Chapter 46: 44

Array
(
[text] =>

"အကို ဘာအဆင်မပြေလို့လဲဟင် "

"တွေးစရာတွေများနေလို့ရယ် Bank ထဲလစဥ်ဝင်နေတဲ့ငွေနဲ့အတူ အစစအရာရာ ဆင်ပြေပါစေဆိုတဲ့ မှတ်ချက်နဲ့ မင်းအချစ်ဦး ဆိုတဲ့လွှဲသူနာမည်ကိုသိပ်သိချင်တယ် "

"ဟုတ်တယ်အကို အခုဆိုရင်သုံးနှစ်တောင်ရှိပါ့ "

"ဝေဟင်ကို ကိုယ်အကူညီ တစ်ခုတောင်းလို့ရမလား "

"ပြောလေအကို "

"ဝေဟင့်ဘဲကြီးရဲ့အကူညီနဲ့ ကိုယ်သားဘယ်နေရာမှာရှိသလဲဆိုတာစုံစမ်းချင်တယ် "

"ဝေဟင်ဘဲကြီးမဟုတ်ပါဘူးနော် "

"မညာပါနဲ့ နေအိမ်အကျယ်ချုပ်ကျနေတဲ့သူရဲ့အိမ်ကို ဝင်ထွက်သွားလာနိုင်သူက ထိပ်သီးကောင်တွေပဲတက်နိုင်မှာ လာသမျှအခါတိုင်း ကိုယ်နဲ့ခေါ်ပြောဖူးတာဆိုလို့ ရှားရှားပါးပါးတစ်ခါပဲ "

"ဟုတ် ဝေဟင်သူ့ကိုပြောလိုက်မယ် "

"​ယေး..ဝေဟင် "

အသံဆာဆာနှင့် ပြေးလာသောကလေးလေးကို ကောက်ပွေ့လိုက်သည် အရွယ်အားဖြင့် သုံးနှစ်အရွယ် ကျစ်ဆံမြီးလေးနှစ်ဖက်ကိုဘေးချထားပြီး ဂါဝန်ဒူးလောက်ကလေးနှင့် မျက်ဝန်းအိမ်နဲ့မလိုက်ဖက်မျက်တောင်ကော့ကော့လေးတွေက ကော်ရုပ်မလေးသဖွယ်

"ပြောပါဗျာ "

"မီး ဗိုက်ဆာတယ် လေးလုပ်ပေးတဲ့ပန်ကိတ် စားချင်တယ် "

"ဂျုံကုန်နေတယ် အစံ "

"သွားဝယ်ပေး "

"အပြင်မထွက်ချင်ပါဘူး နေပူကပူနဲ့ "

"လက်ရှည်ဝတ်သွားယေ "

"မန္တလေးရဲ့နေအပူချိန်ကို ခများလေးမသိပါဘူး "

"နိုး......နိုး..... "

ပါးစပ်ကလည်းပြောသလို လက်ညှိးလေးကပါ ယိမ်းပြလိုက်သေးသည်

"​အစံ ဘာလို့အဲလောက်ပူဆာနေရတာလဲ သွားပိုးစားလို့ဆေးခန်းပြရတာမမှတ်သေးဘူးလား "

"ဒယ်ဒီကလည်းရော် ထနေ့ထခုယေ.. ရဝူးလာ "

"မရဘူး "

"ဟင့် ~ပန်ကိတ်မှမစားရရင် လေးဝေဟင်မခေါ်ဘူး "

သူ့ဒယ်ဒီမခေါ်ဘူးလို့ပြောကြည့်ပါလား စားပွဲအောက်ထိုးထည့်ထားသော ကြက်တောင်မွှေးက တင်ပါးနှင့်မိတ်ဆက်သွားလိမ့်မည် 

"ဖိုးဖိုးစီပဲသွားတော့မယ် "

ဂါဝန်လေးကို တချက်ခါကာ ထသွားတော့မှ သက်ပြင်းအရှည်ကြီးချမိသည် ကလေးကိုမွေးပြီးမကြာ နေအိမ်အကျယ်ချုပ်ဆိုတဲ့အရာကြီးဖြစ်လာတော့ ဒီအိမ်ထဲမှာပဲကလေးကိုပြုစုပျိုးထောင်ရသည် နှစ်ရှည်သမားမို့အပြင်လောက တွေ့ချင်တယ်မပြောရလေအောင် အိမ်ထဲအစစအရာရာပြောသမျှလုပ်ပေးခဲ့သည် ကံကြမ္မာက မျက်နှာသာပေးပုံရကာ နှစ်နှစ်ပဲနေခဲ့ရပြီး လွတ်ငြိမ်းနဲ့လွတ်ခဲ့သည့်အဖြစ်

"ကိုယ့်သမီးကို အရာရာစိုးစံစေချင်တဲ့စိတ်နဲ့ ခြူးခေတ်စိုးစံဆိုပြီး ဘာလို့ပေးခဲ့မိလဲမသိဘူး "

"အကို အဲလိုမတွေးပဲ ခြူးခေတ်စိုးစံဟာ ခြူးခေတ်စိုးစံပဲလို့တွေးလိုက်ရင်ရပါပြီ ကလေးကအခုမှသုံးနှစ်တည်းပါ ပုံစသွင်းရမဲ့အရွယ်ကလေးပဲရှိပါသေးတယ် "

"ညနေကျရင် ကိုဇေယျာစီသွားဖို့အသင့်ပြင်ထားပါ ဝေဟင် "

"ဟုတ်အကို "

.........................

"ကင်းကောင် လူစုံတုန်းပြောစရာရှိတယ် "

"ပြောမောင် "

"မယ်ဆိုင်မှာ ကောင်မလေးတယောက်တွေ့ထားတယ် "

"ဘာလဲ အဲမိန်းမနဲ့နေရာချပေးချင်တယ်လို့လား တစ်ခါတည်းပြောလိုက်မယ် ကင်းကောင်မှာနောက်ထပ်ဆိုတာရှိလာမှာမဟုတ်ဘူး "

"မင်း.."

"ခဏ ကျုပ်ပြောမပြီးသေးဘူး ဟန်ကပြန်မလာခဲ့လို့ ကျုပ်နောက်မိန်းမယူတာတို့လင်ယူတာတို့ လုပ်ရမယ်ဆိုပြီးမတိုက်တွန်းပါနဲ့ ကျုပ်သားကို မိထွေး ၊ပထွေး လက်ထဲမှာမကြီးပြင်းစေချင်ဘူး "

"ငါက မင်းအထီးကျန်နေတာမကြည့်ရက်လို့ပ "

"မလိုဘူးမောင် ကျုပ်နားမှာဟန်ကအမြဲရှိတယ် နောက်ဆုံးကုန်ကုန်ပြောမယ် ကျုပ်ဆန္ဒတွေ မထိန်းနိုင်ရင်တောင်ဟန်ရဲ့အထိတွေ့ကို တွေးကြည့်လိုက်တာနဲ့တင်ပြီးတယ် "

ဗွင်းဗွင်းရှင်းရှင်းပြောပြီးထသွားတော့ ကင်းကောင်၏နောက်ကျောကို လှမ်းရိုက်လိုက်ပေမဲ့မမှီ

"ကင်းကောင်မှာအကြိုက်ဆုံးအကျင့်က မိန်းမကင်းတာပဲ ၊ ဂိမ်းတောင်မှ pupgလောက်ပဲသိတဲ့ကောင် ဝိုင်းရှိရင်လိုက်မယ် အရက်သောက်မယ် စားမယ် အိမ်မယ် အဲလောက်ပဲတွေးတာ"

"KTV ရောက်တာတောင် အသဲကွဲသီချင်းနဲ့ဖီလ်းတာ ဒင်းတယောက်တည်း "

"ငါတို့၉၉ပြားလေးက တော်တယ်လို့ပြောရမှာပေါ့ "

"မင်းတို့မှတ်မိမယ်ထင်တယ် ငါတို့အားလုံးကဒစ်ဖူးလန်ပြီးသားကောင်တွေကြီးပဲ ပိုင်စိုးဦးတယောက်သာ လက်သမားလုပ်ရတာမကြိုက်ဘူးမောင်တဲ့ တောတန်းရောက်ပြီးနှစ်ရက်ပဲမြောက်နေ့ အိမ်သာထဲနှစ်နာရီကြာတယ် နောက်ကျောမှာဆိုချွေးတွေရွှဲနေတာ ပြန်ထွက်လာတော့ ငါလဲမေးတော့ လက်သမားလုပ်ကြည့်တာတဲ့ "

"အဲတုန်းကငါလည်းရှိတယ် ဘယ်သူကိုလဲမေးတော့မဖြေဘူး နောက်မှငါသိတာက ယောင်္ကျားလေးတယောက်ကြောင့် ကင်းကောင်ဒစ်ဖူးလန်ပြီးပြီ ပြောရမှာရှက်လို့ "

"ပိုင်စိုးဦးရဲ့ချစ်ခြင်းက ငါတို့လက်မမှီတဲ့အနေထားမှာရှိတယ် "

တောင်တန်းတွေ ကွယ်ထားပြီး မြူခိုးတစ်ချို့ကအုံ့ဆိုင်းနေလေသည် တောင်ရဲ့တဖက်ခြမ်းဆိုရင် ထိုင်းဘက်ရောက်ပြီ နေရာပေါင်းစုံ လူမျိုးပေါင်းစုံနဲ့တွေ့ဖူးခဲ့ပြီးပြီ သူ့ရင်ထဲနေရာယူခဲ့သောသူကတယောက်တည်း..

သူသတိရသလို ဟန်ကရောသတိရပါ့မလား ?

စိတ်ပဲနာနေမလား? ဟန်နှင့်သူဟာလင်မယားဖြစ်ခဲ့ဖူးသည်လို့ပြောရင် မည်သူမှယုံလိမ့်မည်မဟုတ် သူကတောတောင်ရွှေ့ပြောင်းလုပ်သမား ဟန်ကဒါရိုင်တာလုပ်နေတဲ့သူ အနေထားက မိုးနဲ့မြေလိုကွာခြားလွန်းနေသည်

"ပိုင်စိုးဦး "

သူ့တို့၏မိုင်းအဖွဲ့ဟာ လူစုကွဲသွားပြီး တစ်ချို့ကဖားကန့်ကိုရောက်လာကြသည် မြေဝိုင်းလေးထဲ တဲလေး ၊ ငါးလုံး ဝိုင်း၍ဆောက်ထားလေသည်

"ဒီနေ့ အလုပ်သွားဖို့အခြေနေမကောင်းဘူး "

"ဟုတ်တယ် အခုပဲဈေးဆိုင်ကလာတာ မြေပြိုမဲ့အနေထားရှိတယ်တဲ့ အလုပ်သမားတွေမဝင်ခိုင်းဘူး "

ဖားကန့်မှာကြောက်ရသည်က မြေပြိုမှုတွေ သူတို့လိုတနိုင်တပိုင်သမားတွေက မလုပ်ဘူးဟုနားလိုက်လို့ရသေးသည် အဖွဲ့နဲ့ဆိုလျှင် ကိုယ့်သဘောနဲ့ကိုယ်မနားရ

"ထွေးဦးကဘာပြောလဲဟေ့ရောင် "

လူက လေးယောက်မို့တာဝန်တစ်ခုစီသက်မှတ်ထားကာ ဒီနေ့တွင် ပိုင်စိုးဦးက မီးဖိုချောင်ဝင်ရသည့်အလှည့် ၊ ငဟိန်းက အိမ်ဝင်းသန့်ရှင်ရေး ၊ ထင်းခွဲ ၊ရေခပ် သူ့အလုပ် ၊ အစီနှင့် ကျန်နှစ်ယောက်က အပြင်၌ကြိုက်သည့်အလုပ်လုပ်ခွင့်ရှိသည် မနက်ဖြန်တွင်လည်းထိုသို့အလှည့်ချိန်းသွားရသည်

"မြစ်ကြီးနားထဲရောက်နေပြီ ညနေလောက်ရောက်မလားပဲ "

"တကယ်လို့ ညဘက်မြေပြိုရင် မနက်အစာရှာထွက်မယ် "

"ဟုတ်တယ် သတင်းသေချာလေးစောင့်ရမယ် "

ညနေပိုင်းတွင် ထွေးဦးတို့တူဝရီးနှစ်ယောက်ရောက်လာတော့သည်

"ဖေဖေ "

ရွှတ်!~

"လွမ်းနေတာ အနှစ်လေး "

"ဟီး...သားရော "

"ကားမူးနေလား "

"နဲနဲ "

"ဦးဟိန်းနဲ့ရေချိုးလိုက်သွား "

"ဟုတ် "

"ထွေးဦး လယ်တွေဘယ်သူ့ကိုအပ်ခဲ့လဲ "

"ငါးပူတင်းကိုအပ်ထားတယ် "

"မင်းကောင်က ကျပ်စေ့လို့လား "

"ပြည့်တယ်ကိုကြီး ကျုပ်လယ်စလုပ်တဲ့နှစ်ကတည်းက ကျုပ်စီမှာလုပ်နေတာစိတ်ချရတယ် စပါးနဲ့ပဲသွင်းမယ်ဆိုရင်တော့ကိုအောင်ဖေ ကူပေးလိုက်မယ် "

"အွန်း~ဟုတ်မှလုပ်နော် "

"ရပါတယ်ဆိုဗျာ "

သူတို့ကရွာအစွန်မှာဖြစ်ကြောင့် ဆိုင်ထိုင်လိုလျှင် ရွာထဲဝင်ရသည်

"ကိုကြီးရာ မင်းကိုကြည့်ပြီးစိတ်ပျက်လိုက်တာ "

"ငါတို့လဲမနိုင်ဘူး အသက်က၂၅ဖြစ်နေပြီ ဘိုသီဘက်သီနေတုန်း "

"ဆက်ဟန်နဲ့မင်းတွေ့ရင်တောင် မှတ်မိမဲ့ပုံမပေါ်ဘူး "

နှုတ်ခမ်းမွှေးတွေ မေးကအမွှေးငုတ်တို ၊ ဆံပင်ကရင်ဘက်ပေါ်ချရင်တောင်ရနေပြီး ရှည်လာတဲ့အရပ်ကြီး ၊ ပိုတောင့်တင်းလားသည့်ကြွက်သားတွေ တောတွင်းမုဆိုးလိုလိုဘာလိုလို..

"လုပ်ချင်စိတ်မရှိဘူး "

"ဖေဖေ "

"အင်း~"

"ဖေဖေပြောတာမှတ်မိလား သားစာတက်ရင်ဒယ်ဒီနဲ့တွေ့ရမယ်ဆိုတာလေ "

"မှတ်မိပ "

"သားကနောက်လပြီးရင် သုံးတန်းတက်ရမှာ သားစာတွေဖတ်တက်နေပြီ "

"အချိန်ကြရင်သားတွေ့ရမှာပါ "

"ဟုတ်"

ရွာကအရက်ဆိုင်ဖြစ်တာကြောင့် ညနေဘက်လူအတော်ကျသည်

"ကင်းကောင် ဟိုမှာမင်းဟာလေး "

"ကျစ်! ငါ့ဟာမဟုတ်ဘူး "

"သူ့ဘက်ကတော့ အတော်လေးကိုမြောင်းပေးနေတာနော် "

"မြောင်းမကလို့ ဆည်ပါပေးပေး ပင်လယ်လိုပဲဖြစ်သွားဖြစ်သွား ငါပိုင်စိုးဦး ခေတ်ဆက်သာဟန်မှမဟုတ်ရင် ဘယ်သူ့ကိုမှစိတ်မဝင်စားဘူး "

"မောင်လေးပိုင် "

ပြောလို့ပင်မဆုံးသေး ရင်ဖုံးအင်္ကျီကို ခါးတိုလေးဖြစ်တာကြောင့် ဗိုက်သားဖွေးဖွေးလေးက အတိုင်းသား မျက်စောင်းသာတချက်ဝင့်လိုက်သည် တခြားကောင်တွေလို မျက်လုံးပြေးကပ်လောက်အောက်ထိ အိနြေမရကြည့်မနေ

တခြားကောင်က မပြောဘူးဆိုလားဆိုပြီးစပ်ဖြီးဖြီး

ထိုစဥ် စားပွဲနားသို့ရောက်လာသည့်လက်ဖက်သုပ်တစ်ပွဲ

"ကျုပ်တို့ဝိုင်းကမမှာထားဘူး "

"အာ~အမသိပါတယ် မောင်လေးတွက် ယူလာပေးတာပါ "

မောင်လေးတွက်ဆိုတော့ ပန်းကန်းဘက်လက်လှမ်းနေသော အစီတယောက်လက်ပြန်ရုတ်သိမ်းလိုက်ရသည်

"အဲလောက်ပဲမလား "

"အွန်း~စားလိုက်နော် "

ဆက်ပြောရင် စကားကြောကရှည်အုံးမည်ဖြစ်တာကြောင့် ဆက်မပြောတော့ပဲ သူထွက်သွားတော့မှ ဟိုလူတွေဘက်တွန်းပို့လိုက်ရသည်

"စိုးဆက်စားမလား "

ဒုတ်!

" အ့! ဘာလို့ရိုက်တာလဲ "

"စိုးဆက်မှမြေပဲနဲ့မတည့်တာ "

"ငါလည်းမေ့တာကို "

"ကိုကြီးမင်းသားလေ ပဲဆိုဘာပဲနဲ့မှမတည့်ဘူး "

"ဟုတ်တယ်ဖေဖေ လေးလေးလေ ပဲစင်းကြော်ကျွေးတာ စိုးဆက်အနီဘုတွေထပြီးဆေးခန်း..အု...အု.."

အဆုံးထိမထွက်လာခင် ပါးစပ်အားအတင်းပိတ်ရသည်

ဖောင်း~

"မတည့်မှန်းသိသိနဲ့ ငါ့သားကျွေးတယ်ပေါ့ ပြီးတော့ငါ့ကိုဘာမှမပြောဘူး "

"ဟီး..မြေပဲ ဘဲမတည့်တာလား တခြားဟာရောတည့်လားစမ်းသပ်ကြည့်တာ "

"ငါ့သားကအစမ်းသပ်ခံလား "

ဟီး......

"ဖေဖေပြီးတော့လေ ခရမ်းချဥ်သီးကတစ်ပတ် မုန်လာဥကတစ်ပတ် အဲလို‌ေကျွးတယ် "

"အသားငါးတွေရော ငါမကျွေးလို့လား "

"သိဘူး "

"မင်းသား ချွန်တွန်းလုပ်နေတာ "

ထွေးဦးတို့ တူဝရီးက ဖားကန့်အခုမှရောက်ဖူးလေတော့ အစီနဲ့ ငလုံးကဦးဆောင်လမ်းပြ လုပ်ကာလမ်းသလားနေလေသည်

တယောက်တည်းကျန်ခဲ့သည်မို့ အပျင်းဆွဲကာဖုန်းသုံးနေလိုက်သည် တက်လာသည့်သတင်းများကရင်ဝကိုဆောင့်ကန်လိုက်သလိုပင်

ရင်လယ်ထိ ခွဲချထားသောကုတ်အကျီAll black နှင့်ဟန်က တခြားတယောက်ရဲ့လက်မောင်းကိုချိတ်ကာ ပွဲတစ်ခုတက်နေသည့်ပုံရိပ် သူကလွဲရင်တခြားသူတွေမြင်ရခဲသည့် ပါးချိုင့်ကလေးက Screen ပေါ် ထင်ထင်ရှားရှား

နတ်ဖက်သည့်စုံတွဲဆိုပြီး မြင်ရသည့်ကောမန့်တွေက သူ့ရင်ကိုအစိတ်စိတ်အမွှာမွှာဖြစ်စေသည်

နောက်တစ်ခုက ရုပ်ရှင်မိတ်ဆက်ပွဲတစ်ခုကို တက်ရောက်လာသည့် အဖြူရောင်ပိုးသားလက်ရှည်ကို Style pant အဖြူလေးနှင့်တွဲဝတ်ထားပြီး လည်ပင်းတွင်အရှေ့ကကြိုးကို အနောက်သို့စုချည်ထား၍ နောက်ကျောအလှကိုဖော်ထားလေသည် သူရဲ့ဘယ်ဘက်ခြမ်းတွင် အဖြူရောင်ဝါဝန်လေးနှင့်ကလေးမလေးတစ်ဦးအားပွေ့ချီထားလေသည်

"ရုပ်ရှင်မိတ်ဆက်ပွဲက အဲလောက်ဝတ်စရာလိုသလား ၊ မော်ဒယ်ရှိုးလျှောက်တာမှမဟုတ်တာ "

"ဘယ်က ကလေးကိုလျှောက်ချီနေတာလဲ "

"ကျစ်! အသက်တိုအောင်လုပ်နေတာပဲ ခေတ်ဆက်သာဟန် "

"ကျုပ်မမှားဘူး "

တယောက်တည်း ငိုလိုက်ရီလိုက် စကားပြောလိုက်ဖြစ်လို့နေသည် ရွာဝင်မှာဆိုပေမဲ့အိမ်ခြေက ဒီကနေစတော့ ကင်းကောင်၏ပုံစံအား အိမ်နီးခြင်းတွေက အကဲခတ်လို့နေသည်

"ဟေ့ရောင်ထ...ထ "

ကလေးက ပိုင်စိုးဦး၏နဘေးတွင်ဖြစ်တာကြောင့် ကျယ်ကျယ်မနှိုးရဲ

"ဘာလဲငလုံး "

"ကြက်ဦးတွန်နေပြီ သွားမယ် "

"သူ့ဘာသာသူ အားနေလို့တွန်တာ ငါကဘာလုပ်ပေးရမှာလဲမောင် "

ဒုတ်!

"ညက မြေပြိုထားတယ် "

ပိုင်စိုးဦးက ထိုင်ရက်သားငိုက်နေတုန်း နရင်းတချက် ရိုက်ချလိမ့်မှ အသိစိတ်ကဖင်ထဲဝင်သည်

"ဟိုကောင် ငဟိန်းကျန်ခဲ့မှာ "

မနက်၃ခွဲပဲရှိသေးတော့ ပတ်ဝန်းကျင်ကမှောင်နေသေးကာ ရေနံမီးအိမ်လေးအားပြုကာ လိုအပ်တာတစ်ချို့လုပ်နေရလေသည်

"သွားမယ် လင်းအားကြီးနဲ့ပြန်ရမယ် "

"မင်းအရင်ကပြောသလို ဘယ်နှနာရီပြောလို့မရဘူးလား ဘာလဲလင်းအားကြီး "

"လင်းအားကြီးက ၅ခွဲ ကိုပြောတာ "

"အဲဆိုလူလိုပြောလေ "

သူတို့နေရာနဲ့အလုပ်ခွင်က နဲနဲနီးတော့မကြာလိုက် မြေပုံတွေတွေ့တော့သည်

"ဟေ့ရောင် ငါတွေ့ရင်ငါယူမှာနော် တဝက်ကျေးမလိုဘူး "

သုံးဦးသားသဘောတူညီမှုဖြင့် ရလောက်မည်ထင်သည့်နေရာတစ်ချို့ခွဲကာ စတူးတော့သည် ဦးခေါင်းထက် 777လုံးဓာတ်မီးလေးကိုအားပြုပြီးတူးရသည် မြေကပြိုထားတာကြောင့်အတော်လေးကိုသတိထားရပြီးအရမ်းအားစိုက်စရာမလို အချိန်က ၄ခွဲလောက်ရှိမည်

တစ်စုံတစ်ခုကို သံတူးရွှင်းဖြင့်ထိုးမိလေသည် သံတယစိတ်တို့ကိုဘေးဖယ်ကာ အားပြင်းပြင်းထိုးချကြည့်တော့ ထိုအရာနှင့်ပွတ်တိုက်သွားသည့် သံတူးရွှင်းကမီး​ကြည်မီးပွားလေးတွေထွက်လာသည် သူအကုန်တူးလိုက်တော့ ထွက်လာသည့်ဟာက သုံးပိဿာဆီပုံးအနေထားလောက်ရှိသည့်ကျောက်တုံး သေချာအောင်မြေသားအနဲငယ်ကိုအဝတ်နဲ့သုတ်လိုက်ကာ ဓာတ်မီးဖြင့်ထိုးကြည့်လိုက်သည်

"ဟေ့ရောင် ငါ..ငါ...အောင်ပြီ "

သူ့အော်ခေါ်လိုက်တော့ သူနှင့်သိပ်မကွာတွင်ရှိနေသည့် ငလုံးနှင့်အစီက ပြေးလာကြည့်ကြသည်

"သေချာကြည့်လား "

"ဒီမှာ "

ဓာတ်မီးနဲ့ထိုးပြတော့ Apple green jode ကစိမ်းတောက်နေသည်

"ငါတို့ဘယ်လိုလုပ်ရမလဲ "

"အိမ်အရင်ပြန်မယ် "

မိုးလင်းဖို့အမှောင်ကိုဖြိုခွင်စပြုနေတဲ့အချိန် လူသုံးယောက်သား လမ်းမထက်ခြေလှမ်းသွက်သွက်သွားနေကြသည်

အိမ်ရောက်တော့ငဟိန်းနှင့်ထွေးဦးအားအဖြစ်ပျက်ကို ပြောပြလိုက်သည်

"ဝါး..ငါ့ကိုကြီးကံကောင်းတယ်ကျန်း "

"တိုး..တိုး..ဟ.ကြားကုန်မယ် "

"ဒါကိုဘယ်မှာရောင်းမလဲ ဒီတိုင်းထားရင်လည်ပင်းထက် ဓားတင်ထားသလိုပဲ"

"မင်းတို့ ပုံမှန်တိုင်းနေ ကျောက်အောင်တယ်လို့ဘယ်သူ့ကိုမှမပြောနဲ့ "

"အေး"

မနက်တွင် လုပ်ငန်းခွင်အားလုံးလုပ်ခွင့်ပိတ်တော့သည် အကြောင်းက ခိုးယူတူးဖော်မှု့တွေ့ရှိသောကြောင့်ပိတ်လိုက်ပြီး ကျောက်တွင်းမှာအလုပ်လုပ်သည့်လူအားလုံး၏နေအိမ်တွေအားလိုက်လံစစ်ဆေးတော့သည်

သူတို့က ပုံမပျက်နေထိုင်ပြီး ပုံမှန်ဆိုင်ထိုင်သလိုဝင်ထိုင်ရသည်

"အရက်နှစ်ပုလင်း "

"အကိုတို့ ဟိုသတင်းသိပြီးပြီလား "

"မသိပဲနေမလားဟ ငါတို့အိမ်မှာတောင်လာစစ်ဆေးသွားသေးတာကို "

"အေးနော်သူတို့ကလည်းမကြောက်မလန့် လုပ်စားခွင့်ပေးထားတာကို ခိုးကြသေးတယ် "

"အဲတာပေါ့ ရသွားတဲ့ကောင်ကအခုလောက်ဆို မြို့ဆို့နေလောက်မလား "

အဟွတ်~ဟွတ်

ငလုံး၏စကားကြောင့် ပိုင်စိုးဦးအရက်ထသီးတော့ စားပွဲခုံအောက်ကနေ ပေါင်အားလိမ်ဆွဲရလေသည်

"အာဏာပိုင်တွေက ခိုးတူးကြတယ်ဆိုတာပဲသိကြတာအကိုရဲ့ ကျောက်ပါလားမပါလားတော့မသိဘူး "

"ဟုတ်လို့လားဟ သူတို့သာမသိရင်ဘာလို့အိမ်တက်အိမ်ဆင်း လိုက်ရှာနေမှာလဲ "

"ဟုတ်သားပဲ "

ထိုစဥ် ဆိုင်ထဲ လူတစ်ချို့ဝင်လာသည် ခါတိုင်းဆိုစိတ်မဝင်စားပေမဲ့ အခုခြေနေကမတူ

"ငါ့ညီတို့ "

သူတို့ရှိသည့်နေရာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီးပိုင်စိုးဦးပခုံးလာဖက်သောသူကို အားလုံးကကြောင်ကြည့်နေမိသည်

"ကျောက်ရသွားတာငါ့ညီ မလား "

ဖလူး~

အဟွတ်..အဟွတ်..ဟွတ်..

"ဘာ..ဘာ..ပြောတာလဲ "

"အကိုကဘာပြောလို့... စတာပါကွာအဲလောက်လန့်မနေနဲ့ "

"မသိဘူးလေဗျာ ရုပ်တည်ကြီးနဲ့နောက်နေတော့လန့်တာပေါ့ ကျောက်သာရလို့ကတော့ ဒီမှာမထိုင်ဘူး လစ်ပြီ "

"အေးကွာ ..စောစီးဖမ်းမိလို့တော်သေးတာပေါ့ မဟုတ်ရင်ငါတို့အားလုံး လုပ်စားရမှာမလွယ်လောက်ဘူး "

"ဗျာ ~ဖမ်းမိပြီ ဟုတ်လား "

"အေးလေ စစ်ဆေးဂိတ်မှာသွားတွေ့တာ အကြီးကြီးမဟုတ်ပါဘူး ငါတို့လက်သီးအရွယ်စားလောက်ပဲရှိတာ ပြန်လွှတ်လိုက်တာထင်တယ် "

"တော်သေးတာပေါ့ "

"မင်းတို့ကောင်တွေကရော ဘာရည်ရွယ်ချက်နဲ့ဖားကန့်ရောက်လာတာလဲ အရင်ကဘာလုပ်တာ "

ဖမ်းမိပြီဆိုတာ ဘယ်သူမှမသိ သူကဘာလို့သိနေရတာလဲ? ပြီးတော့ကိုယ်နဲ့တောင်မရင်းနှီးတဲ့လူတယောက်က ငါ့ညီဆိုပြီးတရင်းတနှီးပြောနေသလဲ? ဘာလို့အခုမှရည်ရွယ်ချက်တွေထမေးနေသလဲ?

အချင်းချင်းမျက်စပစ်လိုက်ပြီး ပိုင်စိုးဦးကိုသာလွှဲချလိုက်သည်

"အရင်က မှော်လုပ်တာ ဖားကန့်ကိုရောက်ဖူးချင်တာကြာပြီ မှော်ထဲကမထွက်ရတော့ မလာဖြစ်ဘူး အခုကအဖွဲ့တွေမရှိတော့ ဒီကိုလာတာ "

"မှော်ဆိုတော့ စိတ်ဝင်စားသွားပြီကွ ဘယ်နေရာတွေများရောက်ခဲ့လဲ "

"မြန်မာပြည်အတော်နှံနေပါပြီ မြန်မာနိုင်ငံအောက်ပိုင်း ၊ ကရင်ပြည်နယ် ၊ ထိုင်း-မြန်မာနယ်စပ် နေရာတော်တော်များများလုပ်ဖူးတယ် "

"များသားပဲ နှစ်တော့ကြာမှာပေါ့ "

"ကြာတာပေါ့ ၂၀၂၃လောက်ကတည်းကဆို ၈နှစ်လောက်ရှိရောပေါ့ "

"ဝိုး..ကြာပြီပဲ "

~ရင်မှာစွဲလမ်းအောင်လှ....

ထိုစဥ် စားပွဲပေါ်တင်ထားသောဖုန်းကလာလေသည်

အချိန်ကိုက်ဖုန်းဆက်လာသော ကိုမင်းမင်းကိုလည်း စိတ်ထဲကကန်တော့လိုက်သည်

"ဟုတ် ကိုမင်းမင်း "

"........."

"ကျုပ်တို့ လာခဲ့မယ် "

📱📱

"ဘာတဲ့လဲ "

"မန္တလေးမြို့ထဲရောက်နေတယ် လူချင်းတွေ့ရအောင်တဲ့ "

"ဘာကိစ္စနဲ့ "

ဒီလူဘာလဲဟဆိုပြီးတချက်ဖြစ်သွားပေမဲ့ စကားထိန်းပြောဖို့ပြင်ရသည်

"ဪ အခုဖုန်းဆက်လာတဲ့လူက ကျုပ်တို့မှော်လုပ်တုန်းက သူဌေးပေါ့ဗျာ အခုမြေနေရာတွေ့ထားလို့တဲ့ ကျုပ်တို့ခေါ်နေတာ "

"အော် ~"

ကြာကြာထိုင်ရင် ဘူးပေါ်သလိုပေါ်မှာစိုး၍ထလာရသည်

"ငါတို့ဘယ်လိုလုပ်ကြမလဲ "

"ဦးစီးမှူးစီကို သွားရအောင်  ပုံမှန်ခရီးသွားသလိုလုပ်ရမယ် "

"ကိုမင်းမင်းက တကယ်ပဲ မြေကိစ္စပြောတာလား "

"မဟုတ်ဘူး ငါ့ဘာသာငါရွှီးတာ "

ဦးစီးမှူးစီမှာ မယုံသင်္ကါနှင့်တစ်နာရီနီးပါးအရစ်ခံရပြီးမှသွားခွင့်ရတော့ နေ့တွင်းချင်းမန္တလေးတက်တော့သည်

Mondalay City mall ၏အောက်ထပ်

Coffee tea shop တွင်

"ကိုကြီး ငါတို့ဒီပိုက်ဆံတွေနဲ့ပွဲရုံထောင်မလား "

"စိတ်မဝင်စားဘူး "

"မင်းကဒီပိုက်ဆံတွေ အလကားဖြုန်းမလို့လား "

"ကျုပ်လည်း စဥ်းစားထားတာရှိပါတယ် ပွဲရုံတော့မဟုတ်ဘူး "

"ကိုမင်းမင်းအကူညီတစ်ခုတောင်းမလို့ "

"အေး ပြောလေ "

"ကျောက်ခွဲစက်မှာ တဝက်ပဲခွဲလာတာ ကျန်တဝက်က လက်ဝတ်ရတနာလုပ်ချင်လို့ "

"အေးမင်းသဘောလေ ဒီမှာပန်းတိမ်ဆရာငါသိတယ် လိုက်အပ်ပေးရမလား လိုချင်တဲ့ဒီဇိုင်းအဲမှာကြည့် "

သားကို ဟိုလူတွေနှင့်ထားခဲ့ကာ ကိုမင်းမင်းနှင့်နှစ်ယောက်တည်း ဒုတိယလွှာကိုတက်လာလိုက်သည်

ပလက်တီနမ်ဆိုင်နားမရောက်ခင် လူတစ်ဦးနှင့်တစ်ဦးလွှဲကျရာ သူနှစ်သက်သည့်အနံ့ကလေးက နှာခေါင်းသို့ကျီစယ်သွားလေသည် ဘေးတိုက်အနေထားဖြစ်ပေမဲ့ သန့်သန့်ပြန့်ပြန်နှင့် ဆံပင်အတိုလေးကြောင့် မျက်နှာကထင်းထင်းလင်းလင်းမြင်စေသည်

Street styleကိုမှ အပေါ်တီရှပ် Over side အနီလေးဖြစ်ပြီး တရုတ်ကြီးဘောင်းဘီလို ဒူးခေါင်းလောက်အပွကြီးတွဲ၍ဝတ်ထားလေသည် ခြေစွပ်အဖြူလေးရယ် ဘွတ်အမဲ မျက်မှန်အမဲတလက်နှင့်သူ့ကိုမြင်ပုံမရ သူအမြတ်တနိုးရှုရှိုက်နေကျ  Vesaline အနံ့ကလေးက အခုထက်ထိ စွဲစွဲမြဲမြဲသုံးနေတုန်းဖြစ်လိမ့်မည်

'ပထမ တစ်ခေါက် ဘေးတိုက်အနေထားနဲ့ လမ်းလွဲခဲ့ကျတယ် '

'ဒုတိယ တစ်ခေါက် ဘေးတိုက်အနေထားနဲ့ပဲ ခြေလှမ်းတွေရှေ့ဆက်ရပြန်တယ် '

..................

"လေးလေး  "

တူ၏ခေါ်သံကြောင့်သူလှည့်ကြည့်လိုက်သည် 

"သား ဟိုနားလေးသွားချင်လို့ "

သားပြသည့်နေရာကို ကြည့်လိုက်တော့ဘာမှမရှိပေမဲ့ ကလေးစီးသည့် ဆိုင်ကယ်ဆိုင်လေးနားမို့ သွားဖို့ခွင့်ပြုလိုက်သည်

​​လေး​လေးက သူ့ကိုခွင့်ပြုလိုက်တော့ ဆိုင်နှင့်ကွယ်နေသည့်နေရာလေးကို သူသွားလိုက်သည်

"ကိုကို "

သူရောက်တော့ ဂါဝန်အဝါရောင်လေးနှင့်သေးသေးလေးက သူ့ကို ကိိုကိုလို့စခေါ်တော့သည်

"ညမလေး တယောက်တည်းလား လူကြီးတွေရော "

"ပါဘူး မီးက မီးကိုကိုစီလာတာ "

"ဘယ်မှာလဲ ညမလေးကိုကိုက "

"ဒီမှာယေ "

သူ့ရင်ဘက်ကို လက်ညိုးလေးနှင့်ထိုးလိုက်တော့ အသဲယားသွားရကာ ပါးလေးကိုင်လိုက်သည် ပါးလေးကိုနူးနူးညံ့ညံ့ကလေး

"လူကြီးတွေမသိဘဲ က​လေးတ​ယောက်တည်း လျှောက်မသွားရဘူး ကြားလားညမလေး ဒေဝေါကြီးကဖမ်းသွားလိမ့်မယ် "

လူကြီးတယောက်လိုဆုံးမနေသည့်ကလေးက သူလည်းကလေးဆိုတာမေ့နေပုံ

"ကြောက်ဘူး..."

"ဟိုက်ရား...ကြောက်ရမယ်.. လူကြီးတွေကဘယ်နားမှာလဲ ကိုကိုလိုက်ပို့ပေးမယ် "

ခေါင်းလေးခါပြတော့ သနားသွားကာ အိမ်ခေါ်ချင်သွားသည်

"ကိုကိုရော "

"ကိုကို့မှာဖေဖေပါတယ် လေးလေးရော ဦးလေးတွေရောရှိတယ် ကိုကို့စီလိုက်မလား "

သူမေးလိုက်တော့ချစ်စဖွယ်အပြုံးလေးကိုအဖော်ဆောင်ကာ ခေါင်းငြိမ့်ပြသည်

"အစံ နောက်မှသွားရအောင် ဒယ်ဒီရှာနေပြီ "

သွားဖို့ပြင်နေစဥ် ဘယ်သူမှန်းမသိသောဦးလေးကြီးကပေါ်လာပြီး ညမလေးလက်ကိုဆွဲတော့ သူကတပြန်ပြန်ဆွဲလိုက်သည်

"သားညမလေး ခေါ်သွားရဘူး "

"ဟုတ်တယ် မီးလည်းသူ့နောက်မလိုက်ဘူး "

"ကြားလား သားဖေဖေတွေခေါ်ပြီး ဦးဦးကိုရဲလက်အပ်မယ် "

ခြေထောက်နားလောက်ဘဲရှိသောပိစိလေးက ရဲလက်အပ်မယ်ဆိုတော့ရီချင်သွားရပြီး အထင်လွဲနေသည့် ကိုယ်တော်လေးကိုပြောပြရသည်

"ဦးက ကလေးသူခိုးမဟုတ်ပါဘူးကွာ သားညမလေးရဲ့ ဦးလေးပါ အခုတော့သွားမှရမယ်အစံ "

"အစံ ဖေဖေနဲ့တွေ့ရသေးဝူးလေ "

"လေးလေး တွေ့ရအောင်လုပ်ပေးမယ် အခုတော့အစံသွားမှဖြစ်လိမ့်မယ် မဟုတ်ရင် ဒယ်ဒီငိုနေလိမ့်မယ် အစံကဒယ်ဒီငိုတာကြည့်ရက်လို့လား "

သူ့ဒယ်ဒီကိုမငိုခိုင်းစေချင်တဲ့ကလေးမို့ငြိမ်ကျသွားပြီး ဟိုကလေးဘက်လှည့်သွားသည်

"ကိုကို မီးပြန်တော့မယ် ဒယ်ဒီကအစံမရှိရင်ငိုတက်တယ် သွားမယ်နော် "

"ကိုကိုနဲ့ မနက်ဖြန်ထပ်တွေ့ရအောင် ကိုကိုစောင့်နေမယ် "

ဒီမန္တလေး အကျယ်ကြီးကိုအခုမှသိသည့်ကလေးနှစ်ယောက်က ထပ်တွေ့ရအောင်ဆိုနေလေသည် ဤအရာက ကလေးချင်းမို့ရင်းနှီးလွယ်သည်ဆိုရမလား? သွေးကစကားပြောတာလား? မသိ

ကံကောင်းထောက်မစွာ ဘဲကြီးရဲ့အကူညီနှင့် သူတို့၏နေထိုင်ရာကိုသိခဲ့ရပြီး ထပ်ပြီးကံကောင်းတာက သူတို့နေသည့် လမ်းထဲ၌ တစ်အိမ်ကျော်တွင်ဖြစ်နေလေသည်

...........

"မင်းအကြွေးတွေမရှိတော့ဘူးမလား "

"ကုန်ပြီ ကျောက်ရောင်းပြီးတာဆပ်လိုက်တာ "

"ဘယ်လောက်ရှိလို့ "

"သိန်းနှစ်ထောင် "

"ဘုရား~ဘယ်သူ့စီမှာချေးတာလဲ "

"ကိုထွန်းနဲ့ဦးအောင်မျိုးစီမှာ "

"ဘာလုပ်တာလဲအများကြီး "

"မြေဝယ်တာ "

"ဘယ်နှဧကမို့လို့ "

"လေးဧက ၁လံမှာသိန်းနှစ်ဆယ် တစ်ဧက၃၅လံ တစ်ဧက ၇၀၀လောက်ကျတယ် လေးဧက ၂၈၀၀  မြေကဆွေးနေတော့ လျှော့ဈေးနဲ့ ၂၇၀၀နဲ့ပြောတာ ကျုပ်ဈေးဆစ်လိုက်တော့ ၂၆၀၀နဲ့တည်သွားတယ်လေ စုထားတာကတစ်ရာပဲရှိတယ် ၄၀၀ကို ဦးပိုင်စိုးမှာချေးလိုက်တယ် "

"မိုက်တယ်ဟ ~မသိလို့မေးပါအုံးမယ် ကျောက်သာမအောင်ခဲ့ရင် အဲဒီသိန်း၂၆၀၀ဘယ်ကသွားရှာမလဲ "

"အဲဒါပေါ့ကိုမင်းမင်းရ ညီ​​ဖြစ်တဲ့ကျုပ်ကိုလည်းတစ်ခွန်းမှမပြောဘူး "

"လယ်ထဲကထွက်တာနဲ့ သွင်းမှာပေါ့ ကျုပ်စရင်းအရဆို တစ်နှစ်စာ စပါးအမြတ်က ၄၀၀လောက်ရှိတယ် နောက်မှာ အသီးအနှံက ၁၀၀ အဖေကိုတော့ဆပ်ပြီးပြီ ကျန်တာကျောင်းစရိတ် သုံးနှစ်စာ ၁၅၀၀လောက်ရှိပေမဲ့ ရိတ်စက်တွေခြွေစက်တွေဝယ်လိုက်တော့ ၁၅၀၀ပြောင်သွားတယ် "

"အဲတော့ အပြင်မှာချေးထားတဲ့သိန်းနှစ်ထောင်ကကျန်နေတာ "

"ငါတော့မင်းကိုအံ့ဩလွန်းလို့မဆဲနိုင်တော့ဘူး ချေးတဲ့သူနဲ့ ချေးပေးတဲ့သူကဟုတ်နေတာပဲ "

"ဟွန့်~ပိုင်စိုးဦးရဲ့ကံဇာတာက အဲလိုကို "

"၉၉ပြားဆိုပြီးအထင်သေးမိတာကိုက ငါတို့အမှား "

"ကိုမင်းမင်း ဒီမှာကြာအုံးမလား "

"အင်း ကြာမှာအစကအလည်ပတ်လောက်ပဲ အခုကဂွင်တစ်ခုတွေ့ထားတယ် "

လူချမ်းသာ အသိုင်းဝိုင်းတွေပဲနေသည့် လမ်းကြားထဲတွင် တည်းခိုဖို့ဖြစ်လာပြီး အရက်ကြိုက်တဲ့မောင်တွေမို့ အရက်ပါတီလုပ်နေကြသည်

အကင်တွေကိုအစီနှင့် ထွေးဦးက တာဝန်ယူထားသည် အရက်တွေကအဆင်သင့်ရှိပြီးသားမို့ ငလုံးတယောက်သာကူရပြီး ငဟိန်းနှင့်ကလေးက ရေကန်ထဲတွင်ဆော့နေသည်

"မင်းရော "

"ရောက်လာလက်စနဲ့ ဟန့်စီသွားကြည့်မလားလို့ "

"မင်းလင်က အိမ်ပြောင်းသွားပြီ "

"အကုန်လုံးလား "

"မဟုတ်ဘူး သူ့ဆရာ ဦးဇေဇေမောင်ပဲအဲကွန်ဒိုမှာရှိတယ် သူနဲ့မန်နေဂျာကောင်ကတနေရာပြောင်းသွားတယ်ကြားတယ် ဘယ်ပြောင်းသွားလဲငါလဲမသိဘူး "

"ကျုပ်လွှတ်ပေးထားတဲ့အချိန်တွေ ကုန်နေပြီ "

"ဘာကိုလဲ မင်းဟာက "

"ကျုပ်သူ့ကို တသက်လုံးလက်လွှတ်ပေးခဲ့တာမှမဟုတ်တာ အခုဆိုသူဖြစ်ချင်တဲ့ဒါရိုင်တာလည်းဖြစ်နေပြီ အခုသူ့လင်နဲ့သားကို အုပ်ချုပ်ခိုင်းဖို့သင့်နေပြီမလား "

"မသိဘူးဟေ့ရောင်ရေ.... မင်းလုပ်နိုင်ရင်လုပ် ဘယ်လိုလုပ်မယ်တွေးထားတုန်း "

"ဟက်! ပြန်ခေါ်လို့မလိုက်ရင်ကားတင်ပြေးမယ် "

"ကားတင်ပြေးရအောင် အပျိုလေးမှတ်နေလား "

"..........."

"ပြောမနေနဲ့ ကိုမင်းမင်း အဲကောင်ကလုပ်ချင်တာလုပ်တာ "

အငွေ့တလူလူနှင့်ပုဇွန်တုပ်တွေက အရက်နှင့်လိုက်ဖက်စွာ

"စိုးဆက် ရော့..မင်းတွက်ငါသီးသန့်ဖျော်ပေးထားရတာ "

လူကြီးအရက်ဝိုင်းထဲ ကိုကိုး...ခွက်လေးကနေရာယူနေလေသည်

"ချီးယား "

ကိုမင်းမင်းအစပြုလိုက်တော့ လူခြောက်ယောက်စလုံး ခွက်တွေကိုင်မြှောက်ကာ ခွက်တိုက်ကြသည်

ကလင်~ကလင်~

"ဘယ်သူလဲဟ "

"ငါသွားကြည့်လိုက်မယ် "

"သားသွားကြည့်ပေးမယ် "

"သား တံခါးမဖွင့်ပေးနဲ့နော် "

"ဟုတ်ဖေဖေ "

စိုးဆက်ထွက်သွားပြီး မကြာလိုက် ပြန်လာပြီးလက်ထဲတွင်ကလေးမတယောက်လက်အားဆွဲထားလေသည်

"စိုးဆက် ဘယ်ကကလေးလဲ "

"သားညမလေး "

စိုးဆက်က ညမလိုချင်သူမို့ ဘယ်အိမ်ကကလေးများ သွားခေါ်လာသလဲမပြောတက် ကလေးမလေးကလည်း တွန့်သလိုရွံ့သလိုနှင့်မျက်လုံးပေကလပ်ပေကလပ်

"စိုးဆက် စိတ်မတိုချင်ဘူးနော် အခုပြော "

"သား..ညမလေးပါဆို..ဟင့် "

သူဒူးထောက်ချလိုက်ပြီး ကလေးမလေးနှင့်အနီးဆုံးဖြစ်အောင်ထိုင်လိုက်တော့ ကိုယ်တော်လေးကအနောက်ပို့လေသည်

"စိုးဆက်က အရိုက်ခံချင်​နေတာ ဖယ်~အရှေ့က "

ပိုင်စိုးဦးလေသံမာရင် စိုးဆက်ကြောက်စမြဲ ပြီးရင်မျက်ရည်တွေဘူးသီးလုံးလောက်ညှစ်ထုပ်တော့သည်

"ကိုကို့ဆူပါနဲ့ မီးကဖေဖေနဲ့တွေ့ချင်လို့လာတာ "

"ဘယ်မှာလဲ ကလေးရဲ့အဖေက "

ပိုင်စိုးဦးကိုသာ တစိုက်စိုက်ကြည့်နေပြီး ပိုင်စိုးဦးအရှေ့ရောက်လာသည်

"ဖေဖေ "

ကလေးမက ပိုင်စိုးဦးကိုဖေဖေဆိုပြီးဝင်ဖက်တော့ အားလုံးက 'ဟာ ' တွေ 'ဟင်' တွေဖြစ်ကုန်သလို ပိုင်စိုးဦးကိုယ်တိုင်ကလဲကြောင်လျက်သား

အီး..ဟီ.....အီး...

"ဖေဖေ "

"ကလေး ဦးကသမီးဖေဖေ မဟုတ်ဘူးလေ သမီးအိမ်ကလူကြီးတွေရော ဦးလိုက်ပို့ပေးမယ် "

"ကလေးသနားပါတယ် ကင်းကောင်ရာ အဖေငတ်နေတာနေမှာ "

"ဟုတ်ပကွာ တွေးရင်ငါကိုစိတ်မကောင်းဘူး "

ကလေးမလေးငိုတာမြင်တော့ ပိုင်စိုးဆက်ဦးက ကိုကိုးခွက်လေးပေးလိုက်ပြီးပါးပြင်ကမျက်ရည်တစ်ချို့သုတ်ပေးသည်

"တိတ်နော် ညမလေး ကိုကိုငိုရင်ဖေဖေက ကိုး.......အမြဲတမ်းတိုက်နေကြ "

"ကလေးကိုတွေ့ဖူးနေသလိုပဲ ဘယ်ကလဲ "

"သမီး ဦးမေးမယ်အမှန်တိုင်းဖြေနော် "

ပိုင်စိုးဦးက ထိုသို့ဆိုတော့ လူအားလုံးမြက်ခင်းပေါ် ​ရောက်လာပြီး စက်ဝိုင်းပုံသဏ္ဍန်ထိုင်လိုက်ကြသည် ပိုင်စိုးဆက်ဦးကအားလုံးရဲ့အလယ်တွင်ရှိပြီး ကလေးမလေးက ပိုင်စိုးဦးပေါင်ပေါ်တွင်ဖြစ်သည်

"သမီးနာမည် ဘယ်လိုခေါ်လဲ သမီးအသက်ကရော "

"ခြူးခေတ်စိုးစံ အသက်ကယေးနှစ် "

"ဪ~လိမ္မာလိုက်တာ ဒါဆို ဖေဖေနဲ့မေမေကရော "

"မေမေကမရှိဘူး အစံကိုဒယ်ဒီကမွေးတာ "

*သူ့မိဘလည်း lgbt ထင်တယ် *

*ဖြစ်နိုင်တယ်*

"ဟုတ်ပါပြီ ဒယ်ဒီနာမည်ကရော "

"ဒယ်ဒီနာမည်က ခေတ်ဆက်သာဟန် "

"ဪအေအေ "

ဖြန်း~

နရင်းအရိုက်ခံလိုက်ရမှ ငြိမ့်နေသည့်ခေါင်းကငြိမ်သွားရသည်

"ဘယ်..ဘယ်သူ..သမီးဘယ်သူပြောလိုက်တယ် "

"ဒယ်ဒီက ခေတ်ဆက်သာဟန်လို့ပြောတာ "

"မဖြစ်နိုင်တာ "

"အေး. ဘယ်လိုဖြစ်နိုင်မှာလဲ "

ကလေးက အိပ်ကပ်ထဲကတစ်စုံတစ်ခုကိုနှိုက်ထုပ်နေပြီး ဓာတ်ပုံလိုထင်ရသည့်အရာကိုသူ့ရှေ့ထိုးပေးလာသည် သူ့ကြည့်လိုက်တော့ မြင်ရသည့်အရာက...စတူဒီယိုထဲ ကောင်လေးနှစ်ယောက်ပုံ အရှေ့ကကောင်လေး၏ဗိုက်လေးကို နောက်တယောက်က ထိန်း၍ကိုင်ထားပေးလေသည်

"ဒါ စိုးဆက်ဗိုက်နဲ့တုန်းက ပွဲမှာရိုက်ထားခဲ့တာမလား "

ဖြစ်ပျက်နေသည့်အရာများက လိုက်မမှီအောင်ဖြစ်ရပြီး ဘာတစ်ခုမှနားမလည်တော့

"သမီး ဦးမေးမယ်နော် "

"ဒီကိုဘယ်လိုလာတာလဲ ဘယ်သူပို့ပေးတာလဲ "

"သမီးအိမ်က ဟိုဘက်မှာ လေးဝေဟင်လာပို့ပေးတာ "

"အခုသူကရော "

"ခြံထောင့်မှာ "

"ငဟိန်းသွားခေါ်ပေး"

ငဟိန်းထွက်သွားပြီးမကြာလိုက်သူနှင့်အတူလူတယောက်ပါပါလာသည်

"သမီး ကိုကိုနဲ့သွားဆော့နေနော် ဖေ..ဦးပြောစရာရှိလို့ "

"ထိုင်ပါအုံး "

"ဟုတ်ကဲ့ "

"ခေါ်လိုက်ရတဲ့ကိစ္စလေးသိမှာပေါ့ "

"သိပါတယ် "

"ဒါဆိုဘာလို့လဲ ကလေးကရောဘယ်လို...ကျစ်!အကြောင်းစုံသိချင်တယ် "

"ကလေးက ကိုပိုင်စိုးရဲ့ကလေးပါ "

"မင်းငါ့နာမည်သိတယ် "

"ဟုတ်ကဲ့ "

"ကျွန်တော်အကြောင်းစုံပြောပြပါ့မယ် "

ဝေဟင်၏အပြောကို ဘယ်သူမှအသံတချက်မထွက်ဘဲ အားလုံးကနားထောင်နေလေသည်

"................၊ ကလေးမမွေးခင်အချိန်ထိ ကိုပိုင်စိုးနာမည်ကိုသာတနေခဲ့တာ တစ်ခါတလေဆိုအခန်းတံခါးပိတ်ပြီးငိုနေတက်တယ် ၊ပြီးတော့ အကိုနေမကောင်းဖြစ်တုန်းကဆို ကိုပိုင်စိုးကိုဘဲ တစ်လျှောက်လုံးခေါ်နေခဲ့တာ တစ်ခါတလေဆိုလည်း သားကိုလွမ်းတယ်ဆိုပြီးငိုနေတက်တယ် ၊ ကလေးမွေးပြီးတဲ့ချိန် ကိုပိုင်စိုးကိုမတတော့ဘူး ကလေးတွက်လုပ်ပေးနေရတဲ့ချိန်ဆို 'ကိုယ့်သားကလေ 'ဆိုပြီး စချီပြောတက်သေးတယ် "

"ကိုယ်မသိခဲ့ပါဘူး ကိုယ်ဝန်ပါသွားတယ်လို့ကိုယ်မသိခဲ့ဘူး "

"ကျွန်တော်သိပါတယ် အကိုတောင်မှ ဒီရောက်မှသိခဲ့ရတာ အကိုက အခုဖြတ်သန်းလာရတဲ့နှစ်တွေအတွင်းအတော်လေး စိတ်ပင်ပန်းလူပင်ပန်းဖြစ်ခဲ့တာရယ် သမီးမှာလည်းအကိုရှိတယ်လို့သာပြောခဲ့တာ အဖေကဘယ်သူဘယ်ဝါ အကိုနာမည်ကဘယ်သူဆိုတာမပြောပြခဲ့ဘူး "

"ဒါဆိုကလေးက ဘာလို့ ပိုင်စိုးဦးကိုသိနေတာလဲ "

"ကျွန်တော်နဲ့ မတွယ်တာယဥ်ရဲ့စနက်တွေကြောင့် အကို့စီကဓာတ်ပုံတစ်ချို့ခိုးခဲ့ပြီး ကိုပိုင်စိုးနဲ့သူ့အကိုပုံကိုပြခဲ့တယ် ပြီးတော့ ဒီကိုလည်း ကျွန်တော်ကိုယ်တိုင်ခေါ်လာပေးခဲ့တာ "

"ကျေးဇူးတင်ပါတယ် "

"ရပါတယ် အဓိကဒီကလေးကို အဖေမျက်နှာမြင်စေချင်ယုံလေးတင် "

"မင်းကိုယ့်ကိုယုံလား "

"မယုံဘူး ဒါပေမဲ့ကိုပိုင်စိုး အကို့ရဲ့အကြောင်းသိလိုက်တော့ ကျွန်တော် တိတ်တဆိတ်စုံစမ်းခဲ့တယ် အခုလိုကလေးနဲ့တွေ့ရအောင်ကူညီတာက ကိုပိုင်စိုးမှာမိန်းမမရှိဘူးဆိုတာသိလို့ ကိုပိုင်စိုးအခုလိုလုပ်ရတဲ့အကြောင်းရင်းသိလို့ "

"မင်းစုံစမ်းတာ ဟန်သိလား "

"ဟင့်အင့်~မသိဘူး ရှေ့လကမှ သားအကြောင်းစုံစမ်းခိုင်းခဲ့တာ "

"နေစမ်းပါအုံးကွာ ငါတို့ကနေရာမျိုးစုံပြောင်းနေတာ ငါတို့အကြောင်းစုံမင်းသိမှာမို့လို့လား "

ပိုင်စိုးဦးနှင့်ပြောနေရင်း ငဟိန်းကပြောတော့ မှုန်ကုပ်ကုပ်နှင့်ငဟိန်းဘက်လှည့်လိုက်သည်

"အကို ကျွန်တော့ကိုသိလား "

"သိတယ်လေ ဆက်ဟန်ရဲ့မန်နေဂျာဝေဟင်မလား "

"ဟုတ်တယ် ဒါပေမဲ့ကျွန်တော်က လွန်ခဲ့တဲ့သုံးနှစ်ကျော်က အကိုနဲ့ခင်ခဲ့တဲ့ အာကာဝေဟင် ပဲ "

"အာကာဝေဟင်က မင်းပေါ့ "

ကိုယ့်လောက်တုံးအတဲ့သူ ရှိမည်မထင် လွန်ခဲ့တဲ့သုံးနှစ်ကျော်က အာကာဝေဟင်ဆိုသည့်ကောင်လေးနှင့်onlineပေါ်ခင်ခဲ့ပြီး ပြဿနာတစ်ချို့ကိုရင်ဖွင့်ခဲ့သည်

"အဲဆို နှစ်နှစ်လောက်အဆက်သွယ်မရတာက "

"ကျွန်တော်အချုပ်ကျနေတာလေ အပြင်နဲ့ဆက်သွယ်ခွင့်မရှိဘူး "

အဖြစ်ပျက်တွေက မြန်ဆန်လွန်းပြီး ကိုယ့်သွေးသားတယောက်ရှိသေးတယ်ဆိုတာသိလိုက်ရတဲ့ချိန် ခံစားချက်ကဘာနဲ့မှမတူ

မျက်လုံးဝိုင်းဝိုင်း ၊ နှုတ်ခမ်းပါးပါးလေး ၊ ကျစ်ဆံမြည်းလေးနှင့် ကလေးမလေးက သူ့သမီးဆိုသည့်အသိက သူ့ရင်ကိုနွေးထွေးစေသည်

"သမီး "

သူခေါ်လိုက်တော့ သမင်လည်ပြန်လှည့်ကြည့်လာသည့်ကလေးက သူ့ရဲ့သွေးသား

"သမီး.. ဖေရဲ့သမီးလေး "

"ဖေ "

ဖေခေါ်သံအား အမြဲတစေကြားနေရပေမဲ့ အခုတစ်ခါတွင် နှလုံးသားတစ်ခုလုံးကိုင်လှုပ်သွားနိုင်စွမ်းရှိသည်အထိ

"ဖေ့စီလာမလား "

လက်နှစ်ဖက်ကမ်းပေးလိုက်တော့ သူ့စီထလာကာ ပွေ့ဖက်လိုက်သည်

ရွှတ်!

"ဖေဖေ့ရဲ့ကလေးလေး "

ပါးပြင်တဖက်ကိုနမ်းလိုက်ပြီး တကိုယ်လုံးသိုင်းကျုံးဖက်လိုက်သည်

"တကယ်မလားဟင် အစံဖေဖေမလား "

"ဟုတ်တာပေါ့သမီးရဲ့ ဖေဖေက.. သမီးရဲ့ဖေဖေဘဲ "

"ဖေ "

"သား.."

သားနှင့်သမီးက သူ့ရဲ့တဖက်တချက်စီတွင်နေရာယူထားလေသည်

ကိုယ်တယောက်ပဲရှိသည့်လို့ထင်ခဲ့သည့်ချိန် ဟန်ကဝင်လာသည် အခုတစ်ခါ သားနဲ့သမီးကို သူ့ဘဝထဲခေါ်လာပြီး မိသားစုဆိုတာဖန်တီးပေးခဲ့သည်

"စိုးဆက် ဒါ..ဒါ..သားရဲ့ညမလေးဘဲ... သားလိုချင်နေတဲ့ညမလေး "

"တကယ်လားဟင်.. ဖေမညာရဘူး "

"ညာစရာလားကွာ... သားနာမည် ညမလေးကိုပြောပြလိုက်အုံးလေ "

"ကိုကို့နာမည်က ပိုင်စိုးဆက်ဦး "

"မီးနာမည်က အရာရာစိုးစံစေချင်လို့ ခြူးခေတ်စိုးစံပါရှင့် "

"ဪ~အတက်မလေး ရွှတ်! "

"ဖေဖေ သားလည်းနမ်း "

ရွှတ်!

ဒီနေ့တွက် သူ့အဖို့အဓိပ္ပါယ်ရှိလွန်းနေပြီး သားကိုဘယ်ဘက် ၊သမီးကိုညာဘက်ကချီကာ ဝိုင်းစီခေါ်လာလိုက်သည်

"စိုးဆက်တို့ ညမရပြီဆိုတော့ မျက်နှာကတစ်မျိုးနော် "

"ဦးလုံး မနာလိုတာမလား "

"မဟုတ်ကောင်း "

"ကလေး လေးလေးစီလာချင်လား "

ပိုင်ထွေးဦးက လက်ကမ်းပေးတော့ သူကိုကြည့်လာသည်

"အဲဒါသမီးရဲ့လေးလေး ဖေဖေ့ညီပဲသမီးရဲ့ "

"လာမလား ကလေး "

သူ့အဖေက ပြောတော့မှ မလိုက်ချင်လိုက်ချင်ဖြင့်လာပြီး သူ့အဖေကိုလည်းကွက်ကြည့်ကွက်ကြည့်

ပန်းရောင်သန်းနေသည့်ပါးပြင်အား လက်ညှိုးနဲ့လက်မသုံးပြီးဆွဲလိုက်တော့ အနီရောင်ဘက်ပြောင်းသွားလိုက်သည်

"ကိုကြီး.. မင်းသမီးအသားရေက နူးနူးညံ့ညံ့လေး အသဲယားစရာကောင်းတယ် "

ထို့နောက် ကလေးတွေ၏မပီကလာစကားနှင့် လူကြီးဟန်သုံးကာပြောဆိုနေသောကလေးနှစ်ယောက်ကိုကြည့်ကာပြုံးယောင်သာတက်နိုင်သည်

ဒါက ထိုင်း-မြန်မာနယ်စပ်ပေါ့နော် ၊ဒီတောင်ကြီးကျော်ရင် ထိုင်းဘက်ရောက်ပြီ

........................................................................

[text_hash] => e9c459f4
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...