Array
(
[text] =>
/ If you don't like it, just leave quietly. don't want any criticism. /
Episode - 1
-
-
-
-
-
-
-
" Jayden Lin ?? "
London လေဆိပ်ထဲမှာ မြန်မာလို " ကြည်နူးအိမ် " လို့ရေးထားတဲ့ သူ့နာမည် Board ကို ကိုင်ထားတဲ့ လူအရှေ့မှာ ကြည်နူးရပ်လိုက်တယ်။
" Jayden Lin ?? Who ?? I'm Lin Nay Yaung Oo "
ကြည်နူး ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်။ မေမေကသူ့ကို London ရောက်ရင် အမေ့သူငယ်ချင်းရဲ့သား Jayden Lin လာကြိုလိမ့်မယ်လို့ပြောထားတာ။ Board မှာရေးထားတာကလည်း သူ့နာမည်ပဲလေ။ အဲ့ဒီလူကလည်း မြန်မာပဲဆိုပေမယ့် နာမည်က Jayden Lin မဟုတ်တော့ ကြည်နူးဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘူး။ အမေ့သူငယ်ချင်းသား Jayden Lin ဆိုတဲ့ လူကိုလည်း သူတစ်ခါမှမတွေ့ဖူးဘူး။
" Welcome to London "
မိုးပြိုတော့မလိုဖြစ်နေတဲ့ ကြည်နူးရဲ့မျက်နှာလေးက လင်းနေရဲ့စကားသံကိုကြားပြီး မျက်လုံးလေးကလယ်ကလယ်ဖြစ်သွားတယ်။
" ကိုယ်ကစနေတာ။ ကိုယ်က မင်းပြောတဲ့ Jayden Lin ဟုတ်တယ် "
Jayden Lin ဟုတ်တယ်ဆိုမှ ကြည်နူး ရင်ထဲကအပူလုံးကျသွားတော့တယ်။
" ကျွန်တော်ဖြင့်လန့်သွားတာပဲ...အမေ့ကိုတောင်ဖုန်းဆက်တော့မလို့ "
" Sorry, Sorry ကိုယ့်အမှားပါ မင်းလန့်သွားလား "
သူက Jayden Lin မဟုတ်ဘူးလို့ပြောလိုက်တဲ့အချိန် ကူကယ်ရာမဲ့ဖြစ်သွားတဲ့ ကြည်နူးမျက်နှာကြောင့် သူ့မှာ ချက်ချင်း Jayden Lin ဖြစ်ကြောင်း ဝန်ခံမိတဲ့အထိပဲ။
" ကိုယ့်နာမည် Jayden Lin. မြန်မာနာမည်ကတော့ ခဏကပြောတဲ့ လင်းနေရောင်ဦး။ ကိုယ့်အမေကမင်း London မှာနေတဲ့အချိန်အတွင်း အစစအရာရာ ဂရုစိုက်ပေးဖို့ ကိုယ့်ကိုမှာထားတယ် "
" ကျွန်တော့်နာမည် ကြည်နူးအိမ် "
" So...can i call you nue ? "
" ဟမ်... "
အရှေ့က လင်းနေ ကိုကြည့်ရင်း ကြည်နူး ကြောင်အမ်းအမ်းကလေးဖြစ်သွားတယ်။
" ကိုယ်မင်းကို ' နူး ' လို့ခေါ်လို့ရမလား "
လင်းနေက London မှာပဲမွေး၊ London မှာပဲကြီးတာဆိုပေမယ့် မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတက်လိမ့်မယ်လို့ ကြည်နူးမထင်ထားခဲ့။ လင်းနေကအသံတောင်မဝဲဘူး။
" ခေါ်လို့မရဘူးလား "
" မဟုတ်ဘူး။ ခေါ်လို့ရပါတယ်...ရုတ်တရပ်ဆိုတော့ အံ့ဩသွားလို့ "
" Why? ဘာကို အံ့ဩတာလဲ "
" မြန်မာစကားသံကတော်တော်ပီလို့ "
" နူး မသိဘူးလား။ ကိုယ့်အဖေနဲ့အမေက ဗမာလူမျိုးတွေပဲလေ "
" သိပါတယ်...ဒါပေမယ့် အကိုက London မှာပဲမွေး၊ London မှာပဲကြီးတာမဟုတ်လား။ မြန်မာပြည်ကိုတောင် တစ်ခါမှမရောက်ဖူးဘူးဆို "
" နူးပြောတာတွေထဲတစ်ချို့ကမှန်ပေမယ့် ကိုယ်မြန်မာပြည်မရောက်ဖူးဘူးလို့ နူးကိုဘယ်သူပြောလိုက်တာလဲ "
" ဟင်...ရောက်ဖူးတာလား "
" အင်း။ အဲ့ဒီတုန်းက 5 နှစ်သားလေး နူးနဲ့တောင်တွေ့ခဲ့သေးတယ်။ နူးကတအားငယ်သေးတော့ မမှတ်မိတာ။ ကိုယ်လည်းအဲ့ဒီတစ်ခါပဲရောက်ဖူးတာလေ မြန်မာပြည်ကို "
လင်းနေ ရဲ့မိဘတွေနဲ့ ကြည်နူးရဲ့မိဘတွေက ငယ်သူငယ်ချင်းတွေမို့ အရမ်းရင်းနှီးကြတယ်။ လင်းနေ မိဘတွေ နိုင်ငံခြားကိုပြောင်းသွားတာတောင် အဆက်အသွယ်မပြတ်ကြ။ လင်းနေ အမေဆို မြန်မာပြည်ကို တစ်နှစ်မှာ တစ်ကြိမ်လောက်တော့ ပြန်လာပြီး ကြည်နူးအမေကို မရရအောင်လာတွေ့တက်တယ်။
လင်းနေနဲ့ ကြည်နူးကတော့ အခုမှ တွေ့ဖူးကြတာပင်။ လင်းနေပြောတဲ့ ကြည်နူး 5 နှစ်သားအရွယ်မှာတွေ့ဖူးတယ် ဆိုတာကိုတော့ အခု အသက် 22 အရွယ် ကြည်နူးကဘယ်မှတ်မိမလဲ။
လင်းနေနဲ့ကြည်နူးက အသက် 4 နှစ်ကွာ၏။
" ကောင်မလေးကလမ်းခွဲသွားလို့ အသည်းကွဲနေတာဆို "
ကားမောင်းနေရင်းပြောလာတဲ့ လင်းနေရဲ့ စကားကြောင့် ယားယံခြင်းမရှိပါပဲနဲ့ ကြည်နူး ကိုယ့်လည်းပင်ကိုယ် ကုတ်လိုက်တယ်။
" အကိုကအစလာပြန်ဖော်နေပြန်ပြီ။ ကျွန်တော်အားလုံးကိုမေ့နိုင်အောင် ခရီးထွက်လာတာပါဆိုမှပဲ "
ကြည်နူးအမေ ဒေါ်မိမိမော်ကတော့ မြန်မာပြည်ကနေ London အထိ သူ့သားအသည်းကွဲနေတဲ့အကြောင်းကို လှမ်းဖောက်သည်ချထားတာပဲ။ အသည်းကွဲနေလို့ ခရီးထွက်မယ်ဆိုတော့လည်း သူ့သူငယ်ချင်း သားရှိတဲ့ London
ကိုပဲ အတင်းသွားခိုင်းနေလို့ ကြည်နူးလည်း မြန်မာပြည်မှာမနေရပြီးရောဆိုပြီ သူ့အမေစီစဉ်ပေးတဲ့အတိုင်း London ကိုထွက်လာခဲ့တာ။
" ဆိုတော့ နူးကအခုထိ ရည်းစားဟောင်းကို
မမေ့နိုင်သေးဘူးပေါ့ "
" မမေ့နိုင်တာမဟုတ်ပဲ။ သူပြောခဲ့တဲ့စကားကို စိတ်ထဲကနေထုတ်လို့မရတာ "
" ဘာစကားမို့လို့လဲ.... Sorry, မပြောချင်လဲရတယ်နော်။ အခုမှတွေ့တာကို ကိုယ်တအားစပ်စုသလိုဖြစ်သွားတယ် "
ကြည်နူးကရုတ်တရပ် တိတ်ဆိတ်သွားတယ်။ ဘေးက ကားမှန်ကိုကြည့်ကာ အပြင်ဘက်က ရွေ့လျားနေတဲ့ London မြို့ရဲ့ပုံရိပ်ကို ခပ်ဆွေးဆွေးအကြည့်နဲ့ငေးကြည့်နေ၏။
" အကိုမျက်လုံးထဲမှာ ကျွန်တော့်ပုံစံကိုဘယ်လိုမြင်လဲ "
တော်တော်ကြာမှ ကြည်နူးဘက်ကစပြောတဲ့စကားက လင်းနေကိုပြန်ဖြေရခက်စေ၏။
" လမ်းခွဲရတဲ့အကြောင်းအရင်းက သူ့ထက်တောင် နူးညံ့နေလို့တဲ့... "
ကြည်နူးရဲ့အသံက ဝမ်းနည်းမှုအရိပ်အယောင်ကလေး သိသိသားသားပါနေ၏။
" ယောကျာ်းတွေလို သန်မာတဲ့အမျိုးသမီးတွေရှိသလို။ အမျိုးသမီးတွေလို နူးညံ့တဲ့ ယောကျာ်းတွေလည်းရှိတယ်... အမျိုးသမီးတစ်ယောက်က သန်မာခွင့်မရှိဘူးဆိုတဲ့ ပြဋ္ဌာန်းချက်မရှိသလို။ အမျိုးသားတစ်ယောက်ကလည်း နူးညံ့ခွင့်မရှိဘူးဆိုတဲ့ ပြဋ္ဌာန်းချက်မရှိဘူး။ ဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ် လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းရဲ့ ဖြစ်တည်မှုက တန်ဖိုးရှိတယ် "
" နူး မင်းသိထားရမှာက မင်းကမင်းကိုချစ်တဲ့လူတိုင်းအတွက်တော့ တန်ဖိုးရှိတယ်။ မင်းကိုမချစ်တဲ့လူတစ်ယောက်ရဲ့စကားမှာ နစ်မြုပ်မနေနဲ့တော့... "
" ကြည်နူးအိမ်ကကြည်နူးအိမ်ပဲ ဘာမှပြောင်းလဲနေစရာမလိုဘူး။ မင်းပုံစံအတိုင်းလေးပဲနေပါ "
အခုမှသိတဲ့သိတဲ့သူစိမ်းတစ်ယောက်ဆိုပေမယ့် အကို့ရဲ့စကားတွေက ကြည်နူးအတွက် စိတ်ခွန်အားဖြစ်စေတယ်။ ကြည်နူးအတွက်တော့ သွေးမတော်၊သားမစပ်တဲ့ အစ်ကိုတစ်ယောက်ရလိုက်သလိုပဲ။
-
ကြည်နူး London မှာနေမယ့် အချိန်အတွင်း လင်းနေ အိမ်မှာနေရမည်။ တစ်အိမ်လုံးမှာ လင်းနေနဲ့ကြည်နူးနှစ်ယောက်တည်းသာရှိ၏။ လင်းနေရဲ့ မိဘတွေက အလုပ်ကိစ္စနဲ့ မြန်မာပြည်ပြန်ကိုပြောင်းသွားကြတာ 5 နှစ် လောက်ရှိပြီ။ လင်းနေက အဲ့ဒီတုန်းက ကျောင်းမပြီးသေးလို့ London မှာနေရစ်ခဲ့တာ အခုလည်း London
မှာပဲ computer science master degree ဆက်တက်နေ၏။ လင်းနေက ဘွဲ့ရပြီးရင်တောင် သူ့မိဘတွေဆီလိုက်မသွားပဲ London မှာပဲဆက်နေဖြစ်လောက်တယ်။
Jayden Lin အနေနဲ့ သူ့မွေးရပ်မြေ London မြို့ ကိုသဘောကျဆုံးပဲ။
ကြည်နူး နေရမယ့်အခန်းထဲကိုရောက်တာနဲ့ အရင်ဆုံး ကုတင်ပေါ်ပစ်လှဲလိုက်ပြီး အချိန်တော်တော်ကြာတဲ့အထိ ဒီအတိုင်းနေနေလိုက်တယ်။ ပြီးမှ ဖုန်းဖွင့်လိုက်ပြီး သူ့အမေနဲ့စကားပြောဖို့ဖုန်းခေါ်နေ၏။ မိနစ် 20 လောက်ကြာတဲ့အထိ အမေနဲ့ဖုန်းပြောပြီးနောက် ကြည်နူး အခန်းအပြင်ကိုထွက်လာခဲ့တယ်။
အရမ်းမွှေးတဲ့အနံ့တစ်ခု ရနေတယ်။ မီးဖိုချောင်အနားကိုရောက်တော့ နောက်ကျောပေးကာ တစ်ခုခုချက်နေပုံရတဲ့ အကို့ကို ကြည်နူးမြင်လိုက်တယ်။
" အကိုဟင်းချက်တတ်တာလား "
ကြည်နူးအသံကိုကြားတော့ လင်းနေကအနောက်ကိုလှည့်လာတယ်။
" အင်း။ ကိုယ်ညစာချက်နေတာ နူးမစားတာရှိလား "
ကြည်နူးကခေါင်းခါပြ၏။ လင်းနေကလည်း အဲ့ဒီတော့မှ သူလုပ်စရာရှိတာကို ဆက်လုပ်၏။
လင်းနေကဟင်းချက်တုန်းမို့ ကြည်နူးလည်း ရေချိုးသန့်စင်ဖို့အတွက် ရေချိုးခန်းထဲကိုဝင်သွား၏။ ကြည်နူး ရေချိုးပြီးပြန်ထွက်လာတဲ့အချိန်နဲ့ကွတ်တိပဲ စားပွဲပေါ်မှာ ဟင်းပွဲစုံလင်နေ၏။
" ဟင်းတွေကအများကြီးပဲကော "
" နူးကိုကောင်းကောင်းစားစေချင်လို့လေ။ ဘာလို့ ဒီလောက်တောင်ပိန်နေရတာလဲ "
" လာပြန်ပြီဒီစကား ဘယ်လောက်စားစား သူ့ဘာသာသူဝမလာတဲ့ ဘယ်လိုလုပ်ရမှာလဲလို့ "
" မဝလည်း များများစား "
လင်းနေက ကြည်နူးပန်းကန်ထဲ ဟင်းတွေထည့်ပေး၏။
နှစ်ယောက်က မျက်နှာချင်းဆိုင်ထိုင်နေတာမို့
ကြည်နူးဝတ်ထားတဲ့ အဖြူရောင်အင်္ကျီလက်ရှည်က ဟိုက်နေတာကြောင့် ညှပ်ရိုးနက်နက်တွေကို လင်းနေ မြင်နေရတယ်။ လည်ပင်းမှာဆွဲထားတဲ့ ငွေရောင်ဆွဲကြိုးအပါးကလေးကလည်း တလတ်လတ်နဲ့မို့ ကြည်နူးရဲ့အသားအရည်နဲ့လိုက်ဖက်နေ၏။ အစာစားနေတော့ နီရဲရဲ နှုတ်ခမ်းကလည်း တလှုပ်လှုပ်။
လင်းနေ ဆက်မကြည့်ရဲတော့ပဲ မျက်လွှာချလိုက်တယ်။ လင်းနေရောင်ဦးတစ်ယောက် တိတ်တိတ်ကလေး သက်ပြင်းခိုးချသေးတာ။
ညစာစားပြီးနောက် ဘေစင်အနားမှာ ပန်းကန်ဆေးဖို့လုပ်နေတဲ့ ကြည်နူးကို လင်းနေတားလိုက်တယ်။
" သွားနားတော့ ကိုယ်ဆေးလိုက်တယ် "
" မဟုတ်တာ။ အကိုကချက်လည်းကျွေးရသေးတယ် ပန်းကန်ကတော့ ကျွန်တော့်ဆေးရမှာပေါ့ "
နှစ်ယောက်ကနီးကပ်နေတာမို့ ကြည်နူးဆီက
စတော်ဘယ်ရီအနံ့သင်းသင်းကလေးကို လင်းနေ ရလိုက်တယ်။ လင်းနေ မသိစိတ်ကအလိုလိုပဲ ပြုံးလိုက်မိတယ်။
" တော်ပြီ။ နူး ကိုယ်သွားနားတော့လို့ ပြောနေတယ်လေ။ လေယာဉ်အကြာကြီးစီးလာရတာမဟုတ်လား မပင်ပန်းဘူးလား "
လင်းနေရဲ့လေသံက နည်းနည်းမာနေတာ
ကြောင့် ကြည်နူးက အလျော့ပေးလိုက်တယ်။ အားနာနာနဲ့ပဲ ပန်းကန်တွေကို ထားခဲ့ကာ ကြည်နူး သူနေတဲ့အခန်းထဲကို ဝင်လာခဲ့တယ်။
ဒီလိုနဲ့ပဲ ကြည်နူးရဲ့ London ပထမနေ့က ကုန်ဆုံးခဲ့တယ်။
-
အချိန်ကွာခြားချက်နဲ့ အိပ်ရာအပြောင်းအလဲကြောင့် ညကလည်းတော်ရုံနဲ့အိပ်မပျော်သလို မနက်ကျတော့လည်း ကြည်နူးအစောကြီးနိုးလာတယ်။ မြန်မာပြည်မှာဆို 9 နာရီ 10 နာရီလောက်မှထတက်တာ။ ဒါတောင် အမေက အတင်းနှိုးလို့။
ကြည်နူး ကုတင်ပေါ်မှာထထိုင်လိုက်ပြီး လက်နှစ်ဖက်ကိုမြောက်ဆန့်ကာ အကြောဆန့်လိုက်တယ်။ ပြီးမှ ဆံပင်ကိုသပ်လိုက်ပြီး ကုတင်ပေါ်ကဆင်းကာ အခန်းအပြင်ကိုထွက်လာခဲ့တယ်။
လင်းနေကိုတွေ့တော့ ကြည်နူးကသူ့တံတောင်ကိုကွေးကာ လက်ထောင်လိုက်ပြီး...
" Morning " လို့ပြောလိုက်တော့ လင်းနေကလည်း ပြုံးကာ ကြည်နူးကို
" Morning " ဟုပြန်ပြော၏။
" မနက်စာဘာစားချင်လဲ နူး "
" ဘာပဲဖြစ်ဖြစ် "
" ဟုတ်ပြီ။ ဒီနားမှာ စားလို့ကောင်းတဲ့ ပေါင်မုန့်ဆိုင်ရှိတယ်။ အဆင်ပြေလား "
" ပြေတယ်၊ပြေတယ် ကျွန်တော်လည်း London croissant စားကြည့်ချင်နေတာ "
" အဲ့ဒီဆိုင်မှာ croissant ကိုမှ Burger လိုပုံစံမျိုးလည်းရသေးတယ် "
" မြန်မြန် ရေသွားချိုးမှပါပဲ "
ကြည်နူးတစ်ယောက် မနက်စာအတွက် စိတ်တွေလှုပ်ရှားနေကာ အခန်းထဲကိုအမြန်ပြေး
ဝင်သွား၏။
လင်းနေက ကြည်နူးပြင်ဆင်လို့ပြီးတဲ့အချိန်အထိ စိတ်ရှည်ရှည် စောင့်ပေး၏။ London
မှာ ဆောင်းရာသီမို့ ကြည်နူးက ဆွယ်တာလက်ရှည်အပေါ်မှာမှ မြန်မာပြည်မှာဝတ်တောင်မဝတ်ကြည့်ဖူးတဲ့ ဂွမ်းသား Jacket ကိုထပ်ဝတ်ထားတယ်။ လင်းနေကလည်း ဝတ်ထားတဲ့ လည်ပိတ်၊လက်ရှည်အပေါ်ကနေ သွားခံနီးမှ Long Coat ကိုထပ်ဝတ်လိုက်တယ်။
ဆိုင်ကအိမ်နဲ့သိပ်မဝေးတာမို့ လင်းနေနဲ့ကြည်နူး လမ်းလျှောက်ပြီးပဲ ထွက်လာခဲ့တယ်။
" အရမ်းအေးနေလား "
လင်းနေအနေနဲ့ ဒီလောက်အအေးဒဏ်ကဘာမှမဖြစ်ပေမယ့် ဘေးက ကြည်နူးက မျက်နှာတွေပါ နီရဲနေကာ နှာတရှုံ့ရှုံ့။
" အေးပေမယ့် သဘောကျတယ် "
ဆိုင်ကိုရောက်တော့ နှစ်ယောက်သား စားချင်တဲ့ပေါင်မုန့်ကိုရွေးလိုက်တယ်။ Coffee ကိုတော့ လင်းနေက espresso သောက်ကာ ကြည်နူးကတော့ latte သောက်၏။
ပေါင်မုန့်ကိုတစ်ကိုက်စကိုက်လိုက်ပြီးတာနဲ့ ကြည်နူး ခပ်ကျယ်ကျယ်ပြုံးလိုက်တယ်။ ဘာမှမပါပဲ ပေါင်မုန့်ကြီးပဲအလွတ်တောင်မှ စားလို့ကောင်းနေတာ။ ဒါက သူစားဖူးသမျှထဲ အကောင်းဆုံး ပေါင်မုန့်ပဲ။
" နူး အမြင့်ကြောက်တက်လား "
" ဟင့်အင်း မကြောက်ဘူး "
" အမြင့်မကြောက်ဘူးဆို London Eye သွားချင်လား "
" London Eye ဆိုတာ ferris wheel ကိုပြောတာမလား "
" ဟုတ်တယ်။ သူက Londonမြို့ ရဲ့ View ကို ကောင်းကောင်းမြင်ရတယ် "
" သူကမြန်မြန်ကြီးလှည့်တာလား အဲ့လိုဆို ဘယ်လိုလုပ် View ကြည့်လို့ရမှာလဲ "
" မဟုတ်ဘူးလေ နူးရဲ့။ ဖြည်းဖြည်းလေးပဲလှည့်တာ တစ်ပတ်ကို မိနစ် 30 ကြာတယ် "
" ဒီလိုဆိုမဆိုးဘူးပဲ...ကျွန်တော်သွားကြည့်ချင်တယ် "
" ဟုတ်ပြီ။ ကိုယ်လိုက်ပို့ပေးမယ် "
" ကျေးဇူးပါခင်ဗျ "
ကြည်နူးကအသံကို ချစ်စရာကောင်းအောင်လုပ်ပြောလိုက်တာမို့ လင်းနေ ရင်ဘတ်ထဲ တောဝက်ဖြတ်ပြေးသလို ဝုန်းဒိုင်းကြဲသွားတယ်။
ဒီခံစားချက်ကဘာပါလိမ့်...။
-
-
[text_hash] => 7620bfa4
)
What do you think?