Array
(
[text] =>
Uni
နိုးလာချင်း ခေါင်းတွေကိုက်ပြီး တကိုယ်လုံးလဲစေးကပ်ကပ်ကြီးနှင့် ပြီးတော့အိပ်ယာကထလိုက်သည် ညကသူလူတယောက်ကိုရင်ခွင်ထဲထည့်ထားပြီး အိပ်ပျော်သွားတယ်တဲ့ အဲဒီလူကဟန်တဲ့လေ
စောက်ကျိုးနည်းအိမ်မက်ကြီး
ဒါပေမဲ့ သူအဘေးလှည့်လိုက်ချိန် အပေါ်ပိုင်းဗလာနဲ့ အောက်ပိုင်းမှာပုဆိုးကဗရိုဗရဲ ရင်ဘက်တွေ ဗိုက်သားချပ်ချပ်တွေပုခုံးတွေမှာကိုက်ရာဗလပွနှင့် မရမ်းရောင်သန်းနေပြီဖြစ်သည့်အမှတ်သားတွေ
ဒါဆိုညက တကယ်ပေါ့ ဟန်ကရောဘယ်လိုအခန်းထဲရောက်နေတာလဲ အိမ်ပြန်သွားတာမဟုတ်ဘူးလား
အိပ်ချင်ယောင်ဆောင်နေသည့်ကောင်လေးမှာ ဘယ်လိုပုံစံနဲ့ ပြောရမှန်းမသိ၍ နေမြဲတိုင်းသာနေနေလိုက်သည်
"မင်း ဆက်အိပ်နေမယ်ဆိုဘာဖြစ်သွားမယ်ဆိုတာအာမ မခံဘူးနော်ဟန်"
ဟန့်အားမိသွားသည်ကြောင့်ဟန်လဲထလိုက်သည် ရုတ်တရင်ထထိုင်လိုက်တာကြောင့် နာကျင်သွားသည်နှင့်ယောင်ပြီးနှုတ်ခမ်းကိုက်ရလိုက်မိ၍ သွေးစလေးပင်ထွက်လာသည်
"ဘယ်လိုဖြစ်လို့ဒီအခန်းထဲရောက်နေတာလဲ"
"အဲဒါဟန်မေးရမှာမဟုတ်ဘူး ဦးကိုမေးရမှာ "
"ဟန့်ဘာသာဟန်အိပ်နေတာကို ဦးဝင်လာတာလေ "
ပိုင်ဦးလည်း ဟန့်စကားကြောင့် အရှေ့ကမှတ်တမ်းများကို ပြန်ရစ်ကြည့်မိသည်
သူ့ကို ငဟိန်းနဲ့ဝင်းဆန်းကတွဲပို့တယ် ဝင်းဆန်းကအခန်းထဲမှာလို့ပြောတာသူသိတယ် နောက်ပိုင်းသူမမှတ်မိတော့ပေ အတင်းပြန်စဥ်းစားတော့ ငြင်းဆိုနေသည့်ကောင်လေးရဲ့အသံ မိန်းမမဟုတ်ဘူးလို့ပြောတာတွေ ကိုတစ်စွန်းတစပေါ်လာသည်
"နေစမ်းပါအုံး မင်းကိုကျုပ် အိမ်ပြန်ခိုင်းတာလေဘယ်လိုဖြစ်ဒီရောက်နေတာလဲ"
"ဟန် အိမ်ပြန်ဖို့ပဲဆက်သောက်ချင်လို့ မရမ်းပင်အောက်မှာထိုင်သောက်နေတာ ပြန်လာတော့ ကိုဟိန်းတို့နဲ့တောင်တွေ့သေးတယ်"
"ဘာ ဒီမှာအိပ်တာရောသိလား"
"အင်း "
ထိုမှသူသတိရလာတော့တံခါးဖွင့်ကြည့်ရာအပြင်ကသော့ခတ်ထားလေသည်
"ဟာ~ကွာ ဒုန့်!"
စိတ်တိုပြီး တွေ့ရာဟာကိုကန်လိုက်ရာ အိပ်ခန်းထဲကရေနွေးခွက်လေးတစ်စစီဖြစ်သွားလေသည်
ချောက်!
အပြင်ကသော့ဖွင့်ပြီး တွေ့လိုက်ရသည်က ဟိန်းစိုးအောင်ရယ် ဝင်းဆန်းနဲ့ဘီလူး မျက်နှာတွေအဆီပြန်ပြီးဒေါသထွက်လွန်းလို့နဲရဲနေတဲ့ဟန့်အကို စစ်ဟန် ပြီးတော့ကိုညီနဲ့သူ့ယောက်ဖ ဆိုင်ကအပျိုကြီးနဲ့ cctvလို့ခေါ်တဲ့အဒေါ်ကြီးကတယောက် အားလုံးပေါင်းဆယ်ယောက်နီးနီးရှိသည် ဟန့်ကိုကြည့်တော့မျက်နှာကနီရဲပီး ဇီးရွက်လောက်သာရှိတော့သည်
ဟန့်အကိုကဟန့်ကိုဆွဲထုတ်သွားသည် သေချာသည်ကတော့ ရွာထဲသတင်းကပြန့်နေလောက်ပြီ ယောင်္ကျားနဲ့မိန်းမတောင်အတင်းပြောချင်ကြတာ ယောင်္ကျားအချင်းချင်းဆိုပြီးရွံစရာမျက်လုံးတွေ စကားနာတွေထိုးကြတော့မှာ တောတန်းရွာက ရွာသာငယ်တာအတင်းပြောရမယ်ဆိုစည်းလုံးသပ
ထိုထဲတွင် ဟန့်အကိုရဲ့လူတွေထပ်ရောက်လာပြီး ပွဲဖြစ်တော့သည်
"စစ်ဟန် မင်းပြောတော့မင်းညီကအသန့်ကလေးဆို"
ဟန့်ကိုအထင်သေးသည့်မျက်လုံးတွေနှင့်ကြည့်လာသူကို ဘာကြောင့်မှန်းမသိ ထိုးခွဲချင်လာသည် အခုဆိုရင်အပျိုကြီးဆိုင်ထဲမှာသူတို့အားလုံးရှိနေကြသည်
"အခုတော့ ကောင်တကောင်ရဲ့အခန်းထဲမှာတဲ့ ထွီ! ရွံစရာကောင်းတာကွာ"
"ဪ~ ခများရော ကျုပ်ညီကိုတင်းတောင့်တဲ့ခများက ပိုရွံစရာကောင်းတယ်"
အကိုလုပ်သူရယ် ဟိုအကောင်ရယ် ပိုင်ဦးရယ်နှင့် ရွာကလူတချို့ကြား ဟန့်မှာခေါင်းပင်မဖော်ရဲ
သူကိုယ်တိုင်လုပ်ခဲ့ပေမဲ့ ဟန့်ကိုဒီလိုဖြစ်အောင်ထိမရည်ရွယ်ခဲ့ပေ မနက်ကြလူကြီးတွေရယ် သူ့အကိုကိုခေါ်ပြီးတံခါးသွားဖွင့်မှာ သူ့အတွေးကလွယ်လွယ်လေးပင် ဟန့်ကိုကြည့်ပြီးသနားစိတ်ကပိုလာသည် အခုတော့သူ့အကိုကြောင့်ဒေါသပါထွက်လာသည်
ဖောင်း~!
စစ်ဟန်နှင့်ဟိုလူတွေအပြန်အလှန်ပြောဆိုရင်း အလယ်မှာဖြစ်နေသည့်ဟန့်ကိုဆွဲထိုးလာသည်
"မင်းကြောင့် ဆက်ဟန်ငါထောင်ထဲရောက်ရမှာ"
"ဟဲ့အေးအေးလူလူပြောလည်းရရဲ့သားနဲ့လက်ပါစရာလား "
"နင်ကဘာလို့ထောင်ထဲရောက်မှာ"
ကိုစစ်ဟန်မှာခေါင်းငုပ်ကြသွားပြီးဘာမှမပြောဘဲငူငူငိုင်ငိုင်ဖြင့်သာ အလယ်ကဆက်ဟန်မှာတော့လက်သီးသာဆုပ်ထားနိုင်ပြီး မျက်ရည်ပင်မထွက်နိုင်အောင်ထိသူ့အကိုစစ်ဟန်ကိုစိုက်ကြည့်နေသည်
"ခများတို့မသိသေးတဲ့အကြောင်းရာကျုပ်ပြောပြမယ် ဟောဒီကကျုပ်ရဲ့မိတ်ဆွေတစ်ဖြစ် ယောက်ဖတော်ရမဲ့သူက ကျုပ်စီမှာဖဲကြွေး၂၅၀တင်နေတယ် ဟော့!ကျုပ်တောင်းတော့ဟိုရွှေ့ဒီ့ရွေ့နဲ့ အဲဒါနဲ့နောက်ထပ်၅၀လါချေးသေးတယ် ကျုပ်ကဘယ်ယုံတော့မလဲ အပေါင်ပစ္စည်းလေးထားခိုင်းတာပေါ့ စေတနာကောင်းတဲ့ ကျုပ်ယောက်ဖကသူညီကိုယူဆိုပြီးဟောဒီက စာချုပ်လေးမှာလက်မှတ်ထိုးခဲ့တယ် စောင့်ဆိုင်းရက်ပြည့်တော့ကျုပ်ပိုင်တဲ့ပစ္စည်းလေးကိုလာသိမ်းတယ်ဆိုပါတော့ဗျာ"
အကိုစစ်ဟန်ပခုံး သသိမ်းဖက်ပြီးမျက်နှာပြောင်တိုက်ပြောလာသူကို ဟန်ထထိုးဖို့ပြင်လိုက်ပေမဲ့ လေထဲမှာတင်တန့်သွားသည် အကြောင်းကဟန်လက်ကိုဆွဲထားသည့်ဦးကြောင့်
"မင်းနဲ့မတန်ဘူး ဟန်"
ဖောင်း! ဖောင်း~
ဦးနှစ်ချက်ဆက်တက်ထိုးလိုက်တာတောင်မှ မျက်နှာပြောင်တိုက်လွန်းသည်ကဟိုလူပါလေ
"ဖဲကြွေး ဟုတ်လား ဖဲဝိုင်းကတရားဝင်ခွင့်ပြုထားတာမဟုတ်ဘူး အဲတော့ဒီစာချုပ်ကလည်းအသုံးမဝင်ဘူး "
"သိပါတယ် အပြောမစောကြပါနဲ့ စာချုပ်ကလက်မှတ်လေးကိုသေချာကြည့်ပါ"
ချထားသည့် စာချုပ်ကို ဦးရယ် ကိုညီရယ်နှင့်ကိုဟိန်းပါကြည့်လိုက်သည်
သူလည်းအဲကောင်ပြောကြောင့်စာချုပ်ကိုကြည့်လိုက်ရာမျက်ခုံးအစုံဟာအပေါ်တက်သွားရသည် အသိသက်သေနေရာမှာ အခုပေါကံမြို့နယ်မှာတာဝန်ကြနေသည့် ဗိုလ်မှုးပါ ပါဝင်နေသောကြောင့်ဖြစ်သည်
"ဆုတ်ဖြဲမယ်တော့စိတ်မကူးနဲ့နော် တကယ့်အစစ်ကျုပ်လက်ထဲမှာ ကဲပါအခုတော့သွားလိုက်အုံးမယ် တပါတ်ပြည့်ရင်ကျုပ်ပြန်လာခဲ့မယ် ကျုပ်ပြန်လာတဲ့အခါကျရင်ဟောဒီကအလှလေးကလိုက်ရမှာနော်"
ဟန့်မေးကိုမထိတစ်ထိစသွားသည့်ကြောင့်ဒေါသမိုင်ကုန်ထွက်လာသည် အခုထိဟန့်ပခုံးကိုမလွှတ်သေးသူကြောင့်သာငြိမ်နေရသည် ကြားထဲဖင်ကလည်းနာနေသေးသည်
"မိုက်လိုက်တာစစ်ဟန်ရယ် အဲလိုကောင်ရဲ့လက်ထဲမှမင်းညီကိုထိုးထဲ့ရလား"
အကိုဖြစ်သူ၏တောင်းပန်သံနှင့် ဦးရဲ့တာဝန်ယူမယ်ဆိုတဲ့အသံရယ် ပတ်ဝန်းကျင်အသံကိုလစ်လျူရှုကာ ချောင်းထဲကိုလာခဲ့သည်
"တာဝန်ယူစရာမလိုပါဘူးဦး ဟန်ကယောင်္ကျားလေးကိုယ်ဝန်မရနိုင်ဘူး"
"ဘာ ပြန်ပြောလိုက်စမ်းဆက်ဟန် ကိုယ်ဝန်မရနိုင်မှန်းကျုပ်သိတယ် ဒါပေမဲ့ မင်းရဲ့ချုပ်ချယ်လွန်းတဲ့အမေရယ် ညီမှန်းမသိတဲ့အကိုရယ် ရွှေရှိမှမျိုးတော်တဲ့မင်းစောက်မျိုးတွေရယ် ပက်ဝန်းကျင်ရယ် မင်းအရှက်နဲ့သိက္ခာတွက်ပြောနေတာဟန် နားလည်စမ်းပါခများရယ်"
ပခုံးနှစ်ဖက်ကိုင်ကာပြောနေသူကတကယ့်လေးလေးနက်နက်ပင်
အဲနေ့မှစ၍ဟန်လည်းအိမ်မပြန်တော့ပဲဦးစီမှာသာလာနေတော့သည်
ဒီ့နေ့လိုပြဿနာဖြစ်ပြီး နောက်နေ့ညနေတွင်အမေရောက်လာတော့သည် ရွာထဲကလူတွေသတင်းပေးမှုကြောင့် ဟန်တို့အဖြစ်ကလျှော်မွှေးတောင်ဟန်ဆို့သတင်းလောက်မမွှေးပေ
အိမ်ရောက်ရောက်ချင်းအထုပ်ပစ်ချကာ လှေကားရင်မှာပင် စိတ်ပျက်စွာထိုင်ချပြီး အကိုစစ်ဟန်က အိမ်ရှေ့ကွမ်းပင်အောက်မှာ ဟန်နဲ့ဦးက အိမ်ရှေ့မြက်ခင်းပြင်မှာ ဟန်တို့ဘာဆက်ဖြစ်မလဲသိချင်သည့်ရွာသားတွေက လမ်းမထက် ခြေချင်းလိမ်နေကြသည်
"အမေဟန်တို့က.."
"ရပြီးဆက်ဟန် နင်မပြောနဲ့တော့ငါအားလုံးသိပြီးပြီ "
"ဗျာ~ အမေကဘာသိတာလဲ "
"မင်းဘီယာမူးနေတာရော ကင်းကောင်ဆေးမိတာရော လုပ်တဲ့သူပါငါ့ကိုတောင်းပန်ထားပြီးပြီ"
ဟန့်အမေစကားကြောင့်ဘယ်သူ့လက်ချက်လဲဆိုတာပိုင်ဦးအတပ်သိပြီး ဟန်သာဦးနှောက်သေးသေးလေးနဲ့စဥ်းစားရကျပ်နေပုံ
"ခေတ်ဆက်စစ်ဟန် မင်းကလေအကိုကြီးအဖရာစကားတိုင်း စောက်ရှောက်မယ်ဆိုတာမရှိဘူး ငါမရှိတာနှစ်ရက်သုံးရက်အတွင်းတောင်မင်းတို့ဖြစ်ချင်သလိုဖြစ်နေကြရင် ငါသေသွားတဲ့ချိန်ကြရင် ဘယ်လိုလုပ်မလဲစစ်ဟန် "
"ဒီမှာအမေ အမေ့သားကမကြာခင်အသက်ပြည့်တော့မယ်လူကို ကလေးကြည့်သလိုကြည့်နေရမှာလား"
"ဪ~ စကားလွယ်လွယ်မပြောနဲ့စစ်ဟန် ပိုင်ဦးနဲ့မဖြစ်ရင်တောင် မင်းကောင်တွေလက်ထဲပါမှာလေ"
အမေကဗျစ်တောက်ဗျစ်တောက်ပြောပြီးကျန်ခဲ့သည်
နားငြီးမခံနိုင်သည့်ဦးကတော့ဟန်လက်ဆွဲကာထလာလိုက်သည် အခုဆိုဦးနေသည့်အိမ်မှာလိုက်နေသည်မှာနှစ်ရက်ဖြစ်ပြီ ဖြစ်သည်
"ဦး~ ဟန်ရေသွားချိုးတော့မှာနော်"
"သွားချိုးပေါ့ "
ဟန်တို့အိမ်နှင့်ဦးနေသည့်အိမ်ကချောင်းလေးခြားပြီးသည်နှင့်ပင် မျက်စောင်းထိုးလေးဖြစ်နေသည်ဒါပေမဲ့အိမ်မသွားဖြစ်ရေချိုးပြီးဦးအင်္ကျီသာယူဝတ်သည်
"နေအုံး! မင်းပုဆိုးခါးပေါ်တင်ဝတ်နော် ကြည့်မရင်တက်လုပ်ပစ်မှာ"
ဟန်ကအကျင့်တစ်ခုရှိသည် ရေချိုးရင်ပုဆိုးကိုဆီးစပ်နားမှာဝတ်ပြီးချိုးတက်တာ
ရေချိုးတာကြာနေပြီဖြစ်တာကြောင့် ပိုင်ဦးရေတွင်းမှာသွားကြည့်မိသည် ရင်အုပ်ကျယ်ကျယ်ခါးသွယ်သွယ်နှင့် ဖြူဖွေးနေသည့်အသားရေက ရွာကလို့ပြောရင်ဘယ်သူမှယုံမှာမဟုတ် အသားရေနုချက်ကလည်းနဲနဲကြမ်းကြမ်းလေးဖိရင်တောင်နီရဲတက်လာလို့ ဇိုးဇိုးဇတ်ဇတ်လုပ်တက်သည့်သူ့အကျင့်ကိုပြင့်ခဲ့ရသည် စိတ်ထဲမလုံဘဲဖြစ်လာသည်ကြောင့် အိမ်ပေါ်ကြည့်လိုက်ရာ ငုတ်တုပ်မေ့နေသည့်ငဟိန်းဆိုသည့်ကောင် ယောင်္ကျားချင်းချင်းမြွေမြင်တယ်ဆိုတာဒါပဲနေမှာ
ဟန် ကင်းကောင်ကိုရေသွားချိုးဖို့ခွင့်တောင်းသံကြားသဖြင့် သူအိမ်ပေါ်ကနေရေတွင်းဘက်မြင်သည့်နေရာကနေလှမ်းကြည့်နေမိသည် ဘလောက်ကြာသွားလဲသူမသိ ဝင်းဆန်းကပိုင်ကြီးကြည့်နေတယ်ဆိုပြီး အသိလာပေးမှထဖြစ်သည်
ယောင်္ကျားလေးကိုပန်းနဲ့မတင်စားကောင်းဘူးဆိုပေမဲ့ မင်းကပန်းလေးလိုသိပ်လှလွန်းတယ်ဟန်
သူအိမ်ပေါ်ကဆင်းလာတော့ လှေကားအရင်းမှာထိုင်စောင့်နေသည့် ပိုင်ကြီးကိုတွေ့လိုက်ရသည်
ပြီးတော့
'အလှတစ်ခုကအချစ်မဟုတ်ဘူးငဟိန်း ငါ့အပိုင်လို့မသက်မှတ်ခင်က ဖြစ်ချင်ရာဖြစ် အခုတော့ငါ့အပိုင် လာထိဖို့မကြိုးစားနဲ့' လို့နားနားကပ်ပြောလာသည့်ကင်းကောင်'
' နွေးထွေးမှုမရှိတဲ့အိမ်ထောင်ရေးကတည်မြဲမယ်ထင်လားပိုင်ကြီး တနေ့သူအလိုလိုငါ့နားရောက်လာစေရမယ်'
ဟန်ရောက်လာသည်ကြောင့်ပြောလက်စစကားကိုဖျက်ချလိုက်သည်
ဟန်လည်း ဦးထုပ်ပေးထားသည့်တီရှပ်နှင့်ဘောင်းဘီကိုကောက်စွပ်လိုက်သည် ဘောင်းဘီကဦးနဲ့ဆိုပေါင်သလုံးတွေတင်းနေသည် ဟန်နဲ့ဆို သုံးလက်မလောက်ကျယ်နေသည် ဦးနဲ့ဆိုတင်ကိုဖုံးနေသည့်တီရှပ်ကဟန်နဲ့ဆိုဒူးရောက်နေသည် ဟန်လည်းဝတ်ပြီးမှန်တင်ခုံရှေ့ထိုင်လိုက်သည် ဟန်နှုတ်ခမ်းကအမြဲခြောက်နေတက်၍အဆီပါသည့်နှုတ်ခမ်းနီကိုအမြဲလိမ်းနေရသည်
"လူကြည့်တော့ထမင်းမစားရတဲ့ရုပ်နဲ့ နှုတ်ခမ်းလေးတော့မိုက်သားကောင်မလေးတွေပဲကြိုက်မှာ ကျုပ်တော့စိတ်မဝင်စားဘူး"
"အဲနေ့က ဒီနှုတ်ခမ်းလေးမှစွဲလမ်းမိပါရဲ့လို့ပြောတာဘယ်ကောင်ပါလိမ့်"
သူနဲ့ဟိုဒင်းဟိုဟာဖြစ်သည့်နေ့ကသူပြောသည့်စကားကို အခွင့်ကြုံရင်ကြုံသလိုပြောတက်သည့်ဟန်က အရှက်ကြီးတယ်ဆိုတာနောက်နေတာနေမှာ
သူလည်းဆက်မတွေးအားသလိုဟန်လည်းပြီးတော့မှာဖြစ်သဖြင့် ရေမြန်မြန်ချိုးလိုက်သည် တော်ရတော့မယ့်ယောက်ခမကခေါ်နေလို့
"ရောက်လာကြပြီလား"
"ဟုတ်အမေ ဟန်တို့ခေါ်တဲ့ကိစ္စက"
"တပတ်ပြည့်ရင်လာခေါ်တော့မှာ မင်းတို့ရှောင်မှရမယ်"
ဟုတ်တာပဲသူမေ့နေတာ ရှောင်ရမယ်ဆိုတော့ဘယ်ကိုများသွားရမှာလဲ ဦးအလုပ်ကရှိသေးတယ်လေ
ဦးနှောက်သေးသေးလေးနဲ့အလုပ်များနေသူကြောင့် ပိုင်ဦးတချက်ရီမိသည်
"မြန်လေကောင်းလေပဲ"
အမေတို့ကတော့လေ ဦးနဲ့နှစ်ယောက်တည်းဘာတွေပြောနေမှန်းမသိပေ သူကတော့တချက်ချက်ပြုံးလိုက်တိုင်းပေါ်လာသည့်ပါးချိုင့်လေးကိုသာစိတ်ဝင်စားသည်
အမေအိမ်ကပြန်လာပြီးဦးပြောလာမလားလို့ စောင့်ကြည့်နေပေမဲ့ ပြောမလာသူကြောင့်ဟန်ကသာစကားစလိုက်သည်
"ဦး အမေကဘာပြောလိုက်တာလဲ"
ဟန်ကလည်းဦးစကားသိချင်လို့စိတ်လှုပ်ရှားနေသလို ဦးမှာလည်းချွေးစေးတွေပြန်နေသည်
"ကျုပ်တို့ခိုးပြေးရမယ်တဲ့ "
နောက်နေသည်ထင်နှင့် မျက်လုံးပေကပ်လပ်ပေကပ်လပ်လုပ်နေသူက အသဲယားဖွယ်
"ကျုပ်မနောက်ဘူးဟန် အမေကမနက်ဖြန်ကိုသွားစေချင်တာ"
"ဒါပေမဲ့ ဦးအလုပ်ရှိသေးတယ်လေ"
"အလုပ်ကဒီတနေရာတည်းရှိတာမဟုတ်ဘူးဟန် ပြီးတော့ဟိုကောင်တွေရှောင်ဖို့ဆိုဒီတနည်းပဲရှိတယ်"
"ဦးသဘောပဲလေ ဒါပေမဲ့အမေဆင်ပေးထားတဲ့ဟာတွေချွတ်ခဲ့လိုက်မယ်"
"မင်းသဘောပဲဟန် "
ဟန်ရဲ့နားနှစ်ဖက်လုံးတွင် အသဲပုံသေးသေးလေးမှာ ကျောက်အပြည့်စီထားသည့်နားကပ်လေးမှာ မိန်းမဆန်သည်ဆိုပေမဲ့ဟန်နဲ့လိုက်ဖက်လွန်းသည် ချွတ်လိုက်တော့လည်း လိုက်တာပဲ ဟန့်အမေဆင်ပေးထားသည်ကထိုနားကပ်တရံသာ သူနှင့်ဆင်တူဝတ်ခဲ့သည်လက်စွပ်လေးမှာတော့ဟန်လက်တွင်အမြဲရှိပြီး ကျန်တစ်ကွင်းက..
"ဟန်! ဒါဘာလုပ်တာလဲ"
"မလိုချင်လို့လေ ပြီးတော့တန်ဖိုးလည်းမရှိဘူး "
အခုလည်းဟန်လက်၌စွပ်ထားသည့်လက်စွပ်လေးမှာအိမ်ရှေ့မြောင်းထဲကျသွားပီ
ညတွင်စိတ်ကောက်နေသည့်ဟန်နှင့် ညချင်းသွားဖို့တွက်ဟန့်အိမ်မှာအင်္ကျီတွေသွားသယ်နေရသည်ကြောင့် နောက်ကျသွားလေသည်
"ဟေ့ရောင် ကင်းကောင်ဘာရှာနေတာလဲ"
အမှောင်ထဲဓာတ်မီးတလုံးဖြင့်ဟိုရှာဒီရှာလုပ်နေသည့်တူဖြစ်သူကို အနေနိုင်မထိုင်နိုင် မေးမိသည်ပြန်ဖြေလာသည့်အဖြေကြောင့်မေးမိတာနောင်တရသလိုလို
အိမ်ပေါ်တနေရာကငဟိန်းမှာလည်း မကျေနပ်ချက်တွေစုပုံလျက် ဖြစ်နေတော့သည်
........................................................................
[text_hash] => be3c04b2
)
What do you think?