Chapter 25: Episode [ 24 ]

Array
(
[text] =>

Episode - 24

-

-

-

-

-

-

-

-

ကြည်နူး ကျောင်းကနေအိမ်ကိုပြန်ရောက်တာနဲ့  ကုတင်ပေါ်မှာ မှောက်လျက်ပဲပစ်လှဲချလိုက်တယ်။ မနေ့ညက သူ့သူငယ်ချင်းနှစ်‌ယောက်နဲ့ Uno ဆော့လိုက်၊ စကားပြောလိုက်နဲ့ ညတော်တော် ညဉ်းနက်မှအိပ်ဖြစ်တာကြောင့် အိပ်ရေးသိပ်မရှိလိုက်တာ။ ဒီနေ့အတန်းတွေကလည်း တစ်နေကုန်ရှိနေတော့ သူ့မှာ အတန်းထဲမအိပ်ငိုက်အောင် ကော်ဖီတွေချည်းလိမ့်ပြီး အတန်းတက်ခဲ့တာ။

ဒီလောက် ကော်ဖီတွေသောက်ထားတာတောင် အိမ်ပြန်ရောက်တာနဲ့ ကုတင်ပေါ်မှာ မှောက်လျက်နေနေတဲ့ ကြည်နူးတစ်ယောက် သိပ်မကြာခင်မှာပဲ အိပ်မောကျသွား၏။

ညနေ 5 နာရီလောက်မှာ အိပ်ပျော်သွားတဲ့ ကြည်နူးတစ်ယောက် ည 8 နာရီလောက်မှာနိုးလာသည်။ ဒါကလည်း သူ့လက်ထဲမှာကိုင်ထားတဲ့ ဖုန်းကနေ တတီတီမြည်နေတဲ့ အသံကြောင့်ပင်။ မပွင့်တပွင့်မျက်လုံးဖြင့် ကြည်နူး ဖုန်းကိုကြည့်လိုက်‌တယ်။ လင်းနေဆက်တာမလို့ မှောက်လျက်အိပ်နေတဲ့ ကြည်နူးကသူ့ခန္ဓာကိုယ်ကို ပြန်လှည့်လိုက်ပြီး ဖုန်းကိုင်လိုက်သည်။

" Hello... "

ကြည်နူးရဲ့အသံက အိပ်ချင်မူးတူး အသံကလေးဖြစ်နေ၏။

" Cambridge မှာနှင်းချနေပြီး နူး "

" ဟုတ်လား....ဟင်! Cambridge မှာနှင်းကျတာ အကိုကဘယ်လိုသိတာလဲ "

ကြည်နူး အိပ်ချင်ပြေသွားကာ မျက်လုံးကလေးကျယ်သွားတယ်။ သူကျောင်းကနေပြန်လာတုန်းကတောင် နှင်းမကျသေးပါဘူး။

" ကိုယ် နူးတို့တိုက်အောက်မှာ "

ကြည်နူး အိပ်ရာပေါ် ငေါက်ခနဲထထိုင်လိုက်တယ်။

" တကယ်! "

" အင်း "

ကြည်နူးရဲ့နှုတ်ခမ်းလေးတွေကပြုံးသွားပြီး အိပ်ရာပေါ်ကနေဆင်းကာ အခန်းအပြင်ကိုပြေးထွက်သွား၏။ ကြည်နူး ဝရန်တာကနေလှမ်းကြည့်လိုက်တော့ မိုးရွာသလို နှင်းတဖွဲဖွဲကျနေတဲ့အောက်မှာ အကိုကရပ်နေတယ်။ ကြည်နူးကိုလည်းတွေ့ကော အကိုကပြုံးကာလက်လှမ်းပြ၏။

လင်းနေဆီသွားဖို့အတွက် ကြည်နူးတစ်ယောက်ဖိနပ်တောင်လဲမစီးနိုင်ပဲ အိမ်တွင်းစီးဖိနပ်ကြီးနဲ့ပဲ အောက်ကိုပြေးဆင်းသွားတယ်။

" အကို!!! "

ကြည်နူးကလင်းနေဆီကိုအရှိန်နဲ့ပြေးကာ ဖက်လိုက်တာမို့ လင်းနေကလည်းကြည်နူးရဲ့ခါးလေးကို အသာလေးထိန်းပွေ့ဖက်လိုက်တယ်။ ကြည်နူးရဲ့လက်ကလေးနှစ်ဖက်က လင်းနေရဲ့ လည်ပင်းကိုရစ်ပတ်ကာဖက်ထား၏။

" ကိုယ့်ကိုလွမ်းနေတာလား "

ကြည်နူးမျက်နှာလေးကို ကြည့်ကာမေးနေတဲ့ လင်းနေရဲ့အကြည့်တွေက မြတ်နိုးမှု၊အချစ်တွေအပြည့်ပင်။

" အွန်း...ကျွန်တော်အရမ်းလွမ်းနေတာ "

ဒီနေ့ကအင်္ဂါနေ့ဖြစ်ပြီး ကြည်နူး တနင်္ဂနွေနေ့ညကျမှ London ကို Cambridge ကိုပြန်လာတာ။ တကယ်ဆို သူတို့နှစ်ယောက်မတွေ့တာ 48 နာရီတောင်မပြည့်သေးဘူး။

" အိပ်နေတာလား "

လင်းနေကကြည်နူးရဲ့ပါးကလေးကို ကိုင်ကာ လက်မဖြစ်ခပ်ဖွဖွပွတ်သပ်ရင်းမေး၏။ မို့အစ်နေတဲ့ မျက်လုံးတွေကြောင့် ကြည်နူးအိပ်ထားမှန်းသိသားနေသည်။

" ကျောင်းကပြန်ရောက်တာနဲ့ အိပ်ပျော်တာ။ အကိုဖုန်းဆက်မှပဲနိုးလာတာ "

ကြည်နူးပြောတာကိုနားထောင်ပြီး လင်းနေခေါင်းတစ်ချက်ညိတ်လိုက်သည်။

" အေးနေလား "

လင်းနေက ကြည်နူးရဲ့လက်ကလေးနှစ်ဖက်ကို ဆွဲယူလိုက်ပြီး သူဝတ်ထားတဲ့ long coat အတွင်းဘက်ထဲကိုထည့်ကာ သူ့ခါးကိုဖက်‌ထားစေ၏။ ကြည်နူးက ခါးကိုဖက်ပြီး အရှေ့ကိုပိုတိုးလိုက်တော့ လင်းနေရဲ့ Long Coat ထဲ ကြည်နူးရဲ့ကိုယ်လေးက မြုပ်သွား၏။

ကြည်နူးက Long Coat ထဲကနေသူ့ကိုမော့ကြည့်ကာ ရယ်ပြနေတာကြောင့် လင်းနေသဘောကျကာ ခပ်ဟဟပြုံးလိုက်ပြီး ကြည်နူးကိုခပ်တင်းတင်းပြန်ဖက်ကာ နဖူးလေးကိုနမ်းလိုက်တယ်။

အိမ်တွင်းစီးဖိနပ်အပါးကိုသာစီးထားတဲ့ ကြည်နူး ခြေဖျားလေးတွေ အေးစိမ့်လာတာကြောင့် ‌သူ့ခြေထောက်ကို လင်းနေရဲ့ leather shoes ပေါ်နင်းကာ ရပ်လိုက်သည်။ ကြည်နူးက သူ့ဘာသာသူလုပ်ပြီး သဘောကျကာရယ်နေသေးသည်။ လင်းနေကတော့ ကြည်နူးနောက်ပြန်လှဲကျမှာစိုးလို့ ခါးကိုတင်းတင်းဖက်ကာ ထိန်းပေးထား၏။

လင်းနေကကြည်နူးရဲ့ခါးကိုဖက်ကာ ခန္ဓာကိုယ်လေးကိုလက်တစ်ဖက်တည်းနဲ့ထိန်းထားပေးပြီး ကျန်တစ်ဖက်ကကြည်နူးရဲ့မေးဖျားလေးကိုကိုင်ကာ မျက်နှာကိုဆွဲမော့လိုက်တယ်။

အကို့ရဲ့အကြည့်ကရီဝေဝေ။ ဘာဆက်ဖြစ်မလဲဆိုတာသိတာမို့ ကြည်နူးစိတ်ကိုဖြေလျှော့

ထားလိုက်တယ်။ အကိုကကြည်နူးရဲ့နှုတ်ခမ်းတွေကို နမ်းသည်။ နှင်းတွေကြောင့် ခန္ဒာကိုယ်ကအေးစက်ပေမယ့် ကြည်နူးရဲ့နှုတ်ခမ်းတွေကတော့ အကို့ကြောင့် ပူနွေးလာသည်။ တကယ့်ကို အကြာကြီးနမ်းပြီးမှ အကိုကကြည်နူးနှုတ်ခမ်းတွေကိုလွှတ်ပေးတယ်။

" နူး ချမ်းနေပြီမဟုတ်ဘူးလား။ အထဲဝင်တော့လေ...ကိုယ်လည်းပြန်တော့မယ် "

ကြည်နူးခေါင်းညိတ်လိုက်သည်။

" ကားကိုဂရုစိုက်မောင်း "

" အင်း။ နူးလည်းစောစောအိပ် "

ကြည်နူးကအရင်တိုက်ထဲကိုဝင်သွား၏။ ကြည်နူးအိမ်ထဲကိုရောက်တာနဲ့ ဝရန်တာကနေလှမ်းကြည့်လိုက်တော့ အကိုကအောက်မှာရှိနေသေးသည်။ အကိုကကြည်နူးအိမ်ထဲထိရောက်တဲ့အထိကို စောင့်ကြည့်နေပုံပင်။

" ကားကိုဖြည်းဖြည်းမောင်းနော်! "

ကြည်နူးကဝရန်တာကနေ အောက်ကလင်းနေကိုလှမ်းအော်ပြော၏။ လင်းနေကနောက်ပြန်လမ်းလျှောက်ရင်း ကြည်နူးကို လက်ဝှေ့ယမ်းပြပြီးမှ ရပ်သွားတဲ့ သူ့ကားပေါ်ကိုတက်သွားသည်။ လင်းနေရဲ့ကားထွက်သွားမှ ကြည်နူးလည်း ဝရန်တာကနေထွက်လာသည်။

ကြည်နူးနဲ့တွေ့ဖို့အတွက် London ကနေ Cambridge အချိန်အကြာကြီးကားမောင်းလာခဲ့ပြီး အခု ကြည်နူးနဲ့ 15 မိနစ်လောက်တွေ့ပြီး Cambridge ကနေ London ကိုပြန်ဖို့ နောက်ထပ် ကားအကြာကြီးထပ်မောင်းရဦးမည်။ မနက်ကျ အလုပ်တွေကရှိသေးတော့  သူ့မှာမပြန်လို့လည်းမရဘူး။

-

ငြိမ်းဇာ သူ့ရည်းစားနဲ့ရန်ဖြစ်ပြီး ဆေးရုံရောက်နေတယ်ဆိုတာကြောင့် ကြည်နူးနဲ့ရန်ချင်း စိတ်ပူပြီး ဆေးရုံကိုအပြေးအလွှာရောက်လာကြတယ်။

သူတို့ရောက်တော့ ငြိမ်းဇာရဲ့ဘယ်ဘက်မျက်လုံးအောက်ဘက်နားမှာ အထိုးခံထားသလို ညိုမည်းနေတာကြောင့် ကြည်နူးနဲ့ရန်ချင်း ဒေါသတထောင်းထောင်းထွက်နေကြသည်။ မိန်းကလေးတစ်ယောက်ကိုဒီလုပ်လုပ်စရာလား။

" အဲ့ဒီကောင်ကော ဘယ်မှာလဲ!! "

ကြည်နူးကအရင် လေသံမာမာဖြစ် မေးလိုက်သည်။ နောက်တော့ ငြိမ်းဇာ လက်ညိုးထိုးပြတဲ့နေရာကို ကြည်နူးနဲ့ရန်ချင်းအတူတူ ကြည့်လိုက်၏။

ကုတင်ပေါ်မှာ ခြေကော၊လက်ပါ ပတ်တီးအဖွေးသားနဲ့ ငြိမ်းဇာရဲ့ရည်းစား ပြင်သစ်ကောင်ကို သူတို့တွေ့လိုက်တော့ နှစ်ယောက်လုံး ထွက်နေတဲ့ ဒေါသတွေကဘယ်ပျောက်လို့ပျောက်သွားမှန်းတောင်မသိလိုက်ဘူး။

" နင်လုပ်လိုက်တာလား "

ရန်ချင်းကမယုံနိုင်သလိုအကြည့်နဲ့ငြိမ်းဇာကိုကြည့်ကာမေး၏။ ဟိုကောင်က လက်မှာကောခြေထောက်မှာပါ ပတ်တီးတွေနဲ့ဆိုတော့ သူနည်းနည်းမယုံနိုင်ဖြစ်နေတာ။

" သူငါ့ကိုအရင်လက်ပါလို့လေ။ ငါနည်းနည်းလေးပဲ ပြန်လုပ်လိုက်တာပါ "

" အဲ့တာက နည်းနည်းလေးလား  "

ကြည်နူးကမေးတော့ ငြိမ်းဇာကခေါင်းညိတ်ပြ၏။ ငြိမ်းဇာအဖေက လက်ဝှေသမားဟောင်းဆိုတာကို သူတို့မေ့သွားတာ။ ငြိမ်းဇာ ကိုယ်ထဲသူ့အဖေသွေးတွေကအပြည့်လေ။

" ဒီမှာကြည့် ငါ့မျက်နှာလှလှလေးကို ဒီကောင်ကအရင်ထိုးတာ...အရင်နာတာပဲ "

ငြိမ်းဇာကမျက်နှာငယ်လေးနဲ့ သူ့ဒဏ်ရာကိုလက်ညိုးထိုးပြကာ သူ့သူငယ်ချင်းတွေကို ပြော‌၏။ကြည်နူးနဲ့ရန်ချင်းကတော့ မသနားတဲ့အပြင် သူတို့မျက်နှာတွေ စိတ်ကုန်နေကြသလိုပဲ။

ငြိမ်းဇာ မျက်နှာကဒဏ်ရာကိုဆေးထည့်ပြီး ပြင်သစ်ကောင်အတွက် ဆေးရုံစရိတ်ကို ကြည်နူးကပဲရှင်းပေးပြီး သူတို့သုံးယောက်ဆေးရုံကနေထွက်လာကြ၏။

နှင်းတွေလည်းကျ၊အေးလည်းအေးနေတာကို ငြိမ်းဇာက Crop top တစ်ထည်တည်းဝတ်ထားတာကြောင့် ကြည်နူးကသူ့ Jacket ကိုချွတ်လိုက်ပြီး ငြိမ်းဇာပခုံးပေါ်ခြုံပေးလိုက်တယ်။

" ကျေးဇူးပဲ။ အဲ့ကောင်ကို ဆေးရုံပို့ဖို့လောနေတာနဲ့တင် ငါ့ coat ယူဖို့တောင်မေ့‌ခဲ့တာ  "

မိန်းကလေးဖြစ်ပြီး ယောကျာ်းလေးနှစ်ယောက်နဲ့ပေါင်းလို့ ရှေးရိုးစွဲနေတဲ့အတွေးတွေ၊ တဏှာအတွေးနဲ့ မဟုတ်တမ်းတရမ်းတွေပြောခံရတာမျိုး‌တွေရှိပေမယ့် သူတို့ကြားက သံယောဇဉ်နဲ့ဖြူစင်မှုကို သူတို့အသိဆုံးပဲ။ ငြိမ်းဇာအတွက် ကြည်နူးနဲ့ရန်ချင်းက သူငယ်ချင်းဆိုတာထက်ကိုပို၏။ သူတို့က မိသားစုလိုမျိုးပဲ။ အခုပဲကြည့် သူဒုက္ခရောက်တော့ နှစ်ယောက်လုံး စိတ်ပူပြီးအပြေးရောက်လာပေးကြတာ။

သူငယ်ချင်းဆိုတာ ကျား၊မ ခွဲပေါင်းစရာ မလိုသလို။ လူမျိုး၊ဘာသာ ခွဲပေါင်းစရာလည်းမလိုဘူး။

" မနက်ဖြန် ဒီမျက်နှာကြီးနဲ့ ငါဘယ်လိုကျောင်းသွားရမလဲ! အား...!! အဲ့ဒီခွေးကောင်ကို နောက်ခြေထောက်တစ်ဖက်ပါ ရိုက်ချိုးခဲ့ရမှာ! "

သုံးယောက်သာ Taxi စောင့်နေတုန်း ငြိမ်းဇာရဲ့မကျေနပ်သံတွေကထွက်လာ၏။

" ပြစမ်း ငါ့ကို နင့်ဒဏ်ရာ "

ရန်ချင်းကငြိမ်းဇာမျက်နှာကအထိုးခံထားရတဲ့ဒဏ်ရာကိုအနီးကပ်သေချာကြည့်လိုက်သည်။

" မများပါဘူး မနက်ကျအရောင်ကျသွားလိမ့်မယ်။ နင်မိတ်ကပ်နဲ့ဖုံးလိုက်လေ ဒါမျိုးဆို နင်တို့မိန်းကလေးတွေက အရမ်းကျွမ်းတယ်မဟုတ်လား "

" ဟုတ်သားပဲ မိတ်ကပ်နဲ့ဖုံးလို့ရတာကို မေ့သွားတာ။ ကျေးဇူးပဲ ကောက်ကွေး "

" နောက်တစ်ဖက်ပါ အထိုးခံချင်နေတာလား "

" နင်ကော ခြေထောက်ကျိုးချင်လား၊လက်ကျိုးချင်လား။ ဒါမဟုတ် တစ်ကိုယ်လုံးကျိုးချင်လား "

" ခြေထောက်လည်းမကျိုးနဲ့၊လက်လည်းမကျိုးနဲ့ Taxi ရောက်နေပြီး။ သွားမယ် လာကြတော့! "

ပြောပြီးတာနဲ့ ကြည်နူးကအရင် Taxi ထဲဝင်သွား၏။ ငြိမ်းဇာနဲ့ရန်ချင်းကလည်း တစ်ယောက်ကိုတစ်ယောက် ပေကတ်ကတ်ကြည့်ကာ ကြည်နူးအနောက်ကိုလိုက်သွားပြီး Taxi ပေါ်တက်သွားကြ၏။

-

[text_hash] => be1ad759
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...