Chapter 41: 39

Array
(
[text] =>

Uni

"ဖေဖေ ဒယ်ဒီရော "

မနေ့ညက ငဟိန်းစီမှာသိပ်တော့ သူ့အဖေတွေသတိမရ နိုးတော့ သူ့စီလာကာမေးချေပြီ

"သား ဒယ်ဒီက ဖေဖေတို့တွက်ဟိုးအဝေးကြီးမှာအလုပ်သွားလုပ်တယ် "

"ဖေဖေလိမ်တယ် ဖိုးလေးကပြောဖူးတယ် ဖေဖေဒီမှာအလုပ်လုပ်တာကပိုက်ဆံအများကြီးရတယ်တဲ့ ဒယ်ဒီတောင်အလုပ်လုပ်စရာမလိုဘူးတဲ့လေ "

"စိုးဆက်လိုချင်တာရအောင် ဒယ်ဒီကသွားလုပ်ပေးတာ "

"ဖေဖေလိမ်တယ် ဦးလုံးပြောတယ်ဖေဖေက ဒယ်ဒီကိုမချစ်တော့ဘူးတဲ့ "

"ဟေ့ရောင်ငလုံး!!!! "

"အခုမသိလည်းနောက်သိမှာဘဲဟေ့ရောင် အခုမှလာဟောက်မနေနဲ့"

"တခြားနည်းနဲ့ပြောလေ ငါ့ကသူ့ဒယ်ဒီကိုမချစ်ဘူးပြောတော့ ငါ့ကိုသားကမုန်းသွားမှာပေါ့ ငါလိုး"

"ဦးဟိန်းကပြောတယ် ဖေဖေကအကြောင်းရှိလို့လုပ်တာတဲ့ ဖေဖေကို့မမုန်းရဘူးတဲ့ "

"ဟုတ်တာပေါ့ ဖေဖေမှာသားပဲရှိတော့တာ "

ခဏကြာ သူ့ဦးတွေကြားပါသွားလေတော့ သူ့အနားမှာခြောက်ကပ်သွားသလိုပင် သားရှိရင် သားရဲ့ရီသံတွေသားရဲ့ကစားပုံတွေနဲ့ တစ်ချို့အရာတွေအားခေတ္တခဏမေ့ထားနိုင်သည် ဒါပေမဲ့လည်းသားရဲ့ပုံစံက တယောက်သူရဲ့ ပုံစံကိုပွားထားသလိုမို့ ​အလွမ်းဝေသနာကပိုတိုးလေသည်

"ကိုကြီး မင်းမရီးကိုသတိရနေမလား "

"မရဘူးလို့ပြောရင်လိမ်ရာကျမှာပေါ့ အစကခွဲနေဖူးတယ်အခုခေါက်ကမတူဘူး ငါ့ရင်ဘက်ထဲကလုံးလုံးထွက်သွားသလိုခံစားချက်ကြီး "

"အခုချိန်လောက်ဆိုမရီးဘယ်ကိုရောက်နေမလဲ "

"သူ့သူငယ်ချင်းတွေမေးကြည့်ပါလား "

"ထားပါကွာ သူဘယ်မှာရှိနေတယ်ဆိုတာငါသိရင် ချက်ချင်းပြန်ခေါ်မိလိုက်မယ် "

နိုင်ငံရေးအခြေနေကြောင့်အလုပ်တွေနားထားရကာ အခုကထိုင်စားနေကြရသည့်အခြေနေ..

"ကိုကြီး မင်းဘာလုပ်မယ်စဥ်းစားထားသလဲ အခုမရီးလဲကိုကြီးဖြစ်စေချင်တဲ့တိုင်းသွားပြီ မရီးကတော့မင်းဖြစ်စေချင်တဲ့တိုင်းဖြစ်မဖြစ်တော့မသိဘူး "

"ငါယုံကြည်တယ် ငါ့ဟန်က လုပ်နိုင်လိမ့်မယ်ဆိုတာ "

"ဒါမဲ့ကိုကြီး မရီးကသူများနဲ့မတူဘူးဆိုတာလဲ မင်းသိအုံးမှပေါ့ "

"အင်း.ငါသိတယ်..ငါသိလို့လဲ.သားကိုငါခေါ်ထားတာ အမှန်ဆိုသားကမိစုံဖစုံနဲ့နေသင့်တာ "

"ကိုကြီးဘေးမှာ အလုပ်တူလုပ်နေတဲ့ညီအကိုတွေ ၊ လောပန်းတွေ ၊ ပိုင်စိုးဆက်ဦးလေးလဲရှိတယ် ကျုပ်လည်းရှိတယ်ကိုကြီးမင်းအားမငယ်နဲ့ နော် "

အရက်ဝိုင်းတွင်

"ဟေ့ရောင် ဒီကိုလာလေ "

"ကျုပ်တစ်ယောက်တည်းနေချင်လို့ "

အရက်ပုလင်းကို ခွက်အပြည့်ထည့်ကာ တစ်ကျိုက်တည်းမေ့ာချလိုက်သည်

လျှာဖျားကနေလည်ချောင်းထဲစီးဆင်းသွားသော ခါးသက်သက်အရသာနှင့်ပူလောင်ခြင်းက သူ့နှလုံးသားနာကျင်ခြင်းကိုအံမတုနိုင်

တစ်ယောက်ယောက်ကများလက်တို့ရင် ရင်ခွင်ထဲတိုးဝင်ကာငိုပစ်လိုက်ချင်သည်

"ပိုင်စိုးဦး"

"ကိုထွန်းးး"

"ရင်ဖွင့်ချင်လားပိုင်စိုးဦး "

"အရက်ဗူးလိုက်သာမော့နေတာသိရင် သေချာပေါက်ဟန်ကတားမှာ ကိုထွန်းသိလား ဟန်ထွက်သွားချိန်တည်းက ကျုပ်ဘဝကြီးကအဓိပ္ပါယ်မရှိတော့ဘူး

မနက်မိုးလင်းကတည်းက ညအိပ်ထိ ဒီရင်ဘက်ကြီးကလစ်ဟာနေတာ ဒီခံစားချက်ကြီးမလိုဘူး "

ရင်ဘက်တနေရာလက်ညှိုးထားကာ နားထောင်နေသည့်သူပင် ငိုချင်လာသလို

"ညအိပ်ရင်လည်း မျက်လုံးမှိတ်လိုက်တိုင်းဟန့်ပုံရိပ်တွေကပေါ်လာတယ် နေရာတိုင်းမှာသူ့ခြေသံတွေ သူအမူရာလေးတွေ မေ့ချင်တာတောင် ကျုပ်ဦးနှောက်ထဲနေရာယူလာတာမျိုး ပြီးရင်ဒီရင်ဘက်ကြီးကအောင့်တော့မှာ "

"ငါတို့ရဲ့အငယ်ဆုံးလေး ပင်ပန်းနေပြီ ဒါမဲ့လေပိုင်စိုးဦး အခုမှဆက်ဟန်နဲ့ခွဲရတာ သုံး၊လေးရက်ပဲရှိပါသေးတယ် ဖြတ်သန်းရမဲ့ရက်တွေ ၊လတွေ ကရှိအုံးမှာ မင်းအခုလိုလုပ်နေရင် ရင်ခွင်လစ်သွားတဲ့မင်းသားအတွက်လည်းတွေးအုံးလေ ငါတို့အငယ်ဆုံးလေးကသန်မာပါတယ် "

"ကျုပ်က ကျန်တဲ့နေရာသာသန်မာတာ အချစ်အောက်မှာကျရှုံးနေရတာဒီကအကောင် ဗျ"

"အေးပါကွာ "

ဒုတိယရက်

မင်းကိုလွမ်းတယ်...

တတိယရက်

ဒီနေ့ရာသီဥတုအေးတယ်

ကျွန်တော်နိုးလာတဲ့မနက်မှာ

ကျွန်တော့ဘေးမှာမင်းရှိဘူး

မင်းခြေကချူသံတွေမကြားရဘူး

မင်းစကားသံတွေတိတ်သွားလို့ထင်တယ်

ဘာလုပ်လုပ်စိတ်ပါမနေဘူး ....

စတုတ္ထရက်

သားကလေ ညဘက်တွေမအိပ်ဘူး

မင်းပိုက်ထွေးပြီးအိပ်နေကြဆိုတော့

သားလဲသတိရမှာပေါ့

သားငိုရင်ကျင်းသားတွေက

ကျုပ်ကိုဆူကြတယ်

ကိုမင်းမင်းဆိုကျုပ်ကိုထိုးခဲ့သေးတယ်

ကျုပ်ပြန်မလုပ်ဘူးနော်

ခများမှရန်ဖြစ်တာမကြိုက်ဘဲ ပြီးတော့

ကျုပ်အမှားတွေကလည်းအများကြီး

ပဥ္စမရက်

သားကနဲနဲတော့ နေသားကျလာပြီထင်တယ်

ဘက်တွေသိပ်ငိုတော့ဘူး

သိပ်ရတော့ခက်တယ်

တခါတလေကျင်းသားအားလုံးလက်ထဲတယောက်တလှည့်သိပ်ရတယ်

ကျုပ်ကျင်းဆင်းရင် သားကကင်းတဲမှာပဲထွေးဦးနဲ့ငြိမ်ငြိမ်ကလေးနေတယ်

ကျုပ်အဆင်မ​​ပြေတဲ့ညဆိုထွေးဦးပဲသိပ်ပေးတယ် စကားမစပ်မင်းပုံရိပ်တွေ

ကျုပ်အရမ်းလွမ်းတယ်..

ကျုပ်ရင်ထဲမကောင်းဘူးခများရယ်

ရင်ထဲဟာဟာတာနဲ့ ခများရီသံလွင်လွင်တွေ

ပြောပုံဆိုပုံတွေ မျက်စောင်းလှလှတွေ

ကျုပ်အလုပ်သွားရင်ခွဲနေဖူးပေမဲ့

ခံစားချက်ကမတူဘူး

များအသံတွေကြားချင်တဲ့ချိန်

မြင်ချင်တဲ့ချိန်

သတိရတဲ့ချိန် ဖုန်းနဲ့ဖြေလို့ရသေးတယ်

အခုတော့ ဖုန်းဆက်ချင်တာတောင်

ခွင့်မပြုဘူး

တလပြည့်နေ

ကျုပ်ရင်ထဲကမ္ဘာတွေပျက်နေပြီ

ခများကိုအရမ်းတွေ့ချင်တယ်

ခများကိုတင်းနေအောင်ဖက်ထားချင်တယ်

တချိန်ကစီးခဲ့သည့်စက်ဘီးကလေးအပေါ်ကိုဘယ်သူ့ကိုမှမတင်တော့ဘူး

အဲဒါကိုခများမသိနိုင်တော့ဘူး

များခုဆိုရန်ကုန်မှာဘဲလား

ဘယ်များရောက်နေမလဲ

ဘာလိုလိုနဲ့တစ်လပြည့်ပြီ

ကျုပ်ကြိုးစားနေပေမဲ့ဆင်မပြေဘူး...

များကိုလွမ်းတယ်...

တနေ့တရွက်နှုံးဖြင့်ရေးခဲ့သော စာတစ်ပုဒ်စီကအခုဆို အရွက်သုံးဆယ်တောင်ရှိနေလေပြီ သူကြိုးစားနေသည့်တစ်လအတွင်း ဟန်အကြောင်းတွေးမိတိုင်းပိုလွမ်းလာသည် ခပ်အုပ်အုပ်ဆံပင်ကလေးကိုဆွဲဖွပြီး နူးညံ့လွန်းသည့်နှုတ်ခမ်းအစုံကို တမ်းတနေမိသည်

ဗွမ်းးးးး

ဒူးနှစ်ဖက်ကိုလက်နဲ့သိုင်းကာထိုင်နေတုန်း ရေပုံးဖြင့်လောင်းချတာခံလိုက်ရလေသည်

"အစီ့!!!!! "

"ဟယ်~ ငါအစီဆိုတာသိသေးတယ်ပေါ့ "

"သိတာပေါ့ ရူးနေတာမှမဟုတ်တာ ဘာလို့ကျုပ်အပေါ်ရေလာလောင်းတာတုန်း "

"လင်လွမ်းတစ္ဆေဝင်နေတယ်ထင်လို့ "

"ဘာလဲ လင်လွမ်းတစ္ဆေ "

"လူ့ဘဝမှတုန်းကသူသေမဲ့ဆဲဆဲမှာလင်ကိုသတိရသွားတယ်လေ သေတော့တစ္ဆေဖြစ်ကော အဲဒါနဲ့ငါလည်းမင်းကိုစိတ်ပူလို့ ပလောကိုသွားပြီးလောပန်းတို့ကိုးကွယ်တဲ့ဘုန်းဘုန်းစီကပရိတ်​ရေတောင်းလာတာ ရေသန့်ဗူးနဲ့ဆိုမထွက်မှာစိုးလို့ ၁၈/ပုံးနဲ့တောင်းလာတာ "

"စိတ်ပူတယ်ပေါ့ မပူနဲ့ကျုပ်သေရင်ခများကိုအရင်ဂုတ်လာချိုးမှာ တကယ်တည်း "

"မင်းဒီလိုပဲနေနေလို့မရဘူးလေ ပိုင်စိုးဦးရာ "

"ကျုပ်သိပါတယ်ကိုစီ "

အစီထွက်သွားတော့မှ တစ်ခန်းရပ်အတွေးကထပ်ဝင်လာပြန်သည် နောက်တော့ နားကြားကဆေးလိပ်တိုကိုယူကာ မီးညှိရန်အကြိမ်ကြိမ်ကြိုးစားသော်လည်း တောက်လောင်မလာ

"ဘယ်ချိန်ထိ ရေစိုနေတဲ့ဆေးလိပ်တိုကိုမီးတောက်ဖို့ကြိုးစားနေမှာလဲ "

"ဟုတ်သားပဲ မေ့တာ "

တစ်ခါတစ်လေ စိတ်တွေလွတ်နေတက်သော အကိုအားဘယ်လိုမှမကြည့်ရက် ဟိုတနေ့ကဆို အပြင်မှာထိုင်တုန်းမိုးရွာလာသည်ကိုပင် မထပဲ ဆက်ထိုင်နေ၍ သွားခေါ်ရသေးသည်

"ဖေဖေ စိုးဆက်ခေါင်းရေသုတ်ပေးမယ်နော် "

"အင်း ဖေဖေသားကတော်တယ် "

"စိုးဆက်ကတော်ဘူး ဒယ်ဒီလုပ်တာကိုကြည့်ထားတာ "

သားဖြစ်သူ၏စကားကြောင့် မှိုင်ချသွားသည့်အကိုနှင့် အဖေမျက်နှာအရိပ်တကြည့်ကြည့်နေရှာသောသားက စကားမှားပြီအထင်နှင့် ငိုချတော့မလို

"စိုးဆက် "

ခေါ်လိုက်တော့လည်း တိတ်တိတ်ကလေးထကာ သူ့စီလာလေသည်

"ဖေဖေက စိုးဆက်ကိုစိတ်ဆိုးသွားတာလားဟင်လေးလေး "

"မဟုတ်တာပဲ သားဖေဖေက သားကိုအရမ်းချစ်တာစိတ်ဆိုးစရာလား နေ့လယ်ခင်းသားဦးဟိန်းစီမှာသွားအိပ်နော် "

"ဟုတ်လေးလေး "

"လေးလေးပိုက်ဆံပေးလိုက်မယ် ဦးဟိန်းနဲ့မုန့်သွားဝယ်စားလို့ရအောင် "

"ဟင့်အင့်~ ဖိုးလေးကများကြီးပေးထားတယ် ဦးဟိန်းစီမှာ "

"ဟုတ်ပြီ သွားတော့နော် "

"ဖေဖေ အာဘွား "

သူ့အဖေကိုတချက်နမ်းက လုံးတုံးတုံးလေးနှင့်ပြေးသွားသောတူတောင်မောင်က ဖြူစွတ်သောအသားရေ ခပ်အုပ်အုပ်ဆံပင်လေးကိုကြက်တောင်လေးစီးထားသေးသည်

"သတိရသွားပြန်တာလားကိုကြီး"

"မရတဲ့ချိန်ငါ့မှာမရှိဘူး မင်းသိသားပဲထွေးဦးရာ ဒီအလုပ်ခွင်နေရာတိုင်း ငါ့ကိစ္စအားလုံးမှာဟန်က သူ့ခြေလက်တွေနဲ့အကုန်လုပ်ပေးခဲ့တာ အပြုမူသေးသေးလေးကအစ ငါ့ကိုသတိရစေတယ် "

"ဒီလိုလုပ်ပါလား အလုပ်ကလည်းနားထားရတာ ဝန်းသိုပြန်ပြီးအမေစီ့သွားကြမလား "

"အမေ့စီပြန်လည်း ငါ့ရင်ထဲမှာကျန်နေတဲ့အမှတ်တရတွေကပျောက်သွားမှာမှမဟုတ်တာ "

"အနဲဆုံးတော့ ခရီးသွားရင်စိတ်ပြေလက်ပျောက်ဖြစ်တယ် "

"မင်းသဘောပဲ "

~ရင်မှာစွဲလမ်းအောင်လှ ပန်းကလေးရနံ့ကညှို့နေတယ် ~ပန်းကလေးမြင်သူတွေဟာ ချွေယူကာခူးချင်~မာယာများရဲ့နောက်ကွယ်မှာ ဆူးများထက်မြတ်လှပါတယ် ~~~

"ဟုတ်ကဲ့ ကျွန်တော်ပိုင်စိုးဦးပါ "

"......."

"ခများကျေနပ်ပြီမလား ခများကသာစကားတစ်ခွန်းလွယ်လွယ်နဲ့ပြောခဲ့တာ လုပ်ခဲ့တဲ့ကျုပ်ကအသည်းကိုဓားနဲ့မွှန်းသလိုနာကျင်ရတာ "

"ဟုတ်ပါတယ် ကျုပ်သာဟန်ကိုမချစ်ရင် သူနဲ့လည်းယူခဲ့မှာမဟုတ်ဘူး ချစ်လွန်းလို့ ကျုပ်ရင်နာနာနဲ့လမ်းခွဲတာ နားလည်းလား နားလည်မဲ့ပုံလည်းမပေါ်ပါဘူး "

"ဟက်! တော်စမ်းပါဗျာ လျှာမှအရိုးမရှိတိုင်းမပြောနဲ့ ခများချစ်တဲ့သူနဲ့ ကျုပ်လိုအဖြစ်မျိုးမဖြစ်ပါစေနဲ့ ဘယ်လောက်နာကျင်ရလဲကိုယ်တိုင်ပဲသိတာ ပြီးတော့ကျုပ်သားကို အဆက်သွယ်မလုပ်ပါနဲ့ ခများတို့မိသားစုနဲ့ကျုပ်ဟန်က ဆွေးမျိုးဆိုတဲ့စကားပတ်သက်မှုပဲရှိတာ"

"........."

"ခများတစ်ခုသိထားရမှာက ကျုပ်ဟန်ကိုဘယ်တုန်းကမှမစွန့်လွှတ်သလို ဒီအတိုင်းလဲလွှတ်ထားမှာမဟုတ်ဘူး ဒါကိုခများနားလည်ထားပါ ကိုခေတ်ဆက်သာဟန် "

ချသွားပြီဖြစ်သောဖုန်း၏ Home Screen ကိုကြည့်လိုက်သည် ရေချိုးပြီးကာစ အဝတ်မလဲခင် ညှပ်ရိုးနားထိအနီးကပ်ရိုက်ထားပြီး ပါးကိုညှစ်ထားတော့ ခပ်လုံးလုံးနှုတ်ခမ်းလေးကစူထွက်နေပြီး အသားရေကဖြူသည်မို့နီဆွေးဆွေးလေးဖြစ်နေပုံကို ဟန်မထွက်ခင်ဆယ်ရက်ခန့်လောက်ကရိုက်ထားခဲ့လေသည်

"မရီးရဲ့အကိုလား ကိုကြီး "

"အင်း "

"အဓိက သူ့ကြောင့်မလား ကိုကြီး မရီးကိုအခုလိုလုပ်လိုက်တာတွေက "

"ဟုတ်တယ် ငါကိုယ်တိုင်ကလည်း ဟန်ကိုပြောင်းလဲစေချင်တာလဲပါတယ် "

"ငါ့ကိုကြီးက ၉၉ပြားမဟုတ်ဘူးပဲ ကြည့်ပါအုံးကွာ မရီးဖုန်းလားမင်းဖုန်းလားမသဲကွဲဘူး မရီးပုံတွေကပြည့်နေတာပဲ "

"ဒါတော့ကွာ အချစ်နဲ့ထိတွေ့မိတာကို ငါပြောပြမယ်ငါ့ညီ "

သူ့အသက်၁၆ဖြစ်သည်ထိ သူ့အကိုစီမှ ' ငါ့ညီ 'ဆိုတဲ့ စကားကိုနှစ်ခါမြောက်ကြားဖူးလေပြီ

"မင်းအကိုငါကလေ ဓာတ်ပုံရိုက်တာမကြိုက်ဘူး မင်းမရီးနဲ့စညားပြီးမကြာဘူး ငါ့ဖုန်းထဲသူ့နေရာတွေယူလာတယ်မင်းမရီးက ညှို့ဓာတ်ကောင်းတယ် စတွေ့တုန်းကဆိုငါ့ရင်ဘက်ကြီးက ဖောက်ထွက်တော့မယ်လို့တောင်ထင်နေတာ မင်းကိုင်ကြည့် "

လက်တစ်ဖက်ဆွဲယူကာ သူ့နှလုံးသားပေါ်တင်ပေးတော့ ၉၉ပြားနှလုံသားက အသိသာခုန်နေလေသည်

"ဟုတ်သားပဲ ဒုတ်ဒုတ်... ဒုတ်..ဒုတ်နဲ့ "

"မဟုတ်ပါဘူးကွာ..ဟန်...ဟန်...ဟန်..တဲ့ "

"အေးပါကွာ မင်းမှန်ပါတယ် "

တမှိုင်မှိုင်ဖြစ်နေသည့်အကိုက မရီးကြောင်းပြောတော့ နှုတ်ခမ်းကပြုံးနေလေသည် အဲလောက်ထိချစ်သွားရသအကို....

မနက်ဖြန်သွားမည်ဆိုတော့ အကိုတို့သားအဖအဝတ်စားရယ် သူ့အဝတ်စားတွေရယ်ထည့်ပြီး ပိုက်ဆံယူဖို့အလုပ်

"ကိုကြီး!! "

ညပိုင်း စားဖိုဆောင်တွင်အရက်သောက်နေတုန်း ပုဆိုးတစ်စဆွဲကာ ညီဖြစ်သူအော်သံကြောင့် သောက်နေသည့်အရက်ပြန်ထွက်သွားသည်

"ဟေ့ရောင် ထွေးဦး မင်းမလဲဘယ်ချိန်ကြည့်ကြည့်မျက်စိကိုနောက်လို့ ဘာဖြစ်လာတာ "

"ကိုကြီး ငါတို့ပိုက်ဆံတွေမရှိတော့ဘူး "

"မင်းတို့ကဘယ်မှာထားထားလို့လဲ "

"ကိုကြီး အိတ်ထဲမှာ "

"မင်းအကိုဖဲရှုံးပြီလားမှမသိတာ "

"ဟုတ်လား ဟေ့ရောင် "

"မင်းမရီးကိုအကုန်ထည့်ပေးလိုက်တယ် "

"ဟယ်~"

"ဟာ!....."

"ကိုကြီးမင်းလာနောက်နေတာလား "

"အေးလေ "

"အဝတ်တစ်ထုပ်ပစ်ချပေးလိုက်ရလောက်တဲ့ထိ ငါ့နှလုံးသားလက်မခံဘူး ပိုက်ဆံမပါရင်ငါ့ဟန်ဒုက္ခရောက်နေမှာပေါ့ "

"အေးပါကွာ အခုသွားမဲ့ပိုက်ဆံကိုလောပန်းမှာသွားထုပ်ရမှာပေါ့ "

...........

"ခေတ် ငိုနေပြန်ပြီလား "

"ငါမငိုပါဘူး မျက်ရည်ကကျနေတာ "

"မငိုနဲ့တော့ မိခင်လုပ်သူကငိုရင်ကလေးကမျက်လုံးပြူးတယ် ဒီနေ့ Ultrasound ရိုက်ရမှာ မငိုနဲ့တော့ "

"ငါမရိုက်လို့ရမလား ဘာလေးလဲမသိချင်ဘူး "

"အနေထားမှန်ရဲ့လားလို့စမ်းသပ်ရမယ်လေခေတ် "

"ဘာလေးလဲမကြည့်တော့ဘူးနော် "

"အင်းပါ ဗိုက်ဗိုက်သဘော "

"အခုချိန်မှာလေ ငါ သူ့ကိုရှိစေချင်လိုက်တာ "

"သူ့ရဲ့ကိုယ်ပွားရှိနေတာပဲလေ မရှိတဲ့သူကိုတန်းတမနေနဲ့ "

သူတို့ဆေးရုံရောက်ပြီးမကြာ ရင်းနှီဟန်ရှိသောလူတစ်ဦးရောက်လေသည် ထိုသူက...

"ခေတ် "

"နေသင်္ခါလီယံကို "

"အင်း အားမငယ်နဲ့ငါရှိတယ် "

အခန်းထဲဝင်တဲ့အခါ နေကိုပါဝင်လိုက်လေသည်

"ဘာလေးလဲဆိုတာတကယ်မသိချင်တာလား "

"အင်း ထွက်လာတဲ့ချိန်မှာ သားလား ၊ သမီးလားဆိုတဲ့ခံသားချက်ကအရမ်းမိုက်တယ် "

ဗိုက်ကလေးကို စမ်းသပ်လိုက်ပြီးနောက်တွင်ဖလင်ပြားပေါ်တွင် လှုပ်ရှားမှု့ပုံရိပ်လေးကပေါ်နေလေသည်

အားလုံးအခြေနေကောင်းမွန်တော့ အားဆေးတစ်ချို့ပဲယူကာထွက်လာလိုက်သည်

"ခေတ် ကြိုက်တာမှာနော် ငါရှင်းပေးမယ် "

"စားမှာ ပြီးမှတော်ပြီလို့မ​ပြောနဲ့ "

"အေးပါကွာ ငါရှင်းပေးပါ့မယ် "

စကားဆုံသည်နှင့် သူ့စိတ်ကြိုက်မှာတော့ နေကိုကမေးထောက်ကြည့်တော့သည် အကြည့်ခံရရိုးနေသူမို့ ထိုအကြည့်မျိုးကနေရခက်စေတာမျိုးမရှိ...

"အဟမ်း~နေကို အိန္ဒြေလေးဘာလေးဆယ်ပါအုံး "

"ယဥ် ရှောင်ပေးပါလား "

"အေးပါဟယ် "

ယဥ်ထွက်သွားမှ အစားသောက်ဘက်ပဲအာရုံရှိနေသူအား စကားပြောရန်ကြံရတော့သည်

"ခေတ်ဆက်သာဟန် "

"အင်းပြော "

"ငါဒီကိုဘာလို့ပြန်လာလဲသိလား "

"နင်မှမပြောပြတာငါဘယ်သိမလဲ "

"ငါပြောစရာရှိတယ် "

"နေကို ငါ့ဗိုက်ထဲကကလေးကမိန်းကလေးထင်တယ် "

"ငါ နင့်ကိုတာဝန်ယူချင်တယ်ခေတ် "

အကြိမ်ကြိမ်ကြိုးစားလေ့ကျင့်ပြီး ကိုယ်ပြောလိုက်သောစကားတစ်ခွန်းကြောင့် ခေတ်ဆက်သာဟန် အံ့ဩသွားမည်မထင်လေနှင့် ပါးစပ်၌ပေပွနေသည်ကိုအေးဆေးပင်သုတ်နေသေးသည်

"ခေတ် ပြန်ပြောလေဟာ "

"နေကို နင့်အမြင်မှာငါက ဘယ်လိုပုံစံလဲ အရမ်းသနားစရာကောင်းနေလား "

"မဟုတ်..မဟုတ်ဘူးခေတ်အထင်လွဲနေပြီ "

"ခေတ် ငါကနင့်တို့သားအဖကိုတာဝန်ယူချင်တာ မွေးလာတဲ့ကလေးမှာအဖေခေါ်စရာရှိအောင် ငါကတာဝန်ယူချင်တာ "

"ငါ့ကလေးမှာအဖေခေါ်စရာရှိပြီးသားနေကို ပြီးတော့ငါ့ကလေးရဲ့အဖေကသေသွားတာမဟုတ်တဲ့အတွက် ငါဘယ်သူ့ကိုမှအားကိုးရှာမှာမဟုတ်ဘူး ထပ်ပြောမယ်ဆိုရင်ငါစိတ်ဆိုးမိလိုက်မယ် "

"အေးပါ ငါတောင်းပန်တယ် ဒါပေမဲ့မင်းအနားမှာတော့ နေခွင့်ပေးပါ.. "

ခေတ်ပြောလာမည့်စကားတို့အား မပြောခိုင်းပဲလက်ကာလိုက်ပြီး သူဆက်ပြောလိုက်သည်

"သူငယ်ချင်းတစ်ယောက်အနေနဲ့"

"အင်းးးးး"

..................

"ယဥ် ငါသွားတော့မယ် "

"သေချာလို့လားခေတ်ရယ် စဥ်းစားပါအုံး နင့်မှာကိုယ်ဝန်ကရှိနေတာ အပြင်လောကထွက်ပြီးအလုပ်လုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူး "

"ငါလုပ်မှာ အလုပ်ကြမ်းမဟုတ်ပါဘူး ငါ့ကလေးထိခိုက်မဲ့အလုပ်မျိုးငါမလုပ်ပါဘူး "

"ခေါင်းကလည်းမာလိုက်တာ ဘယ်သွားမယ်ဆိုတာလေးပြောအုံးမှပေါ့ "

"ငါ့ဆရာစီကို "

"ခေတ် တစ်ခုခုဆိုငါတို့ရှိတယ် နင်စိတ်မပူနဲ့နော် ဟိုမှာလည်းပြောစကားနားထောင်ပေါ့ နင့်မှာကိုယ်ဝန်နဲ့ဆိုတာလည်းပွင့်လင်းပြော လက်မခံရင်မနေနဲ့ "

"ဟုတ်ကဲ့ပါအမေရယ် ကျွန်တော်သိပါတယ် "

တစ်လလောက်နေခဲ့သည့်တိုက်ခန်းလေးကနေ မန္တလေးကျုံးရဲ့မျက်စောင်းထိုး (........) အိမ်ရာဝင်းသို့ရောက်လာတော့ ကျန်ခဲ့သည့်ခြေရာက နောက်မလှည့်တော့ဖို့ပြောနေသယောင်..

"နောက်ဆုံးတော့မင်းရောက်လာပြီ "

"ဟုတ်ကဲ့ပါဆရာ အချိန်တွေမနှောင်းသေးဘူးလို့မျှော်လင့်မိပါတယ် "

"ကဲအခုက ဘယ်လိုဖြစ်လာတာလဲ"

"ဆရာနဲ့ဆုံပြီး တစ်နှစ်လောက်မှာ အိမ်ထောင်ကျသွားပါတယ် သားလေးတစ်ယောက်လည်းရပါပြီ သားလေးနှစ်ရောက်တော့ကွဲလာတာပါဘဲဆရာ "

"အရင်ကတည်းကသာ ပညာတွေလေ့လာခဲ့ရင်အခုလောက်ဆို ဒါရိုင်တာနေရာ မရလောက်ပေမဲ့ အနည်းဆုံးတော့အကျွမ်းတဝင်ရှိနေလောက်ပြီ အခုကရောဆုံးဖြတ်ပြီးပြီလား "

"ဆုံးဖြတ်ပြီးပြီဆရာ ဒါမဲ့အခုဟန်မှာကိုယ်ဝန်ပါလာတယ် "

"ဟေ! "

"မင်း ငါ့ကိုလာနောက်နေတာလား "

"နောက်ပါဘူးဆရာရဲ့ ဟန်ယူခဲ့တာယောင်္ကျားလေး ပြီးတော့ဟန်ကိုယ်ဝန်ဆောင်ခဲ့တာ အခုကတစ်ဗိုက်ပါလာတာ "

"ဟေ! "

ပါးစပ်ပင်မသိနိုင်ကာတဟေဟေဖြစ်ပြီး ဆရာ၏တပည့်ဖြစ်ဟန်တူသောလူက မျက်လုံးပြူးမျက်ဆန်ပြူးနှင့်

နောက်တော့နေရာထိုင်ခိုင်းပေးကာ တပည့်အဖြစ်လက်ခံခဲ့သည် ဆရာနှင့်တွေ့ဆုံပုံကကံကြမ္မာတွနိးပို့လိုက်သလိုပင်

ထိုနေ့က ခန်းမတစ်ခုမှာ Delivery ပို့ရသည့်နေ့ ခေတ်ဆက်သာဟန်၏မလွဲရမနေနိုင်အကျင့်ကြောင့် လူတစ်ယောက်အား အားပါပါဝင်တိုက်လေသည်

နောက်တော့ ရုပ်ရှင်အစည်းရုံးလက်မှတ်ရေးထိုးပွဲဆိုတာကြီးနှင့်တိုးတော့ စပ်စုသည့်အကျင့်ပါပေါင်းကာ လူအုပ်ကြားထဲတိုးတော့သည် ကိုယ်ကလည်းတိုး ဟိုကလည်းစင်ပေါ်ကဆင်းလာသည့်ချိန် အတိုးလွန်ပြီးဆင်းလာသည့်သူကိုဝင်တိုက်၍ စင်ပေါ်၌နှစ်ယောက်သားဗရုတ်သုတ်ခကြပြန်သည်

တောင်းပန်လိုက်ရသည်ဆိုတာ ခေါင်းကကြမ်းကိုထိမတက် နောက်တစ်ခုကိုယ့်ပစ္စည်းပို့ရမည်သူက ကိုယ်နှစ်ခါမြောက်ဝင်တိုက်ထားတဲ့သူ..ဒါရိုင်တာလောက၌အောင်မြင်နေသော ဦးဇေဇေမောင်..အသက်ရွယ်အားဖြင့် ၆၀ထဲဲသို့ဝင်ရောက်နေသည်

ဒေါက်လ်! ဒေါက်လ်!

တွေးနေသောအတွေးတွေက တံခါးခေါက်သံနောက် ပျောက်ကွာ်သွားလေသည်

"အကို ဆရာကညစာစားမလို့အောက်ဆင်းခဲ့ပါတဲ့ "

"လိုက်ခဲ့မယ်နော် "

ညနေ ထမင်းဝိုင်းတွင်

"ဟိုမှာအဆင်ပြေနေခဲ့တယ်မလား"

"ဟုတ်ဆရာ "

"ဒါကမနှစ်ကမှ ငါခေါ်ထားတဲ့သူဝေဟင်တဲ့ "

"တွေ့ရတာဝမ်းသာပါတယ်အကို "

"ခေတ်ဆက်သာဟန်ရေ ဝေဟင်ကမင်းထက်နှစ်နှစ်ငယ်တယ် "

"အဲဆိုညီပေါ့ "

စုံညီစားပွဲလေးသည် အပျော်တွေဝေမျှထားကြပြီး ထမင်းစားအပြီးတွင် လူစုခွဲကြလေသည်

"ဝေဟင် ကဘယ်အခန်းလဲ "

"အကို့ခြေရင်းကအခန်းပါ ဒါနဲ့လေ ဝေဟင်မေးစရာအများကြီးရှိလို့ ဝေဟင်နဲ့အပြင်မှာအတူထိုင်ပေးလို့ရမလား "

"ရတယ်လေ ကိုယ်လည်းလေကောင်းလေသန့်ရှုချင်တာနဲ့အတော်ပဲ "

အပြင်ရောက်လို့ထိုင်တာနဲ့ ဝေဟင်ဆိုသည့်ကောင်လေးကစကားစတော့သည်

"ကိုယ်ဝန်နဲ့ဆိုတာ တကယ်လားဟင် "

"အင်း လေးလေကျော်ပြီ "

"ဝိုး..မိုက်တယ် "

"ဝေဟင်က ဘာလို့ဒီရောက်နေတာလဲ "

"ဝေဟင်က ဆရာ့ရှုတင်အဖွဲ့မှာထမင်းချက် ဆရာကလူကဲခတ်တော်တယ် ဝေဟင်မလုပ်ချင်တာသိတော့ဆရာက ဘာလုပ်ချင်လဲ ဘာဖြစ်ချင်တာလဲမေးခဲ့တာ အဲကနေ ဆရာ့နောက်ကိုလိုက်တော့တာပဲ ပြောရမယ်ဆိုမန်နေဂျာပေါ့ "

"ဝေဟင်ကတော်လိုက်တာ "

"အကိုစိတ်မဆိုးဘူးဆို ဝေဟင်ပြောစရာရှိတယ် "

"ပြောကြည့်လေ မဆိုးဘူးလို့တော့အာမခံဘူး "

"အကို့ကလေးကို ဝေဟင်ကိုပေးထိန်းနော် "

"ဘာများလဲလို့ နောက်မှမထိန်းချင်ဘူးလို့မပြောရဘူး "

"ဟုတ်ကဲ့ပါဗျ"

............

"ကိုပိုင်စိုး ရှင်စိတ်ကိုအေးအေးထားစမ်း "

ကိုပိုင်စိုး ဒေါသထွက်လည်းထွက်ချင်စရာပင် အကြောင်းမကြားဘာမကြား သားနှစ်ယောက်နှင့်မြေးက အိမ်ကိုရောက်လာလေသည် မေးတော့ လင်မယားကွဲတယ်တဲ့ ထိုမျှနှင့်ဘာမှမဖြစ်သေး အကြောင်းစုံသိတော့မှဒေါသရေနွေးငွေ့လိုထွက်လာတော့သည်

"ခင်မာ မင်းသိပြီမလား ငါဘာလို့မင်းသားတို့ကိုခွဲရလဲဆိုတာ "

"မင်း ငါ့စေတနာတွေနားမလည်ဘူး ပိုင်စိုးဦးငါကမင်းအဖေ ဒီလိုတွေဖြစ်လာမယ်ဆိုတာကြိုသိနေလို့ မလောင်ခင်ကငါတားတာ အခုဘာဖြစ်သွားလဲ လူမမယ်ကလေးက အဖေမဲ့ပြီ "

"ကျုပ်သားမှာကျုပ်တယောက်လုံးရှိသေးတယ် "

"ဒီလောက်ဖြစ်နေတာ စောက်အာကမကျသေးဘူး ငါနင်းသတ်လိုက်ရရင်တော့ "

"ကိုပိုင်စိုး!!!!"

"ဒီမှာ ခင်မာဦး ငါ့ဘဝမှာသားနှစ်ယောက်ပဲရှိတာငါမချစ်ပဲနေပါ့မလား ဒင်းတို့စညားတဲ့နေ့ကတည်းက တဖက်ကလေးကဘယ်သူဘယ်ဝါ ဘာအခြေနေငါအကုန်စုံစမ်းခဲ့ပြီးသား အဲကလေးနေရာမှာ တခြားကလေးသာဆိုငါဘာမှပြောမိမှာမဟုတ်ဘူး "

"ကျမလည်းအရင်ကရှင့်ကို နားမလည်နိုင်ခဲ့ဘူး ဘာလို့ဒီကလေးကိုခါးခါးသီးသီးဖြစ်နေသလဲဆိုတာ "

"မင်းသားကငယ်တုန်းမို့လို့စိတ်ကစားတုန်း အနာဂတ်ကြောင်းရေရေရာရာမသိတဲ့သူ တဖက်ကလေးကအိမ်မက်တွေအပြည့်နဲ့သူ ငါမေးမယ်ပိုင်စိုးဦး အချစ်ဆိုတာဘာလဲ "

"ကျုပ်မသိဘူး "

"အဲဆိုအဲကောင်လေးကိုမှဘာလို့ယူချင်ရတာလဲ မင်းနဲ့မတန်ဘူးဆိုတာလည်းမင်းသိတယ် အခုရောဘာလို့လက်လွှတ်တာလဲ "

"၁..သူကိုမဆုံးရှုံးချင်လို့

၂..ကျုပ်မျက်စိရှေ့မှာဘဲထားချင်လို့

၃..သူ့ဘဝမြင့်အောင်လို့ လက်လွှတ်ခဲ့တာ

၄..ကျုပ်သူ့ကို ကျုပ်ဘဝထဲကလုံးလုံးထွက်ခွင့်မပေးဘူး "

"တွေ့လား မင်းသားအတ္တတွေ အနာဂတ်ကြောင်းလဲမစဥ်းစားဘူး "

"နေပါအုံးသားကြီးရယ် ဘဝမြင့်အောင်ကတော့မှန်ပါပြီ အခုထွက်သွားတဲ့လူက သားစီပြန်လာမယ်လို့ပြောခဲ့လား သူပြန်မလာခဲ့ရင်ရော "

" ကျုပ်လိုက်ခေါ်မယ် "

"ကြားလား မင်းသားပြောတာ "

"ကြားပါ့တော် "

လင်ဖြစ်သူကိုမျက်စောင်းတချက်ထိုးလိုက်ပြီး သားဘက်ပြန်လှည့်ရသည်

"ဘယ်နားကနေသွားရှာမှာ တွေ့လို့ကော မင်းထက်သာတဲ့သူတွေရှိနေပြီ မင်းနောက်လိုက်မယ်ထင်လားပိုင်စိုးဦး "

"မထင်ဘူး ဒါကြောင့်သားကိုကျုပ်ခေါ်ထားတယ် တခြားဟာတွေကျုပ်မသိဘူး ကျုပ်သိတာကတစ်ချိန်ကြရင်ကျုပ်စီပြန်လာရမယ် "

သူပြောချင်တာပြောပြီးထွက်သွားသည့်သားကို လိုက်ကြည့်ရုံမှအပ မတက်နိုင်

"အမေ ကိုကြီးကဒီရက်ပိုင်းဆင်မပြေလို့ စိတ်ပြေလက်ပျောက်ခေါ်လာတာ သူဆင်ပြေသလိုနေပါစေ "

"အေးပါ..အေးပါ...သွားမင်းလဲသွားနားတော့ "

"ငါ့မြေးထားခဲ့ "

"စိုးဆက် အဖိုးစီမှာနေခဲ့နော် လေးလေးအဖေ့စီသွားမလို့"

"ဟုတ်လေးလေး "

ကလေးကို အဖိုးစီမှာထားခဲ့ကာအိမ်ပေါ်တက်လာတော့ အိမ်ရှေ့၌ရီမောသံများပျံလွင့်နေတော့သည်

ညဦးပိုင်းတွင်

"သားရော "

"သူ့အဖိုးစီမှာ ကျုပ်သွားခေါ်ပေးရမလား "

"ထားလိုက်ပါ "

"ဆင်ပြေရဲ့လားကိုကြီး "

"မပြေပါဘူးကွာ ဒီဝက်ဖုံမှာရော ၊ ရေဦးမှာရောက ငါနဲ့သူ့ပုံရိပ်တွေကပြည့်နေတာ ဘယ်နေရာကြည့်မလဲသူ့ပုံရိပ်တွေပဲ ငါအလွမ်းပြေမယ်ထင်လား ပိုတိုးလာတာပဲရှိတယ် "

"မင်းအဖေ့ကိုဘယ်လိုထင်လဲ ကိုကြီး "

"အစကငါအမြင်မကြည်ဘူး ဒါပေမဲ့ငါနားလည်လိုက်ပြီ ငါ့တို့ကိုဘာလို့သဘောမတူခဲ့လဲဆိုတာ "

"တဖက်ကလေးကို မင်းကြောင့်ဒုက္ခရောက်မှာအဖေကြိုသိနေလို့ ဟုတ်တယ်မလား "

"အင်း ငါ့ထက်ဟန့်ကိုပိုစိတ်ပူတာ "

"မင်းလဲ ဒီမှာစိတ်ကြိုက်လုပ် နောက်မှာကျုပ်ရှိတယ် "

"ငါသူကြီးအိမ်ရောက်လဲ မင်းလိုက်မလား "

"ကျုပ်တူလေးကိုခဏတောင်စိတ်မချဘူး "

"တရားတယ်နော် မင်း "

"ငါမြေးရဲ့အဖေ ကလေးလာသိပ်စမ်း "

ညီအကိုနှစ်ယောက် လေဟာပြင်၌ရှိတုန်း အဖေ၏အော်သံကြောင့် လူစုခွဲဖို့ပြင်ရတော့သည်

"ကျုပ်က ခများသားမက်လား "

"အေးလေ အဖေကလည်း အဖေ့မြေးရဲ့အဖေက ကိုကြီးကိုကလေးလာသိပ်ဆိုပြီးပြီပေါ့"

"မင်းလည်းလျှာမရှည်နဲ့ မင်းအမေခေါ်နေတယ် "

"ဖေဖေ ဖိုးဖိုးကပြောတယ် မနက်ဖြန်ရွာထဲရိုက်ပို့မယ်တဲ့ "

"သွားပေါ့ "

"အဲဒါဖေဖေမုန့်ဖိုးပေးလိုက်နော် "

"ဘာလို့ပေးရမှာလဲ မင်းအဖိုးမှာတောင်း ဖေဖေကအမြဲဝယ်ကျွေးနေတာ ဟုတ်တယ်ဟုတ် "

"ညားကြီးတောင်းမှာ "

"အခုတော့အိပ်ရမယ် စိုးဆက်"

"စိုးဆက်အိပ်ချင်ဘူး ဖေဖေရဲအိပ်သေးဘူးစိုးဆက်သိတယ် ဖေဖေနားမှာနေရာ "

"ဒါကကလေးအိပ်ချိန် အိပ်ရမယ် "

"အဲဆိုသီချင်းဆိုပေး "

"အင်း"

သားကိုပုခုံးပေါ်မှောက်ထားပြီး လက်ကလည်းဖင်ကိုပုတ်လိုက်ရသေးသည် ထို့နောက်သူဆိုနေကြဖြစ်သည့် မင်းရှိနေရုံဆိုတော့ ဂျီဂျတော့သည်

"မရဘူးဆို "

"စိုးဆက် ဒါနဲ့ပဲအိပ်နေကြကို မင်းနေ့တိုင်းနားထောင်နေတာပဲ "

"ဖေဖေကဆိုးတယ် စိုးဆက်နားထောင်ချင်ဘူး "

"ပိုင်စိုးဆက်ဦး!!! "

"ကဲ အကိုရယ်ကလေးကအိပ်ချင်လို့ဂျီဂျနေတာ မင်းကလဲတခြားဟာပြောင်းဆိုပေါ့ "

"ကဲပြောကိုယ်တော်လေး ဘာဆိုပေးရမှာလဲ "

"ဒီဧပရာယ်နွေရဲ့ တစ်ညမှာပြန်ရှုပ်သိမ်း "

"ဘာသီချင်းကြီးလဲ ပိုင်စိုးဆက်ဦးရာ ဟေ့ရောင်မင်းသိလား "

"ကြားဖူးသလိုလိုပဲ "

"ငါက ကြားကိုမကြားဖူးသလိုပဲ "

"သား လေးလေးကိုပြန်ဆိုပြ စကားပီပီလေးဆို "

"အသည်းထဲကနာတယ် "

"ဟမ်~ဘယ်နားကနာတာလဲဖေဖေ့ကိုပြ"

"အီးးးဟီးဖေလူဆိုး အဲဒါသီချင်း "

"မသိဘူးလေကွာ သီချင်းဆိုခိုင်းတာ အသည်းထဲကနာတယ်ဆိုတော့ "

"ဪ~ငါသိပြီ ဟိုဟာဟန်ထွန်းးသီချင်း ' ရင်နာတယ်ဧပရယ် ' အဲဒါ "

"အကောင်းကြိုက်တယ်နော်မင်းလေ "

"ဘယ်ကလာ မရီးသိပ်နေကြသီချင်း မရီးရဲ့ Fav songထင်တယ် "

"အစကဘာလဲ "

"~ သစ်ရွက်နုတို့ ပွင့်ဝေနွေဦးမိုးရေ~ "

~သစ်ရွက်နုတို့ ပွင့်ဝေနွေဦးမိုးရေ

ဘယ်ဆီလွင့်မလဲ ရွက်ကြွေအိုတို့ဘဝ

အမြဲစိမ်းလန်း လှပနိုင်ဖို့

ရွက်သစ်တို့အတွက် ဘေးဖယ်လွင့်ကြွေခရီး

နွေရဲ့ကြွေရွက်များ

အမှတ်တရတို့အတိတ်က နွေမှာစတဲ့အချစ်

ဒီဧပရာယ်နွေရဲ့ တစ်ညမှာပြန်ရုတ်သိမ်း

ကြည်နူးလို့အိပ်မရ အချစ်နွေတစ်ည

လမ်းခွဲညမျက်ရည် အခုနွေခြားနားခြင်း

အသည်းထဲကနာတယ်

အိပ်မက်.....

သီချင်းသံတိုးတိုးကလေးနှင့်အတူအသက်ရှုသံလေးဟာလည်းပုံမှန်ဖြင့် သားကအိပ်ပျော်သွားလေပြီ ပြီးနောက် သားအားအိပ်ယာအပေါ်အသာလေးချကာ အပြင်ပြန်ထွက်လာလိုက်သည်

"ကျုပ်စဥ်းစားမိသွားတာတစ်ခုရှိတယ် "

အဘေး၌ဆေးလိပ်ဖွာကာ ထိုင်နေသူကိုတချက်ကြည့်ပြီးစကားအားဆက်ပြောလိုက်သည်

"မရီးဒီသီချင်းကိုဘာလို့ခဏခဏဖွင့်လဲဆိုတာ အခုလိုပဲရွက်သစ်တွက် ရွက်ဟောင်းဖယ်ရမယ်ဆိုတာကြိုသိနေလို့များလား "

"..........."

"သီချင်းတိုင်းသာ မင်းတို့ကြည့်မယ်ဆို မင်းတို့လမ်းခွဲခြင်းကိုသီချင်းဆိုထားသလိုပဲ ဘာလိုလိုနဲ့တစ်လတောင်ကျော်လာပြီ "

"ငါတစ်ယောက်တည်းနေချင်တယ် "

သူထွက်လာလိုက်တော့ သူ့အကိုဟာ လသာပြင်ရဲ့ထောင့်ဘက်ကပ်သွားပြီး ​အဆုံးမရှိတဲ့ကောင်းကင်အား အချိန်အကန့်သန့်မရှိကြည့်တော့မည်ဆိုတာ သူအတပ်သိသည်

တိမ်မဲတွေသာစိုးမိုးနေပြီး အဆုံးမရှိတဲ့ကောင်းကင်ကျယ်ဟာ သူ့ရဲ့စိတ်တွေလို တနေရာတည်းမရှိ ရုပ်နာမ်ခန္တာဟာ ဝက်ဖုံတွင်ရှိနေပေမဲ့ စိတ်ကဟန့်စီရောက်နေသည် သန်းခေါင်းယံအချိန်ကို ရောက်လာပေမဲ့နေရာကမထမိ ဆေးလိပ်ပင်ဗူးတစ်ဝက်ကျိုးပြီ

'ဒီလိုနဲ့..မအိပ်လိုက်ရသည့်နေ့တွေများပြီ

ကိုယ်ကိုကိုယ် ဂရုစိုက်ဖို့မေ့လျော့နေပြီ

ဒီလိုနဲ့..ခများကိုအရမ်းချစ်ကြောင်း

သိလာပြီ'

'ချစ်တယ်လို့မပြောရသေးပဲ ဝေးခဲ့ကြရင် '

ထွက်သွားတဲ့သူနဲ့ကျန်ခဲ့တဲ့သူ ခံစားရပုံက တူညီလိမ့်မည်မဟုတ်..

🌇🌇

"ပိုင်ထွေးဦး မင်းအကိုအိမ်မထဲမသွား ပြီးရင်မင်းငါ့စီလာခဲ့ "

အချိန်ကား မနက်၈နာရီတွင်ရှိလေသည်

လေဟာပြင်၌အိပ်ပျော်သွားဟန်ရှိသောအကိုက အင်္ကျီကျွတ်နှင့် အဘေးဆေးလိပ်ပြာခွက်တွင်လဲ ဆေးလိပ်ကအမြောက်များ သူ့ကိုယ်အလေးကြီးမကာ သူ့အခန်းထဲနေရာချပေးခဲ့ပြီး အပြင်သို့ပြန်ထွက်လာရသည်

"အဲကောင်က အဲလိုနေနေကြလား "

"မရီးထွက်သွားပြီးနောက်ပိုင်းမှ "

"အဲကောင်ကို လွှတ်မထားနဲ့ကြာရင်မကောင်းဘူး "

"ငါရွာထဲသွားမယ် ဟိုကောင်နိုးရင်စားဖို့သေချာလုပ်ပေးလိုက်"

"ဟုတ်ကဲ့ "

ပြောချင်တာပြောပြီး ကလေးခေါ်ကာရွာထဲလမ်းသလားဖို့ပြင်နေကြတော့သည်

"လေးလေး စိုးဆက်သွားမယ်နော် ဖေဖေနိုးရင်လေ စိုးဆက်ကဖေဖေကိုအာဘွားအကြီးကြီးပေးခဲ့တာ်လို့ပြောပေးနော် "

"အေးပါကွာ အဖိုးကိုလည်းအများကြီးမပူဆာနဲ့ကြားလား စိုးဆက် "

"ရှက်စ် "

တူတော်နှင့် အဖေလင်မယားထွက်သွားတော့ လုပ်စရာတောင်လိုပုံနေသည်တွေကိုတန်းစီလုပ်ရတော့သည်

..........

"ထွေးဦးးးးး!!!!!!!! "

"ဗျ......."

အဝတ်လျှော်နေတုန်း အကို၏ခုနှစ်အိမ်ကြားအသံကြောင့်အပြေးလွှားသွားတွေ့ရသည် သူအိမ်ရှေ့ရောက်တော့အကိုက လှေကထစ်တွင်ထိုင်ကာငိုနေလေသည်

"ကိုကြီးဘာဖြစ်တာလဲ "

"ငါအိမ်မက်မက်တယ် "

"ဟာဗျာ..အိမ်မက်မက်တာအဆန်းလုပ်လို့ အဲဒါနဲ့ငိုစရာပါသလား "

"ပါတာပေါ့ အိမ်မက်ထဲမှာဟန်က ငါမဟုတ်တဲ့အခြားတယောက်နဲ့လက်ချင်းချိတ်ထားတယ် ပြီးတော့လေငါကြည့်နေတာလဲသိတော့ မျက်လုံးစိမ်းကြီးတွေနဲ့ကြည့်နေတာ အဲအကြည့်ကငါ့ကိုစိတ်နာနေတဲ့ပုံစံမျိုး "

"ကိုကြီးရာ ဒါကအိမ်မက်ပဲလေ လူကြီးတွေပြောဖူးတယ် အိမ်မက်မက်ရင်ပြောင်းပြန်ကောက်ရတယ်တဲ့ "

"ငါကိုဘုန်းကြီးကျောင်းလိုက်ပို့ "

"အေးအေး မင်းရေအရင်သွားချိုးလိုက်ပြီးရင်သွားမယ် "

ဘုရားပေါ်စေတီနားရောက်တော့ နေ့နာမ်တစ်ခုရှေ့တွင်ရပ်လေသည်

"ကိုကြီးမင်းက ကြာသပတေးမဟုတ်ဘူးလား ဒါကအင်္ဂါအနာမ်ကြီး"

"........."

အင်္ဂါနာမ်ရှေ့တွက်ရပ်မြဲတိုင်းရပ်နေသူကြောင့်စကားဆက်မပြောဘဲ တနေရာမှာသွားရပ်နေလိုက်သည် ကြည့်ရပုံ အင်္ဂါနံကမရီးများလား?

' အရှင်ဘုရား တပည့်တော်မှာဝဋ်ကြွေးများရှိခဲ့ရင် မြန်မြန်ကြေပါစေ ခွဲခွာခြင်းကိုတပည့်တော်မခံစားနိုင်ဘူး တပည်တော်ဟန့်အပေါ်ချစ်ခဲ့ပါသည်ဤမှန်ကန်သောသစ္စာစကားကြောင့် တပည့်တော်ရဲ့ဟန် တပည့်တော်စီပြန်လာပါစေ 'ဟုဆုတောင်းလိုက်ပြီး ရေသပ္ပါယ်လိုက်သည်

'အဆင်ပြေရဲ့လားမောင့်ဟန်

များပြန်လာမယ်လား

များပြန်လာမယ်လို့ကျုပ်ယုံကြည်တယ်

ကျုပ်ပြောခဲ့တာအနားကထွက်သွားဖို့လေ

ဘဝထဲကပါထွက်သွားပေးဖို့ပြောခဲ့တာမဟုတ်ဘူး

များနားလည်ပေးမယ်ထင်ပါတယ် '

"ထွေးဦး "

"ဗျာ "

"ပြန်ရအောင် "

"ဘဘုန်းစီမဝင်တော့ဘူးလား "

"ငါအဆဲမခံချင်သေးဘူး "

"ဒါဆိုဘယ်သွားမလဲ အိမ်ပြန်မလား "

"ကိုအေးသာ ထန်းတောသွားမယ် "

ထန်းတောထဲဝင်ပြီး ထန်းရေပင်မသောက်ရသေး ​ရေဦးကကောင်တွေနဲ့ရန်ဖြစ်လို့ နှစ်ယောက်စလုံးခြောက်ပေါက်ထဲရောက်တော့သည်

"ငါ့အကိုက ကတိတည်လိုက်တာ "

"ဘာကိုလဲ "

"မင်းမနေ့ကပြောတယ်လေ 'ငါသူကြီးအိမ်ရောက်လဲ မင်းလိုက်မလား' ဆို အခုတော့ကျုပ်ပါခြောက်ပေါက်စာမိပြီ "

"မဝင်ချင်ရင် ရန်ပွဲထဲမပါနဲ့လေ ငါကမင်းကိုလာပါငါ့ညီဆိုပြီးခေါ်သလား "

"ဪ~အကိုတစ်ယောက်လုံးရန်ဖြစ်နေတာကို ညီဖြစ်သူကရပ်နေရလောက်တဲ့ထိ ​စောက်အသည်းကမမာဘူး "

"မင်းအရင်ကထက် စိတ်ဆန့်လာတယ် အထူးသဖြင့်မရီးနဲ့ပက်သတ်လာရင် "

"အခုမှမဟုတ်ဘူး ငါသူနဲ့စညားကတည်းကပဲ ငါကိုမှစကားကြမ်းကြမ်းပြောဖို့အတော်အားယူခဲ့ရတာ သူစိမ်းတစ်ယောက်ကနေပြီး ဟန်ကိုလက်လွတ်စပယ်ပြောဆိုတာကိုနဲနဲလေးမှမခံချင်ဘူး "

"ကျုပ်ပြောပြမယ် မင်းယောင်္ကျားယူလိုက်ပြီကြားတော့ ကျုပ်ရှော့အကြီးကြီးရသွားတာ တချိန်တည်းမှာကျုပ်စဥ်းစားမိလိုက်တယ် ငါ့အကိုလူကို ဘယ်သူကများယူလိုက်မလဲ? ငါအကိုသူ့ကိုချစ်ရဲ့လား? သူကရောငါ့အကိုချစ်ရဲ့လား? လားပေါင်းများစွာကျုပ်တစ်ညလုံးထိုင်တွေးမိတဲ့ထိ "

"ဘာလို့ "

"မင်းလိုကျပ်မပြည့်က ဘယ်လိုချစ်သွားလို့ ယူတဲ့ထိဖြစ်သွားရလဲလို့ပေါ့ ပိုင်စိုးဦးမှာချစ်သူရှိတယ်လို့တစ်ခါမှလဲမကြားဖူးဘူး ကြားမဲ့ကြားတော့ယူပါယူလိုက်ပြီ "

"ငါ့သတင်းကအရမ်းမြန်တာပဲ "

"ဒါပေါ့ ဦးသက်ရှိနေတာအလကားမဟုတ်ဘူး ဖားသားကြီးကအမြဲစောင့်ကြည့်ခိုင်းထားတာ "

"ငါသူ့ကိုစတွေ့တုန်းက ငါ့နှလုံးသားသူ့ပိုင်ရှိင်ပဲဆိုတာအချက်ပြလာတာ "

"မင်းပြောတော့ တောတန်းမှာတစ်နှစ်ကျော်တယ်ဆို "

"အင်း ~ငါသူ့ကိုမပြောရဲဘူး သူကရည်းစားတွေအရမ်းများတာ ငါမချစ်ရဲဘူးဆိုလဲဟုတ်တယ် သူငြင်းမှာလဲကြောက်တယ် သူနဲ့မတန်ဘူးလို့လဲခံစားရတယ် "

"ကျုပ် တူလေးကြီးလာလို့ အချစ်ကြောင်းမေးခဲ့ရင် မင်းဒယ်ဒီကမင်းဖေဖေရဲ့အချစ်ဦးလို့ ပြောပြမယ် "

"ဒါပေါ့ သေချာပေါက်ကိုပြောပြရမယ် "

"အချစ်ဦးနဲ့ညားတယ်ဆိုတာ တစ်ရာမှတစ်ယောက်ရှိရင် အဲဒီတစ်ယောက်ကငါပဲဖြစ်ရမယ် "

"အခုလောလောဆယ် စားဖို့သောက်ဖို့အရင်တွေး ကျုပ်ဗိုက်ဆာတယ် "

ဒီလိုနှင့် ည၈နာရီမှခြောက်ပေါက်ကလွတ်လေသည်

"ကိုကြီး မနက်ဖြန်ဆံပင်သွားညှပ်လိုက် ရှည်နေပြီ "

"မညှပ်ချင်ဘူး ဒီတိုင်းထားမှာ "

"မင်းကိုကျုပ်မနိုင်တော့ဘူး "

"အစကတည်းကနိုင်လို့လား "

အိမ်ရှေ့ရောက်တော့ သားကပြေးထွက်လာပြီးဖအေ၏ခြေအားလာဖက်တော့သည်

"စိုးဆက် ထမင်းစားပြီးပြီလား "

"စားသေးဘူး ဖေဖေကိုစောင့်နေတာ "

"စားလိုက်တာမဟုတ်ဘူး နောက်တစ်ခါဖေဖေကိုမစောင့်နဲ့ "

"ပိုင်စိုးဦးရေ မင်းသားခေါင်းအရမ်းမာတာ ဘူးတစ်လုံးပဲဆောင်နေတာဘယ်လိုမှကျွေးလို့မရဘူး "

"သားပဲကျွေးလိုက်မယ်အမေ "

"ဖေဖေ"

"ပြော "

"စိုးဆက် ဖိုးနဲ့ဖွားစီမှာအိပ်မလို့ ရတယ်မလား "

"သွားအိပ် "

"ရေးးးးးးဒါမှဦးကွ "

"စိုးဆက်! "

"ဒယ်ဒီခေါ်သလိုမခေါ်ရဘူးလို့ ပြောထားတယ်လေ "

"ဒယ်ဒီတောင်ခေါ်သေးတာ စိုးဆက်လဲခေါ်မှာပေါ့နော့်လေးလေး "

သူ့ဘက်ကနေ သူ့လေးလေးဘက်ကိုပါစစ်ကူကတောင်းလိုက်သေးတယ်

"ဖေဖေမကြိုက်ရင် မလုပ်ရဘူးစိုးဆက် "

"စိုးဆက်ကချစ်လို့ကို... စိုးဆက်..စိုးဆက်ဘူး "

စိုးဆက်စိတ်မကောင်းပါဘူး ပြောပြီးတာနှင့်သူ့အဖေအပေါ်ကအတင်းဆင်းကာ သူ့အဖွားစီပြေးသွားတော့သည်

"ဖွား စိုးဆက်ထမင်းစားမလို့ "

"ကိုကြီး ကျုပ်တူ စိတ်မကောင်းဖြစ်သွားပြီ "

"ထားလိုက်ထွေးဦး "

သားကဟိုဘက်ခန်းမှာအိပ်တော့ သူ့အခန်းတံခါးကိုဂျက်ထိုးလိုက်သည် အဖြူရောင်မီးအစားညအိပ်မီးဝါကျင်ကျင်လေးကိုပြောင်းဖွင့်ပြီး ရေးလက်စဖြစ်သော စာအုပ်ကလေးကိုဖွင့်လိုက်သည်

'သီချင်းသံတွေကြားရင် မင်းကိုလွမ်းတယ်

သီချင်းသံကြားမှမဟုတ်ဘဲ အချိန်တိုင်းကိုလွမ်းပါတယ်

သီချင်းသံတွေကြားရတော့

ကျုပ်မျက်ရည်ပါကြတဲ့ထိပေါ့

လူရှေ့မှာတော့ငိုရဲဘူး

ကျုပ်ကိုပစ်ပြောကြတော့မှာသူတို့က...

သီချင်းညီးသံနှင့်တူ မင်းရဲ့ပုံရိပ်လေးရယ်

မင်းရဲ့အပြုမှုခုချင်းစီရယ်

မင်းစီက ဦးလို့ခေါ်တာရယ်

သိပ်လွမ်းတယ် ....'

'ခများပြန်လာရင် '' ဦး ''လို့ပဲခေါ်ခိုင်းမယ်

'' မောင် ''ဆိုတာသဘောကျပေမဲ့လည်းပေါ့

များနဲ့ရင်းနှီးခဲ့တာ'' ဦး ''လို့ခေါ်သံကနေမလား

ကျုပ်လဲများကိုချစ်တဲ့အကြောင်းတွေပြောချင်တယ်

''မောင့် ''အချစ်ကလည်း မောင့်ဟန် ဆိုပြီးပြောမယ်

မင်းချစ်တယ်ပြောတိုင်း'' မောင် ''က

ချစ်ဘူးဆိုတာပဲပြန်ပြောမိနေတယ်

ဒီခါ ချစ်တယ်ပြောရင်

''မောင်''ကပိုကြောင်းပြောမယ် '

အချိန်တွေဟာကြာ​ညောင်းလာပြီး အလုပ်လုပ်သည့်နေရာကိုပြန်ရောက်နေသလို တစ်လတစ်လဖြတ်သန်းရသည်ကလည်းကြာလွန်းနေသလိုပင် ဘာလိုလိုနဲ့သင်္ကြန်ပင်ရောက်နေပြီမလား သားကိုလေးနှစ်ကျော်နေပြီ

' ဒီသင်္ကြန်မှာ မောင်မပျော်ဘူး

အရင်ကလိုခများနဲ့လည်ချင်တာ '

*ဒီး"တို့ဘက်ကလိုင်းတွေအရမ်းကျနေလို့ ခွေးလွှတ်ကျပါ*

........................................................................

Zaw

"ေဖေဖ ဒယ္ဒီေရာ "

မေန႕ညက ငဟိန္းစီမွာသိပ္ေတာ့ သူ႕အေဖေတြသတိမရ နိုးေတာ့ သူ႕စီလာကာေမးေခ်ၿပီ

"သား ဒယ္ဒီက ေဖေဖတို႔တြက္ဟိုးအေဝးႀကီးမွာအလုပ္သြားလုပ္တယ္ "

"ေဖေဖလိမ္တယ္ ဖိုးေလးကေျပာဖူးတယ္ ေဖေဖဒီမွာအလုပ္လုပ္တာကပိုက္ဆံအမ်ားႀကီးရတယ္တဲ့ ဒယ္ဒီေတာင္အလုပ္လုပ္စရာမလိုဘူးတဲ့ေလ "

"စိုးဆက္လိုခ်င္တာရေအာင္ ဒယ္ဒီကသြားလုပ္ေပးတာ "

"ေဖေဖလိမ္တယ္ ဦးလုံးေျပာတယ္ေဖေဖက ဒယ္ဒီကိုမခ်စ္ေတာ့ဘူးတဲ့ "

"ေဟ့ေရာင္ငလုံး!!!! "

"အခုမသိလည္းေနာက္သိမွာဘဲေဟ့ေရာင္ အခုမွလာေဟာက္မေနနဲ႕"

"တျခားနည္းနဲ႕ေျပာေလ ငါ့ကသူ႕ဒယ္ဒီကိုမခ်စ္ဘူးေျပာေတာ့ ငါ့ကိုသားကမုန္းသြားမွာေပါ့ ငါလိုး"

"ဦးဟိန္းကေျပာတယ္ ေဖေဖကအေၾကာင္းရွိလို႔လုပ္တာတဲ့ ေဖေဖကို႔မမုန္းရဘူးတဲ့ "

"ဟုတ္တာေပါ့ ေဖေဖမွာသားပဲရွိေတာ့တာ "

ခဏၾကာ သူ႕ဦးေတြၾကားပါသြားေလေတာ့ သူ႕အနားမွာေျခာက္ကပ္သြားသလိုပင္ သားရွိရင္ သားရဲ႕ရီသံေတြသားရဲ႕ကစားပုံေတြနဲ႕ တစ္ခ်ိဳ႕အရာေတြအားေခတၱခဏေမ့ထားနိုင္သည္ ဒါေပမဲ့လည္းသားရဲ႕ပုံစံက တေယာက္သူရဲ႕ ပုံစံကိုပြားထားသလိုမို႔ အလြမ္းေဝသနာကပိုတိုးေလသည္

"ကိုႀကီး မင္းမရီးကိုသတိရေနမလား "

"မရဘူးလို႔ေျပာရင္လိမ္ရာက်မွာေပါ့ အစကခြဲေနဖူးတယ္အခုေခါက္ကမတူဘူး ငါ့ရင္ဘက္ထဲကလုံးလုံးထြက္သြားသလိုခံစားခ်က္ႀကီး "

"အခုခ်ိန္ေလာက္ဆိုမရီးဘယ္ကိုေရာက္ေနမလဲ "

"သူ႕သူငယ္ခ်င္းေတြေမးၾကည့္ပါလား "

"ထားပါကြာ သူဘယ္မွာရွိေနတယ္ဆိုတာငါသိရင္ ခ်က္ခ်င္းျပန္ေခၚမိလိုက္မယ္ "

နိုင္ငံေရးအေျခေနေၾကာင့္အလုပ္ေတြနားထားရကာ အခုကထိုင္စားေနၾကရသည့္အေျခေန..

"ကိုႀကီး မင္းဘာလုပ္မယ္စဥ္းစားထားသလဲ အခုမရီးလဲကိုႀကီးျဖစ္ေစခ်င္တဲ့တိုင္းသြားၿပီ မရီးကေတာ့မင္းျဖစ္ေစခ်င္တဲ့တိုင္းျဖစ္မျဖစ္ေတာ့မသိဘူး "

"ငါယုံၾကည္တယ္ ငါ့ဟန္က လုပ္နိုင္လိမ့္မယ္ဆိုတာ "

"ဒါမဲ့ကိုႀကီး မရီးကသူမ်ားနဲ႕မတူဘူးဆိုတာလဲ မင္းသိအုံးမွေပါ့ "

"အင္း.ငါသိတယ္..ငါသိလို႔လဲ.သားကိုငါေခၚထားတာ အမွန္ဆိုသားကမိစုံဖစုံနဲ႕ေနသင့္တာ "

"ကိုႀကီးေဘးမွာ အလုပ္တူလုပ္ေနတဲ့ညီအကိုေတြ ၊ ေလာပန္းေတြ ၊ ပိုင္စိုးဆက္ဦးေလးလဲရွိတယ္ က်ဳပ္လည္းရွိတယ္ကိုႀကီးမင္းအားမငယ္နဲ႕ ေနာ္ "

အရက္ဝိုင္းတြင္

"ေဟ့ေရာင္ ဒီကိုလာေလ "

"က်ဳပ္တစ္ေယာက္တည္းေနခ်င္လို႔ "

အရက္ပုလင္းကို ခြက္အျပည့္ထည့္ကာ တစ္က်ိဳက္တည္းေမ့ာခ်လိဳက္သည္

လွ်ာဖ်ားကေနလည္ေခ်ာင္းထဲစီးဆင္းသြားေသာ ခါးသက္သက္အရသာႏွင့္ပူေလာင္ျခင္းက သူ႕ႏွလုံးသားနာက်င္ျခင္းကိုအံမတုနိုင္

တစ္ေယာက္ေယာက္ကမ်ားလက္တို႔ရင္ ရင္ခြင္ထဲတိုးဝင္ကာငိုပစ္လိုက္ခ်င္သည္

"ပိုင္စိုးဦး"

"ကိုထြန္းးး"

"ရင္ဖြင့္ခ်င္လားပိုင္စိုးဦး "

"အရက္ဗူးလိုက္သာေမာ့ေနတာသိရင္ ေသခ်ာေပါက္ဟန္ကတားမွာ ကိုထြန္းသိလား ဟန္ထြက္သြားခ်ိန္တည္းက ကျုပ်ဘဝကြီးကအဓိပ္ပါယ်မရှိတော့ဘူး

မနက္မိုးလင္းကတည္းက ညအိပ္ထိ ဒီရင္ဘက္ႀကီးကလစ္ဟာေနတာ ဒီခံစားခ်က္ႀကီးမလိုဘူး "

ရင္ဘက္တေနရာလက္ညွိုးထားကာ နားေထာင္ေနသည့္သူပင္ ငိုခ်င္လာသလို

"ညအိပ္ရင္လည္း မ်က္လုံးမွိတ္လိုက္တိုင္းဟန့္ပုံရိပ္ေတြကေပၚလာတယ္ ေနရာတိုင္းမွာသူ႕ေျခသံေတြ သူအမူရာေလးေတြ ေမ့ခ်င္တာေတာင္ က်ဳပ္ဦးႏွောက္ထဲေနရာယူလာတာမ်ိဳး ၿပီးရင္ဒီရင္ဘက္ႀကီးကေအာင့္ေတာ့မွာ "

"ငါတို႔ရဲ႕အငယ္ဆုံးေလး ပင္ပန္းေနၿပီ ဒါမဲ့ေလပိုင္စိုးဦး အခုမွဆက္ဟန္နဲ႕ခြဲရတာ သုံး၊ေလးရက္ပဲရွိပါေသးတယ္ ျဖတ္သန္းရမဲ့ရက္ေတြ ၊လေတြ ကရွိအုံးမွာ မင္းအခုလိုလုပ္ေနရင္ ရင္ခြင္လစ္သြားတဲ့မင္းသားအတြက္လည္းေတြးအုံးေလ ငါတို႔အငယ္ဆုံးေလးကသန္မာပါတယ္ "

"က်ဳပ္က က်န္တဲ့ေနရာသာသန္မာတာ အခ်စ္ေအာက္မွာက်ရႈံးေနရတာဒီကအေကာင္ ဗ်"

"ေအးပါကြာ "

ဒုတိယရက္

မင္းကိုလြမ္းတယ္...

တတိယရက္

ဒီေန႕ရာသီဥတုေအးတယ္

ကြၽန္ေတာ္နိုးလာတဲ့မနက္မွာ

ကြၽန္ေတာ့ေဘးမွာမင္းမရွိဘူး

မင္းေျခကခ်ဴသံေတြမၾကားရဘူး

မင္းစကားသံေတြတိတ္သြားလို႔ထင္တယ္

ဘာလုပ္လုပ္စိတ္ပါမေနဘူး ....

စတုတၳရက္

သားကေလ ညဘက္ေတြမအိပ္ဘူး

မင္းပိုက္ေထြးၿပီးအိပ္ေနၾကဆိုေတာ့

သားလဲသတိရမွာေပါ့

သားငိုရင္က်င္းသားေတြက

က်ဳပ္ကိုဆူၾကတယ္

ကိုမင္းမင္းဆိုက်ဳပ္ကိုထိုးခဲ့ေသးတယ္

က်ဳပ္ျပန္မလုပ္ဘူးေနာ္

ခမ်ားမွရန္ျဖစ္တာမႀကိဳက္ဘဲ ၿပီးေတာ့

က်ဳပ္အမွားေတြကလည္းအမ်ားႀကီး

ပဥ္စမရက်

သားကနဲနဲေတာ့ ေနသားက်လာၿပီထင္တယ္

ညဘက္ေတြသိပ္မငိုေတာ့ဘူး

သိပ္ရေတာ့ခက္တယ္

တခါတေလက်င္းသားအားလုံးလက္ထဲတေယာက္တလွည့္သိပ္ရတယ္

က်ဳပ္က်င္းဆင္းရင္ သားကကင္းတဲမွာပဲေထြးဦးနဲ႕ၿငိမ္ၿငိမ္ကေလးေနတယ္

က်ဳပ္အဆင္မေျပတဲ့ညဆိုေထြးဦးပဲသိပ္ေပးတယ္ စကားမစပ္မင္းပုံရိပ္ေတြ

က်ဳပ္အရမ္းလြမ္းတယ္..

က်ဳပ္ရင္ထဲမေကာင္းဘူးခမ်ားရယ္

ရင္ထဲဟာဟာတာနဲ႕ ခမ်ားရီသံလြင္လြင္ေတြ

ေျပာပုံဆိုပုံေတြ မ်က္ေစာင္းလွလွေတြ

က်ဳပ္အလုပ္သြားရင္ခြဲေနဖူးေပမဲ့

ခံစားခ်က္ကမတူဘူး

ခမ်ားအသံေတြၾကားခ်င္တဲ့ခ်ိန္

ျမင္ခ်င္တဲ့ခ်ိန္

သတိရတဲ့ခ်ိန္ ဖုန္းနဲ႕ေျဖလို႔ရေသးတယ္

အခုေတာ့ ဖုန္းဆက္ခ်င္တာေတာင္

ခြင့္မျပဳဘူး

တလျပည့္ေန

က်ဳပ္ရင္ထဲကမၻာေတြပ်က္ေနၿပီ

ခမ်ားကိုအရမ္းေတြ႕ခ်င္တယ္

ခမ်ားကိုတင္းေနေအာင္ဖက္ထားခ်င္တယ္

တခ်ိန္ကစီးခဲ့သည့္စက္ဘီးကေလးအေပၚကိုဘယ္သူ႕ကိုမွမတင္ေတာ့ဘူး

အဲဒါကိုခမ်ားမသိနိုင္ေတာ့ဘူး

ခမ်ားခုဆိုရန္ကုန္မွာဘဲလား

ဘယ္မ်ားေရာက္ေနမလဲ

ဘာလိုလိုနဲ႕တစ္လျပည့္ၿပီ

က်ဳပ္ႀကိဳးစားေနေပမဲ့ဆင္မေျပဘူး...

ခမ်ားကိုလြမ္းတယ္...

တေန႕တ႐ြက္ႏႈံးျဖင့္ေရးခဲ့ေသာ စာတစ္ပုဒ္စီကအခုဆို အ႐ြက္သုံးဆယ္ေတာင္ရွိေနေလၿပီ သူႀကိဳးစားေနသည့္တစ္လအတြင္း ဟန္အေၾကာင္းေတြးမိတိုင္းပိုလြမ္းလာသည္ ခပ္အုပ္အုပ္ဆံပင္ကေလးကိုဆြဲဖြၿပီး ႏူးညံ့လြန္းသည့္ႏႈတ္ခမ္းအစုံကို တမ္းတေနမိသည္

ဗြမ္းးးးး

ဒူးႏွစ္ဖက္ကိုလက္နဲ႕သိုင္းကာထိုင္ေနတုန္း ေရပုံးျဖင့္ေလာင္းခ်တာခံလိုက္ရေလသည္

"အစီ့!!!!! "

"ဟယ္~ ငါအစီဆိုတာသိေသးတယ္ေပါ့ "

"သိတာေပါ့ ႐ူးေနတာမွမဟုတ္တာ ဘာလို႔က်ဳပ္အေပၚေရလာေလာင္းတာတုန္း "

"လင္လြမ္းတစ္ေဆဝင္ေနတယ္ထင္လို႔ "

"ဘာလဲ လင္လြမ္းတစ္ေဆ "

"လူ႕ဘဝမွတုန္းကသူေသမဲ့ဆဲဆဲမွာလင္ကိုသတိရသြားတယ္ေလ ေသေတာ့တစ္ေဆျဖစ္ေကာ အဲဒါနဲ႕ငါလည္းမင္းကိုစိတ္ပူလို႔ ပေလာကိုသြားၿပီးေလာပန္းတို႔ကိုးကြယ္တဲ့ဘုန္းဘုန္းစီကပရိတ္ေရေတာင္းလာတာ ေရသန့္ဗူးနဲ႕ဆိုမထြက္မွာစိုးလို႔ ၁၈/ပုံးနဲ႕ေတာင္းလာတာ "

"စိတ္ပူတယ္ေပါ့ မပူနဲ႕က်ဳပ္ေသရင္ခမ်ားကိုအရင္ဂုတ္လာခ်ိဳးမွာ တကယ္တည္း "

"မင္းဒီလိုပဲေနေနလို႔မရဘူးေလ ပိုင္စိုးဦးရာ "

"က်ဳပ္သိပါတယ္ကိုစီ "

အစီထြက္သြားေတာ့မွ တစ္ခန္းရပ္အေတြးကထပ္ဝင္လာျပန္သည္ ေနာက္ေတာ့ နားၾကားကေဆးလိပ္တိုကိုယူကာ မီးညွိရန္အႀကိမ္ႀကိမ္ႀကိဳးစားေသာ္လည္း ေတာက္ေလာင္မလာ

"ဘယ္ခ်ိန္ထိ ေရစိုေနတဲ့ေဆးလိပ္တိုကိုမီးေတာက္ဖို႔ႀကိဳးစားေနမွာလဲ "

"ဟုတ္သားပဲ ေမ့တာ "

တစ္ခါတစ္ေလ စိတ္ေတြလြတ္ေနတက္ေသာ အကိုအားဘယ္လိုမွမၾကည့္ရက္ ဟိုတေန႕ကဆို အျပင္မွာထိုင္တုန္းမိုး႐ြာလာသည္ကိုပင္ မထပဲ ဆက္ထိုင္ေန၍ သြားေခၚရေသးသည္

"ေဖေဖ စိုးဆက္ေခါင္းေရသုတ္ေပးမယ္ေနာ္ "

"အင္း ေဖေဖသားကေတာ္တယ္ "

"စိုးဆက္ကေတာ္ဘူး ဒယ္ဒီလုပ္တာကိုၾကည့္ထားတာ "

သားျဖစ္သူ၏စကားေၾကာင့္ မွိုင္ခ်သြားသည့္အကိုႏွင့္ အေဖမ်က္ႏွာအရိပ္တၾကည့္ၾကည့္ေနရွာေသာသားက စကားမွားၿပီအထင္ႏွင့္ ငိုခ်ေတာ့မလို

"စိုးဆက္ "

ေခၚလိုက္ေတာ့လည္း တိတ္တိတ္ကေလးထကာ သူ႕စီလာေလသည္

"ေဖေဖက စိုးဆက္ကိုစိတ္ဆိုးသြားတာလားဟင္ေလးေလး "

"မဟုတ္တာပဲ သားေဖေဖက သားကိုအရမ္းခ်စ္တာစိတ္ဆိုးစရာလား ေန႕လယ္ခင္းသားဦးဟိန္းစီမွာသြားအိပ္ေနာ္ "

"ဟုတ္ေလးေလး "

"ေလးေလးပိုက္ဆံေပးလိုက္မယ္ ဦးဟိန္းနဲ႕မုန့္သြားဝယ္စားလို႔ရေအာင္ "

"ဟင့္အင့္~ ဖိုးေလးကမ်ားႀကီးေပးထားတယ္ ဦးဟိန္းစီမွာ "

"ဟုတ္ၿပီ သြားေတာ့ေနာ္ "

"ေဖေဖ အာဘြား "

သူ႕အေဖကိုတခ်က္နမ္းက လုံးတုံးတုံးေလးႏွင့္ေျပးသြားေသာတူေတာင္ေမာင္က ျဖဴစြတ္ေသာအသားေရ ခပ္အုပ္အုပ္ဆံပင္ေလးကိုၾကက္ေတာင္ေလးစီးထားေသးသည္

"သတိရသြားျပန္တာလားကိုႀကီး"

"မရတဲ့ခ်ိန္ငါ့မွာမရွိဘူး မင္းသိသားပဲေထြးဦးရာ ဒီအလုပ္ခြင္ေနရာတိုင္း ငါ့ကိစၥအားလုံးမွာဟန္က သူ႕ေျခလက္ေတြနဲ႕အကုန္လုပ္ေပးခဲ့တာ အျပဳမူေသးေသးေလးကအစ ငါ့ကိုသတိရေစတယ္ "

"ဒီလိုလုပ္ပါလား အလုပ္ကလည္းနားထားရတာ ဝန္းသိုျပန္ၿပီးအေမစီ့သြားၾကမလား "

"အေမ့စီျပန္လည္း ငါ့ရင္ထဲမွာက်န္ေနတဲ့အမွတ္တရေတြကေပ်ာက္သြားမွာမွမဟုတ္တာ "

"အနဲဆုံးေတာ့ ခရီးသြားရင္စိတ္ေျပလက္ေပ်ာက္ျဖစ္တယ္ "

"မင္းသေဘာပဲ "

~ရင္မွာစြဲလမ္းေအာင္လွ ပန္းကေလးရနံ႕ကညွို႔ေနတယ္ ~ပန္းကေလးျမင္သူေတြဟာ ေခြၽယူကာခူးခ်င္~မာယာမ်ားရဲ႕ေနာက္ကြယ္မွာ ဆူးမ်ားထက္ျမတ္လွပါတယ္ ~~~

"ဟုတ္ကဲ့ ကြၽန္ေတာ္ပိုင္စိုးဦးပါ "

"......."

"ခမ်ားေက်နပ္ၿပီမလား ခမ်ားကသာစကားတစ္ခြန္းလြယ္လြယ္နဲ႕ေျပာခဲ့တာ လုပ္ခဲ့တဲ့က်ဳပ္ကအသည္းကိုဓားနဲ႕မႊန္းသလိုနာက်င္ရတာ "

"ဟုတ္ပါတယ္ က်ဳပ္သာဟန္ကိုမခ်စ္ရင္ သူနဲ႕လည္းယူခဲ့မွာမဟုတ္ဘူး ခ်စ္လြန္းလို႔ က်ဳပ္ရင္နာနာနဲ႕လမ္းခြဲတာ နားလည္းလား နားလည္မဲ့ပုံလည္းမေပၚပါဘူး "

"ဟက္! ေတာ္စမ္းပါဗ်ာ လွ်ာမွအရိုးမရွိတိုင္းမေျပာနဲ႕ ခမ်ားခ်စ္တဲ့သူနဲ႕ က်ဳပ္လိုအျဖစ္မ်ိဳးမျဖစ္ပါေစနဲ႕ ဘယ္ေလာက္နာက်င္ရလဲကိုယ္တိုင္ပဲသိတာ ၿပီးေတာ့က်ဳပ္သားကို အဆက္သြယ္မလုပ္ပါနဲ႕ ခမ်ားတို႔မိသားစုနဲ႕က်ဳပ္ဟန္က ေဆြးမ်ိဳးဆိုတဲ့စကားပတ္သက္မႈပဲရွိတာ"

"........."

"ခမ်ားတစ္ခုသိထားရမွာက က်ဳပ္ဟန္ကိုဘယ္တုန္းကမွမစြန့္လႊတ္သလို ဒီအတိုင္းလဲလႊတ္ထားမွာမဟုတ္ဘူး ဒါကိုခမ်ားနားလည္ထားပါ ကိုေခတ္ဆက္သာဟန္ "

ခ်သြားၿပီျဖစ္ေသာဖုန္း၏ Home Screen ကိုၾကည့္လိုက္သည္ ေရခ်ိဳးၿပီးကာစ အဝတ္မလဲခင္ ညွပ္ရိုးနားထိအနီးကပ္ရိုက္ထားၿပီး ပါးကိုညွစ္ထားေတာ့ ခပ္လုံးလုံးႏႈတ္ခမ္းေလးကစူထြက္ေနၿပီး အသားေရကျဖဴသည္မို႔နီေဆြးေဆြးေလးျဖစ္ေနပုံကို ဟန္မထြက္ခင္ဆယ္ရက္ခန့္ေလာက္ကရိုက္ထားခဲ့ေလသည္

"မရီးရဲ႕အကိုလား ကိုႀကီး "

"အင္း "

"အဓိက သူ႕ေၾကာင့္မလား ကိုႀကီး မရီးကိုအခုလိုလုပ္လိုက္တာေတြက "

"ဟုတ္တယ္ ငါကိုယ္တိုင္ကလည္း ဟန္ကိုေျပာင္းလဲေစခ်င္တာလဲပါတယ္ "

"ငါ့ကိုႀကီးက ၉၉ျပားမဟုတ္ဘူးပဲ ၾကည့္ပါအုံးကြာ မရီးဖုန္းလားမင္းဖုန္းလားမသဲကြဲဘူး မရီးပုံေတြကျပည့္ေနတာပဲ "

"ဒါေတာ့ကြာ အခ်စ္နဲ႕ထိေတြ႕မိတာကို ငါေျပာျပမယ္ငါ့ညီ "

သူ႕အသက္၁၆ျဖစ္သည္ထိ သူ႕အကိုစီမွ ' ငါ့ညီ 'ဆိုတဲ့ စကားကိုႏွစ္ခါေျမာက္ၾကားဖူးေလၿပီ

"မင္းအကိုငါကေလ ဓာတ္ပုံရိုက္တာမႀကိဳက္ဘူး မင္းမရီးနဲ႕စညားၿပီးမၾကာဘူး ငါ့ဖုန္းထဲသူ႕ေနရာေတြယူလာတယ္မင္းမရီးက ညွို႔ဓာတ္ေကာင္းတယ္ စေတြ႕တုန္းကဆိုငါ့ရင္ဘက္ႀကီးက ေဖာက္ထြက္ေတာ့မယ္လို႔ေတာင္ထင္ေနတာ မင္းကိုင္ၾကည့္ "

လက္တစ္ဖက္ဆြဲယူကာ သူ႕ႏွလုံးသားေပၚတင္ေပးေတာ့ ၉၉ျပားႏွလုံသားက အသိသာခုန္ေနေလသည္

"ဟုတ္သားပဲ ဒုတ္ဒုတ္... ဒုတ္..ဒုတ္နဲ႕ "

"မဟုတ္ပါဘူးကြာ..ဟန္...ဟန္...ဟန္..တဲ့ "

"ေအးပါကြာ မင္းမွန္ပါတယ္ "

တမွိုင္မွိုင္ျဖစ္ေနသည့္အကိုက မရီးေၾကာင္းေျပာေတာ့ ႏႈတ္ခမ္းကၿပဳံးေနေလသည္ အဲေလာက္ထိခ်စ္သြားရသအကို....

မနက္ျဖန္သြားမည္ဆိုေတာ့ အကိုတို႔သားအဖအဝတ္စားရယ္ သူ႕အဝတ္စားေတြရယ္ထည့္ၿပီး ပိုက္ဆံယူဖို႔အလုပ္

"ကိုႀကီး!! "

ညပိုင္း စားဖိုေဆာင္တြင္အရက္ေသာက္ေနတုန္း ပုဆိုးတစ္စဆြဲကာ ညီျဖစ္သူေအာ္သံေၾကာင့္ ေသာက္ေနသည့္အရက္ျပန္ထြက္သြားသည္

"ေဟ့ေရာင္ ေထြးဦး မင္းမလဲဘယ္ခ်ိန္ၾကည့္ၾကည့္မ်က္စိကိုေနာက္လို႔ ဘာျဖစ္လာတာ "

"ကိုႀကီး ငါတို႔ပိုက္ဆံေတြမရွိေတာ့ဘူး "

"မင္းတို႔ကဘယ္မွာထားထားလို႔လဲ "

"ကိုႀကီး အိတ္ထဲမွာ "

"မင္းအကိုဖဲရႈံးၿပီလားမွမသိတာ "

"ဟုတ္လား ေဟ့ေရာင္ "

"မင္းမရီးကိုအကုန္ထည့္ေပးလိုက္တယ္ "

"ဟယ္~"

"ဟာ!....."

"ကိုႀကီးမင္းလာေနာက္ေနတာလား "

"ေအးေလ "

"အဝတ္တစ္ထုပ္ပစ္ခ်ေပးလိုက္ရေလာက္တဲ့ထိ ငါ့ႏွလုံးသားလက္မခံဘူး ပိုက္ဆံမပါရင္ငါ့ဟန္ဒုကၡေရာက္ေနမွာေပါ့ "

"ေအးပါကြာ အခုသြားမဲ့ပိုက္ဆံကိုေလာပန္းမွာသြားထုပ္ရမွာေပါ့ "

...........

"ေခတ္ ငိုေနျပန္ၿပီလား "

"ငါမငိုပါဘူး မ်က္ရည္ကက်ေနတာ "

"မငိုနဲ႕ေတာ့ မိခင္လုပ္သူကငိုရင္ကေလးကမ်က္လုံးျပဴးတယ္ ဒီေန႕ Ultrasound ရိုက္ရမွာ မငိုနဲ႕ေတာ့ "

"ငါမရိုက္လို႔ရမလား ဘာေလးလဲမသိခ်င္ဘူး "

"အေနထားမွန္ရဲ႕လားလို႔စမ္းသပ္ရမယ္ေလေခတ္ "

"ဘာေလးလဲမၾကည့္ေတာ့ဘူးေနာ္ "

"အင္းပါ ဗိုက္ဗိုက္သေဘာ "

"အခုခ်ိန္မွာေလ ငါ သူ႕ကိုရွိေစခ်င္လိုက္တာ "

"သူ႕ရဲ႕ကိုယ္ပြားရွိေနတာပဲေလ မရွိတဲ့သူကိုတန္းတမေနနဲ႕ "

သူတို႔ေဆး႐ုံေရာက္ၿပီးမၾကာ ရင္းႏွီဟန္ရွိေသာလူတစ္ဦးေရာက္ေလသည္ ထိုသူက...

"ေခတ္ "

"ေနသခၤါလီယံကို "

"အင္း အားမငယ္နဲ႕ငါရွိတယ္ "

အခန္းထဲဝင္တဲ့အခါ ေနကိုပါဝင္လိုက္ေလသည္

"ဘာေလးလဲဆိုတာတကယ္မသိခ်င္တာလား "

"အင္း ထြက္လာတဲ့ခ်ိန္မွာ သားလား ၊ သမီးလားဆိုတဲ့ခံသားခ်က္ကအရမ္းမိုက္တယ္ "

ဗိုက္ကေလးကို စမ္းသပ္လိုက္ၿပီးေနာက္တြင္ဖလင္ျပားေပၚတြင္ လႈပ္ရွားမႈ႕ပုံရိပ္ေလးကေပၚေနေလသည္

အားလုံးအေျခေနေကာင္းမြန္ေတာ့ အားေဆးတစ္ခ်ိဳ႕ပဲယူကာထြက္လာလိုက္သည္

"ေခတ္ ႀကိဳက္တာမွာေနာ္ ငါရွင္းေပးမယ္ "

"စားမွာ ၿပီးမွေတာ္ၿပီလို႔မေျပာနဲ႕ "

"ေအးပါကြာ ငါရွင္းေပးပါ့မယ္ "

စကားဆုံသည္ႏွင့္ သူ႕စိတ္ႀကိဳက္မွာေတာ့ ေနကိုကေမးေထာက္ၾကည့္ေတာ့သည္ အၾကည့္ခံရရိုးေနသူမို႔ ထိုအၾကည့္မ်ိဳးကေနရခက္ေစတာမ်ိဳးမရွိ...

"အဟမ္း~ေနကို အိႏၵျေေလးဘာေလးဆယ္ပါအုံး "

"ယဥ္ ေရွာင္ေပးပါလား "

"ေအးပါဟယ္ "

ယဥ္ထြက္သြားမွ အစားေသာက္ဘက္ပဲအာ႐ုံရွိေနသူအား စကားေျပာရန္ႀကံရေတာ့သည္

"ေခတ္ဆက္သာဟန္ "

"အင္းေျပာ "

"ငါဒီကိုဘာလို႔ျပန္လာလဲသိလား "

"နင္မွမေျပာျပတာငါဘယ္သိမလဲ "

"ငါေျပာစရာရွိတယ္ "

"ေနကို ငါ့ဗိုက္ထဲကကေလးကမိန္းကေလးထင္တယ္ "

"ငါ နင့္ကိုတာဝန္ယူခ်င္တယ္ေခတ္ "

အႀကိမ္ႀကိမ္ႀကိဳးစားေလ့က်င့္ၿပီး ကိုယ္ေျပာလိုက္ေသာစကားတစ္ခြန္းေၾကာင့္ ေခတ္ဆက္သာဟန္ အံ့ဩသြားမည္မထင္ေလႏွင့္ ပါးစပ္၌ေပပြေနသည္ကိုေအးေဆးပင္သုတ္ေနေသးသည္

"ေခတ္ ျပန္ေျပာေလဟာ "

"ေနကို နင့္အျမင္မွာငါက ဘယ္လိုပုံစံလဲ အရမ္းသနားစရာေကာင္းေနလား "

"မဟုတ္..မဟုတ္ဘူးေခတ္အထင္လြဲေနၿပီ "

"ေခတ္ ငါကနင့္တို႔သားအဖကိုတာဝန္ယူခ်င္တာ ေမြးလာတဲ့ကေလးမွာအေဖေခၚစရာရွိေအာင္ ငါကတာဝန္ယူခ်င္တာ "

"ငါ့ကေလးမွာအေဖေခၚစရာရွိၿပီးသားေနကို ၿပီးေတာ့ငါ့ကေလးရဲ႕အေဖကေသသြားတာမဟုတ္တဲ့အတြက္ ငါဘယ္သူ႕ကိုမွအားကိုးရွာမွာမဟုတ္ဘူး ထပ္ေျပာမယ္ဆိုရင္ငါစိတ္ဆိုးမိလိုက္မယ္ "

"ေအးပါ ငါေတာင္းပန္တယ္ ဒါေပမဲ့မင္းအနားမွာေတာ့ ေနခြင့္ေပးပါ.. "

ေခတ္ေျပာလာမည့္စကားတို႔အား မေျပာခိုင္းပဲလက္ကာလိုက္ၿပီး သူဆက္ေျပာလိုက္သည္

"သူငယ္ခ်င္းတစ္ေယာက္အေနနဲ႕"

"အင္းးးးး"

..................

"ယဥ္ ငါသြားေတာ့မယ္ "

"ေသခ်ာလို႔လားေခတ္ရယ္ စဥ္းစားပါအုံး နင့္မွာကိုယ္ဝန္ကရွိေနတာ အျပင္ေလာကထြက္ၿပီးအလုပ္လုပ္ဖို႔ဆိုတာမျဖစ္နိုင္ဘူး "

"ငါလုပ္မွာ အလုပ္ၾကမ္းမဟုတ္ပါဘူး ငါ့ကေလးထိခိုက္မဲ့အလုပ္မ်ိဳးငါမလုပ္ပါဘူး "

"ေခါင္းကလည္းမာလိုက္တာ ဘယ္သြားမယ္ဆိုတာေလးေျပာအုံးမွေပါ့ "

"ငါ့ဆရာစီကို "

"ေခတ္ တစ္ခုခုဆိုငါတို႔ရွိတယ္ နင္စိတ္မပူနဲ႕ေနာ္ ဟိုမွာလည္းေျပာစကားနားေထာင္ေပါ့ နင့္မွာကိုယ္ဝန္နဲ႕ဆိုတာလည္းပြင့္လင္းေျပာ လက္မခံရင္မေနနဲ႕ "

"ဟုတ္ကဲ့ပါအေမရယ္ ကြၽန္ေတာ္သိပါတယ္ "

တစ္လေလာက္ေနခဲ့သည့္တိုက္ခန္းေလးကေန မႏၱေလးက်ဳံးရဲ႕မ်က္ေစာင္းထိုး (........) အိမ္ရာဝင္းသို႔ေရာက္လာေတာ့ က်န္ခဲ့သည့္ေျခရာက ေနာက္မလွည့္ေတာ့ဖို႔ေျပာေနသေယာင္..

"ေနာက္ဆုံးေတာ့မင္းေရာက္လာၿပီ "

"ဟုတ္ကဲ့ပါဆရာ အခ်ိန္ေတြမႏွောင္းေသးဘူးလို႔ေမွ်ာ္လင့္မိပါတယ္ "

"ကဲအခုက ဘယ္လိုျဖစ္လာတာလဲ"

"ဆရာနဲ႕ဆုံၿပီး တစ္ႏွစ္ေလာက္မွာ အိမ္ေထာင္က်သြားပါတယ္ သားေလးတစ္ေယာက္လည္းရပါၿပီ သားေလးႏွစ္ေရာက္ေတာ့ကြဲလာတာပါဘဲဆရာ "

"အရင္ကတည္းကသာ ပညာေတြေလ့လာခဲ့ရင္အခုေလာက္ဆို ဒါရိုင္တာေနရာ မရေလာက္ေပမဲ့ အနည္းဆုံးေတာ့အကြၽမ္းတဝင္ရွိေနေလာက္ၿပီ အခုကေရာဆုံးျဖတ္ၿပီးၿပီလား "

"ဆုံးျဖတ္ၿပီးၿပီဆရာ ဒါမဲ့အခုဟန္မွာကိုယ္ဝန္ပါလာတယ္ "

"ေဟ! "

"မင္း ငါ့ကိုလာေနာက္ေနတာလား "

"ေနာက္ပါဘူးဆရာရဲ႕ ဟန္ယူခဲ့တာေယာကၤ်ားေလး ၿပီးေတာ့ဟန္ကိုယ္ဝန္ေဆာင္ခဲ့တာ အခုကတစ္ဗိုက္ပါလာတာ "

"ေဟ! "

ပါးစပ္ပင္မသိနိုင္ကာတေဟေဟျဖစ္ၿပီး ဆရာ၏တပည့္ျဖစ္ဟန္တူေသာလူက မ်က္လုံးျပဴးမ်က္ဆန္ျပဴးႏွင့္

ေနာက္ေတာ့ေနရာထိုင္ခိုင္းေပးကာ တပည့္အျဖစ္လက္ခံခဲ့သည္ ဆရာႏွင့္ေတြ႕ဆုံပုံကကံၾကမၼာတြနိးပို႔လိုက္သလိုပင္

ထိုေန႕က ခန္းမတစ္ခုမွာ Delivery ပို႔ရသည့္ေန႕ ေခတ္ဆက္သာဟန္၏မလြဲရမေနနိုင္အက်င့္ေၾကာင့္ လူတစ္ေယာက္အား အားပါပါဝင္တိုက္ေလသည္

ေနာက္ေတာ့ ႐ုပ္ရွင္အစည္း႐ုံးလက္မွတ္ေရးထိုးပြဲဆိုတာႀကီးႏွင့္တိုးေတာ့ စပ္စုသည့္အက်င့္ပါေပါင္းကာ လူအုပ္ၾကားထဲတိုးေတာ့သည္ ကိုယ္ကလည္းတိုး ဟိုကလည္းစင္ေပၚကဆင္းလာသည့္ခ်ိန္ အတိုးလြန္ၿပီးဆင္းလာသည့္သူကိုဝင္တိုက္၍ စင္ေပၚ၌ႏွစ္ေယာက္သားဗ႐ုတ္သုတ္ခၾကျပန္သည္

ေတာင္းပန္လိုက္ရသည္ဆိုတာ ေခါင္းကၾကမ္းကိုထိမတက္ ေနာက္တစ္ခုကိုယ့္ပစၥည္းပို႔ရမည္သူက ကိုယ္ႏွစ္ခါေျမာက္ဝင္တိုက္ထားတဲ့သူ..ဒါရိုင္တာေလာက၌ေအာင္ျမင္ေနေသာ ဦးေဇေဇေမာင္..အသက္႐ြယ္အားျဖင့္ ၆၀ထဲဲသို႔ဝင္ေရာက္ေနသည္

ေဒါက္လ္! ေဒါက္လ္!

ေတြးေနေသာအေတြးေတြက တံခါးေခါက္သံေနာက္ ေပ်ာက္ကြာ္သြားေလသည္

"အကို ဆရာကညစာစားမလို႔ေအာက္ဆင္းခဲ့ပါတဲ့ "

"လိုက္ခဲ့မယ္ေနာ္ "

ညေန ထမင္းဝိုင္းတြင္

"ဟိုမွာအဆင္ေျပေနခဲ့တယ္မလား"

"ဟုတ္ဆရာ "

"ဒါကမႏွစ္ကမွ ငါေခၚထားတဲ့သူေဝဟင္တဲ့ "

"ေတြ႕ရတာဝမ္းသာပါတယ္အကို "

"ေခတ္ဆက္သာဟန္ေရ ေဝဟင္ကမင္းထက္ႏွစ္ႏွစ္ငယ္တယ္ "

"အဲဆိုညီေပါ့ "

စုံညီစားပြဲေလးသည္ အေပ်ာ္ေတြေဝမွ်ထားၾကၿပီး ထမင္းစားအၿပီးတြင္ လူစုခြဲၾကေလသည္

"ေဝဟင္ ကဘယ္အခန္းလဲ "

"အကို႔ေျခရင္းကအခန္းပါ ဒါနဲ႕ေလ ေဝဟင္ေမးစရာအမ်ားႀကီးရွိလို႔ ေဝဟင္နဲ႕အျပင္မွာအတူထိုင္ေပးလို႔ရမလား "

"ရတယ္ေလ ကိုယ္လည္းေလေကာင္းေလသန့္ရႈခ်င္တာနဲ႕အေတာ္ပဲ "

အျပင္ေရာက္လို႔ထိုင္တာနဲ႕ ေဝဟင္ဆိုသည့္ေကာင္ေလးကစကားစေတာ့သည္

"ကိုယ္ဝန္နဲ႕ဆိုတာ တကယ္လားဟင္ "

"အင္း ေလးေလေက်ာ္ၿပီ "

"ဝိုး..မိုက္တယ္ "

"ေဝဟင္က ဘာလို႔ဒီေရာက္ေနတာလဲ "

"ေဝဟင္က ဆရာ့ရႈတင္အဖြဲ႕မွာထမင္းခ်က္ ဆရာကလူကဲခတ္ေတာ္တယ္ ေဝဟင္မလုပ္ခ်င္တာသိေတာ့ဆရာက ဘာလုပ္ခ်င္လဲ ဘာျဖစ္ခ်င္တာလဲေမးခဲ့တာ အဲကေန ဆရာ့ေနာက္ကိုလိုက္ေတာ့တာပဲ ေျပာရမယ္ဆိုမန္ေနဂ်ာေပါ့ "

"ေဝဟင္ကေတာ္လိုက္တာ "

"အကိုစိတ္မဆိုးဘူးဆို ေဝဟင္ေျပာစရာရွိတယ္ "

"ေျပာၾကည့္ေလ မဆိုးဘူးလို႔ေတာ့အာမခံဘူး "

"အကို႔ကေလးကို ေဝဟင္ကိုေပးထိန္းေနာ္ "

"ဘာမ်ားလဲလို႔ ေနာက္မွမထိန္းခ်င္ဘူးလို႔မေျပာရဘူး "

"ဟုတ္ကဲ့ပါဗ်"

............

"ကိုပိုင္စိုး ရွင္စိတ္ကိုေအးေအးထားစမ္း "

ကိုပိုင္စိုး ေဒါသထြက္လည္းထြက္ခ်င္စရာပင္ အေၾကာင္းမၾကားဘာမၾကား သားႏွစ္ေယာက္ႏွင့္ေျမးက အိမ္ကိုေရာက္လာေလသည္ ေမးေတာ့ လင္မယားကြဲတယ္တဲ့ ထိုမွ်ႏွင့္ဘာမွမျဖစ္ေသး အေၾကာင္းစုံသိေတာ့မွေဒါသေရႏြေးေငြ႕လိုထြက္လာေတာ့သည္

"ခင္မာ မင္းသိၿပီမလား ငါဘာလို႔မင္းသားတို႔ကိုခြဲရလဲဆိုတာ "

"မင္း ငါ့ေစတနာေတြနားမလည္ဘူး ပိုင္စိုးဦးငါကမင္းအေဖ ဒီလိုေတြျဖစ္လာမယ္ဆိုတာႀကိဳသိေနလို႔ မေလာင္ခင္ကငါတားတာ အခုဘာျဖစ္သြားလဲ လူမမယ္ကေလးက အေဖမဲ့ၿပီ "

"က်ဳပ္သားမွာက်ဳပ္တေယာက္လုံးရွိေသးတယ္ "

"ဒီေလာက္ျဖစ္ေနတာ ေစာက္အာကမက်ေသးဘူး ငါနင္းသတ္လိုက္ရရင္ေတာ့ "

"ကိုပိုင္စိုး!!!!"

"ဒီမွာ ခင္မာဦး ငါ့ဘဝမွာသားႏွစ္ေယာက္ပဲရွိတာငါမခ်စ္ပဲေနပါ့မလား ဒင္းတို႔စညားတဲ့ေန႕ကတည္းက တဖက္ကေလးကဘယ္သူဘယ္ဝါ ဘာအေျခေနငါအကုန္စုံစမ္းခဲ့ၿပီးသား အဲကေလးေနရာမွာ တျခားကေလးသာဆိုငါဘာမွေျပာမိမွာမဟုတ္ဘူး "

"က်မလည္းအရင္ကရွင့္ကို နားမလည္နိုင္ခဲ့ဘူး ဘာလို႔ဒီကေလးကိုခါးခါးသီးသီးျဖစ္ေနသလဲဆိုတာ "

"မင္းသားကငယ္တုန္းမို႔လို႔စိတ္ကစားတုန္း အနာဂတ္ေၾကာင္းေရေရရာရာမသိတဲ့သူ တဖက္ကေလးကအိမ္မက္ေတြအျပည့္နဲ႕သူ ငါေမးမယ္ပိုင္စိုးဦး အခ်စ္ဆိုတာဘာလဲ "

"က်ဳပ္မသိဘူး "

"အဲဆိုအဲေကာင္ေလးကိုမွဘာလို႔ယူခ်င္ရတာလဲ မင္းနဲ႕မတန္ဘူးဆိုတာလည္းမင္းသိတယ္ အခုေရာဘာလို႔လက္လႊတ္တာလဲ "

"၁..သူကိုမဆုံးရႈံးခ်င္လို႔

၂..က်ဳပ္မ်က္စိေရွ႕မွာဘဲထားခ်င္လို႔

၃..သူ႕ဘဝျမင့္ေအာင္လို႔ လက္လႊတ္ခဲ့တာ

၄..က်ဳပ္သူ႕ကို က်ဳပ္ဘဝထဲကလုံးလုံးထြက္ခြင့္မေပးဘူး "

"ေတြ႕လား မင္းသားအတၱေတြ အနာဂတ္ေၾကာင္းလဲမစဥ္းစားဘူး "

"ေနပါအုံးသားႀကီးရယ္ ဘဝျမင့္ေအာင္ကေတာ့မွန္ပါၿပီ အခုထြက္သြားတဲ့လူက သားစီျပန္လာမယ္လို႔ေျပာခဲ့လား သူျပန္မလာခဲ့ရင္ေရာ "

" က်ဳပ္လိုက္ေခၚမယ္ "

"ၾကားလား မင္းသားေျပာတာ "

"ၾကားပါ့ေတာ္ "

လင္ျဖစ္သူကိုမ်က္ေစာင္းတခ်က္ထိုးလိုက္ၿပီး သားဘက္ျပန္လွည့္ရသည္

"ဘယ္နားကေနသြားရွာမွာ ေတြ႕လို႔ေကာ မင္းထက္သာတဲ့သူေတြရွိေနၿပီ မင္းေနာက္လိုက္မယ္ထင္လားပိုင္စိုးဦး "

"မထင္ဘူး ဒါေၾကာင့္သားကိုက်ဳပ္ေခၚထားတယ္ တျခားဟာေတြက်ဳပ္မသိဘူး က်ဳပ္သိတာကတစ္ခ်ိန္ၾကရင္က်ဳပ္စီျပန္လာရမယ္ "

သူေျပာခ်င္တာေျပာၿပီးထြက္သြားသည့္သားကို လိုက္ၾကည့္႐ုံမွအပ မတက္နိုင္

"အေမ ကိုႀကီးကဒီရက္ပိုင္းဆင္မေျပလို႔ စိတ္ေျပလက္ေပ်ာက္ေခၚလာတာ သူဆင္ေျပသလိုေနပါေစ "

"ေအးပါ..ေအးပါ...သြားမင္းလဲသြားနားေတာ့ "

"ငါ့ေျမးထားခဲ့ "

"စိုးဆက္ အဖိုးစီမွာေနခဲ့ေနာ္ ေလးေလးအေဖ့စီသြားမလို႔"

"ဟုတ္ေလးေလး "

ကေလးကို အဖိုးစီမွာထားခဲ့ကာအိမ္ေပၚတက္လာေတာ့ အိမ္ေရွ႕၌ရီေမာသံမ်ားပ်ံလြင့္ေနေတာ့သည္

ညဦးပိုင္းတြင္

"သားေရာ "

"သူ႕အဖိုးစီမွာ က်ဳပ္သြားေခၚေပးရမလား "

"ထားလိုက္ပါ "

"ဆင္ေျပရဲ႕လားကိုႀကီး "

"မေျပပါဘူးကြာ ဒီဝက္ဖုံမွာေရာ ၊ ေရဦးမွာေရာက ငါနဲ႕သူ႕ပုံရိပ္ေတြကျပည့္ေနတာ ဘယ္ေနရာၾကည့္မလဲသူ႕ပုံရိပ္ေတြပဲ ငါအလြမ္းေျပမယ္ထင္လား ပိုတိုးလာတာပဲရွိတယ္ "

"မင္းအေဖ့ကိုဘယ္လိုထင္လဲ ကိုႀကီး "

"အစကငါအျမင္မၾကည္ဘူး ဒါေပမဲ့ငါနားလည္လိုက္ၿပီ ငါ့တို႔ကိုဘာလို႔သေဘာမတူခဲ့လဲဆိုတာ "

"တဖက္ကေလးကို မင္းေၾကာင့္ဒုကၡေရာက္မွာအေဖႀကိဳသိေနလို႔ ဟုတ္တယ္မလား "

"အင္း ငါ့ထက္ဟန့္ကိုပိုစိတ္ပူတာ "

"မင္းလဲ ဒီမွာစိတ္ႀကိဳက္လုပ္ ေနာက္မွာက်ဳပ္ရွိတယ္ "

"ငါသူႀကီးအိမ္ေရာက္လဲ မင္းလိုက္မလား "

"က်ဳပ္တူေလးကိုခဏေတာင္စိတ္မခ်ဘဴး "

"တရားတယ္ေနာ္ မင္း "

"ငါေျမးရဲ႕အေဖ ကေလးလာသိပ္စမ္း "

ညီအကိုႏွစ္ေယာက္ ေလဟာျပင္၌ရွိတုန္း အေဖ၏ေအာ္သံေၾကာင့္ လူစုခြဲဖို႔ျပင္ရေတာ့သည္

"က်ဳပ္က ခမ်ားသားမက္လား "

"ေအးေလ အေဖကလည္း အေဖ့ေျမးရဲ႕အေဖက ကိုႀကီးကိုကေလးလာသိပ္ဆိုၿပီးၿပီေပါ့"

"မင္းလည္းလွ်ာမရွည္နဲ႕ မင္းအေမေခၚေနတယ္ "

"ေဖေဖ ဖိုးဖိုးကေျပာတယ္ မနက္ျဖန္႐ြာထဲရိုက္ပို႔မယ္တဲ့ "

"သြားေပါ့ "

"အဲဒါေဖေဖမုန့္ဖိုးေပးလိုက္ေနာ္ "

"ဘာလို႔ေပးရမွာလဲ မင္းအဖိုးမွာေတာင္း ေဖေဖကအၿမဲဝယ္ေကြၽးေနတာ ဟုတ္တယ္ဟုတ္ "

"ညားႀကီးေတာင္းမွာ "

"အခုေတာ့အိပ္ရမယ္ စိုးဆက္"

"စိုးဆက္အိပ္ခ်င္ဘူး ေဖေဖရဲအိပ္ေသးဘူးစိုးဆက္သိတယ္ ေဖေဖနားမွာေနရာ "

"ဒါကကေလးအိပ္ခ်ိန္ အိပ္ရမယ္ "

"အဲဆိုသီခ်င္းဆိုေပး "

"အင္း"

သားကိုပုခုံးေပၚေမွာက္ထားၿပီး လက္ကလည္းဖင္ကိုပုတ္လိုက္ရေသးသည္ ထို႔ေနာက္သူဆိုေနၾကျဖစ္သည့္ မင္းရွိေန႐ုံဆိုေတာ့ ဂ်ီဂ်ေတာ့သည္

"မရဘူးဆို "

"စိုးဆက္ ဒါနဲ႕ပဲအိပ္ေနၾကကို မင္းေန႕တိုင္းနားေထာင္ေနတာပဲ "

"ေဖေဖကဆိုးတယ္ စိုးဆက္နားေထာင္ခ်င္ဘူး "

"ပိုင္စိုးဆက္ဦး!!! "

"ကဲ အကိုရယ္ကေလးကအိပ္ခ်င္လို႔ဂ်ီဂ်ေနတာ မင္းကလဲတျခားဟာေျပာင္းဆိုေပါ့ "

"ကဲေျပာကိုယ္ေတာ္ေလး ဘာဆိုေပးရမွာလဲ "

"ဒီဧပရာယ္ႏြေရဲ႕ တစ္ညမွာျပန္ရႈပ္သိမ္း "

"ဘာသီခ်င္းႀကီးလဲ ပိုင္စိုးဆက္ဦးရာ ေဟ့ေရာင္မင္းသိလား "

"ၾကားဖူးသလိုလိုပဲ "

"ငါက ၾကားကိုမၾကားဖူးသလိုပဲ "

"သား ေလးေလးကိုျပန္ဆိုျပ စကားပီပီေလးဆို "

"အသည္းထဲကနာတယ္ "

"ဟမ္~ဘယ္နားကနာတာလဲေဖေဖ့ကိုျပ"

"အီးးးဟီးေဖလူဆိုး အဲဒါသီခ်င္း "

"မသိဘူးေလကြာ သီခ်င္းဆိုခိုင္းတာ အသည္းထဲကနာတယ္ဆိုေတာ့ "

"ဪ~ငါသိၿပီ ဟိုဟာဟန္ထြန္းးသီခ်င္း ' ရင္နာတယ္ဧပရယ္ ' အဲဒါ "

"အေကာင္းႀကိဳက္တယ္ေနာ္မင္းေလ "

"ဘယ္ကလာ မရီးသိပ္ေနၾကသီခ်င္း မရီးရဲ႕ Fav songထင္တယ္ "

"အစကဘာလဲ "

"~ သစ္႐ြက္ႏုတို႔ ပြင့္ေဝႏြေဦးမိုးေရ~ "

~သစ္႐ြက္ႏုတို႔ ပြင့္ေဝႏြေဦးမိုးေရ

ဘယ္ဆီလြင့္မလဲ ႐ြက္ေႂကြအိုတို႔ဘဝ

အၿမဲစိမ္းလန္း လွပနိုင္ဖို႔

႐ြက္သစ္တို႔အတြက္ ေဘးဖယ္လြင့္ေႂကြခရီး

ႏြေရဲ႕ေႂကြ႐ြက္မ်ား

အမွတ္တရတို႔အတိတ္က ႏြေမွာစတဲ့အခ်စ္

ဒီဧပရာယ္ႏြေရဲ႕ တစ္ညမွာျပန္႐ုတ္သိမ္း

ၾကည္ႏူးလို႔အိပ္မရ အခ်စ္ႏြေတစ္ည

လမ္းခြဲညမ်က္ရည္ အခုႏြေျခားနားျခင္း

အသည္းထဲကနာတယ္

အိပ္မက္.....

သီခ်င္းသံတိုးတိုးကေလးႏွင့္အတူအသက္ရႈသံေလးဟာလည္းပုံမွန္ျဖင့္ သားကအိပ္ေပ်ာ္သြားေလၿပီ ၿပီးေနာက္ သားအားအိပ္ယာအေပၚအသာေလးခ်ကာ အျပင္ျပန္ထြက္လာလိုက္သည္

"က်ဳပ္စဥ္းစားမိသြားတာတစ္ခုရွိတယ္ "

အေဘး၌ေဆးလိပ္ဖြာကာ ထိုင္ေနသူကိုတခ်က္ၾကည့္ၿပီးစကားအားဆက္ေျပာလိုက္သည္

"မရီးဒီသီခ်င္းကိုဘာလို႔ခဏခဏဖြင့္လဲဆိုတာ အခုလိုပဲ႐ြက္သစ္တြက္ ႐ြက္ေဟာင္းဖယ္ရမယ္ဆိုတာႀကိဳသိေနလို႔မ်ားလား "

"..........."

"သီခ်င္းတိုင္းသာ မင္းတို႔ၾကည့္မယ္ဆို မင္းတို႔လမ္းခြဲျခင္းကိုသီခ်င္းဆိုထားသလိုပဲ ဘာလိုလိုနဲ႕တစ္လေတာင္ေက်ာ္လာၿပီ "

"ငါတစ္ေယာက္တည္းေနခ်င္တယ္ "

သူထြက္လာလိုက္ေတာ့ သူ႕အကိုဟာ လသာျပင္ရဲ႕ေထာင့္ဘက္ကပ္သြားၿပီး အဆုံးမရွိတဲ့ေကာင္းကင္အား အခ်ိန္အကန့္သန့္မရွိၾကည့္ေတာ့မည္ဆိုတာ သူအတပ္သိသည္

တိမ္မဲေတြသာစိုးမိုးေနၿပီး အဆုံးမရွိတဲ့ေကာင္းကင္က်ယ္ဟာ သူ႕ရဲ႕စိတ္ေတြလို တေနရာတည္းမရွိ ႐ုပ္နာမ္ခႏၱာဟာ ဝက္ဖုံတြင္ရွိေနေပမဲ့ စိတ္ကဟန့္စီေရာက္ေနသည္ သန္းေခါင္းယံအခ်ိန္ကို ေရာက္လာေပမဲ့ေနရာကမထမိ ေဆးလိပ္ပင္ဗူးတစ္ဝက္က်ိဳးၿပီ

'ဒီလိုနဲ႕..မအိပ္လိုက္ရသည့္ေန႕ေတြမ်ားၿပီ

ကိုယ္ကိုကိုယ္ ဂ႐ုစိုက္ဖို႔ေမ့ေလ်ာ့ေနၿပီ

ဒီလိုနဲ႕..ခမ်ားကိုအရမ္းခ်စ္ေၾကာင္း

သိလာၿပီ'

'ခ်စ္တယ္လို႔မေျပာရေသးပဲ ေဝးခဲ့ၾကရင္ '

ထြက္သြားတဲ့သူနဲ႕က်န္ခဲ့တဲ့သူ ခံစားရပုံက တူညီလိမ့္မည္မဟုတ္..

"ပိုင္ေထြးဦး မင္းအကိုအိမ္မထဲမသြား ၿပီးရင္မင္းငါ့စီလာခဲ့ "

အခ်ိန္ကား မနက္၈နာရီတြင္ရွိေလသည္

ေလဟာျပင္၌အိပ္ေပ်ာ္သြားဟန္ရွိေသာအကိုက အကၤ်ီကြၽတ္ႏွင့္ အေဘးေဆးလိပ္ျပာခြက္တြင္လဲ ေဆးလိပ္ကအေျမာက္မ်ား သူ႕ကိုယ္အေလးႀကီးမကာ သူ႕အခန္းထဲေနရာခ်ေပးခဲ့ၿပီး အျပင္သို႔ျပန္ထြက္လာရသည္

"အဲေကာင္က အဲလိုေနေနၾကလား "

"မရီးထြက္သြားၿပီးေနာက္ပိုင္းမွ "

"အဲေကာင္ကို လႊတ္မထားနဲ႕ၾကာရင္မေကာင္းဘူး "

"ငါ႐ြာထဲသြားမယ္ ဟိုေကာင္နိုးရင္စားဖို႔ေသခ်ာလုပ္ေပးလိုက္"

"ဟုတ္ကဲ့ "

ေျပာခ်င္တာေျပာၿပီး ကေလးေခၚကာ႐ြာထဲလမ္းသလားဖို႔ျပင္ေနၾကေတာ့သည္

"ေလးေလး စိုးဆက္သြားမယ္ေနာ္ ေဖေဖနိုးရင္ေလ စိုးဆက္ကေဖေဖကိုအာဘြားအႀကီးႀကီးေပးခဲ့တာ္လို႔ေျပာေပးေနာ္ "

"ေအးပါကြာ အဖိုးကိုလည္းအမ်ားႀကီးမပူဆာနဲ႕ၾကားလား စိုးဆက္ "

"ရွက္စ္ "

တူေတာ္ႏွင့္ အေဖလင္မယားထြက္သြားေတာ့ လုပ္စရာေတာင္လိုပုံေနသည္ေတြကိုတန္းစီလုပ္ရေတာ့သည္

..........

"ေထြးဦးးးးး!!!!!!!! "

"ဗ်......."

အဝတ္ေလွ်ာ္ေနတုန္း အကို၏ခုႏွစ္အိမ္ၾကားအသံေၾကာင့္အေျပးလႊားသြားေတြ႕ရသည္ သူအိမ္ေရွ႕ေရာက္ေတာ့အကိုက ေလွကထစ္တြင္ထိုင္ကာငိုေနေလသည္

"ကိုႀကီးဘာျဖစ္တာလဲ "

"ငါအိမ္မက္မက္တယ္ "

"ဟာဗ်ာ..အိမ္မက္မက္တာအဆန္းလုပ္လို႔ အဲဒါနဲ႕ငိုစရာပါသလား "

"ပါတာေပါ့ အိမ္မက္ထဲမွာဟန္က ငါမဟုတ္တဲ့အျခားတေယာက္နဲ႕လက္ခ်င္းခ်ိတ္ထားတယ္ ၿပီးေတာ့ေလငါၾကည့္ေနတာလဲသိေတာ့ မ်က္လုံးစိမ္းႀကီးေတြနဲ႕ၾကည့္ေနတာ အဲအၾကည့္ကငါ့ကိုစိတ္နာေနတဲ့ပုံစံမ်ိဳး "

"ကိုႀကီးရာ ဒါကအိမ္မက္ပဲေလ လူႀကီးေတြေျပာဖူးတယ္ အိမ္မက္မက္ရင္ေျပာင္းျပန္ေကာက္ရတယ္တဲ့ "

"ငါကိုဘုန္းႀကီးေက်ာင္းလိုက္ပို႔ "

"ေအးေအး မင္းေရအရင္သြားခ်ိဳးလိုက္ၿပီးရင္သြားမယ္ "

ဘုရားေပၚေစတီနားေရာက္ေတာ့ ေန႕နာမ္တစ္ခုေရွ႕တြင္ရပ္ေလသည္

"ကိုႀကီးမင္းက ၾကာသပေတးမဟုတ္ဘူးလား ဒါကအဂၤါအနာမ္ႀကီး"

"........."

အဂၤါနာမ္ေရွ႕တြက္ရပ္ၿမဲတိုင္းရပ္ေနသူေၾကာင့္စကားဆက္မေျပာဘဲ တေနရာမွာသြားရပ္ေနလိုက္သည္ ၾကည့္ရပုံ အဂၤါနံကမရီးမ်ားလား?

' အရွင္ဘုရား တပည့္ေတာ္မွာဝဋ္ေႂကြးမ်ားရွိခဲ့ရင္ ျမန္ျမန္ေၾကပါေစ ခြဲခြာျခင္းကိုတပည့္ေတာ္မခံစားနိုင္ဘူး တပည္ေတာ္ဟန့္အေပၚခ်စ္ခဲ့ပါသည္ဤမွန္ကန္ေသာသစၥာစကားေၾကာင့္ တပည့္ေတာ္ရဲ႕ဟန္ တပည့္ေတာ္စီျပန္လာပါေစ 'ဟုဆုေတာင္းလိုက္ၿပီး ရေသပ္ပါယ်လိုက်သည်

'အဆင္ေျပရဲ႕လားေမာင့္ဟန္

ခမ်ားျပန္လာမယ္မလား

ခမ်ားျပန္လာမယ္လို႔က်ဳပ္ယုံၾကည္တယ္

က်ဳပ္ေျပာခဲ့တာအနားကထြက္သြားဖို႔ေလ

ဘဝထဲကပါထြက္သြားေပးဖို႔ေျပာခဲ့တာမဟုတ္ဘူး

ခမ်ားနားလည္ေပးမယ္ထင္ပါတယ္ '

"ေထြးဦး "

"ဗ်ာ "

"ျပန္ရေအာင္ "

"ဘဘုန္းစီမဝင္ေတာ့ဘူးလား "

"ငါအဆဲမခံခ်င္ေသးဘူး "

"ဒါဆိုဘယ္သြားမလဲ အိမ္ျပန္မလား "

"ကိုေအးသာ ထန္းေတာသြားမယ္ "

ထန္းေတာထဲဝင္ၿပီး ထန္းေရပင္မေသာက္ရေသး ေရဦးကေကာင္ေတြနဲ႕ရန္ျဖစ္လို႔ ႏွစ္ေယာက္စလုံးေျခာက္ေပါက္ထဲေရာက္ေတာ့သည္

"ငါ့အကိုက ကတိတည္လိုက္တာ "

"ဘာကိုလဲ "

"မင္းမေန႕ကေျပာတယ္ေလ 'ငါသူႀကီးအိမ္ေရာက္လဲ မင္းလိုက္မလား' ဆို အခုေတာ့က်ဳပ္ပါေျခာက္ေပါက္စာမိၿပီ "

"မဝင္ခ်င္ရင္ ရန္ပြဲထဲမပါနဲ႕ေလ ငါကမင္းကိုလာပါငါ့ညီဆိုၿပီးေခၚသလား "

"ဪ~အကိုတစ္ေယာက္လုံးရန္ျဖစ္ေနတာကို ညီျဖစ္သူကရပ္ေနရေလာက္တဲ့ထိ ေစာက္အသည္းကမမာဘူး "

"မင္းအရင္ကထက္ စိတ္ဆန့္လာတယ္ အထူးသျဖင့္မရီးနဲ႕ပက္သတ္လာရင္ "

"အခုမွမဟုတ္ဘူး ငါသူနဲ႕စညားကတည္းကပဲ ငါကိုမွစကားၾကမ္းၾကမ္းေျပာဖို႔အေတာ္အားယူခဲ့ရတာ သူစိမ္းတစ္ေယာက္ကေနၿပီး ဟန္ကိုလက္လြတ္စပယ္ေျပာဆိုတာကိုနဲနဲေလးမွမခံခ်င္ဘူး "

"က်ဳပ္ေျပာျပမယ္ မင္းေယာကၤ်ားယူလိုက္ၿပီၾကားေတာ့ က်ဳပ္ေရွာ့အႀကီးႀကီးရသြားတာ တခ်ိန္တည္းမွာက်ဳပ္စဥ္းစားမိလိုက္တယ္ ငါ့အကိုလူကို ဘယ္သူကမ်ားယူလိုက္မလဲ? ငါအကိုသူ႕ကိုခ်စ္ရဲ႕လား? သူကေရာငါ့အကိုခ်စ္ရဲ႕လား? လားေပါင္းမ်ားစြာက်ဳပ္တစ္ညလုံးထိုင္ေတြးမိတဲ့ထိ "

"ဘာလို႔ "

"မင္းလိုက်ပ္မျပည့္က ဘယ္လိုခ်စ္သြားလို႔ ယူတဲ့ထိျဖစ္သြားရလဲလို႔ေပါ့ ပိုင္စိုးဦးမွာခ်စ္သူရွိတယ္လို႔တစ္ခါမွလဲမၾကားဖူးဘူး ၾကားမဲ့ၾကားေတာ့ယူပါယူလိုက္ၿပီ "

"ငါ့သတင္းကအရမ္းျမန္တာပဲ "

"ဒါေပါ့ ဦးသက္ရွိေနတာအလကားမဟုတ္ဘူး ဖားသားႀကီးကအၿမဲေစာင့္ၾကည့္ခိုင္းထားတာ "

"ငါသူ႕ကိုစေတြ႕တုန္းက ငါ့ႏွလုံးသားသူ႕ပိုင္ရွိင္ပဲဆိုတာအခ်က္ျပလာတာ "

"မင္းေျပာေတာ့ ေတာတန္းမွာတစ္ႏွစ္ေက်ာ္တယ္ဆို "

"အင္း ~ငါသူ႕ကိုမေျပာရဲဘူး သူကရည္းစားေတြအရမ္းမ်ားတာ ငါမခ်စ္ရဲဘူးဆိုလဲဟုတ္တယ္ သူျငင္းမွာလဲေၾကာက္တယ္ သူနဲ႕မတန္ဘူးလို႔လဲခံစားရတယ္ "

"က်ဳပ္ တူေလးႀကီးလာလို႔ အခ်စ္ေၾကာင္းေမးခဲ့ရင္ မင္းဒယ္ဒီကမင္းေဖေဖရဲ႕အခ်စ္ဦးလို႔ ေျပာျပမယ္ "

"ဒါေပါ့ ေသခ်ာေပါက္ကိုေျပာျပရမယ္ "

"အခ်စ္ဦးနဲ႕ညားတယ္ဆိုတာ တစ္ရာမွတစ္ေယာက္ရွိရင္ အဲဒီတစ္ေယာက္ကငါပဲျဖစ္ရမယ္ "

"အခုေလာေလာဆယ္ စားဖို႔ေသာက္ဖို႔အရင္ေတြး က်ဳပ္ဗိုက္ဆာတယ္ "

ဒီလိုႏွင့္ ည၈နာရီမွေျခာက္ေပါက္ကလြတ္ေလသည္

"ကိုႀကီး မနက္ျဖန္ဆံပင္သြားညွပ္လိုက္ ရွည္ေနၿပီ "

"မညွပ္ခ်င္ဘူး ဒီတိုင္းထားမွာ "

"မင္းကိုက်ဳပ္မနိုင္ေတာ့ဘူး "

"အစကတည္းကနိုင္လို႔လား "

အိမ္ေရွ႕ေရာက္ေတာ့ သားကေျပးထြက္လာၿပီးဖေအ၏ေျခအားလာဖက္ေတာ့သည္

"စိုးဆက္ ထမင္းစားၿပီးၿပီလား "

"စားေသးဘူး ေဖေဖကိုေစာင့္ေနတာ "

"စားလိုက္တာမဟုတ္ဘူး ေနာက္တစ္ခါေဖေဖကိုမေစာင့္နဲ႕ "

"ပိုင္စိုးဦးေရ မင္းသားေခါင္းအရမ္းမာတာ ဘူးတစ္လုံးပဲေဆာင္ေနတာဘယ္လိုမွေကြၽးလို႔မရဘူး "

"သားပဲေကြၽးလိုက္မယ္အေမ "

"ေဖေဖ"

"ေျပာ "

"စိုးဆက္ ဖိုးနဲ႕ဖြားစီမွာအိပ္မလို႔ ရတယ္မလား "

"သြားအိပ္ "

"ေရးးးးးးဒါမွဦးကြ "

"စိုးဆက္! "

"ဒယ္ဒီေခၚသလိုမေခၚရဘူးလို႔ ေျပာထားတယ္ေလ "

"ဒယ္ဒီေတာင္ေခၚေသးတာ စိုးဆက္လဲေခၚမွာေပါ့ေနာ့္ေလးေလး "

သူ႕ဘက္ကေန သူ႕ေလးေလးဘက္ကိုပါစစ္ကူကေတာင္းလိုက္ေသးတယ္

"ေဖေဖမႀကိဳက္ရင္ မလုပ္ရဘူးစိုးဆက္ "

"စိုးဆက္ကခ်စ္လို႔ကို... စိုးဆက္..စိုးဆက္ဘူး "

စိုးဆက္စိတ္မေကာင္းပါဘူး ေျပာၿပီးတာႏွင့္သူ႕အေဖအေပၚကအတင္းဆင္းကာ သူ႕အဖြားစီေျပးသြားေတာ့သည္

"ဖြား စိုးဆက္ထမင္းစားမလို႔ "

"ကိုႀကီး က်ဳပ္တူ စိတ္မေကာင္းျဖစ္သြားၿပီ "

"ထားလိုက္ေထြးဦး "

သားကဟိုဘက္ခန္းမွာအိပ္ေတာ့ သူ႕အခန္းတံခါးကိုဂ်က္ထိုးလိုက္သည္ အျဖဴေရာင္မီးအစားညအိပ္မီးဝါက်င္က်င္ေလးကိုေျပာင္းဖြင့္ၿပီး ေရးလက္စျဖစ္ေသာ စာအုပ္ကေလးကိုဖြင့္လိုက္သည္

'သီခ်င္းသံေတြၾကားရင္ မင္းကိုလြမ္းတယ္

သီခ်င္းသံၾကားမွမဟုတ္ဘဲ အခ်ိန္တိုင္းကိုလြမ္းပါတယ္

သီခ်င္းသံေတြၾကားရေတာ့

က်ဳပ္မ်က္ရည္ပါၾကရတဲ့ထိေပါ့

လူေရွ႕မွာေတာ့မငိုရဲဘူး

က်ဳပ္ကိုအပစ္ေျပာၾကေတာ့မွာသူတို႔က...

သီခ်င္းညီးသံႏွင့္တူ မင္းရဲ႕ပုံရိပ္ေလးရယ္

မင္းရဲ႕အျပဳမႈတခုခ်င္းစီရယ္

မင္းစီက ဦးလို႔ေခၚတာရယ္

သိပ္လြမ္းတယ္ ....'

'ခမ်ားျပန္လာရင္ '' ဦး ''လို႔ပဲေခၚခိုင္းမယ္

'' ေမာင္ ''ဆိုတာသေဘာက်ေပမဲ့လည္းေပါ့

ခမ်ားနဲ႕စရင္းႏွီးခဲ့တာ'' ဦး ''လို႔ေခၚသံကေနမလား

က်ဳပ္လဲခမ်ားကိုခ်စ္တဲ့အေၾကာင္းေတြေျပာခ်င္တယ္

''ေမာင့္ ''အခ်စ္ကလည္း ေမာင့္ဟန္ ဆိုၿပီးေျပာမယ္

မင္းခ်စ္တယ္ေျပာတိုင္း'' ေမာင္ ''က

မခ်စ္ဘူးဆိုတာပဲျပန္ေျပာမိေနတယ္

ဒီတခါ ခ်စ္တယ္ေျပာရင္

''ေမာင္''ကပိုေၾကာင္းေျပာမယ္ '

အခ်ိန္ေတြဟာၾကာေညာင္းလာၿပီး အလုပ္လုပ္သည့္ေနရာကိုျပန္ေရာက္ေနသလို တစ္လတစ္လျဖတ္သန္းရသည္ကလည္းၾကာလြန္းေနသလိုပင္ ဘာလိုလိုနဲ႕သၾကၤန္ပင္ေရာက္ေနၿပီမလား သားကိုေလးႏွစ္ေက်ာ္ေနၿပီ

' ဒီသၾကၤန္မွာ ေမာင္မေပ်ာ္ဘူး

အရင္ကလိုခမ်ားနဲ႕လည္ခ်င္တာ '

........................................................................

[text_hash] => 6df13858
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...