Chapter 11: 9

Array
(
[text] =>

Uni

လည်လို့ပြီးပြီမို့မန္တလေးတက်ဖို့လုပ်ရတော့သည် အောင်မင်္ဂလာအဝေးပြေးကနေစီးရသည် အစာဝနေအောင်စားထားတာမို့ကားသိပ်မမူး

"ဦး~ ဦးရဲ့အဖေနဲ့အမေကလက်ခံပါ့မလား"

ဦးလေးပြောပုံအရ အဖေကဒေါသအရမ်းထွက်နေတယ်တဲ့

"မီးစင်ကြည့်ကရတာပေါ့"

"မင်းစိတ်မပူပါနဲ့ ဘာဘဲဖြစ်လာ ဖြစ်လာမင်းရဲ့ရှေ့မှာကျုပ်ရှိတယ်မှတ်ထား"

အင်း~ ပြိုလဲချင်တာတောင်ဦးကဂရုစိုက်သေးတယ်ဆိုပြီးဟန်အားတင်းထားရတယ် ရှေ့ဆက်ရမှာကအများကြီးဟန်တော်တော်လေးလေ့ကျင့်ရအုံးမှာဘဲ

"ကြားလို့မှမကောင်းကွာ ယောင်္ကျားအချင်းချင်းတဲ့ ရှက်လိုက်တာငါ့မျက်နှာငါဓားနဲ့သာမွှန်းချင်တယ်"

"တော်~ ဓားယူမလားကျမယူပေးမယ်"

"မင်းငါ့ကိုလာမရွှဲ့နဲ့ခင်မေဦး "

"ဘယ်နှယ့်ကွာ မိန်းမတယောက်ဆိုငါလက်ခံနိုင်သေးတယ်  ဟိုကောင်ရဲ့မိဘကရောလွှတ်လိုက်တာဘဲလား"

"ဒီမှာရှင်က ရှင့်ညမယောင်္ကျားပြောတာယုံနေတာလား"

"အဲကောင်လေးကြောင်း ကျမစုံစမ်းပြီးသား  ရှင့်သားကစော်ကားတာတဲ့ တဖက်ကောင်လေးကတာဝန်ယူစရာမလိုပါဘူးဆိုတာကို ရှင့်သားယူတာလေ "

"စဥ်းစားဉာဏ်မရှိတဲ့နွား"

ဝက်ဖုံဆိုသည့်ရွာငယ်လေးမှာ ဦးပိုင်စိုး ဒေါ်ခင်မေဦးနှင့်သားနှစ်ယောက်ရှိသည် ဦးပိုင်စိုးကစည်းကမ်းလည်းကြီးသလို အချစ်ဖော်ပြတာလွဲလို့ သားနှစ်ယောက်ရဲ့ချစ်ခြင်းကိုမရပေ လုပ်ချင်တာလုပ်သည့်သားနှစ်ယောက်ကိုပိုင်ဆိုင်ထားရသည်

"အဲဆိုရှင်ကနွားဖေဖေကြီး"

"ဟာကွာ မင်းနဲ့စကားကောင်းပြောလို့မရဘူး လယ်ထဲဘဲဆင်းတော့မယ်"

"ခဏနေသားတွေရောက်တော့မှာ တော်ခဏ စောင့်လို့မရဘူးလား"

"အဲကောင်မျက်နှာကြည့်ပြီး ငါ့ငှက်ကြီးတောင်က ဓားအိမ်ကထွက်လာလိမ့်မယ်"

"အဲဆိုလည်းကြွ တော်ပြန်မလာနဲ့"

လင်မယားနှစ်ယောက်စကားများနေသည်ကို သီချင်းဆိုနေတယ် မှတ်နေသလားမသိ သိသိသာသာရော မသိမသာပါလာနားထောင်နေကြသည်

"ညီး လင်ပြောတာလဲဟုတ်တာဘဲအေ သူတို့သာလာရင် ငါတို့ရွာနာတယ်"

"ရွာနာတယ်ပြောရအောင် စုန်းတွေကဝေတွေမို့လို့လား ရှင်တို့သာအသိဉာဏ်မရှိတာ အခုခေတ်ကအချင်းချင်းယူတာဆန်းတာမှတ်လို့ သူတို့ကံကိုကပါလာရင် သိကြားမင်းတောင်ဆင်းတားလို့မရဘူး"

"အိုး! အေ~ဟိုကဖြင့်ဖြူသလားမဲသလားမသိဘဲနဲ့ နောက်မှညီးနောင်တကောင်းကောင်းမရပါစေနဲ့တော်ရေ"

"အရီးရေ! အရီး~ ဒီမှာဘယ်သူလဲကြည့်ပါအုံး"

အိမ်ရှေ့စားပွဲမှာ ရွာကcctvရယ် ရွာလူကြီးလင်မယားရယ် ဘေးအိမ်ကဟာမတွေရယ် လူအစုံအလင်ဖြင့်

ဦးထုပ်မျက်နှာဖုံးအောင်ဆောင်းထားသည့်သားရဲ့နောက် ဖြူဖြူဖွေးဖွေးကောင်လေးကို သူခန္တာကိုယ်လေးနှင့်လိုက်ကွယ်နေသည်မှာရီချင်စရာကောင်းပေမဲ့မရီရက် ရီချင်နေသည့်မျက်နှာပိုးအမြန်သတ်လိုက်ရသည်

ကားစီးလာတုန်းကပြောမဲ့စကားတွေစီထားပါရဲ့ အိမ်ရောက်တော့အစပင်ရှာမရ သူကိုခက်နေရင်ဟန်ဆိုပိုအခက်တွေ့မှာ

"အမေဒါ ကျွန်တော့ယောင်္ကျားခေတ်ဆက်သာဟန်ပါ"

သားဖြစ်သူကလည်းထိုသို့ပြောပြီးထိုင်နေသည် အမေလုပ်သူကလဲဘာပြောရမှန်းမသိကြောင်တောင်တောင်နဲ့

"ဟဲ့! ခင်မေတစ်ခုခုပြောအုံလေ ကလေးတွေကဖြစ်တဲ့ဟာ ဖြစ်ပြီးသွားပြီ "

"အဲဒါမဟုတ်ပါဘူးသူကြီးကတော်ရယ် ကျမဘာပြောရမှန်းမသိတော့လို့"

အမေကဘာပြောရမှန်းမသိ ငုတ်တုပ်ဖြစ်နေတုန်းပင် ရွာလူကြီးဆိုသူနှင့်သူ့မိန်းမသာ ဆုံးမဩဝါဒ တစ်သီတစ်တန်းကြီးပေးပြီးပြန်သွားသည် ကျန်တဲ့သူတွေလည်းအသီးသီးပြန်သွားပြီး ကျန်ခဲ့သူက ဦးအမေရယ် ဦးနှင့်ဟန်သာ

"ဟန် ဒါကျွန်တော့အမေ ဒေါ်ခင်မေဦး "

"တွေ့ရတာဝမ်းသာပါတယ်အန်တီ"

"တွေ့ရတာဝမ်းသာပါတယ်ကွယ် ဒါပေမဲ့အခုထိ အန်တီလို့ခေါ်နေတာတော့မဟုတ်သေးဘူးနော်"

ဟန်ရှက်လို့လားနေရခက်လို့လားမသိ လည်ဂုတ်ပွတ်နေရာအားပွတ်နေမိသည်မှာအခါခါ ထိုချိန်ခြံထဲလူတယောက်ဝင်လာသည် ဟန်ကြည့်တော့ဦးနဲ့ခပ်ဆင်ဆင် ဦးကိုကြည့်တော့အခုနမျက်နှာထက်ပိုတင်းသွားသေးသည်

"ငါသဘောမတူဘူး"

"ရှင်အခုမှဘာလို့ပြန်လာတာလဲ"

"ငါအိမ်ငါပြန်လာတာ သံတော်ဦးတင်ရအုံးမှာလား"

"နေစမ်းပါအုံး ရှင်ကဘာကိုသဘောမတူတာ"

"မင်းသားရဲ့မျိုးဆက်မမွေးနိုင်ဘူးလေ"

အဖေစကားကြောင့်ဟန်ကြည့်မိသည် သူ့နောက်ယုံယုံကြည်ကြည်လိုက်ခဲ့ကာမှ သိမ်ငယ်ရတာမျိုးမဖြစ်စေချင်

ဒါကြောင့်အမေ့ကိုကြည့်လိုက်တော့သိတယ်ဆိုသည့်သဘောဖြင့်ပြန်ကြည့်လာသည်

"တော်စကား ဆင်ဆင်ခြင်ခြင်ပြောစမ်း"

"ပိုင်စိုးဦးမင်းယောင်္ကျားခေါ်သွားလိုက်တော့ ဒီကိစ္စအမေရှင်းမယ်"

ဟန်တို့အိမ်ပေါ်တက်လာသည်ထိတောင် အိမ်ရှေ့ကပူညံပူညံအသံကြားနေရသေးသည်

ဦးရဲ့အိမ်အနေထားကြည့်လိုက်တော့ ခြေတံရှည်အိမ်လေးဖြစ်ပြီး အိပ်ခန်းကသုံးခန်း သီးသန့်တစ်ခန်း နှစ်ခန်းတွဲကတစ်ခန်း လသာပြင်ရယ် ဘုရားစင်နဲ့ဧည့်ခန်းကတွဲလျက် ပြီးမှအိပ်ခန်း အိပ်ခန်းပြီးမှကြမ်းတဆင့်နိမ့်ပြီး မီးဖိုချောင်ဖြစ်သည် သူတို့ရောက်တဲ့ချိန်ကညနေပိုင်းဖြစ်နေပြီ

"မင်းဆင်ပြေရဲ့လား"

"ပြေပါတယ်ဦးရဲ့ "

"မင်းပြောထားရအုံးမယ် ရွာထဲကလူတွေကျုပ်တို့ကြောင်းမေးလာခဲ့ရင် အသေးစိတ်ပြောပြနေစရာမလိုဘူး ဆိုတာပြောပြတာ"

"ကျုပ်ခဏအိပ်အုံးမယ် အဖေပြောတာလဲစိတ်မကောင်းမဖြစ်နဲ့ မင်းလဲအိပ်ချင်အိပ်မအိပ်ချင်နေ"

ဟန်အိပ်မပျော်ပေ ဦးသာခေါင်းအုံးပေါ်ခေါင်းချတာနဲ့အိပ်ပျော်သွားသည် ရှေ့ဆက်ရမဲ့အကြောင်းတွေးရင်း ဦးရဲ့အိပ်စက်နေပုံကိုကြည့်နေမိသည်

'ကမ္ဘာကြီးလုံးသလား ပြားသလား ဟန်မသိဘူး ဦးရဲ့မျက်ဝန်းဝိုင်းဝိုင်းလေးကညို့ယူအားကောင်းတယ်ဆိုတာတော့ဟန်သိတယ်'

အိပ်ခန်းထဲနေရင်း ဦးရဲ့ပုံသာထိုင်ကြည့်နေရင်း အိမ်ရှေ့ကစကားသံသဲ့သဲ့ကိုကြားလိုက်ရသည် နားထောင်ဖို့မရည်ရွယ်ပေမဲ့ နားထောင်မိပြန်သည်

"ဟော~ ဘယ်သူများလဲလို့ လာလေချွေးမလေး"

ချွေးမလေးဆိုသည့်စကားကြောင့် ဟန်အတွေးလေးပင်ဝင်သွားသည် သားအကြီးသူနဲ့လေ သားအငယ်ကငယ်သေးတယ်လေ

"အို တော်ကလည်းအစွဲကကြီးပ အခုထိချွေးမလုပ်တုန်း"

"ရပါတယ်မေမေရဲ့ ဖေဖေကြိုက်သလိုခေါ်ပါစေ"

မေမေတွေဖေဖေတွေနဲ့တယ်လဲဟုတ်သပ

"သားကအခုနမှရောက်တာချွေးမလေးရဲ့"

"သွယ်က ပိုင်စိုးဦးစီလာတာမဟုတ်ပါဘူးဖေရယ် မောင်လေးလှေဆိုက်လို့ ဟင်းစားတချို့လာပို့တာ"

ထိုချိန်ကျမမပြောဘူးလားဆိုပြီး ခပ်မဲ့မဲ့ပြုံးပြလာသည့် ချစ်ဇနီးဒေါ်ခင်မေဦးပီသပပေ့ သူ့မှာပါးစပ်သာသရမ်းရဲတာအတည်များလုပ်ကြည့် ညကျခြင်ထောင်ထဲမဝင်ရဘူးမှတ်

"သားကြီးနဲ့တွေ့ချင်ရင်တော့မနက်မှလာခဲ့တော့ အခုတော့ခရီးပန်းလို့နဲ့တူတယ် အိပ်နေကြတာလားမသိဘူး "

နံပြား နံပြားချင်းပဲပြုတ်မြင်တယ်ဆိုရမလား ငယ်ချစ်ဦးဆိုသည့်သံယောဇဥ်လေးတွယ်ချင်နေသေးသည်ဆိုတာ သူသိသပ

ဟန်မရည်ရွယ်ပါပဲ သွယ်ဆိုသည့်ကောင်မလေးကို မြင်ရသည့်နေရာကရပ်ကြည့်နေမိသည် အရမ်းကြီးချောတဲ့ထိမပါပေမဲ့ ရိုးရိုးယဥ်ယဥ်လေးကမြင်ရတဲ့ပုရိသတိုင်းတွက်ရင်ဖိုစရာပင်  မြန်မာဆန်ဆန်ရင်ဖုံး ပွင့်အဝါလေးကိုလုံချည်အမဲနဲ့တွဲဝတ်ထားပြီးအသားကညိုညို ဆံပင်ကတင်းပါးဆုံထိရောက်နေသည် ထိုနဲ့အတူ ဦးနဲ့ပတ်သက်မှုတခုခုလားလို့တောင်အတွေးဝင်သွား

အမေသည် ဟန်စိတ်ကိုဖတ်နိုင်သည့်အလား ငယ်ရီးစားရှိတာအဆန်းမှမဟုတ်ပဲ သူလည်းရှိခဲ့တာပဲလေ ဒါပေမဲ့ ချစ်သူဖြစ်ခဲ့ဖူးတယ်ဆိုသည့်အသိကတော့သူရင်ကိုပူလောင်စေသည်

ရောက်တက်ရာရာတွေပြောရင်း ရင်းနှီးအောင်အစယူရသည် အချိန်တခုထိကြာလာတော့အိပ်မှုန်စုတ်ဖွားနဲ့ဦးကဆင်းလာသည် နဂိုကောက်ကွေးနေသည့်ဆံပင်ကဆွဲဖွလိုက်တော့ ပိုလို့ပင်ကောက်သွားသေးသည်

"အမေ ကျုပ်အကြောင်းပြောနေတာလား"

"ဟုတ်သပမောင် ဘယ်လိုဆိုးတယ်ဆိုတဲ့အကြောင်းရယ် အိပ်ယာထဲ..ရှူး"

"တော်တော့အမေ အမေကအမြဲတမ်းအဲလိုပဲ "

"အမေမပြောလည်းဟန်သိပါတယ်ဦးရဲ့"

ဟန်ပြောလိုက်တော့တန်းနေသည့်မျက်ခုံးတန်းလေးမှာ အစွမ်းကုန်ကိုတွန့်ချိုးသွားတောသည်

"အခုကဘယ်လဲ "

"ဟန်ကိုလာခေါ်တာရေချိုးမို့ "

ဟန်လည်းအမေကိုနှုတ်ဆက်ပြီး ဦးနောက်ရေလဲပုဆိုးနှင့်လိုက်လာခဲ့သည် ရေကန်ကအိမ်ဘေးမှာဖြစ်ပြီး ရေကန်ရဲ့အဘေးမှာ တစ်ထွာလောက်မြင့်တဲ့ အခင်လေးကအဝတ်လျှော်ခုံလုပ်ထားသည် အိမ်ခြံဝန်းကမကျယ်ပေမဲ့ သူဟာနဲ့သူတော့ ဟုတ်နေတာပင်

"ဦးကိုမေးစရာရှိတယ် "

ပြောဆိုသည့်သဘောဖြင့် ရေကန်ကိုခပ်လျှောလျှောမီကာလက်ပိုက်ရပ်နေသည်

"အဖေနဲ့အမေက ဘာကြိုက်တက်လဲဟင်"

"မင်းကဘာလုပ်မလို့"

"အော်~ အခုဟန်နေတာကယောက်ခမအိမ်မှာလေ အိမ်မှာလိုနေချင်သလိုနေလို့မှမရတာ "

"မင်းထမင်းဝင်ချက်စရာမလိုဘူး "

"ဟန်ဝင်မချက်ရင် ဘယ်ယောက်ခမကကြည်ဖြူမလဲ"

"အခုမင်းယူတာကကျုပ်နဲ့နော် သူတို့နဲ့မဟုတ်ဘူး "

သားနှင့်သားမက်စကားအချေတင်ဖြစ်နေတာကို ပြတင်းပေါက်အကွယ်၌နားထောင်ရင်းမေတ္တာပို့နေသူလဲရှိနေသေးသည်

'အမလေး မချစ်လို့သာတော့ ချစ်များချစ်ရင် ဒီအဖေတွေအမေတွေကအဝတ်ပါလျှော်ပေးရမလားပဲ မွေးရကျိုးနပ်တဲ့သား ​ဒါပေမဲ့လေ သားရဲ့ချစ်တက်တဲ့နေရာမှာတော့ ကိုပိုင်စိုးရေ ရှင်ကိုတော့မမှီ'

ညရောက်တော့ မိသားစုစုံစုံနဲ့စားရမှာရှက်သဖြင့် ဦးကိုခွင့်တောင်းကာနောက်မှ နှစ်ယောက်အတူစားသည် ယောက်ကထီးကတော့နဂါးမျက်စောင့်တရှဲရှဲ

ဝက်ဖုံရွာက ဟန်တို့ရွာလိုညဘက်ရောက်ရင်တိတ်ဆိတ်သွားတာမဟုတ် လူပျိုလှည့်တဲ့လူနဲ့ လမ်းထိပ်ဂီတာတီးသူရယ် ညနေဘက်အပျိုအအိုတချို့ လမ်းလျှောက်နေကြတာလဲရှိသည်  

စားပြီးသောက်ပြီးဟန်တို့ကလသာပြင်၌ တိုင်ကိုမှီကာထိုင်နေလိုက်သည် ဦးကတဖက်တိုင်မှာဆေးလိပ်သောက်နေသည်

"ဦး ဦးညီရော "

ညီရှိတယ်ဆိုတာသိပေမဲ့ အိမ်ရောက်ကတည်းကအရိပ်အယောင်မတွေ့ရသေးပေ

"အခုလောက်ဆို လမ်းထိပ်ရောက်နေမှာ "

"မရောက်ပါဘူး ဟိုကောင်တွေမလာတော့ဘူးဆိုတာသွားပြောတာ"

ဦးနဲ့ပြောရင်း စကားဝိုင်းထဲရောက်လာသည့် ဦးရဲ့ညီ  ပုံစံကတော့သိပ်မဆင်ပေမဲ့ ဆံပင်ကောက်တာတော့ချွတ်စွပ်

"မင်းဘယ်တုန်းက အိမ်ကပ်သွားတာလဲ"

"စောက်ပြဿနာတွေက ကုန်မှမကုန်တာကို"

ဦးနှင့် ဟန်ကထိုင်ခုံမှထိုင်နေပြီး ဦးညီကဟန်တို့နှစ်ယောက်ရဲ့ရှေ့တွေ မသိရင် ပြဿနာရှာလာတဲ့သားကို မိဘကဆုံမနေသည့်ပုံစံလိုလို

"ငါမေးပါအုံးမယ် ဟိုဘိုးတော်စီကအမ်းစရာကိုဘယ်လိုရှာလိုက်တာ"

"ကျွန်တော်မှမအမ်းရင် ကိုကြီးထွက်ရပါ့မလား အဲကြောင့် ဖေဖေစီမှာလှမ်းတောင်းပြီးဆပ်လိုက်တာ "

သူတို့လုပ်သည့်ကျင်းမှာ အမျိုးတွေကြီးပင် ညီကထွက်ရင် အမ်းစရာရှိတာအမ်းပြီးမှထွက်ရသည် မအမ်းရင် အကိုဖြစ်သူကအမ်းပေးရသည် ဟိုဘက်ကျင်းဒီဘက်ကျင်းဖြစ်နေရင်လည်း အမ်းစရာရှိသည့်ကျင်းမှာဆပ်ပေးရမဲ့သူကအလုပ်သွားလုပ်ရသည်

"ဪ~ အဲဒါငါ့ပိုက်ဆံတွေငါမလိုးရဲ့"

"ကွိုင်နေလား ကျွန်တော်ယူတာအဖေ့စီကလေ "

"အဲအဖေကို ငါ၁၅လွှဲပေးလိုက်ရတာဟ "

ညီကိုနှစ်ယောက်ရဲ့ချစ်ခြင်းကိုပြပါဆိုလျှင် ကြီးတဲ့သူကလည်းခြေနဲ့လှမ်းကန်သလို အငယ်လုပ်သူကလဲ ပြန်ကန်လိုက်သေးသည်

တခါတလေ သတ္တုမိုင်းကလူတွေမကောင်းဘူး ပြောပေမဲ့သနားစရာတွေပင် သူတို့အသက်အရွယ်နဲ့စက်အလေးကြီးတွေထမ်း သတ္တုဓာတ်ပါတဲ့ဟာကိုနေ့စဥ်နှင့်အမျှကိုင်နေရသည် ဒီကြားထဲနေပူမရှောင်မိုးရွာမရှောင် အပေါ်ကနေကျစ်ကျစ်တောက်ပူနေပြီးအောက်ကတော့ရေထဲစိမ်နေရသည် သာမာန်လူတယောက်အနေနဲ့ဘယ်လိုမှလုပ်မနိုင်

အလုပ်ကြမ်းဒဏ်ခံနိုင်ဖို့ ဆေးတွေသုံးစွဲလာကြသည် အရက်တွေသောက်လာသည် ပျက်စီးသွားတဲ့လူရှိသလို ကိုယ့်ကိုကိုယ်ထိန်းနိုင်တဲ့သူတွေရှိသည် တချို့ကမိသားစုမရှိတစ်ကိုယ်ရေကာယသမားမို့ ရလာသမျှပိုက်ဆံမချန် မိန်းမလိုက်စားကြသည် သူရဲ့ဦးကတော်တယ်ပြောရမလား အရက်ကလေးပဲသောက်လို့

"တော်ပြီဟ မိတ်ဆက်ပေးအုံး "

"မင်းမှာပါးစပ်ပါတယ်မလား "

ညီအကိုနှစ်ယောက်၏တည့်မြတ်ခြင်းကိုဆက်မကြည့်နိုင်၍ ဟန်ကပဲစပြီးမိတ်ဆက်လိုက်သည်

"ကို့နာမည်က ခေတ်ဆက်သာဟန်ပါ ဆင်ပြေသလိုခေါ်ပေါ့"

"ဝိုးးးနာမည်ကလေးကမိုက်လိုက်တာ ဟိုကောင်နဲ့များမတန်ရာမတန်ရာ"

ဟန်နဲ့စကားပြောရင်းပင်ညီအကိုနှစ်ယောက်ထသတ်နိုင်သေးသည်

"ကျွန်တော့်နာမည်က ပိုင်ထွေးဦး ဒီအိမ်ရဲ့ အချောဆုံးသားဆိုလဲဟုတ်တယ် မရီး လိုတာရှိရင်လဲခိုင်းနိုင်တယ်"

မရီးဆိုသည့်အခေါ်ဝေါ်ကြောင့်ပိုင်စိုးဦးကြည့်လိုက်တော့ မျက်နှာတခုလုံးကခရမ်းချဥ်သီးပမာရဲတွတ်နေလေသည်

"ဟုတ်ပါပြီ ဒါနဲ့ အလုပ်လုပ်နေတယ်ကြားတာ အခုကနားနေတာလား"

"အသက်ကတအားငယ်နေလို့မလုပ်ခိုင်ဘူး"

ဦးရဲ့ညီကနှစ်နှစ်ငယ်တယ်ကြားဖူးသည် အဲဆို၁၅နှစ်ပေါ့ ဒါဆို၁၅နှစ်နဲ့အလုပ်စလုပ်ခဲ့ရသည့်ဦးတွက်ကရော အသက်ငယ်တယ်ဆိုတာမတွေးမိဘူးလား

သူပြောတာမှားများသွားသလားဆိုပြီး အပြစ်ဖြစ်မှာကြောက်လို့အလယ်ကတိတ်တဆိတ်အိမ်အောက်သို့ဆင်းလာလိုက်ရသည် အပေါ်မှာဘယ်လိုပဲသတ်သတ် အဲလောက်ထိအကိုပေါ်မေတ္တာရှိတာ

"ဦး အရမ်းပင်ပန်းခဲ့ရလားဟင်"

ဟန်မေးလိုက်ချိန်သောက်လက်စဆေးလိပ်ကိုချကာ အပြင်ကိုခပ်ဆွေးဆွေးလေးငေးကြည့်နေသည်

"ပင်ပန်းတာပေါ့ဟန်ရယ် စာသင်နေတဲ့အရွယ်မှာအလုပ်ကြမ်းကြီးကိုစပြီးလုပ်ခဲ့ရတာလေ ကျွန်တော်ပြိုလဲချင်တာတောင်မှ အနောက်မှာမိသားစုရှိတယ်ဆိုတဲ့စိတ်နဲ့အားတင်းထားရတာ ပြီးတော့အရမ်းလည်းအထီးကျန်တယ် အသက်ကြီးကြီးတွေကြားမှာအရွယ်အများကြီးကွာဟနေတဲ့ကျွန်တော်တယောက်တည်း ဆဲခံဆိုခံ အဲဒီဒဏ်တွေမခံနိုင်တော့ ရူးချင်ယောင်ဆောင်တယ် ဟန်လည်းသိမှာပါ ခေတ်မကောင်းလို့ရူးချင်ယောင်ဆောင်တယ်ဆိုတာလေ  ခေတ်ကောင်းလို့ဆက်ရူးနေရင်လည်းကံတရားပေါ့ ဟား..ဟား..."

ဦးရယ် ဟုစိတ်ထဲကသာပြောနေမိသည်   ရယ်မောပြောနေပမဲ့ စိတ်ထဲဝမ်းနည်းနေတာအသိသာမို့ ဘာပြန်ပြောရမှန်းတောင်မသိတော့

ဟန်ဝင်ဖက်လိုက်တော့ အားကိုးရသွားသည့်ကလေးငယ်လိုပြန်လည်ဖက်တွယ်လာပြီး ပခုံးကစိုစိုစိစိအထိတွေ့ကြောင့်ငိုနေတယ်ဆိုတာအတပ်သိလိုက်သည်

ရန်များဖြစ်နေမလားအထင်ဖြင့်နားထောင်နေသူမှာ တက်တက်စင်အောင်လွဲတော့သည်

........................................................................

Zaw

လည္လို႔ၿပီးၿပီမို႔မႏၱေလးတက္ဖို႔လုပ္ရေတာ့သည္ ေအာင္မဂၤလာအေဝးေျပးကေနစီးရသည္ အစာဝေနေအာင္စားထားတာမို႔ကားသိပ္မမူး

"ဦး ဦးရဲ႕အေဖနဲ႕အေမကလက္ခံပါ့မလား"

ဦးေလးေျပာပုံအရအေဖကေဒါသအရမ္းထြက္ေနတယ္တဲ့

"မီးစင္ၾကည့္ကရတာေပါ့"

"မင္းစိတ္မပူပါနဲ႕ ဘာဘဲျဖစ္လာျဖစ္လာမင္းရဲ႕ေရွ႕မွာက်ဳပ္ရွိတယ္မွတ္ထား"

အင္း ၿပိဳလဲခ်င္တာေတာင္ဦးကဂ႐ုစိုက္ေသးတယ္ဆိုၿပီးဟန္အားတင္းထားရတယ္ ေရွ႕ဆက္ရမွာကအမ်ားႀကီးဟန္ေတာ္ေတာ္ေလးေလ့က်င့္ရအုံးမွာဘဲ)8

"ၾကားလို႔မွမေကာင္းကြာ ေယာကၤ်ားအခ်င္းခ်င္းတဲ့ ရွက္လိုက္တာငါ့မ်က္ႏွာငါဓားနဲ႕သာမႊန္းခ်င္တယ္"

"ေတာ္ ဓားယူမလားက်မယူေပးမယ္"

"မင္းငါ့ကိုလာမ႐ႊဲ႕နဲ႕ခင္ေမဦး "

"ဘယ္နယ့္ကြာ မိန္းမတေယာက္ဆိုငါလက္ခံနိုင္ေသးတယ္  ဟိုေကာင္ရဲ႕မိဘကေရာလႊတ္လိုက္တာဘဲလား"

"ဒီမွာရွင္က ရွင့္ညမေယာကၤ်ားေျပာတာယုံေနတာလား"

"အဲေကာင္ေလးေၾကာင္းက်မစုံစမ္းၿပီးသား  ရွင့္သားကေစာ္ကားတာတဲ့ တဖက္ေကာင္ေလးကတာဝန္ယူစရာမလိုပါဘူးဆိုတာကို ရွင့္သားယူတာေလ "

"စဥ္းစားဉာဏ္မရွိတဲ့ႏြား"

ဝက္ဖုံဆိုသည့္႐ြာငယ္ေလးမွာ ဦးပိုင္စိုး ေဒၚခင္ေမဦးႏွင့္သားႏွစ္ရွိသည္ ဦးပိုင္စိုးကစည္းကမ္းလည္းႀကီးသလို အခ်စ္ေဖာ္ျပတာလြဲလို႔ သားႏွစ္ေယာက္ရဲ႕ခ်စ္ျခင္းကိုမရေပ လာခ်င္တာလုပ္သည့္သားႏွစ္ေယာက္ကိုပိုင္ဆိုင္ထားရသည္

"အဲဆိုရွင္ကႏြားေဖေဖႀကီး"

"ဟာကြာ မင္းနဲ႕စကားေကာင္းေျပာလို႔မရဘူး လယ္ထဲဘဲဆင္းေတာ့မယ္"

"ခဏေနသားေတြေရာက္ေတာ့မွာ ေတာ္ခဏေသာင့္လို႔မရဘူးလား"

"အဲေကာင္မ်က္ႏွာၾကည့္ၿပီး ငါ့ငွက္ႀကီးေတာင္ကဓားအိမ္ကထြက္လာလိမ့္မယ္"

"အဲဆိုလည္းႂကြ ေတာ္ျပန္မလာနဲ႕"

လင္မယားႏွစ္ေယာက္စကားမ်ားေနသည္ကို သီခ်င္းဆိုေနတာ္မွတ္ေနသလားမသိ သိသိသာသာေရာမသိမသာပါလာနားေထာင္ေနၾကသည္

"ညီးလင္ေျပာတာလဲဟုတ္တာဘဲေအ သူတို႔သာလာရင္ငါတို႔႐ြာနာတယ္"

"႐ြာနာတယ္ေျပာရေအာင္စုန္းေတြကေဝေတြမို႔လို႔လား ရွင္တို႔သာအသိဉာဏ္မရွိတာ အခုေခတ္ကအခ်င္းခ်င္းယူတာဆန္းတာမွတ္လို႔ သူ႕တို႔ကံကိုကပါလာရင္ သိၾကားမင္းေတာင္ဆင္းတားလို႔မရဘူး"

"အိုး ေအဟိုကျဖင့္ျဖဴသလားမဲသလားမသိဘဲနဲ႕ ေနာက္မွညီးေနာင္တေကာင္းေကာင္းမရပါေစနဲ႕ေတာ္ေရ"

"အရီးေရ အရီး ဒီမွာဘယ္သူလဲၾကည့္ပါအုံး"

အိမ္ေရွ႕စားပြဲမွာ ႐ြာကcctvရယ္ ႐ြာလူႀကီးလင္မယားရယ္ ေဘးအိမ္ကဟာမေတြရယ္ လူအစုံအလင္ျဖင့္

ဦးထုပ္မ်က္ႏွာဖုံးေအာင္ေဆာင္းထားသည့္သားရဲ႕ေနာက္ ျဖဴျဖဴေဖြးေဖြးေကာင္ေလးကို သူခႏၱာကိုယ္ေလးႏွင့္လိုက္ကြယ္ေနသည္မွာရီခ်င္စရာေကာင္းေပမဲ့မရီရက္ ရီခ်င္ေနသည့္မ်က္ႏွာပိုးအျမန္သက္လိုက္ရသည္

ကားစီးလာတုန္းကေျပာမဲ့စကားေတြစီထားပါရဲ႕ အိမ္ေရာက္ေတာ့အစပင္ရွာမရ သူကိုခက္ေနရင္ဟန္ဆိုပိုအခက္ေတြ႕မွာ

"အေမဒါ ကြၽန့္ေတာ့ေယာကၤ်ားေခတ္ဆက္သာဟန္ပါ"

သားျဖစ္သူကလည္းထိုသို႔ေျပာၿပီးထိုင္ေနသည္ အေမလုပ္သူကလဲဘာေျပာရမွန္းမသိေၾကာင္ေတာင္ေတာင္နဲ႕

"ဟဲ့ ခင္ေမတစ္ခုခုေျပာအုံေလး ကေလးေတြကျဖစ္တဲ့ဟာျဖစ္ၿပီးသြားၿပီ "

"အဲဒါမဟုတ္ပါဘူးသူႀကီးကေတာ္ရယ္ က်မဘာေျပာရမွန္းမသိေတာ့လို႔"

အေမကဘာေျပာရမွန္းမသိ ငုတ္တုပ္ျဖ္ေနတုန္းပင္ ႐ြာလူႀကီးဆိုသူႏွင့္သူ႕မိန္းမသာ ဆုံးမဩဝါဒတ္သီတစ္တန္းႀကီးေပးၿပီးျပန္သြားသည္ က်န္တဲ့သူေတြလည္းအသီးသီးျပန္သြားၿပီး က်န္ခဲ့သူက ဦးအေမရယ္ ဦးႏွင့္ဟန္သာ

"ဟန္ ဒါကြၽန့္ေတာ့အေမ ေဒၚခင္ေမဦး "

"ေတြ႕ရတာဝမ္းသာပါတယ္အန္တီ"

"ေတြ႕ရတာဝမ္းသာပါတယ္ကြယ္ ဒါေပမဲ့အခုထိအန္တီလို႔ေခၚေနတာေတာ့မဟုတ္ေသးဘူးေနာ္"

ဟန္ရွက္လို႔လားေနရခက္လို႔လားမသိ လည္ဂုတ္ပြတ္ေနရာတညအခါခါ ထိုခ်ိန္ၿခံထဲလူတေယာက္ဝင္လာသည္ ဟန္ၾကည့္ေတာ့ဦးနဲ႕ခပ္ဆင္ဆင္ ဦးကိုၾကည့္ေတာ့အခုနမ်က္ႏွာထက္ပိုတင္းသြားေသးသည္

"ငါသေဘာမတူဘူး"

"ရွင္အခုမွဘာလို႔ျပန္လာတာလဲ"

"ငါအိမ္ငါျပန္လာတာသံေတာ္ဦးတင္ရအုံးမွာလား"

"ေနစမ္းပါအုံးရွင္ကဘာကိုသေဘာမတူတာ"

"မင္းသားရဲ႕မ်ိဳးဆက္မေမြးနိုင္ဘူးေလ"

အေဖစကားေၾကာင့္ဟန္ၾကည့္မိသည္ သူ႕ေနာက္ယုံယုံၾကည္ၾကည္လိုက္ခဲ့ကာမွ သိမ္ငၚရတာမ်ိဳးမျဖစ္ေစခ်င္

ဒါေၾကာင့္အေမ့ကိုၾကည့္လိုက္ေတာ့သိတယ္ဆိုသည့္သေဘာျဖင့္ျပန္ၾကည့္လာသည္

"ေတာ္စကား ဆင္ဆင္ျခင္ျခင္ေျပာစမ္း"

"ပိုင္စိုးဦးမင္းေယာကၤ်ားေခၚသြားလိုက္ေတာ့ ဒီကိစၥအေမရွင္းမယ္"

ဟန္တို႔အိမ္ေပၚတက္လာသည္ထိေတာင္ အိမ္ေရွ႕ကပူညံပူညံအသံၾကားေနရေသးသည္

ဦးရဲ႕အိမ္အေနထားၾကည့္လိုက္ေတာ့ ေျခတံရွာ္အိမ္ေလးျဖ္ၿပီး အိပ္ခန္းကသုံးခန္း သီးသန့္တစ္ခန္း ႏွစ္ခန္းတြဲကတစ္ခန္း လသာျပင္ရယ္ ဘုရားစင္နဲ႕ဧည့္ခန္းကတြဲလ်က္ ၿပီးမွအိပ္ခန္း အိပ္ခန္းၿပီးမွၾကမ္းတဆင့္နိမ့္ၿပီး မီးဖိုေခ်ာင္ျဖစ္သည္ သူတို႔ေရာက္တဲ့ခ်ိန္ကညေနပိုင္းျဖ္ေနၿပီ

"မင္းဆင္ေျပရဲ႕လား"

"ေျပပါတယ္ဦးရဲ႕ "

"မင္းေျပာထားရအုံးမယ္ ႐ြာထဲကလူေတြက်ဳပ္တို႔ေၾကာင္းေမးလာခဲ့ရင္အေသးစိတ္ေျပာျပေနစရာမလိုဘူး ဆိုတယေျပာျပတာ"

"က်ဳပ္ခဏအိပ္အုံးမယ္ အေဖေျပာတာလဲစိတ္မေကာင္းမျဖစ္နဲ႕ မင္းလဲအိပ္ခ်င္အိပ္မအိပ္ခ်င္ေန"

ဟန္အိပ္မေပ်ာ္ေပ ဦးသာေခါင္းအုံးေပၚေခါင္းခ်တာနဲ႕အိပ္ေပ်ာ္သြားသည္ ေရွ႕ဆက္ရမဲ့အေၾကာင္းေတြးရင္း ဦးရဲ႕အိပ္စက္ေနပုံကိုၾကည့္ေနမိသည္

'ကမၻာႀကီးလုံးသလား ျပားသလား ဟန္မသိဘူး ဦးရဲ႕မ်က္ဝန္းဝိုင္းဝိုင္းေလးကညို႔ယူအားေကာင္းတယ္ဆိုတာေတာ့ဟန္သိတယ္'

အိပ္ခန္းထဲေနရင္း ဦးရဲ႕ပုံသာထိုင္ၾကည့္ေနရင္း အိမ္ေရွ႕ကစကားသံသဲ့သဲ့ကိုၾကားလိုက္ရသည္ နားေထာင္ဖို႔မရည္႐ြယ္ေပမဲ့ နားေထာင္မိျပန္သည္

"ေဟာ ဘယ္သူမ်ားလဲလို႔ လာေလေခြၽးမေလး"

ေခြၽးမေလးဆိုသည့္စကားေၾကာင့္ ဟန္အေတြးေလးပင္ဝင္သြားသည္ သားအႀကီးသူနဲ႕ေလ သားအငယ္ကငယ္ေသးတယ္ေလ

"အို ေတာ္ကလည္းအစြဲကႀကီးပ အခုထိေခြၽးမလုပ္တုန္း"

"ရပါတယ္ေမေမရဲ႕ ေဖေဖႀကိဳက္သလိုေခၚပါေစ"

ေမေမေတြေဖေဖေတြနဲ႕တယ္လဲဟုတ္သပ

"သားကအခုနမွေရာက္တာေခြၽးမေလးရဲ႕"

"သြယ္က ပိုင္စိုးဦးစီလာတာမဟုတ္ပါဘူးေဖရယ္ ေမာင္ေလးေလွဆိုက္လို႔ ဟင္းစားတခ်ိဳ႕လာပို႔တာ"

ထိုခ်ိန္က်မမေျပာဘူးလားဆိုၿပီး ခပ္မဲ့မဲ့ၿပဳံးျပလာသည့္ ခ်စ္ဇနီးေဒၚခင္ေမဦးပီသပေပ့ သူ႕မွာပါးစပ္သာသရမ္းရဲတာအတည္မ်ားလုပ္ၾကည့္ ညက်ျခင္ေထာင္ထဲမဝင္ရဘူးမွတ္

"သားႀကီးနဲ႕ေတြ႕ခ်က္ရင္ေတာ့မနက္မွလာခဲ့ေတာ့ အခုေတာ့ခရီးပန္းလို႔နဲ႕တူတယ္ အိပ္ေနၾကတာလားမသိဘူး "

နံျပား နံျပားခ်င္းပဲျပဳတ္ျမင္တယ္ဆိုရမလား ငယ္ခ်စ္ဦးဆိုသည့္သံေယာဇဥ္ေလးတြာ္ခ်င္ေနေသးသည္ဆိုတာ သူသိသပ

ဟန္မရည္႐ြယ္ပါပဲ သြယ္ဆိုသည့္ေကာင္မေလးကို ျမင္ရသည့္ေနရာကရပ္ၾကည့္ေနမိသည္ အရမ္းႀကီးေခ်ာတဲ့ထိမပါေပမဲ့ ရိုးရိုးယဥ္ယဥ္ေလးကျမင္ရတဲ့ပုရိသတိုင္းတြက္ရင္ဖိုစရာပင္  ျမန္မာဆန္ဆန္ရင္ဖုံး ပြင့္အဝါေလးကိုလုံခ်ည္အမဲနဲ႕တြဲဝတ္ထားၿပီးအသားကညိုညို ဆံပင္ကတင္းပါးဆုံထိေရာက္ေနသည္ ထိုနဲ႕အတူ ဦးနဲ႕ပတ္သက္မႈတခုခုလားလို႔ေတာင္အေတြးဝင္သြား

အေမသည္ ဟန္စိတ္ကိုဖတ္နိုင္သည့္အလား ငယ္ရီးစားဏွိတာအဆန္းမွမဟုတ္ပဲ သူလည္းရွိခဲ့တာပဲေလ ဒါေပမဲ့ ခ်စ္သူျဖစ္ခဲ့ဖူးတယ္ဆိုသည့္အသိကေတာ့သူရင္ကိုပူေလာင္ေစသည္

ေရာက္တက္ရာရာေတြေျပာရင္း ရင္းႏွီးေအာင္အစယူရသည္ အခ်ိန္တခုထိၾကာလာေတာ့အိပ္မႈန္စုတ္ဖြားနဲ႕ဦးကဆင္းလာသည္ နဂိုေကာက္ေကြးေနသည့္ဆံပင္ကဆြဲဖြလိုက္ေတာ့ ပိုလိုပင္ေကာက္သြားေသးသည္

"အေမ က်ဳပ္အေၾကာင္းေျပာေနတာလား"

"ဟုတ္သပေမာင္ ဘယ္လိုဆိုးတယ္ဆိုတဲ့အေၾကာင္းရယ္ အိပ္ယာထဲ..ရႉး"

"ေတာ္ေတာ့အေမ အေမကအၿမဲတမ္းအဲလိုပဲ "

"အေမမေျပာလည္းဟန္သိပါတယ္ဦးရဲ႕"

ဟန္ေျပာလိုက္ေတာ့တန္းေနသည့္မ်က္ခုံးတန္းေလးမွာ အစြမ္းကုန္ကိုတြန့္ခ်ိဳးသြားေတာသည္

"အခုကဘယ္လဲ "

"ဟန္ကိုလာေခၚတာေရခ်ိဳးမို႔ "

ဟန္လည္းအေမကိုႏႈတ္ဆက္ၿပီး ဦးေနာက္ေရလဲပုဆိုးႏွင့္လိုက္လာခဲ့သည္ ေရကန္ကအိမ္ေဘးမွာျဖစ္ၿပီး ေရကန္ရဲ႕အေဘးမွာ တစ္ထြာေလာက္ျမင့္တဲ့ အခင္ေလးကအဝတ္ေလွ်ာ္ခုံလုပ္ထားသည္ အိမ္ၿခံဝန္းကမက်ယ္ေပမဲ့ သူဟာနဲ႕သူေတာ့ ဟုတ္ေနတာပင္

"ဦးကိုေမးစရာရွိတယ္ "

ေျပာဆိုသည့္သေဘာျဖင့္ ေရကန္ကိုခပ္ေလွ်ာေလွ်ာမီကာလက္ပိုက္ရပ္ေနသည္

"အေဖနဲ႕အေမက ဘာႀကိဳက္တက္လဲဟင္"

"မင္းကဘာလုပ္မလို႔"

"ေအာ္ အခုဟန္ေနတာကေယာက္ခမအိမ္မွာေလ အိမ္မွာလိုေနခ်က္သလိုေနလို႔မွမရတာ "

"မင္းထမင္းဝင္ခ်က္စရာမလိုဘူး "

"ဟန္ဝင္မခ်က္ရင္ ဘယ္ေယာက္ခမကၾကည္ျဖဴမလဲ"

"အခုမင္းယူတာကက်ဳပ္နဲ႕ေနာ္ သူတို႔နဲ႕မဟုတ္ဘူး "

သားႏွင့္သားမက္စကားအေခ်တင္ျဖစ္ေနတာကို ျပတင္းေပါက္အကြယ္၌နားေထာင္ရင္းေမတၱာပို႔ေနသူလဲရွိေနေသးသည္

'အမေလး မခ်စ္လို႔သာေတာ့ ခ်စ္မ်ားခ်စ္ရင္ ဒီအေဖေတြအေမေတြကအဝတ္ပါေလွ်ာ္ေပးရမလားပဲ ေမြးရက်ိဳးနပ္တဲ့သား ဒါေပမဲ့ေလ သားရဲ႕ခ်စ္တက္တဲ့ေနရာမွာေတာ့ ကိုပိုင္စိုးေရ ရွင္ကိုေတာ့မမွီ'

ညေရာက္ေတာ့ မိသားစုစုံစုံနဲ႕စားရမွာရွက္သျဖင့္ ဦးကိုခြင့္ေတာင္းကာေနာက္မွ ႏွစ္ေယာက္အတူစားသည္ ေယာက္ကထီးကေတာ့နဂါးမ်က္ေစာင့္တရွဲရွဲ

ဝက္ဖုံ႐ြာက ဟန္တို႔႐ြာလိုညဘက္ေရာက္ရင္တိတ္ဆိတ္သြားတာမဟုတ္ လူပ်ိဳလွည့္တဲ့လူနဲ႕ လမ္းထိပ္ဂီတာတီသူရယ္ ညေနဘက္အပ်ိဳအအိုတခ်ိဳ႕ လမ္းေလွ်ာက္ေနၾကတာလဲရွိသည္  

စားၿပီးေသာက္ၿပီးဟန္တို႔ကလသာျပင္၌ တိုင္ကိုမွိကာထိုင္ေနလိုက္သည္ ဦးကတဖက္တိုင္မွာေဆးလိပ္ေသာက္ေနသည္

"ဦး ဦးညီေရာ "

ညီရွိတယ္ဆိုတာသိေပမဲ့ အိမ္ေရာက္ကတည္းကအရိပ္အေယာင္မေတြ႕ရေသးေပ

"အခုေလာက္ဆို လမ္းထိပ္ေရာက္ေနမွာ "

"မေရာက္ပါဘူး ဟိုေကာင္ေတြမလာေတာ့ဘူးဆိုတာသြားေျပာတာ"

ဦးနဲ႕ေျပာရင္း စကားဝိုင္းထဲေရာက္လာသည့္ ဦးရဲ႕ညီ  ပုံစံကေတာ့သိပ္မဆင္ေပမဲ့ ဆံပင္ေကာက္တာေတာ့ခြၽတ္စြပ္

"မင္းဘယ္တုန္းက အိမ္ကပ္သြားတာလဲ"

"ေစာက္ျပႆနာေတြက ကုန္မွမကုန္တာကို"

ဦးႏွင့္ ဟန္ကထိုင္ခုံမွထိုင္ေနၿပီး ဦးညီကဟန္တို႔ႏွစ္ေယာက္ရဲ႕ေရွ႕ေတြ မသိရင္ ျပႆနာရွာလာတဲ့သားကိုမိဘကဆုံမေနသည့္ပုံစံလိုလို

"ငါေမးပါအုံးမယ္ ဟိုဘိုးေတာ္စီကအမ္းစရာကိုဘယ္လိုရွာလိုက္တာ"

"ကြၽန္ေတာ္မွမအမ္းရင္ ကိုႀကီးထြက္ရပါ့မလား အဲေၾကာင့္ ေဖေဖစီမွာလွမ္းေတာင္းၿပီးဆပ္လိုက္တာ "

သူတို႔လုပ္သည့္က်င္းမွာ အမ်ိဳးေတြႀကီးပင္ ညီကထြက္ရင္အမ္းစရာရွိတာအမ္းၿပီးမွထြက္ရသည္ မအမ္းရင္ အကိုျဖစ္သူကအမ္းေပးရသည္ ဟိုဘက္က်င္းဒီဘက္က်င္းျဖစ္ေနရင္လည္း အ္းစရာရွိသည့္က်င္းမွာဆပ္ေပးရမဲ့သူကအလုပ္သြားလုပ္ရသည္

"ဪ အဲဒါငါ့ပိုက္ဆံေတြငါမလိုးရဲ႕"

"ကြၽိုင္ေနလား ကြၽန္ေတာ္ယူတာအေဖ့စီကေလ "

"အဲအေဖကို ငါ၁၅လႊဲေပးလိုက္ရတာဟ "

ညီကိုႏွစ္ေယာက္ရဲ႕ခ်စ္ျခင္းကိုျပပါဆိုလွ်င္ ႀကီးတဲ့သူကလည္းေျခနဲ႕လွမ္းကန္သလို အငယ္လုပ္သူကလဲ ျပန္ကန္လိုက္ေသးသည္

တခါတေလ သတၱဳမိုင္းကလူေတြမေကာင္းဘူး ေျပာေပမဲ့သနားစရာေတြပင္ သူတို႔အသက္အ႐ြယ္နဲ႕စက္အေလးႀကီးေတြထမ္း သတၱဳဓာတ္ပါတဲ့ဟာကိုေန႕စဥ္ႏွင့္အမွ်ကိုင္ေနရသည္ ဒီၾကားထဲေနပူမေရွာင္မိုး႐ြာမေရွာင္ အေပၚကေနက်စ္က်စ္ေတာက္ပူေနၿပီးေအာက္ႆ်ေတာ့ေရထဲစိမ္ေနရသည္ သာမာန္လူတေယာက္အေနနဲ႕ဘယ္လိုမွလုပ္မနိုင္

အလုပ္ၾကမ္းဒဏ္ခံနိုင္ဖို႔ ေဆးေတြသုံးစြဲလာၾကသည္ အရက္ေတြေသာက္လာသည္ ပ်က္စီးသြားတဲ့လူရွိသလို ကိုယ့္ကိုကိုယ္ထိန္းနိုင္တဲ့သူေတြရွိသည္ တခ်ိဳ႕ကမိသားစုမရွိတကိုယ္ကာယသမားမို႔ ရလာသမွ်ပိုက္ဆံမခ်န္ မိန္းမလိုက္စားၾကသည္ သူရဲ႕ဦးကေတာ္တယ္ေျပာရမလား အရက္ကေလးပဲေသာက္လို႔

"ေတာ္ၿပီဟ မိတ္ဆက္ေပးအုံး "

"မင္းမွာပါးစပ္ပါတယ္မလား "

ညီအကိုႏွစ္ေယာက္၏တည့္ျမတ္ျခင္းကိုဆက္မၾကည့္နိုင္၍ဟန္ကပဲစၿပီးမိတ္ဆက္လိုက္သည္

"ကို႔နာမည္က ေခတ္ဆက္သာဟန္ပါ ဆင္ေျပသလိုေခၚေပါ့"

"ဝိုးနာမည္ကေလးကမိုက္လိုက္တာ ဟိုေကာင္နဲ႕မ်ားမတန္ရာမတန္ရာ"

န္နဲ႕စကားေျပာရင္းပင္ညီအကိုႏွစ္ေယာက္ထသတ္နိုင္ေသးသည္

"ကြၽန္ေတာ့္နာမည္က ပိုင္ေထြးဦး ဒီအိမ္ရဲ႕ အေခ်ာဆုံးသားဆိုလဲဟုတ္တယ္ မရီး လိုတာရွိရင္လဲခိုင္းနိုင္တယ္"

မရီးဆိုသည့္အေခၚေဝၚေၾကာင့္ပိုင္စိုးဦးၾကည့္လိုက္ေတာ့ မ်က္ႏွာတခုလုံးကခရမ္းခ်ဥ္သီးပမာရဲတြတ္ေနေလသည္

"ဟုတ္ပါၿပီ ဒါနဲ႕ အလုပ္လုပ္ေနတယ္ၾကားတာ အခုကနားေနတာလား"

"အသက္ကတအားငယ္ေနလို႔မလုပ္ခိုင္ဘူး"

ဦးရဲ႕ညီကႏွစ္ႏွစ္ငယ္တယ္ၾကားဖူးသည္ အဲဆို၁၅ႏွစ္ေပါ့ ဒါဆို၁၅ႏွစ္နဲ႕အလုပ္စလုပ္ခဲ့ရသည့္ဦးတြက္ကေရာ အသက္ငယ္တယ္ဆိုတာမေတြးမိဘူးလား

သူေျပာတာမွားမ်ားသြားသလားဆိုၿပီး အျပစ္ျဖစ္မွာေၾကာက္လို႔အလယ္ကတိတ္တဆိတ္အိမ္ေအာက္သို႔ဆင္းလာလိုက္ရသည္ အေပၚမွာဘယ္လိုပဲသတ္သတ္ အဲေလာက္ထိအကိုေပၚေမတၱာရွိတာ

"ဦး အရမ္းပင္ပန္းခဲ့ရလားဟင္"

ဟန္ေမးလိုက္ခ်ိန္ေသာက္လက္စေဆးလိပ္ကိုခ်ကာ အျပင္ကိုခပ္ေဆြးေဆြးေလးေငးၾကည့္ေနသည္

"ပင္ပန္းတာေပါ့ဟန္ရယ္ စာသင္ေနတဲ့အ႐ြယ္မွာအလုပ္ၾကမ္းႀကီးကိုစၿပီးလုပ္ခဲ့ရတာေလ ကြၽန္ေတာ္ၿပိဳလဲခ်င္တာေတာင္မွ အေနာက္မွာမိသားစုရွိတယ္ဆိုတဲ့စိတ္နဲ႕အားတင္းထားရတာ ၿပီးေတာ့အရမ္းလည္းအထီးက်န္တယ္ အသက္ႀကီးႀကီးေတြၾကားမွာအ႐ြယ္အမ်ားႀကီးကြာဟေနတဲ့ကြၽန္ေတာ္တေယာက္တည္း ဆဲခံဆိုခံ အဲဒီဒဏ္ေတြမခံနိုင္ေတာ့ ႐ူးခ်င္ေယာင္ေဆာင္တယ္ ဟန္လည္းသိမွာပါ ေခတ္မေကာင္းလို႔႐ူးခ်င္ေယာင္ေဆာင္တယ္ဆိုတာေလ  ေခတ္ေကာင္းလို႔ဆက္႐ူးေနရင္လည္းကံတရားေပါ့ ဟား..ဟား..."

ဦးရယ္ ဟုစိတ္ထဲကသာေျပာေနမိသည္   ရယ္ေမာေျပာေနပမဲ့ စိတ္ထဲဝမ္းနည္းေနတာအသိသာမို႔ ဘာျပန္ေျပာရမွန္းေတာင္မသိေတာ့

ဟန္ဝင္ဖက္လိုက္ေတာ့ အားကိုးရသြားသည့္ကေလးငယ္လိုျပန္လည္ဖက္တြယ္လာၿပီး ပခုံးကစိုစိုစိစိအထိေတြ႕ေၾကာင့္ငိုေနတယ္ဆိုတာအတပ္သိလိုက္သည္

ရန္မ်ားျဖစ္ေနမလားအထင္ျဖင့္နားေထာင္ေနသူမွာ တက္တက္စင္ေအာင္လြဲေတာ့သည္

........................................................................

[text_hash] => b7bd7842
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...