Array
(
[text] =>
Uin
(ဒီအပိုင်းက နဲနဲချိုလို့ ရင်ဘက်တော့နဲနဲအောင့်မယ်ထင်တယ်ဗျ)
မွေးနေ့ပါတီတစ်ခုဖြစ်လေသည်
အချိန်အားဖြင့် ည၈နာရီလောက်ရှိပြီး မွေးနေ့ကျင်းပသူကအနုပညာအသိုင်းဝိုင်းကမို့ အနုပညာကသရုပ်ဆောင်တစ်ချို့ရယ် ၊ ဒါရိုက်တာတစ်ချို့နဲ့အသိကျွမ်းတစ်ချို့ကိုသာဖိတ်ထားပြီး မီဒီယာတွေကိုတော့မဖိတ်ကြားထား
သူတို့က ဝေဟင်အကူညီဖြင့် ညနေကတည်းကအိမ်ထဲရောက်နေကြသည် မွေးနေ့ရှင်နှစ်ယောက်ကထွက်မလာသေး သူတွေးနေစဥ်မှာ ဂါဝန်အပြာလေးဖြင့် မွေးနေ့ရှင်တယောက်ကထွက်လာသည်
"ဟက်ပီဘတ်ဒေးပါ ဖေ့မင်းသမီးလေး "
"ဟုတ် "
ဟုတ်ပါသည် ဒီနေ့က သမီး၏လေးနှစ်ပြည့်မွေးနေ့ဖြစ်ပြီး တယောက်သောသူ၏ ၂၆နှစ်ပြည့်မွေးနေ့လည်းဖြစ်သည်
"ဝေဟင် ဟန်ကဘာလို့ကြာနေတာလဲ "
"မသိဘူးလေ ကိုပိုင်စိုးတက်ကြည့်လိုက်ပါလား "
"အဲလိုရလား "
ဝေဟင်ရဲ့ ရတယ်လေ ဆိုသည့်စကားသံတွင်အပျော်ကြီးပျော်သွားကာ အခန်းအားမေး၍တက်လာလိုက်သည် သူရဲ့နားထဲတွင် 'ဒုတိယထပ် လှေကားရဲ့ဘယ်ဘက်ထောင့်ဆုံး အခန်းမှာ ကိုပိုင်စိုး အသက်ညှာလေး ' ရှိတယ် ဆိုတာကိုထပ်တလဲလဲကြားနေရလေသည်
ကိုယ်နဲ့ဝေးနဲ့ အသက်လေးကို တွေ့ရမည်ဆိုတော့ တသိပ့်သိပ့်တုန်လာသည့် ရင်ဘက်ထဲကအကောင်မှာအတားဆီးမဲ့စွာခုန်ပေါက်နေလေသည်
တံခါးပေါက်ကို ခပ်ဟဟဖွင့်ပြီး မျက်စိကစားကြည့်တော့ မှန်ထဲအရိပ်တစ်ခုကရှိနေလေသည်
စူးစိုက်ကြည့်လိုက်တော့ ရင်ဘက်ကိုတစ်ဝက်လောက်ဟထားပြီး ကော်လံနှစ်ခုက ပလက်တီနမ်ကြိုးလေးနှစ်ခုကိုဆွဲထားသေးသည် အင်္ကျီအဖြူကိုမှ အသားဖြူဖြူပေါ်တင်လိုက်တော့ ပို၍ပင်ဝင်းလက်သွားသလို အနောက်ကကုတ်အပြာလေးကိုထပ်ချလိုက်တော့ လုံးဝပါဖက်..
"ဘယ်ချိန်ထိကြည့်နေမှာလဲ "
သူတွေ့ပေမဲ့ မသိသလိုဟန်ဆောင်နေပေမဲ့မနေနိုင်တော့ပေ
သူတွေးနေတုန်း အရှေ့ကအသံကြောင့် လက်ရှိအခြေနေကိုသတိရသွားရသည်
"မရည်ရွယ်ပါဘူး "
သူရင်ခုန်ဖူးတဲ့ ခပ်ဩဩအသံကမပျောက်ကွယ်သွားပေမဲ့ ပုံရိပ်တွေကသူ့တွက်အထူးဆန်းလိုဖြစ်လို့နေသည် ဆံပင်ကောက်ကောက်တိုတိုတွေက ကျောလယ်ပင်ရောက်နေပြီးနှုတ်ခမ်းမွေးတွေနဲ့ အမြဲတစေပန်းရောင်ထနေသည့်နှုတ်ခမ်းသားတွေက အညိုဘက်ပြောင်းနေပြီ ဒီနှစ်တွေမှာဘယ်လိုတွေတောင်ဖြတ်သန်းနေခဲ့ပါလိမ့်
သူ့ကိုစောင့်ကြည့်နေသည့် မျက်ဝန်းကိုဥပက္ခာပြုလိုက်ပြီး လှည့်ထွက်ဖို့ပြင်လိုက်သည် ပြီးတော့မှတစ်စုံတစ်ခုကိုသတိရကာ ဟန်ဘက်မျက်နှာမူလိုက်သည်
"နေအုံး.. "
"ကျွန်တော်လည်းပြောစရာရှိတယ် "
အခုခြေနေက နှစ်ယောက်စလုံးကမျက်နှာချင်းဆိုင်အနေထားတွေဖြစ်သည်
"ဟက်ပီဘတ်တေးပါ ဟန် "
"ပြောစရာရှိတယ်ဆိုတာကဒါလား "
"ဟင့်အင့် ~ပြောစရာတွေအများကြီးရှိပေမဲ့ပြောဖို့အင်အားမရှိသေးဘူး ၊ ဘယ်ကစပြောရမှန်းလဲ မသိဘူး ၊ သမီး..သမီး..နဲ့လည်းတွေ့ခဲ့ပြီးပြီ "
"............."
မျက်လုံးထဲကအဖြေကရှာကြည့်နေပေမဲ့ တစ်စုံတစ်ဦးကိုထုံးစံတိုင်းခေါင်းငိုက်စိုက်ချထားကာ မျက်လုံးတို့ဝှက်ထားလေသည်
"မမေးတော့ဘူးလား ဒီအိမ်ထဲဘယ်လိုရောက်လာခဲ့သလဲဆိုတာ "
"သိဖို့လို့သေးလား ကူညီနိုင်တဲ့လူကတယောက်ပဲရှိတယ် "
ခဏတာမျှငြိမ်သက်သွားပြီး ဒီနေ့မှလေထုကအေးစက်နေသယောင် ပြောစရာစကားတို့လည်းခေါင်းထဲဗလာနိတ္တိ
" အရှေ့က.. ဖယ်ပါ "
အေးစက်စက်လေထုတစ်ချို့ကို ဟန်ကဖြိုခွင်းလိုက်ပြီး ပိုင်စိုးဦး နဘေးကဖြတ်သွားကာ မွေးနေ့ပွဲရှိရာသို့ခြေလှမ်းတို့ပြင်လိုက်သည်
ဒေါက်လ်!
ကြမ်းပြင်ကို ဒူးထောက်ချလိုက်သည်က တိတ်ဆိတ်နေသည့် အခြေနေတွင် ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ပြီးတစ်ဆက်တည်း 'တောင်းပန်ပါတယ် 'ဆိုသည့်စကားသံကထွက်ပေါ်လာသည်
ရပ်တန့်သွားသည့်ခြေလှမ်းတွေ အနောက်သို့ပြန်မလှည့်လာပေမဲ့ နားထောင်နေတယ်ဆိုတာသူသိတာကြောင့်..
"ဒီနှစ်တွေမှာ ကလေးတယောက်နဲ့ပင်ပန်းစေခဲ့မိတဲ့အတွက် ပြီးတော့ကျွန်တော်..ကျွန်တော်လုပ်ခဲ့တာတွေအတွက်တောင်းပန်ပါတယ် "
စကားအဆုံးတွင် ထိုလူရှေ့ရောက်သွားရပြီး ဒေါသထွက်ဖို့လုံလောက်သည့်စကားလုံးတို့ကြားလိုက်ရသည်
"တောင်းပန်ပါတယ် ဟက်!လွယ်လိုက်တာ တောင်းပန်ပါတယ်ပြောလိုက်တာနဲ့ ဒီလေးနှစ်ဆိုတဲ့အချိန်ကိုကုစားလိုက်ရတော့မလား ဟမ်! ဖြေလေ.. "
"ခွင့်လွှတ်ပေးပါလို့မတောင်းဆိုရဲပါဘူး အထင်လွဲနေတာကိုရှင်းပြပေးတာ နားထောင်စေချင်တယ် "
"အထင်လွဲတယ် ဟုတ်လား.. ဘာ..က..အထင်လွဲစရာရှိသေးလို့လဲ "
"ကျွန်တော်.. မင်းကိုစွန့်လွှတ်ခဲ့တာမင်းအတွက်.. "
"ငါ့တွက်ဟုတ်လား..ဖောက်ပြန်တာကလည်းငါ့အတွက်ပေါ့.. ဒါဆိုအခုလိုငါ့ရှေ့ရောက်လာတာကရော ဘယ်သူတွက်လဲ "
"မဟုတ်..."
"ဘာလဲ ကလေးကြောင့်လား "
"မဟုတ်ပါဘူး..ကျွန်တော်ရှင်းပြ.. "
"အကိုအောက်မှာလူတွေစုံနေပြီ "
"ကိုယ်လိုက်လာခဲ့မယ် "
ဝေဟင်ဘက်ကိုပြောပြီး ဟိုလူတစ်ချက်ကြည့်ကာ ပွဲထဲသို့ဝင်လာလိုက်သည်
"ကိုပိုင်စိုး အကိုကအခုချိန်သွေးပူနေပြီ ကိုပိုင်စိုးရှင်းပြလည်းလက်ခံမှာမဟုတ်ဘူး နောက်မှထပ်ရှင်းပြလိုက်ပါ "
".............."
"ပြန်သွားသင့်တယ်လို့ ကျွန်တော်ထင်တယ် "
"ဟင့်အင့်~ကိုယ်ဒီနေ့မှမရှင်းပြနိုင်ရင် နောက်ထပ်အချိန်တွေအချိန်တွေထပ်မကြာချင်တော့ဘူး "
"အကိုထင်လွဲနေတာကို ရှင်းပြဖို့ဘာလို့အဲလောက်ခက်နေရတာလဲ နားမလည်နိုင်ဘူး "
"ကိုယ်ကအညာဒေသက တောသားတစ်ယောက် စကားအလှတွေနဲ့မရှင်းပြနိုင်ဘူး ကိုယ်ရှင်းပြလိုက်မှမုန်းသွားမျိုးလည်းမဖြစ်ချင်ဘူး "
"ကိုပိုင်စိုးရာ ဘယ်လိုပြောရမှန်းတောင်မသိတော့ပါလား "
"ဒီလိုလုပ် ကျွန်တော်လည်းကူပြောပေးမယ် ကိုပိုင်စိုးလည်းသေချာရှင်းပြလိုက်ပါ ဒီညကလေးတွေခေါ်ထားပေးမယ် "
ဝေဟင်ထွက်သွားပြီးသည်ထိ နေရာမှာဒူးထောက်နေမိသေးသည် ဘယ်ချိန်ထိလဲ? ဘယ်လောက်ကြာမလဲ? တစ်နာရီလား? နှစ်နာရီလား? အချိန်ကားလေးနှစ်တိုင်စောင့်ခဲ့ပြီးပါပြီ နောက်ထပ်နာရီများစွာစောင့်ရစောင့်ရ စောင့်နိုင်ပါသည်
"ဘယ်ချိန်ထိ အခုလိုခေါင်းမာနေမှာလဲ? "
"ကျွန်တော်..မရှင်းပြနိုင်သ၍ "
"ကောင်းတယ်.. အဲဒီမှာဘဲနေနေလိုက် "
ကျစ်! သူအပေါ်တက်လာသည်ထိ ဒူးထောက်နေဆဲသူကိုစိတ်တိုမိသွားသည် အသက်ကြီးလာသည်ထိကိုမရင့်ကျက်သေးဘူးပြောရမလား? ခေါင်းမာတယ်ပြောရမလား?
ကိုယ်ကလည်းကိုယ်ပါဘဲ စိတ်ပြေလက်ပျောက်အဖြစ် ပွဲထဲလေးနာရီလောက်အချိန်ဖြုန်းခဲ့တော့ လက်ရှိချိန်ကသန်းခေါင်းယံရောက်ဖို့သိမ်မလို..
အခန်းထဲသို့ဝင်လိုက်ပြီး အဝတ်စားပင်မချွတ်ရသေး တံခါးနားကပ်ကာ အပြင်ကအသံကိုနားထောင်နေလိုက်သည်
သေချာနားထောင်မှ အသံသဲ့သဲ့ကြားရသည်
'မင်းခံစားရတာထက် မောင်ကနှစ်ဆပိုခံစားရတယ် '
'မောင်သာ မင်းကိုဆွဲထားခဲ့ရင် မောင့်လို့အညတရကောင်စီမှာဘဲသောင်တင်နေရင် မင်းရဲ့အသိုင်းဝိုင်းက အပြစ်တင်ကျမှာ မောင့်ကိုထိခိုက်မှာထက်... ဟန်ဟာ သူတို့ပြောသလိုအခြောက်တယောက်ထက်မပိုဘူးဆိုတာ မောင်လက်မခံနိုင်ဘူး '
'မင်းရဲ့ဝါသနာ လုပ်နိုင်စွမ်းတွေကို ပြပေးချင်ခဲ့တယ် ဒါမဲ့သိလားဟန် မောင့်အနားမှာသာထားပြီးလုပ်ခိုင်းခဲ့ရင်ရပေမဲ့ မင်းရဲ့အနာဂတ်ပုံရိပ်မှာဘာမဟုတ်တဲ့လူနဲ့ ဆိုပြီး အမဲစက်တွေနဲ့ချနင်းခံရမှာစိုးလို့ မောင်အဘေးထွက်ပေးဖို့တွေးခဲ့တယ် '
'ဒီအခြေနေကြီးမှာ မောင်ဘာအကြောင်းပြပြီး ပြောရမလဲမောင်မသိခဲ့ဘူး နောက်ဆုံးစဥ်းစားမိတာက မင်းအရမ်းမုန်းတဲ့ဖောက်ပြန်ချင်းတို့မောင်လုပ်ဖို့ပဲရှိတော့တယ်ဟန် '
'မင်းကိုပြောတဲ့ချိန်မောင်လည်းရင်နာခဲ့ရတာပဲ ဖောက်ပြန်ဖို့မပြောနဲ့ဟန် ဘယ်မိန်းကလေးမှမျက်လုံးထဲမဝင်ခဲ့လို့ အချစ်ကဘာလဲမေးရင်တောင် မောင်မသိခဲ့ဘူး '
'လေးနှစ်..ဒီလေးနှစ်ထဲ မောင်နေနိုင်ခဲ့တယ်လို့ထင်လား..မောင့်ဘေးမှာ..သားရှိနေခဲ့လို့..မောင်ဒီအခြေနေထိရောက်နေခဲ့တာ မောင်စိတ်ရောခန္တာပါ ပြိုလဲနေခဲ့တာ အခုချိန်ထိပဲ '
'မောင်လည်း ပင်ပန်းလွန်းနေပြီရယ် '
အသံတို့ဟာတိတ်ဆိတ်သွားသည်ကြောင့် တံခါးကိုခပ်ဟဟလေးဖွင့်ကြည့်လိုက်တော့ လူမတွေ့ရတော့
ပြန်သွားလို့တော်ပါသေးရဲ့ဆိုတဲ့စိတ်ကလေးနဲ့အတူ သူပြောခဲ့တာတွေကအမှန်တွေပဲလား? ဒီနှစ်တွေမှာဘာတွေလုပ်ပြီး ဘာတွေဖြစ်နေခဲ့လဲဆိုတာသူသိရဖို့လိုသည်
.....................
ဒေါက်လ်...ဒေါက်လ်..
"အကို..ကျွန်တော်ဝေဟင်ပါ ဝင်ခဲ့မယ်နော် "
နေ့လယ်လောက်ထိ အခန်းထဲကမထွက်လာသေးတော့ မနိုးသေးတာလား? ပင်ပန်းနေလို့လား?ထင်လိုက်ပေမဲ့ အကိုကဘယ်လောက်ပဲပင်ပန်းနေပါစေ နေ့လယ်ထိဘယ်တုန်းကမှမအိပ်
အခန်းတံခါးခေါက်ကာဝင်လာလိုက်သည် အိပ်မပျော်နေပေမဲ့ ကုတင်ထက် စောင်ခြုံပြီးမှေးနေလေသည်
"အကိုအိပ်နေသေးတာလား "
."ဟင့်အင့် ~ညကရေချိုးနောက်ကျလို့ဖျားချင်နေတယ်ထင်တယ် ခေါင်းထဲမိုက်ခနဲဖြစ်နေပြီး နေလို့မကောင်းဘူး "
"အကိုအေးဆေးနားလိုက်လေ အလုပ်တွေကျွန်တော်လုပ်ပေးထားမယ် "
"ဝေဟင်~ "
"ဗျာ "
"သူ..သူရော.."
"ညကပြန်သွားတယ်လေ ဒါနဲ့ကိုပိုင်စိုးနဲ့ ဆင်မပြေသေးဘူးလား "
ခေါင်းအား ခပ်တွေတွေခါတော့ အားမလိုအားမရဖြစ်မိသည်
"အကို့ရဲ့အကြောင်းပြချက်ကဘာလဲ သူ့ကိုမိန်းမနဲ့လို့အထင်လွဲနေတုန်းလား "
"ဟင့်အင့် ~"
"ဒါဆိုဘာလို့လဲ "
"ဝေဟင်သာ ကိုယ့်နေရာမှာဆိုရင်ရော "
"တွေးကြည့်နေစရာတောင်မလိုဘူး လက်ခံလိုက်မှာ သေချာစဥ်းစားကြည့်ရင် သူလုပ်ခဲ့တာအားလုံးကအကို့တွက်ပဲ "
"ကိုယ်စုံစမ်းခိုင်းခဲ့တာတွေကရော "
"ဝေဟင်သတင်းရသလောက်တော့ ဒီနှစ်တွေမှာအလုပ်ကိုပဲအားစိုက်လုပ်ခဲ့တယ် စိုးဆက်ကိုလည်းဝန်းသိုမှာကျောင်းထားထားတယ် ဒီနှစ်လေးတန်းတက်မှာ ပြီးတော့ လစဥ်ရောက်ရောက်လာတဲ့ငွေတွေက ကိုပိုင်စိုးလွှဲပေးတာ "
"ဘယ်..ဘယ်လိုဖြစ်နိုင်မှာလဲ "
"ဟုတ်တယ်အကို ဝေဟင်သူတို့အိမ်သွားတဲ့နေ့ကကြားခဲ့တာ အကိုမသိတာရှိသေးတယ် အကို၁၂နှစ်အချုပ်ကျတဲ့ချိန် လွတ်ငြိမ်းနဲ့ရအောင် တရားသူကြီးကိုလာဒ်ထိုးခဲ့တယ် "
"မဖြစ်နိုင်တာ...မဟုတ်ဘူးမလား "
"အမှန်ဘဲအကို..အကိုလက်မခံချင်လဲလက်ခံရလိမ့်မယ် ဝေဟင့်လူကလာပြောပြတာတော့ တရားသူကြီးရှေ့မှာသိန်းတစ်ရာငါးဆယ်တိတိပုံပေးခဲ့တာ မဟုတ်ရင်၂နှစ်တည်းနဲ့လွတ်ငြိမ်းရပါ့မလား "
"သူစွန့်လွှတ်ခဲ့ပေမဲ့ အကိုနဲ့အတူထည့်ပေးလိုက်တဲ့ငွေတွေ ၊ အိမ်-မြေစာချုပ် ၊ လစဥ်ရောက်လာတဲ့ငွေတွေ ၊ တရားသူကြီးကိုပေးခဲ့တဲ့ငွေတွေ ကအကိုကို့နောက်ကွယ်ကနေတက်နိုင်သလောက်ထောက်ပေးခဲ့တာတွေပဲ.. နောက်ဆုံး..အကိုကလေးမွေးတဲ့လမှာငွေမရောက်လာတာက သူ..သူ..ကျေးဇူးတောင်ကဒေသခံတပ်စီမှာအဖမ်းခံလိုက်ရလို့.. ပြီးတော့ဝေဟင်မသိတဲ့အကြောင်းရာတွေအများကြီးရှိအုံးမှာ "
"ကိုယ်မှားပြီ...မှားသွားပြီ "
"နောက်မကျသေးပါဘူးအကို ပြန်ပြင်ဆင်လို့ရပါသေးတယ် အကိုက သူမိန်းမယူသွားတယ်ဆိုတဲ့စိတ်နဲ့ အကို့အလုပ်တွက် အချုပ်ကျတာလေးပဲရှိတာပါ "
".........."
"ကလေးကို အကိုနဲ့ခွဲခဲ့တယ်ဆိုတာကလည်း အကိုတယောက်တည်းအဆင်ပြေအောင်သူလုပ်ခဲ့တာ ဗိုက်ထဲမှာကလေးပါသွားမယ်လို့သူမသိခဲ့ဘူးလေ ပြီးတော့အကိုသိလား လောကမှကိုယ့်သွေးသားနောက်တယောက်ရှိသေးတာ သိလိုက်ရတဲ့ဖခင်တယောက်ရဲ့ခံစားချက် ငါစွန့်လွှတ်လိုက်တာ မှားလား /မှန်လားဆိုတဲ့ဒွိဟစိတ်တွေ အကိုနဲ့ပြန်အဆင်ပြေချင်တာတွေ အကို့ခံစားရတာက သူ့ကိုမမှီပါဘူး "
"ကိုယ်..ကိုယ်.ဘာလုပ်ရမလဲ "
"ပြန်ဆင်ပြေအောင်နေရမယ်.. အကို့သမီးကိုပဲကြည့် မွေးလာကတည်းကအဖေဘယ်သူဆိုတာမသိလို့ ဖြေရှင်းရလွယ်တယ် လေးနှစ်အရွယ်ရှိနေပြီဖြစ်တဲ့သားအတွက် အဖေနဲ့အမေကိုမှတ်မိနေတဲ့အရွယ် 'ဒယ်ဒီကရော 'ဆိုတဲ့အမေးတွေ ၊ 'ဒယ်ဒီကသားကိုမချစ်လို့လား'ဆိုတဲ့အမေးတွေ ကိုသူဖြေရတဲ့အခါ ဘယ်လိုနေမလဲအကိုစဥ်းစားကြည့်ပေါ့ "
အခန်းတွင်း အဲကွန်းအအေးက သူ့ရင်ထဲကအပူကမအေးချမ်းနိုင် သမီး၏တစ်ခါတလေ အမေးတောင်သူမဖြနိုင်ခဲ့တာ လေးနှစ်တိတိ ဒီမေးကွန်းတွေအမေးခံခဲ့ရသည့် သူကရော ဘယ်လိုခံစားရမလဲ..
"အကို "
ပြတင်းပေါက်ကခန်းဆီးကို ဖယ်ကာ အောက်ကိုစိုက်ကြည့်နေသည့်ဝေဟင်အနား သူရောက်သွားပြီး သူပါကြည့်လိုက်သည်
ပိုင်စိုးဦးနှင့် သားက မြက်ခင်းပေါ်တွင်ထိုင်နေပြီး သမီးက နှစ်ယောက်စလုံးကိုဆံပင်စည်းပေးနေလေသည်ကို လက်ပိုက်ကာငြိမ်ခံနေရလေသည်
"အဲဒီနေရာမှာအကိုသာ ဝင်လိုက်ရင် ဒီနေ့ရဲ့တိမ်တိုက်တွေကအလှပဆုံးဖြစ်နေမှာ "
"ကိုယ်မပြောတက်သေးဘူး "
ဆံပင်တွေက ခြူးခေတ်စိုးစံလက်ချက်ကြောင့် ဟိုတစ်စုဒီတစ်စုဖြစ်နေပြီ သူမြင်နေရသည့်နောက်ကျောပြင်ကထွေးပွေ့မှုလိုအပ်နေသယောင်
"ဒယ်ဒီ ကိုကိုကပြောတယ် ဝန်းသိုမှာဖိုးဖိုး ၊ဖွားဖွားရှိတယ်တဲ့ "
"အင်း~"
သမီးတစ်ယောက်သာ သူ့အနားတွင်ရှိနေပြီး သားကသူ့ကိုသာစိုက်ကြည့်နေလေသည် မျက်ဝန်းအိမ်ကမျက်ရည်တစ်ချို့စုနေသည်
"စိုးဆက် "
လက်နှစ်ဖက် ကမ်းလိုက်ပေမဲ့ကလေးကအနောက်သို့ဆုတ်သွားလေသည်မို့ ဒီမြင်ကွင်းကိုကိုယ်တိုင်တွေ့လိုက်ရတော့မခံစားနိုင်
"ဒယ်ဒီလေ..သားဒယ်ဒီ..လာပါအုံး..သားရယ် "
အိမ်ရှေ့မြက်ခင်းပြင်ထဲ သားအဖသုံးယောက်သာရှိပြီး တစ်စုံတစ်ယောက်ကားမတွေ့ရ
"သား..စိုးဆက်~ဒယ်ဒီကို့မုန်းနေလား..သား "
"အီး..ဟီ...အီး..ဟင့်.ဖေဖေကပြောထားတယ်..သားဒယ်ဒီကိုမမုန်းရဘူးတဲ့ "
သားအပြောကြောင့် ရင်ဘက်တစ်ခုလုံး စုတ်ပြတ်သတ်သွားသလိုခံစားလိုက်ရသည် သားကသူ့ကိုမုန်းနေတာ သူ့အဖေကြောင့်သာ ထိုအမုန်းစိတ်တွေကိုဖုံးကွယ်ထားသည့်ကလေးလေးက လူကြီးတစ်ယောက်လိုပင်
"ဒယ်ဒီ..သားကိုချစ်ပါတယ်သားရယ်..ဒယ်ဒီမင်းကိုချစ်ပါတယ် "
"အင့်~သားကိုချစ်ရင် ဘာလို့ဖေဖေနဲ့သားကိုပစ်ခဲ့တာလဲ ဒယ်ဒီသိလား ဖေဖေဆိုနေ့တိုင်းခိုးငိုနေတာ.. သားတွေ့တယ် "
"ဒယ်ဒီ.မရည်ရွယ်ခဲ့ပါဘူး..သား..ဒယ်ဒီ ရည်ရွယ်ချက်ရှိရှိ ပစ်ထားခဲ့တာမဟုတ်ပါဘူး "
"ဒယ်ဒီတောင်းပန်ပါတယ် သားရယ်.. "
သားကိုသူဘယ်လိုရှင်းပြရမလဲမသိ ခေါင်းကိုသာငိုက်စိုက်ချကာ အသံတိတ်ငိုမိသည် 'မကောင်းတဲ့အဖေဖြစ်ပြီလား သူမသိ ' မကြာလိုက်သူ့ပါးပြင်ပေါ်ရောက်လာသည့် လက်ချောင်းလေးတွေ
"ဒယ်ဒီမငိုပါနဲ့..သားကြောင့်မငိုပါနဲ့..ဒယ်ဒီငိုနေတာသိရင်ဖေဖေပိုစိတ်မကောင်းဖြစ်လိမ့်မယ် "
"သားရယ်.. ဒယ်ဒီ..ဟင့်~ဒယ်ဒီတောင်းပန်ပါတယ်.. နောက်သားကို ဒယ်ဒီမပစ်ခဲ့တော့ဘူး "
"ကတိ.."
လက်သန်းလေးကိုအရှေ့ထုပ်ပေးလာတော့ သူပါချိတ်လိုက်ပြီး ခန္တာကိုယ်သေးသေးလေးကို ပွေ့ဖက်လိုက်သည်
"သား..သား..ဖေဖေရော "
သားရဲ့ညွှန်ပြချက်ကြောင့် အိမ်နဘေးကရေကန်စီရောက်လာသည် သူရောက်တော့ ရေကန်ဘောင်ပေါ်ထိုင်နေသည့် ဆံပင်တွေမစည်းနှောင်ထား၍လွတ်လပ်စွာ လွှင့်နေလေသည် လက်နောက်ပြန်ထောက်ထားသောပုံရိပ်လေးက ဆွေးမြေ့ချင်စဖွယ်
အဟွတ်~အဟွတ်....
"နေမကောင်းဘူးလားဟန်~ "
သူအသံပေးပြီးဝင်ထိုင်လိုက်တော့ လက်ကနဖူးပေါ်ရောက်လာသည် 'ဒီအကြည့်တွေ ၊ ဒီမျက်ဝန်းတွေ'က လွန်ခဲ့တဲ့နှစ်တွေတုန်းကလို စိုးရိမ်ပူပန်မှုအပြည့် ..
"မောင်တောင်းပန်ပါတယ် "
"ဘာအတွက်လဲ "
"မောင် စိတ်လောပြီးလုပ်မိလိုက်တဲ့အတွက် "
"မောင်တဲ့လား.. "
"မင်းသိလားဟန်.. မင်းကမောင့်ထက်အသက်ကြီးတယ်လို့သိရဲ့ချိန်မှာ ကိုယ့်ကိုကိုယ်သုံးမိတဲ့နာမ်စားက 'မောင်'..ဒါပေမဲ့ မင်းစီက 'ဦး 'လို့ခေါ်သံမှာ ပြိုလဲခဲ့မိတယ် "
".........."
သူသဘောကျရသည့်အရာကို ဖွင့်ပြောလိုက်ရ၍လားတော့မသိ နှုတ်ခမ်းသားတွေကကော့ညွတ်နေလေသည်
"သားအကြောင်း ပြောပြလို့ရမလား "
"ထွေထူးပြောစရာမလိုပါဘူး မင်းရဲ့အကျင့်တွေကိုသားကအမွေဆက်ခံထားတယ် သားကအားလုံးရဲ့အချစ်တော်ပါ..မင်းလိုပေါ့ "
"မဟုတ်တာ.."
"ဟင့်အင့်~မောင်တကယ်ပြောတာ "
".........."
"မောင် မေးစရာရှိတယ် "
"အင်း ~"
"မောင့်ကိုခွင့်လွှတ်ပေးနိုင်မလား "
မထင်ထားတဲ့ စကားကြောင့် သူတွေဝေသွားရသည် ပိုင်စိုးဦးက တစ်စုံတယောက်ကို 'တောင်းပန်ပါတယ် ' ပြောရတာအရမ်းကြောက်တာမျိုး ၊ အတူနေခဲ့သည့်အချိန်ကပင် 'ခွင့်လွှတ်ပေးဖို့မတောင်းဆိုချင်ဘူး ' ဆိုတဲ့သူက အခုခါတွင် 'ခွင့်လွှတ်ဖို့တောင်းခံနေလေသည်
"မယုံနိုင်တာသိပါတယ် ခွင့်လွှတ်ဖို့မတန်ဘူးဆိုပေမဲ့ မင်းစီကခွင့်လွှတ်တယ်ဆိုတာလေးတော့ ကြားချင်တယ် "
"အဲလောက်အရေးကြီးလား "
"အရေးကြီးတာပေါ့ မင်းကသာ မခွင့်လွှတ်ဘူးဆို ကိုယ့်ကိုကိုယ်အပစ်တင်လို့ဆုံးမှာမဟုတ်ဘူး အားလုံးကမောင့်ရဲ့လုပ်ရပ်တွေကြောင့်ဖြစ်လာတာ "
"ခွင့်လွှတ်ခဲ့ပြီးပါပြီ ဦး... "
"တ..တကယ်..လားဟန်..မောင်နားကြားမမှားဘူးမလား "
"ဦးကို ခွင့်လွှတ်တယ်လို့ "
"မောင်..မောင်..ဝမ်းသာလိုက်တာကွာ "
ပါးချိုင့်တွေပေါ်ပြီး မျက်လုံးမှေးမှေးလေးတွေက ပျောက်ကွယ်လုလု ပြုံးရီနေတော့သည်
ချစ်ခြင်းမေတ္တာကနှစ်ဦးနှစ်ဖက် နားလည်မှုတွေရှိရင် အတော်ကိုနွေးထွေးကြောင်း အခုချိန်ကသက်သေ..
ထို့နောက် ပိုင်စိုးဦးတို့နေသည့်အိမ်ကနေ ဟန်အိမ်ဘက်ပြောင်းလာပြီး ကလေးနှစ်ယောက်ကို ကိုမင်းမင်းကအပြင်ခေါ်သွားတော့ လင်နှစ်ယောက်တည်း အိမ်တွင်ကျန်ခဲ့လေသည်
"ဟန်....မောင့်ကိုအရင်လိုချစ်သေးလား "
ဧည့်ခန်းဆက်တီခုံတွင် ဟန်ကတီဗီကြည့်နေလေပြီး ပိုင်စိုးဦးကဟန်၏ပေါင်ပေါ်လှဲ၍အိပ်နေလေသည်
ဆံပင်ထဲမွှေနှောက်နေသည့် လက်တစ်စုံရပ်တန့်သွားသည်
"အမှန်တိုင်းဝန်ခံရရင် ဦးကိုစိတ်လည်းမနာသလို မုန်းလည်းမမုန်းခဲ့ဘူး "
"ဘာလို့လဲ မောင့်ရက်စက်တာတောင်မှလား "
"ဟင့်အင့်~ပထမဆုံးဦးဟာအချစ်နဲ့မရင်းနှီးတဲ့လူတယောက် ညားသွားတာကယောင်္ကျားလေး နှစ်ဦးနှစ်ဖက်ချစ်လို့လားဆိုတော့ မထင်မှတ်ထားတဲ့အရာကြောင့်ညားခဲ့တာ အဲယောင်္ကျားလေးကလည်းကိုယ်ဝန်ဆောင်လို့ရတယ် အဲချိန်မှာဦးကအသက်ပြည့်ခါစ လူတစ်ယောက် ကိုယ့်ကိုအရေးပေးတဲ့လူတစ်ယောက်ကို ချစ်မိမှာကသဘာဝကျပါတယ် "
"ပြီးတော့ ငါ့အပေါ်လုပ်ရက်တယ်လို့တွေးမိပေမဲ့ မသိိစိတ်ကဦးအပေါ်ဘာမှမခံစားရဘူး တစ်ခါတစ်လေလွမ်းတာကလွဲလို့ "
"ပြောချင်တာက ချစ်တယ်ပေါ့..ဟုတ်တယ်မလား "
"အင်း ~"
"မောင်ညနေကျရင် ဆံပင်သွားပြောင်းချင်တယ် "
"အခုလည်းအားတယ်လေ သွားရအောင် "
"ခဏ..."
ထသွားပြီး ပြန်လာတော့လက်ထဲကတ်ကြေးတစ်လက်ပါလာသည်
"ဘာလုပ်မှာ"
"မောင် ဒီလိုပုံဖြစ်နေတာက ဟန်လက်နဲ့ပြုပြင်စေချင်တာလေ အစကတည်းကဆံပင်ညှပ်ချင်စိတ်သာရှိရင် စိတ်ရှုပ်ခံပြီးထားမနေဘူး "
"ဟန်သာပြန်မလာခဲ့ရင်ရော "
"ဒီလိုပုံစံနဲ့ပဲသွားမှာ "
ဟန်ကပဲလျှော့လိုက်ရတာ ဆံပင်ရှည်ကိုစီးလိုက်ပြီး ဂုတ်အထက်ကနေဖြတ်ချလိုက်သည်
ဆံပင်ဆိုင်ရောက်တော့လည်း ဆံပင်တစ်ခုပဲညှပ်ကာ ပါးသိုင်းမွေးတွေမရိတ် 'ရေချိုးမှဟန်ရိပ်ပေး' တဲ့လေ
"လက်ဖယ် ယားတယ် "
ရေချိုးကန်ဘောင်ပေါ် ဟန်ကထိုင်ထားပြီး ကြွေပြားတမံတလင်းတွင် ပိုင်စိုးဦးကထိုင်နေလေသည်
"ဟန်သွားကတည်းကမရိပ်တာလား "
"အခုချိန်ထိအဲလိုသာ ထားရင် မောင့်အမွှေးကအတော်ရှည်နေမှာ ဖြတ်ပြီးပဲထားတာမရိပ်ဘူး မောင်ကအမွှေးသန်တယ်လေ နေရာအစုံ"
ဖတ်!
"ဘာလို့ရိုက်တာလဲ "
"မဟုတ်တာလာပြောနေတာကို "
"ဘာမဟုတ်တာလဲ တကယ်ပြောတာ နေရာစုံကိုသန်တာပါဆို..အပေါ်ရောအောက်ရော "
"ဦး!!! "
"ဪသိချင်တာလား ဒီမှာကြည့် "
လူညစ်ပတ်အပြုံးနဲ့တူ အောက်ဘောင်းဘီလေးကို ဟပြတော့ အားနေသည့်လက်တဖက်ဖြင့်အားပါပါရိုက်ချလိုက်သည်
"ဘာလို့အဲတောင် ပြောရဲဆိုရဲသွားရတာလဲ "
"ပြောတက်ပါတယ် မပြောတာ အခုတော့အဲလိုပြောရတဲ့အရသာသိသွားပီ အဲလိုပြောလိုက်ရင် မျက်နှာနီရဲသွားတာလေးကမိုက်တယ် "
"ဦး!!!!! "
"ဗျာ ~"
မဟုတ်တဲ့စကားတွေကြောင့် လူကဖျားချင်သလိုလိုပါဖြစ်လာပြီး တစ်ခါမှမကြားဖူးသော ထူးသံကြောင့်ရင်တွေအဆမတန်ခုန်ကာ ကိုယ့်ကိုယ့်ကို လူပျိုပေါက်လေးတစ်ယောက်လိုခံစားလိုက်ရသည်
ပိုင်စိုးဦးတယောက် ရေချိုးခန်းဝင်သွားသည်မှာ ဟန်တရေးအိပ်ပျော်လို့ပြန်နိုးတဲ့ထိ အိပ်မှုန်စုပ်ဖွားဖြင့် ကုတင်ပေါ်ငိုက်နေတုန်း ပိုင်စိုးဦးကထွက်လာသည်
ရေစက်လက်ကျနေသည့် ဆံပင်တိုတိုကောက်ကောက်တွေ ၊ ရိပ်သင်ထားသောမေးကစိမ်းဖန့်ဖန့် နှင့် ခေါင်းမှကျနေသောရေကြောင့် ရင်ဘက်ပေါ် တစ်တွက်တွက်ကျနေပြီး ပုဆိုးကို ခါးအောက်ဆီးဇာတ်တွင် ဖြစ်သလိုဝတ်ထား၍ ဗိုက်ကနေဆင်းနေသောအမွှေးမျှင်တွေက မမြင်ချင်မှအဆုံး လက်ကခေါင်းကိုသပ်တင်လိုက်တော့ ပေါ်လာသည့်ဂျွိုင်းမွေးတွေက ထူထူ
'တကယ် အမွှေးသန်တာပဲ '
"ကိုယ့်လင်ကို အဲလောက်ကြည့်နေရလား "
သူခိုးလူမိသွားတော့ အရှက်ပြေချောင်းဟန့်ကာမျက်စောင်းကြီးလှိမ့်ထိုးပေးထားလိုက်သည်
"မောင်အဲလောက်ချောလား "
"မချောပေမဲ့ လူနဲ့သူနဲ့တော့တူလာတယ် "
"ဟန်ပြောရမှာရှက်နေတာ မောင်သိပါတယ် "
"လီးရှက်.."
"ဟာ~မောင့်လီးမရှက်ပါဘူး ကြည့်မလား "
"တော်~တော်အဝတ်သွားဝတ်စမ်းပါ "
"မဝတ်ချင်ပါဘူး ခဏနေချွတ်ရမှာပဲကို "
ညစ်တစ်တစ်အပြုံးနဲ့တူ မျက်နှာနားရစ်သီလာပြီး လည်ပင်းနားကိုလျှာနဲ့တို့တော့ ကြက်သီးမွှေးညှင်းထားသွားကာ လန့်လန့်ဖျန့်ဖျန့် ဖြစ်သွားရသည်
"ဦး!!!!! "
"ဗျာ "
"အား..~အရှက်မရှိတဲ့လူကြီး "
"ဟာဗျာ ~မောင်က မင်းထက်ငယ်တာနော် ကျန်တဲ့နေရာအကုန်ကြီး "
"ဦး!!! "
"ဗျာ~"
"မျက်ခွက်မပြောင်လို့ရမလား "
"မပြောင်ပါဘူး ဗျာလို့ထူးတာသဘောကျတယ်ထင်လို့ပါ "
"မကောင်းတဲ့လူ လူယုတ်မာ "
"မောင် အခုယုတ်မာပေးရမလား မောင်အားတယ်"
သူ့အပြောကြောင့် ပါးပြင်တစ်ဝိုက် အနီရောင်သန်းကာရှက်သွားဖြာသွားသူက ကလေးနှစ်ယောက်အဖေဆိုတာယုံစရာမရှိ ...
"မရီးအစွမ်း အံ့မခန်း "
"ဟုတ်ပဟယ် ~ကင်းကောင်တို့ပုံစံချက်ချင်းပြောင်းတာနော် "
ဟိုလူတွေရောက်လာတော့ ကိုယ့်ကိုတစ်စိမ့်စိမ့်ကြည့်ကာ ဝေဖန်နေလေသည် အလယ်ကကလေးနှစ်ကအဆစ်ပါလိုက်သေးသည်
"အစက အသက်၃၀ ကျော်လူကြီးတစ်ယောက်လိုပဲ "
"အစီ..အစီ..ကျုပ်အသက်၃၀အရွယ်လောက်ဖြစ်နေလည်း ခများမိန်းမ မရဘူးမလား "
"ဘာဆိုင်လဲမောင်~"
"ဆိုင်တာပေါ့ ကျုပ်လိုပုံပျက်ပန်းပျက်ကိုမှ ပိုးပေးချင်တဲ့မိန်းမတွေကြီးပဲ ခများမှာရှိလို့လား "
"အေး..မင်းပျော်နေ ငါသာဆက်ဟန်ကိုချွန်လိုက်ရင်..ဟဲ..ဟဲ..အဆင်ပြေလား "
"မျက်ခွက်ကို ဘုံသုံးဆင့်မကန်စေချင်ရင် ပါးစပ်ပိတ်နေ"
"ဖေဖေကချောတာ "
"ဒါပေါ့ကွ မင်းအဖေလေ မင်းကငါနဲ့တူတာ "
"လိမ်ပြန်ပြီ ဖေဖေအမြဲပြောနေကြရှိတယ် 'မင်းက မင်းဒယ်ဒီ ' နဲ့တူတယ်ဆိုပြီး "
"မီးဖေဖေ ချောတယ် "
"ကိုကိုက ဒယ်ဒီပဲ "
"ထွေးဦး ညကျရင်ငါတို့အိပ်ပြန်ချင်မှပြန်မယ် "
"ဘယ်သွားမှာ "
မေးတော့လည်း မျက်ခုံးတချက်ပင့်ကာ နှုတ်ခမ်းတဖက်အပေါ်တက်သည်ထိ ပြုံးပြလေသည်
"အေးပါကွာ မသိရင်ညားခါစလင်မယားအတိုင်းပဲ ငါတို့ကအိမ်မှာကလေးထိန်း "
"မကျေနပ်ရင် မိန်းမယူလေ မင်းတောင်၂၄ဖြစ်နေပြီဘဲ "
"အပူမီးတွေမသယ်ချင်ဘူး ကျုပ်ကဒီတူလေး၊ တူမလေးတွေနဲ့ပဲနေမှာ "
"တွေ့လာ မင်းဘာသာမင်းနေချင်တာ ပြီးမှကျုပ်က ကလေးထိန်းလားမေးရင်ဆောင့်ကန် ကန်ပစ်မှာ "
🍃🍃🍃
ဦးတည်ရာမရှိ ၊ ခြေလှမ်းတို့က ရောက်တဲ့အရပ်တွင် ခေတ္တခဏနားခိုခိုက် ထိုနေရာက မန္တလေးကျုံးရှေ့ပလက်ဖောင်းတွင် တစ်ယောက်ပခုံးအားနောက်တစ်ယောက်က မှီသဟဲပြုထားလေသည်
နီးကပ်လွန်းသည့်ခန္တာကိုယ်နှစ်ခု ၊ ထပ်တူကျနေတဲ့လက်တ်စုံ ၊ နှာခေါင်းနားကျီစယ်နေသည့် Vesaline အနံကလေးကိုရှုရှိုက်လိုက်တော့ ရင်ခုန်သံစည်းချက်တွေက အစိုးမရ
"သိပ်ကိုပင်ပန်းခဲ့ရလား ဦး "
"မောင်ပင်ပန်းတယ်ဆိုပေမဲ့ မောင်ခံနိုင်ရှည်ရှိခဲ့ပါသေးတယ် နောက်နှစ်တွေများထပ်ကြာခဲ့ရင်တော့မောင်မပြောနိုင်ဘူး "
မန္တလေးကျုံးရှေ့တွင်မို့ လူကမပြတ် လမ်းလျှောက်ရင်း ၊ အားကစားလုပ်ရင်း ၊ ညဈေးပတ်ရင်း လူတွေကစည်ကားနေလေသည်
သူတို့နှစ်ယောက်ကိုတော့ကွက်ကြည့်ကွက်ကြည့် ကြည့်မှာပေါ့ TV showတွေပေါ်ခဏခဏတွေ့ရသည့် ဒါရိုင်တာခေတ်ဆက်သာက လူတစ်ယောက်ရင်ခွင်ထဲဝင်လုမတက်အခြေနေတွင်ဖြစ်နေသည်မလား..
"မောင်တို့ဒီနေရာက သွားသင့်ပြီထင်တယ် "
"သူတို့ကြောင့်လား နောက်လည်းသိမှာပဲကို ဂရုစိုက်မနေချင်ဘူး "
"မောင်တို့ရွာပြန်ရအောင် ဟန် "
"မရသေးဘူး ဦး ၊ ဒီမှာလက်ခံထားတဲ့ရိုက်ကူးရေးတစ်ခုရယ် ၊ အမေးဖြေအစီစဥ်လဲလက်ခံထားသေးတယ် "
"ဟန်သဘောပါ ဟန်ကိုတွေ့ခဲ့ရဲ့သားနဲ့တော့ အမေ့အိမ်ပေါ်မတက်ချင်ဘူး "
"မကြာပါဘူး တစ်လနှစ်လဆိုပြီးပါပြီ "
"မောင့်အနားဟန်ရှိနေပြီမို့ကြိုက်သလောက်ကြာပါစေ မောင်လက်ခံနိုင်တယ်ရယ် ဒါပေမဲ့မောင်ဒီမှာနေရတာမပျော်ဘူး "
"ဘာလို့လဲ "
"အလည်ပတ်သဘောမျိုးကြည့်ရင် ပျော်ဖို့ကောင်းပါတယ် ဒါမဲ့ တခြားနည်းနဲ့ကြည့်ရင် မပျော်ဘူး စက်ရုပ်လိုလှုပ်ရှားနေတဲ့လူတွေ ၊ ငွေကြေးကိုဖော်ဆောင်တဲ့အပေါင်းသင်းတွေ ၊ မပြုံးချင်လဲပြုံးနေတဲ့မျက်နှာထားတွေ ၊ မီးပွိုင့်ကြောင့် ကားတန်းအရှည်ကြီးတွေ ၊ ဂုဏ်ပကာသနတွေအပြိုင်ဆိုင် မောင်ကတောမှာမွေးတဲ့တောသားမို့လို့ထင်တယ် ဒီလို့မြို့ကြီးပြကြီးမှာမပျော်ဘူး "
"........"
"တောမှာဆို သဘာဝကလာတဲ့မြေအနံ့တွေ ၊ စိမ်းစိုနေတဲ့လယ်ကွင်းတွေ ၊ ဂုဏ်တုဂုဏ်ပြိုင်မရှိတဲ့ရွာသားတွေ ၊ ပွဲလမ်းသဘင် ၊ ဘယ်နေရာမဆိုလွတ်လပ်စွာသွားလို့ရတယ် မီးပွိုင့်မိမှာလဲမကြောက်ရဘူး ၊ ပကာသနတွေလည်းမပြိုင်ကြဘူး ၊ ဟန်ဆောင်နေတဲ့မျက်နှာထားတွေလဲသိပ်မတွေ့ရဘူး "
"ဟန်အလုပ်တွေအပြီးဖြတ်ပြီးရင် ဦးဌာနေကိုပြန်ကြတာပေါ့ "
မျက်စောင်းထိုးလေးမှာ မီးပွိင့်မိနေသည့်ကားတန်းအရှည်ကြီးကို ခပ်တွေတွေလေးငေးမောနေသော သူ၏မျက်နှာကို သူ့ဖက်ဆွဲလိုက်သည်
"ပုံမှန်တိုင်းလည်ပတ်နေတဲ့အရာတွေကို ကြည့်တာထက် ဒီချစ်စရာကောင်းတဲ့မျက်နှာလေးကိုကြည့်ပြီး ချစ်တဲ့စိတ်ကလေးထည့်လိုက် ဘေးပတ်ဝန်ကျင်ကနားရှုပ်စရာတွေ ၊ မျက်စိနောက်စရာတွေကို မေ့တာပေါ့ "
"မောင်တို့ ပြေးကြမလား "
"ဟမ်~ "
"အဆုံးမရှိတဲ့လမ်းကိုမောင်တို့ပြေးကြတာပေါ့ "
ထို့နောက်မှသဘောပေါက်သွားကာ ခေါင်းငြိမ့်လိုက်သည်နှင့်တပြိုင်နက် မီးပွိုင့်နားသွားလိုက်သည် မီးစိမ်းသို့ပြောင်းတာနှင့် တရွှေ့ရွှေ့သွားနေသည့်ကားကြားထဲ့သို့ ပြေးဝင်ကြသည်
ကားကိုရှောင်ရသည့်အခိုက်တန့်ရယ် ၊ ချစ်ရသူလက်ကိုတင်းတင်းဆုပ်ကိုင်ကာ ပြေးရသည့်အချိန် ခံစားရသည့်ခံစားချက်ဟာ အမျိုးမည်ဖော်ပြလို့မစွမ်းသာ
ပန်းခြံတစ်ခုနားသို့ရောက်လေတော့ ဝင်နားလိုက်ပြီး မြက်ခင်းပြင်ပေါ် နှစ်ဦးသားလှဲချလိုက်သည် မှိန်ပြပြမီးရောင်လေးရယ် ၊ လခြမ်းကွဲလေးရဲ့နဘေး ဝန်းရံထားသည့် ကြယ်ကလေးတွေရယ် အချိန်အားဖြင့် ၁၁တီးတီးကိုညွှန်ပြနေလေသည်
"ပျော်လားဦး "
"ပျော်တယ် "
"ကြည့်ပါအုံးဟန်ရယ် လခြမ်းကွဲလေးဖြစ်နေတာတောင် ကြယ်တွေဝန်းရံထားလို့ မြင်ကွင်းက သိပ်ကိုလှပနေတာ "
"ဟန်တို့ဒီလို ကောင်းကောင်ကြီးမော့မကြည့်ခဲ့ရတာကြာပေါ့ "
ပိုင်စိုးဦးရဲ့လက်မောင်းပေါ် ဟန်ကခေါင်းတင်ထားပြီး ပိုင်စိုးဦး၏လက်တစ်ဖက်က ဟန်၏အင်္ကျီထဲရောက်နေလေသည်
" ဟန်..ဒါ..ဒါက.. "
"သမီးမွေးတုန်းက ထပ်ခွဲထားတဲ့အမာရွတ်လေ "
သူမြင်ရသည့်အရာက ဆီးခုံကိုပင်မရောက်တရောက် ပြီးတော့အရင်ကထက်လဲ ကြီးသေးသည် ထိုအမာရွတ်ပုံသဏ္ဍန်က ကင်းခြေများလိုလို
"နောက်ထပ်.. နောက်..ထပ်မွေးလို့ရသေးလား "
"ဟင့်အင့် ~သမီးမွေးပြီးနို့ပြတ်ကတည်းက သားအိမ်ထုပ်လိုက်တယ် ဦးက..."
"ရှူး..မောင်မလိုချင်တော့ဘူး မောင့်မှာ သားတယောက်သမီးတယောက်ရှိတာပြည့်စုံနေပါပြီ မောင်ကစိတ်မကောင်းဖြစ်တာ သမီးမွေးတဲ့ချိန် အနားမှာမရှိနေလို့ "
"အခုဆို အတောင်စုံလို့ရင်ကိုစုံကန်မဲ့ချိန်ထိ အတူတူရှိနေတော့မှာပါ "
"အင်း~ဘာလိုလိုနဲ့ ဟန်တောင်၂၆ပြည့်ပြီ "
"ဟုတ်ပနော် အသက်၁၇နှစ်ကတည်း ဟန်တို့ဘဝစခဲ့တာလေ ကြာသလိုလိုနဲ့မြန်လိုက်တာ "
"မောင် အသက်တွေကြီးလို့ပါးရေတွေတွန့် ၊ ဆံဖြူသွားကျိုးသွားရင် မောင့်ကိုငြိုငြင်သွားမှာလား "
"ဒါတွေက အသက်ရွယ်ကြီးရင့်လာလို့လောကဓံပေးတဲ့ဇရာတွေပါ ငြိုငြင်စရာမှမဟုတ်တာ ဦးခန္တာကိုယ်မတည်မြဲတဲ့ထိ ဟန်ရှိနေချင်တာ "
"အင်း~"
..........
"မင်းတို့လင်နှစ်ယောက်ပြန်လာသေးတယ်နော် "
"အဟုတ်ပ ဖုန်းဆက်တော့လည်းမကိုင် "
"ကျုပ်ပြောခဲ့ပြီးသားလေ ပြန်မလာဘူးလို့ "
အိမ်ထဲဝင်တာနဲ့ ဆရာကြီးစတိုင်နဲ့ နှစ်ကောင်ကိုနရင်းတချက်စီချပေးလိုက်သည်
"ဟင်း~မင်းသားမနေ့ညက လှေကားလက်ရန်းကပြုတ်ကျလို့ "
"ဟမ်~သား..ဘာဖြစ်သွားသေးလဲ "
"ခေါင်းနှစ်ချက်ချုပ်လိုက်ရတယ် "
ဦးကတော့ အေးဆေးဖြစ်နေကာ သူ့မှာခေါင်းကွဲတယ်လည်းကြားရော ဦးလက်ကိုဆွဲပြီးအပေါ်တက်ဖို့ပြင်တော့ လက်ကိုအတင်းပြန်ဆွဲထားလေသည်
"ဘယ်လိုဖြစ်နေတာလဲ "
"မောင်မလိုက်တော့ဘူး မောင့်သားအကြောင်းကောင်းကောင်းသိတယ် အဲကောင်သူ့ကိုဂရုစိုက်ခံချင်လို့လုပ်တာ မောင်သွားတာထက် ဟန်သွားတာပိုအဆင်ပြေလိမ့်မယ် "
"ဖေဖေ "
"ပြော~မင်းသမီးလေး "
"ကိုကြီး~ကလေ အရမ်းဆိုးတယ် "
"ဟား...ဟာ..ဟုတ်ပကွာ အရမ်းဆိုးတာနော် "
..............
📽" မင်္ဂလာပါခမျာ.. သိလိုရာမေး အစီစဥ်ကနေကြိုဆိုလိုက်ရပါတယ် ၊ ကျွန်တော်ကအစီစဥ်တင်ဆက်သူ ဝဏ္ဏပါ "
"ဒီနေ့မှာဆိုရင်တော့ သိလိုရာမေးအစီစဥ်ကနေ လူတစ်ယောက်ကိုဖိတ်ကြားလိုက်ရပါတယ် အဲဒါကတော့ ဒါရိုင်တာကိုခေတ်ဆက်သာပဲ ဖြစ်ပါတယ် "
"ကိုခေတ်ဆက်သာ မင်္ဂလာပါဗျ "
"မင်္ဂလာပါ ကိုဝဏ္ဏ "
"ဟုတ်ကဲ့ပါ အခုလိုကျွန်တော်တို့အစီစဥ်ကိုလက်ခံပေးလို့ကျေးဇူးတင်ပါတယ် "
"ပထမဆုံးမေးကွန်းကတော့ ဒီဒါရိုင်တာကိုဘယ်အချိန်ကစလုပ်ခဲ့တာလဲ ဆိုတာပါဘဲခမျ "
"ကိုယ်ဒီလောကကိုစဝင်တဲ့ချိန်က ၂၀၂၉လောက်ကပေါ့ ကိုယ်ရဲ့လက်ဦးဆရာဖြစ်တဲ့ ဒါရိုင်တာကြီးဦးဇေဇေမောင်က လက်တွဲခေါ်ပေးခဲ့တာပါ "
"ဟုတ်ကဲ့ပါဗျ.. ဒါဆိုနောက်မေးကွန်းကတော့ LGBT+Q ကိုမှ အဓိကထားရိုက်ကူးရဲ့ရည်ရွက်ချက်လေးသိချင်ပါတယ် "
"LGBT+Q ကိုအဓိကရိုက်ကူးတာမဟုတ်ပေမဲ့ ဇာတ်လမ်းတွဲကြီးတွေဆိုကိုယ်လက်ခံရိုက်ကူးဖြစ်ပါတယ် ကိုယ်ရိုက်ကူးတဲ့ဇာတ်လမ်းတွေက MRTV-4 ၊ F TV channel ကလည်းအဓိက ပြသနေတဲ့ဇာတ်လမ်းတွဲဆိုလည်းမမှားပါဘူး "
"ကိုခေတ်ဆက်သာအနေနဲ့ ပထမဆုံးရိုက်ကူးတဲ့ဇာတ်လမ်းတွဲနဲ့ အမှတ်တရတစ်ချို့ကို ပြောပေးပါဗျ "
"ပထမဆုံးရိုက်ကူးတဲ့ ဇာတ်လမ်းတွဲက F TV channel မှာပြသခဲ့တဲ့ တိမ်မျှင်ရောင်ချစ်ကြိုးများ အမှတ်တရကတော့အများကြီးပါဘဲ ရိုက်ကူးနေစဥ်အလွဲလေးတွေကကိုယ့်တွက်အမှတ်တရပါဘဲ "
"................"
"................"
"ဒါကတော့ ပရိတ်သတ်တွေတောင်းဆိုမှုများတဲ့ မေးကွန်းလေးပါ အဲဒါကတော့ ဒါရိုင်တာခေတ်တက်သာ ပွဲတက်တိုင်းကလေးတယောက်အမြဲပါ ပါတယ်တဲ့ ကလေးနဲ့ဒါရိုင်ခေတ်ဆက်သာက ဘယ်လိုပတ်သက်မှူမျိုးလဲ ဖြေပေးလို့ရရင်ဖြေပေးစေချင်ပါတယ် လို့ပြောလာခဲ့ပါတယ် "
"ကိုယ့်သမီးပါ ကိုယ့်ဝမ်းနဲ့လွယ်မွေးခဲ့တဲ့ကလေးပါ "
"ဗျာ~ဒါက တစ်ချို့အကြောင်းရာကိုရှင်းပြပေးနိုင်မလား ကိုခေတ်ဆက်သာဗျ "
"ကိုယ်ကလိင်တူလက်ထက်ထားတဲ့သူပါ ကိုယ်တို့နှစ်ဦးသဘောတူညီမှုအရ ဖန်ပြွန်သန္ဓေသားနဲ့ယူခဲ့ကြတာပါ "
"အခုရော ကိုယ့်အမျိုးသားနဲ့ကလေး ပါသလားဗျ "
"မပါဘူး ဒီအစီစဥ်မှာမပါခဲ့ပေမဲ့ တိုက်ရိုက်ထုပ်လွှင့်မှုကို ကိုယ့်အမျိုးသားနဲ့ကလေးတွေက ကြည့်နေလိမ့်မယ်လို့ကိုယ်ယုံကြည်တယ် "
"ကျွန်တော်က ဉာဏ်ရည်မမှီမှန်းအခုမှ သိလိုက်ရတယ်ဗျ အခုနကိုခေတ်ဆက်သာ ကလေးတွေလို့ပြောမိသလားဗျ "
"ဟုတ်ပါတယ် ကလေးတွေပါ ကိုယ့်မှာ ၈နှစ်အရွယ်သားတစ်ယောက်နဲ့ ၄နှစ်အရွယ်သမီးတစ်ယောက်ရှိပါတယ် ဒီအခြေနေထိရောက်ခဲ့တာလည်း ကိုယ့်အမျိုးသားကြောင့်ပါ ကိုယ်ရဲ့ကျေးဇူးတင်ထိုက်တဲ့ထဲမှာ ဆရာပြီးရင်ကိုယ့်အမျိုးသားပါဘဲ ၊ အရာအားလုံးတွက်ကျေးဇူးတင်ပါတယ် 'ဦး '
မနက်၈နာရီလောက်တွက် တိုက်ရိုက်အစီစဥ်ကနေ ဟန့်ပုံရိပ်အားကြည့်နေခဲ့သည်
Screen ပေါ်ပုံရိပ်ကလေးက တည်တည်ကြည်ကြည်လေးနှင့် နောက်ဆုံး ကိုယ့်အမျိုးသားဆိုပြီး ထပ်ခါတစ်လဲလဲပြောသွားသည့်ဟန် ၊ တစ်ကမ္ဘာလုံးကြည့်နေသည့်အစီစဥ်မှာ 'အရာအားလုံးတွက် ကျေးဇူးပါ ဦး' လို့ ပြောသွားသည့် ဟန်ကြောင့် ကိုင်ထားသည့်ဖုန်းပင် မမြဲတော့
ကောမန့်တွေမှာလည်း ထင်ကြေးတွေကအများကြီး ကြည့်ရှု့သူကလည်း ချက်ချင်းသန်းချီလာသလို မျှဝေမှူတွေအများကြီးဖြစ်လာသည်
"ဦး တော်လောက်ပြီထင်တယ် "
သူပြန်ရောက်လို့ နေ့လယ်စာ စားချိန်ထိပင် ဦးကအဲနေရာကမထသေး ဗီဒီယိုကိုသာထပ်တလဲလဲဖွင့်နေသည်
"မောင့်ဘာသာမောင်ကြည့်တာလေ "
"ဦးကြည့်နေတာ လွှင့်ကတည်းက "
"ဒီဗီဒီယိုထဲမှာ မောင်သဘောအကျဆုံးက ' ကိုယ့်အမျိုးသား ' ဆိုတဲ့စကားပဲ မောင်သဘောအကျဆုံးပဲ "
ဦး ဟာထိုသို့လည်း ကလေးဆန်တက်သေးသည်
"ကလေးဆန်လိုက်တာ "
"မောင်ကြောက်တာတစ်ခုရှိတယ် ဟန်အဲလိုဖွင့်ပြောလိုက်ရင် ဟန့်အလုပ်ကိုထိခိုက်သွားမှာပေါ့ မီဒီယာတွေက သတင်းလိုက်ကြတော့မယ် "
"လိုက်ပါစေ ဂရုမစိုက်ဘူး နောက်လည်းသိလာမှာဘဲကို စိတ်ချ ဟန်အလုပ်ကိုမထိခိုက်ဘူး "
"အဲလိုဆိုရင်ကောင်းတာပေါ့ ဟန်ကြိုးစားလာပြီးမှ ရပ်နားလိုက်ရမှာစိုးရိမ်တာ "
ကိုယ့်တွက်စိုးရိမ်နေသောသူ အနားသွားကာနဖူးအားအနမ်းခပ်ဖွဖွပေးလိုက်တော့ ဘယ်ကတည်းကရောက်နေမှန်းမသိသော ကလေးနှစ်ယောက်က တစ်ခစ်ခစ်ထရီလေသည်
Please is Vote and comment
........................................................................
[text_hash] => 2044efc5
)
What do you think?