Array
(
[text] =>
မန္တလေး MCCခန်းမ
၅နှစ်မှတစ်ကြိမ်ကျင်းပပြုလုပ်သော အကယ်ဒမီပေးပွဲ ပုံရိပ်လွှာ
မီးရောင်ထိန်ထိန် ၊ ကော်ဇော်နီပေါ် လျှောက်လှမ်းနေကြသည့် အနုပညာနယ်ပယ်က မင်းသား၊ မင်းသမီးတွေ ၊ ဒါရိုင်တာတွေ...ကင်မရာမီးကတဖြန့်တဖြန့်....
ထိုကော်ဇော်နီပေါ်လျှောက်လှမ်းဖို့ ဖိတ်ကြားခံရသည့်ဧည့်သည်တော်ထဲတွင် ဒါရိုင်တာခေတ်ဆက်သာနှင့်အမျိုးသား တို့ပါဝင်လေသည်
ကော်ဇော်နီပေါ် နှစ်ယောက်သားလက်တွဲ၍ဝင်လာပုံက ပွဲရှိလူအားလုံး၏ အာရုံကိုဖမ်းစားသွားလေသည်
စတိုင်ပန့်အဖြူ လည်ပိတ်ဆွယ်တာအဖြူ အပြင်ကုတ်ကို ရင်တစ်ဝက်ထိရောက်နေပြီး ကောင်းကင်အပြာရောင်လေး ထိုလည်ပိတ်ဖြူလေးတွင် ကျောက်စိမ်းဆွဲကြိုးလေးက တလက်လက် ဆံပင်ကောက်ကောက်တို့ကိုထိပ်နှင့်စုထားပြီး နဘေးဖက်က ပါးထားလေသောကြောင့် လေးထောင့်ကျကျမေးရိုးတို့ကပေါ်လွင်နေပြီး အသားရေညိုညိုပေါ် လိုက်ဖက်နေသည် ရှည်လျားသည့်အရပ်က ပြီးပြည့်စုံသော အမျိုးသားတစ်ဦး၏ပုံရိပ်အသွင်...
နောက်တစ်ယောက်ကမူ
စတိုင်ပန့်အဖြူ လည်ပိတ်ဆွယ်တာအဖြူ အပြင်ထပ်ကို ဝတ်ရုံတစ်ခုလို ပခုံးနှစ်ဖက်တင်ထားပြီး ထိုအစနှစ်ဖက်ကို ရွှေကြိုးလေးနှင့်ဆက်ထားသည် လက်အရှည်ကိုမှ ခွဲထားသေးသလို ထိုဝတ်ရုံက တင်ပါးထိဖုံးအုပ်နေပြီး ကောင်ကင်ပြာရောင်လေးကအသားရေဖြူဖြူလေးပေါ် အရောင်လက်နေသကဲ့သို့ပင်
မျက်လုံးရှေ့ဝဲနေသောဆံပင်တစ်ချို့ကို အနောက်သို့လှန်တင်ထားပြီး သူအမျိုးသား၏လက်မောင်းအား ချိတ်ထားလေသည် သူ၏အမျိုးသားနှင့်ဆို ရင်ခွင်မှီလေးဖြစ်လို့နေသည်
"မောင် ကြောက်နေတယ် "
ဦးဆိုတာ အပျင်းပြေဓာတ်ပုံရိုက်ဖို့တောင် ရတဲ့လူမဟုတ် ဟန်ပူဆာလွန်းမှသာ ဓာတ်ပုံရိုက်ခံသည့်လူမျိုး အခုက ကင်မရာပေါင်းမြောက်များစွာဖြင့်မှတ်တမ်းတင်နေသည်မို့ နေရခက်နေမှာအမှန်
"ထိုင်ခုံရောက်ရင် ရပါပြီ "
ဦးက ကင်မရာနဲ့မျက်စိပေါင်းစုံကိုကြောက်တာ ၊ ဟန်က ဒီပွဲကိုကြောက်တာ အနုပညာနယ်ပယ်က စီနီယာတွေနဲ့တွေ့ဆုံရမှာ ၊ ကိုယ့်LGBTဇာတ်လမ်းတစ်ခုက ဇကာတင်စရင်းဝင်နေတော့ ရင်အခုန်ရဆုံးဖြစ်နေသည်
"ဟန်ကြောက်တယ် "
"မောင့်လက်ကိုင်ထား "
ပေါင်ပေါ်တင်ထားသောလက်ကို လက်ဖဝါးအကြီးကြီးက ဆုပ်ကိုင်ကာ အားပေးရှာသည်
"ဟန်~"
"အင်း~ "
"မောင့်အသက်က ဒီနေ့အရမ်းလှတယ် "
သူ့နားကပ်ပြောလိုက်တော့ မိတ်ကပ်ပါးပါးကလေးပွတ်ထားသော ပါးပြင်ကလေးက ရဲပလောင်းခန့်သွားသည်
"ဒီအချိန်ကြီးမှာ နောက်နိုင်သေးတာလား "
"မနောက်ဘူး မောင်အတည်ပြောတာ မောင့်အသက်ကခါတိုင်းထက်ပိုလှတယ် ပြီးတော့ ဟန်ကြောက်နေတာကိုအာရုံလွှဲပေးတာ "
"နောက်မှဆုချမယ် "
ပွဲစတော့ အကယ်ဒမီရသူတစ်ယောက်ပြီးတစ်ယောက်ယူလိုက် ၊ ကျေးဇူးတင်စကားပြောလိုက် နောက်ဆုံး ဟန်တို့ဇာတ်ကားကိုပြန်လည်ပြသလာသည်
"ဇာတ်ကားငါးကားထဲမှာ ဆုရရှိသူကတော့......."
ကြေငြာသည်ကိုခေတ်တ္တရပ်လိုက်သေးကာ မီးတွေအကုန်ပိတ်ချလိုက်ပြီး ရင်ခုန်အောင်လုပ်လိုက်သေးသည် ဟန်မှာလည်း ဦးရဲ့လက်ကိုဆုပ်ကိုင်ထားကာရင်တစ်ထိပ်ထိပ် ဆုကြေငြာမှုကို နားစွင့်ရင် ခြေဖျားလက်ဖျားပင်အေးစက်လာသည်
" 'ဖော်ကြူးရန်ခက်ခဲသောချစ်ခြင်း' ဇာတ်လမ်းတွဲရဲ့ ပဲ့ကိုင်ရှင် ဒါရိုင်တာကိုခေတ်ဆက်သာဘဲ ဖြစ်ပါတယ်ခမျ "
စင်ပေါ်မှ သရုပ်ဆောင်တစ်ယောက်ကြော်ငြာပေးသည့်နာမည်အဆုံးတွင် ဆလိုက်မီးတွေက ဟန်တို့ရှိသည့်ထိုင်ခုံဘက် ထိုးလာပြီး ကိုယ်ပါမယ်လို့မထင်တာကြောင့် အနားမှာရှိသည့်ဦးကိုဆွဲဖက်လိုက်မိသည်
"ဂုဏ်ယူပါတယ် မောင့်အသက် "
ဦးအသံတွေကပါ တုန်ယင်နေပြီး ကိုယ်ချစ်ရသူထံက ပထမဆုံး ဂုဏ်ပြုစကား ၊ စင်မြင့်ထက်က ကိုယ်ရဲ့နာမည်ခေါ်သံမှာ ခြေမကိုင်မိလက်မကိုင်မိ
သူ့အပိုင်ကို သူအရင်ဂုဏ်ပြုလိုက်ပြီး ဟန်ကအနားမှာရှိသည့် သရုပ်ဆောင် ၊ဒါရိုင်တာတစ်ချို့နှင့်နှုတ်ဆက်လိုက်သည်
"ကိုခေတ်ဆက်သာ စင်မြင့်ပေါ်သို့ကြွရောက်ပေးပါခမျာ "
စင်မြင့်ပေါ်သို့တက်ဖို့ သူကတွဲပို့ပေးသည်
ဟန်က စင်မြင့်ထက်သို့တက်သွားပြီး ကြေငြာသူကိုတစ်စုံတစ်ခု ကပ်ပြောပြီးမကြာလိုက် စင်ပေါ်ကနေတက်လာဖို့လက် ကမ်းပေးတော့ သူ့မှာကြောင်တောင်တောင်..
နောက်တွင် အကယ်ဒမီရွှေရုပ်ကြီးကို အကယ်ဒမီများဆုရှင် စိုးမြတ်သူဇာက ကမ်းပေးမဲ့အလုပ် ဟန်ကသူကို တွန်းပို့လိုက်တော့ ကြေငြာသူက အနောက်ကနေတိုးတိုးလေးကပ်ပြောလာသည် 'အကို့ကိုပဲ ယူခိုင်းစေချင်တာပါတဲ့'
စင်ပေါ်ကအဖြစ်ပျက်ကြောင့် အောက်ကရှိသည့်လူတွေပါ ပါးစပ်ဟောင်းသွားကြသလို ဆုကိုလက်ခံလိုက်ရသည့်ပိုင်စိုးဦးကလည်းတုန်တုန်ယင်ယင် နောက်တော့မှအသိတစ်ချို့ဝင်လာကြကာ လက်ခုတ်ထတီးကြသည်
"ဒါရိုင်တာကိုခေတ်ဆက်သာ အမှာစကားလေးတစ်ချို့ပြောကြားပေးပါဗျ "
အမှာစကားတို့ကျေးဇူးစကားတို့မပြောဘူးလို့ထင်သည် လူကတုန်တုန်ယင်ယင် ဖြစ်နေကာ အမှားပါသွားမှာလဲကြောက်မိသေးသည်
"မကြောက်နဲ့ဟန်.. မောင်ရှိတယ် "
ပူးကပ်လွန်းသည့်အခြေနေမို့ ခပ်တိုးတိုးပြောလိုက်ဦးကြောင့် စိတ်အနဲငယ်သက်သာသွားသလိုခံစားလိုက်ရသည်
"ပထမဆုံး ပြောကြားချင်တာကတော့ ဟန်နာမည်က ခေတ်ဆက်သာဟန်ပါ ၊
ဒီအကယ်ဒမီပေးပွဲကြီးကို တက်ရောက်ဖို့ဖိတ်ကြားခံရတဲ့တွက် အားလုံးကိုကျေးဇူးတင်ပါတယ် ၊ လက်ဦးဆရာဖြစ်တဲ့ ဒါရိုက်တာကြီးဦးဇေဇေမောင်နှင့်တကွ ...
အကောင်းဆုံးသင်ပြပေးခဲ့သော သင်ဆရာ၊ ကြားဆရာ ၊ လက်တွဲခေါ်ပေးတဲ့ကျွန်တော်ရဲ့စီနီယာကြီးတွေ ၊ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျွန်တော်ခေတ်ဆက်သာဟန်က ကျေးဇူးတင်ပါတယ်ခမျာ..
ပြီးတော့ ဒီအခြေနေထိရောက်အောင်ထောက်ပံ့ပေးခဲ့သော ကျွန်တော့အမျိုးသားကို ကျေးဇူးတင်ပါတယ်....... ၊............"
ခေတ်ဆက်သာဟန်က အမှာစကားပြောကြားတော့ အဘေးတွင်ရှိနေသော သူ၏အမျိုးသားကမြတ်နိုးမှုတွေယိုဖိတ်နေသည့်အကြည့်ဖြင့်ကြည့်နေပြီး ပြုံး၍ကြည့်နေလေသည်
တိုက်ရိုက်လွှင့်နေပြီး ထိုလူသားနှစ်ဦးကို အနီးကပ်ဖြင့်အမိရရိုက်ကူးနေလေတော့ ပိုင်စိုးဦးက သူ့အမျိုးသားကိုတစ်စိုက်စိုက်ကြည့်ကာ နေရာယူထားသောပါးချိုင့်တို့က Screen ပေါ်ထင်ထင်ရှားရှားတွေ့မြင်နေရလေသည်
.............
"တနေ့တနေ့ ဦးပိုင်စိုးဦးတို့က ဘာတွေလုပ်နေမှန်းကိုမသိတာ "
အခုဆိုရင် အကယ်ဒမီပေးပွဲပြီးကတည်းက ရိုက်ကူရေးတွေအကုန်နားခဲ့ပြီး ဝန်းသို၌ပင်အိမ်ထောင်ရှင်လုပ်ခဲ့သည်မှာ ၆လပြည့်တော့မည်...
ကလေးတွေကို ကျောင်းပိတ်ကုန်ပြီမို့ အိမ်တွင် ကြွက်သိုက်ဖြစ်လို့နေပြီး အလုပ်ရှုပ်ဆုံးက ပိုင်စိုးဦး ဘာတွေလုပ်နေသည်ကိုမသိရ....
~ပတ်ဝန်းကျင်လက်ညှိးကြားမှာ ပြိုကျပြီးသား သိက္ခာတရား အဲဒီကောင် အရက်သမားတဲ့လေ...နာရတဲ့ဒီအတိတ်ကို ဖိတ်တစ်ဝက် စင်တစ်ဝက် လိုက်ကောက်ရင်းနဲ့ ~ အေ့ ~
ပြောလို့ပင်မဆုံးသေး အရက်သမားသီချင်းလေးတညံညံနှင့် ညီအကိုနှစ်ယောက်
~မနက်မိုးမလင်း ကိုးပုလင်းနဲ့နေ့လည်တန်ပြန် တစ်ဂါလံ ညနေမိုးချုပ်တစ်ဗုံးပြုတ်တယ်~လမ်းမမှားစေရေး ဦးချားတွေပေး ဖက်ကြမ်းတစ်လိမ်ဖွာ ဪအရက်သမားသိက္ခာ ~ အေ့
"ကိုရီးတို့ ရောက်ပြီငြီယေး "
"အေ့! မရီးက ဆောင့်နေတယ် တိုရီးရာ "
"ဟီးဟီ..မင်းကိုကြီးကိုရှစ်ယို့ကွ "
ခြံထဲရောက်သော်လည်း ကွပ်ပစ်ပေါ် နှစ်ယောက်သားဖြစ်သလိုထိုင်နေကာ အာလေးလျှာလေးနှင့်.. ကြည့်ရတာစိတ်မရှည်တော့၍ အနားမှာရှိသော ဇလုံတစ်ခုယူကာမြေပေါ်ပစ်ချလိုက်သည်
ဗမ်း!!
"အမလေး သောက်ဖုတ်..ငါးခြောက် "
"ဟန်နဲ့ငါနဲ့ညား ကလေးဆယ်ယောက်ဖွား "
အခု့ကိုယ်အဖြစ်က ငိုရခက်ရီရခက် နောက်ဆုံးဘယ်လိုမှမရတော့ အနားသွားကာ နားရွက်အားလိမ်ဆွဲလိုက်သည်
အ့!! အ!
"အသက်.. မောင့်..အသက်.. "
"အင်း~ကိုယ့်လင်ကိုတော့မှတ်မိသေးတာပဲ လာခဲ့အခု "
အား~အ့
"မောင်နာရယ်ရော် နိုလိုက်ရဝို့ယား "
အားလေးလျှာလေးဖြစ်နေသလို စကားကပါမပီလေတော့..ကလေးနှစ်ယောက်သာရှိရင် သရော်လိုက်မည့်ဖြစ်ခြင်း...နားးးရွက်အားဆွဲလျက်အတိုင်းလေးပဲ အိမ်ပေါ်သို့ခေါ်လာလိုက်သည်
"အခုထိ မကျေနပ်သေးဘူးလားဦး "
"ဟင့်~မောင်က အဲတာကြီးကိုပြန်~ ပြန်သတိရလာတာကို "
"ဦးကတော့..."
"မောင်မမှားဘူး ဟန်မှားတာ..မောင်သဝန်တိုပါတယ်လို့ပြောထားကို ဒီပါးချိုင့်ကြီးကဘာလို့ပေါ်အောင်ပြုံးပြရတာလဲ "
"ဦးရယ်.. ဒါကဆုယူတာလေ.. တစ်ကမ္ဘာလုံးက ကိုယ့်လုပ်စာထိုင်စားနေသလိုလုပ်နေလို့ရမလား "
အဖြစ်ကဒီလို... အကယ်ဒမီပေးပွဲနေ့ကပုံရိပ်လွှာကို ပြန်လည်ပြသည့်အချိန်တွင်နှစ်ယောက်သား ကြည့်ကြရာ ပါးချိုင့်တွေပေါ်အောင် ပြုံးနေတယ်ဆိုသည့်အကြောင်းပြချက်ဖြင့် မူးလာရင်ရစ်တက်ပြီး ၊ စိတ်ကောက်သည့်အချိန်တွင်လည်း ထိုစကားဖြင့်ရစ်တက်သည်
"မောင်မသိဘူး...မောင်သိတာက ဒီမျက်ဝန်းတွေ၊ ဒီပါးချိုင့် ၊ ဒီနှုတ်ခမ်းတွေက မောင့်အပိုင်မို့လို့ တခြားသူစိတ်နဲ့ပစ်မှားတာကိုတောင်မလိုချင်ဘူး...
ဟန်နဲ့မညားခင်တည်းက ဟန်ပါးချိုင့်ပေါ်အောင်ပြုံးမိတိုင်း...မောင်တစ်ခုခုပြောလိုက်ချင်တာ... ဒါမဲ့မောင့်မှာလုပ်ပိုင်ခွင့်မရှိဘူး...
အခုမင်းကိုမောင်ပိုင်ပြီ....မောင်မြတ်နိုးရတဲ့အရာတွေကိုတခြားသူက တပ်မက်လာမှာ..မောင်မလိုချင်ဘူး...
ပြီးတော့ဟန်သိလား...နဖူးကနေခြေဖဝါးထိ..မောင့်မူပိုင်ပါဆိုပြီး တပ်ပေးထားချင်တာ..မဟုတ်လည်း..မောင်တစ်ယောက်ပဲသိနိုင်မဲ့နေရာမှာထားချင်တာ....
ဟန်နဲ့ပက်သတ်လာပြီး ဟန်ကို့တစ်စုံတစ်ယောက်က ပျက်စီးရာပျက်စီးကြောင်းကြံလာခဲ့ရင် ၊ နှုတ်နဲ့ဖြစ်ဖြစ် ၊ ခြေတွေလက်တွေနဲ့ဖြစ်ဖြစ် ထိခိုက်မိလာရင်..
မောင်အဲလူကို တစ်ခုခုလုပ်မိတဲ့ထိဖြစ်သွားနိုင်တယ်...
မင်းသိလားဟန်..မောင်လေ မင်းနဲ့ပက်သတ်လာရင်..မောင့်စိတ်တွေ ထိန်းချုပ်ဖို့ခက်ခဲလာတယ်... အဲဒါဘာလို့လဲသိလား.. မောင်မြတ်နိုးရတဲ့လူ ၊ မောင်နစ်နေအောင်ချစ်ရတဲ့လူဖြစ်နေလို့ပဲဟန်.... "
"ဦးရယ်..... "
ရင်ခွင်ထဲမှာမှီတွယ်ရင်းကနေ ကုတင်ပေါ်ကဆင်းကာ ကိုယ်ရေးကိုယ်တာဗီဒိုကို သွားဖွင့်နေသည်
"ဒါ..ဒါတွေက.."
ဦးတစ်ခုချင်းယူထုတ်လာသည့်အရာတွေကြောင့်..ဘယ်လိုဖြစ်နိုင်မှာလဲ.. တွေးမိပေမဲ့..မျက်မြင်ကိုယ်တွေ့ဖြစ်နေတော့ ယုံလိုက်ရသည် အဲဒါက ဟန်ရဲ့အသုံးဆောင်တစ်ချို့ရယ် ၊ ဟန်နဲ့ပက်သတ်တဲ့အရာတွေဖြစ်သည်
"ဒီဖိနပ်ကို မှတ်မိလားဟန်...မောင့်ကြောင့်ဖိနပ်ပြတ်သွားတယ်ဆိုပြီး ဟန်ရေချောင်းထဲလွှတ်ပစ်ခဲ့တဲ့ဖိနပ် ...တော်သေးတယ် ရေမရှိလို့ မဟုတ်ရင်... မောင်..ရေစီးအတိုင်းလိုက်ဆယ်မိတော့မလို့ "
"ဘာလို့လဲ.. ဖိနပ်ပြတ်လေးတစ်ရံကိုအခုလို..သိမ်းထားရတာလဲ "
"မောင့်တွက်အမှတ်တရဖြစ်စေလို့... ဒီဖိနပ်အမဲလေးက ဟန်ရဲ့ခြေဖြူဖြူလေးနဲ့အရမ်းလိုက်ဖက်တာ...အဲနေ့က ဖိနပ်ပြတ်လို့..မောင့်ကိုစိတ်ကောက်သွားတဲ့..ပုံကိုမှတ်မိနေသေးတယ်..
ဒါက ဆေးဗူး..ဟန်ခြေထောက်အနာဖြစ်တဲ့အချိန်က..မင်းတွက်ဆိုပြီးမောင်ဝယ်ခဲ့တာ.."
"ဒါဆို ဟန့်စီဘာလို့ရောက်မလာခဲ့တာလဲ.. "
"မောင်ရောက်ခဲ့ပါတယ်...ဟန်အိမ်နားမရောက်ခင်မောင်ပြန်လှည့်ခဲ့တာ...မောင်ပေးလိုက်လို့ ဟန်ယူရင်တော်အုံးမှာ...ဘာလို့လာပေးရတာလဲ မေးလာခဲ့ရင်..အဲတွက်မောင့်မှာအဖြေမရှိဘူး ...
ဒီလက်စွပ်ကိုမှတ်မိလားဟန် "
မှတ်မိတာမှတစ်ဖက်ကမ်းအလွန်..ဟန်တို့မညားခင် သီတင်းကျွတ်ဘုရားဖူးသွားရင်း ဝယ်ခဲ့သည့်ဆင်တူလက်စွပ်နှစ်ကွင်း...
"မောင်ယုန်လေးကို မပေးခဲ့ဘူး...ခဏဆိုပြီးငှားသွားတာ..နောက်နေ့ဟန်အထင်လွဲနေတော့ မောင်ပြန်တောင်းခဲ့တယ်...ပြီးတော့ဒီတစ်ကွင်းက မောင်တို့ ပေါကံကိုမပြေးခင်ညက ဟန်လွှင့်ပစ်လိုက်တဲ့အကွင်းလေ..မောင်တော်တော်လေးရှာလိုက်ရတာနော်.."
ဦးကသာ ပေါ့ပေါးပါးပါးပြောသွားပေမဲ့ နားထောင်နေသူရင်ထဲမွန်းကြပ်လာသည် ဟန်တို့လမ်းမခွဲခင်ထိဘာကိုမှအလေးမထားဘူးလို့ထင်ထားတဲ့သူက အခုကိုယ်နဲ့ပက်သတ်သမျှကို သိမ်းထားသည်ကို သိလိုက်ရတော့ 'ဦးရယ်..' ဟုသာစိတ်ထဲကပြောနိုင်တော့သည့်အခြေနေ
"ဒါက ဟန်မွေးနေ့မှာပေးမယ်ဆိုပြီးလုပ်ထားခဲ့တာ... ဦးသက်ကသိမ်းသွားလို့ မောင့်လိုချင်လို့ဝယ်ထားတာ ဆိုပြီးပြန်တောင်းထားရတာ... "
ဦးပြောသည့်အရာကိုကြည့်လိုက်တော့ အသဲပုံမီးအိမ်လေး မီးလင်းရင် ဓာတ်ပုံ (သို့) ဒိတ်တစ်ခုခုပေါ်နေသည့်အရာလေး..
"မောင်ပြမယ်.. ဦးသက်ကိုကြောက်လို့ မောင်ဓာတ်ခဲတွေဖျက်ဆီးထားတာ နှစ်ကကြာပြီဆိုတော့ရပါတော့မလား မသိဘူး... "
အပြောနဲ့အတူ ၇သုံးလုံးဓာတ်ခဲနှစ်တောင့်ထည့်လိုက်တော့အသဲပုံမှန်လေးမှာ ဟန်ရဲ့မွေးနေ့ဒိတ်နှင့် ဟန်ရဲ့ပုံဖြစ်နေသည်
"ဒီပုံက.."
"ဘုန်းကြီးကျောင်းမှာ အလှူတုန်းက ဟန်ဓာတ်ပုံရိုက်နေတုန်း မောင်ခိုးရိုက်ထားတာ
ဒါတွေက မောင်တောတန်းရောက်ပြီး နှစ်ရက်မြောက်ကတည်းက မောင်ခိုးရိုက်ထားတဲ့ပုံတွေ ဟန်နဲ့မညာခင်အထိပေါ့ "
Album အကြီးကြီးဖြင့် ဟန်ရဲ့ပုံအမြောက်များ ၊ နေရာပေါင်းစုံ ၊ အနေထားမျိုးစုံ ၊ ထူးခြားချက်က ရိုက်ချက်တိုင်းမှာ ဟန်ရဲ့အနောက်ကရိုက်ထားခဲ့တာတွေအဘေးက ရိုက်ထားတဲ့ပုံတွေ ၊ ပုံအမြောက်များပေမဲ့ ရူ့ထောင့်တွေက တစ်ထပ်တည်း...
ကုတင်အောက်ကထိုင်နေပြီး ကုတင်ပေါ်မေးထောက်ကာ သူ့ကိုတစ်စိုက်စိုက်ကြည့်နေသည့် ဦး
"ဦး~"
"ဗျာ ~"
"ဟန့်ကိုအဲလောက်ချစ်လောက်တောင်ချစ်တာလား "
"ချစ်တာပေါ့..."
"ဒါဆိုဘာလို့များ ဖွင့်မပြောခဲ့ရတာလဲ "
"ကြောက်လို့..ဒါပေမဲ့တစ်ခါပြောဖူးတယ် ဟန်မမှတ်မိလို့ "
"ဘယ်တုန်းကလဲ "
"မောင်တို့ပလောက်မှာ အလုပ်လုပ်ရတုန်းက ဟန်နဲ့အပြင်ထွက်တဲ့နေ့မှာ မောင်ပြောဖူးတယ် "
"ဟင့်~ဟန်မမှတ်မိတော့ဘူး"
"မှတ်မိဖို့မလိုပါဘူး... လာမဲ့ချိန်တွေမှာ မှတ်မိနေအောင်မောင်ပြောပေးပါ့မယ်...ဟန်တစ်ခုတော့မှတ်ထားပေး မောင်က မင်းကိုဖွင့်မပြောခဲ့ပေမဲ့ မင်းကို အဲချိန်ကတည်းက ချစ်နေခဲ့တယ်ဆိုတာကိုပေါ့ "
"ဟန်..ဟန်..ဘာပြောရမလဲမသိတော့ဘူး.."
"ဟား..ဟာလ်..ဘားးးဖြစ်ဘူး...အဲတာတွေဟန့်ကိုသိစေချင်လို့ ပြောပြောတာ ပြန်ပြောစရာမလိုဘူး "
စကားဆုံးတွင် ရင်ခွင်ထဲထည့်လိုက်သော့ဦးကြောင့်အလိုက်သင့်ကလေး မှီတွယ်လိုက်ပြီး ကိစ္စတစ်ခုကခေါင်းထဲရောက်လာပြန်သည်
"နေစမ်းပါအုံး..ဦးက လူမှန်းမသိအောင်မူးနေတာမဟုတ်ဘူးလား"
"တော်သေးတာပေါ့ မေးဖို့သတိရလို့ မဟုတ်ရင်မောင်ပြောပြမလို့တောင်လုပ်နေပြီ.. တကယ်တော့မောင်အဲလောက်မမူးသေးဘူး သိတယ်မလား အရက်ပရိုလေ.. "
ဖတ်!
"မောင်နာတယ်... "
"ဒါဆိုဘာလို့ တစ်လမ်းလုံးသီချင်တွေအော်ဆိုလာသလဲ "
"အဲဒါဟိုကောင်ကဆိုတော့ မောင့်သွေးကြောတွေရွတက်လာလို့ မောင်ပါဝင်ဆိုတာ.. ဒီနေ့မောင်ဘာလို့ဒီလောက်ထိသောက်လာလဲ ဟန်သိလား "
"ဘာလို့လဲ "
"ဟန့်ကိုချစ်လို့ "
ဖတ်!
"မင်းနော်..ခဏခဏရိုက်နေတာပဲ.. ရော့ဒီမှာ "
ဟန်လက်ထဲ ထည့်ပေးလာသည့် ဘတ်အိတ်အမဲလေး ကိုဖွင့်ကြည့်လိုက်တော့ ပိုက်ဆံအမြောက်များ
"ဒါတွေက "
"ဒီနေ့ မောင် စပါးတွေရော ၊ ပဲတွေရော ဒိုင်ကိုသွားသွင်းလိုက်တာ ၃၅၀ရလာတယ် "
"ဟုတ်လို့လားဦးရယ်ဒီလောက်များတာ "
"အဟုတ်ပမောင်..အဲ၃၅၀က အလုပ်သမားခ ၊ စက်ခ ၊ ကားခ ၊ အရင်းတွေအကုန်နှုတ်ပြီးသား ဒါတောင် ခြံထဲကထွက်တဲ့နှစ်ပဲခြောက်ပြားဖိုးနဲ့ အတိုးချထားတာတွေမရှိသေးဘူး "
"ဟန်တို့လေ ဒီအိမ်ကြီးကိုပြန်ပြုပြင်ဆောက်ကြမလား ဒါကြီးကနှစ်ကြာတော့ ပြိုနေပြီ သားနဲ့သမီးကလည်းမကြာခင်အရွယ်လေးကရလာတော့ အခန်းပိုင်လေးရှိမှ.. "
"မောင်စဥ်းစားမိပါတယ်.. ဒါပေမဲ့ဒီအိမ်ကြီးကိုမစွန့်ခွာနိုင်ဘူး "
"ဦးကလည်း တခြားနေရာမှပြောင်းဆောက်မှာမှမဟုတ်တာ ဒီအိမ်ကြီးကိုပဲ တိုက်ပုကလေးလုပ်ကြရအောင် "
"ဟန့်သဘော.. ဟန်စိတ်ကြိုက်လုပ်..တစ်ခုခုလိုရင်တော့မောင့်ကိုပြော.."
"အင်းဟုတ်ပြီ "
..................
"ဟေ့ရောင် ဒီနေ့ စိုက်ခင်းကအကြွေးသွားတောင်းမလားလို့ "
"သွားတောင်းပေါ့... ခြံထွက်သီးနှံကျတော့လတ်လတ်ဆတ်ဆတ်လိုချင်တယ် စောင့်ဆိုလည်းစောင့်ပေးမယ် နေ့ချင်းမပေးနိုင်တဲ့ထိ ၊ နှစ်ပတ်ပေါ့အလွန်ဆုံး ပိုင်စိုးဦးတို့ကဘာမှမပြောလို့မထီလေးစားလုပ်တာ "
"အေးပါကွာ ခြံကအသီးနှံတွေ အကြွေးနဲ့ယူသွားတဲ့လူတွေကိုငါစာရင်းသေချာမှတ်ထားတယ် မပူနဲ့ "
ကျောင်းပိတ်ရက်နွေရာသီဆိုတော့ ဟန်နှင့် အစံက အိမ်တွင်ကျန်ခဲ့ပြီး စိုးဆက်နှင့်သူက ခြံထဲသို့ရောက်လာကြသည်
"ကင်းကောင် မင်းသားကငါနဲ့လိုက်မလို့တဲ့ "
"မလိုက်နဲ့စိုးဆက် နေပူတယ် "
ပိုင်စိုးဆက်ဦးက တစ်ခါပြောလို့မရရင်နောက်တစ်ခါပြောတဲ့သူမဟုတ်တော့ သူ့ဘာသာသူ အပင်အောက်သွားကစားနေလေသည်
"ဒယ်ဒီ.. မြေပဲထည့်ပေးလို့မရဘူးလားဟင် "
"ရတာပေါ့ ဒါပေမဲ့အစံ့ရဲ့ကိုကြီးက မြေပဲနဲ့မတည့်ဘူးသမီးရဲ့ "
"ဟင့် ~အဲဲဆို အစံမြေပဲနဲ့မစားတော့ဘူးနော် "
"နောက်တစ်ခါကျရင် ဒယ်ဒီလုပ်ကျွေးမယ်..ကြားလား.. "
"ဟုတ် "
ထိုစဥ် အိမ်ပေါ်သို့ဦးနှင့်သားကရောက်လာသည်
ရွှတ်!
"ကလေးတွေနဲ့ကိုဘယ်လိုဖြစ်နေတာလဲ "
"ဒယ်ဒီကလည်းနော်..ဒါမျိုးတွေက စိုးဆက်တို့အမြဲမြင်နေရတာ ရိုး..ဟိုး..နေပြီ "
"ကိုကြီးမှန်တယ် "
ပြောသမားကပြော ထောက်ခံသူကထောက်ခံ တရားခံကစပ်ဖြီးဖြီးနှင့် မျက်စောင်းသာထိုးပေးထားလိမ့်သည်
"အယ့်လယ်.. ဒီမျက်စောင်းလေးကြောင့် မောင်စပြီးရင်ခုန်ခဲ့ရတာပါဟန်ရာ "
"တော်..တော်..အမြဲတမ်းပြောနေတာ နားရည်ဝနေပြီး အိမ်ကိစ္စပြောတာဆင်ပြေခဲ့လား "
"ပြေတယ်ဟန်ရဲ့ မောင်ပစ္စည်းတွေတောင်မှာခဲ့ပြီးပြီ ပန်းရံသမားတွေပါရှာပေးထားတယ် လူများလေကောင်းလေလို့ပြောခဲ့သေးတယ် "
"တော်တယ် "
"ဒါပေါ့..ဘယ်သူမို့လို့..ခေတ်ဆက်သာဟန်ရဲ့ယောင်္ကျား ပိုင်စိုးဦးပါ..မပိုင်ရင်ခြင်တောင်မရိုက်ဘူး.."
"ဟုတ်ပါပြီ..ထမင်းစားတော့မလား.."
"ဘာတွေချက်ထားတာလဲ "
"ကြက်ဟင်းခါးသီးကို ဝက်သားနဲ့ချက်ထားတယ် ပြီးတော့ခရမ်းသီးကိုမီးဖုတ်ပြီး ကြော်ပေးထားတယ် "
"မောင်မစားတော့ဘူးနော်..ဟန် "
"စိုးဆက်လဲမစားတော့ဘူးနော်ဒယ်ဒီ "
ကြက်ဟင်းခါးသီးဆိုတာရှုံ့တွန့်သွားတဲ့မျက်နှာတွေက အခုနမှိုရထားတဲ့မျက်နှာတွေနဲ့လားလားမျှမဆိုင်
"ဘာလို့လဲ သေချာလေးချက်ပေးထားတာကို "
"ခါးတယ် အသက်ရဲ့ "
"ဖေပြောတာမှန်တယ် "
"အောင်မာ~အရက်သောက်တုန်းကချိုသလား "
"မတူဘူး အရက်သောက်တာကပါးစပ်ပဲအခါးရသာနဲ့ဝင်သွားတာ လည်ချောင်းထဲဆင်းသွားရင်ပူနွေးနွေးကလေး ကြက်ဟင်းခါးသီးက လည်ချောင်းထဲရောက်တဲ့ထိကိုခါးတာ လျှာမှာပါစွဲကျန်ခဲ့တာ နော်..စိုးဆက်..ဖေပြောတာမှန်တယ်မလား "
"မှန်တယ်ဖေ "
အတိုင်ဖောက်ညီနေသော သားအဖနှစ်ယောက်ကိုခေါင်းခါရုံမှအပမတက်နိုင်
"တကယ်မစားဘူးလား "
"မစားဘူး "
"ပြီးရော "
သူတို့မစားရတော့ဘူးဆို၍ မျက်နှာတွေကပြုံးလာပေမဲ့မပြုံးနိုင်သူကတစ်ယောက်ရှိတယ် အဲဒါက...
"အင့်! ဟာ~ကိုကြီးကိုစားစေချင်လို့ ဒယ်ဒီက မြေပဲကိုမထည့်ဘူး ဟင့်အခုတော့အစံငတ်ပြီ... "
"ကိုကြီးမှ မစားရသေးတာအစံရာ ငတ်စရာလား "
"သိဘူး အစံဖြင့်အဲလိုကြီးမကြိုက်တာ အစံကြိုက်တာမြေပဲလေးနဲ့ အခုတော့အစံငတ်ပြီ စားမလားမစားဘူးလားပြော "
"မစားဘူး "
"ကောင်းတယ် မစားနဲ့ "
အား!!!!!!
ရုတ်တရက်ဆိုသလိုသတိလွတ်သွားကြတော့ ဆွဲဖို့မမှီလိုက် သူစားချင်တာမစားပဲ ကိုကြီးတွက်ဆိုပြီးလုပ်ထားကာမှ ဟိုကလည်းမစားတော့ လက်ကိုဖမ်းကိုက်တော့သည်
"သမီး "
"ခြူးခေတ်စိုးစံ!!!!! "
ဟန်အော်တော့မှ လွှတ်ပေးကာ စိုးဆက်၏လက်တွင်သွားရာအကွင်းလိုက်
"ခွေးမ.. မချစ်တော့ဘူး... လာမခေါ်နဲ့ "
"ပိုင်စိုးဆက်ဦး "
"ဦး~သားကို ဆေးခန်းသွားပြလိုက်.. အနာကသွေးဆို့နေပြီ "
"ကလေးကို မရိုက်နဲ့နော်ဟန် စကားနဲ့ဆုံးမ "
"သိပါတယ်..သွားမှာသာသွား ဆိုင်ကယ်လဲဖြေးဖြေးမောင်နော် "
"ဟုတ်ကဲ့ပါဗျ~"
ဦးထွက်သွားတော့မှ ခြူးခေတ်စိုးစံဘက်မျက်နှာမူလိုက်တော့ အမှားလုပ်ထားမှန်းသိ၍ ငိုမဲ့မဲ့ကလေးဖြစ်လို့နေသည်
"အစံ အကို့ကိုဘာလို့အဲလိုလုပ်တာလဲ "
"သူမှ မစားတာ အစံမြေပဲနဲ့စားချင်တာမှ မချက်ပဲ ကိုကြီးတွက်လုပ်ပေးထားတာ သူကစေတနာစော်ကားတယ် အဲကြောင့်အစံ ကိုက်ပစ်လိုက်တာ "
"ဒါဆို ဒယ်ဒီမေးမယ် အစံမစားချင်တာကို ကိုကြီးကကျွေးရင် အစံစားမှာလား"
"မစားဘူး အတင်းကျွေးရင်ကိုက်ပစ်မှာ "
"ခြူးခေတ်စိုးစံ!!!!!!! "
ကိုက်မယ်ဆိုတာပဲ တကဲကဲလုပ်နေတော့ တံခါးထောင့်တွင်ထောင်ထားသော ကြိမ်သေးသေးလေးကိုယူထုပ်လိုက်တော့ ငိုမဲ့မဲ့ဖြစ်ရာကနေ အာပြဲကြီးဖြင့်ကိုချတော့သည်
"ဘာလို့ငိုနေတာလဲ "
"ဒယ်ဒီက အစံ့ကိုရိုက်တော့မှာယေရို့... ဖေဖေပြောခဲ့တယ်နော် စကားနဲ့ဆုံးမတဲ့..အစံကိုရိုက်ရင်ဖေနဲ့တိုင်မှာ "
ဒီမလွယ်ကြောလေးကြောင့် ရီချင်ပါသော်လည်းမျက်နှာပိုးသတ်ထားရကာ ခပ်တည်တည်ပိတ်ဟောက်ရသေးသည်
"မင်းအဖေကို ကြောက်မယ်ထင်လား "
..............
"ငဟိန်း "
"ဥ...ဥ..ဟိန်းရေ"
ပိုင်စိုးဦးတို့သားဖအသံကြောင့် ပြင်လက်စထမင်းဝိုင်းလေးကို ထားခဲ့ကာအပြင်ထွက်လာလိုက်ရသည်
"ဘာလဲ ကင်းကောင် စိုးဆက်ကဘာဖြစ်တာ "
"ဟီး..ဟီ...အိမ်ကခွေးမကိုက်လိုက်လို့ "
ဖြောင်းလ်~
"ဟ့! ငါ့လိ့ဖြစ်လာရိုက်လား "
"မင်းကိုငါဘယ်နှခါပြောရမှာလဲမောင် အိမ်မှာခွေးမမွေးပါနဲ့ဆိုတာကို အခုတော့ခွေးကိုက်ပြီမလား "
"ငါဖြတ်ရိုက်လိုက်ရတော့ သေတော့မယ် ဘုမသိကိုးမသိကောင် အစံကိုက်လိုက်တာ "
စကားဆုံးတွင် ငဟိန်းက မျက်လုံးပြူးလာသည်
"အဲတော့ ဆေးခန်းသွားပြတာလား "
"အင်း ဒါနဲ့မင်းအိမ်မှာဘာချက်လဲမောင် ဗိုက်ဆာတယ် "
"ကြက်ဟင်းခါးသီး "
"လာနောက်နေတာလား "
"တခြားမယ်တွေမလုပ်ထားဘူး ချက်ရတာပျင်းလို့ စားချင်ခူးစား "
"အာ~တော်..တော်ပါပြီ..ခဏပဲဆိုပြီးထွက်လာတာ ငါ့လင်စိတ်ပူနေလိမ့်မယ်.. သွားပြီနော်"
သူ့အနားပြန်ရောက်နေသော သားကိုကောက်ချီကာ တစ်ချိုးတည်းလစ်တော့သည်
"စားချင်စား ဒယ်ဒီ့လက်ရာလေးကို အမုန်းကြိတ်မှာပေါ့ နော်ဖေဖေ "
"ဒါပေါ့ကွ "
ထို့နေ့တွင် သားဖနှစ်ယောက် ဟန်ရဲ့ ကြက်ဟင်းခါးသီးကြော်ဖြင့် အဝတွယ်လိုက်ရသည်
...............
သူကြီး ကိုအောင်ဖေအိမ်တွင်ဖြစ်လေသည်
သူကြီးလင်မယား ၊ ပိုင်စိုးဦးတို့လင်လင် ၊ နောက်လိုက်နှစ်ကောင်
"ကိုအောင်ဖေ ကျုပ်တို့ခေါ်တာဘာကိစ္စလဲ"
ပိုင်စိုးဦးကအရင်ဆော်ဩလိုက်တော့ သူကြီးကရေနွေးခွက်ကို ချကာ ချောင်းတချက်ဟန့်လိုက်သေးသည်
"ကိုအောင်ဖေရာ သူကြီးဖြစ်တာရှေးနှစ်ကမှ ရှိုးအရမ်းထုတ်တာပဲ ပြောစရာရှိတာမပြောဘူး တခြားသူတွေလဲရှိတာမဟုတ်ဘူး ပြောစရာရှိတာပြောဗျာ "
"အေးပါကွာ..ငါပြောမှာက မင်းညီပိုင်ထွေးဦးကိစ္စပဲ...တကယ်တမ်းပြောရမယ်ဆို..ဝက်ဖုံကမင်းအဖေနဲ့အမေကို ပြောပြရမှာ..ဒါပေမဲ့ မင်းတို့ကအခုသူ့အုပ်ထိန်းသူလိုဖြစ်နေတော့ မင်းတို့ကိုငါခေါ်လိုက်တာ
မင်းညီက သန်းဇော်ကိုတောင်းတာက နောက်ကွယ်မှာကိစ္စအကြီးကြီးတစ်ခုရှိတယ် "
"ဘာများလဲကိုအောင်ဖေ "
"ဒီလိုဆက်ဟန်ရေ.... ရှေ့နှစ်လ ရွာမြောက်ပိုင်းမှာဖဲဝိုင်းတစ်ခုရှိတယ်... အဲမှာမင်းညီကအချီကြီးကိုရှုံးတာ သန်းဇော်ရော.. ဝိုင်းအားလုံးကိုသိမ်းထားတာက သန်းဇော်ယောက်ဖ ငမိုး... ဖဲဝိုင်းထုံးစံတိုင်း ငမိုးကနိုင်ပြီဆိုတော့ပွဲဖျက်တာပေါ့..
အဲမှာ ငမိုးယောက်ဖ သန်းဇော်နဲ့ စကားများကြတယ်.. ဖြစ်ပုံကလည်း..ထွေးဦးက ဓားမြှောင်ခါးကြားထိုးထားတာ.... ထွေးဦးကလည်းသန်းဇော်ရဲ့နဘေးမှာဆိုတော့ ထိုးကြသတ်ကြရင်း ထွေးဦးဓားမြှောင်နဲ့ သန်းဇော်က ငမိုးကိုထိုးလိုက်တာပွဲချင်းပြီး...
အဲမှာသန်းဇော်ရဲ့အကွက်ဖြစ်သွားတာပေါ့... ဖဲဝိုင်းက တိုင်ရင်လည်း အကုန်ထောင်ကျမှာ မင်းညီကလည်းသန်းဇော်ကို ဖဲကြွေးဆပ်ရမယ်... ပြီးတော့လူသတ်ပါတယ်ဆိုပြီးချောက်ချတာကွ... တခြားကောင်တွေကလည်း ဟိုကောင်သန်းဇော်လူတွေ.. "
"ဖဲကြွေးကထားပါတော့ လူသတ်တာဘယ်လိုဖြစ်နိုင်မှာလဲ "
"အင်း ~တကယ်က ဒီလို...သန်းဇော်က ထွေးဦးစီက ဓားကိုယူတဲ့ချိန် ထွေးဦးက မြင်ပြီး တားတာ နှစ်ယောက်သားလုကြရင်းနဲ့ အလယ်ကဖြစ်နေတဲ့ ငမိုးကိုထိုးမိတော့တာပဲ... ဟိုကောင်ကလျှင်တယ်.. မင်းညီက ထိုးမိပြီဆိုတော့ ကြောက်လန့်ပြီး.ဓားကိုင်လျက်ဖြစ်နေတာ အကုန်မြင်လိုက်တာက ထွေးဦးကဓားနဲ့ထိုးသလိုဖြစ်သွားတာပ.. "
"ကိုအောင်ဖေကဘယ်လိုသိတာလဲ "
"သန်းဇော်နဲ့ ကောင်တစ်ကောင်ကအရက်မူးပြီးထိုင်ပြောနေတာ ငါနဲ့သွားတိုးတယ် အဲနေ့မှာဘဲ ရဲခန်းတစ်ခါတည်းပို့လိုက်တာ နပန်းဆယ်ချက်လောက်ဆော်ခံရမှ ဝန်ခံတာအဲကောင်က.. "
"ထွေးဦး တစ်ချက်လောက်သွားခေါ်ပေး ကျုပ်ဆိုင်ကယ်ယူသွား "
ပိုင်စိုးဦးအပြောကြောင့် သူကြီးရဲ့နောက်လိုက်တစ်ယောက်က ထွေးဦးအားသွားခေါ်ရတော့သည် မကြာလိုက်... ရောက်လာတော့သည်
"ကိုကြီး..ကျုပ်ကိုဘာကိစ္စခေါ်တာလဲ "
"ငါ့နားက လာ "
ဟိုကအနားရောက်တော့ ရေနွေးခွက်ပန်းကန်လုံးဖြင့် အားပါပါခေါက်တော့သည်
"ဦး! "
"အလား...အီသွားတာပဲ... ဘာကိစ္စနဲ့ခေါက်တာလဲမောင် "
"မင်းဦးနှောက်ကသုံးမရလို့ ခေါက်ပေးတာ ခေါင်းထဲကသွေးတွေပြန့်သွားအောင် "
"ပိုင်စိုးဦး မင်းခေါ်တဲ့အကြောင်းသာပြောလိုက်တော့ "
"မင်းနဲ့ သန်းဇော်ကိစ္စအားလုံးငါသိပြီးပြီ ဘာလို့ငါ့ကိုတစ်ခွန်းမပြောရတာလဲ "
"မပူမပေးချင်တာပ "
"အခုကရော မပူရဘူးလား ငါတစ်ယောက်တည်းကိုမဟုတ်ဘူး မေးစမ်းပါအုံးမှာ မင်းအကြွေးကဘယ်လောက်ရှိလို့ အဲကောင်ကိုဆပ်လိုက်ရင်ရပြီမလား ဘာလို့သူယူရမှာ "
"ကျုပ်အကြွေးက ၇၀၀ "
"ဘာ!!!! နဲတာမဟုတ်ဘူး အဲပိုက်ဆံကိုလယ်တစ်ဧကဝယ်လို့ရတယ် လူ့ငနွားရဲ့ "
"ဦး~အေးဆေးပြောလေ "
"အဲတော့ အဲအကြွေးတွေကို တင်တောင်းငွေလုပ်မယ်ပေါ့ "
ခေါင်းကိုခပ်လေးလေးငြိမ့်ပြတော့ ဦးမှာလက်အကြောတွေပင်ထောင်လာပြီး နောက်ကျောအားဗျောတင်တော့မယ်
"အဲတော့ငါက တင်တောင်းငွေဖြစ် သိန်း၇၀၀ကိုပေးမတဲ့လား ရွာထဲကကွမ်းတောင်ကိုင်ကို တင်တောင်းပါဆိုရင်တောင်သိန်း၇၀၀မပေးရဘူး
မြန်မာတစ်နိုင်ငံလုံးကိုပတ်ပြီး အလုပ်လုပ်လာတဲ့မင်းက အခုတော့စဥ်းစားဉာဏ်မရှိတဲ့နွားပဲ..
ယောင်္ကျားအချင်းချင်းဆိုတဲ့ဂုဏ်ပုဒ်ကိုလဲ ထိခိုက်သေးတယ် ၊ ကိုယ့်ဘဝကြီးကိုလဲ အဲကောင်လိုလက်ထဲအပါခံရမယ် မင်းအဲလောက်ဦးနှောက်မရှိရင် မူဂျင်တံတားမှာသွားသေလိုက် "
ဂရုဏာဒေါသထွက်နေသော အကိုအားပြန်လှန်မပြောနိုင်.. သူ့မှာကိစ္စအားလုံးရဲ့အဖြစ်ပျက်ကြောင့်ထူပူနေတာကလွဲရင် ဘာလုပ်ရမှန်းမသိ..
"ပိုင်စိုးဦးရယ်.. ဖြစ်ပြီးတာဖြစ်ပြီးပါပြီ.. ပြီးတော့ဟိုကောင်ကလည်းရဲစခန်းရောက်သွားပြီမလား "
"အေးလေကွာ...ပိုင်ထွေးဦးနောက်တစ်ခါဆို မင်းသေချာစဥ်းစားဆင်ခြင်ပေါ့...ကိုယ့်မှာအကိုတစ်ယောက်ရှိသေးတာ အကောင်းဆိုးတိုင်ပင်ဖို့... ဘုရားကပေးတဲ့ဆုလာဒ်... မင်းအကိုပြောတာတွေလဲ စိတ်ထဲမစားနဲ့.. မင်းကိုကောင်းစေချင်လို့ပြောတာ "
"ဟုတ်ကဲ့..သူကြီး.."
~~~~~~
"ဖေဖေ အစံတို့အိမ်ပြောင်းရမှာဆို... ဒီမှာနေလို့မရဘူးလားဟင် "
"ဖေဖေတို့ အိမ်သစ်ဆောက်ကြမလို့လေ..သမီးတစ်ယောက်တည်း... အခန်းနဲ့နေချင်တယ်ဆို "
"ဟုတ်တယ်လေ..အဲဆိုဖေဖေ..အစံအခန်းကprink color လှလှလေးလုပ်နော်.."
"စိုးဆက်က Blueလေး "
"အွန်း~အခန်းရမှ.. ဒယ်ဒီကိုပူဆာကြမလား "
"ဟုတ်"
"ဟုတ်"
မနက်ဖြန်ပဲ အိမ်ကအကုန်ဖြိုချမှာဖြစ်တာကြောင့် ဒီနေ့ပဲပစ္စည်းအကုန်ဖြင့် ခြံထဲသို့ပြောင်းကြရသည်
"အစံတို့ဒီမှာ အကြာကြီးနေရမလား"
"ဟုတ်တယ်အစံ "
"ရေး......ဖေဖေနဲ့လယ်ထဲလိုက်လို့ရပြီကွ "
ခြံထဲရောက်တော့ ပစ္စည်းတွေကို ဦးကပင်တိုင်စံနေရာချပေးပြီး ဟန်နှင့်ကလေးတွေက အိမ်ရှေ့ကွပ်ပစ်လေးမှာ ထိုင်နေသည်
"မောင့်ဟန်...မောနေပြီလား "
အနားကို သံပုရာခွက်ကလေးကိုင်ကာရောက်လာသည့်ဦးကြောင့် ဦးနှစ်သက်သည့် ပါးချိုင့်လေးပေါ်အောင်ပြုံးလိုက်သည်
"ဦးကိုမေးရမှာ လာကတည်းကဦးကနေရာတွေချနေရတာ "
"ဒီမှာ..မောင်ရဲ့အမောပြေလေးက ဒီလိုလေးပြုံးပေးနေရင် မောင် လယ်ထဲတောင်ချက်ချင်းဆင်းနိုင်သေးတယ် "
"သွားပါ~အပိုတွေ..အကုန်ပြီးရင် ရေချိုးတော့..ဟန်ထမင်းပွဲပြင်ပေးထားမယ် "
"အင်း~ဒါဆိုမောင်ရေသွားချိုးတော့မယ် "
ပါးကိုတစ်ချက်နမ်းကာ ထသွားတော့ ကလေးနှစ်ယောက်က သူ့အဖေကိုမျက်စောင်းထိုးသည်
"ဒယ်ဒီ အစံတို့ခြံထဲမှာသွားကစားချင်တယ် "
"ကိုကြီးမလိုက်ဘူး ထမင်းစားတော့မှာမလားဒယ်ဒီ "
၈နှစ်ကျော်ကလေးလေးက အလိုက်တသိဖြင့်..သူအား မေးလာတော့ ခေါင်းတချက်ငြိမ့်ပြလိုက်သည်
ရေမိုးချိုးပြီးစီးတော့ ဟင်းအစုံဖြင့် သားအဖသုံးယောက်က ထမင်းဝိုင်းလေးတွင်အဆင်သင့်စောင့်ကာနေလေသည်
အရင်ကဆို ဟန်အစာစားတိုင်း မို့တက်လာသည့်ပါးပြင်လေးကို တစ်ဝကြီးကြည့်ခဲ့သည် အခုတော့အပိုဆောင်းအနေဖြင့် အသက်ရဲ့သွေးသားလေးတွေပါ မြင်ကွင်းထဲရောက်နေပြီး နေ့စဥ်နှင့်အမျှရီသံလွင်လွင်တွေက ဖုံးလွှမ်းထားတက်သေးသည်
"ဖေ~ဒယ်ဒီတစ်ခုခုစားတိုင်း ဖေကဘာလို့အဲလိုကြည့်တာလဲ "
"မင်းကြီးလာရင် နားလည်လာမှပေါ့ကွာ "
"ဖေတို့ကအမြဲအဲလိုပဲ ..စိုးဆက်မေးရင်..ကြီးလာရင်ဆိုတာကြီးအမြဲပြောတယ် "
ဦးကတော့ အစဥ်မြဲကြားနေတာမို့အရေးမစိုက်တော့ပဲ ထမင်းကိုသာငုံ့စားနေသည်
"စိုးဆက်..ထမင်းစားနေရင် စကားမများနဲ့ "
"ဟုတ်ဒယ်ဒီ "
~~~
ခြံထဲ အပြင်ဘက်ကသစ်ပင်ကြီးတွေအုပ်ထားတာမို့နေရောင်က သိပ်မတိုး..ခြံအလယ်ကွက်လပ်က အစိမ်းရောင်အပင်များစွာ စိုက်ပျိုးထားသည်မို့မျက်စိပဒေဿာပင်
ကလေးနှစ်ယောက်က ခြံထဲတွင်ပတ်ကစားနေပုံကို ဦးကကွပ်ပစ်တွင်ထိုင်၍ဆေးလိပ်ဖွာကာ ကလေးနှစ်ယောက်ကိုလိုက်ကြည့်နေသည်
"ဦး~"
"ဗျာ "
ခေါ်လည်းခေါ်ရင်း ဦးနားတွင်ကပ်ထိုင်လိုက်သည်
"မောင်ဆေးလိပ်သောက်နေတယ်လေဟန် အနားမလာနဲ့"
"ဘာမှမဖြစ်ဘူး ဟန်တခုခုဖြစ်ရင်တောင်ဦးကရှိနေပေးလေ "
"မဟုတ်ကဟုတ်ကတွေမပြောနဲ့ဟန်"
"ဦး~ဘာလို့ဆေးလိပ်တွေ တအားသောက်နေရတာလဲ "
"ဘာမဟုတ်ဘူး.. မောင်ဒီတိုင်း သောက်ချင်လို့..."
"လျှော့သောက်ပါလားဦးရယ်.. ဦးကအခုမှ၂၀ကေျာ်လေးပဲရှိသေးတာ..အရက်ကလည်းသောက်သေးတယ် "
"ဟွန့်~ဒါဆို မောင့်ကို..မသောက်နဲ့လို့တချက်ပြောပြီးစိုးမိုးပေးပါ့လား "
"ဟင်း..အရက်ဆိုတာဟန်မရှိခင်ကတည်းက ဦးသောက်လာတဲ့အရာ..ပြီးတော့ ဦးကတခြားလူတွေလိုမျိုး.. အချိန်ပြည့်မူးရူးနေတာမှမဟုတ်တာ... ဒါပေမဲ့..သားတွေသမီးတွေနဲ့..ရှေ့ဆက်ရမဲ့အနာဂတ်ရှိသေးတယ်..ဦးတစ်ခုခုဖြစ်သွားလို့မရဘူး "
"မောင်သိပြီ...ဆေးလိပ်တော့မောင်လျှော့ထားပါတယ် ဒီနေ့ကမောင့်အတွေးတွေလွင့်နေလို့စုစည်းနေတာ "
"ဘာဖြစ်လို့လဲ ဟန့်ကိုပြောကြည့်လေ "
"အိမ်ကိစ္စစိတ်ပူလို့ "
"အဆင်ပြေသွားမှာပါ..သေချာလေးအပ်ထားတာပဲ "
"အင်း~"
"စိုးဆက်က အစံကိုအရမ်းအလိုလိုက်တယ် ဟိုကလည်းသူ့အကိုဆို ဆိုးချက်က "
"စိုးဆက်က ညမလေးအရမ်းလိုတာ ပြီးတော့မောင်တို့မှော်ထဲမှာတုန်းက ဦးလေးတွေအကုန်ပေါ်ဗိုလ်ကျထားတာဆိုတော့ တန်ပြန်ဝဋ်ခံရတာပေါ့ "
"ဖြစ်နိုင်တယ်"
*Please is Vote and comment *
........................................................................
[text_hash] => eabab896
)
What do you think?