Chapter 51: Extra 2

Array
(
[text] =>

အား!!!!!!!!

"ခွေးမ "

"ကြွက်စုတ် "

​တိတ်ဆိတ်နေသည့် ခြံဝိုင်းလေးတွင် ကလေးနှစ်ယောက်အသံကကျယ်ကျယ်လောင်လောင်ထွက်လာသည်

"ဒယ့်ဒီ!!!!!!"

"ကြွက်စုတ် တိုင်နဲ့လို့ "

"ခွေးမ တိုင်မှာ "

ဟန့်အားအကျယ်ကြီး အော်ခေါ်ကာ စိုးဆက်ကပြေးလားပြီး အစံကခြေတစ်ဆောင့်ဆောင့်

"ဒယ်ဒီ..အစံလေ ရွှံ့တွေနဲ့ပစ်တယ် သားကိုလည်းကိုက်တယ် "

"ခြူးခေတ်စိုးစံ! လာစမ်း "

"လာဝူး...အစံလာရင်ဒယ်ဒီက ရိုက်မှာ"

" ဖေရေ.."

ဟန်ကရိုက်ရင် ဦးက ကာကွယ်ပေးနေကြမို့ အားကိုးတစ်ကြီးခေါ်လိုက်သော်လည်း ဦးကဒီတစ်ခါတွင်ဆေးလိပ်သောက်မပြတ်

"လာမလား မလာဘူးလား "

ကိုယ်က စကားကြမ်းလာတော့ ခပ်ကုပ်ကုပ်လေးလာပြီး ဦးဘက်သွားရပ်လေသည်

"မောင်ပြောမယ်ဟန် "

"ခြူးခေတ်စိုးစံ ဖေမေးတာဖြေ ကိုကြီးကိုမချစ်ဘူးလား "

"ချစ်တယ်"

"ချစ်တယ်ဆို ကိုကြီးကိုဘာလို့ခဏခဏကိုက်နေတာလဲ "

"ဟင့်...အစံသိဝူး.."

"အစံမကြိုက်ဘူးဆို ကိုကြီးကိုပြောထား အစံမကြိုက်ပါဘူးဆိုပြီး..မဟုတ်ရင် ဒယ်ဒီနဲ့ဖေရှိတယ် လာတိုင် ကိုကြီးက အစံကိုမချစ်တော့ဘူးဆိုရင်ဘယ်လိုလုပ်မလဲ "

"အစံငိုမှာ..အင့်.."

"စိုးဆက် သားလည်းနောက်တစ်ခါ ညမလေးကမကြိုက်ရင်မစနဲ့ "

"အစံက စိုးဆက်ကိုစရင်ရတယ် စိုးဆက်ကနဲနဲလေးစရင်ကို ကိုက်တယ် "

"ဒီတစ်ခါနောက်ဆုံးပဲ ခြူးခေတ်စိုးစံ နောက်တစ်ခါဆိုဖေကိုယ်တိုင်ရိုက်မှာ "

ဦးကသာ ထိုသို့ပြီးသွားသည် ဟန်ကတော့မရ ရိုက်တက်သည်

"ကိုကြီးကိုပြန်ခေါ်လိုက် "

"ဟင့်..ကိုကြီး "

"ဒယ်ဒီ ~စိုးဆက် လေးလေးနဲ့လယ်ထဲသွားအိပ်မယ်နော်.."

ခွင့်တောင်းတာမျိုးမဟုတ်ဘဲ အသိပေးတာဖြစ်ပြီး ခဏကြာတွင် သူ့အဖေလွယ်အိတ်ခပ်ကြီးကြီးတစ်လုံးလွယ်ဆင်းလာတော့ ဦးနှင့်ဟန်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ကြောက်တောင်တောင် အဖြစ်က အိမ်ပေါ်ကနှင်ချလိုက်သလိုလို...

ခြူးခေတ်စိုးစံကလည်း သူခေါ်တာနဲ့အခုလိုထွက်သွားတော့ 'ကိုကြီးက မချစ်ဘူးဆိုပြီး ' မြေပေါ်သို့လှိမ့်ချငိုပြန်သည်

.................

"ပိုင်စိုးဦး "

"ဘုရား "

"အေးကွယ်.. မျက်စိရှေ့ကလေးတောင် လူကြီးတစ်ယောက်ဖြစ်လာပါပေါ့လား "

"တင်ပါ့ဘုရား ဘုန်းဘုရားရော နေကောင်းတယ်မလားဘုရား "

"အသက်ရွယ်ကြီးတော့ အရင်လိုတက်ကြွလို့မရတော့ဘူးကွယ်  ဒါနဲ့အခုရောဘာတွေလုပ်နေသလဲ ကလေးနှစ်ယောက်ကော မင်းယောင်္ကျားကော "

"အလုပ်ကတော့ လယ်ထဲဆင်းပါတယ်ဘုရား

ကလေးနှစ်ယောက်က နွေရာသီကျောင်းပိတ်ထားတော့အိမ်မှာဘဲရှိနေပါတယ်

ဟန်ကတော့ ပွဲတစ်ခုသွားတက်ပါတယ်ဘုရား "

"အေး...ကောင်းတယ်..အခုလိုအေးချမ်းနေကြတော့ စိတ်ချမ်းသာတယ်... အရင်လိုတော့ ပေါ့ပျက်ပျက်မနေနဲ့ပေါ့ အသက်ရွယ်ကြီးပြီး သားသမီးတောင်အရွယ်တွေရောက်လာကြတော့မှာ.. အသက်ကဘယ်လောက်ရှိပြီလဲ"

"တင်ပါ့..နောက်လာမဲ့၈လပိုင်းဆို တပည့်တော် ၂၇ပြည့်ပါပြီဘုရား "

ဝက်ဖုံကျောင်းဆရာတော်က ပိုင်စိုးဦးကို တွေ့ချင်နေပါတယ်ဆိုပြီး အမှာစကားလက်ခံရတာကြောင့် ချက်ချင်းပဲသွားပြီး ဆရာတော်မေးသမျှဖြေနေရသည်

"မတည့်တာ များပါတယ်ဘုရား..."

"အဲဒါမှမောင်နှမကွဲ့...စကားမပြောကြဘူးဆိုပြီးလည်း ဒီတိုင်းမထားနဲ့...ကြီးလာတဲ့ထိ စကားမပြောကြရင်ဒုက္ခကွယ်... ပိုင်စိုးဆက်ဦးက ဘူးဆိုဖရုံမသီးဘူး "

"တပည့်တော်တို့လည်းစောင့်ကြည့်နေပါတယ် ဘုရား "

"ကောင်းတယ်..ကောင်းတယ်.. "

"ဒါဆိုတပည့်တော် ပြန်လိုက်ပါအုံးမယ်ဘုရား "

"ကောင်းပြီ..ဆိုင်ကယ်ဖြေးဖြေးမောင်းရင် လာမဲ့ဘေးရှောင်နိုင်မယ်.. "

"တင်ပါ့ဘုရား "

ဘုန်းကြီးကျောင်းကအပြန် နေ့လယ်ရောက်ဖို့သိပ်မလို..

ရေဦးထိပ်ကိုရောက်တာနဲ့ လယ်ထဲထမင်းလာပို့သည် အပျိုတော်အချောလှ စာရင်းဝင် ရွာသူနှစ်ယောက်

"ကိုပိုင်စိုးဦး "

သူ့နာမည်လည်းခေါ်ရင်း ဆိုင်ကယ်လာသည့်လမ်းပိတ်ရပ်တော့ အရှိန်လျှော့လိုက်ရသည်

"ဘာလုပ်တာ ဆိုင်ကယ်က အပျိုတွေအအိုတွေရှောင်မှာမဟုတ်ဘူး တိုက်ဖြဲပစ်လိုက်မယ် "

"အိုတော် ဆိုင်ကယ်ကလူကတက်မောင်းမှ သွားတာကိုပိုင်စိုးဦးက အရှိန်လျှော့လို့ရတယ်လေ "

"ငါ့ကိုတားတာ ဘာကိစ္စ "

"စကားပြောချင်လို့ "

"ငါနဲ့လား...မင်းတို့နဲ့ငါ့မှာ ပြောစရာမရှိဘူး ဖယ်~"

"အို့...ကိုပိုင်စိုးဦးကလည်း ဒီကရှိတာကို "

အချောလှတွေဖြစ်သည်မို့ တခြားကာလသားတွေသာအရေးပေးချင်ပေးလိမ့်မည် ပိုင်စိုးဦးကတော့ ထိုသို့မဟုတ် ဘယ်ချိန်တွေ့တွေ့ ခမောက်ကြီးမျက်လုံးဖုံးအောင်ထိ ဆောင်းထားတက်သည်

ခမောက်မဆောင်းသည့်အချိန်က သူ့လင်နှင့်ရှိသည့်အချိန် ထိုချိန်တွင်ရော ပိုင်စိုးဦး၏မျက်ဝန်းအားမတွေ့ရ အဘယ်ကြောင့်ဆိုသော်... ခေတ်ဆတ်သာဟန်အား ပြာကျသွားမတက်စိုက်ကြည့်၍သာနေလေသောကြောင့်ဖြစ်သည်

"ပြော~"

"ဘယ်ကလာတာလဲ"

"ငါ့ဘာသာငါဘယ်ကလာလာပေါ့ "

"ကိုပိုင်စိုးဦးကို ကျုပ်အများကြီးပြောစရာရှိတယ် အချိန်ရသလား "

"မအားဘူး... ငါ့သွေးကြောလေးတွေစောင့်နေတယ် "

"ကိုပိုင်စိုးဦး......"

"ကောင်မရယ်.. ညီးအေ..ဟိုကဒီလောက်အကန်တွေပြောနေတာကိုမှ ညီးမာနလေးရှိစမ်းပါ "

"ပြောစရာမရှိတော့ဘူးမလား ငါပြန်မယ်"

"ဘာလို့..သူ့ကိုချစ်တာလဲ..."

စက်နှိုးနေတုန်း ပြောလိုက်သည့်စကားကြောင့် သွေးတွေပြောင်းပြန်လှန်သွားသလိုခံစားလိုက်ရသည်

"ဘာမဟုတ်တဲ့ယောင်္ကျားတစ်ယောက်ကိုမှ အခုထိတွယ်တာနေရတာလဲ ကလေးမွေးပေးခဲ့လို့လား... ဒါရိုင်တာဆိုတဲ့ဂုဏ်ပုဒ်ကြောင့်လား... ဘာလို့သူ့ကိုမှ ချစ်နေရတာလဲ "

တဖက်ကသာ တရစပ်ရေရွတ်သွားပေမဲ့.. နောက်တစ်ယောက်ကပါးစပ်အဟောင်းသား..သူတို့တိုင်ပင်ကြတုန်းက နှုတ်ဆက်ရုံလောက်သာ ပိုင်စိုးဦးကြည့်လိုက်တော့ မျက်ဝန်းသေတွေနဲ့ စိုက်ကြည့်နေလေသည်

ထိုသို့ အကြည့်ခံလိုက်ရတော့တုန်တုန်ယင်ယင်

"အခု အပျိုလေးတစ်ယောက်က အိမ်ထောင်ရှိယောင်္ကျားတစ်ယောက်ကို ပြောတဲ့စကားကနိမ့်ကျလွန်းတယ်ဆိုတာမင်းသိလား...

ငါသူ့ကိုချစ်တာဘာလို့လဲသိလား? ကလေးမွေးပေးခဲ့လို့လဲမဟုတ်ဘူး ဒါရိုင်တာဖြစ်နေလို့လဲမဟုတ်ဘူး ဘာလို့အခုချိန်ထိချစ်နေခဲ့လဲဆိုတော့ ငါတို့နှစ်ယောက်ဒီနေရာထိရောက်အောင်လွယ်လွယ်နဲ့တည်ဆောက်ခဲ့တာမဟုတ်လို့... ပြီးတော့...ငါ့ဟန်နဲ့မင်းမယှဥ်နဲ့...မဟုတ်ဘူး..တရွာလုံးကရှိသမျှ..အပျိုတွေနဲ့ယှဥ်လာရင်တော့ ငါ့ဟန်ကိုမမှီဘူး....

မင်းကအပျိုပါ.... ဘယ်ကာလသားမဆိုယူလို့ရတယ်...ငါလိုအရက်သမား အိမ်ထောင်သည်တစ်ယောက်ကိုတော့ မမျှော်မှန်းနေနဲ့..... နောက်ဆုံး..ငါ့​ပေါင်ပေါ်တက်ထိုင်ရင်တောင်...တက်ချမှာမဟုတ်ဘူး စိတ်မဝင်စားလို့...အမြဲတမ်းမှတ်ထား"

ပိုင်စိုးဦး၏ စကားပြောပုံအားသိနေပေမဲ့ ထိုသို့အပြောခံလိုက်ရသော တဖက်မိန်းကလေးက မျက်နှာကြီးနီရဲကာ တောက်ခေါက်သွားပေမဲ့ အလေးမမူပါ...ထမင်းစားချိန်ရောက်နေပြီမို့ ကလောင်နှစ်ကေးမျှော်နေမယ်ဆိုတာပဲသိသည်

‎~~~

‎"ကျုပ်မလဲ ဒီအတောတွင်းသူကြီးအိမ်ခဏခဏရောက်သလားလို့ "

‎"ဘကြီးဖေ ကြည်းကြည်းရော "

‎"မင်းကြည်းကြည်းက အနောက်မှာ ရှိတယ်အစံလေး "

‎အိမ်မှာထားခဲ့မဲ့သူမရှိတော့ ကလေးနှစ်ယောက်ကို သူကြီးအိမ်ခေါ်လာရသည်

‎"ကလေးတွေခေါ်လာတယ်ဆိုတော့ အိမ်မှာဘယ်သူမှမရှိဘူးလား "

‎"ဟန်ကပြန်မရောက်သေးဘူး ဟိုကောင်ထွေးဦးလဲ လယ်ထဲမှာရေဖျန်းနေရလို့မအားဘူး "

‎"အေးပါ..ဆင်ပြေပါတယ်.. ငါ့မိန်းမကလည်း မျောက်နှစ်ကောင်သတိရနေတာနဲ့အတော်ဖြစ်သွားတာပေါ့ "

‎"ဟေ့ရောင်~ဖြောင်းလ်~"

‎"လိ့ဖြစ်ရိုက်လား အစီ "

‎ဘာကိစ္စမှမပြောရသေးခင် အစီလက်ချက်ဖြင့်နားရင်းအရိုက်ခံလိုက်ရသည်

‎"မင်းက ကိုထွန်းနောက်ပါသွားတာမဟုတ်ဘူးလား "

‎"အေးလေ ငါလည်းတစ်ခါတစ်လေ ရွာကိုလွမ်းတာပေါ့ကွ"

‎"ကဲရောက်ပြီဆိုရင်လည်းထိုင် ငါပြောစရာရှိတယ် "

‎"ကိုအောင်ဖေ ပြောလေ "

‎"အေးကွ ~ရွာသူအပျိုနှစ်ယောက်ကလာတိုင်သွားတယ် လမ်းမှာအရှက်ခွဲလို့တဲ့ "

‎"ဟေ့ရောင်ပိုင်စိုးဦး. အခုမှဇယားရှုပ်နေရသလား "

‎"ဘာမှမသိဘဲ ပြောနေတာရပ်လို့ရမလား အစီ "

‎"......................အဲဒါပဲအစီရ "

‎"ကျုပ်သာ ပိုင်စိုးဦးနေရာမှာဆို လူပျိုလည်းဖြစ်ရင် ခြုံထဲခေါ်တယ် "

‎"ကိုအောင်ဖေ "

‎"ဟေ!!!!!!!! "

‎"ကျုပ်မှာတပ်မက်စရာ ဘာများရှိလို့အခုလို့လဲဗျာ ပြီးတော့ဟန်မရှိဘူးဆိုပြီး စကားနဲ့တောင်ပါးစပ်မသမ်းချင်ဘူး ဟန်ခရီးသွားတာစိတ်ဖြောင့်စေချင်တယ် "

‎"အဲဒါတွေခေါင်းထဲမထည့်နဲ့ အဲလိုဟာတွေကြောင့်ကိုယ်တည်ဆောက်လာတဲ့အရာပြိုယွင်းလို့မရဘူး ငါခေါ်လိုက်ရတာ လာတိုင်တဲ့သူကရှိလို့ ငါကပြန်ပြောတဲ့သဘော "

‎"ဟက်! အပျိုမို့လို့သာပဲ ဒီလောက်ရဲတင်းတာ ယောင်္ကျားလေးတစ်ယောက်ကိုလမ်းမှာတားပြီး အဲလိုစကားပြောနိုင်တာ နဲတဲ့သတ္တိ‎မဟုတ်ဘူး ငါနဲ့သာဆုံလိုက်ချင်တယ် အပျိုရည်ပျက်စေရမယ် "

‎"တော်စမ်းပါကွာ..တခြားသူတွေကြားမှ...ကာလသားတွေလက်ကချောင်းရိုက်ခံရမယ် "

‎"သဘောပြောပြတာ ဒီလိုမိန်းကလေးတွေအများကြီးတွေ့ဖူးလာပြီးသား ငါသာလီးသရမ်းရင် မြန်မာနိုင်ငံအနှံ့ငါ့ကလေးတွေကြီးပဲ."

‎"ဟုတ်လို့လား အစီ ငါကပန်းသေနေတယ်ထင်တာ "

‎"ဗရမ်းဗတာ ကိုအောင်ဖေရာ "

‎"ပိုင်စိုးဦး ဆက်ဟန်ကဘယ်တော့လာမတဲ့လဲ "

‎"တပတ်လောက်ကြာအုံးမယ်ထင်တယ် ဟိုရှိုးတစ်ခုတက်ဖို့ရှိသေးတယ်ဆိုလားမသိဘူး "

‎"မင်းအိမ်ကဘယ်လောက်ပြီးပြီလဲ "

‎"အကြမ်းထည်အကုန်ပြီးသွားပြီ အချောကိုင်ဖို့ကျန်တယ် "

‎မဆုံတာကြာပြီဖြစ်သော လုပ်ဖော်ကိုင်ဖက်နှင့် သူကြီးတို့ယောင်္ကျားလေးတစ်စု အိမ်ရှေ့တွင်စကားတပြောပြော..ဖြင့်အချိန်တွေဟာကုန်မှန်းမသိကုန်လာသည်

‎...................

‎"ဦး~"

‎"ဗျာ "

‎မန္တလေးကနေ ဝန်းသိုကို ညနေပိုင်းတွင်းရောက်လာပြီး ရောက်တာနဲ့လင်ရင်ခွင်ထဲတန်းရောက်သွားသည်

‎ထူးခြားတာက ကောက်ရိုးပုံအနောက်မှာဖြစ်နေသည်မို့ သမီးရည်းစားခိုးချိန်းနေသလို.....

‎"ဟန်လွမ်းနေတာ "

‎"မောင်ရောပဲ ဖြစ်နိုင်ရင်မောင်ပါလိုက်ချင်တာ "

‎"တကယ်လား.."

‎"အင်း..မောင် မင်းဘေးမှာ ထီးပဲမိုးရမိုးရ အအေးပဲကမ်းရကမ်းရမောင်လိုက်မယ်နော် "

‎"ဟန်ရဲ့သက်တော်စောင့်လား.. "

‎"အွန်း~သက်တော်စောင့် မောင့်ကိုဟန်ရဲ့အမျိုးသားဆိုတာတစ်ကမ္ဘာလုံးသိတယ် စွယ်တော်ရွက်မှာတခြမ်းပဲ့တာဟန်တွေ့ဖူးလား မောင်လိုက်မယ်နော်"

‎"လိုက်ပါဗျာ..လိုက်ခဲ့ပါ.. "

‎သူက ဟန်ရဲ့ပေါင်ပေါ်ခေါင်းတင်အိပ်နေပြီး အပေါ်စီးကနေမြင်ရသည့်မေးချွန်ချွန်လေးကို တမေ့တမောငေးမောနေသလို ဆံပင်ထဲဝင်လာသည့်လက်ချောင်းတွေရဲ့လှုပ်ရှားမှု့ကြောင့် စတင်ငိုက်မြည်းလာတော့သည်

‎ကြယ်တွေစုံလင်နေပြီး ထိန်ထိန်သာနေသောလရောင်အောက်၌ အိပ်ပျော်နေသောအမျိုးသားတစ်ဦးကို တခြားအမျိုးသားတစ်ယောက်က စိုက်ကြည့်နေပြီး နှုတ်ခမ်းလှလှတို့က ဆေးလိပ်ကိုဖွာကာ မျက်နှာပြင်ထက်အငွေ့တို့မှုတ်ထုပ်လိုက်သည်

‎ထို့နောက် နှစ်ချိုက်စွာပြုံးလိုက်သောအပြုံးလေးက အငွေ့တွေကြားကထွက်ပေါ်လာသောမျက်နှာအား ကြည့်ရတာသဘောကျ၍ဖြစ်နိုင်သည်

‎သန်းခေါင်ယံအချိန်တွင် တစ်ယောက်သူကနိုးလာပြီး သူ၏သက်လျာလေးအားပွေ့ကာ အိပ်ယာပေါ်တင်ပေးလိုက်ပြီး ရင်ခွင်ထဲသွင်းပြီးနှုတ်ခမ်းအားနမ်းလိုက်တော့ ဆေးလိပ်နံ့လေးကစွဲထင်နေလေသည် 'သိပ်ဆိုးတာပဲ အသက်ရာ '......

‎~~~

‎"စိုးဆက် နေ့လယ်ထမင်းစားဆင်းရင် အစံကိုသွားခေါ်နော်"

‎"သားသိပါတယ် ဒယ်ဒီရ "

‎ကလေးတွေကျောင်းပြန်တက်ရပြီမို့ ကိုယ်က ပြာယာခက်နေပေမဲ့ ကလေးနှစ်ယောက်နှင့် လင်က သူ့ရှေ့တပလ္လင်ခွေလေးထိုင်ကာ သူလုပ်သမျှလိုက်ကြည့်နေလေသည်

‎"ဟုတ်သားပဲ အသက်ရယ် ကလေးတွေကအခုမှကျောင်းတက်ရတာမဟုတ်တာ "

‎"ဟန်ကစိတ်ပူလို့ စိုးဆက်ကျောင်းမှာရန်မဖြစ်ရဘူးနော် ရန်ဖြစ်ရင်ဘာလုပ်ရမလဲသိလား "

‎"ဦးအောင်ဆော်ခဲ့ရမှာပါဒယ်ဒီ "

‎"ပိုင်စိုးဆက်ဦး ဘယ်သူကအဲလိုသင်ပေးထားလဲ "

‎"ဖေဖေလေ "

‎"ဦး! "

‎"မောင်က သားနာလာမှာမမြင်ချင်လို့ အရင်ဆော်ခိုင်းတာ "

‎သူမှန်သည်ဆိုသည့်အထာနှင့် နှစ်ယောက်သားလက်ဖဝါးခြင်းပင်ရိုက်လိုက်သေးသည်

‎"အစံလေးရော ကိုကြီစကားနားထောင်ကြားလား သမီးလည်းရန်မဖြစ်ရဘူး ရန်ဖြစ်ရင်ဘာလုပ်ရမလဲသိလား "

‎"ဦးအောင်ကိုက်ရမှာပါ...အစံမကျေနပ်သေးရင် ကိုကြီးကို ကိုက်တယ်လို့တွေးတဲ့ဖေဖေက "

‎"ဦးပိုင်စိုးဦး "

‎"မောင်အဲလောက်အသက်မကြီးသေးပါဘူးအသက်ရယ် မောင်ကလေ မောင့်ကလေးတွေခံလာရမှာစိုးလို့ စေတနာနဲ့ကို.."

‎ဟန်ကပဲလက်လျှော့လိုက်ရပြီး ဦးကကျောင်းသွားပို့တော့ အိမ်ရဲ့ခြေနေလေးသွားကြည့်ဖို့ထွက်လာလိုက်သည်

‎ဟန်တို့ညားသည့်အချိန်ကတည်းက စိုက်ပျိုးထားသော စံကားဝါပင်လေးကအစီရီ လတ်တလောကမှအိမ်ကို ဦးအကြိုက်အပြာနုကလေးသုတ်ထားပြီး ပရိဘောကအသစ်တွေနှင့်..နေချင်စဖွယ်..

‎လိုအပ်သည့်အရာများကို ကိုဟိန်းနှင့် ကိုလုံးက အိမ်အပြီးထိကူညီပေးပြီး လက်လွှဲထားသည်..ဦးကတော့ လှည့်ကြည့်ဖို့ပင်သတိမရ ...

‎"ထွေးဦး..အဲအပင်တွေကဘာတွေလဲ "

‎"စံပယ်ပန်းပင် ကိုကြီးမှာထားလို့ "

‎"မင်းအကိုက ဖင်ခေါင်းကျယ်တာ နှင်းဆီတွေဒီလောက်ပေါတာစံပယ်ပင်မှတဲ့ "

‎"မဟုတ်ပါဘူးငလုံးရာ..မရီးကနှင်းဆီပန်းအနံ့မကြိုက်လို့တဲ့ စံပယ်ပန်းကြိုက်တယ်ဆိုလို့ ကိုဦး(ပန်းအလှ စိုက်ပျိုးရေး)မှာသွားဝယ်လာတာ ကျုပ်တူမလေးကလည်းကြိုက်တယ် "

‎"ဟုတ်လား "

‎"အင်း~ဒါနဲ့မရီး ကိုကြီးကိုထမင်းသွားမပို့ဘူးလား "

‎"ကလေးနှစ်ယောက်ကို ထမင်းချိုင့်ထည့်ရင်း ဦးတွက်ပါလုပ်ပေးလိုက်တယ် သွားပို့စရာမလိုတော့ဘူးပေါ့ "

‎နေ့လယ်ထမင်းစားချိန်မို့ ပန်းရံသမားတွေနှင့်အတူ သူတို့ပါစုပြီးထိုင်လိုက်သည်

‎"ကိုဟိန်း..ဘာထပ်ဖြည့်ဖို့လိုနေတာလဲ "

‎"မလိုဘူး ရေချိုးခန်းမှာ ကြွေပြားကပ်တာပြီးဖို့နဲနဲပဲလိုတော့တယ် ဪ~ဟိုကောင်မျောက်..နံရံကပ်ဗီဒီုမှာထားတယ်ပြောတယ် အဲဒါညနေရောက်မှာ "

‎"ထည့်စရာပစ္စည်းက စုံနေပြီမလား "

‎"အင်း ~"

‎"ဟေ့ရောင်ငဟိန်းငါပြန်လာမယ်.."

‎"ဘယ်သွားမှာလဲမောင် "

‎"ရွာရှေ့ပိုင်းကို "

‎နာရီဝက်လောက်ကြာတော့ စံပယ်ပင်အများကြီးကိုထမ်း၍ပြန်လာသည် ပုဆိုးကိုစလွယ်သိုင်းလွယ်ကာ ပခုံးထက်စံပယ်ပင်ရုံအမြောက်များ..

‎"ရော့...."

‎"အများကြီးပဲ ဘယ်ကလဲ "

‎"ရွာရှေ့ပိုင်းကသွားတောင်းလာတာ "

‎"ဒီလောက်အများကြီးကို မင်းလိုကောင်ကိုပေးတယ်ပေါ့ "

‎"အဲလောက်တော့ပေးမလား ဟ..ငါတောင်းတာမပေးလို့ရှိသမျှဆွဲနုတ်လာတာ ယူထားလိုက်ဖြစ်လာတဲ့ပြဿနာ ငါရှင်းမယ် "

‎အင်တင်တင်နှင့်လက်ခံလိုက်ရပြီး မကြာပါစံပယ်ရုံပိုင်ရှင်ရောက်လာပြီး ပွဲကြမ်းတော့ သူကြီးအိမ်ရောက်သွားသည်

‎"ဆက်ဟန်ရေ!!!!!!!!....."

‎"အမောတကောနဲ့ ဘာဖြစ်တာလဲမဘုတ်ဆုံ "

‎"အမယ်လေးမောလိုက်တာ ဆက်ဟန်ရယ်.... မင်းသားနဲ့သမီးရယ် ဟိုမျောက်ရယ်သူကြီးအိမ်ရောက်နေတယ် "

‎"ဗျာ"

‎"စိုးဆက်က ကျောင်းသွားတာဆို"

‎"ငါလည်းမသိဘူးဟေ့ အဲဒါသူကြီးကခေါ်ခိုင်းလိုက်လို့ "

‎မဘုတ်ဆုံက ပြောပြီးထွက်သွားတော့မှ နှစ်ယောက်သားသူကြီးအိမ်ချီတက်ကြသည် ရောက်သွားတော့ သူကြီးအိမ်ရှေ့ အစည်းဝေးထိုင်နေသလို လူကတစ်ပုံကြီး

‎"ရောက်လာပြီလား ထိုင် "

‎သူတို့လင်နှစ်ယောက်နှင့် ကလေးနှစ်ယောက်ရယ် ၊ ထွေးဦးနှင့်ငဟိန်းက တဖက် တခြားသူတွေကတစ်ဖက် သူကြီးက စားပွဲခုံအလယ်တွင် ဖြစ်ပြီး အားလုံးနေရာတကျဖြစ်တော့မှ သူကြီးကစပြောလေသည်

‎"ခြူးခေတ်စိုးစံ ဘာဖြစ်တာလဲ ဘကြီးကိုသေချာပြောပြ"

‎"အင့်! အစံကမုန့်သွားဝယ်စားတာ အဲဒီဘွားတော်ကပြောလို့ "

‎ဘွားတော်ဆိုသည့်အခေါ်တွင် မိန်းမခပ်လတ်လတ်တစ်ယောက်က မျက်နှာရှုံ့တွန့်သွားသည်

‎"ဒယ်ဒီကတဲ့..ယောင်္ကျားတွေကိုမြူဆွယ်တယ်တဲ့ ပြီးတော့ဖေဖေကိုလည်း မိမနိုင်ဖမနိုင်တဲ့..အဲလိုပြောတာ

‎အီး...ဟီးးပြီးတော့လေ အစံနဲ့ကိုကြီးက အခြောက်တွေကမွေးလို့ရွံစရာကောင်းတယ်လို့ပြောတယ် အစံ့ကိုလည်းရေနဲ့ပတ်တယ် "

‎"သူပြောတာတကယ်လား"

‎သူကြီးအမေးတွင်ထိမိန်းမကဘာမှမပြောနိုင်..ကိုယ့်နားအားကိုးတစ်ကြီးကပ်လာသော သမီးငယ်ကိုကိုယ်ပေါ်တင်လိုက်သည်နှင့်တပြိုင်နက် လည်ပင်းကိုသိမ်းဖက်လာသည်

‎"ဟုတ်တယ် အဲဘွားတော်က သားညမလေးဆံပင်ကိုဆွဲတယ် "

‎ထိန်းချုပ်ထားသောဒေါသဒီဂရီမှာမိုင်ကုန်ထွက်လာပြီး အဲမိန်းမစီသွားဖို့ပြင်တော့ ဦးကဆွဲထားလေသည်

‎"စိတ်လျှော့အသက်မောင်လုပ်ထားပြီးပြီ "

‎ဦးကပြောနေသော်လည်း တစက်မှကြည့်မရပါ တစ်ခုခုသာလုပ်ပစ်ချင်သည် ကိုယ်တောင်မှရိုက်ချဖို့ခက်ခဲတဲ့တစ်အိမ်လုံးရဲ့အငယ်ဆုံးကို ဆံပင်ဆွဲတယ်ဆိုတော့..ဘယ်လိုမှသည်းခံဖို့အတိုင်တာမှာရှိမနေ

‎"ဟုတ်တယ်ဆက်ဟန် မင်းကပွဲကြည့် ကျန်တာငါတို့တာဝန်ထား.."

‎"ကိုအောင်ဖေဆက်ပြောပါအုံး ကင်းကောင်ကဘယ်လိုပါလာတာ"

‎"ဒီလိုဟေ့ အစံကသူကိုရေနဲ့ပတ်တော့ လက်ကိုကိုက်တာ အဲမှာဟိုကလည်းဆံပင်ဆွဲတာပဲ အဲချိန်စိုးဆက်ကလည်းမြင်တာနဲ့ဖန်ခွက်နဲ့ပစ်ရော အဲမှာအုတ်အော်သောင်းနင်းတွေဖြစ်ကုန်တာပေါ့

‎အဲချိန်မှာ ပိုင်စိုးဦးကလည်းဖြတ်သွားရော ကလေးနှစ်ကိုတွေ့တော့ဝင်ဆော်တာ ပြီး​တော့ကျုပ်အိမ်ကိုတန်းစီရောက်လာကြတာပဲ "

‎"အဲတော့....ဟန်တို့ကဘာလုပ်ပေးရမှာ "

‎"ဒီမိန်းမက ဆေးဖိုးတောင်းနေတယ် ပြီးတော့ပိုင်စိုးဦးတို့ကလဲ အုပ်စုလိုက်ဖြစ်သွားတော့ သူ့တို့ဘက်ကမှားသွားတာပေါ့ "

‎"စိုးဆက် ဖန်ခွက်နဲ့ပစ်တာနဲတာပေါ့ စိုးဆက်နေရာမှာကျုပ်သာဆို ဟော~လိုဆော်မှာ "

‎ကိုဟိန်းမှာ ပါးစပ်ကလည်းပြောရင်း လက်ကလည်းရေနွေးကြမ်းခွက်ကိုယူကာ အဲမိန်းမခေါင်းကိုဂွတ်ခနဲခေါက်ချလိုက်သည်..အားဘယ်လောက်ပြင်းသလဲဆို ရေနွေးကြမ်းခွက်လေးနှစ်ခြမ်းကွဲသွားပြီး ထိုမိန်းမခေါင်းကသွေးတွေစီးကြလာသည်

‎"သူကြီး!! ကျုပ်ကိုထိပ်တုံးကခဏလွှတ်ပေးလို့ရမလား ပြီးရင် ​ပြစ်ဒဏ်ပိုခံမယ် ကျုပ်ဆံပင်ဆွဲပြီးပါးရိုက်ချင်လို့ "

‎"ကျုပ်ရိုက်ထားပြီးပြီ ငလုံး အနဲဆုံးတစ်လလောက်ကဆန်ပြုတ်သောက်ရမှာ "

‎ထိပ်တုံးစာမိနေသောကိုထက်ဝေကလည်း ဆော်ချင်တယ်တကဲကဲ ဦးကတော့သူလုပ်ထားပြီးပြီမို့ငြိမ်၍သာနေလေသည်

‎"မင်းတို့ကိုငါတရားစွဲမယ် "

‎"စွဲလေ ခများအဲလိုခြိမ်းခြောက်တိုင်းသာကြောက်နေရင်ပိုင်စိုးဦးဆိုတာမဖြစ်လာဘူး ၊ ခများမှာလည်းတိုင်ရဲတဲ့သတ္တိရှိရင် ကျုပ်လည်းခံရဲတဲ့သတ္တိရှိတယ်

‎ခများသာ သားသမီးချင်းကိုယ်ချင်းမစာ ကိုယ့်ဒူးလောက်ပဲရှိသေးတဲ့ကလေးကို ဆံပင်ဆွဲတဲ့ခများကို ကျုပ်ကသတ်ပစ်ချင်တာ "

‎"တော်ပါပြီကွာ မင်းအားနဲ့တစ်ချက်ရိုက်တာတောင် ပါးကညိုမဲစွဲနေပြီ "

‎သူကြီး၏အပြောကြောင့်ထိုမိန်းမပါးသေချာကြည့်လိုက်တော့ လက်ငါးချောင်းရာကြီးကညိုမဲစွဲနေပြီ

‎"ဒီမှာ အဒေါ် ကျုပ်တို့ကလေးတွေက ယောင်္ကျားလေးကမွေးတယ်ဆိုပေမဲ့ ရွာထဲကကလေးတွေလို လက်လွှတ်စပယ်ထားပြီးမွေးလာတာမဟုတ်ဘူး

‎ကလေးတစ်ယောက်ကိုလူ့လောကခေါ်ဖို့ ဘယ်လောက်ဒုက္ခခံရလဲ ကလေးမွေးဖူးတဲ့အဒေါ်သိမှာပါ ပြီးတော့အဒေါ်သိလား ကျုပ်ကလေးတွေရဲ့ကိုယ်ပေါ်လက်တင်ရလောက်တဲ့ထိ ကျုပ်ကလေးတွေကဆိုးသွမ်းနေတာမဟုတ်ဘူး ပြီးတော့ဒီမှာကျုပ်တို့စပြီးအခြေကျကတည်းက မကောင်းတာတစ်ခုဖြစ်ဖူးလား ဘာမှမပြောင်းလဲသွားဘူး နောက်တစ်ခါ ကျုပ်ကလေးတွေကို ကိုယ်ထိလက်ရောက်ပြုမူရင် ကျုပ်ယောင်္ကျားနဲ့တင်မပြီးဘဲ ကျုပ်ပါဝင်ပါရလိမ့်မယ် "

‎"ဟက်!..မနိုင်တဲ့သူဆိုတော့စွာတာမှ အခုတော့မပြောနိုင်တော့ဘူးလား "

‎"ဟုတ်ပမောင် စောက်ပါးစပ်က ကော်ကပ်ထားသလိုပဲ "

‎"ဒီကိစ္စကို ကိုအောင်ဖေဘယ်လိုလုပ်ချင်လဲပြောပါ"

‎"ဆေးဖိုး​လျော်ပေးလိုက်စေချင်တယ်ပိုင်စိုးဦး မင်းတို့ကယောင်္ကျားလေးနှစ်ယောက်ဖြစ်နေတော့ ဘယ်လိုလဲ "

‎"ဘာဆေးဖိုးမှမလျော်ပေးနိုင်ဘူးကိုအောင်ဖေ အဲလိုသာလျော်ပေးတိုင်းဆို ဟန့်ကလေးနှစ်ယောက်တွက်ကရော..

‎ဒါပေမဲ့ ဦးကလက်ပါထားတော့ ကြိုက်သလိုစီရင်

‎ဒီမှာအဒေါ် မလျော်ပေးနိုင်ဘူး ​မ​ကျေနပ်ရင် ကြိုက်တဲ့နေရာမှာကြိုက်သလိုတိုင်... တစ်ခုပြောချင်တာ ဦးရိုက်တာနဲသေးတယ် "

‎"ဆက်ဟန်..အမယ်လေး..အခုကပိုင်စိုးဦးကိုမြှောက်နေတာလား "

‎"တကယ်ပြောတာကိုအောင်ဖေ သူများနဲ့ပြိုင်ပြီးရန်မဖြစ်တက်ဘူး ဖြစ်ပြီဆိုရင်ခြေပါလက်ပါဘဲလုပ်တက်လို့ ဒေါသကိုအတော်လေးလျှော့ထားရတာ တစ်စက်မှကျေနပ်သေးတာမဟုတ်ဘူး "

‎"ငါ.. ငါ..ကလေးတွေတွက်ဆေးဖိုးလျော်ပေးပါ့မယ် "

‎"မလိုဘူး.."

‎ဟန်ကသူ့လိုမဟုတ် သွေးအေးသည် သူကသာထစ်ဆိုသွေးပူပြီး လုပ်ချင်တာလုပ်တက်သည် အခုသူ့အရှေ့က ခပ်အေးအေးအနေထားနှင့်ဟန်ကိုကြည့်ကာ သူကြီးဖြစ်သည့်ကိုအောင်ဖေပင် ချွေးစေးပြန်နေပြီး တစ်ခါမှ 'ကျုပ်' ဆိုသည့်အသုံးနှုန်းနှင့်မပြောဖူးလေတော့ အားလုံးကပါးစပ်အဟောင်းသား

‎"ကျုပ်တို့က ဆေးဖိုးမတက်နိုင်တဲ့သူမဟုတ်ဘူး "

‎ပြောလည်းပြောရင်း ထိုမိန်းမရှေ့ဟန်ကရောက်သွားပြီး လက်မြှောက်လိုက်ချိန်တွင် အစီကအဆွဲမြန်လိုက်၍ မရိုက်မိလိုက် ထိုမှသာသူပါအသိဝင်လာပြီး ဟန်အားဆွဲရသည်

‎"ဟန်~စိတ်လျှော့"

‎"ဟုတ်တယ်ဆက်ဟန် ​တော်ကြာတစ်မိသားစုလုံးထိပ်တုံးစာမိတယ်ဆိုပြီး ကျော်မကောင်းကြားမကောင်းဖြစ်ကုန်မယ်"

‎ဖြောင်းလ်!

‎"အစီ!!!!!! ..."

‎ဟန်ကို တရားတော်ဟောရင်း အစီ၏ပါးရိုက်သံကြောင့် သူကြီးအသံမှကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသည်

‎"အစီ မင်းကဘာလို့ရိုက်တာတုန်း "

‎"ကြည့်ရကပ်လို့..ရိုက်ချင်တာမှဝင်လာကတည်းက အခွင့်ရေး​စောင့်နေတာ "

‎"မင်းတို့ကောင်တွေနဲ့တော့ ငါခေါင်းကိုက်တယ်ကွာ "

‎နောက်ဆုံးစကားကြောထပ်ရှည်ရင် ထိုမိန်းမထပ်အရိုက်ခံရမယ် စိုးသဖြင့်..

‎"ကဲ..ပိုင်စိုးဦး.၊ ထွေးဦး ၊ အစီ ၊ငဟိန်း ငါ့ခြောက်ပေါက်ကိုကြွကျ "

‎"နေပါအုံးကိုအောင်ဖေ ထွေးဦးကဘာလို့ပါတာလဲ "

‎"ဒါလား..မင်းလင်က ပါးရိုက်တဲ့ချိန် ထွေးဦးကဒီအမကြီးပြန်မလုပ်ရအောင် အနောက်ကချုပ်ပေးထားတာဟေ့ "

‎ထို့နောက် လေးယောက်သားခြောက်ပေါက်သို့ရောက်ကုန်ကြသည်

‎"ငါတစ်ခါတည်းပြောလိုက်မယ်ဆက်ဟန် ဒီကောင်တွေကိုဘာမှလာမကျွေးရဘူး ဘာမှလဲမတိုက်ရဘူး ငါ့အိမ်ကိုလဲမလာနဲ့ မင်းလာရင် နှစ်ရက်ကနေလေးရက်ဖြစ်သွားမယ် "

‎"ကိုအောင်ဖေ မတရားဘူး ကျုပ်လင်ကျုပ်စီလာတာလည်းအပြစ်လား "

‎"အပြစ်တော့မဟုတ်ဘူး မျက်စိနောက်လို့ မင်းတို့လင်နှစ်ကောင်ကို ငါ့အဖေလက်ထက်ကတည်းက သင်ခန်းစာရထားတာ"

‎............

‎"ဦး"

‎"ဗျာ "

‎"ဟန်လေ ဒီလိုဘဝမျိုးတွေးတောင်မတွေးမိခဲ့ဘူး "

‎အခုဆိုရင် အိမ်လေးကလည်းပြီးစီးလို့ အိမ်သစ်လည်းတက်ပြီးပြီဖြစ်သည် ကလေးနှစ်ယောက်ကတော့ ကိုယ်ပိုင်အခန်းလေးရလို့ပျော်နေကြပြီး ထွေးဦးတွက်ကတစ်ခန်း

‎အားလုံးအိပ်ခန်းကခြောက်ခန်း ပါဝင်လေသည်

‎"မောင်ရောပဲ...မောင့်ဘဝတစ်လျှောက်လုံး အရက်သမားတစ်နေ့လုပ်တစ်နေ့စားနဲ့ ဖြတ်သန်းရတော့မယ်လို့ထင်တာ အခုလိုအိမ်ပိုင် ၊ ယာပိုင် ၊ ခြံပိုင် ၊ နောက်ဆုံးအိမ်ထောင်ရေးထိ မောင်မမျှော်လင့်ခဲ့ဖူးဘူး "

‎"ဘာလို့လဲ "

‎"ဟုတ်တယ်လေ မောင်ကအရက်သမား တစ်နေ့လုပ်မှဝင်ငွေရတာ မောင့်လိုကောင်ကို ဘယ်သူကဘဝကိုပုံပေးမှာ ရတော့ရော ဒီလိုအနေထားထိမရောက်နိုင်ဘူး.. ဒီလိုအခြေနေထိရောက်ခဲ့ရတာက ဟန်ကြောင့်..မောင်ဘဝအဓိပ္ပါယ်ရှိလာတာဟန်ကြောင့်ပဲ "

‎"ကျေးဇူးပါဦး..ဟန်ဘဝတစ်လျှောက်လုံး မပူမပင်မကြောင့်မကြနေနိုင်အောင်ထားပေးလို့.. ကျေးဇူးပါ "

‎"မောင်တို့ကြားမှာကျေးဇူးဆိုတာမလိုပါဘူးဟန်ရာ..ဟန်~မောင့်နောက်လိုက်လာပြီးမှဒုက္ခရောက်မှာကို စိုးရိမ်နေခဲ့ရတာ အခုတော့မောင့်ဆန္ဒတွေပြည့်ခဲ့ပြီ "

‎"ချစ်တယ်ဦး "

‎"မောင်လည်းချစ်တယ် "

‎သူ၏သက်လျာလေးရဲ့ နဖူးပြင်လေးအားအနမ်းခပ်ဖွဖွစွန့်ကြဲလိုက်တော့ ဝိုင်းစက်နေသည့်လမင်းကြီးက ရှက်သွားသလိုနှယ် တိမ်ဆိုင်တစ်ချို့ဖြတ်ပြေးသွားလေသည်

‎~~~~~

‎"အမလေး ကြားလို့မှကောင်းရဲ့လားအရပ်ကတို့ရေ ယောင်္ကျားကိုအရက်သမားလို့ပြောတော့ဆက်ဆက်ခါအောင်နာပြနေတယ်"

‎"ကျုပ်ယောင်္ကျားသူဘာသာသူအရက်သောက်တာ ခများသမီးကိုတက်လုပ်နေလို့လား ကျုပ်ယောင်္ကျားနဲ့ပက်သတ်ပြီး မကောင်းသတင်းတွေဖြန့်လို့ကတော့ ခေတ်ဆက်သာဟန်တို့ကပါးမရွေးဘူးနော်"

‎မနက်စောစီးကြုံတွေ့ရသည့်ပြဿနာက အရက်မူးပြီး သူများအိမ်ရှေ့သီချင်းအော်ဆိုရာကနေစလေသည်

‎"အမလေးအေ..ပိုင်စိုးဦးအကြောင်းသိရဲ့သားနဲ့..သီချင်းဆိုတာလေးကိုရေးကြီးခွင်ကျယ်မလုပ်စမ်းပါနဲ့အေ "

‎"အိုအေ..သူဘာဆိုလဲတော်တို့သိလို့လား "

‎"ဘာဆိုလို့တုန်း "

‎အိမ်နီးချင်းအမျိုးသမီးအုပ်စုတို့ပါ သူတို့လင်နှစ်ယောက်ဖက်ရောက်လာကြသည်

‎"ဘာပါလိမ့်...ဪ.. ရိုးရိုးလေးနဲ့သိပ်လှတယ်..ဘာဆိုလဲမသိတော့ဘူး.."

‎"အိုအေ..အဲလောက်နဲ့ တော့်သမီးကို စောင်းဆိုတာဖြစ်မလား "

‎"ဟီး..ဒေါ်ဒေါ်ကတော်လိုက်တာ"

‎တဖက်အန်တီ၏စကားအဆုံး လက်မောင်းပြေးတွဲကာ ချွဲနေသောပိုင်စိုးဦးကြောင့် ဟန်မှာကြောင်လျက်သား

‎ "သားကလေ သားဘာသာသားသီချင်းဆိုတာသိရား..အဲဒါကိုရန်တွေ့.."

‎"ဦး! "

‎"ဗျာ ~မောင်ကလေ သူ့သမီးကြောင်နာမဟုတ်ပါဝူးနော်..သူ့သမီးကလဲ ဟန်ဟန်လောက်မလှဘူး ..ရှုပ်ဆိုးရယ် "

‎"မင်း!!..."

‎"ကဲမတင်မေ..ရှင်ပဲစိတ်လျှော့..အဲကောင်ကအဲလိုပဲကို "

‎နောက်ဆုံး အားလုံးလက်လျှော့လိုက်ရပြီး ဦးကိုယ်အလေးကြီးအား အိမ်သို့တွဲ၍ပြန်လာရသည်

‎"မနက်စောစီးမူးပြီး ပြန်လာပြန်ပြီ မရီးတို့ကဘာလို့သည်းခံနေလဲနားကိုမလည်နိုင်တော့ဘူး "

‎"ဆိုးလို့ရမှန်းသိလို့ ဆိုးနေတာပါထွေးဦးရာ..မင်းအကိုက ထိန်းမနိုင်လောက်တဲ့ထိဆိုးသွမ်းနေတာမှမဟုတ်တာ "

‎"ဟုတ်ပါပြီဗျာ ကျုပ်ထမင်းဟင်းချက်ခဲ့တယ်မရီး ကျုပ်လယ်ထဲဆင်းတော့မလို့ "

‎"အင်းအင်း~ငဟိန်းကရော "

‎"ဒီနေ့ စပါးသွင်းရမှာ အဲတာသူလိုက်မယ်ထင်တယ် ကလေးနှစ်ယောက်ကို ငလုံးခေါ်သွားတယ် "

‎"ဘယ်ချိန်ပြန်ပို့မတဲ့လဲ "

‎"ညနေ "

‎"အော် အေအေ "

‎"ကျုပ်သွားပြီမရီးရေ "

‎ထွေးဦးထွက်သွားတော့မှ ဦးကိုယ်ကြီးအားမကာ အိပ်ခန်းထဲပို့လိုက်ပြီး လုပ်စရာမရှိတော့သူပါဝင်အိပ်လိုက်သည်

‎အရာအားလုံးအဆင်ပြေလာသည့်နောက်ပိုင်း ဖြတ်သန်းရသည့်နေ့ရက်တိုင်းဟာပျော်ရွှင်စရာတွေကြီးပင်

‎သီတင်းကျွတ်လ​ပြည့်နေ့သို့ရောက်သောအခါ

‎ခြံရှေ့ သစ်ပင်၌မီးကြိုးလေးတွေကို ဦးနှင့်သားက လိုက်ချိတ်နေပြီး ဟန်နှင့်သမီးကထိုင်၍စကားများနေလေသည်

‎"ဟန် ~မီးလာလားလို့တစ်ချက်စမ်းပေး "

‎ဟန်မီးခလုတ်ကိုနှိပ်လိုက်တော့ ရောင်စုံမီးလေးတွေကတလက်လက်...

‎"ဖေဖေ ဥဟိန်းကပြောတယ် ငရဲမီးဆော့ဖို့လာခေါ်မယ်တဲ့ "

‎"အစံရော လိုက်မှာလား "

‎"နိုး..အစံက လေးလေးနဲ့ဦးလုံးနောက်လိုက်မလို့ ဘုန်းကြီးကျောင်းကို "

‎"စောစောသွားကြ နောက်ကျလို့ရှိရင်သူတို့အိမ်မှာအိပ်နေ "

‎"ဦး! ဘာစောစောသွားလဲ မရပါဘူး ၊ နောက်ကျမှလဲပြန်လာလို့မရဘူး "

‎"ဟန်~"

‎မီးတွေဆင်ပြီးပြီမို့ ဟန်ထိုင်နေသည့်အနားသို့သွားကာ ဝင်ထိုင်လိုက်သည်

‎"ကလေးတွေမရှိမှ မောင်တို့ကြည်နူးလို့ရမှာ ကျောင်းဖွင့်တော့လည်း ဟန်ရောမောင်ရောမအားဘူး ၊ စ​နေ-တင်္နဂနွေကျောင်းပိတ်တော့လည်း ဟန်က ကလေးတွေနဲ့ပဲအချိန်ကုန်နေတာ

‎ဘယ်မလဲမောင့်တွက် ကြည်နူးချိန် "

‎တကယ်လည်း ဟုတ်နေတာမို့ ခွင့်ပြုလိုက်သည်

‎မိုးချုပ်စအချိန်ကတည်းကခေါ်သွားပြီး မနက်မှပြန်ပို့မည်မို့ ဟန်တို့တွက်အခွင့်ရေးဖြစ်လေသည်

‎"ဟန်~"

‎သူတို့အခန်းနှင့်ဆက်ထားသော လသာပြင်၌ရပ်နေသော ကျောပြင်လေးကိုပွေ့ဖက်လိုက်တော့ အလိုက်သင့်ကလေးတိုးဝင်လာသည်

‎"လှလိုက်တာ "

‎"အင်း~မီးရောင်စုံတွေနဲ့အတော်ကိုလှတာ "

‎"မောင်ဆိုလိုတာ မီးလုံးတွေကိုမဟုတ်ဘူးဟန် မောင့်ရင်ခွင်ထဲက လူကိုပြောတာ "

‎"ဦး~"

‎ပြွစ်!

‎"ချစ်တယ်အသက် "

‎"ဟန်လည်းချစ်တယ် ဦး "

‎"မောင်စဥ်းစားမိတာရှိတယ် "

‎"ဘာများလဲ "

‎"မောင်အရင်ဘဝကများ မီးအိမ်လှူခဲ့ဖူးသလားလို့ ကံကအကျိုးပေးတယ်ဆိုတာမျိုးလေ "

‎"ဟုတ်လား..ဘယ်လိုအကျိုးပေးတာလဲ "

‎"မောင်လှူလိုက်တဲ့မီးအိမ်ကလေးက အခုဘဝမှာ ဟန်အဖြစ်နဲ့ မောင့်ဆီလွှတ်လိုက်တာ.. "

‎'စကားတွေတက်ပြန်ပြီ'ဆိုပြီး မျက်စောင်းကလေးခဲတော့ ပျော်ကျနေသည့်နှလုံးသားလေးဟာ ကုန်းကောက်စရာမရှိတော့

‎"မောင့်ဘဝကို အလင်းပြပေးတဲ့ မီးအိမ်ရှင် "

‎ပြွစ် !

‎​ခြွေယူဖို့စကားလုံးမထွက်လာအောင် ဆေးလိပ်နံ့သင်းနေသောနှုတ်ခမ်းလေးအား အနမ်းဖြင့်ပိတ်လိုက်တော့ လေပြေးတစ်ချို့ကရှက်ပြေးကာ ဆီးမီးခွက်ကလေးကို ပွတ်တိုက်မိသွားသော်လည်း မီးတောက်ကလေးဟာ ထိန်လင်းနေဆဲဖြစ်သလို ကောင်လေးနှစ်ယောက်၏အနမ်းကြောကလည်း ရှည်လျားနေဆဲပင်ဖြစ်လေသည်....

‎မောင့်မီးအိမ်

‎မီးအိမ်ဆိုတဲ့အတိုင်း မောင့်ဘဝတွက်

‎အလင်းရောင်ယူဆောင်လာပေးသူ

‎ထိုမီးအိမ်ကလေးက

‎မောင့်တွက် ထိန်လင်းပေးနေပါ

သံသရာတစ်ကွေ့ထိ ထိုမီးအိမ်လေး

‎မငြိမ်းစေဖို့..

မောင်ကာကွယ်ပါ့မယ်...

‎~~~~ပြီးပါပြီ~~~~

........................................................................

[text_hash] => 968f2b5f
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...