Array
(
[text] =>
မေး1............။ အကိုတို့ နှစ်ယောက်မှာ ဘယ်သူကစချစ်တာလဲ။
ပိုင်စိုးဦး(ကြည်နူးပြုံးဖြင့်) _ ကျုပ်ပေါ့။
ဟန်(မျက်နှာကလေးရဲသွား)
မေး2...........။ အကိုတို့ဘယ်မှာစတွေ့ခဲ့တာလဲ ။
ပိုင်စိုးဦး(မျက်မှုန်ကုပ်သွား)
မေးသူ.........ငါမေးတာမှားသွားလို့လားဟ
ဟန် (အပြုံးလေးဖြင့်) သင်္ကြန်မရောက်ခင် တစ်လလောက်က။
ပိုင်စိုးဦး (မှုန်ကုပ်နေဆဲ) _ တောတန်းမရောက်ခင် သင်္ဃန်းတောမှာတွေ့တာ အဘေးမှာကောင်လေးတစ်ယောက်နဲ့..
မေး3..........။ ဘယ်သူက သဝန်အတိုတက်ဆုံးလဲ ။
ဟန်(ရှက်ဝဲလေးဖြင့်)_ဦးပါ ။ ထစ်ဆို သဝန်တိုနေပြီ။
ပိုင်စိုးဦး (မျက်စောင်းထိုးကာ)_ခများက ချစ်ဖို့ကောင်းအောင်လုပ်နေတာကို ။ ပါးချိုင့်ကြီးပေါ်အောင်လဲ ခဏခဏပြုံးတယ် မောင်မကြိုက်ဘူး ။
မေးသူ..........အမလေးအေ ။ သွေးတက်ချင်လာသလိုပဲ။
မေး4..........ဟန်ကိုဘာလို့သဘောကျတာလဲ ။
ပိုင်စိုးဦး ( မေးသူအားမျက်စောင်းထိုး)
မေးသူ.........ငါဘာမှားသွားပြန်တာလဲ ။
ပိုင်စိုးဦး(မျက်စောင်းထိုးဆဲ) _ ဟန်က ကျုပ်တစ်ယောက်တည်းပဲခေါ်လို့ရတယ်မှတ်ထား ။ သဘောကျစရာအချက်နဲ့မရှိဘူး ။ ဟန်ရဲ့အပြုမူအားလုံးကိုသဘောကျတယ် ။ နောက်ဆုံးဟန်ဖြစ်နေလို့ကိုသဘောကျတယ် ။
မေးသူ..........။ ခေတ်ဆက်သာဟန်ကရော ။
ဟန် (မျက်နှာကလေးရဲနေ ) _ဘာကိုမှဂရုမစိုက်ပဲ လုပ်ချင်တာလုပ်တာလေးကိုသဘောကျတယ် ။
မေး5...........။ သဘောမကျတဲ့အချက်ကရော ။
ပိုင်စိုးဦး (ဟန်အားမေးထောက်ကြည့်နေ)_မရှိဘူး ။
ဟန် (ပြုံးနေ) _မတိုင်ပင်ပဲလုပ်တက်တာကို သဘောမကျဘူး ။
မေး6..........။ စတွေ့တဲ့ချိန် ဘယ်လိုခံစားရလဲ ။
ဟန်(တည်ကြည်လေးနက်သောမျက်ဝန်းဖြင့်) _ ရည်းစားတွေအများကြီးထားခဲ့ဘူးတယ်ဆိုပေမဲ့ ဦးကိုတွေ့လိုက်ရတော့ အရှေ့ကလူတွေနဲ့ ရင်ခုန်ဖူးတဲ့ပုံမတူဘူး ။ စိတ်ပျက်စရာတွေလုပ်ရင်တောင် ဟန်ကြောင့်လို့ပဲယူဆခဲ့တာ ။
ပိုင်စိုးဦး_ ဟန်က ကျုပ်ရဲ့အချစ်ဦး ။ ပထမဆုံးအချစ် ရင်ခုန်သံကိုသေချာအောင်လုပ်ပေးတဲ့မြတ်နိုးရာလေး ။
မေး7..........စိတ်ကိုနွေးထွေးစေသောစကားတစ်ခွန်း။
ဟန်_ မောင်ရှိတယ် ဆိုတဲ့စကားပါဘဲ ။
ပိုင်စိုးဦး _ ဦးကိုချစ်တယ်လို့ ပြောတဲ့အခါ ။
မေး8..........။ အစိတ်ပိုင်းတစ်ခုခုကို သဘောကျတယ်ဆိုရင် အဲဒါဘာဖြစ်မလဲ ။
ပိုင်စိုးဦး _ ညာဘက်ပါးပြင်က ပါးချိုင့်တွင်းလေးကို လက်နဲ့ထိရတာ ကြိုက်တယ် ။
ဟန် _ ဦးနဲ့အတူတူပဲ ။ နှစ်နှစ်ချိုက်ချိုက်ရီလိုက်ရင် မှေးသွားတဲ့မျက်ဝန်းလေးရယ် ပေါ်လာတဲ့ညာဖက်က ပါးချိုင့်ကလေးကို သဘောကျတယ် ။
မေး9..........။ စာဖတ်သူတွေကို ဘာပြောခဲ့ချင်လဲ ။
ပိုင်စိုးဦး _ ကျုပ်တို့ကိုအားကျပြီး တွေ့ကရာအရက်သမားကိုလင်တော်ဖို့မစဥ်းစားပါနဲ့ ။ ဘဝကို သုညကမစပဲ အရက်သမားမြည်းဖို့ အမြည်းရှာပေးနေရမယ် ။
ဟန် _ ဘယ်လိုတွေပြောနေတာလဲ ။
ပိုင်စိုးဦး _ မောင်ကအမှန်တရားပြောတာ ။
မေး10.....။ နောက်ထပ်......။
ပိုင်စိုးဦး _ ကဲ ခများ..အတော်မေးနိုင်တယ်နော် ။ မမေးနဲ့တော့ လေကုန်တယ် ။ ဘာတွေမှန်းကိုမသိဘူး ။
ဟန် (မကြားချင်ယောင်ဆောင်သွား )
မေးသူ.......... ဟုတ်ကဲ့သိပါပြီ ။
~~~
ကဲ~အခုဆိုရင် ၉လ ကျော်ကြာခဲ့တဲ့၉၉ပြားလေးဟာ ပြီးဆုံသွားပါပြီ..စိတ်ရှည်ရှည်နဲ့ ongoing လိုက်ပေးခဲ့တဲ့အသဲလေးတွေကို ကျေးဇူးတင်ပါတယ် ။
အရေးသားက ပထမဆုံးမို့ လိုအပ်တာတွေရှိခဲ့ပါတယ် ။ အမှားတွေလဲရှိခဲ့တယ် ။နောက်ဆုံး စာဖတ်သူတွေနဲတော့ ၉၉ပြားကို ဆက်ရေးဖို့အားတွေမရှိလောက်အောင်ပါဘဲ commentလေးတစ်ခုရတာနဲ့ အားတွေတက်လာပြီး ဇာတ်သိမ်းထိရောက်ခဲ့ရတာပါ ။
ဦးနဲ့ဟန်ကို ချစ်ပေးကြလို့ ကျေးဇူးတင်ပါတယ် ။နောက်ထပ် အပိုင်းတွေမရှိတော့ပါဘူး ၉၉လေးဟာဒီမှာတင်ပြီးဆုံးပါပြီ...
မကြာခင်ficအသစ်နဲ့ ထပ်လာခဲ့ပါ့မယ်ဗျ
*ပုံတစ်ချို့ ရှိပါတယ် လိုင်းရတဲ့အခါ တင်ပေးပါ့မယ်နော်*
[text_hash] => 9ba59c87
)
What do you think?