Array
(
[text] =>
Uni
"မင်းတို့ကောင်တွေက အလိုက်သိတာမောင် အထုပ်တွေလာကူတာလား ရော့ရော့ "
"ဟေ့ရောင်မင်းတို့မျက်နှာကဘာလို့အီးမှန်ထားသလိုဖြစ်နေကြတာလဲ "
"မင်းအသာနေပါအစီရာ ကင်းကောင်ကိုပြောစရာရှိလို့ထွက်စောင့်နေတာ "
"ဒါများ ကျင်းထဲရောက်မှပြောလဲရရဲ့သားနဲ့ "
"မင်းတို့ကောင်တွေ ဒီမှာဘာလုပ်နေကြတာလဲမောင် "
"လူစုံနေပြီဆိုတော့ ငါပြောစရာရှိတယ်ကင်းကောင် "
ဦးမိုးရွှေ ငဟိန်း ငလုံး အစီကဘာအကြောင်းလဲဆိုပြီးအကြည့်နှင့် ကင်းကောင်ကပြောဆိုသည့်အဓိပ္ပယ်ဖြင့်မေးထိုးပြသည်
"အခုန................အဲဒါပဲ "
"ဘာ...."
"ဖြေးဖြေးအော်ပါအစီရာ အသည်းနုတယ်ကွ "
"မင်းပြောတာတကယ်လား"
"ပိုင်ထွေးဦးပြောတာတွေကအမှန်ပဲ ငဟိန်း ငါတို့လဲအဲဒါခံပြင်းလို့မင်းတို့စောင့်နေတာ ဘီလူးနဲ့နီကြားကအထုပ်တွေသယ်ပြီးကျင်းထဲပြန်သွားမှာ "
"ရှိသေးတယ် ကင်းကောင် ဟိုကလက်လဲဆွဲသွားသေးတယ် မရီးရင်ဘက်ကိုလဲကြည့်သွားသေးတယ် "
တောက်စ်!
"ငါပြောမယ်ကင်းကောင် အခုပွဲမှာငါမပါဘူး ငါကကျင်းခေါင်းဆိုတော့ ဝင်ပါရင်ပြဿနာပိုကြီးလိမ့်မယ် ပြီးတဲ့ချိန်ကြရင်တော့ငါလာမယ် "
"ကျင်းမှာဘယ်သူရှိသေးလဲ "
"ဦးနိုင်ဝင်း ဝင်းဆန်း ဘီလူး နီကြား ဦးမိုးရွှေပဲရှိမှာငလုံး"
"ထွေးဦး မင်းမရီးစီပြန်သွားလိုက် "
"မသွားဘူး ငါမင်းနောက်လိုက်မှာ "
"ခေါ်သွားလိုက်ပ ငါနေခဲ့မယ် "
"အဲဆိုကျုပ်တို့နောက် ဘယ်သူလိုက်မလဲ "
"ငဟိန်းမင်းလိုက်မှာမလား "
"အေ "
ထို့နောက် ကင်းကောင် ထွေးဦး ငဟိန်း ငလုံးက တစ်ဖွဲ့ မိုးရွှေ အစီ ဘီလူး နီကြားကတစ်ဖွဲ့ကွဲသွားကြသည်
"ငါတို့မှာရိုက်စရာလည်းဘာမှမပါဘူးမောင် "
"ရေးကြီးခွင်ကျယ်မလုပ်နဲ့ ဟိုရောက်မှတွေ့တဲ့ဒုတ်နဲ့ကောက်ရိုက် "
"အေးဟုတ်တယ် "
ဟိုရောက်တော့တွေ့ချင်သည့်လူတစ်စု စုပြုံတွေ့လိုက်ရသည်မှာရေကန်သင့်ကြာသင့်
"သူပဲကိုကြီး "
"မင်းတို့ကဘယ်သူလဲ ဘာလုပ်တာလဲ မင်းတို့နေရာမဟုတ်ဘူးပြန်"
"မင်းတို့ကရော ငါတို့ကျင်းလာတုန်းက တို့နေရာမဟုတ်ဘူးဆိုပြီးမတွေးမိဘူးလား "
"စကားရှည်တယ် ငလုံး မင်းတို့ကောင်တွေထဲကဘယ်သူလဲ ငါ့လူလာကြောင်တာ"
"ငါ့လူ ဘယ်သူ့ကိုပြောတာလဲ မင်းကရောဘယ်သူလဲ "
"ဒါငါ့ကိုကြီး "
"အော် အသေခံတပ်သားလေးပဲ ဘာလဲမကျေနပ်လို့လား မင်းကိုကြီးဆိုတဲ့ကောင်ကို ထိုင်ကန်တော့ပေးရမလို့လား "
ဟား.....ဟား......
"တကယ့်ဟာသကောင်တွေကွာ မင်းကိုကြီးကငါ့တစ်ချက်စာပဲ "
"ကျုပ်မေးနေတယ် ငါ့လူဆိုတာဘယ်သူလဲ "
"မင်းတို့ကစောက်ရမ်းသိချင်ပြောပြမယ် နတ်မိမယ်လေးအတိုင်းပဲကွာဖြူအုနေတာပဲ ငါထင်တာမိန်းကလေးပေါ့ ယောင်္ကျားလေးလို့မထင်ရက်စရာပဲညီလေးရဲ့ နှုတ်ခမ်းသားတွေများစူစူကလေးနဲ့ စတော်ဘယ်ရီလိုပဲနီဆွေးဆွေးလေး နေပါအုံး နာမည်ပြောလိုက်ပါတယ် ဘာတဲ့ ဪ ပိုင်စိုးဦးတဲ့ "
အရသာခံပြောသူနှင့် တဖက်ကအကိုဖြစ်သူမှာမျက်နှာကလှောင်ရိပ်ထွက်နေပြီး လက်ကအကြောပေါင်းများစွာထောင်နေသည်က ဒေါသအထွက်လွန်နေပြီဆိုတာသိလိုက်သည်
ဟ..ဟား...
"ဘာရီတာလဲဟိုကောင် "
"ကျုပ်နာမည်ဟိုကောင်မဟုတ်ဘူး ဟိန်းစိုးအောင်ဗျ ပိုင်စိုးဦးဆိုတာက ခများရှေ့ကတချက်စာလေး"
"ရီစရာလာမပြောနဲ့စိတ်မဝင်စားဘူး "
"ရော..........ရော့ ခများနာမည်ပြောတုန်း သေချာနားမထောင်ဘူးလား သူပြောတာပိုင်စိုးဦးယောင်္ကျားလို့ပြောတာ ခများမကြားဘူးလား "
"ကျစ် မင်းတို့ကောင်တွေ ဟာသလုပ်ဖို့လာတာလား "
ပိုင်စိုးဦးဟောက်တာနဲ့ အသံတိတ်
"သူ့ယောင်္ကျားဆိုပြီးယုန်ပေးရမှာလား ယုန်တော့မရှိဘူးကွ တောမရှိလို့"
*ရီစရာတွေကွာ သူ့မျက်ခွက်နဲ့ ဟိုကောင်လေးတခြားစီ *
"ကျုပ်စိတ်မရှည်ဘူး ကျုပ်မေးတာနှစ်ခါရှိပြီ၊ ကျုပ်လူကိုဘယ်ကောင်ထိတာလဲ မင်းမလား "
"အေးဟုတ်တယ်ကွာ ရိုက်မလို့လား "
မထိတထိမျက်နှာပေးနှင့်ပါးအရှေ့ထိုးပေးသူက ဘုရားပါထမိသည်
ပါးစောင်ပြုတ်တော့မှာသသူမသိ
"ဘယ်လက်နဲ့ကိုင်တာလဲ "
"ညာလက်နဲ့ကိုကြီး "
မျက်စိတချက်အဝှေ့ ဆွဲနုတ်လို့လွယ်သည့်ဝါးလုံးကိုဆွဲယူလိုက်သည်
"ကင်းကောင် အဲဒါကြီးကဆွေးနေတယ် "
"ဟုတ်တယ် ဒါယူ "
ဝါးလုံးပိုင်းကဆွဲယူသွားပြီး လက်ထဲရောက်လာသည် 3.2ဒုတ်ပိုင်းကြီး
"ဝိုး...ရိုက်တော့မှာဘာလား ရိုက်လေ "
ဖောင်း~
အား!....
တဖက်လူ၏လက်တံတောင်ကွေးနေရာနေ ရိုက်ချလိုက်တော့အရိုးကျိုးသံကြီးကထွက်လာနှင့်တပြိုင်နက် ဟိုဘက်ကလဲဒုတ်ကိုယ်စီ ဓားကိုယ်စီနှင့် ထွက်လာကြသည်
"မဆိုင်တဲ့ကောင်တယောက်မှဝင်မပါနဲ့ "
"မင်း..မင်းကဘယ်သူလဲ "
"ပိုင်စိုးဦး..မင်းအခုနလက်သရမ်းသွားတဲ့ကောင်ရဲ့ယောင်္ကျား အခုနရင်ဘက်ကိုကြည့်တယ်ပြောတယ်နော် "
"ထွေးဦး ချုပ်လိုက် "
စကားဆုံးသည်နှင့် ပိုင်ထွေးဦးကအရှေ့ကလက်ကျိုးကို ဒူးဆစ်ကကန်ချလိုက်သည် လက်တော့မချုပ် တဖက်ကျိုးနေပြီမလား ငလုံးနှင့်ငဟိန်းက ကင်းကောင်တဖက်စီမှာတာဝန်ယူထားသည်
"တချက်စာလေးမြည်းကြည့် "
ခွပ်!..
ခွပ်!..
မျက်လုံးတဖက်ကို လက်သီးတချက်နှုံးဖြင့် အသကုန်အရှိန်တင်ထိုးချလိုက်သည်
ဟိုဘက်ကလဲသူ့လူထိတော့မခံ လေးယောက်သုံးယောက်အပြန်လှန်တွယ်ကြတော့သည်
ပိုင်စိုးဦးတို့အဖွဲ့က နာတာနဲပေမဲ့ ဟိုဘက်အဖွဲ့ကတော့ သစ်သားတုတ်နဲ့အရိုက်ခံရသည်မို့မသက်သာလှ နောက်ဆုံး ရွာလူကြီးတွေနှင့် ဦးမိုးရွှေတို့လာခွဲမှရတော့သည် တဖန်ဦးရွှေမိုးကလည်းဝင်ဆွဲသလိုလိုနှင့် ထပ်ဆော်သေးသည်
🏔⛰
"ဘယ်လိုလဲ အုပ်ချုပ်ရေးမှုးစီရောက်သွားရတဲ့အခိုက်တန့်လေး ခံစားချက်လေးပြောပါအုံး "
အုပ်ချုပ်ရေးမှုးစီရောက်သွားကြပြီး ဟိုဘက်ကလဲဆေးရုံရောက်သွားသည်
"အရမ်းပျော်ဖို့ကောင်းတယ် ဆော်ချင်တာ ကင်းကောင်အရင်စောင့်နေရလို့ "
"ဘယ်လိုလဲကင်းကောင် ဟိုကောင်တွေဘာဖြစ်သွားတာလဲ "
"ကိုမင်းမင်းလာမှသိမယ်"
"စောက်ခွက်ကြီး ကန်လိုက်ရတာအရသာကရှယ်ပဲ "
ခဏကြာ မင်းမင်းနှင့်ဦးရွှေမိုး ဦးသက်တို့ ရောက်လာကြသည်
"မင်းမင်းဘယ်လောက်လျော်လိုက်ရတာလဲ"
"၄သိန်း ဟိုတကောင်တည်း ကျန်ကောင်တွေကမပါဘူး "
"ငါ့ကောင်ကြီးလက်သံပြောင်သားပဲ "
"မမြှောက်နဲ့ကိုမိုးရွှေ ဟိုဘက်ကတော်တော်ထိတာ "
"ဘယ်လောက်တောင်ထိသွားတာလဲ ငသက်"
"ညာလက် အရိုးကျိုးသွားတယ် ဘယ်ဘက်မျက်ခုံး ၇ချက်ချုပ်လိုက်ရတယ် ညာဘက်ကမျက်လုံးထိသွားတယ် ခေါင်းက၁၀ချက်ချုပ်လိုက်ရသည် အံသွား၄ခေျာင်း "
"ဘုရား ကင်းကောင်ဘယ်လိုလက်ဆနဲ့ချလိုက်တာလဲ "
"အစကတော့အဲလောက်မဟုတ်ဘူး အဲကောင်ကြည့်နေရင်းဟန်မျက်နှာမြင်လာလို့ဆော်လိုက်တာ "
"တော်တယ် "
"ကိုမင်းမင်း ကျင်းရှင်းမှကျုပ်ပြန်ဆပ်ပေးမယ် "
"မလိုဘူး ငါလျော်ပေးတာ မင်းသာမျက်နှာကဟာတွေရေခဲအုံ ဆက်ဟန်မြင်ရင်မေးနေမယ် "
"ဟိုကောင်တွေမထိလာတော့တော်သေးတာပေါ့ "
"မထိဘဲနေမလားဗျ လူမမြင်တဲ့နေရာထိတာ "
"ကိုကြီး မင်းမျက်နှာယောင်လာမယ် ရေခဲပါတယ်မလားကပ်လိုက် မရီးကမင်းကိုပြောခိုင်းတာမဟုတ်ဘူး ရန်ဖြစ်လာတာသိရင်ပိုဆိုးနေမယ် "
"မင်းမင်းနဲ့ငထွန်း မင်းတို့အလှည့်ပဲအခု "
"ဘာလဲ ဘကြီရ"
"ငထွန်းမင်း ဟင်းအနှစ်လာနယ်ပေး "
"ဟာ မဖြစ်နိုင်တာကြီးမခိုင်းနဲ့ မင်းမင်းခေါ် "
"မင်းမင်းက ကြက်ဥခွံလာခွာ "
"ဟာ ကျန်တဲ့ကောက်တွေခိုင်း "
"မရဘူး ငါကလာဆိုလာ ကင်းကောင်ကဆက်ဟန်နားသွားလိုက် "
"ဟုတ် "
"လင်နားသွားရမှာဆိုတော့ ဟုတ်တဲ့ နွားငယ်လေးက "
"ဘယ်သူ့ကိုမဲ မဲမနေနဲ့ ကြက်ဥလာပြုတ် "
................
အိပ်နေသူအနားသွားကာ နဖူးပြင်လေးစမ်းမိသည် ခပ်နွေးနွေးလေးရှိနေသေးသည် မနေ့ညကစောင်ကြီးခြုံထားသည်ကြောင့် သွက်နေသည့်ဆံပင်တွေကကပ်နေသည် အခုကစောင်မခြုံသူ့အနွေးထည်အင်္ကျီအပါးလေးကိုသာဝတ်ထားပြီး ဘောင်းဘီအတိုလေးနှင့် အဖျားတက်နေမှာကြောင့် နဖူးစမ်းရတာလည်းအခါခါ မနက်စာ...
"ထွေးဦး.."
"ဘာလဲ ကိုကြီး "
"မင်းမရီးမနက်ကဘာစားထားလဲ "
"မနက်စာ "
"အင်းလေ မနက်စာ မစားရသေးဘူးလို့မပြောနဲ့နော် "
"ဟီး...ကိစ္စ ကိစ္စနဲ့မေ့"
"ထားတော့ ရေနွေးရှိလား "
"ရှိတယ် "
"အဲဆိုရပြီသွားတော့ ငါဟန့်ကိုသွားနှိုးအုံးမယ်"
..................
"ဟန် ကျုပ်ဟန် "
"အင်း "
လူကသာအသံပေးတာ မျက်လုံးကမပွင့် သူအိပ်တာနှိုးရင်မကြိုက်သူမို့စူနေသည့်နှုတ်ခမ်းလေးပိုထော်လာသည်
"ကျုပ်ဆွဲနမ်းမှာ ထတော့ဆို "
"ဘယ်လိုဖြစ်နေတာလဲ "
"ထတော့ နေ့လယ်၁၀နါရီတောင်ရောက်နေပြီ မင်းမနက်စာမစားရသေးဘူးမလား "
"အင်း "
"လာထတော့ အပြင်မှာလန်းလန်းဆန်းဆန်းလေးဖြစ်အောင်ထွက်ထိုင် ဆရာခေါ်ပြီးဆေးထိုးမလား အဖျားငွေ့လေးရှိသေးတယ် "
"အင်း "
"မနက်စာအရင်စားရမယ် "
"အင်း "
ဟန်အားမျက်နှာသွားသစ်ခိုင်းပြီး မနက်စာမဟုတ်နေ့လယ်စာမဟုတ် အစားစာကိုပြင်ဆင်ပေးရသည်
"ကိုကြီး ငါဖျော်ပေးရမလား "
"ရတယ် ဟန်ကငါဖျော်မှသောက်တာမင်းသိသားနဲ့ "
ကိုကိုးကို ဟင်းခတ်ဇွန်းနှစ်စွန်းမို့မို့ထည့် နို့စီကို သုံးဇွန်းထည့်ပြီး ရေနွေးအနည်းငယ်နဲ့ဖျော် အားလုံးပျော်ပြီးဆိုမှရေနွေးအေးနေသည့်ဟာကိုအနေတော် ထည့်ပြီးထပ်မွှေ အားလုံးရပြီးဆိုမှ ပေါင်မုန့်တစ်လုံးကိုယူကာ အသင့်ချပေးထားလိုက်သည်
"ဦး ဆံပင်စေးကပ်ကပ်နေနဲ့မနေတက်ဘူး ခေါင်းလျှော်ချင်တယ် "
"အစားစားလိုက် ကျုပ်လျှော်ပေးမယ် "
"ဟန်ဘာမှမစားချင်ဘူး ခါးတယ် "
"နို့ဆီ အများကြီးထည့်ပေးထားတယ် မင်းသောက်နေကျအတိုင်းပဲ နဲနဲဖြစ်ဖြစ်သောက်လိုက် ပေါက်မုန့်လည်းတစ်ဝက်လောက်စားရင်ရပြီ "
"ဒီခွက်နဲ့မသောက်ချင်ဘူး ဟန်အိတ်ထဲမှာဖန်ခွက်ရှိတယ် အဲဒါနဲ့သောက်မယ် "
"ဒီမှာထိုင်နေ ကျုပ်သွားယူပေးမယ် "
ဟန်အိတ်ထဲမွှေလိုက်တော့ ဂိုင်းကအသဲပုံလေးနဲ့ ဖန်ခွက်အမဲ အမဲရောင်ကြိုက်ပုံကအသုံးဆောင်အားလုံးကအမဲရောင်ချည်း
"အပူခံခွက်လားဟန် "
"အင်း "
"ရေနွေးနဲ့အရင်ဆေးလိုက်မယ်နော် ခဏစောင့် "
ရေနွေးကအပူဖြစ်တာကြောင့် ဖန်ခွက်ထဲထည့်လိုက်တာနဲ့ အမဲရောင်က အရောင်ပြောင်းသွားသည် ဒါ..က
"ဟန်ဒါက "
"ဦးပုံလေ "
"ဘယ်တုန်းကပုံလဲ ကျုပ်လဲမသိရပါလား "
"ဝန်းသိုမှာတုန်းက ဦးအိမ်ရှေ့မှာထိုင်နေတုန်းခိုးရိုက်ထားတာ "
ပုံလေးက ဝန်းသိုအိမ်မှာတုန်းကအိမ်ရှေ့မှာထိုင်နေပြီး ပါးချိုင့်ပေါ်အောင်ပြုံးနေသည့်ပုံကလေး မျက်လုံးမှေးမှေးလေးနဲ့ ပုံဖြစ်သည်
"ကျုပ်ကို ဒါမြင်စေချင်လို့ ဒါနဲ့သောက်ချင်တာမလား"
"အင်း"
"မင်းကတော့လေ "
"ဝိုး လုံးဝဟန်အကြိုက်ပဲ "
"မင်းကြိုက်ရင်ပြီးတာပဲ "
"ဒါနဲ့ကိုကိုးက ဘယ်ကတည်းကဝယ်ထားတာလဲ "
"မင်းမလာခင် နှစ်ရက်လောက်က ကိုထွန်းနောက်လိုက်ရင်း တွေ့လို့ဝယ်လိုက်တာ "
"ဒီဟာက ဘယ်သူ့တွက်လဲ "
အနောက်မှာဖွက်ထားသည့် ဖန်ခွက်ကိုထုတ်ပြလာပြီးရုပ်နဲ့မလိုက် ကလေးလိုစိတ်ကောက်နေသယောင်
"ဦးတွက် "
"ကျုပ်တွက်ဆိုအစကတည်းကပေးလေ အခုကကျုပ်ရှာလို့သာတွေ့တာ ဘယ်တယောက်ကိုပေးချင်မှန်းမသိပဲနဲ့ ဒါကရောဘယ်သူပုံလဲ "
"သိချင် ရေနွေးထည့်ကြည့် "
"မင်းမပြောလည်းထည့်မှာ တခြားကောင်ဆိုလို့ကတော့ရိုက်ခွဲပစ်မှာ "
ဏေနွေးထည့်ပြီးပေါ်လာသည့်ပုံရိပ်ကိုမြင်တော့ မျက်လုံးပင်ကျွတ်ကြမတက်
ပုံလေးက လှေကထစ်မှာထိုင်ရင်းသူ့ကိုစိတ်ကောက်နေပုံ
"အဲကောင်ကကျုပ်လောက်လဲမချောဘူး "
"ဦး "
"စတာ စိတ်လျှော့ ဘာတွက် cuppleပုံလုပ်ထားတာလဲ "
" Happy ValinetimeDay par oo"
"ဗယ်လင်တိုင်းလုပ်ရအောင် ကျုပ်တို့ကချစ်သူတွေမှမဟုတ်တာ "
"လင်မယားဖြစ်သွားရင်မလုပ်ရဘူးတဲ့လား မယူချင်ပေး "
"ပေးစရာလား ကျုပ်လက်ထဲရောက်တာကျုပ်ဟာပဲ ခေါင်းလျှော်မယ် လိုက်လာခဲ့ "
ရျက်ကိုးရှက်ကန်းထွက်သွားပြီး လက်ထဲဖန်ခွက်ပါသွား၍ပြန်လာထားရသည် ထားတော့လဲသူလွယ်နေကြအိတ်ထဲမှာ
ဦးကထိုင်ခုံအမြင့်မှာထိုင်ပြီး ဟန်ကအနိမ့်ကလေးမှာ
"အရှေ့ဘက်လှည့် "
အနိမ့်နဲ့အမြင့်ဖြစ်တာကြောင့် ဦးလည်ပင်းနားခေါင်းရောက်နေသည်
အ့
ရုတ်တရက်သတိမထားမိဘဲ နှုတ်ခမ်းထောင့်ကိုလာကိုင်တော့ အော်လိုက်မိပြီး ဟန်မျက်နှာနားငုံ့ကြည့်လိုက်မိသည်
"နှုတ်ခမ်းကဘာဖြစ်တာလဲ "
"ဘာမှမဖြစ်ပါဘူး မင်းထိလိုက်တဲ့နေရာကအပူကန်နေတာ ထိလိုက်တော့ရိုက်တရက်ဖြစ်လို့အော်လိုက်မိတာ "
"ဒါဆို မေးရိုးကဘာလို့ညိုနေတာလဲ မျက်ကွင်းကလဲညိုနေတာ "
"မေးကွင်းညိုနေတာလား ကျုပ်ဖြင့်သိတောင်မသိဘူး မျက်ခမ်းကတော့ အိပ်ရေးပျက်လို့ပေါ့ "
"အော် အိပ်ရေးပျက်ရင် တဖက်တည်းလည်းညိုတယ်ပေါ့ "
"မှန်မှန်ပြော ရန်ဖြစ်လာတာလား "
"ဘယ်ကလာ မဖြစ့ပါဘူး ကဲအချိန်ကြာပြီ မြန်မြန်လျှော်ပြီးသွားစို့ "
စကားပင်လှည့်မပြော မကျေနပ်သေးဘူးဆိုတာသိပေမဲ့ ဟိုကောင်ဟိုကောင်တွေကြောင်းတွေးမိပြန်ကာ အသဲသန်ပြေးရပြန်တယ် ဟိုရောက်တော့ ကျောင်းသားတွေစာရေးလားမရေးလားလိုက်စစ်သည့်ဆရာမလိုပင် တယောက်ချင်းစီ လိုက်ကြည့်နေသည်
"ကိုဟိန်း "
"အေးဆက်ဟန် ခေါင်းစိုနေတယ် ခေါင်းလျှော်လာတာလား "
"ကိုဟိန်းနှုတ်ခမ်းကဘာဖြစ်တာလဲ "
"အော် ဒါလား ရန်.. "
"ငဟိန်း...မင်းကို ဦးထွန်းခေါ်နေတယ် "
"ဪဆက်ဟန် သွားအုံးမယ်နော် "
"ဟန်မေးတာအရင်ဖြေ "
"ဟိုအဲ အဲဒါက ရန့်ဖစ်တာ "
"ငဟိန်း...."
"ဟိန်းစိုးအောင် "
"ဘယ်သူနဲ့လဲ ဘယ်မှာလဲ "
ဘယ်လိုဖြေရမှန်းမသိ ကင်းကောင်ကြည့်လိုက်တော့ အနာကိုပြပြီး သူရယ် ကင်းကောင်ရယ်ကိုလက်အပြန်လှန်ထိုးပြပြီး ထိုးသည့်ပုံစံလုပ်ပြသေးသည်
"ကင်းကောင်နဲ့ "
"ဘယ်တုန်းကလဲ "
"ဈေးသွားပြီးပြန်လာတုန်းက ဆက်ဟန်ကနေမကောင်းဘူးလေ ကိုယ့်ယောင်္ကျားရန်ဖြစ်လာတာသိရင် စိတ်မကောင်းပိုဖြစ်မှာစိုးလို့ ဒီတိုင်းနေနေတာ"
"ကိုဟိန်းပြောတာအမှန်လား ဦး"
"အွန်း "
"ဘာတွက်နဲ့ ဒီလောက်ထိဖြစ်လာကြတာလဲ "
"ဦးပြော"
"ဟိုဟာ ကျုပ်တို့ဈေးဝယ်ပြီးပြန်မှာ အဲဒါကိုဟိုကောင်ကဆိုင်ကယ်လုလို့ "
"အဲဒါနဲ့ ရန်ဖြစ်စရာမလိုဘူးထင်တယ်နော် "
"အဲဒါဒီလိုရှိတယ် အဲကောင်သာပေးမောင်းလိုက်ရင်ဝယ်ထားတာတစ်ခုမှမပါလာတဲ့အပြင်လူတောင် ကျောက်ပတ်တီးတစ်ခုလောက်နဲ့ပြန်လာရမှာ အဲလိုမဖြစ်ချင်လို့တားရင်း အခုလိုဖြစ်"
"ပြီးရောပြီးရော "
"ခေါင်းရေသုတ်မယ်လာခဲ့ ဆရာခေါ်ထားပြီးပြီ "
စူပုတ်ပုတ်နှင့်ပင် လာထိုင်ပြီးမျက်စောင်းကရအောင်ထိုးသေးသည် ရေသုတ်လည်းပြီးဆရာလည်းရောက် ကွက်တိ
"ကင်းကောင် ဆရာလာနေတယ် ခေါ်ထားတာလား "
"ဟုတ် လောပန်း "
ဆရာလည်းတဲထက်ရောက်လာတော့ ကျင်းသားတွေလည်းအဲနားဝိုင်းပြီးရောက်လာကြသည်
"ဘာမှမဖြစ်ပါဘူး ကိုအောင်မျိုး ကလေးကရေချိုးမှားတာပါ တစ်ခုကသွေးပေါင်ကျနေတယ် "
"ဘယ်လောက်ကျနေတာလဲဆရာ "
"အထက် ၈၀အောက်၅၀ အဲတွက်မပူပါနဲ့သီးစုံဓာတ်ဆားဖြစ်ဖြစ် Royal Dပဲဖြစ်ဖြစ်ပုံမှန်သောက်ပြီးအားရှိအောင်စားလိုက်ရင်ပြန်တက်လာပါလိမ့်မယ် "
"ဟုတ် မှတ်ထားလိုက်ပါ့မယ်ဆရာ "
"အဖျားကဘယ်လောက်ရှိနေလဲဆရာ "
"ဟုတ်သားပဲအဓိကအကြောင်းမေ့နေတာ အဖျားကတော့၁၀၀ဖြစ်နေသေးသည် ဆေးထိုးပေးခဲ့မယ် သုံးရက်စာဆေးလဲပေးထားမယ်နော် တနေ့သုံးကြိမ်ပုံမှန်သောက်ပေး "
"ဟုတ်ဆရာ "
"ဆရာဟိုလေ ဆေးမထိုးလို့ရမလားဗျ သူကဆေးထိုးအပ်ကြောက်လို့ "
"ဟေ ထိုးတုန်းတချက်ပါပဲကွာဆွဲထုပ်ရင်မနာဘူးနော် ဆေးထိုးလိုက်တော့ပျောက်မြန်တာပေါ့ မဟုတ်လား "
"သူကလည်းဆွဲထုပ်တာပဲကြောက်တာပါ "
"ဆရာမနာအောင်လုပ်ပေးမယ်နော် သိတောင်မသိစေရဘူး "
"ဟုတ်ဆရာ "
"မင်းတို့ကောင်တွေကဘာလုပ်တာ ထွက်အပြင်ကို ကင်းကောင်နေခဲ့လိုက် ထွေးဦးလိုက်ပို့လိုက်မယ်ဆရာကို "
"ဟုတ်လောပန် "
"ဘယ်နှယ့်ဗျာ လူနာရှင်ကအနားနေရမှာပေါ့ ကျင်းသားနဲ့ပဲမထားနဲ့ ကိုအောင်မျိုးရ"
"ဆရာ လာဝိုင်းထဲသွားစို့ အစားသောက်တွေတော့မရသေးဘူး ရှိတာလေးနဲ့ပဲဧည့်ခံလိုက်လာ ရောက်တုန်းရောက်ခိုက် "
ဆရာဖြစ်သူကို ပြင်ထားသည့်ဝိုင်းသို့ခေါ်သွားပြီး လက်ထက်ရည်ထုပ်ပဲချပေးရသည် သူတို့မှာပေါတာကလည်းအရက်ဆိုတော့ အားတော့နာသား
"အခုနစကားလေးပြန်ဆက်ကြမယ်ဆရာ ကျွန်တော်ကလူနာရှင်မဟုတ်ပါဘူး "
"ဟ ကိုအောင်မျိုးဒါဆိုဘယ်သူ့သားလဲ "
"ဘယ်သူ့သားမှမဟုတ်ဘူးဟေ့ ငါတို့လောပန်တွေနဲ့လည်းအမျိုးမတော်ဘူး "
"ငထွန်း မင်းဟာဘာစကားလဲကွာ "
"ဆရာဝန်မို့လို့သာ ငါကဘာမှမပြောတာမင်းလျှာရှည်တာကျောင်းတုန်းကအတိုင်းပဲ စပ်စုတာလည်းလွန်ရော"
"ငါဟာငါစပ်စုတာကွာ ကဲငထွန်း ဘယ်သူလဲအဲကောင်လေးက "
"ဟိုမှာကောင်လေးဘေးမှာထိုင်နေတဲ့သူမြင်လား "
"တွေ့တယ်လေ "
"အေ အဲကောင်ရဲ့လင် "
"ဘာ..."
"လန့်တာကွာ ဆရာဝန်သိက္ခာထိန်း "
"မင်းဟာမဖြစ်နိုင်တာကြီးကို ဟိုကဖြူဖြူအုအုကလေး ငါဆေးထိုးဖို့တစ်ချက်ကလေးရိုက်တာတောင်လက်ရာထင်နေလို့အားတောင်နာသွားရတာ ဟိုကောင်ကလည်းကြည့် မြေဆီတွေတောင်ထချင်နေတာ လားလားမှမအပ်စပ်ဘူး"
"မင်းစောက်လုံးမြင်လား အဲတာသက်သေပဲ လင်မဟုတ်ပဲနဲ့ဘယ်သူငယ်ချင်းကမှ အခုလိုမလုပ်ပေးဘူး "
သူမြင်နေရသည့် ကောင်လေးမှာ နဖူးလေးသပ်တင်ပေးလိုက် လက်ကိုင်ပြီးတတွက်တွက်ပြောလိုက်
"အဲကောင်ဘယ်ကနေသွားရှာလာတာလဲ မိဘရောသဘောတူရဲ့လား မင်းဟာက ယောင်္ကျားလေးမဟုတ်တဲ့အတိုင်းပဲ ဖြူအုချက်က "
"မင်းမြန်မြန်ကြွလိုက်တော့ ငါ့လူတွေလဲလိုက်ပို့စရာမလိုဘူး ပြန် လာတုန်းကလဲတယောက်တည်း ပြန်တော့လည်းတယောက်တည်းပြန် "
"အေးပါကွာ "
"မင်းမင်းရေ ကြက်ဥဖြစ်ပြီလား "
"မဖြစ်တဖြစ် "
"ဦး အိပ်မနေချင်တော့ဘူး အပြင်မှာလုပ်ကူကြမယ်လေ "
"ပြီးရော လာ အရမ်းမထနဲ့နော် ခေါင်းမူးမယ် ခများတွက်Royal D ကဒ်သွားဝယ်ခိုင်းထားတယ် "
"အင်း "
သူလည်းအပြင်ထွက်လာတော့ ကျင်းသားတွေနားနေပြီ ဦးထွန်းက နံပါတ်၁ဒယ်အိုးကြီးနားစိတ်ပျက်လက်ပျက် ကျင်းသားတွေတော့မရှိ ကိုမင်းမင်းနားမှာသာဘီလူးကရှိနေသည်
"ဦးထွန်း ဘာလုပ်နေတာလဲ "
"ဟိုကောင် မင်းမင်းစောင့်နေတာ ကြက်ဥခွာမပြီးသေးလို့ "
တခါမင်းမင်းစီသွားပြန်တော့ကြက်ဥအကာတွေက ကောင်းကင်ကချိုင့်ခွက်ကြီးလိုပဲ
"ကိုမင်းမင်းဟန်ကူညီရမလား "
"အသာနေပါကွာ ကူညီချင်မင်းလင်လွှတ်လိုက် "
ဦးကို ကူဖို့လွှတ်လိုက်ပြီးငြိမ်မနေချင်တာကြောင့် ဦးထွန်းစီရောက်သွားပြီသည်
"ဦးထွန်း အအေးဖျော်ရအုံးမယ်မလား "
"အေဟုတ်သားပဲငါမေ့နေတာ အသီးတွေနဲ့ရောမှာ အသီးလဲမခွဲရသေးဘူး ဟိုကောင်တွေခေါ်လိုက်မယ် "
"နီကြား ငလုံး ငဟိန်း ဒီလာခဲ့ "
"ဘာလဲဗျာ အခုနမှခေါက်ဆွဲပြုတ်ထားတာ ဘာခိုင်းမှာလဲမောင် "
"အအေးစပ်ရအုံးမယ်ကွ အသီးလည်းလှီးအုံး "
"ဟန်လည်းကူမယ်လေ "
"အသာနေပါကွာနော် ငါတို့လုပ်တာပဲထိုင်ကြည့် "
နောက်ဆုံလက်လျှော့လိုက်ရပြီး နီကြားကစပျစ်သီးလှီး ငဟိန်းက ပန်းသီး ငလုံးကဖရဲသီးအသီးသီးလှီးကြပြီး အအေးစပ်ရတော့သည်
"ငါ့တို့လောပန်းက ဆင်စီးပြီးစစ်မြင်းနဲ့ စစ်ခင်းစေချင်ပုံပဲ ဝယ်လာတာက Chang နဲ့ စစ်မြင်း ငါတော့မြင်ယောင်သေးတယ် အမူးလွန်ပြီး ရေအိုင်ထဲပြုတ်ကျမှာ "
"မင်းစောက်ပူမဟုတ်ဘူး ဝယ်ပေးတာကျေးဇူးတင် ဒါနဲ့လောပန်းဘယ်သွားတာလဲ ကိုထွန်း "
"ကိတ်သွားယူတာ "
"ကိတ် ကိတ်ကဘာလုပ်မှာလဲ မွေးနေ့ရှိလို့လား "
"လျှာမရှည်နဲ့ "
နောက်ဆုံးအအေးလည်းစပ်ပြီး ကြက်ဥလည်းခွာပြီး မာလာရှမ်းကောအနှစ်နဲ့ ကြက်ဥ ပင်လယ်စာအစုံရောသမမွှေပြီး ဦးအောင်မျိုးပြန်အလာထိုင်စောင့်ရသည်
🔊ကလင် ကလင် တယ်လီဖုန်းလေးဆက်လိုက်တယ်...သင်္ကြန်ရေစိုနေတော့လေ ကိုလေခေါ်မရဘူးကွယ်...ကလင် ကလင် တယ်လီဖုန်းလေးဆက်လိုက်တယ်... ပျော်စရာသင်္ကြန်မှာ မပျော်ရွှင်နိုင်တာသိပ်စိတ်ညစ်တာပဲ...သင်္ကြန်မတိုင်ခင်ကိုမှာတာ မေ့လို့သွားတာလားမသိတယ်...ဘယ်နေရာကိုရောက်နေ အချိန်မှန်တယ်လီဖုန်းဆက်...ယုံကြည်ပါမလိမ်ညာပါစိတ်ချဖို့သူပြောတယ် ..တနေကုန်အောင်ပေါ်မလာ ပျောက်လို့ကောင်းနေဆဲ...🔊
"ဟော ဟိုမှာရောက်ပြီ"
"ကဲပြီးပြီလား လုပ်ခူးလိုက်တော့အအေးဗုံးအလယ်မှာချ "
"ရော့ ချိစ့်ကိတ် ငါတို့တွက်နဲနဲဖယ်ပြီး ဟိုးဘက်ကဝိုင်းသွားထားလိုက် "
ကိတ်တခြမ်းနှင့် မာလာရှမ်းကောတစ်ခွက် အအေးနောက်ထပ်တစ်ဗုံးကို လောပန်းဝိုင်းစီချပေးလိုက်သည်
"အော် ကင်းကောင် ဆိုင်ကယ်ခြင်းထဲRoyal dကဒ်ဝယ်လာတယ်သွားသယ်လိုက် "
"ရော့ဆက်ဟန် မင်းအတွက် "
ဟန်အနားရောက်လာသည့် မာလာရှမ်းကောနှင့်ကိတ်အခြမ်း
"ဟန်မှာများနေတယ် နဲနဲယူလိုက်အုံးလေ "
"ရတယ်ဆက်ဟန် ငါတို့ကောင်တွေကအချိုမကြိုက်ဘူး အခါးပဲကြိုက်တာ "
"ဟန်မင်းစားပြီးရင် တဲထဲသွားနေ မနေချင်လဲအေးတဲ့နေရာမှာနေ အပူထဲမထွက်နဲ့အဖျားပြန်ငုတ်မယ် စားပြီးရင်ဆေးပါတခါတည်းသောက် ကျုပ်ဒီမှာဘဲအရက်သောက်နေမယ် "
"အင်း "
ဟန်ကစားပြီးသည်နှင့်သစ်ပင်အောက်သွားလိုက်သည် နောက်တော့ငဟိန်းနှင့် ငလုံးပါရောက်လာပြီးသစ်ပင်ပေါ်ရောက်သွားသည်
သင်္ကြန်သီချင်းကိုပုဒ်ရေမထပ်ဖွင့်ပေးထားပြီး အရက်သောက်သူကသောက် ဂိမ်းတိုက်သူကတိုက် အပြင်ထွက်သူကထွက် ဦးနှင့်လူတချို့ကဖဲရိုက်နေကြသည်
"ဦး "
"ပြော "
"ဟန်ဖုန်းရော "
"ကျုပ်အိတ်ထဲမှာ ကြာကြာမကြည့်နဲ့နော် နေကကောင်းတာမဟုတ်ဘူး "
"အဲလောက်ကတော့သိပါတယ် "
ဟန်ဖုန်းသွားယူပြီးတော့ သစ်ပင်အောက်ပြန်ရောက်လာသည်
"ဟေ့ရောင်ကင်းကောင် မင်းကိုဓာတ်ပုံခိုးရိုက်နေတယ်3xနဲ့ "
"ရိုက်ပစေ "
"ကိုယ့်လင်ကိုခိုးရိုက်တာဆန်းသလား "
"အေးပါကွာ ငါပဲမှားတာမောင် "
တောင် တောင်.တောင်
"ဟေ့ရောင်တွေ "
"လင်ချစ်လေး ပေါ်လာပြီ "(မင်းဇင်)
"လိ့လင်ချစ် "
"မင်းဇင်ပြောတာမဟုတ်လို့လားခေတ် "(ယဥ်)
"ကဲအခုကဘာလုပ်နေတာလဲ ဘယ်မှာလဲ"(ဝေဝေ)
"ငါ သူ့စီရောက်နေတာ "
"ထင်သားပဲ အလုပ်ကရောဘယ်လိုဖြစ် "(ဝေဝေ)
"ထွက်လိုက်တာ ငါကအဲဒါမှန်းသိသွားလို့ ကထိကရိနဲ့ "
"နင့်လင်သိလာ "(ခန့်ခန့်)
''မသိဘူး သူသိရင်မလွယ်ဘူးဟ "
"ဟေ့ရောင် ခေတ် ငါကိုခေတ်ဆက်သာဟန်နဲ့စကားပြောဖြစ်တယ် "(နေကို)
"ငါ့အကြောင်းလား ဘာပြောလဲ "
"မဟုတ်ဘူး နင့်လင်အကြောင်းမေးတာ ပြီးတော့နင့်ရည်မှန်းချက်လမ်းပေါ်ရောက်အောင်ဆွဲတင်ပေးဖို့ပြောတယ် "
"ဟမ့် အဲတော့ဘာပြန်ပြောလိုက်လဲ "
"ခေတ်က ကျွန်တော်တို့ကြိုးဆွဲရာကမဲ့ရုပ်သေးရုပ်မဟုတ်ဘူး သူ့မှာကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ် ပြီးတော့သူ့ကိုယ်သူမပိုင်တော့ဘူး နင့်လင်ကပိုင်တာလို့ပြောလိုက်တာပေါ့ "(နေကို)
"ကောင်းတယ် ကမ်းခြေမှာကတည်းကသိပ်ကျေနပ်နေတာမဟုတ်ဘူး "
"ကမ်းခြေမှာဘာဖြစ်ကြလို့လဲ "(ဝေဝေ)
"ငါလဲတွေ့တယ် ဆော်တပွေနဲ့တင်ထားတာ "(မင်းဇင်)
"ငါရေဆော့နေတယ်ဆိုပြီး ငါ့လင်လာမွှေသွားတာ "
"နေပါအုံး မွှေတယ်မမွှေဘူးဆိုတာနင်ကဘယ်လိုသိတာလဲ "(ယဥ်)
"ငါဆိုင်ဝင်ထိုင်တော့ သူကို့တွေ့လိုက်တယ် မသင်္ကာတော့မဖြစ်ပါဘူး ဒီတိုင်းရေဆော့နေလိုက်တာ ငါပြန်တက်လာတော့နှစ်ယောက်သားတွေ့နေကြတယ် ငါမေးတော့ ငါကိုဂရုစိုက်ဖို့ဘာတို့ညာတို့ပဲပြောတာ သူတို့မသိလိုက်တာက သူ့တို့နောက်ဝိုင်းက ငါ့သူငယ်ချင်းဝိုင်းဖြစ်နေတာ "
"အဲတော့ဖြစ်ကြောင်းကုန်စဥ်ပြောပြလိုက်တာလား "(နေကို)
"အင်း"
"နင့်လင်ကရောအဲဆို "(မင်းဇင်)
"ငါဖျားနေတယ် "
"နင့်အကိုလူတွေလိုက်ကြည့်နေတာလား "(ခန့်ခန့်)
"အင်း"
"ဟူး မင်းတို့ဟာကလည်းကွာ ဖြစ်စဥ်ပြောလိုက်တော့ "(နေကို)
"ငါကမ်းခြေကပြန်လာတုန်း သူ့လူတွေလိုက်လာတာအနောက်က အဲဒါနဲ့ငါလည်း ဦးကိုကောက်ရင်းသူ့လူတွေလည်းပြချင်လို့ ရေအကြာကြီးချိုးလိုက်မိတာ ဖျားရော "
"ကောင်းတာပေါ့ "(ဝေဝေ)
"လိ့ကောင်း မနေ့ကဆိုစောက်ချိုးတွေကိုချက်ချင်းပြောင်းသွားတာ မသိရင်အခုပဲစွန့်လွှတ်တော့မဲ့ပုံံလိုလိုဘာလိုလို "
"အခုရောလိုက်နေသေးလား "(မင်းဇင်)
"ဟင့်အင့်မလိုက်တော့ဘူး ငါ့လင်ပုံံကလည်းမနေ့ကလိုမဟုတ်ဘူး "
"အေးပါ အေးပါ အဆင်ပြေနေရင်ပြီးတာပဲ ထပ်ဖျားအောင်တော့မနေနဲ့ "(နေကို)
"ဟိုကောင် မိုင်ဒေးကပုံဖျက်စမ်း "(ခန့်ခန့်)
"ဖျက်စရာလား ငါ့လင်ပုံဒီလောက်ချစ်ဖို့ကောင်းတာ "
"မင်းမေချစ်စရာကောင်း ဖေ့ဘုတ်ထဲဝင်တာနဲ့ထိပ်ဆုံးမှာလည်းရှိသေး မိုင်ဒေးမှာတင်တဲ့ပုံကြည့်အုံး ဆေးလိပ်နားကြားညှပ် မှုန်ကုပ်နေပြီး ဖဲရိုက်နေတဲ့ပုံ "(ခန့်ခန့်)
"မနာလိုဖြစ်နေတာလား လင်ယူငါ့သား "
"ခေတ် နင့်ဟိုပုံကဘယ်သူရိုက်ပေးတာလဲ "(ယဥ်)
"ဘယ်ပုံ ''
''နင့်လင် နင့်ကိုကျောပိုးထားတဲ့ပုံ "(ယဥ်)
"ဪငါ့ယောက်ဖ သူ့ညီရိုက်ပေးထားတာ "
"ဟန် တော်ပြီကြာနေပြီ ကြည့်နေတာ ယူလာခဲ့ဖုန်း "
"ကဲဟိုကောင်တွေ ငါဆင်းပြီးနော် ကြာလို့ပြောနေပြီ "
"ဆင်း စောက်မြင်ကပ်လာပြီတကယ် "(မင်းဇင်)
........
"ခများပြောမှ ယူလာတယ်နော် ဘယ်ချိန်ထိကြည့်မလဲထားလိုက်ရမှာ"
"ဦးကလည်း "
"မုန့်စားအုံးမလား သွားယူပေးမယ် "
"အင်း ကိတ်စားချင်တယ် "
"ခဏစောင့် "
"ဘာကြေးလဲအစီ "
ဦးညီရယ် ဘီလူးရယ် အစီရယ် တခြားတယောက်နှင့်ဦးဝိုင်းက ဦးနှင့်အစီနှစ်ယောက်တည်းကျန်တော့သည်
"ကျန်သူတွေရော "
"ထွက်သွားပြီ "
"ရော့ဟန် ရော့အအေး အအီပြေအောင် "
"လှန်မယ် ကင်းကောင် "
"ရော့....ဝိုက်ပြွ "
"ဟား..ကင်းကောင်ရာ "
"ဦး ဘာကြေးလဲ "
"တမင်းချက် ရှုံးတဲ့သူထမင်းချက်ရမှာပ"
"ရေး......စားရတော့မယ်ကွ "
"ဆက်ဟန် မင်းကကင်းကောင်ထက်ကိုပျော်နေပါလား "
"ဒါပေါ့ လာကတည်းကထွေးဦးလက်ရာပဲစားရတာလေ အစီလက်ရာအခုစားရတော့မှာ ပြီးတော့ဦးမချက်ရဘူး ဟန်စားချင်တာချက်ကျွေးနော် "
"မကျွေးဘူး "
ဖောင်း~
အ့!
ထိုင်ခုံကအမြင့်ဖြစ့တာကြောင့် တချက်ကန်တာနဲ့အောက်နေရာတန်းနေရော
"ဘာဖြစ်တာလဲ "
"ခြေ... ခြေကြွက်တက်လို့ "
"ချက်ကျွေးနော် "
"အေး အေး စားချင်တာပြော "
"ပဲပြားစာသွပ် ၊ ငါးနဲ့နံနံပင် ၊ ကြက်သားမွကြော် ၊ ကြည်ဥကြော်ပြီးဟင်းချက်ထားတာ ၊ ဝက်ဆလပ် ၊ ပဲပြားငုံးဥ ၊ ပုဇွန်အစိမ်းသုပ် "
"မင်းကအစားပုတ်လေးပဲ "
"အမလေးဆက်ဟန် ငါ့နှယ်ခဏလေးစားသောက်ဆိုင်ရောက်သွားလို့ဝိန်တာ ဆိုင်မှာရှိတဲ့အစားစာလာပြောပြသလိုပဲ "
"အဲလောက်ပဲလား "
"ငါလိုးအဲတာတောင်တော်တော်များနေပြီ "
"စားချင်သေးတယ် ဦးဝယ်ပေး "
"ဘာစားမှာ ညနေကျရင်ဝယ်ပေးမယ် "
"ကြေးအိုး ၊ ကွတ်တီယိုကြော်ရော ၊ ပင်လယ်စာဒုတ်ထိုး ၊ ဝက်အသဲ၊ ဝက်သွေးရယ် အချဥ်ရည်နဲ့တို့စားမယ် ၊ ရှမ်းခေါက်ဆွဲ ၊ ကိုကိုး "
"ကုန်လား အားလုံး "
"ကုန်တယ် ဟန်စားချင်တာလေနော် ဝယ်ပေးမယ်မလား "
"ဝယ်ပေးမယ် ခများကုန်ရင် ညနေထိတော့စောင့်"
"အင်း "
"လိုက်လဲလိုက်ပမောင် "
"အစီ့ကိုမှာတာတွေမနက်ဖြန်စားမယ် "
"အေး"
"ဟိုဦး "
"ဘာစားချင်ပြန်တာတုန်း "
"ငြိုငြင်တာလား ကိုကိုးသောက်ချင်သေးလို့ "
"မရဘူး ကျုပ်အိတ်ထဲမှာစတော်ဘယ်ရီပဲနို့ရှိတယ် အဲဒါသွားယူ"
"တကယ်မရဘူးလား "
"မရဘူး "
"စိတ်ပုတ် "
"အဲဆိုမယူနဲ့တော့ "
"ယူမှာ "
..........
"ကျုပ်ဟန်.. ဟန်ရေ.. ကျုပ်လင်..."
"ဘာတုန်း "
"စကားနားထောင်ဆို "
"ရေနဲနဲပဲချိုးမှာ တကိုယ်လုံးချွေးနံ့ကြီးပဲ "
"ကျစ်ပြီးရော မနက်ဖြန်အတက်နေ့နော် ဖျားလို့ကတော့ကျင်းမှာပစ်ခဲ့မှာ တယောက်တည်း "
"ဟန်ကတိပေးတယ် အကြာကြီးမချိုးဘူး ချွင်းချက်က ကိုကိုးတိုက် "
"မရဘူး ချောင်းဆိုးမယ် "
"အဲဆိုအကြာကြီးချိုးမှာ "
"ပြီးရောလုပ်ချင်သလိုသာလုပ်တော့ မြန်မြန်တော့ချိုးနော် ဖျော်ပေးထားမယ် "
"ဟုတ်"
"ဇွတ်လိမ္မာ "
.............
"ဦးကဘယ်ရောက်သွားပြန်တာလဲ "
"ညီးပူဆာထားတာသွားဝယ်ပေးတာလေ ကိုကိုးကပြန်လာမှဖျော်ပေးမယ်တဲ့ ပြီးရင် အခန်းထဲအဝတ်ထားပေးထားတယ် အဲဒါဝတ်လိုက်တဲ့ အမိန့်ပါးထားတယ် "
"ကိုကိုစီက အဲလိုပြောရင်မိန်းမနဲ့သိပ်တူတယ်သိလား "
"အဝတ်မြန်မြန်လဲချေ ဟိုကောင်ပြန်ရောက်တော့မှာ ဆိုင်ကယ်မောင်းစကေးက ဘီးကလမ်းမှာကျတာမဟုတ်ဘူး "
"မိန်းမကြီးကျ ပွစိပွစိနဲ့ "
ဦးထုပ်ပေးထားသည့်ဟူဒီအကျီနှင့် ဘောင်းဘီအတိုလေး ကိုဝတ်ပြီးဦးကိုထိုင်စောင့်နေလိုက်သည် မကြာပါ...
"ဟေ့ရောင် ကင်းကောင် ဘာတွေလဲ များလိုက်တာ"
"ဟန်အတွက် စားချင်တယ်ပြောလို့သွားဝယ်ပေးတာ "
"ဟုတ်လို့လားကွာ မင်းဟာကငါတို့ကျင်းသားအားလုံးစားရင်တောင်လောက်တယ် မင်းလင်ကအသေးလေးကို"
"လောပန်းစောင့်ကြည့်လိုက်ဗျာ "
"ဦး "
"အွန်း ခဏစောင့်သွားထည့်ပေးမယ် ဘာအရင်စားမလဲ "
"အကုန်လုံးထည့်ပေး "
"တကယ်နော် "
"အင်း"
သူထည့်ပြီး စားပွဲပေါ်တခုချင်းစီလာချပေးလိုက်ထည့်လိုက်နှင့် မသိရင်ဘုရင့်ပွဲတော်အုပ်လိုလိုဘာလိုလို
"ကျုပ် ကိုကိုးဖျော်ပေးအုံးမယ် "
"အင်း ဟွန်းးးမွှေးနေတာပဲ ရှလွတ် စားချင်လာပြီ "
ကိုကိုးဖျော်ပြီးချိန်အားလုံးကဆင်သင့်
*ငါနဲ့လောင်းမလားမင်းမင်း *
*စိန်လိုက် ဆက်ဟန်ကုန်တယ် *
*မကုန်ဘူးဆိုရင်ရော *
*ဦးရီးကြိုက်တဲ့ဆိုင်ကယ် လက်ညိုးထိုး*
*ok *
ထည့်ထားသည့်အစားအားလုံးကိုဟိုဟာစားလိုက်ဒီဟာစားလိုက်နှင့် အရှေ့မှာထိုင်နေသည့်ကင်းကောင်က ထုံးစံအတိုင်းမေးထောက်ပြီးသာကြည့်နေသည်
"ဦး စားမလား "
"စားပါ မင်းဝရင်ကျုပ်ငတ်သလိုပဲ "
"ဘာပြောတယ် "
"မင်းဝရင်ကျုပ်ဝသလိုပဲလို့ "
30 minutes later
*လာထား ပြောဘာပေးမှာလဲ *
*မင်းက ဆိုင်ကယ်ပဲပေးတာ ငါလည်းဆိုင်ကယ်ပဲပေးမှာပေါ့ *
*ဆက်ဟန်တော်တော်စားနိုင်တယ်နော် မသိရင်ဗိုက်ကြီးလို့ချဥ်ခြင်းတက်နေတဲ့အတိုင်းပဲ *
*ဦးရီးရှုံးမဲမဲမနေနဲ့ ဆိုင်ကယ်မနက်ဖြန်ညနေလိုချင်တယ် အခုပေါ်တာနော် ပုံစံကိုViberမှာယူ*
^လိုနေတာ ( vote ) ^
........................................................................
ZAW
"မင္းတို႔ေကာင္ေတြက အလိုက္သိတာေမာင္ အထုပ္ေတြလာကူတာလား ေရာ့ေရာ့ "
"ေဟ့ေရာင္မင္းတို႔မ်က္ႏွာကဘာလို႔အီးမွန္ထားသလိုျဖစ္ေနၾကတာလဲ "
"မင္းအသာေနပါအစီရာ ကင္းေကာင္ကိုေျပာစရာရွိလို႔ထြက္ေစာင့္ေနတာ "
"ဒါမ်ား က်င္းထဲေရာက္မွေျပာလဲရရဲ႕သားနဲ႕ "
"မင္းတို႔ေကာင္ေတြ ဒီမွာဘာလုပ္ေနၾကတာလဲေမာင္ "
"လူစုံေနၿပီဆိုေတာ့ ငါေျပာစရာရွိတယ္ကင္းေကာင္ "
ဦးမိုးေ႐ႊ ငဟိန္း ငလုံး အစီကဘာအေၾကာင္းလဲဆိုၿပီးအၾကည့္ႏွင့္ ကင္းေကာင္ကေျပာဆိုသည့္အဓိပၸယ္ျဖင့္ေမးထိုးျပသည္
"အခုန................အဲဒါပဲ "
"ဘာ...."
"ေျဖးေျဖးေအာ္ပါအစီရာ အသည္းႏုတယ္ကြ "
"မင္းေျပာတာတကယ္လား"
"ပိုင္ေထြးဦးေျပာတာေတြကအမွန္ပဲ ငဟိန္း ငါတို႔လဲအဲဒါခံျပင္းလို႔မင္းတို႔ေစာင့္ေနတာ ဘီလူးနဲ႕နီၾကားကအထုပ္ေတြသယ္ၿပီးက်င္းထဲျပန္သြားမွာ "
"ရွိေသးတယ္ ကင္းေကာင္ ဟိုကလက္လဲဆြဲသြားေသးတယ္ မရီးရင္ဘက္ကိုလဲၾကည့္သြားေသးတယ္ "
ေတာက္စ္!
"ငါေျပာမယ္ကင္းေကာင္ အခုပြဲမွာငါမပါဘူး ငါကက်င္းေခါင္းဆိုေတာ့ ဝင္ပါရင္ျပႆနာပိုႀကီးလိမ့္မယ္ ၿပီးတဲ့ခ်ိန္ၾကရင္ေတာ့ငါလာမယ္ "
"က်င္းမွာဘယ္သူရွိေသးလဲ "
"ဦးနိုင္ဝင္း ဝင္းဆန္း ဘီလူး နီၾကား ဦးမိုးေ႐ႊပဲရွိမွာငလုံး"
"ေထြးဦး မင္းမရီးစီျပန္သြားလိုက္ "
"မသြားဘူး ငါမင္းေနာက္လိုက္မွာ "
"ေခၚသြားလိုက္ပ ငါေနခဲ့မယ္ "
"အဲဆိုက်ဳပ္တို႔ေနာက္ ဘယ္သူလိုက္မလဲ "
"ငဟိန္းမင္းလိုက္မွာမလား "
"ေအ "
ထို႔ေနာက္ ကင္းေကာင္ ေထြးဦး ငဟိန္း ငလုံးက တစ္ဖြဲ႕ မိုးေ႐ႊ အစီ ဘီလူး နီၾကားကတစ္ဖြဲ႕ကြဲသြားၾကသည္
"ငါတို႔မွာရိုက္စရာလည္းဘာမွမပါဘူးေမာင္ "
"ေရးႀကီးခြင္က်ယ္မလုပ္နဲ႕ ဟိုေရာက္မွေတြ႕တဲ့ဒုတ္နဲ႕ေကာက္ရိုက္ "
"ေအးဟုတ္တယ္ "
ဟိုေရာက္ေတာ့ေတြ႕ခ်င္သည့္လူတစ္စု စုၿပဳံေတြ႕လိုက္ရသည္မွာေရကန္သင့္ၾကာသင့္
"သူပဲကိုႀကီး "
"မင္းတို႔ကဘယ္သူလဲ ဘာလုပ္တာလဲ မင္းတို႔ေနရာမဟုတ္ဘူးျပန္"
"မင္းတို႔ကေရာ ငါတို႔က်င္းလာတုန္းက တို႔ေနရာမဟုတ္ဘူးဆိုၿပီးမေတြးမိဘူးလား "
"စကားရွည္တယ္ ငလုံး မင္းတို႔ေကာင္ေတြထဲကဘယ္သူလဲ ငါ့လူလာေၾကာင္တာ"
"ငါ့လူ ဘယ္သူ႕ကိုေျပာတာလဲ မင္းကေရာဘယ္သူလဲ "
"ဒါငါ့ကိုႀကီး "
"ေအာ္ အေသခံတပ္သားေလးပဲ ဘာလဲမေက်နပ္လို႔လား မင္းကိုႀကီးဆိုတဲ့ေကာင္ကို ထိုင္ကန္ေတာ့ေပးရမလို႔လား "
ဟား.....ဟား......
"တကယ့္ဟာသေကာင္ေတြကြာ မင္းကိုႀကီးကငါ့တစ္ခ်က္စာပဲ "
"က်ဳပ္ေမးေနတယ္ ငါ့လူဆိုတာဘယ္သူလဲ "
"မင္းတို႔ကေစာက္ရမ္းသိခ်င္ေျပာျပမယ္ နတ္မိမယ္ေလးအတိုင္းပဲကြာျဖဴအုေနတာပဲ ငါထင္တာမိန္းကေလးေပါ့ ေယာကၤ်ားေလးလို႔မထင္ရက္စရာပဲညီေလးရဲ႕ ႏႈတ္ခမ္းသားေတြမ်ားစူစူကေလးနဲ႕ စေတာ္ဘယ္ရီလိုပဲနီေဆြးေဆြးေလး ေနပါအုံး နာမည္ေျပာလိုက္ပါတယ္ ဘာတဲ့ ဪ ပိုင္စိုးဦးတဲ့ "
အရသာခံေျပာသူႏွင့္ တဖက္ကအကိုျဖစ္သူမွာမ်က္ႏွာကေလွာင္ရိပ္ထြက္ေနၿပီး လက္ကအေၾကာေပါင္းမ်ားစြာေထာင္ေနသည္က ေဒါသအထြက္လြန္ေနၿပီဆိုတာသိလိုက္သည္
ဟ..ဟား...
"ဘာရီတာလဲဟိုေကာင္ "
"က်ဳပ္နာမည္ဟိုေကာင္မဟုတ္ဘူး ဟိန္းစိုးေအာင္ဗ် ပိုင္စိုးဦးဆိုတာက ခမ်ားေရွ႕ကတခ်က္စာေလး"
"ရီစရာလာမေျပာနဲ႕စိတ္မဝင္စားဘူး "
"ေရာ..........ေရာ့ ခမ်ားနာမည္ေျပာတုန္း ေသခ်ာနားမေထာင္ဘူးလား သူေျပာတာပိုင္စိုးဦးေယာကၤ်ားလို႔ေျပာတာ ခမ်ားမၾကားဘူးလား "
"က်စ္ မင္းတို႔ေကာင္ေတြ ဟာသလုပ္ဖို႔လာတာလား "
ပိုင္စိုးဦးေဟာက္တာနဲ႕ အသံတိတ္
"သူ႕ေယာကၤ်ားဆိုၿပီးယုန္ေပးရမွာလား ယုန္ေတာ့မရွိဘူးကြ ေတာမရွိလို႔"
*ရီစရာေတြကြာ သူ႕မ်က္ခြက္နဲ႕ ဟိုေကာင္ေလးတျခားစီ *
"က်ဳပ္စိတ္မရွည္ဘူး က်ဳပ္ေမးတာႏွစ္ခါရွိၿပီ၊ က်ဳပ္လူကိုဘယ္ေကာင္ထိတာလဲ မင္းမလား "
"ေအးဟုတ္တယ္ကြာ ရိုက္မလို႔လား "
မထိတထိမ်က္ႏွာေပးႏွင့္ပါးအေရွ႕ထိုးေပးသူက ဘုရားပါထမိသည္
ပါးေစာင္ျပဳတ္ေတာ့မွာသသူမသိ
"ဘယ္လက္နဲ႕ကိုင္တာလဲ "
"ညာလက္နဲ႕ကိုႀကီး "
မ်က္စိတခ်က္အေဝွ႕ ဆြဲႏုတ္လို႔လြယ္သည့္ဝါးလုံးကိုဆြဲယူလိုက္သည္
"ကင္းေကာင္ အဲဒါႀကီးကေဆြးေနတယ္ "
"ဟုတ္တယ္ ဒါယူ "
ဝါးလုံးပိုင္းကဆြဲယူသြားၿပီး လက္ထဲေရာက္လာသည္ 3.2ဒုတ္ပိုင္းႀကီး
"ဝိုး...ရိုက္ေတာ့မွာဘာလား ရိုက္ေလ "
ေဖာင္း~
အား!....
တဖက္လူ၏လက္တံေတာင္ေကြးေနရာေန ရိုက္ခ်လိဳက္ေတာ့အရိုးက်ိဳးသံႀကီးကထြက္လာႏွင့္တၿပိဳင္နက္ ဟိုဘက္ကလဲဒုတ္ကိုယ္စီ ဓားကိုယ္စီႏွင့္ ထြက္လာၾကသည္
"မဆိုင္တဲ့ေကာင္တေယာက္မွဝင္မပါနဲ႕ "
"မင္း..မင္းကဘယ္သူလဲ "
"ပိုင္စိုးဦး..မင္းအခုနလက္သရမ္းသြားတဲ့ေကာင္ရဲ႕ေယာကၤ်ား အခုနရင္ဘက္ကိုၾကည့္တယ္ေျပာတယ္ေနာ္ "
"ေထြးဦး ခ်ဳပ္လိုက္ "
စကားဆုံးသည္ႏွင့္ ပိုင္ေထြးဦးကအေရွ႕ကလက္က်ိဳးကို ဒူးဆစ္ကကန္ခ်လိဳက္သည္ လက္ေတာ့မခ်ဳပ္ တဖက္က်ိဳးေနၿပီမလား ငလုံးႏွင့္ငဟိန္းက ကင္းေကာင္တဖက္စီမွာတာဝန္ယူထားသည္
"တခ်က္စာေလးျမည္းၾကည့္ "
ခြပ္!..
ခြပ္!..
မ်က္လုံးတဖက္ကို လက္သီးတခ်က္ႏႈံးျဖင့္ အသကုန္အရွိန္တင္ထိုးခ်လိဳက္သည္
ဟိုဘက္ကလဲသူ႕လူထိေတာ့မခံ ေလးေယာက္သုံးေယာက္အျပန္လွန္တြယ္ၾကေတာ့သည္
ပိုင္စိုးဦးတို႔အဖြဲ႕က နာတာနဲေပမဲ့ ဟိုဘက္အဖြဲ႕ကေတာ့ သစ္သားတုတ္နဲ႕အရိုက္ခံရသည္မို႔မသက္သာလွ ေနာက္ဆုံး ႐ြာလူႀကီးေတြႏွင့္ ဦးမိုးေ႐ႊတို႔လာခြဲမွရေတာ့သည္ တဖန္ဦးေ႐ႊမိုးကလည္းဝင္ဆြဲသလိုလိုႏွင့္ ထပ္ေဆာ္ေသးသည္
"ဘယ္လိုလဲ အုပ္ခ်ဳပ္ေရးမႈးစီေရာက္သြားရတဲ့အခိုက္တန့္ေလး ခံစားခ်က္ေလးေျပာပါအုံး "
အုပ္ခ်ဳပ္ေရးမႈးစီေရာက္သြားၾကၿပီး ဟိုဘက္ကလဲေဆး႐ုံေရာက္သြားသည္
"အရမ္းေပ်ာ္ဖို႔ေကာင္းတယ္ ေဆာ္ခ်င္တာ ကင္းေကာင္အရင္ေစာင့္ေနရလို႔ "
"ဘယ္လိုလဲကင္းေကာင္ ဟိုေကာင္ေတြဘာျဖစ္သြားတာလဲ "
"ကိုမင္းမင္းလာမွသိမယ္"
"ေစာက္ခြက္ႀကီး ကန္လိုက္ရတာအရသာကရွယ္ပဲ "
ခဏၾကာ မင္းမင္းႏွင့္ဦးေ႐ႊမိုး ဦးသက္တို႔ ေရာက္လာၾကသည္
"မင္းမင္းဘယ္ေလာက္ေလွ်ာ္လိုက္ရတာလဲ "
"၄သိန္း ဟိုတေကာင္တည္း က်န္ေကာင္ေတြကမပါဘူး "
"ငါ့ေကာင္ႀကီးလက္သံေျပာင္စသားပဲ "
"မျမႇောက္နဲ႕ကိုမိုးေ႐ႊ ဟိုဘက္ကေတာ္ေတာ္ထိတာ "
"ဘယ္ေလာက္ေတာင္ထိသြားတာလဲ ငသက္"
"ညာလက္ အရိုးက်ိဳးသြားတယ္ ဘယ္ဘက္မ်က္ခုံး ၇ချက်ချုပ်လိုက်ရတယ် ညာဘက္ကမ်က္လုံးထိသြားတယ္ ေခါင္းက၁၀ခ်က္ခ်ဳပ္လိုက္ရသည္ အံသွား၄ခေျာင်း "
"ဘုရား ကင္းေကာင္ဘယ္လိုလက္ဆနဲ႕ခ်လိဳက္တာလဲ "
"အစကေတာ့အဲေလာက္မဟုတ္ဘူး အဲေကာင္ၾကည့္ေနရင္းဟန္မ်က္ႏွာျမင္လာလို႔ေဆာ္လိုက္တာ "
"ေတာ္တယ္ "
"ကိုမင္းမင္း က်င္းရွင္းမွက်ဳပ္ျပန္ဆပ္ေပးမယ္ "
"မလိုဘူး ငါေလ်ာ္ေပးတာ မင္းသာမ်က္ႏွာကဟာေတြေရခဲအုံ ဆက္ဟန္ျမင္ရင္ေမးေနမယ္ "
"ဟိုေကာင္ေတြမထိလာေတာ့ေတာ္ေသးတာေပါ့ "
"မထိဘဲေနမလားဗ် လူမျမင္တဲ့ေနရာထိတာ "
"ကိုႀကီး မင္းမ်က္ႏွာေယာင္လာမယ္ ေရခဲပါတယ္မလားကပ္လိုက္ မရီးကမင္းကိုေျပာခိုင္းတာမဟုတ္ဘူး ရန္ျဖစ္လာတာသိရင္ပိုဆိုးေနမယ္ "
"မင္းမင္းနဲ႕ငထြန္း မင္းတို႔အလွည့္ပဲအခု "
"ဘာလဲ ဘႀကီရ"
"ငထြန္းမင္း ဟင္းအႏွစ္လာနယ္ေပး "
"ဟာ မျဖစ္နိုင္တာႀကီးမခိုင္းနဲ႕ မင္းမင္းေခၚ "
"မင္းမင္းက ၾကက္ဥခြံလာခြာ "
"ဟာ က်န္တဲ့ေကာက္ေတြခိုင္း "
"မရဘူး ငါကလာဆိုလာ ကင္းေကာင္ကဆက္ဟန္နားသြားလိုက္ "
"ဟုတ္ "
"လင္နားသြားရမွာဆိုေတာ့ ဟုတ္တဲ့ ႏြားငယ္ေလးက "
"ဘယ္သူ႕ကိုမဲ မဲမေနနဲ႕ ၾကက္ဥလာျပဳတ္ "
................
အိပ္ေနသူအနားသြားကာ နဖူးျပင္ေလးစမ္းမိသည္ ခပ္ႏြေးႏြေးေလးရွိေနေသးသည္ မေန႕ညကေစာင္ႀကီးၿခဳံထားသည္ေၾကာင့္ သြက္ေနသည့္ဆံပင္ေတြကကပ္ေနသည္ အခုကေစာင္မၿခဳံသူ႕အႏြေးထည္အကၤ်ီအပါးေလးကိုသာဝတ္ထားၿပီး ေဘာင္းဘီအတိုေလးႏွင့္ အဖ်ားတက္ေနမွာေၾကာင့္ နဖူးစမ္းရတာလည္းအခါခါ မနက္စာ...
"ေထြးဦး.."
"ဘာလဲ ကိုႀကီး "
"မင္းမရီးမနက္ကဘာစားထားလဲ "
"မနက္စာ "
"အင္းေလ မနက္စာ မစားရေသးဘူးလို႔မေျပာနဲ႕ေနာ္ "
"ဟီး...ကိစၥ ကိစၥနဲ႕ေမ့"
"ထားေတာ့ ေရႏြေးရွိလား "
"ရွိတယ္ "
"အဲဆိုရၿပီသြားေတာ့ ငါဟန့္ကိုသြားႏွိုးအုံးမယ္"
..................
"ဟန္ က်ဳပ္ဟန္ "
"အင္း "
လူကသာအသံေပးတာ မ်က္လုံးကမပြင့္ သူအိပ္တာႏွိုးရင္မႀကိဳက္သူမို႔စူေနသည့္ႏႈတ္ခမ္းေလးပိုေထာ္လာသည္
"က်ဳပ္ဆြဲနမ္းမွာ ထေတာ့ဆို "
"ဘယ္လိုျဖစ္ေနတာလဲ "
"ထေတာ့ ေန႕လယ္၁၀နါရီေတာင္ေရာက္ေနၿပီ မင္းမနက္စာမစားရေသးဘူးမလား "
"အင္း "
"လာထေတာ့ အျပင္မွာလန္းလန္းဆန္းဆန္းေလးျဖစ္ေအာင္ထြက္ထိုင္ ဆရာေခၚၿပီးေဆးထိုးမလား အဖ်ားေငြ႕ေလးရွိေသးတယ္ "
"အင္း "
"မနက္စာအရင္စားရမယ္ "
"အင္း "
ဟန္အားမ်က္ႏွာသြားသစ္ခိုင္းၿပီး မနက္စာမဟုတ္ေန႕လယ္စာမဟုတ္ အစားစာကိုျပင္ဆင္ေပးရသည္
"ကိုႀကီး ငါေဖ်ာ္ေပးရမလား "
"ရတယ္ ဟန္ကငါေဖ်ာ္မွေသာက္တာမင္းသိသားနဲ႕ "
ကိုကိုးကို ဟင္းခတ္ဇြန္းႏွစ္စြန္းမို႔မို႔ထည့္ နို႔စီကို သုံးဇြန္းထည့္ၿပီး ေရႏြေးအနည္းငယ္နဲ႕ေဖ်ာ္ အားလုံးေပ်ာ္ၿပီးဆိုမွေရႏြေးေအးေနသည့္ဟာကိုအေနေတာ္ ထည့္ၿပီးထပ္ေမႊ အားလုံးရၿပီးဆိုမွ ေပါင္မုန့္တစ္လုံးကိုယူကာ အသင့္ခ်ေပးထားလိုက္သည္
"ဦး ဆံပင္ေစးကပ္ကပ္ေနနဲ႕မေနတက္ဘူး ေခါင္းေလွ်ာ္ခ်င္တယ္ "
"အစားစားလိုက္ က်ဳပ္ေလွ်ာ္ေပးမယ္ "
"ဟန္ဘာမွမစားခ်င္ဘူး ခါးတယ္ "
"နို႔ဆီ အမ်ားႀကီးထည့္ေပးထားတယ္ မင္းေသာက္ေနက်အတိုင္းပဲ နဲနဲျဖစ္ျဖစ္ေသာက္လိုက္ ေပါက္မုန့္လည္းတစ္ဝက္ေလာက္စားရင္ရၿပီ "
"ဒီခြက္နဲ႕မေသာက္ခ်င္ဘူး ဟန္အိတ္ထဲမွာဖန္ခြက္ရွိတယ္ အဲဒါနဲ႕ေသာက္မယ္ "
"ဒီမွာထိုင္ေန က်ဳပ္သြားယူေပးမယ္ "
ဟန္အိတ္ထဲေမႊလိုက္ေတာ့ ဂိုင္းကအသဲပုံေလးနဲ႕ ဖန္ခြက္အမဲ အမဲေရာင္ႀကိဳက္ပုံကအသုံးေဆာင္အားလုံးကအမဲေရာင္ခ်ည္း
"အပူခံခြက္လားဟန္ "
"အင္း "
"ေရႏြေးနဲ႕အရင္ေဆးလိုက္မယ္ေနာ္ ခဏေစာင့္ "
ေရႏြေးကအပူျဖစ္တာေၾကာင့္ ဖန္ခြက္ထဲထည့္လိုက္တာနဲ႕ အမဲေရာင္က အေရာင္ေျပာင္းသြားသည္ ဒါ..က
"ဟန္ဒါက "
"ဦးပုံေလ "
"ဘယ္တုန္းကပုံလဲ က်ဳပ္လဲမသိရပါလား "
"ဝန္းသိုမွာတုန္းက ဦးအိမ္ေရွ႕မွာထိုင္ေနတုန္းခိုးရိုက္ထားတာ "
ပုံေလးက ဝန္းသိုအိမ္မွာတုန္းကအိမ္ေရွ႕မွာထိုင္ေနၿပီး ပါးခ်ိဳင့္ေပၚေအာင္ၿပဳံးေနသည့္ပုံကေလး မ်က္လုံးေမွးေမွးေလးနဲ႕ ပုံျဖစ္သည္
"က်ဳပ္ကို ဒါျမင္ေစခ်င္လို႔ ဒါနဲ႕ေသာက္ခ်င္တာမလား"
"အင္း"
"မင္းကေတာ့ေလ "
"ဝိုး လုံးဝဟန္အႀကိဳက္ပဲ "
"မင္းႀကိဳက္ရင္ၿပီးတာပဲ "
"ဒါနဲ႕ကိုကိုးက ဘယ္ကတည္းကဝယ္ထားတာလဲ "
"မင္းမလာခင္ ႏွစ္ရက္ေလာက္က ကိုထြန္းေနာက္လိုက္ရင္း ေတြ႕လို႔ဝယ္လိုက္တာ "
"ဒီဟာက ဘယ္သူ႕တြက္လဲ "
အေနာက္မွာဖြက္ထားသည့္ ဖန္ခြက္ကိုထုတ္ျပလာၿပီး႐ုပ္နဲ႕မလိုက္ ကေလးလိုစိတ္ေကာက္ေနသေယာင္
"ဦးတြက္ "
"က်ဳပ္တြက္ဆိုအစကတည္းကေပးေလ အခုကက်ဳပ္ရွာလို႔သာေတြ႕တာ ဘယ္တေယာက္ကိုေပးခ်င္မွန္းမသိပဲနဲ႕ ဒါကေရာဘယ္သူပုံလဲ "
"သိခ်င္ ေရႏြေးထည့္ၾကည့္ "
"မင္းမေျပာလည္းထည့္မွာ တျခားေကာင္ဆိုလို႔ကေတာ့ရိုက္ခြဲပစ္မွာ "
ေဏႏြေးထည့္ၿပီးေပၚလာသည့္ပုံရိပ္ကိုျမင္ေတာ့ မ်က္လုံးပင္ကြၽတ္ၾကမတက္
ပုံေလးက ေလွကထစ္မွာထိုင္ရင္းသူ႕ကိုစိတ္ေကာက္ေနပုံ
"အဲေကာင္ကက်ဳပ္ေလာက္လဲမေခ်ာဘူး "
"ဦး "
"စတာ စိတ္ေလွ်ာ့ ဘာတြက္ cuppleပုံလုပ္ထားတာလဲ "
" Happy ValinetimeDay par oo"
"ဗယ္လင္တိုင္းလုပ္ရေအာင္ က်ဳပ္တို႔ကခ်စ္သူေတြမွမဟုတ္တာ "
"လင္မယားျဖစ္သြားရင္မလုပ္ရဘူးတဲ့လား မယူခ်င္ေပး "
"ေပးစရာလား က်ဳပ္လက္ထဲေရာက္တာက်ဳပ္ဟာပဲ ေခါင္းေလွ်ာ္မယ္ လိုက္လာခဲ့ "
ရ်က္ကိုးရွက္ကန္းထြက္သြားၿပီး လက္ထဲဖန္ခြက္ပါသြား၍ျပန္လာထားရသည္ ထားေတာ့လဲသူလြယ္ေနၾကအိတ္ထဲမွာ
ဦးကထိုင္ခုံအျမင့္မွာထိုင္ၿပီး ဟန္ကအနိမ့္ကေလးမွာ
"အေရွ႕ဘက္လွည့္ "
အနိမ့္နဲ႕အျမင့္ျဖစ္တာေၾကာင့္ ဦးလည္ပင္းနားေခါင္းေရာက္ေနသည္
အ့
႐ုတ္တရက္သတိမထားမိဘဲ ႏႈတ္ခမ္းေထာင့္ကိုလာကိုင္ေတာ့ ေအာ္လိုက္မိၿပီး ဟန္မ်က္ႏွာနားငုံ႕ၾကည့္လိုက္မိသည္
"ႏႈတ္ခမ္းကဘာျဖစ္တာလဲ "
"ဘာမွမျဖစ္ပါဘူး မင္းထိလိုက္တဲ့ေနရာကအပူကန္ေနတာ ထိလိုက္ေတာ့ရိုက္တရက္ျဖစ္လို႔ေအာ္လိုက္မိတာ "
"ဒါဆို ေမးရိုးကဘာလို႔ညိုေနတာလဲ မ်က္ကြင္းကလဲညိုေနတာ "
"ေမးကြင္းညိုေနတာလား က်ဳပ္ျဖင့္သိေတာင္မသိဘူး မ်က္ခမ္းကေတာ့ အိပ္ေရးပ်က္လို႔ေပါ့ "
"ေအာ္ အိပ္ေရးပ်က္ရင္ တဖက္တည္းလည္းညိုတယ္ေပါ့ "
"မွန္မွန္ေျပာ ရန္ျဖစ္လာတာလား "
"ဘယ္ကလာ မျဖစ့ပါဘူး ကဲအခ်ိန္ၾကာၿပီ ျမန္ျမန္ေလွ်ာ္ၿပီးသြားစို႔ "
စကားပင္လွည့္မေျပာ မေက်နပ္ေသးဘူးဆိုတာသိေပမဲ့ ဟိုေကာင္ဟိုေကာင္ေတြေၾကာင္းေတြးမိျပန္ကာ အသဲသန္ေျပးရျပန္တယ္ ဟိုေရာက္ေတာ့ ေက်ာင္းသားေတြစာေရးလားမေရးလားလိုက္စစ္သည့္ဆရာမလိုပင္ တေယာက္ခ်င္းစီ လိုက္ၾကည့္ေနသည္
"ကိုဟိန္း "
"ေအးဆက္ဟန္ ေခါင္းစိုေနတယ္ ေခါင္းေလွ်ာ္လာတာလား "
"ကိုဟိန္းႏႈတ္ခမ္းကဘာျဖစ္တာလဲ "
"ေအာ္ ဒါလား ရန္.. "
"ငဟိန္း...မင္းကို ဦးထြန္းေခၚေနတယ္ "
"ဪဆက္ဟန္ သြားအုံးမယ္ေနာ္ "
"ဟန္ေမးတာအရင္ေျဖ "
"ဟိုအဲ အဲဒါက ရန့္ဖစ္တာ "
"ငဟိန္း...."
"ဟိန္းစိုးေအာင္ "
"ဘယ္သူနဲ႕လဲ ဘယ္မွာလဲ "
ဘယ္လိုေျဖရမွန္းမသိ ကင္းေကာင္ၾကည့္လိုက္ေတာ့ အနာကိုျပၿပီး သူရယ္ ကင္းေကာင္ရယ္ကိုလက္အျပန္လွန္ထိုးျပၿပီး ထိုးသည့္ပုံစံလုပ္ျပေသးသည္
"ကင္းေကာင္နဲ႕ "
"ဘယ္တုန္းကလဲ "
"ေဈးသြားၿပီးျပန္လာတုန္းက ဆက္ဟန္ကေနမေကာင္းဘူးေလ ကိုယ့္ေယာကၤ်ားရန္ျဖစ္လာတာသိရင္ စိတ္မေကာင္းပိုျဖစ္မွာစိုးလို႔ ဒီတိုင္းေနေနတာ"
"ကိုဟိန္းေျပာတာအမွန္လား ဦး"
"အြန္း "
"ဘာတြက္နဲ႕ ဒီေလာက္ထိျဖစ္လာၾကတာလဲ "
"ဦးေျပာ"
"ဟိုဟာ က်ဳပ္တို႔ေဈးဝယ္ၿပီးျပန္မွာ အဲဒါကိုဟိုေကာင္ကဆိုင္ကယ္လုလို႔ "
"အဲဒါနဲ႕ ရန္ျဖစ္စရာမလိုဘူးထင္တယ္ေနာ္ "
"အဲဒါဒီလိုရွိတယ္ အဲေကာင္သာေပးေမာင္းလိုက္ရင္ဝယ္ထားတာတစ္ခုမွမပါလာတဲ့အျပင္လူေတာင္ ေက်ာက္ပတ္တီးတစ္ခုေလာက္နဲ႕ျပန္လာရမွာ အဲလိုမျဖစ္ခ်င္လို႔တားရင္း အခုလိုျဖစ္"
"ၿပီးေရာၿပီးေရာ "
"ေခါင္းေရသုတ္မယ္လာခဲ့ ဆရာေခၚထားၿပီးၿပီ "
စူပုတ္ပုတ္ႏွင့္ပင္ လာထိုင္ၿပီးမ်က္ေစာင္းကရေအာင္ထိုးေသးသည္ ေရသုတ္လည္းၿပီးဆရာလည္းေရာက္ ကြက္တိ
"ကင္းေကာင္ ဆရာလာေနတယ္ ေခၚထားတာလား "
"ဟုတ္ ေလာပန္း "
ဆရာလည္းတဲထက္ေရာက္လာေတာ့ က်င္းသားေတြလည္းအဲနားဝိုင္းၿပီးေရာက္လာၾကသည္
"ဘာမွမျဖစ္ပါဘူး ကိုေအာင္မ်ိဳး ကေလးကေရခ်ိဳးမွားတာပါ တစ္ခုကေသြးေပါင္က်ေနတယ္ "
"ဘယ္ေလာက္က်ေနတာလဲဆရာ "
"အထက္ ၈၀ေအာက္၅၀ အဲတြက္မပူပါနဲ႕သီးစုံဓာတ္ဆားျဖစ္ျဖစ္ Royal Dပဲျဖစ္ျဖစ္ပုံမွန္ေသာက္ၿပီးအားရွိေအာင္စားလိုက္ရင္ျပန္တက္လာပါလိမ့္မယ္ "
"ဟုတ္ မွတ္ထားလိုက္ပါ့မယ္ဆရာ "
"အဖ်ားကဘယ္ေလာက္ရွိေနလဲဆရာ "
"ဟုတ္သားပဲအဓိကအေၾကာင္းေမ့ေနတာ အဖ်ားကေတာ့၁၀၀ျဖစ္ေနေသးသည္ ေဆးထိုးေပးခဲ့မယ္ သုံးရက္စာေဆးလဲေပးထားမယ္ေနာ္ တေန႕သုံးႀကိမ္ပုံမွန္ေသာက္ေပး "
"ဟုတ္ဆရာ "
"ဆရာဟိုေလ ေဆးမထိုးလို႔ရမလားဗ် သူကေဆးထိုးအပ္ေၾကာက္လို႔ "
"ေဟ ထိုးတုန္းတခ်က္ပါပဲကြာဆြဲထုပ္ရင္မနာဘူးေနာ္ ေဆးထိုးလိုက္ေတာ့ေပ်ာက္ျမန္တာေပါ့ မဟုတ္လား "
"သူကလည္းဆြဲထုပ္တာပဲေၾကာက္တာပါ "
"ဆရာမနာေအာင္လုပ္ေပးမယ္ေနာ္ သိေတာင္မသိေစရဘူး "
"ဟုတ္ဆရာ "
"မင္းတို႔ေကာင္ေတြကဘာလုပ္တာ ထြက္အျပင္ကို ကင္းေကာင္ေနခဲ့လိုက္ ေထြးဦးလိုက္ပို႔လိုက္မယ္ဆရာကို "
"ဟုတ္ေလာပန္ "
"ဘယ္ႏွယ့္ဗ်ာ လူနာရွင္ကအနားေနရမွာေပါ့ က်င္းသားနဲ႕ပဲမထားနဲ႕ ကိုေအာင္မ်ိဳးရ"
"ဆရာ လာဝိုင္းထဲသြားစို႔ အစားေသာက္ေတြေတာ့မရေသးဘူး ရွိတာေလးနဲ႕ပဲဧည့္ခံလိုက္လာ ေရာက္တုန္းေရာက္ခိုက္ "
ဆရာျဖစ္သူကို ျပင္ထားသည့္ဝိုင္းသို႔ေခၚသြားၿပီး လက္ထက္ရည္ထုပ္ပဲခ်ေပးရသည္ သူတို႔မွာေပါတာကလည္းအရက္ဆိုေတာ့ အားေတာ့နာသား
"အခုနစကားေလးျပန္ဆက္ၾကမယ္ဆရာ ကြၽန္ေတာ္ကလူနာရွင္မဟုတ္ပါဘူး "
"ဟ ကိုေအာင္မ်ိဳးဒါဆိုဘယ္သူ႕သားလဲ "
"ဘယ္သူ႕သားမွမဟုတ္ဘူးေဟ့ ငါတို႔ေလာပန္ေတြနဲ႕လည္းအမ်ိဳးမေတာ္ဘူး "
"ငထြန္း မင္းဟာဘာစကားလဲကြာ "
"ဆရာဝန္မို႔လို႔သာ ငါကဘာမွမေျပာတာမင္းလွ်ာရွည္တာေက်ာင္းတုန္းကအတိုင္းပဲ စပ္စုတာလည္းလြန္ေရာ"
"ငါဟာငါစပ္စုတာကြာ ကဲငထြန္း ဘယ္သူလဲအဲေကာင္ေလးက "
"ဟိုမွာေကာင္ေလးေဘးမွာထိုင္ေနတဲ့သူျမင္လား "
"ေတြ႕တယ္ေလ "
"ေအ အဲေကာင္ရဲ႕လင္ "
"ဘာ..."
"လန့္တာကြာ ဆရာဝန္သိကၡာထိန္း "
"မင္းဟာမျဖစ္နိုင္တာႀကီးကို ဟိုကျဖဴျဖဴအုအုကေလး ငါေဆးထိုးဖို႔တစ္ခ်က္ကေလးရိုက္တာေတာင္လက္ရာထင္ေနလို႔အားေတာင္နာသြားရတာ ဟိုေကာင္ကလည္းၾကည့္ ေျမဆီေတြေတာင္ထခ်င္ေနတာ လားလားမွမအပ္စပ္ဘူး"
"မင္းေစာက္လုံးျမင္လား အဲတာသက္ေသပဲ လင္မဟုတ္ပဲနဲ႕ဘယ္သူငယ္ခ်င္းကမွ အခုလိုမလုပ္ေပးဘူး "
သူျမင္ေနရသည့္ ေကာင္ေလးမွာ နဖူးေလးသပ္တင္ေပးလိုက္ လက္ကိုင္ၿပီးတတြက္တြက္ေျပာလိုက္
"အဲေကာင္ဘယ္ကေနသြားရွာလာတာလဲ မိဘေရာသေဘာတူရဲ႕လား မင္းဟာက ေယာကၤ်ားေလးမဟုတ္တဲ့အတိုင္းပဲ ျဖဴအုခ်က္က "
"မင္းျမန္ျမန္ႂကြလိုက္ေတာ့ ငါ့လူေတြလဲလိုက္ပို႔စရာမလိုဘူး ျပန္ လာတုန္းကလဲတေယာက္တည္း ျပန္ေတာ့လည္းတေယာက္တည္းျပန္ "
"ေအးပါကြာ "
"မင္းမင္းေရ ၾကက္ဥျဖစ္ၿပီလား "
"မျဖစ္တျဖစ္ "
"ဦး အိပ္မေနခ်င္ေတာ့ဘူး အျပင္မွာလုပ္ကူၾကမယ္ေလ "
"ၿပီးေရာ လာ အရမ္းမထနဲ႕ေနာ္ ေခါင္းမူးမယ္ ခမ်ားတြက္Royal D ကဒ္သြားဝယ္ခိုင္းထားတယ္ "
"အင္း "
သူလည္းအျပင္ထြက္လာေတာ့ က်င္းသားေတြနားေနၿပီ ဦးထြန္းက နံပါတ္၁ဒယ္အိုးႀကီးနားစိတ္ပ်က္လက္ပ်က္ က်င္းသားေတြေတာ့မရွိ ကိုမင္းမင္းနားမွာသာဘီလူးကရွိေနသည္
"ဦးထြန္း ဘာလုပ္ေနတာလဲ "
"ဟိုေကာင္ မင္းမင္းေစာင့္ေနတာ ၾကက္ဥခြာမၿပီးေသးလို႔ "
တခါမင္းမင္းစီသြားျပန္ေတာ့ၾကက္ဥအကာေတြက ေကာင္းကင္ကခ်ိဳင့္ခြက္ႀကီးလိုပဲ
"ကိုမင္းမင္းဟန္ကူညီရမလား "
"အသာေနပါကြာ ကူညီခ်င္မင္းလင္လႊတ္လိုက္ "
ဦးကို ကူဖို႔လႊတ္လိုက္ၿပီးၿငိမ္မေနခ်င္တာေၾကာင့္ ဦးထြန္းစီေရာက္သြားၿပီသည္
"ဦးထြန္း အေအးေဖ်ာ္ရအုံးမယ္မလား "
"ေအဟုတ္သားပဲငါေမ့ေနတာ အသီးေတြနဲ႕ေရာမွာ အသီးလဲမခြဲရေသးဘူး ဟိုေကာင္ေတြေခၚလိုက္မယ္ "
"နီၾကား ငလုံး ငဟိန္း ဒီလာခဲ့ "
"ဘာလဲဗ်ာ အခုနမွေခါက္ဆြဲျပဳတ္ထားတာ ဘာခိုင္းမွာလဲေမာင္ "
"အေအးစပ္ရအုံးမယ္ကြ အသီးလည္းလွီးအုံး "
"ဟန္လည္းကူမယ္ေလ "
"အသာေနပါကြာေနာ္ ငါတို႔လုပ္တာပဲထိုင္ၾကည့္ "
ေနာက္ဆုံလက္ေလွ်ာ့လိုက္ရၿပီး နီၾကားကစပ်စ္သီးလွီး ငဟိန္းက ပန္းသီး ငလုံးကဖရဲသီးအသီးသီးလွီးၾကၿပီး အေအးစပ္ရေတာ့သည္
"ငါ့တို႔ေလာပန္းက ဆင္စီးၿပီးစစ္ျမင္းနဲ႕ စစ္ခင္းေစခ်င္ပုံပဲ ဝယ္လာတာက Chang နဲ႕ စစ္ျမင္း ငါေတာ့ျမင္ေယာင္ေသးတယ္ အမူးလြန္ၿပီး ေရအိုင္ထဲျပဳတ္က်မွာ "
"မင္းေစာက္ပူမဟုတ္ဘူး ဝယ္ေပးတာေက်းဇူးတင္ ဒါနဲ႕ေလာပန္းဘယ္သြားတာလဲ ကိုထြန္း "
"ကိတ္သြားယူတာ "
"ကိတ္ ကိတ္ကဘာလုပ္မွာလဲ ေမြးေန႕ရွိလို႔လား "
"လွ်ာမရွည္နဲ႕ "
ေနာက္ဆုံးအေအးလည္းစပ္ၿပီး ၾကက္ဥလည္းခြာၿပီး မာလာရွမ္းေကာအႏွစ္နဲ႕ ၾကက္ဥ ပင္လယ္စာအစုံေရာသမေမႊၿပီး ဦးေအာင္မ်ိဳးျပန္အလာထိုင္ေစာင့္ရသည္
ကလင္ ကလင္ တယ္လီဖုန္းေလးဆက္လိုက္တယ္...သၾကၤန္ေရစိုေနေတာ့ေလ ကိုေလေခၚမရဘူးကြယ္...ကလင္ ကလင္ တယ္လီဖုန္းေလးဆက္လိုက္တယ္... ေပ်ာ္စရာသၾကၤန္မွာ မေပ်ာ္႐ႊင္နိုင္တာသိပ္စိတ္ညစ္တာပဲ...သၾကၤန္မတိုင္ခင္ကိုမွာတာ ေမ့လို႔သြားတာလားမသိတယ္...ဘယ္ေနရာကိုေရာက္ေန အခ်ိန္မွန္တယ္လီဖုန္းဆက္...ယုံၾကည္ပါမလိမ္ညာပါစိတ္ခ်ဖိဳ႕သူေျပာတယ္ ..တေနကုန္ေအာင္ေပၚမလာ ေပ်ာက္လို႔ေကာင္းေနဆဲ...
"ေဟာ ဟိုမွာေရာက္ၿပီ"
"ကဲၿပီးၿပီလား လုပ္ခူးလိုက္ေတာ့အေအးဗုံးအလယ္မွာခ် "
"ေရာ့ ခ်ိစ့္ကိတ္ ငါတို႔တြက္နဲနဲဖယ္ၿပီး ဟိုးဘက္ကဝိုင္းသြားထားလိုက္ "
ကိတ္တျခမ္းႏွင့္ မာလာရွမ္းေကာတစ္ခြက္ အေအးေနာက္ထပ္တစ္ဗုံးကို ေလာပန္းဝိုင္းစီခ်ေပးလိုက္သည္
"ေအာ္ ကင္းေကာင္ ဆိုင္ကယ္ျခင္းထဲRoyal dကဒ္ဝယ္လာတယ္သြားသယ္လိုက္ "
"ေရာ့ဆက္ဟန္ မင္းအတြက္ "
ဟန္အနားေရာက္လာသည့္ မာလာရွမ္းေကာႏွင့္ကိတ္အျခမ္း
"ဟန္မွာမ်ားေနတယ္ နဲနဲယူလိုက္အုံးေလ "
"ရတယ္ဆက္ဟန္ ငါတို႔ေကာင္ေတြကအခ်ိဳမႀကိဳက္ဘူး အခါးပဲႀကိဳက္တာ "
"ဟန္မင္းစားၿပီးရင္ တဲထဲသြားေန မေနခ်င္လဲေအးတဲ့ေနရာမွာေန အပူထဲမထြက္နဲ႕အဖ်ားျပန္ငုတ္မယ္ စားၿပီးရင္ေဆးပါတခါတည္းေသာက္ က်ဳပ္ဒီမွာဘဲအရက္ေသာက္ေနမယ္ "
"အင္း "
ဟန္ကစားၿပီးသည္ႏွင့္သစ္ပင္ေအာက္သြားလိုက္သည္ ေနာက္ေတာ့ငဟိန္းႏွင့္ ငလုံးပါေရာက္လာၿပီးသစ္ပင္ေပၚေရာက္သြားသည္
သၾကၤန္သီခ်င္းကိုပုဒ္ေရမထပ္ဖြင့္ေပးထားၿပီး အရက္ေသာက္သူကေသာက္ ဂိမ္းတိုက္သူကတိုက္ အျပင္ထြက္သူကထြက္ ဦးႏွင့္လူတခ်ိဳ႕ကဖဲရိုက္ေနၾကသည္
"ဦး "
"ေျပာ "
"ဟန္ဖုန္းေရာ "
"က်ဳပ္အိတ္ထဲမွာ ၾကာၾကာမၾကည့္နဲ႕ေနာ္ ေနကေကာင္းတာမဟုတ္ဘူး "
"အဲေလာက္ကေတာ့သိပါတယ္ "
ဟန္ဖုန္းသြားယူၿပီးေတာ့ သစ္ပင္ေအာက္ျပန္ေရာက္လာသည္
"ေဟ့ေရာင္ကင္းေကာင္ မင္းကိုဓာတ္ပုံခိုးရိုက္ေနတယ္3xနဲ႕ "
"ရိုက္ပေစ "
"ကိုယ့္လင္ကိုခိုးရိုက္တာဆန္းသလား "
"ေအးပါကြာ ငါပဲမွားတာေမာင္ "
ေတာင္ ေတာင္.ေတာင္
"ေဟ့ေရာင္ေတြ "
"လင္ခ်စ္ေလး ေပၚလာၿပီ "(မင္းဇင္)
"လိ့လင္ခ်စ္ "
"မင္းဇင္ေျပာတာမဟုတ္လို႔လားေခတ္ "(ယဥ္)
"ကဲအခုကဘာလုပ္ေနတာလဲ ဘယ္မွာလဲ"(ေဝေဝ)
"ငါ သူ႕စီေရာက္ေနတာ "
"ထင္သားပဲ အလုပ္ကေရာဘယ္လိုျဖစ္ "(ေဝေဝ)
"ထြက္လိုက္တာ ငါကအဲဒါမွန္းသိသြားလို႔ ကထိကရိနဲ႕ "
"နင့္လင္သိလာ "(ခန့္ခန့္)
''မသိဘူး သူသိရင္မလြယ္ဘူးဟ "
"ေဟ့ေရာင္ ေခတ္ ငါကိုေခတ္ဆက္သာဟန္နဲ႕စကားေျပာျဖစ္တယ္ "(ေနကို)
"ငါ့အေၾကာင္းလား ဘာေျပာလဲ "
"မဟုတ္ဘူး နင့္လင္အေၾကာင္းေမးတာ ၿပီးေတာ့နင့္ရည္မွန္းခ်က္လမ္းေပၚေရာက္ေအာင္ဆြဲတင္ေပးဖို႔ေျပာတယ္ "
"ဟမ့္ အဲေတာ့ဘာျပန္ေျပာလိုက္လဲ "
"ေခတ္က ကြၽန္ေတာ္တို႔ႀကိဳးဆြဲရာကမဲ့႐ုပ္ေသး႐ုပ္မဟုတ္ဘူး သူ႕မွာကိုယ္ပိုင္ဆုံးျဖတ္ခြင့္ရွိတယ္ ၿပီးေတာ့သူ႕ကိုယ္သူမပိုင္ေတာ့ဘူး နင့္လင္ကပိုင္တာလို႔ေျပာလိုက္တာေပါ့ "(ေနကို)
"ေကာင္းတယ္ ကမ္းေျခမွာကတည္းကသိပ္ေက်နပ္ေနတာမဟုတ္ဘူး "
"ကမ္းေျခမွာဘာျဖစ္ၾကလို႔လဲ "(ေဝေဝ)
"ငါလဲေတြ႕တယ္ ေဆာ္တေပြနဲ႕တင္ထားတာ "(မင္းဇင္)
"ငါေရေဆာ့ေနတယ္ဆိုၿပီး ငါ့လင္လာေမႊသြားတာ "
"ေနပါအုံး ေမႊတယ္မေမႊဘူးဆိုတာနင္ကဘယ္လိုသိတာလဲ "(ယဥ္)
"ငါဆိုင္ဝင္ထိုင္ေတာ့ သူကို႔ေတြ႕လိုက္တယ္ မသကၤာေတာ့မျဖစ္ပါဘူး ဒီတိုင္းေရေဆာ့ေနလိုက္တာ ငါျပန္တက္လာေတာ့ႏွစ္ေယာက္သားေတြ႕ေနၾကတယ္ ငါေမးေတာ့ ငါကိုဂ႐ုစိုက္ဖို႔ဘာတို႔ညာတို႔ပဲေျပာတာ သူတို႔မသိလိုက္တာက သူ႕တို႔ေနာက္ဝိုင္းက ငါ့သူငယ္ခ်င္းဝိုင္းျဖစ္ေနတာ "
"အဲေတာ့ျဖစ္ေၾကာင္းကုန္စဥ္ေျပာျပလိုက္တာလား "(ေနကို)
"အင္း"
"နင့္လင္ကေရာအဲဆို "(မင္းဇင္)
"ငါဖ်ားေနတယ္ "
"နင့္အကိုလူေတြလိုက္ၾကည့္ေနတာလား "(ခန့္ခန့္)
"အင္း"
"ဟူး မင္းတို႔ဟာကလည္းကြာ ျဖစ္စဥ္ေျပာလိုက္ေတာ့ "(ေနကို)
"ငါကမ္းေျခကျပန္လာတုန္း သူ႕လူေတြလိုက္လာတာအေနာက္က အဲဒါနဲ႕ငါလည္း ဦးကိုေကာက္ရင္းသူ႕လူေတြလည္းျပခ်င္လို႔ ေရအၾကာႀကီးခ်ိဳးလိုက္မိတာ ဖ်ားေရာ "
"ေကာင္းတာေပါ့ "(ေဝေဝ)
"လိ့ေကာင္း မေန႕ကဆိုေစာက္ခ်ိဳးေတြကိုခ်က္ခ်င္းေျပာင္းသြားတာ မသိရင္အခုပဲစြန့္လႊတ္ေတာ့မဲ့ပုံံလိုလိုဘာလိုလို "
"အခုေရာလိုက္ေနေသးလား "(မင္းဇင္)
"ဟင့္အင့္မလိုက္ေတာ့ဘူး ငါ့လင္ပုံံကလည္းမေန႕ကလိုမဟုတ္ဘူး "
"ေအးပါ ေအးပါ အဆင္ေျပေနရင္ၿပီးတာပဲ ထပ္ဖ်ားေအာင္ေတာ့မေနနဲ႕ "(ေနကို)
"ဟိုေကာင္ မိုင္ေဒးကပုံဖ်က္စမ္း "(ခန့္ခန့္)
"ဖ်က္စရာလား ငါ့လင္ပုံဒီေလာက္ခ်စ္ဖို႔ေကာင္းတာ "
"မင္းေမခ်စ္စရာေကာင္း ေဖ့ဘုတ္ထဲဝင္တာနဲ႕ထိပ္ဆုံးမွာလည္းရွိေသး မိုင္ေဒးမွာတင္တဲ့ပုံၾကည့္အုံး ေဆးလိပ္နားၾကားညွပ္ မႈန္ကုပ္ေနၿပီး ဖဲရိုက္ေနတဲ့ပုံ "(ခန့္ခန့္)
"မနာလိုျဖစ္ေနတာလား လင္ယူငါ့သား "
"ေခတ္ နင့္ဟိုပုံကဘယ္သူရိုက္ေပးတာလဲ "(ယဥ္)
"ဘယ္ပုံ ''
''နင့္လင္ နင့္ကိုေက်ာပိုးထားတဲ့ပုံ "(ယဥ္)
"ဪငါ့ေယာက္ဖ သူ႕ညီရိုက္ေပးထားတာ "
"ဟန္ ေတာ္ၿပီၾကာေနၿပီ ၾကည့္ေနတာ ယူလာခဲ့ဖုန္း "
"ကဲဟိုေကာင္ေတြ ငါဆင္းၿပီးေနာ္ ၾကာလို႔ေျပာေနၿပီ "
"ဆင္း ေစာက္ျမင္ကပ္လာၿပီတကယ္ "(မင္းဇင္)
........
"ခမ်ားေျပာမွ ယူလာတယ္ေနာ္ ဘယ္ခ်ိန္ထိၾကည့္မလဲထားလိုက္ရမွာ"
"ဦးကလည္း "
"မုန့္စားအုံးမလား သြားယူေပးမယ္ "
"အင္း ကိတ္စားခ်င္တယ္ "
"ခဏေစာင့္ "
"ဘာေၾကးလဲအစီ "
ဦးညီရယ္ ဘီလူးရယ္ အစီရယ္ တျခားတေယာက္ႏွင့္ဦးဝိုင္းက ဦးႏွင့္အစီႏွစ္ေယာက္တည္းက်န္ေတာ့သည္
"က်န္သူေတြေရာ "
"ထြက္သြားၿပီ "
"ေရာ့ဟန္ ေရာ့အေအး အအီေျပေအာင္ "
"လွန္မယ္ ကင္းေကာင္ "
"ေရာ့....ဝိုက္ႁပြ "
"ဟား..ကင္းေကာင္ရာ "
"ဦး ဘာေၾကးလဲ "
"တမင္းခ်က္ ရႈံးတဲ့သူထမင္းခ်က္ရမွာပ"
"ေရး......စားရေတာ့မယ္ကြ "
"ဆက္ဟန္ မင္းကကင္းေကာင္ထက္ကိုေပ်ာ္ေနပါလား "
"ဒါေပါ့ လာကတည္းကေထြးဦးလက္ရာပဲစားရတာေလ အစီလက္ရာအခုစားရေတာ့မွာ ၿပီးေတာ့ဦးမခ်က္ရဘူး ဟန္စားခ်င္တာခ်က္ေကြၽးေနာ္ "
"မေကြၽးဘူး "
ေဖာင္း~
အ့!
ထိုင္ခုံကအျမင့္ျဖစ့တာေၾကာင့္ တခ်က္ကန္တာနဲ႕ေအာက္ေနရာတန္းေနေရာ
"ဘာျဖစ္တာလဲ "
"ေျခ... ေျခႂကြက္တက္လို႔ "
"ခ်က္ေကြၽးေနာ္ "
"ေအး ေအး စားခ်င္တာေျပာ "
"ပဲျပားစာသြပ္ ၊ ငါးနဲ႕နံနံပင္ ၊ ၾကက္သားမြေၾကာ္ ၊ ၾကည္ဥေၾကာ္ၿပီးဟင္းခ်က္ထားတာ ၊ ဝက္ဆလပ္ ၊ ပဲျပားငုံးဥ ၊ ပုဇြန္အစိမ္းသုပ္ "
"မင္းကအစားပုတ္ေလးပဲ "
"အမေလးဆက္ဟန္ ငါ့ႏွယ္ခဏေလးစားေသာက္ဆိုင္ေရာက္သြားလို႔ဝိန္တာ ဆိုင္မွာရွိတဲ့အစားစာလာေျပာျပသလိုပဲ "
"အဲေလာက္ပဲလား "
"ငါလိုးအဲတာေတာင္ေတာ္ေတာ္မ်ားေနၿပီ "
"စားခ်င္ေသးတယ္ ဦးဝယ္ေပး "
"ဘာစားမွာ ညေနက်ရင္ဝယ္ေပးမယ္ "
"ေၾကးအိုး ၊ ကြတ္တီယိုေၾကာ္ေရာ ၊ ပင္လယ္စာဒုတ္ထိုး ၊ ဝက္အသဲ၊ ဝက္ေသြးရယ္ အခ်ဥ္ရည္နဲ႕တို႔စားမယ္ ၊ ရွမ္းေခါက္ဆြဲ ၊ ကိုကိုး "
"ကုန္လား အားလုံး "
"ကုန္တယ္ ဟန္စားခ်င္တာေလေနာ္ ဝယ္ေပးမယ္မလား "
"ဝယ္ေပးမယ္ ခမ်ားကုန္ရင္ ညေနထိေတာ့ေစာင့္"
"အင္း "
"လိုက္လဲလိုက္ပေမာင္ "
"အစီ့ကိုမွာတာေတြမနက္ျဖန္စားမယ္ "
"ေအး"
"ဟိုဦး "
"ဘာစားခ်င္ျပန္တာတုန္း "
"ၿငိဳျငင္တာလား ကိုကိုးေသာက္ခ်င္ေသးလို႔ "
"မရဘူး က်ဳပ္အိတ္ထဲမွာစေတာ္ဘယ္ရီပဲနို႔ရွိတယ္ အဲဒါသြားယူ"
"တကယ္မရဘူးလား "
"မရဘူး "
"စိတ္ပုတ္ "
"အဲဆိုမယူနဲ႕ေတာ့ "
"ယူမွာ "
..........
"က်ဳပ္ဟန္.. ဟန္ေရ.. က်ဳပ္လင္..."
"ဘာတုန္း "
"စကားနားေထာင္ဆို "
"ေရနဲနဲပဲခ်ိဳးမွာ တကိုယ္လုံးေခြၽးနံ႕ႀကီးပဲ "
"က်စ္ၿပီးေရာ မနက္ျဖန္အတက္ေန႕ေနာ္ ဖ်ားလို႔ကေတာ့က်င္းမွာပစ္ခဲ့မွာ တေယာက္တည္း "
"ဟန္ကတိေပးတယ္ အၾကာႀကီးမခ်ိဳးဘူး ခြၽင္းခ်က္က ကိုကိုးတိုက္ "
"မရဘူး ေခ်ာင္းဆိုးမယ္ "
"အဲဆိုအၾကာႀကီးခ်ိဳးမွာ "
"ၿပီးေရာလုပ္ခ်င္သလိုသာလုပ္ေတာ့ ျမန္ျမန္ေတာ့ခ်ိဳးေနာ္ ေဖ်ာ္ေပးထားမယ္ "
"ဟုတ္"
"ဇြတ္လိမၼာ "
.............
"ဦးကဘယ္ေရာက္သြားျပန္တာလဲ "
"ညီးပူဆာထားတာသြားဝယ္ေပးတာေလ ကိုကိုးကျပန္လာမွေဖ်ာ္ေပးမယ္တဲ့ ၿပီးရင္ အခန္းထဲအဝတ္ထားေပးထားတယ္ အဲဒါဝတ္လိုက္တဲ့ အမိန့္ပါးထားတယ္ "
"ကိုကိုစီက အဲလိုေျပာရင္မိန္းမနဲ႕သိပ္တူတယ္သိလား "
"အဝတ္ျမန္ျမန္လဲေခ် ဟိုေကာင္ျပန္ေရာက္ေတာ့မွာ ဆိုင္ကယ္ေမာင္းစေကးက ဘီးကလမ္းမွာက်တာမဟုတ္ဘူး "
"မိန္းမႀကီးက် ပြစိပြစိနဲ႕ "
ဦးထုပ္ေပးထားသည့္ဟူဒီအက်ီႏွင့္ ေဘာင္းဘီအတိုေလး ကိုဝတ္ၿပီးဦးကိုထိုင္ေစာင့္ေနလိုက္သည္ မၾကာပါ...
"ေဟ့ေရာင္ ကင္းေကာင္ ဘာေတြလဲ မ်ားလိုက္တာ"
"ဟန္အတြက္ စားခ်င္တယ္ေျပာလို႔သြားဝယ္ေပးတာ "
"ဟုတ္လို႔လားကြာ မင္းဟာကငါတို႔က်င္းသားအားလုံးစားရင္ေတာင္ေလာက္တယ္ မင္းလင္ကအေသးေလးကို"
"ေလာပန္းေစာင့္ၾကည့္လိုက္ဗ်ာ "
"ဦး "
"အြန္း ခဏေစာင့္သြားထည့္ေပးမယ္ ဘာအရင္စားမလဲ "
"အကုန္လုံးထည့္ေပး "
"တကယ္ေနာ္ "
"အင္း"
သူထည့္ၿပီး စားပြဲေပၚတခုခ်င္းစီလာခ်ေပးလိုက္ထည့္လိုက္ႏွင့္ မသိရင္ဘုရင့္ပြဲေတာ္အုပ္လိုလိုဘာလိုလို
"က်ဳပ္ ကိုကိုးေဖ်ာ္ေပးအုံးမယ္ "
"အင္း ဟြန္းးးေမႊးေနတာပဲ ရွလြတ္ စားခ်င္လာၿပီ "
ကိုကိုးေဖ်ာ္ၿပီးခ်ိန္အားလုံးကဆင္သင့္
*ငါနဲ႕ေလာင္းမလားမင္းမင္း *
*စိန္လိုက္ ဆက္ဟန္ကုန္တယ္ *
*မကုန္ဘူးဆိုရင္ေရာ *
*ဦးရီးႀကိဳက္တဲ့ဆိုင္ကယ္ လက္ညိုးထိုး*
*ok *
ထည့္ထားသည့္အစားအားလုံးကိုဟိုဟာစားလိုက္ဒီဟာစားလိုက္ႏွင့္ အေရွ႕မွာထိုင္ေနသည့္ကင္းေကာင္က ထုံးစံအတိုင္းေမးေထာက္ၿပီးသာၾကည့္ေနသည္
"ဦး စားမလား "
"စားပါ မင္းဝရင္က်ဳပ္ငတ္သလိုပဲ "
"ဘာေျပာတယ္ "
"မင္းဝရင္က်ဳပ္ဝသလိုပဲလို႔ "
30 minutes later
*လာထား ေျပာဘာေပးမွာလဲ *
*မင္းက ဆိုင္ကယ္ပဲေပးတာ ငါလည္းဆိုင္ကယ္ပဲေပးမွာေပါ့ *
*ဆက္ဟန္ေတာ္ေတာ္စားနိုင္တယ္ေနာ္ မသိရင္ဗိုက္ႀကီးလို႔ခ်ဥ္ျခင္းတက္ေနတဲ့အတိုင္းပဲ *
*ဦးရီးရႈံးမဲမဲမေနနဲ႕ ဆိုင္ကယ္မနက္ျဖန္ညေနလိုခ်င္တယ္ အခုေပၚတာေနာ္ ပုံစံကိုViberမွာယူ*
^လိုေနတာ ( vote ) ^
........................................................................
[text_hash] => d007b8de
)
What do you think?