Chapter 26: Episode [ 25 ]

Array
(
[text] =>

Episode - 25

-

-

-

-

-

-

-

စနေနေ့မနက်မှာ ကြည်နူး Cambridge ကနေ London ကို ရထားနဲ့လာခဲ့တယ်။ တစ်ခါတလေဆို လင်းနေက Cambridge အထိကားနဲ့လာခေါ်တက်သည်။ လင်းနေမအားရင်တော့ ကြည်နူးကသူ့ဘာသာသူပဲ ရထားနဲ့ London ကိုသွား၏။ London ကိုရောက်တော့ ကြည်နူး မြို့တွင်းမြေအောက်ရထားပြောင်းစီးကာ လင်းနေရဲ့ကုမ္ပဏီကိုသွား၏။

ဓာတ်လှေကားထဲ ဝင်လိုက်ပြီး ကုမ္ပဏီရှိတဲ့ ရှစ်ထပ်မြောက်အထပ်ကို ကြည်နူးနှိပ်လိုက်တယ်။ ကြည်နူးကိုတွေ့တာနဲ့ ဝန်ထမ်းတွေက နှုတ်ဆက်ကြသည်။ ဒီနေရာမှာ ကြည်နူးနဲ့လင်းနေရဲ့ဆက်ဆံရေးကိုမသိတဲ့လူမရှိ။

" အကို ရုံးခန်းထဲမှာလား ကိုရိန်းယံ "

လင်းနေရဲ့ရုံးခန်းထဲကို ကြည်နူး တိုက်ရိုက်ဝင်မသွားဘူး။

" ဟိုမှာ လာနေပြီ "

အနောက်မှာလျှောက်လာနေတဲ့ ‌လင်းနေကို

ရိန်းယံကမေးငေါ့ပြ၏။ လင်းနေရဲ့ ရှစ်ခေါက်ချိုးမျက်နှာက ကြည်နူးအနားကိုလည်းရောက်ကော သကြားထက်တောင် အချိုဆုံးမျက်နှာဖြစ်သွားသည်။

" ကိုယ့်ရုံးခန်းထဲမှာ‌ ခဏစောင့်နေနော် နူး။ ကိုယ် meeting တက်စရာရှိလို့ "

ကြည်နူးခေါင်းညိတ်လိုက်တော့ လင်းနေကကြည်နူးရဲ့နဖူးကိုတစ်ချက်နမ်းပြီး ရိန်းယံကိုကြည့်ကာ...

" သွားမယ်! "

ရုတ်ခြည်းဆိုသလို ချိုမြိန်နေတဲ့ မျက်နှာထားကပြောင်းလဲသွားကာ ဘေးကရိန်းယံကိုလေသံမာမာဖြစ်ပြောလိုက်ပြီး လင်းနေအရှေ့ကနေအရင်ထွက်သွား၏။ ရိန်းယံကတော့ တော်တော်လေးကို စိတ်ကုန်နေတဲ့ မျက်နှာထားနဲ့ meeting တက်ဖို့အတွက် လင်းနေ အနောက်ကနေလိုက်သွားတော့သည်။

ကြည်နူး လင်းနေရဲ့ရုံးခန်းထဲကိုဝင်သွားသည်။ လင်းနေရဲ့အလုပ်စားပွဲပေါ်မှာ ပုဂံမှာတုန်းက balloon ပေါ်မှာ ‌သူ့အမေရိုက်ထားပေးတဲ့ လိမ္မော်ရောင်ဖြာထွက်နေတဲ့ ပုဂံ နေထွက်ချိန်နောက်ခန်းနဲ့ ကြည်နူးနဲ့သူ့ရဲ့ဓာတ်ပုံကလေးကနေရာယူထားသည်။ လင်းနေရဲ့ Laptop wallpaper, Computer wallpaper တွေကလည်း ကြည်နူးပုံတွေပဲနေရာယူထားတယ်။ ပုံတွေက ကြည်နူးတောင် မသိလိုက်ပဲ လင်းနေ ခိုးရိုက်ထားတဲ့ ပုံကလေးတွေပင်။

ရုံးခန်းထဲက ဆိုဖာပေါ်မှာ ကြည်နူးထိုင်စောင့်နေတုန်း တံခါးခေါက်သံကိုကြားလိုက်ရသည်။ ဝန်ထမ်းကောင်မလေးတစ်ယောက် ဝင်လာကာ ကြည်နူးအတွက် မုန့်နဲ့အအေးထားပေးခဲ့ပြီး ပြန်ထွက်သွား၏။ လင်းနေက ကြည်နူးဗိုက်ဆာနေမှာစိုးတာကြောင့် သူ meeting roomထဲမဝင်ခင် ကြည်နူးဆီကိုမုန့်သွားပို့ဖို့အတွက် သူ့ဝန်ထမ်းကိုမှာခဲ့သည်။

ကြည်နူး မုန့်ကလေးစားလိုက်၊ဖုန်းကလေးသုံးလိုက်နဲ့ လင်းနေကို စောင့်ရင်း၊စောင့်ရင်းနဲ့ပဲ အိပ်ငိုက်စပြုလာကာ မကြာခင်မှာ ဆိုဖာပေါ်မှာ ကွေးကွေးကလေးအိပ်ပျော်သွားတော့တယ်။

meeting က 1 နာရီနီးပါး ကြာသွားတာမို့ ‌လင်းနေလမ်းကို‌ခပ်သွတ်သွတ်လျှောက်ကာ သူ့ရုံးခန်းကိုသွား၏။ တံခါးဖွင့်ဖွင့်လိုက်ချင်းပဲ အိပ်ပျော်နေတဲ့ ကြည်နူးကိုတွေ့တော့ လင်းနေရဲ့ နှုတ်ခမ်းတွေက လခြမ်းပုံသဏ္ဌာန်ကွေးတက်သွားသည်။ အိပ်နေတဲ့ ကြည်နူးအနားကိုလျှောက်သွားလိုက်ကာ သူ့အပေါ် suit ကိုချွတ်လိုက်ပြီး ကြည်နူးကိုယ်ပေါ်မှာ ခြုံပေးလိုက်တယ်။

ကြည်နူးအိပ်နေတုန်းမှာ လင်းနေ သူ့အလုပ်စားပွဲမှာပြန်ထိုင်လိုက်ပြီး အလုပ်လုပ်နေ၏။

ကြည်နူးနိုးလာတဲ့အချိန် သူ့ကိုယ်ပေါ်မှာခြုံထားတဲ့ suit ကိုတွေ့တော့ အကိုပြန်ရောက်နေမှန်းကိုသိလိုက်တယ်။ ကြည်နူး ထလိုက်ပြီး စားပွဲဘက်ကိုလှမ်းကြည့်တော့ အလုပ်လုပ်နေတဲ့ အကို့ကိုတွေ့ရ၏။ အကိုက Computer ကိုပဲအာရုံစိုက်ကြည့်နေတော့ ကြည်နူးကိုသတိထားမိပုံမရ။

လက်ထဲက suit ကိုဘေးမှာချထားခဲ့လိုက်ပြီး ကြည်နူး လင်းနေအနားကိုလျှောက်သွား၏။

" နိုးပြီလား "

ကြည်နူးခေါင်းညိတ်လိုက်ကာ အလုပ်လုပ်နေတဲ့ လင်းနေရဲ့ပေါင်ပေါ်မှာထိုင်လိုက်သည်။ ကြည်နူးရဲ့လက်ကလေးတွေက လင်းနေရဲ့လည်းပင်ကိုတွယ်ချိတ်ထားကာ ခေါင်းကလေးကာ ပခုံးပေါ်စောင်းမှီထား၏။

အိပ်ရာနိုးခါစမို့ သူ့ကိုချွဲနေတဲ့ ကြည်နူးကြောင့် လင်းနေတစ်ချက်ပြုံးလိုက်ပြီး သူ့လက်တွေက keyboard ကိုပဲဆက်ရိုက်နေ၏။

" အကို... "

" အင်ဟင်း "

ကြည်နူးခေါ်တာကိုပြန်ထူးပေမယ့် လင်းနေရဲ့အာရုံက Computer ပေါ်မှာပဲရှိ၏။ လင်းနေကသူ့ကိုမကြည့်တာကြောင့် ကြည်နူးမျက်မှောင်ကလေးကုတ်ကာ ‌လင်းနေရဲ့လည်ပင်းကိုကိုက်ချလိုက်တယ်။ လည်ပင်းပေါ်ကနာကျင်မှုကြောင့် လင်းနေ မျက်နှာတစ်ချက်ရှုံ့မဲ့သွား၏။

" နူး "

လင်းနေရဲ့လေသံစိတ်ဆိုးနေတဲ့လေသံမဟုတ်ပဲ ခါတိုင်းသူခေါ်နေကျအတိုင်း နူးနူးညံ့ညံ့ကလေးသာ။

ကြည်နူး မချိုမချဉ်ကလေးပြုံးကာ လင်းနေရဲ့နှုတ်ခမ်းကိုထိရုံမျှ တစ်ချက်နမ်းလိုက်တယ်။

" ကိုယ့်စိတ်ကိုလာမဆွနဲ့နော် နူး "

" စတဲ့ဟာကို စနေသားကလည်းစိတ်ကြီးပဲ "

လင်းနေပေါင်ပေါ်ကနေ ကြည်နူးဆင်းပြေးဖို့လုပ်တော့ လင်းနေသွားခွင့်မပြု။ လက်တစ်ဖက်တည်းနဲ့ ကြည်နူးခါးကို ဆွဲပွေ့ဖက်လိုက်ကာ တပ်ထားတဲ့သူ့မျက်မှန်ကိုချွတ်ပြီး စားပွဲပေါ်ပစ်တင်လိုက်တယ်။

လင်းနေကသူ့ပေါင်ပေါ်ကကြည်နူးရဲ့နှုတ်ခမ်းတွေကို လိုချင်တပ်မက်ခြင်းပြင်းပြစွာဖြင့် နမ်းသည်။ လင်းနေရဲ့လက်က ကြည်နူးရဲ့အင်္ကျီအောက်ထဲတိုး၀င်လာကာ ပိုပြီးရှေ့ဆက်ဖို့ ကြိုးစားနေတာကြောင့် ကြည်နူးအလန့်တကြားနဲ့ တားလိုက်သည်။

" ရုံးခန်းထဲမှာလေ အကို...မဖြစ်ဘူး!! "

စိုးရိမ်စိတ်များနေတဲ့ ကြည်နူးရဲ့မျက်နှာလေးကို လင်းနေကြည့်လိုက်ပြီး...

" အိမ်ပြန်မယ် "

လင်းနေ ကြည်နူးရဲ့လက်ကိုဆွဲကာ သူ့ရုံးခန်းထဲကနေထွက်လာသည်။ အခုကြည်နူးအဖြစ်က ကျားကိုမှသွားနှိုးမိတဲ့ ယုန်သူငယ်လေးလိုဖြစ်နေ၏။

-

မနက်မိုးလင်းတော့ လင်းနေအရင်နိုးလာ၏။ သူ့ကိုကျောပေးကာ အိပ်နေတဲ့ ကြည်နူးကို လင်းအနောက်က‌နေသိုင်းဖက်လိုက်တယ်။ စောင်ထဲက ကြည်နူးကလည်း လှုပ်လှုပ်ယွယွကလေးဖြစ်လာပြီး အနောက်ကိုလှည့်ကာ သူ့ကိုဖက်ထားတဲ့ လင်းနေရဲ့‌ခါးပေါ်လက်ကလေးတင်လိုက်၏။

" ခဏလောက် ထပ်အိပ်ဦး "

လင်းနေကကြည်နူးပါးလေးကို ကိုင်ကာလက်မဖြင့် ခပ်ဖွဖွပွတ်ရင်းပြော၏။ အိပ်ချင်မူးတူးနဲ့ ကြည်နူးကလည်း ခေါင်းညိတ်ကာ လင်းနေရင်ခွင်ထဲပိုတိုးဝင်လာသည်။

လင်းနေ ကြည်နူးရဲ့နားထင်စပ်နားလေးကို နမ်းလိုက်တော့ ရင်ခွင်ထဲက ကြည်နူးက မျက်လုံးဖြည်းဖြည်းချင်ဖွင့်ပြီး ခေါင်းကလေးမော့ကာ ကြည့်လာ၏။

" ကျွန်တော့်ကိုနမ်းရတာကို အရမ်းသဘောကျတာပဲလား "

" အင်း...ကိုယ်အရမ်းသဘောကျတယ် "

လင်းနေခေါင်းကိုအရှေ့တိုးလာကာ ကြည်နူးနှုတ်ခမ်းကို နမ်းဖို့လုပ်တော့ ကြည်နူးကိုခေါင်းကိုလွှဲလိုက်သည်။

" သွားမတိုက်ရသေးဘူး...ညစ်ပတ်နေတယ် "

ကြည်နူးရဲ့စကားကြောင့် လင်းနေကခပ်ဟဟရယ်၏။ ကြည်နူးမှောင်ကလေးကုတ်ကာ လင်းနေရဲ့ လက်မောင်းကိုရိုက်လိုက်တယ်။

ကြည်နူးကအရင်အိပ်ရာထဲကနေထသွားကာ ရေချိုးခန်းထဲကိုဝင်သွား၏။ လင်းနေကလည်း အနောက်ကနေလိုက်သွားကာ သွားတိုက်နေတဲ့ကြည်နူးကိုသိုင်းဖက်လိုက်တယ်။

" ညနေကျဘယ်သွားချင်လဲ "

လင်းနေကကြည်နူးရဲ့လည်တိုင်လေးကို တစ်ချက် ဖိနမ်းလိုက်ပြီးမှ မေး၏။

" ဟင့်အင်း...သွားချင်တဲ့နေရာတော့မရှိ "

" ဒါဆို ဈေးသွားဝယ်ရအောင်။ ကိုယ်တို့အိမ်အသစ်အတွက် လိုအပ်တဲ့ပစ္စည်းတွေဝယ်ရမယ်။ ပြီးရင် ဆိုင်မှာညစာအတူတူစားကြမယ် "

" အိမ်အသစ်...? "

" အင်း။ အိမ်အသစ် ကိုယ်တို့အိမ်။ ကိုယ်အိမ်တစ်လုံးဝယ်ထားတယ်။ အခုတော့ အိမ်ကပြင်ဆင်နေတုန်းမို့ နူးကိုခေါ်သွားလို့မရသေးဘူး။ နောက်အပတ်လောက်မှပြီးမယ်ထင်တယ် အဲ့ဒီကျမှ ကိုယ်တို့အတူတူတစ်ခါတည်းပြောင်းရအောင် "

" ကျွန်တော့်ရည်းစားလေးကတော်လိုက်တာ။ အိမ်တောင်ပိုင်နေပြီ... "

ကြည်နူး လင်းနေနဲ့မျက်နှာချင်းဆိုင်လိုက်ပြီး လင်းနေရဲ့ပါးနှစ်ဖက်ကို သူ့လက်ဖြင့်အုပ်ကိုင်ကာပြော၏။

ဒီနေ့ကပိတ်ရက်ဆိုပေမယ့် မနက်စာအတူတူစားပြီးနောက် လင်းနေကအလုပ်ကိစ္စ‌ချိန်းထားတာရှိတာကြောင့် ပြင်ဆင်ပြီးအိမ်ကနေထွက်၏။ လင်းနေက သူမသွားခင် ကြည်နူး နဖူးလေးကိုနမ်းသွားသေးသည်။

လင်းနေထွက်သွားပြီး 1 နာရီလောက်နေတော့ ကြည်နူးလည်းပျင်းတာနဲ့ အဝတ်အစားလဲပြီး အပြင်ကိုထွက်လာခဲ့တယ်။ ပျင်းလို့သာထွက်လာတာ သူ့မှာအဝေးကြီးလည်းမသွားချင်ဘူး။ လင်းနေ သူပြန်လာတာနဲ့ ဈေးဝယ်ဖို့သွားမယ်လို့ပြောခဲ့တာကြောင့်လည်းပါ၏။

သူတို့နေတဲ့နေရာနဲ့ဆို columbia road flower market ကသိပ်မဝေးတာမို့ ကြည်နူး အဲ့ဒီကိုပဲ လမ်းလျှောက်ကာ ထွက်လာခဲ့လိုက်တယ်။ အစကတော့ အေးအေးဆေးဆေး Coffee ဆိုင်ထိုင်မလို့ပဲ။ ဒါပေမယ့် Vlog ရိုက်ချင်တာကြောင့် columbia road flower market ကိုပဲရွေးလိုက်တယ်။

အမျိုးစုံလှတဲ့ပန်းရနံ့တွေက သူ့စိတ်ကို ရွှင်လန်းစေတယ်။ ဒီနေရာမှာ သူမမြင်ဖူးတဲ့ ပန်းတွေလည်း များစွာရှိ၏။ ပန်းတွေကို စိတ်ဝင်တစားကြည့်နေတုန်း ကြည်နူးဆီကို လင်းနေရဲ့ဖုန်းဝင်လာတယ်။

အကိုပြန်ရောက်ပြီးမို့ ကြည်နူးအခုချက်ချင်းပြန်လာခဲ့မယ် ပြောလိုက်ပေမယ့် အကိုကကြည်နူးရှိတဲ့နေရာကို သူပဲလာခဲ့မယ်ဆိုတာကြောင့် ကြည်နူး columbia road flower market ထဲမှာပဲ အကို့ကိုစောင့်နေလိုက်တယ်။

" နူး "

ကြည်နူးအနောက်ကိုလှည့်လိုက်ကာ မနီးမဝေးမှာရပ်နေတဲ့ လင်းနေဆီကိုပြေးသွား၏။

" အနောက်မှာဘာလဲ "

လင်းနေကလက်နှစ်ဖက်ကိုအနောက်ပစ်ထားတာကြောင့် တစ်ခုခုဖွက်ထားတယ်လို့ ကြည်နူးကထင်နေ၏။

ကြည်နူးထင်တဲ့အတိုင်းပါပဲ။ လင်းနေကပြုံးကာ အနောက်မှာဖွက်ထားတဲ့ အပြာနုရောင် hydrangea ပန်းစည်းကို ကြည်နူးကိုထုတ်ပြလိုက်သည်။

" လှလိုက်တာ..."

လင်းနေက သူဝယ်လာတဲ့ အပြာနုရောင် hydrangea ပန်းစည်းလေးကို ကြည်နူးလက်ထဲထည့်ပေးလိုက်သည်။

ကြည်နူးရဲ့လက်တစ်ဖက်မှာ ပန်းစည်းကိုပွေ့

ကိုင်ထားပြီး ကျန်တစ်ဖက်ကတော့ လင်းနေရဲ့လက်ကိုတွဲကာ တစ်လမ်းလုံးပန်းတွေနဲ့ပြည့်နှက်နေတဲ့ columbia road flower market ထဲကနေ ဖြည်းဖြည်းချင်းလမ်းလျှောက်ကာ ပြန်ထွက်လာကြသည်။

နှစ်ယောက်အတူတူ shopping mall မှာ အိမ်အတွက်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကိုဝယ်ပြီးနောက် ဆိုင်တစ်ဆိုင်မှာ ညစာအတူတူစားကြသည်။  ပိတ်ရက်နှစ်ရက်ကို ကြည်နူး‌လင်းနေနဲ့အတူတူဖြတ်သန်းခဲ့ပြီး တနင်္လာနေ့မနက်မှာတော့ ကြည်နူး London ကနေ Cambridge ကိုပြန်သွား၏။

-

-

/ hydrangea flowers /

[text_hash] => 3635d00a
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...