Array
(
[text] =>
( ဤအပိုင်းတွင်ပါဝင်သော အကြောင်းရာများသည် မည်သည့်အဖွဲ့စည်း ၊ မည်သူတစ်ဦးတယောက်မှ ၊ မည်သည့်ဥပဒေမှ ဝေဖန်ခြင်း ၊စော်ကားခြင်း ၊ ထိခိုက်စေလိုခြင်း မရှိပါကြောင်း မေတ္တာရပ်ခံချင်ပြီး ဤအပိုင်းတွင် စာရေးသူ၏ စိတ်ကူးယဥ်သက်သက်သာ ဖြစ်သည်)
"ဟိတ်လူ ထစမ်း.."
သူ၏နားထဲ လူတယောက်ခေါ်သံကြောင့် မျက်လုံးအစုံကိုအတင်းဖွင့်ကြည့်ရသည် သူမြင်ရသည်က မနက်ကလူတွေ
"ဆရာ..ကယ်ပါအုံး"
"သူကဘယ်လိုဖြစ်တာလဲ "
"မသိဘူးဆရာ "
"မင်းလိုက်လာခဲ့ "
သူအပြင်လိုက်လာတော့ လူနှစ်ယောက်ကခုံတန်းတစ်ခုတွင်ထိုင်နေလေသည်
"ဆရာ..ကယ်ပါအုံး..ကျွန်တော်အကိုနဲ့သူငယ်ချင်းတွေကယ်ပါအုံး "
ခုံတန်းရောက်တော့ ဝင်မထိုင်တော့ပဲ ခြေသလုံးပြေးဖက်လိုက်သည်..ဖိနပ်နဲ့ပဲကန်ကန်.. ထုပဲထုထု...ရိုက်ပဲရိုက်ရိုက်..အဓိက...က...
"ထပါ.. အဲလိုမလုပ်ပါနဲ့ "
ဗိုလ်ကြီးဖြစ်ပုံရသောသူက ထူပေးတော့ထလိုက်ပြီး ကူညီပေးရန်သာ တသွင်သွင်တောင်းဆိုရုံမှအပမတက်သာ..
"မင်းထွေးဦး မလား ဟုတ်တယ် ပိုင်ထွေးဦးပဲ "
"ဆရာတို့ကအသိတွေလား "
အပြန်လှန်ဆရာခေါ်နေကြတော့ ဘယ်သူကဗိုလ် ဘယ်သူကတပ်ကြပ်မှန်းမသိ သူ့နာမည်ကိုသိသောလူကိုတော့မြင်ဖူးသလိုလို
"ကျွန်တော်တစ်ခါပြောပြဖူးတယ်လေ ယားဖူးမှာစခန်းချတုန်းက ယောင်္ကျားချင်းယူထားတဲ့ကောင်တွေနဲ့သိခဲ့တယ်ဆိုတာ သူ့ညီပေါ့ "
"ဘယ်လိုဖြစ်ကြတာလဲ မင်းတယောက်တည်းလား မင်းအကိုကော "
"ကျွန်တော့်အကိုက ေသလားရှင်သလားမသိသေးပါဘူး ပြီးတော့ ဘီလူးနဲ့ငလုံးလဲပါတယ် "
"အခုသူတို့ကရော မင်းအကိုကရော "
သူတို့၏ရောပေါင်းစုံကို ခေါင်းပဲခါပြလိုက်ပြီး စခန်းရောက်လာပုံကိုပြောပြလိုက်သည်
"ဆရာ ဒီလူတွေကတကယ်မိုင်းသားတွေပါ ဘယ်နေရာမှာမှ ပြဿနာမရှိပါဘူး အခုသူနဲ့အတူဒဏ်ရာရတဲ့သူတွေကိုလဲဆေးကုပေးချင်ပါတယ် "
"ဆရာကတာဝန်ယူတော့ဟုတ်ပြီလေ မြို့ထဲတော့မရဘူး ဒီမှာပဲဆေးမှူးနဲ့ကုရလိမ့်မယ် "
ခေါင်းငြိမ့်ပြပြီးမှ သူ့လူတွေဘက်မျက်နှာမူကာ..
"ငါမရှိတုန်း ကင်းကျတဲ့ကောင်တွေအခုခေါ်လိုက် "
မကြာလိုက် မနက်ကတွေ့ခဲ့သည့်ကောင်တွေကိုတွေ့လိုက်ရပြီး ပါးတစ်ယောက်တချက်ချသံအဆုံး 'တောင်းပန်ပါတယ်ဗိုလ်လေး'ဆိုသည့် စကားကြားလိုက်ရသည် ဒါဆိုသူကို့သိသည့်သူက ဗိုလ်လေးပေါ့..
ပစ္စုပ္ပန် ကာလတွင်
"အဲဒါပဲ ကိုကြီးနဲ့ဘီလူးက ဆေးမှူးနဲ့သေချာပြပေးတယ် ဟိုကောင်ငလုံးကော ဘီလူးက ကျည်ဆံလည်းထိတယ် ဓားဒဏ်ရာပါရတော့အဖျားဝင်သွားတယ် ကိုကြီးကတော့ ကျည်ဆံကနောက်ကျောတည့်တည့် ကိုထိတယ် ငှက်ဖျားလဲဝင်နေတော့ သတိမရလာဘူး အခုတောင်သတိရတာ၁၅ရက်လောက်ပဲရှိသေးတယ် "
"မင်း...မင်း..တို့တွက်စိတ်မကောင်းပါဘူး..ငါတို့ကမင်းတို့ဘယ်လိုတွေဖြတ်သန်းနေရမှန်းမသိဘဲ မေတ္တာတွေပိုနေခဲ့မိတယ် "
"ဝါး....ကင်းကောင်က စောက်အသက်ကပြင်းတာပဲ "
"ဟုတ်ပမောင် သူ့နေရာမှာငါသာဆို ကျည်ဆံနောက်ကျောဝင်ရင် စောက်အသက်ကဘယ်နားလွင့်နေပြီတောင်သိမှာမဟုတ်ဘူး "
"ငါသေတော့မယ်လို့ထင်လိုက်တဲ့ အချိန်ထဲမှာ ငါ့သားတယောက်တည်း လူမမယ်ကျန်ခဲ့မှာကိုတွေးမိသွားတယ်
အဲချိန်ငါမသေချင်တော့ဘူး ငါ့ခန္တာကိုယ်မလှုပ်နိုင်ဘူး စူးအောင့်အောင့်ကိုနာကျင်တာ ငါသတိလွတ်ချင်တာတောင် ငါ့သားနားမှာနေရအုံးမှာဆိုတဲ့စိတ်နဲ့ ငါနာကျင်မှုကိုအံတုခဲ့ရတယ်
ကျည်ဆံထုပ်ပြီးပြီဆိုတဲ့စကားကြားတော့ ငါတင်းထားတဲ့လွတ်ချလိုက်တယ် ပြီးတော့ငါဘာမှမသိတော့ဘူး "
"စိုးဆက်လေးက မင်းအတွက်အားအင်လေကိုကြီးရာ မင်းသွေးကနေစီးဆင်းလာတဲ့သားမို့လို့ မင်းလိုအပ်တဲ့ချိန်မှာ အားအင်တွေဖြစ်နေခဲ့တာ "
"ငါသာအဲနေ့ကမပြေးခဲ့ရင် ငါခြေတောက်ကိုကျည်ဆံဝင်မှာမဟုတ်သလို ငါ့မျက်နှာမှာလည်းဒီဒဏ်ရာကြီး ရလာမှာမဟုတ်ဘူး "
ယောင်္ကျားတန်မဲ့ပဲဆိုဆို ကို့မျက်နှာကရုပ်ဆိုးအကျည်းတန်မှုကိုတော့ လိုချင်ဟန်မတူ
"မင်းအကို ငါရှိတယ်နော် စိတ်မကောင်းမဖြစ်နဲ့ "
"ဟိုကောင်ငလုံးက ဘာမှမဖြစ်လာလို့တော်သေးတာပေါ့"
"ဘယ်ကလာ သူ့နောက်ကျောမင်းကြည့်လိုက် ရထားတဲ့အမာရွတ်က အမြဲတမ်းသန့်သန့်ပြန့်ပြန့်နေတက်သူကို အခုလိုဖြစ်စေတာပဲ "
ထွေးဦးအပြောကြောင့် ဘာစကားမှဝင်မပြောတဲ့ငလုံး၏နောက်ကျောကို သွားကြည့်လိုက်သည် အရှိုးရာဟုထင်ရသည့်အမာရွတ်အမြောက်များ
"ဒါက ဘာဖြစ်တာလဲထွေးဦး "
"မင်းတို့ထင်တဲ့အတိုင်းပဲ "
ဟားးး........
"ငါက အားလုံးထဲမှာလူကောင်းဆိုတော့ သူတို့စီမှာအလုပ်တော့လုပ်ပေးရတာပေါ့... "
"တောင်းပန်ပါတယ် ငါတို့ကဘာမှမသိခဲ့လို့ "
"ရပါတယ်ကွာ ငါအကိုကြီးကနေပြန်ကောင်းလာဖို့ပဲဆုတောင်းခဲ့ရတာ "
"ဖေဖေ"
"သား..အိပ်နေတာမဟုတ်ဘူး... ဘာစားချင်လဲဖေဖေလုပ်ပေးမယ် "
"သားကိုးးသောက်ချင်တယ် "
"အွန်း~ဖေဖျော်ပေးမယ်နော် ဒီမှာထိုင် "
နေရာမှာဘဲ ထိုင်ခိုင်းပြန်တော့ကုပ်ကုပ်ကလေး
"လေးလေး "
"ဗျာ "
"မနက်ကျရင် လေးလေးချက်ပေးနော် "
"ချက်ပေးပါ့မယ်ဗျာ "
"စိုးဆက်တို့များ သူ့အဖေတွေလာတော့မျက်နှာကဖြီးနေတာပဲ "
"စိုးဆက် အရမ်းပျော်နေတယ် "
"ကိုယ်တော်လေး နဲနဲလျှော့ မနက်ဈေးသွားမှာလိုက်မှာမလား "
"ဟီး...ဟုတ်..မမချောချောဆိုင်မှာ လက်ဖက်ရည်သောက်ချင်လို့ "
"လေးလေး "
"ဗျာ "
"ဦးလုံးက ဘာလို့အဲလိုဖြစ်နေတာလဲဟင်"
"သား..က ဦးလုံးကိုစကားသွားပြောလိုက်ပေါ့ "
ကင်းကောင်ပြောတော့ ကိုကိုးဗူးလေးကို ပိုက်ကာ ငလုံးစီသွားတော့ အားလုံးကအသံတိတ်စောင့်ကြည့်ရသည်
"ဦးလုံး ~"
ခေါ်လည်းခေါ်ရင်းပေါင်ပေါ်ပါတက်ထိုင်တော့သည်
*ငလုံးစကားပြန်ပြောမယ်ထင်လား *
*စောင့်ကြည့် ရမှာပေါ့ *
"စကားလည်းမပြောဘူး ကိုးးသောက်မလား "
"........."
"သား..ဦးလုံးကိုသတိရနေတာ "
"............"
"ကိုး...ကဖေဖေဖျော်ပေးထားတာ အရမ်းကောင်းတယ် သောက်မလား "
".........."
ငလုံးက စကားပြန်မပြောတော့ ခြေတံတိုတိုလေးတွေနှင့် ပြေးလာကာ လောပန်းတွေစီရောက်သွားပြန်သည်
"ဖိုးဖိုးမျိုး ၊ ဘဘထွန်း "
"ပြောစိုးဆက် "
"မနက်ဖြန်လေ အားလုံးကိုခွင့်ပေးပါလား စိုးဆက်ရွာထဲသွားချင်လို့ နော်....နော်..."
"အင်း~"
သူလိုချင်တာရပြီးတော့ ငလုံးစီပြန်သွားကာ ပေါင်ပေါ်တက်ထိုင်ပြီး အဘေးလှည့်ထားသောမျက်နှာကို သူအရှေ့သို့ဆွဲယူသည်
"မနက်ဖြန် သားနဲ့ရွာထဲလိုက်ရမယ် ဦးလုံးပိုက်ဆံနဲ့မုန့်စားမယ် စိုးဆက်လိုချင်တာဝယ်ပေးနော်.."
"..........."
"စိုးဆက် ဦးလုံးနဲ့အိပ်မယ် ဦးလုံးကိုယ်ပေါ်ခြေတင်မယ် ရှုရှုးပေါက်ချမယ် "
"ဘာ!!!!!!"
သန့်ပြန့်နေတက်သူဆိုတော့ ရှုးပေါက်ချမယ်ဆိုသော အသံတွင် ငလုံးစကားစပြောလေပြီ
*ငလုံးကောင် စကားစပြောပြီ *
*ငါ့သားလေ စကားကရှယ်တက် ဘာအကွက်နဲ့ချုပ်ရမလဲသိတယ် *
"ဟုတ်တယ်လေ သားကနေမကောင်းဘူးဆို သတိလွတ်တက်တယ် အဲဆိုရှုရှုးပေါက်ချမိရော "
"လာမအိပ်နဲ့ မင်းအဖေစီသွား "
"ဦးလုံးကို လွမ်းနေတာပါဆို "
"သွားစမ်း!!!!!! "
"ပြီးရော.. မနက်ဖြန်တော့သားကိုလိုက်ပို့ "
"........"
သူ့ပေါ်မှာကဂျစ်ကဂျစ်လုပ်ပြီးဆင်းသွားတော့မှ..
"ငါ့အိပ်ထဲမှာမုန့်ရှိတယ် ညဘက်အချိုတွေသိပ်မသောက်နဲ့ "
"သားသိတယ် "
"ဖေဖေ စိုးဆက်တော်လား "
"ဖေ့သား ပိုင်စိုးဆက်ဦးကအတော်ဆုံး "
"ဖေ သားအိပ်ချင်ပြီ "
"အင်း ဒီမှာအိပ် "
ရင်ဘက်ပေါ်တင်ပေးလိုက်တော့ ခပ်ဖွဖွအင်္ကျီထဲလျှိုဝင်ကာ တရွှတ်ရွှတ်နမ်းပြီးမှငြိမ်သွားတော့သည်
....................
"အကို ဘယ်နားလဲ "
"သူရမောင်မောင်ကို တချက်လေ့ကျင်ပေးပါအုံး နောက်အခန်းက မင်းသားနဲ့ခွဲရလို့ဝမ်းနည်းပုံပေါက်နေရမှာ အခုဟာက ထီပေါက်လို့ဝမ်းသာနေတဲ့မျက်နှာနဲ့ "
"အကိုကဗျာ "
"အမှန်ပြောတာ "
သူတို့၏ရိုက်ကွင်းက ဆယ်ပိုင်းကျော်လောက်ပင်ရောက်နေပြီး အစစအရာရာဆင်ပြေလေသည်
"ကဲစမယ် သွားတော့ "
1 2 3 အက်ရှင် ~
အကိုက ဒီအလုပ်ကိုဝါသနာပါလွန်းသူဆိုတော့ ကလေးကိုပေါင်ပေါ်တင် အရှေ့ကအပြီပြင်သရုပ်ဆောင်နေသူတွေတွက် အနှောင့်ယှက်ဖြစ်မှာစိုးတာကြောင့် ပါးစပ်ကိုနို့နှင့်တေ့ထားလေသည် အခုဆိုပေါင်ချိန်မပြည့်သည့်ကလေးက ဝဝကစ်ကစ်ကလေးဖြစ်လို့နေသည်
ဒီနေ့ဖို့ရိုက်ကူးရေးပြီးတော့ အလုပ်ခန်းထဲပြန်ရောက်နေသူကြောင့်နားဖို့ပြောရသည်
"အကိုနားပါအုံးလား "
"မနားနိုင်ပါဘူး ဝေဟင်ရယ် အခုတည်းကလုပ်ထားမှရမှာ သမီးလေးကြီးလာရင် ကျောင်းတက်ရမယ် မိန်းကလေးဆိုတော့ ယောင်္ကျားလေးထက်ကိုပိုဂရုစိုက်ရမှာ အဲကျရင်အကိုကဒီဒါရိုင်တာအလုပ်နဲ့ပဲသွားနေလို့မရဘူး ကြာလာတော့လည်းဆရာ့ကိုအားနာလာပြီ "
"ဆရာကဘာမှမပြောပါဘူး "
"မပြောလည်းကိုယ်တို့ကအလိုက်သိရမယ် "
"ဟုတ်ကဲ့ပါ ဒါနဲ့လေ ဒီဇာတ်လမ်းတွဲသာရိုက်ကူးပြီးတာနဲ့ချပြလိုက်ရင် အိုး....ကြည့်ရှု့သမားကတော့..အများကြီးရမယ်.. အခုဆိုကြောငြာနဲ့တင်တော်တော်လေးကို အောင်မြင်နေတယ်ဆိုရမယ် မနေ့ကဆို မင်းအထွဋ်ပါးရိုက်ခံရတဲ့ဇာတ်ဝင်ခန်းကို တစ်တော့ဆော့ထားတာတွေ့လိုက်တယ် "
"အောင်မြင်တော့မကောင်းဘူးလား "
"ကောင်းပါ့ဗျာ "
...............
"ကိုကြီး ဗိုလ်လေးစီသွားမလား "
"သွားရအောင် သားပါခေါ်သွားမယ် "
"ငါမလိုက်ဘူး "
"ရဘူး သားနဲ့လိုက်ရမယ် နော့်လေးလေး "
"ကျုပ်တူပြောတာမှန်တယ် ဘယ်လိုပဲရက်စက်တယ်ဆိုဆို သူတို့သာ ငါ့တို့အသက်တွေဂရုမစိုက်ရင် အခုချိန်မှာမင်းအလောင်းကျုပ်ဘယ်နားကရှာရမှန်းတောင်သိမှာမဟုတ်ဘူး "
ထိုချိန်တွင် လူအုပ်စုကနှစ်စုကွဲသွားလေသည်
ပိုင်စိုးဦးနဲ့ စိုးဆက် ၊ ပိုင်ထွေးဦး ၊ ငလုံး ၊ ငဟိန်း ကတစ်ဖွဲ့ ကျန်တဲ့သူတွေကတစ်ဖွဲ့
"ရွာလယ်ကဆိုင်မှာဆုံကြတာပေါ့ "
စခန်းတွင်းကို သူစိမ်းဝင်မရတော့ ဖုန်းနှင့်ပဲချိန်းကာ စခန်းအနီးအနားကဆိုင်တွင်ပဲ တွေ့ရတော့သည်
"မင်းသားက တကယ်မလွယ်ကြော "
"ဟုတ်ပမောင် ကြီးလာရင်ရောင်းများစားမလား "
"ယောင်္ကျားလေး သေနတ်တွေစိတ်ဝင်စားတာကပုံမှန်ပဲဟေ့ရောင် "
ဗိုလ်လေး၏သေနတ်ကိုတွေ့တော့ လိုချင်သည်ဟုအတင်းတောင်းတော့သည် ဟိုကလည်းအငိုတိတ်ပါစေဆိုပြီး သေနတ်ကိုပေးလိုက်တော့ မနိုင်တနိုင်မကာ လျှောက်ချိန်တော့သည် ထိုမျှတင်အားမရ ခါးတွင်ချိတ်ထားသောပစ္စတိုကိုပါတောင်းလိုက်သေးသည်
"သားပစ်လိုက်တာ မိုက်တယ်ဟုတ် ဒိုင်းညော် ဒိုင်းညော် ဆိုပြီး "
ပါးစပ်ကလည်းအော်နေသေးသလို လက်ပါသေနတ်ပုံစံလုပ်ပြီးလျှောက်ပစ်သလိုလုပ်လိုက်သေးသည်
"ငါတကယ် လက်လန်တယ် စိုးဆက် "
"စိုးဆက် သေနတ်ကျည်ဆံကဘယ်လိုထွက်လဲဦးစီကို ပြောပြလိုက် "
ဝှီး............
ဖလူး~...........
အဟွတ်...ဟွတ်....
"ငါလိုးအစီ မင်းအရည်တွေငါ့ကိုစင်တယ်ဟ "
စိုးဆက်ကြောင့် သောက်နေသည့်အရက်တွေပါပြန်ထွက်ပြီး သီးကုန်ကြသည်
"မင်းအဖေကပြောထားလား သေနတ်ထဲက ကျည်ဆံထွက်တာ ဝှီး..ဆိုပြီးထွက်တယ်ပေါ့ "
"သားသေချာကြည့်လာတာ "
"ဪ ~ အေးပါကွာ"
"ပိုင်စိုးဦး ငါကလေးခေါ်သွားမယ် "
"ဘယ်ကိုလဲ "
"စမ်းချောင်းကို "
"ဂရုစိုက်နော် "
"အေး... "
ကလေးထွက်သွားတော့ ဖုန်းကိုထုပ်ကာFacebook သုံးနေလိုက်သည်
"ဟန်!.......... "
"ဟေ့ရောင်ဘာဖြစ်တာ "
ဖုန်းကိုအသံအကျယ်ဆုံးတင်လိုက်ပြီး စားပွဲအလယ်တွင်တင်လိုက်သည်
^> ကျန်းမာတော်မူကြပါစ ခမျာ..
BCBရဲ့သတင်းတင်ဆက်သူ မောင်ဇော်ဇော်ပါ
ငှက်ဖျားကြောင့် သေဆုံးသူများလာခြင်း ၊...................... ၊...................၊ နှင့် တက်သစ်စဒါရိုင်တာ ခေတ်ဆက်သာ သူ၏နေအိမ်တွင်ရှိနေစဥ်အဖမ်းခံရ... ^>
"တကယ် ခေတ်ဆက်သာဟန်လား "
"ဟုတ်တယ်ငဟိန်း ဟန်ကဘာကိစ္စနဲ့အဖမ်းခံရတာလဲမသိဘူး ငါရင်တွေပူလိုက်တာ "
"နေပါအုံး ဒါကဘယ်နေ့ကသတင်းလဲ "
"ဟိုတနေ့က အဖမ်းခံရတာ မနေ့၈နာရီမှ ၈နာရီသတင်းမှာပါလာတာ ငါအခုမှမြင်တယ် "
"ဆက်ကြည့်ပါအုံး "
^>LGBT လမ်းပြအဖြစ် ရုပ်ရှင်ရိုက်ကူးသည်ဟု ဆိုကာ အဖမ်းခံလိုက်ရတယ်လို့သိရပါတယ် တက်သစ်စဒါရိုင်တာ ခေတ်ဆက်သာနဲ့အတူ မန်နေဂျာဖြစ်သူဝေဟင် ပါအမှုတွဲတွင်ပါဝင်ပြီး မွေးကင်းစကလေးငယ်တစ်ဦးပါပါဝင်နေတယ်လို့ဆိုကြပါတယ် တစ်ပတ်အကြာတွင် ရုံးတင်စစ်ဆေးမယ်လို့လဲသိရပါတယ် ^>
"LGBT လမ်းပြ ကဘာလဲ "
"မသိ "
"comment ဖတ်ကြည့်ပါလား "
commentထဲဝင်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အားလုံးကြားအောင်တစ်ခုချင်းရွတ်ပြတော့သည်
*စတောင်မစရသေးဘူး အဖမ်းခံရပြီ *
*ဒီဇာတ်လမ်းက ကောင်းမှာသေချာတယ် ကြော်ငြာနဲ့တင်စိတ်ဝင်စားမှုကမြင့်တက်နေတာ *
*စောက်အတက်ဆန်းပြီး LGBTကိုမှပြသချင်တာကို မပြသခင်အဖမ်းခံလိုက်ရလို့ပေါ့ မဟုတ်ရင်မျက်စိနောက်အုံးမယ် *
"အဲဒါဘယ်အကောင့်လဲ အင်တာနက်ပေါ်တောင်မတက်ရဲအောင်ဆဲပေးချင်လိုက်တာ "
"နေပါအုံးကွာ လောကမှာလူကောင်းကြီးပဲမရှိဘူး သူတို့လိုလူတွေလဲရှိသေးတယ် "
"ဟုတ်တယ်မောင် ရုံးချိန်းကိုပဲဆက်စောင့်ကြည့်ရအောင် ငါတို့ကဘာမှလုပ်ပေးနိုင်တာမှမဟုတ်တာ "
"ဒီအကြောင်းကို ငါ့သားအရှေ့မှာလုံးဝမပြောမိပါစေနဲ့ "
"အေးပါ.... နှစ်အများကြီးကျမှာလားမသိဘူးနော် "
"ဘယ်သိမလဲ "
' ဘယ်လိုများဖြစ်ရတာလဲဟန်ရယ် မောင့်ရင်တွေနာလိုက်တာ ' ထိုညတွင်ပိုင်စိုးဦးတစ်ယောက်အတွေးများစွာဖြင့်အိပ်ယာဝင်ရလေသည်
တပတ်အကြာတွင် တရားခံနှစ်ဦးကိုရုံးတင်စစ်ဆေးလိုက်ပြီး ရလာဒ်က...
"ငါ့ရင်တွေ နာလိုက်တာ ငဟိန်းရာ "
တက်လာသောသတင်းကို သိပြီးချင်း ကလေးငယ်သဖွယ်သူ့ကိုပွေ့ဖက်၍ တရှုံ့ရှုံ့ငိုလေသည်
"စိတ်အေးအေးထားစမ်းပါ ပိုင်စိုးဦးရာ "
"ဟုတ်တယ်ပိုင်စိုးဦး အခုချိန်မှာငါတို့ဘာမှမလုပ်ပေးနိုင်ဘူး "
"ငါဘယ်လိုအနေထားနဲ့စိတ်အေးနိုင်မှာလဲ ဟိုက၁၂နှစ်တောင်ကျသွားတာ သူပြန်လွတ်တဲ့ချိန်ဆိုငါ့သားလူပျိုဖြစ်ပြီ... အဲလိုမှန်းသိရင် ငါသူ့ကိုအဝေးတွန်းပို့မိမှာမဟုတ်သလို.. ဒါရိုင်တာမဖြစ်အောင်လဲငါတားမှာ "
"စိတ်မကောင်းပါဘူးပိုင်စိုးဦး "
"အားလုံးကငါ့ကြောင့် ငါ့ကြောင့်ဟန်အခုလိုဖြစ်ရတာ "
*ဦးရီး ဘယ်လိုဖြစ်တာလဲ *
"မင်းကိုယ်တိုင်ပဲကြည့်လိုက်တော့ "
^>အဘဦးမိုးမြင့်၏သား ကိုဝေဟင်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၄၂အရ ထောင်ဒဏ်၁၀နှစ်ချမှတ်လိုက်ပြီး ၊ အဘဦးသာဟန်၏သား ဒါရိုင်တာကိုခေတ်ဆက်သာအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၄၀အရ ထောင်ဒဏ်၁၂နှစ်ချမှတ်လိုက်ပြီး သူတို့၏နေအိမ်တွင်ပင်ချိတ်ပိတ်ခံလိုက်ရပါတယ် ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီးတော့လူထုတစ်ချို့က မတရားဟုဆိုကာ ခုံရုံးရှေ့ဆန္ဒပြမှူလည်းဖြစ်ပွားခဲ့ပါသေးတယ် ^>
ထို့သို့သတင်းနှင့်အတူ ကားပေါ်တက်ခါနီး လက်ထိပ်နှင့်ကျောပြင်ပုံရိပ်လေးတစ်ခု
"ပိုင်စိုးဦး"
"ကိုမင်းမင်း "
မင်းမင်းက ပိုင်စိုးဦးအဘေးတွင်ဝင်ထိုင်လိုက်ပြီး သူတို့၏ညီငယ်လေးအားပွေ့ဖက်ပေးလိုက်သည်
"ငါတို့ရှိတယ် အားမငယ်နဲ့နော် "
"ကျွန်တော်မခံစားနိုင်ဘူး ကိုမင်းမင်း ဟန်ကလေတော်တော်လေးကိုပိန်သွားတာ "
"အင်း~"
"မင်းဘာမှစိတ်မယူနဲ့ ငါရှေ့နေနဲ့တိုင်ပင်ပြီးအသနားခံစာတင်ကြည့်မယ် "
"ဟုတ် ကျေးဇူးပါကိုမင်းမင်း "
"နေအိမ်အကျယ်ချုပ်ကျတာဆိုးတယ်ကွာ "
"ကောင်းတာလေ ကို့အိမ်မှာကိုကျတာ "
"ဘယ်ကလာ ထောင်ကျတာက ထောင်ဝင်စာတွေ့လို့ရသေးတယ် အကျယ်ချုပ်က ဧည့်တွေ့ဧည်လာ လုပ်လို့မရဘူး "
"ခေတ်ဆက်သာဟန်ရဲ့ ကံကအဲလိုဆိုတော့ ဘက်များတက်နိုင်မှာလဲ "
"ငဟိန်း~"
"ပြောကင်းကောင် ငါ့သားကိုဒီကိစ္စလုံးဝမပြောပါဘူးလို့ကတိပေးပါ "
"ပေးတာပေါ့ကွာ "
"ကိုမင်းမင်း ကျွန်တော်စဥ်းစားမိတာတစ်ခုရှိတယ် "
"ဘာလဲပြောလေ "
ကျန်သည့်လောပန်း နှစ်ယောက်နှင့်စကားပြောပြီးတွင် တဲသို့ပြန်လာလိုက်သည်
"ထွေးဦး ငဟိန်း "
သားက ငလုံးလက်ထဲမှာမို့ ငလုံးအားခေါ်မနေတော့
"ငါမနက်ဖြန် မန္တလေးတက်မယ် ရက်နဲနဲကြာမယ် "
"ဘာသွားလုပ်မှာလဲ "
"ထွေးဦးသားကိုသေချာစောက်ရှောက်ပေးပါ ငဟိန်းမင်းရောပဲ "
"ဘယ်သူနဲ့သွားမှာလဲ "
"ငါရယ် ၊ကိုမင်းမင်းရယ် ၊ ကိုထွန်းရယ် "
"သားကိုတော့စိတ်ချ "
"ညကျရင် သားကိုငါ့စီလွှတ်လိုက်ငါသိပ်မယ် "
လိုအပ်တာတွေကို ပြောပြီး လိုအပ်သည့်အဝတ်တစ်ချို့ကိုအိတ်ထဲထည့်လိုက်သည် 'မောင် မင်းစီလာခဲ့မယ်ဟန် '
"ဖေဖေ ဘယ်သွားမှာလဲ "
"ဦးမင်းနောက်ကို အလုပ်ကိစ္စလိုက်ရမှာ"
"ကြာမှာလား "
"တစ်ပတ်ပေါ့ သားကလေးလေး စကားနားထောင်နော် ဦးဟိန်းကိုလဲတအားဂျီမကျရဘူး ကြားလားဖေ့အနှစ်လေး "
"ဟုတ် ကောင်းကောင်းသွားနော် သားအချစ်တွေထည့်ပေးလိုက်မယ် "
"ကိုတက်ပ "
"ဖေဖေနဲ့တူတာ "
"မင်းဒယ်ဒီနဲ့တူတာ သားကိုဖေဖေမေးမယ် "
"မေးယေ "
သူ့ဒယ်ဒီမရှိကတည်းက သူကိုပိုခင်တွယ်လာတော့ အိပ်တိုင်းရင်ဘက်ပေါ်တင်ရလေသည် ဟန်နှင့်သားကအကျင့်တူတူပဲ ဟန်ဆိုရင်လည်းရင်ဘက်ပေါ်ခေါင်းတင်လိုက်ရမှ ကျေနပ်တာမျိုး
"ဖေဖေ ပါးချိုင့်ကလေးပေါ်နေပြီ "
"ဖေချောတယ်ဟုတ် "
"နိုး...အခုလိုပါးချိုင့်ပေါ်နေမှချောတာ "
ရွှတ်!
"ဖေဖေ နှုတ်ခမ်းမွှေးနဲ့ယားတယ် အား..ခိ..ခိ..ဖေဖေလုပ်နဲ့ဆို "
ရွှတ်! ..
ရွှတ်လ်~
ခိ..ခိ....ခိ..အ့..
ရင်ဘက်ပေါ်တင်ထားသောကောင်ပေါက်ကို လက်နှစ်ဖက်ဖြင့်တုပ်ထားကာ တရွှတ်ရွှတ်နမ်းတော့ တီကောင်လိုတွန့်လိမ်ကောက်ကွေးနေလေသည်
"သားကျောင်းတက်ချင်လား "
"တက်ချင်တယ် ဒီမှာတက်ရမှာလားဟင် "
"ဝန်းသိုက ဖိုးနဲ့ဖွားစီမှာ တက်ရမှာပေါ့ "
"ဖေဖေရော "
"ဖေကပိုက်ဆံတွေရှာရအုံးမယ် မင်းလေးလေးလဲပါမှာ တက်မှာမလား "
"တက်ဘူး ဖေနဲ့ခွဲချင်ဘူး "
"မတက်ရင်ပညာမတက်ဘူးပေါ့ ဖေတို့လို့အလုပ်သမားတွေဖြစ်မယ် မင်းကဖေတို့လိုလုပ်ချင်တာလား "
ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြတော့ ဖင်ကိုခပ်ဆတ်ဆတ်လေးရိုက်ပေးလိုက်သည်
အ့!
"ဖေဖေ! "
"ဘာလဲ ဒီကိုကြည့် ငါ့မျက်နှာသေချာကြည့် "
စူပုတ်နေသောမျက်နှာတော်လေးအားဆွဲယူပြီး မေတ္တာတရားတွေဟောဖို့ပြင်ရသည်
"သူများအလုပ်သမားဆိုမကောင်းဘူးငါ့သားရဲ့ ဟောပညာတက်ကြီးဆိုရင်အထင်ကြီးခံရမယ် သူများလက်ညှိးထိုးခိုင်းလို့ရတယ် ဦးမင်းမင်းကိုကြည့် "
"ဟာ~သားကဖေဖေတို့လို့ မိုင်းလုပ်သားလုပ်မယ် ၊ပိုက်ဆံရရင်ဆော်လေးတွေအမ်းမယ် ၊ ညနေခင်းလေးမှာအရက်ဆိုင်ပြေးမယ်"
"ပိုင်စိုးဆက်ဦး!!!!!! "
ဖအေခြေရာတစ်ထပ်တည်းနင်းချင်နေသော သားကိုအော်လိုက်မိတော့ ကိုယ်တော်လေးကငိုတော့သည်
"ငါ့ကိုစောစီးအသက်တိုအောင်လုပ်နေပါလား လူက လေးနှစ်ပဲရှိသေးတယ် အရက်ဆိုင်ပြေးဖို့ပြောနေပြီ "
"ဖေဖေသားကိုအော်တယ် "
"အော်ချင်လို့အော်တယ်ထင်သလား မင်းနော်ငါထရိုက်ချင်နေပြီ "
"ဖေဖေချစ်ဘူး အီး.....ဟီး...... ဖေဖေနဲ့အိပ်ဝူး.....အီ.....အီး.....ဥဟိန်းစီသွားမယ်..ဟင့် "
"သွား သွားချင်တဲ့နေရာကိုသွား "
သူလွှတ်ပေးလိုက်တော့ စောင်တစ်ထည်တရွတ်တိုက်ဆွဲကာ ထွက်သွားပြီးမကြာလိုက် မျက်နှာငယ်လေးနှင့်ပြန်ဝင်လာသည်
"ဘာကျန်ခဲ့တာ "
"ဥဟိန်းက မလာနဲ့တဲ့လေ "
တကယ်တော့မဟုတ် သူပြန်မရောက်ခင်ကတည်းက ငဟိန်းနှင့်စကားမပြောဘူးဆိုတာသိသည် ရလိုရငြားသွားတော့ အနားတောင်ကပ်ခံပုံမရ
"ဟေ့ရောင် အိပ်သေးဘူးလား "
"အခုမှ၈ခွဲ အိပ်ချိန်လား "
ဘုတ်!
"အထဲမှာမင်းသားပြုတ်ကျတာလားပဲ သွားကြည့်စမ်းပါ "
"ထားလိုက်စမ်းပါကွာ ငါ့ကိုစိတ်ကောက်ပြီးထောင့်မှာသွားအိပ်နေတာ နံရံကိုခြေနဲ့ကန်နေတာနေမှာပေါ့ "
ဘုတ်!
"မဟုတ်သေးဘူးနော် မင်းသားဘာဖြစ်နေလဲ "
"ဘာဖြစ်ရမှာလဲမောင် ငါ့ကိုကောက်ပြီးငဟိန်းစီသွားတာ ပြန်လွှတ်လိုက်တာထင်တယ် "
"အဲဒါကိုကြီးသိလား မင်းသားမင်းငယ်ငယ်ကနဲ့တစ်ပုံစံတည်း "
" အံမယ်~ငါမွေးပြီးမှမွေးလာတဲ့ကောင်ကများ "
"အမေကအမြဲတမ်းပြောပြတယ်လေ မင်းအကိုငယ်ငယ်ကဆို ဘယ်လိုဘယ်ညာသလကာ "
"ခါတိုင်းငဟိန်းစီမှာအိပ်နေကြပါ အခုကဘယ်လိုဖြစ်"
"ဟိုတနေ့ကသူ့ကိုငဟိန်းဆူလိုက်တာလေ စကားမပြောတော့ "
ထွီ~
"ဒီနေ့အရက်က အရသာမရှိဘူး "
"မင်းထည့်ထားတဲ့ရေကိုလည်းကြည့်အုံး ရေသန့်ကတပိုင်း အရက်က လေးစက် "
ဦးနိုင်ဝင် ၊ ထွေးဦး ၊ နီကြား ၊ ဝင်းဆန်း ၊ ကင်းကောင် ပါဝင်သောအရက်ဝိုင်းကလေးက ခါတိုင်းလိုပင်.. အရင်တုန်းကအကြောင်းစမြုံပြန်ကြသည်
"မင်းသားမဟုတ်တော့ဘူး ကင်းကောင် "
လူကအနောက်မှာ စကားသံကအရှေ့လာသောအစီကို 'ဘာလဲ' ဆိုတဲ့အကြည့်နှင့်ကြည့်ပေးလိုက်သည်
"ညနေက ငလုံးကရေချိုးနေတယ် အဲချိန်မှာဖုန်းကလာရော လာတာနဲ့ စိုးဆက်ကသွားကိုင်တယ် "
"ဘယ်သူဆက်တာ "
"ငလုံး ကောင်မလေး အဲဒါနဲ့ဟိုကငလုံးကိုမေးမှာပေါ့ မင်းသားဘာပြောလိုက်လဲဆို 'သားဖေဖေရေချိုးနေပါတယ်ခဗျ ရေချိုးပြီးရင်အကြောင်းပြန်ခိုင်းလိုက်ပါ့မယ် ဘယ်သူလို့ပြောပေးလိုက်ရမလဲခမျ ' ဆိုပြီးပြောရော"
ဖွီး~........
ဟား.....ဟာလ်.....ဟားးး.....ဟာ....
"ငလုံးရဲ့ဖြစ်သွားမဲ့မျက်ခွက်ကြီး ငါကြိုမြင်သွားပြီ"
" အဲနဲ့ဟိုက ဘယ်ကကလေးလဲပြန်မေးတာပေါ့ 'ဖေဖေထက်ဝေရဲ့သားပါဗျ မေမေနဲ့ကကွဲနေပါတယ် သားကသုံးနှစ်ပါဗျ 'ဆိုပြီးလုပ်ချတာ ဟေ့ရောင်ရေ "
ဟား....ဟား...ဟာလ်....ဟာ.....
"ဟိုကောင်သိတာနဲ့ စိုးဆက်ပြေးကော "
"စိုးဆက်တို့က ငလုံးကိုတနေ့မှမမွှေရရင် စားမဝင်အိပ်မပျော် "
"စကားကိုမပြောတော့ဘူး ဟေ့ရောင်ရေ "
"အဲလောက်နဲ့မပြီးသေးဘူး ငါနေမကောင်းတော့ ဟင်းမြည်းရတာဆင်မပြေဘူး ဒင်းကိုမြည်းခိုင်းတာ 'ပေါ့တယ်ဦးစီ 'တဲ့ ငါကလည်းထပ်ထည့် ထပ်မြည်းခိုင်း ရပြီတဲ့လေ အယ်~စိုးဆက်တော်တယ်ပေါ့ ချီးကျူးလိုက်တာ နေ့လယ် လောပန်းတို့သွေးတိုးကော လောပန်းကလည်းအဲဟင်းမင်းစားကြည့်တဲ့ အဟုတ်ပ အရသာမတွေ့တဲ့ငါတောင်လေးနေတယ်ဆိုတော့ မင်းတို့ပဲစဥ်းစားကြည့် "
"ရှေ့ဆယ်ရက်လောက်ပဲရှိအုံးမယ်နော်ဟေ့ရောင် "
"အင်း "
"အဖြစ်ကဒီလို မင်းမင်းကချောင်းမှာရေသွားချိုးတာ ယောင်္ကျားသားတွေပဲဆိုပေမဲ့ ရေလဲတစ်ထည်ရယ်အတွင်းခံရယ်ယူသွားတယ် ရေလဲကပါးပါးကလေး ပြန်လာတော့မျက်နှာကြီးနီရဲပြီး အဓိကနေရာလက်နဲ့အုပ်လာတာ မင်းသားကဘယ်လိုအော်တယ်ထင်သလဲ'ခေါင်းလောင်းလေးကတဒေါင်တဒေါင် သစ်ကိုင်းခက်မှာတွဲလောင်းခို ဟိုဖက်ယိမ်းလိုက်ဒီဖက်ယိမ်းလိုက် ဒန် ဒန့်ဒက် 'တဲ့"
ဟား....ဟာလ်...ဟား....
"သူကဘာလို့အဲလိုဆိုတာ "
"အ လိုက်တာ ရှင်းရှင်းလေး မင်းသားက မင်းမင်းအတွင်းခံကိုဝှက်လိုက်တော့ ဟိုကရေလဲနဲ့ပဲလာရတာပေါ့ အဲလောက်ဆိုသိလိုက်တော့ "
ကိုယ်ခံရသည်များကို တစ်ခုပြီးတစ်ခုမကျေမချမ်းပြောနေကြပါသော်လည်း မျက်နှာထက်အပြုံးရိပ်တွေဆင်နေကြသည်
"ကျုပ်မရှိတဲ့အတောတွင်း ခံလိုက်ပါအုံးကွာ "
"မင်းမပြောလဲခံရမှာဟေ့ရောင်ရ.."
မနက်ဖြန် သုံးယောက်သားထွက်သွားတော့သည် တပတ်တောင်မပြည့် ပြန်ရောက်လာကြသည် အဆင်ပြေရဲ့လားဆိုတော့လဲ ခေါင်းပဲငြိမ့်ပြသည်
"မင်း ဝန်းသိုပြန်တော့ထွေးဦး "
"မပြန်ချင်ဘူး ကျုပ်အလုပ်လုပ်ချင်သေးတာ "
"ငါလည်းမင်းကို ဝန်းသိုမှာလက်ယားလက်ယားမထားဘူး "
"ဒါဆိုဘာလုပ်ရမှာ "
"နောက်လဆိုကျောင်းတွေဖွင့်ပြီ မင်းတူပါခေါ်သွား "
"ကျုပ်ဘာလုပ်ရမလဲပြောအုံးလေ "
"လယ်ထဲဆင်း ဟိုရောက်မှဘာလုပ်ရမလဲငါပြောမယ် ၊ ဒါကအိမ်ထောင်စုစာရင်းအစစ် ၊ ငါနဲ့ဟန်ရဲ့မှတ်ပုံတင်မိတ္တူ "
တစ်ခုပြီးတစ်ခုပုံချပေးနေသောအကိုအား ကြောင်တောင်တောင်ကြည့်နေမိပြီး အိမ်ထောင်စုစာရင်းကိုကြည့်မိလိုက်သည် ထိုထဲတွင် အကိုကအိမ်ထောင်ဦးစီးနေရာတွင်
"မင်း...အဖေတို့နဲ့အိမ်ထောင်စုခွဲချပြီးပြီပေါ့ "
"အင်း~"
"ကျုပ်ကဘာလို့မသိရတာလဲ "
"သိဖို့လိုလား ဒါငါ့သားကျောင်းအပ်ရင် သေချာပြော ကိုအောင်ဖေပါတစ်ခါခေါ်သွား ယောင်္ကျားအချင်းချင်းမွေးတဲ့ကလေးဆိုပြီးအရစ်ရှည်နေရင် ကိုအောင်ဖေနဲ့သာပြောခိုင်းလိုက် "
"အေး...အေး.."
ထောင့်စေလွန်းသောအကိုကိုဘာမှမပြောနိုင်
"သားငါ့ကိုစိတ်ဆိုးနေတယ် ဝန်းသိုပြန်ခိုင်းလို့ "
"မင်းရအောင်သွားချော့ပ မင်းချော့ရင်ကြာကြာစိတ်မဆိုးနိုင်ဘူး "
ခရီးကမနက်ဖြန်ပင်သွားရတော့မည်ကြောင့် သားနှင့်နေရမည့်အချိန်ကနေ့တစ်ဝက်ပဲအချိန်ရတော့သည်
ကိုကိုးဗူးလေးကိုလက်ကကိုင်ပြီး မနက်ကတည်းကခြေရာပျောက်နေသောသားကိုရှာပုံတော်ဖွင့်ရသည်
ဟိုလူ့မေးမတွေ့ ၊ ဒီလူ့မေးမတွေ့....
"ငလုံး ငါ့သားတွေ့မိသေးလား "
"အခုနတော့ မင်းအိပ်နေတဲ့နေရာမှာတွေ့တယ် "
သွားလိုက်တော့မတွေ့ မြေစာပုံကျင်းအဟောင်းသို့ပတ်ရှာရပြန်သည်
"လောပန်း ကျုပ်သားတွေ့မိသေးလား "
"မတွေ့ဘူး ထွေးဦးက ပြန်မှာဆို "
"ဟုတ်လောပန်း သားကိုကျောင်းထားရင်း ပြန်ခိုင်းမလို့ "
"ဒီမှာပဲထားလိုက်ပါလား"
"ထားလို့ကရပေမဲ့ ကျုပ်တို့ကနေရာအတည်တကျမရှိတဲ့ရွှေ့ပြောင်းအလုပ်သမားတွေ ကျုပ်တို့တခြားနေရာသွားရင်ကလေးပါကျောင်းလိုက်ထွက်နေရမှာဆင်မပြေဘူး "
"အဲဒါလည်းဟုတ်သား သေချာရှာမှ ဒင်းလေးကအကုန်ပတ်မွှေထားလို့ ဘယ်သူနဲ့မှစကားမပြောဘူးထင်တယ် "
"ကျုပ်သွားရှာလိုက်အုံးမယ် လောပန်း"
ကစားနေကြနေရာ အပင်အောက်တွေသာနှံ့သွားတယ်မတွေ့
"ပိုင်စိုးဆက်ဦး!!!!!! "
"ဖေဖေ စိုးဆက်ဒီမှာ "
အသံနှင့်အတူမြေပုံနောက်ကထွက်လာသည် ငိုလည်းငိုထားပုံရသည်
"ဖေဖေရှာလိုက်ရတာ ဒီမှာဘာလုပ်နေတာလဲ ဘာလို့ငိုနေတာလဲ "
"အီး..ဟီ..ဖေနဲ့ခွဲချင်ဘူး "
အင့်~
"ဖေကလည်းမခွဲချင်ပါဘူး သားကစာတက်မှဒယ်ဒီနဲ့တွေ့လို့ရမှာ မတွေ့ချင်ဘူးလား "
"တွေ့ချင်တယ် "
တသိမ့်သိမ့်ရှိုက်နေသော ခန္တာကိုယ်လေးကိုဆွဲသွင်းလိုက်သည်
"သနပ်ခါးတွေပျက်ကုန်ပြီ "
"အင့်~ပျက်ပစေ ဖေနဲ့ညတိုင်းဖုန်းပြောမယ်နော် စိုးဆက်ကသတိရနေမှာ "
"ညတိုင်းတော့ဘယ်ရမလဲစိုးဆက် ဒီမှာလိုင်းမှမရတာ သားကျောင်းပိတ်ရက်ကျရင်ဖေဖုန်းခေါ်မယ် ကြားလား "
"ဟုတ် ~"
"လာထ ငိုထားတာများပေပွနေတာပဲ ရေချိုးမယ် အပြင်မှာမုန့်သွားစားမယ် "
သားအဖနှစ်ယောက်ရေမိုးချိုးပြီးဆိုင်ကယ်နှင့်အပြင်ထွက်ဖို့လုပ်တော့ နရင်းအရိုက်ခံလိုက်ရသည်
"မင်းတို့သားအဖပဲ ပါးစပ်ပါတယ်ထင်သလား ငါတို့မှာလည်းပါတယ်မြိုဆို့တက်တယ် "
"ဘာတွေကွိုင်နေတာလဲမောင် "
"မင်းတို့အပြင်သွားပြီး ဝါးတီးသွားဆွဲမှာသိတယ် ငါတို့ပါလိုက်မယ် "
အစကသားအဖနှစ်ယောက်တည်းမို့ဆိုင်ကယ်နဲ့သွားဖို့လုပ်ထားပြီး အခုက လေး ငါးယောက်လောက်ရှိတော့ ကားနဲ့ပဲထွက်ရတော့သည်
.......................
နှစ်နှစ်ခန့်ကြာသော်
"ဝိုး...ဖြောင်း~ဖြောင်း~"
"ဟေ့ရောင်ဘာဖြစ်တာလဲ "
"မင်းပိုက်ဆံတွေကိုကြည့်လိုက်စမ်း ငါတို့ရင်တထိပ်ထိပ်နဲ့ လုပ်ပြီးရလာတဲ့ပိုက်ဆံရဲ့အနံ့က ဘယ်လောက်မွှေးလဲရှုကြည့်ကြည့် "
"ဘာလိုလိုနဲ့ နှစ် နှစ်တောင်ရှိပြီအချိန်တွေကမြန်လိုက်တာ "
ကျေးဇူးတော်ဘက်ကနေတစ်နှစ်ကျော်လောက်ထပ်ကြာပြီး ထိုင်း - မြန်မာနယ်စပ် ကိုပြောင်းလာသည့်မှမကြာသေး ပိုက်ဆံတွေအမြောက်များရနိုင်တာသိသော်လည်း ဘယ်သူမှအန္တာရယ်ကြားထဲအသက်ရင်းပြီးမလုပ် .
နေ့စဥ်နှင့်အမျှ တိုက်ပွဲသံတွေကခပ်များများ ထိုင်း -မြန်မာနယ်စပ်ဖြစ်တာကြောင့် ပြေးရသည့်အချိန်ကလည်းအများသားပင်
"ငါ့သားတောင် နှစ်တန်းတက်နေပြီတဲ့ "
"အလည်လာခိုင်းစေချင်ပေမဲ့ ငါတို့နေရတာတောင်ရတက်မအေးရတာ ကလေးနဲ့ဆိုပိုမလွယ်ဘူး "
"ဟေ့ရောင် ကင်းကောင်မှာလယ်တွေရှိရဲ့သားနဲ့ဘာလို့ ဒီမှာဆက်လုပ်နေသေးလဲနားမလည်နိုင်ဘူး "
"အေးလေ စပါးတစ်နှစ်စိုက်လို့ရတဲ့ဝင်ငွေကနဲတာမဟုတ်ဘူး ပြီးတော့ စပါးပြီးရင် ပဲစင်း ၊ခရမ်းချဥ်သီး ၊ မုန်လာရွက် လည်းစိုက်သေးတယ် မင်းမှာပိုက်ဆံဝင်ငွေကထားစရာရှိပါ့မလား "
"ကျုပ်ဒီမှာဘာလို့လုပ်နေရတာလဲဆိုတော့ ဟန်နဲ့စတွေ့တဲ့အချိန်တွေကိုလွမ်းလို့ ဘယ်နေရာပြောင်းပြောင်း တောတန်းမှာ ဟန်နဲ့ရင်းနှီးခဲ့တဲ့ပုံရိပ်တွေပဲမြင်ရတယ် "
"ငါတစ်ခုသိလာတယ် ဒီမှာပြီးရင် အဖွဲ့သိမ်းတော့မယ်တဲ့မလုပ်တော့ဘူးကြားတယ် "
"ဒီအဖွဲ့ဖျက်လိုက်ရင် ငါတို့ရပ်ရွာပြန်ရမှာပေါ့ "
ညဘက်တွေဆိုရင်လည်း စိတ်အေးလက်အေးမအိပ်နိုင် ဘယ်ချိန် နယ်စပ်ကကောင်တွေဝင်လာမလဲ ဆိုတဲ့အသံကိုအမြဲနားစွင့်နေရသည်
အရက်ကြိုက်လွန်းတဲ့ကောင်တွေပင် အရက်မသောက်နိုင်ကြတော့ အရင်ကနယ်မြေအေးချမ်းတော့ မူးပြီးမှောက်သွားလဲအကြောင်းမဟုတ်
အခုက မူးပြီးအိပ်လို့ရတဲ့အနေထားတွင်မရှိ အမြဲသတိအနေထားတွင်နေရလေသည်
မောင်တို့နေရာက
ကျည်တွေ လေယာဥ်တွေဗုံးတွေနဲ့
ပြေးလွှားအလုပ်လုပ်ရတဲ့တွက်
ပင်ပန်းပေမဲ့ မင်းကိုလွမ်းနေရတာက
ပိုပင်ပန်းတယ်
ကျည်ဆံတွေကြားက
မောင့်အသက်ကိုမစိုးရိမ်ဘူး
မင်းအဆင်မပြေမှာတော့မောင်စိုးရိမ်တယ်
အထဲမှာနေရတာ အဆင်ပြေရဲ့လားဟန်
လွတ်လပ်မှုကို နှစ်သက်တဲ့မင်းလိုလူတွက်
အများကြီးပင်ပန်းရမယ်ထင်တယ်
မောင်ညတိုင်းမင်းတွက် ဆုတောင်းပေးနေတယ်
မောင့်မေတ္တာကြောင့် မင်းအေးချမ်းပါစေ
မင်းကိုသတိမရတဲ့ရက်တစ်ရက်မှမရှိပါဘူး
သားကလေဟန် အရမ်းထွားလာတယ်
ပြီးတော့မင်းနဲ့လည်းပိုတူလာတယ်
အသားရေကလဲခများလိုပဲ
စကားလဲအရမ်းတက်တယ်
အခုဆိုရင်နှစ်တန်းကလေးတောင်ဖြစ်နေပြီ
ကျောင်းမှာ သူနဲ့ရန်မဖြစ်ဘူးတဲ့ကောင်တယောက်မှမရှိဘူး
မင်းဒယ်ဒီက မင်းကိုပစ်ခဲ့တာလို့များပြောရင်
တဖက်ကလေးကဆေးရုံရောက်ပြီးသားပဲ
ထွေးဦးကတော့ ရွာလူကြီးအိမ် ၊ ကျောင်းအုပ်ရုံးခန်း ၊ ဆေးရုံခဏခဏလိုက်ရတယ်
ကလေးနဲနဲကြီးလာရင် သားကိုlgbtဆိုတာလက်ခံနိုင်အောင်ကျုပ်သင်ပေးမယ်
ကျုပ်တို့ကလေးကို သူများမကဲ့ရဲ့စေရဘူး
စိတ်ချပါခများစိတ်ပူသလို
ကလေးကမင်းကိုစိတ်နာတာမျိုးလဲ
မဖြစ်စေရဘူး
ကျုပ်ကတိပေးတယ်
Happy birthday par mg achit
25နှစ်ပြည့် မွေးနေ့မှာပျော်ရွှင်ပါစေဟန်
မွေးနေ့မှာမောင်မရှိနိုင်ဘူး
မွေးနေ့ကနေစ၍နောက်နှစ်များစွာတိုင်
ပျော်ရွှင်ခြင်းတွေပဲခများစီရောက်လာပါစေ
အစစအရာရာ ဟန်လုပ်သမျှအရာတိုင်းအောင်မြင်ပါစေ ဆင်ပြေပါစေနော်မောင့်ဟန်
မောင့်အသက်က တစ်နှစ်ကြီးလာပြန်ပြီ
မောင်တို့ဝေးရတဲ့နှစ်ကလည်းများလာပြီ
မောင်မြတ်နိုးရတဲ့ ပုံရိပ်ကလေးက
အခုဆိုဘယ်လို ပုံစံဖြစ်နေမလဲ....
"ကင်းကောင် ဒါကြည့်စမ်း "
သူကြည့်လိုက်တော့ ကြည့်ရှုသူအများဆုံးဖြစ်နေသည့်သတင်းတစ်ခု ထိုထဲတွင် လွတ်ငြိမ်းချမ်းသာဖြင့် တက်သစ်စဒါရိုင်တာခေတ်ဆက်သာနှင့် မန်နေဂျာဝေဟင် ပြန်လည်လွတ်မြောက်လာခြင်းဆိုသည့်ဟာဖြစ်နေသည်
"ဒါဘယ်တုန်းကလဲ "
"တင်ထားတာက ကြာပြီ ငါတို့ဒီကိုစပြောင်းတဲ့ချိန်ပဲ ငါတို့လိုင်းပြတ်နေလို့မသိတာ "
"သူ့ပုံရိပ်လေးတောင်မရှိဘူးလား "
"သတင်းမတက်ဘူး လွတ်ပြီးကတည်းကအစပျောက်နေတယ် ထင်မြင်ချက်ပေးကြတာတော့ ဒါရိုင်တာအလုပ်ကိုစွန့်လွှတ်လိုက်ပြီးလား မဟုတ်ရင် ရိုက်ကူးရေးနားလိုက်ရတဲ့ဇာတ်လမ်းကိုပဲပြန်ရိုက်ကူးနေသလား မသိဘူးတဲ့ "
"ငါ့တွက်တော့ ဟန်လွတ်သွားပြီဆိုတာနဲ့တင်ကို တော်တော်ပျော်နေရပြီ "
"အေးပါကွာ "
ဖုန်းကိုဖွင့်လိုက်ပြီး ထိုသတင်းကိုထပ်ခါတလဲလဲကြည့်လိုက်မိသည် ဒီနေ့ဟာသူ့အတွက်အတော်လေးကိုအဓိပ္ပါယ်ရှိသည့်နေ့ဖြစ်ပြီး ကျေးဇူးတင်စကားဆိုရန် ဖုန်းနံပါတယ်တစ်ခုသို့ ဆက်လိုက်သည်
"ကျေးဇူးပါ "
".........."
"ဟုတ်ကဲ့ "
ထိုပျော်ရွှင်ခြင်းကိုမျှဝေရန် ဝန်းသို၌ရှိသော ညီစီကိုတစ်ခါဆက်ပြန်သည်
*စာရေးသူမှတ်ချက် / ဤအပိုင်း၌ပါရှိသောအဖွဲ့စည်း ၊ ပုဂ္ဂိုလ် ၊ တရားဥပဒေများသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည် *
Please is Vote and Comment
........................................................................
[text_hash] => e07fe052
)
What do you think?