Array
(
[text] =>
Epilogue
-
-
-
-
-
-
-
ကြည်နူးတို့ သူငယ်ချင်းသုံးယောက် သူတို့အိမ်က ဧည့်ခန်းအလယ်က ကြမ်းခင်ပေါ်မှာ ခေါင်းချင်းဆိုင်ကာ လှဲအိပ်နေကြသည်။
" မနက်ဖြန်အတွက် စိတ်လှုပ်ရှားနေကြလား "
မြောက်အရပ်ကိုခြေထောက်စင်းထားတဲ့ ငြိမ်းဇာကမေးသည်။ ဘာလို့ဆို မနက်ဖြန်မနက်ဆို သူတို့သုံးယောက်လုံး ဘွဲ့ယူရတော့မည်။
" ဘာစိတ်လှုပ်ရှားစရာရှိလဲ ဘွဲ့မယူဖူးတာလဲမဟုတ်ဘူး "
အရှေ့အရပ်ကိုခြေထောက်စင်းကာအိပ်နေသည့် ရန်ချင်းကပြန်ပြောသည်။
" နင်ဟာလေ စကားအကောင်းပြောလို့ကိုမရဘူး..!! အခုဆို ငါတို့လုပ်ငန်းခွင်ဝင်ရတော့မှာ။ နိုင်ငံတွေလည်း ကွဲချင်ကွဲသွားကြမှာ။ အရင်လို ငါတို့သုံးယောက် တွေ့ချင်တဲ့အချိန်တွေ့လို့မရတော့ဘူး...တွေးကြည့်ရင် ဝမ်းနည်းစရာကြီး "
ဒီတစ်ခေါက်တော့ ရန်ချင်းကရန်ထပ်မစတော့ဘူး။ ငြိမ်းဇာပြောတာမှန်သည်။ သုံးယောက်လုံးက မတူညီတဲ့နယ်ပယ်တွေမှာ ကိုယ့်လမ်းကိုယ်ဆက်လျှောက်ရတော့မှာ။
" အသက်မကြီးချင်တော့ဘူး... "
အနောက်အရပ်ကိုခြေထောက်စင်းကာအိပ်နေပြီး တစ်ချိန်လုံးငြိမ်နေတဲ့ ကြည်နူးပြောသည့်စကားပင်။
" အနာဂတ်မှာ အလုပ်တွေဘယ်လောက်များများ၊ နိုင်ငံတွေဘယ်လောက်ပဲမတူပါစေ။ ငါတို့တစ်နှစ်မှာ တစ်ခါတော့ မဖြစ်မနေတွေ့ကြရအောင်...နင်တို့နှစ်ယောက်လုံး ငါ့ကိုကတိပေး "
ငြိမ်းဇာကသူ့လက်ကိုမြောက်လိုက်ပြီး ကတိတောင်း၏။ ကြည်နူးကအရင် ငြိမ်းဇာရဲ့လက်ကိုကိုင်လိုက်ပြီး ကတိပေး၏။ ရန်ချင်းကလည်း တွေဝေမနေပဲ သူ့သူငယ်ချင်းနှစ်ယောက်ရဲ့လက်ကိုကိုင်လိုက်ကာ ကတိပေး၏။
" ဒါက ငါတို့အိမ်ထောင်တွေကျသွားပြီးရင်တောင် တည်ရမယ့်ကတိနော် "
" အေးပါဟ! နင်သာ ယောကျာ်းကမလွှတ်လို့ဆိုပြီး မလာပဲနေကြည့်။ ဘယ်နေရာပဲရောက်နေနေ ငါကိုယ်တိုင်နင့်ကိုဂုတ်ကနေလာဆွဲခေါ်မှာ "
ကြည်နူးကပတ်ခနဲပြန်ပြောလိုက်တော့ ငြိမ်းဇာ တစ်ယောက်ချက်ချင်းအသံကလေးတိတ်သွားသည်။ ရန်ချင်းနဲ့ကြည်နူးကတော့ ရယ်နေကြ၏။
တစ်သက်လုံးပြန်မတွေ့ရတော့မယ် လူတွေလို သုံးယောက်သာ တစ်ညလုံးစကားတွေပြောခဲ့ကြတယ်။ သူတို့ငယ်ငယ်ကအကြောင်းတွေကိုပြန်ပြောရင်း သုံးယောက်လုံးရဲ့ရယ်မောသံတွေက အခန်းကိုလွှမ်းခြုံသွားသည်။
အကျိုးဆက်ကတော့ မနက်ကျ ကြည်နူးနဲ့ငြိမ်းဇာကမထနိုင်ကြလို့ အစောကြီးနိုးနေတဲ့ ရန်ချင်းကပဲ နှစ်ယောက်လုံးကို ဘီလူးဆိုင်းတီးကာလိုက်နှိုးရ၏။
ကြည်နူးနဲ့ရန်ချင်းက အချိန်ခဏလေးအတွင်းမှာပဲ အဝတ်အစားလဲ၊ခေါင်းဖြီး ရေမွှေးဆွတ်ရုံနဲ့အားလုံးပြီးသွားပေမယ့် အခုထိ မိက်ကပ်ပြင်လို့မပြီးသေးတဲ့ ငြိမ်းဇာကိုသူတို့နှစ်ယောက်မှာ ထိုင်စောင့်နေရ၏။ စိတ်မရှည်တဲ့ ရန်ချင်းဆို ငြိမ်းဇာအခန်းထဲ ခဏခဏဝင်သွားပြီး
" မပြီးသေးဘူးလား၊မပြီးသေးဘူးလား "
မေးနေတာ ဘယ်နှစ်မြောက်မှန်းတောင်မသိတော့ဘူး။ ငြိမ်းဇာအလှပြင်တာကို တစ်နာရီလောက်စောင့်ပြီးနောက် သူတို့အိမ်ကနေထွက်လာနိုင်ခဲ့တယ်။ ငြိမ်းဇာက ဘွဲ့ဝတ်စုံအောက်မှာ burmese dress ကိုဝတ်ထားကာ ကြည်နူးနဲ့ရန်ချင်းကတော့ Back suit ကိုဝတ်ထား၏။
ဘွဲ့လက်မှတ်ယူပြီးနောက် ကြည်နူးတို့သုံးယောက် ကျောင်းဝန်းထဲဓာတ်ပုံအတူတူရိုက်ကြ၏။ သုံးယောက်ကမေဂျာတွေလည်း မတူကြတော့ တစ်ခြားမေဂျာတူသူငယ်ချင်းတွေနဲ့စကားပြော၊ဓာတ်ပုံရိုက်ရင်းနဲ့ပဲ လူကွဲသွားကြသည်။
" နူး "
မေဂျာတူသူငယ်ချင်းတစ်ယောက်နဲ့စကားပြောနေတုန်းက အကို့ခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ လက်ထဲ hydrangea
ပန်းစည်းလှလှကလေးတစ်စည်းကိုင်ကာ ရပ်နေတဲ့ အကို့ကိုတွေ့လိုက်သည်။
" your friend ? "
ကြည်နူး၏ မေဂျာတူသူငယ်ချင်းကမေးသည်။
" no,my boyfriend "
ကြည်နူး ပြုံးပြုံးကလေးပြန်ဖြေပြီး လင်းနေအနားကိုပြေးသွားသည်။ လင်းနေအနားကိုရောက်ခံနီးမှာ ကြည်နူးအရှေ့ကိုလှဲကျမလိုဖြစ်သွားပေမယ့် လင်းနေကလှမ်းဖမ်းလိုက်နိုင်တယ်။
လင်းနေက ကြည်နူးအတွက် သူယူလာတဲ့
hydrangea ပန်းစည်းပေးလိုက်ပြီး အောက်ကိုပြုတ်ကျသွားတဲ့ ကြည်နူးရဲ့ဘွဲ့ဦးထုပ်ကို ကောက်ယူလိုက်တယ်။ ဘွဲ့ဦးထုပ်ကို လက်ဖြင့်ခါသပ်လိုက်ပြီးမှ ကြည်နူးခေါင်းမှာ သူကိုယ်တိုင်ပြန်ဆောင်းပေး၏။
" နူးအတွက် Surprise ရှိတယ် "
ကြည်နူးမျက်လုံးကလေးတွေအရောင်လဲ့သွား၏။ ကြည်နူးတစ်ယောက် လင်းနေပြောတဲ့ Surprise ကိုသိလိုစိတ်များနေ၏။
" ကိုကို!! "
သူ့ဆီကိုပြေးလာနေတဲ့ ညီမလေးနဲ့ ညီမလေးနောက်က အဖေနဲ့အမေကိုတွေ့ရသည်။ အကို့ကိုကြည့်လိုက်တော့ အကိုကကြည်နူးကိုပြုံးပြုံးကလေးကြည့်နေ၏။ ကြည်နူးကို သူ့မိသားစု မအားလို့မလာနိုင်တော့ဘူးလို့ပြောထားတာမဟုတ်လား...။
" ပြောတော့မလာဘူးဆို "
မိသားစုနဲ့အကြာကြီးနေမှ ပြန်တွေ့ရတော့ ကြည်နူး မျက်ရည်တွေဝဲတက်လာတယ်။ အဖေနဲ့အမေကြားထဲ ကြည်နူးက ကလေးလေးလိုပြန်ဖြစ်သွား၏။
" ကြိုပြောလိုက်ရင် အခုလိုဘယ်ငိုမလဲ "
ကြည်နူးရဲ့အမေက သူ့သားရဲ့နှာခေါင်းလေးကို လက်ညိုးနဲ့တို့ကာပြောလိုက်ပြီး စနေ၏။ သူငိုတာကိုအမေကစနေတော့ ကြည်နူးမျက်နှာကလေးကစူပုတ်ပုတ်။
" သားလင်း အမေတို့မိသားစုကို ဓာတ်ပုံရိုက်ပေးပါဦး "
အမေက သူ့ကိုယ်သူအမေလို့သုံးနှုန်းကာ အကို့ပြောလိုက်တာကြောင့် ကြည်နူးမျက်မှောင်ကလေးကုတ်သွားတယ်။
" အမေကဘယ်တုန်းက အကို့အမေဖြစ်သွားတာလဲ "
ကြည်နူးအမေက လင်းနေလက်မောင်းမှာလက်ကိုချိတ်လိုက်ပြီး...
" ဒါကသားအရင်း ဒါကမွေးစားသားလေ "
နေရင်ထိုင်ရင် မွေးစားသားဖြစ်သွားတဲ့ ကြည်နူးပါပဲ။ ကြည့်ရတာ အကိုကကြည်နူးအမေနဲ့အဆက်အသွယ်တော်တော်လုပ်ပုံပဲ။ ဒါကြောင့်လည်း ဒီလောက်အထိ ရင်းနှီးနေကြတာပေါ့။
မိသားစုဓာတ်ပုံရိုက်ပြီးနောက် အမေကကြည်နူးနဲ့အကို့ကိုနှစ်ယောက်တည်း ဓာတ်ပုံပြန်ရိုက်ပေးတယ်။ အဲ့ဒီအချိန် အကို့ကကြည်နူးအနားကို ကပ်ကာ...
" နောက်တစ်ခါ ကိုယ်နဲ့လမ်းခွဲရင် အမေနဲ့တိုင်မှာ။ အမေကကိုယ့်ဘက်မှာရှိတယ် "
လို့ တိုးတိုးကလေးပြောနေလို့ ကြည်နူး အကို့ခါးကိုဆွဲလိမ်လိုက်တယ်။
လင်းနေရဲ့မိဘတွေကလည်း Cambridge ကိုရောက်နေကြသည်။ အဲ့ဒီနေ့ညက ကြည်နူးတို့မိသားစုကော၊လင်းနေတို့မိသားစုကော Cambridge က Hotel မှာပဲနေကြ၏။
ကြည်နူးတောင်မသိလိုက်ပဲ အန်တီနှင်းဆီနဲ့သူ့အမေက မနက်ဖြန်ကျ Paris သွားဖို့စီစဉ်ထားကြလေရဲ့။ အကိုကလည်း သူ့ကိုဘာမှမပြောထားတော့ ကြည်နူးမှာ ညဘက်ကြီး အိမ်ကိုပြန်ပြီး သူ့ပစ္စည်းတွေသွားသိမ်းရသေးတယ်။ ကြည်နူး သူငယ်ချင်းနှစ်ယောက်ကလည်း Paris ကိုအတူတူလိုက်လာကြ၏။
Paris မှာ တစ်ပတ်လောက်နေပြီး ကြည်နူးရဲ့မိသားစုနဲ့လင်းနေရဲ့မိဘတွေက မြန်မာပြည်ကို ပြန်သွားကြသည်။ ရန်ချင်းနဲ့ငြိမ်းဇာကတော့ လောလောဆယ် Cambridge မှာပဲဆက်နေကြပြီး ကြည်နူးကတော့ အကိုနဲ့အတူတူ London ကိုလိုက်သွား၏။
Paris ကနေ London ကိုပြန်တဲ့ လေယာဉ်ပေါ်မှာ earphones နဲ့သီချင်းနားထောင်နေတဲ့ ကြည်နူးရဲ့နားထဲက earphones တစ်ဖက်ကို လင်းနေဖြုတ်ယူလိုက်ပြီး သူ့နားမှာတပ်လိုက်တယ်။
" London boy ? "
ကြည်နူးနားထောင်နေတဲ့ သီချင်းက taylor swift ရဲ့ London boy ပင်။ ကြည်နူးကသူ့ဘေးလင်းနေကိုကြည့်ကာ ပြုံးလိုက်ပြီး...
" i love a London boy "
ပြောပြီးတာနဲ့ ကြည်နူးကလင်းနေရဲ့နှုတ်ခမ်းကို သူ့ဘက်ကနေအရင် တစ်ချက်ဖိကပ်နမ်းလိုက်သည်။
-
ကုတင်ခေါင်းရင်းကိုမှီထိုင်ကာ ဖုန်းသုံး
နေတဲ့ လင်းနေအနားမှာ ကြည်နူးကပ်ထိုင်လိုက်ပြီး ခါးကိုဖက်ကာ လင်းနေရဲ့ရင်ဘတ်ပေါ် ကြည်နူးခေါ်ကလေးမှီထား၏။ လင်းနေ သူ့လက်ထဲကဖုန်းကိုပိတ်လိုက်ပြီး တပ်ထားတဲ့ မျက်မှန်ကိုချွတ်ကာ ကုတင်ဘေးက ခုံမှာတင်လိုက်တယ်။ လင်းနေ ကြည်နူးရဲ့ပခုံးကလေးကိုပဲ ပြန်ဖက်ထားလိုက်၏။
" ဘာလိုချင်လို့လဲ "
လင်းနေရဲ့မေးခွန်းကြောင့် ကြည်နူးမျက်မှောင်ကလေးကြုတ်ကာ ခေါင်းကိုမော့ပြီး လင်းနေကိုကြည့်လိုက်တယ်။
" ဘာမှမလိုချင်ပါဘူးနော်! ဒီအတိုင်းဖက်ထားချင်လို့လေ မရဘူးလား "
" ရပါ့ဗျာ၊ရပါ့။ ဒီလိုမျိုး တစ်သက်လုံးကိုယ့်ရင်ခွင်ထဲမှာနေမယ်ဆို ကိုယ်ကပိုတောင်ကြိုက်သေး "
" မနက်ဖြန်ဆို ကျွန်တော်ကအလုပ်ဝင်ရတော့မှာ။ ကျွန်တော်တို့ကြား တစ်ယောက်နဲ့တစ်ယောက်အချိန်မပေးနိုင်လို့ အချစ်တွေကအေးစက်သွားမှာကို ကျွန်တော်ကြောက်တယ် "
" အေးစက်သွားရင်။ ကိုယ်ကပူနွေးသွားအောင်ပြန်လုပ်ပေးမယ် "
" အကိုနော်!! ကျွန်တော်ကစကားအကောင်းပြောနေတဲ့ဟာ "
ကြည်နူးကလင်းနေရင်ဘတ်ကိုမှီထားရာမှထကာ မတ်မတ်ထိုင်လိုက်တယ်။
" ကိုယ်လည်းအကောင်းပဲပြောနေတာလေ နူးရဲ့။ နူးကိုယ့်လက်ကိုလွှတ်ချမယ်ဆိုရင်တောင် ကိုယ်ကလေ မရမကလိုက်ဆွဲထားမှာ "
" ကိုယ်ဘယ်ဝောာ့မှ နူးနဲ့လမ်းခွဲမှာမဟုတ်ဘူး "
" အဲ့ဒီတုန်းက လမ်းခွဲစကားပြောခဲ့မိလို့...ကျွန်တော်တောင်းပန်ပါတယ်နော် "
လင်းနေကစိတ်မကောင်းဖြစ်နေတဲ့ ကြည်နူးရဲ့ပါးကလေးနှစ်ဖက်ကို သူ့လက်နှစ်ဖက်ဖြစ်အုပ်ကိုင်လိုက်တယ်။
" နူး တောင်းပန်စရာမလိုပါဘူး။ ကိုယ်ကသာတောင်းပန်ရမှာ အဲ့ဒီတုန်းက နူးလက်ကိုမဆွဲထားမိတာကို ကိုယ်အခုထိနောင်တရနေတုန်းပဲ "
ကြည်နူးကသူ့ပါးပေါ်ကလင်းနေရဲ့လက်ကိုကိုင်လိုက်ကာ...
" အခုဆွဲထားရင်ရပြီလေ။ ဘယ်တော့မှ မလွှတ်နဲ့ "
" အင်း။ ဘယ်တော့မှမလွှတ်ဘူး "
အချစ်တွေပြည့်လျှံကျနေတဲ့ မျက်ဝန်းတွေနဲ့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နှစ်ယောက်လုံးရဲ့မျက်နှာပေါ်အပြုံးပန်းများပွင့်နေ၏။
" နူး "
" ဟုတ် "
" ကိုယ်တို့လက်ထပ်ရအောင် "
လင်းနေစကားကြောင့် ကြည်နူးပြုံးလိုက်သည်။
" အင်း။ ကျွန်တော်တို့လက်ထပ်ကြမယ် "
ကြည်နူးကလင်းနေရဲ့မျက်ဝန်းနက်နက်တွေကိုကြည့်ကာ အဖြေပြန်ပေးခဲ့တယ်။
I think found my new home...in London.
-
-
[text_hash] => ccce4505
)
Popular picks trending right now.
Powered by your reading activity and community trends
What do you think?