Chapter 10: 8

Array
(
[text] =>

Uni

ဟိုတယ်ပြန်ရောက်တဲ့ချိန်ဆိုညနေစောင်းနေပြီ ရေမိုးချိုးညစစားပြီးဒီတိုင်းထိုင်နေကြသည် စကားပြောချင်ပေမဲ့ဘာပြောရမှန်းမသိ ရွှေတိဂုံကပြန်လာကတည်းကတိတ်ဆိတ်နေသည့်ဟန်ကြောင့်လဲသူမနေတက် ခါတိုင်းဆိုမ​မောနိုင်မပန်းနိုင် ပေါက်ပေါက်ဖောက်နေပြီ

"လမ်းသွားလျှောက်ချင်လားဟန် "

လမ်းမီးမှိန်းပြပြရယ် ချစ်ရသူနဲ့မုန့်ဈေးတန်းရယ် တခါကဟန်လည်းစိတ်ကူးယဥ်ဖူးသည်

ဘောင်းဘီအိတ်ထဲ လက်ထည့်ပြီးသွားနေသူနှင့် လက်ပိုက်၍သွားနေသူက လမ်းမထက်ပုံဖော်ရခက်သည့်အနေထားမှာ ညချိန်မှပြန်ရသည့်အလုပ်သမားများသည်လည်း ဘက်စ်စကားပေါ်တိုးကြိတ်စွာ တခါတခါကားတန်းရှည်ကြီးကလဲပိတ်နေသေးသည်

ဟန်လွတ်လပ်ခဲ့ဖူးသည့်ဘဝကလည်း ထိုသို့တိုးကြိတ်စွာစီးခဲ့ဖူးသည်

ရုတ်တရက်နွေးသွားသည့်လက်ကြောင့် ဦးလက်လာကိုင်တယ်ဆိုတာသိလိုက်ပြီ

"ကမ္ဘာအစကိုပြေးကြမလားဟန်"

ကမ္ဘာအစဆိုတာကြောင့် နားမလည်သလိုပြန်ကြည့်လာသည် မီးမှိန်မှိန်အောက်အရယ်အပြုံးကင်းနေတဲ့ကောင်းလေးရဲ့ပါးပြင်နုနုက အမွှေးနုနုလေးတွေကိုအတိုင်းသားမြင်ရသည်

"ဪအစာစားမှလူတွေရှင်သန်ရမှာလေ မဟုတ်ရင်သေကုန်လို့ကမ္ဘာအစဖြစ်လာမလား"

သူခေါင်းငြိမ့်လိုက်တော့ တဝီဝီသွားနေသည့်ကားများကိုမျက်နှာမူလျက် ကားသွားနေတာကိုအဆင်သင့်ပြင်လိုက်သည်

လက်ကိုတင်းတင်းဆုပ်ကိုင်၍ပြေးကြသည် သွားနေသည့်ကားတန်းကိုဖြတ်ပြေးတာကြောင့် ဆဲသံတွေပလုံစီသွားသလို lgbt ဆိုတာနားလည်သည့်တချို့ကလည်း 'ဟယ်တော်' 'ဟယ်' တွေဖြစ်ကုန်သည်

တာမွေဗလီကနေ သတိပဌာန်လမ်းထိမရပ်မနားပြေးနေကြပြီး နှစ်ယောက်စလုံးလက်ကို မြဲမြံစွာဆုပ်ကိုင်ထားကြသည်

မီးမှိန်မှိန်အောက် ဖြူဖြူဖွေးဖွေးကောင်လေးကသွားတက်ကလေးပေါ်အောင်ပြုံးနေသလို နောက်တယောက်ကလည်းပါးချိုင့်တွေပေါ်နေတဲ့ထိရယ်ပြုံးနေခဲ့သည်

''ဟော~ ဟဲ! မောလိုက်တာဦးရာ"

လက်တွဲဖြုတ်ပြီးထွက်သွားတဲ့ဦးကို ဟန်မှာကြောင်အအဖြင့်သာ

"ရော့? ချွေးတွေကြီးပဲ သုတ်လိုက်"

လည်ပင်းတွေ မေးတွေနှုတ်ခမ်းတွေသုတ်လိုက်ပြီးအားမလိုအားမရဟန် ပုဝါပိုင်းလေးယူကာသုတ်ပေးလာသည်

နဖူးတစ်ဝိုက် နားထင် မျက်ခုံးတွေ လည်ပင်းနားရောက်အသက်ပါအောင့်ထားမိတော့သည် ဦးရဲ့ဝင်လေထွက်လေဟာ မေးဖျားကိုပင်လာရိုက်ခတ်တဲ့ထိနီးကပ်နေပြီ

"ဟို.. ဟာ ဟို.. ရေရေယူလာတယ်ရော့"

လွတ်လပ်တဲ့အချိန်တစ်ခုတုန်းကဒီလမ်းကိုခဏခဏလာဖူးသည် တယောက်တည်းရှိခဲ့တဲ့အချိန်တုန်းကပျော်လှပြီထင်တာ

ယောင်ယောင်ရမ်းရမ်း ဘာတွေလုပ်မိမှန်းမသိပဲ ပိုင်စိုးဦးတယောက်အခက်တွေ့နေကာပြောစရာစကားများရှာလိုက်ရသည်

"ဟိုကျုပ်ခန့်မှန်းကြည့်မယ် မင်းရန်ကုန်မှာနေတုန်းကပုံ"

"ပြောကြည့်"

"မင်းဒီလမ်းခဏခဏလာတယ် ညနေစောင်းဆို လမ်းသွားရင်နားကြပ်အမြဲတပ်ထားတယ် အိတ်ထဲမှာ ဆေးလိပ်ရယ် မီးခြစ်ရယ် အမြဲပါတယ် Vapeလည်းပါတယ် မင်းမကြိုက်တဲ့ဆိုင်ဆိုလုံးဝမဝင်ဘူး ကြိုက်ရင်လည်းပုံသေထိုင်တယ်"

"ဝိုးတော်တာ"

"မှန်သွားတာလား"

"အင်း"

"အဲဆိုဆိုင်သွားထိုင်ရအောင် "

ထိုအခါတွင်လက်ဆွဲသူမှာ သူမဟုတ်ဘဲဟန်ဖြစ်နေသည် ဆိုင်ထဲရောက်ရောက်ချင်းမှတ်မိသည်နှယ် ချက်ချင်းပြောလာပြီးပုံမှန်လားမေးပုံအရ ဟန်ထိုင်နေကျဆိုင်မှန်းသိလိုက်သည်

"ဘာလို့အခုလိုဆိုင်လဲဟန်"

"ဦးကြည့်လိုက် ဆိုင်ကြီးတွေမှာထိုင်ပြီးပကာသနတွေ လှုမှုရေးတွေ စီးပွားရေးတွေကြောင့်သာလူတိုင်းအပြုံးကိုယ်စီရှိနေတာ တကယ့်အစစ်မှန်တွေမရှိဘူးလေ ရှိလည်းရှားတယ်"

"အခုလိုဆိုင်ငယ်တွေကြတော့ ဘာပကာသနမှမပါဘူး အပျော်ရွှင်မှုအစစ်တွေရှိတဲ့နေရာဆိုလည်းဟုတ်တယ်"

ဒီဦးနှောက်သေးသေးလေးကတခါတလေထက်လွန်းသည်

"ဦး..ရော့!ဟ~ စားကောင်းတယ်"

"ငရုတ်သီးတွေအများကြီးလေမောင်"

"မစပ်ဘူး ဟန့်ကိုယုံ ဟ!"

အချဥ်ကလျှာအရသာကိုထိမိနေပြီး ဒုတ်ထိုးနှင့်အတော်လေးလိုက်ဖက်သည် ဟန်ကြိုက်တာလဲမပြောနဲ့လေ

"မင်းအမြဲတမ်းစားတာပဲလား"

"အမြဲတမ်းတော့မဟုတ်ဘူး စားချင်တဲ့အခါရယ် လမ်းကြုံရင်ကြုံသလိုဒီမှာပဲစားတာ"

ပါးစပ်ကလည်းပြောရင်းသူလည်းစားရင်းနှင့်ပင်

ပိုင်စိုးဦးမှာလည်း လက်နဲ့မထိပဲပါးစပ်အလိုလိုရောက်နေသည် တခါတလေသူ့ကိုယ်သူလည်းအံ့ဩမိသည် ဒီခေတ်ဆက်သာဟန်ကိုအလိုလိုက်ချင်နေလဲဆိုတာသူမသိ

အချစ်ဆိုသည့်အရာတကယ်ကိုဆန်းကြယ်ပါသည် သစ်ရွက်လှုပ်တိုင်းရင်ခုန်စေတဲ့အရွယ်ကနေစပြီး ရှိုက်ကြီးဖိုငယ်မိန်းမသားတိုင်းကို​ကြောင်ဖူးသည် ပါးစပ်သရမ်းဖူးသည် သူ့တွက်ဆိုတာမျိုးစဥ်းစားပေးခဲ့တာမရှိ ကိုယ်လုပ်ချင်တာကိုယ်ဖြစ်ချင်တာဘဲဦးစားပေးခဲ့သည်

အချစ်ဟာမျက်ကန်းလို့ပြောကြတာမယုံကြည် သာယာတဲ့မိသားစုဘဝလေးကိုအကြိမ်ကြိမ်စိတ်ကူးယဥ်ဖူးသည် လက်တွေ့ကြတော့မျိုးတူယောင်္ကျားတယောက်နဲ့ သာယာတဲ့မိသားစုဘဝကိုထူထောင်လို့လဲမရ သူ့အမှားကြောင့်လို့ပုံချရအောင်ကလည်း သူကိုယ်တိုင်လိုလိုလားလားတောင်းဆိုခဲ့တာ ချစ်လို့လားဆိုတဲ့မေးခွန်းမျိုးမေးရင် မဖြေတက်

သူသိတာက ဟန်ဆိုသည့်ကောင်လေးကိုမျက်နှာဖတ်ကြည့်ရတာ ဦးဆိုတာနဲ့ ဘာလိုချင်လို့လဲ တခုခုဖြစ်လို့လားဆိုသည့်အတွေးကဝင်ရောက်လာတာ အလိုလိုက်ချင်တာ ကိုယ်တခုခုလုပ်တော့မယ်ဆိုရင်တောင် သူပြောထားခဲ့တာတွေကြားပြီးတွန့်ဆုတ်သွားတက်သည် အဲဒါကိုအချစ်လို့ခေါ်သလား?

"ဦး ပြီးပြီသွားစို့"

"မင်းအဲမှာပဲနေ"

"ဘာလို့လဲ"

"မင်းဗိုက်ကကျုပ်ကိုလာထိတော့မယ်"

"အဲလောက်လဲမစားပါဘူး အချောင်းတစ်ရာတည်း"

ဗုဒ္ဓေါ...

ပိုင်စိုးဦးမှာချက်ခြင်းပင်ရင်ဘက်ကိုဖိလိုက်မိသည်

စူပုတ်ပုတ်နှင့်ပြန်လာကြရင် အသိတယောက်နဲ့တိုးတာကြောင့်စကားရပ်ပြောနေလိုက်သည် ထိုစဥ်ဦးမှာလည်း ခဏဆိုပြီးထွက်သွားတာ စကားသာပြောနေရတာ ရန်ကုန်မြေမသိတဲ့ဦးတယောက်လမ်းမှားနေမလား လမ်းပဲပျောက်နေမလားစိုးရိမ်မိပြန်သည်

"အဲဆိုသဘောမတူဘူးပေါ့"

"သိပ်ဟုတ်သပဟန်ရယ် အဲချိန်ကအချစ်တွေမွှန်နေတာလေ တားနေတာတောင်မရဘဲလင်နောက်လိုက်ပြေးတာ "

"ခွဲလို့မရတော့ဘူးပေါ့အဲဆို"

"ဘယ်ကလာငါတို့ပြေးလာတာတစ်ရပ်ကွက်ကျော်လေးတင်"

"ဟာ~ဆက်ပြောပါအုံး"

"လူရိုးလူအေးငါ့ယောင်္ကျားသာအားကိုးနေရင် အခုလောက်ဆိုကွဲပေါ့ ငါ့အမေတွေလာတော့ဒရမ်မာအပြည့်ခင်းလိုက်တာ "

"ဘယ်လိုခင်းလိုက်တာလဲ မမငယ်ရယ်"

"အမေရယ်သမီးမိုက်ကိုခွင့်လွှတ်ပါ သမီးမှာအမေ့မြေးရှိနေလို့လုပ်မိလုပ်ရာလုပ်လိုက်တာပါလို့ပြောလိုက်တာပေါ့"

"ဖြစ်မှဖြစ်ရလေ မမငယ်ရယ်"

"ရှိသေးဗိုက်ဆိုတာပူလာမှာလေ ကလေးပြတ်ကြတယ်ဆိုတာကပါသေး"

"မမငယ်တို့လုပ်လိုက်ရင်အဆန်းပဲ "

"မီးမီးယွန်းငယ်တဲ့ တစ်ငယ်ထည်းရယ်"

"ဒါနဲ့အခုနပါလာသူက "

ထိုစဥ်ဦးလည်းရောက်လာသည် လက်ထဲတွင်လည်းအထုပ်နဲ့

"ကျွန်တော်ကသူ့အမျိုးသားပါ "

"ဟယ်~ တကယ် "

အပြုံး ဟုတ်တယ် ကိုယ်နဲ့ရင်းနှီးသူဆိုရင်ပြုံးချိုနေတက်သည့်ဟန်ဆိုတဲ့ကောင်လေးရဲ့အခုအပြုံးမှာ အချစ်တွေ မြတ်နိုးမှုတွေပါဝင်နေသည်

"ရော့ဟန် မင်းအတွက်ကိုကိုးး"

"ဦးကဘယ်သွားတာ"

"မင်းတွက်နားတောင်းလေးတစ်ခုသွားလုပ်ပေးတာ အကြိုက်မတွေ့တာနဲ့ကြာနေတာ"

"ဟန်ကမရှိလည်းရတယ်လေ"

"မရပါဘူးဟန် လာစမ်းပါကွာ"

စိန်တလုံးထဲဖြစ်ပြီး နီလာလေးဖြစ်နေသည် ဟန်က အရင်နာတောင်းဝတ်ဖူးသူမို့နေရခက်တာမျိုးမရှိပေမဲ့ ရင်ထဲတော့ဖိုးသိုးဖက်သက်နဲ့ပင်

အလယ်မှာလူတယောက်လုံးထားပြီး ရိုနေသူနှစ်ယောက်ကို သရေတမျှမျှကြည့်နေရသူမှာ မီးမီးယွန်းငယ်ဆိုသည့်အမျိုးသမီးလေးပင်

ဟန်ဝယ်စရာရှိလို့ဆိုင်ထဲခဏဝင်သွားတော့ မမငယ်နှင့်ဦးကအပြင်မှာရပ်ကျန်နေခဲ့သည် အခုမှတွေ့ဖူးသူနှစ်ယောက်စကားဖောင်ဖွဲ့နေတာတော့ သိပ်မကျေနပ်

တဖက်တွင်လည်း စကားသာပြောနေပေမဲ့မျက်လုံးကကျောပြင်ကျယ်ပြီးခါးသွယ်သည့်ကောင်လေးစီးမှာပင်

"ဟန်ကချစ်ရသူနဲ့ပတ်သက်ရင် အရမ်းကလေးဆန်တယ် စိတ်လဲအရမ်းကြီးတယ် "

"မင်းသီးခံနိုင်မလား ပြီးတော့ငါကြည့်ရသလောက်မင်းသူ့ကိုမချစ်ဘူးမလား"

"ဟုတ်တယ်မချစ်ဘူး အချစ်ဆိုတာလည်းကျွန်တော်မသိဘူး ကျွန်တော်သိတာက သူရဲ့အရာရာဖြစ်ချင်တယ် ဆုံးရှုံးရမှာကြောက်လို့ မရရအောင်ယူခဲ့တာ အဲဒါကြောင့်အချစ်ဆိုတာကျွန်တော်သေချာမသိဘူး "

"မင်းကိုယ့်ကိုကိုယ့်ပြန်မေးကြည့် ရင်ဘက်ကြီးနဲ့ခံစား မင်းတွက်အဖြေကောင်းကောင်းရလိမ့်မယ် တို့သွားပြီ ဟန်ကိုနှုတ်ဆက်တယ်ပြောလိုက်"

ပိုင်စိုးဦးနားထဲအထပ်ထပ်ကြားနေသည်မှာ 'ကိုယ့်ကိုကိုယ်ပြန်မေး ရင်ဘက်ကြီးနဲ့ခံစား ' ဆိုတာပင်

"ဦး မမငယ်ရော"

"ပြန်ပြီ မင်းကိုတောင်နှုတ်ဆက်တယ်လို့ပြောပေးတဲ့ "

ဟွန့်! သူတို့ပြောတာအများကြီးလေ

"ရှိသေးတယ် မင်းကတခါတလေအရမ်းဆိုးတယ် ကလေးလေးလိုဘဲတဲ့"

"အဲလောက်လဲမဟုတ်ပါဘူး"

"ဆိုးတယ်ဆိုတာတော့ဝန်ခံတယ်ပေါ့ "

"အင်း"

"ဟ! ဟားးမင်းကတော့လေ "

အလာတုန်းကနဲ့မတူဘဲ ပခုံးချင်ယှဥ်လျှောက်ပြီး ခြေလှမ်းပုံမှန်လေးသာ

"အပြင်မှာနေချင်သေးလားဟန် ဒါမှမဟုတ်ပြန်မလား"

"နေချင်သေးတယ် "

မြန်မာစံတော်ချိန်ကား ၁၀နါရီရှိပြီ ဆိုင်တော်တော်များများက ပိတ်သွားကြပြီဖြစ်ပြီး ဖွင့်ထားသည့်ဆိုင်များကလည်း ဘားတွေအရက်ဆိုင်တွေဖြစ်သည်

တာမွေOrangeနဲ့ အကြည်တော်ဟိုတယ်ကဘေးကပ်ရပ်ဖြစ်သည် ဟန် orangeရှေ့ပလက်ဖောင်းပေါ်ထိုင်လိုက်တော့ သူ့ဘေးနားလာထိုင်သူဦး

"မင်းဒီမှာတယောက်တည်းနေခဲ့တုန်းကမပျင်းဘူးလားဟန်"

"ဟင့်အင့်! အရမ်းပျော်တယ်"

"ဘာလို့တယောက်တည်းနေဖို့ရွေးချယ်တာလဲ"

"ဟန်ကအပေါင်းသင်းမက်တယ် ပိုက်ဆံရှိတုန်းကကြတော့ပေါသောပြီး မရှိတော့တဲ့အခါကြတော့ဘယ်သူမှမခေါ်ချင်မပြောချင်ကြဘူး ပတ်ဝန်းကျင်ကရောဘဲ ပြီးတော့ဟန့်ကိုဘယ်သူမှမချစ်ဘူး ချစ်တဲ့သူတွေကြတော့ဆုံးရှုံးရတာကြီးပဲ အဲကြောင့်ဒီလိုတိတ်တဆိတ်နေဖို့ရွေးချယ်ခဲ့တာ တယောက်တည်းနေတာက ထိန်းချုပ်မဲ့သူမရှိဘူး လွတ်လွတ်လပ်လပ်နေလို့ရတယ် ကိုယ့်ပုံစံတိုင်းနေလို့ရတယ်"

"မင်းကလူတမျိုးပဲဟန် ပြန်စို့နောက်ကျနေပြီ"

ဟိုတယ်ရောက်တော့အင်္ကျီအသစ်လဲလိုက်ရသည် ချွေးနံ့နဲ့ဖုန်နဲ့ ရာသီဥတုကနဲနဲအေးလာပြီဖြစ်တာကြောင့် ရေမချိုးနိုင်ခြေလက်ဆေးပြီးအိပ်ယာထဲဝင်လိုက်သည် အိပ်ယာနိမ့်ကျသွားပုံအရသူပါ လာအိပ်ပြီဆိုတာသိလိုက်သည်

ဘေးတစောင်း သူ့အသက်ရှုသံဟာ ဟန်ပါးပြင်ကိုလာရိုက်ခတ်နေပြီ

"ဟန် "

စိတ်ဆိုးတိုင်း ဖြေး​ဖြေးအေးအေးနဲ့ဟန်လို့ခေါ်လိုက်ရင် အားလုံးကိုပင်အရည်ပျော်ချင်သွားသည်

ဟန်လှည့်ကြည့်လိုက်တော့ ပါးချိုင့်တွေပေါ်တဲ့ထိပြုံးနေခဲ့သည်

"ကိုင်ကြည့်ချင်လား"

"အင်း "

ဟန်လက်ကိုကိုင်ပြီးပါးပြင်ပေါ်တင်ပေးသည် ဟန်ဘာလို့လဲမသိ ဦးရဲ့ပါးချိုင့်တွင်းလေးထဲလက်ထိုးရတာသဘောကျနေမိသည်

အရမ်းသဘောကျနေလားဟန် မင်းပျော်နေတာမြင်တော့ကျုပ်လဲပျော်နေသလိုပဲ ပိုင်စိုးဦးလဲဟန်ပါးပြင်နုနုကိုကိုင်လိုက်သည် ပါးသိပ်မဖောင်းပေမဲ့ပျော့ပျော့အိအိလေး သူကိုင်တာကြမ်းရင်နာသွားမှာစိုးလို့ဖွဖွလေးသာ ပေါ်နေသည့်ပါးချိုင့်လေးကိုထိကြည့်လိုက်နှင့်တပြိုက်နက်ရင်ခုန်သံဟာဒုန်း ဒုန်းဒိုင်း ဒိုင်း

ပြွတ်!

အွန်း~

"ဥ..အွန်းး"

ဦးလို့ခေါ်တာတောင်အပြည့်အဝခေါ်ခွင့်မပေး အပေါ်အလွှာတလှည့် အောက်အလွှာတခါ ခပ်နွေးနွေးဝင်လာသည့်လျှာ လျှာတစ်ခုလုံးရစ်ပတ်ပြီး အသံပလန်တွေပင်ထွက်နေသည် ဒီလိုသာအပေါ်အောက်နှုတ်ခမ်းအလွှာကိုသာနမ်းနေရင် ဒီထပ်ပိုထော်လာတော့မှာ

ပြွတ်!

ဦးလွှတ်ပေးမှ အသက်ဝဝရှုရသည်ကြောင့် ရင်အစုံကနိမ့်ချည်မြင့်ချည်

"အိပ်တော့"

"ခဏလေး "

"ဘာလုပ်အုံးမှာ"

ပြွတ်!

စကားပြောလိုက်တိုင်း အပေါ်အောက်ပြေးလွှားနေသည့်လည်စလုတ်သို့ အနမ်းတချက်

"မင်းကတော့လေ"

ဒီလောက်ဆိုရပြီ

ဟန်ဦးအပေါ်ဆိုးမယ် ဦးစီက'မင်းကတော့လေ' ဆိုတာကြားချင်လို့

[text_hash] => 091395b5
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...