Array
(
[text] =>
Uni
ညချိန်တွင် ပုံမှန်မဟုတ်ပဲတိတ်ဆိတ်နေပြီး ညကောင်လေးတွေ၏အသံသာရှိသည် ဆောင်းရာသီကူးပြောင်းစဖြစ်ပြီမို့ ညအချိန်ဟာအအေးဓာတ်ကိုအနဲငယ်မျှပေးစွမ်းနေပြီး ပိုးစုန်းကြိုးလေးကမီးရောင်ကအားဖြည့်ထားသည်
အင်္ကျီဂျုင်းပြတ်အဖြူနဲ့ ဘောင်းဘီတိုတိုဝတ်ထားပြီး ကွပ်ပစ်၌ထိုင်နေသူဟာ ဆောင်းရာသီအအေးနဲ့သူငယ်ချင်းဖြစ်နေသလို တိမ်နှင့်ကွယ်နေသည့် မလင်းတလင်းလလေးကိုငေးကာ တယောက်တည်းအတွေးများနေသူအနား ပိုင်စိုးဦးသွားလိုက်သည် လက်ထဲ၌အနွေးထည်အင်္ကျီလေးကအခန့်သား
ခါတိုင်းထက်ပိုအေးစက်သည်ထင်ရသည့်ညတွင် ဟန်သည်အတွေးအားတောင်ရောက်မြောက်ရောက်ဖြစ်နေစဥ် ပခုံးပေါ်ကျလာသည့်အနွေးဓာတ်တစ်ခု
"ဦး ဟန်ကအိပ်နေပြီထင်တာ"
"အိပ်တော့မှာညန်း မင်းမတွေ့လို့ရှိမလားလာရှာတာ ထင်တဲ့အတိုင်းပဲ ကိုယ့်ကိုကိုယ့် ရေခဲလူသားမှတ်နေလား လက်ပြတ်ကြီးနဲ့နေနိုင်ရအောင် "
"အကျင့်ပါနေလို့ပါဦးရဲ့ ပြီးတော့ဟနါကအအေးကြောက်တယ်"
"ကိုယ်တော် အအေးကြောက်လို့သာပေါ့မဟုတ်ရင် မင်းကိုယ်လုံးတည်းဖြစ်နေလောက်ပီ"
"ဦးကလည်း "
"ကျုပ်မလဲဘူး ခများဘေးမှာထိုင်နေတာ "
"ပြောပါအုံး အအေးကြောက်ပြီးဒီလိုအကျင့်ရှိတာ"
"ဟန်ငယ်ငယ်ကအေးလာပြီဆို အနွေးထည်ဝတ်ပြီး ဖေဖေစီမှာကွေးနေကြ ဖေဖေမရှိတဲ့နောက်ပိုင်း မေမေနဲ့ကြတော့ အဲလိုတွေမနေခိုင်းဘူး ၁၂နှစ်အရွယ်ကိုရင့်ကျက်စေချင်ခဲ့တာ အသက်နဲနဲကြီးလာတော့ကိုယ့်ဘာသာကိုယ်အနေများရင် အအေးကိုလည်းဂရုမစိုက်တော့ဘူး ဒီလိုပုံံပဲနေများလာတော့ အအေးဆိုတာဘာမှမဟုတ်သလိုဖြစ်လာတာ "
"လိုအပ်လားဟန်"
"ဟမ်~ဘာလဲဦးရဲ့"
"ခများတွက်နွေးထွေးနိုင်မဲ့ရင်ခွင်တစ်စုံ"
"လိုတာပေါ့ဦးရယ် ဒါပေမဲ့မလိုဘူး ဟန်အကျင့်ပါသွားမှာကြောက်တယ် အဲဒီအကျင့်ဆိုးသာပါသွားခဲ့ရင် အဲဒီရင်ခွင်သာမရှိတော့ရင်ဟန်ဘလိုမှနေနိုင်မှာမဟုတ်ဘူးဦး"
ကျွန်တော်ရင်ဘက်တနေရာကနာတယ်ဟန် မင်းကဘလိုနေမှန်းမသိပေမဲ့ မင်းပုံမှန်လိုပြောလိုက်တဲ့အရာကကျွန်တော့်ရင်ကိုနာကျင်စေတယ်
ကျွန်တော်လုပ်ခဲ့တာတွေက မှားလားလို့သံတယတွေဝင်လာတယ် ကျွန်တော့်ကြောင့်မင်းပိုစိတ်ဆင်းရဲနေမလားအတွေးကညတိုင်းခြောက်လှန့်နေတယ်
မင်းသာဘေးမှာရှိရင် အဲညကကျွန်တော့်တွက်လုံခြုံသလိုအားကိုးရသွားတဲ့ကလေးငယ်လိုပဲ ဒါပေမဲ့ခများကိုကျွန်တော်မချစ်ဘူးဟန်
မဟုတ်ဘူး ချစ်လား? မချစ်လား? ကျွန်တော်ကိုယ်တိုင်တောင်မသိတာမို့ ခများကအဖြေရှာပေးရလိမ့်မယ်ဟန်
"ခများအကြောက်ဆုံးအရာကဘာလဲဟန်"
"ခင်တွယ်ရမှာရယ် ချစ်ရမှာကိုရယ်"
ဟန်မင်းနဲ့ပတ်သက်လာရင်လေ ပဟေဠိတွေကြီးပဲ မင်းရဲ့စကားတိုင်းက ကျွန်တော်တွက်အမေးတွေပဲဟန်
"ဟန်သံယောဇဥ်ဖြစ်သွားရင် အဲလူတွက်အစွန်းရောက်တက်ပြီး ဟန်ချစ်တဲ့သူမှန်သမျှဟန်အနားကထွက်သွားကြတယ် "
"ဒါဖြင့် ဟန်နေခဲ့တဲ့လောကကြီးကိုကျောခိုင်းပစ်လိုက်စမ်းဟန် အခုချိန်မှာဟန်တယောက်တည်းမဟုတ်ဘူးကျွန်တော်လည်းရှိနေပြီပဲလေ"
ကျွန်တော်လည်းရှိတယ်တဲ့ ထိုစကားဟန်တွက်အမှန်လားဟန်မသိ ဟန်နားထဲတွင်အဲချိန်ကအကြောင်းရာတစ်ချို့သာခေါင်းထဲဝင်လာသည်
စကားဝိုင်းလေးသည်အကြောင်းပြချက်မရှိတိတ်ဆိတ်သွားပြန်သည် ညကောင်လေး၏အသံတွေဟာလည်း ထိုတိတ်ဆိတ်မှုကိုမဖြိုခွင်းနိုင်
ဟန်မနက်နိုးလာတော့ဦးလည်းမတွေ့အဖေလည်းမတွေ့ မီးဖိုချောင်၌ခေါင်းပေါင်းစကြီးပေါင်းပြီး ချက်ပြုတ်နေတဲ့အမေသာရှိသည်
"အမေ "
"ဟော~နိုးပြီလား "
"ဟုတ်ဒါနဲ့အဖေရော"
အဖေရောဆိုတာနဲ့ သမင်လည်ပြန်ကြည့်လာသည့်အမေ
"အဖေကိုသိချင်တာလား? ယောင်္ကျားဘယ်သွားလဲသိချင်တာလား?"
"ဟိ နှစ်ခုစလုံး"
"ကိုပိုင်စိုးကလယ်ထဲသွားတယ် ဟိုကောင်ကဘယ်သွားလဲကျုပ်လဲမသိဘူး "
"စကားမစပ်အမေ ဦး အဲ ပိုင်စိုးဦးကဘာတွေကြိုက်တက်လဲဟင် "
လပ်ထဲမှာစာအုပ်နဲ့ဘောပင်ကိုင်လာသည့်အကြောင်းရင်းကအခုမှသိတော့တယ်
ဪ~အတ္တကြီးလိုက်တဲ့ငါ့သား ထိုအတ္တကတနေ့ဒုက္ခဖြစ်လာမှာကိုသာ ဒေါ်ခင်မေဦးကြောက်ပါသည်
မိမိရှေ့ရှိကောင်လေး၏အပြုံးက အေးချမ်းမှုကိုဆောင်ပြီး တခါတလေ မျက်ဝန်းသေတွေနဲ့မဲ့ပြုံးကကျောချမ်းစရာ
သူပြောသမျှစာရေးပြီးလိုက်မှတ်နေတဲ့သမက်ဖြစ်သူကိုသာ သူ့ယောင်္ကျားမြင်လိုက်ရမယ်ဆိုရင် သူ့သားတွက်ပိုလို့ပင်စိတ်မအေးဖြစ်သွားမှာ
"ဟော~ ပြောရင်းဆိုရင်းလာပြီ "
အဝါနဲ့အမဲရောင်စပ်လေးကို လက်ကဖြတ်ထားပြီး ဘောင်းဘီအမဲလေးတွဲဝတ်ထားသည့်ဦးက သာမန်ရုပ်ရည်ဆိုပေမဲ့ ဟန်မျက်လုံးထဲတွင်သိပ်ကို ခန့်ညားလွန်းသည်
အိမ်ရှေ့ကွပ်ပစ်၌သွားထိုင်သည့်ဦးနားဟန်ပါလိုက်သွားလိုက်သည်
"မင်းဘာတွေမှတ်နေတာလဲ"
"ဟင်းနာမည်တွေ"
"ဘာတွက်"
"ဦးကြိုက်တဲ့ဟာတွေအမေ့ကိုမေးပြီးမှတ်နေတာ ဒီတိုင်းဆိုဟန်ကမေ့တက်လွန်းလို့ "
"မင်းကတော့လေ "
"ဒါနဲ့ကျုပ်ဘယ်ကလာလဲဆိုတာဘာလို့မမေးတာလဲ"
"မေးချင်တာပေါ့ ဟန်နဲ့ယူလိုက်ရလို့မလွတ်လပ်ဘူးချုပ်ချယ်တယ်ထင်မှာစိုးလို့မမေးတာ ဒါပေမဲ့ဦးကြိုက်တာလုပ်လို့ရတယ်တစါခုပဲ ဟန်အပေါ်မဖောက်ပြန်ပါနဲ့ ဟန်လုံးဝခွင့်လွှတ်မှာမဟုတ်ဘူး"
"ကျုပ်ကမင်းကိုမချစ်ရင်သာနေမယ် မဖောက်ပြန်တာမို့ မင်းစိတ်အေးလို့ရတယ် အခုနကျုပ်သွားတာ အိမ်သွားကြည့်တာ"
"အိမ် ဘယ်သူ့အိမ်လဲ"
"ကျုပ်နဲ့နောက်မိန်းမနေဖို့တွက်"
ဖတ် !
စကားအကောင်းပြောရင်ဘယ်တော့မှအပေါက်လမ်းမတည့်သည့်ဦးကို လက်မောင်းအားရိုက်ချလိုက်သည်
"မင်းယောက်က္ခမအိမ်မှာနေနိုင်လား"
"နိုး "
ထိုမှဟန်စဥ်းစားမိကာရိုက်မိလိုက်သောလက်မောင်းအားဖွဖွလေးပွတ်ပေးလိုက်သည်
"ဟိ ~နာသွားလားဦးကတော်တာ"
"မဖားနဲ့အေးဆေးဆက်ဆံ သွားကြီးဖြဲပြရအောင်နွားပွဲစားမဟုတ်ဘူးညန်း"
"ဟိုကောင်တွေစီကဖုန်းလာတယ် Happy New year ကျရင်အားလုံးရွာပြန်လာကြမယ်တဲ့ "
"အဲဆိုဘဘကြီးမိုင်ကပါလား"
"မသိဘူးမောင် သူတို့ဘာသာလာချင်လာမလာချင်နေ ကိုမိုးရွှေ ဘီလူးနဲ့ငဟိန်းတော့လာမယ်ထင်တယ်"
"ဟမ်~ ဘီလူးကဘာလာလုပ်မှာသူ့မိန်းမမွေးကာနီးမှ"
"ကွဲသွားပီ မင်းမသိဘူးလားသူ့မိန်းမသွားခွဲလိုက်တာ"
"ဟန်မသိဘူး "
ဘီလူးတွင်တရားဝင်မိန်းမနှင့်သမီးတယောက်ရှိသည် သတ္တုမိုင်းလုပ်တယ်ဆိုတော့သိတဲ့အတိုင်းပိုက်ဆံကလည်းရွှင် တရွာမှာတစ်ကျီဆောက်ရုံတင်မဟုတ် ရွာရှိသူအကွက်မိတဲ့သူမှန်သမျှ စားမယ်ဆိုတာကြီး လွန်ခဲ့တဲ့လတွေကမှ အိမ်ထောင်ကွဲဖြစ်သည့်တစ်ဝမ်းကွဲအမနှင့်ယူလိုက်ကြသည် ထိုအမတွင်လည်းမပေါ့မပါးကြီးနဲ့ သူနဲ့ရတာတော့မဟုတ်ဘူး အရင်ယောင်္ကျားနဲ့ရတာ
သူ့မိန်းမလိုက်လာတော့ သူနဲ့ငြိထားသူတွေက လျော်ကြေးတောင်းတာတွေနဲ့ အခုယူထားတဲ့မိန်းမပါခွဲပစ်လိုက်တယ်တဲ့ ပြီးတော့သူလည်းဆက်မပေါင်းတော့ဘူး
ဟန်ဘဝတွင် ဆေးရှုအရက်သောက်တာကမှဖြေသာအုံးမည် မိန်းမရှုပ်တဲ့လူဆိုအသေရွံ
"ဟန်တို့အိမ်ဘယ်နေ့စပြောင်းကြမလဲ"
"သဘက်ခါ နေ့ကောင်းတယ် မနက်ဖြန်တော့နေလိုက်အုံး "
"အင်း ဒါနဲ့အလုပ်ကရော"
"ဦးအောင်မျိုးတို့အခုလုပ်နေတဲ့ကျင်းပြီးခါနီးရင်ခေါ်လိုက်မယ်ပြောတယ် အဲကြမှပဲသွားတော့မယ်လောလောဆယ် အိမ်မှာနှစ်ပတ်လောက်နေပြီးလှေသွားလိုက်မလို့"
"ဟိုလှေမလိုက်ပဲ အဖေနဲ့လယ်ထဲဆင်းရင်ရော"
"ဒီမှာဟန်ကျုပ်သာလယ်လုပ်မယ်ဆိုရင် အခုချိန်ခများမိုင်းမှာတွေ့ရမှာမဟုတ်ဘူး လယ်ထဲမှာရောက်နေမှာ "
"မိုင်းကအလုပ်ကြမ်းလေ လယ်ကအဲလောက်မဆိုးပါဘူး"
"အဖြေကရှင်းရှင်းလေးဟန် ကျုပ်အဖေနဲ့အလုပ်မလုပ်ချင်လို့ "
ဟန်ထိုခံစားချက်ကိုနားလည်ပါသည် ဦးကအဖေနဲ့ပတ်သက်ပြီးခံစားချက်ရှိသလို ဟန်လည်းအမေနဲ့ရှိခဲ့တာပဲလေ
"ဟဲ့! ဟိုကလေးတွေထမင်းစားမယ် သူ့ဖေကလယ်ထဲဆင်းရအုံးမှာ"
"ဆက်ဟန် ဟိုကောင်ကဘယ်တဲ့ "
"ရွာထဲကသူငယ်ချင်းနဲ့အရက်ဆိုင်ကိုတဲ့အဖေ"
စားပွဲရှိဟင်းကိုအစဥ်လိုက်ဦးချပြီး ထမင်းသာငုံ့စားနေလိုက်သည်
"ဒီထမင်းဝိုင်းကဘယ်တော့မှလူစုံမှာလဲကွ ဟမ်"
အဲဒါရှင့်ကြောင့်လို့ ခင်မေဦးမပြောဖြစ်ပေ ထမင်းစားဝိုင်းပျက်သွားမှာသူမလိုလား
ထမင်းဝိုင်းတွင်ဘယ်တော့မှလူမစုံတာကြည့်ပြီးခင်မေဦးတယောက်မျိုပင်မကျ
ရွာပြင်ထန်းရေဆိုင်တွင်
"မင်းကွာပျောက်ခြင်းမလှပျောက်သွားတာ လာမဲ့လာတော့အလှလေးပါခေါ်ခဲ့သကိုး"
"ငါထင်တာရွာသူချောချောလေးကွ"
ကိုအေးသာရဲ့ထန်းရေဆိုင်ကပင်ကျရေဘဲဖြစ်တာကြောင့် ညနေပိုင်းဆိုအတော်သောက်လို့ကောင်းတယ် ပိုင်စိုးဦးနှင့်အဖွဲ့မှာ လေးယောက်တည်းသာရှိသည်
"ငါမေးပါအုံးမယ် ကျောင်းတုန်းကရှိသမျှဆော်တွေပတ်ကြောင်လာတဲ့ကောင်ကဘယ်လိုဖြစ်ယောင်္ကျားလေးတယောက်နဲ့လဲ "
"အေးလေ အသက်ငယ်လို့စိတ်ကစားတာများလား"
"ငါတော့မထင် ရွာရောက်ရောက်ချင်းငါတို့နဲ့လာမသောက်တာဘဲကြည့် "
"လင်နားမခွာနိုင်တာ"
ငယ်ပေါင်းငါးယောက်၏ပြောဆိုမှုကို ပိုင်စိုးဥိး ပဲကြီးလှော်ဝါးကာနားထောင်နေလိုက်သည် တချက်တချက်ထန်းတောပိုင်ရှင်ကိုအေးသာ၏စကားလည်းဝင်လာသေးသည်
"ဒါနဲ့ဟေ့ရောင်ငါတို့နဲပါးမိတ်ဆက်ပေးကွာ "
"သူလားမိတ်ဆက်ပေးမှာ ညီကိုတောင်မှ မသိမှာစိုးလို့မိတ်ဆက်တာကောင်"
ဝက်ဖုံရွာသည် ပိုင်စိုးဦးတို့ညီအကိုမရှိရင်ပျင်းစရာကောင်းသလို ထန်းတောတွင်သူတို့နှစ်ယောက်ပေါင်းမိလျှင် တခုခုဖြစ်လာတော့မည်ဆိုတာအေးသာမတွေးလည်းသိလိုက်ပြီ
တယောက်တနေရာစီဆို ဘာအသံမှမကြားပဲ နှစ်ယောက်သာပေါင်း မတွေးရဲ
"ငါဒီမှာမှန်းဘလိုသိလဲ "
"အိမ်ပြန်တာ လငပုတ်ဖမ်းနေတဲ့မျက်နှာတွေ့လို့ မရီးမေးပြီးလိုက်လာတာ"
သူ့ညီ ပိုင်ထွေးကိုထန်းရေတမြူလုံးမော့ချပြီး သူတို့လင်လင်ကြောင်းဖောက်သယ်ချတော့သည်
"ဟ ငါ့တို့ကောင်နဲ့အသက်တူတူပေါ့ "
"မရီးကတောင်နဲနဲကြီးတယ်"
"အားကိုးခံချင်တဲ့ငါ့တို့ကောင်ကြီး မောင်ဆိုတာနဲ့ပြားပြားဝပ်သွားလား"
"နိုးနိုး မှားတယ်ဟိုကဦးဆိုတာ ဟန့်သဘောဖြစ်သွားတာဟေ့ရောင်ရေ"
ရယ်ရင်းအားမ၍ လက်ပါနီးစပ်ရာကျောကိုရိုက်ရယ်နေသည့်ညီ၏ပါးစပ်ထဲ ကြွက်ကင်ထိုးထည့်ပေးလိုက်သည်
"အလိုလိုက်တာမဟုတ်ဘူးညန်း ငါ့နောက်အားကိုးပြီးလိုက်လာကာမှအားငယ်ရတဲ့အဖြစ်မျိုးမဖြစ်စေချင်နော် ငိဖို့"
ထန်းရေတမြူပြီးမြူသောက်ပြီး လေတိုက်လာလေမူးလာလေဖြစ်နေပြီ အာလေးလျှာလေး အာသွာလျှာသွက်ဖြစ်လာကြသည်
"အောင်ပွဲခံတဲ့အနေနဲ့အမူးသောက် ဒီညကပိုင်စိုးဦးညပဲ"
"မြှောက်မနေကြနဲ့ဟေ့ရောင်ရေ တော်ကြနေခြင်ထောင်ပြင်မှာနေရမှ ငိ ငိငိတွေဖြစ်ကုန်မယ် "
ဟား...ဟား....ဟား......
ထန်းရေအိုးမျောက်မြားဖြစ်လာချိန်တွင် သူသူကိုယ်ကိုယ်လမ်းခွဲလိုက်ကြသည် ဟိုသုံးယောက်ကတစ်တွဲ ပိုင်စိုးဦးတို့ညီအကိုကတစ်တွဲ
ညီအကိုနှစ်ယောက်လမ်းအကျယ်ကြီးကိုသိုင်းပွက်နင်းကာ ပခုံးသိုင်းထက်ထားကြသည် ဘောင်းဘီအတိုဝတ်ထားသည်ပိုင်ထွေးဦးက ထပ်တိုအောင်လုံးတင်လိုက်ပြီး ပေါင်သလုံးကြွက်သားများမှာ၁၅နှစ်အရွယ်နဲ့မလိုက်ဖက်အောင်တုတ်ခိုင်သည် ထို့အတူပိုင်စိုးဦးကလည်းအားကျမခံ ပုဆိုးကစလွယ်သိုင်းလွယ် ဖိနပ်ကိုခါးမှာထိုးအားကစားဘောင်းဘီကိုထပ်လုံးတင် ခေါင်းမှာဟန်စီးပေးလိုက်သော ကြက်တောင်စီးကလှုပ်စိလှုပ်စိနှင့်
"အရက်ကိုကြိုက်လို့သောက်တဲ့သူ"
"စိတ်ပျော်တက်လို့သောက်တဲ့လူ"
စာသားတကြောင်းကိုတယောက်စီဆိုကာအိမ်ပြန်လာကြသည် လမ်းကခွေးကတအူအူ
အူးးးးးး
"သောက်ပလိုက်မယ်အရက်များများ"
"ကိုကြီးရေ ခွေးတွေတောင်လိုက်ဆိုနေတယ်ကျန်း"
"အဲဒါကိုကြီးဆိုတာတော်လို့ "
"အခုဆိုတာဘယ်ရောက် "
"ကြားလူတွေဖြတ်လို့တော့နောက်မဆုတ်ဘူး အဲဒါ"
"ဟာ~မဟုတ်ဘူးကောင် လေထုထဲမှာငါဟာသီချင်းလေးဆိုအဲဒါ"
"မှားနေတယ် ငါတို့ဆိုနေတာတောဂေါ်လီလေညီလေးရာ"
🎶မနက်ခင်းစောစာစီးအိပ်ရာထ ကြွ စိတ်မှာထကြွလို့အိပ်ယာကထ သိက္ခာကကျ🎵
"ညကထထားရင် မနက်ကထနိုင်လို့လား"
"ဒီမှာညီရေး ယောင်္ကျားတယောက်က မနက်လင်းပွင့်တာနဲ့အောက်ကကောင်ပါပွင့်ရော အဲညီရေးပြောတဲ့ဟာကတော့ ညီးရေးမိန်းမရရင်သိမှာပေါ့ကွာ"
သူတို့၏သီချင်းဆိုသံနှင့် မဖွယ်မရာစကားတွေဟာဘုန်းကြီးကျောင်းကလော်စပီကာအသံနှင့်ပြိုင်နေကြသလိုပင် ခြံနားမရောက်တရောက်မှာသီချင်းသံတညံညံနဲ့ဦးများလားထွက်ကြည့်တာ အဟုတ်ကိုဦးဖြစ်နေတာ ခြံတောင့်မှာရပ်နေသည့်ဟန်ကို အခုထိမမြင်ရသေးပုံပင်
"မင်းမိုက်လားဟေ့ရောင် မိုက်ရင်ထွက်ခဲ့ ပိုင်ထွေးဦးတို့ညီအကိုတွေတဲ့ တစ်ကိုတည်း"
အိမ်ရှေ့မှာရှိနေသည့်ခွေးကိုလူထင်နေကာရန်ဖြစ်နေကြသည် သွားတွဲရမဲ့အစား
ဘယ်လိုလုပ်မလဲသိချင်၍ ဒီတိုင်းရပ်ကြည့်နေလိုက်သည်
"ဒီကောင်ငါတို့မကြောက်ဘူးပဲညီရေးရ "
"ရန်မဖြစ်ချင်ဘူးထင်တယ် ထားလိုက် အိပ်ပြန်မယ်"
"ညီးရေးရေ မင်းရဲ့မရီးလေးကိုငါတွေ့နေတယ်"
"ကိုရီးအမြင်ငှားနေတာ အိမ်ကိုဟိုဘက်မှာ"
အိမ်ရှေ့မှာရပ်နေပြီး ဟိုဘက်အိမ်လက်ညိုးထိုးနေတဲ့ညီဖြစ်သူနောက်ကို ခေါင်းတညိတ်ညိတ်လုပ်ပြီး အဘေးခြံဝင်သွားလေသည် မနေနိုင်တော့သည့်ဟန်က သွားခေါ်ရတော့သည် ဦးဝင်သွားသည့်အိမ်ကအကြောင်းသိသည်အလားဘာမှမပြော ဦးတို့ကကိုယ့်အိမ်ကိုယ့်ယာလိုအိမ်ရှေ့ကွပ်ပစ်ပေါ် ခြေကားယားလက်ဖြင့်အိပ်ကြဖို့ လုပ်နေကြသည်
"တောင်းပန်ပါတယ်အမရယ် "
"ရပါ့ဆက်ဟန်ရယ် ဒါမျိုးကရိုးနေပြီဆိုသလိုမျိုးပဲ သောက်နေကြဆိုပေမဲ့ဒီတခါတော့အဆိုးဆုံးပဲဆက်ဟန်"
လူမှန်းသူမှန်းသိနေသည့်ညီကိုအရင်နှိုးပြီး ဦးကိုတွဲခိုင်းရသည် ဟန်ကယောင်္ကျားတွေနဲ့ ခွန်အားတူတူလောက်ဆိုပေမဲ့ဦးနဲ့ယှဥ်ရင် အလိုလိုသေးသွားသည်
မနိုင်တနိုင်ဖြင့်တဖက်ခြံကိုတွဲကာဝင်လာလိုက်သည် ကွပ်ပစ်၌အမေကစိတ်ပျက်လက်ပျက်ဖြင့်
"ဒီအရှေ့မှာပဲပစ်ထားလိုက် အဲမှဒင်းတို့မှတ်မှာ"
ဟန်တွဲထားတာလွှတ်လိုက်တော့ ကွပ်ပစ်ပေါ်ထပ်လျက်သားကျလေသည် အေးနေပြီဖြစ်သည့်ရာသီဥတုမို့ အေးစိမ့်စိမ့်လေးဖြစ်နေပြီ ညလုံးပေါက်ဒီတိုင်းထားဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်
အိမ်ပေါ်ထပ်ကိုလည်း မမနိုင်တော့တာကြောင့် စောင်နဲ့ခေါင်းအုံးသွားယူကာခြံပေးလိုက်သည်
"အဖြစ်က သဲတာတော်"
"ဦးကအခုလိုအရက်သောက်ပြီးလေစိမ်းခံရင် ဖျားတက်လို့.."
ဟန်ပြောတော့ မပြောလိုက်ချင်ဘူးဆိုသည့်အကြည့်ဖြင့်ရွာထဲသွားလိုက်သည် ဦးညီကိုလည်းစောင်ခြံပေးလိုက်သည် လင်မျက်နှာလိုက်တယ်ဆိုတာမျိုးမလိုလား
အေးလွန်ပြီးကွေးရင်း ကြည့်တော့ ကွပ်ပစ်ပါ်ရောက်နေသည် ကွပ်ပစ်အောက်ဆင်းဖို့အရေး ကွေးနေသည့်ခါးနှင့်ခြေကိုအရင်ဆန့်ရသည် ဘေးနားကြည့်တော့ကုလားသေကုလားမောအိပ်နေသည့်ညီကို စောက်မြင်ကပ်စွာကန်ချပစ်ခဲ့သည် သူ့ဘာသာသူကျိုးကျိုးကန်းကန်း
အိမ်ပေါ်တိုင်ကပ်နာရီကြည့်တော့ တစ်ချက်တီးတီး အိပ်ပြီအထင်ဖြင့်တံခါးကိုခပ်ဖြေးဖြေးလေးဖွင့်လိုက်သည် ညအိပ်ရင်လွတ်လွတ်လပ်လပ်မှအိပ်တပ်သည့်ဟန်ကသူ့အကျင့်တိုင်းတီရှပ်အရှည်နှင့် သူ့ဘောင်းဘီကြီးဝတ်ထားသည်
အေးချမ်းနေသည့်ကောင်လေးတွက် ဆက်အေးချမ်းစေချင်၍ တိတ်တဆိတ်အိပ်ဖို့ပြင်လိုက်သည်
"ဦး "
ကျစ်! နိုးသွားပြန်ပြီငါ့နှယ်
ဟန်မျက်လုံးတွေဟာ အတင်းမှိတ်ချင်နေထိ စိတ်ကမရပေ ဦးကအပြင်မှာဆိုသည့်အသိကသာစိုးမိုးနေသည်
"အင်း~ကျုပ်ရှိတယ် အိပ်"
"ဟန်အိပ်မပျော်ဘူး "
"မင်းတရေးမှမအိပ်ရသေးတာလားဟန်"
"အင်း ဦးအပြင်မှာအေးနေမလားဆိုတဲ့အသိက ဟန့်ကိုအိမ်မပျော်စေဘူး"
ဟန်ရယ်ဟု စိတ်ထဲကသာပြောနိုင်သည် ရုတ်တရက်နဖူးပေါ်ရောက်လာသည့်လက်ကြောင့် အသက်ပင်အောက်မိတော့မလို
"ဘာ! ဘာလုပ်တာလဲ"
"ဦးဖျားချင်နေပီ ကိုယ်နွေးနေတယ် "
"ကျုပ်ကိုပျော့ညံ့အောင်မလုပ်စမ်းနဲ့ဟန် ကျုပ်အနားခများမရှိရင်ကျုပ်ပဲခံစားရမှာ "
"ဦးနားကဘယ်တော့မှထွက်မသွားဘူး ဆံဖြူသွားကျိုးလို့ ဦးခန္တာကိုယ်မရှိတော့တဲ့ထိ ဟန် ဦးနားမှာပဲကပ်တွယ်နေမှာ"
"တော်ကီတပေါက်ကလျှမ်းလျှမ်းတောက် "
"တော်ကီပစ်နေတာမဟုတ်ဘူးနော် အမှန်ပြောတာ "
"ကဲအိပ်တော့ အိပ်ရေးမလို့ခေါင်းကိုက်တယ်ညီးရင် ကျုပ်တော့မသနားဘူး အိပ်"
ရင်ခွင်ထဲဆွဲသွင်းလိုက်တာနဲ့အလိုက်သင့်ပါလာပြီး ဟန်လည်ပင်းပေါ်မျက်နှာအပ်လိုက်သည် ပိုင်စိုးဦးလိုလူတွက်ကြယ်ကြွေစရာမလိုပဲဆုတောင်းပြည့်သည် ပြီးတော့ နွေးတယ် လုံခြုံတယ်
လည်ပင်းကိုဝင်လေထွက်လေပုံမှန်နေပြီမို့ အိပ်ပျော်သွားပြီဆိုတာသိလိုက်ရသည် မနက်ဖြန် မဖျားစေဖို့သာဆုတောင်းရမည်သာ
........................................................................
[text_hash] => a7340860
)
What do you think?