Array
(
[text] =>
Uni
"ငလုံး ကျုပ်နောက်လိုက်ခဲ့ပေးပါလား "
"မင်းကဘယ်သွားမလို့လဲ "
"ပိတောက်ပန်းသွားခူးမလို့ "
"သွားမယ်"
သူတို့တောရဲ့တနေရာသို့ဝင်ပြီး ပိတောက်ပန်းအလုံလောက်ရတော့ ပြန်ထွက်လာသည့်ချိန်ကမှောင်ရီပျိုးစဖြစ်နေပြီ တဲကိုရောက်တော့မိုးပင်ချုပ်နေလေပြီ
"ဖေဖေ ဟိုမှာရေးရေး "
သူညွှန်ပြသည့်နေရာကိုကြည့်တော့ ပိတောက်ပန်းခက်တစ်ပုံနှင့် သူ့ညီ
"စိုးဆက် ဘာပါလာလဲသိလား "
"ပိတောက်ပန်းလေ "
"စိုးဆက်ကသိတာလား လေးလေးကမသိဘူးထင်တာ "
"ဥဟိန်းပြောပြတာ "
"စိုးဆက် ဒီဖက်လှည့် "
ပိတောက်ပန်းလာတော့ ထမင်းစားနေသူကအာရုံမလာတော့ ပိတောက်ပန်းနှင့်သားကိုတွဲမြင်တော့ တယောက်သောသူကိုမြင်ယောင်လာမိသည်
"လေးလေး သားခေါင်းမှာပန်ချင်လို့ "
"မရဘူးစိုးဆက် အခုကညရောက်နေပြီမနက်မှ ပန်နော်လေးလေး ရေထဲထည့်ပေးထားမယ် "
"ဟုတ် ၊ ဖေဖေသားဗိုက်ဝပြီ "
"အဲဆိုသွားကစားတော့ ဖေဖေစားအုံးမယ် လျှောက်မခုန်နဲ့နော် အခုမှထမင်းစားထားတာ "
"ဟုတ်ဦး "
သားကိုသေချာကြည့်ပြီး အရှေ့ကပိတောက်ပန်းဘက်ပြန်ရောက်သွားတော့ သူ၏မျက်လုံးထဲဟန်က ပိတောက်ပန်းအခက်လေးကိုခေါင်းတွင်ပတ်ပြီး သူ့ရှေ့တွင်ပြုံးရီနေလေသည်
"ဟန် "
ပြောလည်းပြော လွမ်းနေရသည့်အငွေ့သက်ကလေးကိုပြေးဖက်လိုက်ပြီး တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်သည်
"ကျွန်တော်လွမ်းနေတာ ခများပြန်လာမယ်ထင်သားပဲ "
"ဟန်~ ဘာလဲ ကျွန်တော့်ကိုစိတ်နာနေတာလား "
"ဟန်တစ်ခုခုပြောလေ "
ဗန်း~
လူကိုကျစ်အောင်အောင်ဖက်ထားသူအားလွတ်နေသည့်လက်တစ်ဖက်ဖြင့် ငရုတ်ခြောက်လှမ်းသည့်လင်ဗန်းကိုယူကာ အားပါပါရိုက်ချလိုက်သည်
အ့!
"မှတ်ပလား ဟန်မဟုတ်ဘူးကျုပ် ခများညီ "
ရုတ်ချည်းပြောင်းလဲသွားသောမြင်ကွင်းမှာ သူဖက်ထားတာဟန်မဟုတ်ဘဲ ထွေးဦးဖြစ်နေသည်
"မရီးကိုလွမ်းတာ ငါမပြောလိုဘူး မင်းစိတ်ကိုထိန်း "
"ငါဘယ်လိုထိန်းရမလဲ ပိတောက်ပန်းမြင်တာနဲ့ ဟန်နဲ့တွဲပြီးငါ့မျက်လုံးကမြင်လာတာ ငါတားမရဘူး "
"ကိုကြီးရာ "
"မင်းသိလားထွေးဦး ဒီပိတောက်ပန်းတွေကနှစ်တိုင်းမင်းမရီးခေါင်းပေါ်ငါတင်ပေးနေကြ တော်ပြီမစားတော့ဘူး မင်းသိမ်းလိုက် သားကိုလည်းမင်းသိပ်လိုက်တော့ "
အခန်းထဲရောက်တော့ စာအုပ်ကလေးဖွင့်လိုက်ပြီး
~ခေါင်းပေါ်ကပိတောက်
နားရွက်ကြားက ပိတောက်
ပိတောက်လည်ဆွဲနဲ့ဟန်က
မောင့်တွက် ငြိတွယ်ရာဖြစ်ပြီး
ပိတောက်ပန်းတွေနမ်းသလိုလိုနဲ့
ခိုးနမ်းခဲ့ရသည့်ပါးပြင်ကလေး
ပိတောက်တွေပွင့်ပြီဟန်..
နောက် ပိတောက်ပန်းဘယ်နှခါပွင့်ရင်
မောင်တို့ပြန်ဆုံမလဲ ~
~ခများကစချစ်မိတဲ့နေ့ကတည်းက
မောင်အရမ်းပင်ပန်းရတယ်၊
မင်းအတွက်နဲ့ မောင့်စိတ်တွေ
ပင်လယ်ပြင်ထဲကဝဲကယက်လို
မောင်ရုံးထွက်နိုင်မယ်ထင်ခဲ့တာ
တကယ်တမ်း မောင်သေဆုံးလို့
ဝိဉာဥ်ဖြစ်ရင်တောင် မင်းစီကမရုံးထွက်နိုင်မယ်မထင်တော့ဘူး..
...........
"အကိုငါတို့ဘယ်နားစခန်းချမလဲ "
သင်္ကြန်ပြီးဆယ်ရက်လောက်ကြာတော့ ကျေးဇူးတော်တောင်ကြားပြောင်းလာကြသည်
"ကားရပ်လို့ရတဲ့နေရာထိဝင်ပြီးအဲမှာနားမယ် ကျန်တာနောက်မှဆက်ပြောရအောင် "
သူတို့ကားလို့ရတဲ့နေရာနားထိ ကားထိုးလိုက်ပြီးအရင်ဆုံး လောပန်းတို့တွက်တဲထိုးဖို့ပြင်ရသည် မိန်းမသားတယောက်မှမပါ၍ အကာကွယ်အလုံခြုံဆုံးဖြစ်အောင်မလို ပြီးသည်နှင့် စက်တွေကားပေါ်ကထမ်းချကာ ခဏနားနေခိုက်
"ဖေဖေမောနေပြီလား "
"အပေါ်ကဖယ်စိုးဆက် ချွေးတွေနဲ့ဖေဖေမှာ့ "
"ဖေဖေချွေးကမွှေးတယ် "
"ဟေ့ရောင်စိုးဆက် ကပ်ချွဲမနေနဲ့ဟေ့ရောင်ဒီမှာမုန့်ဆိုင်မရှိဘူး "
"ကိုကြီး ငါလောပန်းနားခဏသွားအုံးမယ် "
"အေး "
သူ့တို့အလုပ်သမားတစ်စုက ကားအောက်မှာပဲဝင်နားပြီး လောပန်းတစ်စုရှိသည့် တဲကိုသူသွားလိုက်သည် ဟိုရောက်တော့ဦးသက်ပါရှိနေလေသည်
"လောပန်းတို့ကို ကျွန်တော်ပြောစရာရှိလို့ "
"ပြော"
"ဒီမှာက အဝင်ထွက်မလွယ်တော့ ကျွန်တော်ဆိုင်ထောင်ချင်လို့ နှစ်ပတ်တစ်ခါအပြင်ထွက်ရင်လိုအပ်တာလေးဝယ်အလားလို့ "
"ငါလည်းအဲကိစ္စကိုပြောနေတာထွေးဦး "
"ဦးသက်ကဘယ်လိုစီစဥ်ထားလဲ "
"ငါတို့လူတွေက အရက်မရှိရင်နေနိုင်တာမဟုတ်ဘူး ဆိုင်ထောင်တဲ့အခါကျရင် မုန့်နည်းနည်းနဲ့အရက်ဝယ်တင် "
"မင်းကလဲဆိုင်ထောင်ချင်တာဆိုတော့ ဒီဆိုင်ကိုမင်းလုပ် စားဖိုမှုးကိုလည်းတာဝန်ယူ ရွာသားတွေပြောတာက တောထဲမှာ အမဲလိုက်၊ မှိုရှာ၊ မျှစ်ရှာလူတွေလာတက်တယ် အဲဒီလိုလာရင်မင်းလိုက်သွား ငါလစာပိုပေးမယ် ပြီးတော့ဒီမှာငှက်ဖျားပေါတယ်လို့ကြားတယ် လိုအပ်တဲ့ဆေးအစုံဝယ်"
"ဟုတ်လောပန်း "
"ဖုန်းလိုင်းကလဲမမိဘူး "
"ဒီမှာတောင်မမိရင် တောင်ကြားထဲရောက်ရင်ပိုခက်မှာ တောင်ပေါ်တက်ရင်တော့ ဖုန်းပြောလို့ရတယ် "
"တော်သေးတယ်အကို ငါတို့ဆိုင်ကယ်နှစ်စီးယူလာလို့ "
"အင်း ~"
ထိုသို့ဖြင့်ဆိုင်ထောင်ဖို့ဖြစ်လာပြီး ဒီမှာပင်တစ်ညတည်းကြရသည်
"ကိုကြီး မင်းကားအောက်မှာအိပ် "
"ဟေ့ရောင်ကင်းကောင် ခြင်ဆေးယူလာလား "
"မေ့ခဲ့တယ် "
"ကောင်းရော "
"ပိုင်စိုးဆက်ဦး ဦးမင်းစီမှာအိပ်မလား "
"သားဖေနဲ့ဖက်အိပ်မှာ "
"အေးပါဖေချစ်ကလေးရယ် ၊ ထွေးဦး ငါ့စီမှာခြင်ဆေးလာယူ "
"ဟုတ်ကိုမင်းမင်း "
"ဖေဖေ သားလေအိမ်မက်ထဲမှာ ဒယ်ဒီကိုတွေ့တယ် သားကိုလိုက်မလားတဲ့ "
"ဒါကအိမ်မက်ပါကွာ "
ပိုင်းစိုးဦးတို့ပခက်နားတွင် ငဟိန်းနှင့် ထွေးဦးပါ အိပ်ကြလေသည်
"ဖေဖေ သားကိုပုံပြင်ပြောပြ "
"ဘာပုံပြင်ပြောပြရမလဲ "
"ယုန်လေးပုံပြင် "
"အင်း~သားကမျက်လုံးမှိတ်ပြီးနားထောင်နော် .. ဟိုးရှေးရှေးတုန်းက တောထဲမှာပျော်မြူးနေတဲ့ယုန်ဖြူလေးတစ်ကောင်ရှိသတဲ့..တနေ့မှာယုန်ဖြူလေးအစာစားနေတုန်း တစ်ယောက်ယောက်ကလာကြည့်နေတာ အဲဒါနဲ့ယုန်ဖြူလေးကလည်းလန့်ပြီးပြေးပါလေရော ယုန်ဖြူလေးကပြေးတော့ဟိုက လိုက်တာပေါ့....."
"ယုန်ဖြူလေးနောက်ကိုဘာလို့လိုက်တာလဲဟင် "
"အရူးကြီးက ယုန်ဖြူလေးကိုသဘောကျလို့လေ "
"အရူးကြီးက စားမလို့လား ယုန်ဖြူလေးသနားပါတယ် နော်ဦးဟိန်း "
"ဟေ့ရောင်ကင်းကောင် ယုန်ဖြူပုံပြင်ပြောတိုင်းမင်းအမှတ်လဲမရှိဘူး မေးပြီဖြေလိုက်တော့ "
"အရူးကြီးက ယုန်ဖြူလေးကိုအနားမှာခေါ်ထားတာ မျက်စိအောက်ကအပျောက်မခံဘူး ဘာလို့လဲဆိုတာသိလား ဖေဖေနဲ့သားလို့ပေါ့ "
"ဟီး..ဖေဖေကိုချစ် ဒယ်ဒီလည်းချစ် "
"အိပ်တော့ "
သားအိပ်ပျော်သွားတော့ အတွေးတစ်ချို့ကစတင်ဝင်ရောက်လာသည် 'တကယ်ပဲ သားကိုလာခေါ်မှာလားဟန် '
..........
ဖြူစွတ်စွတ်ကောင်းကင်ကြီးရယ် လယ်ကွင်းစိမ်းစိမ်းတွေနှင့် အမျိုးမည်မသိသောပန်းရနံတို့လည်းထုံလွှမ်းနေသေးသည်
"ဒါဘယ်နေရာလဲ ငါဘယ်ကိုရောက်လာတာလဲ "
လယ်ကွင်းကနေ လမ်းအသေးလေးအတိုင်းသူလျှောက်လာမိသည် အဘေးဘက်တွေကြည့်တော့ လေးဖက်လေးတန်အဆုံးမရှိသည့်စိမ်းစိုးစိုလယ်ကွင်းကျယ် သူဆက်လျှောက်လာတော့ သာယာသောတေးသံကလေးနှင့်ပန်းမွှေ့နံတစ်ခု
~သစ်ရွက်နုတွေ ပွင့်ဝေနွေဦးမိုးရေ
ဘယ်ဆီလွင့်မလဲ ရွက်ကြွေအိုတို့ဘဝ
အမြဲစိမ်းလန်း လှပနိုင်ဖို့
ရွက်သစ်တို့အတွက် ဘေးဖယ်လွင့်ကြွေခရီး~
စက်ကလာသောအသံနှင့်မတူ ဆွေးမြေ့နေသလိုဩရှရှအသံလေး သူအသံလာရာသွားလိုက်တော့ ကော်ပတ်ရုပ်ကလေးအသက်ဝင်နေသလို စည်းချက်တိုင်းယိမ်းနွဲ့နေသည့် လူတစ်ဦး ရုတ်တရက်လှည့်ချိန်ဖြတ်ခနဲမြင်လိုက်ရသောမြင်ကွင်းက သူ့နှလုံးသားအားရိုက်ခတ်စေသည်
"ဟန် "
"ခများဘယ်သူလဲ "
ခများဆိုသည့်နာမ်စားက သူ့အားလှောင်ရီလာပြီး သူစိမ်းဆန်ဆန်ပြောဆိုနေပုံက မသိတဲ့လူအတိုင်း 'စိတ်ကောက်နေတာများလား '
"ဦးလေ မင်းရဲ့ဦး "
"မသိဘူး ဘယ်ကလဲ ဘာလာလုပ်တာလဲ ဘယ်လိုရောက်လာတာလဲ "
"အိုးဟိုး..အမေးတွေများလိုက်တာ အိမ်ပေါ်မခေါ်တော့ဘူးလား "
သူပြောတော့လည်း မျက်စောင်းတချက်ပင့်ကာအိမ်ပေါ်ခေါ်လေသည် တစ်ထပ်တိုက်သစ်သားအိမ်လေးမှ ဖိနပ်ထားသည့်နေရာကအစ ဧည့်ခန်းထဲထိအလွန်ကိုသန့်ရှင်းသန့်ရပ်လေသည် နံရံဆေးရေးတွေကအစအဖြူရောင်တွေချည်းသုံးထားသည် 'ဟန်ကအမဲကြိုက်တာလေ အကြိုက်ပြောင်းသွားတာများလား '
"ဒီကိုဘယ်လိုရောက်လာတာလဲ "
"မသိဘူး သီချင်းသံနောက်လိုက်ရင်းရောက်လာတာပဲ ဒါနဲ့ဟန်ကဘာလို့ဒီရောက်နေတာလဲ "
"ဒါငါ့အိမ် "
"ငါတဲ့ သူစိမ်းဆန်လိုက်တာ "
"ဒါပေါ့ ခများနဲ့ငါကသိမှမသိတာ "
"ကျုပ်စွန့်လွှတ်မိလို့ စိတ်ကောက်နေတာလား "
စကားလည်းပြော မျက်စိကလည်းနေရာပေါင်းစုံလိုက်ကြည့်ပြီးတနေရာတွင် အကြည့်တစ်စုံတို့ရပ်တန့်သွားသည်
"ဟန်~ ဒီမိန်းမဘယ်သူလဲ "
ပုံထဲတွင် ဟန်၏ပါးအား ပုံတွင်ပါသောမိန်းမကလေးကနမ်းနေသည် နောက်တစ်ပုံတွင် ၃နှစ်ရွယ်ကလေးငယ်ပုံ
"ဒီကလေးက "
ထိုချိန် ပုံတွင်ပါသောမိန်းကလေးလဲရောက်လာသည်
"ဖေဖေ "
ဖေဖေဆိုပြီး သူ့အနားရောက်လာသလိုမျက်နှာအစိတ်ပိုင်းတွေကိုလိုက်ကြည့်နေသေးသည်
"ဒယ်ဒီ ဖေဖေမလားဟင် မီးရဲ့ဖေဖေမလား "
"မင်းအဖေကသေပြီ "
"ဟုတ်ဘူး ဖေဖေမှဖေဖေအစစ် "
"နေပါအုံး.. ဟန်..ဘာတွေလဲ.. သူကဘာလို့ကျုပ်ကိုအဖေခေါ်နေတာလဲ "
"သိပ်သိချင်နေလား ဟမ်~ငါတို့သားအဖကို ခများစွန့်ပစ်လိုက်တာလေ "
"မဟုတ်ဘူး...နော်...ဒီကလေးမရှိဘူးလေ အခုကရောဘယ်လိုကြီးလာတာလဲ "
"ငါ့သားဘယ်မှာလဲ "
"ဖေဖေ ကိုကြီးရော "
"မသိဘူး ကျုပ်ဘာမှမသိဘူး..အား.........မလာနဲ့.... ကျုပ်သားကိုမခေါ်သွားနဲ့.. ကျုပ်တောင်းပန်ပါတယ်......"
"မီးက ကိုကြီးကိုတွေ့ချင်နေတာ ကိုကြီးခေါ်သွားမှာ "
"မရဘူး မင်းလဲငါ့သမီးမဟုတ်ဘူး ငါ့မှာသားတစ်ယောက်ပဲ...... မင်းကရော ကျုပ်ဟန်မဟုတ်ဘူး.... မင်းဘယ်သူလဲ "
"ငါက ဟန်ပဲ ငါ့သားငါလာခေါ်တာ "
"မရဘူး... မခေါ်ပါနဲ့ .....အီး.....ဟီး.....ကျုပ်မှာသားတယောက်ပဲရှိတာ ခေါ်သွားလို့မရဘူး "
"ကိုကြီးကိုထည့်လိုက်ပါ "
"မရဘူး!!!!!!!!! "
အား!!!!!!!!!!
"ကိုကြီး!!"
"ဟေ့ရောင် ပိုင်စိုးဦး "
သူ့နားထဲ သူ့ညီခေါ်သံကြားတော့ သားမပါအောင် ပြောခိုင်းရမယ်
"ထွေးဦး ငါ့သားလာခေါ်နေတယ်"
သူအော်ပြောနေသော်လည်း စကားသံကမထွက်လာ သူ့ညီခေါ်သံကိုသာကြားနေရသည် နောက်တော့ငဟိန်း၏အသံပါကြားနေရပြီး သူပြောသော်လည်း စကားလုံးတို့ကအပြင်ထွက်မလား
"ဖေဖေ"
'သား 'ဟုတ်တယ် ငါ့သားအသံပဲ အသံကဘယ်နားကလဲ ခေါ်သွားမှာဆိုသည့်အသံတွေကလည်းကျယ်လောင်လာသလို တစ်ချက်တစ်လေမှ သား၏အသံအားကြားရသည်
"ဖေဖေ "
ဟုတ်တယ် အသံကဒီဘက်က ၊ အသံလာရာအတိုင်းသူလိုက်သွားနေမိပြီး ပတ်ဝန်းကျင်ကအလင်းတစ်စလောက်ပင်မမြင်ရ မှောင်ပိန်းနေသည်
"ဖေဖေ "
"သား!!!!!! "
သားကိုအသကုန်အော်ခေါ်ကာ မျက်လုံးဖွင့်လိုက်တော့ သူ့မျက်နှာရှေ့ ထွေးဦးနှင့်ငဟိန်းကကြောင်စိစိ မျက်နှာတစ်ဝိုက်တွင်လည်းချွေးစေးတို့ပြန်ကာ အသက်ရှူမြန်နေပြီး ဘာဖြစ်သွားမှန်းမသိ
"ထွေးဦး ငါ့သားရော "
"ဖေဖေ "
"သား... သား.ဖေဖေစီမှာနေရမယ်နော် ဘယ်မှမသွားရဘူး... ဘယ်သူနောက်မှမလိုက်ရဘူး... သားသာဖေဖေကိုထားသွားရင် ဖေဖေရင်ကွဲရလိမ့်မယ် "
ကလေးမျက်နှာအားလက်နှစ်ဖက်ဖြင့်ကိုင်ကာ တတွတ်တွတ်ပြောနေသည့်အကိုကိုကြည့်ပြီး ငိုချမိသည်
"မင်းပါငိုနေလို့မဖြစ်ဘူး ထွေးဦး "
"ဒါမဲ့ငဟိန်းရာ ကျုပ်အကိုတစ်ယောက်လုံး ဒီလိုဖြစ်နေတာ ညီဖြစ်တဲ့ကျုပ်မကြည့်နိုင်ဘူး ၊ ကျုပ်ဘယ်လိုနှစ်သိမ့်ပေးရမလဲကျုပ်မသိဘူး "
"ကြိုးစားကြည့်စမ်းပါ ပိုင်ထွေးဦး "
တဖန် အကိုဘက်လှည့်ကြည့်တော့ သားကိုတင်းနေအောင်ဖက်ထားလေသည်
"ကိုကြီး..သားက မင်းနဲ့ကျုပ်တို့စီကထွက်သွားလို့မရပါဘူး.. မင်းအိမ်မက်မက်နေတာ "
"မဟုတ်ဘူး ..ဟန်ကသေချာပေါက်လာခေါ်မှာ ပြီးတော့သမီး..ငါ့သမီးလဲရှိတယ် "
"ကင်းကောင် မင်းမှာစိုးဆက်လေးတစ်ယောက်ပဲရှိတာလေ မင်းစိတ်ထဲစွဲနေတာပါကွာ... မင်းသားလည်းအခုမင်းဘေးမှာရှိနေတာပဲ "
'ဟုတ်တယ် ' သားက ငါ့စီမှာပဲရှိတယ် ၊ သမီးလဲမရှိဘူး ၊ ဒါအိမ်မက်
"ဖေဖေရေ.. "
လေးနှစ်ကျော်ကျော်ကလေးက လူကြီးကိစ္စတွေမသိပေမဲ့ ဖအေဆင်မပြေမြင်တော့ တိတ်တိတ်ကလေးသာနေပြီး အခုလည်းရေခွက်လေးကိုင်ကာ..
"ဖေ့သားတော်လိုက်တာ.. "
ကလေးနှင့်အပြန်လှန်ပြောဆိုနေပြီး တည်ငြိမ်လာစရှိသော်အကိုအားကြည့်ကာ သက်ပြင်းချနိုင်တော့သည်
"ကိုကြီး ထတော့နေရာမှာတဲအရင်ဝင်ထိုးရမယ် "
"အင်း ငါလာမယ်.. "
"သားဒီမှာပဲ ဖိုးဖိုးတို့နဲ့နေခဲ့နော် ဖေဖေအလုပ်ခွင်သွားရမယ် "
"ဟုတ် ဖေဖေ"
မျက်နှာကပြာကယာသစ်ပြီး အလုပ်နေရာထဲအကုန်ဝင်ကြတော့ စိုးဆက်တယောက်သာကျန်ခဲ့လေသည်
"ဖိုးဖိုးတို့နဲ့ ဦးမင်း စိုးဆက်လာတယ် "
"တယောက်တည်းလားစိုးဆက် "
"ဟုတ် ဖေဖေကဒီမှာနေခဲ့တဲ့ "
"ဘာစားပြီးပြီလဲ "
"စားရသေးဘူး "
စိုးဆက်တို့ထုံစံအတိုင်း လည်ပင်း၌ရေဗူးအလှလေးဆွဲထားရင် အဲဒါကိုကိုးဖျော်ထားတာဖြစ်သည် သူကြည့်တော့ စိုးဆက်ကရိပ်မိသည့်အလား
"ဦးဟိန်းက ကိုးတွေဖျော်ပေးခဲ့တာ "
"အချိုတွေနေ့တိုင်းစားနေတာ သွားပိုးစားမှာမကြောက်ဘူးလား "
"ကြောက်ဘူး ဖေဖေက တစ်နေ့နှစ်ခါသွားတိုက်ပေးတယ် "
"ညကအိပ်ပျော်ရဲ့လား စိုးဆက် "
"ပျော်တယ် ဖေဖေကလေ အိမ်မက်ဆိုးတွေမက်နေတယ် "
"ဖိုးဖိုးမျိုး "
"ဟေ!"
"ဘာလို့ဒယ်ဒီက ဖေဖေနဲ့သားကိုပစ်ခဲ့တာလဲဟင် သားကိုမချစ်လို့လား "
"မဟုတ်ပါဘူးကွာ မင်းဒယ်ဒီကမင်းကိုအရမ်းချစ်တာ "
"ဒါဆိုဘာလို့ ဖေဖေနဲ့သားကိုပစ်ခဲ့တာလဲ ဖေဖေဆိုရင်နေ့တိုင်းခိုးငိုနေတာ သားလာရင်ဟိုဘက်လှည့်ပြီးမျက်ရည်တွေသုတ်သုတ်နေတာ ဘာလို့လဲ..ဒယ်ဒီကမချစ်လို့ပေါ့ "
"မဟုတ်တာကွာ သားကြီးလာရင်သိလာမှာပေါ့ အဲခါကြရင် သားဒယ်ဒီကိုလည်းအပစ်မတင်ရဘူး သားဖေဖေကိုလည်းမမုန်းရဘူး "
"ဖိုးလည်းမကောင်းဘူး ၊ ဦးမင်းလဲမကောင်းဘူး ၊ လေးလေး ၊ ဦးဟိန်း ၊ ဦးလုံး ၊ ဦးစီတို့ရော သားမေးရင် သားကြီးလာမှသိမယ်လို့ ဘာလို့ပြောကြတာလဲ အီး..ဟီး..မကောင်းဘူး..ဘယ်သူမှမကောင်းဘူး..ဒယ်ဒီကြောင့် ဖေဖေကငိုနေရတာ.. ဒယ်ဒီကိုမချစ်ဘူး... ဖေဖေ့ကိုနေ့တိုင်းငိုအောင်လုပ်တယ် "
"စိုးဆက်. လာ..ဦးမင်းနဲ့သွားကစားမယ် "
"သားဘာသာနေချင်လို့ လွှတ်ထားပေး "
"တောထဲလျှောက်မသွားရဘူး "
"ဟုတ် "
သူတို့လွှတ်ချလိုက်တော့ မျက်ရည်တွေသုတ်လိုက်ပြီး ကားအောက်သို့ဝင်သွားလေသည်
"ဘကြီး စိုးဆက်လေးဝမ်းနည်းသွားပြီ "
"အင်း~လေးနှစ်မပြည့်တပြည့်ကလေးက မိဘတွေကိုတော့မှတ်မိနေပြီး အဲအရွယ်မှာ ဖအေတစ်ယောက်ကမရှိတော့ဘူး တခြားသူတွေလို အဖေနဲ့အမေကလည်းမဟုတ် အဖေနှစ်ယောက်ကမွေးလာတဲ့ကလေး ကင်းကောင်ကြီးက နှစ်ယောက်စလုံးရဲ့မေတ္တာပေးနေပါစေအုံး တစ်ယောက်ချင်းပေးတာနဲ့မှမတူတာ ကျန်ခဲ့တဲ့ဖအေတစ်ယောက်ကလည်း ခံစားနေရတာ ဘယ်ကြည့်ရက်မလဲ "
"ကင်းကောင်တို့ အနာဂတ်ကဘယ်လိုဖြစ်လာမလဲ တွေးလို့တောင်မရဲဘူး "
"စိုးဆက်လေးနားလည်လာရင် ရှင်းပြပေးရမှာပေါ့ "
.........
"နော်...နော်....နော်...ကိုယ်စားချင်တာ "
"မရပါဘူးဆို "
"အာ~ဇရစ်ချဥ်ဟင်းလေးစားချင်တာကို အဲလောက်ခက်ရတာလဲ "
"နဲနဲလေးပဲရမယ် "
"မရဘူးလေ စားမှတော့ အဝပေါ့"
"မစားနဲ့တော့ "
"စားမယ်..နဲနဲလေးစားရလည်း နည်းလား "
"အကို့ကိုပြောစရာရှိတယ် "
"ပြောလေ "
"ကျွန်တော်တို့ရိုက်မဲ့ ဇာတ်လမ်းကို အကိုကလေးမွေးပြီးမှကြော်ငြာတင်ရအောင် ပြီးတာနဲ့ချက်ချင်းရိုက်မလား "
"အင်း~ကိုယ်လည်းအဲလိုတွေးထားတယ် တစ်ခုရှိတယ် အခုကအသစ်တွေပါတော့သရုပ်ဆောင်ကောင်းကောင်းမရဘူး မရိုက်ခင်ရယ်ဟာဇယ်လုပ်ထားရမယ် ပြီးတော့မင်းသားကိုလည်းသေချာလေးပြောထားလိုက် ဇာတ်ကားရိုက်စဥ်တွင်းဘယ်ကမ်းလှမ်းချက်မှလက်မခံဖို့ "
"အဲတွက်စိတ်ချ ကျွန်တော်မင်းသားကိုမနေ့ကတည်းကပြောထားပြီးသား "
တီး..တီလ်~
"ဝေဟင် ဘယ်သူလာတာလဲ သွားကြည့်ပါအုံး "
"ဟုတ်အကို "
ဝေဟင်ထွက်သွားပြီမကြာလိုက် ပြန်ရောက်လာသည်
"ခေတ် "
"ယဥ် နေကို "
"အွန်း~ ထမင်းစားနေတာလား အိုး.. ဇရစ်ချဥ်ဟင်းလေး..."
"ခေတ်ရေ ငါလည်းစားချင်တယ် "
"မရဘူးနေကို ငါတောင်ဝေဟင်စီမှာ မနည်းပြောထားရတာ"
"ခေတ် နင်ဂျုတီဒိတ်ကဘယ်တော့ "
"6.17. "
"မလိုတော့ဘူးပဲ "
"အင်း~ငါးရက်ကြိုတက်မလားလို့ "
"ကောင်းတာပေါ့ အိမ်မှာဆိုဘာလုပ်လို့ဘာကိုင်ရမှန်းသိတာမဟုတ်ဘူး "
"ခေတ်လည်းမွေးတော့မှာဆိုတော့ ငါထိုင်းသွားမဲ့ကိစ္စစဥ်းစားရတော့မယ် "
"ဘာလို့ "
"နင်ကလေးမွေးတဲ့ချိန်ငါရှိနေမှဖြစ်မှာပေါ့ "
"အမလေး ပြောဆိုနေပုံက မသိရင်ဗိုက်ထဲကကလေးကနင့်ကလေးအတိုင်းပဲ "
"ငါဖေဖေလုပ်မှာ "
"နင်ကဖေဖေလုပ်ရင် ငါကခေါင်းကိုင်မေမေလုပ်မယ် "
"နန်းတွင်းကားရိုက်နေတယ်ထင်သလား "
ဗိုက်တယောက်ကို အလယ်မှာထားပြီး သူတို့နှစ်ယောက်ကအပ်ကြောင်းထပ်နေသောအကြောင်းရာဖြင့် စကားများနေကြလေသည်
"ခေတ် မင်းသားကဘယ်သူတွေလဲ "
"အခုရေပန်းစားနေတဲ့ မင်းအထွဋ် နဲ့ လူရွေးပွဲကဒရမ်မာကင်း သူရရမောင် "
"လိုက်တော့လိုက်သားပဲ.. "
"နေကိုရေ.. ငါလေ Choco cakeလေးစားချင်တယ် "
"ရော့.. "
ဟန်ပြောသည်နှင့် Chocolate cake အသေးလေးကိုစားပွဲခုံပေါ်တင်ပေးလာသည်
"ယဥ်ရေ.. "
"ရော့.. "
"နင့်အကျင့်ငါသိလို့ ဝယ်လာပေးတာ "
နောက်ထပ်စားပွဲပေါ်ရောက်လာသည့် Chocolate Tea တစ်ဗူး
"ငါတို့လာရင် မှာတက်လို့ဝယ်လာပေးတာနော် များများသောက် ဒီလောက်အချိုတွေစားတာ ဆီးချိုမတက်တာကံကောင်း "
"အေးလေနော် "
"မင်းတို့နှစ်ယောက်က တည့်တော့လည်းချက်ချင်း "
သူပြောတော့မှ မျက်စောင်းပြိုင်တူထိုးကာ ဆန့်ကျင်ရာဘက်စီလှည့်သွားကြသည်
............
"နှစ်ယောက်ထမ်းလေ မနိုင်ဘူး "
"ကင်းကောင် မင်းအရှေ့ကထမ်း "
အလယ်ကစက်အိမ်အား နိုင်လွန်ကြိုးအကြီးနဲ့သေချာချည်လိုက်ပြီး ဝါးလုံးနှင့်ကလန့်ထိုးကာနှစ်ယောက်ထမ်းရတော့သည်
"ကင်းကောင်ဘေးမှာ တစ်ယောက်ဝင်တွဲလေ "
ကင်းကောင် စက်မထမ်းသည့်ဘက်ခြမ်းကို လူတစ်ယောက်ထပ်ဝင်ကာ ပခုံးကနေတွဲရတော့သည်
"ဦးမင်း စိုးဆက်ကိုစောင့်အုံး "
"စိုးဆက်မြေလျှောတယ် ဖြေးဖြေး "
လောပန်း သုံးယောက်က ဆိုင်ကယ်နှစ်စီးဖြင့်လိုက်ဖို့ပြင်နေစဥ် ပိုင်စိုးဆက်ဦးက အိတ်ကြီးတစ်အိတ်ဆွဲကာ လမ်းပင်မလျှောက်နိုင်
"စိုးဆက် ဘာအိတ်လဲမောင် "
"ကစားစရာ "
"ဘာ!!! ဒီအိတ်ကလေ "
"ဟုတ် အားလုံးဝယ်ပေးထားတာကို ဖေဖေကဒီအိတ်နဲ့ထည့်ပေးထားတာ အဲဒါစိုးဆက်မလျှောက်နိုင်ဘူး ဦးမင်းခေါ်နော်.. "
"မခေါ်ဘူး.. နေခဲ့ မင်းကစားစရာတွေနဲ့ တဲတစ်တဲပြည့်လောက်တယ် "
"စိုးဆက်သာနေခဲ့ရင် ဖေဖေက ထားခဲ့တဲ့သူကိုစိတ်ဆိုးလိုက်မယ် ပြီးတော့ စိုးဆက်လမ်းမလျှောက်နိုင်ဘူး လမ်းလျှောက်ရင်လည်း တောကောင်သေးလေးတွေ ချစ်စရာကောင်းတဲ့မျက်နှာလေးကို ရန်တွေ့ကြလိမ့်မယ် "
ကို့ဂုဏ်ကိုဖော် မျက်နှာလေးကိုပါလက်ဖျားနှင့်တောက်လိုက်သေးတော့ လောပန်းတစ်စု ရီကြတော့သည်
"လာ..လာ..အမွှေစိန်.. ဟိုရောက်ရင်ဖေဖေက မောနေမှာ သားကဂရုစိုက်ပေးလိုက်နော် "
"ဦးမင်းသိလား ဖေဖေကပြောတယ် 'ငါ့သား မျက်နှာတွေ့ရင်ကို ဖေဖေကအမောပြေပြီ ' တဲ့ "
မင်းက မင်းဒယ်ဒီနဲ့တူတာကိုလို့တော့မပြောလိုက်
"အတက်ပ "
........
မိုးချုပ်စတွင် ဖြစ်လေသည်
စက်တွေလည်းအကုန်သယ်ယူပြီးပြီ မနက်ဖြန် စက်ဆင်ရမည် သူတို့အားလုံးေမြ နေရာရှင်းလင်းသည်နှင့် ရေချိုးတော့ မိုးပင်ချုပ်သွားသည်
"စိုးဆက် ထမင်းစားမယ် "
ထမင်းစားဖို့ခေါ်နေသည်မှာ ဆယ်ခေါက်ပြည့်တော့မည် ဖုန်းကဂိမ်းကိုသာသဲကြီးမဲကြီးဆော့နေလေသည်
ဖြောင်း~
အ့!
"ငါ့လိ့ဖြစ်လာရိုက်လား "
အရက်သောက်တုန်း ရုတ်တရက်အဆော်ခံရတော့ ပြင်ဆင်ချိန်မရ နာသွားသောဂုတ်ကိုသာပွတ်နေရသည်
"မင်းဖုန်းပေးထားလို့ ငါ့သားအခုထိထမင်းမစားသေးဘူး "
"နောက်ကျနေပြီကို "
"ဪ~ကျုပ်ကရောအားယားနေလို့လို့လား ကျွေးဖို့ခေါ်တော့ ဖုန်းပဲဆော့နေတာကို သွားခေါ်အခု "
"ကလေးတယောက်တည်း ပျင်းနေမှာစိုးလို့ပေးထားတာပါကွာ ခေါ်ပေးရင်ရပြီမလား "
ခဏကြာတော့ ငဟိန်းနှင့်အတူကလေးကပါလာသည်
"မင်းကျွေးလိုက် "
"ဟာ~ ဟေ့ရောင် မလုပ်နဲ့ မင်းအဖေ မင်းကျွေးပေါ့ "
"ငါအရက်သောက်ချင်ပြီး ငါ့သားထမင်းစားနောက်ကျတာ မင်းလုပ်တာ မင်းကျွေး "
"ငါလည်းသောက်မှာဆို "
"လျှာထပ်ရှည်ရင် တပတ်.. "
"သား.ဦးဟိန်းခွံ့မယ်နော် "
တပတ်တိတိ ဆိုရော စကားကချက်ချင်းကိုပြောင်းသွားသည် ကျင်းသားတွေစိတ်ညစ်ရဆုံးအချိန်က စိုးဆက်ကိုထမင်းခွံ့တဲ့ချိန်ဖြစ်သည်
"ဥဟိန်း...မနက်ဖြန်အလုပ်လုပ်ရမှာလား "
"စက်တွေပဲဆင်ရမှာ မျောစင်ဆောက်ရမယ် ဘာလို့လဲ "
စိုးဆက်ကိုထမင်းကျွေးတိုင်း တစ်လုပ်တစ်ခွန်းမေးတက်သည် တစ်ခါတစ်လေ ပေါက်ကရမေးကွန်းတွေမေးတက်သလို ကိုယ်ကလည်းဖြေချင်ရာဖြေ
"ဟိုမှာလို သူငယ်ချင်းတွေနဲ့ဆော့လို့မရဘူးလား "
"စိုးဆက် သူတို့ကပလောက်မှာကျန်ခဲ့ပြီ ဒီမှာကတောပဲရှိတာ မင်းလေးလေးအားတယ် သူ့နဲ့ဆော့ "
"ဥဟိန်း သားကိုချစ်လား "
"ချစ်တာပေါ့ အကုန်လုံးကသားကိုချစ်တယ် "
"အဲဆိုမိန်းမ မယူနဲ့ "
"ဟ~အချိန်တန်ရင်တော့ယူမှာပေါ့ "
"မရဘူး သားကိုယူ "
"ကလေးက ကလေးလိုနေလေ ငါကမိန်းမယူမှာ "
"သားကိုယူပါဆို "
"မင်းကို သာငါစောင့်နေရရင် အသက်ကြီးပြီးသင်္ချိုင်းခြေကြွပြီ နေစမ်းပါအုံးကွ မင်းကဘာလို့းမိန်းမ မယူခိုင်းတာလဲ "
"မသိဘူး သားသိတာ ဦးဟိန်းမိန်းမမယူရဘူး "
"ယူကိုယူမှာ "
ပါးစပ်နားရောက်နေသည့်ထမင်းလုပ်ကို မစားတော့ဘဲ ကိုယ်ပေါ်ကဆင်းပြေးတော့ ပိုင်စိုးဦးမမြင်ခင် လိုက်ရတော့သည်
"စိုးဆက်လေးရေ "
".........."
"မခေါ်တော့ဘူးလား... "
"..........."
"ဟေ့ရောင် ငဟိန်း ကျွေးပြီးပြီလား "
"ကောက်သွားပြီ "
"မင်းကဘာလုပ်လိုက်တာလဲ "
" ' ငါ့ကိုမိန်းမ မယူနဲ့တဲ့သူ့ကိုယူ' တဲ့လေ ငါကမိန်းမပဲယူမယ်ပြောလို့ကောက်သွားတာ "
"မင်းကလဲ ကလေးနဲ့အပြိုင်ပြောနေရလား စိတ်ချမ်းသာအောင်ပြောပေါ့ ငါ့သားအကြောင်းသိရဲ့သားနဲ့ "
မှောင်မိုက်တဲ့ညအခါဝယ် အမဲရောင်ကိုစီခြယ်ထားတဲ့ကောင်းကင်ထက် လခြမ်းကွဲလေးက တစ်စွန်းတစ်စပါဝင်ထားသည်
ရွှတ်!
ဟင်း..~ .....ရွှတ်!
"မင်းအရက်နံ့ မနံဘူးဘူးလား "
"ဖေဖေ့ကိုယ်က အရက်နံ့ကမွှေးတယ်"
'ဦးကိုယ်က အရက်နံ့ကိုသဘောကျတယ် ' အရက်သောက်ရာကပြန်လာတိုင်း တရွှတ်ရွှတ်နမ်းပြီးပြောနေကြစကားလေးက လေထဲကနေပျောက်ကွယ်လုလု..
ဘုန်း~
အ့!
"စိုးဆက် ဘာလို့ရိုက်တာတုန်း "
"သားပြောနေတာ ဖေမှမကြားဘဲ "
"ပြန်ပြော "
"သားတွက်လေ မနက်ဖြန် အပင်အောက်မှာ ကွပ်ပစ်လုပ်ပေးလို့ "
"မင်းလေးလေးလုပ်ခိုင်း ဖေမအားဘူး "
"လေးလေးပြောတယ် ဈေးသွားမယ်တဲ့ "
"လိုက်သွားပေါ့ ကရင်ပြည်နယ်က ကောင်မလေးတွေစိတ်ကြိုက်ကြည့်ခဲ့ "
"ဖေဖေ "
"အင်း~"
"ဖေဖေလို့ "
"ပြော "
"ညမလေးလိုချင်တယ် "
"မင်းဒယ်ဒီရှိမှ ညမလေးကရမှာပေါ့ "
"အဲဆို ဒယ်ဒီခေါ်ပေး "
"စိုးဆက် ဘာလို့အခုမှညမလေးကိုလိုချင်နေရတာလဲ "
"ဦးစီကပြောတယ် မင်းကစားဖော်လိုချင်ရင် မွေးခိုင်းပြောလို့ "
အပြင်ကွပ်ပစ်၌ စိုးဆက်က ပိုင်စိုးဦး၏ကိုယ်ပေါ်မှောက်လျက်သား အိပ်နေလေသည်
"ဖေ သားအိပ်ချင်ပြီ "
"ဒီမှာအိပ် "
လက်မောင်းပေါ် အိပ်ခိုင်းလိုက်တော့ ဂျီမကျတော့ပဲ ချက်ချင်းဝင်အိပ်တော့သည်
"ကိုကြီး သားအိပ်ပြီလား "
"လာခေါ်သွား ငါနေအုံးမှာ "
သူ့ဘေးက သားကို ဒူးထောက်ကွေးချီသွားပြီး ငဟိန်းကသူ့ဘေးနား ရောက်လာသည်
"ကင်းကောင် "
"အင်း ~"
"ကလေးက နောက်နှစ်ဆိုကျောင်းထားလို့ရပြီ မင်းဘာလုပ်မလဲ ဒီတိုင်းမင်းအနားမှာဘဲနေခိုင်းမှာလား "
"ဝန်းသိုပို့မယ် ထွေးဦးနဲ့တူတူ ငါတော့အလုပ်လိုက်အုံးမှာ "
"အင်း ~အခုချိန်လောက်ဆို ဆက်ဟန်ဘယ်လိုနေရမလဲမသိဘူးနော် "
"မြို့လယ်ခေါင်ရဲ့တိုက်အမြင့်ကနေ ညရဲ့အလှကိုကြည့်နေမှာပေါ့ "
"တကယ်လို့ ဆက်ဟန်ကမင်းစီပြန်မလာခဲ့ရင်ရော "
"ဘယ်တော့မှမပြောင်းလဲတဲ့ငါ့အဖြေက သူပြန်မလာရင်ငါလိုက်ခေါ်မယ် "
"မင်းဇာတ်မင်းကနိုင်ရင်ပြီးတာပဲ မနက်ဖြန်အလုပ်စောဆင်းရမယ် အိပ်ယာဝင်နောက်မကျစေနဲ့ "
"ငါအိပ်ယာဝင်နောက်ကျခြင်းက အကျင့်ဖြစ်နေပြီ "
"အကျင့်ကိုလူကလုပ်တာ မင်းပုံစံလည်းမင်းကြည့် မျက်တွင်းတွေဝင်နေပြီ ဆံပင်ကလည်းဂုတ်ထောက် မင်းပုံစံကိုပြောရရင် တာဇံနဲ့တူတူပဲ "
"ပြုပြင်ချင်စိတ်မရှိဘူး ဟန်လာမှသူ့လက်နဲ့ပြုပြင်တာခံချင်တယ် "
"အေးပါကွာ "
"ငါပြီးရင်လိုက်ခဲ့မယ် မင်းသွားနှင့် "
'မင်းအဆင်မှပြေရဲ့လားဟန် နောက်လဆိုခများမွေးနေ့ ကျုပ်ကောင်းကောင်းကြီးမှတ်မိတယ် ပြောစရာစကားလုံးတွေအများကြီးရှိတာမို့ မင်းပြန်လာမှဖြစ်မှာ '
အလုပ်တွေဖိလုပ်နေမိတယ်
ကျုပ်အာရုံထဲ ကျုပ်မျက်လုံးထဲ
ခများပုံရိပ်တွေအချိန်တိုင်းပြည့်နှက်နေလို့
ကျုပ်ကျင်းဆင်းတိုင်း ကင်းတဲစောင့်နေတက်တဲ့ပုံရိပ် ထမင်းဝိုင်း၊
ရေတွင်းတွေ၊ လှေကထစ်တွေ၊
ခများနဲ့အတူရှိခဲ့ဖူးတဲ့
နေရာတစ်ခုချင်းစီကိုမြင်တိုင်း
ကျုပ်ရင်တွေနာရပါတယ်
ခများဝတ်ခဲ့တဲ့ကျုပ်အင်္ကျီတွေမှာ
စွဲထင်ခဲ့တဲ့မင်းကိုယ်သင်းနံလေးကို
ကျုပ်သဘောကျတယ် ခများကိုလဲလွမ်းတယ်
မောင် မင်းပါးမို့မို့လေးကိုနမ်းချင်တယ်
ညဘက်တွေမင်းကိုဖက်အိပ်ချင်တယ်
မနက်စာအတူစားမယ်
မင်းတွက်မောင်ကိုကိုးတွေနေ့တိုင်းဖျော်ပေးမယ်
မင်းသိလားဟန် သားကဟန်နဲ့အကြိုက်တူတယ်
ကိုကိုးဆိုအရမ်းကြိုက်တာ
မောင်နေ့တိုင်းဖျော်ပေးရတယ်
ထွေးဦးဖျော်ရင်လည်းမကြိုက်ဘူး
ခများသားက...
..........
"ဖေဖေ သားသွားမယ်နော် "
"လေးလေးအနားမှာပဲနေနော် လျှောက်မသွားနဲ့ "
"ဟုတ်ဖေဖေ"
"ကင်းကောင်ရာ ငါလည်းပါတယ်ဟ "
"ငါပါတာကိုကစိတ်ပူတာ မင်းက မိန်းမချောချောလှလှတွေ့ရင် လိုက်ကြောင်နေတဲ့ကောင် ငါ့ညီကဈေးဝယ်ရမှာ ငါ့သားသာတစ်ခုခုဖြစ်တယ်ဆိုရင် အစီ မင်းခေါင်းတွက် ဓားမပါကြိုရှာလာ "
"ကလေးတယောက်ကိုတော့ ငါဂရုစိုက်နိုင်တယ်နော် မင်းသာအလုပ်မှာအာရုံလေးထား"
"အစီ သွားမယ် "
ကားကအပြင်မှာဖြစ်တာကြောင့် မင်းမင်းရယ် ၊ အစီရယ် ၊ ထွေးဦးနှင့် သားထွက်သွားမှ စက်ဆင်သည့်နေရာရောက်တော့သည်
"ပိုင်စိုးဦး တစ်ယောက်တည်းဖြစ်လား "
"တယောက်နေခဲ့ "
"အဆင်မပြေဘူး ရေစက်ကရေမတက်ဘူး "
"အစီလည်းပါသွားပြီ ဦးနိုင်ဝင်းကိုလွှတ်လိုက်မယ် "
စက်အင်ဂျင်တွေပါကိုင်လိုက်ရတော့ အမဲဆီတွေက တကိုယ်လုံးရစရာမရှိ
သူတို့အားလုံးပြီးချိန်ဆို နေ့လယ်ပင်ရောက်နေပြီ ထမင်းချက်သမားမရှိတော့ သူဌေးကိုယ်တိုင်မီးဖိုချောင်ဝင်ရသည့်အခြေနေ
"ကင်းကောင် ငါ့မှာမုန့်ရှိတယ် "
"တော်ပါ ကျုပ်အရက်ပဲသောက်ချင်တာ "
"လက်ကျန်တွေလည်းမနေ့ကဖြတ်လိုက်ပြီ ဈေးသွားတဲ့လူတွေကဘာလို့အဲလောက်ကြာရတာလဲ "
"လာပါပြီကွာ "
"ဟေ့ရောင်တွေပစ္စည်းတွေလာသယ်ပေး "
"မင်းတို့ဘာလို့အဲလောက်ကြာရတာလဲမောင် "
"ဟင်းစားတပတ်စာ ဝယ်ပြီးဆိုင်တွက်ဝယ်ရသေးတယ် ဒီချိန်ရောက်တာကံကောင်း "
"ဖေဖေဗိုက်ဆာပြီလား "
"ဆာတာပေါ့ မင်းရော ဘာစားထားလဲ "
"မင်းသားမပြောနဲ့ ဈေးထဲကအမကြီးတယောက်ဆိုင်မှာဝင်ထိုင်နေတာ ငါတို့ဝယ်ပြီးတဲ့အထိပဲ "
"သူများကိုအားနားစရာ ဘာထိုင်လုပ်နေတာတုန်း ဖေပြောတယ်လေ လေးလေးအနောက်ကိုလိုက်နေပါဆိုတာကို "
"အဲအမကချောချောလေး ဖေဖေရဲ့ ပြီးတော့လေ စိုးဆက်စားတာပိုက်ဆံမယူဘူး ဖေဖေတွက်ပဲယူတယ် "
"မင်းသားဘယ်လောက်စားလာလဲမေးအုံး "
"ဘာတွေစားလာလဲ ပြောပါအုံး "
ခပ်ပွပွအင်္ကျီလေးကိုဗိုက်ကထိနေလေသည်
"ကြက်ဆီထမင်း ၊ ဆိုင်ဖျော်ကတစ်ခွက် အီကြာကွေးကနှစ်ချောင်း "
"ဘုရား သူများဆိုင်မှာအဲလောက်စားရသလား ကိုယ်နဲ့သိတာလဲမဟုတ် "
"သားပိုက်ဆံပေးတယ်သူမယူတာ ပြီးတော့ သားရဲ့အနမ်းလှလှလေးပေးလိုက်ရတယ် "
"ဪ~ငါမင်းကိုမနိုင်တော့ဘူး ပိုင်စိုးဆက်ဦးရေ "
ထွေးဦးက ဆိုင်ပစ္စည်းတွေချနေပြီး သားကငဟိန်းနားရောက်နေသည် သူ့အတွက်လို့သတိတရဝယ်လာသည်ခေါက်ဆွဲကြော်လေးကိုဖွင့်စားမည်အလုပ်..
"ထွေးဦး!!!!"
"ဗျာ "
"မင်းဘာစားထားလဲ "
"ဘာစားရမှာ သွားကတည်းကကျုပ်မှာဈေးလိုက်ဝယ်နေရတာကို "
"လာစားမလား ငါတစ်ဝက်ချန်ထားပေးမယ် "
"မလုပ်ပါနဲ့ မင်းသားသိရင် ကျုပ်ကိုကောက်နေလိမ့်မယ် အစီဝယ်လာပေးလားမသိဘူးကျုပ်တွက်ရှိတယ် "
"အင်း ~ပြီးရော "
သူ့ညီဘက်မျက်နှာမူပြီး အရှေ့ဘက်ပြန်လှည့်တော့ ဟန်ကသူ့အရှေ့ရောက်နေလေသည်
'ဟန်.. ဘယ်ကနေဘယ်လို '
'ဟန်က ဦးအနားမှာအမြဲရှိတယ်လေ '
'မောင်အရမ်းပျော်သွားပြီ စားမလားဟန် မောင်ခွံပေးမယ် သားက မောင့်အတွက်ဝယ်လာပေးတာလေ '
'သားကတော်လိုက်တာ '
'ဒါပေါ့ မင်းကမွေးထားတဲ့ကလေးလေ '
အစားကိုရှေ့မှာထားပြီးစကားတတွတ်တွတ်ပြော ရီနေသော ပိုင်စိုးဦးကိုကြောင်ကြည့်နေပြီးမှ သတိရကာ ထွေးဦးအား လက်တို့ရတော့သည်
"ကိုကြီး "
"ဟန်~ မောင့်ဟန် "
"ဘယ်မှာလဲမရီးက "
"ဒီမှာအရှေ့မှာ အခုလေးတင်ရှိသေးတာ "
"မဟုတ်တာကွာ မင်ထင်ယောင်ထင်မှားဖြစ်နေတာ "
"မင်းကြောင့် ငါ့ဟန်မရှိတော့ဘူး "
ခွပ် ~
ပိုင်စိုးဦး၏ထိုးချက်ကြောင့် ထွေးဦးက နောက်ပြန်ကျသွားပြီး ငဟိန်းနှင့် အစီက ဝင်ဆွဲပြီး ထွေးဦးကိုမူ ငလုံးကလာထူရသည်
"ပိုင်စိုးဦး မင်းစိတ်ထိန်းစမ်း "
"သူကြောင့် ကျုပ်ဟန်မရှိတော့ဘူး "
ဆက်ထိုးဖို့လုပ်နေသူကို နှစ်ယောက်သားချုပ်ထားရသည်
ပါးစပ်ထဲကငန်ကျိကျိအရသာအရ နှုတ်ခမ်းပေါက်သွားပြီသိသော်လည်းအကိုအားစိတ်မဆိုးနိုင်
"ကိုကြီး စိတ်ထိန်းစမ်းပါကွာ မရီးကမရှိဘူး "
"မဟုတ်ဘူး ငါ့ဟန့်ငါ့စီလာတယ် "
အား!!!!!!!
ဂလွမ်း~
"ပိုင်စိုးဦးမင်းမောနေပြီ ရေသောက် "
ရေသောက်ပြီးသိပ်မကြာလိုက် ပိုင်စိုးဦးတစ်ယောက် မြေပေါ်သို့ကျတော့သည်
"ကိုကြီး!!!"
"ဟေ့ရောင် ငလုံး မင်းကျုပ်အကိုဘာတိုက်လိုက်တာလဲ "
"ဘာမီတွန် ဆေးကများလို့ ညနေလောက်မှနိုးလိမ့်မယ် "
"ဘာ!!!"
"ဟေ့ရောင် ငလုံးဘာလို့အဲလိုလုပ်တာလဲ "
"အဲလိုမလုပ်ရင် ဟိုကောင်ဆက်ထိုးမှာလေ ပြီးတော့ ဟန်.
ဟန်..ဟန်..လိုက်မေးတော့မှာ ဘယ်သူမှထပ်ခါတလဲလဲမဖြေနိုင်ဘူး မကြည့်ရက်ဘူးကွာအဲတော့အိပ်ခိုင်းလိုက် နိုးရင်သူ့ဘာသာဆင်ပြေသွားလိမ့်မယ် "
ထို့နောက် လူစုခွဲကြပြီး အကိုအား အိပ်ယာပေါ်တင်ပေးခဲ့ရသည် တူကိုကြည့်တော့ ဘာမှမသိမျက်လုံးပေကလပ်ပေကလပ်နှင့်
..........
"အဲကောင်က ရူးသွားပြီ"
"လင်တရူးလေ "
ဟားလ်....ဟား....ဟာလ်.....
ခွမ်း~
အရက်ဝိုင်းတည်နေသည့် ကျင်းသားအသစ်သုံးယောက်နားသွားကာ အဲထဲမှတယောက်ကိုအရက်ပုလင်းနှင့်ရိုက်ခွဲလိုက်သည်
"မင်း!!!! "
"ဆက်ပြောလေ ငါ့အကို ကိုအရူးလို့ဆက်ပြောရင်အခုလိုပုလင်းနဲ့ရိုက်မှာမဟုတ်ဘူး နံကြားထဲဓားမြှောင်ဝင်လာမယ် "
"ထွေးဦး ဘာလို့အမြဲတမ်းလက်ပါချင်နေရတာလဲ "
"ကိုကြီးနိုးပြီ ဘယ်လိုနေသေးလဲ ၊ မူးနေလား ၊ ကျုပ်ဘာလုပ်ပေးရမလဲ "
"ဖြေးဖြေးမေးစမ်းပါကွာ ဘာမှမဖြစ်ဘူး ငါတောင်အိပ်ရေးဝသွားသေးတယ် "
"ဒီကောင်တွေက မင်းကိုအရူးလို့ပြောနေတာမခံနိုင်လို့ ရိုက်လိုက်တာ "
"သူတို့ပြောလည်းပြောချင်စရာပဲကိုကွာ ငါ့ကိုငါတောင် တစ်ခါတလေရူးနေပြီလို့ခံစားရတယ် "
"မဟုတ်တာဗျာ... "
"ငါလေ ဟန်ကိုအရမ်းသတိရတာပဲ "
"ကိုကြီးရာ.. ကျုပ်လဲဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး "
အရင်ကလိုတက်တက်ကြွကြွမရှိသည့် အကိုက အခုလည်းမှိုင်ကျသွားပြီး အထဲပြန်ဝင်သွားသည်
*Please is Vote and comment *
........................................................................
Zaw
"ငလုံး က်ဳပ္ေနာက္လိုက္ခဲ့ေပးပါလား "
"မင္းကဘယ္သြားမလို႔လဲ "
"ပိေတာက္ပန္းသြားခူးမလို႔ "
"သြားမယ္"
သူတို႔ေတာရဲ႕တေနရာသို႔ဝင္ၿပီး ပိေတာက္ပန္းအလုံေလာက္ရေတာ့ ျပန္ထြက္လာသည့္ခ်ိန္ကေမွာင္ရီပ်ိဳးစျဖစ္ေနၿပီ တဲကိုေရာက္ေတာ့မိုးပင္ခ်ဳပ္ေနေလၿပီ
"ေဖေဖ ဟိုမွာေရးေရး "
သူၫႊန္ျပသည့္ေနရာကိုၾကည့္ေတာ့ ပိေတာက္ပန္းခက္တစ္ပုံႏွင့္ သူ႕ညီ
"စိုးဆက္ ဘာပါလာလဲသိလား "
"ပိေတာက္ပန္းေလ "
"စိုးဆက္ကသိတာလား ေလးေလးကမသိဘူးထင္တာ "
"ဥဟိန္းေျပာျပတာ "
"စိုးဆက္ ဒီဖက္လွည့္ "
ပိေတာက္ပန္းလာေတာ့ ထမင္းစားေနသူကအာ႐ုံမလာေတာ့ ပိေတာက္ပန္းႏွင့္သားကိုတြဲျမင္ေတာ့ တေယာက္ေသာသူကိုျမင္ေယာင္လာမိသည္
"ေလးေလး သားေခါင္းမွာပန္ခ်င္လို႔ "
"မရဘူးစိုးဆက္ အခုကညေရာက္ေနၿပီမနက္မွ ပန္ေနာ္ေလးေလး ေရထဲထည့္ေပးထားမယ္ "
"ဟုတ္ ၊ ေဖေဖသားဗိုက္ဝၿပီ "
"အဲဆိုသြားကစားေတာ့ ေဖေဖစားအုံးမယ္ ေလွ်ာက္မခုန္နဲ႕ေနာ္ အခုမွထမင္းစားထားတာ "
"ဟုတ္ဦး "
သားကိုေသခ်ာၾကည့္ၿပီး အေရွ႕ကပိေတာက္ပန္းဘက္ျပန္ေရာက္သြားေတာ့ သူ၏မ်က္လုံးထဲဟန္က ပိေတာက္ပန္းအခက္ေလးကိုေခါင္းတြင္ပတ္ၿပီး သူ႕ေရွ႕တြင္ၿပဳံးရီေနေလသည္
"ဟန္ "
ေျပာလည္းေျပာ လြမ္းေနရသည့္အေငြ႕သက္ကေလးကိုေျပးဖက္လိုက္ၿပီး တင္းတင္းက်ပ္က်ပ္ဖက္ထားလိုက္သည္
"ကြၽန္ေတာ္လြမ္းေနတာ ခမ်ားျပန္လာမယ္ထင္သားပဲ "
"ဟန္~ ဘာလဲ ကြၽန္ေတာ့္ကိုစိတ္နာေနတာလား "
"ဟန္တစ္ခုခုေျပာေလ "
ဗန္း~
လူကိုက်စ္ေအာင္ေအာင္ဖက္ထားသူအားလြတ္ေနသည့္လက္တစ္ဖက္ျဖင့္ င႐ုတ္ေျခာက္လွမ္းသည့္လင္ဗန္းကိုယူကာ အားပါပါရိုက္ခ်လိဳက္သည္
အ့!
"မွတ္ပလား ဟန္မဟုတ္ဘူးက်ဳပ္ ခမ်ားညီ "
႐ုတ္ခ်ည္းေျပာင္းလဲသြားေသာျမင္ကြင္းမွာ သူဖက္ထားတာဟန္မဟုတ္ဘဲ ေထြးဦးျဖစ္ေနသည္
"မရီးကိုလြမ္းတာ ငါမေျပာလိုဘူး မင္းစိတ္ကိုထိန္း "
"ငါဘယ္လိုထိန္းရမလဲ ပိေတာက္ပန္းျမင္တာနဲ႕ ဟန္နဲ႕တြဲၿပီးငါ့မ်က္လုံးကျမင္လာတာ ငါတားမရဘူး "
"ကိုႀကီးရာ "
"မင္းသိလားေထြးဦး ဒီပိေတာက္ပန္းေတြကႏွစ္တိုင္းမင္းမရီးေခါင္းေပၚငါတင္ေပးေနၾက ေတာ္ၿပီမစားေတာ့ဘူး မင္းသိမ္းလိုက္ သားကိုလည္းမင္းသိပ္လိုက္ေတာ့ "
အခန္းထဲေရာက္ေတာ့ စာအုပ္ကေလးဖြင့္လိုက္ၿပီး
~ေခါင္းေပၚကပိေတာက္
နား႐ြက္ၾကားက ပိေတာက္
ပိေတာက္လည္ဆြဲနဲ႕ဟန္က
ေမာင့္တြက္ ၿငိတြယ္ရာျဖစ္ၿပီး
ပိေတာက္ပန္းေတြနမ္းသလိုလိုနဲ႕
ခိုးနမ္းခဲ့ရသည့္ပါးျပင္ကေလး
ပိေတာက္ေတြပြင့္ၿပီဟန္..
ေနာက္ ပိေတာက္ပန္းဘယ္ႏွခါပြင့္ရင္
ေမာင္တို႔ျပန္ဆုံမလဲ ~
~ခမ်ားကစခ်စ္မိတဲ့ေန႕ကတည္းက
ေမာင္အရမ္းပင္ပန္းရတယ္၊
မင္းအတြက္နဲ႕ ေမာင့္စိတ္ေတြ
ပင္လယ္ျပင္ထဲကဝဲကယက္လို
ေမာင္႐ုံးထြက္နိုင္မယ္ထင္ခဲ့တာ
တကယ္တမ္း ေမာင္ေသဆုံးလို႔
ဝိဉာဥ္ျဖစ္ရင္ေတာင္ မင္းစီကမ႐ုံးထြက္နိုင္မယ္မထင္ေတာ့ဘူး..
...........
"အကိုငါတို႔ဘယ္နားစခန္းခ်မလဲ "
သၾကၤန္ၿပီးဆယ္ရက္ေလာက္ၾကာေတာ့ ေက်းဇူးေတာ္ေတာင္ၾကားေျပာင္းလာၾကသည္
"ကားရပ္လို႔ရတဲ့ေနရာထိဝင္ၿပီးအဲမွာနားမယ္ က်န္တာေနာက္မွဆက္ေျပာရေအာင္ "
သူတို႔ကားလို႔ရတဲ့ေနရာနားထိ ကားထိုးလိုက္ၿပီးအရင္ဆုံး ေလာပန္းတို႔တြက္တဲထိုးဖို႔ျပင္ရသည္ မိန္းမသားတေယာက္မွမပါ၍ အကာကြယ္အလုံၿခဳံဆုံးျဖစ္ေအာင္မလို ၿပီးသည္ႏွင့္ စက္ေတြကားေပၚကထမ္းခ်ကာ ခဏနားေနခိုက္
"ေဖေဖေမာေနၿပီလား "
"အေပၚကဖယ္စိုးဆက္ ေခြၽးေတြနဲ႕ေဖေဖမွာ့ "
"ေဖေဖေခြၽးကေမႊးတယ္ "
"ေဟ့ေရာင္စိုးဆက္ ကပ္ခြၽဲမေနနဲ႕ေဟ့ေရာင္ဒီမွာမုန့္ဆိုင္မရွိဘူး "
"ကိုႀကီး ငါေလာပန္းနားခဏသြားအုံးမယ္ "
"ေအး "
သူ႕တို႔အလုပ္သမားတစ္စုက ကားေအာက္မွာပဲဝင္နားၿပီး ေလာပန္းတစ္စုရွိသည့္ တဲကိုသူသြားလိုက္သည္ ဟိုေရာက္ေတာ့ဦးသက္ပါရွိေနေလသည္
"ေလာပန္းတို႔ကို ကြၽန္ေတာ္ေျပာစရာရွိလို႔ "
"ေျပာ"
"ဒီမွာက အဝင္ထြက္မလြယ္ေတာ့ ကြၽန္ေတာ္ဆိုင္ေထာင္ခ်င္လို႔ ႏွစ္ပတ္တစ္ခါအျပင္ထြက္ရင္လိုအပ္တာေလးဝယ္အလားလို႔ "
"ငါလည္းအဲကိစၥကိုေျပာေနတာေထြးဦး "
"ဦးသက္ကဘယ္လိုစီစဥ္ထားလဲ "
"ငါတို႔လူေတြက အရက္မရွိရင္ေနနိုင္တာမဟုတ္ဘူး ဆိုင္ေထာင္တဲ့အခါက်ရင္ မုန့္နည္းနည္းနဲ႕အရက္ဝယ္တင္ "
"မင္းကလဲဆိုင္ေထာင္ခ်င္တာဆိုေတာ့ ဒီဆိုင္ကိုမင္းလုပ္ စားဖိုမႈးကိုလည္းတာဝန္ယူ ႐ြာသားေတြေျပာတာက ေတာထဲမွာ အမဲလိုက္၊ မွိုရွာ၊ မွ်စ္ရွာလူေတြလာတက္တယ္ အဲဒီလိုလာရင္မင္းလိုက္သြား ငါလစာပိုေပးမယ္ ၿပီးေတာ့ဒီမွာငွက္ဖ်ားေပါတယ္လို႔ၾကားတယ္ လိုအပ္တဲ့ေဆးအစုံဝယ္"
"ဟုတ္ေလာပန္း "
"ဖုန္းလိုင္းကလဲမမိဘူး "
"ဒီမွာေတာင္မမိရင္ ေတာင္ၾကားထဲေရာက္ရင္ပိုခက္မွာ ေတာင္ေပၚတက္ရင္ေတာ့ ဖုန္းေျပာလို႔ရတယ္ "
"ေတာ္ေသးတယ္အကို ငါတို႔ဆိုင္ကယ္ႏွစ္စီးယူလာလို႔ "
"အင္း ~"
ထိုသို႔ျဖင့္ဆိုင္ေထာင္ဖို႔ျဖစ္လာၿပီး ဒီမွာပင္တစ္ညတည္းၾကရသည္
"ကိုႀကီး မင္းကားေအာက္မွာအိပ္ "
"ေဟ့ေရာင္ကင္းေကာင္ ျခင္ေဆးယူလာလား "
"ေမ့ခဲ့တယ္ "
"ေကာင္းေရာ "
"ပိုင္စိုးဆက္ဦး ဦးမင္းစီမွာအိပ္မလား "
"သားေဖနဲ႕ဖက္အိပ္မွာ "
"ေအးပါေဖခ်စ္ကေလးရယ္ ၊ ေထြးဦး ငါ့စီမွာျခင္ေဆးလာယူ "
"ဟုတ္ကိုမင္းမင္း "
"ေဖေဖ သားေလအိမ္မက္ထဲမွာ ဒယ္ဒီကိုေတြ႕တယ္ သားကိုလိုက္မလားတဲ့ "
"ဒါကအိမ္မက္ပါကြာ "
ပိုင္းစိုးဦးတို႔ပခက္နားတြင္ ငဟိန္းႏွင့္ ေထြးဦးပါ အိပ္ၾကေလသည္
"ေဖေဖ သားကိုပုံျပင္ေျပာျပ "
"ဘာပုံျပင္ေျပာျပရမလဲ "
"ယုန္ေလးပုံျပင္ "
"အင္း~သားကမ်က္လုံးမွိတ္ၿပီးနားေထာင္ေနာ္ .. ဟိုးေရွးေရွးတုန္းက ေတာထဲမွာေပ်ာ္ျမဴးေနတဲ့ယုန္ျဖဴေလးတစ္ေကာင္ရွိသတဲ့..တေန႕မွာယုန္ျဖဴေလးအစာစားေနတုန္း တစ္ေယာက္ေယာက္ကလာၾကည့္ေနတာ အဲဒါနဲ႕ယုန္ျဖဴေလးကလည္းလန့္ၿပီးေျပးပါေလေရာ ယုန္ျဖဴေလးကေျပးေတာ့ဟိုက လိုက္တာေပါ့....."
"ယုန္ျဖဴေလးေနာက္ကိုဘာလို႔လိုက္တာလဲဟင္ "
"အ႐ူးႀကီးက ယုန္ျဖဴေလးကိုသေဘာက်လိဳ႕ေလ "
"အ႐ူးႀကီးက စားမလို႔လား ယုန္ျဖဴေလးသနားပါတယ္ ေနာ္ဦးဟိန္း "
"ေဟ့ေရာင္ကင္းေကာင္ ယုန္ျဖဴပုံျပင္ေျပာတိုင္းမင္းအမွတ္လဲမရွိဘူး ေမးၿပီေျဖလိုက္ေတာ့ "
"အ႐ူးႀကီးက ယုန္ျဖဴေလးကိုအနားမွာေခၚထားတာ မ်က္စိေအာက္ကအေပ်ာက္မခံဘူး ဘာလို႔လဲဆိုတာသိလား ေဖေဖနဲ႕သားလို႔ေပါ့ "
"ဟီး..ေဖေဖကိုခ်စ္ ဒယ္ဒီလည္းခ်စ္ "
"အိပ္ေတာ့ "
သားအိပ္ေပ်ာ္သြားေတာ့ အေတြးတစ္ခ်ိဳ႕ကစတင္ဝင္ေရာက္လာသည္ 'တကယ္ပဲ သားကိုလာေခၚမွာလားဟန္ '
..........
ျဖဴစြတ္စြတ္ေကာင္းကင္ႀကီးရယ္ လယ္ကြင္းစိမ္းစိမ္းေတြႏွင့္ အမ်ိဳးမည္မသိေသာပန္းရနံတို႔လည္းထုံလႊမ္းေနေသးသည္
"ဒါဘယ္ေနရာလဲ ငါဘယ္ကိုေရာက္လာတာလဲ "
လယ္ကြင္းကေန လမ္းအေသးေလးအတိုင္းသူေလွ်ာက္လာမိသည္ အေဘးဘက္ေတြၾကည့္ေတာ့ ေလးဖက္ေလးတန္အဆုံးမရွိသည့္စိမ္းစိုးစိုလယ္ကြင္းက်ယ္ သူဆက္ေလွ်ာက္လာေတာ့ သာယာေသာေတးသံကေလးႏွင့္ပန္းေမႊ႕နံတစ္ခု
~သစ္႐ြက္ႏုေတြ ပြင့္ေဝႏြေဦးမိုးေရ
ဘယ္ဆီလြင့္မလဲ ႐ြက္ေႂကြအိုတို႔ဘဝ
အၿမဲစိမ္းလန္း လွပနိုင္ဖို႔
႐ြက္သစ္တို႔အတြက္ ေဘးဖယ္လြင့္ေႂကြခရီး~
စက္ကလာေသာအသံႏွင့္မတူ ေဆြးေျမ့ေနသလိုဩရွရွအသံေလး သူအသံလာရာသြားလိုက္ေတာ့ ေကာ္ပတ္႐ုပ္ကေလးအသက္ဝင္ေနသလို စည္းခ်က္တိုင္းယိမ္းႏြဲ႕ေနသည့္ လူတစ္ဦး ႐ုတ္တရက္လွည့္ခ်ိန္ျဖတ္ခနဲျမင္လိုက္ရေသာျမင္ကြင္းက သူ႕ႏွလုံးသားအားရိုက္ခတ္ေစသည္
"ဟန္ "
"ခမ်ားဘယ္သူလဲ "
ခမ်ားဆိုသည့္နာမ္စားက သူ႕အားေလွာင္ရီလာၿပီး သူစိမ္းဆန္ဆန္ေျပာဆိုေနပုံက မသိတဲ့လူအတိုင္း 'စိတ္ေကာက္ေနတာမ်ားလား '
"ဦးေလ မင္းရဲ႕ဦး "
"မသိဘူး ဘယ္ကလဲ ဘာလာလုပ္တာလဲ ဘယ္လိုေရာက္လာတာလဲ "
"အိုးဟိုး..အေမးေတြမ်ားလိုက္တာ အိမ္ေပၚမေခၚေတာ့ဘူးလား "
သူေျပာေတာ့လည္း မ်က္ေစာင္းတခ်က္ပင့္ကာအိမ္ေပၚေခၚေလသည္ တစ္ထပ္တိုက္သစ္သားအိမ္ေလးမွ ဖိနပ္ထားသည့္ေနရာကအစ ဧည့္ခန္းထဲထိအလြန္ကိုသန့္ရွင္းသန့္ရပ္ေလသည္ နံရံေဆးေရးေတြကအစအျဖဴေရာင္ေတြခ်ည္းသုံးထားသည္ 'ဟန္ကအမဲႀကိဳက္တာေလ အႀကိဳက္ေျပာင္းသြားတာမ်ားလား '
"ဒီကိုဘယ္လိုေရာက္လာတာလဲ "
"မသိဘူး သီခ်င္းသံေနာက္လိုက္ရင္းေရာက္လာတာပဲ ဒါနဲ႕ဟန္ကဘာလို႔ဒီေရာက္ေနတာလဲ "
"ဒါငါ့အိမ္ "
"ငါတဲ့ သူစိမ္းဆန္လိုက္တာ "
"ဒါေပါ့ ခမ်ားနဲ႕ငါကသိမွမသိတာ "
"က်ဳပ္စြန့္လႊတ္မိလို႔ စိတ္ေကာက္ေနတာလား "
စကားလည္းေျပာ မ်က္စိကလည္းေနရာေပါင္းစုံလိုက္ၾကည့္ၿပီးတေနရာတြင္ အၾကည့္တစ္စုံတို႔ရပ္တန့္သြားသည္
"ဟန္~ ဒီမိန္းမဘယ္သူလဲ "
ပုံထဲတြင္ ဟန္၏ပါးအား ပုံတြင္ပါေသာမိန္းမကေလးကနမ္းေနသည္ ေနာက္တစ္ပုံတြင္ ၃ႏွစ္႐ြယ္ကေလးငယ္ပုံ
"ဒီကေလးက "
ထိုခ်ိန္ ပုံတြင္ပါေသာမိန္းကေလးလဲေရာက္လာသည္
"ေဖေဖ "
ေဖေဖဆိုၿပီး သူ႕အနားေရာက္လာသလိုမ်က္ႏွာအစိတ္ပိုင္းေတြကိုလိုက္ၾကည့္ေနေသးသည္
"ဒယ္ဒီ ေဖေဖမလားဟင္ မီးရဲ႕ေဖေဖမလား "
"မင္းအေဖကေသၿပီ "
"ဟုတ္ဘူး ေဖေဖမွေဖေဖအစစ္ "
"ေနပါအုံး.. ဟန္..ဘာေတြလဲ.. သူကဘာလို႔က်ဳပ္ကိုအေဖေခၚေနတာလဲ "
"သိပ္သိခ်င္ေနလား ဟမ္~ငါတို႔သားအဖကို ခမ်ားစြန့္ပစ္လိုက္တာေလ "
"မဟုတ္ဘူး...ေနာ္...ဒီကေလးမရွိဘူးေလ အခုကေရာဘယ္လိုႀကီးလာတာလဲ "
"ငါ့သားဘယ္မွာလဲ "
"ေဖေဖ ကိုႀကီးေရာ "
"မသိဘူး က်ဳပ္ဘာမွမသိဘူး..အား.........မလာနဲ႕.... က်ဳပ္သားကိုမေခၚသြားနဲ႕.. က်ဳပ္ေတာင္းပန္ပါတယ္......"
"မီးက ကိုႀကီးကိုေတြ႕ခ်င္ေနတာ ကိုႀကီးေခၚသြားမွာ "
"မရဘူး မင္းလဲငါ့သမီးမဟုတ္ဘူး ငါ့မွာသားတစ္ေယာက္ပဲ...... မင္းကေရာ က်ဳပ္ဟန္မဟုတ္ဘူး.... မင္းဘယ္သူလဲ "
"ငါက ဟန္ပဲ ငါ့သားငါလာေခၚတာ "
"မရဘူး... မေခၚပါနဲ႕ .....အီး.....ဟီး.....က်ဳပ္မွာသားတေယာက္ပဲရွိတာ ေခၚသြားလို႔မရဘူး "
"ကိုႀကီးကိုထည့္လိုက္ပါ "
"မရဘူး!!!!!!!!! "
အား!!!!!!!!!!
"ကိုႀကီး!!"
"ေဟ့ေရာင္ ပိုင္စိုးဦး "
သူ႕နားထဲ သူ႕ညီေခၚသံၾကားေတာ့ သားမပါေအာင္ ေျပာခိုင္းရမယ္
"ေထြးဦး ငါ့သားလာေခၚေနတယ္"
သူေအာ္ေျပာေနေသာ္လည္း စကားသံကမထြက္လာ သူ႕ညီေခၚသံကိုသာၾကားေနရသည္ ေနာက္ေတာ့ငဟိန္း၏အသံပါၾကားေနရၿပီး သူေျပာေသာ္လည္း စကားလုံးတို႔ကအျပင္ထြက္မလား
"ေဖေဖ"
'သား 'ဟုတ္တယ္ ငါ့သားအသံပဲ အသံကဘယ္နားကလဲ ေခၚသြားမွာဆိုသည့္အသံေတြကလည္းက်ယ္ေလာင္လာသလို တစ္ခ်က္တစ္ေလမွ သား၏အသံအားၾကားရသည္
"ေဖေဖ "
ဟုတ္တယ္ အသံကဒီဘက္က ၊ အသံလာရာအတိုင္းသူလိုက္သြားေနမိၿပီး ပတ္ဝန္းက်င္ကအလင္းတစ္စေလာက္ပင္မျမင္ရ ေမွာင္ပိန္းေနသည္
"ေဖေဖ "
"သား!!!!!! "
သားကိုအသကုန္ေအာ္ေခၚကာ မ်က္လုံးဖြင့္လိုက္ေတာ့ သူ႕မ်က္ႏွာေရွ႕ ေထြးဦးႏွင့္ငဟိန္းကေၾကာင္စိစိ မ်က္ႏွာတစ္ဝိုက္တြင္လည္းေခြၽးေစးတို႔ျပန္ကာ အသက္ရႉျမန္ေနၿပီး ဘာျဖစ္သြားမွန္းမသိ
"ေထြးဦး ငါ့သားေရာ "
"ေဖေဖ "
"သား... သား.ေဖေဖစီမွာေနရမယ္ေနာ္ ဘယ္မွမသြားရဘူး... ဘယ္သူေနာက္မွမလိုက္ရဘူး... သားသာေဖေဖကိုထားသြားရင္ ေဖေဖရင္ကြဲရလိမ့္မယ္ "
ကေလးမ်က္ႏွာအားလက္ႏွစ္ဖက္ျဖင့္ကိုင္ကာ တတြတ္တြတ္ေျပာေနသည့္အကိုကိုၾကည့္ၿပီး ငိုခ်မိသည္
"မင္းပါငိုေနလို႔မျဖစ္ဘူး ေထြးဦး "
"ဒါမဲ့ငဟိန္းရာ က်ဳပ္အကိုတစ္ေယာက္လုံး ဒီလိုျဖစ္ေနတာ ညီျဖစ္တဲ့က်ဳပ္မၾကည့္နိုင္ဘူး ၊ က်ဳပ္ဘယ္လိုႏွစ္သိမ့္ေပးရမလဲက်ဳပ္မသိဘူး "
"ႀကိဳးစားၾကည့္စမ္းပါ ပိုင္ေထြးဦး "
တဖန္ အကိုဘက္လွည့္ၾကည့္ေတာ့ သားကိုတင္းေနေအာင္ဖက္ထားေလသည္
"ကိုႀကီး..သားက မင္းနဲ႕က်ဳပ္တို႔စီကထြက္သြားလို႔မရပါဘူး.. မင္းအိမ္မက္မက္ေနတာ "
"မဟုတ္ဘူး ..ဟန္ကေသခ်ာေပါက္လာေခၚမွာ ၿပီးေတာ့သမီး..ငါ့သမီးလဲရွိတယ္ "
"ကင္းေကာင္ မင္းမွာစိုးဆက္ေလးတစ္ေယာက္ပဲရွိတာေလ မင္းစိတ္ထဲစြဲေနတာပါကြာ... မင္းသားလည္းအခုမင္းေဘးမွာရွိေနတာပဲ "
'ဟုတ္တယ္ ' သားက ငါ့စီမွာပဲရွိတယ္ ၊ သမီးလဲမရွိဘူး ၊ ဒါအိမ္မက္
"ေဖေဖေရ.. "
ေလးႏွစ္ေက်ာ္ေက်ာ္ကေလးက လူႀကီးကိစၥေတြမသိေပမဲ့ ဖေအဆင္မေျပျမင္ေတာ့ တိတ္တိတ္ကေလးသာေနၿပီး အခုလည္းေရခြက္ေလးကိုင္ကာ..
"ေဖ့သားေတာ္လိုက္တာ.. "
ကေလးႏွင့္အျပန္လွန္ေျပာဆိုေနၿပီး တည္ၿငိမ္လာစရွိေသာ္အကိုအားၾကည့္ကာ သက္ျပင္းခ်နိဳင္ေတာ့သည္
"ကိုႀကီး ထေတာ့ေနရာမွာတဲအရင္ဝင္ထိုးရမယ္ "
"အင္း ငါလာမယ္.. "
"သားဒီမွာပဲ ဖိုးဖိုးတို႔နဲ႕ေနခဲ့ေနာ္ ေဖေဖအလုပ္ခြင္သြားရမယ္ "
"ဟုတ္ ေဖေဖ"
မ်က္ႏွာကျပာကယာသစ္ၿပီး အလုပ္ေနရာထဲအကုန္ဝင္ၾကေတာ့ စိုးဆက္တေယာက္သာက်န္ခဲ့ေလသည္
"ဖိုးဖိုးတို႔နဲ႕ ဦးမင္း စိုးဆက္လာတယ္ "
"တေယာက္တည္းလားစိုးဆက္ "
"ဟုတ္ ေဖေဖကဒီမွာေနခဲ့တဲ့ "
"ဘာစားၿပီးၿပီလဲ "
"စားရေသးဘူး "
စိုးဆက္တို႔ထုံစံအတိုင္း လည္ပင္း၌ေရဗူးအလွေလးဆြဲထားရင္ အဲဒါကိုကိုးေဖ်ာ္ထားတာျဖစ္သည္ သူၾကည့္ေတာ့ စိုးဆက္ကရိပ္မိသည့္အလား
"ဦးဟိန္းက ကိုးေတြေဖ်ာ္ေပးခဲ့တာ "
"အခ်ိဳေတြေန႕တိုင္းစားေနတာ သြားပိုးစားမွာမေၾကာက္ဘူးလား "
"ေၾကာက္ဘူး ေဖေဖက တစ္ေန႕ႏွစ္ခါသြားတိုက္ေပးတယ္ "
"ညကအိပ္ေပ်ာ္ရဲ႕လား စိုးဆက္ "
"ေပ်ာ္တယ္ ေဖေဖကေလ အိမ္မက္ဆိုးေတြမက္ေနတယ္ "
"ဖိုးဖိုးမ်ိဳး "
"ေဟ!"
"ဘာလို႔ဒယ္ဒီက ေဖေဖနဲ႕သားကိုပစ္ခဲ့တာလဲဟင္ သားကိုမခ်စ္လို႔လား "
"မဟုတ္ပါဘူးကြာ မင္းဒယ္ဒီကမင္းကိုအရမ္းခ်စ္တာ "
"ဒါဆိုဘာလို႔ ေဖေဖနဲ႕သားကိုပစ္ခဲ့တာလဲ ေဖေဖဆိုရင္ေန႕တိုင္းခိုးငိုေနတာ သားလာရင္ဟိုဘက္လွည့္ၿပီးမ်က္ရည္ေတြသုတ္သုတ္ေနတာ ဘာလို႔လဲ..ဒယ္ဒီကမခ်စ္လို႔ေပါ့ "
"မဟုတ္တာကြာ သားႀကီးလာရင္သိလာမွာေပါ့ အဲခါၾကရင္ သားဒယ္ဒီကိုလည္းအပစ္မတင္ရဘူး သားေဖေဖကိုလည္းမမုန္းရဘူး "
"ဖိုးလည္းမေကာင္းဘူး ၊ ဦးမင္းလဲမေကာင္းဘူး ၊ ေလးေလး ၊ ဦးဟိန္း ၊ ဦးလုံး ၊ ဦးစီတို႔ေရာ သားေမးရင္ သားႀကီးလာမွသိမယ္လို႔ ဘာလို႔ေျပာၾကတာလဲ အီး..ဟီး..မေကာင္းဘူး..ဘယ္သူမွမေကာင္းဘူး..ဒယ္ဒီေၾကာင့္ ေဖေဖကငိုေနရတာ.. ဒယ္ဒီကိုမခ်စ္ဘူး... ေဖေဖ့ကိုေန႕တိုင္းငိုေအာင္လုပ္တယ္ "
"စိုးဆက္. လာ..ဦးမင္းနဲ႕သြားကစားမယ္ "
"သားဘာသာေနခ်င္လို႔ လႊတ္ထားေပး "
"ေတာထဲေလွ်ာက္မသြားရဘူး "
"ဟုတ္ "
သူတို႔လႊတ္ခ်လိဳက္ေတာ့ မ်က္ရည္ေတြသုတ္လိုက္ၿပီး ကားေအာက္သို႔ဝင္သြားေလသည္
"ဘႀကီး စိုးဆက္ေလးဝမ္းနည္းသြားၿပီ "
"အင္း~ေလးႏွစ္မျပည့္တျပည့္ကေလးက မိဘေတြကိုေတာ့မွတ္မိေနၿပီး အဲအ႐ြယ္မွာ ဖေအတစ္ေယာက္ကမရွိေတာ့ဘူး တျခားသူေတြလို အေဖနဲ႕အေမကလည္းမဟုတ္ အေဖႏွစ္ေယာက္ကေမြးလာတဲ့ကေလး ကင္းေကာင္ႀကီးက ႏွစ္ေယာက္စလုံးရဲ႕ေမတၱာေပးေနပါေစအုံး တစ္ေယာက္ခ်င္းေပးတာနဲ႕မွမတူတာ က်န္ခဲ့တဲ့ဖေအတစ္ေယာက္ကလည္း ခံစားေနရတာ ဘယ္ၾကည့္ရက္မလဲ "
"ကင္းေကာင္တို႔ အနာဂတ္ကဘယ္လိုျဖစ္လာမလဲ ေတြးလို႔ေတာင္မရဲဘူး "
"စိုးဆက္ေလးနားလည္လာရင္ ရွင္းျပေပးရမွာေပါ့ "
.........
"ေနာ္...ေနာ္....ေနာ္...ကိုယ္စားခ်င္တာ "
"မရပါဘူးဆို "
"အာ~ဇရစ္ခ်ဥ္ဟင္းေလးစားခ်င္တာကို အဲေလာက္ခက္ရတာလဲ "
"နဲနဲေလးပဲရမယ္ "
"မရဘူးေလ စားမွေတာ့ အဝေပါ့"
"မစားနဲ႕ေတာ့ "
"စားမယ္..နဲနဲေလးစားရလည္း နည္းလား "
"အကို႔ကိုေျပာစရာရွိတယ္ "
"ေျပာေလ "
"ကြၽန္ေတာ္တို႔ရိုက္မဲ့ ဇာတ္လမ္းကို အကိုကေလးေမြးၿပီးမွေၾကာ္ျငာတင္ရေအာင္ ၿပီးတာနဲ႕ခ်က္ခ်င္းရိုက္မလား "
"အင္း~ကိုယ္လည္းအဲလိုေတြးထားတယ္ တစ္ခုရွိတယ္ အခုကအသစ္ေတြပါေတာ့သ႐ုပ္ေဆာင္ေကာင္းေကာင္းမရဘူး မရိုက္ခင္ရယ္ဟာဇယ္လုပ္ထားရမယ္ ၿပီးေတာ့မင္းသားကိုလည္းေသခ်ာေလးေျပာထားလိုက္ ဇာတ္ကားရိုက္စဥ္တြင္းဘယ္ကမ္းလွမ္းခ်က္မွလက္မခံဖို႔ "
"အဲတြက္စိတ္ခ် ကြၽန္ေတာ္မင္းသားကိုမေန႕ကတည္းကေျပာထားၿပီးသား "
တီး..တီလ္~
"ေဝဟင္ ဘယ္သူလာတာလဲ သြားၾကည့္ပါအုံး "
"ဟုတ္အကို "
ေဝဟင္ထြက္သြားၿပီမၾကာလိုက္ ျပန္ေရာက္လာသည္
"ေခတ္ "
"ယဥ္ ေနကို "
"အြန္း~ ထမင္းစားေနတာလား အိုး.. ဇရစ္ခ်ဥ္ဟင္းေလး..."
"ေခတ္ေရ ငါလည္းစားခ်င္တယ္ "
"မရဘူးေနကို ငါေတာင္ေဝဟင္စီမွာ မနည္းေျပာထားရတာ"
"ေခတ္ နင္ဂ်ဳတီဒိတ္ကဘယ္ေတာ့ "
"6.17. "
"မလိုေတာ့ဘူးပဲ "
"အင္း~ငါးရက္ႀကိဳတက္မလားလို႔ "
"ေကာင္းတာေပါ့ အိမ္မွာဆိုဘာလုပ္လို႔ဘာကိုင္ရမွန္းသိတာမဟုတ္ဘူး "
"ေခတ္လည္းေမြးေတာ့မွာဆိုေတာ့ ငါထိုင္းသြားမဲ့ကိစၥစဥ္းစားရေတာ့မယ္ "
"ဘာလို႔ "
"နင္ကေလးေမြးတဲ့ခ်ိန္ငါရွိေနမွျဖစ္မွာေပါ့ "
"အမေလး ေျပာဆိုေနပုံက မသိရင္ဗိုက္ထဲကကေလးကနင့္ကေလးအတိုင္းပဲ "
"ငါေဖေဖလုပ္မွာ "
"နင္ကေဖေဖလုပ္ရင္ ငါကေခါင္းကိုင္ေမေမလုပ္မယ္ "
"နန္းတြင္းကားရိုက္ေနတယ္ထင္သလား "
ဗိုက္တေယာက္ကို အလယ္မွာထားၿပီး သူတို႔ႏွစ္ေယာက္ကအပ္ေၾကာင္းထပ္ေနေသာအေၾကာင္းရာျဖင့္ စကားမ်ားေနၾကေလသည္
"ေခတ္ မင္းသားကဘယ္သူေတြလဲ "
"အခုေရပန္းစားေနတဲ့ မင္းအထြဋ္ နဲ႕ လူေ႐ြးပြဲကဒရမ္မာကင္း သူရရေမာင္ "
"လိုက္ေတာ့လိုက္သားပဲ.. "
"ေနကိုေရ.. ငါေလ Choco cakeေလးစားခ်င္တယ္ "
"ေရာ့.. "
ဟန္ေျပာသည္ႏွင့္ Chocolate cake အေသးေလးကိုစားပြဲခုံေပၚတင္ေပးလာသည္
"ယဥ္ေရ.. "
"ေရာ့.. "
"နင့္အက်င့္ငါသိလို႔ ဝယ္လာေပးတာ "
ေနာက္ထပ္စားပြဲေပၚေရာက္လာသည့္ Chocolate Tea တစ္ဗူး
"ငါတို႔လာရင္ မွာတက္လို႔ဝယ္လာေပးတာေနာ္ မ်ားမ်ားေသာက္ ဒီေလာက္အခ်ိဳေတြစားတာ ဆီးခ်ိဳမတက္တာကံေကာင္း "
"ေအးေလေနာ္ "
"မင္းတို႔ႏွစ္ေယာက္က တည့္ေတာ့လည္းခ်က္ခ်င္း "
သူေျပာေတာ့မွ မ်က္ေစာင္းၿပိဳင္တူထိုးကာ ဆန့္က်င္ရာဘက္စီလွည့္သြားၾကသည္
............
"ႏွစ္ေယာက္ထမ္းေလ မနိုင္ဘူး "
"ကင္းေကာင္ မင္းအေရွ႕ကထမ္း "
အလယ္ကစက္အိမ္အား နိုင္လြန္ႀကိဳးအႀကီးနဲ႕ေသခ်ာခ်ည္လိုက္ၿပီး ဝါးလုံးႏွင့္ကလန့္ထိုးကာႏွစ္ေယာက္ထမ္းရေတာ့သည္
"ကင္းေကာင္ေဘးမွာ တစ္ေယာက္ဝင္တြဲေလ "
ကင္းေကာင္ စက္မထမ္းသည့္ဘက္ျခမ္းကို လူတစ္ေယာက္ထပ္ဝင္ကာ ပခုံးကေနတြဲရေတာ့သည္
"ဦးမင္း စိုးဆက္ကိုေစာင့္အုံး "
"စိုးဆက္ေျမေလွ်ာတယ္ ေျဖးေျဖး "
ေလာပန္း သုံးေယာက္က ဆိုင္ကယ္ႏွစ္စီးျဖင့္လိုက္ဖို႔ျပင္ေနစဥ္ ပိုင္စိုးဆက္ဦးက အိတ္ႀကီးတစ္အိတ္ဆြဲကာ လမ္းပင္မေလွ်ာက္နိုင္
"စိုးဆက္ ဘာအိတ္လဲေမာင္ "
"ကစားစရာ "
"ဘာ!!! ဒီအိတ္ကေလ "
"ဟုတ္ အားလုံးဝယ္ေပးထားတာကို ေဖေဖကဒီအိတ္နဲ႕ထည့္ေပးထားတာ အဲဒါစိုးဆက္မေလွ်ာက္နိုင္ဘူး ဦးမင္းေခၚေနာ္.. "
"မေခၚဘူး.. ေနခဲ့ မင္းကစားစရာေတြနဲ႕ တဲတစ္တဲျပည့္ေလာက္တယ္ "
"စိုးဆက္သာေနခဲ့ရင္ ေဖေဖက ထားခဲ့တဲ့သူကိုစိတ္ဆိုးလိုက္မယ္ ၿပီးေတာ့ စိုးဆက္လမ္းမေလွ်ာက္နိုင္ဘူး လမ္းေလွ်ာက္ရင္လည္း ေတာေကာင္ေသးေလးေတြ ခ်စ္စရာေကာင္းတဲ့မ်က္ႏွာေလးကို ရန္ေတြ႕ၾကလိမ့္မယ္ "
ကို႔ဂုဏ္ကိုေဖာ္ မ်က္ႏွာေလးကိုပါလက္ဖ်ားႏွင့္ေတာက္လိုက္ေသးေတာ့ ေလာပန္းတစ္စု ရီၾကေတာ့သည္
"လာ..လာ..အေမႊစိန္.. ဟိုေရာက္ရင္ေဖေဖက ေမာေနမွာ သားကဂ႐ုစိုက္ေပးလိုက္ေနာ္ "
"ဦးမင္းသိလား ေဖေဖကေျပာတယ္ 'ငါ့သား မ်က္ႏွာေတြ႕ရင္ကို ေဖေဖကအေမာေျပၿပီ ' တဲ့ "
မင္းက မင္းဒယ္ဒီနဲ႕တူတာကိုလို႔ေတာ့မေျပာလိုက္
"အတက္ပ "
........
မိုးခ်ဳပ္စတြင္ ျဖစ္ေလသည္
စက္ေတြလည္းအကုန္သယ္ယူၿပီးၿပီ မနက္ျဖန္ စက္ဆင္ရမည္ သူတို႔အားလုံးေမြ ေနရာရွင္းလင္းသည္ႏွင့္ ေရခ်ိဳးေတာ့ မိုးပင္ခ်ဳပ္သြားသည္
"စိုးဆက္ ထမင္းစားမယ္ "
ထမင္းစားဖို႔ေခၚေနသည္မွာ ဆယ္ေခါက္ျပည့္ေတာ့မည္ ဖုန္းကဂိမ္းကိုသာသဲႀကီးမဲႀကီးေဆာ့ေနေလသည္
ေျဖာင္း~
အ့!
"ငါ့လိ့ျဖစ္လာရိုက္လား "
အရက္ေသာက္တုန္း ႐ုတ္တရက္အေဆာ္ခံရေတာ့ ျပင္ဆင္ခ်ိန္မရ နာသြားေသာဂုတ္ကိုသာပြတ္ေနရသည္
"မင္းဖုန္းေပးထားလို႔ ငါ့သားအခုထိထမင္းမစားေသးဘူး "
"ေနာက္က်ေနၿပီကို "
"ဪ~က်ဳပ္ကေရာအားယားေနလို႔လို႔လား ေကြၽးဖို႔ေခၚေတာ့ ဖုန္းပဲေဆာ့ေနတာကို သြားေခၚအခု "
"ကေလးတေယာက္တည္း ပ်င္းေနမွာစိုးလို႔ေပးထားတာပါကြာ ေခၚေပးရင္ရၿပီမလား "
ခဏၾကာေတာ့ ငဟိန္းႏွင့္အတူကေလးကပါလာသည္
"မင္းေကြၽးလိုက္ "
"ဟာ~ ေဟ့ေရာင္ မလုပ္နဲ႕ မင္းအေဖ မင္းေကြၽးေပါ့ "
"ငါအရက္ေသာက္ခ်င္ၿပီး ငါ့သားထမင္းစားေနာက္က်တာ မင္းလုပ္တာ မင္းေကြၽး "
"ငါလည္းေသာက္မွာဆို "
"လွ်ာထပ္ရွည္ရင္ တပတ္.. "
"သား.ဦးဟိန္းခြံ႕မယ္ေနာ္ "
တပတ္တိတိ ဆိုေရာ စကားကခ်က္ခ်င္းကိုေျပာင္းသြားသည္ က်င္းသားေတြစိတ္ညစ္ရဆုံးအခ်ိန္က စိုးဆက္ကိုထမင္းခြံ႕တဲ့ခ်ိန္ျဖစ္သည္
"ဥဟိန္း...မနက္ျဖန္အလုပ္လုပ္ရမွာလား "
"စက္ေတြပဲဆင္ရမွာ ေမ်ာစင္ေဆာက္ရမယ္ ဘာလို႔လဲ "
စိုးဆက္ကိုထမင္းေကြၽးတိုင္း တစ္လုပ္တစ္ခြန္းေမးတက္သည္ တစ္ခါတစ္ေလ ေပါက္ကရေမးကြန္းေတြေမးတက္သလို ကိုယ္ကလည္းေျဖခ်င္ရာေျဖ
"ဟိုမွာလို သူငယ္ခ်င္းေတြနဲ႕ေဆာ့လို႔မရဘူးလား "
"စိုးဆက္ သူတို႔ကပေလာက္မွာက်န္ခဲ့ၿပီ ဒီမွာကေတာပဲရွိတာ မင္းေလးေလးအားတယ္ သူ႕နဲ႕ေဆာ့ "
"ဥဟိန္း သားကိုခ်စ္လား "
"ခ်စ္တာေပါ့ အကုန္လုံးကသားကိုခ်စ္တယ္ "
"အဲဆိုမိန္းမ မယူနဲ႕ "
"ဟ~အခ်ိန္တန္ရင္ေတာ့ယူမွာေပါ့ "
"မရဘူး သားကိုယူ "
"ကေလးက ကေလးလိုေနေလ ငါကမိန္းမယူမွာ "
"သားကိုယူပါဆို "
"မင္းကို သာငါေစာင့္ေနရရင္ အသက္ႀကီးၿပီးသခၤ်ိဳင္းေျခႂကြၿပီ ေနစမ္းပါအုံးကြ မင္းကဘာလို႔းမိန္းမ မယူခိုင္းတာလဲ "
"မသိဘူး သားသိတာ ဦးဟိန္းမိန္းမမယူရဘူး "
"ယူကိုယူမွာ "
ပါးစပ္နားေရာက္ေနသည့္ထမင္းလုပ္ကို မစားေတာ့ဘဲ ကိုယ္ေပၚကဆင္းေျပးေတာ့ ပိုင္စိုးဦးမျမင္ခင္ လိုက္ရေတာ့သည္
"စိုးဆက္ေလးေရ "
".........."
"မေခၚေတာ့ဘူးလား... "
"..........."
"ေဟ့ေရာင္ ငဟိန္း ေကြၽးၿပီးၿပီလား "
"ေကာက္သြားၿပီ "
"မင္းကဘာလုပ္လိုက္တာလဲ "
" ' ငါ့ကိုမိန္းမ မယူနဲ႕တဲ့သူ႕ကိုယူ' တဲ့ေလ ငါကမိန္းမပဲယူမယ္ေျပာလို႔ေကာက္သြားတာ "
"မင္းကလဲ ကေလးနဲ႕အၿပိဳင္ေျပာေနရလား စိတ္ခ်မ္းသာေအာင္ေျပာေပါ့ ငါ့သားအေၾကာင္းသိရဲ႕သားနဲ႕ "
ေမွာင္မိုက္တဲ့ညအခါဝယ္ အမဲေရာင္ကိုစီျခယ္ထားတဲ့ေကာင္းကင္ထက္ လျခမ္းကြဲေလးက တစ္စြန္းတစ္စပါဝင္ထားသည္
႐ႊတ္!
ဟင္း..~ .....႐ႊတ္!
"မင္းအရက္နံ႕ မနံဘူးဘူးလား "
"ေဖေဖ့ကိုယ္က အရက္နံ႕ကေမႊးတယ္"
'ဦးကိုယ္က အရက္နံ႕ကိုသေဘာက်တယ္ ' အရက္ေသာက္ရာကျပန္လာတိုင္း တ႐ႊတ္႐ႊတ္နမ္းၿပီးေျပာေနၾကစကားေလးက ေလထဲကေနေပ်ာက္ကြယ္လုလု..
ဘုန္း~
အ့!
"စိုးဆက္ ဘာလို႔ရိုက္တာတုန္း "
"သားေျပာေနတာ ေဖမွမၾကားဘဲ "
"ျပန္ေျပာ "
"သားတြက္ေလ မနက္ျဖန္ အပင္ေအာက္မွာ ကြပ္ပစ္လုပ္ေပးလို႔ "
"မင္းေလးေလးလုပ္ခိုင္း ေဖမအားဘူး "
"ေလးေလးေျပာတယ္ ေဈးသြားမယ္တဲ့ "
"လိုက္သြားေပါ့ ကရင္ျပည္နယ္က ေကာင္မေလးေတြစိတ္ႀကိဳက္ၾကည့္ခဲ့ "
"ေဖေဖ "
"အင္း~"
"ေဖေဖလို႔ "
"ေျပာ "
"ညမေလးလိုခ်င္တယ္ "
"မင္းဒယ္ဒီရွိမွ ညမေလးကရမွာေပါ့ "
"အဲဆို ဒယ္ဒီေခၚေပး "
"စိုးဆက္ ဘာလို႔အခုမွညမေလးကိုလိုခ်င္ေနရတာလဲ "
"ဦးစီကေျပာတယ္ မင္းကစားေဖာ္လိုခ်င္ရင္ ေမြးခိုင္းေျပာလို႔ "
အျပင္ကြပ္ပစ္၌ စိုးဆက္က ပိုင္စိုးဦး၏ကိုယ္ေပၚေမွာက္လ်က္သား အိပ္ေနေလသည္
"ေဖ သားအိပ္ခ်င္ၿပီ "
"ဒီမွာအိပ္ "
လက္ေမာင္းေပၚ အိပ္ခိုင္းလိုက္ေတာ့ ဂ်ီမက်ေတာ့ပဲ ခ်က္ခ်င္းဝင္အိပ္ေတာ့သည္
"ကိုႀကီး သားအိပ္ၿပီလား "
"လာေခၚသြား ငါေနအုံးမွာ "
သူ႕ေဘးက သားကို ဒူးေထာက္ေကြးခ်ီသြားၿပီး ငဟိန္းကသူ႕ေဘးနား ေရာက္လာသည္
"ကင္းေကာင္ "
"အင္း ~"
"ကေလးက ေနာက္ႏွစ္ဆိုေက်ာင္းထားလို႔ရၿပီ မင္းဘာလုပ္မလဲ ဒီတိုင္းမင္းအနားမွာဘဲေနခိုင္းမွာလား "
"ဝန္းသိုပို႔မယ္ ေထြးဦးနဲ႕တူတူ ငါေတာ့အလုပ္လိုက္အုံးမွာ "
"အင္း ~အခုခ်ိန္ေလာက္ဆို ဆက္ဟန္ဘယ္လိုေနရမလဲမသိဘူးေနာ္ "
"ၿမိဳ႕လယ္ေခါင္ရဲ႕တိုက္အျမင့္ကေန ညရဲ႕အလွကိုၾကည့္ေနမွာေပါ့ "
"တကယ္လို႔ ဆက္ဟန္ကမင္းစီျပန္မလာခဲ့ရင္ေရာ "
"ဘယ္ေတာ့မွမေျပာင္းလဲတဲ့ငါ့အေျဖက သူျပန္မလာရင္ငါလိုက္ေခၚမယ္ "
"မင္းဇာတ္မင္းကနိုင္ရင္ၿပီးတာပဲ မနက္ျဖန္အလုပ္ေစာဆင္းရမယ္ အိပ္ယာဝင္ေနာက္မက်ေစနဲ႕ "
"ငါအိပ္ယာဝင္ေနာက္က်ျခင္းက အက်င့္ျဖစ္ေနၿပီ "
"အက်င့္ကိုလူကလုပ္တာ မင္းပုံစံလည္းမင္းၾကည့္ မ်က္တြင္းေတြဝင္ေနၿပီ ဆံပင္ကလည္းဂုတ္ေထာက္ မင္းပုံစံကိုေျပာရရင္ တာဇံနဲ႕တူတူပဲ "
"ျပဳျပင္ခ်င္စိတ္မရွိဘူး ဟန္လာမွသူ႕လက္နဲ႕ျပဳျပင္တာခံခ်င္တယ္ "
"ေအးပါကြာ "
"ငါၿပီးရင္လိုက္ခဲ့မယ္ မင္းသြားႏွင့္ "
'မင္းအဆင္မွေျပရဲ႕လားဟန္ ေနာက္လဆိုခမ်ားေမြးေန႕ က်ဳပ္ေကာင္းေကာင္းႀကီးမွတ္မိတယ္ ေျပာစရာစကားလုံးေတြအမ်ားႀကီးရွိတာမို႔ မင္းျပန္လာမွျဖစ္မွာ '
အလုပ္ေတြဖိလုပ္ေနမိတယ္
က်ဳပ္အာ႐ုံထဲ က်ဳပ္မ်က္လုံးထဲ
ခမ်ားပုံရိပ္ေတြအခ်ိန္တိုင္းျပည့္ႏွက္ေနလို႔
က်ဳပ္က်င္းဆင္းတိုင္း ကင္းတဲေစာင့္ေနတက္တဲ့ပုံရိပ္ ထမင္းဝိုင္း၊
ေရတြင္းေတြ၊ ေလွကထစ္ေတြ၊
ခမ်ားနဲ႕အတူရွိခဲ့ဖူးတဲ့
ေနရာတစ္ခုခ်င္းစီကိုျမင္တိုင္း
က်ဳပ္ရင္ေတြနာရပါတယ္
ခမ်ားဝတ္ခဲ့တဲ့က်ဳပ္အကၤ်ီေတြမွာ
စြဲထင္ခဲ့တဲ့မင္းကိုယ္သင္းနံေလးကို
က်ဳပ္သေဘာက်တယ္ ခမ်ားကိုလဲလြမ္းတယ္
ေမာင္ မင္းပါးမို႔မို႔ေလးကိုနမ္းခ်င္တယ္
ညဘက္ေတြမင္းကိုဖက္အိပ္ခ်င္တယ္
မနက္စာအတူစားမယ္
မင္းတြက္ေမာင္ကိုကိုးေတြေန႕တိုင္းေဖ်ာ္ေပးမယ္
မင္းသိလားဟန္ သားကဟန္နဲ႕အႀကိဳက္တူတယ္
ကိုကိုးဆိုအရမ္းႀကိဳက္တာ
ေမာင္ေန႕တိုင္းေဖ်ာ္ေပးရတယ္
ေထြးဦးေဖ်ာ္ရင္လည္းမႀကိဳက္ဘူး
ခမ်ားသားက...
..........
"ေဖေဖ သားသြားမယ္ေနာ္ "
"ေလးေလးအနားမွာပဲေနေနာ္ ေလွ်ာက္မသြားနဲ႕ "
"ဟုတ္ေဖေဖ"
"ကင္းေကာင္ရာ ငါလည္းပါတယ္ဟ "
"ငါပါတာကိုကစိတ္ပူတာ မင္းက မိန္းမေခ်ာေခ်ာလွလွေတြ႕ရင္ လိုက္ေၾကာင္ေနတဲ့ေကာင္ ငါ့ညီကေဈးဝယ္ရမွာ ငါ့သားသာတစ္ခုခုျဖစ္တယ္ဆိုရင္ အစီ မင္းေခါင္းတြက္ ဓားမပါႀကိဳရွာလာ "
"ကေလးတေယာက္ကိုေတာ့ ငါဂ႐ုစိုက္နိုင္တယ္ေနာ္ မင္းသာအလုပ္မွာအာ႐ုံေလးထား"
"အစီ သြားမယ္ "
ကားကအျပင္မွာျဖစ္တာေၾကာင့္ မင္းမင္းရယ္ ၊ အစီရယ္ ၊ ေထြးဦးႏွင့္ သားထြက္သြားမွ စက္ဆင္သည့္ေနရာေရာက္ေတာ့သည္
"ပိုင္စိုးဦး တစ္ေယာက္တည္းျဖစ္လား "
"တေယာက္ေနခဲ့ "
"အဆင္မေျပဘူး ေရစက္ကေရမတက္ဘူး "
"အစီလည္းပါသြားၿပီ ဦးနိုင္ဝင္းကိုလႊတ္လိုက္မယ္ "
စက္အင္ဂ်င္ေတြပါကိုင္လိုက္ရေတာ့ အမဲဆီေတြက တကိုယ္လုံးရစရာမရွိ
သူတို႔အားလုံးၿပီးခ်ိန္ဆို ေန႕လယ္ပင္ေရာက္ေနၿပီ ထမင္းခ်က္သမားမရွိေတာ့ သူေဌးကိုယ္တိုင္မီးဖိုေခ်ာင္ဝင္ရသည့္အေျခေန
"ကင္းေကာင္ ငါ့မွာမုန့္ရွိတယ္ "
"ေတာ္ပါ က်ဳပ္အရက္ပဲေသာက္ခ်င္တာ "
"လက္က်န္ေတြလည္းမေန႕ကျဖတ္လိုက္ၿပီ ေဈးသြားတဲ့လူေတြကဘာလို႔အဲေလာက္ၾကာရတာလဲ "
"လာပါၿပီကြာ "
"ေဟ့ေရာင္ေတြပစၥည္းေတြလာသယ္ေပး "
"မင္းတို႔ဘာလို႔အဲေလာက္ၾကာရတာလဲေမာင္ "
"ဟင္းစားတပတ္စာ ဝယ္ၿပီးဆိုင္တြက္ဝယ္ရေသးတယ္ ဒီခ်ိန္ေရာက္တာကံေကာင္း "
"ေဖေဖဗိုက္ဆာၿပီလား "
"ဆာတာေပါ့ မင္းေရာ ဘာစားထားလဲ "
"မင္းသားမေျပာနဲ႕ ေဈးထဲကအမႀကီးတေယာက္ဆိုင္မွာဝင္ထိုင္ေနတာ ငါတို႔ဝယ္ၿပီးတဲ့အထိပဲ "
"သူမ်ားကိုအားနားစရာ ဘာထိုင္လုပ္ေနတာတုန္း ေဖေျပာတယ္ေလ ေလးေလးအေနာက္ကိုလိုက္ေနပါဆိုတာကို "
"အဲအမကေခ်ာေခ်ာေလး ေဖေဖရဲ႕ ၿပီးေတာ့ေလ စိုးဆက္စားတာပိုက္ဆံမယူဘူး ေဖေဖတြက္ပဲယူတယ္ "
"မင္းသားဘယ္ေလာက္စားလာလဲေမးအုံး "
"ဘာေတြစားလာလဲ ေျပာပါအုံး "
ခပ္ပြပြအကၤ်ီေလးကိုဗိုက္ကထိေနေလသည္
"ၾကက္ဆီထမင္း ၊ ဆိုင္ေဖ်ာ္ကတစ္ခြက္ အီၾကာေကြးကႏွစ္ေခ်ာင္း "
"ဘုရား သူမ်ားဆိုင္မွာအဲေလာက္စားရသလား ကိုယ္နဲ႕သိတာလဲမဟုတ္ "
"သားပိုက္ဆံေပးတယ္သူမယူတာ ၿပီးေတာ့ သားရဲ႕အနမ္းလွလွေလးေပးလိုက္ရတယ္ "
"ဪ~ငါမင္းကိုမနိုင္ေတာ့ဘူး ပိုင္စိုးဆက္ဦးေရ "
ေထြးဦးက ဆိုင္ပစၥည္းေတြခ်ေနၿပီး သားကငဟိန္းနားေရာက္ေနသည္ သူ႕အတြက္လို႔သတိတရဝယ္လာသည္ေခါက္ဆြဲေၾကာ္ေလးကိုဖြင့္စားမည္အလုပ္..
"ေထြးဦး!!!!"
"ဗ်ာ "
"မင္းဘာစားထားလဲ "
"ဘာစားရမွာ သြားကတည္းကက်ဳပ္မွာေဈးလိုက္ဝယ္ေနရတာကို "
"လာစားမလား ငါတစ္ဝက္ခ်န္ထားေပးမယ္ "
"မလုပ္ပါနဲ႕ မင္းသားသိရင္ က်ဳပ္ကိုေကာက္ေနလိမ့္မယ္ အစီဝယ္လာေပးလားမသိဘူးက်ဳပ္တြက္ရွိတယ္ "
"အင္း ~ၿပီးေရာ "
သူ႕ညီဘက္မ်က္ႏွာမူၿပီး အေရွ႕ဘက္ျပန္လွည့္ေတာ့ ဟန္ကသူ႕အေရွ႕ေရာက္ေနေလသည္
'ဟန္.. ဘယ္ကေနဘယ္လို '
'ဟန္က ဦးအနားမွာအၿမဲရွိတယ္ေလ '
'ေမာင္အရမ္းေပ်ာ္သြားၿပီ စားမလားဟန္ ေမာင္ခြံေပးမယ္ သားက ေမာင့္အတြက္ဝယ္လာေပးတာေလ '
'သားကေတာ္လိုက္တာ '
'ဒါေပါ့ မင္းကေမြးထားတဲ့ကေလးေလ '
အစားကိုေရွ႕မွာထားၿပီးစကားတတြတ္တြတ္ေျပာ ရီေနေသာ ပိုင္စိုးဦးကိုေၾကာင္ၾကည့္ေနၿပီးမွ သတိရကာ ေထြးဦးအား လက္တို႔ရေတာ့သည္
"ကိုႀကီး "
"ဟန္~ ေမာင့္ဟန္ "
"ဘယ္မွာလဲမရီးက "
"ဒီမွာအေရွ႕မွာ အခုေလးတင္ရွိေသးတာ "
"မဟုတ္တာကြာ မင္ထင္ေယာင္ထင္မွားျဖစ္ေနတာ "
"မင္းေၾကာင့္ ငါ့ဟန္မရွိေတာ့ဘူး "
ခြပ္ ~
ပိုင္စိုးဦး၏ထိုးခ်က္ေၾကာင့္ ေထြးဦးက ေနာက္ျပန္က်သြားၿပီး ငဟိန္းႏွင့္ အစီက ဝင္ဆြဲၿပီး ေထြးဦးကိုမူ ငလုံးကလာထူရသည္
"ပိုင္စိုးဦး မင္းစိတ္ထိန္းစမ္း "
"သူေၾကာင့္ က်ဳပ္ဟန္မရွိေတာ့ဘူး "
ဆက္ထိုးဖို႔လုပ္ေနသူကို ႏွစ္ေယာက္သားခ်ဳပ္ထားရသည္
ပါးစပ္ထဲကငန္က်ိက်ိအရသာအရ ႏႈတ္ခမ္းေပါက္သြားၿပီသိေသာ္လည္းအကိုအားစိတ္မဆိုးနိုင္
"ကိုႀကီး စိတ္ထိန္းစမ္းပါကြာ မရီးကမရွိဘူး "
"မဟုတ္ဘူး ငါ့ဟန့္ငါ့စီလာတယ္ "
အား!!!!!!!
ဂလြမ္း~
"ပိုင္စိုးဦးမင္းေမာေနၿပီ ေရေသာက္ "
ေရေသာက္ၿပီးသိပ္မၾကာလိုက္ ပိုင္စိုးဦးတစ္ေယာက္ ေျမေပၚသို႔က်ေတာ့သည္
"ကိုႀကီး!!!"
"ေဟ့ေရာင္ ငလုံး မင္းက်ဳပ္အကိုဘာတိုက္လိုက္တာလဲ "
"ဘာမီတြန္ ေဆးကမ်ားလို႔ ညေနေလာက္မွနိုးလိမ့္မယ္ "
"ဘာ!!!"
"ေဟ့ေရာင္ ငလုံးဘာလို႔အဲလိုလုပ္တာလဲ "
"အဲလိုမလုပ္ရင္ ဟိုေကာင္ဆက္ထိုးမွာေလ ၿပီးေတာ့ ဟန္.
ဟန္..ဟန္..လိုက္ေမးေတာ့မွာ ဘယ္သူမွထပ္ခါတလဲလဲမေျဖနိုင္ဘူး မၾကည့္ရက္ဘူးကြာအဲေတာ့အိပ္ခိုင္းလိုက္ နိုးရင္သူ႕ဘာသာဆင္ေျပသြားလိမ့္မယ္ "
ထို႔ေနာက္ လူစုခြဲၾကၿပီး အကိုအား အိပ္ယာေပၚတင္ေပးခဲ့ရသည္ တူကိုၾကည့္ေတာ့ ဘာမွမသိမ်က္လုံးေပကလပ္ေပကလပ္ႏွင့္
..........
"အဲေကာင္က ႐ူးသြားၿပီ"
"လင္တ႐ူးေလ "
ဟားလ္....ဟား....ဟာလ္.....
ခြမ္း~
အရက္ဝိုင္းတည္ေနသည့္ က်င္းသားအသစ္သုံးေယာက္နားသြားကာ အဲထဲမွတေယာက္ကိုအရက္ပုလင္းႏွင့္ရိုက္ခြဲလိုက္သည္
"မင္း!!!! "
"ဆက္ေျပာေလ ငါ့အကို ကိုအ႐ူးလို႔ဆက္ေျပာရင္အခုလိုပုလင္းနဲ႕ရိုက္မွာမဟုတ္ဘူး နံၾကားထဲဓားျမႇောင္ဝင္လာမယ္ "
"ေထြးဦး ဘာလို႔အၿမဲတမ္းလက္ပါခ်င္ေနရတာလဲ "
"ကိုႀကီးနိုးၿပီ ဘယ္လိုေနေသးလဲ ၊ မူးေနလား ၊ က်ဳပ္ဘာလုပ္ေပးရမလဲ "
"ေျဖးေျဖးေမးစမ္းပါကြာ ဘာမွမျဖစ္ဘူး ငါေတာင္အိပ္ေရးဝသြားေသးတယ္ "
"ဒီေကာင္ေတြက မင္းကိုအ႐ူးလို႔ေျပာေနတာမခံနိုင္လို႔ ရိုက္လိုက္တာ "
"သူတို႔ေျပာလည္းေျပာခ်င္စရာပဲကိုကြာ ငါ့ကိုငါေတာင္ တစ္ခါတေလ႐ူးေနၿပီလို႔ခံစားရတယ္ "
"မဟုတ္တာဗ်ာ... "
"ငါေလ ဟန္ကိုအရမ္းသတိရတာပဲ "
"ကိုႀကီးရာ.. က်ဳပ္လဲဘယ္လိုေျပာရမွန္းေတာင္မသိေတာ့ဘူး "
အရင္ကလိုတက္တက္ႂကြႂကြမရွိသည့္ အကိုက အခုလည္းမွိုင္က်သြားၿပီး အထဲျပန္ဝင္သြားသည္
*Please is Vote and comment *
........................................................................
[text_hash] => b212a1c6
)
What do you think?