Array
(
[text] =>
Uni
16.10.2024 သီတင်းကျွတ်ရုံးပိတ်ရက်
ရွာထိပ်ဘုန်းကြီးကျောင်းကနေ ရွာထဲထိ ဦးအောင်မျိုးကောင်းမှုကြောင့် ရေနံဆီမီးတွေထွန်းဖို့လုပ်နေကြသည် ဝါးခြမ်းလေးတွေ တော်သင့်လေးခြမ်းပြီး m150ဗူးတွေနဲ့မီးဆီးဇာတွေလုပ်နေကြသည် လုပ်ပြီးသည်နှင့် ဒီဇယ်တွေလိုက်ဖြည့်ကြသည် သူ့ရဲ့ဦးအပါဝင်ပေါ့
ညဘက်ကြတော့ ဟန်တို့အိမ်ရှေ့ဓာတ်မီးတိုင်မှာ တရွာလုံးကဓာတ်ပုံလာရိုက်ကြသည် သူ့ရဲ့ဦးကိုတော့ ဘုန်းကြီးကျောင်းလာတာလဲမတွေ့ ဓာတ်ပုံလည်းလာမရိုက် ခဏလေးပဲအချိန်ရသည့်ဟန်က အမေခေါ်နေ၍အိမ်ပေါ်ပြန်တက်လာရသည်
ညနဲနဲနက်လာမှ သူ့သူငယ်ချင်း ကိုဟိန်းစိုးအောင် ကိုဝင်းဆန်းတို့ဓာတ်ပုံလာရိုက်ကြသည် အချိန်က၉နာရီလောက်ရှိပြီမို့ဘယ်သူမှမရှိတော့ပေ လမ်းမအလယ်မှာမုန့်အထုပ်ကြီးနဲ့အအေးဗူးတွေချပြီး စက်ဝိုင်းပုံထိုင်ကာ စားရင်းသောက်ရင်းဆယ်ဖီလ်ဆွဲရင်းပေါ့
ဟန်တို့အိမ်ရှေ့လသာပြင်က မီးပိတ်ထားသည် မှောင်ရိပ်ကြနေသည်မို့ ဦးတို့ကမမြင်ပေမဲ့ဟန်တော့ရှင်းရှင်းလင်းလင်းမြင်ရသည်မို့ ဦးရဲ့အပြုံး လှုပ်ရှားမှုအားလုံးကိုဗီဒီယိုပါရိုက်ပစ်လိုက်သည်
17.10.2024
ထို့နေ့ကဆို လျှပ်စီးလက်တာထက်မြန်သည့်နှစ်စက္ကန့်စာပုံရိပ်လေးကိုပဲ ကြည့်ပြီးကျေနပ်ခဲ့ရသည်
18.10.2024 လပြည့်နေ
"ကလိန်အောင်သွားမှာ သတ္တုမိုင်း(ခဲမိုင်း)ကလည်းပါမှာ ဘုန်းကြီးကားရယ် အငှားကားတစ်စီးရယ် လိုက်မလားအဲတာလာပြောတာ"
"လိုက်မှာပေါ့ ငါ့သားတွေဘယ်မှမသွားရဘူး ကားခဘလောက် ကားကလောက်ပါ့မလား"
"ကလေးကြီးပဲ ရွာထဲကလူကဆယ်ယောက် ခဲမိုင်းကသုံးယောက်ပဲ ၁သိန်း၂သောင်းနဲ့"
"အေးလိုက်မယ်"
အခုလာပြောသည့်လူမှာဘုန်းကြီးလက်ထောက်ကိုညီဖြစ်သည် ဟန်တို့မောင်နှမတွေက ဘုန်းကြီးမွေးစားသားတွေပင် ရွာပေါင်းဆယ်ရွာကဆိုဟန်တို့မောင်နှတွေကိုသိကြသည် အခုလည်းဘုန်းကြီးကားနဲ့သာလိုက်သည် ကံကောင်းချင်တော့
ကားမူးတက်သည့်ဟန်က ကားနောက်မှာထိုင်ပြီး ဦးနဲ့သူရဲ့ဦးလေးက ဟန်ရှေ့မှာထိုင်သည် ကားအနောက်ကပိတ်တဲ့ အပိတ်ကိုမပိတ်တော့ပဲသူတို့ကအဲမှာထိုင်တာ
တကယ်နီးနီးဆို နီးနီးကပ်ကပ်လေးပင် ဝင်သက်ထွက်သက်တောင် ထိချင်ထိအုံးမှာ စကားတော့တခွန်းမှမပြော ပြောချင်စိတ်လဲမရှိ ဘုရားပေါ်ရောက်တော့လည်း ဓာတ်ပုံတစ်ပုံရဖို့ လိုက်ခေါ်နေပေမဲ့ ပတ်ပြီးသာသွားနေသူကြောင့်ဟန်လဲရှက်လာသည် အပြန်ကြတော့ ကလိန်အောင်အမှတ်တရဖြစ် အင်္ကျီဝယ်တဲ့သူနဲ့ ကလေးပါသူတွေလည်း ပူဆာသမျှဝယ်ပေးနေကြရသည် ဟန်တော့ တန်ဖိုးမကြီးတဲ့လက်စွပ်နှစ်ကွင်းကိုဝယ်လာပြီး လက်မလေးမှာဝတ်ထားသည် အမှန်တိုင်းပြောရရင်ဟန်လက်တွေကမိန်းကလေးလက်လိုလို ရှည်ရှည်သွယ်သွယ်လေး သူများတွေကလက်ခလယ်မှာဝတ်ရင်ဟန်ကလက်မမှာဝတ်ရသည့်အဖြစ်
"ပြန်ကြမယ်တဲ့ဟေ့ လူစုကြ ရွာရောက်ရင်မိုးချုပ်သွားမယ် "
ထုံးစံတိုင်းစကားမပြောဖြစ်ပြန်ပေ
"လေးလေး မီးကားမူးလာပြီ"
"ငါတောင်မူးချင်နေပြီ အစားတွေအဝစားထားလို့နေမှာ"
"ရော့! မူးပြေသွားအောင်ဝါးလိုက်"
ဘုရားကပြန်လာတည်းကပိုင်ဦးသတိထားမိသည် အလာကနဲ့မတူ ဖြူဖြူသွယ်သွယ်လက်လေး၌နေရာယူလာသည့် လက်စွပ်လေးနှစ်ကွင်း ထိုကောင်လေးနှင့်လဲတော်တော်လေးလိုက်ဖက်လွန်းသည်
လက်ထဲကိုင်ထားသည့် ပီကေကိုထိုးပေးလာသည့်ဦး ဟန်လည်းမငြင်းပဲယူလိုက်သည်
"လက်စွပ်နဲ့ကလေးကလားကြီး"
လက်စွပ်ကို ဖြုတ်ခိုင်းပြီးသူ့လက်မှာလိုက်စွပ်နေသည် လက်မမှာထိုးထည့်တော့ လက်သည်းနားလောက်ထိပဲဝင်ပြီး နောက်ဆုံးလက်သန်းမှာလက်စွပ်လေးကအံဝင်ခွင်ကြဖြစ်သွားသည် ယူလိုက်သည်
ဟန့်ရဲ့အဓိကရည်ရွယ်ချက်လေးကအထမြောက်ပြီဖြစ်သည် ဒါပေမဲ့ ဆင်တူလက်စွပ်တွေနဲ့ဘာတွေလဲမေးတိုင်း အောက်သက်သက်နဲ့ဖြေရတုန်းပင် ဘာပတ်သက်မှုမှမရှိဘူးလို့
သီတင်းကျွတ်၏ လလေးမှာထိုတွင်ပြီးဆုံးသွားလေသည်
"အိမ်သေချာကြည့်နော် ငါသွားသာသွားရတာစိတ်မချဘူးဆက်ဟန်ရယ် နင့်အကိုလည်းငါမယုံဘူး"
ရန်ကုန်မှာ စုပေါင်းမဟာဘုံကထိန်ဝင်အစုပါထားသည်ကြောင့်ရန်ကုန်တက်ဖို့ဖြစ်လာသည် အစကဟန်လဲလိုက်ရမှာပေမဲ့ ဟန်အကိုခေတ်ဆက်စစ်ဟန်ကို စိတ်မချ၍ထားခဲ့သည် ဆိုင်တော့ပိတ်ထားရသည်
"သွားပါအမေရယ် ဟန်ကယောင်္ကျားလေး ဘယ်သူမှတက်မလုပ်ဘူး "
"တက်လုပ်မှာထက် စိတ်ပူရတယ်ဟေ့ "
အိမ်ရှေ့ကားရောက်လို့ ကားပေါ်တက်တဲ့ထိတောင်ပွစိပွစိပြောသွားသေးသည်
"ဘလိုလဲCeoကြီး သွားပြီလား "
"အင်း "
"ငါဟိုအိမ်သွားပြီ ပြန်လာရင်မုန့်ဖိုးပေးမယ်"
အမေမရှိရင် ဖြစ်ချင်းတိုင်းဖြစ်ကြတော့မည်ဆိုတာ တရွာလုံးသိသည် အကိုကဖဲဝိုင်းသွားရင် ဟန်ကတော့စောင့်ကြည့်လိုက်
သီတင်းကျွတ် အလှုမှာနောက်ဆုံးတွေ့ပြီးကတည်းကမတွေရတော့ပေ အဲဟုတ်ဘူး တွေ့တယ်စကားမပြောဖြစ်တာအခုဆို ဆိုင်ပါပိတ်ထားသည် စုံစမ်းလိုက်တော့ အကိုကဖဲဝိုင်းမှာ ညီကဘိလပ်ခုံမှာတဲ့ သူ့အမေစိတ်မချတာလဲမပြောနဲ့ နောက်ကွယ်ရောက်ရင်လုပ်ချင်ရာလုပ်တာ
တခြားသူတွေဘိလပ်ထိုးတာဘာမှမဖြစ်ပေမဲ့ ဟန်ဆိုလည်းကြားရော ဒေါသကထွက်လာသည် ဘာကြောင့်မှန်းမသိ
သူလဲဘိလပ်ထိုးပါတယ် သင်တဲ့သူကလည်းသင်ပေးတယ် မတက်တာကသူ ဟိုကောင်ရဲ့အခြေနေဘယ်လိုလဲဆိုတာသိချင်စိတ်ကြောင့် ဘိလပ်ခုံလိုက်သွားလိုက်သည် ရောက်တော့ရှိရင်းစွဲဒေါသလေးကပိုထွက်လာသည်
ကျူတံကိုတဖက်ကကိုင်ထားပြီး တဖက်က ဘီယာဘူးကိုင်ထားသည့်လက်တွေကြောင့်ပင် တချက်မော့လိုက်တိုင်းပေါ်လာသည့် လယ်ဇလုတ်သေးသေးလေးကအထက်အောက်စုံချီဆန်ချီဖြင့် ကြည့်ကောင်းသည်ဆိုပေမဲ့ တခြားသူတွေကြည့်နေသည်ကိုတော့သူမလိုချင်ပေ
"ဟန်လာစမ်း မင်းကိုယ်မင်းဘာတွေလုပ်နေလဲဆိုတာသိရဲ့လား"
"သိတယ်လေ ဘိလပ်ထိုးနေတာ"
"အဲဒါမပြောဘူး ဒါကဘာလဲ"
ဘိလပ်ထိုးရှုံးနေလို့ညစ်နေရတဲ့ထိ လာရစ်နေသည့်လူကြောင့်ဒေါသပိစိလေးထွက်လာသည် ပြီးတော့ သူယူသွားခဲ့သည့်လက်စွပ်ကို ကိုယ့်တူမကိုယ်ပေးလိုက်တာသိတော့အများကြီးထွက်ချင်လာသည်
"ယောင်္ကျားပဲခများရယ် ဘီယာသောက်တာဆန်းလို့"
"ဒါပေမဲ့ခများမသောက်ရဘူး"
"ဘာလို့လဲ ဦးမှာတားပိုင်ခွင့်ရှိလို့လား ဟိုမှာယုန်လေးကြည့်နေတယ် ကောင်းကောင်းလေးနေပြီးအမှတ်ယူစမ်းပါခများရာ"
အလှုနောက်ဆုံးနေ့ကတည်းကစ၍ နောက်ကတကောက်ကောက်လိုက်တက်တဲ့သူကအနေအေးလာပြီး အခုဆိုကိုယ့်တူမကိုလိုလိုချင်ချင်သူ့လက်ထဲထိုးထည့်ပေးနေသည် အရင်ကဦးဆိုပြီးနားငြီးအောင်ခေါ်တဲ့သူက ကင်းကောင် ပိုင်စိုးဦးတို့ပါဖြစ်လာသည်
အရင်ကစိတ်ရှုပ်ဖို့ကောင်းပေမဲ့ တခုခုလိုနေသလိုလို ရင်ထဲပဲဟာနေသလိုလို ဝမ်းပဲနည်းသလိုလို
"မင်း လာခဲ့"
ထိုဝိုင်းထဲက ဟန့်ကိုဆွဲထုတ်လာမိသည် မလိုက်ချင်လိုက်လာရသူက လက်ဝါးကျယ်ကြီးထဲရက်ကန်ရက်ကန်နဲ့ပါလာသည် ရွာလယ်ဆိုင်ရောက်တော့ ဘီယာဘူးထပ်သွားဝယ်သည့်ဟန်ကြောင့် သူမတားတော့ပဲလွှတ်ထားပေးလိုက်သည် နဂိုစူသည့်နှုတ်ခမ်းလေးမှာ ပိုစူနေပြီး ဘီယာရှိန်လေးကြောင့်ပါးပြင်ဖွေးဖွေးလေးက ပန်းရောင်လေးသန်းနေပြီ
ဘီယာဘူးဝယ်ပြီးခံ့တည်တည်ပင် သူကိုမစောင့်ပဲသူတို့အလုပ်ကျင်းထဲဆင်းချသွားသည်
"မင်းဘာဖြစ်နေတာလဲဟန်"
"ဘာမှမဖြစ်ပါဘူး တခါတလေလေး လွတ်လပ်တာကိုအသုံးချရုံလေးပဲ"
"မင်း သောက်နေတာ လေးဗူးမကတော့ဘူးဟန် "
"အမူးသောက်ချင်တယ် တစ်စုံတယောက်မေ့သွားလောက်တဲ့ထိ"
ထိုကောင်လေးစီက ကြားရတဲ့စကားတိုင်းဘာလို့သူ့ရင်ကိုနာကျင်စေပါလိမ့် !
"အဲဒီလူကကျွန်တော်လားဟန်"
"ဟက်! ကိုယ့်ကို ကိုယ်အထင်ကြီးနေတာပဲ"
"ဟန်ကယောင်္ကျားလေးလေ သေချာပေါက်ရင်သားအကြီးကြီးနဲ့မိန်းကလေးကိုပေါ့"
အရွဲ့တိုက်တက်သည့်ကောင်လေးကိုသူမေ့သွားသည်ပဲ အိမ်ကိုပြန်ချင်ပြီဆိုပေမဲ့ မူးသမားလေးကိုလည်းမထားခဲ့လို
"တော်ပြီ ခများရဲ့များနေပြီ ပြန်တော့ မကြာခင်မှောင်တော့မှာ အန္တာရယ်များတယ်"
ဦး၏အိမ်ပြန်ဖို့အကြောင်းအမျိုးမျိုးကြောင့် အိမ်ပြန်ဖို့ဖြစ်လာသည်ဒါပေမဲ့ ရွာလယ်အပျိုကြီးဆိိုင်က မရမ်းပင်အောက်ဆက်သောက်ဖို့ကျန်လိုက်သည် ဦးနေသည့်အိမ်ကအပျိုကြီးဆိုင်နဲ့တအိမ်သာခြားသည်
"ကင်းကောင် သွားစို့ညဘက်အမောပြေလေး"
အရက်သမားတွေမှန်းသိသာချက်ကညနေဘက်ရောက်ရင် တဆက်ဆက်တုန်လာသည် အဆွယ်ကောင်းမှုက သူငယ်ချင်းသုံးယောက်ချီတက်လိုက်သည် အပျိုကြီးဆိုင်သို့ ဟိုရောက်တော့ ဘဘကြီးမိုင်းကလူတွေနဲ့အုပ်စုတောင့်မှုကြောင့်ပြိုချင်နေကြပြီ
"ငဟိန်းရာ လုပ်လိုက်တော့ ကင်းကောင်အိမ်သာသွားတာ"
"ဘာလဲကင်းကောင်နောက်ယုန်လေးကိုအပါခံမလို့လား"
ယုန်လေးဆို့သည့်နာမည်ကြားသည်နှင့်သွေးတွေဟာပြောင်းပြန်ဖြစ်သွားသလိုပင် လက်ခံလိုက်သည်
"ဟိုမှာဘယ်သူလဲ ခြုံထဲကထွက်လာတာ"
"ဟာ ဆက်ဟန် "
"အေ့ ကိုဟိန်း ဟီ~ "
"ခြုံထဲဘာလုပ်နေတာ"
"ဘီယာသောက်နေတာလေ အေ့စ်"
"မင်းလမ်းတောင်မလျှောက်နိုင်တော့ဘူး ငါအိမ်လိုက်ပို့ရမလား"
"အိမ်ပြန်ဘူး ဒီအိမ်မှာအိပ်မှာ"
မူးနေတယ်ဆိုပေမဲ့ခေါင်းမထောင်နိုင်တာကလွဲရင်လူမှန်းသူမှန်းတော့သိသေးသည်
ကိုဟိန်းတို့ကိုနှုတ်ဆက်ပြီး အပျိုကြီးဆိုင်ရဲ့အိပ်ခန်းထဲဝင်အိပ်လိုက်သည်
ထိုချိန်တွင်ပိုင်ကြီးလည်းပြန်ရောက်လာပြီး ငဟိန်းရဲ့အရက်ခွက်ကိုယူသောက်လိုက်လေသည်
"ဟာ~ ကင်းကောင် စောက်ပြဿနာပဲဟေ့ "
"အရက်သောက်တာထူးဆန်းလို့လား ခါတိုင်းလဲသောက်နေကြလေ"
"မတူဘူးကင်းကောင်ရ အဲခွက်မှာဆေးထည့်ထားတယ်"
"ဆေး ဘာဆေးလဲ"
"ငဟိန်းတွက် ^းကြွဆေးဟေ့"
၁၀မိနစ်ခန့်ကြာသောအခါ"
"ကင်းကောင် မင်းဘာမှမဖြစ်ဘူးလား"
"ငါ..ငါအရမ်းပူနေပြီ ပြီးတော့ဘာဖြစ်နေမှန်းမသိဘူး"
အားး
"ဝင်းဆန်း ကင်းကောင်ကိုအခန်းထဲလိုက်ပို့ရအောင်"
"အခန်းထဲမှာ..."
"အခန်းထဲမှာဘာဖြစ်လို့လဲငဟိန်း"
"ဘာမှမဖြစ်ပါဘူး အဲကိုသွားစို့ မင်းအဲမှာပိုအဆင်ပြေလိမ့်မယ်"
ပြီးသည်နှင့် ငဟိန်းနှင့်ဝင်းဆန်းမှာ ဆက်ဟန်ရှိနေသည့်အခန်းထဲအားထည့်ပေးခဲ့လေသည် အပြင်ကနေလည်းသော့ချိတ်ခဲ့သေးသည်
"ဟေ့ရောင်ငဟိန်း မကောင်းဘူးထင်တယ်နော် "
မကောင်းလည်းမရတော့ ယုန်လေးကိုကင်းကောင်ချစ်နေမှန်းသိတော့ ယုန်လေးကိုသူမရရအောင်လိုက်တယ် ဒီနေ့ပဲအကြောင်းပြချက်တစ်ခုကြောင့်လမ်းခွဲခံလိုက်ရတယ် 'သူ့ဦးလေးကိုချစ်နေတာကို လာကြိုက်နေတာမရှက်ဘူးလားတဲ့ '
ဒါပေမဲ့ ကင်းကောင်နဲ့ဆက်ဟန်ကိုသူကိုယ်တိုင်ထိုးထည့်ပေးခဲ့တာတောင် ဘာလို့ဆက်ဟန်ကိုနှမြောနေမိလဲသူမသိပေ
တဖက်တွင်လည်း အကိုလုပ်သူမှနေရာအနှံလိုက်ရှာနေသည် စိတ်ပူလို့တော့မဟုတ်သူထောင်ထဲရောက်မှာကြောက်လို့ပင်
...................
[text_hash] => c3dbb365
)
What do you think?