Chapter 48: 46

Array
(
[text] =>

"အရီး..ဘယ်သူလာလဲကြည့်ပါအုံး "

လင်မယားနှစ်ယောက်ထိုင်နေတုန်း ပုမ၏အပြောကြောင့် ခြံပြင်ကိုကြည့်လိုက်သည် အရှေ့ကဦးထုပ်ငိုက်စိုက်ဆောင်းထားသောသား အနောက်ကအဖြူကောင်လေးကို ခန္တာကိုယ်နှင့်ကွယ်ထားလေသည် ပုံရိပ်တွေက လွန်ခဲ့သည့်နှစ်တွေက ကောင်လေးတစ်ယောက်ကိုအိမ်ခေါ်လာသည့်ပုံရိပ်လိုပင်

"သား.....ကိုပိုင်စိုး.. သားပြန်လာပြီ "

"ကျုပ်လည်းတွေ့တယ်လေ "

သူတို့နားရောက်လာတော့ ချွတ်ထားသည့်ပါဝါမျက်မှန်လေးကိုကောက်တပ်လိုက်ပြီး လူတွေအားသေချာကြည့်ရသည်

"ဟန်လေး..ဟန်လေးလား"

"ဟုတ်အမေ "

"သူလေးက "

"အမေ့မြေးပါ "

ယောက်ခမတစ်ယောက်ထက် အမေလိုဖြစ်နေတော့ အားရပါးရပွေ့ဖက်တာ ခံလိုက်ရကာ မျက်နှာထက်ပြုံးနေလေသည် ထိုမြင်ကွင်းကို ဦးနှင့်ယောက်က္ခထီးကပါ ခပ်ပြုံးပြုံးဖြင့်ကြည့်နေလေသည်

"ကျေးဇူးတင်ပါတယ် သားရယ် အမေ့သားစီပြန်လာပေးလို့ "

"ပြန်လာရမှာပေါ့ ငှက်ကလေးကဘယ်လောက်အမြင့်ကိုပျံပျံ အချိန်တန်ရင်မိသားစုဆီကိုပြန်လာရတာပါဘဲ "

"ငါဆိုရင်ပြန်မလာဘူး အရှိန်ရသလောက်ပျံလိုရတဲ့နေရာကိုပဲဆက်သွားနေမှာ ဘာမဟုတ်တဲ့ကောင်စီပြန်မလာဘူး "

"အဖေ့!!!! "

"ဘာတုန်း~"

"ကိုယ့်သားဘက်က ကိုယ်ပါရမှာလေ "

"ဘယ်သူ့ဘက်ကပါပါ မင်းအလုပ်လား "

"အမြင့်မှာဘဲနေရမယ်ဆို ဒီမိသားစုကိုရအောင်ခေါ်သွားမှာ "

"ကြားလား အမေ့ယောင်္ကျား"

ဟား..ဟာ..ဟား..

"မင်း.... "

"တော်ပါတော့ရှင်ရယ် ရှင့်သားမျက်နှာလငပုတ်ဖမ်းထားသလိုပဲ "

"အမေ့!! အမေကပါကျွန်တော့်ဘက်ကပြောပေးရမှာလေ "

"မပြောနိုင်ပေါင် "

ခေတ်ဆက်သာဟန် အိမ်ပြန်ရောက်နေပြီဆိုသည့်သတင်းက ညနေအတွင်းဝန်းသိုနယ်တစ်ခွင်လုံးပြန့်သွားလေသည်

"ဦး ~ "

"အင်း~"

"ဟန် သိပ်ပျော်တယ် "

ဝက်ဖုံနဲ့မူဂျင်တံတားတွင် ကောင်လေးနှစ်ယောက်လက်တွဲ၍ လမ်းလျှောက်နေကြလေသည်

နေဝင်ချိန်မို့ နေဝင်ဆည်းဆာလေးက ကွယ်ပျောက်လုလု လိမ္မော်ရောင်သန်းနေသည့် ကောင်းကင်ကြီးကို မျက်နှာမူကာ ပိုင်စိုးဦးရဲ့ရင်ခွင်ထဲ ခေတ်ဆက်သာဟန်ကတိုးဝင်၍နေလေသည်

တစ်ချို့က မျက်ကွယ်ပြုသွားနိုင်ပေမဲ့ မနေနိုင်သူ တစ်ယောက်က ရှိနေသည်

"အဲလောက်ဆို တော်ကြရောပေါ့ "

သူတို့အနောက်ကထွက်လာသောအသံကြောင့်နောက်လှည့်ကြည့်လိုက်သည်

"ဪ~ကိလေသာကုန်ခမ်းနေတဲ့ကောင် "

"လိ့ ကိလေသာကုန်ခမ်း "

"ဘာလဲကွာ ဒီမှာကြည်နူးနေတာကို "

"ကြည်နူးတာကအနောက် ကျုပ်မှာရောက်ကတည်းကမနားရဘူး အခုလိုင်းပေါ်မှာဘာဖြစ်နေလဲသိလား "

"ဘာဖြစ်တာလဲ ထွေးဦး "

"မရီးရဲ့သတင်း အစဆုံးသတင်းမှာပါနေတယ် "

"တကယ်လေ "

"အင်း ဘယ်လိုပြည့်စုံသလဲဆို သတင်းပေးရင်တောင် ကျန်ခဲ့အုံးမယ် ကျုပ်ပြောရရင်အရှည်ကြီး ကိုယ့်ဘာသာကြည့် အိမ်လည်းရှင်းပေးထားပြီးပြီ "

"ဟေ့ရောင်ဘယ်လဲ "

"လယ်ထဲ "

ရေဦးကိုပြန်ဖို့မမှီတော့တာကြောင့် ဝက်ဖုံကအိမ်မှာဘဲတစ်ညအိပ်ရဖို့ဖြစ်လာပြီး ရောက်ရောက်ချင်း လိုင်းပေါ်ကသတင်းတွေကြည့်လိုက်သည်

ဒါရိုင်တာခေတ်ဆက်သာနှင့် သူ၏အမျိုးသားဆိုသည့်ခေါင်းစဥ်အောက်တွင် သူနှင့်ဦးရဲ့ပုံရိပ် မန္တလေးမီးပွိုင့်မှာရပ်နေသည့်ပုံ ၊ ကားကြားထဲပြေးနေသည့်ပုံတွေ ၊ ပလက်ဖောင်းပေါ်ကပုံတွေ ....

နောက်ထပ်ခေါင်းစဥ်အသီးသီးနှင့် သူတို့နှစ်ယောက်ပုံရိပ် ဘယ်လောက်တောင် သတင်းကသေချာသလဲဆို

ယားဘူးက ကျင်းမှာအလုပ်လုပ်ခဲ့တုန်းက ဟန်အင်ဝိုင်း မဝိုင်းတက်သည်ကို ဦးကအနောက်ကိုထိန်းကိုင်ကာဝိုင်းနေသည့်ပုံရယ် ၊ သားကိုယ်ဝန်နဲ့တုန်းက လျှောက်လည်ထားသည့်ပုံအမြောက်များ ၊ သားသုံးလအရွယ်တုန်းက သားအဖသုံးယောက်လမ်းလျှောက်ထွက်သည့်ပုံကအစ ရှိနေလေသည်

ထိုမျှမကသေး သမီးကိုယ်ဝန်နဲ့ ရှုတင်ရိုက်တုန်းကပုံတွေ

အောက်က ကောမန့်တွင် *နာမည်ကြီးသွားပြီဆိုတော့ လုပ်ချင်တာလုပ်လို့ရပြီဆိုပြီး ယောင်္ကျားတစ်ယောက်ကောက်ယူ ကလေးမွေးလဲဖြစ်တာပဲ * ဆိုတဲ့ မှတ်ချက်ကို *ဗိုက်ကြီးနဲ့ပုံကို စောက်စိကမမြင်ဘူးလား *ဆိုပြီး တုံ့ပြန်ထားသည့် မှတ်ချက်ကလည်းရှိသေးသည်

"ဟန်...ဟန်အလုပ်တွေထိခိုက်သွားလား "

"ဟန်မပြောတက်ဘူး တကယ်လို့ရုပ်ရှင်ရိုက်ခွင့်ပိတ်ခံရမယ်ဆိုရင်တောင် ဟန်ဂရုမစိုက်ဘူး "

ထိုသတင်းပြီးတွင် တဂွမ်ဂွမ်ဝင်လာသည့်ဖုန်းတွေ ၊ ရောက်လာသည့်မက်ဆေ့တွေကတစ်ခုပြီးတစ်ခု

"ဘာဖြစ်လို့လဲဟန် "

"ဘာမှမဖြစ်ပါဘူး အင်တာဗျူးအစီစဥ်တွေကပဲဖြစ်မှာပေါ့ "

"ဟန် စိတ်ညစ်နေသွားလား "

"မဟုတ်တာဦးရာ ဟန်ဖွင့်ပြောလိုက်ကတည်းက ဒီလိုဖြစ်လာမယ်ဆိုတာကြိုတွေးထားပြီးသားပါ စိတ်မပူနဲ့ဟန်အဆင်ပြေတယ် "

"တစ်ခုခုဆို မောင်ရှိတယ်နော် ဟန်သိထားပေး "

"အင်းပါ "

................

"ဟိုမှာပိုင်စိုးဦး "

"မင်းတို့ကောင်တွေကငါ့ထက်စောနေပါလား "

"မစောဘူး အချိန်ကြည့် ၃နာရီထိုးပြီ ရေချိန်ကိုက်တဲ့ချိန်ပဲ "

ကိုအေးသာ ထန်းတောကခါတိုင်းလူစည်နေပြီးဒီနေ့တွင်ရှင်းလင်းနေသည် သောက်သမားဆိုလို့ ရေဦးကသူကြီးကိုအောင်ဖေ ၊ ငါးပူတင်း ၊ ထွေးဦး ၊ငဟိန်း ၊ငလုံး ပဲဝိုင်းတည်နေသည်

"မင်းမလဲ ရောက်ကတည်းကအိမ်ကပ်ပြီးလင်နားကမခွာသလိုပဲ "

"ဟုတ်တယ်ကိုအောင်ဖေ မခွာချင်ပဲနဲ့ကိုခွာလာရတာ တက်နေတဲ့သတင်းတွေကြောင့် ဟန်အဆင်မပြေမှာစိုးလို့ "

"သတင်းဆိုလို့ အကုန်ပြီးသွားပြီ "

"ဘာပြီးတာ "

"အစကကွာ ဆက်ဟန်ကဒါရိုင်တာဖြစ်မှ ကလေးတစ်ယောက်အဖေကို ကောက်ယူလိုက်တယ်လို့ထင်တာလေ အဲလိုထင်တဲ့ကောင်တွေကိုနရင်းကြီးဖြတ်ရိုက်ချင်တယ်

စိုးဆက်ကိုယ်ဝန်နဲ့တုန်းကပုံတွေဒီလောက်ချပြထားတာ Aiနဲ့လုပ်ထားတယ်လို့ပြောတဲ့ကောင်ကရှိသေး "

"ထားပါတော့အခုက ဘာပြီးသွားတာ "

"မနေ့ညသတင်းမှာ မင်းတို့ဓာတ်ပုံတွေထက်ပါလာတယ် မင်းကိုယ်တိုင်ကြည့်လိုက် "

"ဒါက တောတန်းမှာဟန်ကိုချောင်းနေတဲ့ပုံမလား "

"အေးလေ "

"ဒီပုံကို သူတို့က ဘယ်ကရတာလဲမောင် "

"ဆက်ကြည့်စမ်းပါကွာ "

နောက်ပုံတွေက ရေဦးအိမ်၌ ဟန့်အားခြေချင်းဝတ်ပေးနေသည့်ပုံ ၊ ဟက်ပီးနူးရီးယားညက ဟန်သူကိုမှီထားသည့်ပုံ ၊ သင်္ကြန်မှာတုန်းကရင်ခွင်ထဲထည့်ထားသည့်ပုံ ၊ နောက်ဆုံးတစ်ခုက ဟန်၁၈ပြည့်မွေးနေ့တုန်းက ယားဘူးကျင်း၌ လက်ထက်စာချုပ်ဖြင့်နှစ်ယောက်သားတွဲရိုက်ထားသည့် ပုံတွေဖြစ်သည်

"ဒါ ငါတို့ထဲကတယောက်ယောက်ပေးမှရမှာနော် ဘယ်သူပေးတာလဲ "

"ငါလေ "

"ဟမ် ~ဘယ်လိုဖြစ်နိုင်မှာ "

"တကယ်ဟ ~ဟိုတနေ့က ဆက်ဟန်ရဲ့မန်နေဂျာဖုန်းဆက်လာတယ် ဆက်ဟန်ဖုန်းမကိုင်လို့တဲ့ သူပြောတာက ဖြေရှင်းဖို့နည်းလမ်းရှိတယ်တဲ့ သူလည်းပြောတော့ ငါထွေးဦးကိုပြောပြီး မင်းတို့ပုံတွေတောင်းလိုက်တာ ငါကပို့လိုက်တယ် "

"ဪ~ငါ့ကိုတောင်တချက်မပြောဘူး "

"လာပြောတယ် မသာရဲ့ မင်းကမင်းလင်မျက်နှာကိုပဲစိုက်ကြည့်နေတာကို "

"အဲတာထားတော့ ငါဟန့်ကိုချောင်းနေတဲ့ပုံက ဘယ်လိုရတာ "

"အဲဒါလည်းငါပဲ မင်းတို့မညားခင်မင်းကို 'ဆက်ဟန်ကိုချစ်နေတာလား 'မေးဖို့ မင်းတို့ညားသွားတော့မမေးလိုက်ရတာ တော်သေးတာကငါမဖျက်မိတာ Gallery ထဲတော်တော်လေးရှာလိုက်ရတယ် "

"ကျေးဇူးပါကွာ "

"မလိုပါဘူး ကျေးဇူးကဆပ်မှကျေတာ ထန်းရေအဝတိုက် အဲဆိုရတယ် "

"ပိုင်စိုးဦး မင်းမြေဝယ်ထားတယ်ဆို ဘယ်နှဧက ဘယ်ဖက်ခြမ်းမှာဝယ်ထားတာလဲ "

"ခြောက်ဧက ကျုပ်လယ်နဲ့တစ်ဆက်တည်းကိုဝယ်ထားတာ တောင်ပိုင်းပြေးမြောက်ပိုင်းပြေးမလုပ်နိုင်ဘူး "

"ဘယ်လောက်ကျလဲ "

"3700 ကို သုံးထောင်ခြောက်ရာနဲ့ ရလိုက်တယ် "

"ကျုပ်ကိုကြီးက ဈေးဆစ်တဲ့နေရာမှာရှယ် "

"ဦးစိတ်တိုခြံလည်းပိုင်ရှင်ပေါ်ပြီကြားတယ် ဘယ်သူလဲမသိဘူး "

"ကျုပ်လေ "

"ဟမ်~တကယ်ကြီး "

"အွန်း~ "

"မင်းကဘာလို့ ဦးစိတ်တိုနဲ့လယ်စပ်တွေကြိုက်တာလဲ "

"၁အချက်.... မြေဆီလွှာကောင်းတယ်

၂အချက်....  လယ်တစ်စပ်တည်းဖြစ်အောင်လို့

၃အချက်.... ဦးစိတ်တိုခြံကို စိတ်ဝင်စားလို့

ဘာလို့လဲဆို ခြံက၃ဧကကျော်ကျော်ရှိတယ် သရက်ပင်က ခြံစည်းရိုးအကုန်လိုက်စိုက်တာထား ပြောရမယ်ဆိုခြံခြားပေါ့ အလယ်ကမြေကွက်လပ်ကြီး ကျုပ်လယ်တွေက နွေ၊မိုး စပါးစိုက်မှာ ပဲစင်းကတစ်ဝက်လောက်စိုက်မှာ ကျုပ်ကတခြားအသီးနှံတွေစိုက်ချင်သေးတော့ အဲခြံမှာသီးနှံစုံစိုက်သွင်းမယ်

၄အချက်........ တောင်ရေ ၊ ချောင်းရေ ၊ရွာရေ ၊ အကုန်ဆင်ပြေတယ် "

"အဲဒါရောဘယ်လောက်နဲ့ဝယ်လိုက်တာ "

"၅၀၀ "

"မင်းဟာကမဟုတ်တော့ဘူး "

"အေးလေ လယ်မှာကျတော့တစ်ဧက၆၀၀တဲ့ ခြံကဘယ်လိုဖြစ်လို့ ၃ဧက၅၀၀လဲ "

"ဦးစိတ်တိုခေါ်တဲ့ဈေးပဲ လယ်တွေက သူတို့ခေါ်နဲတာ အဲလယ်တွေတစ်နှစ်ကို မြေဩဇာကောင်းကောင်းနဲ့စပါးမပြတ်သွင်းရင် ၂၀၀ကျော်တယ်အမြတ်က အဲဒါတစ်ဧကကိုနော် ကိုအောင်ဖေပြောကြည့် ကျုပ်ကနဲပါတယ်ဆိုပြီးထက်ပေးလိုက်ရမလား ကျုပ်ပိုက်ဆံတောင်မှ ထွက်နဲသေးတယ် "

"အဲဆိုမင်းအရင်ဝယ်ထားတဲ့လယ်တွေကရော  ကြားတာ၇၀၀ဆို "

"သူတို့ခေါ်တဲ့အတိုင်းပ "

"မင်းမှာလယ်တွေရှိတာ ဆက်ဟန်သိလား "

"မပြောရသေးဘူး "

"ကြည့်လုပ်နော် ဟိုကသိရင် ဘယ်မယားငယ်အမ်းဖို့လျှိုထားလဲဆိုပြီးလာမယ် "

"အဲလိုတော့အဖြစ်မခံဘူး ဒါနဲ့ကိုအောင်ဖေကျုပ်အကူညီတောင်းစရာရှိတယ် "

ဘာလဲဆိုသည့်အကြည့်ဖြင့်ကြည့်လိုက်တော့ ပိုင်စိုးဦးကနား နားကပ်ပြောလေသည် ကြားလိုက်ရသည့်စကားကြောင့် ကျပ်မပြည့်ဘူးဟု့ကောက်ချက်ချလိုက်သည်

"မဖြစ်နိုင်တာ ဟေ့ရောင်ရာ "

"ဘာလို့မဖြစ်နိုင်ရမှာလဲကိုအောင်ဖေ "

"မင်းတို့လဲသိတာလား "

သူကြီး၏အမေးကြောင့် ပိုင်ထွေးဦးနှင့်ငဟိန်းက ခေါင်းငြိမ့်ပြလေသည်

"မဖြစ်နိုင်ဘူးလေကွာ မင်းတို့ကလင်မယားဖြစ်လို့ ကလေးတောင်နှစ်ယောက်ထွက်ပြီး အကြီးဆို၈နှစ်တောင်ရှိပြီ မင်္ဂလာ..အု.."

အလယ်က ငါးပူးတင်းတယာက်ရှိနေတော့ ထပ်မပြောမိခင် ငဟိန်းကပါးစပ်အားအတင်းပိတ်လိုက်ပိတ်လေသည်

"အေးအေး ငါစီစဥ်ပေးမယ် "

.......................

"ဦး ~ဝက်ဖုံကျောင်းသွားမယ်လို့ပြောတာ ဘာလို့လိုက်မပို့တာလဲ "

"မောင်မှမအားတာ "

"ဪ~မအားဘူးပေါ့ မနက်နေဖင်မထိုးရင်မထဘူး ၊ ထပြီဆိုရင်လဲ ရွာထဲသွားတယ် နေ့လယ်ထမင်းစားချိန်မှပြန်လာတယ် ၊ ကလေးနှစ်ယောက်နဲ့ တစ်ညနေလုံးကစားတယ် ၊ ညနေစောင်းအပျိုလေးတစ်ယောက်လိုရေနှစ်နာရီပြည့်အောင်ချိုးတယ် ထမင်းစားတယ် ၊ အားတာနဲ့လင်နားကပ်မယ် ပြောအဲဒါအလုပ်တွေလုပ်တာလား "

"မောင် ရွာထဲသွားတယ်ဆိုတာကိစ္စရှိလို့ ထမင်းစားချိန်မှပြန်တာ ဟန်တို့သားအဖနဲ့လက်ဆုံစားချင်လို့ ညနေဆိုကလေးတွေတွက်အချိန်ပေးတာ ညနေဆိုပင်ပန်းထားတော့ ရေစိမ်ချိုးတာလေ "

"ဟုတ်ကဲ့ပါဗျာ ဟန်မှားပါတယ် "

"မရွှဲ့နဲ့ဟန် မောင်မှားတာ ဟုတ်ပြီလား ညနေဆိုရင်မောင်ဝက်ဖုံသွားဖို့ရှိတယ် "

"ဘာသွားလုပ်မှာ "

"တစ်ဘက်ခါကျရင် အဲမှာမင်္ဂလာဆောင်တစ်ခုရှိတယ် အဲတွက် မဏ္ဍပ်ထိုးပေးရမှာ  ဟန်ကဒီဝန်းသိုကပွဲလမ်းသဘင်တွေ မသွားဖူးသေးဘူးမလား အဲကျမှသွားချေ အခုတော့မလိုက်ရဘူး ကာလသားတရုန်းရုန်းနဲ့ မျက်စိအစာကျွေးကျမှာ မောင်သဝန်မတိုချင်ဘူး "

"..........."

ပြောချင်တာကို တန်းစီပြောသွားသောဦးကြောင့် ဘာပြန်ပြောရမှန်းတောင်မသိလိုက်

"ကလေးနှစ်ယောက်ကိုပါ မောင်ခေါ်သွားမယ် "

ဦးလည်းကလေးနှစ်ယောက်ကို တစ်ဖက်စီဆွဲကာထွက်သွားတော့ ပိုင်ထွေးဦးကလည်းခမောက်ကြီးဆောင်းကာ ပေါက်တူးတစ်လပ်ထမ်းထွက်သွားဖို့ ပြင်နေလေသည်

"မင်းရောသွားမှာလား ထွေးဦး "

"ကျုပ်ကလယ်ထဲဆင်းရမှာရယ် "

"ဘယ်သူ့လယ်လဲ "

"ကိုကြီး..မှားလို့ အဖေ့ဟာလေ အဲဒါသွားလုပ်ရမှာသွားတော့မယ်နော် "

ပြင်ဝတ်နေသည့်ပုဆိုးကိုပင် သေချာမဝတ်တော့ပဲ အားလုံးစုကိုင်ကာ သုတ်ခြေတင်ထွက်ရသည်

"ဆက်ဟန် ဟိုမျောက်ညီနောင်ကဘယ်လဲ "

"တစ်ယောက်ကလယ်ထဲကိုတဲ့ နောက်တစ်ယောက်က ဝက်ဖုံမှာ မင်္ဂလာဆောင်အလုပ်ကိုင်သွားတယ် အမျိုးပဲတော်လို့လားဘယ်လိုလဲမသိပါဘူး ကလေးတွေတောင်ကျောင်းခွင့်တိုင်ခေါ်သွားလေရဲ့ "

"အဲမျောက်ကလေ ဘာတွေလုပ်လို့လုပ်နေမှန်းမသိဘူး ဒါနဲ့ ဝက်ဖုံနဲ့နီးတဲ့ကျုပ်တို့ရွာတောင်မဖိတ်ဘူး "

"မဖိတ်ရင်မသွားနဲ့ပေါ့ လက်ဖွဲ့ငွေသက်သာသေးတယ် "

"အဲဒါတော့ဟုတ်တယ်တော်ရေ "

အမဘုတ်ဆုံနဲ့စကားပြောပြီးတွင် အိမ်မှုကိစ္စဇယ်ဆက်သလိုလုပ်ရသည် လင်ရဲ့အဝတ်စားနဲ့ကလေးနှစ်ယောက်ရဲ့အဝတ်စားတွေ ရေစိမ်ထားလိုက်ပြီး အိမ်နားပတ်ပတ်လည်းတံမြက်စည်းတစ်ချောင်းဖြင့် အလုပ်ရှုပ်လို့နေသည်

ဖြန်း~

(အဝတ် ခါသံ )

"တနေ့တနေ့ ဘာတွေလုပ်နေမှန်းကိုမသိဘူး "

"သူများအလုပ်ဆို တက်ကြွသလားမမေးနဲ့ "

တစ်ယောက်တည်းပွစိပွစိရေရွတ်နေသူ အနောက်ကနေသိမ်းကျုံးဖက်လိုက်သည်

"ဟန်..မောင်မောလာတယ် "

"ဘယ်လောက်တောင်သောက်လာလဲမှမသိတာ "

"ဘယ်ကလာ မောင်ဒီနေ့အရက်တောင်လျှာဖျားမဝင်သေးဘူး "

အနောက်ကဖက်ပြီးလိုက်နေသူကို ဆွဲခွာကာ အရှေ့ဘက်လိုက်လိုက်သည်

"ဦး~"

"ဗျာ "

"မနောက်နဲ့ "

"ဟာဗျာ~ဟန်ခေါ်လို့မောင်ထူးရသေးတယ် မောင်တကယ်ပင်ပန်းလာတာပါဆို "

"အင်း~အလုပ်ကြီးတွေလုပ်ခဲ့တာဆို​တော့ ဖြစ်တက်ပါတယ် "

"တွေ့လာ ~ဟန်ကမောင့်ကိုရွဲ့မယ်ဆိုတာကြီးပဲ တော်ပြီ စိတ်ကောက်တယ် "

"စိတ်ကောက်ရအောင် ကလေးလား "

"မောင်ကငယ်တယ်လေ ကလေးပဲ နော်..နော်..အမောပြေလေး "

"မပေးဘူး "

"ပေးပါဆို..ဟန်ရေ"

နှုတ်ခမ်းလေးကိုစူကာ နော်...နော်လုပ်နေတော့ မျက်နှာကဘယ်လိုမှတင်းမထားနိုင်

"အူး..မွ~ "

"ဖေဖေနဲ့ဒယ်ဒီ သားနဲ့အစံကဘယ်နားသွားနေပေးရမလဲ "

"မင်းတို့နှစ်ကောင် အနောက်ကိုသွား "

"ဟန့်သားတွေကို အကောင်လို့ပြောတယ်ပေါ့ "

"အ့~အ့! ဟန်~မောင်နာတယ် "

"နာပါစေ နာအောင်လုပ်တာ "

"နာနာလေးဆွဲဒယ်ဒီ "

အ့! အား ~

နားရွက်ဆွဲတာ အသာလေး အော်တာကပြဲလန်နေသည် မသိရင်တက်ပဲအလုပ်ခံရသလို

"ရပြီလို့ဟန်ရဲ့.. ဒီနားလေးကပဲ ဟန့်စကားနားထောင်တာနော် "

"ဒယ်ဒီ ဖေဖေ့ကိုသရုပ်ဆောင်ဝင်လုပ်ခိုင်းလို့ရပြီ "

"အစံပြောတာမှန်တယ် "

......................

ဒီနေ့လည်း အလုပ်ကိုင်ဟုဆိုကာပျောက်သွားပြန်တာကြောင့် မသင်္ကါတော့

"အမေ ~"

"ဟန်လေး လာလာ.."

"အဖေရော "

"အလုပ်ကိုင်မှာလေ "

"အမယ်လေး~မင်္ဂလာဆောင်ရတော့မယ်ဆိုတော့ အတော်ပျော်နေသလား "

"ဗျာ~အမေဘာပြောတာလဲ "

"အိုအေ ~ကိုယ့်မင်္ဂလာဆောင်ကို ကိုယ်မသိဘူးမပြောနဲ့နော် "

"တကယ်မသိတာအမေ "

သူပြောလိုက်တော့ အမေကလည်းပါးစပ်အဟောင်းသွားဖြစ်သွားပြီ

"ဒီကောင်လေး ဘယ်လိုတွေလုပ်နေတာပါလိမ့် "

"အဲဆို အမေ့! မင်္ဂလာဆောင်က ဟန်တို့ပေါ့ "

"အင်းလေ~ခဏနေအုံး အမေ​တောင်အမှတ်တရထားချင်လို့ဆိုပြီး ဖိတ်စာယူခဲ့သေးတယ် "

ရေနွေးခွက်ကို ဂွက်ခနဲ့ချပြီး အိမ်ပေါ်တက်သွားပြီးမကြာလိုက် ဖိတ်စာတစ်ခုပါလာသည်

သူကြည့်လိုက်တော့ အပြင်ကာဗာလေးကအဖြူရောင်ဖြစ်ပြီး စာလုံးကိုအပြာရောင်ဖြင့် နှစ်ယောက်စလုံး၏နာမည်အစလေးရေးထိုးထားလေသည် မင်္ဂလာနေ့ကမနက်ဖြန်

အထဲတွင် အပြာရောင်ကိုရှင်းရှင်းလေးဖြစ်ပြီး စာလုံးနက်ပြာလေးဖြင့် နေရာအမည်နာမတို့ရေးထားလေသည် ဖိတ်စာဖတ်အပြီးတွင် ဝမ်းပဲနည်းသလား? ပျော်ပဲပျော်သွားသလား?  မသိ မျက်နှာတစ်ခုလုံးသာပူထူတက်လာသည် ကလေးနှစ်ယောက်ထွက်မှ အခုလိုမျိုးဆောင်ရမည်ဆိုတော့ ရှက်တယ်လို့ပြောရင်ပိုမှန်လေမလား ?

သူကျောင်းဝင်းထဲရောက်သွားတော့ မင်္ဂလာသီချင်းသံကဆူညံနေလေသည်

🔊🔊 ငွေလမင်းနဲ့ လင်းလက်ကြယ်လို ကန်ရေပြင်ထက်ပ လရိပ်ပြာလို ဖြူစင်ပန်းလေးနဲ့ အချစ် လိပ်ပြာလို စွယ်တော်ရွက်တို့ရဲ့အချစ်သက်သေလို နှစ်လွှာပေါင်းမှ တစ်ဘဝမြဲစေလို 🔊🔊

ဝါးလုံးတိုင်ဖြင့်ဆောက်ထားသောအကျွေးမွေး မဏ္ဍပ်လေးကနေရာယူထားသည် ကာလသားတစ်ချို့က ထိုတိုင်မှာ ခန်းဆီးများဖြင့်လိုက်ဖုံးနေသည်

အပြာနှင့်အဖြူကိုအဓိကသုံးထားပြီး သတို့သားနှစ်ယောက်ရပ်ရမည့်နေရာတွင်နေကြာပန်းများကိုသုံးထားလေသည်

အမျိုးသမီးတစ်ချို့က အချက်ပြုတ်ဝိုင်းတွင် အားပါးတရာပါဝင်ထားပြီး တစ်စုံတစ်ယောက်ကိုရှာလိုက်တော့ မီးဆင်သည့်နေရာတွင် လှေကားကြီးထောင်ကာ ခါးထောင်းကျိတ်ထားသည်

"ဟေ့ရောင် သေချာကိုင်ထားနော် ငါပြုတ်ကျရင် ဟန်ရင်ကျိုးရမှာ "

"ဟုတ်လား "

"အေး~လေ.. "

လေသံကတစ်စုံတစ်ယောက်နှင့်ဆင်တူနေပြီး သူ့လှည့်ကြည့်တော့ တကယ်ဖြစ်နေတာကြောင့် သွား၃၂ ချောင်းအသာကုန်ဖြဲပြလိုက်သည်

"ဟန်~ဟန် "

"အင်း~လာစမ်းပါအုံး ဒီနားကို "

"အား..အ့..အချစ် မောင်နာတယ် "

အနားကိုရောက်တော့ ဗိုက်ကိုလိမ်ဆွဲတော့သည် ဒီတစ်ခါတော့အရင်ကလိုထိရုံလေးမဟုတ် တကယ်ကိုဆွဲတာ

"မောင်တကယ်နာတာနော် "

"ပြော~ဒါတွေကဘာတွေလဲ "

"ဟန်တွေ့ပြီးပြီမလား မေးနေသေးတယ် "

"ဪ~မမေးလို့ရမလား ဘာလို့တစ်ခွန်းမှမတိုင်ပင်တာလဲ ဒီအရွယ်ကြီးကြမှ မင်္ဂလာဆောင်ရမှာရှက်စရာကြီး "

"ဘာရှက်ရမှာ နောက်လင်နဲ့မင်္ဂလာဆောင်တာမှမဟုတ်တာ "

"ဒီကိုလာခဲ့ "

သူတို့နှစ်ဦးပြောနေတာကို အားလုံးကကွက်ကြည့်ကွက်ကြည့် လုပ်နေတော့ပိုမနေတက်ဖြစ်ရကာ လူသူရှင်းသည့် အပင်အောက် ခေါ်လာရသည်

"ကလေးတောင်ကြီးမှ "

"ဟောဗျာ ~အဲဒါမောင်တို့ကံကောင်းတာကလေးတွေကြီးလာရင် ဖေဖေနဲ့ဒယ်ဒီမင်္ဂလာပွဲမှမတက်ရတာလို့ ပြောလာစရာမလိုတော့ဘူး "

"ဒါပေမဲ့လည်း "

"ဒါပေမဲ့တွေ ဘာတွေလုပ်မနေနဲ့ မနက်ဖြန်ကျရင်ပွဲ ပွဲထွက်ရတော့မယ် ဟန်ကမောင့်လက်ကိုတွဲပြီးလျှောက်ရုံပဲ နောက်အချိန်တွေမှာ ဟန်ကိုပုတ်ခတ်လာတဲ့သူမှန်သမျှ မောင်အရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးချင်လို့ "

"ထား..ပါ..ဘယ်နှရွာဖိတ်ထားလဲ "

"ဝက်ဖုံ ၊မူဂျင် ၊ ရေဦး ၊ ကနဖော့ ၊ ချောင်းဦး အဲလောက်ပဲ "

"ဘာလို့ ဟန့်ကိုမပြောပြတာလဲ "

"မောင့်အသက်ကို စပရိုက်လုပ်ချင်တာ မနက်ဖြန်စောစောထပြီးဒီကိုခေါ်လာမလို့ အခုတော့ဟန်ကအရင်သိသွားပြီ "

"နောက်တစ်ခါဆို ဘာလုပ်လုပ်ဟန့်ကိုတိုင်ပင်ပါ "

"ဟုတ်ကဲ့ပါဗျာ အခုတော့ အမေ့အိမ်ပြန်လိုက်နော် "

"ဟန်လည်းကူပေးမယ်လေ မရဘူးလို့မပြောနဲ့ "

"ရတယ် ဘာမှမလုပ်ရဘူး မောင့်အနားမှာဘဲနေရမယ် "

"ပြီးရော ကလေးတွေရော "

"ကပ္ပိယစီမှာ "

ဟန်ရောက်သည့်အချိန်က ထမင်းစားချိန်ဖြစ်တာကြောင့် ဝိုင်းကူပေးချင်ပေမဲ့ ဟန်ကိုင်လိုက်သည့်ဟာမှန်သမျှ ဦးကအရင်ကိုင်ကာလုပ်သွားတက်၍ ထမင်း၊ဟင်းခူးပေးသမားတစ်ချို့မျက်စိနောက်ကာ ဇွန်းအကြီးကြီးဖြင့်ခေါက်ခံလိုက်ရသေးသည်

" ပင်လောင်းမျောက်တို့က တော်တာအေ "

"အဟုတ်ပ သူ့ကိုကျပ်မပြည့်သာပြောနေကြတာ သူ့လင်လေးနဲ့ပက်သတ်လာရင်တော့ အိမ်ကဟာကြီးနဲ့များကွာပ "

"ဟ~တော်တော်..မင်းစကားဘာစကားကြီးလဲ မယ်ဆင့် ခများနဲ့ကျုပ်ယူတာ ပိုင်စိုးဦးအဖေတို့တောင် မယူကြသေးဘူး အဲခေတ်မှာ

ခများနဲ့ကျုပ်ယူတာ ခိုးပြေးပြီးရင်ပြီးပေါ့ လက်ဖက်ရည်အနဲပါးတိုက်ပြီးပြီပေါ့ အခုလိုကလေးထွက်ပြီးလဲ အခုလိုလုပ်လို့ရတဲ့ခေတ်မှာသာ ကျုပ်ရှိချင်စမ်းတယ် "

"အဘိုးကြီးရယ် ရှင်မှီလဲ မလုပ်ပေးနိုင်ပါဘူး အဲတုန်းကဆို ခိုးပြေးဖို့အရေး ကျုပ်အရင်ဆော်ဩရတာ "

"မင်းနှယ် အရှက်ကြောက်နဲလာသကိုး အရင်ခေတ်ကလူတွေကအရမ်းရှက်တက်တယ် အခုလိုလက်ရဲဇက်ရဲတွေမဟုတ်ဘူးဟ "

"အဘိုးကြီး ရှင်မလုပ်နိုင်တာကမလုပ်နိုင်တာပဲ "

"မယ်ဆင့် မင်းကွာ ကျုပ်လုပ်နိုင်လို့ကလေးတောင်၆ယောက်လောက်ထွက်တာမလား "

လူငယ်နှင့်လူကြီးရောနေသည့်စကားဝိုင်းလေးတွင် အဘိုး၏စကားကြောင့် အဘွား၏မျက်စောင်းကဒိုင်းခနဲပင် လူငယ်တွေကလည်း တသောသောရီကုန်ကြသည်

"ဘိုးကြီး ရှင်မှမရှက်ပိုမရှိတာ "

ထိုအရာကိုကြည့်ပြီး ဟန်ပါပြုံးနေတော့ သူ့ဘေးကခါးသိမ်သိမ်လေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်တော့ လက်သီးဆုပ်ကလေးဖြစ် တဖွဖွထုရိုက်လာသည်

.....................

မင်္ဂလာပွဲနေ့

၇ရက်နေ့၈လပိုင်း ဘဝတွက် အမှတ်တရများစွာပြည့်သောနေ့

မဏ္ဍပ်လေးထဲ လူတွေကပြည့်နေပြီး မင်္ဂလာသီချင်းသံက သာယာနာပျော်ဖွယ်

🔊🔊 သူငယ်ချင်းတို့ မင်္ဂလာပွဲဟာ...

ဂုဏ်ယူလောက်ပါပေတယ်...

အပေါင်းသင်းများတွေ မိတ်ဆုံပြန်လည်

ပေါင်းစည်းမိတဲ့ အထိန်းအမှတ်လို

အောင်ပွဲခြိမ့်သဲ သိမ့်သိမ့်မစဲတယ်...

ကောင်းကင်ပြာရောင်ဟုခေါ်ဆိုထိုက်သော အရောင်လေးကို သတိုးသားနှစ်ဦးဝတ်ဆင်ထားသည်က လိုက်ဖက်စွာ

သတို့သားတစ်ယောက်က ဆံပင်ကောက်ကောက်တို့ကို ဘေးခွဲကာ ဂျယ်ဖြင့်သေချာပုံသွင်းထားပြီး သူ့သက်လျာလေးက မျက်နှာထက်မိတ်ကပ်ပါးပါးကလေးခြယ်မှုန်းထားကာ နှုတ်ခမ်းလေးကပန်းရောင်သန်းနေလေသည် ပါးပြင်ကခြယ်သစရာမလို ရဲပလောင်းခန့်နေပြီးသား

အကျွေးမွေးမလစ်ဟင်းရလေအောင် ပိုင်စိုးဦးတို့သူငယ်ချင်းအုပ်စုက တာဝန်ယူပေးထားပြီး သီချင်းတွက် ဟိန်းစိုးအောင်က တာဝန်ယူပေးထားသည်

စင်အောက်တွင် ဘေးနှစ်ဖက်ကစားပွဲဝိုင်းတွေ အလယ်က သတို့သားနှစ်ယောက်လျှောက်လမ်း

🔊🔊မင်္ဂလာအချိန် ရက်မြတ်သို့ ရောက်ခဲ့ပြီ

လက်ထက်ပွဲလေး ကျင်းပကြတော့မည်

ပျော်ရွှင်ကြည်နူးမဆုံးသောနေ့မို့

ဘယ်ခါမမေ့ပေ

မောင်မယ်နှစ်ဦးသား ပြုံးပန်းကိုယ်စီ

ပွင့်လန်းလို့နေ

မင်္ဂလာရှိသော ဧည့်ပရိတ်သတ်ရှေ့မှာ

လက်ထက်ပွဲဘေးကျင်းပကြတဲ့အခါ....

"ဦး ~ဟန်ရင်တုန်နေတယ် "

"မောင်လက်ကိုသာ ရဲရဲလေးကိုင်ထားပါ တခြားသူကိုကြည့်ဖို့ရှက်လာခဲ့ရင် ဟန်ကမောင့်မျက်နှာကိုကြည့်လိုက် အဆင်ပြေမယ်လို့မောင်ယုံကြည်တယ် "

တကယ်လည်း စင်ပေါ်တက်သည့်အချိန်ထိ လူအများရဲ့ကြည့်နေသည့်ဒဏ်ကို မခံနိုင်လို့ဦးမျက်နှာကိုသာ မကြာခဏမော့ကြည့်ခဲ့ရသည်

စင်ပေါ်ရောက်ပြီးတွင် ဘိသိတ်စရာမလိုပေမဲ့ စီစဥ်မှူးက ဘာလုပ်ဘာလုပ်ညွှန်ကြားပေးသည် မုန့်အပြန်လှန်ခွံ့​ကြသည် လက်စွပ်အပြန်လှန် ဝတ်ရမည့်အချိန်တွင် ကလေးနှစ်ယောက်က အလှဆင်ထားသောဗန်းကလေးဖြင့်တက်လာသည်

"မင်္ဂလာသတို့သားနှစ်ဦး အပြန်လှန် လက်စွပ်ဝတ်ပေးပြီးရင် မင်္ဂလာပွဲအထမြောက်ပြပြီခမျာ "

လက်စွပ်လေးက 2cmအနံလောက်ရှိပြီး အပေါ်တစ်ပိုင်းလုံးကျောက်အစိမ်းလေးမြုပ်ထားသည် ရွှေရောင်မဟုတ်သည့်ပလက်တီနမ်ပေမဲ့ အမြင်ကအတော်လေးလှပြီး ဆင်တူလေး

ဦးနဲ့သူ လက်သန်းကြွယ်တွင်အပြန်လှန်စွပ်ပေးလိုက်သည်

ဖြောင်လ်း~~~

ဖြောင်လ်း~~~

ရွှီး~~~~

"အနမ်းပေးပါ........ပေးပါ....ပေးပါ "

"ပေးလိုက်ပါကွာ "

ခုံလေးတွင် ယှဉ်ထိုင်နေတော့ ဦးကခေါင်းကို လက်နှစ်ဖက်​ဖြင့်အနောက်ကနေထိန်းကိုင်ကာ ဟန်၏နဖူး​လေးအားခပ်ဖွဖွအနမ်းပေးလေသည်

ရွှီလ်း......

ဖြောင်လ်း~~~

ဖြောင်လ်း~~~

🔊🔊သူငယ်ချင်းတို့ မင်္ဂလာပွဲဟာ

ဂုဏ်ယူလောက်ပါပေတယ်..

အပေါင်းသင်းတွေ မိတ်ဆုံပြန်လည်

ပေါင်းစည်းမိတဲ့ အထိန်းအမှတ်လို

အောင်ပွဲခြိမ့်သဲ သိမ့်သိမ့်မစဲတယ်..

နှစ်ဖက်သောအပေါင်းသင်းများရယ်

ဧည့်ဆောင်ခန်းမဘုံအလယ် ရွှေလမင်းလိုဝင်းပပ

မင်းတို့မျက်နှာ ကျက်သရေတင့်လှတယ်...

"ပိုင်စိုးဦး မင်းတို့က အခုမှညားတာမဟုတ်တော့ အထွေထူးပြောစရာမလိုဘူးဟေ့ ပြောရမဲ့စကားကလည်း မင်းတို့မိဘတွေပြောလိုက်မယ် "

"ဟုတ်ကဲ့ပါဗျာ "

"စားနော် ဟေ့ရောင်တွေအားမနာနဲ့ "

"သိပ်မစားရသေးပါဘူးကွာ "

အကျွေးမွေးက ထမင်းရော ဖျော်လက်ဖက်ရည်နဲ့ ထိုင်းထမင်းကြော်ကို ကျွေးမွေးလေသည်

"ဟေ့ရောင် ပွဲပြီးရင်တစ်ဝိုင်း "

အရက်သမားကို အရက်တစ်ဝိုင်းတောင်းတော့ လင်လေးရဲ့မျက်နှာတော်ကြည့်လိုက်ရသေးသည်

"အေး..အေး "

"ဟေ့ရောင် မိဘကန်တော့ရမယ် လာခဲ့ "

မိဘတွေကန်တော့ပြီးချိန်တွင် ဝက်ဖုံကျောင်းထိုင်ဆရာတော်စီသွားရသည်

"ဒီလင်ဒီလင်အိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေ "

"ပေးဆုနဲ့ပြည့်စုံပါစေဘုရား.."

"အေး.ကွယ် ဒါနဲ့ငါ့သား မင်းအရက်သောက်တုန်းလားကွဲ့ "

"သောက်ပါတယ်.. ဘုရား"

"မကောင်းတဲ့သေရည်သေရက် လူကိုပျက်စီးတယ်ကွဲ့ အခုမှအသက်ကငယ်ငယ်လေးရှိသေးတာမလား လျှော့သောက်ပေါ့ "

"အဲဒါအရှင်ဘုရားမသောက်ဖူးသေးလို့ဘုရား မူးရတဲ့ခံစားချက်ကအရမ်းကောင်းတာ သောက်ကြည့်မလားဘုရား "

ဒေါက်လ်!

ဖြောင်းလ်~

စကားသံအဆုံးတွင် ဘုန်းကြီး၏ဒုတ်ကောက် နှင့် ဟန်၏လက်က တစ်ဆက်တည်းမိတ်ဆက်သွားရသည်

"မင်း.. "

"အရှင်ဘုရား ဟိုဆုံးမချင်လဲတပည့်တော်နောက်မှလာခဲ့ပါ့မယ် အခုချိန်ကမင်္ဂလာယူရမဲ့အချိန်ကြီးဘုရား မင်္ဂလာမောင်နှံနှစ်ဦး ချစ်ကြည်နူးတစ်တီတူးရမဲ့အချိန်မို့လို့ပါဘုရား "

"ဟယ်ကွယ်..သွား..ကြ..သွားကြ"

အား~အ့!....

ကျောင်းပေါ်ကပင်မဆင်းရသေး ဗိုက်သားကိုလိမ်ဆွဲလာသည့်ဟန် သူကြည့်လိုက်တော့နှုတ်ခမ်းတစ်တောင်လောက် စူထားလိုက်သေးသည်

"မောင်နာတယ် အသက်ရဲ့ ဘာဖြစ်ပြန်တာလဲမောင် "

"ဘုန်းကြီးကိုနောက်စရာထင်လား "

"မောင်တို့အချိန်ကောင်းကိုဖျက်ဆီးနေတာကို မနေ့ကလည်းတနေ့လုံးတရားနာခဲ့ရပြီးပြီ ဟန်မသိလို့ "

ဟုတ်တော့လည်းဟုတ်သား မနက်ကတည်းကလူတကာကိုလိုက်ပြုံးပြနေရပြီး အင်္ကျီလက်ရှည်နဲ့ပုဆိုးကြောင့် စိတ်အိုက်နေပြီ

"ဟက်ပီဘတ်ဒေးပါ ဦး "

"ကျေးဇူးပါအချစ် "

"မောင့်ဘဝထဲနောက်တကြိမ်ပြန်ဝင်ခဲ့ပေးလို့ ကျေးဇူးတင်ပါတယ်  "

"မဟုတ်တာဦးရာ တစ်ယောက်တည်းပဲနေချင်ခဲ့တဲ့ ဟန်ရဲ့ဘဝထဲဦးရောက်လာခဲ့တာပါ "

"ဘာပဲဖြစ်ဖြစ်ပါဟန် မောင့်ဘဝထဲကို ပျော်ရွှင်ခြင်းတွေ ၊ အချစ်တွေ ၊ မိသားစု ၊ ယူ​​ဆောင်လာပေးတဲ့ ဟန်ကိုမောင်ကျေးဇူးတင်ပါတယ်

ပြီးတော့ဟန်..မောင်အမြဲတမ်းပြောချင်ခဲ့တဲ့ စကားတစ်ခွန်းရှိတယ်.. ပြောလိုက်ရင် ရိုးသွားမလား ဆိုတဲ့စိတ်ကမောင့်ကိုနှစ်အကြာကြီးလွှမ်းမိုးခဲ့ပြီးပြီ...

ဟန်ထွက်သွားတဲ့ချိန်က အဲဒီစကားမပြောလိုက်ရလို့ မောင်နောင်တတွေရခဲ့ပြီးပြီ..

မောင်..မင်းကိုချစ်တယ် ဟန် "

မထင်မှတ်သောစကားကြောင့် ဦးကိုလှည့်ကြည့်လိုက်သည် ဒီစကားကို ဟန်ကြားချင်ခဲ့တာကြာပြီမလား အခုလိုကြားလိုက်ရတော့ ကိုယ့်နားပင်ကိုယ်မယုံနိုင်

" ဒီစကားသာဆို ဟန်အမြဲကြားရလဲဖြစ်တယ် "

"ဟန်ကြားချင်တယ်ဆို မောင်အမြဲပြောပေးပါ့မယ် ဒါပေမဲ့... "

"ဟန်~အခုထပ်ကြားချင်တယ် "

"ချစ်တယ်.."

"မလုံလောက်သေးဘူး "

"မောင်..မင်းကိုချစ်တယ် "

"မလုံလောက်သေးဘူး "

"မပြောချင်တော့ဘူး ရိုးသွားမှာစိုးတယ် "

"ဒီစကားကို ဟန်အနှစ်နှစ်အလလစောင့်ခဲ့ရပြီးပြီ ဒီတွက်အတိုးချပြီး ပြောသင့်တယ်မလား "

"မောင်..မင်းကိုမောင့်အသက်ထက်ချစ်ပြီး မြတ်နိုးရပါတယ် မောင့်အသက်ရယ်...."

တုန်ယင်နေသောနှုတ်ခမ်းတစ်စုံအား ဟန်၏နှုတ်ခမ်းတစ်စုံဖြင့်ပိတ်လိုက်သည်

ဟန်၏မထင်မှတ်ထားသောအပြုမူကြောင့် ခဏတာမှင်သပ်သွားကာ ခပ်ပြင်းပြင်းအနမ်းတို့တုံ့ပြန်လိုက်ချင်ပေမဲ့ လမ်းမှာဖြစ်နေသည်ကြောင့် ထပ်ရုံမျှထပ်လိုက်ပြီး လူချင်းခွာလိုက်သည်

"နောက်နောင် ဒီစကားကိုအမြဲတမ်းပြောပေးပါ ပြီးတော့ဒီစကားတွက် ဦးအပြည့်ဝတာဝန်ယူပေးပါ ဦး "

"မောင့်ရှင်ဘုရင်အလိုကျ မောင်ပြောပေးပါ့မယ် နောက်အနာဂတ်မှာ ဟန်သာမလျော့တဲ့ချစ်ခြင်းမျိုးနဲ့ဆက်ချစ်ပေးပါ ဒီမောင်က..တာဝန်ယူဖို့အသင့်ပါဘဲ.. မောင့်အချစ် "

မျက်ဝန်းထဲက နူးညံ့တဲ့အကြည့်တွေ ၊ ပြုံးယောင်သန်းနေသည့်နှုတ်ခမ်းပါးတစ်စုံ နှစ်အတော်ကြာထမ်းပိုးလာသော စကားတစ်ခွန်းကို ဖွင့်ပြောလိုက်ရတော့ စိတ်ထဲအတော်လေးပေါ့ပါးသွားဟန်ရှိပြီး နောက်တစ်ယောက်မူ နှစ်''လ''ကြားချင်ခဲ့သော ထိုစကားတွင် ပြိုလဲသွားဟန်ဖြင့် အရှေ့ကကောင်လေး၏ရင်ခွင် ပစ်ဝင်လေသည်

ဆံပင်အုပ်အုပ်လေးတွေကပုံမသွင်းပဲလွှတ်ချထားတော့ လေတချက်အဝှေ့တွင် ရှန်ပူရနံ့​တို့ နှာဖျားတွင်ကျီစယ်လာပြီး သူ့ရင်ခွင်ထဲရောက်နေသောမျက်နှာလေးကို ဆွဲမော့ကာ နှုတ်ခမ်းတစ်စုံအား အနမ်းခြွေပြန်သည်

"မောင်တို့ အိမ်ပြန်ရအောင်ဟန် "

"ဦး~သဘောပါ "

*ဒါကတော့ ဖိတ်စာအပြင်ပုံစံပေါ့နော် *

*ကဲ မင်္ဂလာဖိတ်စာပုံလေးပါ တက်ရောက်ပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်*

Please is Vote and comment

........................................................................

[text_hash] => 460832ef
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...