Chapter 49: 47( Final)

Array
(
[text] =>

~ငါ့ဘဝကခက်မှန်းရခက်တယ်... အပြစ်ကင်းတဲ့ငါလေးကို ဗွေမယူနဲ့ကွယ် ~သိပ်ချစ်လို့ပါအသက်ရယ်...

သီချင်းတညံညံဖြင့် အကိုလုပ်သူ၏အသံလာရာကို ယာခင်းထဲက​နေလှည့်ကြည့်လိုက်သည် ဝတ်နေကြပုံစံအတိုင်းတီရှပ်အရှည်ကြီးကို ပခုံးတစ်ဖက်ဆွဲချထားပြီး ဘောင်းဘီကတိုတို ၊ ဆံပင်ကကြက်တောင်စီးထားပြီး ကျောနောက်မှာ ပုဆိုးဖြင့်တစ်ခုခုကိုယူလာသည့်ပုံ

"ဟေ့ရောင် ထွေးဦးတက်ခဲ့စမ်းပါအုံးကွာ ဟူး.."

"ဘာလဲ ကျုပ်မအားဘူး "

"ရွာထဲကနေ ရွာပြင်လာရတာမောတယ်ကွာ ခဏနေအုံး"

"ကိုကြီး~ကျုပ်စိတ်ညစ်နေတာနော် လာမစားနဲ့ "

"လူငယ်သလောက်စိတ်လျှော့စမ်းပါကွာ ဘာဖြစ်နေတာ ပျော်ပျော်နေသေခဲတဲ့ငါ့ညီရ "

အကိုဖြစ်သူ၏လေသံကအူမြူးနေပြီး ခါတိုင်းနှင့်မတူ ထိုနှင့်အတူ ငဟိန်းကဇလုံကြီးတစ်ခုကိုင်ကာထွက်လာလေသည်

"ကင်းကောင် ဘယ်တုန်းကရောက်တာလဲ "

"ငါ့လယ်ငါလာတာ သံတော်ဦးတင်ရအုံးမှာလား မင်းကရောဒီမှာဘာလုပ်"

"ငါလား ဒီမှာနေတာလေ ငါမင်းကိုမေးတယ်ဆိုတာ မင်းကလယ်ကိုခြေတဖက်မချတဲ့ကောင်မို့လို့လေ အခုလောက်ဆို လင်နားမှာနေရမှာမလား မနေ့ကတင်မင်္ဂလာဆောင်ထားတာ "

ငဟိန်းလည်းထိုသို့ပြောတော့ အူမြူးနေသည့်မျက်နှာက ရှုံ့တွန့်သွားပြီးမျက်ခုံးနှစ်ခုအသကုန်တွန့်ချိုးလိုက်တော့သည်

"ဗြဲ..ငဟိန်းရာ..မင်းစဥ်းစားကြည့်.. မနေ့ကတင်မင်္ဂလာဆောင်ထားတာကို မနက်ရောက်တော့ငါ့ကိုနှင်ချလိုက်တယ် "

"ဟမ်!!~ "

သူတို့နှစ်ယောက်ကြောင်သွားတော့ ကျောကပုဆိုးနဲ့ထုပ်ထားသည့်အဝတ်တစ်ချို့ အံ့ဩလွန်းလို့ပါးစပ်စိဖို့တောင်မေ့တဲ့ထိ

"မရီးကိုဘာသွားလုပ်လဲမှမသိတာ "

"ဟီး..ညကနဲနဲလေးကြမ်းမိသွားတာကွာ ဟီး.. "

ဖောင်း ~

ငဟိန်းက ဝါးကြမ်းခင်းစောင်းလေးတွင် ထိုင်နေသောပိုင်စိုးဦးကို ကန်ချလိုက်တော့ ခွေးကျဝက်ကျ ကျတော့သည်

"မင်းနဲနဲကြမ်းတာနဲ့ ဆက်ဟန်ကနှင်မချဘူးထင်တယ် "

"မင်းကလဲကွာ ဒီကိစ္စကြီးနဲ့ဝေးနေတာကြာတော့ ငါ့ကောင်ကြီးကအတော်လေးဆာနေပြီ ပျားရည်ဂူကြီးတွေ့တော့ နဲနဲအားပါပြီး ကွဲသွားတယ် ဟဲ..ဟဲ.."

ဗန်း~

(ဇလုံဖြင့် ရိုက်သောအသံ)

"နှင်ချလိုက်တာတောင်နဲသေး "

"မင်းကလဲကွာ ငါလဲအဲလောက်ဖြစ်မယ်မထင်လို့ပေါ့ မနက်ကြတော့ဖျားရော နိုးတာနဲ့နှင်ချလိုက်တာပဲသူငယ်ချင်းရယ် "

သူ့အမှားမဟုတ်သလိုနှင့် မျက်နှာကမှိုရထားသလိုပုံစံက ဖြတ်ရိုက်ချင်ရာကောင်းသည်

"အဲတော့ လယ်မှာလာသောင်တင်တာပေါ့ "

"စောက်စကားကြည့်ပြော ငါ့လယ်မှာငါလာနေတာ "

"မရီးက ကလေးနှစ်ယောက်နဲ့ဆင်ပြေပါ့မလား "

"အဲဒါပေါ့ မင်းအိမ်ပြန်လိုက် ငါနေခဲ့မယ် "

"ဟေ့ရောင် ကင်းကောင်အလုပ်လေးတစ်ခုလောက်ပေးစမ်းပါကွာ "

"သစ်စက်မှာဘယ်လိုဖြစ်တာ "

"ဒီအလုပ်တစ်ခုတည်း ရေရှည်လုပ်ရတာမကြိုက်ဘူး ဟိုစပ်စပ်ဒီစပ်စပ်လုပ်ချင်တာ "

"အဲဆို မလိုဘူး "

"ဟ~လုပ်စမ်းပါကွာ သစ်စက်မှာမလုပ်ရင်အမေက အသစ်ရှာတဲ့မဟုတ်ရင် အိမ်မပြန်လာနဲ့ဆိုလို့ဒီရောက်နေတာ ဟိုကောင်ကလည်း ကြက်ကြီးလည်နင်းခံရတဲ့အတိုင်းပဲမျက်နှာထားက "

"ဘာဖြစ်တာလဲမောင် မင်းက "

"မင်းပဲခင်း ပိုးကျလို့ "

"ပိုးကျတာများ ဆေးဖြန်းလေ "

"မဟုတ်ဘူး အရင်ပတ်ကပေါင်းသတ်ဖို့ဆိုပြီးဆေးဖြန်းလိုက်တယ် အဲမှာဆေးပျင်းပုံပဲ ပဲတွေပိုးဖျက်သလိုဖြစ်ကုန်တယ် ဘာလုပ်ရမှန်းတောင်မသိတော့ဘူး "

"သုံးမရတော့ဘူးလား "

"အင်း "

"ရှုံးလည်းမတက်နိုင်ဘူး အကုန်နှုတ်ကွာ အသစ်ပြန်စိုက်"

ထို့နောက်ထွေးဦးက အိမ်ပြန်သွားရပြီး ငဟိန်းက တစ်ဖက်ခြံရှိ  ရသမျှသီးနှံကိုဈေးမှာပြန် ရောင်းစားရမည်ဖြစ်သည် ပိုင်စိုးဦးကတော့ သုံးဧကလောက်ရှိသည့်ပဲခင်းကို တစ်ယောက်တည်းလုပ်ဖို့ အာချောင်ထားလေသည်

အခုသူ့အဖြစ်က ရင်တွင်း၌သာပေါက်ကွဲနေရလေသည် အပြင်ထုပ်ပြီးပြောလို့ရသည့်အကြောင်းရာမဟုတ်

မင်္ဂလာဦးမို့လို့ 'တစ်ခါတည်းပါ ၊ ညင်သာပါ့မယ် ' ဆိုတဲ့စကားကိုယုံခဲ့မိတာသူ့အမှား အသားငတ်တာကြာနေသည့်ကျားတစ်ကောင်က အမဲသားတစ်တုံးတွေ့လိုက်ရတော့ အားရဝမ်းသာဆွဲစားဆိုသလို ညကတည်းကစမိသောဇာတ်လမ်းမှာ ဘယ်ချိန်ကပြီးသွားမှန်းမသိလိုက်ရ

နိုးတော့ တကိုယ်လုံးကိုင်ရိုက်ထားသလိုဖြစ်နေကာ သူ့ကြည့်တော့ ကိုယ်ပေါ်မှာအဝတ်မကပ် အတွင်း၌စိမ်လျက်သား ​ဖြစ်နေတာကြောင့်ဒေါသမိုင်ကုန်ထွက်မိသွားသလို ကိုယ်ပါ ထမနိုင်ပဲအဖျားဝင်တဲ့ထိကို ကြမ်းခဲ့သည်

"အငတ်ကောင် "

အ့!!

အိမ်ရှေ့ခန်းတွင် ထွက်ထိုင်ပြီး အတွေးနဲ့တူလက်ကနီးစပ်ရာဆေးလိပ်ပြာခွက်ဖြင့် မကြည့်ပဲပစ်ထည့်လိုက်ရာ ထွေးဦး၏နဖူးတည့်တည့်သို့

"မရီးဗျာ ~ကိုကြီးကိုဒေါသထွက်နေရင်လည်း သူလာမှလုပ်ပါလား.. ကျွစ်..ကျွစ်..အခုတော့နဖူးကွဲပြီလားမသိဘူး "

"မင်းကရှောင်ပေါ့ "

"ဪ~ကိုယ့်အိမ်ဝင်တာနဲ့ အခုလိုအပစ်ခံရမယ်လို့ဘယ်သူကထင်မှာလဲ "

ဟိုကောင်က တစ်မျိုး မရီးကတစ်မျိုးကြောင့် အိမ်ထဲရောက်နေသည့်ခြေလှမ်းတွေ ရွာချောင်းစပ်ကို ဦးတည်လိုက်ပါသော်လည်း 'မင်းမရီးဖျားနေတယ် ဘာမှလုပ်နိုင်မှာမဟုတ်ဘူး မင်းသွားနေလိုက် ' ဆိုသည့်စကားက ခေါင်းထဲဝင်လာပြန်၍ လမ်းတစ်ဝက်ကနေ ပြန်လှည့်လာရသည်

"ထွေးဦး မင်းအကိုနဲ့ဘယ်မှာတွေ့ခဲ့လဲ "

"မရီးပဲနှင်ချလိုက်ပြီးတော့ ဘာလို့လာမေးနေတာလဲ ပစ်ထားလိုက် "

နှင်ချတုန်းကနှင်ချပြီးအခုတော့ ဘာလုပ်လုပ်အနောက်ကလုပ်မေးနေသည်မှာအိနြေမရနေ..

"ကျုပ် ကလောင်၂ကေးတွက် ထမင်းချိုင့်သွားပို့အုံးမယ် "

"ရတယ် ကိုယ်သွားပို့လိုက်မယ် ငါ့မောင်ကတမနက်လုံးအလုပ်လုပ်နေရတော့ ပင်ပန်းနေမှာ "

ကျောင်းကရေဦးရွာလယ်မှာဆိုတော့ ထမင်းချိုင့်နှစ်လုံးနှင့် မုန့်တစ်ချို့ ခြင်းလေးနှင့်ထည့်ကာ ကျောင်းကိုသွားရသည် ဒီနေ့နေပူရှိန်က လမ်းပေါ် ကြက်ဥ​ဖောက်ချရင်တောင်ကျက်လောက်သည့်အပူချိန်တွင်ရှိသည်

ကိုယ်ရောက်သည့်ချိန်က ကျောင်းဆင်းချိန်နဲ့ကွက်တိဖြစ်နေကာ ထမင်းပါခွံ့ကျွေးခဲ့လိုက်ပြီး ကျောင်းအပြင်ကမုန့်ဆိုင်တစ်ခုတွင် ဝင်ထိုင်လိုက်သည်

တဲငယ်ငယ်လေးတွင်း စားပွဲခုံလေးလုံးလောက်ချထားကာ နေ့လယ်ဘက်ဆိုပေမဲ့ လေးငါးယောက်လောက်ရှိနေသည်

"ထမင်းချိုင့်လာပို့တာလား ဆက်ဟန် "

"ဟုတ်ဒေါ်ထား မနက်ကတစ်ခါတည်းပေးလိုက်ဖို့မမှီလို့ "

"အေးဟယ် ကလေးနှစ်ယောက်ရဲ့ဝေယျဝစ္စက လွယ်တော့မလွယ်ဘူး အငယ်လေးက မူကြိုလား "

"KGပေါ့ လေးနှစ်လောက်ကတည်းကမူကြိုထားတာဆိုတော့ ထားရခက်တာမျိုးမရှိဘူး "

"အကြီးလေးကရော "

"ဒီနှစ်လေးတန်းတက်ပြီ တော်သေးတယ်ဟန်မရှိတဲ့တောတွင်း ဦးကကျောင်းထားပေးလို့ "

"တော်တယ်လို့ပြောရမှာပေါ့ သူ့ညီလည်းလူပျိုဘဝကျွတ်မယ်မထင်ဘူး "

"ဟုတ်ပအမရေ သူ့တူ၊တူမတွေ လယ်တွေနဲ့ပဲအချိန်ကုန်နေတာ "

"သူ့အကိုလည်း ယူခိုင်းတာပဲ သူကိုကအပူမရှာချင်လို့တဲ့လေ "

"ပြောသာပြောရတာ ပိုင်စိုးဦးတို့ညီအကိုက တော်တယ်ပြောရမယ် "

"အခုလိုမြှောက်နေတာသိရင် လေလွင့်ကုန်ကြလိမ့်မယ် ဒေါ်တင်ရေ.."

"ကျုပ်တို့ကမြှောက်တာမဟုတ်ပါဘူး ပိုင်စိုးဦးတို့ညီအကိုက လယ်တောင်ခြေချဖို့ ဘုန်းကြီးတောင်ပင့်ရမလိုလို အခုလယ်လုပ်တော့လည်း လယ်ထဲကမထွက်လို့ လယ်ထဲသေနေမလားစိတ်ပူရသေးတာတော် "

"ဆက်ဟန်က ကံကောင်းတာအေ ဒီရွာထဲကမိန်းမတွေကံကောင်းတာ ဆက်ဟန်ခြေဖျားမမှီဘူး "

"ဟန်ကလား..ဘာကံကောင်းတာ"

"ငယ်ငယ်ရွယ်ရွယ် အရက်သမားနဲ့ အိမ်ထောင်ကျသွားပေမဲ့ အခုဆိုပိုင်စိုးဦးက လယ်အများကြီးနဲ့ဖြစ်နေပြီ အရက်သောက်တာကိုအပစ်ပြောလို့ကမရတော့ဘူး "

"လယ်အများကြီး "

ဦးက လယ်အများကြီးဆိုတာ ဘာကိုဆိုလိုချင်တာလဲ ဦးမှာသူမသိသည့်လျှိူ့ဝှက်ချက် ရှိသေးတာလား

"အေးလေ ခင်စိန်ရယ် ညီးမသိဘူးလို့မပြောနဲ့ မကြာသေးခင်ကမှ စိတ်တိုခြံနဲ့လယ်ခြောက်ဧကဝယ်ထားတာ "

"မသိဘူးတော်ရေ.. ထွေးဦးဒီရောက်တာတောင် ဘာလာလုပ်တာလဲမေးမှ လယ်၄ဧကဝယ်ထားတာသိတာ အခုထက်ဝယ်ထားတာမသိဘူး "

"ဦးကလား လယ်တွေရှိတယ်ပေါ့ "

ဟန်၏အမေးတွင်အားလုံးကကြောင်တောင်တောင် ထိုနောက် 'မသိဘူးလား'အမေးတွင် ခေါင်းခါပြရုံမှမတက်နိုင်

"ဟယ် ~ဆက်ဟန်ရယ် မင်းနှယ် အေးလေ ကျုပ်ကပိုင်စိုးဦးပြောပြထားတယ်ထင်တာ "

"ကျုပ်တို့ပြောလို့မကောင်းဘူး ပိုင်စိုးဦးကို ကိုယ်တိုင်သာမေးကြည့်ပ "

ရွာထဲကမိန်းမတွေ၏အပြောက ခေါင်းထဲဝင်လာပြီး အိမ်ပြန်လာဖို့တောင်မစောင့်နိုင် ဒေါ်ထားညွှန်လိုက်သည့်လယ်ဘက်ရောက်လာသည်

လယ်ထဲရောက်ပေမဲ့ လယ်တဲစီရောက်ဖို့သွားရသေးသည်

လယ်ကန်သင်းတွေဖြတ်ပြီးမကြာလိုက် အတော်သင့်လေးနှင့်အမိုးကာအပြည့်စုံ တဲလေးတစ်လုံးပေါ်ဦး၏အဝတ်စားတစ်ချို့ကို ဖြည်လျက်သားတွေ့ရပေမဲ့ လူမတွေ့

တွေ့တော့လည်း ထွန်ခြစ်တစ်ခုဖြင့်တစ်ခုခုကို ဆွဲသိမ်းနေသည်

"ပိုင်စိုးဦး "

လူက စိတ်တိုနေရတဲ့အထဲ ကိုယ်ထက်ပိုစိတ်တိုနေသည့်အသံကြောင့် ထွန်ခြစ်ဖြင့်လွှဲရိုက်ဖို့ပြင်လိုက်ပေမဲ့ မြင်လိုက်ရသည့်မျက်နှာက လက်ကနေထွန်ခြစ်လွတ်ကျကာ ခြေဖမိုးပေါ်ကျတော့သည်

"ဟန် ~နေပူတယ် တဲကိုသွားရအောင် "

တဲကိုရောက်တော့ ပြောစရာစကားလုံးတွေမရှိသလိုနှယ် တစ်ယောက်တည်းထိုင်နေပြီး လက်အချင်းချင်းပွတ်နေလေသည် မသိရင် သမီးရည်းစားချိန်းတွေ့လို့ရှက်နေသလိုလို

"ဒါက ဘယ်သူ့လယ် "

သူအရင်စပြောတော့ ဦးရဲ့လက်ညှိုးကဟန်ကနေစကာတပတ်လည်သွားပြီး နောက်ဆုံးသူ့တွင်အဆုံးသတ်သွားသည် ရိုးရိုးတန်းတန်းပြောရင်ဘာဖြစ်မှာကျလို့

"ပိုင်စိုးဦး!!!! "

"မအော်ပါနဲ့ မောင်ရှင်းပြမယ်လေနော် ပြီးမှခများဘာသာခများ ဗိုက်ကိုပဲဆွဲဆွဲ ၊ နားရွက်ပဲလိမ်လိမ် ၊ ထုပဲထုထု ၊ ရိုက်ပဲရိုက်ရိုက် မောင်ခံပါ့မယ် "

ရှင်းပြဖို့အရေး သူ့ကိုလူဆိုးလုပ်ခိုင်းလိုက်သေးသည်

"ဒီလို ဟန်ထွက်သွားတဲ့နှစ်မှာပဲ မောင်စုထားတာလေးနဲ့လယ်၄ဧကဝယ်လိုက်ပြီး ထွေးဦးကိုလာလုပ်ခိုင်းတယ်

သားလည်းကျောင်းထားရင်း..

ရှေ့နှစ်လလောက်က မောင်ဖားကန့်မှာကျောက်အောင်တော့ နောက်ထက်၆ဧကနဲ့ အိမ်ခြံ၃ဧက ထပ်ဝယ်လိုက်တယ် မောင်မပြောဘူးဆိုတာက နောက်သုံးလဆို မောင်တို့ခိုးပြေးတဲ့မင်္ဂလာနှစ်ပတ်လည်မို့လို့ အဲကျမှ ဖွင့်ပြောမယ်လုပ်ထားတာ "

".........."

"မောင်မပြောလို့စိတ်မကောင်းဖြစ်သွားလား မောင်တောင်းပန်ပါတယ် ဟန်မိသွားလို့မောင်အဲလိုပြောတာမဟုတ်ရပါဘူး မောင်တကယ်အဲနေ့မှပြချင်လို့ မပြောပြခဲ့တဲ့ "

"............"

"ဟန်~ဟန် တစ်ခုခုပြောအုံးလေ အဲလိုကြီးမနေပါနဲ့ မောင်မနေတက်ဘူး "

"အရင်နေ့တွေက ပျောက်ပျောက်သွားတာက ဒီရောက်နေလို့လား "

ကိုယ့်အပြောတွင်ခေါင်းခါတော့ ကြည်လာသည့်စိတ်ကလေးပင် ပြန်နောက်သွားသည်

"ဟန်အထင်မလွဲနဲ့အုံး  မောင်ဒီမှာမဟုတ်ပေမဲ့ ဟိုဘက်ခြံမှာရှိနေတာ "

"လိုက်ပို့ "

ဦးစိတ်တိုခြံကလယ်နဲ့ကပ်ရပ်ဖြစ်ပြီး ခြံအဝင်ဝကနေသရက်ပင်နှစ်တန်းလောက်သာ ပတ်ပတ်လည်စိုက်ထားလေသည်

"ဟန်ရောက်တုန်းက သရက်ပင်အပြည့်စိုက်ထားတာ မောင်တို့ ယားဘူးရောက်တဲ့ချိန် အထဲကသရက်ပင်တွေခုတ်ပြီးရောင်းစားလိုက်တယ်လို့ပြောတယ် "

ကိုယ့်အတွေးတွေသိနေသည့်အလား ချက်ချင်းပြောလာသည် သရက်ပင်နှစ်တန်းဆုံးသည့်အချိန်တွင် ဟိုစပ်စပ်ဒီစပ်စပ်အပင်လေးတွေအသီးသီးနေရာယူထားပြီး ခြေတံရှည်အိမ်တစ်လုံး ၊ စပါးရိတ်စက် ၊ ခြွေစက် ၊ စပါးကျီ ၊ ကောက်ရိုးပုံကြီး ၊ ရေတွင်း ကအစ ၂၄နာရီမီးအဆုံး ခြံထဲတွင်ရှိနေလေသည်

"ကောက်ရိုးက နွားတွေအတွက် "

"ဒီကအပင်တွေကို မြေဩဇာမထည့်ပဲ နွားနောက်ချေးသုံးတယ် ၊ ငရုတ်ပင် ၊ သံပုရာသီး ၊ ရှောက်သီး ၊ ရုံးပတေသီး ၊ ချဥ်ပေါင်ရွက် ၊ မုန်လာဥ ၊ ခရမ်းချဥ်သီး ၊ ဘူးသီး ၊ သခွားသီး ၊ ရွှေဖရုံသီး ၊ ပဲသီး................ တွေစိုက်ထားတယ် "

"ဘာလို..ဘာလို့..ဒီလောက်တောင်ကြိုးစားနေခဲ့တာလဲ ဒါဦးပုံစံမှမဟုတ်တာ "

"ဟန်မလာခင်က မောင်သာလာခေါ်ရင် ဘာမှမရှိတဲ့အညတရကောင်ဆိုပြီးမလိုက်မှာကြောက်လို့ ပြီးတော့ ဟန်လည်းပြန်မလာခဲ့ရင် မောင်သာစောစောသေသွားခဲ့ရင် မောင့်သားတစ်ယောက်ထဲမျက်နှာငယ်မှာစိုးလို့ "

မောင်သာစောစောသေသွားခဲ့ရင် ဆိုသည့်စကားက သူ့ကိုရင်နာစေသည် ဦးဘယ်လောက်ထိ အသက်ရင်းခဲ့ရသလဲဆို နောက်ကျောရဲ့နှလုံးနေရာနားမှာ ကျည်ဆံရာကြီးက ရှိနေလေသည်

"အခုဟန်လာပြီ ဦးမှာ သားအပြင်သမီးပါရှိသေးတယ် "

"ဟန်လာတော့ မောင်ကြိုးစားခဲ့တာတွေကအလဟသမဖြစ်တော့ဘူးပေါ့ "

"ဦးပင်ပန်းရင် ဟန်ပခုံးမှီပါ ဟန်ကဦးရဲ့ အိမ်ထောင်ဖက်မလား "

"မောင်လေ ဒေသခံတပ်စီမှာအပစ်ခံရတုန်းက မောင်သေပြီလို့တောင်ထင်တာ မောင်အာရုံထဲမှာ ဟန်ကမောင့်ကိုခေါ်နေတာရယ် 'ဦးမသွားပါနဲ့' တဲ့ အဲစကားမောင်ကြားလိုက်တော့ အဆုံးထိ အံကြိတ်ထားခဲ့တာ "

"ဟုတ်တယ် အဲနေရာမှာသာ ဟန်ရှိနေရင် အဲလိုပြောမိမှာ ဦးဘယ်မှမသွားရဘူးလို့လေ ဟန့်ကိုပစ်ခဲ့လို့မရဘူး ဒီတကြိမ်ဆို ဟန်တကယ်စိတ်နာပစ်မှာ "

"ဟင့်အင့်~မောင်ထားခဲ့မယ်ဆိုတဲ့အတွေးကမရှိတော့ဘူး ဟန်နဲ့မခွဲချင်တော့ဘူးဆိုတာပဲ တွေးတော့တယ် "

ရွှတ်လ်~

ပါးအားအနမ်းခြွေလာသည့် ဟန်ကြောင့် ရင်ထဲကလိကလိဖြစ်သွားကာ ပဲနှုတ်ဖို့ပင်အာရုံထဲမရှိတော့ပဲ ခြံစိုက်ခင်းထဲမှာသာ တနေ့လုံးအချိန်ကုန်သွားလေသည်

"ဖေဖေ အစံလေကျောင်းမှာသူငယ်ချင်းအသစ်တွေ အများကြီးရလာတယ် "

ညနေကျောင်းဆင်းပြီးပြီမို့ ကလေးနှစ်ယောက်နှင့် ပိုင်စိုးဦးက အိမ်ရှေ့တွင် ကစားနေလေသည်

ဟန်က မီးဖိုချောင်ထဲ၌ ခြံကခူးလာသည့် အသီးရွက်တစ်ချို့ကို ချက်ပြုတ်နေလေသည်.

"ဖေဖေ့တိုင်စရာ ရှိတယ် ကိုကြီးလေ အစံကိုအဲသူငယ်ချင်းတွေနဲ့ပေးမပေါင်းခိုင်းဘူး "

"စိုးဆက်က ဘာလို့ညမလေးကိုတားနေတာလဲ "

"စိုးဆက်ကတားချင်လို့တားတာမဟုတ်ဘူး အဲကောင်တွေက အရမ်းဆိုးတယ် ရန်လဲဖြစ်တက်တယ် စိုးဆက်သူတို့ကိုမကြိုက်ဘူး "

သွေးကစကားပြောတာ ဒါမျိုးဖြစ်လိမ့်မယ် ညမထိခိုက်မှာကြောက်လို့ ကာကွယ်ပေးနေသည်က ကိုကြီးတစ်ယောက်ဖြစ်ဖို့ထိုက်တန်လေသည်

"ကိုကြီးပြောတာ ဟုတ်သားပဲ ဖေ့မင်းသမီးလေးကို အနိုင်ကျင့်မှာစိုးလို့ပြောတာကို "

"အစံမကြောက်ဘူး အစံမှာကိုကြီးရှိတယ် "

အခုနကပဲ မျက်စောင်းထိုးနေကြပြီး အခုတော့ သူ့အကိုပေါင်ပေါ်တက်ထိုင်လိုက်သည် အိမ်မှာအငယ်ဆိုပြီး ခြူးခေတ်စိုးစံကဗိုလ်ကျချင်ချင်

သူ့အကိုကို ပြန်ပြောတာလည်းသူ့အပြင်နှစ်ယောက်မရှိ နောက်ပြီးရင် ပိုင်စိုးဆက်ဦးပြောသည့်အတိုင်းလိုက်လုပ်တက်ပြန်သည် မလွယ်ကျောလေး..

"ဒယ်ဒီ့စီ သွားအုံးမယ်နော် "

စိုးဆက်က ဟန့်အားကပ်ချင်ပါသော်လည်း ဟန်ကရုပ်တည်နေတော့ ကြောက်ပုံရသည် အစံလိုသိပ်မကပ်ရဲ

"သား ~ "

"ဗျာ "

ခေါ်တော့လည်း ချက်ချင်းထူးလာသည်က သူ့အဖေသင်ပေးထားသည့်အတိုင်းပင်

"အဖေနဲ့ညမလေးကို သွားခေါ်ပေးမလား ထမင်းစားလို့ရပြီလို့လေ "

"ဟုတ် ~သားခေါ်ပေးမယ် "

ခဏကြာတော့ သားအဖသုံးယောက်ပြန်ဝင်လာသည်

"ဟန် မင်းသားပြောလို့လဲမရဘူး "

"သားက ဘာပြောလို့ "

"ဦးထမင်းစားလို့ရပြီ ဟန်ခေါ်နေတယ်တဲ့ မောင့်ကိုဟန်ကလွဲပြီး ဦးလို့ခေါ်တာမကြိုက်ပါဘူးဆို "

"သားက ချစ်လို့ခေါ်တာကို နော်ဒယ်ဒီ "

"ဟုတ်ပ သားကချစ်လို့ခေါ်တာကို စိတ်ဆိုးစရာလား "

"ဆိုးတယ် မကြိုက်ဘူး ဟန်ခေါ်တာပဲနားထောင်လို့ကောင်းတယ် "

"ကိုကြီးကလည်း မောင်မကြိုက်ရင်မခေါ်နဲ့ပေါ့ "

"ခြူးခေတ်စိုးစံ! "

"ဟီး.. စတာဖေဖေ.. စတာ.."

ကလေးနှစ်ယောက်က ဦးဆိုမကြောက် ဟန်ဆိုရင် မျက်နှာတည်နေတာနှင့် အနားပင်မကပ်ရဲ ဒါပေမဲ့ဦးက တကယ်စိတ်တိုနေရင် ကြောက်တာက ထောင့်ကပ်ကုန်ကြသည်

ညအချိန်တွင် ကလေးနှစ်ယောက်ကို အခန်းခွဲသိပ်သည် အဲမှ သူတို့လင်လင်တွေ လုပ်ကြ..အဲ..ကြည်နူးဖို့လွတ်လပ်သည်မလား

"ဟန်ကိုမောင်ပေးစရာရှိတယ် "

ခြေရင်းက ကိုယ်ရေးကိုယ်တာဆိုသည့်ဗီဒီုလေးထဲမှ တစ်စုံတစ်ခုကိုယူထုပ်လာသည် ဦးကဟန်ဘက်ကိုမျက်နှာမူလိုက်တော့ လက်ထဲ၌​လေး​ထောင့်ကတ္တီပါဘူး အနီလေးတစ်ခုပါလာသည်

"ဟန် ဖွင့်ကြည့် "

ထိုကတ္တီပါဘူးလေးအား ဟန်ဖွင့်လိုက်တော့ မျက်စိကိုတောင်ကျိန်းသွားစေသည် လက်ဝတ်ရတနာတစ်ဆင်ဆာ

နားကပ်လေးကို မြွေပတ်နေသလိုပုံစံလေး မြွေရဲ့ကိုယ်ထည်အားလုံးကို ကျောက်စိမ်းလေးမြုပ်ထားသည် ၊

လည်ဆွဲကို ဟန်ဆိုသည့်စာလုံးလေးထွင်းထားပြီး ထိုစာလုံးတွင်လည်းကျောက်သေးသေးလေးတွေမြုပ်ထားသည်

ကျောက်အကြီးကြီးတစ်လုံးထဲရှိသည့် အရွယ်စားမတူလက်စွပ်သုံးကွင်း

ကျောက်အကြီးနဲ့အသေးကို ပုံစံလေးတစ်ခုထွင်ကာ လက်ကောက်ဝတ် တစ်ခု ၊ ခြေချင်းကတစ်ခု

"ဒါတွေက.. "

"မောင် ကျောက်အောင်တုန်းက ဟန်တွက်လုပ်ထားတာ လက်စွပ်နှစ်ကွင်းက မောင်နဲ့သားတွက် "

"ရှိသေးတယ် "

ဘယ်လောက်ရှိတဲ့ကျောက်မို့ အခုလိုလက်ဝတ်ရတနာလုပ်နိုင်တယ်မသိ အခုလိုတစ်ဆင်ဆာတောင်ဈေးကနဲမည်မဟုတ်

လက်ထဲရောက်လာသည့် လေးထောင့်ကတ္တီပါ နှစ်ဗူး

တစ်ဗူးက မိန်းကလေးလက်ဝတ်ရတနာဗူးလေးဖြစ်ပြီး နောက်တစ်ဗူးတွင် ယောင်္ကျားလေးအများစုဆွဲကြသည့် စတီးကြိုလိုလိုပုံံနှင့် မှန်ထောင့်ရှည်ရှည်လေးထဲတွင် ကျောက်စိမ်းချောင်းလေးထည့်ထားသည် ထိုလိုမျိုးအရွယ်စားမတူသည့်နှစ်ကြိုး ကျောက်အလတ်စား သုံးလုံးမြုပ်ထားသည့်လက်စွပ်ကနှစ်ကွင်း

"အားလုံးက ပလက်တီနမ်ကြီးပဲ ရွှေကဝါသလိုပဲမောင်မကြိုက်ဘူး ပလက်တီနမ်ကစတီးလိုပဲ "

"ဒါ..ဒါ..အားလုံးက ဘယ်လောက်ရှိလဲ "

"သိန်း၈၀၀၀ "

ဈေးနှုန်းကြောင့် ရင်ဘက်ကိုပါဖိမိလိုက်သည်

"ဘယ်..ဘယ်လောက်တောင်ရတာလဲ "

"တစ်သိန်း.. သိန်း...ပေါင်း"

"အခု.. အဲပိုက်ဆံတွေကရော "

"ဒါက ၈၀၀၀ ၊ ခြံနဲ့လယ်က ၆၃၀၀ဖိုး စုစုပေါင်း ၁၄၃၀၀ မင်္ဂလာပွဲတုန်းက ၁၀၀ ၊ မောင်ဆိုင်ကယ်တစ်စီးဝယ်ထားသေးတယ် အဲဒါက ၁၀၀လောက်ပေးရတယ် "

"ဦးသဘောပါဘဲ နောက်ထပ်ကောဘာတွေလုပ်ထားသေးလဲ "

"လယ်သမားတွေတွက် အတိုးချထားတယ် "

"ဦးနိုင်ပါ့မလား "

"မောင်ခေါင်းရှုပ်မခံနိုင်ဘူး လယ်ကထွေးဦးနဲ့အပ်ထားတယ် ၊ ခြံက ဟိန်းစိုးအောင်နဲ့လွှဲထားတယ် ၊ အတိုးတောင်းရင် ဟိုကောင်ထက်ဝေ ရှိတယ် အချိန်ကျရင်မောင်က နေရာကနေပိုက်ဆံယူရုံပဲ "

"ဦး ကတော်တာ "

"ဟန့်ယောင်္ကျားမို့လို့ "

အသက်ငယ်သည့်အချိန်တုန်းက အရက်သောက်ဖို့၊ အိပ်မယ် ၊ စားမယ်ပဲသိတဲ့လူတစ်ယောက်ရဲ့ လုပ်ရည်ကိုင်ရည်အသိလိုက်ရတော့ အထင်ကြီးမိသွားသည်

"ဟန်~ဟိုဟွာလေ.. "

ပြောရခက်နေပုံရသည့် ဦးကို မျက်နှာချင်းဆိုင်ထိုင်လိုက်သည်

"ဘာပြောမှာလဲ.. ပြောလေ "

"တောတန်းကဖုန်းရတယ် ဟန့်အမေ နေမကောင်းဘူးကြားတယ် အဲဒါမောင်တို့သွားကြည့်ကြမလား "

ဦးနှင့်ကွဲသည့် နှစ်ကတည်းက အားလုံးနဲ့အဆက်သွယ်ဖြတ်ခဲ့ပေမဲ့ အမေ့သတင်းကိုတော့မထက်စီကအမြဲသိခဲ့ရသည် အမေဟာဘုရားတကာမလုပ်ပြီး အိမ်နဲ့ခြံမှာဘဲနေထိုင်နေကြောင်း လွန်ခဲ့သည့်နှစ်ကသိရပြီးနောက်ပိုင်းမသိရတော့ အခုလောက်ဆို အသက်၇၀တောင်ကျော်ရောပေါ့

"ဟန်~အမေလည်း အသက်ရွယ်တစ်ခုရလာပြီ ကိုစစ်ဟန်ကလည်း အားကိုးလို့မရဘူး အဲကမြေးတစ်ယောက်နဲ့ အမေဆင်ပြေပါ့မလား မောင်တွေးမိသေးတယ်

ပြီးတော့မောင်တို့ကလည်းဆင်ပြေနေတော့ မောင်တို့သွားကြည့်ရင်ကောင်းမလားလို့ မောင်ဟန့်ကိုမပြောရဲလို့ "

"ကိုစစ်ဟန်က ဘယ်မှာလဲ "

"မသိဘူး မိန်းမယူသွားတယ်လို့ကြားတယ် ကလေးကအမေ့စီမှာ "

တစ်ခါတစ်လေတော့လည်း အမေကဘယ်လိုအနေထားနဲ့နေထိုင်စားသောက်နေသလဲသိချင်သား

"ဟန်တို့ သွားကြတာပေါ့ "

"အွန်း~မောင် ငဟိန်းကိုပါခေါ်လို့ရလား "

"သူကဘာလိုက်လုပ်မှာ "

"တောတန်းကိုလွမ်းတယ်ထင်ပ မောင်တို့အလုပ်လုပ်ခဲ့တာနှစ်နှစ်လောက်ပဲဆိုပေမဲ့ ရွာသူ/ရွာသားတွေနဲ့ အတော်လေးကို အံဝင်ဂွင်ဂျနေခဲ့တာ မောင်ဆိုရင် တောတန်းရွာသားရဲ့ အချစ်အောက် မှာကျရှုံးသွားရတဲ့ထိပဲ "

"စကားတွေ အတော်တက်နေပါလား "

"အချစ်ကြောင့်ပေါ့.. ရင်ခုန်ခြင်းရယ် မြတ်နိုးခြင်းရယ်လို့ ဒီကောင့်ရင်မှာဖြစ်လာတာက တောတန်းရွာက လူပျိုချောခေတ်ဆက်သာဟန်ကြောင့်ပဲ.. မောင်.မင်းကိုချစ်တယ်ဟန်"

"ဟန်လည်းထပ်တူပါဘဲ ဦး  "

"မဟုတ်ဘူး မောင်ကပိုတယ်.. "

ချစ်တယ်ဆိုတဲ့စကားကို  ရင်ခွင်ထဲကလေးတစ်ယောက်နှယ် တဖွဖွပြောနေကာ ထိုညတွင်လည်းညတာရှည်ခဲ့သေးသည်

ရွာထဲသွားတိုင်းလူတိုင်းရဲ့အားကျရတဲ့ခြေနေဖြစ်အောင် ဟန်၏လည်ပင်းတွင် နာမည်ထွင်းထားသည့် ဆွဲကြိုးလေးနှင့် သားကို မှန်ကျောက်လည်ဆွဲ ၊သမီးကို ကျောက်စိမ်းနကပ်တစ်စုံကို အမြဲတစ်စေ ဝတ်ဆင်ခိုင်းထားတက်သည်

ခဏလေးချွတ်မိရင်တောင်ပြောလို့မပြီး သားနှင့်ပုံစံတူဆွဲကြိုးလေးကိုလည်း ဦးကပါဝတ်ဆင်ထားတက်သည်

မင်္ဂလာပွဲပြီးမနက်တွင် လိုင်းပေါ်သူတို့မင်္ဂလာပွဲပုံရိပ်ကဟိုးလေးတစ်ကျော်ကျော်ဖြစ်သွားခဲ့သေးသည်

နောက်​နေ့မနက်တွင် လယ်နဲ့အိမ်ကို ထွေးဦးအားသေချာအပ်ခဲ့ပြီး ထက်ဝေကို ခြံကိုအပ်ခဲ့ရသည်

"သေချာကြည့်နော်ဟေ့ရောင် "

"အဲဆိုကျုပ်တောင်းတာပေးလိုက်လေ "

တစ်ယောက်လည်းတောင်းတယ် ၊ နောက်တစ်ယောက်ကမပေး အလယ်ကြားက မနေနိုင်တော့ပဲဝင်ဖြေပေးရတော့သည်

"ကဲပါ သူတောင်းတာပေးလိုက် "

"ဟန့်! သူဘာတောင်းလဲသိလို့လား "

ခေါင်းခါပြလိုက်သည် တကယ်လည်းမသိတာ..နောက်မှ လင်တောင်းခိုင်းတာတဲ့.. အံ့ဩလို့ကိုမဆုံး

"တစ်ခုခုဖြစ်မှ ငါ့စီမျက်ရည်နဲ့မျက်ခွက်မလာနဲ့ "

ဦးက သူ့ညီနဲ့ပက်သတ်လာတော့သဘောထားမကြီးနိုင်တော့ဘူးထင်ပ စကားတစ်ခွန်းခပ်ပြတ်ပြတ်ပြောကာ လှည့်ထွက်လာတော့ ဟန်ပါအနောက်ကလိုက်ရတော့သည်

"ဦးက ဘာလို့မယူခိုင်းတာ "

"မယူခိုင်းတာမဟုတ်ဘူး ရွာထဲကမိန်းကလေးတွေတင်တောင်းရမယ်ဆိုလည်းဖြစ်တယ် ၊ ယောင်္ကျားလေးဆိုလည်းဖြစ်တယ် ၊ ဒင်းဖြစ်လို့တော့မရဘူး "

"ဘယ်သူလဲ "

"ရွာမြောက်ပိုင်းက ကလေးအဖေသန်းဇော် "

"ဘာ!!! "

သန်းဇော်ဆိုတာ ရွာမြောက်ပိုင်းရဲ့ချဥ်ဖတ် ကလေးနှစ်ယောက်အဖေ သူ့မိန်းမကိုဆိုရိုက်နှက်လွန်းလို့ ကွဲကြတာ၆လတောင်မပြည့်သေး ဒါကိုဘာလို့ထွေးဦးကယူချင်ရတာလဲမသိ...

"ဟုတ်တယ် ထွေးဦးကအဲလောက်တုံးအမယ်မထင်ဘူး နောက်ကွယ်ကအကြောင်းရှိမယ်လို့မောင်ထင်တယ် "

"ကိုအောင်ဖေပြောထားတာကောင်းလိမ့်မယ် တစ်ခုခုဖြစ်လာရင် သူကြီးပါပါတော့ဖြေရှင်းရကောင်းတယ် "

"အင်း~ရွှတ်! အသက်သဘော "

ကလေးတွေကျောင်းပိတ်သည့်နေ့တွင် တောတန်းသို့ဆင်းလာကြသည် စစ်ကိုင်းနဲ့ ထားဝယ်မို့ လမ်းခရီးနှစ်ညနဲ့သုံးရက်ကြာသွားသည်

"ဒယ်ဒီ ဖွားဖွားစီကရောက်ပြီလားဟင် အစံဖြင့် အိပ်ယာထဲအိပ်ချင်လာပြီ "

"ဖေဖေပေါင်ပေါ် အိပ်မလား "

"ဟုတ် "

ကလေးနှစ်ယောက်ကတစ်ခုံ လူကြီးနှစ်ယောက်ကတစ်ခုံ ဖြစ်ပြီး အစံအား ဦးရဲ့ပေါင်ပေါ်တင်ပြီး အိပ်ခိုင်းလိုက်သည်

သိပ်မကြာလိုက် တောတန်းရွာမှကြိုဆိုပါ၏ဆိုသည့်ဆိုင်းပုဒ်လေးကိုတွေ့လိုက်ရပြီး ရွာရဲ့ငယ်ဘဝအငွေ့သက်လေးကိုပြန်ခံစားလိုက်ရသည်

အိမ်ရှေ့ရောက်တော့ အမြဲတမ်းလိုလိုရှင်းလင်းနေတက်သည့်ခြံကြီး အမှိုက်တစ်စမတွေ့ရအောင် အမြဲလိုက်ကောက်နေတက်သည့်ကြောင့် စည်းကမ်းကြီးသည်လို့ပြောကြသည့်အိမ်ကြီး ဒီအိမ်ကြီးကဟန်တစ်သက်ရှိပြီမို့ သစ်သားတိုင်တွေဟာ တစ်ချို့နေရာတွေပြိုကျနေပြီ

ဦးက အိမ်ထဲလူမရှိ/ရှိ သိရအောင်ခေါ်လိုက်တော့ တောင်ဝှေးတစ်ချောင်းဖြင့် မိန်းမတစ်ယောက်ကထွက်လာသည်

ခပ်ပြည့်ပြည့်ခန္တာကိုယ်က အသက်ရွယ်၏ဇရာက အသားရေတွန့်နေပြီး နဖူးကြောတွေတွန့်နေပြီ

"အမေ "

အမြင်အာရုံဝေဝါးမှုကြောင့် မျက်မှန်လေးထောင့်ကလေးကနေရာယူလိုက်သည်

"ခေတ်ဆက်သာဟန်လား "

"ဟုတ်အမေ အမေ့သားငယ် ခေတ်ဆက်သာဟန်ပါ "

ဟန်၏အပြောဆုံးတွင် မျက်ရည်တွေကျလာသည် ဝမ်းသာလို့ကျတဲ့မျက်ရည်ထင်ပါရဲ့

"လူကောင်ထွားလာတယ် ပိုပြီးလည်းချောလာတာပဲ ပြန်လာတာပျော်လိုက်တာ "

သားအမိနှစ်ယောက်အပြန်လှန်ပွေ့ဖက်နေတော့ ပါလာတဲ့လူတွေကပဲကိုယ့်အိမ်ကိုယ့်ယာလို အိမ်ပေါ်တက်ကာ အထုပ်ပိုးတွေချရသည်

"ဒါလေးက မြေးမလေးပေါ့ "

"ဟုတ်တယ်အမေ "

"သားတစ်ယောက် သမီးတစ်ယောက် မိသားစုဘဝလေးပြည့်စုံနေပြီဘဲ ကောင်းတယ်..ကောင်းတယ်.."

အမေက လူကြီးဖြစ်နေတော့ ကြာကြာမထိုင်နိုင် ထမင်းလက်ဆုံစားပြီး အိပ်ယာထဲဝင်ခွေတော့ ကလေးနှစ်ယောက်ပါ ပါသွားလေသည်

"မောင်ရွာထဲခဏသွားအုံးမယ် "

"သိပ်မသောက်လာနဲ့နော် "

"အသက်..စိတ်ချ "

ခဏကြာတွင့်ကိုယ့်နဘေးကို လူပျိုပေါက်အရွယ်တူက လာထိုင်လေသည်

"ဦးတို့ ပြန်မယ်ဆိုရင် ပြန်လို့ရတယ် ဖွားကိုကျွန်တော်ကြည့်နိုင်ပါတယ် "

"မင်းအဖေရော လာရှာသေးလား "

"ရှာတယ် သူ့ဖဲကြွေးရစရာရှိတဲ့သူတွေ "

"မင်းကျောင်းကရော "

"ထွက်လိုက်ပြီ နေ့စားလိုက်တယ် "

"အမေကျန်းမာရေးကရော "

"တစ်ခါတစ်လေ ဆေးခန်းပြပေးရတာကလွဲရင်ကောင်းပါတယ် ပြီးတော့သူ့ဦးကိုလွမ်းနေပုံပဲ ဦးမင်္ဂလာဆောင်တဲ့သတင်းလဲတွေ့တယ် ရွာထဲကသူတွေပြပေးလို့ 'ငါ့သားက တော်တယ် 'တဲ့ ဦးဒီဘက်ကိုစိတ်မပူပါနဲ့ကျွန်တော်ရှိတယ် "

ကလေးလေးက တစ်ယောက်တည်းနေလာရတော့ရင့်ကျက်သွားပုံရကာ လူကြီးတစ်ယောက်လိုဖြစ်နေပြီ

ထို့နောက် ဘုန်းကြီးကျောင်းဝေယျာဝစ္စတွက်အလှူငွေနဲပါးလှူခဲ့သည် အမေ့တွက် ပိုက်ဆံပေးတော့လည်း 'ဆေးဖိုးယူမယ်' ဆိုပြီး လက်ခံခဲ့သည်

"ဟန် အမေ့ကိုလွမ်းနေတာလား "

ဝန်းသိုပြန်ရောက်သည်မှာ တစ်လခန့်ရှိပြီ ပြန်ရောက်ကတည်းက တမှိုင်မှိုင်တတွေတွေ..

"ဦး ~~.."

"ဗျာ "

"အမေ..အမေဆုံးပြီ "

ထိုစကားနှင့်တူ ရင်ခွင်ထဲတိုးဝင်ပြီးရှိုက်သံကြားလိုက်တော့ ကျောပြင်လေးကိုပွတ်သပ်ပေးလိုက်သည် ကျန်းမာရေးဒေါင်ဒေါင်မြည်နေ၍ စိတ်ချလက်ချ ပြန်လာခဲ့ကြမလား..ချက်ချင်းကြီးမို့မယုံနိုင်..

"ဗျာ~ဒါဆိုမောင်တို့တောတန်းပြန်ရမှာပေါ့ "

"ဟင့်အင့်~အမေ့ကို အသုဘချပြီးပြီတဲ့ ဒီနေ့မှဇေယျာညီပြောလာခဲ့တာ "

ဇေယျာညီဆိုတာ ဟန်၏တူဖြစ်သည်

"သူကဘာလို့အခုမှပြောရတာလဲ "

"အင့်! အမေ့~အမေ့ဆန္ဒအရတဲ့ သူမသေခင် ဟန်ကိုတွေ့လိုက်ရလို့ သေပျော်ပါပြီတဲ့ ဟန်..ဟန်.."

"အင်း..မောင်သိပြီမို့လို့ ငိုချလိုက်..မောင်ရှိတယ်.."

ငိုချင်လက်တို့ဆိုသလို ကိုယ်ပြောလိုက်တော့မှ တအီးအီးရှိုက်ငိုလာသည်မို့ နောက်ကျောလေးကိုသပ်ပေးလိုက်သည်

"မောင်ရှိတယ်လေ... ဟန့်အမေကို ဟန်ကိုစိတ်ချသွားတာ..ဟုတ်တယ်မလား .."

အီး~ဟီး....အီး......အီ့

"တော်ပြီဟန်..အများကြီးငိုရင် ဟန်ပင်ပန်းလိမ့်မယ်နော်..ဟန်ငိုနေတာသိရင် အမေကစိတ်ကောင်းမှာမဟုတ်ဘူး..တိတ်တော့... မောင်တို့ကောင်းမှုကုသိုလ်တွေလုပ်ပေးကြတာပေါ့.. "

"အင့်! ဟုတ်တယ် ဟန်အမေ့တွက်ရည်စူးပြီးအလှူလုပ်ပေးချင်တယ် "

"ဟုတ်ပြီ..မောင် ကိုအောင်ဖေနဲ့တိုင်ပင်ပေးမယ် "

အီး..ဟင့်! ...အီး..ဟီး..

"ဟန်.. ဟန်..သားဆိုးဖြစ်ပြီလား မသိဘူး "

"မဟုတ်တာ ဟန်အဲလိုမတွေးနဲ့... အမေ့မြင်ချင်တာတွေ ဟန်လုပ်ပြခဲ့ပြီးပြီဘဲ.. ဟန်တော်ပါတယ်..မငိုနဲ့တော့..မောင့်အသက် မောနေပြီ "

"တိတ်တော့.. "

ကိုယ်တိုင်က တိတ်တော့ပြောနေပေမဲ့ ကိုယ်ချင်းစာပါသည် တစ်ယောက်တည်းရှိတော့သည့်အမေက မပြောမဆိုနဲ့ထွက်သွားတော့ စိတ်မကောင်းဖြစ်မှာအသေချာ နောက်ဆုံး မောလို့အိပ်ပျော်သွားမှ တော်ကာကြသည်

"ဖေဖေ~စိုးဆက်ပြောစရာရှိတယ် "

ဟန်က အိပ်နေတော့ အိမ်အလုပ်များကိုသူပဲလုပ်နေလိုက်ပြီး ကလေးတွေကျောင်းဆင်းလာသည့်အချိန်ဖြစ်သည်

"ပြော~စိုးဆက် "

"အစံ နေမကောင်းဘူး "

"ဟုတ်လား ~ဆရာမကိုဖုန်းဆက်ခိုင်းလိုက်ပေါ့ ဖေဖေလာခေါ်မှာပေါ့သမီးရယ် "

ကိုယ်အပူချိန်က အတော်လေးကိုပူကျစ်နေပြီး နှုတ်ခမ်းတွေပါဖြူဖျော့နေပြီ

"သား ရေသွားချိုးတော့ ပြီးရင် ဒယ်ဒီနားမှာနေနော် "

"ဟုတ်ဖေဖေ "

သမီးကိုတော့ အဝတ်စားလဲပေးကာ ပိုက်ဆံအိတ်ခါးကြားထိုးပြီး ဆေးခန်းပြေးရသည် တော်သေးသည်က ဆိုင်ကယ်လေးတစ်စီရှိလို့..

"ကဲသမီးလေး အိမ်ရောက်ပြီ တစ်ခုခုစားပြီးမှအိပ်ရမယ် "

"ဒယ်ဒီမနိုးသေးဘူး ဖေဖေ "

မနိုးသေးဘူးဆိုမှ သက်ပြင်းချမိပြီး နှစ်ယောက်စလုံးတွက် ကြက်စွပ်ပြုတ်လုပ်ပေးဖို့ပြင်ရသည်

"စိုးဆက် ညမလေးကို မနှိုးနဲ့နော် "

"ဟုတ်~ဖေဖေ "

ချက်ပြုတ်လဲအပြီး သမီးကိုအရင်နှိုးပြီး ကြက်စွပ်ပြုတ်တိုက် ဆေးပါတိုက်ပြီးအိပ်ခိုင်းလိုက်သည်

"စိုးဆက် ~ဒီနေ့တော့ ကိုယ့်ဘာသာကိုယ်အိပ်တော့နော် မအိပ်ခင်စာကျက်အုံး "

"စိုးဆက် စာရပြီ ဒယ်ဒီကဘာဖြစ်တာလဲ "

ကလေးကသိနားလည်တဲ့အရွယ်မို့ သေခြင်းတရားဆိုတာရှင်းပြလိုက်သည်

"ဟန်က ကြက်စွပ်ပြုတ်သောက်ရအောင် လူနာမှမဟုတ်တာ "

"ကျစ်! မောင်ဒေါသမထွက်ချင်ဘူးဟန် သောက်လိုက် "

"ဒယ်ဒီ သောက်လိုက်နော် အစံတောင်သောက်ပြီးပြီ "

"အစံက ဘာဖြစ်တာလဲ "

"ကျောင်းကနေမကောင်းဖြစ်လာတာ မောင်ဆေးတိုက်ထားပြီးပြီ ဟန်စိတ်မပူနဲ့ ဟန်သာကိုယ့်ကိုကိုယ်ဂရုစိုက် "

နောက်ဆုံး သားကလည်းသူ့ဒယ်ဒီနဲ့အိပ်ချင် သမီးကနေမကောင်းဆိုတော့ သူတို့အခန်းလေးထဲ သားအဖလေးယောက်သား စုပြုံနေ​တော့သည်

..................

ရေဦးဘုန်းကြီးကျောင်းတွင်ပင် ရက်ကောင်းရက်မြတ်လေးရွေးကာ ညနေပိုင်းအလှူလေးတစ်ခုပြုလုပ်လေသည် ဆွေမျိုးတစ်ချို့ရယ် ရွာထဲကအသိအနဲကျင်းပဲဖိတ်ကာ လက်ဖက်ရည်ထုပ်လေးနှင့် bkkကိတ်လေးကိုပဲ ဧည့်ခံကျွေးမွေးလေသည်

တရားနာတော့လည်း အဘေးတွင်ရှိုက်နေကာ ပွေ့ဖက်၍နှစ်သိမ့်ပေးဖို့လည်းမရ ၊ ရေစက်ခွက် ကိုင်နေသည့်လက်ကလေးက တုန်ယင်နေလေသည်

"မိခင်ကြီး ဒေါ်ခေတ်ဆက်ရတီအား ရည်စူး၍ အားလုံးကြားကြားသမျှ ကုသိုလ်အမျှ..အမျှ..အမျှ..ယူတော်မူကြပါကုန်သော်..သာဓု..သာဓု..သာဓု.."

နောက်ဆုံး ဘုန်းကြီးတွေကြွသွားပြီး လူတွေပင်မရှိတော့မှ ထိုင်နေရာကရွှေ့ကာ တုန်ယင်နေသော ခန္တာကိုယ်လေးကိုပွေ့ဖက်ပေးလိုက်သည်

"ဟန်..အကောင်းဆုံးလုပ်ခဲ့ပြီးပြီ..မငိုနဲ့တော့နော်.. ဟန်ငိုတော့မောင်လည်းရင်နာတယ်ရယ် "

ဟန်အဆင်ပြေလာပြီဆိုမှ ကလေးနှစ်ယောက်ကိုအဘေးနေခိုင်းခဲ့ပြီး ရေစက်ခွက်ကလေးကိုကိုင်ကာ အပင်အောက်လာလောင်းရသည်

'အမေ..စိတ်ချလက်ချသွားပါ..ဟန်ရဲ့နောက်ဆုံးထွက်သက်ထိ ကျွန်တော်ရှိနေပေးမှာမို့..ဟန့်ကိုအမေစိတ်ချပါ..အမေဖြစ်စေချင်ခဲ့သလို..ဟန်အနာဂတ်..မိသားစုကိုကျွန်တော်အကောင်းဆုံး စောက်ရှောက်ပေးပါ့မယ်.. အမေအေးချမ်းရာသွားနိုင်ပါစေ '

သူကျောင်းပေါ်ရောက်တော့ ဟန်ကအဆင်ပြေနေပြီဖြစ်သည် ကလေးနှစ်ယောက်ကလည်း သူ့ဒယ်ဒီကိုကြည့်ပြီးတိတ်တဆိတ်ဖြင့်သာ နေလေသည်

"ဟန်..ဟန့်ဘဝမှာ ဘယ်သူမှမရှိတော့ဘူးလို့မတွေးရဘူး ဟန်မှာမောင်ရယ် သားနဲ့သမီးရှိသေးတယ် "

"အင်း~ဟန်အဆင်ပြေနေပါပြီ ဟန်သေချာမပြုစုလိုက်ရလို့စိတ်မကောင်းဖြစ်တာ "

"ဘာမှမဖြစ်ဘူး ဟန်ကောင်းမှူကုသိုလ်တွေလုပ်ပေးပြီးပြီဘဲ အမေကခွင့်လွှတ်မှာပါ "

"အင်း~"

"မောင့်ဟန်က တော်တယ် "

ချစ်ခြင်းမေတ္တာဟာ နွေးထွေးမှု ၊ ကြင်နာမှု ၊ နားလည်မှု ၊ ယုံကြည်မှု ၊ ထွေးပွေ့မှု ၊လိုအပ်ပြီး တစ်ယောက်ကအားငယ်ချိန် နောက်တစ်ယောက်က ထွေးပိုက်ပေးရတာမျိုးဖြစ်ကြောင်း အုံမှိုင်းနေသော တိမ်ဆိုင်တွေကပါ ထောက်ခံနေလေတော့သည်....

ဤလူသားနှစ်ဦးကရော ဘယ်အရွယ်ထိတည်မြဲနေမလဲ ၊ အသက်ရွယ်မရွေး သေခြင်းတရားကိုရင်ဆိုင်ရသည့်လောကမှာ ကျန်ရှိသည့် တိုတောင်းတဲ့ဘဝတစ်လျှောက်အဖော်ပြုနေလိမ့်မည်ဖြစ်သည်........

                  ~~~~~ပြီးပါပြီ~~~~~

Dii / အခုက Final ဆိုပေမဲ့ Extra ရှိပါတယ်နော်..

........................................................................

[text_hash] => 5297755d
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...