဦးနှင့်အထုပ်ကားပေါ်တင်ထားပြီးသွားရန်အဆင်သင့် အစီပါဆိုင်ကယ်နှင့်ရောက်နေလေသည်
"အစီ ဆိုင်ကယ်ပေး မင်းတို့ကားနဲ့သွားလိုက်ကျုပ်တို့ဆိုင်ကယ်နဲ့လိုက်လာမယ်"
"ဆက်ဟန်က ရလို့လား"
"ရတယ်အစီ "
ထိုတော့မှကားနှင့်ထွက်သွားကြပြီး ဟန်တို့နှစ်ယောက်သာဆိုင်ကယ်နှင့်ကျန်ခဲ့သည်
"ဘယ်ဘက်သွားမလဲ"
"ဦးသွားတဲ့နောက်လိုက်မယ် "
"မင်းကတော့လေ "
ထိုသို့ထိုသို့ဖြင့် ယားဘူး ၊ နှမ်းကြဲ ၊ လမ်းမတန်းတလျှောက် လေညှင်းခံထွက်ကြတော့သည် ။
(လာတော့မယ် ဟိဟိဟားဟား......)
........................................................................
Zaw
"စိတ်တိုလာပြီနော် "
ဘုန်း.~..
"ညစ်တီးညစ်ပတ်တွေ "
ဒေါက်လ်!
"မနက်ဖြန် "
"ဟုတ်တယ် ဦးအောင်မျိုး "
ဒုန့် ~~
"ဟင့်အင့်အစီ "
"မတွေ့ဘူး "
"ငလုံးရော"
"ဦး"
"လာလို့မရဘူးလား "
"ဦး "
"......."
"ဦး"
"..........."
"ပိုင်စိုးဦး "
"ဘာဖြစ်နေတာလဲမောင် "
ဦးထိုင်နေသည်က စကာံးဝါအပင်ရဲ့အနောက်မှာမို့လမ်းကကြည့်ရင်ကွယ်နေလေသည်
"လွမ်းရင်ဖုန်းဆက် "
"မသွားလို့မရဘူးလား "
"အဲလိုမရဘူး "
"မင်းကိုစိတ်မချဘူး"
"ဒါပေမဲ့လည်းဟန်ရယ်.."
မွ~~
"မလာဘူး "
"အင်း "
"မသိဘူး "
"ဘာဖြစ်ကြတာလဲဆက်ဟန်"
"..........."
"ဟန်မှန်တယ်မလားအစီ"
"ကင်းကောင်ဘာပြောလဲ "
"ထမင်းစားပြီးပြီလား "
"ကျုပ်မေးတာကသူ့ကို "
"ကျုပ်မေးတာသာဖြေ အစီ"
"ကျုပ်မမှားဘူး အစီ "
"လောပန်း "
"ကျုပ်ပွောသလိုသာလုပျစမျးပါ အခုနဟင်းတွေရော "
"အင်း"
"အေးလေ "
"နဲဆော့မယ်"
"ဘယ်လောက်ကြေးလဲ "
"၂၀၀"
"စိန်လိုက်ပ"
"ရော့နိုင်ပြီပ "
"ကြေးပိုထိုး "
"၁၀၀၀ထိုးမယ်"
"၅၀၀၀"
"ဟဲ့ရောင်ကိုကြီး "
"ကင်းကောင်ထလို့ "
"ကျုပ်ဟန် မင်းဘာဖြစ်တာလဲ ကျုပ်စိတ်ပူအောင်မလုပ်ပါနဲ့ခများရယ် ကျုပ်ခများကိုစိတ်မဆိုးတော့ပါဘူး"
"ဟန်"
"ကုတင်ပေါ်တင်လိုက်ပါ"
"ထွေးဦး "
"ဗျာ"
"ပြောပေးမှာပေါ့ဗျာ "
"မဟုတ်တာပဲကိုကြီးရာ "
တင်လ်~
"လူနာရှင်ဘယ်သူလဲ ဗျ "
"ကျွန်တော်ပါဆရာ "
ရွှတ်!
..........
"မသွားချင်ဘူး"
"ထှေးဦး မင်းတော့မသိဘူးငါတော့လေဆက်ဟန်ကိုမိန်းကလေးလို့မြင်တယ်"
"ဘာဖြစ်လို့"
"မင်းတော့သိမယ်မထင်ဘူးထွေးဦး မင်းအကိုကပါးစပ်ကဘယ်လောက်မချစ်ဘူးဆိုဆို သူ့လုပ်ရပ်တွေကသိနိုင်တယ် ငါတို့အလုပ်တွဲလုပ်လာတာသုံးနှစ် ဝန်းသိုမှာတုန်းကပင်လောင်းမျောက်ဆိုနာမည်ကျော် ငါတို့နဲ့ပေါင်းလာတဲ့နှစ်မှာ ရန်ပဲဖစ်လို့သူ့ကိုမျက်စောင်းမထိုးနဲ့ဖိနပ်ကိုင်ပြီးပြေးပြီ
"ဘာဖြစ်လို့လဲ "
"အေးပါကွာ "
"အေးအေး"
"ဦး "
"ဟင် "
"ဦး လက် "
"ထွေးဦး ဟေ့ရောင် ထစမ်း "
"အိပ်ပါစေ ဦးကလည်း "
"ထွေးဦး "
"ဗျာ "
"ဟုတ် ဟုတ် "
"ဦးကဘာလို့ တုန်နေတာလဲ "
"အရက်လိုနေလို့ "
"ဒါဆိုသွားသောက်လေ "
"ဟုတ်ကဲ့ပါဆရာ"
"၇နာရီခှဲပြီမရီး "
"မဟုတ်တာကွာ"
"ပိုင်ထွေးဦး!! ''
"အင်း "
"သံကဘယ်နှစ်လက်မလဲ "
"2လက်မ "
"ဦး..ဟန်ကိုချစ်လား"
"ဘာလို့မေးတာ "
"ကျုပ်မှာအဖြေမရှိဘူး"
"မင်းဘာဖြစ်နေတာလဲဟန် "
"............"
"ရပြီ ဟန်အိပ်တော့မယ် "
"ဘယ်ကတည်းကကျနေတာလဲ"
"ကောင်းပါပြီဗျာ "
"ဟန် ဆရာဘာပြောသေးလဲ "
"ဦးကလဲ "
"ကျုပ်မလဲဘူး ရပ်နေတာ"
"......."
"ဦးကရောဘာလိုချင်လဲ "
"အင်း "
"ဆက်ဟန်က ရလို့လား"
"ရတယ်အစီ "
"ဘယ်ဘက်သွားမလဲ"
"မင်းကတော့လေ "
(လာတော့မယ် ဟိဟိဟားဟား......)
........................................................................
[text_hash] => ca784992
)
Comments
What do you think?
0 reactions
Upvote
Funny
Love
Surprised
Angry
Sad
  • No comments yet.
Login
Loading...