Chapter 34: 32

Array
(
[text] =>

Uni

"ဦး ထတော့ နောက်ကျနေပြီ "

"ဟမ်..အင်း..ထပြီ.."

မျက်လုံးနှစ်လုံးပွင့်တာနဲ့ လက်ကနဖူးရောက်ပြီးသား

"တော်သေးတာပေါ့ ကိုယ်အေးနေလို့ မျက်လုံးတွေပူနေသေးလား ကိုယ်ထဲကရောဘယ်လိုနေသေးလဲ "

"ကောင်းတယ် "

"မင်းအလည်ထွက်ချင်တာနဲ့ပဲ မလိမ်နဲ့နော် "

"မလိမ်ပါဘူးတကယ်ကောင်းတာ အပြင်မှာအားလုံးစုနေပြီ ဟန်လဲအားလုံးလုပ်ပြီးပြီ ဦးပဲကျန်တော့တာ ဟန်တွက်ကိုကိုးဖျော်ပေး "

"အင်း...ဟုတ်ပြီ...ဟုတ်ပြီ..အပြင်မှာစောင့်...ကျုပ်အမြန်လုပ်ပြီးလာမယ် "

"ဆက်ဟန်ဟိုကောင်နိုးပြီလား "

"ဟုတ် နိုးပြီဦးအောင်မျိုး "

"သွားနိုင်လား အစာစားပြီးဆေးသောက်လိုက်ပေါ့ "

"ဟုတ်ဦးအောင်မျိုး "

"ရော့..ဟန် "

အရှေ့ရောက်လာသောရေသန့်ဘူးအလှလေးကို အပြည့်ဖျော်ပေးလာသောဦးကို မျက်စောင်းထိုးလိုက်မိသည်

"ရွှဲ့တာလား "

"မရွဲပါဘူး အဲဒါတနေ့လုံးတွက်စကေး ပြန်လာရင်မရှိဘူး "

"ပြီးရင်သွားစို့ "

ကားပေါ်သို့ ဟန်အရင်တက်သွားလိုက်သည် ဒီတနေ့ကကျင်းရှိလူအားလုံးပါတာကြောင့်နှစ်စီးထွက်ရသည် ရေပုံးတွေပါပါတယ်ဆိုတော့

ဟန်ပုံံက အပေါ်အနီနှင့်အောက်ကအမဲအတိုကလေး ဖိနပ်ကလည်းအမဲ လည်ပင်းမှာရေဘူးလှလှလေးကို ကြိုးနှင့်ဆွဲထားပြီး

ခေါင်းတွင်အုန်းပင်လေးလိုစည်းထားသေးသည်မို့ဘယ်လိုကြည့်ကြည့်ကလေးရုပ်လိုပင်

"ကင်းကောင် မင်းဟာကဘာဒီဇိုင်းကြီးလဲမောင် "

"ဖက်ရှင်ပ"

"မင်းဖက်ရှင်ကဆန်းတယ်နော် ၉၉ပြားခေါ်ရင်လည်းနာသေးတယ် ဝတ်ထားပုံကိုကကြည့် "

အနီရောင်တီရှပ်အပွဆိုဒ်ကိုမှတင်ပါးဖုံးနေပြီး လက်တဖက်က လက်မောင်းကျနေသည် အိတ်ပေါင်းများစွာပါသည့်ဘောင်းဘီအရှည်အမဲကိုမှ တဖက်ကဒူးထိခေါက်တင်ထားသည် မိကျောင်းဖိနပ်အဖြူ ၊ song box အိတ်နှင့် ဆွဲနေကြဖြစ်သည့်တဘက်အိတ်ရယ် မုန့်ထုပ်ရင် ပုခုံးပေါ်တင်ထားသည့်ဂျာကင်တစ်ထည်

"ဟုတ်ပ အခုပဲအလုပ်ခံလိုက်ရသူလိုပဲ ဖရိုဖရဲနဲ့ "

"ဆက်ဟန်နဲ့တွဲမသွားနဲ့ ကလေးသူခိုးဆိုပြီးအဖမ်းခံရမယ်ကောင်"

"ဟုတ်ပ အဖမ်းခံရလည်းအဲကောင်ကခဏပဲ စိတ်မမှန်ဘူး၉၉ပြားဆိုပြီး ပြန်လွှတ်လိုက်မှာ "

"ဟေ့ရောင့် ၉၉ပြား "

"ငါ့လိ့လား "

"မိုက်ရိုင်းကျန်း "

"အဲဆိုငါလိ့ဖြစ် ၉၉ပြားလာခေါ်လား "

"၉၉ပြားမို့ ၉၉ပြားခေါ်တာ ၉၉ပြားက ၉၉ပြားဖစ်နေလား ၉၉ပြားရဲ့ "

ဒေါက် !~

"လက်သံပြောင်ချက်ပဲ ငါ ိုး "

"မင်းက၉၉ပြားကောင်သွားစတာကို မင်းကလည်းပြောင်တာမှစတီးလိုပဲခံပါ့ အမယ်လေးငါ့စတီးခွက်တောင်ပိန်သွားတယ် ခေါင်းကမာချက် "

"နံကြားထဲသံပြားဝင် သေတက်တယ် ဘီလူး "

"စတာပါ မင်းကလဲ "

"ဟန် ရော့ဒါဝတ်လိုက် "

ဟန်လက်ထဲရောက်လာသည့်ဂျာကင်တစ်ထည်

"ကိုယ်မစိုလဲ ခေါင်းတော့စိုမှာဘဲ ဘာထူးလို့ "

"ဟုတ်သားပဲ ဒါဆိုခေါင်းခန်းမှာသွားထိုင်မယ် "

"ဦးကရေခံမှာမလား နေခဲ့လေ ဟန်တစ်ယောက်တည်းသွားလိုက်မယ် "

"မရဘူး ခေါင်းခန်းမှာမင်းမင်းနဲ့စိတ်မချဘူး "

ဟန်လက်ကိုဆွဲပြီးခေါင်းခန်းဝင်တော့ ကားမောင်းနေရာမင်းမင်းကကြောင်တောင်တောင်

"ဘာလုပ်တာ "

"ဟန်ရေစိုမှာကြောက်လို့အရှေ့လာထိုင်တာ "

"မင်းကရော "

"လင်ကအရှေ့ခန်းမှာနေပြီး ကျုပ်ကအနောက်မှာရေခံရမယ်ဆိုလုံးဝမဖြစ်နိုင်ဘူး "

နောက်ဆုံးအားလုံးကလက်လျှော့လိုက်ရပြီး မွန်းလွဲပိုင်းရောက်တာနှင့် ကျင်းပြန်ရောက်လာကြသည်

"ငါဆို့မုန့်ထပ်လုပ်စားကြမလား "

"မှန်တယ် သင်္ကြန်အငွေ့ပါတဲ့မုန့်လုံးရေပေါ် ဆိုရင်ရော "

"မိုက်တယ် ငါတို့ပိုက်ဆံစုရအောင် "

"လောပန်းတွေမှာပဲတောင်းလိုက်ပါလား ဘက်ဂျက်ချွေတာရာရောက်တာပေါ့ "

"ကိုထွန်းမှာတောင်း "

"ဟန်တော့မတောင်းဘူးနော် ဟိုတနေ့တောင်းကတည်းကသံဝေဂရလို့ "

"ဟုတ်တယ် ငါ့လင်မသွားခိုင်းနဲ့ "

နောက်ဆုံးအလှည့်ကျသွားတာက ငလုံး

"ဦး.."

"မဦးနဲ့ ခများဦးဆိုတာနဲ့တင်ကိုတော်တော်လန့်နေပြီ ခများဗိုက်ထဲကလေးရှိနေတာလား အဲလောက်အစားသောင်းကျန်းရအောင်"

"ရှိချင်လဲရှိမှာပေါ့ နော်လို့...ဦး..စားချင်လို့ "

"ကျုပ်ကိုစားမလား မဝမချင်းကျွေးမယ် "

"ဦးကစားစာရာမှမဟုတ်တာ "

သူထိုင်နေသည့်အပေါ်အဘေးကနေ၍ သိုင်းဖက်ပြီးပုခုံးမေးကထောက်လိုက်သေးသည် ဆွနေတာ...ခေတ်ဆက်သာန်တို့ကမကြောက်မလန့်

"တခါတလေစားတယ်လေ ခများ"

"တဖြေးဖြေးနဲ့ရောလာပြီ ကိုကိုးတိုက် "

"မရဘူး မနက်ကတည်းကပြောပြီးသား စကားနှစ်ခါပြောရတာမောတယ် ဘေးဖယ်..."

ချက်ချင်းထပြီးသွားလိုက်သည့်အကိုနှင့် ဆူပုတ်စွာကျန်ခဲ့သည့်မရီးကြား အမှတ်မရှိဝင်ပါရပြန်သည်

"မရီး ကျုပ်ဖျော်ပေးရမလား "

"မသောက်ချင်းဘူး အဲ၉၉ပြားကောင်ဖျော်တာပဲသောက်ချင်တာ "

"၉၉ပြားတဲ့ ဟိုကကြားမှဖြင့် "

"ကြား..ကြားပေါ့... လုပ်ရဲလုပ်ကြည့်ပါလား..ကန်ထဲ့ပစ်မှာ "

"အဲဆိုလည်းပြီးတာပဲ သောက်ချင်တော့ပြောပ ဖျော်ပေးမယ်"

*အဲ အဖြူကောင်ကဘာကောင်မို့လို့ အဲလောက်အလိုလိုက်နေကြတာလဲ *

*တိုးတိုးပြောပါဟ *

*ငါကြည့်နေတာ သူရောက်ကတည်းကလောပန်းနဲ့အမျိုးထင်တာ ကျပ်မပြည့်ကောင်လင်တဲ့..ရွံစရာကောင်းတဲ့ကောင်တွေ *

*မင်းနော်..အလုပ်ဖြုတ်ခံရတော့မယ် *

*ဖြုတ် ဖြုတ် တနေ့တနေ့သူ့ရောက်လာကတည်းကမျက်စိတွေကိုနောက်နေတာပဲ *

"တော်တော့လို့...ကင်းကောင်ကြားသွားမယ်*

*ကြား..ကြားပေါ့ သူလဲလူငါတို့လဲလူပဲ ဘာလဲအဲကျပ်မပြည့်ကောင်ကို ငါတို့ကကြောက်နေရာမှာလား *

"မင်းမသိသေးလို့နော် လောပန်းနဲ့ဟိုကောင်တွေကြားရင်..မင်းမလွယ်ဘူး..စားခွက်ပျောက်သွားမယ်*

*ငါထင်နေတာတစ်ခုရှိတယ် လောပန်တွေကလည်းသူ့ကိုဘာမှမပြောကြဘူး ကျင်းသားတွေကလည်းအပျောက်မခံဆို ကင်းကောင်နဲ့ကတရားဝင်ဖြစ်ပြီး ကျန်တဲ့ကောင်တွေကတိတ်တိတ်ပုန်းတွေများလား *

*ပျားအုံ..ဒုတ်နဲ့ထိုးနေတယ်မင်း*

*အဲတော့ မင်းကဘာကိုမကျေနပ်တာလဲ*

*အဲကောင်ထွက်သွားစေချင်တယ် ဟင်~လောပန်း*

"အခုနဟာလေးဆက်ပြောပါအုံး... "

" ငါကြားလိုက်ပါတယ် 'ဘာတဲ့' ကျပ်မပြည့်ကောင် ဟုတ်လား ပြီးတော့ဆက်ဟန်ကဘာဖြစ်တယ် "

"ဟို..ဟာ.."

"ရပြီ..အဲလောက်ဆို.. ငါ့ဘကြီးတွေစီလိုက်ခဲ့ "

မင်းမင်းထွက်သွားတော့ နောင်တရမယ်ထင်လား နိုးပါစောက်ခွက်မော့ချီနေတာများတပြားသားမှမလျော့ သူ့နဲ့ပေါင်းနေသည့်နှစ်ယောက်လောက်ကသာ မျက်နှာငယ်တွေနဲ့ ဟိုလဲရောက်တော့ လောပန်းအောင်မျိုး ဘဘကြီး ကိုထွန်း မင်းမင်း အုပ်စုလိုက်ကြီးတွေ့လိုက်ရသည်

"ငါ့တူပြောတာ ဟုတ်လား "

"ဟုတ်တယ် ကျုပ်ပြောတာမှားလို့လား ပိုင်စိုးဦးဆိုတဲ့ကောင်က ကျပ်မပြည့်ဘူးလေ အဲတော့ခများတို့ကကျပ်မပြည့်တာအခွင့်ကောင်းယူပြီးဟိုအခြောက်ကောင်နဲ့ "

ဖောင်း~~

"မင်းအခုပြောနေတာ မင်းသူဋ္ဌေးတွေ ဘာစောင့်ဆင့်နဲ့ ဘာတွေသိလို့လာပြောနေတာလဲ "

"မင်းမင်း နေနေ ငါရှင်းမယ် "

"ကင်းကောင်ကို ကျပ်မပြည့်ဘူးလို့ဘာလို့ထင်တာလဲ"

"ဘကြီး!! ဘာလို့အခုလိုသွေးအေးနေတာလဲ တခါတည်းတပ်ထဲပို့ပစ်ရမှာ "

"ဟုတ်တယ်အကို မင်းမင်းပြောသလိုလုပ်ပစ်ရမယ် "

"ငထွန်း..မင်းလဲအသာနေ"

"အသိသာကြီးကို စကားပြောတာလဲမိုက်ရိုင်းထောင့်ကလဲမကျိုး နေပုံထိုင်ပုံဝတ်ပုံစားပုံကအစ အရူးနဲ့တူတယ် "

"မင်းကအဲတာပဲသိတာလား အဲဆိုငါမေးမယ် "

"မင်းကျပ်ပြည့်လား "

"ဟ.ပြည့်တာပေါ့ဗျ.."

"ဒါဆို မင်းမှာမိန်းမရှိတယ် ကျင်းရောက်ကတည်းကမင်းဘာလုပ်ပေးလဲ "

"ဒါကကျုပ်တို့လင်မယားကိစ္စ ခများတို့နဲ့မဆိုင်ဘူး "

"ငါမေးတာပဲဖြေ "

တည်ငြိမ်စွာမေးနေပေမဲ့လည်းဒေါသသံကရောစွက်နေသည် သူ့ကျင်းသားတွေကြားရင် ဆေးရုံကိုလက်မှတ်မလိုဘဲရောက်သွားနိုင်သည်

"ကျုပ်လုပ်အားခ လွှဲပေးတယ် "

"အဲလောက်ပဲလား "

"ကျုပ်အမေအိမ်မှာထားပေးခဲ့တယ် "

"အဲလောက်ပဲလား မင်းလုပ်ခဘယ်လောက်ရလဲ ဘယ်လောက်သုံးလဲ ဘယ်လောက်လွှဲလဲ အိမ်ထောင်သက်ဘယ်လောက်လဲ "

"လအားခ ၂၀ ရတယ် ၃သိန်းလွှဲတယ် အိမ်ထောင်သက်၆နှစ် "

"၁၇သိန်းတောင်သုံးတယ်ပေါ့ မင်းမိန်းမရောအဲလောက်နဲ့လောက်လား "

"ခများမဆိုင်တာတွေမေးတာတော်တော်များနေပြီ

"ငါမေးတာသာဖြေစမ်းပါ "

"........"

"မင်းမဖြေနိူင်ဘူးမလား ငါပြောပြမယ် မင်းပြောတဲ့ကျပ်မပြည့်ကောင်ရဲ့အိမ်ထောင်သက်ကလပိုင်းလေးပဲရှိသေးတယ် ဆက်ဟန် ကင်းကောင်နောက်လိုက်လာတုန်းကဝတ်နေတဲ့အဝတ်စားပြင်ဘာမှမရှိဘူး အခုကြည့်လိုက် ဆက်ဟန်ကိုယ်မှာဘာတွေ့လဲ နားကပ် ၊ လက်စွပ် ၊ခြေချင်း အားလုံးကအစစ်တွေ "

"အဲဒါတွေ ကင်းကောင်ဆင်ပေးထားတာလို့ဘာလို့အတပ်ပြောတာလဲ အခုတောင်မှကျင်းပြီးရင်မသုံးနိုင်အကြွေးဆပ်နေရတာမဟုတ်ဘူးလား "

"အကြွေးဆပ်တာကမှန်တယ် ဘာလုပ်ထားလို့အကြွေးတွေဆပ်နေရတယ်ထင်လဲ သူ့ယူထားတဲ့လူအတွက် သူ့နေရာမှာအိမ်နဲ့ခြံဝယ်ပေးထားတယ် သူ့အမေအိမ်မှာမထားခဲ့ဘူး ယောက်ခမတွေနဲ့မတည့်မှာစိုးလို့သီးသန့်ထားတယ် ကဲမင်းပြော ကျပ်မပြည့်ကောင်တွေမှာ အဲဒါမျိုးတွေမရှိဘူး  အိမ်ထောင်သက်ကြာတဲ့မင်းမှာဘာရှိလဲ သူနဲ့နှိုင်းရရင် မင်းပြောတဲ့ကျပ်မပြည့်ကောင်ခြေဖျားတောင်မင်းမမှီဘူး "

"သူ့ကိုယ်ပေါ်မှာဝတ်စားတာကရော တခြားသူနဲ့မတူဘူး"

"မင်းစောက်ဦးနှောက် ခွေးချီသွားတာလား အခုကင်းကောင်ဝတ်ထားတဲ့အင်္ကျီဘောင်းဘီ အကုန်လုံးဈေးကြီးတွေပဲ ဆက်ဟန်မလာခင်ကဝတ်စားကြည့် ဈေးအပေါဆုံးဟာတွေ ဘာလို့အဲလိုဝတ်တာလဲမင်းသိလား "

"..........."

"ဆက်ဟန်မျက်နှာမငယ်စေချင်လို့ ဆက်ဟန်နဲ့တွဲသွားရင် သူအရင်ပုံစံသာဆို ဆက်ဟန်ကိုကဲ့ရဲ့ကြမှာ ကျင်းဆင်းရင် ရွှံတွေထဲနေရတာဘယ်ကောင်ကဈေးကြီးအင်္ကျီဝတ်နိုင်မှာလဲ လူတယောက်ကိုယ်ဘယ်တော့မှအပေါ်ယံအဝတ်စားမကြည့်နဲ့  "

"စိတ်တိုလာပြီနော်ဘကြီး အချိန်ကြာတယ် ဘာတွေပြောနေမှန်းမသိဘူး "

"နေပါအုံးကွာ မင်းကလဲ "

"ငါ့အကို ဒီတခါတရားပေါက်သွားတာလား "

"ဘကြီးမပြောနဲ့ ကျွန်တော်ပြောမယ်"

" ဆက်ဟန်ကမင်းပြောဆိုချင်တိုင်းပြောဆိုနေတဲ့ KTVကဟာတွေလိုမဟုတ်ဘူး ပြီးတော့အခြောက်ဆိုတာလည်းငါကြားလိုက်တယ် lgbtကိုလက်မခံဘူးဆိုတာငါလက်ခံတယ် မင်းလက်လွှတ်စပယ်ပုတ်ခတ်ရလောက်အောင်ထိ အဲအခြောက်ကောင်က ငါတို့အပေါ်နစ်နာအောက်လုပ်ထားတာတစ်ခုမှမရှိဘူး ဒီကိစ္စဒီမှာတင်ပြီး ကျင်းသားဟောင်းတွေကြားရင် ဆေးရုံလက်မှတ်ဖြတ်ပြီးသားဖြစ်သွားမယ် အနောက်ကကောင်တွေ ကိုယ့်လူကိုထိန်းထား"

"သူကနစ်နာအောင်မလုပ်ပါဘူး ဒါဆိုဘာလို့အဲကောင်ပြောသမျှ လိုက်လုပ်နေကြတာလဲ လောပန်းတို့ ၊ အစီ ၊ဘီလူး ၊ နီကြား ၊ ငဟိန်း ၊ ငလုံး၊ ကိုမိုးရွှေ ၊ ဦးနိုင်ဝင်း ၊ ဝင်းဆန်း ၊ သူ့ညီ ၊ ဦးသက်ပါအစ ဘာလို့လဲ "

"မင်းမနာလိုတာလား ငါတို့လောပန်းတွေက ဘယ်သူ့ကိုမှမျက်နှာသာမပေးဘူး အရာအားလုံးကအကျိုးသင့်အကြောင့်သင့်ဖြစ်လာတာ "

*လောပန်း *

"သွားတော့ "

"ဘာလဲ အိုးငှားပြီးပြီလား "

"သွားငှားတယ် ဆက်ဟန်လဲလိုက်သွားတယ် ဝယ်စရာရှိတာတော့ အစီသွားဝယ်ပေးတယ် "

"အားလုံး အဆင့်သင့်ဖြစ်ရင်လာခေါ် "

"ဟုတ်ကဲ့လောပန်း.."

..............

" ထန်းညက်ခဲကို ခပ်ကြီးကြီးညှပ်နော် မုန့်လုံးပြီးရင်ပျော်ကုန်ရော "

"အိုးလာပြီ "

"အဲမှာဘဲထားလိုက်ဆက်ဟန် ဟိုကောင်မီးဖိုကျောက်ကြီးတယ်"

"အိုးလေးငှားတာ ဘာလို့ကြာနေတာလဲ ဟန် "

"လမ်းလျှောက်သွားလို့လေ "

မွန်းလွဲပိုင်းဆိုပေမဲ့ နေ၏အရှိန်မှာကောင်းတုန်းပင် နေပူထဲကလာရသည်မို့ ဖြူဖျော့ဖျော့မျက်နှာလေးက အနီဘက်ပြောင်းနေသည် နဖူးစပ်ကချွေးတွေကို အင်္ကျီလက်နဲ့ဖြစ်သလိုသုတ်ပေးလိုက်သည်

အ့

"မင်းလက်ကဘာဖြစ်တာလဲ "

လက်ကိုယူကာကြည့်လိုက်တော့ လက်ဖဝါးစောင်းတလျှောက် ခြစ်ရာတစ်ချို့

"ဟို အိုးငှားတဲ့အိမ်ကတမံတလင်းမှာရေနဲ့ဆိုတော့သတိမထားမိဘဲ ချော်လဲလို့ထောက်လိုက်တာ"

"မင်းကလေ ဖြစ်လိုက်ရင်အရာရာနဲ့အကြောင်းကြောင်း သတိ​လေးဘာလေးထား ဖြစ်လိုက်ရင်နမော်နမဲ့နဲ့ ဗရမ်းဗတာကြီးပဲ  "

"ဦးကလည်း နာရတဲ့ကြားတဲ့ဆူဖို့ကအရင် "

"ကဲလာ ဆေးထည့်ပေးမယ် ပလာစတာပါကပ်ပေးမယ် "

"ရတယ် ကို့ဘာသာကိုယ်ထည့်မှာ "

"ခေတ်ဆက်သာဟန် ခများကလေးမဟုတ်ဘူးနော် ကျုပ်ဆူတာက ခများကိုစိတ်ပူလို့ အများကြီးထိရင်ဘယ်လိုလုပ်မလဲ "

"အခုက ဘာမှမဖြစ်ဘူးလေ လက်လေးပဲထိတာ ဆူလိုက်တော့ပိုနာသွားပီ"

ကလေးမဟုတ်သည့်ကလေးကို တဲစီခေါ်ပြီး ဆေးထည့်ပေးဖို့ပြင်ရသည် နဂိုကအသားရေဖြူပြီးနီစပ်စပ်မို့ ​ခြစ်မိသည့်နေရာတွင်နီရဲနေလေသည်

"စပ်တယ် "

"ခဏလေးသည်းခံ "

ထို့နောက် အနာအားဆေးဝါရည်တစ်ချို့ထည့်ပေးလိုက်ပြီးအနာကပ် ကပ်ပေးလိုက်သည်

"မီးရပြီ ဦးသက် "

"အိုးတင်လိုက်တော့ ေထွးဦးရေသယ်ခဲ့ "

"ဦးသက် ကောက်ညှင်းမုန့်ထုပ်ကအားလုံးထည့်မှာလား "

"အေးထည့်လိုက် ပြီးရင်ရေနဲနဲနဲ့ အရင်နယ် ပျော့သွားမယ် မုန့်လုံးဖို့အနေတော့ဆိုရပြီ "

"ထန်းညက်ရပြီလား ရပြီဆိုစလုံးမယ် ရေပူနေပြီလား "

"ပူနေပြီ မုန့်ကဘယ်သူဆယ်မှာလဲ "

"ဟန်ဆယ်ပေးမယ် "

"ရလို့လားဆက်ဟန်ရာ "

"ရတယ် ဦးနိုင်ဝင်း "

မုန့်လုံးသူလုံး ရေလဲပေးသူလဲပေး ဟန်ကလဲပေါ်လာသည့်မုန့်လုံးများကို ဟန်ကဆယ်ပေးလိုက်နှင့် ပင်ပန်းတယ်လို့ကိုမထင်

"ဘယ်သူအသားဖြူချင်လဲ "

"ငါဖြူချင်တယ် "

"ဟန်နားလာခဲ့ ဒီမှာရေပူလဲအဆင်သင့်ရှိတယ် "

"တော်ပါ ကြောက်တယ် ဝက်ကိုရေဖျောပြီးအမွေးနှုတ်သလိုဖြစ်နေမှာ "

"ဟန် ရရဲ့လား "

"ရတယ် ဦး "

"မုန့်လုံးပြီးတော့မယ် ဘယ်သူအုန်းသီးခြစ်တက်လဲ "

"ဘယ်သူမှကိုမရဘူးပေါ့ "

"ငသက် မင်းရသားပဲ မင်းပဲလုပ်လိုက် ဟဲဟဲ "

"အေးဟေ့ အေး "

"ကိုဟိန်း သီချင်းဖွင့် "

"ပိတောက်လက်ဆောင်ပဲဖွင့်လိုက်မယ် ရတယ်မလား "

"ရတယ် သင်္ကြန်သီချင်းဆိုရင်ပြီးရော"

"ကိုကိုစီ ဦးသက်ကလောပန်းကိုမုန့်သွားပို့ပေးပါတဲ့ "

"ငါ့ကို ကိုကိုစီလို့မခေါ်နဲ့ မင်းလင်မျက်စောင်းကြောက်လို့ "

"ဟွန့် ခေါ်သမားမရှိလို့ခေါ်ပေးတာကိုဂုဏ်ယူ "

အတာကြူးတဲ့တန်းခူးလအချိန်ခါ နှစ်ကူးသင်္ကြန်မဟာ

သူလေးနဲ့တွေ့ရပုံမှာ မေ့လဲမမေ့နိုင်ပါ ဒီနှစ်တွေလဲကြုံရမှာလဲ တမ်းတတယ်ဒီချိန်ခါ ပိတောက်ပန်းပွင့်တိုင်းသတိရစေသူပါ........🔊

"ကဲ ဒီထဲမှာငရုတ်ကောင်းတွေပါတယ် စားမိတဲ့သူ့ကငါ့ရည်းစား "

"မင်းမှာလင်ရှိရဲ့သားနဲ့ဘာလို့လုပ်တာလဲ ၉၉ပြားကောင်စောင့်ကျင့်ကမကောင်းဘူး "

ဟန်ကတစ်ခုပြီးတစ်ခုယူစားနေပေမဲ့ ငရုတ်ကောင်းနဲ့အလုံးတစ်ခုမှမမိ ငဟိန်းမျက်နှာကြည့်မိတော့ချွေးတွေပါပျံနေပြီ

"ငဟိန်း ဘာဖြစ်တာလဲ "

"ငရုတ်ကောင်းမိတာနေမှာပေါ့ "

"အဲဆို ကိုဟိန်းက ဦးရည်းစားဖြစ်သွားပြီပေါ့ "

"ကျုပ်သေချာဆယ်ထားတာလေ ဘာလို့ငဟိန်းစီရောက်သွားတာလဲ "

"တရားခံကငါ မင်းလင်ကိုသကြားများများနဲ့ဟာ ပေးတယ်ထင်လို့ ငဟိန်းပန်းကန်နဲ့လဲလိုက်တာ "

ခွီ....

"အဲဆို ကိုဟိန်းက ဦးရည်းစားလုပ်ရမှာကြောက်လို့ ကြိတ်မှိတ်စားနေတာလား "

"ဟေ့ရောင် အအေးလေးလုပ်အုံးစပ်တာမဟုတ်ပဲ ပူထူနေပြီ "

"ဟား....ဟားလ်...ငဟိန်းရာမင်းတို့နှစ်ကောင်ဖြစ်လိုက်ရင်အဆန်းကြီး "

"ဗိုက်ပြည့်နေပြီလား "

"အင်း နဲနဲအစားများ "

"လမ်းလျှောက်ထွက်စို့ "

"အစီ ဦးသက်ကိုပြောလိုက် ကင်းကောင်တို့လမ်းထိပ်သွားတယ်လို့ "

"အေးအေး ဒါနဲ့ဆက်ဟန် ငါညနေစာချက်မှာ မင်းတွက်ချက်ပေးရမလား "

"ဟင့်အင့် ချက်နဲ့တော့ မနက်ဖြန်မှပဲချက်လိုက်တော့ မနက်မှဦးကိုဈေးဝယ်ခိုင်းပြီး ချက်ပေး"

"အေ အေး "

🌄🌄

ညနေဆည်းဆာ အဖြစ်နေလုံးကြီးသည်အနောက်ဘက်ယွန်းယွန်းသို့ဆင်းရန်တာစူနေပြီး လိမ္မော်ရောင်အနီရောင်ရောနေသည့်ကောင်းကင်ကြီးက အားဖြည့်လို့ထားသည်

" နေဝင်ဆည်းဆာကအရမ်းလှတာပဲ "

"အင်း "

"တိတ်လည်းတိတ်ဆိတ်တယ် "

"အင်း.."

"ဦး "

"အင်း"

"အိပ်ငိုက်နေတာလား တအင်းအင်းနဲ့ "

"မငိုက်ပါဘူး ဘာပြောရမှန်းမသိလို့ "

"အလုပ်ကရှာပြီးပြီလား "

"ပြီးပြီ အိမ်ဖော်... အိမ်ဖော်ဆိုပေမဲ့ကလေးထိန်းရမှာ "

"မဖြစ်ပါဘူး စိတ်ကလက်တစ်ဆစ်နဲ့ ကလေးထိန်းမဖြစ်ဘူး တခြားအလုပ်မရှိဘူးလား"

"ရှိတော့ရှိတာပေါ့ ဒါပေမဲ့ ဒါကသက်သာတယ်လေ ကလေးကလည်းအရမ်းတော့မငယ်ပါဘူး ပြီးတော့သူဝေယျာဝစ္စပဲလုပ်ပေးရမှာ တခြားဟာတွေမလုပ်ရဘူး ပြီးတော့လခလဲများသေးတယ် "

"ဘယ်လောက်လဲ "

"၁၀သိန်း "

"အိမ်ဖော်ကလေးထိန်း ၁၀သိန်းကမများလွန်းဘူးလား "

"မများပါဘူး အမွေဆက်ခံသူကလေးကိုကောင်းကောင်းလေးစောင့်ရှောက်ပေးရမှာအဲလောက်ကတော့ပေးရမှာပေါ့ နေ့စားစရိတ်ငြိမ်းနော် ဦးအကြွေးတွေမြန်မြန်ကြေတာပေါ့ "

"မင်းမဆပ်ပေးလဲရပါတယ် မင်းကမြို့ကြီးပြကြီးမှာနေတာ မင်းတွက်လဲချန်အုံးမှပေါ့ "

"ချန်မှာပေါ့ ဦးအကြွေးတွေဆပ်ပြီးရင် "

"ဟိုမှာ စံကားဝါပွင့် "

"အယ်~ လှလိုက်တာ လိုချင်တယ် "

အပင်အောက်သို့ချက်ချင်းသွားလိုက်ပြီး အပင်ကိုမော့အကြည့် လူကမြောက်တက်သွားသည် အကြောင်းကဒူးကွေးနေရာကနေ ဦးကမတင်လိုက်၌ နှစ်ပွင့်လောက်ကိုသာခူးလိုက်ပြီး ဦးနားကြားညှပ်ပေးလိုက်သည်

"ပန်းနဲ့ မိန်းကလေးအတိုင်းပဲ "

"အယ် မလုပ်ပစ်နဲ့လှတယ် ဒီတိုင်းလေးနေ ဓာတ်ပုံရိုက်မလို့ "

"ခများဖုန်းထဲကျုပ်ပုံတွေကြီးပဲ Phone storage မပြည့်သေးဘူးလား "

"ဟင့်အင့် "

"ကျုပ်လိုရွက်ကြမ်းရေကြို က ပန်းနဲ့မလိုက်ဖက်ဘူး "

နားကြားညှပ်ပေးထားသည့်ပန်းကိုတယုတယဆွဲယူပြီး ဟန်နားကြားထဲထည့်ပေးသည် နောက်တော့

"မင်းကမှ ပန်းနဲ့လိုက်တယ် တွေ့လား ပန်းကလှပါရဲ့ မင်းနားကြားထဲရောက်သွားမှပိုလှတာ "

"ပေးကျုပ်ဓာတ်ပုံရိုက်ပေးမယ် "

နေဝင်ဆည်းဆာအလှကိုနောက်ခံထား ပန်းပင်အောက်ရပ်ပြီး အပင်ပေါ်ငေးမောနေပုံ

"တွေ့လား မင်းလှပါတယ်ဆိုတဲ့နေဝင်ဆည်းဆာလည်း ခများနဲ့တွေ့ရင်အရောင်မှိန်းသွားတာမျိုး "

".........."

"လူတယောက်ကိုချစ်ဖို့ပဲမတွေးရဘူး ကိုယ်ကချစ်ဖို့ကောင်းကြောင်းလဲတွေးရတယ် "

"မတွေးချင်ပါဘူး ကိုယ်ချစ်ရတဲ့လူတယောက်ကပြန်ချစ်တာပဲလိုချင်တာ "

"အဲလူတယောက်ကပြန်မချစ်ရင် တဖက်သတ်ဆိုတာကြီးနဲ့ခများခံစားရမှာပေါ့ "

"အဲဆို ဦးပြန်ချစ်လိုက်လေ "

"ချစ်ခြင်းမေတ္တာလုပ်ယူလို့မှမရပဲ "

"မယုံဘူး ချက်ချင်းကြီးမချစ်နိုင်တောင်မှ နောက်တော့ချစ်လာမယ်ဆိုတာဟန်ယုံကြည်တယ် "

"မင်းကတော့လေ "

"ဟန်ကို နဲနဲလေးမှရင်မခုန်မိဘူးလား ဟန်အပြုမူတွေကတစ်ဆင့်ရော "

မချစ်ဘူးဆိုတာ ညာတာပါ မင်းရဲ့အရိပ်ကလေးတွေ့ကတည်းကရင်ခုန်းခြင်းဆိုတာကပ်ပါလာပြီးသား ကျုပ်ပြန်ချစ်လာဖို့ခများလုပ်စရာမလိုအောင် ကျုပ်က အပင်အောက်ကြွေနေတဲ့စံကားဝါပွင့်လို့ ခများရှေ့ကျဆင်းပြီးသားလူတယောက်ပါ ဟန်...

"တကယ်ကြီးမချစ်ဘူးပဲ "

အွန်း...

"ဟင့် ဖယ်​ပေးမနမ်းနဲ့ "

အွန့် !

"ဟီး..ငိုချလိုက်မှာနော် မချစ်လည်းမချစ်ပဲနဲ့ ဘာလို့လာနမ်းနေတာလဲ "

"ငိုပေါ့ ခများငိုရင်ကျုပ်ထက်နမ်းမယ် "

"လူဆိုးကောင် "

"ကျုပ်မေးပါအုံးမယ် ဘယ်အကောင်ကမချစ်ပဲနဲ့ နမ်းတာတွေ့ဖူးလဲ ဘယ်သူကမချစ်ပဲနဲ့သဝန်တိုမလဲ ဘယ်အကောင်က မချစ်ပဲနဲ့ဂရုစိုက်တာတွေ့ဖူးလို့လဲ "

"အဲဆို ဦးကချစ်လား "

"မချစ်ဘူး "

"တွေ့လာ မချစ်ပဲနမ်းတာလည်းဦးပဲ မချစ်ပဲသဝန်တိုတာလဲဦးပဲ မချစ်ပဲနဲ့ဂရုစိုက်တာလည်းဦးပဲ လူကိုမျှော်လင့်ချက်တွေပေးနေတာ "

"ဟော ခများအခုလိုငိုမဲမဲ့ပုံစံလေးက ကိုက်စားချင်စရာလေး "

ကျုပ်ခများကိုချစ်တာထက် ပိုမြတ်နိုးတာလို့ပြောလိုက်ချင်တယ်

"မစနဲ့ လူကအတည်ပြောနေတာကို "

"ကျုပ်ကလည်းအတည်ပြောတာ တကယ်စားချင်စရာလေး "

"ဦးမချစ်လည်း ဟန်ချစ်တယ် "

"သိတယ် "

"သိရင်ပြန်ချစ်ရမယ်မှန်း မသိဘူးလား တုံးတာလား အတာလား "

"ဟင့်အင့် မသိဘူး "

ရွှတ် !

"စံကားဝါပန်းကမွှေးတယ် ခများနဲ့ယှဥ်ရင် အလှဆုံးဆိုတဲ့ပန်းရော မွှေးပါတယ်ဆိုတဲ့ပန်းရော ရှုံးတယ်ဆိုတာတော့ကျုပ်သိတယ် "

"အလျောက်ကောင်းလို့ အခေါင်းသက်သာတယ်မှတ် "

"နေပါအုံး အရင်တုန်းကလဲ အဲလိုတွေနဲ့ခြွေခဲ့တာလား "

"အဲအကြည့်ပြင်လိုက် ခများလင်ကျုပ်ကနော် ယင်မတောင်မသန်းဖူးတဲ့ယင်ဖိုလေး ပါးစပ်ပဲသရမ်းဖူးတာ ဘယ်သူ့ကိုမှမချစ်ဘူး "

"မယုံဘူး "

"ခများယုံအောင် ကျုပ်နမ်းပေးမယ် "

"မဆိုင်တာတွေ "

"ခများလည်း ညနေဆည်းဆာနောက်ခံထားမနမ်းဖူး​သေး​ဘူးမလား ခံစားချက်အသစ်ကလေးရတာပေါ့ "

"လူသွားလမ်းကြီးမှာ "

"လူသွားလမ်းမှာမို့လို့နမ်းမယ်ပြောတာ မဟုတ်ရင်ခြုံတိုးတယ်ညန်း "

"ညစ်ပတ် "

"မနမ်းဘူးလား ခများမနမ်းရင်ကျုပ်နမ်းပေးမယ် "

"နမ်းမှာ "

"ဒါများမူနေသေးတယ် နှုတ်ခမ်းကိုနော် "

လေတချက်အဝှေ့ နှုတ်ခမ်းပေါ်ရောက်လာသည့်နူးညံ့သည့်နှုတ်ခမ်းသားတစ်စုံ ဖိကပ်ရုံမျှဖြင့်

"ပြီးပြီလား "

"အင်း လေ နမ်းပြီးပြီ "

"မင်းဟာထိရုံပဲထိသွားတာ တကယ်နမ်းတယ်ဆိုတာဒီလို..."

နူးညံ့လွန်းသည့်နှုတ်ခမ်းသားတစ်စုံထိကပ်လိုက်သည်နှင့် တကိုယ်လုံးအားအင်တွေစုပ်ယူသွားသလိုပါခံစားရပြီး သောက်လေသောက်အငတ်မပြေလေ ဆိုသည့်ပင်လယ်ရေလို မလွတ်စမ်းနမ်းရှိုက်နေမိသည် အောက်စီဂျင်တွေပြတ်လပ်လာတော့မှ ထုရိုက်ဖို့သတိရဟန်...

...........

"ငသက် ဘာဖြစ်တာလဲ "

"အုပ်ထိန်းသူခေါ်တာ "

"ဘယ်ကောင်အုပ်ချုပ်ရေးမှုးစီရောက်သွားလို့လဲ "

"ကင်းကောင်တို့လင်မယား "

"ဘာဖြစ်လို့လဲ "

"ဟိုရောက်မှပြောမယ်တဲ့ ကိုအောင်မျိုး အဲဒါလောပန်းပါခေါ်ခဲ့ပေးပါဆိုလို့ "

"အေးသွားစို့ မြန်မြန် "

..........

"ဘာဖြစ်တာလဲ အုပ်ကြီးဗျ "

"ခများက "

"ဪ သူရဲ့ဦးလေးပါ ဒါကကျွန်တော်တို့လောပန်းပါ "

ကို့လူနှစ်ယောက်ကြည့်တော့ ​ခေါင်းပင်မော့မလာ အုပ်ကြီးနဲ့အတူ အဖွဲ့ဝင်ကနှစ်ယောက်

"ဒီလိုပါ ခများတူက ဒီကကလေးကို လမ်းမှာအတင်းအဓမ္မ နမ်းနေလို့ ကျွန်တော်တို့ခေါ်ယူထိန်းသိမ်းလိုက်ရတာပါ "

"ဗျာ "

"ပြောရမှာအားနာပေမဲ့ အုပ်ထိန်းသူတွေသိသင့်မယ်ထင်လို့ပါ ပြီးတော့ဟိုဘက်ကကလေးလဲအသက်ပြည့်ပုံမရဘူး"

"ကင်းကောင် ဘာဖြစ်တာလဲပြောစမ်း "

"ကျုပ်နဲ့ဆက်ဟန် စံကားဝါပင်အောက်မှာနမ်းနေတုန်း အလိုမတူဆိုပြီး ဂုတ်ဆွဲခေါ်တာပဲ ရှင်းပြလို့လဲမရဘူး အဲကြောင့်ခေါ်လိုက်တာ "

"စခန်းထဲတခါတည်းပို့ပစ်ရမှာ နေရာလေးဘာလေးအရင်ကြည့်မှပေါ့ မင်းတို့ဟာက "

"ခများတို့ကဘာတွေလဲဗျာ ကျုပ်တို့နားလည်အောင်လဲရှင်းပြပါအုံး "

"သူတို့နှစ်ယောက်က လင်မယားတွေပါ နေထားတာလဲကြာပါပြီ နှစ်ယောက်စလုံးကလဲအသက်ပြည့်ပါတယ်ဗျာ "

"ဟေ အဲလိုလား "

"မသိပါဘူးဗျာ ကျုပ်တို့ကအဲလိုမတွေးမိဘူး ဒီကဘေးနဲ့ဟိုကလေးကလဲပုံစံကလည်းအများကြီးကွာတယ် ဟိုဘက်ကလေးကလဲထုရိုက်နေတယ်ဆိုတော့ ကျုပ်တို့ရွာထဲကတယောက်ယောက်ကိုများဆိုပြီး ဒီကိုခေါ်လာလိုက်တာ "

"အားနာစရာတွေဖြစ်ကုန်ပါပြီဗျာ "

"အဲလိုလဲမဟုတ်ပါဘူး အုပ်ကြီးရယ် ကျုပ်တို့ကောင်တွေကိုကမနေတက်တာပါ "

"နောက်တခါဆိုမင်းတို့လည်း ဆင်ခြင်ပေါ့ကွာ"

"ခများရီးက နားမထောင်တာလေ ဒီလမ်းကိုဘယ်တုန်းက ခများလျှောက်တက်သွားတာလဲ နားလည်တဲ့အကောင်တွေကလည်းဒီလမ်းကိုဘယ်သူမှမလာကြလို့ စိတ်အေးလက်အေးနှစ်ပါးသွားနေတာ အလကားနေရင်းဖီးလ်ပျက် "

"ကင်းကောင် "

"ပိုင်စိုးဦး "

"ငသက် မင်းလူမြန်မြန်ခေါ်သွားတော့ "

"လာစမ်း မင်းတို့နှစ်ကောင် "

အုပ်ကြီးစီကနေ ကျင်းသို့ပြန်ရာတွင်လည်း ဦးသက်၏ဆူပူမှုကိုတစ်လမ်းလုံးခံခဲ့ရသည် ဟိုလူလည်းရှက်သွားထို့ထင်ပါရဲ့ အခန်းလိုနေရာကနေထွက်ကိုမလာတော့ချေ

"ေထွးဦး မင်းနေခဲ့လို့ "

"မနေချင်ပါဘူးဆို ကျုပ်လည်းဝိုင်းလိုက်မှာ"

"မင်းမရီးနားနေခဲ့ပါဆို ကျင်းမှာဘီလူးတို့ညီအကိုကျန်ခဲ့တယ် ငါမယုံဘူး မင်းသွားချင်မနက်ဖြန်သွား "

"ပြီးရော ကျုပ်မရီးကိိုတ်မချလို့နော် မင်းကိုလည်းစိတ်ချတာမဟုတ်ဘူး အိတ်ထဲမှာပါတာပဲသုံး ဘယ်သူ့စီမှာမှမချေးနဲ့ ဖုန်းတော့ပြန်ပါလာပစေ "

"အေးပါကွာ မသိရင်ငါ့အမေကျနေတာပဲ မင်းမရီးကိုသာသေချာကြည့် ထမင်းဝိုင်းမှာကိုကိုးဖျော်ပေးထားတယ် ညနေကသူဘာမှမစားထားဘူး "

"အေးပါ ကျုပ်နားလည်တယ် မင်းသာဝိုင်းကိုဖြောင့်ဖြောင့်သွားဖြောင့်ဖြောင့်ပြန် သန်းခေါင်းတော့မကျော်စေနဲ့ "

"သန်းခေါင်မကျော်စေနဲ့ဆိုတော့ ငါကိုစင်ဒရဲလားထင်နေလား ဖဲဝိုင်းပါဆို သန်းခေါင်ကျော်မှကောင်းတာ အခုဘယ်ချိန်လဲကြည့်၉နာရီခွဲပြီး အဲကိုသွားတာနဲ့ ရိုက်တောင်ရိုက်ရမှာမဟုတ်ဘူး ပြန်လာရမှာ "

"အဲဒါတွေကျုပ်မသိဘူး ကျုပ်သိတာကသန်းခေါင်မကျော်ခင်ပြန်လာရမယ် "

"အေးကွာ ပြီးရော ဟုတ်ပြီလာ မင်းမရီးကိုသာဂရုစိုက် "

ခပ်မို့မို့အိတ်တလုံးလွယ်ပြီးထွက်သွားသူ့အကိုဖြစ်သူကြည့်ကာ ရင်လေးမိသည် ဖဲရိုက်တက်သည့်အကျင့်က အဖေ့ကိုအရွှဲ့တိုက်ရင်း မရိုက်ရမနေနိုင်သူလိုဖြစ်သွားသည် တခြားသူနဲ့မရိုက်ရရင်တောင် ပိုကာအုပ်ထဲက ဘုရင်တွေကုလားတွေ လက်ကြားညှပ်ထားတက်သေးသည် အခုလည်းခပ်မို့မို့အိတ်ကပြားကပ်လာမှာအသေချာ ရိုက်တိုင်းလည်းနိုင်လာတာမရှိ တခါကဆို ဖုန်းရော နာရီရော ပြန်ပါမလာ

"သွားပြီလား "

"ဗျာ မရီး ဘယ်တည်းကရောက်နေတာလဲ "

"မင်းတို့စပြောနေကတည်းက "

"ဗျာ "

"တဗျာဗျာနဲ့ ဘာဖြစ်နေတာလဲ "

"ဗျာ အဲ ဘာမှမဖြစ်ပါဘူး ဗိုက်ဆာလို့လားမရီး ခဏလေးသွားယူပေးမယ် "

"သူအဲလိုပဲခဏခဏရိုက်တက်လား "

"တောတန်းမှာတုန်းကတစ်ခါ အခုခါနဲ့နှစ်ခါဖြစ်ပြီမရီး ကျွန်တော်ပြန်ခေါ်လိုက်ရမလားဟင် အခုလောက်ဆိုလမ်းထိပ်ပဲရောက်လောက်မှာ "

"ရတယ်မခေါ်နဲ့ လွှတ်ထားပေးလိုက် ငါသိကြောင်းသူ့ကိုသွားမပြောနဲ့ "

"ဟုတ်မရီး "

🎑🎑

"ဆက်ဟန် ဟိုကောင်မနိုးသေးဘူးလား ဈေးသွားခိုင်းမလို့ကို "

ဟန်နှင့်အစီပြောနေတုန်း အိပ်ယာနိုးလာသည့် သူ့ညီ ဒီနေ့ကနှစ်ဆန်းတစ်ရက်နေ့ဖြစ်ပြီး သင်္ကြန်ရေပတ်တဲ့သူကပတ်ကြတုန်းဖြစ်သည်

"အစီပဲသွားလိုက်ပ ကျုပ်အကိုမနေ့ညကပိုက်ဆံပေးထားပြီးသား "

"အေး ဝယ်စရာနဲနဲတော့များတယ်မောင် "

"အစီ ကျုပ်လိုက်မယ် "

"ခါတိုင်းလဲမင်းလိုက်နေကြမဟုတ်ဘူးလား ငလုံး "

"အဲတော့ဘာဖြစ်လဲ"

"မဖြစ်ဘူး ဆက်ဟန်ကျုပ်ကိုစာရင်ရေးပေးလိုက် "

"ရေးထားပြီးသားရော့ "

"အစီ ဘာလုပ်တဲ့စာရင်းလဲ အမယ်တွေကအများကြီးပဲ ကျင်းမှာအလှူရှိလို့လား "

"ဆက်ဟန်စားမှာ "

"ဘာကြီး ဆက်ဟန်ကဒါတွေအကုန်ကို လာနောက်နေတာလား "

"ငလုံး ပြပါအုံးကွာအဲစာရင်း "

ပဲပြား ၊ ငါးနဲ့နံနံပင် ၊ ကော်ပီထုပ် ၊ ကြက်ဥ ၊ ကြက်သား ၊ အပွမှုန့် ၊  ဝက်သား ၊ ဆလပ်ရွက် ၊ ငုံးဥ ၊ပုဇွန်

အမယ်များအားဖတ်ပြီးသကာလာ ရေပြေးသောက်ရသည်

"မရီး ဒါကဘာတွက်လဲ "

"မနေ့က မင်းအကိုမှာဖဲရှုံးတာ  ထမင်းချက်ကျတယ် "

"အဲတော့ ငါကရှည်ပြီးဘာစားမလဲမေးလိုက်တာ "

"အဲဒါနဲ့ ဒီစာရင်းတိုင်းချက်ကျွေးရမှာပေါ့ "

"အွန်း"

"ဆက်ဟန်တော်တယ် အစီကလေပန်းတွက်ကလွဲရင်ချက်ကျွေးရပျင်းတဲ့ကောင် စာရင်းကနဲသေးတယ်ထပ်ရေးလိုက်စားချင်တာအကုန် "

"မရပါဘူး ဟိုကောင်ကမှာထားပြီးသား ဒီထပ်ပိုမမှာခိုင်းနဲ့တဲ့ "

"တော်..တော်..တော်..မင်းတို့ညီအကိုရော ဆက်ဟန်ရောတော်တော့ ငါဒီမှာဆက်နေရင် ဈေးမရောက်ဖြစ်လောက်တော့ဘူး သွားမယ်ငလုံး "

"မရီး ဟိုကောင်ကနိုးမှာမဟုတ်သေးဘူး ကျုပ်ကိုကိုးဖျော်ပေးရမလား "

"ရတယ် ကို့ဘာသာဖျော်သောက်လိုက်မယ် မင်းလည်းသွားစရာရှိတယ်မလား သွားလေ "

"ဗျာ...မရီးကဘယ်လိုသိတာလဲ"

"မင်းပုံစံလည်းကြည့်အုံး ပြင်ထားတာရုပ်ရှင်မင်းသားလိုပဲ"

"ရုပ်ရှင်းမင်းသားဘယ်သူနဲ့တူလဲမရီး "

"တိတ်တိတ်နေ မုန့်ဖိုးပေးမယ်ဆိုတဲ့မှည့်သီးနဲ့ "

"ဟာဗျာ..မရီးကစားတယ်"

"ဟန်.."

"ဦး နိုးပြီလား"

"နိုးလို့ခများတွေ့တာပေါ့ "

"စကားပြောရင့်လိုက်တာ စိတ်ကကြည်နေသေးတာမဟုတ်ဘူးနော် "

"ခများနဲ့ပြိုင်ငြင်းချင်စိတ်မရှိဘူး ကိုကိုးလည်းမဖျော်ပေးနိုင်ဘူး "

"ဘာဖြစ်နေတာလဲ "

"ခေါင်းကိုက်လို့ "

"ညကဘယ်ချိန်အိပ်တာလဲ "

"ခများနဲ့အတူတူဝင်တာပဲလေ ဘယ်ချိန်အိပ်လဲဆိုတော့ဘယ်လိုပြောရမှာ "

"မလိမ်နဲ့ မနေ့ညတနေ့နိုးဗိုက်ဆာလို့ထတာဦးမရှိဘူး ကျင်းမှာလဲလူနဲနဲပဲရှိတယ် မှန်မှန်လိမ် ဖဲဝိုင်းသွားတာလား "

"အင်း "

"ဖဲဝိုင်းသွားတယ် ခေါင်းကိုက်တယ်ဆိုတော့ ရှုဆေးပျောက်သွားတာလား"

"မင်းနော် ကို့ယောင်္ကျားကိုအထင်သေးတာ မနေ့ညကနိုင်တယ်တစ်ဝက်ကြီးတောင်ပ"

"ဖုန်းရော နာရီ ရောဘယ်မှာလဲ "

"မယုံတာလားမောင် "

"မယုံဘူး ရိုက်တိုင်းရှုံးတဲ့ကောင်က "

"ဖုန်းကအားသွင်းထားတယ် နာရီကကျုပ်အိတ်ထဲမှာ ပိုက်ဆံကခေါင်းရင်းကအိတ်ထဲမှာ "

ဟန် အခန်းထဲသွားပြီး အိတ်ဖြဲကြည့်တော့ တစ်သိန်းတန်အုပ်ပေါင်းနှစ်ဆယ့်ငါးအုပ် လွယ်နေကျအိတ်ထဲကြည့်တော့ဟန်လာသည့်နေ့ကပေးခဲ့သည့်နာရီ

"တော်သေးတာပေါ့ ဖုန်းရောနာရီရောပါလာလို့ "

"မပါစရာလား နာရီကခများပေးထားတာကို ဖုန်းပါသွားရင်ခများနဲ့ဘယ်လိုပြောမလဲ အဲလောက်ကတော့ကျုပ်သိတယ် "

"ပိုက်ဆံကများလိုက်တာ ဘယ်လောက်ယူသွားပြီးဘယ်လောက်နိုင်လာတာလဲ "

"ကျုပ်၅သိန်းယူသွားတာ ကျန်တာနိုင်လာတာ "

"လူကိုမယုံသင်္ကာလာမကြည့်နဲ့ဟန် လောဘနဲ့ရိုက်လာတာမဟုတ်ဘူး ကျုပ်ဟိုရောက်တာနဲ့ဝိုင်းကြီးထောင်နေပြီ ကျုပ်လည်းတခါတည်းပြတ်ဆိုတော့ အောချလိုက်တာ "

"အဲဒါနဲ့တစ်ဝိုင်းလုံးသိမ်းလိုက်တယ်ပေါ့ "

"ဒါပေါ့ ပိုင်စိုးဦးတဲ့ တစ်ဦးတည်းပဲ "

"ရှုံးရင်ရော ချေပြီးအောမှာဘဲမလားနိုင်လာလို့လေ အဲဒါလောဘမဟုတ်လို့ဘာလဲ "

"အင်းမင်းပြောတဲ့တိုင်းလောဘပဲထားပါ ကျုပ်အိပ်ဦးမယ် ခေါင်းကိုက်လွန်းလို့ "

"နေအုံးပြောစရာရှိတယ် "

"ဖဲရိုက်တာနိုင်လာလို့လျှော်လိုက်တယ်ဖြစ်မှာစိုးလို့ "

"ပြော ဘာလဲ "

"ဖဲရိုက်တာမကြိုက်ဘူး အပျော်ပဲဆော့ဆော့ အတည်ပဲဆော့ဆော့ မကောင်းဘူး ဦးပိုက်ဆံဗလယ်ပုံအောပြီး အနိုင်အရှုံးကိုဆုံးဖြတ်တာ ရှုံးကြည့်နှ​မောစရာကြီး ဝယ်စားတာကမှဟုတ်ဦးမယ် ဟန်ပြောတာနားလည်လား "

"အင်း နားလည်ပြီ "

2 hours later

"ပစ္စည်းတွေလာသယ်ဟေ့ "

"ဟန်မှာတာအကုန်ရလား ကိုကိုစီ "

"ရပါ့ "

"ကဲ အိမ်ရှေ့စံ စားခါနီးကျရင်ကျွန်တော်မျိုးခေါ်လိုက်ပါ့မယ် အေးအေးဆေးဆေးလေးနေပါ လာမရောပါနဲ့ "

"ဟုတ်ပြီ စားဖိုမှုး"

"ငါထင်တာမမှားဘူးဆိုရင်လေ ဆက်ဟန် "

"အရှင်းမရှိအဖျားမရှိ ဘာလဲ "

"ငါတို့ကျင်းကလူတွေလေ ပိုင်စိုးဦးလိုပဲတပြားစီလိုနေကြတယ် တော်သေးတာပေါ့ငါမပါလို့ "

"အော့ အဲဒီငါက ထိပ်ဆုံးကမယားဒါရူး "

မရှပ်နဲ့ပြောလို့မရှပ်ပေ ချက်ပြုတ်နေသည့်နားမှာသာ မျှော်တမော်လုပ်ကာနေသည် ဟိုကတစ်ခုခုချက်ပြီးရင်ဟန်ကမြည်းသည်

"ပေါ့နေတယ် ကိုကိုစီ "

" သွေးတို့ရှိတယ်ဟ ငါတို့လောပန်းမှာ"

"ဒီဟင်းပြီးရင် ပြီးပြီမလားအစီ "

"ဟုတ်ပခည "

"ဒါဆို ဟန်စားချက်တာချက်တော့မှာပေါ့ "

"ဒါပေါ့ မင်းစားမှာမလား "

"စားမလို့ချက်ခိုင်းတာလေအစီရယ် "

"ရော့အဲဆို ပုဇွန်ခွာ ပါးစပ်ကလေးကလဲပြော လက်ကလဲလုပ် "

အဟမ်း~ အဟမ်း ~

"ဦး နိုးပြီလား မျက်နှာသွားသစ် "

"သစ်ချင်ဘူး မင်းကဘာလုပ်နေတာ "

"ဒီမှာလေ အစီပေါ့ မင်းစားမှာပဲကို လုပ်ပေးတဲ့ပုဇွန်ခွာခိုင်းနေလို့ "

"ထားထားလိုက် မခွာနဲ့ "

"အံမယ် ကိုယ်တော်လေး..ငါလုပ်ရမဲ့ဟင်းအမယ်ကအများကြီးပ အဲ​လောက်ကူခိုင်းတာဘာဖြစ်လို့ မကူစေချင်းမင်းလာခဲ့ချေ "

"ခဏစောင့် မျက်နှာသွားသစ်အုံးမယ် "

"ဟဲ့ ဆက်ဟန် ငါတို့ကောင်ကြီးကအတော်လေးချစ်တက်သွားတာပ"

"အစီထင်လို့ မနေ့ကတင် ဟန်မေးထားတာ မချစ်ဘူးတဲ့ "

"ဟုတ်လားလို့လား ငါကြည့်ရသလောက် တုန်နေတာနော်မင်းကိုဆို "

"အစီပြောကြည့် ဟန်ကချစ်ဖို့ကောင်းတယ်မလား တမူထူးခြားနှုတ်ခမ်းစူစူလေးလဲပါသေးတယ် "

"အဲတော့ ဘာဖြစ်လဲ "

"ဒီလောက်ချစ်ဖို့ကောင်းတဲ့လူကို ရထားပြီးချစ်ပေးရမှန်းမသိဘူး ၉၉ပြားကောင် "

"ကလေးတိုင်းပါလားဆက်ဟန်ရယ် ငါတို့ကောင်ကဖွင့်သာမပြောတာ ချစ်ပါတယ် "

သူမချစ်ဘူးပြောထားသည့်ဟာကိုမကျေမချမ်းပြောနေပုံကအသဲယားဖွယ်အတိ အဖြူရောင်အင်္ကျီနှင့်အသားရေကတသားထဲဆိုသလို ခေါင်းကပါခဲရောင်သွင်းထားလေတော့ သူ့ယောင်္ကျားပါပြောရင် ရီစရာဆိုပြီးပြောကြလေမည်

"ဟန် မင်းဆံပင်တွေရှည်ပြီး မျက်လုံးထောက်နေပြီ ညှပ်လိုက်မလား "

"ဟင့်အင့် ပုခုံးကျော်ထိထားချင်လို့ အရှေ့ကလည်းရှည့်ရင် မျက်လုံးဝိုက်ပြီးညှပ်မယ်တွေးထားလို့ ဒီတိုင်းထားထားတာ "

"စည်းပေးမယ် လာ "

"ဦးစည်းပေးလွန်းလို့ ဆံပင်ကမဝိုက်ပဲပုံပျက်နေပြီ "

"မစည်းတော့ဘူးလား "

"စည်းမှာ "

"အဲပုဇွန်ခွက် ကျုပ်ကိုပေး ပြီးမင်းလက်သွားဆေး "

"ဦး ဘာစားပြီးပြီလဲ "

"မစားရသေးဘူး "

"ခဏစောင့် "

သူ့တယောက်တည်းဆိုရင်ဆက်ဟန်ပုံစံက အားကောင်းမောင်သန် လိုပေမဲ့ သူနဲ့ယှဥ်လိုက်သည့်အခါ ၅နှစ်ကလေးလိုသေးသေးညှက်ညှက်ဖြစ်သွားသည် အခုလည်းလမ်းကောင်းကောင်းမသွားပဲ ခုန်ဆွခုန်ဆွဖြင့် မသိရင်တောထဲကနားရွက်အရှည်ကြီးနဲ့ယုန်ဖြူကလေးလိုလို

"ဦး "

"ယုန်ဖြူ "

"ဘယ်ကယုန်ဖြူကိုသတိရနေတာလဲ "

"ဘယ်ကမှမဟုတ်ဘူး ကျုပ်ယောင်ပြီးထွက်သွားတာ "

"ယောင်ပြီးထွက်တယ်ဆိုကတည်းက စိတ်ထဲရှိလို့ပဲ "

"တကယ်ပါဟန်ရာ အခုနမင်းသွားလိုက်တဲ့ပုံစံ ကျုပ်မျက်လုံးထဲ ယုန်ဖြူ ခုန်ဆွခုန်ဆွသွားနေသလိုမြင်လို့ လွှတ်ခနဲ့ထွက်သွားတာ "

"ရော့ ဟန်မှာဒါပဲရှိတယ် "

"ကျုပ်ကိုကလေးထင်နေလားဟန် ချောကလက်ပါမုန့်နဲ့ ချောကလက်ပဲနို့ သောက်ရအောင်က "

"အဲဆိုဒါတွေသောက်တဲ့ဟန်က ကလေးဖြစ်ပြီပေါ့ လူကစေတနာနဲ့ရှိတာကျွေးတာကို မစားနဲ့ "

"အဲလိုတော့မလုပ်နဲ့မောင် ပဲနို့တော့မသောက်ဘူး မုန့်တော့စားမယ် လက်ဖက်ရည်ဖျော်ပေး "

"ပြီးရော "

သိပ်မကြာလိုက် couple ခွက်လေးနှင့်လက်ဖက်ရည်အပြည့်ပါလာပြီး ပဲနို့ပုလင်းကပါအဆစ်ပါလာသေးသည်

"မင်းမှာကျန်သေးရဲ့လားဟန် "

"ဒီပုလင်းကနောက်ဆုံးပဲ မုန့်ထုပ်ကအများကြီးရှိသေးတယ်"

"ကျုပ်လက်ပေနေတယ် မင်းခွံ့ပေး "

faမှန်းသိသိရက်နဲ့ အလယ်မှာထားကာ မုန့်ကလေးခွံ့လိုက် ကင်းကောင်ကစလိုက်နှင့် ဟိုကမျက်စောင်းထိုးလိုက်နှင့်  အသဲယားစရာကောင်းလှတယ် ရိုက်သတ်ဖို့

နောက်တစ်ပိုင်းဆို လာပြီနော် ကလေးမျှော်နေကြတဲ့အသဲကြော်ပဲလှော်လေးတွေ..

........................................................................

Zaw

"ဦး ထေတာ့ ေနာက္က်ေနၿပီ "

"ဟမ္..အင္း..ထၿပီ.."

မ်က္လုံးႏွစ္လုံးပြင့္တာနဲ႕ လက္ကနဖူးေရာက္ၿပီးသား

"ေတာ္ေသးတာေပါ့ ကိုယ္ေအးေနလို႔ မ်က္လုံးေတြပူေနေသးလား ကိုယ္ထဲကေရာဘယ္လိုေနေသးလဲ "

"ေကာင္းတယ္ "

"မင္းအလည္ထြက္ခ်င္တာနဲ႕ပဲ မလိမ္နဲ႕ေနာ္ "

"မလိမ္ပါဘူးတကယ္ေကာင္းတာ အျပင္မွာအားလုံးစုေနၿပီ ဟန္လဲအားလုံးလုပ္ၿပီးၿပီ ဦးပဲက်န္ေတာ့တာ ဟန္တြက္ကိုကိုးေဖ်ာ္ေပး "

"အင္း...ဟုတ္ၿပီ...ဟုတ္ၿပီ..အျပင္မွာေစာင့္...က်ဳပ္အျမန္လုပ္ၿပီးလာမယ္ "

"ဆက္ဟန္ဟိုေကာင္နိုးၿပီလား "

"ဟုတ္ နိုးၿပီဦးေအာင္မ်ိဳး "

"သြားနိုင္လား အစာစားၿပီးေဆးေသာက္လိုက္ေပါ့ "

"ဟုတ္ဦးေအာင္မ်ိဳး "

"ေရာ့..ဟန္ "

အေရွ႕ေရာက္လာေသာေရသန့္ဘူးအလွေလးကို အျပည့္ေဖ်ာ္ေပးလာေသာဦးကို မ်က္ေစာင္းထိုးလိုက္မိသည္

"႐ႊဲ႕တာလား "

"မ႐ြဲပါဘူး အဲဒါတေန႕လုံးတြက္စေကး ျပန္လာရင္မရွိဘူး "

"ၿပီးရင္သြားစို႔ "

ကားေပၚသို႔ ဟန္အရင္တက္သြားလိုက္သည္ ဒီတေန႕ကက်င္းရွိလူအားလုံးပါတာေၾကာင့္ႏွစ္စီးထြက္ရသည္ ေရပုံးေတြပါပါတယ္ဆိုေတာ့

ဟန္ပုံံက အေပၚအနီႏွင့္ေအာက္ကအမဲအတိုကေလး ဖိနပ္ကလည္းအမဲ လည္ပင္းမွာေရဘူးလွလွေလးကို ႀကိဳးႏွင့္ဆြဲထားၿပီး

ေခါင္းတြင္အုန္းပင္ေလးလိုစည္းထားေသးသည္မို႔ဘယ္လိုၾကည့္ၾကည့္ကေလး႐ုပ္လိုပင္

"ကင္းေကာင္ မင္းဟာကဘာဒီဇိုင္းႀကီးလဲေမာင္ "

"ဖက္ရွင္ပ"

"မင္းဖက္ရွင္ကဆန္းတယ္ေနာ္ ၉၉ျပားေခၚရင္လည္းနာေသးတယ္ ဝတ္ထားပုံကိုကၾကည့္ "

အနီေရာင္တီရွပ္အပြဆိုဒ္ကိုမွတင္ပါးဖုံးေနၿပီး လက္တဖက္က လက္ေမာင္းက်ေနသည္ အိတ္ေပါင္းမ်ားစြာပါသည့္ေဘာင္းဘီအရွည္အမဲကိုမွ တဖက္ကဒူးထိေခါက္တင္ထားသည္ မိေက်ာင္းဖိနပ္အျဖဴ ၊ song box အိတ္ႏွင့္ ဆြဲေနၾကျဖစ္သည့္တဘက္အိတ္ရယ္ မုန့္ထုပ္ရင္ ပုခုံးေပၚတင္ထားသည့္ဂ်ာကင္တစ္ထည္

"ဟုတ္ပ အခုပဲအလုပ္ခံလိုက္ရသူလိုပဲ ဖရိုဖရဲနဲ႕ "

"ဆက္ဟန္နဲ႕တြဲမသြားနဲ႕ ကေလးသူခိုးဆိုၿပီးအဖမ္းခံရမယ္ေကာင္"

"ဟုတ္ပ အဖမ္းခံရလည္းအဲေကာင္ကခဏပဲ စိတ္မမွန္ဘူး၉၉ျပားဆိုၿပီး ျပန္လႊတ္လိုက္မွာ "

"ေဟ့ေရာင့္ ၉၉ျပား "

"ငါ့လိ့လား "

"မိုက္ရိုင္းက်န္း "

"အဲဆိုငါလိ့ျဖစ္ ၉၉ျပားလာေခၚလား "

"၉၉ျပားမို႔ ၉၉ျပားေခၚတာ ၉၉ျပားက ၉၉ျပားဖစ္ေနလား ၉၉ျပားရဲ႕ "

ေဒါက္ !~

"လက္သံေျပာင္ခ်က္ပဲ ငါ ိုး "

"မင္းက၉၉ျပားေကာင္သြားစတာကို မင္းကလည္းေျပာင္တာမွစတီးလိုပဲခံပါ့ အမယ္ေလးငါ့စတီးခြက္ေတာင္ပိန္သြားတယ္ ေခါင္းကမာခ်က္ "

"နံၾကားထဲသံျပားဝင္ ေသတက္တယ္ ဘီလူး "

"စတာပါ မင္းကလဲ "

"ဟန္ ေရာ့ဒါဝတ္လိုက္ "

ဟန္လက္ထဲေရာက္လာသည့္ဂ်ာကင္တစ္ထည္

"ကိုယ္မစိုလဲ ေခါင္းေတာ့စိုမွာဘဲ ဘာထူးလို႔ "

"ဟုတ္သားပဲ ဒါဆိုေခါင္းခန္းမွာသြားထိုင္မယ္ "

"ဦးကေရခံမွာမလား ေနခဲ့ေလ ဟန္တစ္ေယာက္တည္းသြားလိုက္မယ္ "

"မရဘူး ေခါင္းခန္းမွာမင္းမင္းနဲ႕စိတ္မခ်ဘဴး "

ဟန္လက္ကိုဆြဲၿပီးေခါင္းခန္းဝင္ေတာ့ ကားေမာင္းေနရာမင္းမင္းကေၾကာင္ေတာင္ေတာင္

"ဘာလုပ္တာ "

"ဟန္ေရစိုမွာေၾကာက္လို႔အေရွ႕လာထိုင္တာ "

"မင္းကေရာ "

"လင္ကအေရွ႕ခန္းမွာေနၿပီး က်ဳပ္ကအေနာက္မွာေရခံရမယ္ဆိုလုံးဝမျဖစ္နိုင္ဘူး "

ေနာက္ဆုံးအားလုံးကလက္ေလွ်ာ့လိုက္ရၿပီး မြန္းလြဲပိုင္းေရာက္တာႏွင့္ က်င္းျပန္ေရာက္လာၾကသည္

"ငါဆို႔မုန့္ထပ္လုပ္စားၾကမလား "

"မွန္တယ္ သၾကၤန္အေငြ႕ပါတဲ့မုန့္လုံးေရေပၚ ဆိုရင္ေရာ "

"မိုက္တယ္ ငါတို႔ပိုက္ဆံစုရေအာင္ "

"ေလာပန္းေတြမွာပဲေတာင္းလိုက္ပါလား ဘက္ဂ်က္ေခြၽတာရာေရာက္တာေပါ့ "

"ကိုထြန္းမွာေတာင္း "

"ဟန္ေတာ့မေတာင္းဘူးေနာ္ ဟိုတေန႕ေတာင္းကတည္းကသံေဝဂရလို႔ "

"ဟုတ္တယ္ ငါ့လင္မသြားခိုင္းနဲ႕ "

ေနာက္ဆုံးအလွည့္က်သြားတာက ငလုံး

"ဦး.."

"မဦးနဲ႕ ခမ်ားဦးဆိုတာနဲ႕တင္ကိုေတာ္ေတာ္လန့္ေနၿပီ ခမ်ားဗိုက္ထဲကေလးရွိေနတာလား အဲေလာက္အစားေသာင္းက်န္းရေအာင္"

"ရွိခ်င္လဲရွိမွာေပါ့ ေနာ္လို႔...ဦး..စားခ်င္လို႔ "

"က်ဳပ္ကိုစားမလား မဝမခ်င္းေကြၽးမယ္ "

"ဦးကစားစာရာမွမဟုတ္တာ "

သူထိုင္ေနသည့္အေပၚအေဘးကေန၍ သိုင္းဖက္ၿပီးပုခုံးေမးကေထာက္လိုက္ေသးသည္ ဆြေနတာ...ေခတ္ဆက္သာန္တို႔ကမေၾကာက္မလန့္

"တခါတေလစားတယ္ေလ ခမ်ား"

"တေျဖးေျဖးနဲ႕ေရာလာၿပီ ကိုကိုးတိုက္ "

"မရဘူး မနက္ကတည္းကေျပာၿပီးသား စကားႏွစ္ခါေျပာရတာေမာတယ္ ေဘးဖယ္..."

ခ်က္ခ်င္းထၿပီးသြားလိုက္သည့္အကိုႏွင့္ ဆူပုတ္စြာက်န္ခဲ့သည့္မရီးၾကား အမွတ္မရွိဝင္ပါရျပန္သည္

"မရီး က်ဳပ္ေဖ်ာ္ေပးရမလား "

"မေသာက္ခ်င္းဘူး အဲ၉၉ျပားေကာင္ေဖ်ာ္တာပဲေသာက္ခ်င္တာ "

"၉၉ျပားတဲ့ ဟိုကၾကားမွျဖင့္ "

"ၾကား..ၾကားေပါ့... လုပ္ရဲလုပ္ၾကည့္ပါလား..ကန္ထဲ့ပစ္မွာ "

"အဲဆိုလည္းၿပီးတာပဲ ေသာက္ခ်င္ေတာ့ေျပာပ ေဖ်ာ္ေပးမယ္"

*အဲ အျဖဴေကာင္ကဘာေကာင္မို႔လို႔ အဲေလာက္အလိုလိုက္ေနၾကတာလဲ *

*တိုးတိုးေျပာပါဟ *

*ငါၾကည့္ေနတာ သူေရာက္ကတည္းကေလာပန္းနဲ႕အမ်ိဳးထင္တာ က်ပ္မျပည့္ေကာင္လင္တဲ့..႐ြံစရာေကာင္းတဲ့ေကာင္ေတြ *

*မင္းေနာ္..အလုပ္ျဖဳတ္ခံရေတာ့မယ္ *

*ျဖဳတ္ ျဖဳတ္ တေန႕တေန႕သူ႕ေရာက္လာကတည္းကမ်က္စိေတြကိုေနာက္ေနတာပဲ *

"ေတာ္ေတာ့လို႔...ကင္းေကာင္ၾကားသြားမယ္*

*ၾကား..ၾကားေပါ့ သူလဲလူငါတို႔လဲလူပဲ ဘာလဲအဲက်ပ္မျပည့္ေကာင္ကို ငါတို႔ကေၾကာက္ေနရာမွာလား *

"မင္းမသိေသးလို႔ေနာ္ ေလာပန္းနဲ႕ဟိုေကာင္ေတြၾကားရင္..မင္းမလြယ္ဘူး..စားခြက္ေပ်ာက္သြားမယ္*

*ငါထင္ေနတာတစ္ခုရွိတယ္ ေလာပန္ေတြကလည္းသူ႕ကိုဘာမွမေျပာၾကဘူး က်င္းသားေတြကလည္းအေပ်ာက္မခံဆို ကင္းေကာင္နဲ႕ကတရားဝင္ျဖစ္ၿပီး က်န္တဲ့ေကာင္ေတြကတိတ္တိတ္ပုန္းေတြမ်ားလား *

*ပ်ားအုံ..ဒုတ္နဲ႕ထိုးေနတယ္မင္း*

*အဲေတာ့ မင္းကဘာကိုမေက်နပ္တာလဲ*

*အဲေကာင္ထြက္သြားေစခ်င္တယ္ ဟင္~ေလာပန္း*

"အခုနဟာေလးဆက္ေျပာပါအုံး... "

" ငါၾကားလိုက္ပါတယ္ 'ဘာတဲ့' က်ပ္မျပည့္ေကာင္ ဟုတ္လား ၿပီးေတာ့ဆက္ဟန္ကဘာျဖစ္တယ္ "

"ဟို..ဟာ.."

"ရၿပီ..အဲေလာက္ဆို.. ငါ့ဘႀကီးေတြစီလိုက္ခဲ့ "

မင္းမင္းထြက္သြားေတာ့ ေနာင္တရမယ္ထင္လား နိုးပါေစာက္ခြက္ေမာ့ခ်ီေနတာမ်ားတျပားသားမွမေလ်ာ့ သူ႕နဲ႕ေပါင္းေနသည့္ႏွစ္ေယာက္ေလာက္ကသာ မ်က္ႏွာငယ္ေတြနဲ႕ ဟိုလဲေရာက္ေတာ့ ေလာပန္းေအာင္မ်ိဳး ဘဘႀကီး ကိုထြန္း မင္းမင္း အုပ္စုလိုက္ႀကီးေတြ႕လိုက္ရသည္

"ငါ့တူေျပာတာ ဟုတ္လား "

"ဟုတ္တယ္ က်ဳပ္ေျပာတာမွားလို႔လား ပိုင္စိုးဦးဆိုတဲ့ေကာင္က က်ပ္မျပည့္ဘူးေလ အဲေတာ့ခမ်ားတို႔ကက်ပ္မျပည့္တာအခြင့္ေကာင္းယူၿပီးဟိုအေျခာက္ေကာင္နဲ႕ "

ေဖာင္း~~

"မင္းအခုေျပာေနတာ မင္းသူ႒ေးေတြ ဘာေစာင့္ဆင့္နဲ႕ ဘာေတြသိလို႔လာေျပာေနတာလဲ "

"မင္းမင္း ေနေန ငါရွင္းမယ္ "

"ကင္းေကာင္ကို က်ပ္မျပည့္ဘူးလို႔ဘာလို႔ထင္တာလဲ"

"ဘႀကီး!! ဘာလို႔အခုလိုေသြးေအးေနတာလဲ တခါတည္းတပ္ထဲပို႔ပစ္ရမွာ "

"ဟုတ္တယ္အကို မင္းမင္းေျပာသလိုလုပ္ပစ္ရမယ္ "

"ငထြန္း..မင္းလဲအသာေန"

"အသိသာႀကီးကို စကားေျပာတာလဲမိုက္ရိုင္းေထာင့္ကလဲမက်ိဳး ေနပုံထိုင္ပုံဝတ္ပုံစားပုံကအစ အ႐ူးနဲ႕တူတယ္ "

"မင္းကအဲတာပဲသိတာလား အဲဆိုငါေမးမယ္ "

"မင္းက်ပ္ျပည့္လား "

"ဟ.ျပည့္တာေပါ့ဗ်.."

"ဒါဆို မင္းမွာမိန္းမရွိတယ္ က်င္းေရာက္ကတည္းကမင္းဘာလုပ္ေပးလဲ "

"ဒါကက်ဳပ္တို႔လင္မယားကိစၥ ခမ်ားတို႔နဲ႕မဆိုင္ဘူး "

"ငါေမးတာပဲေျဖ "

တည္ၿငိမ္စြာေမးေနေပမဲ့လည္းေဒါသသံကေရာစြက္ေနသည္ သူ႕က်င္းသားေတြၾကားရင္ ေဆး႐ုံကိုလက္မွတ္မလိုဘဲေရာက္သြားနိုင္သည္

"က်ဳပ္လုပ္အားခ လႊဲေပးတယ္ "

"အဲေလာက္ပဲလား "

"က်ဳပ္အေမအိမ္မွာထားေပးခဲ့တယ္ "

"အဲေလာက္ပဲလား မင္းလုပ္ခဘယ္ေလာက္ရလဲ ဘယ္ေလာက္သုံးလဲ ဘယ္ေလာက္လႊဲလဲ အိမ္ေထာင္သက္ဘယ္ေလာက္လဲ "

"လအားခ ၂၀ ရတယ္ ၃သိန္းလႊဲတယ္ အိမ္ေထာင္သက္၆ႏွစ္ "

"၁၇သိန္းေတာင္သုံးတယ္ေပါ့ မင္းမိန္းမေရာအဲေလာက္နဲ႕ေလာက္လား "

"ခမ်ားမဆိုင္တာေတြေမးတာေတာ္ေတာ္မ်ားေနၿပီ

"ငါေမးတာသာေျဖစမ္းပါ "

"........"

"မင္းမေျဖနိူင္ဘူးမလား ငါေျပာျပမယ္ မင္းေျပာတဲ့က်ပ္မျပည့္ေကာင္ရဲ႕အိမ္ေထာင္သက္ကလပိုင္းေလးပဲရွိေသးတယ္ ဆက္ဟန္ ကင္းေကာင္ေနာက္လိုက္လာတုန္းကဝတ္ေနတဲ့အဝတ္စားျပင္ဘာမွမရွိဘူး အခုၾကည့္လိုက္ ဆက္ဟန္ကိုယ္မွာဘာေတြ႕လဲ နားကပ္ ၊ လက္စြပ္ ၊ေျခခ်င္း အားလုံးကအစစ္ေတြ "

"အဲဒါေတြ ကင္းေကာင္ဆင္ေပးထားတာလို႔ဘာလို႔အတပ္ေျပာတာလဲ အခုေတာင္မွက်င္းၿပီးရင္မသုံးနိုင္အေႂကြးဆပ္ေနရတာမဟုတ္ဘူးလား "

"အေႂကြးဆပ္တာကမွန္တယ္ ဘာလုပ္ထားလို႔အေႂကြးေတြဆပ္ေနရတယ္ထင္လဲ သူ႕ယူထားတဲ့လူအတြက္ သူ႕ေနရာမွာအိမ္နဲ႕ၿခံဝယ္ေပးထားတယ္ သူ႕အေမအိမ္မွာမထားခဲ့ဘူး ေယာက္ခမေတြနဲ႕မတည့္မွာစိုးလို႔သီးသန့္ထားတယ္ ကဲမင္းေျပာ က်ပ္မျပည့္ေကာင္ေတြမွာ အဲဒါမ်ိဳးေတြမရွိဘူး အိမ္ေထာင္သက္ၾကာတဲ့မင္းမွာဘာရွိလဲ သူနဲ႕ႏွိုင္းရရင္ မင္းေျပာတဲ့က်ပ္မျပည့္ေကာင္ေျခဖ်ားေတာင္မင္းမမွီဘူး "

"သူ႕ကိုယ္ေပၚမွာဝတ္စားတာကေရာ တျခားသူနဲ႕မတူဘူး"

"မင္းေစာက္ဦးႏွောက္ ေခြးခ်ီသြားတာလား အခုကင္းေကာင္ဝတ္ထားတဲ့အကၤ်ီေဘာင္းဘီ အကုန္လုံးေဈးႀကီးေတြပဲ ဆက္ဟန္မလာခင္ကဝတ္စားၾကည့္ ေဈးအေပါဆုံးဟာေတြ ဘာလို႔အဲလိုဝတ္တာလဲမင္းသိလား "

"..........."

"ဆက္ဟန္မ်က္ႏွာမငယ္ေစခ်င္လို႔ ဆက္ဟန္နဲ႕တြဲသြားရင္ သူအရင္ပုံစံသာဆို ဆက္ဟန္ကိုကဲ့ရဲ႕ၾကမွာ က်င္းဆင္းရင္ ႐ႊံေတြထဲေနရတာဘယ္ေကာင္ကေဈးႀကီးအကၤ်ီဝတ္နိုင္မွာလဲ လူတေယာက္ကိုယ္ဘယ္ေတာ့မွအေပၚယံအဝတ္စားမၾကည့္နဲ႕ "

"စိတ္တိုလာၿပီေနာ္ဘႀကီး အခ်ိန္ၾကာတယ္ ဘာေတြေျပာေနမွန္းမသိဘူး "

"ေနပါအုံးကြာ မင္းကလဲ "

"ငါ့အကို ဒီတခါတရားေပါက္သြားတာလား "

"ဘႀကီးမေျပာနဲ႕ ကြၽန္ေတာ္ေျပာမယ္"

" ဆက္ဟန္ကမင္းေျပာဆိုခ်င္တိုင္းေျပာဆိုေနတဲ့ KTVကဟာေတြလိုမဟုတ္ဘူး ၿပီးေတာ့အေျခာက္ဆိုတာလည္းငါၾကားလိုက္တယ္ lgbtကိုလက္မခံဘူးဆိုတာငါလက္ခံတယ္ မင္းလက္လႊတ္စပယ္ပုတ္ခတ္ရေလာက္ေအာင္ထိ အဲအေျခာက္ေကာင္က ငါတို႔အေပၚနစ္နာေအာက္လုပ္ထားတာတစ္ခုမွမရွိဘူး ဒီကိစၥဒီမွာတင္ၿပီး က်င္းသားေဟာင္းေတြၾကားရင္ ေဆး႐ုံလက္မွတ္ျဖတ္ၿပီးသားျဖစ္သြားမယ္ အေနာက္ကေကာင္ေတြ ကိုယ့္လူကိုထိန္းထား"

"သူကနစ္နာေအာင္မလုပ္ပါဘူး ဒါဆိုဘာလို႔အဲေကာင္ေျပာသမွ် လိုက္လုပ္ေနၾကတာလဲ ေလာပန္းတို႔ ၊ အစီ ၊ဘီလူး ၊ နီၾကား ၊ ငဟိန္း ၊ ငလုံး၊ ကိုမိုးေ႐ႊ ၊ ဦးနိုင္ဝင္း ၊ ဝင္းဆန္း ၊ သူ႕ညီ ၊ ဦးသက္ပါအစ ဘာလို႔လဲ "

"မင္းမနာလိုတာလား ငါတို႔ေလာပန္းေတြက ဘယ္သူ႕ကိုမွမ်က္ႏွာသာမေပးဘူး အရာအားလုံးကအက်ိဳးသင့္အေၾကာင့္သင့္ျဖစ္လာတာ "

*ေလာပန္း *

"သြားေတာ့ "

"ဘာလဲ အိုးငွားၿပီးၿပီလား "

"သြားငွားတယ္ ဆက္ဟန္လဲလိုက္သြားတယ္ ဝယ္စရာရွိတာေတာ့ အစီသြားဝယ္ေပးတယ္ "

"အားလုံး အဆင့္သင့္ျဖစ္ရင္လာေခၚ "

"ဟုတ္ကဲ့ေလာပန္း.."

..............

" ထန္းညက္ခဲကို ခပ္ႀကီးႀကီးညွပ္ေနာ္ မုန့္လုံးၿပီးရင္ေပ်ာ္ကုန္ေရာ "

"အိုးလာၿပီ "

"အဲမွာဘဲထားလိုက္ဆက္ဟန္ ဟိုေကာင္မီးဖိုေက်ာက္ႀကီးတယ္"

"အိုးေလးငွားတာ ဘာလို႔ၾကာေနတာလဲ ဟန္ "

"လမ္းေလွ်ာက္သြားလို႔ေလ "

မြန္းလြဲပိုင္းဆိုေပမဲ့ ေန၏အရွိန္မွာေကာင္းတုန္းပင္ ေနပူထဲကလာရသည္မို႔ ျဖဴေဖ်ာ့ေဖ်ာ့မ်က္ႏွာေလးက အနီဘက္ေျပာင္းေနသည္ နဖူးစပ္ကေခြၽးေတြကို အကၤ်ီလက္နဲ႕ျဖစ္သလိုသုတ္ေပးလိုက္သည္

အ့

"မင္းလက္ကဘာျဖစ္တာလဲ "

လက္ကိုယူကာၾကည့္လိုက္ေတာ့ လက္ဖဝါးေစာင္းတေလွ်ာက္ ျခစ္ရာတစ္ခ်ိဳ႕

"ဟို အိုးငွားတဲ့အိမ္ကတမံတလင္းမွာေရနဲ႕ဆိုေတာ့သတိမထားမိဘဲ ေခ်ာ္လဲလို႔ေထာက္လိုက္တာ"

"မင္းကေလ ျဖစ္လိုက္ရင္အရာရာနဲ႕အေၾကာင္းေၾကာင္း သတိေလးဘာေလးထား ျဖစ္လိုက္ရင္နေမာ္နမဲ့နဲ႕ ဗရမ္းဗတာႀကီးပဲ "

"ဦးကလည္း နာရတဲ့ၾကားတဲ့ဆူဖို႔ကအရင္ "

"ကဲလာ ေဆးထည့္ေပးမယ္ ပလာစတာပါကပ္ေပးမယ္ "

"ရတယ္ ကို႔ဘာသာကိုယ္ထည့္မွာ "

"ေခတ္ဆက္သာဟန္ ခမ်ားကေလးမဟုတ္ဘူးေနာ္ က်ဳပ္ဆူတာက ခမ်ားကိုစိတ္ပူလို႔ အမ်ားႀကီးထိရင္ဘယ္လိုလုပ္မလဲ "

"အခုက ဘာမွမျဖစ္ဘူးေလ လက္ေလးပဲထိတာ ဆူလိုက္ေတာ့ပိုနာသြားပီ"

ကေလးမဟုတ္သည့္ကေလးကို တဲစီေခၚၿပီး ေဆးထည့္ေပးဖို႔ျပင္ရသည္ နဂိုကအသားေရျဖဴၿပီးနီစပ္စပ္မို႔ ျခစ္မိသည့္ေနရာတြင္နီရဲေနေလသည္

"စပ္တယ္ "

"ခဏေလးသည္းခံ "

ထို႔ေနာက္ အနာအားေဆးဝါရည္တစ္ခ်ိဳ႕ထည့္ေပးလိုက္ၿပီးအနာကပ္ ကပ္ေပးလိုက္သည္

"မီးရၿပီ ဦးသက္ "

"အိုးတင္လိုက္ေတာ့ ေထွးဦးရေသယ်ခဲ့ "

"ဦးသက္ ေကာက္ညွင္းမုန့္ထုပ္ကအားလုံးထည့္မွာလား "

"ေအးထည့္လိုက္ ၿပီးရင္ေရနဲနဲနဲ႕ အရင္နယ္ ေပ်ာ့သြားမယ္ မုန့္လုံးဖို႔အေနေတာ့ဆိုရၿပီ "

"ထန္းညက္ရၿပီလား ရၿပီဆိုစလုံးမယ္ ေရပူေနၿပီလား "

"ပူေနၿပီ မုန့္ကဘယ္သူဆယ္မွာလဲ "

"ဟန္ဆယ္ေပးမယ္ "

"ရလို႔လားဆက္ဟန္ရာ "

"ရတယ္ ဦးနိုင္ဝင္း "

မုန့္လုံးသူလုံး ေရလဲေပးသူလဲေပး ဟန္ကလဲေပၚလာသည့္မုန့္လုံးမ်ားကို ဟန္ကဆယ္ေပးလိုက္ႏွင့္ ပင္ပန္းတယ္လို႔ကိုမထင္

"ဘယ္သူအသားျဖဴခ်င္လဲ "

"ငါျဖဴခ်င္တယ္ "

"ဟန္နားလာခဲ့ ဒီမွာေရပူလဲအဆင္သင့္ရွိတယ္ "

"ေတာ္ပါ ေၾကာက္တယ္ ဝက္ကိုေရေဖ်ာၿပီးအေမြးႏႈတ္သလိုျဖစ္ေနမွာ "

"ဟန္ ရရဲ႕လား "

"ရတယ္ ဦး "

"မုန့္လုံးၿပီးေတာ့မယ္ ဘယ္သူအုန္းသီးျခစ္တက္လဲ "

"ဘယ္သူမွကိုမရဘူးေပါ့ "

"ငသက္ မင္းရသားပဲ မင္းပဲလုပ္လိုက္ ဟဲဟဲ "

"ေအးေဟ့ ေအး "

"ကိုဟိန္း သီခ်င္းဖြင့္ "

"ပိေတာက္လက္ေဆာင္ပဲဖြင့္လိုက္မယ္ ရတယ္မလား "

"ရတယ္ သၾကၤန္သီခ်င္းဆိုရင္ၿပီးေရာ"

"ကိုကိုစီ ဦးသက္ကေလာပန္းကိုမုန့္သြားပို႔ေပးပါတဲ့ "

"ငါ့ကို ကိုကိုစီလို႔မေခၚနဲ႕ မင္းလင္မ်က္ေစာင္းေၾကာက္လို႔ "

"ဟြန့္ ေခၚသမားမရွိလို႔ေခၚေပးတာကိုဂုဏ္ယူ "

အတာၾကဴးတဲ့တန္းခူးလအခ်ိန္ခါ ႏွစ္ကူးသၾကၤန္မဟာ

သူေလးနဲ႕ေတြ႕ရပုံမွာ ေမ့လဲမေမ့နိုင္ပါ ဒီႏွစ္ေတြလဲႀကဳံရမွာလဲ တမ္းတတယ္ဒီခ်ိန္ခါ ပိေတာက္ပန္းပြင့္တိုင္းသတိရေစသူပါ........

"ကဲ ဒီထဲမွာင႐ုတ္ေကာင္းေတြပါတယ္ စားမိတဲ့သူ႕ကငါ့ရည္းစား "

"မင္းမွာလင္ရွိရဲ႕သားနဲ႕ဘာလို႔လုပ္တာလဲ ၉၉ျပားေကာင္ေစာင့္က်င့္ကမေကာင္းဘူး "

ဟန္ကတစ္ခုၿပီးတစ္ခုယူစားေနေပမဲ့ င႐ုတ္ေကာင္းနဲ႕အလုံးတစ္ခုမွမမိ ငဟိန္းမ်က္ႏွာၾကည့္မိေတာ့ေခြၽးေတြပါပ်ံေနၿပီ

"ငဟိန္း ဘာျဖစ္တာလဲ "

"င႐ုတ္ေကာင္းမိတာေနမွာေပါ့ "

"အဲဆို ကိုဟိန္းက ဦးရည္းစားျဖစ္သြားၿပီေပါ့ "

"က်ဳပ္ေသခ်ာဆယ္ထားတာေလ ဘာလို႔ငဟိန္းစီေရာက္သြားတာလဲ "

"တရားခံကငါ မင္းလင္ကိုသၾကားမ်ားမ်ားနဲ႕ဟာ ေပးတယ္ထင္လို႔ ငဟိန္းပန္းကန္နဲ႕လဲလိုက္တာ "

ခြီ....

"အဲဆို ကိုဟိန္းက ဦးရည္းစားလုပ္ရမွာေၾကာက္လို႔ ႀကိတ္မွိတ္စားေနတာလား "

"ေဟ့ေရာင္ အေအးေလးလုပ္အုံးစပ္တာမဟုတ္ပဲ ပူထူေနၿပီ "

"ဟား....ဟားလ္...ငဟိန္းရာမင္းတို႔ႏွစ္ေကာင္ျဖစ္လိုက္ရင္အဆန္းႀကီး "

"ဗိုက္ျပည့္ေနၿပီလား "

"အင္း နဲနဲအစားမ်ား "

"လမ္းေလွ်ာက္ထြက္စို႔ "

"အစီ ဦးသက္ကိုေျပာလိုက္ ကင္းေကာင္တို႔လမ္းထိပ္သြားတယ္လို႔ "

"ေအးေအး ဒါနဲ႕ဆက္ဟန္ ငါညေနစာခ်က္မွာ မင္းတြက္ခ်က္ေပးရမလား "

"ဟင့္အင့္ ခ်က္နဲ႕ေတာ့ မနက္ျဖန္မွပဲခ်က္လိုက္ေတာ့ မနက္မွဦးကိုေဈးဝယ္ခိုင္းၿပီး ခ်က္ေပး"

"ေအ ေအး "

ညေနဆည္းဆာ အျဖစ္ေနလုံးႀကီးသည္အေနာက္ဘက္ယြန္းယြန္းသို႔ဆင္းရန္တာစူေနၿပီး လိေမၼာ္ေရာင္အနီေရာင္ေရာေနသည့္ေကာင္းကင္ႀကီးက အားျဖည့္လို႔ထားသည္

" ေနဝင္ဆည္းဆာကအရမ္းလွတာပဲ "

"အင္း "

"တိတ္လည္းတိတ္ဆိတ္တယ္ "

"အင္း.."

"ဦး "

"အင္း"

"အိပ္ငိုက္ေနတာလား တအင္းအင္းနဲ႕ "

"မငိုက္ပါဘူး ဘာေျပာရမွန္းမသိလို႔ "

"အလုပ္ကရွာၿပီးၿပီလား "

"ၿပီးၿပီ အိမ္ေဖာ္... အိမ္ေဖာ္ဆိုေပမဲ့ကေလးထိန္းရမွာ "

"မျဖစ္ပါဘူး စိတ္ကလက္တစ္ဆစ္နဲ႕ ကေလးထိန္းမျဖစ္ဘူး တျခားအလုပ္မရွိဘူးလား"

"ရွိေတာ့ရွိတာေပါ့ ဒါေပမဲ့ ဒါကသက္သာတယ္ေလ ကေလးကလည္းအရမ္းေတာ့မငယ္ပါဘူး ၿပီးေတာ့သူေဝယ်ာဝစၥပဲလုပ္ေပးရမွာ တျခားဟာေတြမလုပ္ရဘူး ၿပီးေတာ့လခလဲမ်ားေသးတယ္ "

"ဘယ္ေလာက္လဲ "

"၁၀သိန္း "

"အိမ္ေဖာ္ကေလးထိန္း ၁၀သိန္းကမမ်ားလြန္းဘူးလား "

"မမ်ားပါဘူး အေမြဆက္ခံသူကေလးကိုေကာင္းေကာင္းေလးေစာင့္ေရွာက္ေပးရမွာအဲေလာက္ကေတာ့ေပးရမွာေပါ့ ေန႕စားစရိတ္ၿငိမ္းေနာ္ ဦးအေႂကြးေတြျမန္ျမန္ေၾကတာေပါ့ "

"မင္းမဆပ္ေပးလဲရပါတယ္ မင္းကၿမိဳ႕ႀကီးျပႀကီးမွာေနတာ မင္းတြက္လဲခ်န္အုံးမွေပါ့ "

"ခ်န္မွာေပါ့ ဦးအေႂကြးေတြဆပ္ၿပီးရင္ "

"ဟိုမွာ စံကားဝါပြင့္ "

"အယ္~ လွလိုက္တာ လိုခ်င္တယ္ "

အပင္ေအာက္သို႔ခ်က္ခ်င္းသြားလိုက္ၿပီး အပင္ကိုေမာ့အၾကည့္ လူကေျမာက္တက္သြားသည္ အေၾကာင္းကဒူးေကြးေနရာကေန ဦးကမတင္လိုက္၌ ႏွစ္ပြင့္ေလာက္ကိုသာခူးလိုက္ၿပီး ဦးနားၾကားညွပ္ေပးလိုက္သည္

"ပန္းနဲ႕ မိန္းကေလးအတိုင္းပဲ "

"အယ္ မလုပ္ပစ္နဲ႕လွတယ္ ဒီတိုင္းေလးေန ဓာတ္ပုံရိုက္မလို႔ "

"ခမ်ားဖုန္းထဲက်ဳပ္ပုံေတြႀကီးပဲ Phone storage မျပည့္ေသးဘူးလား "

"ဟင့္အင့္ "

"က်ဳပ္လို႐ြက္ၾကမ္းေရႀကိဳ က ပန္းနဲ႕မလိုက္ဖက္ဘူး "

နားၾကားညွပ္ေပးထားသည့္ပန္းကိုတယုတယဆြဲယူၿပီး ဟန္နားၾကားထဲထည့္ေပးသည္ ေနာက္ေတာ့

"မင္းကမွ ပန္းနဲ႕လိုက္တယ္ ေတြ႕လား ပန္းကလွပါရဲ႕ မင္းနားၾကားထဲေရာက္သြားမွပိုလွတာ "

"ေပးက်ဳပ္ဓာတ္ပုံရိုက္ေပးမယ္ "

ေနဝင္ဆည္းဆာအလွကိုေနာက္ခံထား ပန္းပင္ေအာက္ရပ္ၿပီး အပင္ေပၚေငးေမာေနပုံ

"ေတြ႕လား မင္းလွပါတယ္ဆိုတဲ့ေနဝင္ဆည္းဆာလည္း ခမ်ားနဲ႕ေတြ႕ရင္အေရာင္မွိန္းသြားတာမ်ိဳး "

".........."

"လူတေယာက္ကိုခ်စ္ဖို႔ပဲမေတြးရဘူး ကိုယ္ကခ်စ္ဖို႔ေကာင္းေၾကာင္းလဲေတြးရတယ္ "

"မေတြးခ်င္ပါဘူး ကိုယ္ခ်စ္ရတဲ့လူတေယာက္ကျပန္ခ်စ္တာပဲလိုခ်င္တာ "

"အဲလူတေယာက္ကျပန္မခ်စ္ရင္ တဖက္သတ္ဆိုတာႀကီးနဲ႕ခမ်ားခံစားရမွာေပါ့ "

"အဲဆို ဦးျပန္ခ်စ္လိုက္ေလ "

"ခ်စ္ျခင္းေမတၱာလုပ္ယူလို႔မွမရပဲ "

"မယုံဘူး ခ်က္ခ်င္းႀကီးမခ်စ္နိုင္ေတာင္မွ ေနာက္ေတာ့ခ်စ္လာမယ္ဆိုတာဟန္ယုံၾကည္တယ္ "

"မင္းကေတာ့ေလ "

"ဟန္ကို နဲနဲေလးမွရင္မခုန္မိဘူးလား ဟန္အျပဳမူေတြကတစ္ဆင့္ေရာ "

မခ်စ္ဘူးဆိုတာ ညာတာပါ မင္းရဲ႕အရိပ္ကေလးေတြ႕ကတည္းကရင္ခုန္းျခင္းဆိုတာကပ္ပါလာၿပီးသား က်ဳပ္ျပန္ခ်စ္လာဖို႔ခမ်ားလုပ္စရာမလိုေအာင္ က်ဳပ္က အပင္ေအာက္ေႂကြေနတဲ့စံကားဝါပြင့္လို႔ ခမ်ားေရွ႕က်ဆင္းၿပီးသားလူတေယာက္ပါ ဟန္...

"တကယ္ႀကီးမခ်စ္ဘူးပဲ "

အြန္း...

"ဟင့္ ဖယ္ေပးမနမ္းနဲ႕ "

အြန့္ !

"ဟီး..ငိုခ်လိဳက္မွာေနာ္ မခ်စ္လည္းမခ်စ္ပဲနဲ႕ ဘာလို႔လာနမ္းေနတာလဲ "

"ငိုေပါ့ ခမ်ားငိုရင္က်ဳပ္ထက္နမ္းမယ္ "

"လူဆိုးေကာင္ "

"က်ဳပ္ေမးပါအုံးမယ္ ဘယ္အေကာင္ကမခ်စ္ပဲနဲ႕ နမ္းတာေတြ႕ဖူးလဲ ဘယ္သူကမခ်စ္ပဲနဲ႕သဝန္တိုမလဲ ဘယ္အေကာင္က မခ်စ္ပဲနဲ႕ဂ႐ုစိုက္တာေတြ႕ဖူးလို႔လဲ "

"အဲဆို ဦးကခ်စ္လား "

"မခ်စ္ဘူး "

"ေတြ႕လာ မခ်စ္ပဲနမ္းတာလည္းဦးပဲ မခ်စ္ပဲသဝန္တိုတာလဲဦးပဲ မခ်စ္ပဲနဲ႕ဂ႐ုစိုက္တာလည္းဦးပဲ လူကိုေမွ်ာ္လင့္ခ်က္ေတြေပးေနတာ "

"ေဟာ ခမ်ားအခုလိုငိုမဲမဲ့ပုံစံေလးက ကိုက္စားခ်င္စရာေလး "

က်ဳပ္ခမ်ားကိုခ်စ္တာထက္ ပိုျမတ္နိုးတာလို႔ေျပာလိုက္ခ်င္တယ္

"မစနဲ႕ လူကအတည္ေျပာေနတာကို "

"က်ဳပ္ကလည္းအတည္ေျပာတာ တကယ္စားခ်င္စရာေလး "

"ဦးမခ်စ္လည္း ဟန္ခ်စ္တယ္ "

"သိတယ္ "

"သိရင္ျပန္ခ်စ္ရမယ္မွန္း မသိဘူးလား တုံးတာလား အတာလား "

"ဟင့္အင့္ မသိဘူး "

႐ႊတ္ !

"စံကားဝါပန္းကေမႊးတယ္ ခမ်ားနဲ႕ယွဥ္ရင္ အလွဆုံးဆိုတဲ့ပန္းေရာ ေမႊးပါတယ္ဆိုတဲ့ပန္းေရာ ရႈံးတယ္ဆိုတာေတာ့က်ဳပ္သိတယ္ "

"အေလ်ာက္ေကာင္းလို႔ အေခါင္းသက္သာတယ္မွတ္ "

"ေနပါအုံး အရင္တုန္းကလဲ အဲလိုေတြနဲ႕ေႁခြခဲ့တာလား "

"အဲအၾကည့္ျပင္လိုက္ ခမ်ားလင္က်ဳပ္ကေနာ္ ယင္မေတာင္မသန္းဖူးတဲ့ယင္ဖိုေလး ပါးစပ္ပဲသရမ္းဖူးတာ ဘယ္သူ႕ကိုမွမခ်စ္ဘူး "

"မယုံဘူး "

"ခမ်ားယုံေအာင္ က်ဳပ္နမ္းေပးမယ္ "

"မဆိုင္တာေတြ "

"ခမ်ားလည္း ညေနဆည္းဆာေနာက္ခံထားမနမ္းဖူးေသးဘူးမလား ခံစားခ်က္အသစ္ကေလးရတာေပါ့ "

"လူသြားလမ္းႀကီးမွာ "

"လူသြားလမ္းမွာမို႔လို႔နမ္းမယ္ေျပာတာ မဟုတ္ရင္ၿခဳံတိုးတယ္ညန္း "

"ညစ္ပတ္ "

"မနမ္းဘူးလား ခမ်ားမနမ္းရင္က်ဳပ္နမ္းေပးမယ္ "

"နမ္းမွာ "

"ဒါမ်ားမူေနေသးတယ္ ႏႈတ္ခမ္းကိုေနာ္ "

ေလတခ်က္အေဝွ႕ ႏႈတ္ခမ္းေပၚေရာက္လာသည့္ႏူးညံ့သည့္ႏႈတ္ခမ္းသားတစ္စုံ ဖိကပ္႐ုံမွ်ျဖင့္

"ၿပီးၿပီလား "

"အင္း ေလ နမ္းၿပီးၿပီ "

"မင္းဟာထိ႐ုံပဲထိသြားတာ တကယ္နမ္းတယ္ဆိုတာဒီလို..."

ႏူးညံ့လြန္းသည့္ႏႈတ္ခမ္းသားတစ္စုံထိကပ္လိုက္သည္ႏွင့္ တကိုယ္လုံးအားအင္ေတြစုပ္ယူသြားသလိုပါခံစားရၿပီး ေသာက္ေလေသာက္အငတ္မေျပေလ ဆိုသည့္ပင္လယ္ေရလို မလြတ္စမ္းနမ္းရွိုက္ေနမိသည္ ေအာက္စီဂ်င္ေတြျပတ္လပ္လာေတာ့မွ ထုရိုက္ဖို႔သတိရဟန္...

...........

"ငသက္ ဘာျဖစ္တာလဲ "

"အုပ္ထိန္းသူေခၚတာ "

"ဘယ္ေကာင္အုပ္ခ်ဳပ္ေရးမႈးစီေရာက္သြားလို႔လဲ "

"ကင္းေကာင္တို႔လင္မယား "

"ဘာျဖစ္လို႔လဲ "

"ဟိုေရာက္မွေျပာမယ္တဲ့ ကိုေအာင္မ်ိဳး အဲဒါေလာပန္းပါေခၚခဲ့ေပးပါဆိုလို႔ "

"ေအးသြားစို႔ ျမန္ျမန္ "

..........

"ဘာျဖစ္တာလဲ အုပ္ႀကီးဗ် "

"ခမ်ားက "

"ဪ သူရဲ႕ဦးေလးပါ ဒါကကြၽန္ေတာ္တို႔ေလာပန္းပါ "

ကို႔လူႏွစ္ေယာက္ၾကည့္ေတာ့ ေခါင္းပင္ေမာ့မလာ အုပ္ႀကီးနဲ႕အတူ အဖြဲ႕ဝင္ကႏွစ္ေယာက္

"ဒီလိုပါ ခမ်ားတူက ဒီကကေလးကို လမ္းမွာအတင္းအဓမၼ နမ္းေနလို႔ ကြၽန္ေတာ္တို႔ေခၚယူထိန္းသိမ္းလိုက္ရတာပါ "

"ဗ်ာ "

"ေျပာရမွာအားနာေပမဲ့ အုပ္ထိန္းသူေတြသိသင့္မယ္ထင္လို႔ပါ ၿပီးေတာ့ဟိုဘက္ကကေလးလဲအသက္ျပည့္ပုံမရဘူး"

"ကင္းေကာင္ ဘာျဖစ္တာလဲေျပာစမ္း "

"က်ဳပ္နဲ႕ဆက္ဟန္ စံကားဝါပင္ေအာက္မွာနမ္းေနတုန္း အလိုမတူဆိုၿပီး ဂုတ္ဆြဲေခၚတာပဲ ရွင္းျပလို႔လဲမရဘူး အဲေၾကာင့္ေခၚလိုက္တာ "

"စခန္းထဲတခါတည္းပို႔ပစ္ရမွာ ေနရာေလးဘာေလးအရင္ၾကည့္မွေပါ့ မင္းတို႔ဟာက "

"ခမ်ားတို႔ကဘာေတြလဲဗ်ာ က်ဳပ္တို႔နားလည္ေအာင္လဲရွင္းျပပါအုံး "

"သူတို႔ႏွစ္ေယာက္က လင္မယားေတြပါ ေနထားတာလဲၾကာပါၿပီ ႏွစ္ေယာက္စလုံးကလဲအသက္ျပည့္ပါတယ္ဗ်ာ "

"ေဟ အဲလိုလား "

"မသိပါဘူးဗ်ာ က်ဳပ္တို႔ကအဲလိုမေတြးမိဘူး ဒီကေဘးနဲ႕ဟိုကေလးကလဲပုံစံကလည္းအမ်ားႀကီးကြာတယ္ ဟိုဘက္ကေလးကလဲထုရိုက္ေနတယ္ဆိုေတာ့ က်ဳပ္တို႔႐ြာထဲကတေယာက္ေယာက္ကိုမ်ားဆိုၿပီး ဒီကိုေခၚလာလိုက္တာ "

"အားနာစရာေတြျဖစ္ကုန္ပါၿပီဗ်ာ "

"အဲလိုလဲမဟုတ္ပါဘူး အုပ္ႀကီးရယ္ က်ဳပ္တို႔ေကာင္ေတြကိုကမေနတက္တာပါ "

"ေနာက္တခါဆိုမင္းတို႔လည္း ဆင္ျခင္ေပါ့ကြာ"

"ခမ်ားရီးက နားမေထာင္တာေလ ဒီလမ္းကိုဘယ္တုန္းက ခမ်ားေလွ်ာက္တက္သြားတာလဲ နားလည္တဲ့အေကာင္ေတြကလည္းဒီလမ္းကိုဘယ္သူမွမလာၾကလို႔ စိတ္ေအးလက္ေအးႏွစ္ပါးသြားေနတာ အလကားေနရင္းဖီးလ္ပ်က္ "

"ကင္းေကာင္ "

"ပိုင္စိုးဦး "

"ငသက္ မင္းလူျမန္ျမန္ေခၚသြားေတာ့ "

"လာစမ္း မင္းတို႔ႏွစ္ေကာင္ "

အုပ္ႀကီးစီကေန က်င္းသို႔ျပန္ရာတြင္လည္း ဦးသက္၏ဆူပူမႈကိုတစ္လမ္းလုံးခံခဲ့ရသည္ ဟိုလူလည္းရွက္သြားထို႔ထင္ပါရဲ႕ အခန္းလိုေနရာကေနထြက္ကိုမလာေတာ့ေခ်

"ေထွးဦး မင္းေနခဲ့လို႔ "

"မေနခ်င္ပါဘူးဆို က်ဳပ္လည္းဝိုင္းလိုက္မွာ"

"မင္းမရီးနားေနခဲ့ပါဆို က်င္းမွာဘီလူးတို႔ညီအကိုက်န္ခဲ့တယ္ ငါမယုံဘူး မင္းသြားခ်င္မနက္ျဖန္သြား "

"ၿပီးေရာ က်ဳပ္မရီးကိိုတ္မခ်လိဳ႕ေနာ္ မင္းကိုလည္းစိတ္ခ်တာမဟုတ္ဘူး အိတ္ထဲမွာပါတာပဲသုံး ဘယ္သူ႕စီမွာမွမေခ်းနဲ႕ ဖုန္းေတာ့ျပန္ပါလာပေစ "

"ေအးပါကြာ မသိရင္ငါ့အေမက်ေနတာပဲ မင္းမရီးကိုသာေသခ်ာၾကည့္ ထမင္းဝိုင္းမွာကိုကိုးေဖ်ာ္ေပးထားတယ္ ညေနကသူဘာမွမစားထားဘူး "

"ေအးပါ က်ဳပ္နားလည္တယ္ မင္းသာဝိုင္းကိုေျဖာင့္ေျဖာင့္သြားေျဖာင့္ေျဖာင့္ျပန္ သန္းေခါင္းေတာ့မေက်ာ္ေစနဲ႕ "

"သန္းေခါင္မေက်ာ္ေစနဲ႕ဆိုေတာ့ ငါကိုစင္ဒရဲလားထင္ေနလား ဖဲဝိုင္းပါဆို သန္းေခါင္ေက်ာ္မွေကာင္းတာ အခုဘယ္ခ်ိန္လဲၾကည့္၉နာရီခြဲၿပီး အဲကိုသြားတာနဲ႕ ရိုက္ေတာင္ရိုက္ရမွာမဟုတ္ဘူး ျပန္လာရမွာ "

"အဲဒါေတြက်ဳပ္မသိဘူး က်ဳပ္သိတာကသန္းေခါင္မေက်ာ္ခင္ျပန္လာရမယ္ "

"ေအးကြာ ၿပီးေရာ ဟုတ္ၿပီလာ မင္းမရီးကိုသာဂ႐ုစိုက္ "

ခပ္မို႔မို႔အိတ္တလုံးလြယ္ၿပီးထြက္သြားသူ႕အကိုျဖစ္သူၾကည့္ကာ ရင္ေလးမိသည္ ဖဲရိုက္တက္သည့္အက်င့္က အေဖ့ကိုအ႐ႊဲ႕တိုက္ရင္း မရိုက္ရမေနနိုင္သူလိုျဖစ္သြားသည္ တျခားသူနဲ႕မရိုက္ရရင္ေတာင္ ပိုကာအုပ္ထဲက ဘုရင္ေတြကုလားေတြ လက္ၾကားညွပ္ထားတက္ေသးသည္ အခုလည္းခပ္မို႔မို႔အိတ္ကျပားကပ္လာမွာအေသခ်ာ ရိုက္တိုင္းလည္းနိုင္လာတာမရွိ တခါကဆို ဖုန္းေရာ နာရီေရာ ျပန္ပါမလာ

"သြားၿပီလား "

"ဗ်ာ မရီး ဘယ္တည္းကေရာက္ေနတာလဲ "

"မင္းတို႔စေျပာေနကတည္းက "

"ဗ်ာ "

"တဗ်ာဗ်ာနဲ႕ ဘာျဖစ္ေနတာလဲ "

"ဗ်ာ အဲ ဘာမွမျဖစ္ပါဘူး ဗိုက္ဆာလို႔လားမရီး ခဏေလးသြားယူေပးမယ္ "

"သူအဲလိုပဲခဏခဏရိုက္တက္လား "

"ေတာတန္းမွာတုန္းကတစ္ခါ အခုခါနဲ႕ႏွစ္ခါျဖစ္ၿပီမရီး ကြၽန္ေတာ္ျပန္ေခၚလိုက္ရမလားဟင္ အခုေလာက္ဆိုလမ္းထိပ္ပဲေရာက္ေလာက္မွာ "

"ရတယ္မေခၚနဲ႕ လႊတ္ထားေပးလိုက္ ငါသိေၾကာင္းသူ႕ကိုသြားမေျပာနဲ႕ "

"ဟုတ္မရီး "

"ဆက္ဟန္ ဟိုေကာင္မနိုးေသးဘူးလား ေဈးသြားခိုင္းမလို႔ကို "

ဟန္ႏွင့္အစီေျပာေနတုန္း အိပ္ယာနိုးလာသည့္ သူ႕ညီ ဒီေန႕ကႏွစ္ဆန္းတစ္ရက္ေန႕ျဖစ္ၿပီး သၾကၤန္ေရပတ္တဲ့သူကပတ္ၾကတုန္းျဖစ္သည္

"အစီပဲသြားလိုက္ပ က်ဳပ္အကိုမေန႕ညကပိုက္ဆံေပးထားၿပီးသား "

"ေအး ဝယ္စရာနဲနဲေတာ့မ်ားတယ္ေမာင္ "

"အစီ က်ဳပ္လိုက္မယ္ "

"ခါတိုင္းလဲမင္းလိုက္ေနၾကမဟုတ္ဘူးလား ငလုံး "

"အဲေတာ့ဘာျဖစ္လဲ"

"မျဖစ္ဘူး ဆက္ဟန္က်ဳပ္ကိုစာရင္ေရးေပးလိုက္ "

"ေရးထားၿပီးသားေရာ့ "

"အစီ ဘာလုပ္တဲ့စာရင္းလဲ အမယ္ေတြကအမ်ားႀကီးပဲ က်င္းမွာအလႉရွိလို႔လား "

"ဆက္ဟန္စားမွာ "

"ဘာႀကီး ဆက္ဟန္ကဒါေတြအကုန္ကို လာေနာက္ေနတာလား "

"ငလုံး ျပပါအုံးကြာအဲစာရင္း "

ပဲျပား ၊ ငါးနဲ႕နံနံပင္ ၊ ေကာ္ပီထုပ္ ၊ ၾကက္ဥ ၊ ၾကက္သား ၊ အပြမႈန့္ ၊ ဝက္သား ၊ ဆလပ္႐ြက္ ၊ ငုံးဥ ၊ပုဇြန္

အမယ္မ်ားအားဖတ္ၿပီးသကာလာ ေရေျပးေသာက္ရသည္

"မရီး ဒါကဘာတြက္လဲ "

"မေန႕က မင္းအကိုမွာဖဲရႈံးတာ ထမင္းခ်က္က်တယ္ "

"အဲေတာ့ ငါကရွည္ၿပီးဘာစားမလဲေမးလိုက္တာ "

"အဲဒါနဲ႕ ဒီစာရင္းတိုင္းခ်က္ေကြၽးရမွာေပါ့ "

"အြန္း"

"ဆက္ဟန္ေတာ္တယ္ အစီကေလပန္းတြက္ကလြဲရင္ခ်က္ေကြၽးရပ်င္းတဲ့ေကာင္ စာရင္းကနဲေသးတယ္ထပ္ေရးလိုက္စားခ်င္တာအကုန္ "

"မရပါဘူး ဟိုေကာင္ကမွာထားၿပီးသား ဒီထပ္ပိုမမွာခိုင္းနဲ႕တဲ့ "

"ေတာ္..ေတာ္..ေတာ္..မင္းတို႔ညီအကိုေရာ ဆက္ဟန္ေရာေတာ္ေတာ့ ငါဒီမွာဆက္ေနရင္ ေဈးမေရာက္ျဖစ္ေလာက္ေတာ့ဘူး သြားမယ္ငလုံး "

"မရီး ဟိုေကာင္ကနိုးမွာမဟုတ္ေသးဘူး က်ဳပ္ကိုကိုးေဖ်ာ္ေပးရမလား "

"ရတယ္ ကို႔ဘာသာေဖ်ာ္ေသာက္လိုက္မယ္ မင္းလည္းသြားစရာရွိတယ္မလား သြားေလ "

"ဗ်ာ...မရီးကဘယ္လိုသိတာလဲ"

"မင္းပုံစံလည္းၾကည့္အုံး ျပင္ထားတာ႐ုပ္ရွင္မင္းသားလိုပဲ"

"႐ုပ္ရွင္းမင္းသားဘယ္သူနဲ႕တူလဲမရီး "

"တိတ္တိတ္ေန မုန့္ဖိုးေပးမယ္ဆိုတဲ့မွည့္သီးနဲ႕ "

"ဟာဗ်ာ..မရီးကစားတယ္"

"ဟန္.."

"ဦး နိုးၿပီလား"

"နိုးလို႔ခမ်ားေတြ႕တာေပါ့ "

"စကားေျပာရင့္လိုက္တာ စိတ္ကၾကည္ေနေသးတာမဟုတ္ဘူးေနာ္ "

"ခမ်ားနဲ႕ၿပိဳင္ျငင္းခ်င္စိတ္မရွိဘူး ကိုကိုးလည္းမေဖ်ာ္ေပးနိုင္ဘူး "

"ဘာျဖစ္ေနတာလဲ "

"ေခါင္းကိုက္လို႔ "

"ညကဘယ္ခ်ိန္အိပ္တာလဲ "

"ခမ်ားနဲ႕အတူတူဝင္တာပဲေလ ဘယ္ခ်ိန္အိပ္လဲဆိုေတာ့ဘယ္လိုေျပာရမွာ "

"မလိမ္နဲ႕ မေန႕ညတေန႕နိုးဗိုက္ဆာလို႔ထတာဦးမရွိဘူး က်င္းမွာလဲလူနဲနဲပဲရွိတယ္ မွန္မွန္လိမ္ ဖဲဝိုင္းသြားတာလား "

"အင္း "

"ဖဲဝိုင္းသြားတယ္ ေခါင္းကိုက္တယ္ဆိုေတာ့ ရႈေဆးေပ်ာက္သြားတာလား"

"မင္းေနာ္ ကို႔ေယာကၤ်ားကိုအထင္ေသးတာ မေန႕ညကနိုင္တယ္တစ္ဝက္ႀကီးေတာင္ပ"

"ဖုန္းေရာ နာရီ ေရာဘယ္မွာလဲ "

"မယုံတာလားေမာင္ "

"မယုံဘူး ရိုက္တိုင္းရႈံးတဲ့ေကာင္က "

"ဖုန္းကအားသြင္းထားတယ္ နာရီကက်ဳပ္အိတ္ထဲမွာ ပိုက္ဆံကေခါင္းရင္းကအိတ္ထဲမွာ "

ဟန္ အခန္းထဲသြားၿပီး အိတ္ၿဖဲၾကည့္ေတာ့ တစ္သိန္းတန္အုပ္ေပါင္းႏွစ္ဆယ့္ငါးအုပ္ လြယ္ေနက်အိတ္ထဲၾကည့္ေတာ့ဟန္လာသည့္ေန႕ကေပးခဲ့သည့္နာရီ

"ေတာ္ေသးတာေပါ့ ဖုန္းေရာနာရီေရာပါလာလို႔ "

"မပါစရာလား နာရီကခမ်ားေပးထားတာကို ဖုန္းပါသြားရင္ခမ်ားနဲ႕ဘယ္လိုေျပာမလဲ အဲေလာက္ကေတာ့က်ဳပ္သိတယ္ "

"ပိုက္ဆံကမ်ားလိုက္တာ ဘယ္ေလာက္ယူသြားၿပီးဘယ္ေလာက္နိုင္လာတာလဲ "

"က်ဳပ္၅သိန္းယူသြားတာ က်န္တာနိုင္လာတာ "

"လူကိုမယုံသကၤာလာမၾကည့္နဲ႕ဟန္ ေလာဘနဲ႕ရိုက္လာတာမဟုတ္ဘူး က်ဳပ္ဟိုေရာက္တာနဲ႕ဝိုင္းႀကီးေထာင္ေနၿပီ က်ဳပ္လည္းတခါတည္းျပတ္ဆိုေတာ့ ေအာခ်လိဳက္တာ "

"အဲဒါနဲ႕တစ္ဝိုင္းလုံးသိမ္းလိုက္တယ္ေပါ့ "

"ဒါေပါ့ ပိုင္စိုးဦးတဲ့ တစ္ဦးတည္းပဲ "

"ရႈံးရင္ေရာ ေခ်ၿပီးေအာမွာဘဲမလားနိုင္လာလို႔ေလ အဲဒါေလာဘမဟုတ္လို႔ဘာလဲ "

"အင္းမင္းေျပာတဲ့တိုင္းေလာဘပဲထားပါ က်ဳပ္အိပ္ဦးမယ္ ေခါင္းကိုက္လြန္းလို႔ "

"ေနအုံးေျပာစရာရွိတယ္ "

"ဖဲရိုက္တာနိုင္လာလို႔ေလွ်ာ္လိုက္တယ္ျဖစ္မွာစိုးလို႔ "

"ေျပာ ဘာလဲ "

"ဖဲရိုက္တာမႀကိဳက္ဘူး အေပ်ာ္ပဲေဆာ့ေဆာ့ အတည္ပဲေဆာ့ေဆာ့ မေကာင္းဘူး ဦးပိုက္ဆံဗလယ္ပုံေအာၿပီး အနိုင္အရႈံးကိုဆုံးျဖတ္တာ ရႈံးၾကည့္ႏွေမာစရာႀကီး ဝယ္စားတာကမွဟုတ္ဦးမယ္ ဟန္ေျပာတာနားလည္လား "

"အင္း နားလည္ၿပီ "

2 hours later

"ပစၥည္းေတြလာသယ္ေဟ့ "

"ဟန္မွာတာအကုန္ရလား ကိုကိုစီ "

"ရပါ့ "

"ကဲ အိမ္ေရွ႕စံ စားခါနီးက်ရင္ကြၽန္ေတာ္မ်ိဳးေခၚလိုက္ပါ့မယ္ ေအးေအးေဆးေဆးေလးေနပါ လာမေရာပါနဲ႕ "

"ဟုတ္ၿပီ စားဖိုမႈး"

"ငါထင္တာမမွားဘူးဆိုရင္ေလ ဆက္ဟန္ "

"အရွင္းမရွိအဖ်ားမရွိ ဘာလဲ "

"ငါတို႔က်င္းကလူေတြေလ ပိုင္စိုးဦးလိုပဲတျပားစီလိုေနၾကတယ္ ေတာ္ေသးတာေပါ့ငါမပါလို႔ "

"ေအာ့ အဲဒီငါက ထိပ္ဆုံးကမယားဒါ႐ူး "

မရွပ္နဲ႕ေျပာလို႔မရွပ္ေပ ခ်က္ျပဳတ္ေနသည့္နားမွာသာ ေမွ်ာ္တေမာ္လုပ္ကာေနသည္ ဟိုကတစ္ခုခုခ်က္ၿပီးရင္ဟန္ကျမည္းသည္

"ေပါ့ေနတယ္ ကိုကိုစီ "

" ေသြးတို႔ရွိတယ္ဟ ငါတို႔ေလာပန္းမွာ"

"ဒီဟင္းၿပီးရင္ ၿပီးၿပီမလားအစီ "

"ဟုတ္ပခည "

"ဒါဆို ဟန္စားခ်က္တာခ်က္ေတာ့မွာေပါ့ "

"ဒါေပါ့ မင္းစားမွာမလား "

"စားမလို႔ခ်က္ခိုင္းတာေလအစီရယ္ "

"ေရာ့အဲဆို ပုဇြန္ခြာ ပါးစပ္ကေလးကလဲေျပာ လက္ကလဲလုပ္ "

အဟမ္း~ အဟမ္း ~

"ဦး နိုးၿပီလား မ်က္ႏွာသြားသစ္ "

"သစ္ခ်င္ဘူး မင္းကဘာလုပ္ေနတာ "

"ဒီမွာေလ အစီေပါ့ မင္းစားမွာပဲကို လုပ္ေပးတဲ့ပုဇြန္ခြာခိုင္းေနလို႔ "

"ထားထားလိုက္ မခြာနဲ႕ "

"အံမယ္ ကိုယ္ေတာ္ေလး..ငါလုပ္ရမဲ့ဟင္းအမယ္ကအမ်ားႀကီးပ အဲေလာက္ကူခိုင္းတာဘာျဖစ္လို႔ မကူေစခ်င္းမင္းလာခဲ့ေခ် "

"ခဏေစာင့္ မ်က္ႏွာသြားသစ္အုံးမယ္ "

"ဟဲ့ ဆက္ဟန္ ငါတို႔ေကာင္ႀကီးကအေတာ္ေလးခ်စ္တက္သြားတာပ"

"အစီထင္လို႔ မေန႕ကတင္ ဟန္ေမးထားတာ မခ်စ္ဘူးတဲ့ "

"ဟုတ္လားလို႔လား ငါၾကည့္ရသေလာက္ တုန္ေနတာေနာ္မင္းကိုဆို "

"အစီေျပာၾကည့္ ဟန္ကခ်စ္ဖို႔ေကာင္းတယ္မလား တမူထူးျခားႏႈတ္ခမ္းစူစူေလးလဲပါေသးတယ္ "

"အဲေတာ့ ဘာျဖစ္လဲ "

"ဒီေလာက္ခ်စ္ဖို႔ေကာင္းတဲ့လူကို ရထားၿပီးခ်စ္ေပးရမွန္းမသိဘူး ၉၉ျပားေကာင္ "

"ကေလးတိုင္းပါလားဆက္ဟန္ရယ္ ငါတို႔ေကာင္ကဖြင့္သာမေျပာတာ ခ်စ္ပါတယ္ "

သူမခ်စ္ဘူးေျပာထားသည့္ဟာကိုမေက်မခ်မ္းေျပာေနပုံကအသဲယားဖြယ္အတိ အျဖဴေရာင္အကၤ်ီႏွင့္အသားေရကတသားထဲဆိုသလို ေခါင္းကပါခဲေရာင္သြင္းထားေလေတာ့ သူ႕ေယာကၤ်ားပါေျပာရင္ ရီစရာဆိုၿပီးေျပာၾကေလမည္

"ဟန္ မင္းဆံပင္ေတြရွည္ၿပီး မ်က္လုံးေထာက္ေနၿပီ ညွပ္လိုက္မလား "

"ဟင့္အင့္ ပုခုံးေက်ာ္ထိထားခ်င္လို႔ အေရွ႕ကလည္းရွည့္ရင္ မ်က္လုံးဝိုက္ၿပီးညွပ္မယ္ေတြးထားလို႔ ဒီတိုင္းထားထားတာ "

"စည္းေပးမယ္ လာ "

"ဦးစည္းေပးလြန္းလို႔ ဆံပင္ကမဝိုက္ပဲပုံပ်က္ေနၿပီ "

"မစည္းေတာ့ဘူးလား "

"စည္းမွာ "

"အဲပုဇြန္ခြက္ က်ဳပ္ကိုေပး ၿပီးမင္းလက္သြားေဆး "

"ဦး ဘာစားၿပီးၿပီလဲ "

"မစားရေသးဘူး "

"ခဏေစာင့္ "

သူ႕တေယာက္တည္းဆိုရင္ဆက္ဟန္ပုံစံက အားေကာင္းေမာင္သန္ လိုေပမဲ့ သူနဲ႕ယွဥ္လိုက္သည့္အခါ ၅ႏွစ္ကေလးလိုေသးေသးညွက္ညွက္ျဖစ္သြားသည္ အခုလည္းလမ္းေကာင္းေကာင္းမသြားပဲ ခုန္ဆြခုန္ဆြျဖင့္ မသိရင္ေတာထဲကနား႐ြက္အရွည္ႀကီးနဲ႕ယုန္ျဖဴကေလးလိုလို

"ဦး "

"ယုန္ျဖဴ "

"ဘယ္ကယုန္ျဖဴကိုသတိရေနတာလဲ "

"ဘယ္ကမွမဟုတ္ဘူး က်ဳပ္ေယာင္ၿပီးထြက္သြားတာ "

"ေယာင္ၿပီးထြက္တယ္ဆိုကတည္းက စိတ္ထဲရွိလို႔ပဲ "

"တကယ္ပါဟန္ရာ အခုနမင္းသြားလိုက္တဲ့ပုံစံ က်ဳပ္မ်က္လုံးထဲ ယုန္ျဖဴ ခုန္ဆြခုန္ဆြသြားေနသလိုျမင္လို႔ လႊတ္ခနဲ႕ထြက္သြားတာ "

"ေရာ့ ဟန္မွာဒါပဲရွိတယ္ "

"က်ဳပ္ကိုကေလးထင္ေနလားဟန္ ေခ်ာကလက္ပါမုန့္နဲ႕ ေခ်ာကလက္ပဲနို႔ ေသာက္ရေအာင္က "

"အဲဆိုဒါေတြေသာက္တဲ့ဟန္က ကေလးျဖစ္ၿပီေပါ့ လူကေစတနာနဲ႕ရွိတာေကြၽးတာကို မစားနဲ႕ "

"အဲလိုေတာ့မလုပ္နဲ႕ေမာင္ ပဲနို႔ေတာ့မေသာက္ဘူး မုန့္ေတာ့စားမယ္ လက္ဖက္ရည္ေဖ်ာ္ေပး "

"ၿပီးေရာ "

သိပ္မၾကာလိုက္ couple ခြက္ေလးႏွင့္လက္ဖက္ရည္အျပည့္ပါလာၿပီး ပဲနို႔ပုလင္းကပါအဆစ္ပါလာေသးသည္

"မင္းမွာက်န္ေသးရဲ႕လားဟန္ "

"ဒီပုလင္းကေနာက္ဆုံးပဲ မုန့္ထုပ္ကအမ်ားႀကီးရွိေသးတယ္"

"က်ဳပ္လက္ေပေနတယ္ မင္းခြံ႕ေပး "

faမွန္းသိသိရက္နဲ႕ အလယ္မွာထားကာ မုန့္ကေလးခြံ႕လိုက္ ကင္းေကာင္ကစလိုက္ႏွင့္ ဟိုကမ်က္ေစာင္းထိုးလိုက္ႏွင့္ အသဲယားစရာေကာင္းလွတယ္ ရိုက္သတ္ဖို႔

ေနာက္တစ္ပိုင္းဆို လာၿပီေနာ္ ကေလးေမွ်ာ္ေနၾကတဲ့အသဲေၾကာ္ပဲေလွာ္ေလးေတြ..

........................................................................

[text_hash] => a3cabf6d
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...