Chapter 12: 10

Array
(
[text] =>

Uni

ရှီး~~~

"အမေဘာကြော်နေတာလဲ"

ငါးကြော် ကြော်နေတာမြင်ရက်နဲ့မေးနေသည့်သားကိုဇွန်းဖြင့်ခေါက်ချလိုက်သည်

"နင့်မျက်လုံးကန်းနေလားဟမ်"

"တွေ့တယ်လေ စကားပြောချင်လို့အစရှာတာ"

"ပြောဘာပြောမှာ မင်းယောင်္ကျားရော အခုထိမနိုးသေးဘူးလား"

"နိုးတာကြာလို့ အဝတ်လျှော်ပြီးလှမ်းတောင်လှမ်းနေပြီ ဟိုမှာ"

ရောက်တာတစ်ညပဲအိပ်ရသေးပေမဲ့ အိမ်မှုကိစ္စသိမ်းကျုံးအကုန်လုပ်သည် အမေကတားလိုသာ သူ့အဝတ်ပဲလျှော်တာ လူကနုနုဖက်ဖက် အလုပ်မှန်သမျှသူမလုပ်တက်တာမရှိတစ်ခုပဲ

"ငါကယောင်္ကျားလေးဆိုတော့ဘာမှမရလောက်ဘူးထင်တာ"

"သူ့အိမ်မှာသူပဲထမင်းချက်ဟင်းချက် အဝတ်လျှော်သန့်ရှင်းရေး စက်ချုပ် ဈေးရောင်းအကုန်ရတယ် အမေ့သမက်ကတစ်ခုပဲမရတာ"

"ဘာလဲအဲဒါက "

"သူ့ကိုငါးမပိုင်းခိုင်းနဲ့ ငါးမကိုင်တက်ဘူး ချက်တာလဲရတယ် ငါးပဲမကိုင်တက်တာ အဲဒါပြောမလို့ "

"အမလေးးးငါးမကိုင်တက်တာအဆန်းလုပ်လို့ သင်ရင်ရတာပဲလေ"

"သင်လဲမရလို့ပေါ့ဗျ"

ကြာလေသမက်၏ နောက်ကြောင်းစိတ်ဝင်စားလေးပင်ဖြစ်လာသည်

"အေးဟေ့ အေး အမယ်အဝတ်စားသစ်တွေနဲ့ဘယ်ကြွမလို့ပြင်နေတာလဲ"

"အရက်ဆိုင်"

ဒေါက်!!

"လူမေးရင်အကောင်းမပြောဘူး ပြီးတော့မနက်စောစောစီးစီးသောက်ဖို့စဥ်းစားနေတာလား မင်းယောင်္ကျားရောအရက်သောက်တာမတားဘူးလား"

"သူတားရင်ရောကျွန်တော်ကလက်မခံတာသိလို့မတားဘူး သွားတော့မယ်ဗျာ မနက်စောစီးအာရုံနောက်တယ် ကြာကြာထိုင်ရင်ခေါင်းပေါက်တော့မယ်"

ထိုသို့ပြောပြီးပြေးထွက်လာလိုက်သည် အနောက်ကပြောနေတာတော့မကြားခြင်ထောင်ထောင်လိုက်သည်

မီးဖိုထဲတွင်တော့ဒေါ်ခင်မေဦးတယောက်တစ်ယောက်တည်းပြောနေတော့သည်

' ရွာထဲမှာ အလည်ပြန်လာတဲ့သူတွေရှိမလားမသိဘူး သမက်အကြောင်းလေးဘာလေးသိချင်သိမှာ ကံမကောင်းဗေဒင်လေးမေးပြီးယတြလေးချေအုံးမှပါလေ'

လယ်ထဲကပြန်လာသော ဦးပိုင်စိုးမှာ အိမ်တွင်ဘယ်သူမှမရှိ သားနှစ်ယောက်နဲ့ သမက်လည်းမရှိမိန်းမလည်းမရှိ အိမ်ပေါ်မှာ အုပ်ဆောင်းနဲ့ထမင်းဝိုင်းသာရှိသည်

သိချင်တာတွေမေးတိုင်းဖြေနေသည်က ဟန်ရဲ့ဦးမှဟုတ်ရဲ့လားတွေးမိသည် အပေါင်းသင်းနဲ့တွေ့နှုတ်ဆတ်လိုက် အသိတွေရှိရင်မိတ်ဆတ်လိုက်နှင့် တချို့ကြတော့လည်း ဆုတောင်းမှာကြတာကိုကွယ့် အိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေဆုတောင်းပေးသည့်လူကြီးမိဘများလည်းရှိသလို ဒီအောင်ထောင်ရေးကတည်မြဲမှာမဟုတ်ဘူး ကွဲမှာဘဲဆိုသည့်လူများလည်းရှိသည်

ဘယ်သူ့စကားမှနားမထောင်တာကဦး

''ကောင်လေးကညီးတို့ပြောသလိုလဲမဆိုးပါဘူးအေ့"

မနက်စာမစားလာတာကြောင့် လမ်းမှာဗိုက်ဆာလာ၍ ဆိုင်တဆိုင်ဝင်ထိုင်လိုက်သည် လူမများဘူးဆိုပေမဲ့ တောသင့်လေးတော့ရှိသည် ဟန်တို့အကဲခေတ်ချင်လို့ဝင်လာကြသူလည်းရှိသည်

"ဟုတ်ပဟယ် ဖြူဖြူဖွေးဖွေးနဲ့ချစ်စရာလေး"

"ဟဲ့ရုပ်ချောတာသုံးရလို့လား ရုပ်ကလေးဗန်းပြပြီးမြူဆွယ်လိုက်တာနေမှာ"

"မြူဆွယ်တယ်ပြောရအောင်အေ ပိုင်စိုးဦးဆိုတဲ့ကောင်ကဥစ္စပေါရုပ်ချောမှမဟုတ်တာ သူဌေးသားဆိုတော့မပြောချင်ဘူး"

မိန်းကလေးအုပ်စု၏စကားဝိုင်းလေးမှာထိုမျှတွင်တိတ်ဆိတ်သွားလေသည်

"စားတာလည်းပေပွနေတာပဲဟန်ရယ် "

ဘယ်လိုဘဲထိန်းပြီးစားစား ခရင်တွေစားရင် နှုတ်ခမ်းထောင့်တွေမှာပေနေတက်သည် ထိုအချင်းရာကိုဦးကမြင်သွားလေသည်

တစ်ရှူးတစ်ခုယူကာ သုတ်ပေးလာသည့်ဦးနှင့်ကြောင်အနေသည့်ဟန် 

"ဟယ်~ ကြည့်ရမ်းပိုင်စိုးဦးကဒီလိုလဲလုပ်ပေးတက်တာပဲလား"

"အေးဟယ်~ ငါသာဟန်နေရာကိုဝင်ရရင်အရမ်းကောင်းမှာဘဲ"

"မပြစ်မှားနဲ့နော်ကောင်မတွေ ပိုင်ရှင်နဲ့ဖြစ်နေပြီ"

မိန်းကလေးငါးယောက်အုပ်စုမှာ တစ်ယောက်ကဒေါသတကြီးထွက်သွားလေးသည်

"ဒါနဲ့လေငါအဲကောင်လေးကြောင်းအရမ်းသိချင်တာပဲ "

"တောကသာပြောတာ မြို့သားပုံစံလေး "

"ခဏလေး တောတန်းရွာကပြန်လာတဲ့ ဒေါ်ဇာချည်ရှိတယ်လေ သွားမေးလို့ရမယ်ထင်"

"တောတန်းရွာကဘာလုပ်ဖို့လဲ"

"နင်ကလေ ရုပ်ကလေးမဆိုးသလောက်အရမ်းတုံးတာပဲ တောတန်းရွာကဟန်ရဲ့ရွာလေ တနည်းပြောရရင်ပိုင်စိုးဦးနဲ့ဒေါ်ဇာချည်အလုပ်သွားလုပ်တဲ့ရွာ"

"အေးဟ သိချင်သိမလားပဲ"

မိန်းကလေးအုပ်စုမှာဒေါ်ဇာချည်အိမ်သွားရင် ဟန်အကြောင်းသိချင်တဲ့သူတစ်ယောက်စနှစ်ယောက်စကလည်းလိုက်လာကြသည်  အိမ်ရောက်သွားတော့အိမ်ရှေ့၌မြက်နှုတ်နေသည့်ဒေါ်ဇာချည်ကိုတွေ့လေသည်

"ညီးတို့အိမ်မှားလားတာလား သူကြီးအိမ်ကရွာလယ်မှာလေ"

"ကျုပ်တို့ကဒီကိုပဲလာတာအရီးရဲ့"

"ဒါနဲ့သူကြီးကဘာလုပ်ဖို့ခေါ်တာလဲအရီး"

"ကျုပ်ဘယ်သိမလဲတော် မိန်းမတွေလာရင်းကိစ္စဘာလဲ"

ထိုချိန် ပိုင်စိုးဦးအမေ ဒေါ်ခင်မေဦးကဝင်လာလေသည် "

"ဟယ်~ ညမလေးဇာချည်ဘာလုပ်တာလဲလူစုံတက်စုံပါလား"

"ဟုတ်တယ်အမရေ အမသမက်ကြောင်းသိချင်လို့တဲ့ "

"ညီးတို့အခုမသိလည်းနောက်တော့သိမှာပေါ့ တကယ်တည်းတော် လုပ်စရာအလုပ်တွေမရှိဘူးလား သွားကြအကုန်လုံး"

"လုပ်ပါအရီးရယ် ကျုပ်တို့လည်းသိချင်လို့"

"ငါ့သားပိုင်စိုးဦးခေါ်ပေးရမလား"

သူ့သားပိုင်စိုးဦးဆိုတာနဲ့အကုန်လုံးထွက်သွား​ကြသည် အကြောင်းက သူမကျေနပ်ရင်မကျေနပ်သလိုလိုက်နှောင့်ယှက်တက်သည့်သားအကြောင်းသိ၍

"အမလည်း အမသမက်ကြောင်းသိချင်လို့လား"

"အေးပေါ့အေ စိတ်ဝင်စားစရာလည်းကောင်းတာကို"

"ဒါဆိုကျမပြောပြမယ် "

"ကျမနေတဲ့အိမ်နဲ့အဲကောင်လေးအိမ်နဲ့ဆို ရွာထိပ်နဲ့ရွာဖျား မှာ"

"ကောင်လေးမိဘတွေရော"

"အဖေတော့မရှိတော့ဘူး အမေရယ်အကိုရယ်ပဲရှိတယ် သူ့အဖေရှိတုန်းကဆိုရင် ရွာရဲ့မျက်နှာဖုံးတွေတဲ့ နောက်တော့စီးပွားရေးတွေပျက်လာတာပေါ့ အိမ်တွင်းရေး စီးပွားရေးအားလုံးကိုသူ့အမေကဘဲအုပ်ထိန်းထားရတာ"

"သူ့အကိုကရော"

"အမလေးဆိုးချက်ကအမရေ မပြောလိုက်ချင်ဘူး"

"........"

"ဒါဆိုတော်တော်ဆိုးတာပဲ ငါ့သမက်တော့လိမ္မာတယ်မလား"

"နှစ်ယောက်စလုံးကမတူတဲ့တည်းနဲ့ဆိုးကြတာအမရဲ့"

"ဘယ်လို!!"

"သူတို့အမေကအရမ်းစည်းကမ်းကြီးတယ် သူ့အကိုပျက်စီးတာ အဲစည်းကမ်းကြောင့်ပေါ့ ဟန်ကျတော့ သူ့အမေခွင့်မပြုတဲ့ဟာအကုန်လုပ် ပြန်ပြောတာဆိုတာလေ "

"နေပါအုံးယောင်္ကျားလေးပဲခွင့်မပြုဘူးဆိုတာရှိလို့လား"

"ရှိတာပေါ့အမရဲ့ 

၁.....အသက်မပြည့်မချင်းရီးစားမထားရဘူး

၂..... အပေါင်းသင်းနဲ့လည်ခွင့်မပြုဘူး

၃....... အကြောင်းမရှိဘဲရွာထဲမသွားရဘူး

၄....... ပျော်ပွဲရွှင်ပဲမသွားရဘူး

ဘုန်းကြီးကျောင်းကအလှုဆိုရင်တော့ရတယ်

၅........ မသောက်စားရဘူး

၆........အပြင်မှာအလုပ်မလုပ်ခိုင်းဘူး

"ညီးဟာဘယ်လိုကြီးလဲအေ"

"ယောင်္ကျားလေးဘဲအေ ရီးစားထားတာဗိုက်ကြီးမှာကျလို့"

"ဟုတ်တယ်အမရဲ့ အပေါင်းသင်းနဲ့လည်လို့မရဘူး ခိုးသွားရင်လည်းအရိုက်ခံရသေးတယ် ခွင့်တောင်းရင်လည်းခွင့်မပြုဘူး အမသမက်ကိုမေးကြည့်ရွာထဲကလမ်းတွေမှတ်မိရဲ့လားလို့

"ပျော်ပွဲရွှင်ပွဲမသွားရဘူးဆိုတာမဖြစ်နိုင်တာ"

"သင်္ကြန်မှာတုန်းကမျက်မြင်ကိုယ်တွေ့  ရွာထဲကလူတွေမေးတော့ ငယ်ငယ်ကတည်းကသင်္ကြန်ရေမကစားဖူးဘူးတဲ့"

"ဟယ်တော်သနားပါတယ်"

"မသောက်စားရဘူးဆိုတာထားတော့ အပြင်မှာအလုပ်မလုပ်ခိုင်းဘူးဆိုတာက "

"ဒီလိုအမရေ တစ်မီးပေါက်တယောက်ထွန်းဆိုတာအမလည်းကြားဖူးမှာပေါ့အကိုကသုံးမရတော့ညီပေါ်ပဲခေါင်းကျတာပေါ့ အပြင်မှာလုပ်ရင်အိမ်မှာလုပ်ဖို့လူမရှိလို့ အိမ်မှာလုပ်ရင်လည်းပိုက်ဆံမဝင်ဘူးဆန်ကုန်မြေလေးဆိုတာပြောတက်သေးတယ်"

"အမလေး ငါသာအဲကောင်လေးနေရာမှာဆိုပြေးပြီ ဒီလောက်ချုပ်ချယ်တာ"

"အမပြောတာနောက်ကျသေးတယ် "

"ရန်ကုန်ပြေးပြီးပြီ တစ်နှစ်လောက်"

"အဲဆိုဘာလို့ပြန်လာတာလဲ"

"အကိုကြောင့်ပေါ့ သူ့အမေကထိုင်းမှာ အမွေကိစ္စနဲ့ရှုပ်လိုက်တော့ မြန်မာပြည်ထဲမှာရှိတဲ့ဟန်ကိုမရရအောင်ခေါ်ချပြီး အိမ်မှာထားထားတာလေ"

"ဝဋ်ကြီးလိုက်လား ခေတ်ဆက်သာဟန်ရယ်"

"............"

"မိဘမေတ္တာသေချာမရဘူးပဲ"

".........."

"ငယ်ငယ်ထဲကတယောက်တည်းနေလာခဲ့ရတော့ အဲပုံစံဖြစ်သွားတာနေမှာ ငါ့သမက်ကလေးသနားပါတယ်"

ဇာချည်နှင့်စကားပြောပြီးအတွေးတချို့နှင့် အိမ်ကိုပြန်လာသည်

"ခင်မေ သူကြီးအိမ်မသွားဘူးလား"

"ငါ့မေ့နေတာ အခုသွားမှာလား"

"အေး "

"အဲဆိုသွားမယ်"

လမ်းတဝက်မှာတင်သူကြီးအိမ်ရောက်သွားပြန်သည် မနက်ကတည်းကမိန်းမအားမတွေ့ရသေးသည့်ဦးပိုင်စိုးမှာ ဘာလုပ်လုပ်အဆင်မပြေနေခဲ့

သူကြီးအိမ်တွင် သူကြီးရယ်သူကြီးကတော်ရယ် သူကြီးရဲ့ခိုင်းဖော်ခိုင်းဖက်နှင့်ကျည်မရှိသည့်နှစ်လုံးပြူးသနတ်

ဒေါ်ခင်မေဦးတို့အရောက်တွင်လူဟာစုံသလောက်ဖြစ်နေပြီ

"ဗျို့သူကြီး လူလည်းစုံပီဗျ ပြောစရာရှိတာပြောတော့လေမောင်"

"အေးဟယ် ဒီလိုပဲထိုင်ခိုင်းထားမှာလား"

"နေကြပါအုံးကွာ ပြောမှာငါမဟုတ်ဘူး တကယ့်ပြောမယ့်သူကဟိုမှာ"

အားလုံးရဲ့ မျက်စိက ဘောင်းဘီခပ်တိုတိုညိုတစ်တစ်အသားရေ ဆံပင်ကြက်တောင်စီးနဲ့ ပိုင်စိုးဦး

"သူကြီးကနောက်ပြီဗျာ "

"သူကြီးအတည်ပြောနေတာ အခုလိုအစည်းဝေးခေါ်ခိုင်းလိုက်တာကျုပ်ပဲ"

စကားပြောသံကခပ်မာမာ မျက်နှာထားတည်တည်နဲ့ တရွာလုံးရဲ့မျောက်ဆိုတာ လားလားမျှမတူ ခါတိုင်းတွေ့ရတက်သည့်ပုံစံက မျက်နှာပိုးမသေတောင့်မကျိုးစပ်ဖြီးဖြီးနှင့် တရွှာလုံးရဲ့ငမွှေထိုးဆိုရင် ပိုင်စိုးဦးကိုပြရမည်

"ကဲပြော ကျုပ်တို့ကသူကြီးခေါ်ခိုင်းတယ်ဆိုလို့သာလာတာ နင်မှန်းသိရင်မလာဘူး"

"ဟုတ်ပအေ ဘာဒုက္ခပေးမလို့လဲမသိဘူး "

တရွာလုံး၏ပြောဆိုမှုတွေကို ပိုင်စိုးဦး ထိုင်ခုံ၌လက်ပိုက်ပြီးသာထိုင်နားထောင်နေလိုက်သည်

"တိတ်ကြစမ်း ငါတယောက်လုံးရှိနေတာကို နဲနဲလေး လေးစားမှုရှိကြစမ်းပါကောင် "

သူကြီးပြောလိုက်မှပင် မီးကိုရေနဲ့ငြိမ်းသလိုငြိမ်းသွားကြသည်

"ပြောပါစေသူကြီးရဲ့ ပါးပစ်ညောင်းရင်ပိတ်သွားမှာပဲ ကဲအခုကျုပ်ပြောတာခများတိူ့အားလုံးနားထောင် ဘာတခွန်းမှဝင်ပြောစရာမလိုဘူး "

"အဓိကပြောချင်တဲ့အကြောင်းရာကနှစ်ခုရှိတယ်

၁ ကျုပ်လူကို ကျုပ်ကလွဲရင် ဘယ်သူမှဟန်လို့မခေါ်ရဘူး"

၂ ရွာထဲကကျုပ်တို့အကြောင်းဘယ်သူမှမပြောရဘူး "

"အမလေးဟယ် ဘာများလဲလို့ မကောင်းတာလုပ်ထားမှတော့ပြောမှာပေါ့အေ့ "

"အေးလေ ပိုင်စိုးဦးရာ နင့်ဟာအဓိပ္ပာယ်မရှိတာ ပတ်ဝန်းကျင်ကသိတဲ့အတိုင်းပဲ ပြောလည်းအရှေ့ခုနစ်အိမ် နောက်ခုနစ်အိမ်ပေါ့ဟ"

"ကျုပ်ပြောတာမပြီးသေးဘူး ပြောလို့မရဘူးမဟုတ်ဘူးပြောလို့ရတယ် ဒါပေမဲ့ ဟန်ရှေ့မှာဆိုရှောင်ပေး သူကစိတ်ခံစားလွယ်လို့ ခများတို့စကားကြောင့်ကျုပ်လူတခုခုဖြစ်ရင် အဲလူဘာမှမဖြစ်ဘူးလို့ကျုပ်အာမမခံဘူး"

လူဝိုင်းထဲမှာစကားသံတွေဟာခပ်ကြိတ်ကြိတ်ထွက်လာပြန်သည်

'နင်ပြောတော့ ပိုင်စိုးဦးကဟိုကောင့်မချစ်ဘူးဆို'

'ငါလည်းသတင်းအဲလိုကြားတယ်လေ'

'မချစ်လို့သာပဲ သူ့လူစိတ်ဆင်းရဲမှာတော့ကြောက်'

'နံပါတ်၁အချက်ကတော့သဘောမကျဘူး'

'ဘာသဘောမကျတာ ကျုပ်တို့တွေဟန်လို့ခေါ်တာမကြိုက်လို့ပေါ့

'ညီးချစ်သူကို ညီးခေါ်သလိုခေါ်ရင်ညီးကြိုက်မလား'

'ဘယ်ကြိုက်မလဲတော် ကျုပ်တယောက်တည်းကခေါ်ချင်တဲ့နာမ်စားလေ'

'ပိုင်စိုးဦးလည်းအဲလိုပဲပေါ့ '

တချို့ကြတော့လည်းနားလည်သွားတဲ့လူရှိသလို စမ်းချင်ကြတဲ့လူတွေလည်းရှိသည်

"ပိုင်စိုးဦးတို့ကအာသာချောင်ရဲတာ တကယ်လုပ်ရဲတာကြလို့''

"ကျုပ်လုပ်ရဲလားမလုပ်ရဲလားသိချင်ရင် ခများတို့စမ်းသပ်ကြည့်နိုင်တယ် ကျုပ်ပြောချင်တာဒီလောက်ပဲ"

သူပြောချင်တာပြောပြီးထွက်သွားသည့် သားဖြစ်သူကို ဒေါ်ခင်မေဦးမျက်စိတစ်ဆုံးကြည့်ပစ်လိုက်သည် သူအရှေ့ပြန်လှည့်တော့ သူကြီးကတော်က မျက်နှာပိုးမသေ

"ဘယ့်နှယ်ရှိစ မခင်မေဦးရေ  အဖေထက်သားတစ်လကြီးလေးလာပြီနော်"

ဒေါ်ခင်မေဦးဟာ တရွာလုံးတွင်သူယောင်္ကျားကအချစ်တက်ဆုံး သူ့ယောင်္ကျားကအတော်ဆုံးဟု ရင်ဘက်တီးကြွေးကြော်ထားသူဖြစ်သည် အခုတွင်သားဖြစ်သူ၏စကားနှစ်ခွန်းကြောင့် သူအနှစ်နှစ်ဆယ်ထိန်းသိမ်းလာသောကြွေးကြော်သံကျရှုံးသွားရသည်

upကရတုန်းတင်ပေးထားပါ့မယ်ရှင့် စာမစစ်ရတာကြောင့်အမှားပါရင်ခွင့်လွှတ်ကြပါရှင်

........................................................................

[text_hash] => 9795c2fe
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...