Array
(
[text] =>
နှစ်လခန့်ကြာသော်
"ဝေ့ တောင်ယာလိုက်မလား..ဝေ့... "
စားဖိုမှူးဖြစ်သည့် ပိုင်ထွေးဦးက ရွာက မိန်းမကြီးတစ်ချို့နှင့် တောခုတ်လာသည့် ကရင်ကြီးတစ်ချို့နှင့်ဆို မိတ်ဟောင်းဆွေဟောင်းတွေလိုပင်ဖြစ်နေလေသည်
အခုလည်း မိန်းမခပ်လတ်လတ်တွေပါပါပြီး တောင်ယာဆိုတော့ လယ်ကိုသွားမည့်သဘောမျိုးဖြစ်သည်ကြောင့် ချက်လက်စဖြစ်သော ဟင်းခါးအိုးကို ချကာ...
"အစီ ကျုပ်ဟင်းခါးအိုး ဖိုကချထားတယ် အဲဒါကြည့်လုပ်လိုက်.. ကျုပ်တောင်ယာလိုက်မလို့ "
"အေးအေး "
"လေးလေး သားပါလိုက်လို့ရလား "
"မလိုက်ပါနဲ့လေးလေးကကြာမှာ "
"ခေါ်သွားလိုက်ဝေ့.. ယာထဲ..ပေါက်စတွေပါတယ်..အဖော်ရှိတယ်ဝေ့ "
ထို့နောက် ပလိုင်းကြိုးကို ခေါင်းပေါ်တင်လွယ်ကာ ပလိုင်းထဲ သားကိုပါထည့်ကာ တောင်ပတ်လမ်းလေးအတိုင်းသွားလိုက်သည် ပြန်လာတော့ တူဝရီးနှစ်ယောက်တည်း
"စိုးဆက် မောနေပြီလား "
ပလိုင်းထဲ အရွက်စုံပါတော့ စိုးဆက်ကိုလမ်းလျှောက်ခိုင်းရသည် ယာထဲက ကလေးတွေနဲ့ဆော့လာသည့်စိုးဆက်ကလူရုပ်မထွက်တော့ ဘောင်းဘီ၌သစ်ရွက်လေးချိတ်ပြီး ခေါင်းပေါ်တွင် တောပန်းလေးကိုပန်းကုံးသဖွယ်သီးကုံးထားလေသည် ပါး၌ရွှံ့တွေဖြင့်အစင်းရာသုံးကြောင်း နဖူး၌သုံးကြောင်း
"သားကအခုစိုးဆက်မဟုတ်တော့ဘူး ဆာမူရိုင်းဖြစ်သွားပြီ "
"အံမယ် ဆာမူရိုင်းတွေကမင်းလိုပိစိညှောင့်တောက်မဟုတ်ဘူး "
"ဟွန်း~သားက ဆာမူရိုင်းပေါက်စလေ လေးလေးလိုလူကြီးမှမဟုတ်တာ "
"အေးပါကွာ မြန်မြန်လျှောက် မင်းအဖေမျှော်နေလိမ့်မယ် "
တဲပြန်ရောက် စိုးဆက်ပုံစံကြည့်ကာ တဟားဟားပွဲကျကုန်ကာ တယောက်သောသူက သူ့ကိုလှောင်တယ် ဆိုပြီး ကောက်ချိတ်သွားလေသည်
..........
"သက်သာလား မင်းအကိုက "
"အဖျားကမကျဘူး လောပန်းရယ် "
မနေ့က အပေါ်ယံမြေမရှိတော့ သံတူးရွှင်းကိုယ်စီနဲ့ အောက်ဒိုင်ကို ထိုးချကြပြီး ညနက်မှအလုပ်နားရလေသည် ထို့အပြင် အချိန်ခါမဟုတ်ရွာသည့်မိုးရယ် တောင်ရဲ့အအေးဓာတ်လေးကြောင့် ရေချိုးချိန်နဲ့ပါပေါင်းကာဖျားတော့သည်
"လေးလေး.. ဖေဖေကဘာလို့အခုထိအိပ်နေတာလဲ "
"အဖေကနေမကောင်းလို့လေ "
သူ့အကိုတစ်ယောက်တည်းမဟုတ် ကျန်ကျင်းသားတစ်ချို့ပါ နေမကောင်း၌အလုပ်ပင်နားရတဲ့ထိ
"သား~ ဖိုးလေး ၊ ဦးလုံး ၊ ဦးဖိုးရှမ်းတို့နားမသွားနဲ့ သားအဖျားကူးလိမ့်မယ် ဦးစီလဲသွားမရှုပ်ရဘူးနော် "
"ဟုတ် ဦးဟိန်းပြောထားတယ် ဦးစီစားဖိုဆောင်မှာအလုပ်ရှုပ်နေတယ် သွားမရှုပ်ရဘူးတဲ့ "
"စိုးဆက်လေးကစကားနားထောင်သားပဲ "
နေမကောင်းဖြစ်တဲ့ကျင်းသားကများတာကြောင့် ဆေးကမရှိတော့ အပြင်ထွက်ဖို့ကြတော့ ရွာထဲ လက်နက်ကိုင်တွေပြည့်နှက်နေပြီး သူစိမ်းတွေ့ရင် သတ်ဆိုသည့်အမိန့်ကလည်းရှိသေးသည် ဒီကာလတွေမှာငှက်ဖျားရောဂါကလည်းပေါ ပါဘိနဲ့...
"ရွာထဲကသတင်းရလာတယ် "
"ဘာတဲ့လဲလောပန်းအခြေနေက ကျွန်တော့တို့ကောင်တွေဆေးမရရင် ငှက်ဖျားဝင်ကုန်လိမ့်မယ် "
"ဆေးဆရာအိမ်မှာ တပ်စွဲထားတယ် "
"ဟား.....ဘာလို့အဲလောက်တောင်တိုက်ဆိုင်နေရတာလဲ "
"ဆေးကလုံးဝမရှိတော့ဘူးလား "
"မရှိတော့ဘူးလောပန်း ကျန်တဲ့ကောင်တွေကအစားစားသေးတော့ အခြေနေသိပ်မဆိုးဘူး ကင်းကောင်ကအစာမဝင်ဘူး မနက်ဖျားလိုက် ညဖျားလိုက်နဲ့ လူရုပ်ပါမထွက်တော့ဘူး ဒီတိုင်းဆက်နေရင်စိုးရိမ်ရတယ် "
"ဟေ့ရောင် ထွေးဦး မင်းက ရွာထဲနှံ့နေတာ မသိဘူးလား "
"သိတဲ့တယောက်တော့ရှိတယ် ဒါမဲ့ အဲဆရာအိမ်က ဒီတောင်အောက်ခြေမှာ "
သူတို့ရဲ့နောက်တောင်ကို လက်ညှိုးထိုးလိုက်တော့ အကုန်ပါးစပ်ဟောင်းကုန်ကြသည် တောင်ကမတ်သည့်အပြင် တောထူသည့် တောင်ကြီး
"ဒီကဖြတ်သွားရင် တောကောင်တွေနဲ့တွေ့မယ် အချိန်မြန်မယ် ရွာတောစပ်ကပတ်သွားရင် ဝေးတယ် ဟိုကောင်တွေနဲ့တွေ့မှာလည်းစိုးရတယ် "
"မင်းတို့ပဲ ကောင်းမယ်ထင်တာရွေးကြတော့ "
လောပန်း၏အပြောကြောင့် ပိုင်စိုးဦးရယ် ၊ ကျင်းသားတစ်ယောက်ရယ် ဆရာအိမ်ပို့ဖို့ဖြစ်လာသည်
ထိုစဥ်..
ဒိုင်း.....
ဒိုင်း~
ဗုန်း💥💥
"မသွားနဲ့တော့ အသံတွေကဒီကပါကြားနေရတယ် လူစုကွဲလို့မဖြစ်ဘူး "
ဗုန်း💢💥
"ဗုံးဖောက်နေတာလား အသံကကျယ်လိုက်တာ "
သေနတ်သံတွေလည်းအချက်ရေးစိတ်နေသလို ဗုံးသံတွေကလည်း ဆယ်မိနစ်ခြားပစ်နေသလိုကိုထင်လိုက်သည်
"လူစုပြီးနေကြ ငါတို့ကတောင်ကြားဘာမှမဖြစ်ပေမဲ့ တောင်ထိပ်ထိရင် ငါတို့အရင်ကလိုင်း(သေ) မှာ "
မနက်ကနေ မွန်းလွဲပိုင်းထိအသံကမစဲသွား ကြည့်ရပုံနှစ်ဖက်တိုက်ပွဲဖြစ်သွားပုံရသည်
"စိုးဆက်ကြောက်နေလား "
"ကြောက်ဘူး "
"ဒါပေါ့ စိုးဆက်တို့ကနားယဥ်နေပြီ ဘယ်နေရာသွားသွားဒီအသံကမကြားရတဲ့နေရာမှမရှိတာ "
"ကင်းကောင် မင်းအစားတော့နဲနဲဝင်အောင်စားပါလား "
"မစားချင်ဘူး စားရတာခံတွင်းမတွေ့ဘူး "
"ကိုကြီး ကျုပ်မင်းကိုဆရာစီလိုက်ပို့မယ်နော် "
"တော်စမ်းပါ.. ဒီလောက်နဲ့ငါမသေဘူး အပြင်မှာဒီလောက်သောင်းကျန်းနေတာ "
"ဘာဘဲဖြစ်ဖြစ်ဗျာ ရအောင်ကိုသွားမှာ "
"မင်းကသာ အာမာနေတာ လှုပ်တောင်မလှုပ်နိုင်ဘဲနဲ့များ "
ထွီ......
ဝေါ့!.....
"ဆေးခါးကြီးသောက်ချင်ဘူး အနံ့ကဆိုးလိုက်တာ "
"တောတွင်းဆေးမှီးတို ငါဒီအရွက်ကိုအတော်လေးရှာထားရတာ သောက်လိုက်စမ်းပါငါ့ကောင်ရ "
"ဟိုကောင် ကင်းကောင်တိုက် ငါမသောက်ဘူး "
"မင်းရော "
"တော်..အနံရတာနဲ့တင် ငါသေချင်တယ် "
"ဖေဖေနေမြန်မြန်ကောင်းလာပါစေ အဲမှ သားနဲ့ကြယ်တွေကြည့်လို့ရမှာ "
အသံတွေစဲသွားတော့ ကင်းကောင်နှင့် ထွေးဦး ရယ် ငလုံးနှင့် ၊ ဘီလူးကတယောက် လေးယောက်သား ရွာပတ်လမ်းကိုဖြတ်ကြတော့သည်
"မင်းတို့နှစ်ကောင်လမ်းလျှောက်ရမှာနော် "
"ငါတို့ဆေးဆရာအိမ်မရောက်ခင် နေကောင်းချင်ကောင်းသွားမှာ လမ်းလျှောက်ရင်းချွေးထွက်လို့ "
"ထွေးဦး ငါမသွားလို့ရမလား "
"မရဘူး သွားရမယ် ကျုပ်အမိန့်ပဲ "
"မင်းတို့သတိထားသွားကြ အခုမှတိုက်ပွဲကပြီးတာ ဒေသခံတပ်တွေကင်းလှည့်နေလောက်တယ် တွေ့ရင်သွားပြီ "
"ဟုတ်လောပန်း "
သူတို့လေးယောက်သား လောပန်းနေသည့်နေရာနားသို့ထွက်လာပြီး တောင်စောင်းကိုကပ်လိုက်သည် ထို့နောက်ယာခင်းတစ်ခုကိုဖြတ်ပြီး တောအုပ်တစ်ခုနှင့်တောင်ကြား လမ်းအသေးလေးကနေ လျှောက်သွားသည် ယောင်္ကျားသားတွေဖြစ်တဲ့တွက်ခြေလှမ်းကမနှေးတော့ တစ်နာရီလောက်တော့ရှိမည် သူတို့နေရာနှင့်အတော်ဝေးဝေးကိုရောက်နေပြီ
"ငါလျှောက်မနိုင်တော့ဘူး "
"ဒီမှာနားလို့မရဘူး ဒါက ရွာချောင်းစပ်နဲ့နီးတယ် အားတင်းထားစမ်းပါ "
ဘယ်လိုမှမလျှောက်နိုင်တော့ ဝင်တွဲပြီးလျှောက်နေစဥ် တဒိုင်း..ဒိုင်းအသံတွေကပြန်ကြားလာတာကြောင့်..
"ငါတို့ပြေးရမလား "
"အနောက်ပြန်လှည့်မှာလား? အရှေ့ဆက်သွားမလား? ဒီတောအုပ်ကနေဖြတ်ပြီ ရွာထဲဝင်မလား? "
"ဒီတောအုပ်ကိုဖြတ်လို့ရမလား ဘီလူးရဲ့ သေမင်းထဲသွားဝင်သလိုဖြစ်မှာပေါ့ "
"ဒါဆိုအနောက်ကိုပြန့်လှည့်မလား "
"ဟာ.~ဒီကနေရာနဲ့အတော်ဝေးပြီ ပြန်လှည့်လို့မထူးဘူး ရှေ့ဆက်... အ့! "
"ထွေးဦး!!!!! "
သူတို့ပြောနေစဥ် အနောက်ကနေပစ်ထည့်ခံလိုက်ရလေသည်ကြောင့် ထွေးဦး၏ဒူးထောက်ကွေးနေရာအား ကျည်ဆံကဝင်သွားလေတော့ သွေးရူးသွေးတန်းဖြစ် ဘီလူးကတောအုပ်သို့ဝင်ပြေးတော့သည်
"ဟေ့ရောင်မပြေးနဲ့ "
"ဒီစပစားတစ်ကောင်နဲ့တော့ ငါတို့ပါသေအောင်လုပ်နေတယ် "
ဒိုင်း!!!~
နောက်တစ်ချက်တွင် ပိုင်စိုးဦးက သေနတ်နှင့်ချိန်ထားသည်ကိုမြင်ပြီး ထွေးဦးအားအနောက်ကဝင်ဖတ်လေသည်
အ့!!!!!!
"ကိုကြီး!!!!!"
"ကင်းကောင်~ "
"ကိုကြီး~"
"အ့ ထွေး..ထွေးဦး..ငါ့ကိုထားခဲ့.. မင်းပြေးတော့.. ငါ..ငါ့..သားကိုအပ်ခဲ့မယ်.. အား...အ့..ဝေါ့.."
"ကိုကြီး.. ဟင့်အင့်..မင်းဘာမှမဖြစ်ရဘူး..ဘာတွေပြောနေတာလဲ... "
"စကားမပြောနဲ့ကင်းကောင် မင်းသွေးတွေပိုထွက်နေတယ်"
"မဟုတ်ဘူး..ငါ..သား..ကိုစောက်ရှောက်ပေး.. ငါ့.သားကြီးရင်..ဟန်..ဟန်စီကိုပို့ပေးပါ..."
"မဟုတ်ဘူး... မဟုတ်ဘူး.."
သူ့ခန္တာကိုယ်ကလှုပ်လေနာလေဖြစ်ပြီး ခဏကြာ ဖိနပ်သံအများကြီးပြေးလာသည်ကို ကြားလိုက်ရသော်လည်း မျက်လုံးကဖွင့်လို့မရ သူအိပ်ချင်တယ်
'မောင့်ဘဝ ဒီမှာအဆုံးသတ်ပြီလား ဟန်
မောင်..မင်းရယ်သားရယ် ပျော်ရွှင်တဲ့ မိသားစုဘဝလေးတည်ဆောက်ချင်သေးတယ်
မောင်စိတ်ကူးယဥ်ထားတဲ့ ကမ္ဘာလေးမှာနေချင်သေးတယ်
မင်းစီက 'ချစ်တယ်' ဆိုတဲ့စကားမောင်ကြားချင်သေးတယ်
မောင်မသေချင်သေးဘူး
မောင်မင်းကို ချစ်တဲ့အကြောင်းဖွင့်ပြောရအုံးမယ်
မဖြစ်နိုင်တော့ဘူး ထင်တယ်
မောင်နောက်ဘဝများ ရှိခဲ့ရင် မင်းနဲ့ပဲပြန်ဆုံချင်တယ် မောင့်အချစ်ရယ် '
မောင်သေလွန်သည့်အခါ စိတ်ဝိညာဥ်အစုံ ဟန့်စီရောက်ဖို့ မောင်ဆုပန်မည်
ကောင်လေးတစ်ယောက်ကမြေပေါ်သွေးအိုင်တွင်လဲနေပြီး တယောက်က ခန္တာကိုယ်ကဒဏ်ရာကိုမပူ သူ့အကို၏ခန္တာကိုယ်အားကျစ်အောင်ဖက်ထားလေသည် နောက်တယောက်က ဖြစ်ပျက်သွားသောအခြေနေအား အခုထိမယုံနိုင်သေးသလို.. ခေါင်းအပဲအသွင်သွင်ခါနေပြီး သူတို့နဘေးတွင် အမည်မသိလက်နက်ကိုင်အဖွဲ့က ဝန်းရံထားလေသည်
...........
"အကိုရေ အားတင်းထားနော် ကျွန်တော်တို့ရှိတယ် "
သူတို့ဆေးရုံတက်နေသည်မှာ ငါးရက်လောက်ခန့်ကတည်းက မနေ့ကတည်းကဗိုက်နေနာသည်ကို ကြိတ်မှိတ်ခံနေသည့်အကိုက အလွန်ခေါင်းကျောမာသည်
သူဗိုက်နာတာကြည့်ပြီးကျန်တဲ့သူပါ ထိုင်မရထမရ ၊ ဗိုက်ပဲကူနာပေးရမလိုလို ၊ အိမ်သာပဲပြေးတက်ချင်သလိုလို ဒီနေ့မှ ခွဲခန်းထဲဝင်ရတော့သည်
"ဟဲ့ ~ဟဲ့~..ခေတ်ဘယ်လိုနေလဲ "
"ဝေဝေ နင်ကဘယ်ကနေဘယ်လို "
"ခေတ်ဆေးရုံတက်တဲ့နေ့က ငါ့ကိုပြောထားပြီးသား ငါ့လင်က ဟိုတနေ့ကမှအလုပ်ကခွင့်ရလို့ မနေ့ကတက်လာတာ"
"အေး ထိုင်..ထိုင်..ခေတ်ကတော့ဝင်သွားတာ အခုနလေးကပဲရှိသေးတယ် "
"တော်သေးတာပေါ့မှီလို့ ဒါနဲ့ဒိတ်ကမနေ့ကမဟုတ်ဘူးလား "
"ခေတ်ခေါင်းမာနေတာလေ ဒီနေ့မှခွဲခန်းဝင်တယ် "
"ဟိုကောင်တွေကို VCခေါ်ရမယ် "
"အခုမလုပ်နဲ့ ကလေးထွက်လာပြီးမှခေါ်ရအောင် "
သူတို့လေးယောက်သား ခွဲခန်းဘက်ကို မျက်နှာမူပြီး ရှိသမျှဘုရားစာအကုန်ရွတ်နေရသည်
"ဒီချိန်ဆို ဟိုကောင်ရှိနေသင့်တာ "
"အေးနော် ခေတ် အားငယ်နေမယ်ထင်တယ် "
"မွေးလို့အဆင်မပြေဘူးလားမသိ ဝင်သွားတာကြာပြီ "
"ဟုတ်ပဟယ် ဒါမဲ့ပထမကလေးမဟုတ်တော့ဆင်ပြေမှာပါ "
"ခေတ်ကဆင်ပြေပြီး ဆရာဝန်တွေကမလုပ်တက်ရင်ရော "
"နင်အဲလောက်စိတ်ပူနေရင် နင်ကိုယ်တိုင်သွားမွေးပါလား "
"ဟ~ငါစိတ်ပူတာမှာလား ခေတ်ကယောင်္ကျားလေးလေ အဲကြောင့်ငါပြောတယ် ဘန်ကောက်မှာသွားမွေးမယ်လို့ "
"ဟဲ့ ~ခေတ်ကမွေးဖူးပြီးသား ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးသား နင့်ပါးစပ်ကိုတချက်လောက်ပိတ်ထားလို့ရမလား "
သူ့အရှေ့ခုံတန်းက သုံးယောက်ကိုကြည့်ပြီး ဝေဟင်ငိုချင်လာသည် သူတို့ပွဲကိုပဲကြည့်ရမလိုလို မွေးခန်းထဲကလူကိုပဲစိတ်ပူရမလိုလိုနှင့် ...
"လူနာရှင် "
"ကျမ "
"ကျွန်တော် "
ဆရာဝန်ရှေ့မှာ ငြင်းနေကြသောနှစ်ယောက်၏ကျောကိုဗျောတင်ပေးလိုက်မှ အသံတိတ်သွားသည်
"အရေးပေါ်သွေးလိုအပ်နေပါတယ် တချက်ရှာပေးလို့ရမလား သွေးအမျိုးစားက ABပါ "
"သွေးမတူဘူး ငါကB သွေး "
"ငါက A သွေး အာ~ငါသိပြီ ငါတို့နှစ်ယောက်သွေးကိုတစ်ဝက်စီရောလိုက် အဲဆို ABပဲ "
"အေးဟ ~မဆိုးဘူး "
ဒေါက်လ်!....ဒေါက်လ်
အ့!.... အ့!.....
"နင်တို့နှစ်ကောင် အပေါက်ပိတ်ထား ထပ်ပြောရင်အနားတောင်မကပ်ရဘူးမှတ် ကြားလား ဝေဝေမ ၊ နေကို "
အသက်က၂၀ကေျာ်ပြီး အခုထိကလေးလိုငြင်းခုန်လို့ကောင်းတုန်း နှစ်ယောက်ကိုငယ်ထိပ် ဆင့်ခေါက်လိုက်မှအသံတိတ်
"ငါ့ကိုပြအုံးလေ "(ခန့်ခန့်)
"ယဥ်ယဥ်မ ကလေးသေချာပြ "(မင်းဇင်)
"ချစ်စရာလေးမလား နှုတ်ခမ်းပါးပါးလေးနဲ့ "(နေကို)
မွေးခန်းထဲကထွက်လာပြီး ခေတ်ဆက်သာဟန်မှာ မေ့ဆေးအရှိန်ရယ် သွေးတွေအများကြီးဆုံးရှုံးထားတာကြောင့်သတိမရသေး ကလေးက ကော်ခွက်လေးထဲတွင်ထည့်ထားသည်
VCခေါ်ချိန်တွင် အားလုံးကအသဲတယားယား
"ငါသာ မြန်မာပြည်မှာရှိရင် အဲပါးနီနီလေးကိုဆွဲကိုက်မိမှာ "(မင်းဇင်)
"ဟဲ့ ကလေးကအခုမှထွက်လာတာ နဲနဲလေးဖိမိရင်တောင်စောက်ရမ်းနာတာ "(ဝေဝေ)
"ငါသိတယ် လျှာမရှည်နဲ့ "(မင်းဇင်)
"နာမည်လေးကလှလှလေးပေးရမယ် "(ခန့်ခန့်)
"မေမေ့အသဲလေး ကိုမေမေနာမည်ပေးမယ် "(ယဥ်)
"မေမေဆိုဘဲ မသိရင်သူကကလေးအမေကျလို့ "(မင်းဇင်)
"အေးလေ အဲဒါငါပြောချင်တာ "(နေကို)
"ကလေးကိုငါကြည့်နေတာ သူ့အဖေနဲ့တူသလားလို့ "(ခန့်ခန့်)
"ဟဲ့~သူ့အဖေနဲ့မတူနဲ့ငါနဲ့တူရမလား "(နေကို)
"ငါကအမေဖြစ်ချင်တာ ဒင်းကမှ သူ့ကိုယ်သူအဖေအဖေနဲ့ ကြားရတာအော်ကလီဆန်တယ် ဝေါ့.... "(ယဥ်)
"မျက်ခုံးတွေဆို ကြီးလာရင်တော်တော်ပေါ်မှာ အခုတောင်ကြည့် "(ဝေဝေ)
"ဟုတ်တယ် ကြီးလာရင် မျက်ခုံးမွှေးထူထူ ၊ နှုတ်ခမ်းပါးလေးနဲ့ မိန်းမချောလေးဖြစ်မှာ "(ယဥ်)
"တကယ်ဆို ငါ့တို့အငယ်ဆုံးလေးက မိသားစုဘဝလေးနဲ့ပျော်''ရွှင်''နေရမှာ အခုဆိုသမီးတယောက်လည်းရပြီ အိမ်ထောင်သာမကွဲဘူးဆို သားတယောက်သမီးတစ်ယောက်နဲ့ဘဝကြီးကဘယ်လောက်ပြည့်စုံလိုက်မလဲ "(နေကို)
"အဲဒါ သူ့လင်ကြောင့် "(ဝေဝေ)
"အကြောင်းရှိမယ်လို့ငါထင်တယ် ပြန်ဆင်ပြေကြရင်ကောင်းမယ် "(ယဥ်)
"မကောင်းဘူး ဒင်းမှာမိန်းမနဲ့ဖြစ်သွားပြီ သူတို့နှစ်ယောက်ကဘယ်လိုဆင်ပြေမတုန်း ယောင်္ကျားပဲကိုယ့်ခြေတောက်ပေါ်ကိုယ်ရပ်တည်လေ "(ဝေဝေ)
"အဲလိုမပြောနဲ့ဝေဝေ ခေတ်ကမေတ္တာအရမ်းလိုချင်တဲ့သူ တကယ်လို့သူ့လင်သာ မိန်းမမယူဘူးဆို ပြန်ဆင်ပြေစေချင်တယ် အဲဒါမှ သူလည်းသူ့သားလေးနဲ့အတူနေပြီး ဒီကလေးပါ အဖေမျက်နှာမြင်ရတော့ပေါ့ "(ခန့်ခန့်)
"ဟုတ်သေးဘူး မိန်းမမယူဘူးဆိုတော့ ဒင်းနဲ့ကွဲတာက သူ့ဟာမလာပြောလို့အခုလိုမျိုး ဖြစ်လာကြတာလေ "(ဝေဝေ)
"ဝေဝေပြောတာလည်းဟုတ်တယ် "(နေကို)
"ဒီကလေးကိုသနားလိုက်တာ ဘယ်လိုတောင်ကံဆိုးလိုက်တဲ့ကလေးလဲ ကိုယ်ဝန်နဲ့ကတည်းကအပစ်ခံရတယ် "(ဝေဝေ)
"ကိုယ်ဝန်ရှိမှအပစ်ခံရတာမဟုတ်ပါဘူးကွာ ခေတ်တောင်ဒီရောက်မှ သိတာမလား "(မင်းဇင်)
"ဖြစ်လာသမျှအကောင်းပဲမှတ်ယူရမှာပေါ့ "(ခန့်ခန့် )
.......
"ငါ့စိတ်တွေ လေးနေတယ် "
"ဟုတ်တယ်လောပန်းရယ် စိတ်ထဲဘဝင်မကျဘူး ဘာကိုဝမ်းနည်းနေမှန်းလဲမသိဘူး "
ပိုင်စိုးဦးတို့ထွက်သွားသည်မှာ နှစ်ရက်ပင်ရှိပြီ ဘာသတင်းမှမကြားရ ပြန်လာနေသလား အဲမှာဘဲရှိနေသလား မသိရ ကျင်း၌ကျန်ခဲ့တဲ့သူတွေကမျောက်မီးခဲဖင်ခုထိုင်နေသလိုဖြစ်နေကြပြီ
"ကျွန်တော် ပိုင်စိုးဦးတို့ကိုစိတ်ပူနေပြီလောပန်း လိုက်သွားကြမလား "
"ငါ့တာဝန်မကင်းတာပါ တိုက်ပွဲကခဏနားတုန်းကို ငါလွှတ်လိုက်တာ ငါ့အပစ်မကင်းဘူး "
"ကိုသက်က လမ်းသိလား "
"သူတို့ပြောတဲ့တောအုပ်နဲ့တောင်ကြားဆိုတော့ ရှေ့ဘက်ကပဲရှိမှာ အဲဘက်ကလမ်းရှာသွားမယ် "
"ဂရုစိုက်ကြနော် မင်းတို့ကောင်တွေပါ အဆုံးရှုံးမခံနိုင်ဘူး "
"ဟုတ်လောပန်း "
သူရယ် အပုဆိုသည့်လူရယ် စားရိက္ခာတစ်ချို့ယူကာ တောင်ရှေ့ထွက်လာလိုက်သည် လမ်းလျှောက်တာထက် အပုဆိုသည့်လူကိုမော့ကြည့်ရသည်က ပိုပင်ပန်းတယ် နာမည်ကသာအပု ရှည်တာမှ..အင်း....
"ငသက် ဟိုမှာ လမ်း "
လမ်းတွေ့လို့ အားရဝမ်းသာဖြင့် သွားလိုက်သော်လည်း ပြန်ရလိုက်သည်က သံဆူးကြိုးတွေနှင့် စာပြားတစ်ခု
' Entry Prohibited ' 'No trespassing '
တားမြစ်နေရာ —— ဝင်ရောက်ခြင်းမပြုရ
☠
အန္တာရယ်ရှိသည်
တွေ့ရှိပါက အပြင်းထန်အရေးယူခြင်းခံရမည်
"ဘယ်လို တားမြစ်နေတာကိုမှသူတို့ကဝင်သွားလို့လား "
"မပြောတက်ဘူး ကျွန်တော်တို့ရောက်တော့ အဲလိုစာပြားကြီးတွေ့တာပဲ "
"ဘကြီး "
"ဘာလဲမင်းမင်း "
"ရွာသားတွေစီကကြားခဲ့တာရှိတယ် ဒေသခံတပ်တွေ မိထားတဲ့လူလေးယောက်ရှိတယ်တဲ့ လူငယ်လေးတွေပဲပြောတယ် "
"ငါတို့လူတွေဖြစ်လောက်မလား "
"ဟုတ်မယ်ထင်တယ် ဒါမဲ့သူတို့စခန်းကဘယ်နားမှာမှန်းဘယ်သူမှမသိဘူး "
"ဟူး.......ရင်မောလိုက်တာ ရွာထဲဝင်လို့လဲမရဘူး လက်နက်ကိုင်တွေကရှိတယ် "
"စားရိက္ခာတွေကရော အစီ "
"မနက်ဖြန် တောလိုက်သွားမလို့ ယာခင်းပါသွားမယ် "
"မင်းမင်း "
"ဗျာ ~ "
"မင်းကရွာထဲဝင်လို့ရတဲ့ကောင်ဆိုတော့ ကင်းကောင်တို့အကြောင်းရအောင်စုံစမ်း ငွေနဲ့ရွေးရမယ်ဆို ရွေးမယ်ကွာ "
"ဟုတ် ဦးထွန်း "
"ဘဘထွန်း ဖေဖေကမလာသေးဘူးလားဟင် "
"ဖေဖေကဆေးကုနေတုန်းသားရဲ့ "
"ကြာအုံးမှာလား "
"ကြာအုံးမယ်ထင်တယ် စိုးဆက် "
"သားဖေဖေ လက်မောင်းပေါ်အိပ်ပြီးယုန်ဖြူပုံပြင်နားထောင်ချင်တာ ပြီးတော့လေးလေးဆို သားစားချင်တာချက်ကျွေးတာ "
"ဟော~ သားစားချင်တာဦးစီက မချက်ကျွေးဘူးလား နေအုံးဘဘထွန်းဆုံးမပေးမယ် "
"ဟင့်အင့်~ သားစားချင်တာချက်ကျွးတယ် လေးလေးလက်ရာလောက်မကောင်းဘူး "
"စိုးဆက် "
လောပန်းသုံးယောက်နား မျက်နှာငယ်လေးဖြစ်နေသောစိုးဆက်ကို ခေါ်လိုက်ပြီးရင်ခွင်ထဲထည့်လိုက်မိသည် သူ့အဖေရယ် သူ့လေးလေးရယ်ပြီးရင် ကိုယ်ကအနေနီးဆုံးလူမလား
"ညကျရင် ဦးဟိန်းက ယုန်ဖြူပုံပြင်ပြောပြမယ်နော် "
"ဟုတ် ဟိုလုံးကြီးနဲ့လည်းရန်ဖြစ်ချင်တယ် "
အားလုံးကိုယ်စီဝမ်းနည်းနေကြပေမဲ့ စိုးဆက်၏ လုံးကြီးဆိုသောစကားတွေ တဟားဟားရီကုန်သည်
"မင်းကတော့ ငလုံးသာကြားရင် မင်းပြေးတော့ပဲ "
ငလုံးနှင့်စိုးဆက်ဆိုတာ ရန်ဘက် တနေ့လုံးတကျက်ကျက်နှင့်ဟိုကလည်းကလေးကိုအလျှော့ပေးခြင်းမရှိသလို သူတို့နှစ်ယောက်တည့်နေလျှင်တစ်ခုခုပေါင်းမွှေထားလို့သာ ဖြစ်လိမ့်မယ်
ကလေးအား ဟိန်းစိုးအောင်ချီသွားပြီးဘက်ပြောင်းလိမ့်မှ သူ့တို့စကားပြန်ဆက်ဖြစ်သည်
"တကယ်လို့လေ အကို ကင်းကောင်တို့သာပြန်မလာရင် ကျွန်တော်တို့စိုးဆက်လေးကိုဘယ်လိုပြောကြမလဲ "
"ငါမသိဘူး ငါစိုးဆက်ကိုတောင်ရင်ဆိုင်နိုင်မှာမဟုတ်ဘူး "
"ဟုတ်တယ် လောပန်း ဖိုးလေးဖြစ်တဲ့ကျွန်တော့်ကိုတောင် သိပ်ခင်တွယ်တာမဟုတ်ဘူး သူ့အဖေပြီးရင် ထွေးဦးကသူ့ဒုတိယအဖေပဲ နှစ်ယောက်စလုံးသာပျောက်ကွယ်သွားရင် စိုးဆက်စိတ်ဒဏ်ရာ ရမှာစိုးရိမ်မိတယ် "
ထို့နောက် သက်ပြင်းပြိုင်တူပါချမိလိမ့်သည်
.........
"အကို ကလေးကအိပ်နေလားဟင် "
"အခုမှ အိပ်ပျော်သွားတာ "
ကုတင်ဘေး၌ ကလေးခြင်းတောင်းဖြင့် ထည့်ထားသောကလေးကိုအသဲတယားယား
ပါးလေးကို ခပ်ဖွဖွထိလိုက်တော့ အိအိကလေးနှင့် ထိလေထိလေ ထပ်ထိချင်လေဖြစ်သည်
"သမီးရေ~..."
လူကအရင်မလာ အသံလာသောသုံးကောင်က ဝေဟင်နှင့်မတည့်
"ခများတို့ လူမှုရေးတော့ရှိပါတယ်နော် ခများတို့ငှက်ဆိုးထိုးသံနဲ့ ကလေးလေးနိုးသွားရင် အကိုပဲပင်ပန်းရတာ "
"ဟဲ့ခေတ် အဲကောင်ကလေမသိရင် ကလေးနဲ့တစ်ခုခုပတ်သက်သလိုပုံစံလုပ်နေတယ်သိလား ငါတို့ဆိုဟောက်စားပဲလုပ်နေတာ "
"ဒေါ်ဝေဝေ ကျွန်တော်အကုန်ကြားတယ် "
မနက်ကတည်းက အကို့သူငယ်ချင်းတွေရောက်လာပြီးနေ့လယ်စာအချိန်ရောက်မှ ပြန်သွားတော့ ပြောစရာတစ်ခုကိုအခုမှစရတော့သည်
"အကို ကြော်ငြာကတင်တော့မလားတဲ့ "
"အွန်း ~ကိုယ် ဇာတ်ညွှန်းဆရာကိုခေါ်ထားတယ် ၂နာရီလောက် "
"အကို ဆင်ပြေပါ့မလား "
"အပြင်ထွက်လို့အဆင်မပြေပေမဲ့ ကြော်ငြာတင်ဖို့လောက်ပဲဆိုတော့ အိမ်ကစီမံလို့ရပါတယ် "
"ကျွန်တော်စိတ်ပူတယ် အကိုရာ "
"ဘာမှမဖြစ်ပါဘူးကွာ နောက်တစ်လဆိုကလေးကသုံးလပြည့်ပြီ အဲတော့လုပ်ငန်းစမယ် "
"ဟုတ် ~အစံလေးက သိပ်မငိုဘူးနော် နို့ဆာမှတချက်အသံပေးတယ် "
"ဟုတ်တယ် သားကြီးဆိုရင်လေ တညလုံးထထငိုတာ နို့ကလည်းဆွဲသလားမမေးနဲ့ ပထမဆုံးကလေးကလဲဖြစ် နှစ်ယောက်စလုံးက ယောင်္ကျားသားတွေဆိုတော့မလုပ်တက်မကိုင်တက် ကလေးချော့လို့မရရင်ကိုယ်ပါရောငိုတာ သူ့အဖေကချော့ ညဘက်တွေဆိုသူပဲသိပ်ရတာများတယ် "
"အကို့အမျိုးသားက အရမ်းချစ်တက်တာပဲ ဘာလို့များအခုလိုလုပ်တာပါလိမ့် "
"လူ့စိတ်က တစ်သတ်မတ်တည်းရှိတာမှမဟုတ်တာ ဝေဟင်ရယ် "
"ဘဏ်ထဲကို နှစ်လရှိပြီအကို ပိုက်ဆံမဝင်တော့ဘူး "
"ဟုတ်လား ဘယ်လောက်ရှိနေလဲ "
"24သိန်း "
"တော်တော်များပြီဘဲ ဒါနဲ့ ဟိုလူတွေလာရင်အလုပ်ခန်းထဲခေါ်သွားပြီး ကိုယ့်ကိုလာခေါ်ပါ "
"ဟုတ်အကို "
..........
"စားချင်ဘူး ဖေဖေ့ခေါ်ပေး "
"စိုးဆက် ငါအဲလောက်စိတ်မရှည်ဘူးနော် ငါအလုပ်ဆင်းရအုံးမှာ "
"သွားပေါ့ စိုးဆက်မစားဘူး စိုးဆက်ဖေဖေ့ကိုပဲတွေ့ချင်တယ် "
ထမင်းဟင်းကျက်ပြီဆိုကတည်းက ပိုင်စိုးဆက်ဦးကိုထမင်းခွံ့နေသည်မှာ တစ်နာရီပြည့်တော့မည် တစ်လုပ်မှမစားသေး ကြာတော့စိတ်မရှည် ခဏနေရင် အလုပ်သမားတွေနားတော့မည် ကတုံးကေကိုသာခပ်နာနာကုပ်ပစ်လိုက်သည်
"စိုးဆက်ရေ ငါစိတ်ရှုပ်မခံနိုင်လို့ ဆံပင်ကိုမထားတာနော် "
"အဲတာ ဦးစီအကြောင်း စိုးဆက်ဖေဖေနဲ့တွေ့ချင်တယ် ဖေဖေကအခုထိနေမကောင်းသေးဘူးလား "
"ဦးဟိန်း "
"ဗျာ "
"သားဖေဖေနဲ့တွေ့ချင်တယ် ဖေဖေသွားခေါ်ပေး "
"ဟေ့ရောင် ငဟိန်းမင်းပဲနိုင်တော့မှအခုထိထမင်းမစားသေးဘူး "
"ဘာလို့ခေါင်းမာနေရတာလဲ ပိုင်စိုးဆက်ဦး!!!!! "
"ငဟိန်း ကလေးပဲကွာအဖေနဲ့တွေ့ချင်ရှာမှာပေါ့ ချော့ပြောလေ "
"အီး....ဟီး..စိုးဆက်ကဖေဖေကိုလွမ်းတယ်.. ဖေဖေ..အီ.....ဖေဖေခွံ့ကျွေးတာစားချင်တယ် ..လေးလေးနဲ့ဆော့ချင်တယ်... "
အီ....ဟီ...အင့်!
"မင်းအဖေက....ဟာကွာ.. ငါ့... ရှေ့... က... ထွက်... သွား ...ပိုင်စိုးဆက်ဦး "
အီး.....အီ....ဟီးးးးးးးး
ရွှတ်~
ငဟိန်းကပါ ကလေးကိုဆူတော့ သူ့အိပ်ယာလေးမှခွေခွေးကလေး သွားအိပ်လေသည်
"မင်းအဲလိုတော့မဆူသင့်ဘူးငဟိန်း သူ့အဖေကိုလွမ်းမှာပေါ့ အရင်ကဂျီကျလွန်းတဲ့ကလေးက ဒီလောက်လေးပြောတာကိုမင်းမဆူသင့်ဘူး ကလေးမှာအားကိုးစရာဆိုလို့ မင်းပဲရှိတာ "
လောပန်းအပြောကြောင့် ကလေးကိုကြည့်လိုက်မိသည် တသိပ့်သိပ့်တုန်နေသည့်ကျောပြင်ကလေးက ငိုနေမှန်းသိသည် ဒါပေမဲ့ 'သူကရော ကလေးကိုဘာလို့အခုလိုပြောမိတာလဲ ' သေချာတာက ကလေးကြောင့်စိတ်ညစ်သွားတာမဟုတ်ဘဲ ဘာသတင်းမှမရသည့်သူ့အဖေကိုဒေါသထွက်ခြင်းဖြစ်လိမ့်မည်
"ကျုပ် ဟိုကောင်ကိုဒေါသထွက်သွားတာထင်တယ် တကယ်လို့များဘေးကင်းတယ်ဆိုရင် ပြန်လာသင့်ပြီမဟုတ်လား အဖမ်းခံရတယ်ဆိုလည်း ရွာထဲကသတင်းတစ်ခုခုတော့ကြားရမယ်မဟုတ်လား 'ဖေဖေ ဘယ်တော့ပြန်လာမှာလဲဆိုတဲ့ ' မေးကွန်းကို ကျုပ်ညတိုင်းမဖြေချင်တော့ဘူး "
"ဘကြီး ၊ ဦးထွန်း "
"မင်းမင်း ရေးကြီးသုတ်ပြာနဲ့ဘာဖြစ်လာတာလဲ "
"ကျွန်တော်တို့ကောင်ကြီးတွေပြန်လာပြီ "
"ဘာ~"
"ဟိုမှာ "
နေ့လယ် လူစုချိန်မို့ အလုပ်သမားအားလုံးရှိနေပြီး မင်းမင်းအပြောကြောင့် လမ်းဘက်ပြိုင်တူကြည့်မိလိမ့်သည်
ဝေးဝါးနေဆဲပုံရိပ်ကနေ သိသာထင်ရှားလာသည်မှာ ဒါငါတို့လူမဟုတ်ဘူးဟု
"မဟုတ်တာ ကျွန်တော်တို့ကောင်ကြီးမဟုတ်ဘူး "
"ငါတို့လူပါပဲ ငဟိန်း ဘဝရဲ့တစ်ခုပြကွက်ကြောင့်ပုံစံပြောင်းသွားရုံပါ "
"ဗျာ~"
သူအရှေ့၌ရှိနေသောလူလေးယောက်မှာ အရင်ကပုံစံလိုမဟုတ်
အရင်ကသန့်သန့်ပြန့်ပြန့်ကလေးနှင့် ဆံပင်ခပ်တိုတို ထွေးဦးက အခုဆိုရင်မျက်လုံးဖုံးနေပြီး ခပ်နွှမ်းနွှမ်းတီရှပ်ကလေးရယ် အိတ်သုံးလေးလုံးပါသည့် စစ်ဘောင်းဘီတစ်ထည်ရယ် ...
ဘီလူးကရော.. ညိုညစ်ညစ်အသားရေကမပြောင်းလဲပေမဲ့မျက်နှာတွင်ကန့်လန့်ဖြတ်ဓားရာကြီးတစ်ခုနှင့် ဘောင်းဘီတိုတိုလေးဝတ်ထားသည်ကြောင့် ခြေသလုံးကအပေါက်ပုံစံအမာရွတ်ကြီးနှင့်...
အလုပ်သမားအားလုံးထဲ သန့်သန့်ပြန့်ပြန့်နှင့် အသားရေဖြူဖြူထောင့်ကောင်းကောင်း ငလုံးက ညိုညစ်သောအသားရေ ခမ်းနွှမ်းနွှမ်းတီရှပ်လေးရယ် စစ်ဘောင်းဘီနှင့် လုံးဝလူမှားစရာပုံစံ...
သူတို့၉၉ပြားကမူ အရှေ့ဆံပင်က လေးထောင့်ဆန်ဆန်မေးရိုးကိုပင်ဖုံးနေပြီးအနောက်က လျှော်ကြိုးတစ်ခုနှင့်သိုင်းချည်ထားသည် သူလည်းထိုနီး၎င်းခပ်နွှမ်းနွှမ်းတီရှပ်နှင့် စစ်ဘောင်းဘီကိုဝတ်ထားလေသည်
"မင်းတို့ကို ငါတို့အားလုံးသတိရနေတာ "
"ကျုပ်တို့လည်းသတိရပါတယ် "
"ဟေ့ရောင် ငဟိန်း မင်းဘာဖြစ်နေတာလဲ "
"မင်းတို့ပုံစံတွေကို ငါမယုံနိုင်သေးဘူး "
"ငါတို့မှငါတို့အစစ်ပါကွာ "
"ကျေးဇူးပါငါ့ကောင်ကြီးတို့ရယ် ငါတို့စီပြန်လာပေးလို့"
"ကျုပ်တို့မိသားစုစီ ကျုပ်တို့ပြန်လာရမှာပေါ့ "
"ဒါပေါ့ကွာ "
ကျင်းသားအားလုံးနှင့်ပွေ့ဖက်နှုတ်ဆက်လိုက်သည်
"ဟေ့ရောင် ငဟိန်းမင်းကဘာဖြစ်လို့ငိုနေတာ "
"မင်းတို့ကောင်တွေပြန်လာတာငါဝမ်းသာလို့ "
"ကဲ မင်းတို့ကအခုမှရောက်တာနားကြအုံး ညနေကျရင်တော့ငါတို့ကို မင်းတို့ဘာတွေဖြစ်ခဲ့ကြတာလဲပြောပြရမယ် "
လာကတည်းက ထွေးဦးသာ ပေါက်ပေါက်ဖောက်နေပြီး ကျန်သုံးယောက်ကတစ်ခွန်းမဟ
"ငဟိန်း~ငါ့သားရော "
"အခုနလေးတင် အိပ်သွားတာ ငါသွားနှိုးပေးရမလား "
"အိပ်ပါစေ ငါမရှိတဲ့တောတွင်း ငါ့သားကိုဂရုစိုက်ပေးခဲ့တာတွေတွက်ကျေးဇူးတင်ပါတယ် "
"မလိုပါဘူးကွာ မင်းလည်းနားတော့ "
"အင်း~"
ကင်းကောင်တို့လေးယောက်သား တဲကိုဝင်သွားပြီးမှ သူတို့လည်းအလုပ်ဆင်းရတော့သည်
ပိန်သေးသေးခန္တာကိုယ်လေးက တချက်တချက်ရှိုက်နေပြီး မျက်လုံးများမို့အစ်နေသည် ခေါင်းအုံးအောက်ကျနေသောခေါင်းလေးကိုအသာမကာ သူ့လက်မောင်းပေါ်တင်လိုက်ပြီး နောက်လက်တဖက်ကသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်သည် 'နောက်ဘယ်တော့မှ ဖေ့သားကိုမထားခဲ့တော့ဘူး '
............
ညပိုင်း အရက်ဝိုင်းတွင် ဖြစ်လေသည် သို့ပေမဲ့အရက်ဝိုင်းလို့မဆိုသာ အလုပ်သမားအားလုံးက ဟိုတစ်စုဒီတစ်စုထိုင်နေကြပြီး ထွေးဦး ၊ ငလုံး ၊ ဘီလူးက အလယ်တွင်ရောက်နေလေသည်
"မင်းတို့က ဘယ်ရောက်သွားကြတာလဲ "
"အေးလေ ဦးသက်တောင်လိုက်ရှာသေးတယ် လမ်းပိတ်ထားတယ်ဆိုလို့ "
သူတို့ပြောနေရင်းနှင့်ပင် ကင်းကောင်က အင်္ကျီကျွတ်ကြီးနှင့် လာထိုင်လေသည်
"ဟေ့ရောင် ပိုင်စိုးဦး ကလေးရော "
"ငါကို့ရုတ်တရက်တွေ့တော့ လန့်သွားတာလားမသိဘူး ဖျားနေတယ် "
"ပြောပြစမ်းပါကွာ ငါတို့သိချင်လို့ "
"အဲနေ့က ငါတို့တွေ ဒေသခံတပ်စီမှာ မိခဲ့တယ် "
အတိတ်ကာလသို့တစ်ခေါက်
(.........) စခန်းတစ်ခုတွင် လူသုံးယောက် မြေပေါ်တွင်ဒူးထောက်ခိုင်းထားပြီး လက်နောက်ပြန်ကြိုးတုပ်ထားလေသည်
"မင်းတို့က ဘယ်သူတွေလဲ ဘာလို့ရွှေဂူးကိုသွားမှာလဲ "
ခေါင်းဆောင်ဟုထင်ရသည့်လူက မေးဆတ်ပြလိုက်တော့ အဝတ်စဖြင့် ပိတ်ထားသောပါးစပ်ကိုလာဖွင့်ပေးလေသည်
ဘီလူးက ပြေး၍ အသေဖြစ်ဖြစ်လိုက်ပစ်တော့ ခြေသလုံးကိုမှန်ထားပြီး ကြောက်ရမ်းရမ်းတော့ မျက်နှာကိုကန့်လန့်ဖြတ်ဓားက စားသွားလေပြီ
ငလုံးကရော သွေးမြင်ရင်လန့်တက်သူမို့ တဆတ်ဆတ်တုန်နေကာ ငိုပဲငိုနေလေသည်
"ကျွန်...ကျွန်တော်တို့....က မိုင်းလုပ်သားတွေပါ "
"ကျွန်တော့် အကိုနဲ့ဒီကောင်က ငှက်ဖျားဝင်နေပြီး ဆေးကုဖို့လို လို့ အဲ....အဲကဖြတ်တာပါ "
"ဘာလို့ တိုက်ပွဲဖြစ်ပြီးတဲ့ချိန်မှလဲ "
"သူ...သူတို့....ကအ....အခြေနေဆိုးလာလို့ပါ ပြီး...ပြီးတော့ ကျွန်တော်တို့မှာခုခံဖို့ဆေး....ဆေးကပြတ်နေပြီး ကျန်တဲ့မိုင်းသားတွေလဲနေမကောင်းကြပါဘူး ဒီနှစ်ယောက်ကအခြေနေပိုဆိုးနေလို့ ထွက်ပြတာပါ "
"မင်းတို့တိုက်ပွဲဖြစ်နေရင် မထွက်ရမှန်းမသိဘူးလား "
"ဟုတ်..ဟုတ်..ပါတယ် မနက်ကတည်းက ထွက်ဖို့လုပ်..လုပ်တာပါ တိုက်ပွဲတွေစဲ...စဲသွားတော့ ထွက်လာတာပါ "
"ဘာလို့အဲရွှေဂူးမှ သွားရတာလဲ ဒီရွာထဲမှာရော ဆေးဆရာကမရှိဘူးလား "
"ရွာ...ရွာ..ထဲလာဖို့လုပ်ပါသေးတယ် ဆေး...ဆ...ဆရာအိမ်မှာတပ်စွဲထားလို့ပါ.. ပြီးတော့..တောထဲကဖြတ်ရင်..သားကောင်တွေကိုရင်မဆိုင်နိုင်လို့... အဲကနေဖြတ်...ဖြတ်ရတာပါ "
သူတို့သိချင်တာသိပြီးမှ ပြန်လှည့်ထွက်သွားကြပြီး ရင်ထဲအလုံးကြီးကျသွားသည်
ခဏကြာတော့ ခပ်ထန်ထန်နှစ်ယောက်လောက်လာပြန်သည်
"မင်းတို့ကမိုင်းလုပ်သားတွေဆိုတော့ ဘယ်သူ့ခွင့်ပြုချက်နဲ့လုပ်တာလဲ "
"ဟို....ဟို... "
ဖြန်းလ်~
"မင်းတို့လို လူတွေတွေ့ပေါင်းများပြီ ပြောမင်းတို့ကဘယ်တပ်ဖွဲ့ကလဲ "
"မဟုတ်...မဟုတ်ပါဘူး... တကယ်..တကယ်..မိုင်းလုပ်သားတွေပါ... "
ဖြန်း~
"လာမနောက်နဲ့ ငါဘယ်သူလဲသိလား "
"ဟ~ဘယ်သိမလဲ ဘယ်တပ်ဖွဲ့မှာဘယ်ကောင်ဆိုပြီးလိုက်စုံစမ်းနေရအောင်ထိ အားယားမနေဘူး ကိုမေကိုလိုးကောင်တွေရဲ့ "
ဖောင်းလ်~
(သေနတ်ဒင်ဖြင့် ဆော်သည့်အသံ)
"ကြောက်ပြီးတုန်နေတဲ့ကောင်က လေသံမာလိုက်လား အဲကောင်ခေါ်သွားလိုက် "
သူ့အပေါ်လာကျောရင်နဲနဲလေးမှ မခံတက်သောငလုံးက သူတို့၏လက်ထဲ ရုန်းရင်းဆန်ခတ်ပါသွားပြီး သူ့မှာလိုက်ကြည့်နေယုံမှအပမတက်နိုင် 'ဒဏ်ရာနဲနဲ ဆေးဖိုးများများ' အရစ်ရှိတဲ့ကောင်ကဘာမှမဟုတ် တရစ်မှမရှိသည့်ကောင်က အာဏာပြနေပြီ ကျားခံတွင်းထဲရောက်နေကြသူတွေမို့မတက်သာ..
သူတို့နောက်ပါသွားသည့်ငလုံးကိုစိတ်ပူရမလား ?
ဒဏ်ရာအရှိန်ကြောင့် နာနာကျင်ကျင်ဖြစ်နေသော ဘီလူးကိုလား?
သွေးအိုင်ထဲ သေပြီလား ရှင်နေသေးလားမသိသေးသည့်အကိုကို စိတ်ပူရမလား?
ဒီမှာပဲသေရတော့မှာလားဆိုတဲ့စိတ်ထက် အလုပ်ထဲကျန်ခဲ့သည့် တူကိုပဲစိတ်ကတသောသောရောက်ကာ ပတ်ဝန်းကျင်တစ်ခုလုံးမှောင်ပိန်းသွားလေသည်
Please is Vote and comment
........................................................................
[text_hash] => 17d01f92
)
What do you think?