Chapter 42: 40

Array
(
[text] =>

Uni

~... ဒီနှစ်ပွင့်တဲ့ ပိတောက်တွေကို

မင်းခေါင်းပေါ်.. လှလှပပလေး

နေရာယူစေချင်သေးတာ..ဟန်.~

"ဘာလို့ခေါင်းမာနေရတာလဲ ခေတ်ဆက်သာ "

ဒါရိုင်တာဦးဇေဇေမောင်၏ ဧည့်ခန်းတွင် တပည့်နှစ်ယောက်နှင့်ဆရာတစ်ယောက် အခြေအတင်သို့ ..

ကိုခေတ်ဆက်သာဟန်က အခုအိမ်ရောက်လာသည်မှာ ၃လခန့်ရှိပြီ ဆရာနှင့်အတူတူဇာတ်ကားတစ်ခုကိုရိုက်ကူးနေလေပြီး ဒီညမှ တက်သစ်စဒါရိုင်တာခေတ်ဆက်သာဆိုပြီး Dinner တစ်ခုမှမိတ်ဆက်ပေးခဲ့သည်

ဆရာကဒါရိုင်တာနေရာကအပြီးပိုင်နားတော့မည်ဖြစ်ကြောင်းနှင့် သူ့နေရာအားကိုခေတ်ဆက်သာဟန်က ဆက်ခံမည်ဆိုတာကိုအတိလင်းကြေငြာခဲ့သည်

ပြဿနာက Lgbtကိုပဲသီးသန့်ရိုက်ကူးမည်ဖြစ်ကြောင်းပြောဆိုရာက အခြေတင်စတော့သည်

"ဆရာ ဒီဇာတ်လမ်းတွေမျိုးကရိုက်ကူးသူအများကြီး ဟန်ရည်ရွယ်ချက်က Lgbtဒါရိုင်တာသီးသန့်ဖြစ်ချင်တာ "

"ဖြစ်ချင်တာပဲမပြောနဲ့ ခေတ်ဆက်သာဟန် ဘယ်Channalက LGBT+Qကို ပြသပေးမှာလဲ ဘယ်lgbtဇာတ်လမ်းကို လာရောင်းမလဲဟမ် ~ "

"ပြသတဲ့Channal ရှိရင်ရောင်းသမားရှိတယ် "

"မင်းနေတဲ့နိုင်ငံက လိင်တူလက်ထက်တာကိုတောင်တားမြစ်နေတာ TV ကြီးမှာLGBTဆိုပြီးပြသရင် အဲကောင်တွေကဒီတိုင်းနေမယ်ထင်လား မင်းနဲ့လက်တွဲတဲ့Channalပါ ပိတ်သိမ်းခံရမယ်နားလည်လား "

"ဒါမဲ့.."

"တော်တော့ ခေတ်ဆက်သာဟန် အခုချိန်မှာကိုယ်ဝန်တွက်ပဲဂရုစိုက်တော့ ဗိုက်ကနောက်၃လဆိုမွေးတော့မှာ အဲဒါပဲခေါင်းထဲထည့်ထား "

ဆရာထွက်သွားတော့ တပည့်ညီအကိုသာကျန်ခဲ့လေသည်

"ဝေဟင် အကိုပြောထားတာဘယ်လိုလဲ "

"သူတို့Channal က အစီစဥ်အနဲငယ်ပဲရှိတော့ စဥ်းစားပေးမယ်တဲ့ "

"သေချာပေါက်ကိုလက်ခံမှာ "

"အကိုကဘာလို့တပ်အပ်ပြောနိုင်ရတာလဲ "

"ဘယ်သူမဆိုကိုယ့်တွက်အကျိုးမြတ်များရင်မလုပ်ဘူးဆိုတာမရှိဘူး "

"ဟုတ်သားပဲ..ဒါနဲ့မနေ့ကBankထဲ 3သိန်းဝင်လာတယ် "

"ဝင်လာပြန်ပြီလား နိမ်းကရော "

"မင်းအချစ်ဦးတဲ့ အကိုနဲ့အသိထဲကလား "

"ဟင့်အင့်~ ကိုယ်နဲ့သိတဲ့ထဲမှာအဲလိုနာမည်တွေမရှိဘူး "

"မှားတာတော့မဖြစ်နိုင်ဘူး ပထမဆုံးစလွှဲတဲ့လကမှားတယ်ဆို ဖုန်းဆက်လို့ရမှာအခုကလုံးဝမကိုင်ဘူး အခုလည်းထပ်ပို့ပြန်ပြီ ဆက်သွယ်ကြည့်သေးတယ်မရဘူး "

"ဘယ်နှစ်လဆက်ပို့မလဲ ထားထားလိုက် "

"အကို မင်းသားကနောက်လမှာ Sea program ရှိလို့ ဒီလမှာအပြီးရိုက်ဖို့ရသလားတဲ့ မပြီးဘူးဆိုရင်လည်းဝေဟင်တို့က နားရလိမ့်မယ် "

"ပြီးမြန်ရင် တခြားဟာတွေလုပ်လို့ရတယ် မင်းသမီးကိုဆက်သွယ်လိုက် အပြီးရိုက်မယ်လို့ "

"ဟုတ်အကို producerကလည်းပြောတယ် ဒီတစ်ကားပြီးရင် စာချုပ်ကိစ္စဆွေးနွေးရအောင်တဲ့ "

"အင်း.~အဲဲကိစ္စကိုယ်လုပ်လိုက်မယ် ဝေဟင်ကဟိုဘက်ကိုရအောင်လုပ်ပေးနော် အချိန်လည်းနောက်ကျနေပြီးသွားနားတော့ "

"ဟုတ်အကို "

ဝေဟင်ထွက်သွားတော့မှ ဦးနှောက်နှင့်နှလုံးသားကလှုပ်ခတ်လာသည် ကိုယ့်ကိုရက်ရက်စက်စက်စွန့်ပစ်လိုက်သူက ငွေလွှဲပေးဖို့ဆိုတာမဖြစ်နိုင်.. ဒါဆိုဘယ်သူများလဲ

ဗိုက်ကပူလာလေ သူ့ကိုသတိရလေ ၊ စိတ်မနာနိုင်သည့်ကိုယ့်ကိုကိုယ်လည်းမုန်းချင်သည်

"အထဲကကလေးလေး ဒယ်ဒီ့စီကောင်းကောင်းမွန်မွန်ရောက်လာပေးနော် မင်းဖေဖေကတော့လူဆိုးကြီး "

လူဆိုးကြီးဆိုတာနှင့်လှုပ်လာသည့်ဗိုက်ကလေးက သူ့အဖေကိုမကောင်းမပြောစေချင်ပုံ

"မျက်နှာတောင်မမြင်ရတဲ့အဖေကို ချစ်တယ်ပြောရင်ရိုက်မှာ "

ရိုက်မယ်ပြောလို့လားမသိ တချက်မှမလှုပ်တော့

မနက်စာဝိုင်းတွင် ဆရာနှင့်မခေါ်ကြတာကြောင့် ညီအကိုနှစ်ယောက်သာရှိလေသည်

"အကို မင်းသမီးကလည်းလက်ခံတယ် "

"လက်ခံတယ်ဆိုကောင်းတာပေါ့ တစ်လတွင်းအပြီးဖြတ်လို့ရတယ် "

"ဟုတ်တယ်အကို အဲဆိုအကို့ဗိုက်ကလည်း၈လကျော်ပြီဆိုတော့မွေးဖို့ အချိန်ယူရမယ်လို့ထင်တယ် "

"အင်း~ကိုယ်လည်းစဥ်းစားထားတယ်"

"အကို့တွက်သတင်းကောင်းလည်းရှိတယ် "

"ဟိုဘက်ကလက်ခံတာလား "

"ဟာ~အကိုသိနေတယ် ပျော်စရာလည်းမကောင်းဘူး"

"ကိုယ်တို့မှာ ဒီကိစ္စပဲပြောစရာရှိတာကို ဘာပြောသေးလဲသူတို့က "

"အကိုနဲ့သေချာဆွေးနွေးချင်တယ်လို့ပဲပြောတယ် "

"ဟုတ်ပြီ ဒါဆိုဒီနေ့ရိုက်ရမဲ့အခန်းကိုသေချာလေးလုပ်ထားပါ "

"ဟိုလေအကို ဇာတ်ညွှန်းရေးဆရာကမလာနိုင်ဘူးတဲ့ အဲဒါ"

"အကြောင်းပြချက်က "

"လုံးဝဆက်သွယ်လို့မရတာအကို "

"စောင့်ရတဲ့အလုပ်ကိုမုန်းတာလောက်မရှိဘူး ကိုယ်ကိုတိုင်ဝင်ပြောမယ် "

ဒါရိုင်တာအလုပ်ကိုရူးသွပ်သည့်လူမို့ သရုပ်ဆောင်တွေဇာတ်ညွှန်းဖတ်ကြတဲ့အချိန် ဒါရိုင်တာကိုယ်တိုင်ကဝင်ဦးဆောင်လေသည်

တစ်လအတွင်းမင်းသားရောမင်းသမီးရော နှင့်အဖွဲ့သားတွေပါဒါရိုင်တာ၏လုပ်ဆောင်ချက်ကြောင့် ခပ်မြန်မြန်ပင်ရိုက်ကူး၍ပြီးသွားလေသည်

ဇာတ်ကားပြီးမြောက်ကြောင်း ညစာစားပွဲတွင်

"အကုန်လုံးပင်ပန်းသွားကြပြီ "

"မဟုတ်တာဆရာရယ် ကျမတို့ကတော်လို့ဆိုပေမဲ့လည်း ဆရာရဲ့နည်းလမ်းနဲ့အပြီးမြန်တာပါ "

မိတ်ကပ်တစ်ပိဿာလောက်နဲ့ မင်းသမီးအား ဝေဟင်တစ်စက်မှကြည့်မရ ဟိုမင်းသားရောဘာထူးလဲ ကို့ဆရာကိုရိတိတိနဲ့ တခြားနေရာမှာဆို သူ့လုပ်စာထိုင်စားနေသလိုရုပ် ဆရာနဲ့ဆို နွားပြာကြီးအောက်ကျ ကြည့်လို့ကိုမရ

dinner ဝိုင်းတွင် ခေတ်ဆက်သာဘေးကနေ ဝေဟင်တယောက်မျက်နှာအမူရာမျိုးစုံဖြစ်နေလေသည် ပေါင်းလာတာမကြာသေးပေမဲ့ မျက်နှအမူရာထွက်ပြီဆို စိတ်ထဲအတင်းတုပ်နေပြီမှန်းမပြောလည်းသိသည်

"ဆရာ ကိုယ်တစ်ခုလောက်အကြံပေးလို့ရမလား "

"ပြောပါ"

"နောက်ဇာတ်လမ်းတွဲတွေရိုက်တဲ့အခါ ကိုယ့်ကိုမမေ့ရဘူး "

"ဪ~မင်းသားရယ် Character နဲ့ကိုက်ညီမဲ့သူကိုရွေးရိုက်ရမှာပေါ့ တစ်ခါလာလည်းဒီမင်းသားနှစ်ခါလာလည်းဒီမင်းသားဆို ပရိတ်သတ်ရင်ထဲမကြိုက်ကြတော့ဘူး"

"ကိုယ်မင်းနဲ့ပြောနေတာမဟုတ်ဘူး ဝေဟင် "

"ဒါမဲ့ဝေဟင်ကမန်နေဂျာလေ အဲလောက်ကတော့ရတယ် "

"မင်း.. "

"ဝေဟင်ပြောတာဟုတ်သားပဲ မင်းသားရယ် Character နဲ့ကြိုက်ညီရင်တော့ခေါ်ပါ့မယ် "

မကျေမနပ်ဖြစ်သွားသောမင်းသားကို ကြည့်ပြီးစိတ်တွေပါရှုပ်လာရသည် ထို့နောက်အဖွဲ့သားတွေစိတ်ကြိုက်လွှတ်ပေးခဲ့ပြီး အိမ်ပေါ်တက်လာတော့ဝေဟင်ပါပါလာသည်

"အကိုဆင်ပြေရဲ့လား "

"ညီးစိစိကြီးဖြစ်နေတယ် "

"အကိုဘာလို့သူကို ကတိပေးလိုက်ရတာလဲ Character နဲ့ကိုက်ညီရင်ခေါ်မယ်ဆိုတာလေ "

"အင်း~သူနဲ့ကိုက်ညီမဲ့ Characterကမရှိဘူး အခုတောင်မှ producer ဘက်ကရွေးထားလို့သာ ကိုယ့်မှာရွေးချယ်စရာမရှိတာ "

"အကိုကတော်လိုက်တာဗျာ "

...............

"သေချာရဲ့လားညီ "

"မသေချာရင်မလုပ်တက်ဘူးအကိုဇေယျာ ကိုဇေယျာတို့ဘက်ကနေ ဒီ project တွက်ငွေလုံလုံလောက်လောက်ထုပ်ပေးရုံပါဘဲ "

"ဟုတ်ပြီ ထုပ်လွှင့်ချိန်ကို ည၇နာရီမှပြသပြီး နေ့လယ်၁၁လောက်မှာပြန်ပြမယ် "

"ကျွန်တော်တစ်ခုလောက်တောင်းဆိုချင်လို့ရမလား "

"အားမနာနဲ့ပြောပါငါ့ညီ "

"စနေ ၊ တင်္နဂနွေတို့မှာပြသပေးလို့ရမလား "

"ရပါတယ် တခြားကောတောင်းဆိုစရာရှိသလား "

"အဓိကဇာတ်ကောင်တွေဖြစ်တဲ့မင်းသားနှစ်ယောက်ကို ကိုယ်တိုင်ရွေးချင်ပါတယ် ပြီးတော့နာမည်ထွက်နေတဲ့မင်းသားနဲ့တက်သစ်စကိုတွဲပေးချင်တယ် "

"စိတ်ကူးလေးကကောင်းသားပဲ အသစ်ကိုမြေတောင်မြှောက်ပေးသလိုဖြစ်တာပေါ့ လူရွေးပွဲကောဘယ်မှာလုပ်ချင်လဲ "

"ဒီ Founder studio မှာဘဲသုံးချင်ပါတယ် "

"ဟုတ်ပြီ ဒီFounderက ဇာတ်လမ်းကိုရိုက်ကူးမှာဘဲ Founder studio မှာကြိုက်တဲ့နေရာသုံးခွင့်ရှိပါတယ် "

"ဟုတ်ကဲ့ Lgbtဇာတ်လမ်းကိုပထမဆုံးရိုက်ကူးမှာဖြစ်တဲ့အတွက် အမှားပါခဲ့ရင် လိုအပ်ချက်တွေရှိခဲ့ရင် အကိုကပြောပြပေးပါအုံး "

"ဒါရိုင်တာကြီးဦးဇေဇေမောင်ရဲ့တပည့်ဆိုတော့အပြည့်ဝကိုယုံကြည်ပေးထားပါတယ် နောက်တစ်ခုကညီလေးတို့ကမ်းလှမ်းလာတဲ့ချိန်မှာ ရင်ခုန်သွားတာတော့အမှန်ဘဲ ဘာလို့ဆိုဒီlgbtဇာတ်လမ်းကို ရိုက်မယ်လို့ဒါရိုင်တာလောကမှပြောဆိုကြတာမရှိဘူး "

"ဟုတ်ကဲ့ယုံကြည်ပေးထားတဲ့တွက်အလွဲသုံးစားမဖြစ်စေရပါဘူးဗျ "

"တစ်ခုရှိတယ် ညီလေးရဲ့ကိုယ်ဝန်နဲ့ကဇာတ်လမ်းရိုက်ကူးဖို့ဖြစ်ပါ့မလား "

"အခုမှ၈လ ကျော်ဆိုတော့ တစ်လလောက်အချိန်ရပါသေးတယ် ဒီကြားထဲမှာ လူရွေးပွဲလုပ်တာပေါ့ မွေးပြီးတာနဲ့တန်းရိုက်မယ် "

"ညီအဆင်ပြေရင်ပြီးတာပါဘဲ "

ကိုဇေယျာက Founder Studio ရဲ့CEO ဖြစ်ပြီး ပွင့်လင်းတဲ့လူတစ်ယောက် LGBTကိုပြသခွင့်ပေးချင်သည့်လူတစ်ယောက်လည်းဖြစ်သည် ကိုဇေယျာနှင့်ပြောဆိုပြီး အချိန်ကရှိသေးတာကြောင့် ကော်ဖီဆိုင်ထိုင်ရန်ပြင်လိုက်သည်

☕☕☕

"အကိုဘာသောက်မလဲ "

"ကိုကိုးတစ်ခွက် "

ဝိန်တာကောင်လေးခေါ်လိုက်ပြီးနောက် ကိုကိုးနှစ်ခွက်မှာလိုက်သည်

"အကိုရာ CEOနဲ့ပြောဆိုနေတာလေ ဝေဟင်ဖြစ်အားကျလိုက်တာ ကျန်တဲ့သူတွေဆိုထစ်ငေါ့နေမှာ "

"စကားပြောထစ်ငေါ့ခြင်းမရှိခြင်းသည် တဖက်သူအားအနိုင်ရရန် ရာနှုံးပြည့်သေချာသည်တဲ့ဝေဟင်ရဲ့ "

"ကျွန်တော်မှတ်ထားလိုက်ပြီ ဒါနဲ့အကိုက ကိုကိုးကြိုက်တာလား "

"ကြိုက်တယ် ကိုယ့်သားကြီးတုန်းကဆို သူ့အဖေကတနေ့နှစ်ခွက်အမြဲဖျော်ပေးရတာ "

"အကိုသူ့ကိုလွမ်းနေတာလား "

"ဆက်စပ်မိရင် သတိရသွားတာမျိုးပါ "

"သူသာပြန်လာခေါ်ရင်အကိုလိုက်မှာလား "

"ပြန်ခေါ်ဖို့အစီစဥ်မရှိလောက်ဘူး အခုဆိုမိန်းမနဲ့ကလေးနဲ့မိသားစုတစ်ခုဖြစ်နေလောက်ရောပေါ့ "

"မဟုတ်ဘူးဆိုရင်ရောအကို "

"ညကျရင် Blသရုပ်ဆောင်​ခေါ်ယူ​ခြင်းဆိုပြီး ဆိုရှယ်ပေါ်တင်လိုက်ဝေဟင် "

အကိုက သူ့အကြောင်းဆက်မပြောလိုဟန်ဖြင့် စကားလမ်းကြောင်းလွှဲလေသည်

ယောင်္ကျားတယောက်ဖြစ်ပြီးနူးညံ့လွန်းတဲ့အသားရေ ၊ နှုတ်ခမ်းစူစူကလေးနှင့်မျက်တောင်ကော့ကော့လေး ၊ ခပ်အုပ်အုပ်ဆံပင်ကိုမှအနောက်ကနဲနဲရှည်နေပြီး တီရှပ်Overဆိုဒ်ကြီး၊ ဘောင်းဘီတိုအဖြူကလေးနှင့် ခြေစွပ်အဖြူလေးရယ်၊ဘွတ်အဖြူကလေးရယ်နှင့်အကိုက မွေးခါနီးလူတစ်ယောက်လို့မထင်ရက်စရာ

"ဝေဟင်!!!!! "

"ဗျာ ကိုယ်ပြောတာကြားရလား "

"အကိုဘာပြောတာလဲ "

"မိန်းကလေးပါ လိုတယ်လို့တင်ပြောတာ ကျန်ခဲ့မယ် "

"ဟုတ်အကို "

ခေါင်းတငြိမ့်ငြိမ့်နှင့်ကလေးတစ်ယောက်လို အသက်၂၀သာရှိသေးသည့်ဝေဟင်က ပိန်ပါးလွန်းတဲ့ထဲပါဝင်သည် စားသောက်တာကလည်းသူ့အပြင်နှစ်ယောက်မရှိ အသားရေကသိပ်မဖြူပေမဲ့ အရပ်၅ပေ၆ နှုတ်ခမ်းမွှေးရေးရေးလေးတွေက ကြည့်ကောင်အောင်ပံ့ပိုးထာသည်

ခွမ်း~

"အကို့!!!!! "

ကိုကိုးသောက်ဖို့ခွက်ကောက်အကိုင် ဝိန်တာကလာသည်နှင့်ဆုံရာ တံတောင်ဆစ်အားတိုက်မိပြီး ခွက်ကျကွဲလေသည် တော်သေးသည်က ကိုကိုးခွက်ကအပူမဟုတ်လို့

"မင်း ဘယ်လိုဝိန်တာလဲ လူတစ်ယောက်လုံးကိုမမြင်ရအောင်က "

"ကျွန်တော်တောင်းပန်ပါတယ်အကိုတို့ လွှဲလိုက်တာမလွတ်လို့ပါ "

"အဲလည်း မင်းဆင်ခြင်ပါလား "

ဟိုကတောင်းပန်လိုက်ဒီက ပြောလိုက်နှင့်အလည်ရောက်နေသည့် သူကမူးပင်မူးလာသည်

"ဝေဟင်တော်ပြီ "

"မတော်ပါဘူး မတော်လို့အပူဆိုရင်ဗိုက်ထဲကကလေးအပူလောင်မှာပေါ့ "

"ဟမ်~အပြင်ကကိုယ်ပူရမှာမဟုတ်ဘူးလား "

"မသိဘူး ဟိုကောင်ဒါကိုဘယ်လိုတာဝန်ယူပေးမှာလဲ "

သူတို့၏ဆူဆူညံညံစကားဝိုင်းလေးကို တဖက်စားပွဲတွေကလည်းလှည့်ကြနေကြပြီ

"အကိုတို့ရဲ့ ကျသင့်မှုကို ကိုယ်ပဲရှင်းပေးလိုက်ပါ့မယ် "

"ဘာ!!! ဒီမှာငါတို့ကငွေမရှင်းနိုင်ဘူးထင်လို့လား "

"တော်ပြီဝေဟင် သူလည်းတောင်းပန်နေတာပဲကို "

"အကိုရာ "

"လာပါသွားရအောင် "

အဖြူကောင်လေးက ငစွာလေးအားလက်ဆွဲ၍ထသွားတော့ ဖြစ်သွားသည့်အဖြစ်ပျက်ကိုပြန်တွေးနေမိသည်ကိုယ်ကလည်းကိုယ်ပါဘဲ ဆိုင်ဝန်ထမ်းတွေရဲ့ယူနီဖောင်းနဲ့ဆင်တူဖြစ်နေလေသည်  ငစွာလေး... အဖြူကောင်နဲ့ရောဘာပတ်သက်လဲ ၊ ကိုယ်မင်းစီလာခဲ့မယ် မင်းမှာပိုင်ရှင်ရှိသည်ဖြစ်စေ ၊မရှိသည်ဖြစ်စေ မင်းကကို့အပိုင်ပဲ ဟက်!

"ဘော့စ် ဘာဖြစ်သွားသေးလဲ "

"မင်းရဲ့ပုံစံနဲ့ငါသေရင်တောင် မင်းမှီပါ့မလား "

"မှီပါတယ်ဗျ "

စပ်ဖြီးဖြီးနှင့်သကောင့်သားအား ဆောင့်ကန်ကန်ပစ်ချင်လာသည်

"ဘာ!!!! "

"ဟီးးး စတာ "

"အခုနထွက်သွားတဲ့နှစ်ယောက်အကြောင်းအသေချာစုံစမ်း "

"ဘယ်သူလဲဘော့စ်ရဲ့ "

"မင်းသူဌေးရဲ့ကတော် "

"ဗျာ~ ဗိုက်ကြီးနဲ့ကိုလေ "

"ဟာ~ဒီကောင် သူ့ဘေးကတစ်ယောက် "

"ဪ~အဲဒါဝေဟင်လေ "

"ဘယ်သူ "

"ဒီဖက်ဗိုက်နဲ့က ဒါရိုင်တာခေတ်ဆက်သာ ဟိုဘက်ကသူ့မန်နေဂျာဝေဟင် မန္တလေးကျုံးရဲ့မျက်စောင်းထိုး(......)အိမ်ရာမှာနေတယ် "

"မင်းကဘာလို့ အဲလောက်သိနေရတာလဲ "

"သိဆိုအဲနားကကောင်မလေးကိုကြူနေလို့ ဟဲ.."

နှစ်ယောက်သားအပြင်ထွက်လာတော့ ဝေဟင်ကအဲဘက်သွားဖို့ပြင်နေသေးတာကြောင့် သူ့ခမျာကိုယ်ဝန်ကြီးနဲ့လိုက်ဆွဲရသေးသည်

"ဝေဟင်ရေ ကိုယ့်မှာဗိုက်ကြီးနဲ့နော် "

"ဟုတ်သားပဲ ဝေဟင်မေ့တာ အဲဒါဟိုလူကြီးကြောင့် "

"ကဲကိုယ်တော်လေး အိမ်ပြန်မယ် "

ကားပေါ်ရောက်တော့လည်း ကလေးမုန့်မရလို့နှုတ်ခမ်းစူနေသည့်အတိုင်းပင်

အိမ်ရောက်တော့လည်း ခေတ်ဆက်သာဟန်တို့ကအငြိမ်မနေ ဘုရားပန်းထိုးနေသေးသည်

"အကိုကလေ အရာရာမှာတော်တယ် အသက်သာငယ်တာပညာအရည်ချင်းကသာနည်းတာ ဘာမဆိုလုပ်တက်တယ် "

"ဒါကတော့ဝေဟင်ရယ် သင်ရင်ဘာမဆိုရတယ် ကိုယ့်မိဘအိမ်မှာဆိုကိုယ်ကပဲ ဒီဟာတွေလုပ်ရတာ "

"ဟိုဟွာလေ အကြီးလေးပုံကြည့်လို့ရသလား "

"ရတာပေါ့ ဒါမဲ့မိသားစုရိုက်ထားတဲ့ပုံပဲရှိတယ် "

"အိုး...ပြပါလား..အကို့အမျိုးသားကိုပါမြင်ဖူးတာပေါ့ "

"ခဏနော် ကိုယ်သွားယူပေးမယ် "

ပန်း၏အရွက်ကြမ်းတွေဖယ်တာကို လက်စသတ်ပြီးအခန်းတွင်းဝင်သွားပြီးမကြာလိုက် လက်ထဲမှန်ဘောင်လေးနှင့်ပါလာသည်

"ရော့ ဒါကသားနှစ်နှစ်ပြည့်တုန်းကလေ ကစားကွင်းသွားထားတာ "

"အကို့အမျိုးသားကလေ ညို​ချောပဲခန့်လည်းခန့်တယ် အကိုနဲ့ဆိုရင်မတန်ဘူးလို့ခံစားရတယ် "

"ဝေဟင်ကတော့ပြောတော့မယ် "

"တကယ်ပါဆိုအကိုကလည်း "

ဓာတ်ပုံလေးအား အကို့စီပေးလိုက်တော့ ယူပြီးအထင်နှင့်လွှတ်ချလိုက်ရာမမီတော့ပဲအောက်သို့ကျကွဲသွားလေသည်

ခွမ်း~

"သား!!!! "

"အကို တောင်းပန်ပါတယ်ယူမိပြီထင်လို့ "

"သားတစ်ခုခုဖြစ်နေမလား မသိဘူး ငါ့သားလေး "

ကျကွဲနေသောဓာတ်ပုံလေးအားကိုင်ကာ သားလို့တစ်ဖွဖွခေါ်ပြီးငိုနေ​တော့သည် ' ပန်းအိုးကျကွဲတာ ၊ ဖန်ခွက်ကျကွဲတာ ၊ ဓာတ်ပုံကျကွဲတာ 'တို့ဖြစ်ရင် အိမ်သားတွေတစ်ခုခုဖြစ်သည့်ဟာ အဆိုကလည်းရှိလေသည်

ခွမ်း~

အကိုခေတ်ဆက်သာက ဓာတ်ပုံလေးကိုင်ပြီးအထ အစွန်း၌တင်ထားသောပန်းအိုးကိုတိုက်မိကာ ကြွေအိုးလေးကနှစ်ခြမ်းဖြစ်သွားလေပြီ သူဖြစ်အံ့ဩလွန်းလို့ သားဘက်စိတ်ရောက်နေသူက ဘယ်လိုတောင်ခံစားသွားရမလဲ....တွေးမိသည့်သူပါ ငိုချင်လာရသည်

"အီးးး ဝေ...ဝေ....ဟင်..သူ..သူ..တို့တစ်ခုခုဖြစ်နေတာလား "

ဟင့်!

"မဟုတ်လောက်ပါဘူးအကိုရာ ဓာတ်ပုံကကျွန်တော်နမော်နမဲ့နိုင်လို့ပါ ပန်းအိုးကတိုက်ဆိုင်တာပါ အကိုဘာမှမဖြစ်ဘူးနော် ဘာမှမဖြစ်ဘူး "

"မဟုတ်ဘူး ငါ့..ငါ့...သားလေးတစ်ခုခုဖြစ်နေတာနေမှာ ငါစိတ်တွေလေးနေတယ် အီးးးးးး "

အီးးဟီးးးးးးးးဟင့်!

တွေးလိုက်ငိုလိုက်နှင့် နောက်ဆုံးမောပြီးအိပ်သွားမှ အိမ်အကူနှစ်ယောက်ခေါ်ကာ အခန်းထဲပို့ခဲ့ရသည်

............

"ကဲတိတ်ပါသားရယ်.. အိုးးးးးအို့....အိုးးးး "

"လာ..လာဦးဟိန်းချီမယ် "

ကျင်းကနားထားရသည်ကြောင့်လူအားလုံးကရှိနေလေသည် တယောက်သောသူကလွဲရင်

ကလေးကို တယောက်တလှည့်စီချီပြီးချော့နေရလေသည်

"အို့...သားရယ် မငိုနဲ့တော့နော် "

"ဦးစီကသားတွက် မုန့်ဝယ်ပေးမယ်နော် တိတ်တိတ် "

"အင့်~ဖေဖေ"

"ပိုင်စိုးဦးဖုန်းဆက်လို့မရဘူးလား လုပ်ကြပါအုံး "

"မငိုနဲ့တော့တော့စိုးဆက်လေး ဖိုးမြေးကလိမ္မာတယ် "

တစ်ယောက်တစ်ခွန်းချော့နေကြသော်လည်း ကလေးကအဖေကိုသာတနေလေသည်

"ဟိုမှာကိုကြီး "

သူတို့ကြည့်လိုက်တော့ ကင်းကောင်က ခေါင်း၌ပတ်တီးကြီးစည်းထားသလို လက်၌လည်းလက်အိတ်ကြီးနှင့်လွယ်ထားရလေသည် တခြားတစ်ဖက်ကအိတ်တစ်လုံး

"ဟေ့ရောင်ကင်းကောင် ဘာဖြစ်လာတာလဲ "

"အီး~ ဖေဖေ ခေါ် "

"သားကဘာလို့ငိုနေတာလဲ ဖေဖေခေါ်လို့မရဘူးလက်မှာနာနာနဲ့ "

"ဟင့် ~ခေါ်ဆို "

သူ့အဖေလာတော့မှ ကျန်တဲ့သူတွေနားရသည် ကင်းကောင်က ထိုင်ခုံတွင်ဝင်ထိုင်တော့ အားလုံးကအဲနားရောက်သွားပြန်သည်

"ကိုကြီးမင်းလက်နဲ့ခေါင်းကဘာဖြစ်တာ "

"ခေါင်းပေါ် သစ်ပိုင်းကျပြီးလက်ကိုရိုက်မိတာ"

"မင်းကဘယ်သွားပြီးဘာလုပ်နေလို့လဲ "

"ကျုပ် ဦးစိုးစီမှာသစ်သွားတင်ပေးတာ ကားပေါ်မှာယူနေတဲ့သူကလွတ်ကျတော့ ကျုပ်ကိုထိတာ "

"တော်တော်ထိသွားလား ကိုကြီး "

"ခေါင်းကသုံးချက်နဲ့ လက်ကအရိုးအက်တာလောက်ပဲ သားကဘာဖြစ်တာလဲ "

"မင်းသားကားပေါ်မှာတက်ကစားရင်းပြုတ်ကျတာ အဆစ်လွဲသွားတာလားပဲ သွားကိုင်ကြည့်လို့လဲမရဘူး "

"ထွေးဦး ငါ့အပေါ်တင်ပေး "

ကလေးအား ပိုင်စိုးဦး၏ပေါင်ပေါ်တင်ပေးလိုက်ပြီး ချော့ရတော့သည်

"ဘာဖြစ်တာလဲဖေဖေကိုပြော "

"စိုးဆက်က ကားပေါ်သွားကစားတာ သူကပြုတ်ကျအောင်လုပ်တယ် "

"ဘယ်သူလုပ်တာလဲ ပြော "

"အဲကား "

ကားကပြုတ်ကျအောင်လုပ်လို့ရသလား ပြောရင်စိတ်ကောက်အုံးမယ်

"အို့..ဖေဖေသားကိုနာအောင်လုပ်တာ နောက်တစ်ခါသွားမဆော့ရဘူးနော် "

"ဖေဖေချီ "

"ဖေဖေချီလို့မရဘူးလေ ဒီမှာအနာနဲ့ လေးလေးချီခိုင်း "

"နိုး "

"ပိုင်စိုးဦး ကလေးကိုဆေးခန်းသွားပြရမယ် "

"စိုးဆက် ဖိုးလေးနဲ့လိုက်သွားနော် "

"သွားဘူး ဖေနဲ့နေ "

"ပိုင်စိုးဆက်ဦး ဖေဖေခေါင်းမာတာမကြိုက်ဘူး "

အီးးးးးးအီ.....အီးးးးးးဟီးးးးးး

"ပိုင်စိုးဦးရယ် ကလေးကအဖေမှာကပ်ချင်နေတာကို မဆူနဲ့လေ "

"ဟုတ်သားပဲ ဖိုးလေးနဲ့ဆေးခန်းသွားပြီးရင် ဖေဖေကခေါ်မှာတဲ့ "

"တကယ်လား "

"တကယ်ပေါ့မြေးရယ် "

"လိုက်မယ် "

သားကိုအဝတ်စားလဲပေးပြီး ဦးသက်ရယ် ၊ ထွေးဦးတို့ကပါသွားပြီ ပါးစပ်ချဥ်လာ၍ဆေးလိပ်တလိပ်ယူကာ ပါးစပ်နားတေ့တော့ အစီကမီးခြစ်ခြစ်ပေးလာသည်

"ပိုင်စိုးဦး မင်းအခုဘာတွေလုပ်နေတာလဲ "

"အေးလေကင်းကောင် ငါတို့စီမှာအလုပ်လုပ်တာမလောက်လို့လား မင်းသုံးစွဲနေတာလည်းမမြင်ရဘူး ပိုက်ဆံတွေဘာလို့အသဲသန်ရှာနေတာလဲ "

"ကျုပ်နေ့စားလိုက်ဆင်းနေတာ အပိုငွေ "

"ဘာလို့လဲ မင်းဒီမှာအလုပ်လုပ်တာလောက်သားပဲကို "

"ကျုပ်ဟန်တွက် ဟန်ဟိုမှာဘယ်လိုနေရမှန်းမသိဘူးပိုက်ဆံကြေးငွေနဲ့ပက်သတ်ပြီး တစ်ခုခုဆိုကျုပ်ပိုက်ဆံတွေကအကူညီရအောင်.."

"မင်းကူညီတာသူသိသွားမှာပေါ့ "

"သိမှာမဟုတ်ဘူးလောပန်း နောက်နေ့တွေမှာကျင်းမဆင်းရင်နေ့စားလိုက်မယ် "

အသိပေးစကားပြောသွားပြီးထသွားသောလူကို တစ်ဆုံးထိကြည့်လိုက်သည် ခွင့်တောင်းတာလဲမဟုတ်တဲ့အသိပေးစကား ကိုယ့်အလုပ်သမားဆိုပေမဲ့သူ့မှာတားပိုင်ခွင့်အဲလောက်မရှိ

"လောပန်း ပိုင်စိုးဦးကအခုတစ်လောမူမှန်သလိုပဲ လောပန်း "

"အင်းငါလည်းတွေးမိတယ် အရင်ကထက်အရယ်ပြုံးကင်းလာသလားလို့ "

"သေချာတာပေါ့ သူ့သားနဲ့ပြောဆိုနေတာတောင်အပြုံးသေးသေးလေးတောင်မမြင်ရဘူး အလုပ်တွေကြီးဖိလုပ်နေတာ အရင်ကဆိုအရက်ဆိုင်ပြေးဖို့ချောင်းနေတာ "

"ပိုင်စိုးဦးက ငါတို့စီစရောက်တုန်းက ခပ်ကုပ်ကုပ်ကလေး ချေမိုးနေတာ နောက်တော့သူ့အကျင့်တွေကပေါ်လာတာပဲ ငါတို့လောပန်းတွေခေါင်းအခြောက်ရဆုံးကောင်ဖြစ်ပေမဲ့ မိန်းမနဲ့ပက်သတ်လာရင် လုံးဝကင်းလို့ကြိတ်ချီးကျူးနေရတာ "

လွန်ခဲ့သောအတိတ်ကာလ ၇နှစ်ခန့်တွင်

"ငသက် မင်းလူခေါ်ထားတာဘယ်လိုလဲ "

"ခဏနေရင်သွားကြိုရမှာ လောပန်း "

ညီအကိုနှစ်ယောက်က စပ်တူလုပ်ထားပေမဲ့သူ့ဘက်တွင်လူအင်အားနဲလွန်းတာကြောင့်အလုပ်သမားတွေခေါ်ချရတော့သည် နှစ်နာရီလောက်ကြာတော့ငသက်နောက် ကောင်လေးတစ်ယောက်ပါလာလေသည်

"ပိုင်စိုးဦး ဒါငါတို့အလုပ်လုပ်ရဲ့မဲ့လောပန်း ဦးအောင်မျိုးတဲ့ လောပန်းဒါကျွန်တော့တူ ပိုင်စိုးဦး "

ငသက်ကမိတ်ဆက်ပေးတော့ ခေါင်းပဲငြိမ့်ပြလာသည်

"မင်းအသက်က ဒီကနဲ့ရွယ်တူလောက်ပဲဘယ်လောက်လဲ "

"၁၅"

"ဘာ!! "

"တကယ်ပါလောပန်းရယ် ဒီကောင်ကအခုမှ၁၅ပဲရှိသေးတာ "

"လူကောင်ကြီးတော့အသက်ကြီးမယ်ထင်တာ ဟိုကောင်တွေနဲ့သေချာမိတ်ဆက်ပေးလိုက် မနက်ဖြန်အလုပ်ဆင်းရမယ် "

ပြောပြီးတာနဲ့ တန်းလျားလိုလုပ်ထားသည့်နေရာတွင် လူတစ်ချို့စုထိုင်နေလေသည် အရက်ပုလင်းကထောင်လျက်

"ဟေ့ကောင်တွေ ဒါလူသစ် ပိုင်စိုးဦး ကျန်တာကိုယ့်ဘာသာကိုမိတ်ဆက် ငါသွားစရာရှိလို့ "

"အေးငသက် "

ဦးသက်ထွက်သွားတော့ အဝတ်အိတ်ကို ကြမ်းပေါ်တင်ကာသူပါဝင်ထိုင်လိုက်သည်

"မင်းအသက်ဘယ်လောက်လဲ "

"၁၅"

"ဟာ~ မနောက်နဲ့ "

"........."

"တကယ်ကြီးဟ "

"အဲဒါကထားပါ ငါ့နာမည်ကဟိန်းစိုးအောင် မင်းဘေးက ဦးနိုင်ဝင်း ၊ သူက ဝင်းဆန်း ၊ ငါတို့ကျင်းမှာ မင်းအပါဝင်ဆို ငါးယောက်ပဲရှိတယ် "

"အင်း "

"တစ်ခုခုဆိုငါ့ကိုပြော မင်းထက်ငါတစ်နှစ်ကြီးတယ် "

"နားအုံးမယ် "

.........

"လောပန်း ဟိုကောင်ကြီးနေမကောင်းဘူး ဒီနေ့နားမှရမယ် "

"ငသက်မင်းတို့ကိုဘာမှမပြောဘူးလား ရေမရှိလို့ဒီနေ့နားတယ် "

"မပြောဘူးလောပန်းရေ ဒါဆိုကျုပ်သွားပြီ "

လောပန်းကိုပြောပြီးတာနှင့်ဟိုကောင်တွက် စားစရာတစ်ချို့ကိုဝယ်ပေးကာတဲစီပြန်သွားလိုက်သည် လာသည့်နေ့ကသန့်သန့်ကလေးဆိုပေမဲ့ နောက်တနေ့တွင်ထွက်လာသည့်ဒီဇိုင်းကလက်ဖျားခါလောက်စရာ တီရှပ်အရှည်ကြီးကိုပခုံးချထားပြီး တိုနေသည့်ဘောင်းဘီကိုထပ်လုံးတင်လိုက်တော့ အောက်ကဘောင်းဘီပင်မပေါ်တော့

"ဟေ့ရောင်ခြေနေ ဖျားနေသေးလား "

"မင်းကောင်က အခုနပဲရေထချိုးနေတယ် "

"အဲဆိုမသေသေးဘူး ထစမ်းဟေ့ရောင်ဆေးသောက်ရမှာ "

"ဟင့်~ထချင်ဘူး ကိုယ်လက်တွေကိုက်ခဲ ကိုက်ခဲပျောက်ဆေးလဲကုန် "

"ဒီအလုပ်က အကိုက်ခဲပျောက်ဆေးနဲ့မရဘူးပိုင်စိုးဦး စောက်ရမ်းပင်ပန်းတာအခုသိပြီမလား သောက်ပါများရင်မကောင်းဘူး လူကထုံထုံထိုင်းထိုင်းနဲ့ "

"ငါပြောတာနားမှမထောင်တာ အရက်လာသောက်ပါဆိုတာကို တကယ်အလုပ်ပင်ပန်းတာခံနိုင်တာနော် "

"ဟုတ်တယ်ပိုင်စိုးဦး မူးရတဲ့ခံစားချက်ကြီးလဲကောင်းတယ် "

"သောက်ကြည့်မယ် "

ဖြောင်း~

"နေမကောင်းတာကို မျက်ခွက်ကိုအောက်ကနေဖြတ်ရိုက်ရင် တောင်တစ်လုံး​မြောက်တစ်လုံးဖြစ်ကုန်မယ်"

"နေကောင်းမှသောက် "

"ဦးနိုင်ဝင်းကျုပ်စဥ်းစားမိတာတစ်ခုရှိတယ် ဒီကောင်ကြီးရဲ့နာမည်ပြောင် "

"ဘာလဲ "

"ကင်းကောင် "

"မိုက်တယ် ကင်းကောင်နဲ့တစ်ပုံတည်း ဟိုကမျက်လုံးကတောင်ကြည့်မြောက်ကြည့်ဖြစ်တာ "

"ကျုပ်ကိုအရမ်းချစ်ကြတာပဲ "

"အေးပေါ့ မင်းကငါတို့ထဲအငယ်ဆုံးဆိုတော့ ချစ်တာပေါ့ "

........

"ကင်းကောင်မင်းဟာရေသောက်သလိုပါဘဲလား "

"အမူးသောက်ချင်တာကွာ မူးပြီးမှောက်သွားတာကဘယ်လိုလဲဆိုတာသိချင်လို့ "

"မင်းအခုတောင်များနေပြီလေ "

အဖွဲ့ကနှစ်ဖွဲ့ပေါင်းမိပြီးသောက်ကြရာဝယ် တစ်ချို့ဆိုမူးပြီးမှောက်နေကြပြီး တစ်ချို့ဆိုတွေ့တဲ့ချုံကနိဗ္ဗာန်

"ငါ့လိဖြစ်ဟေ့ရောင် "

"ဟေ့ရောင်ငဟိန်း သတ္တိရှိရင်ထွက်လာလေ "

"စိန်ခေါ်တိုင်းမကောင်းဘူးငါလိုး "

"ကြောက်ရင်ကြောက်တယ်ပေါ့ "

တဖက်အဖွဲ့နှင့်ငဟိန်းမှာ လမ်းကြောင်းတစ်ခုပေါ်ရောက်နေလေသည် အလယ်ကမူးနေပြီဖြစ်သည့်ကင်းကောင်ပင်လျှင် ဖိနပ်တစ်ဖက်ကိုင်နေပြီ

"ဟီလာမထနဲ့ အေးဆေးနေဟေ့ရောင်"

"ထတော့လိ့ဖြစ်လာ "

"ဖြစ်ရင်ချမယ်ကွာ ဟေ့ရောင်ကင်းကောင်ဆော်စမ်း "

သူကင်းကောင်ကိုပြောလိုက်ပေမဲ့အသံမလာသလိုလူပါမလာ လှည့်ကြည့်တော့အစပင်မရှိတော့

"ဟီးးးးသားကစတာ ကိုကြီးတို့ "

ဖိနပ်ပင်မယူတော့ပဲ နောက်မလှည့်တန်းပြေးရတော့သည် ပြေးရင်ပင်တစ်ခုခုကိုဝင်တိုက်ကာ မှောက်ရက်လဲပြန်သည်

ဒုတ်!

"မင်းမေစပ အခုမှ ဟာ~ကင်းကောင်"

သူဝင်တိုက်လိုက်သည့်က အပင်ကိုမှီကာအိပ်ပျော်နေသောကင်းကောင်ကိုဖြစ်သည်

"ဟေ့ရောင်..ကင်းကောင် "

ဟမ်~

"ထစမ်း "

"ငါအိပ်မှာ မင်းလဲလာအိပ် "

ဂုတ်ကနေဆွဲချကာသူ့အဘေးပို့လိုက်တာကြောင့် အသက်သာကြီးပေမဲ့အားချင်းမယှဥ်နိုင် ခေါင်းကမြေကြီးနဲ့မိတ်ဆက်သွားလေသည်

"ကိုနေကိုတိုးအကောင် ဒါအိပ်ယာမဟုတ်ဘူးဟ ထစမ်း"

သူ့ကိုယ်အလေးကြီးကိုဆွဲတင်ကာ ပခုံးပေါ်လက်တင်၍တွဲသွားရသည်

~ပိုင်ရှင်မရှိသေးတဲ့ အချစ်ကလေးရယ်

ပိုင်ရှင်ကိုယ်ဖြစ်လိုက်ချင်ပါတယ် ~

အူးးးးးးမွ

"ဗရမ်းဗတာအကောင် ငါမင်းရည်းစားမဟုတ်ဘူး မနမ်းနဲ့ ဟေ့ရောင်! "

"အူ..တူများရှစ်ရို့ဟာကို "

"မချစ်နဲ့ သောက်ထားတာဘယ်နားရောက်သွားပြီလဲတောင်မသိဘူး "

"ဒီနား "

သူကြည့်တော့ပုဆိုးနားကိုထိုးပြနေလေသည်

"ဘာ..ဘာ..လဲဟေ့ရောင်"

"ရှုရှုးပေါက်မလို့ "

"ဘာ!!!! သေးပေါက်ချင်တာများ သွားပေါက်လေ "

"မင်း တည်ပေး "

"ဘာ!!! ဖြောင်း~ "

လည်ဂုတ်ပိုးကို လက်တစ်စောင်းရိုက်ချလိုက်တော့ အရိုက်ပဲလွန်သလား ၊ သူပဲမူးနေလို့လားမသိ ငြိမ်ကျသွားလေသည် တဲရောက်တော့အိပ်ယာပေါ်ချပေးလိုက်ပြီး အဘေးနားကစောင့်ကြည့်နေရသည် အချိန်တစ်ခုထိရောက်လာသော် နိုးမလာတော့စိတ်ကပူလာလေပြီ

"မင်းကောင်အိပ်ပျော်သွားတာနေမှာပါ "

"အဲလိုဆိုကောင်းတာပေါ့ မေ့နေတာဆိုဘယ်လိုလုပ်မလဲ "

ခူး......ခလော~

ခူးးးးးးးးး

"မင်းမေလိုး "

စောင့်ကြည့်နေဆဲတွင် ပိုင်စိုးဦးမှာ ဟောက်သံထွက်လာသည်ကြောင့် သူ့ကိုစိတ်ပူနေသူဟိန်းစိုးအောင်က ကြမ်းပေါ်ကကန်ချတော့သည် ကန်ချလို့ကြသွားတော့လည်း တစ်စက်မှမနိုးသလို ဟောက်သံကလည်းတိတ်မသွား

..............

"ကင်းကောင် မင်းသန့်သန့်ပြန်ပြန့်ကလေးနေကြည့်စမ်း "

"လောပန်းကဗျာ ကျုပ်လွတ်လပ်သလိုပေါ့ "

"မင်းလွတ်လပ်တာကလည်းဟေ့ရောင် အမြဲတမ်းရွဲပြဲနေတာပဲ လူပျိုပေါက်လုပ်နေပြီး လောပန်းမပြောနဲ့ငါတောင်မျက်စိနောက်တယ်"

"ဟုတ်သားပဲ ပိုင်စိုးဦး မင်းထွေထူးပြင်စရာမလိုဘူး အဝတ်ကလေးကိုပခုံးပေါ်သေချာတင်ဝတ်လိုက်ရင်ရပြီ "

"ပြောမနေနဲ့လောပန်း အဲကောင်ကညစ်ပတ်လို့ယူသမားတောင်ရှိမှမဟုတ်ဘူး ကြားထဲ၁ပြားကလိုနေသေး "

"လိ့၁ပြားလို ငါမညစ်ပတ်ဘူးနေ့တိုင်းရေချိုးတယ် "

"ငဟိန်းပြောတာလည်းဟုတ်သား မင်းကိုယူမဲ့ကောင်မလေးရှိပါ့မလား "

"ပိုင်စိုးဦးတို့က မိန်းမမရဘူးဆိုပြီးထိုင်ငိုနေမှာမဟုတ်သလို လိုက်လဲလိုက်ရှာနေမှာမဟုတ်ဘူး ပိုင်စိုးဦးကိုလိုချင်တဲ့သူဂျီးတွန်းယူ ဒါပဲ "

"အေးအာချောင်ထား ငါ့လည်းအသက်ကကြီးအုံးမှာမဟုတ်သေးဘူး ပိုင်စိုးဦးကိုစောင့်ကြည့်အုံးမှာ "

"တကယ်လို့ကျုပ်သဘောကျတဲ့သူတွေ့ရင် လောပန်းလိုက်တောင်းပေး "

ဟား....ဟာ....ဟားးးးးဟား....

"ဘာရီတာလဲဟေ့ရောင် "

"မင်းပြောတာကိုကရီစရာ မင်းသဘောကျတောင် ဟိုဘက်ကသဘောကျအုံးမှပေါ့ မင်းလိုကောင်ကြိုက်မဲ့သူကသေချာတယ်မင်းလို ၁ပြားလိုရင်လို မဟုတ်ရင် မင်းလိုပုံစံပဲဖြစ်မှာ "

"မင်းစောင့်ကြည့်ထားစမ်းပါငဟိန်းရာ "

"ကြည့်နေတယ်ဟေ့ရောင် လောပန်းကသက်သေပဲ "

.......

ပစ္စုပ္ပန်ကာလတွင်

"အဲတုန်းက ငဟိန်း ကင်းကောင်ဒဏ်တော်တော်လေးခံရတာ "

"ဟုတ်ပ ဟိုကဂိမ်းကစားဖို့လောက်ပဲသိတာ ကင်းကောင်စရောက်တုန်းကဆိုကလေးထိန်းပါလုပ်လိုက်ရတယ် "

"အခုမှသာ သိပ်မခေါ်ကြတာ အရင်ကဆိုကင်းကောင်နဲ့ငဟိန်းခွဲလို့မရဘူး ကင်းကောင်ကငဟိန်းကိုပိုပြီးခင်တွယ်တယ် အသက်မကွာလို့နေမှာ "

"အမလေး~လောပန်းကသာတည့်တယ်ပြောတာ ရန်ဖြစ်တဲ့ချိန်ကခပ်များများရယ် "

အစီနှင့် လောပန်းစကားပြောတုန်း ငသက်တို့ရောက်လာတော့သည်

"ဦးစီ သားဗိုက်ဆာတယ် "

"ဦးစီဘာလုပ်ပေးရမလဲ "

"ဥဟိန်းရော "

"ဂိမ်းကစားနေတယ် "

"အဲဆိုစိုးဆက်သွားလိုက်မယ်နော် "

"စိုးဆက် လက်ကိုသတိထား"

"ဟုတ် ဖိုးလေး "

ကလေးထွက်သွားတော့မှ ငသက်ဘက်လှည့်ကာကျိုးကြောင်းမေးရသည်

"ဆရာဘာပြောလဲ "

"အဆစ်လွဲတာတဲ့ ဓာတ်မှန်တွေပါရိုက်ခိုင်းတာ "

"ရိုက်လာလား "

"မရိုက်လာဘူး အဆစ်လွဲတာလေးကို ရက်ချိန်းတွေခဏခဏယူမှာ အဲဒါနဲ့မြို့ထဲမှာ အရိုး၊အဆစ်တွေဆက်တဲ့လူရှိတယ်ဆိုလို့အဲသွားပြီးလုပ်လာတယ် "

"အင်း တစ်ခါတည်းကောင်းသွားတော့အဆင်ပြေတာပေါ့ နောက်လည်းဂရုစိုက် ပြုတ်ကြတက်တဲ့နေရာတွေမှာကစားရင်လွှတ်မထားနဲ့"

"ဟုတ်ဦးအောင်မျိုး "

"အစီ ကိုကြီးကော "

"မင်းတို့သွားကတည်းကဝင်အိပ်နေတယ် မင်းကောင်ကိုဆေးတိုက်လိုက်အုံးအနာရှိန်နဲ့ ဖျားနေမယ် "

"ဟုတ်ပြီ ကျုပ်တိုက်လိုက်မယ် ညနေကိုအစီပဲချက်ပေးပါ အစီနေ့ကျရင်ကျုပ်ချက်ပေးမယ် "

"ရတယ် "

သူဝင်သွားတော့ သူ့အကိုကအိပ်နေသည် နဖူးပေါ်လက်တော့အနည်းငယ်နွေးနေသည့်ကိုယ်ငွေ့ကလေးက သတိပေးနေပြီ

"လေးလေး "

"ရှုးးးတိုတိုး သားဖေဖေအိပ်နေတယ် "

သူကနှုတ်ခမ်းပေါ် လက်ကိုကန့်လန့်တင်ပြီးတိုးတိုးဆိုတော့ သူ၏တူတော်မောင်ပါထိုသို့လိုက်လုပ်လေသည်

"ကိုကိုးနံ့ရတယ် "

"ဟီးးးးစိုးဆက် ကိုးအများကြီးသောက်လာတယ် "

"အစီဖျော်ပေးတာလား "

"နိုး.. သူဖျော်တာသောက်လို့မကောင်းဘူး သားဥဟိန်းဖျော်ပေးတာ ဖေဖေကအိပ်တာကြာအုံးမှာလား "

"ကြာအုံးမှာပေါ့ "

"ဟွန်း~စိုးဆက်ကဖေဖေနဲ့ဆော့မလို့ဟာကို "

"ဖေဖေမှမနိုးသေးတာ အပြင်မှာဦးလေးတို့ရှိတယ် သူတို့နဲ့သွားကစားနော် "

"ဟင်း ~..မဆော့ချင်ဘူး ဒီလိုလုပ်ပါလား စိုးဆက် ဖေဖေကိုနိုး​လာတဲ့ထိစောင့်လိုက်မယ်လေ "

"သားကစောင့်နိုင်လို့လား "

ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြပြီး သူ့အဖေဘေးတွင်ဝင်ထိုင်နေတော့သည့် အချိန်တွေမကြာလိုက်ငိုက်မြည်းလာပြီး ကြမ်းပေါ်ခေါင်းမကျခင် သူအလျှင်မြန်ပင်ဖမ်းကာ သူ့အဖေဘေးက သူ့အိပ်ယာပေါ်အသာကလေးချပြီးသူလည်းအပြင်ကိုထွက်လာသည်

"ငါတို့မှာမြေမရှိတော့ဘူး "

"ဟုတ်တယ်ငါ့အကိုရေ သတ္တုဈေးတွေကကျ ၊ သတ္တုကမပါ စိတ်တွေလေလိုက်တာ "

"ငါတို့လူတွေတောင်ပိုက်ဆံဘယ်လောက်မှမရဘူး "

လောပန်းနှစ်ယောက်နှင့် ကျင်းခေါင်းနှစ်ယောက်၏စကားဝိုင်းတွင် ထွေးဦး ၊ ငလုံးတို့ပါ ပါဝင်လေသည်

"၃လစာ ၁၅သိန်းကလည်းမဆိုးပါဘူး လောပန်းရယ် "

"ငသက် မင်းကောင်တွေအသုံးစရိတ်တွက်ကြည့် "

"ဦးမိုးရွှေခများရောပဲ "

ကျင်းခေါင်းနှစ်ယောက်မှာ လောပန်း၏အပြောကြောင့် စာရင်းစာအုပ်ကြီးချပြီး နှစ်ယောက်သား ခေါင်းငုံ့နေရသည်

"ကျွန်တော်ကနေစပြောမယ်နော်

ကျွန်တော်က ၁သိန်း

ဦးနိုင်ဝင်း ၄သိန်း

ငဟိန်း ၆သိန်း

ဝင်းဆန်း ၈သိန်း

ကင်းကောင် ၂သိန်း

ထွေးဦး ၃သိန်း "

"ဝင်းဆန်းကများလိုက်တာ "

"အဲဒါဆိုင်ကြွေးတွေလောပန်း "

"မင်းအ​ကောင်​တွေဆိုင်အကြွေးလျှော့ခိုင်း စုဆောင်းမယ်ဆိုတာမရှိဘူး အသောက်နဲ့အစားအဓိကထားလုပ်နေကြတယ် နေမကောင်းဖြစ်လာရင်ငါ့ခေါင်းပေါ်ပဲရောက်လာတာ "

"ကင်းကောင်က နဲတယ်နော် "

"ဟုတ်တယ်ကိုထွန်း ကိုကြီးက အရက်နေ့တိုင်းမသောက်တော့ဘူး သောက်တဲ့နေ့ဆိုလည်း လူမှန်းမသိဘူး ပြီးတော့ကလေးမုန့်ဖို့အဲလောက်ပဲရှိတာ "

"ကျင်းခေါင်းပဲထိန်းလို့နိုင်တာမဟုတ်ဘူးအကို မင်းလဲလောပန်းတစ်ယောက်လုပ်နေပြီး ပြောပေါ့ ဆိုင်ကြွေးတောင်အဲလောက်ရှိနေရင် သူ့တို့အပြင်ဘက်မှာသုံးတာရှိသေးတယ် KTV သွားမယ် ၊ အမ်းမယ် ၊ အဝတ်စားတစ်ခါဝယ်ရင် ၃သိန်း ၊ ၄သိန်း နောက်နေ့ဆိုလက်သုတ်အဝတ် "

"ငါပြောလိုက်ရင်မကောင်းရှိတော့မယ် ဆရာမလုပ်နဲ့ငါသိတယ် ငါ့မှာကျင်းသားကငါးယောက်တည်း မင်းမှာတစ်ဆယ်ကျော် ခွေးကလူကိုပြန်ဟစ်နေတယ် "

"အထွန်း ငါပြောမယ်နော် "

"ပြောဦးမိုးရွှေ "

"ကျွန်တော်က ၉သောင်း

အစီ ၉သိန်း

ဘီလူး ၇သိန်း

ဆိုင်ကြွေးတင်တာအဲလောက်ပဲ "

"တွေ့လာအကို ကျွန်တော်လူတွေကအရမ်းတော်တာ "

"အံမယ် ချီးကျူးမစောနဲ့ အထွန်း

အစီ ၄သိန်း

အပု ၅သိန်း

အဲဒါတာ တစ်ညတည်းနဲ့ဖဲရိုက်တာ

ပိန်ရှည် ၊ ဖိုးရှမ်း ၊ ငလုံး အဲကောင်တွေက ကာစီနိုဝိုင်းရယ် စလော့ဂိမ်းရယ် ၊ ရှမ်းကိုးမီး အဲမှာတွေဖြုံးတာ "

"ဟေ့ရောင်ငလုံး အခုမင်းလက်ထဲဘယ်လောက်ရှိလဲ "

"တပြားမှမရှိဘူး "

"ဘယ်ရောက်သွားတာလဲ "

"ဦးမိုးရွှေပြောတဲ့အတိုင်းပဲ "

"မင်းတို့ကောင်တွေနော်...ငါမပြောချင်တော့ဘူး မင်းတို့ဘာကြောင့်အလုပ်သမားဘဝကမတိုးတက်လဲသိလား ရလာတဲ့ပိုက်ဆံထိုင်ဖြုံးဖို့လောက်ပဲတွေးနေတာကို "

"လောပန်း နေရာသစ်တွေ့ထားလား "

"အေးငသက် တွေ့ထားတယ် ဒါမဲ့တောင်ကြားဖြစ်တော့အရမ်းပင်ပန်းမှာ "

"ဘာပဲဖြစ်ဖြစ် ထိုင်နေရတာထက်စာရင် ပိုကောင်းတာပေါ့ "

"ဒါနဲ့လောပန်း ဘယ်နေရာလဲမသိဘူး "

"ကရင်ပြည် ၊ ကျေးဇူးတော် တောင်ကြား "

"ဘာ!!!! "

"လန့်တာငထွန်းရာ ဖြေးဖြေးအော်ပါဟ "

"ဟ~ ကျေးဇူးတော်တောင်ကြားက ဒီလောက်မတ်စောင့်တဲ့ဟာကို ဘယ်လိုသွားလုပ်မလဲ "

"ငါတို့လုပ်ရမဲ့တောင်ကြားက ကားလမ်းပေါက်တဲ့နေရာကနေဆို ကိုက်၃၀၀လောက်လျှောက်ရမယ် ပြီးရင်ဆင်ခြေလျှောအတိုင်းဆက်လျှောက်သွား ဆယ်မိနစ်လောက်လျှောက်ရင် နေရာရောက်ပြီ တစ်ခုရှိတာက ပစ္စည်းတွေသယ်ရမှာ "

"မဖြစ်နိုင်တာအကိုရာ စက်တွေကတန်၈၀ ကျော်တာကို ကိုက်၃၀၀ထိမထမ်းနိုင်ဘူး ပြီးတော့မြေပြန့်ဆိုတော်သေး "

"ဟုတ်တယ်လောပန်း စက်တွေကဝင်ရပါပြီတဲ့ တောင်ဖြစ်တဲ့တွက် မြေမာတယ် ရေထိုးလို့နိုင်မှာမဟုတ်ဘူး မြေဆွဖို့ဘူဒိုဇာကလဲဝင်လို့မရဘူး "

"ငါဆုံးဖြတ်ပြီးပြီငသက် ငါပြောပြမယ် မင်းတို့အားလုံးနားထောင် "

"အဲတောင်ကြားက ဘယ်သူမှမလုပ်နိုင်မှန်းသိလို့ ဈေးကအရမ်းပေါတယ်၊  ငါတို့အဲမှာမြေကွက်စမ်းတဲ့အချိန် အင်ဝိုင်းတစ်ဝိုင်းက ၁၅ကျပ်သားထိပါတယ်၊ ခဲရဲ့ပါစင်း/ရာခိုင်နှုန်းက နို့စီဗူးနဲ့ဆို ၉၀အတိ ငါ့တို့တောတန်းမှာတုန်းကတောင် ပါစင်းက ၇၅/၈၀ပဲဲရှိတာ ငါကြားတာက ရွှေပါပါတယ်လို့ကြားထားတယ် ၊ငါ့တို့သာမြေအားလုံးလုပ်နိုင်ရင်ပိုက်ဆံအကုန်ကငါတို့လက်ထဲမှာပဲ "

"အွန်း~အဲဒါဟုတ်တယ် ကျွန်တော်တို့လူတွေတော့အရမ်းပင်ပန်းရတော့မှာပဲ "

"ကျွန်တော်စဥ်းစားမိတယ် တကယ်လို့လုပ်ဖြစ်မယ်ဆိုရင် သံတရွင်းတွေတစ်ခါတည်းဖိုသွင်းထားရအောင် ​​ရေမထိုးနိုင်ရင်သံတရွင်းနဲ့တူးမယ် "

"အင်း~အဲဲလိုပဲလုပ်ရမှာ "

"ကျွန်တော်အကြံပေးမယ်ကိုထွန်း "

"ပြောငလုံး "

"စက်မှာတန်ရေက၈၀လောက်ရှိတာ လူချိန်းပြီးထမ်းရင်တောင် လှုပ်မနိုင်တဲ့ထိဖြစ်မှာအသေချာပဲ အဲတော့စက်ကိုတစ်စစီဖြုတ်ပြီးသယ်မယ် ပြန်ဆင်တဲ့အခါ ဦးနိုင်ဝင်းရယ် ၊အစီရယ်က ကျွမ်းတယ် စက်ပြင်တဲ့အပိုင်းမှာ၉၉ပြားလည်း တော်တယ် "

"ငလုံးပြောတဲ့အ​ကြံကမဆိုဘူးအကို စက်ကဆင်ပြီးမနိုးရင်တော့ သူတို့သုံးယောက်ရှိတယ် ပြီးတော့ကင်းကောင်က စက်ကလိတဲ့နေရာမှာဆရာပဲ "

"မှားမယ်နော်ကိုထွန်း စိတ်ကရှည်တာမဟုတ်ဘူး စိတ်ကတိုလာရင် လျှောက်လုပ်ပစ်တာ အဲကောင်က "

"အရင်ကပါဦးသက်ရာ "

"ငါတော့ကြောက်တယ်ဟေ့ သူ့စိတ်ကမရဘူးဆိုတာနဲ့ရေထဲကန်ချခဲ့တာ ငါ့မှာအဲစက်အလေးကြီးကိုရေထဲကဆယ်တင်ရတာမောလို့ "

"မင်းတို့ရော သဘောတူလား ဝယ်မယ်ဆိုရင်ပေါ့ "

"လောပန်းသဘောပါ ဒါမဲ့ဒီပလောက်ကမပြောင်းနိုင်သေးဘူးနော် သင်္ကြန်ပျော်အုံးမှာ "

"ဟုတ်တယ် မနက်ဖြန်သင်္ကြန်ကျပြီး သင်္ကြန်ပြီးမှပဲပြောင်းကြတာပေါ့ "

"အေးဆေးပေါ့ကွာငါတို့လည်းမဝယ်ရသေးပါဘူး "

လောပန်းတို့နှင့်ပြောဆိုအပြီးတွင် သူတို့လည်းထွက်လာတော့သည်

*အသဲကျော်တို့ အပ်ပုဒိတ်ကအကြောင်းအမျိုးမျိုးကြောင့်နောက်ကျတယ်ပေါ့နော် ခွက်လွှတ်ကြပါလို့ပြောချင်ပါတယ် *

Please is Vote and comment

........................................................................

Zaw

~... ဒီႏွစ္ပြင့္တဲ့ ပိေတာက္ေတြကို

မင္းေခါင္းေပၚ.. လွလွပပေလး

ေနရာယူေစခ်င္ေသးတာ..ဟန္.~

"ဘာလို႔ေခါင္းမာေနရတာလဲ ေခတ္ဆက္သာ "

ဒါရိုင္တာဦးေဇေဇေမာင္၏ ဧည့္ခန္းတြင္ တပည့္ႏွစ္ေယာက္ႏွင့္ဆရာတစ္ေယာက္ အေျခအတင္သို႔ ..

ကိုေခတ္ဆက္သာဟန္က အခုအိမ္ေရာက္လာသည္မွာ ၃လခန့္ရွိၿပီ ဆရာႏွင့္အတူတူဇာတ္ကားတစ္ခုကိုရိုက္ကူးေနေလၿပီး ဒီညမွ တက္သစ္စဒါရိုင္တာေခတ္ဆက္သာဆိုၿပီး Dinner တစ္ခုမွမိတ္ဆက္ေပးခဲ့သည္

ဆရာကဒါရိုင္တာေနရာကအၿပီးပိုင္နားေတာ့မည္ျဖစ္ေၾကာင္းႏွင့္ သူ႕ေနရာအားကိုေခတ္ဆက္သာဟန္က ဆက္ခံမည္ဆိုတာကိုအတိလင္းေၾကျငာခဲ့သည္

ျပႆနာက Lgbtကိုပဲသီးသန့္ရိုက္ကူးမည္ျဖစ္ေၾကာင္းေျပာဆိုရာက အေျခတင္စေတာ့သည္

"ဆရာ ဒီဇာတ္လမ္းေတြမ်ိဳးကရိုက္ကူးသူအမ်ားႀကီး ဟန္ရည္႐ြယ္ခ်က္က Lgbtဒါရိုင္တာသီးသန့္ျဖစ္ခ်င္တာ "

"ျဖစ္ခ်င္တာပဲမေျပာနဲ႕ ေခတ္ဆက္သာဟန္ ဘယ္Channalက LGBT+Qကို ျပသေပးမွာလဲ ဘယ္lgbtဇာတ္လမ္းကို လာေရာင္းမလဲဟမ္ ~ "

"ျပသတဲ့Channal ရွိရင္ေရာင္းသမားရွိတယ္ "

"မင္းေနတဲ့နိုင္ငံက လိင္တူလက္ထက္တာကိုေတာင္တားျမစ္ေနတာ TV ႀကီးမွာLGBTဆိုၿပီးျပသရင္ အဲေကာင္ေတြကဒီတိုင္းေနမယ္ထင္လား မင္းနဲ႕လက္တြဲတဲ့Channalပါ ပိတ္သိမ္းခံရမယ္နားလည္လား "

"ဒါမဲ့.."

"ေတာ္ေတာ့ ေခတ္ဆက္သာဟန္ အခုခ်ိန္မွာကိုယ္ဝန္တြက္ပဲဂ႐ုစိုက္ေတာ့ ဗိုက္ကေနာက္၃လဆိုေမြးေတာ့မွာ အဲဒါပဲေခါင္းထဲထည့္ထား "

ဆရာထြက္သြားေတာ့ တပည့္ညီအကိုသာက်န္ခဲ့ေလသည္

"ေဝဟင္ အကိုေျပာထားတာဘယ္လိုလဲ "

"သူတို႔Channal က အစီစဥ္အနဲငယ္ပဲရွိေတာ့ စဥ္းစားေပးမယ္တဲ့ "

"ေသခ်ာေပါက္ကိုလက္ခံမွာ "

"အကိုကဘာလို႔တပ္အပ္ေျပာနိုင္ရတာလဲ "

"ဘယ္သူမဆိုကိုယ့္တြက္အက်ိဳးျမတ္မ်ားရင္မလုပ္ဘူးဆိုတာမရွိဘူး "

"ဟုတ္သားပဲ..ဒါနဲ႕မေန႕ကBankထဲ 3သိန္းဝင္လာတယ္ "

"ဝင္လာျပန္ၿပီလား နိမ္းကေရာ "

"မင္းအခ်စ္ဦးတဲ့ အကိုနဲ႕အသိထဲကလား "

"ဟင့္အင့္~ ကိုယ္နဲ႕သိတဲ့ထဲမွာအဲလိုနာမည္ေတြမရွိဘူး "

"မွားတာေတာ့မျဖစ္နိုင္ဘူး ပထမဆုံးစလႊဲတဲ့လကမွားတယ္ဆို ဖုန္းဆက္လို႔ရမွာအခုကလုံးဝမကိုင္ဘူး အခုလည္းထပ္ပို႔ျပန္ၿပီ ဆက္သြယ္ၾကည့္ေသးတယ္မရဘူး "

"ဘယ္ႏွစ္လဆက္ပို႔မလဲ ထားထားလိုက္ "

"အကို မင္းသားကေနာက္လမွာ Sea program ရွိလို႔ ဒီလမွာအၿပီးရိုက္ဖို႔ရသလားတဲ့ မၿပီးဘူးဆိုရင္လည္းေဝဟင္တို႔က နားရလိမ့္မယ္ "

"ၿပီးျမန္ရင္ တျခားဟာေတြလုပ္လို႔ရတယ္ မင္းသမီးကိုဆက္သြယ္လိုက္ အၿပီးရိုက္မယ္လို႔ "

"ဟုတ္အကို producerကလည္းေျပာတယ္ ဒီတစ္ကားၿပီးရင္ စာခ်ဳပ္ကိစၥေဆြးႏြေးရေအာင္တဲ့ "

"အင္း.~အဲဲကိစၥကိုယ္လုပ္လိုက္မယ္ ေဝဟင္ကဟိုဘက္ကိုရေအာင္လုပ္ေပးေနာ္ အခ်ိန္လည္းေနာက္က်ေနၿပီးသြားနားေတာ့ "

"ဟုတ္အကို "

ေဝဟင္ထြက္သြားေတာ့မွ ဦးႏွောက္ႏွင့္ႏွလုံးသားကလႈပ္ခတ္လာသည္ ကိုယ့္ကိုရက္ရက္စက္စက္စြန့္ပစ္လိုက္သူက ေငြလႊဲေပးဖို႔ဆိုတာမျဖစ္နိုင္.. ဒါဆိုဘယ္သူမ်ားလဲ

ဗိုက္ကပူလာေလ သူ႕ကိုသတိရေလ ၊ စိတ္မနာနိုင္သည့္ကိုယ့္ကိုကိုယ္လည္းမုန္းခ်င္သည္

"အထဲကကေလးေလး ဒယ္ဒီ့စီေကာင္းေကာင္းမြန္မြန္ေရာက္လာေပးေနာ္ မင္းေဖေဖကေတာ့လူဆိုးႀကီး "

လူဆိုးႀကီးဆိုတာႏွင့္လႈပ္လာသည့္ဗိုက္ကေလးက သူ႕အေဖကိုမေကာင္းမေျပာေစခ်င္ပုံ

"မ်က္ႏွာေတာင္မျမင္ရတဲ့အေဖကို ခ်စ္တယ္ေျပာရင္ရိုက္မွာ "

ရိုက္မယ္ေျပာလို႔လားမသိ တခ်က္မွမလႈပ္ေတာ့

မနက္စာဝိုင္းတြင္ ဆရာႏွင့္မေခၚၾကတာေၾကာင့္ ညီအကိုႏွစ္ေယာက္သာရွိေလသည္

"အကို မင္းသမီးကလည္းလက္ခံတယ္ "

"လက္ခံတယ္ဆိုေကာင္းတာေပါ့ တစ္လတြင္းအၿပီးျဖတ္လို႔ရတယ္ "

"ဟုတ္တယ္အကို အဲဆိုအကို႔ဗိုက္ကလည္း၈လေက်ာ္ၿပီဆိုေတာ့ေမြးဖို႔ အခ်ိန္ယူရမယ္လို႔ထင္တယ္ "

"အင္း~ကိုယ္လည္းစဥ္းစားထားတယ္"

"အကို႔တြက္သတင္းေကာင္းလည္းရွိတယ္ "

"ဟိုဘက္ကလက္ခံတာလား "

"ဟာ~အကိုသိေနတယ္ ေပ်ာ္စရာလည္းမေကာင္းဘူး"

"ကိုယ္တို႔မွာ ဒီကိစၥပဲေျပာစရာရွိတာကို ဘာေျပာေသးလဲသူတို႔က "

"အကိုနဲ႕ေသခ်ာေဆြးႏြေးခ်င္တယ္လို႔ပဲေျပာတယ္ "

"ဟုတ္ၿပီ ဒါဆိုဒီေန႕ရိုက္ရမဲ့အခန္းကိုေသခ်ာေလးလုပ္ထားပါ "

"ဟိုေလအကို ဇာတ္ၫႊန္းေရးဆရာကမလာနိုင္ဘူးတဲ့ အဲဒါ"

"အေၾကာင္းျပခ်က္က "

"လုံးဝဆက္သြယ္လို႔မရတာအကို "

"ေစာင့္ရတဲ့အလုပ္ကိုမုန္းတာေလာက္မရွိဘူး ကိုယ္ကိုတိုင္ဝင္ေျပာမယ္ "

ဒါရိုင္တာအလုပ္ကို႐ူးသြပ္သည့္လူမို႔ သ႐ုပ္ေဆာင္ေတြဇာတ္ၫႊန္းဖတ္ၾကတဲ့အခ်ိန္ ဒါရိုင္တာကိုယ္တိုင္ကဝင္ဦးေဆာင္ေလသည္

တစ္လအတြင္းမင္းသားေရာမင္းသမီးေရာ ႏွင့္အဖြဲ႕သားေတြပါဒါရိုင္တာ၏လုပ္ေဆာင္ခ်က္ေၾကာင့္ ခပ္ျမန္ျမန္ပင္ရိုက္ကူး၍ၿပီးသြားေလသည္

ဇာတ္ကားၿပီးေျမာက္ေၾကာင္း ညစာစားပြဲတြင္

"အကုန္လုံးပင္ပန္းသြားၾကၿပီ "

"မဟုတ္တာဆရာရယ္ က်မတို႔ကေတာ္လို႔ဆိုေပမဲ့လည္း ဆရာရဲ႕နည္းလမ္းနဲ႕အၿပီးျမန္တာပါ "

မိတ္ကပ္တစ္ပိႆာေလာက္နဲ႕ မင္းသမီးအား ေဝဟင္တစ္စက္မွၾကည့္မရ ဟိုမင္းသားေရာဘာထူးလဲ ကို႔ဆရာကိုရိတိတိနဲ႕ တျခားေနရာမွာဆို သူ႕လုပ္စာထိုင္စားေနသလို႐ုပ္ ဆရာနဲ႕ဆို ႏြားျပာႀကီးေအာက္က် ၾကည့္လို႔ကိုမရ

dinner ဝိုင္းတြင္ ေခတ္ဆက္သာေဘးကေန ေဝဟင္တေယာက္မ်က္ႏွာအမူရာမ်ိဳးစုံျဖစ္ေနေလသည္ ေပါင္းလာတာမၾကာေသးေပမဲ့ မ်က္ႏွအမူရာထြက္ၿပီဆို စိတ္ထဲအတင္းတုပ္ေနၿပီမွန္းမေျပာလည္းသိသည္

"ဆရာ ကိုယ္တစ္ခုေလာက္အႀကံေပးလို႔ရမလား "

"ေျပာပါ"

"ေနာက္ဇာတ္လမ္းတြဲေတြရိုက္တဲ့အခါ ကိုယ့္ကိုမေမ့ရဘူး "

"ဪ~မင္းသားရယ္ Character နဲ႕ကိုက္ညီမဲ့သူကိုေ႐ြးရိုက္ရမွာေပါ့ တစ္ခါလာလည္းဒီမင္းသားႏွစ္ခါလာလည္းဒီမင္းသားဆို ပရိတ္သတ္ရင္ထဲမႀကိဳက္ၾကေတာ့ဘူး"

"ကိုယ္မင္းနဲ႕ေျပာေနတာမဟုတ္ဘူး ေဝဟင္ "

"ဒါမဲ့ေဝဟင္ကမန္ေနဂ်ာေလ အဲေလာက္ကေတာ့ရတယ္ "

"မင္း.. "

"ေဝဟင္ေျပာတာဟုတ္သားပဲ မင္းသားရယ္ Character နဲ႕ႀကိဳက္ညီရင္ေတာ့ေခၚပါ့မယ္ "

မေက်မနပ္ျဖစ္သြားေသာမင္းသားကို ၾကည့္ၿပီးစိတ္ေတြပါရႈပ္လာရသည္ ထို႔ေနာက္အဖြဲ႕သားေတြစိတ္ႀကိဳက္လႊတ္ေပးခဲ့ၿပီး အိမ္ေပၚတက္လာေတာ့ေဝဟင္ပါပါလာသည္

"အကိုဆင္ေျပရဲ႕လား "

"ညီးစိစိႀကီးျဖစ္ေနတယ္ "

"အကိုဘာလို႔သူကို ကတိေပးလိုက္ရတာလဲ Character နဲ႕ကိုက္ညီရင္ေခၚမယ္ဆိုတာေလ "

"အင္း~သူနဲ႕ကိုက္ညီမဲ့ Characterကမရွိဘူး အခုေတာင္မွ producer ဘက္ကေ႐ြးထားလို႔သာ ကိုယ့္မွာေ႐ြးခ်ယ္စရာမရွိတာ "

"အကိုကေတာ္လိုက္တာဗ်ာ "

...............

"ေသခ်ာရဲ႕လားညီ "

"မေသခ်ာရင္မလုပ္တက္ဘူးအကိုေဇယ်ာ ကိုေဇယ်ာတို႔ဘက္ကေန ဒီ project တြက္ေငြလုံလုံေလာက္ေလာက္ထုပ္ေပး႐ုံပါဘဲ "

"ဟုတ္ၿပီ ထုပ္လႊင့္ခ်ိန္ကို ည၇နာရီမွျပသၿပီး ေန႕လယ္၁၁ေလာက္မွာျပန္ျပမယ္ "

"ကြၽန္ေတာ္တစ္ခုေလာက္ေတာင္းဆိုခ်င္လို႔ရမလား "

"အားမနာနဲ႕ေျပာပါငါ့ညီ "

"စေန ၊ တနၤဂႏြေတို႔မွာျပသေပးလို႔ရမလား "

"ရပါတယ္ တျခားေကာေတာင္းဆိုစရာရွိသလား "

"အဓိကဇာတ္ေကာင္ေတြျဖစ္တဲ့မင္းသားႏွစ္ေယာက္ကို ကိုယ္တိုင္ေ႐ြးခ်င္ပါတယ္ ၿပီးေတာ့နာမည္ထြက္ေနတဲ့မင္းသားနဲ႕တက္သစ္စကိုတြဲေပးခ်င္တယ္ "

"စိတ္ကူးေလးကေကာင္းသားပဲ အသစ္ကိုေျမေတာင္ျမႇောက္ေပးသလိုျဖစ္တာေပါ့ လူေ႐ြးပြဲေကာဘယ္မွာလုပ္ခ်င္လဲ "

"ဒီ Founder studio မွာဘဲသုံးခ်င္ပါတယ္ "

"ဟုတ္ၿပီ ဒီFounderက ဇာတ္လမ္းကိုရိုက္ကူးမွာဘဲ Founder studio မွာႀကိဳက္တဲ့ေနရာသုံးခြင့္ရွိပါတယ္ "

"ဟုတ္ကဲ့ Lgbtဇာတ္လမ္းကိုပထမဆုံးရိုက္ကူးမွာျဖစ္တဲ့အတြက္ အမွားပါခဲ့ရင္ လိုအပ္ခ်က္ေတြရွိခဲ့ရင္ အကိုကေျပာျပေပးပါအုံး "

"ဒါရိုင္တာႀကီးဦးေဇေဇေမာင္ရဲ႕တပည့္ဆိုေတာ့အျပည့္ဝကိုယုံၾကည္ေပးထားပါတယ္ ေနာက္တစ္ခုကညီေလးတို႔ကမ္းလွမ္းလာတဲ့ခ်ိန္မွာ ရင္ခုန္သြားတာေတာ့အမွန္ဘဲ ဘာလို႔ဆိုဒီlgbtဇာတ္လမ္းကို ရိုက္မယ္လို႔ဒါရိုင္တာေလာကမွေျပာဆိုၾကတာမရွိဘူး "

"ဟုတ္ကဲ့ယုံၾကည္ေပးထားတဲ့တြက္အလြဲသုံးစားမျဖစ္ေစရပါဘူးဗ် "

"တစ္ခုရွိတယ္ ညီေလးရဲ႕ကိုယ္ဝန္နဲ႕ကဇာတ္လမ္းရိုက္ကူးဖို႔ျဖစ္ပါ့မလား "

"အခုမွ၈လ ေက်ာ္ဆိုေတာ့ တစ္လေလာက္အခ်ိန္ရပါေသးတယ္ ဒီၾကားထဲမွာ လူေ႐ြးပြဲလုပ္တာေပါ့ ေမြးၿပီးတာနဲ႕တန္းရိုက္မယ္ "

"ညီအဆင္ေျပရင္ၿပီးတာပါဘဲ "

ကိုေဇယ်ာက Founder Studio ရဲ႕CEO ျဖစ္ၿပီး ပြင့္လင္းတဲ့လူတစ္ေယာက္ LGBTကိုျပသခြင့္ေပးခ်င္သည့္လူတစ္ေယာက္လည္းျဖစ္သည္ ကိုေဇယ်ာႏွင့္ေျပာဆိုၿပီး အခ်ိန္ကရွိေသးတာေၾကာင့္ ေကာ္ဖီဆိုင္ထိုင္ရန္ျပင္လိုက္သည္

"အကိုဘာေသာက္မလဲ "

"ကိုကိုးတစ္ခြက္ "

ဝိန္တာေကာင္ေလးေခၚလိုက္ၿပီးေနာက္ ကိုကိုးႏွစ္ခြက္မွာလိုက္သည္

"အကိုရာ CEOနဲ႕ေျပာဆိုေနတာေလ ေဝဟင္ျဖစ္အားက်လိဳက္တာ က်န္တဲ့သူေတြဆိုထစ္ေငါ့ေနမွာ "

"စကားေျပာထစ္ေငါ့ျခင္းမရွိျခင္းသည္ တဖက္သူအားအနိုင္ရရန္ ရာႏႈံးျပည့္ေသခ်ာသည္တဲ့ေဝဟင္ရဲ႕ "

"ကြၽန္ေတာ္မွတ္ထားလိုက္ၿပီ ဒါနဲ႕အကိုက ကိုကိုးႀကိဳက္တာလား "

"ႀကိဳက္တယ္ ကိုယ့္သားႀကီးတုန္းကဆို သူ႕အေဖကတေန႕ႏွစ္ခြက္အၿမဲေဖ်ာ္ေပးရတာ "

"အကိုသူ႕ကိုလြမ္းေနတာလား "

"ဆက္စပ္မိရင္ သတိရသြားတာမ်ိဳးပါ "

"သူသာျပန္လာေခၚရင္အကိုလိုက္မွာလား "

"ျပန္ေခၚဖို႔အစီစဥ္မရွိေလာက္ဘူး အခုဆိုမိန္းမနဲ႕ကေလးနဲ႕မိသားစုတစ္ခုျဖစ္ေနေလာက္ေရာေပါ့ "

"မဟုတ္ဘူးဆိုရင္ေရာအကို "

"ညက်ရင္ Blသ႐ုပ္ေဆာင္ေခၚယူျခင္းဆိုၿပီး ဆိုရွယ္ေပၚတင္လိုက္ေဝဟင္ "

အကိုက သူ႕အေၾကာင္းဆက္မေျပာလိုဟန္ျဖင့္ စကားလမ္းေၾကာင္းလႊဲေလသည္

ေယာကၤ်ားတေယာက္ျဖစ္ၿပီးႏူးညံ့လြန္းတဲ့အသားေရ ၊ ႏႈတ္ခမ္းစူစူကေလးႏွင့္မ်က္ေတာင္ေကာ့ေကာ့ေလး ၊ ခပ္အုပ္အုပ္ဆံပင္ကိုမွအေနာက္ကနဲနဲရွည္ေနၿပီး တီရွပ္Overဆိုဒ္ႀကီး၊ ေဘာင္းဘီတိုအျဖဴကေလးႏွင့္ ေျခစြပ္အျဖဴေလးရယ္၊ဘြတ္အျဖဴကေလးရယ္ႏွင့္အကိုက ေမြးခါနီးလူတစ္ေယာက္လို႔မထင္ရက္စရာ

"ေဝဟင္!!!!! "

"ဗ်ာ ကိုယ္ေျပာတာၾကားရလား "

"အကိုဘာေျပာတာလဲ "

"မိန္းကေလးပါ လိုတယ္လို႔တင္ေျပာတာ က်န္ခဲ့မယ္ "

"ဟုတ္အကို "

ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္ကေလးတစ္ေယာက္လို အသက္၂၀သာရွိေသးသည့္ေဝဟင္က ပိန္ပါးလြန္းတဲ့ထဲပါဝင္သည္ စားေသာက္တာကလည္းသူ႕အျပင္ႏွစ္ေယာက္မရွိ အသားေရကသိပ္မျဖဴေပမဲ့ အရပ္၅ေပ၆ ႏႈတ္ခမ္းေမႊးေရးေရးေလးေတြက ၾကည့္ေကာင္ေအာင္ပံ့ပိုးထာသည္

ခြမ္း~

"အကို႔!!!!! "

ကိုကိုးေသာက္ဖို႔ခြက္ေကာက္အကိုင္ ဝိန္တာကလာသည္ႏွင့္ဆုံရာ တံေတာင္ဆစ္အားတိုက္မိၿပီး ခြက္က်ကြဲေလသည္ ေတာ္ေသးသည္က ကိုကိုးခြက္ကအပူမဟုတ္လို႔

"မင္း ဘယ္လိုဝိန္တာလဲ လူတစ္ေယာက္လုံးကိုမျမင္ရေအာင္က "

"ကြၽန္ေတာ္ေတာင္းပန္ပါတယ္အကိုတို႔ လႊဲလိုက္တာမလြတ္လို႔ပါ "

"အဲလည္း မင္းဆင္ျခင္ပါလား "

ဟိုကေတာင္းပန္လိုက္ဒီက ေျပာလိုက္ႏွင့္အလည္ေရာက္ေနသည့္ သူကမူးပင္မူးလာသည္

"ေဝဟင္ေတာ္ၿပီ "

"မေတာ္ပါဘူး မေတာ္လို႔အပူဆိုရင္ဗိုက္ထဲကကေလးအပူေလာင္မွာေပါ့ "

"ဟမ္~အျပင္ကကိုယ္ပူရမွာမဟုတ္ဘူးလား "

"မသိဘူး ဟိုေကာင္ဒါကိုဘယ္လိုတာဝန္ယူေပးမွာလဲ "

သူတို႔၏ဆူဆူညံညံစကားဝိုင္းေလးကို တဖက္စားပြဲေတြကလည္းလွည့္ၾကေနၾကၿပီ

"အကိုတို႔ရဲ႕ က်သင့္မႈကို ကိုယ္ပဲရွင္းေပးလိုက္ပါ့မယ္ "

"ဘာ!!! ဒီမွာငါတို႔ကေငြမရွင္းနိုင္ဘူးထင္လို႔လား "

"ေတာ္ၿပီေဝဟင္ သူလည္းေတာင္းပန္ေနတာပဲကို "

"အကိုရာ "

"လာပါသြားရေအာင္ "

အျဖဴေကာင္ေလးက ငစြာေလးအားလက္ဆြဲ၍ထသြားေတာ့ ျဖစ္သြားသည့္အျဖစ္ပ်က္ကိုျပန္ေတြးေနမိသည္ကိုယ္ကလည္းကိုယ္ပါဘဲ ဆိုင္ဝန္ထမ္းေတြရဲ႕ယူနီေဖာင္းနဲ႕ဆင္တူျဖစ္ေနေလသည္ ငစြာေလး... အျဖဴေကာင္နဲ႕ေရာဘာပတ္သက္လဲ ၊ ကိုယ္မင္းစီလာခဲ့မယ္ မင္းမွာပိုင္ရွင္ရွိသည္ျဖစ္ေစ ၊မရွိသည္ျဖစ္ေစ မင္းကကို႔အပိုင္ပဲ ဟက္!

"ေဘာ့စ္ ဘာျဖစ္သြားေသးလဲ "

"မင္းရဲ႕ပုံစံနဲ႕ငါေသရင္ေတာင္ မင္းမွီပါ့မလား "

"မွီပါတယ္ဗ် "

စပ္ၿဖီးၿဖီးႏွင့္သေကာင့္သားအား ေဆာင့္ကန္ကန္ပစ္ခ်င္လာသည္

"ဘာ!!!! "

"ဟီးးး စတာ "

"အခုနထြက္သြားတဲ့ႏွစ္ေယာက္အေၾကာင္းအေသခ်ာစုံစမ္း "

"ဘယ္သူလဲေဘာ့စ္ရဲ႕ "

"မင္းသူေဌးရဲ႕ကေတာ္ "

"ဗ်ာ~ ဗိုက္ႀကီးနဲ႕ကိုေလ "

"ဟာ~ဒီေကာင္ သူ႕ေဘးကတစ္ေယာက္ "

"ဪ~အဲဒါေဝဟင္ေလ "

"ဘယ္သူ "

"ဒီဖက္ဗိုက္နဲ႕က ဒါရိုင္တာေခတ္ဆက္သာ ဟိုဘက္ကသူ႕မန္ေနဂ်ာေဝဟင္ မႏၱေလးက်ဳံးရဲ႕မ်က္ေစာင္းထိုး(......)အိမ္ရာမွာေနတယ္ "

"မင္းကဘာလို႔ အဲေလာက္သိေနရတာလဲ "

"သိဆိုအဲနားကေကာင္မေလးကိုၾကဴေနလို႔ ဟဲ.."

ႏွစ္ေယာက္သားအျပင္ထြက္လာေတာ့ ေဝဟင္ကအဲဘက္သြားဖို႔ျပင္ေနေသးတာေၾကာင့္ သူ႕ခမ်ာကိုယ္ဝန္ႀကီးနဲ႕လိုက္ဆြဲရေသးသည္

"ေဝဟင္ေရ ကိုယ့္မွာဗိုက္ႀကီးနဲ႕ေနာ္ "

"ဟုတ္သားပဲ ေဝဟင္ေမ့တာ အဲဒါဟိုလူႀကီးေၾကာင့္ "

"ကဲကိုယ္ေတာ္ေလး အိမ္ျပန္မယ္ "

ကားေပၚေရာက္ေတာ့လည္း ကေလးမုန့္မရလို႔ႏႈတ္ခမ္းစူေနသည့္အတိုင္းပင္

အိမ္ေရာက္ေတာ့လည္း ေခတ္ဆက္သာဟန္တို႔ကအၿငိမ္မေန ဘုရားပန္းထိုးေနေသးသည္

"အကိုကေလ အရာရာမွာေတာ္တယ္ အသက္သာငယ္တာပညာအရည္ခ်င္းကသာနည္းတာ ဘာမဆိုလုပ္တက္တယ္ "

"ဒါကေတာ့ေဝဟင္ရယ္ သင္ရင္ဘာမဆိုရတယ္ ကိုယ့္မိဘအိမ္မွာဆိုကိုယ္ကပဲ ဒီဟာေတြလုပ္ရတာ "

"ဟိုဟြာေလ အႀကီးေလးပုံၾကည့္လို႔ရသလား "

"ရတာေပါ့ ဒါမဲ့မိသားစုရိုက္ထားတဲ့ပုံပဲရွိတယ္ "

"အိုး...ျပပါလား..အကို႔အမ်ိဳးသားကိုပါျမင္ဖူးတာေပါ့ "

"ခဏေနာ္ ကိုယ္သြားယူေပးမယ္ "

ပန္း၏အ႐ြက္ၾကမ္းေတြဖယ္တာကို လက္စသတ္ၿပီးအခန္းတြင္းဝင္သြားၿပီးမၾကာလိုက္ လက္ထဲမွန္ေဘာင္ေလးႏွင့္ပါလာသည္

"ေရာ့ ဒါကသားႏွစ္ႏွစ္ျပည့္တုန္းကေလ ကစားကြင္းသြားထားတာ "

"အကို႔အမ်ိဳးသားကေလ ညိုေခ်ာပဲခန့္လည္းခန့္တယ္ အကိုနဲ႕ဆိုရင္မတန္ဘူးလို႔ခံစားရတယ္ "

"ေဝဟင္ကေတာ့ေျပာေတာ့မယ္ "

"တကယ္ပါဆိုအကိုကလည္း "

ဓာတ္ပုံေလးအား အကို႔စီေပးလိုက္ေတာ့ ယူၿပီးအထင္ႏွင့္လႊတ္ခ်လိဳက္ရာမမီေတာ့ပဲေအာက္သို႔က်ကြဲသြားေလသည္

ခြမ္း~

"သား!!!! "

"အကို ေတာင္းပန္ပါတယ္ယူမိၿပီထင္လို႔ "

"သားတစ္ခုခုျဖစ္ေနမလား မသိဘူး ငါ့သားေလး "

က်ကြဲေနေသာဓာတ္ပုံေလးအားကိုင္ကာ သားလို႔တစ္ဖြဖြေခၚၿပီးငိုေနေတာ့သည္ ' ပန္းအိုးက်ကြဲတာ ၊ ဖန္ခြက္က်ကြဲတာ ၊ ဓာတ္ပုံက်ကြဲတာ 'တို႔ျဖစ္ရင္ အိမ္သားေတြတစ္ခုခုျဖစ္သည့္ဟာ အဆိုကလည္းရွိေလသည္

ခြမ္း~

အကိုေခတ္ဆက္သာက ဓာတ္ပုံေလးကိုင္ၿပီးအထ အစြန္း၌တင္ထားေသာပန္းအိုးကိုတိုက္မိကာ ေႂကြအိုးေလးကႏွစ္ျခမ္းျဖစ္သြားေလၿပီ သူျဖစ္အံ့ဩလြန္းလို႔ သားဘက္စိတ္ေရာက္ေနသူက ဘယ္လိုေတာင္ခံစားသြားရမလဲ....ေတြးမိသည့္သူပါ ငိုခ်င္လာရသည္

"အီးးး ေဝ...ေဝ....ဟင္..သူ..သူ..တို႔တစ္ခုခုျဖစ္ေနတာလား "

ဟင့္!

"မဟုတ္ေလာက္ပါဘူးအကိုရာ ဓာတ္ပုံကကြၽန္ေတာ္နေမာ္နမဲ့နိုင္လို႔ပါ ပန္းအိုးကတိုက္ဆိုင္တာပါ အကိုဘာမွမျဖစ္ဘူးေနာ္ ဘာမွမျဖစ္ဘူး "

"မဟုတ္ဘူး ငါ့..ငါ့...သားေလးတစ္ခုခုျဖစ္ေနတာေနမွာ ငါစိတ္ေတြေလးေနတယ္ အီးးးးးး "

အီးးဟီးးးးးးးးဟင့္!

ေတြးလိုက္ငိုလိုက္ႏွင့္ ေနာက္ဆုံးေမာၿပီးအိပ္သြားမွ အိမ္အကူႏွစ္ေယာက္ေခၚကာ အခန္းထဲပို႔ခဲ့ရသည္

............

"ကဲတိတ္ပါသားရယ္.. အိုးးးးးအို႔....အိုးးးး "

"လာ..လာဦးဟိန္းခ်ီမယ္ "

က်င္းကနားထားရသည္ေၾကာင့္လူအားလုံးကရွိေနေလသည္ တေယာက္ေသာသူကလြဲရင္

ကေလးကို တေယာက္တလွည့္စီခ်ီၿပီးေခ်ာ့ေနရေလသည္

"အို႔...သားရယ္ မငိုနဲ႕ေတာ့ေနာ္ "

"ဦးစီကသားတြက္ မုန့္ဝယ္ေပးမယ္ေနာ္ တိတ္တိတ္ "

"အင့္~ေဖေဖ"

"ပိုင္စိုးဦးဖုန္းဆက္လို႔မရဘူးလား လုပ္ၾကပါအုံး "

"မငိုနဲ႕ေတာ့ေတာ့စိုးဆက္ေလး ဖိုးေျမးကလိမၼာတယ္ "

တစ္ေယာက္တစ္ခြန္းေခ်ာ့ေနၾကေသာ္လည္း ကေလးကအေဖကိုသာတေနေလသည္

"ဟိုမွာကိုႀကီး "

သူတို႔ၾကည့္လိုက္ေတာ့ ကင္းေကာင္က ေခါင္း၌ပတ္တီးႀကီးစည္းထားသလို လက္၌လည္းလက္အိတ္ႀကီးႏွင့္လြယ္ထားရေလသည္ တျခားတစ္ဖက္ကအိတ္တစ္လုံး

"ေဟ့ေရာင္ကင္းေကာင္ ဘာျဖစ္လာတာလဲ "

"အီး~ ေဖေဖ ေခၚ "

"သားကဘာလို႔ငိုေနတာလဲ ေဖေဖေခၚလို႔မရဘူးလက္မွာနာနာနဲ႕ "

"ဟင့္ ~ေခၚဆို "

သူ႕အေဖလာေတာ့မွ က်န္တဲ့သူေတြနားရသည္ ကင္းေကာင္က ထိုင္ခုံတြင္ဝင္ထိုင္ေတာ့ အားလုံးကအဲနားေရာက္သြားျပန္သည္

"ကိုႀကီးမင္းလက္နဲ႕ေခါင္းကဘာျဖစ္တာ "

"ေခါင္းေပၚ သစ္ပိုင္းက်ၿပီးလက္ကိုရိုက္မိတာ"

"မင္းကဘယ္သြားၿပီးဘာလုပ္ေနလို႔လဲ "

"က်ဳပ္ ဦးစိုးစီမွာသစ္သြားတင္ေပးတာ ကားေပၚမွာယူေနတဲ့သူကလြတ္က်ေတာ့ က်ဳပ္ကိုထိတာ "

"ေတာ္ေတာ္ထိသြားလား ကိုႀကီး "

"ေခါင္းကသုံးခ်က္နဲ႕ လက္ကအရိုးအက္တာေလာက္ပဲ သားကဘာျဖစ္တာလဲ "

"မင္းသားကားေပၚမွာတက္ကစားရင္းျပဳတ္က်တာ အဆစ္လြဲသြားတာလားပဲ သြားကိုင္ၾကည့္လို႔လဲမရဘူး "

"ေထြးဦး ငါ့အေပၚတင္ေပး "

ကေလးအား ပိုင္စိုးဦး၏ေပါင္ေပၚတင္ေပးလိုက္ၿပီး ေခ်ာ့ရေတာ့သည္

"ဘာျဖစ္တာလဲေဖေဖကိုေျပာ "

"စိုးဆက္က ကားေပၚသြားကစားတာ သူကျပဳတ္က်ေအာင္လုပ္တယ္ "

"ဘယ္သူလုပ္တာလဲ ေျပာ "

"အဲကား "

ကားကျပဳတ္က်ေအာင္လုပ္လို႔ရသလား ေျပာရင္စိတ္ေကာက္အုံးမယ္

"အို႔..ေဖေဖသားကိုနာေအာင္လုပ္တာ ေနာက္တစ္ခါသြားမေဆာ့ရဘူးေနာ္ "

"ေဖေဖခ်ီ "

"ေဖေဖခ်ီလို႔မရဘူးေလ ဒီမွာအနာနဲ႕ ေလးေလးခ်ီခိုင္း "

"နိုး "

"ပိုင္စိုးဦး ကေလးကိုေဆးခန္းသြားျပရမယ္ "

"စိုးဆက္ ဖိုးေလးနဲ႕လိုက္သြားေနာ္ "

"သြားဘူး ေဖနဲ႕ေန "

"ပိုင္စိုးဆက္ဦး ေဖေဖေခါင္းမာတာမႀကိဳက္ဘူး "

အီးးးးးးအီ.....အီးးးးးးဟီးးးးးး

"ပိုင္စိုးဦးရယ္ ကေလးကအေဖမွာကပ္ခ်င္ေနတာကို မဆူနဲ႕ေလ "

"ဟုတ္သားပဲ ဖိုးေလးနဲ႕ေဆးခန္းသြားၿပီးရင္ ေဖေဖကေခၚမွာတဲ့ "

"တကယ္လား "

"တကယ္ေပါ့ေျမးရယ္ "

"လိုက္မယ္ "

သားကိုအဝတ္စားလဲေပးၿပီး ဦးသက္ရယ္ ၊ ေထြးဦးတို႔ကပါသြားၿပီ ပါးစပ္ခ်ဥ္လာ၍ေဆးလိပ္တလိပ္ယူကာ ပါးစပ္နားေတ့ေတာ့ အစီကမီးျခစ္ျခစ္ေပးလာသည္

"ပိုင္စိုးဦး မင္းအခုဘာေတြလုပ္ေနတာလဲ "

"ေအးေလကင္းေကာင္ ငါတို႔စီမွာအလုပ္လုပ္တာမေလာက္လို႔လား မင္းသုံးစြဲေနတာလည္းမျမင္ရဘူး ပိုက္ဆံေတြဘာလို႔အသဲသန္ရွာေနတာလဲ "

"က်ဳပ္ေန႕စားလိုက္ဆင္းေနတာ အပိုေငြ "

"ဘာလို႔လဲ မင္းဒီမွာအလုပ္လုပ္တာေလာက္သားပဲကို "

"က်ဳပ္ဟန္တြက္ ဟန္ဟိုမွာဘယ္လိုေနရမွန္းမသိဘူးပိုက္ဆံေၾကးေငြနဲ႕ပက္သတ္ၿပီး တစ္ခုခုဆိုက်ဳပ္ပိုက္ဆံေတြကအကူညီရေအာင္.."

"မင္းကူညီတာသူသိသြားမွာေပါ့ "

"သိမွာမဟုတ္ဘူးေလာပန္း ေနာက္ေန႕ေတြမွာက်င္းမဆင္းရင္ေန႕စားလိုက္မယ္ "

အသိေပးစကားေျပာသြားၿပီးထသြားေသာလူကို တစ္ဆုံးထိၾကည့္လိုက္သည္ ခြင့္ေတာင္းတာလဲမဟုတ္တဲ့အသိေပးစကား ကိုယ့္အလုပ္သမားဆိုေပမဲ့သူ႕မွာတားပိုင္ခြင့္အဲေလာက္မရွိ

"ေလာပန္း ပိုင္စိုးဦးကအခုတစ္ေလာမူမွန္သလိုပဲ ေလာပန္း "

"အင္းငါလည္းေတြးမိတယ္ အရင္ကထက္အရယ္ၿပဳံးကင္းလာသလားလို႔ "

"ေသခ်ာတာေပါ့ သူ႕သားနဲ႕ေျပာဆိုေနတာေတာင္အၿပဳံးေသးေသးေလးေတာင္မျမင္ရဘူး အလုပ္ေတြႀကီးဖိလုပ္ေနတာ အရင္ကဆိုအရက္ဆိုင္ေျပးဖို႔ေခ်ာင္းေနတာ "

"ပိုင္စိုးဦးက ငါတို႔စီစေရာက္တုန္းက ခပ္ကုပ္ကုပ္ကေလး ေခ်မိဳးေနတာ ေနာက္ေတာ့သူ႕အက်င့္ေတြကေပၚလာတာပဲ ငါတို႔ေလာပန္းေတြေခါင္းအေျခာက္ရဆုံးေကာင္ျဖစ္ေပမဲ့ မိန္းမနဲ႕ပက္သတ္လာရင္ လုံးဝကင္းလို႔ႀကိတ္ခ်ီးက်ဴးေနရတာ "

လြန္ခဲ့ေသာအတိတ္ကာလ ၇နှစ်ခန့်တွင်

"ငသက္ မင္းလူေခၚထားတာဘယ္လိုလဲ "

"ခဏေနရင္သြားႀကိဳရမွာ ေလာပန္း "

ညီအကိုႏွစ္ေယာက္က စပ္တူလုပ္ထားေပမဲ့သူ႕ဘက္တြင္လူအင္အားနဲလြန္းတာေၾကာင့္အလုပ္သမားေတြေခၚခ်ရေတာ့သည္ ႏွစ္နာရီေလာက္ၾကာေတာ့ငသက္ေနာက္ ေကာင္ေလးတစ္ေယာက္ပါလာေလသည္

"ပိုင္စိုးဦး ဒါငါတို႔အလုပ္လုပ္ရဲ႕မဲ့ေလာပန္း ဦးေအာင္မ်ိဳးတဲ့ ေလာပန္းဒါကြၽန္ေတာ့တူ ပိုင္စိုးဦး "

ငသက္ကမိတ္ဆက္ေပးေတာ့ ေခါင္းပဲၿငိမ့္ျပလာသည္

"မင္းအသက္က ဒီကနဲ႕႐ြယ္တူေလာက္ပဲဘယ္ေလာက္လဲ "

"၁၅"

"ဘာ!! "

"တကယ္ပါေလာပန္းရယ္ ဒီေကာင္ကအခုမွ၁၅ပဲရွိေသးတာ "

"လူေကာင္ႀကီးေတာ့အသက္ႀကီးမယ္ထင္တာ ဟိုေကာင္ေတြနဲ႕ေသခ်ာမိတ္ဆက္ေပးလိုက္ မနက္ျဖန္အလုပ္ဆင္းရမယ္ "

ေျပာၿပီးတာနဲ႕ တန္းလ်ားလိုလုပ္ထားသည့္ေနရာတြင္ လူတစ္ခ်ိဳ႕စုထိုင္ေနေလသည္ အရက္ပုလင္းကေထာင္လ်က္

"ေဟ့ေကာင္ေတြ ဒါလူသစ္ ပိုင္စိုးဦး က်န္တာကိုယ့္ဘာသာကိုမိတ္ဆက္ ငါသြားစရာရွိလို႔ "

"ေအးငသက္ "

ဦးသက္ထြက္သြားေတာ့ အဝတ္အိတ္ကို ၾကမ္းေပၚတင္ကာသူပါဝင္ထိုင္လိုက္သည္

"မင္းအသက္ဘယ္ေလာက္လဲ "

"၁၅"

"ဟာ~ မေနာက္နဲ႕ "

"........."

"တကယ္ႀကီးဟ "

"အဲဒါကထားပါ ငါ့နာမည္ကဟိန္းစိုးေအာင္ မင္းေဘးက ဦးနိုင္ဝင္း ၊ သူက ဝင္းဆန္း ၊ ငါတို႔က်င္းမွာ မင္းအပါဝင္ဆို ငါးေယာက္ပဲရွိတယ္ "

"အင္း "

"တစ္ခုခုဆိုငါ့ကိုေျပာ မင္းထက္ငါတစ္ႏွစ္ႀကီးတယ္ "

"နားအုံးမယ္ "

.........

"ေလာပန္း ဟိုေကာင္ႀကီးေနမေကာင္းဘူး ဒီေန႕နားမွရမယ္ "

"ငသက္မင္းတို႔ကိုဘာမွမေျပာဘူးလား ေရမရွိလို႔ဒီေန႕နားတယ္ "

"မေျပာဘူးေလာပန္းေရ ဒါဆိုက်ဳပ္သြားၿပီ "

ေလာပန္းကိုေျပာၿပီးတာႏွင့္ဟိုေကာင္တြက္ စားစရာတစ္ခ်ိဳ႕ကိုဝယ္ေပးကာတဲစီျပန္သြားလိုက္သည္ လာသည့္ေန႕ကသန့္သန့္ကေလးဆိုေပမဲ့ ေနာက္တေန႕တြင္ထြက္လာသည့္ဒီဇိုင္းကလက္ဖ်ားခါေလာက္စရာ တီရွပ္အရွည္ႀကီးကိုပခုံးခ်ထားၿပီး တိုေနသည့္ေဘာင္းဘီကိုထပ္လုံးတင္လိုက္ေတာ့ ေအာက္ကေဘာင္းဘီပင္မေပၚေတာ့

"ေဟ့ေရာင္ေျခေန ဖ်ားေနေသးလား "

"မင္းေကာင္က အခုနပဲေရထခ်ိဳးေနတယ္ "

"အဲဆိုမေသေသးဘူး ထစမ္းေဟ့ေရာင္ေဆးေသာက္ရမွာ "

"ဟင့္~ထခ်င္ဘူး ကိုယ္လက္ေတြကိုက္ခဲ ကိုက္ခဲေပ်ာက္ေဆးလဲကုန္ "

"ဒီအလုပ္က အကိုက္ခဲေပ်ာက္ေဆးနဲ႕မရဘူးပိုင္စိုးဦး ေစာက္ရမ္းပင္ပန္းတာအခုသိၿပီမလား ေသာက္ပါမ်ားရင္မေကာင္းဘူး လူကထုံထုံထိုင္းထိုင္းနဲ႕ "

"ငါေျပာတာနားမွမေထာင္တာ အရက္လာေသာက္ပါဆိုတာကို တကယ္အလုပ္ပင္ပန္းတာခံနိုင္တာေနာ္ "

"ဟုတ္တယ္ပိုင္စိုးဦး မူးရတဲ့ခံစားခ်က္ႀကီးလဲေကာင္းတယ္ "

"ေသာက္ၾကည့္မယ္ "

ေျဖာင္း~

"ေနမေကာင္းတာကို မ်က္ခြက္ကိုေအာက္ကေနျဖတ္ရိုက္ရင္ ေတာင္တစ္လုံးေျမာက္တစ္လုံးျဖစ္ကုန္မယ္"

"ေနေကာင္းမွေသာက္ "

"ဦးနိုင္ဝင္းက်ဳပ္စဥ္းစားမိတာတစ္ခုရွိတယ္ ဒီေကာင္ႀကီးရဲ႕နာမည္ေျပာင္ "

"ဘာလဲ "

"ကင္းေကာင္ "

"မိုက္တယ္ ကင္းေကာင္နဲ႕တစ္ပုံတည္း ဟိုကမ်က္လုံးကေတာင္ၾကည့္ေျမာက္ၾကည့္ျဖစ္တာ "

"က်ဳပ္ကိုအရမ္းခ်စ္ၾကတာပဲ "

"ေအးေပါ့ မင္းကငါတို႔ထဲအငယ္ဆုံးဆိုေတာ့ ခ်စ္တာေပါ့ "

........

"ကင္းေကာင္မင္းဟာေရေသာက္သလိုပါဘဲလား "

"အမူးေသာက္ခ်င္တာကြာ မူးၿပီးေမွာက္သြားတာကဘယ္လိုလဲဆိုတာသိခ်င္လို႔ "

"မင္းအခုေတာင္မ်ားေနၿပီေလ "

အဖြဲ႕ကႏွစ္ဖြဲ႕ေပါင္းမိၿပီးေသာက္ၾကရာဝယ္ တစ္ခ်ိဳ႕ဆိုမူးၿပီးေမွာက္ေနၾကၿပီး တစ္ခ်ိဳ႕ဆိုေတြ႕တဲ့ခ်ဳံကနိဗၺာန္

"ငါ့လိျဖစ္ေဟ့ေရာင္ "

"ေဟ့ေရာင္ငဟိန္း သတၱိရွိရင္ထြက္လာေလ "

"စိန္ေခၚတိုင္းမေကာင္းဘူးငါလိုး "

"ေၾကာက္ရင္ေၾကာက္တယ္ေပါ့ "

တဖက္အဖြဲ႕ႏွင့္ငဟိန္းမွာ လမ္းေၾကာင္းတစ္ခုေပၚေရာက္ေနေလသည္ အလယ္ကမူးေနၿပီျဖစ္သည့္ကင္းေကာင္ပင္လွ်င္ ဖိနပ္တစ္ဖက္ကိုင္ေနၿပီ

"ဟီလာမထနဲ႕ ေအးေဆးေနေဟ့ေရာင္"

"ထေတာ့လိ့ျဖစ္လာ "

"ျဖစ္ရင္ခ်မယ္ကြာ ေဟ့ေရာင္ကင္းေကာင္ေဆာ္စမ္း "

သူကင္းေကာင္ကိုေျပာလိုက္ေပမဲ့အသံမလာသလိုလူပါမလာ လွည့္ၾကည့္ေတာ့အစပင္မရွိေတာ့

"ဟီးးးးသားကစတာ ကိုႀကီးတို႔ "

ဖိနပ္ပင္မယူေတာ့ပဲ ေနာက္မလွည့္တန္းေျပးရေတာ့သည္ ေျပးရင္ပင္တစ္ခုခုကိုဝင္တိုက္ကာ ေမွာက္ရက္လဲျပန္သည္

ဒုတ္!

"မင္းေမစပ အခုမွ ဟာ~ကင္းေကာင္"

သူဝင္တိုက္လိုက္သည့္က အပင္ကိုမွီကာအိပ္ေပ်ာ္ေနေသာကင္းေကာင္ကိုျဖစ္သည္

"ေဟ့ေရာင္..ကင္းေကာင္ "

ဟမ္~

"ထစမ္း "

"ငါအိပ္မွာ မင္းလဲလာအိပ္ "

ဂုတ္ကေနဆြဲခ်ကာသူ႕အေဘးပို႔လိုက္တာေၾကာင့္ အသက္သာႀကီးေပမဲ့အားခ်င္းမယွဥ္နိုင္ ေခါင္းကေျမႀကီးနဲ႕မိတ္ဆက္သြားေလသည္

"ကိုေနကိုတိုးအေကာင္ ဒါအိပ္ယာမဟုတ္ဘူးဟ ထစမ္း"

သူ႕ကိုယ္အေလးႀကီးကိုဆြဲတင္ကာ ပခုံးေပၚလက္တင္၍တြဲသြားရသည္

~ပိုင္ရွင္မရွိေသးတဲ့ အခ်စ္ကေလးရယ္

ပိုင္ရွင္ကိုယ္ျဖစ္လိုက္ခ်င္ပါတယ္ ~

အူးးးးးးမြ

"ဗရမ္းဗတာအေကာင္ ငါမင္းရည္းစားမဟုတ္ဘူး မနမ္းနဲ႕ ေဟ့ေရာင္! "

"အူ..တူမ်ားရွစ္ရို႔ဟာကို "

"မခ်စ္နဲ႕ ေသာက္ထားတာဘယ္နားေရာက္သြားၿပီလဲေတာင္မသိဘူး "

"ဒီနား "

သူၾကည့္ေတာ့ပုဆိုးနားကိုထိုးျပေနေလသည္

"ဘာ..ဘာ..လဲေဟ့ေရာင္"

"ရႈရႈးေပါက္မလို႔ "

"ဘာ!!!! ေသးေပါက္ခ်င္တာမ်ား သြားေပါက္ေလ "

"မင္း တည္ေပး "

"ဘာ!!! ေျဖာင္း~ "

လည္ဂုတ္ပိုးကို လက္တစ္ေစာင္းရိုက္ခ်လိဳက္ေတာ့ အရိုက္ပဲလြန္သလား ၊ သူပဲမူးေနလို႔လားမသိ ၿငိမ္က်သြားေလသည္ တဲေရာက္ေတာ့အိပ္ယာေပၚခ်ေပးလိုက္ၿပီး အေဘးနားကေစာင့္ၾကည့္ေနရသည္ အခ်ိန္တစ္ခုထိေရာက္လာေသာ္ နိုးမလာေတာ့စိတ္ကပူလာေလၿပီ

"မင္းေကာင္အိပ္ေပ်ာ္သြားတာေနမွာပါ "

"အဲလိုဆိုေကာင္းတာေပါ့ ေမ့ေနတာဆိုဘယ္လိုလုပ္မလဲ "

ခူး......ခေလာ~

ခူးးးးးးးးး

"မင္းေမလိုး "

ေစာင့္ၾကည့္ေနဆဲတြင္ ပိုင္စိုးဦးမွာ ေဟာက္သံထြက္လာသည္ေၾကာင့္ သူ႕ကိုစိတ္ပူေနသူဟိန္းစိုးေအာင္က ၾကမ္းေပၚကကန္ခ်ေတာ့သည္ ကန္ခ်လိဳ႕ၾကသြားေတာ့လည္း တစ္စက္မွမနိုးသလို ေဟာက္သံကလည္းတိတ္မသြား

..............

"ကင္းေကာင္ မင္းသန့္သန့္ျပန္ျပန့္ကေလးေနၾကည့္စမ္း "

"ေလာပန္းကဗ်ာ က်ဳပ္လြတ္လပ္သလိုေပါ့ "

"မင္းလြတ္လပ္တာကလည္းေဟ့ေရာင္ အၿမဲတမ္း႐ြဲၿပဲေနတာပဲ လူပ်ိဳေပါက္လုပ္ေနၿပီး ေလာပန္းမေျပာနဲ႕ငါေတာင္မ်က္စိေနာက္တယ္"

"ဟုတ္သားပဲ ပိုင္စိုးဦး မင္းေထြထူးျပင္စရာမလိုဘူး အဝတ္ကေလးကိုပခုံးေပၚေသခ်ာတင္ဝတ္လိုက္ရင္ရၿပီ "

"ေျပာမေနနဲ႕ေလာပန္း အဲေကာင္ကညစ္ပတ္လို႔ယူသမားေတာင္ရွိမွမဟုတ္ဘူး ၾကားထဲ၁ျပားကလိုေနေသး "

"လိ့၁ျပားလို ငါမညစ္ပတ္ဘူးေန႕တိုင္းေရခ်ိဳးတယ္ "

"ငဟိန္းေျပာတာလည္းဟုတ္သား မင္းကိုယူမဲ့ေကာင္မေလးရွိပါ့မလား "

"ပိုင္စိုးဦးတို႔က မိန္းမမရဘူးဆိုၿပီးထိုင္ငိုေနမွာမဟုတ္သလို လိုက္လဲလိုက္ရွာေနမွာမဟုတ္ဘူး ပိုင္စိုးဦးကိုလိုခ်င္တဲ့သူဂ်ီးတြန္းယူ ဒါပဲ "

"ေအးအာေခ်ာင္ထား ငါ့လည္းအသက္ကႀကီးအုံးမွာမဟုတ္ေသးဘူး ပိုင္စိုးဦးကိုေစာင့္ၾကည့္အုံးမွာ "

"တကယ္လို႔က်ဳပ္သေဘာက်တဲ့သူေတြ႕ရင္ ေလာပန္းလိုက္ေတာင္းေပး "

ဟား....ဟာ....ဟားးးးးဟား....

"ဘာရီတာလဲေဟ့ေရာင္ "

"မင္းေျပာတာကိုကရီစရာ မင္းသေဘာက်ေတာင္ ဟိုဘက္ကသေဘာက်အဳံးမွေပါ့ မင္းလိုေကာင္ႀကိဳက္မဲ့သူကေသခ်ာတယ္မင္းလို ၁ျပားလိုရင္လို မဟုတ္ရင္ မင္းလိုပုံစံပဲျဖစ္မွာ "

"မင္းေစာင့္ၾကည့္ထားစမ္းပါငဟိန္းရာ "

"ၾကည့္ေနတယ္ေဟ့ေရာင္ ေလာပန္းကသက္ေသပဲ "

.......

ပစၥဳပၸန္ကာလတြင္

"အဲတုန္းက ငဟိန္း ကင္းေကာင္ဒဏ္ေတာ္ေတာ္ေလးခံရတာ "

"ဟုတ္ပ ဟိုကဂိမ္းကစားဖို႔ေလာက္ပဲသိတာ ကင္းေကာင္စေရာက္တုန္းကဆိုကေလးထိန္းပါလုပ္လိုက္ရတယ္ "

"အခုမွသာ သိပ္မေခၚၾကတာ အရင္ကဆိုကင္းေကာင္နဲ႕ငဟိန္းခြဲလို႔မရဘူး ကင္းေကာင္ကငဟိန္းကိုပိုၿပီးခင္တြယ္တယ္ အသက္မကြာလို႔ေနမွာ "

"အမေလး~ေလာပန္းကသာတည့္တယ္ေျပာတာ ရန္ျဖစ္တဲ့ခ်ိန္ကခပ္မ်ားမ်ားရယ္ "

အစီႏွင့္ ေလာပန္းစကားေျပာတုန္း ငသက္တို႔ေရာက္လာေတာ့သည္

"ဦးစီ သားဗိုက္ဆာတယ္ "

"ဦးစီဘာလုပ္ေပးရမလဲ "

"ဥဟိန္းေရာ "

"ဂိမ္းကစားေနတယ္ "

"အဲဆိုစိုးဆက္သြားလိုက္မယ္ေနာ္ "

"စိုးဆက္ လက္ကိုသတိထား"

"ဟုတ္ ဖိုးေလး "

ကေလးထြက္သြားေတာ့မွ ငသက္ဘက္လွည့္ကာက်ိဳးေၾကာင္းေမးရသည္

"ဆရာဘာေျပာလဲ "

"အဆစ္လြဲတာတဲ့ ဓာတ္မွန္ေတြပါရိုက္ခိုင္းတာ "

"ရိုက္လာလား "

"မရိုက္လာဘူး အဆစ္လြဲတာေလးကို ရက္ခ်ိန္းေတြခဏခဏယူမွာ အဲဒါနဲ႕ၿမိဳ႕ထဲမွာ အရိုး၊အဆစ္ေတြဆက္တဲ့လူရွိတယ္ဆိုလို႔အဲသြားၿပီးလုပ္လာတယ္ "

"အင္း တစ္ခါတည္းေကာင္းသြားေတာ့အဆင္ေျပတာေပါ့ ေနာက္လည္းဂ႐ုစိုက္ ျပဳတ္ၾကတက္တဲ့ေနရာေတြမွာကစားရင္လႊတ္မထားနဲ႕"

"ဟုတ္ဦးေအာင္မ်ိဳး "

"အစီ ကိုႀကီးေကာ "

"မင္းတို႔သြားကတည္းကဝင္အိပ္ေနတယ္ မင္းေကာင္ကိုေဆးတိုက္လိုက္အုံးအနာရွိန္နဲ႕ ဖ်ားေနမယ္ "

"ဟုတ္ၿပီ က်ဳပ္တိုက္လိုက္မယ္ ညေနကိုအစီပဲခ်က္ေပးပါ အစီေန႕က်ရင္က်ဳပ္ခ်က္ေပးမယ္ "

"ရတယ္ "

သူဝင္သြားေတာ့ သူ႕အကိုကအိပ္ေနသည္ နဖူးေပၚလက္ေတာ့အနည္းငယ္ႏြေးေနသည့္ကိုယ္ေငြ႕ကေလးက သတိေပးေနၿပီ

"ေလးေလး "

"ရႈးးးတိုတိုး သားေဖေဖအိပ္ေနတယ္ "

သူကႏႈတ္ခမ္းေပၚ လက္ကိုကန့္လန့္တင္ၿပီးတိုးတိုးဆိုေတာ့ သူ၏တူေတာ္ေမာင္ပါထိုသို႔လိုက္လုပ္ေလသည္

"ကိုကိုးနံ႕ရတယ္ "

"ဟီးးးးစိုးဆက္ ကိုးအမ်ားႀကီးေသာက္လာတယ္ "

"အစီေဖ်ာ္ေပးတာလား "

"နိုး.. သူေဖ်ာ္တာေသာက္လို႔မေကာင္းဘူး သားဥဟိန္းေဖ်ာ္ေပးတာ ေဖေဖကအိပ္တာၾကာအုံးမွာလား "

"ၾကာအုံးမွာေပါ့ "

"ဟြန္း~စိုးဆက္ကေဖေဖနဲ႕ေဆာ့မလို႔ဟာကို "

"ေဖေဖမွမနိုးေသးတာ အျပင္မွာဦးေလးတို႔ရွိတယ္ သူတို႔နဲ႕သြားကစားေနာ္ "

"ဟင္း ~..မေဆာ့ခ်င္ဘူး ဒီလိုလုပ္ပါလား စိုးဆက္ ေဖေဖကိုနိုးလာတဲ့ထိေစာင့္လိုက္မယ္ေလ "

"သားကေစာင့္နိုင္လို႔လား "

ေခါင္းကိုတဆတ္ဆတ္ၿငိမ့္ျပၿပီး သူ႕အေဖေဘးတြင္ဝင္ထိုင္ေနေတာ့သည့္ အခ်ိန္ေတြမၾကာလိုက္ငိုက္ျမည္းလာၿပီး ၾကမ္းေပၚေခါင္းမက်ခင္ သူအလွ်င္ျမန္ပင္ဖမ္းကာ သူ႕အေဖေဘးက သူ႕အိပ္ယာေပၚအသာကေလးခ်ၿပီးသူလည္းအျပင္ကိုထြက္လာသည္

"ငါတို႔မွာေျမမရွိေတာ့ဘူး "

"ဟုတ္တယ္ငါ့အကိုေရ သတၱဳေဈးေတြကက် ၊ သတၱဳကမပါ စိတ္ေတြေလလိုက္တာ "

"ငါတို႔လူေတြေတာင္ပိုက္ဆံဘယ္ေလာက္မွမရဘူး "

ေလာပန္းႏွစ္ေယာက္ႏွင့္ က်င္းေခါင္းႏွစ္ေယာက္၏စကားဝိုင္းတြင္ ေထြးဦး ၊ ငလုံးတို႔ပါ ပါဝင္ေလသည္

"၃လစာ ၁၅သိန္းကလည္းမဆိုးပါဘူး ေလာပန္းရယ္ "

"ငသက္ မင္းေကာင္ေတြအသုံးစရိတ္တြက္ၾကည့္ "

"ဦးမိုးေ႐ႊခမ်ားေရာပဲ "

က်င္းေခါင္းႏွစ္ေယာက္မွာ ေလာပန္း၏အေျပာေၾကာင့္ စာရင္းစာအုပ္ႀကီးခ်ၿပီး ႏွစ္ေယာက္သား ေခါင္းငုံ႕ေနရသည္

"ကြၽန္ေတာ္ကေနစေျပာမယ္ေနာ္

ကြၽန္ေတာ္က ၁သိန္း

ဦးနိုင္ဝင္း ၄သိန္း

ငဟိန္း ၆သိန္း

ဝင္းဆန္း ၈သိန္း

ကင္းေကာင္ ၂သိန္း

ေထြးဦး ၃သိန္း "

"ဝင္းဆန္းကမ်ားလိုက္တာ "

"အဲဒါဆိုင္ေႂကြးေတြေလာပန္း "

"မင္းအေကာင္ေတြဆိုင္အေႂကြးေလွ်ာ့ခိုင္း စုေဆာင္းမယ္ဆိုတာမရွိဘူး အေသာက္နဲ႕အစားအဓိကထားလုပ္ေနၾကတယ္ ေနမေကာင္းျဖစ္လာရင္ငါ့ေခါင္းေပၚပဲေရာက္လာတာ "

"ကင္းေကာင္က နဲတယ္ေနာ္ "

"ဟုတ္တယ္ကိုထြန္း ကိုႀကီးက အရက္ေန႕တိုင္းမေသာက္ေတာ့ဘူး ေသာက္တဲ့ေန႕ဆိုလည္း လူမွန္းမသိဘူး ၿပီးေတာ့ကေလးမုန့္ဖို႔အဲေလာက္ပဲရွိတာ "

"က်င္းေခါင္းပဲထိန္းလို႔နိုင္တာမဟုတ္ဘူးအကို မင္းလဲေလာပန္းတစ္ေယာက္လုပ္ေနၿပီး ေျပာေပါ့ ဆိုင္ေႂကြးေတာင္အဲေလာက္ရွိေနရင္ သူ႕တို႔အျပင္ဘက္မွာသုံးတာရွိေသးတယ္ KTV သြားမယ္ ၊ အမ္းမယ္ ၊ အဝတ္စားတစ္ခါဝယ္ရင္ ၃သိန္း ၊ ၄သိန္း ေနာက္ေန႕ဆိုလက္သုတ္အဝတ္ "

"ငါေျပာလိုက္ရင္မေကာင္းရွိေတာ့မယ္ ဆရာမလုပ္နဲ႕ငါသိတယ္ ငါ့မွာက်င္းသားကငါးေယာက္တည္း မင္းမွာတစ္ဆယ္ေက်ာ္ ေခြးကလူကိုျပန္ဟစ္ေနတယ္ "

"အထြန္း ငါေျပာမယ္ေနာ္ "

"ေျပာဦးမိုးေ႐ႊ "

"ကြၽန္ေတာ္က ၉ေသာင္း

အစီ ၉သိန္း

ဘီလူး ၇သိန်း

ဆိုင္ေႂကြးတင္တာအဲေလာက္ပဲ "

"ေတြ႕လာအကို ကြၽန္ေတာ္လူေတြကအရမ္းေတာ္တာ "

"အံမယ္ ခ်ီးက်ဴးမေစာနဲ႕ အထြန္း

အစီ ၄သိန္း

အပု ၅သိန္း

အဲဒါတာ တစ္ညတည္းနဲ႕ဖဲရိုက္တာ

ပိန္ရွည္ ၊ ဖိုးရွမ္း ၊ ငလုံး အဲေကာင္ေတြက ကာစီနိုဝိုင္းရယ္ စေလာ့ဂိမ္းရယ္ ၊ ရွမ္းကိုးမီး အဲမွာေတြၿဖဳံးတာ "

"ေဟ့ေရာင္ငလုံး အခုမင္းလက္ထဲဘယ္ေလာက္ရွိလဲ "

"တျပားမွမရွိဘူး "

"ဘယ္ေရာက္သြားတာလဲ "

"ဦးမိုးေ႐ႊေျပာတဲ့အတိုင္းပဲ "

"မင္းတို႔ေကာင္ေတြေနာ္...ငါမေျပာခ်င္ေတာ့ဘူး မင္းတို႔ဘာေၾကာင့္အလုပ္သမားဘဝကမတိုးတက္လဲသိလား ရလာတဲ့ပိုက္ဆံထိုင္ၿဖဳံးဖို႔ေလာက္ပဲေတြးေနတာကို "

"ေလာပန္း ေနရာသစ္ေတြ႕ထားလား "

"ေအးငသက္ ေတြ႕ထားတယ္ ဒါမဲ့ေတာင္ၾကားျဖစ္ေတာ့အရမ္းပင္ပန္းမွာ "

"ဘာပဲျဖစ္ျဖစ္ ထိုင္ေနရတာထက္စာရင္ ပိုေကာင္းတာေပါ့ "

"ဒါနဲ႕ေလာပန္း ဘယ္ေနရာလဲမသိဘူး "

"ကရင္ျပည္ ၊ ေက်းဇူးေတာ္ ေတာင္ၾကား "

"ဘာ!!!! "

"လန့္တာငထြန္းရာ ေျဖးေျဖးေအာ္ပါဟ "

"ဟ~ ေက်းဇူးေတာ္ေတာင္ၾကားက ဒီေလာက္မတ္ေစာင့္တဲ့ဟာကို ဘယ္လိုသြားလုပ္မလဲ "

"ငါတို႔လုပ္ရမဲ့ေတာင္ၾကားက ကားလမ္းေပါက္တဲ့ေနရာကေနဆို ကိုက္၃၀၀ေလာက္ေလွ်ာက္ရမယ္ ၿပီးရင္ဆင္ေျခေလွ်ာအတိုင္းဆက္ေလွ်ာက္သြား ဆယ္မိနစ္ေလာက္ေလွ်ာက္ရင္ ေနရာေရာက္ၿပီ တစ္ခုရွိတာက ပစၥည္းေတြသယ္ရမွာ "

"မျဖစ္နိုင္တာအကိုရာ စက္ေတြကတန္၈၀ ေက်ာ္တာကို ကိုက္၃၀၀ထိမထမ္းနိုင္ဘူး ၿပီးေတာ့ေျမျပန့္ဆိုေတာ္ေသး "

"ဟုတ္တယ္ေလာပန္း စက္ေတြကဝင္ရပါၿပီတဲ့ ေတာင္ျဖစ္တဲ့တြက္ ေျမမာတယ္ ေရထိုးလို႔နိုင္မွာမဟုတ္ဘူး ေျမဆြဖို႔ဘူဒိုဇာကလဲဝင္လို႔မရဘူး "

"ငါဆုံးျဖတ္ၿပီးၿပီငသက္ ငါေျပာျပမယ္ မင္းတို႔အားလုံးနားေထာင္ "

"အဲေတာင္ၾကားက ဘယ္သူမွမလုပ္နိုင္မွန္းသိလို႔ ေဈးကအရမ္းေပါတယ္၊  ငါတို႔အဲမွာေျမကြက္စမ္းတဲ့အခ်ိန္ အင္ဝိုင္းတစ္ဝိုင္းက ၁၅က်ပ္သားထိပါတယ္၊ ခဲရဲ႕ပါစင္း/ရာခိုင္ႏႈန္းက နို႔စီဗူးနဲ႕ဆို ၉၀အတိ ငါ့တို႔ေတာတန္းမွာတုန္းကေတာင္ ပါစင္းက ၇၅/၈၀ပဲဲရွိတာ ငါၾကားတာက ေ႐ႊပါပါတယ္လို႔ၾကားထားတယ္ ၊ငါ့တို႔သာေျမအားလုံးလုပ္နိုင္ရင္ပိုက္ဆံအကုန္ကငါတို႔လက္ထဲမွာပဲ "

"အြန္း~အဲဒါဟုတ္တယ္ ကြၽန္ေတာ္တို႔လူေတြေတာ့အရမ္းပင္ပန္းရေတာ့မွာပဲ "

"ကြၽန္ေတာ္စဥ္းစားမိတယ္ တကယ္လို႔လုပ္ျဖစ္မယ္ဆိုရင္ သံတ႐ြင္းေတြတစ္ခါတည္းဖိုသြင္းထားရေအာင္ ေရမထိုးနိုင္ရင္သံတ႐ြင္းနဲ႕တူးမယ္ "

"အင္း~အဲဲလိုပဲလုပ္ရမွာ "

"ကြၽန္ေတာ္အႀကံေပးမယ္ကိုထြန္း "

"ေျပာငလုံး "

"စက္မွာတန္ေရက၈၀ေလာက္ရွိတာ လူခ်ိန္းၿပီးထမ္းရင္ေတာင္ လႈပ္မနိုင္တဲ့ထိျဖစ္မွာအေသခ်ာပဲ အဲေတာ့စက္ကိုတစ္စစီျဖဳတ္ၿပီးသယ္မယ္ ျပန္ဆင္တဲ့အခါ ဦးနိုင္ဝင္းရယ္ ၊အစီရယ္က ကြၽမ္းတယ္ စက္ျပင္တဲ့အပိုင္းမွာ၉၉ျပားလည္း ေတာ္တယ္ "

"ငလုံးေျပာတဲ့အႀကံကမဆိုဘူးအကို စက္ကဆင္ၿပီးမနိုးရင္ေတာ့ သူတို႔သုံးေယာက္ရွိတယ္ ၿပီးေတာ့ကင္းေကာင္က စက္ကလိတဲ့ေနရာမွာဆရာပဲ "

"မွားမယ္ေနာ္ကိုထြန္း စိတ္ကရွည္တာမဟုတ္ဘူး စိတ္ကတိုလာရင္ ေလွ်ာက္လုပ္ပစ္တာ အဲေကာင္က "

"အရင္ကပါဦးသက္ရာ "

"ငါေတာ့ေၾကာက္တယ္ေဟ့ သူ႕စိတ္ကမရဘူးဆိုတာနဲ႕ေရထဲကန္ခ်ခဲ့တာ ငါ့မွာအဲစက္အေလးႀကီးကိုေရထဲကဆယ္တင္ရတာေမာလို႔ "

"မင္းတို႔ေရာ သေဘာတူလား ဝယ္မယ္ဆိုရင္ေပါ့ "

"ေလာပန္းသေဘာပါ ဒါမဲ့ဒီပေလာက္ကမေျပာင္းနိုင္ေသးဘူးေနာ္ သၾကၤန္ေပ်ာ္အုံးမွာ "

"ဟုတ္တယ္ မနက္ျဖန္သၾကၤန္က်ၿပီး သၾကၤန္ၿပီးမွပဲေျပာင္းၾကတာေပါ့ "

"ေအးေဆးေပါ့ကြာငါတို႔လည္းမဝယ္ရေသးပါဘူး "

ေလာပန္းတို႔ႏွင့္ေျပာဆိုအၿပီးတြင္ သူတို႔လည္းထြက္လာေတာ့သည္

*အသဲေက်ာ္တို႔ အပ္ပုဒိတ္ကအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ေနာက္က်တယ္ေပါ့ေနာ္ ခြက္လႊတ္ၾကပါလို႔ေျပာခ်င္ပါတယ္ *

Please is Vote and comment

........................................................................

[text_hash] => 32792646
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...