Chapter 14: 12

Array
(
[text] =>

Uni

အွတ်! အီးအီးအော့ ~

နိုးလာချိန်တွင် ကွပ်ပစ်အောက်ရောက်နေသည်

အမလေးဟဲ့! ငါ့ခါး ကျွတ်!ကျွတ်! အကိုကြည့်တော့ မရှိထိုလိုအရက်အလွန်ကျွံသောက်လာချိန်တွင် အကိုလုပ်သူကနေမြင့်မှထတက်သည်

အာ~ သူ့ယောင်္ကျားစီမှာလား

"ညီလေးနိုးနေပြီလား "

"နိုးပြီပေါ့ဗျ ဘယ်မှာလဲမရီယောင်္ကျား"

"အခန်းထဲမှာအိပ်နေတယ်လေ"

"ဘာ !!"

"ဘာလို့ဇွတ်အော်နေတာလဲ အဖေတောင်မနိုးသေးဘူး"

"ကျုပ်တို့အတူလာတာကိုမှ ကျုပ်ကဒီမှာမရီးယောင်္ကျားကအခန်းထဲမှာတရားလား"

"အဲဒါဒီလိုရှိတယ်......."

"ဪအဲလောက်ဆိုရပြီ အမေ့ကိုပြောလိုက်ကျုပ်အိမ်ပေါ်ကဆင်းတယ်လို့"

မနက်အလှည့်ကျဆွမ်းတွက်ထချက်နေသောအမေကိုမမြင်ပဲပြောချင်ရာပြောနေသူအစားဟန်ခေါင်းကြိမ်းလာသည် အတွေးပင်မဆုံးလိုက်ယောင်းမပျံတွေဆင်းလာသည်

"ဆင်းစမ်းပါအေ နိုးရင်လည်းအေးဆေးနေလေ မနက်စောစီးအကုသိုလ်က"

"အမေသာကျုပ်ကိုဒီမှာမပစ်ထားရင် ကျုပ်အော်စရာမလိုပါဘူးဗျ"

"ဪ~ ပြောလေကဲလေအကောင်ရယ် ငါ့လင်ကအိပ်တုန်းဟဲ့ "

ဦးတို့မိသားစုကြည့်ရင် အိမ်ကိုသတိရမိသည် အိမ်မှာဆိုအမေနဲ့အဲလိုပြောနိုင်ဖို့နေနေသာသာ ပြောဖို့ပြင်တာနဲ့တင်ကိုညာပါးဘယ်ရောက်သွားမှာ ဟန်တို့ကမိသားစုလို့မဆိုနိုင်ပေ အဖေကစီးပွားရှာသည်မို့ ထိန်းသိမ်းသည့်အမေကအရမ်းစည်းကမ်းကြီး၍သားတွေမလိုက်နိုင် အဖေသေတော့

"ဟာ~ အမေရာမနက်စောစီးဗျာ နားကိုညီးနေတာပဲ"

အိမ်ပေါက်ဝ၌ဆောင့်ကျုပ်ထိုင်ကာ အိပ်မှုန်စုန်ဖွားဖြင့်ကောက်ကွေးနေသည့်ဆံပင်ကိုထပ်ဆွဲဖွနေလေသည့်လင်တော်မောင်

"ဟန် မင်းအဝတ်တွေလုပ်ပြီးပြီလား"

ဒီနေ့ဟန်တို့အိမ်ပြောင်းရမည့်နေ့ပင်

"အွန်း~ဦးဟာတွေပါစုံပြီ"

"ကိုကြီးကျွန်တော်လဲလိုက်မယ်"

"အိုအေ အလိုက်တသိလေးနေစမ်းပါပိုင်ထွေးဦးရဲ့"

"အမေ့ မဆွဲနဲ့ဗျနာတယ် အဖေရေကယ်အုံးဗျို့!! ကျုပ်နားရွက်ပြတ်တော့မယ်"

သားအမိစစ်ပွဲပြီးသည့်အခါ ဟန်နှင့်ဦးဇာတ်လမ်းပြန်ဆက်ကြရသည်

"မှန်းစမ်း ကျစ်! ဖျားနေပြီ"

"ယောင်္ကျားမောင် အဲလောက်လေးဖျားတာစာမဖွဲ့ဘူး"

ထိုစဥ်..

"ဟယ်~ ဘယ်သူဖျားနေတာလေးဆက်ဟန်လေးလား အမလေးကိုယ်ကျိုးတော့နဲပြီအမေရဲ့"

နစွန်နဖျားကြားပြီး ထိုအမရဲ့အမေကသေတွင်းကပဲပြန်ထွက်ပေးရမလိုလို ဦးစီမှာနေတဲ့တပတ်တွင်းဟန်ဟာ မိန်းကလေးတွေပါးစပ်ဖျားမှာရေပန်းအစားဆုံးဖြစ်ပြီး ဦးရှေ့မှာဆိုဘာမှမဟုတ် ဦးသာမရှိကြည့်ဟိုလူကဆွဲချင်ဒီလူကစချင်လိုက်နဲ့ ငါလေးတယ်ချစ်စရာလည်းကောင်းသကိုး

"တိတ်စမ်း မနက်စောစီးကျက်သတုန်းမကလာငိုယိုနေတယ် "

"ကျုပ်နင်နဲ့မပြောချင်ဘူး အပေါက်ပိတ်ဘေးဖယ်နေ"

" ဆက်ဟန်လေး"

မာဆက်ဆက်အသံကပျော့သွားလိုက်တာများ ဖယောင်းခဲကြီးကျလို့

"အိမ်ပြောင်းမှာဆို မသွားခင်ဘာစားချင်လဲပြော ဆက်ဟန်လေးဘာကြိုက်တက်လဲ"

"မသိရင်သူ့လင်ကျလို့"

"အပေါက်ပိတ်ထားလို့ပြောထားတယ်နော်ပိုင်စိုးဦး"

"သူ့အကြိုက်ကိုကျုပ်သိတယ်ဆိုရင်ရော"

"ပြောစမ်း!ဘာလဲ~"

ပါးစပ်ကိုအတင်းပိတ်ကာဝုဝုဝါးဝါးတွေအော်နေလေသည်

"သေချာပြော၉၉ပြားကောင်ရယ်"

"ခများပဲပါးစပ်ပိတ်ဆို"

"ကပ်မပြောနဲ့ကျပ်မပြည့်တဲ့ကောင်"

"သူကြိုက်တာက စစ်ကိုင်းတိုင်းဝန်းသိုနယ် ဝက်ဖုံရွာကကျုပ်ကိုဗျ"

"သေချင်းဆိုး မသာ ကာလာနာတိုက် ​မြွေပွေးကိုက် လမ်းဘေးသေးပေါက် ဓာတ်တိုင်သေးပန်း တွေ့ရာခြုံတိုးအိပ် ကျပ်မပြည့်တဲ့ကောင် တကယ်တည်းမောလိုက်တာ"

"ရော့! အမရေသောက်"

"ဆက်ဟန်ပဲအလိုက်သိ"

"အမ စဆဲကတည်းကမောမယ်ဆိုတာကြိုသိနေလို့"

မနိုင်ဘူးဟုပြောပြီး မျက်စောင်းမလှလေးထိုးသွားလေသည်

ဦးပြန်လာတော့ ကားတစ်စီးပါလာသည် ပစ္စည်းရွှေ့ဖို့အတွက်

"မင်းမကြိုက်ဘူးလား"

"ကြိုက်တယ် လုံးဝဟန်စိတ်ကူးထဲကအတိုင်းပဲ"

နှစ်ဧကကျော်ခြံလေးမှာ ခြေတံရှည်အိမ်လေးကိုအပြာရောင်လေးခြယ်ထားပြီး အိမ်ရှေ့၌ပန်းအိုးအသေးလေးတွေကတင်တဲ့နေရာတင် ချိတ်တဲ့နေရာချိတ်ထားသည်

အိမ်နောက်ကသီးပင်စားပင်တွေနဲ့ ထပ်စိုက်လို့ရမဲ့မြေကွက်လပ်အိမ်ရဲ့အနောက်45ဒီဂရီလောက်မှာစပါးကျီ

အိမ်ရှေ့မှာကျတော့ အရိပ်ကောင်းကောင်းရမည့်သစ်ပင်ကြီးရယ် နဲ့ခြံတံတိုင်းတောင့်မှာတရုတ်စံကားပင်သုံးပင်

လှေကားနဲ့ရှေ့တွေမှာကစ်စမီရယ်ရှားစောင်းရယ်နှင်းဆီဖြူရယ်အိုးလှလှနှင့်ထားပေးထားသည်

အိမ်ရှေ့ကပင်မကွာ မတ်တပ်သေမလိုသူကြောင့် ပိုင်စိုးဦးတို့လက်ဆွဲခေါ်ရသေးတယ် အိမ်ကသန့်ရှင်းရေးလုပ်ပြီးသားမလို့ အထုပ်တွေနေရာချရသည်

နေရာသစ်ပတ်ဝန်းကျင်အသစ်မို့ ဟန်အတွက်စိမ်းသက်ပေမဲ့ ဦးတွက်အရက်ဆိုင်ရှာဖို့ကသိပ်မခက်ပ

နေတာသုံးလေးရက်ရှိပေမဲ့အဘေးအိမ်နဲ့စကားမပြောဖြစ်

"မောင်လေးရေ ပိုင်စိုးဦး"

"ဗျို့ "

အိမ်ရှေ့ထွက်လာတော့အိမ်နားမှာမြင်နေရသည့်လူကြီးနှစ်ယောက်ရယ် မိန်းကလေးသုံးယောက်ရယ်

"မောင်လေးက.."

"ဗျာ~ ကျွန်တော်ကပိုင်စိုးဦးအမျိုးသားခေတ်ဆက်သာဟန်ပါဗျ"

"ဟေ! သူပြောပြတုန်းကယုံတောင်မယုံဘူး"

ဒါဆိုဦးကသူတို့နဲ့ရင်းနှီးတာလား

"ပိုင်စိုးဦးကချစ်တက်သွားပြီဘဲ"

"ကဲအရီး အရီးပြောချင်တာပဲပြောမနေနဲ့လေ ဆက်ဟန်ကဘာမှမသိဘူး"

"ဟိုပြောပြလို့ရရင်ပြောပြပေးလို့ရမလား "

"သိပ်ရသပ အရီးနာမည်ကအုံးမြ ဒါကရွှေကျင် ဟိုနှစ်ယောက်နွဲ့နွဲ့စန်းနဲ့ နွဲ့နွဲ့မူ ဟိုက ဘုတ်ဆုံ မှတ်ထားကောင်လေးရဲ့ ညာဘက်အိမ်ကနဲ့မျက်နှာချင်းဆိုင်ကပဲ  "

ထိုလူအဖွဲ့နှင့်ဟန်ဟာ စကားလက်ဆုံကျသွားလေသည်

"ဒီရွာနာမည်ကရေဦးလေ ဝက်ဖုံနဲ့ဆိုတစ်ရွာကျော်ပဲ"

"ပိုင်စိုးဦးကိုသိကြတာလားဟင်"

"ကျုပ်တို့ရွာတင်မဟုတ်ဘူးရေဦးနဲ့ရွာနီးနှစ်ရွာလောက်ပါသိတယ် ရွာကျော်ပင်လောင်းမျောက်ဆိုအကုန်သိ အဲမျောက်အိမ်လာမေးတုန်းကဆို ကျုပ်တို့မှာပါးစပ်အဟောင်းသားနဲ့''

လွန်ခဲ့သောတပတ်ခန့်တွင်

"ဟဲ့! ဟိုမှာပင်လောင်းမျောက်မလား"

"ဟုတ်ပမောင် ပြန်ရောက်နေပြီတဲ့မိန်းမယူရမဲ့အစားယောင်္ကျားယူလာတာတဲ့တော်"

"ခေတ်ကြီးကဘာဖြစ်လာပြီမှန်းကိုမသိပါဘူးအေ "

ရွာလယ်အပင်အောက်၌နေ့ခင်းအမျိုးသမီးအုပ်စုမှာဝိုင်းဖွဲ့ထိုင်နေကြသည် ကလေးတွေကလည်းအနီးနား၌ကစားနေကြသည်

"ဘွားတော် ဒီရွာမှာအိမ်ရောင်းဖို့မရှိဘူးလား"

"ပင်လောင်းမျောက်မင်းဟာလေ နာမည်သိရဲ့သားနဲ့ရိုင်းဆိုင်းချက်မောင် "

"ကျုပ်ရိုင်းတာခများအပူပါလား ပြောမှာသာပြောစမ်းပါအချိန်မရှိဘူး"

"အိမ်ငှားတော့ရှိတယ် ဝယ်ချင်ရင်တော့ပိုင်ရှင်နဲ့ညှိပေါ့"

"ဘယ်နားလဲအဲအိမ်"

အိမ်ပြောလိုက်ပြီးတွင် ထသွားတော့မဲ့မျောက်ကြောင့် အတင်းဆွဲထားရသည်

"နေပါအုံး အိမ်ဝယ်ပြီးဘာလုပ်မှာမင်းအဖေနှင်ချလို့လား"

"ဘာဗျ!!  ကျုပ်ကနှင်ချလို့ဆင်းမဲ့ကောင်လား ကျုပ်ဟာလေးကိုဘိုးတော်အိမ်မှာမထားချင်လို့ပေါ့ ခများတို့ကလျှာကိုရှည်တယ်"

"ဘာလို့လောနေတာလည်းပင်လောင်းမျောက်ရာ ရှိတဲ့အိမ်ကလဲထွက်မပြေးဘူး ခါတိုင်းလဲနောက်ကျမှလည်းအိမ်ပြန်နေကြကို"

"မတူတော့ဘူးမောင် အခုကမျှော်မဲ့သူရှိတယ် ဘိုးတော်ကအမြင်မကြည်လို့အမြန်စီစဥ်တာခမျ ရပါ့လား လျှာကိုရှည်တယ်"

"အဲလောက်ကြွချင်နေလည်းကြွတော်"

ပစ္စုန်ပ္ပန်တွင်

"ဟုတ်ပမောင်ရင်ရေ ကျုပ်ဖြင့်အဲမျောက်ကိုထုချင်တာမှယားနေတာပဲ"

"ဘာလို့လဲဦးကြီးရဲ့"

"ကျုပ်ကအသက်ကြီးပြီဆိုတော့ သားသမီးတွေအိမ်မှာလှည့်နေတာ ကျုပ်အိမ်ကလစ်ဟာနေတော့ဆေးဝါးဖိုးရအောင်ကျုပ်က အိမ်ငှားတင်တာ အဲနေ့ကပဲပေါ့အိမ်ကဓားမြတိုက်သလိုတိုက်သွားတာ

ထိုနေ့ကပင်

"ဦးရီး​ရွှေကျင် ဗျို့!ဦးရီးရွှေကျင်"

"ဟေ့! ကျုပ်အိမ်နောက်မှာ ဘယ်သူလဲဟေ့!"

"ကျုပ်ပင်လောင်းမျောက်ဗျ "

"ဟ~ထူးထူးဆန်းဆန်းပါလားကွ ဘာကိစ္စတုန်း"

"ဘယ်နှယ့်ဗျာ အိမ်ငှားတင်တယ်ဆိုပြီးတက်နေနေတာလဲ "

"အော်ငါ့တူရေ ဒါရန်ကုန်မှမဟုတ်ဘဲ ချက်ချင်းတော့ဘယ်ရမလဲကွ ငါ့အိမ်လေးမှိုမတက်အောင်တော့ သန့်ရှင်းရေးလာလုပ်တာဟေ့"

"ဒါဖြင့်မှိုမတက်အောင်ကျုပ်ကိုအပ်လိုက်"

"ဟေ! မင်းကငှားမလို့လား"

"အပြီးဝယ်မှာ"

"ဟားးဟားး ငါ့ကောင်ရေမင်းနှယ့်ရီစရာတွေသိပ်ပြောတာပဲ "

"ပြောပါအုံးမင်းမှာဘယ်နှပြားရှိလို့တုန်း "

"99ပြား "

"ခွေးကောင် ဝက်ဖုံမှာအိမ်ကဘာဖြစ်လို့လဲ"

"ဘာပဲဖြစ်ဖြစ်ရောင်းမှာလား မရောင်းဘူးလားတစ်ခွန်းပဲပြော"

"ငါခေါ်တဲ့ဈေးမင်းပေးနိုင်ရင်ရောင်းမယ်ကွာ "

"ဗရမ်းပတာဈေးတွေခေါ်လို့ကတော့နော် ပင်လောင်းမျောက်တဲ့တစ်မျောက်တည်းရယ် "

ပိုင်ရှင်ခေါ်လိုက်တဲ့ဈေးသည် ပိုင်စိုးဦး၏အနှုတ်အောက်တွင်တဖြေး​ဖြေးလျှော့ကျသွားရသည်

"ဟေ့ကောင်! အဲလောက်မှမရလည်းငါမရောင်းတော့ဘူးကွာ"

ပစ္စုန်ပ္ပန်တွင်

"အဲဒါဘာဘဲငါတူရေ ချက်ချင်းကိုစာချုပ်လုပ်ခိုင်းပြီး မနက်ကျတော့ငွေထုပ်နဲ့လာတာပဲ"

"အဲဒါကြောင့်ဘုတ်ဆုံပြောတာပေါ့ ၉၉ပြားကောင်ဆိုပြီးအထင်မသေးနဲ့လို့"

"၉၉ပြားကောင်ပင်လောင်းမျောက်ဖြစ်ပေမဲ့လို့ တခြားသားသမီးတွေနဲ့စာရင် ပင်လောင်းမျောက်ကပြောစရာမလိုဘူး"

"ဟုတ်တယ် သူ့အသက်ရွယ်နဲ့မိဘနဲ့ခွဲပြီးအလုပ်လုပ်နေတာ ရသမျှလည်းပို့သေး ဒါနဲ့အိမ်ဝယ်ဖို့ငွေအမြောက်မြားဘယ်ကရပါ့လိမ့် "

"စုထားတာလဲဖြစ်နိုင်တာပဲ "

"ပင်လောင်းမျောက်သာပိုက်ဆံစုရင်သူအလုပ်လုပ်စရာမလိုတော့ဘူး သူအရက်သောက်တာနဲ့အိမ်ပို့တာမျှမျှပဲ "

"အဲဆိုအရီးသူ့အိမ်ကအရက်သောက်တာမတားဘူးလား"

"ဘယ်တားမလဲတော် သူ့သားကအလုပ်ကြမ်းလုပ်ရတာလေ ပြီးတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ပိုက်ဆံထွက်ရှာပေးတဲ့သူဆိုတော့ သူ့အမေကအလိုလိုက်တားတာ"

"ကောင်းတာက အရက်ကလေးဝင်ရင်ရွာမှာသာပတ်မွှေတာ သူ့တပါးသားသမီးနှုတ်နဲ့တောင်မပစ်မှားဘူး အဲတစ်ခု သူ့ကိုထိလာရင်လည်းစိတ်မြန်လက်မြန်ပြန်လုပ်တက်တာတစ်ခုပဲ ဆက်ဟန်ရေ"

"ဒါနဲ့ ပင်လောင်းမျောက်နဲ့မောင်ရင်ကအသက်ဘလောက်ကွာတုန်း

"ဦးက၂လငယ်ပါတယ်ဦးကြီး"

"ဟေ! ဒါဖြင့်မောင်ရင်ကအသက်မပြည့်သေးဘူးပေါ့"

"ဟုတ်ပါတယ်ဦးကြီး"

"ဟုတ်ပြီမောင်ရင်ရေ ဒါဖြင့်ကျုပ်တို့ပြန်အုံးမယ် မိုးချုပ်တော့မယ်"

"ဟုတ်ကဲ့ပါဦးကြီး"

"အဲဆိုကျုပ်တို့လဲပြန်လိုက်အုံးမယ် မောင်လေးရေ"

"ဟုတ်ကဲ့ပါအမ"

ထိုအမတွေထွက်သွားပြီးခဏအကြာတွင် အရက်နံ့တထောင်းထောင်းနှင့်ဦးကပြန်လာလေသည်

"ဘယ်လောက်တောင်သောက်လာရတာလဲဦးရယ် နံဟောင်နေတာပဲ"

အွန့်!အွန်~းး ပြွတ်စ်!

ပိုင်စိုးဦးလွှတ်ပေးလိုက်ချိန်တွင် ဟန်မှာဖောက်လိုက်ဖောက်လိုက်နှင့်ဖားပြုတ်တိုင်းပင်

"ခါးတာ"

"အရက်ပါဆိုချိုနေရမလား မင်းလိုချောကလက်အမြဲစားနေတဲ့သူမှမဟုတ်တာ"

"အဲဆို ဦးကဟန်ချာကလက်စားတာမကြိုက်ဘူးပေါ့"

"ဟင့်အင့်? မင်းနှုတ်ခမ်းမှာစွဲနေတဲ့ချောကလက်အရသာထက် ကျုပ်နမ်းလိုက်တိုင်းစတော်ဘယ်ရီလိုနီရဲသွားတဲ့မင်းနှုတ်ခမ်းပဲကြိုက်တာ"

ထိုအခါဟန်မရှက်စဖူးရှက်ရပြန်သည်

"ဦးရဲ့လှေလိုက်မဲ့ကိစ္စဘယ်လို ပြီးတော့ဟန်ကြည့်ရသလောက် ပင်လယ်လဲမရှိပါဘူး"

"အင်း လှေလိုက်မယ်ဆိုအင်းတော်ကြီးသွားရမှာ ကျုပ်မသွားနိုင်ဘူး ဦးအောင်မျိုးတို့ကျင်းပြီးတော့မယ်ပြောတယ် အဲမှကျုပ်သွားတော့မယ်"

"ဒါဆိုရေချိုးတော့ ဟန်ထမင်းပြင်ထားမယ်"

"ငါးကျင်းဥ ဒါကဝက်သားခရမ်းချဥ်သီးချက် ဘူးသီးဟင်းချို ငါးကြော် "

"ဟမ်းလေကများဇဘမ်မာ"

(ဟင်းတွေကများလိုက်တာ)

"အယ် ဦးထားဝယ်လိုပြောလိုက်တာလား ပြန်ပြောပါအုံး"

"စကားနှစ်ခါပြောရတာမကြိုက်ဘူးကောင်"

"ဝက်သားဟင်းကအမေအိမ်ကလာပို့ထားတာ ငါးကျင်းဥကားရခဲတယ်ပြောလို့ ရတုန်းကဝယ်ပေးတာ"

စားသောက်ပြီးတွင် ညနေစောင်းလေအေးအေးခံယူလိုက်သည်

"ဦး ဟိုဗီဒိုကဘာလို့သော့ခတ်ထားတာလဲ"

"ကျုပ်ကိုယ်​ရေးကိုယ်တာတွေ"

"လင်မယားကြားမှာ ကိုယ်ရေးကိုယ်တာဆိုတာရှိသေးတာလား"

"မင်းတခြားကြောင်းရာတွေမေးရင် ပိုအဆင်ပြေလိမ့်မယ်"

"ဒါဆိုခြံဝယ်တဲ့ကိစ္စ ဟန်တွက်နားတောင်းဝယ်ပေးတဲ့ကိစ္စ ဒီမှာနေဖို့စားဖို့ဦးအောင်မျိုးမှာယူလာတဲ့ငွေ နောက်ဆုံး လက်စွပ်ကိစ္စ အားလုံးရှင်း"

"မင်းဟာများလိုက်လား ကျုပ်ကဘယ်ကနေစပြောရမှာ "

"နေဖို့စားဖို့ဦးအောင်မျိုးမှာယူလာငွေ အဲဒါအရင်ပြော"

"ကျုပ်ပိုက်ဆံသွားထုပ်တာ၈သိန်း အပျိုကြီးဆိုင်မှာသုံးသိန်းကျုပ်ဆပ်ခဲ့တယ် ကျုပ်မှာငါးသိန်းကျန်တယ် အဲဘိုးတော်ကမင်္ဂလာလက်ဖွဲ့အကြိုတွက်ဆိုပြီး၅သိန်းပေးလိုက်တယ် ဘဘကြီးနဲ့ကိုထွန်းက ၅သိန်း သူ့တူမင်းမင်းက ၅သိန်း စုစုပေါင်း ၂၀ "

"သူတို့ပေးလိုက်တာကပြန်ဆပ်ရမှာမလား"

"ရောဟန်မင်းနဲ့ခက်ပီ မင်္ဂလာလက်ဖွဲ့အကြိုပါဆို"

"ဟုတ်ပါပြီဆက်ပြော"

"လက်စွပ်က၈သိန်း မင်းနားတောင်းက၅သိန်း မင်းကိုအပ်တာ ၃သိန်း လမ်းမှာနဲ့ရန်ကုန်မှာသုံးတာ၂သိန်း ကျုပ်လက်ထဲမှာ၂သိန်း "

"အဲဆိုဒီခြံကိစ္စက"

" အဲဒါကမများပါဘူးနဲနဲ"

"အဲနဲနဲဆိုတာဘယ်လောက်လဲ"

"၃၀၀ကွာ "

"၃၀၀ နဲလားဦးရဲ့ဘယ်ကပိုက်ဆံနဲ့ဘယ်လိုဝယ်လိုက်တာလဲ"

"ဟိုဘိုးတော်စီမှာ ကျုပ်လှမ်းချေးလိုက်တာ ခြံက၂၇၀နဲ့ မတော်လို့ကျုပ်ရုတ်တရက်ထသွားရင် မဟုတ်လည်း မင်းကိုကျုပ်ပို့နိုင်မှာမဟုတ်ဘူး ဟိုဘိုးတော်အကြွေးတွေဆပ်ကမှာ "

"ဒီခြံက၂၇၀နဲ့ရလို့လား "

"ကျုပ်ဖြင့်မေးမှမေးပါ့မလားလို့ သူခေါ်တာက၄၅၀နဲ့ ကျုပ်လျှော့ပစ်လိုက်တာ ရှင်းပြီလား "

အိမ်ပေါ်တက်သွားသည့်ဦးကျောပြင်ကို ကြည့်ပြီး လက်မှာကြိုးလုံးသေးသေးလေးလိုလက်စွပ်လေးကလက်ခလယ်တွင်နေရာယူနေလေသည်

အဲနေ့က

Orangeရှေ့ပလက်ဖောင်းတွင်ဖြစ်သည်

"မင်းကိုပေးစရာရှိသေးတယ်ဟန်"

"ဘာလဲ"

"မင်းမျက်လုံးမှိတ် "

ဟန်မျက်လုံးမှိတ်ချိန်တွင် အေးစက်စက်အရာတစ်ခုကလက်ခလယ်ရောက်လာသည်

"ရပြီ ဖွင့်တော့ "

"အို့! လက်စွပ်လေး လှလိုက်တာ ဒါနဲ့ဘာလို့လက်ခလယ် လက်သန်းကြွယ်မှာမဟုတ်ဘူးလား"

"မင်းပါးတွေနီနေတယ် "

ဟန်ပြောသည့်စကားနှင့်ဆန့်ကျင်ဘက် သိသိသာသာစကားလမ်းကြောင်းလွှဲသည်မို့ဟန်ရေငုံနှုတ်ပိတ်နေလိုက်သည် လမ်းမအားအလင်းရောင်သိပ်မပေးနိုင်သည့်မီးရောင်အောက် ဦးရဲ့လက်ခလယ်မှာလဲဝင်းကနဲပင်

"ခေတ်ဆက်သာဟန် "

"ဟမ်~ ဟမ်းးး ဦးဘာပြောတာလဲ"

"ကျုပ်ခေါ်နေတာဒီလောက်ကြာပြီ ပြောစမ်း ဘယ်ကောင်မတွေ ကောင်မတွေ အကြောင်းစဥ်းစားနေတာလဲ"

"ဘယ်သူအကြောင်းမှမဟုတ်ပါဘူးဦးရဲ့ ဒီတိုင်းအတွေးလေးဝင်သွားလို့ပါ "

"မင်းခြေတောက်ပြ "

ကွပ်ပစ်အောက်ဦးကမုဆိုးထိုင်ထိုင်နေပြီး ဟန်ခြေထောက်ထုပ်ပြလိုက်တော့ ခြေထောက်ဆွဲယူကာ သူဒူးပေါ်တင်လိုက်သည်  ဦးရဲ့ဘောင်းဘီအိတ်ထဲကထွက်လာသည့် foot chinလေးတကွင်း ခေါင်းလောင်းအသေးလေးကနှစ်ခု

ထိုခြေချင်းမှာ ဟန်ခြေလှုပ်လိုက်တိုင်းခေါင်းလောင်းသေးနှစ်ခုဟာပွတ်တိုက်သွားပြီးအသံတစ်ခုထွက်လာသည်

"မင်းနဲ့လိုက်သားပဲ"

"ခဏလေးပဲ အသားနဲ့ချွေးနဲ့ထိရင်မဲတော့မှာ "

"အဲတွက်မပူနဲ့ကျုပ်မှာရှိသေးတယ် ဒါမဲ့ကျုပ်ပဲသိမ်းထားမယ် မဲသွားလို့မင်းလဲချင်ရင်ကျုပ်ကိုယ်တိုင်လဲပေးမယ်"

"အင်း ဒါဆိုမနက်ဖြန်ဝက်ဖုံကဘုန်းကြီးကျောင်းလိုက်ပို့ပေး"

"မင်းဟာဘာမှလည်းမဆိုင်ဘူးမောင်"

"ဆိုင်ဆိုင်မဆိုင်ဆိုင် ဟန်အမေ့အိမ်လည်းသွားချင်သေးတယ်"

"မင်းသဘော "

ကွပ်ပစ်အောက်ခြေဆင်းပြီး လက်ခုတ်ထီးကာ ခြေတွေပါရမ်းခါအောင်လှုပ်နေတော့ ခြူသံလေးကထွက်နေသည် မသိရင်ငါးနှစ်သားကလေးကလိုချင်တာရသွား၍မြူးတူးနေပုံနှင့်တူသည်

တဖက်တွင်လည်းရေဦးတွင်ရှိသည့်သူငယ်ချင်းကအလည်လာရာ ပင်လောင်းမျောက်၏'မင်းသဘော'ဟုပြောလိုက်သည်ကိုကြားပြီး 'ဒီကောင်တော်တော်ချစ်တက်သွားတာ'ပဲဟုစိတ်ထဲကပြောလိုက်ပြီး သူ့လင်လေးကြည့်တော့ ခြင်္သေ့ရှေ့ပျော်မြူးနေသည့်သမင်ပျိုလေးနှင့်တူနေသည်မို့ အချိန်ကောင်းအားမနှောင့်ယှက်သင့်ဘူးဆိုပြီးပြန်လှည့်လာသည် ပိုင်စိုးဦးထန်းရေဆိုင်ရောက်မှသာ ငှဲ ငှဲငှဲ

ညဘက်ရောက်သည့်အချိန်တွင် ရေဦးနဲ့ဝက်ဖုံကဦးသူငယ်ချင်းတွေလာပြီး အိမ်ရှေ့ကွတ်ပစ်၌အရက်လာသောက်ကြသည် ဦးညီပါအဆစ်ပါသေး အရက်ကနှစ်ဘူးအချိုရည်တွေအမြည်းတွေဝယ်လာသည် ဂီတာကတလက်

သဝန်ကြောင်ဦးကတော့သူငယ်ချင်းတွေလာတယ်ဆိုတာနဲ့ အောက်မဆင်းလာနဲ့ဆိုပြီး ရာဇသံပေးထားပြီးသား

အိမ်ပေါ်မြင်ရသည့်တနေရာကနေအသားလေးထိုင်ပြီးကြည့်နေလိုက်သည်

"ဟန်~ ဟန့်!မင်းဘယ်မှာလဲ"

"ဟန်ဒီမှာဦး "

လသာပြင်ရဲ့နောက်ကျောနံရံကပြတင်းပေါက်နားကတောင့်မှာ ဒူးထုပ်ထိုင်ပြီးလက်ကွင်းလေးချထားပုံက မသိရင်ကိုယ်ကပဲ နှိုပ်စက်ထားသလိုလိုဘာလိုလိုပုံစံနဲ့

"မင်းတွက် အအေးနဲ့မုန့် ကျွန်တော့်ကိုစိတ်ဆိုးနေလား"

"ဘာတွက်လဲဦး"

"မဆိုးပါဘူး ဦးအကြောင်းရှိလို့ဆိုတာသိပါတယ်"

"အင်း~ အဲကောင်တွေကကျားမ ရှောင်ချင်တာမဟုတ်ဘူး ပြီးတော့ မိတ်ဆက်ပေးဖို့အချိန်ကောင်းမဟုတ်လို့ မမိတ်ဆက်ပေးဘူးပဲမှတ်ထားပါဟန် "

နဖူးကိုခပ်ဖွဖွနမ်းကာပြန်ဆင်းသွားသည့်ဦးက ဘယ်တုန်းကနူးညံတက်သွားတာပါလိမ့်

"ဟေ့ရောင် မင်းယောင်္ကျားရောခေါ်လိုက်လေ"

"သူ့ဘာသာသူအေးဆေးနေပါစေကွာ"

သူအကြံသိသည့်အလား ညီဖြစ်သူကတခွန်းမှဝင်မပြောချေ

ဒေါင် ဒင် ဒင်

"မင်းတီးရောတီးတက်ရဲ့လား "

"တီးတက်ပါတယ်ကွ မတီးတာကြာလို့လက်တုန်နေတာညန်း"

ဒင့် ဒင် ဒင်း

ကြိုးညှိပြီးထပ်တီးပေမဲ့ ဂီတာသံဟာသံဇဥ်မမှန်ကီးမကိုက်

"ဟေ့ရောင်မှန်မှန်လိမ်စမ်း  ဘယ်တုန်းကနောက်ဆုံးတီးတာလဲ"

"မှတ်မှတ်ရရဆို ငါဆယ်နှစ်တုန်းကွထင်တယ်ကွ "

အအေးဗူးနဲ့ပစ်တဲ့သူကပစ် ပယ်ပယ်နှယ်နှယ်ဆဲသူကဆဲ ကန်သူကကန်နှင့် အိမ်ရှေ့တီးဝိုင်းလေးမှာ ညနေဆည်းဆာအလှကိုထုဆစ်နေကြသည်

"Wtfဟေ့! ပေးငါ့ကို တယောက်တပုဒ်နော် ဘယ်သူအရင်ဆိုမလဲ"

သူအရင်ဆိုငါအရင်ဆိုနဲ့ တိုင်ပတ်ကာမေးနံပါတ်ရွေးရတော့သည်

ဦးညီကတတိယဖြစ်ပြီး ဦးကနောက်ဆုံးမှဖြစ်သည်

အခုနဂီတာမတီးတက်သည့်သူက ပထမကျသွားသည်

"ဘာသီချင်းလဲ "

"မေတ္တာရူးငှက် မင်းတို့တွေလဲဆန္ဒရှိရင်လိုက်ဆိုနိုင်တယ်"

🎵အဆင်မပြေနေတဲ့ အဖြစ်ပျက်တွေရယ်

တိမ်စိုင်တွေကိုပဲမေးမိနေ

ဘယ်ရင်ခွင်ဘယ်ကမ်းမင်းရောက်လို့နေမလဲ

ကိုယ်မပါနိုင်တဲ့မင်းရဲ့ဘဝလေး...

အဆင်ပြေမယ်လို့လဲတွေးမှတ်ပါတယ်

တခါတလေကိုယ်တော့ မင်းစိတ်နဲ့ပြိုလဲ

မိုးသားကောင်းကင်ကြီးထဲ

နှောင်ကြိုးမဲ့ပျံဝဲတဲ့

ပျံလွှားငှက်ငယ်လေးတွေက

မင်းပုံစံအတိုင်းပဲ အသက်တမျှလွမ်းပါတယ် ထပ်မတွေ့ကျမဲ့နှစ်တွေမှာ

မင်းအတွက် စိတ်ပူတယ်

ဒီအချိန်ဘယ်သူနဲ့မင်းရှိနေမလဲ

ဘယ်နေရာတေများမင်းသွားနေမလဲ

စံဇာဏီဘိုလဲ မျက်ရည်လေးတွေဝဲ

မင်းအကြောင်းလေးမေးရင်

တယူသန် တစ်ဇွတ်ထိုးမင်းအကျင့်တွေ

သိမ်ငယ်လွယ်တဲ့အမျိုးသမီးငယ်ရယ်

အဆင်မပြေလာတိုင်း အခန်းထဲကြိတ်မငိုနဲ့

မဆိုင်တော့မှန်းလဲငါသိတယ်

မပိုင်တော့မှန်းလဲငါသိတယ်

အရင်လိုမင်းရဲ့အနားမှာကပ်တွယ်ချင်တဲ့စိတ်

ပျော်စရာမကောင်းလာတဲ့ကမ္ဘာကြီးနဲ့

ခြေရာဖျောက်ထွက်သွားသူမင်း....

အရာရာတိတ်ဆိတ်တဲ့ငါ့ဘဝနေ့တွေထဲ

လေနှင်ရာမပါတဲ့ကိုယ့်စိတ်တွေနဲ့

ပြန်မလာနိုင်သူကိုမှမေ့မရနိုင်

ဘယ်သံသရာကရှိခဲ့တဲ့ဝဋ်တွေလဲ

"ဟုတ်ပကွာ ဒီငှက်ဆိုးထိုးသံမှနားထောင်နေရတဲ့ငါတို့ကဘာဝဋ်ကြွေးလဲဟေ့ရောင်"

သီချင်းသံဟာတိခနဲကျသွားပြီး သီချင်းဆိုသူမှာငိုချတော့သည်

သီချင်းနှင့်မလိုက်ဖက်ကီးကြောင်သည့်အသံနှင့်ဆိုနေပုံက တစက်မှနားထဲမဝင်ကော်လော်ကန့်လန့်ကြီးပင်

"အတိတ်က သူများတကာအသံနဲ့နှိပ်စက်လာလို့နေမှာ"

"ငါတော့မဆိုတော့ဘူး မင်းတို့တွက်ဂီတာတီးပေးမယ် ထွေးဦးမင်းအလှည့်ပဲ ''

ဦးညီပိုင်ထွေးဦးအလှည့်တွင် ညရဲ့လမင်းသီချင်းနဲ့ကီးကိုက်ကိုက်ဆိုချသွားသည်

နောက်အလှည့်တွင် ဦးဆိုသည့်အသိကရင်ဘတ်တနေရာရောက်လာသလို လက်ကလဲဖုန်းcramerရဲ့ videoဘက်အလိုလိုရောက်သွားသည်

"ဟေ့ရောင်ပိုင်စိုးဦး ဂီတာယူမလား"

"မင်းပဲတီးတော့ မင်းရှိနေရုံဆိုမှာ"

🎸 တစ်လောကလုံးမှာ

ငါ့နံဘေးနား မင်းသာရှိနေရုံလေးနဲ့ အခက်ခဲတွေ

အဆိုးအားလုံးကို ငါအံတုရဲတယ်

ရင်ဆိုင်ဖို့အားတွေရှိတယ်

တို့နှစ်ယောက်သစ္စာယုံထားပြီးတော့ကွယ်

ရင်ဆိုင်ဖို့...အတွက်လေ

မင်းရင်ထဲ ငါ့တယောက်ထဲသာရှိနေရုံလေးပဲ

ဘဝတစ်ခုလုံးစာ ပြည့်စုံသွားပြီဘာလိုသေးလဲ

ငါပျော်ရွှင်ဖို့အားတွေဖြစ်တယ်

မင်းရဲ့ဂရုဏာယုံထားပြီးတော့ကွယ်

ပျော်ရွှင်ဖို့ မင်းနဲ့ ဘာမဆိုရင်ဆိုင်မယ်

ငါမင်းအချစ်နဲ့ ဒီဒုက္ခလမ်းတွေဖြတ်ကျော်ကြမယ်

တို့နှစ်ယောက်တွဲလက်နဲ့ ငါပျော်နိုင်တယ်

အို...မင်းအနမ်းနဲ့

သိက္ခာရှိတဲ့အချစ်တည်ဆောက်မယ်

တို့နှစ်ယောက်မခွဲဘူးကွယ်

ငါ့နံဘေးနားမင်းရှိနေရုံလေးနဲ့လေ အရာရာ

ရင်ဆိုင်ဖို့လုံလောက်တယ် 🎸

ဦးရဲ့အသံချိုချိုဟာ နှလုံးအိမ်တခုလုံးနွေးထွေးသွားရသည် ဒါပေမဲ့....

"ဝိုး! ပင်လောင်းမျောက်ကဒီလိုလဲရတာပဲလား"

"သူသိပါ့မလားကိုကြီး"

နှစ်ကိုယ်ကြားပြောလာသည့်ညီကိုမပြောခင် အိမ်ပေါ်အရင်ကြည့်လိုက်မိသည် 'သူသိပါစေ'

"သူလည်မလိုလိုဟန်နဲ့ တခါတလေဆိုဉာဏ်နဲ့ သူကြင်ရင်မျက်လုံးလေးကလယ်ကလယ် ကြားဖူးတယ်မလား"

ပုတ်သင်ညိုလိုခေါင်းတငြိမ့်ငြိမ့်လုပ်လာသည့်ညီ

"အင်း အဲတိုင်းပဲ"

ပြောပြီးညီအကိုနှစ်ယောက်မတိုင်ပင်ပဲရီမိကြပြန်သည်

သူအိမ်ပေါ်ပြန်တက်ချိန်ဆို ၈နာရီလောက်ရှိပြီ သီချင်းဆိုပြီး အရက်ဝိုင်းထပ်တည်နေကြသည်မို့ ခေါင်းမစိုက်ပေမဲ့ခြေလှမ်းဟာမနိုင်ချင် အိမ်ပေါ်ရောက်တာနဲ့ရှာမိသည်ကဟန်

နှလုံးသည်းခြေအနက်ဆုံးထိကိုင်လှုပ်နိုင်သသည့်ဟန်ဟာ အခုခါတွင် ပြတင်းပေါက်နားကတိုင်တောင့်မှာကွေးကွေးလေး အိပ်ပျော်နေသည်

ကလေးလေးပွေ့သလိုမျိုးပွေ့ပြီးအိမ်ယာပေါ်သွားချပေးရသည် ပြီးမှသူပါနဘေးကိုဝင်လှဲလိုက်ပြီးအိပ်စက်ရန်အပြင် ဟိုကောင်မပြန်ဘဲအိမ်မှာအိပ်တာကိုသတိရမိတော့ အိမ်အောက်ချက်ချင်းဆင်းရသည် ထင်သည့်အတိုင်းလှေကားငါးဆစ်မှာသုံးဆစ်မြောက်မှာ ကန့်လန့်အိပ်နေသည့်ညီ သူသာသတိမရရင်မနက်ထိဒီလိုအိပ်နေမှာ သူနှင့်မတိမ်းမယိမ်းခန္တာကိုယ်ကြီးကိုလှေကားကဆွဲထုပ်ပြီး အိမ်ပေါ်ဆွဲတင်ရသည် အပေါ်ရောက်တော့ဖြစ်သလိုပစ်ချပြီးထားခဲ့လိုက်သည်

ဒီနေ့အဖို့သူ့တွက်လုံလောက်တဲ့အောက်စီဂျင်လေးမရသေးပေ အဲတွက်ကြောင့်သူ့အဘေးမှာအေးချမ်းစွာအိပ်နေသည့်လူရဲ့ပါးပြင်ထက်က ပါးချိုင့်ရေးရေးလေးကိုအသာထိလိုက်ပြီး ချောကလက်အနံ့သင်းနေသည့်နှုတ်ခမ်းတစ်စုံကို ခပ်ဖွဖွနမ်းပစ်လိုက်သည် လုံလောက်ပါပြီဒီနေ့အဖို့

........................................................................

[text_hash] => fb9285e7
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...