Chapter 9: 7

Array
(
[text] =>

Uni

ပဲခူးမြို့အဝင်

"ဒီမှာခဏနားမယ် စားချင်းစားအပေါ့အပါးသွားချင်သွား"

ကားသမားမှာထိုသို့ပြော၍ ဆိုင်ထဲဝင်သွားလေသည် ဟန်နှင့်ဦးကရေအိမ်သွားလိုက်သည်

"ဆိုင်ထဲမှာစောင့်နေမယ်ဟန်"

"အင်း"

ဟန်လည်းပြီးပြန်ထွက်လာတော့လူများရင်ထောင့်ပဲရွေးထိုင်တက်သည့်ဟန်က ဦးဘယ်နေရာမှာများလဲရှာကြည့်မိသည်

ထောင့်ဆုံးဝိုင်းမှာဦးကိုတွေ့လိုက်သည်

"ကိုကိုး ချောကလက်ကိတ်  ဝိုး မိုက်တယ်ဟ"

မယုံသင်္ကာကြည့်လာသူကို ချောင်းဟန့်ကာ ဖြေလိုက်ရသည်

"မင်းကြိုက်မယ်ထင်လို့"

"ဟန်ကဘာပြောလို့ ရော့! ဦးတွက်သတိရလို့ဝယ်လာတာ"

ရွာကထွက်လာကတည်းကဆေးလိပ်ဘူးမှာ ဘီလင်းကျော်တာနဲ့ကုန်သွားလေသည် ကားသမားပေးသောက်ပေမဲ့ဟန်မူးမှာကြောက်တာရယ် တခြားသူတွေပါရှိနေတော့ဆေးလိပ်သောက်ချင်စိတ်ကို မြို့သိပ်၍လာခဲ့သည်

ဟန်ပေးတာနဲ့ကားမထွက်ခင်ထိဆက်တိုက်သောက်နေသည်မှာသုံးလိပ်ကျော်လာပြီ အဲလိုမှန်းသိလို့မဝယ်ပေးချင်တာ

"ဦးတော်ပြီလေ အဲကြောင့်မဝယ်ပေးချင်တာ"

"ကားမထွက်ခင်အထိပဲ"

မန္တလေးဆက်သွားမှာဖြစ်တာကြောင့် အောင်မင်္ဂလာအဝေးပြေးကနေစီးရမည် မန္တလေးကနေတဆင့် ဝန်းသိုဘက်ဆက်သွားရမည် အဝေးပြေးကွင်းကဟိုတယ်ရောက်ချိန်ဆိုည၇နာရီထိုးပြီ တနေ့လုံးကားစီးလာရတာကြောင့်တကိုယ်လုံးညီးစိစိဖြစ်နေသည် ဟန်အရင်ရေချိးခန်းထဲဝင်ဖို့ပြင်လိုက်သည်

အလောတကြီးဝင်ချိုးလိုက်တာကြောင့်အင်္ကျီယူဖို့မေ့ခဲ့ပြန်သည်

ရေချိုးပြီးတာနဲ့တဘက်တထည်ကိုဖြစ်သလိုပတ်ကာထွက်လာလိုက်သည်

သူအခေါက်ခေါက်အခါခါရောက်ဖူးချင်နေသည့်ရန်ကုန်ကိုသူရောက်ခဲ့ပြီ အစကတော့တယောက်တည်းနှင်မယ်လို့စိတ်ကူးလေးကရှိပြီး ရန်ကုန်မြေကျွမ်းကျင်သည့်ဟန့်ကိုအကူညီတောင်းဖို့လည်းတွေးထားလိုက်သည်

ရေချိုးခန်းတံခါးဖွင့်သံကြောင့် သူလှည့်ကြည့်လိုက်တော့ဆီးခုံစပ်နားဖြစ်သလိုပတ်ထားသည့်တဘက်တထည် သူထုပ်ပေးထားသည့်တီရှပ်ဝတ်လိုက်တော့ပေါင်တဝက်လောက်ဖုံးသွားတော့ underwear သာဝတ်ပြီးဘောင်းဘီကအိတ်ထဲဘဲပြန်ထိုးထည့်လိုက်သည်

ပေါင်ကသိမ်မသွယ်ပေမဲ့တီရှပ်အနီနဲ့မီးမှိန်မှိန်အောက်ရိုင်းဆန်နေသည်

ကြာကြာမကြည့်နိုင်ပဲရေချိုးခန်းဝင်လိုက်သည် ကိုယ့်အကောင်ကြောင်းကိုယ်သိသဖြင့်

ဟန်လည်းအဝတ်လဲပြီးမှန်ရှေ့ရပ်ကြည့်လိုက်သည် ဒီနေ့နဲ့ဆိုသုံးရက် တက်တူးကသေရာပါပေမဲ့ ဟန်နောင်တမရ

ဦးလည်းပြီးတာနဲ့ပြင်ဆင်ပြီး ညစာစားဖို့ထွက်လာလိုက်သည် စကားတော့တခွန်းမှမပြောဖြစ်ချေ

အပြန်ကျ grand royal တလုံးဝယ်လာတာဘာမှမပြော တနေ့လုံးမသောက်ရသေးတာကိုလေ

ညစာသွားစားဖို့တွက်ထိုးထည့်ထားတဲ့ဘောင်းဘီကိုကောက်ဝတ်ပြီးအပြန်ကြတော့ပြန်ချွတ်လိုက်သည် တောတန်းရွာမှာနေတုန်းကပိုင်ဦးသတိထားမိသည် မနက်ပိုင်းပုဆိုးဘယ်လိုဝတ်ထားထား ညနေသူတို့အိမ်မှာမုန့်ဝယ်သွားလို့ရှိရင်အင်္ကျီတိုရင်လည်းစကဘောင်းဘီနဲ့အိပ်ပြီးအင်္ကျီရှည်ရင်ဆိုဘောင်းဘီမဝတ်တာ မေးကြည့်တော့လွတ်လပ်လို့တဲ့လေ

"ဟန်ကျုပ်ပြောစရာရှိလို့"

အဲယားကွန်းအမြင့်ဆုံးတင်ကာအိ ပ်ဖို့ကျန်နေသူကို စကားစလိုက်သည်

"ဟို ရန်ကုန်ရောက်တုန်းရောက်ခိုက် လျှောက်လည်ကြမလားလို့ အဲဒါ"

"အင်းဟန်လဲပြောမလို့ ရန်ကုန်အနှံလျှောက်လည်းပြီးမှဆက်သွားမယ်ပြောဖို့မေ့နေတာ "

"အဲဆိုလဲဒီလိုပဲလုပ်ကြတာပေါ့ အခုမှထမင်းစားလာတာမအိပ်နဲ့အုံး "

လေဟာပြင်မှာအရက်ထွက်သောက်သည့်ဦးနောက်ကိုဟန်လဲလိုက်သွားသည် ဟန်လဲသောက်တက်တယ်ဆိုပေမဲ့မသောက် အရက်မော့ပုံဆေးလိပ်သောက်ပုံတွေကိုသာနှလုံးသားထဲမှတ်တမ်းတင်နေလိုက်သည်

"မင်းငိုနေတာလားဟန်"

"မငိုပါဘူးဦးရဲ့ မျက်ရည်ပူတွေကျနေတာ"

မျက်ရည်ပူတွေကျနေတယ်ပြောတာနဲ့ လက်ဖဝါးကြမ်းကြမ်းတွေကနဖူးထက်ရောက်လာသည်

"ကိုယ်လဲမပူပါဘူး ဆေးတော့ကြိုသောက်ထား"

"ဟာ~ ​​​သောက်ချင်ဘူး သွားပဲအိပ်တော့မယ်"

ပိုင်ဦးလည်းအရက်သောက်အရှိန်ပျက်မှာကြောင့် ဆက်မပြောပဲလွှတ်ထားလိုက်သည် ဘူးကိုလက်လေးလုံးလောက်ကျန်မှ အိပ်ယာထဲဝင်လိုက်သည် တော်တော်လည်းညနက်နေပြီလေ အလယ်ကဖက်လုံးခြားကာအိပ်နေသူကိုတချက်ကြည့်လိုက်ပြီး ကျောပေးအိပ်ဖို့ပြင်လိုက်သည်

နှစ်ရက်ဟန် နှစ်ရက် အခုတော့ရင်ထဲဟာတာတာနှင့် ပြုစားထားတဲ့စုန်းထီး

မနေနိုင်တော့တာကြောင့်အလယ်ကဖက်လုံးကုတင်အောက်ကန်ချလိုက်ပြီး ဟန်အားရင်ခွင်ထဲဆွဲသွင်းလိုက်သည် ဆွဲလိုက်တော့ရင်ခွင်ထဲအလိုက်သင့်ပါလားပြီး ပိုင်ဦးထိမိလိုက်သည်မှာအသားကိုမဟုတ်ပဲမီးကျီးခဲပမာပူကျစ်တောက်နေသည် အရက်ရှိန်ကြောင်ပူနေတာလား? သူ့ကိုယ်သူပြန်စမ်းလိုက်ရသည် သေချာတာတော့ ဟန်ဖျားနေပြီ မျက်ရည်ပူတွေကျနေတယ်ဆိုတည်းကသူဂရုစိုက်သင့်တာ ပြီးတော့ဆေးသောက်ရအရမ်းပျင်းတဲ့သူကို ပစ်ထားမိတာ

စိတ်ကလည်း အပစ်တင်ရင်းအင်္ကျီချွတ်ပြီးရေပတ်တိုက်ပေးဖို့ပြင်လိုက်သည်

ဟာ!

"ဟန်~ ဟန့်!မောင်ခေါ်နေတယ်ကြားလား"

"ဦး ရေ~"

သတိပြန်လည်လာချင်း ရေတောင်းနေသည်မို့ အသင့်ထည့်ထားသည့်ရေကိုတိုက်လိုက်သည်

"မင်းနဲ့စာရင်းရှင်းစရာရှိတယ် အခုတော့ဆေးသောက်ပြီးအိပ်တော့"

ဟန်နဲ့စကားပြောနေပေမဲ့ မျက်လုံးတွေကခန္တာကိုယ်မှာအနီရောင်ထင်နေသေးသည့်တက်တူးပေါ်မှာသာ ခေါင်းပါကိုက်နေသည်ကြောင့်အထွန့်မတက်တော့ပဲအိပ်လိုက်သည် ပြီးတော့သူပါအင်္ကျီချွတ်နေသည်ပြီးတော့ဘောင်းဘီပါ

ဖျားနေတဲ့လူကိုအပြစ်ပေးမှာတော့မဟုတ်ဘူးမလား ဟန်ထင်ရင်လွဲခဲ့တယ် ဦးပါအိပ်ချပြီးဟန့်အားရင်ခွင်ထဲထည့်လိုက်သည် သေချာပေါက်တကိုယ်လုံးနှစ်မြုံ့မတက်

"ဦး အဖျားကူးမယ်လေ"

"ဘာမှမဖြစ်ဘူးအိပ် ရွိရွစိမလုပ်နဲ့ ဟိုအကောင်ထလာမယ်"

ဟန်လည်းမလှုပ်ရဲတော့ပေ နေမကောင်းရင်းတန်းလန်းနဲ့တော့အလုပ်မခံနိုင်ဘူး

ပြွတ်~ ပြွတ်!

"မျက်လုံးမှိတ်"

နမ်းလည်းနမ်းပါးစပ်ကလည်းပြော အဖေရေအဖေ့သားနှလုံးရောဂါကပိုဆိုးလာပြီဗျ ဒုန်း ဒုန်း ဒုန်းမဟုတ်တော့ဘူး ဒိုင်း ဒိုင်း ဒိုင်းဖြစ်နေပြီ

ပြွတ် !

"မြန်မြန်နေကောင်းလာမှ ဒီနှုတ်ခမ်းကပေါက်ပေါက်ဖောက်နိုင်မှာ "

အဖေရေ တန်ဆောင်မုန်းလက ကုလားဘုရားပွဲလှည့်သလားဟင် ရင်ဘက်ထဲသံစုံတီးဝိုင်းကိုဖြစ်လို့

ပြွတ်!

"သတ္တိကောင်းလို့ ပြီးတော့မင်းနဲ့လိုက်တယ်"

ရင်ဘက် Nipple အပေါ်ကဦးရွေးပေးထားသည့်ပန်းခက်ပုံလေးကိုတယုတယနမ်းသည် ထိုးထားသည့်နေရာကအနီရောင်သန်းနေသေးသည်ကြောင့်နာသွားမှာစိုးသည့်အလား

ပြွတ်!

"ပင့်ကူကအမကြီး"

ဦးအပြောကြောင့် အိပ်ချင်လာသည့်သူပင်ထရီမိသည် ဘယ်နှယ့် ဗိုက်မှာထိုးထားတဲ့ပင့်ကူပုံကိုနမ်းလာပြီး အမကြီးတဲ့  ပင့်ကူကဖင်လေးနဲနဲကြီးတာနဲ့အမဖြစ်ရောတဲ့လားဦးရယ်

နောက်တချက်ကိုတော့ ဟန်မသိတော့ပေ

"ဒီတချက်ကမင်းတွက် အိမ်မက်လှလှမက်စေဖို့ "

တကယ်လည်းအိမ်မက်လှလှတွေမက်နေသည်မှာ အ​​ပြင်မှာပါ​​ပြုံး​နေသည်ကိုမအိပ်ပဲငေးကြည့်နေသည့် ပိုင်ဦးသေချာမြင်လိုက်သည်

................

မနက်ကဦးအရင်နိုးနေပြီး စားဖို့​သောက်ဖို့ပါဝယ်ထားသည် သူနိုးလာသည့်အချိန်ကြည့်တော့၈နာရီခွဲပြီ

"နိုးပြီလား မြန်မြန်လုပ်ကျုပ်ဗိုက်ဆာနေပြီ"

"ဗိုက်ဆာနေစားလိုက်တာမဟုတ်ဘူးဦးကလည်း "

ရေချိုးခန်းထဲပြေးဝင်ပြီးတကိုယ်ရေသန့်ရှင်းချင်ကိုခပ်မြန်မြန်လုပ်လိုက်သည်

နှစ်ယောက်တူစားနေပေမဲ့ ညကကိစ္စမေးမှာကြောင့်ခေါင်းငုံ့၍သာစားနေသည် တစုံတယောက် စိုက်ကြည့်နေတာကိုတော့လစ်လျူရှုလျက်

"ဟန် ပြောပြဖို့စီစဥ်မရှိဘူးလား "

"ဘာကိုလဲဦးရဲ့"

"မင်းသိပါဟန် ဝေ့လည်ကြောင်တိုင်ပတ်မလုပ်နဲ့"

ပြောပြအုံးဆိုသည့်အဓိပ္ပာယ်ဖြင့် စားလက်စကိုပါချကာ သူကိုကြည့်လာသည်

"အဲဒါက ဦးနဲ့မပြေးခင်နေ့ကတည်းက"

"အဲတုန်းက တနေ့လုံးကျုပ်နဲ့ရှိနေတာလေ"

"ဦးကဘဘကြီးကျင်းသွားတာ အဲမှာမထက်ကပေါကံသွားဖို့လာခေါ်တာနဲ့လိုက်သွားတယ် ဟိုရောက်တော့ သူတို့လည်းတက်တူးဝင်ထိုးတော့ဟန်ပါထိုးဖြစ်သွားတာ"

အချက်ကျလက်ကျရှင်းပြရင်း စပ်ဖြီးဖြီးဖြင့် လိုချင်တာရှိရင်သွား၃၂ချောင်းပေါ်အောင်ရီပြတက်သေးသည် တကယ့်! ကလေးကြီး

"ဘာလို့လဲဦးကမကြိုက်ဘူးလား"

"ကျုပ်မကြိုက်ဘူးလို့ပြောရင် ပြန်ဖျက်မှာမို့လို့လား ကျုပ်ပြောတာကခများအသားနာမှာစိုးလို့တားတာ အခုရောထပ်စဥ်းစားထားသေးတယ်မလား"

"အင်း"

ပိုင်စိုးဦးတို့ ကိုယ့်နှဖူးသာကိုယ် ပြန်ရိုက်ချမိသည် အရွှဲ့မေးအတည့်ဖြေသည့်သူပင်

ဘယ်နေရာမှာထိုးချင်တာဆိုပြီးအသေးစိတ်ကိုပြလိုက်သေးသည်

"စိတ်ဆိုးပါနဲ့ဦးရဲ့ "

"စိတ်ဆိုးရအောင် ကျုပ်ကကလေးမဟုတ်ဘူး"

"ဒါပေါ့ အသက်မပြည့်သေးတာလေးတစ်ခုပဲ"

"မင်းရောပြည့်ပြီမို့လို့လား"

"ဟန်အသက်ပြည့်ဖို့က၇လပဲလိုတော့တာနော် ရိုရိုသေသေဆက်ဆံမုန့်ဝယ်ကျွေးမယ်"

"အင်း ဒီလိုလာ ဟန်မောင့်ကိုကုန်းပေးဆိုပြီးတော့လား"

ဦးစကားကြောင့် သောက်နေသည့်ရေသီးသွားရသည် ဘယ်နှယ့် ကစားဖို့ပဲချောင်းနေသူကဟန်နဲ့ညားပြီးနောက်ပိုင်းအဲဒါတွေပဲတွေးနေတာနေမှာ

အောင်မင်္ဂလာအဝေး​ပြေးမှာကြောင့် မြို့ထဲသွားရတဲ့အခါဝေးလွန်းသည် ထို့ကြောင့် တာမွေနားက အကြည်တော်ဟိုတယ်သို့ပြောင်းလာလိုက်သည်

"ဦးဟန်တို့ဘုရားအရင်သွားစို့"

"မင်းသဘော"

ဟိုတယ်ရောက်တာနဲ့အထုပ်တွေချပြီး တာမွေဈေးသို့ခြေကျင်လျှောက်လာလိုက်သည် ပြီးမှဆူးလေသွားတဲ့ကားစောင့်စီးလိုက်သည် ဘုရားဖူးပြီးဘုရားပတ်ကြည့်လိုက်သည် ဗေဒင်ဟောတဲ့သူကလည်းအများအပြား  ဗေဒင်ကိုယုံကြည်ပေမဲ့ ကောင်းတာမှန်ရင်တော်မည်မကောင်းတာဆိုရင်ဟန်လက်ခံနိုင်မှာမဟုတ် အဲကနေမှတဆင့် ရွှေတဂုံစေတီသို့သွားသည်

"ဟန် "

ရွှေတဂုံခြေရင်းရောက်ဖိနပ်ချွတ်ရင်း ခြင်္သေ့နှစ်ကောင်ကြည့်ရင်းခေါ်လာသည်ကြောင့်ဟန်လဲလှည့်ကြည့်လိုက်သည်

"ခြင်္သေ့နှစ်ကောင်လုံးကဘယ်ဟာအထီးဘယ်ဟာအမလဲ"

ရယ်လိုက်ရင် အိနြေနဲ့မေးနေသူ အရှိန်ပျက်မှာကြောင့် ခပ်တည်တည်ပင်ဖြေချလိုက်သည်

"နှစ်ကောင်လုံးကဟန်တို့လိုအထီးလေး"

"အထီးကဘယ်ဟာကြည့်ပြီးပြောတာ "

"သူတို့ကိုကြည့်လိုက်လေ အောက်မှာဥဥတွေပါတယ်"

ဟန့်အဖြေကြောင့်တချို့ကခြင်္သေ့တွေကိုကြည့်လိုက်ရသလိုတချို့ကလည်းရီသွားကြသည် ဦးအပါဝင်

သိပ်လှတာပဲ နှစ်နှစ်ခြိုက်ခြိုက်ပြုံးရင်ပါးချိုင့်လေးပါပေါ်နေတာ

"မင်းကတော့လေ "

တန်ဆောင်မုန်းလလဲဖြစ်တာကြောင့် ဘုရားဖူးဧည့်သည်အများကြီးရှိသည် ရန်ကုန်မှာလိင်တူလက်ထက်တဲ့သူတွေရှိပေမဲ့သဘောမကျသူကအများပြားပင် ဘုရားပေါ်ပဲအာရုံစိုက်တက်နေသူကြောင့် ဟန်အနောက်ကခပ်ခွာခွာသာလိုက်နေလိုက်သည် သူ့ကြောင့်ဦးအပြောခံရမှာမလိုလား ဟန်အတွေးနဲ့လျှောက်လာသည်မို့ အရှေ့ကကျောပြင်တစ်ခုကိုအားရပါးရဝင်တိုက်တော့သည်

"ဘာတွေးနေတာလဲဟန် ပြီးတော့ဘာလို့အတူတူမလာတာလဲ"

အားငယ်နေသည့်မျက်ဝန်းတွေကြောင့်ပိုင်ဦးတို့သိလိုက်ပါပြီ

"တောင်းပန်ပါတယ် ဦးနဲ့ယှဥ်လျှောက်ဖို့ထိသတ္တိမရှိလို့"

ဟန်စီတဆင့်ဆင့်လာပြီး ဟန်လက်ကိုလာကိုင်သည် ဟန်ရုန်းပေမဲ့ လက်ဖဝါးကျယ်ကြောင့်လွှတ်ပေးမဲ့ပုံမပေါ်

ဟန်ရုန်းတယ်ဆိုတာ ဟန်ရှက်လို့မဟုတ်ဘူး သူတို့ကဘာတွေလဲဆိုပြီး ဦးကိုမလိုလားတဲ့အပြုမူတွေဖြစ်လာမှာစိုးလို့သာ

"ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုဘူးဟန် အပေါ်ရောက်ဖို့အင်အားတွက်မရုန်းပဲလိုက်ခဲ့ပေး"

ဟန်ဘာမှမပြောဘဲ ဦးခေါ်တဲ့အတိုင်းသာလိုက်ခဲ့သည် လက်ခံသူများကလည်းဓာတ်ပုံရိုက်သူကရိုက် ဝိုးအော်တဲ့သူကအော် တချို့ကြတော့လည်းရွံစရာဆိုပြီးပေါ်ပေါ်တင်တင်ပြောသွားကြသေးသည် ထိုသို့ပြောတိုင်း ဦးကိုလှည့်ကြည့်မိသည်ပုံမပျက်သာ

ဘုရားအတူရှိခိုးတယ် ခေါင်လောင်းအတူထိုးတယ် ရေအတူသပ္ပယ်တယ် လှုပ်ရှားမှုပုံတိုင်းကိုCamera manကအမိရရိုက်ကူးထားသေးသည်

တချို့ကဦးနဲ့အတူကြည့်ပြီးတချို့ကိုတော့ ဟန်ဝှက်ထားလိုက်သည်

"ဦးကကင်မရာထဲမှာအရမ်းချောတာပဲ"

"အပိုတွေ လူဆိုတာနဂိုရှိမှနကိုင်းထွက်တာ"

ခပ်တိုတိုဆံပင်ကိုနှဖူးပေါ်သပ်တင်လိုက်ပုံကမလိုက်ဖက်

"အိုဗာတင်းလေဖျော်နေဘန်သေး"

(အိုဗာတင်းတွေ ဖျော်နေတယ်)

"ဘာပြောတာလဲနားလည်တယ်နော်"

အနောက်ကဟန်ပြောတာကိုအရှေ့ရအောင်ကြားသွားသေးသည်

ရွှေတဂုံခြေရင်းက မုန့်ဈေးတန်းမှာမုန့်စားကြပြီးဦးကပဲဟန်အတွက်မှာပေးသည် ဟန်ကြတော့ဦးကြိုက်တာဘာတခုမှလည်းမသိဘူး

"ဟေ့! ပိုင် နင်ပိုင်မလား "

ရုပ်ရေကတော့အရမ်းကြမချောပေမဲ့ ဦးကိုလာနှုတ်ဆက်တာရင်းရင်းနှီးနှီးပင်

"နင်ကဒီမှာဘာလာလုပ်တာ သူက"

"ငါ့ယောင်္ကျား"

အံ့ဩသွားတာမဟုတ်ဘဲ အထင်သေးသွားသည့်ထိုမိန်းမက ဟန်ဘက်လှည့်လာသည်

"ပိုင်စိုးဦးက ငါ့ပိုင်ဖြစ်ရဟို့ နန့်မျိုးစွန့်ချွတ်ကွန်နမတန်ရ"

(ပိုင်စိုးဦးက ငါ့အပိုင်ဖြစ်ရမှာ နင့်လို့စောက်ခြောက်နဲ့မတန်ဘူး)

ဦးကထားဝယ်လိုနားမလည်ဘူးထင်ဟန့်ကိုထားဝယ်စကားနဲ့လာဟောက်နေတဲ့မြေခွေးမ

"အမကြီး ဦးကထားဝယ်လိုလဲနားလည်တယ်"

ဟန်ရယ်ကျဲကျဲဖြင့်ပြောလိုက်တော့ မျက်နှာပျက်သွားတဲ့အမကြီးကရယ်ဖို့ကောင်းလွန်းသည်

"ဇာတ်လမ်းကစပြီ ရွာတောင်မရောက်သေးဘူး"

"မင်းသာအားလုံးကို ခေါင်းထဲထည့်နေရင် ဘာကိစ္စမှပြီးမှမဟုတ်ဘူး"

တီးးတီလ်တီးးးး

"ဦး ရော့ဦးလေးကဖုန်းပြောချင်လို့တဲ့"

ဦးမှာဖုန်းမရှိတဲ့တွက် ဦးနဲ့ညားပြီးနောက်ပိုင်းဖုန်းမျှသုံးကြသည် ဝယ်ဖို့ပိုက်ဆံရှိပေမဲ့မဝယ်

ဟိုအရင်လခန့်တွင်

"မင်းနောက်ဆုတ်မလား မဆုတ်ဘူးလား"

အပတ်စဥ်ဓမ္မစကူးနေ့တွင် စသလိုလိုနောက်သလိုလိုပြောလာသည့်ပိုင်စိုးဦးရဲ့ဦးလေး

"မင်းကယောင်္ကျားလေး ငါဖြစ်စေချင်တာကငါ့တူကိုမိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ဖြစ်စေချင်တာ"

ဦးလေးဆိုလည်း အမေ့ညမအဒေါ်ရဲ့ယောင်္ကျားသာ တဖက်ကတွေးတော့လည်းမှန်ပါသည်

"နောက်ဆုတ်မယ် ယောင်္ကျားကတိ"

အဲနေ့ကတည်းက တက်နိုင်သလောက်ရှောင်သည် ဘယ်လောက်မှမကြာ ဘိလပ်ခုံသွားတဲ့နေ့ကတခါတည်းညားသွားခဲ့ရပြန်သည်

"ကျွန်တော်သူ့ကိုမချစ်ဘူး "

မျက်နှာစေ့စေ့ကြည့်ကာပြောလာသည့်ဦး ဘယ်ဘက်ရင်အုံကတော့နာကျင်လာသည် သူနဲ့နှစ်ယောက်တစ်ဘဝဖြစ်ပြီဆိုပြီးပျော်ခဲ့ရပေမဲ့ သူ့ဦးလေးပြောခဲ့တဲ့စကားရယ်ရှေ့ဆက်ရမဲ့ဘဝကိုတွေးရင်းရင်မောရပြန်သည်

"ဟင်း~ ဖုန်း တိရစ္ဆာန် ဥယာဥ်သွားမယ်"

အလာတုန်းကအပြုံးနဲ့အခုအပြုံးဟာအသက်မဝင်တော့ချေ ပြိုလဲမှာစိုးလို့အားတင်းရဟန်

"ဟန်မင်းဘာဖြစ်နေတာ"

"ဘာမှမဖြစ်ပါဘူးဦးရဲ့ ဒီတိုင်းပူလို့"

သူတို့ဘုရားသွားမှာဆိုပြီး တီရှပ်နဲ့ပုဆိုးကိုဝတ်လာကြသည် မျက်နှာတစ်ဝိုက်ချွေးစေးပြန်နေတာကြောင့်ပေးလိုက်သည့်အကြောင်းပြချက်ကခိုင်ခိုင်လုံလုံ

"ဒီမှာပဲဆင်းလိုက်မယ်"

"ရောက်ဖို့လိုသေးတယ်လေ"

"အင်္ကျီဆိုင်တွေ့လိုက်လို့"

တိရစ္ဆာန် ဥယာဥ်ရောက်ဖို့တော်တော်လေးလိုသေးသည် အင်္ကျီဆိုင်ကမိန်းကလေးရော ယောင်္ကျားလေးပါမို့အဆင်ပြေသည် အဝတ်ဝယ်လည်းသူရွေးပေးသည့်ဟာသာ

အမဲရောင်ပဲဝတ်များသည့်ဟန်ကိုမေးတော့ ယုံကြည်မှုရှိလို့တဲ့ အခုလည်းအမဲရောင်သာ

"ဒါလေးယူလိုက်မင်းနဲ့လိုက်တယ်"

အောက်ဘောင်းဘီကအမဲလေးဖြစ်ပြီးအပေါ်က အဖြူတစ်ခြမ်းအမဲတစ်ခြမ်း

ကတ္တီပါဖိနပ်မစီးစဖူးစီးထားသည်မို့ ကြိုးရာတွေမှာပွန်းပီးရေအိပ်ပါဖြစ်နေပြီ

"သူ့ဆိုဒ်ကွင်းထိုးလေးပြကြည့်"

"နံပါတ်ဘလောက်လဲအကို"

"၉"

ဟန်ကဘာမှမရွေး ဦးရွေးပေးနေတဲ့ဟာသာကြည့်ပြီးထိုင်ခုံမှာထိုင်နေလိုက်သည် လက်ထဲကဖုန်းလေး၏miss callမှာသုံးခါမြောက်

ဖိနပ်ကလည်းအမဲရောင် ကိုကြိုးပြားကြီးနှစ်ပြားနှင့် သူကိုယ်တိုင်လာတိုင်းသည်ကြောင့်ဆိုင်ထဲကမိန်းကလေးတွေမှာလက်သည်းတွေကိုက်ကုန်သည်

"ဟယ်လိုယုန်လေး"

"ဦးလေးလာ ကိုပိုင်စိုးဦးကိုဖုန်းတချက်ပေးပေး"

"ရော့ဦး ယုန်လေးကအပြောချင်လို့တဲ့"

ဖုန်းလွတ်လွတ်လပ်လပ်ပြောပါစေဆိုသည့်ဆန္ဒဖြင့်ရှောင်ထွက်ပေးလိုက်ပေမဲ့ လက်မောင်းဆွဲထားသူကြောင့် မရုန်းသာ

"အင်းပြော"

".............."

"ဟုတ်တယ်"

".............."

"ချစ်တယ်"

"............"

"အစကတည်းကပဲ"

"............"

"ရအောင်ယူမှာ စောင့်ကြည့်နေလိုက်"

ပိုင်ဦးဟန်ဘက်လှည့်ကြည့်တော့ ပုလဲသီနေသည့်မျက်ဝန်းတွေနဲဆီးကြိုနေသည်

"ရပြီ "

"ဟန်ဘာဖြစ်တာလဲ"

"ပိုးဝင်သွားလို့"

မျက်ဝန်းထဲဘာရှိလဲကြည့်နေတဲ့ဦးက ဘာမှမရှိမှအရှေ့ကသွားလိုက်သည် အခုမှအသစ်ချက်ချွတ်ဝယ်ထားသည့်အင်္ကျီမှာ တွန့်ကြေသွားပြီးဆိုတာကိုတော့ ပိုင်ဦးမသိလိုက်ပါချေ

"ဒီမှာလက်မှတ်ညီလေး "

ပခုံးချင်းယှဥ်လျှောက်နေပေမဲ့ခပ်ခွာခွာသာ

"ကျုပ်လက်ကိုင်ထား ပျောက်သွားရင်လိုက်မရှာနိုင်ဘူး"

အညိုရောင်သန်းနေတဲ့လက်ဖဝါးကြမ်းကြီးနဲ့ ဖြူဖြူသွယ်သွယ်လက်ဖဝါးနှစ်ခုဟာထပ်တူကြနေပြီး နှစ်လုံးသားချင်းနီးစပ်ဖို့ကျ ကပ်သီလေးလွဲနေကြသည်

တိရစ္ဆာန် ဥယာဥ်တစ်ခုလုံးပတ်ကြည့်ပြီးပါးချိုင့်လေးပေါ်အောင်ရယ်တက်တဲ့ဦးကိုသာဟန်ကသေချာလေးမှတ်ကျောက်တင်ထားသည် နောက်ဆိုမြင်ရမှာမသေချာဘူး

........................................................................

[text_hash] => 7fd7ce9a
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...