Chapter 40: 38

Array
(
[text] =>

Uni

တနေရာတွင်တော့

"အစီ ငါ့ကိုအဲနားက ဝါးလုံးရှည်တစ်ခုပေးစမ်းပါ "

"ငဟိန်း~ "

"အဲကောင်ကို ငါမေ့လောက်တဲ့ထိရိုက်ပစ်ချင်လို့ "

ဝါးလုံးရှည်မရတော့ လက်သီးကျစ်ကျစ်ဆုပ်ကာ ဝင်ထိုးတော့လည်းတစ်ယောက်မှတားဆီးခြင်းမရှိသလို အထိုးခံရသူလည်းလည်း ငြိမ်ခံနေလေသည် နောက်ဆုံးထိုးတဲ့သူကညောင်းလာမှရပ်မိပြီး အထိုးခံရသည့်ပိုင်စိုးဦး၏ မျက်နှာတစ်ခုလုံး ခရမ်းရောင်ပင်ထနေလေပြီ

ဟင့်!

'တောင်းပန်ပါတယ်ဟန်.. ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်ဟာမင်းခွင့်လွှတ်ဖို့မထိုက်တန်ဘူး '

ပိုင်စိုးဦးက အထိုးခံရသည်မြေကြီးပေါ်တွင်ပဲထိုင်ကာ သူ့လက်ကိုကြည့်၍ငိုနေတော့သည် သူကငိုလေကြည့်နေတဲ့သူကပိုထိုးချင်သလိုဖြစ်နေလေသည်

"ဘာလဲဟေ့ရောင် အခုမှငိုမနေနဲ့စောက်ကျက်သရေမရှိဘူး"

ခဏနေတော့ လောပန်းအုပ်စု ဗရုတ်သုတ်ခရောက်လာတော့သည် သူတို့မရှိတဲ့ခဏတွင်းပြောင်းလဲသွားသည်မှာလိုက်လို့ပင်မမှီ

"ဘာတွေဖြစ်ကုန်တာလဲ ဟမ်~ဆက်ဟန်ရော မင်းတို့ကောင်တွေလိုက်ရှာကြလေ "

"အဲမသာက နှင်လွှတ်လိုက်တာလေ "

ခွပ်~

"ငထွန်း!!!!!"

"ဘာလဲအကို အဲကောင်ကိုသနားရမှာလား "

"နေပါအုံးကွာ ငါလဲပါမယ်လေ "

ခွပ်~

"အနားမှာရှိတဲ့လူကိုတန်ဖိုးထားရမှန်းမသိတဲ့ကောင် မင်းသာgayမဟုတ်လို့ ဆက်ဟန်ကိုမချစ်ဘူးဆို ဘာလို့ဒီချိန်ထိကြိုးအရှည်ကြီးနဲ့ဆွဲထားသေးလဲ "

"ဟုတ်ပ ကလေးတောင်မှကြီးလို့လေးနှစ်ထဲရောက်တော့မယ် ဟေ့ရောင်.."

လောပန်းအုပ်စုလာလို့ အထိုးခံရခြင်းကလွတ်လိုက်မယ်မထင်နဲ့ ကော်လံစကိုဆွဲကာ တစ်ယောက်တစ်ခွန်းတစ်ချက်စီ အထိုးခံရသလိုသူကလဲမှားလို့သာငြိမ်ခံနေလိုက်မည်

ပိုင်စိုးဦးဆိုသည့်လူက သူ့အသားတစ်ချက်နာရင် နှစ်ချက်လောက်ပြန်လုပ်ရမှကျေနပ်တဲ့အကောင်

"မင်းမှာဦးနှောက်မရှိဘူးလား ဟမ်~အခုမင်းသားဟိုကပြန်လာရင် သူ့ဒယ်ဒီကိုရှာရင်မင်းဘယ်လိုပြောမလဲ အဖေနှင်လွှတ်လိုက်တယ်လို့လား အဖေဖောက်ပြန်လို့သားဒယ်ဒီထွက်သွားပီလို့လား စောက်ဦးနှောက်ကအလုပ်လုပ်ကြည့်လေ "

"စိတ်ရှိတိုင်းသာလုပ်သတ်ရင် မြေကြီးထဲရောက်ပီ "

"​နေစမ်းပါအုံး မင်းမှာလူအဲလောက်ရှားသလား လုပ်ချင်ရင်လည်းအကာကွယ်လေးသုံးလေ "

"ဟေ့ရောင်ကင်းကောင် မင်းအ သွားတာလား အခုနဆက်ဟန်ကိုပြောနေတဲ့အပေါက်လေးဖွင့်ကြည့် ဓား​မြှောင်နဲ့ထိုးလို့စောက်သက်ကဘယ်နားထွက်မှန်းမသိဖြစ်တော့မယ် "

"တော်ပြီ ဆက်ဟန်ကိုရှာကြ ဝေးဝေးရောက်အုံးမှာမပါဘူး"

"မရှာနဲ့လောပန်း လွှတ်လိုက်ပါ ဒီအခြေနေရောက်ဖို့ ကျုပ်အတော်လေးကို ကြိုးစားထားရတာ "

"ဘာ!!!!!! ဒီလိုမင်းဖောက်ပြန်ပြီးနှင်လွှတ်ဖို့ ကြိုးစားတာလား "

ဒီလိုအခြေတင်ဖြစ်နေတုန်း မင်းမင်းရယ် သူ့ညီနှင့်သားစိုးဆက်တို့ရောက်လာလေသည်

"ပိုင်စိုးဦး "

"ပိုင်ထွေးဦး ငါကလေးခေါ်သွားမယ်နော် "

"ဟုတ်ကိုမင်းမင်း "

တစ်ခါ မင်းမင်းက ကလေးခေါ်သွားလေသည် ပိုင်စိုးဦးမှာထိုနေရာ၌ထိုင်နေတုန်းပင်

"ပိုင်စိုးဦး ဘာတွေလုပ်နေတာလဲ ဟမ်~"

"မင်းက နယ်စပ်ရောက်နေတာမဟုတ်ဘူးလား "

"ဟုတ်တယ်လောပန်း ဟိုတနေ့က ကလောရောက်လာတာ ဒီသတင်းကြားတာနဲ့ချက်ချင်းပြေးလာတာ "

"ကျုပ်မထိုးချင်ဘူးနော် ပိုင်စိုးဦး ကျုပ်ဘဝမှာလေကျုပ်အကိုက ဘယ်လောက်ပဲဆိုးသွမ်းနေပါစေ မရီးနဲ့အခြေနေတွေဟုတ်နေလို့ ကျုပ်စိတ်တွေအေးနေရတာ အခုလို.က. ကျုပ်တစ်ခါမှမတွေးဖူးဘူး... ဟာကွာ.."

တခြားသူတွေသာ ကြိုက်သလိုပြောဆိုနေကြသော်လည်း ပိုင်စိုးဦးကငုတ်တုပ်

"မင်းမရီးမှာဖိနပ်မပါသွားဘူး ထွေးဦး"

မပြောတော့လည်းမပြောလို့ ပြောတော့လည်းစွခွက်ထိုးချင်စရာစကားလုံး ဟိုကလင်ဖောက်ပြန်လို့ဝမ်းနည်းနေပါတယ်ဆိုသူကနှင်တော့ ဖိနပ်ပင်ယူရမှန်းမသိသွားချေပြီ

"မင်း...."

"တော်ကြတော့ အကုန်လုံးကသွေးပူနေတာ သွေးအေးမှ ငါတို့ဆက်ပြောကြမယ် "

ထိုတော့မှလူစုခွဲကြသည် ပိုင်ထွေးဦးမှာ အကိုဘာကြောင့်အခုလိုလုပ်ရတာလဲ? 

တကယ်ပဲဖောက်ပြန်တာလား? အကြောင်းရှိလို့လား? ဆိုတာ သိချင်သော်ငြား အကိုလုပ်သူ၏ပုံံအရ မဖြစ်နိုင် မိန်းကလေးတယောက်ကို တကယ်လားလို့မေးရအောင်ကလည်း မဖြစ်နိုင်

မရီးကရောအခုဆိုဘယ်ရောက်လို့နေမလဲ? 

တူဖြစ်သူပိုင်စိုးဆက်ဦး၏မေးကွန်းတွေအား ဘယ်လိုဖြေရမလဲ?  တွေးရင်းခေါင်းပင်ခြောက်လာသည်

မန္တလေးဆေးရုံ

"ယဥ်ရေ "

"ရှင့် "

"အခုရောက်လာတဲ့ လူနာကိုဆရာနဲ့​သေချာလိုက်ကြည့်ပေးပါတဲ့ "

"ဟုတ်ကဲ့ပါရှင်"

သူတို့က ဆေးနှစ်က ကျောင်းသား၊ ကျောင်းသူတွေဖြစ်ပြီး တစ်ပတ်တစ်ခါလေ့ကျင့်ရေးဆင်းကြရသည် စီနီယာအမကဆော်ဩတော့ လူနာရဲ့အခန်းသို့သုတ်ခြေတင်သွားရတော့သည်

'မဟုတ်ဘူး မဟုတ်ဘူး ဘယ်လိုဖြစ်နိုင်မှာလဲ '

သူမအခန်းထဲရောက် လူနာက သူတို့၏အငယ်ဆုံးလေး

"ယဥ် လူနာကို သွေးခုန်နှုံးတချက်စမ်းပေးပါ "

"ဟိုလေဆရာ သမီးလက်တွေတုန်နေလို့ မလုပ်နိုင်ပါဘူး ဆရာတို့သာ လုပ်ပေးပါ "

"ဟိုဟာ မလုပ်ချင်လို့မဟုတ်ပါဘူးဆရာ ဒီလူနာကသမီးရဲ့သူငယ်ချင်းပါ "

နောက်တော့မှဆရာဝန်ကစစ်ဆေးတော့အချိန်တွေပင်အတော်ကြာကာ အခန်းထဲ သက်ဆိုင်ရာဆရာဝန်တွေပါရောက်လာသည် ထိုထဲတွင် OG- Doctor မြယာဘာ ပါဝင်နေလေသည်

"အမှန်ပဲဆရာ သူ့မှာကိုယ်ဝန်နဲ့ ၁၄ပတ်တောင်ရှိနေပြီ "

ကိုယ်ဝန်ဆိုသည့်အသံကြားတော့ သူမခွေ၍ပင်လဲချင်သွားသည် ခေတ်ဆက်သာဟန်လို လူတယောက်ကအဘယ်ကြောင့်အခုလို တယောက်တည်းမန္တလေးရောက်နေရသနည်း?

"ယဥ် ဆရာတို့နောက်လိုက်ခဲ့ "

ဆရာတို့အခန်းထဲရောက်တော့ တခြားဆရာကတစ်ယောက် OGဒေါက်တာကတစ်ယောက်

"သူ့မှာ ကိုယ်ဝန်နဲ့ဆိုတာသေချာရဲ့လား အမမြယာ "

"ဟုတ်တယ်ဒေါက်တာ ကလေးရဲ့ဖြစ်တည်မှုက အတော်လေးထွားနေပြီ နောက်ထပ်၄ပတ်ဆို UItrasound ရိုက်လို့ရပြီ "

"သမီးသူငယ်ချင်းရဲ့ ပုံစံကဆရာမတို့တွက်အရမ်းကို အံ့ဩဖို့ကောင်းလွန်းတယ် သူကယောင်္ကျားလေး ပြီးတော့ဗိုက်ကအမာရွတ်နဲ့ဆိုတော့ သူကဗန်ပြွန်သန္ဓေသားထည့်ဖူးသလား မဟုတ်ရင်တစ်ခုခုလား "

"သူက သဘာဝအရသားအိမ်ပါလာတာပါ အဲဒီအမာရွက်ကလည်း လွန်ခဲ့တဲ့လေးနှစ်က ပထမကလေးရဲ့အမှတ်တရထား ထားတာပါ "

"တကယ်ကြီးလား "

"ဒါဆိုသူရဲ့ သက်ဆိုင်သူတွေရော "

"သမီးမသိပါဘူးဆရာ အခုသူ့အခြေနေကစိုးရိမ်ရလားဟင် "

"နှလုံးခုန်သံသိပ်မကြိုက်ဘူး ၊ သွေးပေါင်တွေကျနေတယ် ၊ ခန္ဓာကိုယ်ကလည်းအရမ်းအားနည်းနေတယ် ၊ ပြီးတော့ခြေဖဝါးက ဒဏ်ရာအရှိန်ကြောင့် အဖျားဝင်နေတယ် အရမ်းကြီးစိတ်မပူပါနဲ့ ဆရာတို့အကောင်းဆုံးစောက်ရှောက်ပေးပါ့မယ် "

"ကျေးဇူးပါဆရာ "

လူနာအခန်းထဲသူပြန်ဝင်တော့ ကုတင်ထက်လဲလျောင်းနေသည့်အဖြူလေးက ဖြူဖျော့ဖျော့သွေးရောင်ဆိုလို့ဘယ်နေရာမှမရှိ လက်နှစ်ဖက်မှာ သွေးပုလင်းရယ်ဆေးပုလင်းရယ်ချိတ်ထားရပြီးအောက်စီဂျင်လည်းပေးထားရသည်​ ခြေဖဝါးနှစ်ဖက်မှာပတ်တီးနှစ်ခုနှင့် မြင်ရသည့်ပုံစံကဆိုးဝါးလွန်းသည် ဘာဖြစ်လို့များဒီအခြေနေထိရောက်ခဲ့သလဲ အစနပင်ဖော်မရ

မနက်တွင်သူကျောင်းမသွားနိုင်တော့ပေ ခေတ်ဆက်သာဟန်မှမနိုးသေးတာ သူမကြည့်နေတုန်းမှာပင် လက်လှုပ်လာ၌ အောက်စီဂျင်ဖြုတ်ပေးလိုက်သည်

"ခေတ် နင်သတိရလာပြီလား"

"ယဥ်လား ငါဘယ်ရောက်နေတာလဲ "

"မန္တလေးပြည့်သူ့ဆေးရုံရောက်နေတာ နင်သတိမေ့နေတာမနေ့ကတည်းက ဘယ်လိုဖြစ်တာလဲ "

"ငါမသိဘူး ငါမန္တလေးကားဂိတ်က အထွက် ငါလဲကျသွားတာပဲသိတယ် နိုးတော့ဒီရောက်နေတာပဲ "

"ထားပါ အခုနင်ကဘယ်သူနဲ့လာတာလဲ နင့်လင်ရော ဘာကိစ္စနဲ့ဒီလောက်ထိဖြစ်နေတာလဲ "

သတိမေ့နေရင်အကောင်းသား ဒီကိစ္စကြီးအစဖော်လိုက်တော့ ငိုချင်လက်တို့ဆိုသလို ယဥ်အားဖက်ကာ ငိုချမိပြီး ဖြစ်ကြောင်းကုန်စဥ်ပြောပြမိသည်

"မငိုစမ်းနဲ့ အခုချိန်မှာနင်ငိုနေလို့ မထူးတော့ဘူး နင်ကြိုးစားရမယ် နင့်သားလေးကိုပြန်ခေါ်ရမယ် ဒါပေမဲ့ငါအခုပြောတာစိတ်ခိုင်ခိုင်နဲ့နားထောင် "

"အင့် ~ဘာလဲ "

"နင့်မှာကိုယ်ဝန်ရှိနေတယ် "

မယုံသလိုပြန်ကြည့်တော့ ဟုတ်သည်ဟု ခေါင်းငြိမ့်ပြတော့ ရှိသမျှအားတွေပျောက်သွားလေသည် ဘယ်လိုတောင်ကံဆိုးလိုက်တဲ့ကလေးလဲ အခုလိုအချိန်မှရောက်လာတော့မသေချာမရေရာသည့်သူ့ဘဝထဲ မပြည့်မစုံဝင်လာရတယ်လို့

"နင်အားမလျော့နဲ့သိလား နင့်ဘက်မှာငါတို့ရှိသေးတယ် ပြီးတော့ကလေးကို ငါတို့သေချာမွေးကြတာပေါ့ နေတာကငါ့စီမှာဘဲနေ "

ဆေးရုံကဆင်းတော့ သူနေသည့်တိုက်ခန်းအသေးလေးကိုရောက်လာလေသည် သူကကိုယ်ဝန်နဲ့ဆိုပြီး မိန်းကလေးတန်မဲ့ အဝတ်အိတ်ကြီးရယ် ဆေးအိတ်ရယ် လိုအပ်တာတစ်ချို့ရယ်ကိုသူပဲဆွဲကာ ကိုးယို့ကားယားနိုင်စွာ အခန်းထဲရောက်တော့လည်းသူပဲနေရာချပေးလေသည်

"ယဥ်ရယ် ထားလိုက်ပါအဲလောက်ကတော့ငါလုပ်နိုင်တယ် "

"နေစမ်းပါ ရပ်နေတာတောင်လဲချင်နေတဲ့သူက "

သူကအဝတ်တွေသေချာစီပေးလိုက်နေပြီး ခေတ်ဆက်သာဟန်က ကုတင်အစပ်လေးတွင်ထိုင်၍ဗိုက်ကလေးကိုငုံ့ကြည့်နေသည်

"ခေတ် ဒါကဘာလဲ "

အဝတ်အိတ်ထဲ စက္ကူအိတ်လေးနှင့် စာချုပ်တစ်ခုရယ် ပိုက်ဆံက ဆယ်သိန်းအုပ်ငါးအုပ်

"ငါမသိဘူး ငါထွက်လာကတည်းကအဝတ်အိတ်သာယူလာတာ ငါမဖွင့်ကြည့်မိဘူး "

"စာချုပ်ကဘာလဲ ကွာရှင်းစာချုပ်လား "

သူသေချာယူကြည့်လိုက်တော့ သားကိုအမွေလွှဲပေးသည့်စာချုပ်ဖြစ်နေလေသည်

"သားရဲ့အ​​မွေလွှဲစာချုပ်"

"သူနင့်ကို ဘာလို့စွန့်လွှတ်လိုက်တာလဲ "

"မချစ်လို့လေ မိန်းမတစ်ယောက်အပေါ်စိတ်ယိုင်ပြီး ငါကိုနှင်လွှတ်လိုက်တာ "

"မဟုတ်သေးဘူးနော်ခေတ် နင့်လင်ကနင့်ကိုမချစ်ဘူးဆိုဒီပိုက်ဆံတွေကဘာလို့ထည့်ပေးမှာလဲ ဒီတိုင်းအဝတ်အိတ်နဲ့သွားဆိုပြီးနှင်မှာပေါ့ ပြီးတော့သားကသူ့စီမှာကျန်ခဲ့တာ တကယ်ဆိုသူက ဒီစာချုပ်ကြီးကိုယူထားမှာမဟုတ်ဘူးလား နင့်ကိုဘာလို့ထည့်ပေးလိုက်မှာလဲ "

"ငါမသိဘူး ဘာမှလာမပြောနဲ့ငါမကြားချင်ဘူး "

"အေးပါမပြောနဲ့ဆိုမပြောဘူး နင်လည်းနေ့လယ်တရေးအိပ်လိုက် တစ်ခုခုဆိုငါ့ကိုခေါ်လိုက် "

သူစကားပင်မဆုံးတဖက်လှည့်အိပ်သွားသည့် ခေတ်ဆက်သာဟန်ကို တချက်ကြည့်ကာ အပြင်ထွက်၍ သူ့လင်အားဆက်သွယ်ကြည့်ရသည်

သားဖေဖေဆိုသည့် နံပါတ် ၊ ထွေးဦး ၊ အစီ ၊ ငဟိန်း ၊ ငလုံး ၊ ဖုန်းငါးလုံး ကိုဆက်သော်ငြားတပ်ဆင်ထားခြင်းမရှိပါလို့ပဲအော်နေလေသည် တကယ်စိတ်ကမရှည်တော့ပေ...

.................

"ပိုင်စိုးဦး! !!!! အချိန်နှစ်ရက်ပေးထားတာအလကားမဟုတ်ဘူး ဘာလို့အခုတွေလုပ်နေတာလဲ "

ပေးထားသည့်အချိန်နှစ်ရက်စေ့တော့ ကျင်းသားအားလုံးစုကာ ပိုင်စိုးဦးအားမေးမြန်းခန်းဖွင့်ကြတော့သည်

"ငါနော် စိတ်ရှိတိုင်းလုပ်လိုက်ချင်တာ "

ထိုချိန် ယုန်လေးလဲရောက်လာလေသည်

"မင်းသာ ယုန်လေးနဲ့ဒီမှာနေပြီး အလုပ်လုပ်မယ်ဆိုငါတို့ထွက်မယ် မင်းလိုကောင်မျိုးနဲ့အလုပ်လုပ်ရတာရွံလို့ "

"ငဟိန်းစိတ်ထိန်းစမ်းကွာ "

"အားလုံးတော်ကြပါတော့!!!! ဘယ်ချိန်ထိအခုလိုလုပ်နေမှာလဲ ကိုပိုင်စိုးဦး ဦးလေးကိုလုပ်ခဲ့မိတာတစ်ခုတည်း အခုယုန်လေးမှာ ကာမပိုင်ရှိတဲ့လင်ကိုမြူစွယ်တဲ့ဖာတန်းသာသာက မိန်းမဖြစ်နေပြီ ကျေးဇူးပြုပြီးအဖြစ်မှန်တွေပြောပြလိုက်ပါတော့ "

"ယုန်လေး ဘာကိုပြောချင်တာလဲ "

"ဒီကိစ္စတွေဖြစ်လာဖို့ ဦးလေးတို့တောတန်းလာတုန်းကကိုပိုင်စိုးဦးယုန်လေးစီလာတယ် ယုန်လေး ဦးလေးအပေါ်မှားခဲ့တာတွေဒီနည်းနဲ့ ဆပ်လို့ရတယ်လို့ ပြောခဲ့လို့ယုန်လေးကူညီခဲ့တာ ကိုပိုင်စိုးဦးနဲ့ယုန်လေးက ဘာမှမဖြစ်ခဲ့ဘူး"

ပိုင်စိုးဦးမှာအဝေးတစ်နေရာသာစိုက်ကြည့်နေကာ ဘယ်သူဘာပြောပြော သူစိတ်မဝင်စား သူငေးနေသည့်နေရာတွေက ခေတ်ဆက်သာဟန်အမြဲတမ်းထိုင်ခဲ့သည့်နေရာလေး

"တကယ်လား တကယ်ပြောနေတာလား "

"ဟုတ်တယ်လောပန်း  "

"အကို ဒီခြောက်နှစ်အတွင်းမှာယုန်လေးကိုချစ်ပေးခဲ့တယ် ယုန်လေးဆိုးချင်လို့ တယောက်ပြီးတယောက်တွဲတယ် ဒါကို အကိုကအပြစ်မမြင်ဘူး အကိုပင်ပန်းခဲ့ရမယ်ထင်တယ် ဒါပေမဲ့အကို ကိုယ်ချစ်ရတဲ့သူကမယုံကြည်တာလောက်နာကျင်ဖို့မကောင်းဘူး ပြီးတော့ယုန်လေးက ကိုယ့်ဦးလေးရဲ့ယောင်္ကျားနဲ့ဖောက်ပြန်ရလောက်တဲ့ထိ မမိုက်သေးဘူး လမ်းခွဲမယ် ယုန်လေးကအကို့အချစ်နဲ့မတန်လို့"

"ကိုပိုင်စိုးဦး ကိုယ်ချစ်တဲ့သူကမယုံကြည်တာတောင်ဒီလောက်နာကျင်ရရင် ယုံကြည်မှုရော ၊ ဖောက်ပြန်မှုရောတစ်ခါတည်းရလိုက်တဲ့ဦးလေးက ဘယ်လောက်တောင်နာကျင်နေလိုက်မလဲ ဦးလေး ကိုပိုင်စိုးဦးအပေါ် စိတ်မနာဖို့ ယုန်လေးဆုတောင်းပေးတယ် "

"အားလုံးပဲ ယုန်လေးသွားပြီ "

စကားတွေအတော်လေးကိုလွန်သွားခဲ့သည့် ဟိန်းစိုးအောင်( ငဟိန်း)မှာ မြေပေါ်၌ထိုင်ချကာ သူမှားပြီဖြစ်ကြောင်းထပ်ခါထပ်ခါပြောနေတော့သည်

"ထွေးဦး "

"ဗျာ "

အကိုစီမှထွက်လာသည့်အမည်နာမတစ်ခုကြောင့် အလျှင်မြန်ပင်ထူးမိကာ ပြောလာမည့်စကားလုံးအားနားစွင့်မိသည်

"ဟန်က ငါ့ကိုမုန်းသွားမှာလား ငါလေဟန်ကိုအရမ်းချစ်တာ "

"ဘာလို့စွန့်လွှတ်သေးတာလဲငါ့အကိုရယ် "

"ငါအရက်သောက်ချင်တယ် ငါအမူးလွန်ပြီး ဟန့်ကိုသတိမရလောက်ဘူးထင်တယ် "

"မင်းချစ်ရင် ဘာလို့မရီးကို အခုလိုလုပ်ရတာလဲ "

ဆက်ပြောလာမည့်စကားတွေကိုတယောက်မှအသံမထွက်နားထောင်နေပြီး ငဟိန်းပင်လျှင် ပိုင်စိုးဦးကိုစိုက်ကြည့်ကာအသံတိတ်နေလေသည်

"အေးလေကွာ ဘာလို့လုပ်တာလဲ "

"ဟန်က အရက်အများကြီးသောက်တာမကြိုက်ဘူး ငါဘာလုပ်ရမလဲ ငါ့ရင်ထဲဟာတာတာနဲ့ ငါ့သူ့ကိုအရမ်းချစ်တာလို့ "

"ဆက်ဟန်ကလည်း မင်းကိုချစ်တယ်လေ "

"ချစ်လို့ပဲ အခုလိုနှစ်တွေရှည်ခဲ့တာ မင်းသိလားထွေးဦး

သူက ကျုပ်တို့သားအဖကို တစ်ဘဝလုံးနှစ်မြုပ်ထားတာ ငါမလိုချင်ဘူး

ငါနဲ့ယူလိုက်လို့သူ့ဘဝ မတိုးတက်လာဘူးလို့ သူအမျိုးတွေကြားအနှိမ်မခံစေချင်ဘူး

အခုတော့ငါဖြစ်စေချင်သလိုဖြစ်ပေမဲ့ ငါ့ရင်ဘက်ထဲကနာတယ်

ငါမနက်တိုင်းငေးကြည့်ရတဲ့မျက်နှာကလေး သူ့ရီသံ သူ့ကိုယ်ငွေ့ ငါမရတော့ဘူး

မင်းသိလားထွေးဦး ငါနှင်ထုပ်လိုက်တဲ့နေ့က ဖိနပ်မပါသွားဘူး

ငါအမြဲခိုးနမ်းရတဲ့ခြေဖဝါးနုနုကလေးက အတော်လေးကိုနာကျင်နေတော့မှာ ပြီးတော့ 'ကျုပ်အနားကထွက်သွား'ဆိုတဲ့ စကားခြောက်လုံးကို ငါ လေးနှစ်တိုင်တိုင်ပြောဖို့အတော်လေးအားယူခဲ့ရတယ်"

"ကိုကြီး "

"ကိစ္စမရှိရင်ငါ့ကိုလာမခေါ်နဲ့ ငါတယောက်တည်းနေချင်လို့ "

ဘယ်သူ့စကားကိုမှပြန်နားမထောင်ကာ တနေရာရာသွားလေသည်

"လောပန်းသားကို ပြန်ခေါ်ပေးပါ အမြဲတမ်းဒီလိုထားနိုင်မှာမှမဟုတ်တာ"

"အေးအေး "

.......

တစ်ရက် ၊ ဟန်သွားနေကြနေရာ ၊ ဟန်အပြုမူတစ်ခုချင်းစီတိုင်း မျက်လုံးမှိတ်လိုက်တိုင်း ဟန်ပုံရိပ်တွေကသူ့အားနာကျင်စေသည် ထိုသို့နာကျင်ရအောင်လည်းသူကိုယ်တိုင်လုပ်ခဲ့တာမလား

ခများထွက်သွားပြီး ပထမရက်

မင်းထွက်သွားတဲ့ဒီနေ့

ကျွန်တော်အရမ်းပျော်တယ်

မင်းရဲ့အိမ်မက်တွေတွက်

ကျွန်တော်ရင်နာခံနိုင်တယ်

ဒါမဲ့လေ တဖက်မှာကျွန်တော်မပျော်ဘူး..

ခများကိုလွမ်းတယ် ..

*ဒီအပိုင်းကတိုသွားတယ် ဘာလို့လဲဆို ခေတ်ဆက်သာဟန်ဘယ်ကိုရောက်သွားတာလဲ ၊ ပိုင်စိုးဦးကရော ဘာလို့ဆက်ဟန်ကိုနှင်ထုပ်လိုက်ရသလဲ ဆိုတာလေးပဲသိစေချင်လို့ပါ*

Please is Vote and comment

........................................................................

Zaw

တနေရာတွင်တော့


"ငဟိန်း~ "



ဟင့်!







ခွပ်~

"ငထွန်း!!!!!"



ခွပ်~













"ပိုင်စိုးဦး "


"ဟုတ်ကိုမင်းမင်း "









"မင်း...."



တကယ်ပဲဖောက်ပြန်တာလား? အကြောင်းရှိလို့လား? ဆိုတာ သိချင်သော်ငြား အကိုလုပ်သူ၏ပုံအရ မဖြစ်နိုင် မိန်းကလေးတယောက်ကို တကယ်လားလို့မေးရအောင်ကလည်း မဖြစ်နိုင်



မန္တလေးဆေးရုံ

"ယဉ်ရေ "

"ရှင့် "


"ဟုတ်ကဲ့ပါရှင်"













"ဟုတ်တယ်ဒေါက်တာ ကလေးရဲ့ဖြစ်တည်မှုက အတော်လေးထွားနေပြီ နောက်ထပ်၎ပတ်ဆို UItrasound ရိုက်လို့ရပြီ "

"သမီးသူငယ်ချင်းရဲ့ ပုံစံကဆရာမတို့တွက်အရမ်းကို အံ့ဩဖို့ကောင်းလွန်းတယ် သူကယောင်္ကျားလေး ပြီးတော့ဗိုက်ကအမာရွတ်နဲ့ဆိုတော့ သူကဗန်ပြွန်သန္ဓသေားထည့်ဖူးသလား မဟုတ်ရင်တစ်ခုခုလား "


"တကယ်ကြီးလား "




"ကျေးဇူးပါဆရာ "



"ခေတ် နင်သတိရလာပြီလား"







"အင့် ~ဘာလဲ "








"ခေတ် ဒါကဘာလဲ "













.................












"ဟုတ်တယ်လောပန်း  "





"ထွေးဦး "

"ဗျာ "

















"ကိုကြီး "




"အေးအေး "

.......








ခများကိုလွမ်းတယ် ..



........................................................................

[text_hash] => aeb9f195
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...