Array
(
[text] =>
ချစ်သူတစ်ယောက် ကောက်ရထားသည် {အခန်း ၁၁}
ဩဂတ်တို့ ကျောင်းမှာ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲ
ရှိတာမို့ သူတို့လို ဂျူနီယာတွေက ပွဲအတွက် လိုအပ်တာမှန်သမျှ
တာဝန်အသီးသီး ခွဲယူရသည်။ ဒါကြောင့် သူ့အိမ်ပြန်ချိန်လေးက
အမြဲလိုလို နောက်ကျတတ်ပြီး အိမ်ရောက်ပြီဆိုတာနဲ့ တန်းအိပ်
သွားတတ်ကာ အိပ်ယာနိုးပြီဆိုရင်လည်း ညီညီတစ်ယောက်
သူ့ဘေးမှာ အိပ်နေတတ်တာကို အမြဲတွေ့ရသည်။
တော်သေးတာက ညီညီက သူ့အပေါ်ဆိုးပြီး ဂျစ်ပေမယ့်လည်း
အလိုက်သိသည့်သူပင်။ အိမ်ပြန်နောက်ကျပြီး သူ့ကိုအချိန်မပေး
နိုင်လို့ ရစ်တာဘာညာ တစ်ခုမှ မရှိပေ။ သူကလည်း ကျောင်းမှာ
သူတို့လုပ်နေတာတွေကို အကုန်ပြောပြထားတာမို့ ညီကလည်း
နားလည်တာ ဖြစ်နိုင်သည်။
တစ်ခါတစ်လေကျ သူအိမ်ပြန်လာလို့ မအိပ်ခင်လေးမှာ
သံပုရာရည် တစ်ခွက်အား လာလာပို့တတ်တာကိုလည်း
ချစ်စရာကောင်းသည့် အပြုမူလို့ ဩဂတ်က မှတ်ယူထားလိုက်သည်။
ဖြစ်ချင်တော့ လဝန်းနီနဲ့ ဩဂတ်က အတူတူတွဲပြီးဖျော်ဖြေရမည်မို့ အမြဲလိုလို အတူတူရှိချိန်က များလာခဲ့ပါသည်..,။ သူလည်း
ငြင်းနိုင်သလောက် ငြင်းသော်လည်း မင်းသွင်က ဇွတ်အတင်း
ထိုးပေးတဲ့အခါ မငြင်းနိုင်တော့ပဲ လက်ခံလိုက်ရတော့သည်..။
အဲ့ဒါကို သိသွားတဲ့ညီက သူ့ကို ၃ရက်လောက် စိတ်ကောက်ခဲ့
သေး၏။ သူတော်တော်လေး ချော့ယူတော့မှ အင်တင်တင်နဲ့
စိတ်ကောက်ပြေခဲ့ရသည်။
တန်ပြန်အနေနဲ့ ညီ့ကို သီချင်းဆိုပြမည့် ကတိကို သူပေးခဲ့ရသည်။
ဒါတောင် ညီက သူရော လိုက်ကြည့်ချင်တယ် ဘာညာလုပ်နေတာ ညီရှိရင် စိတ်ဖြောင့်မှာ မဟုတ်လို့ မနည်းချော့ယူပြီးမလိုက်ဖို့
တားယူရသည်။ ညီက ဂျစ်ပြီးဆိုးပေမယ့် သူ့စကားကိုတော့
ဖယ်ရှားတယ်ဆိုတာမရှိ။ ဒါကပဲ ညီ့အား အလိုလိုက်ပြီး အချစ်ပိုစေတဲ့ အချက်ပင်။
"ကိုဩဂတ်!!
"အင်း!!
"ဘာဖြစ်နေတာလည်းဟင် မျက်နှာကြီးမှုန်သုန်နေတာပဲ"
လဝန်းနီ ထိုသို့ပြောလာမှ သူ့ကိုယ်သူ သတိထားမိသွားကာ
ဖုန်းကိုပြန်ပိတ်လိုက်သည်..။ ညီညီတစ်ယောက် သူ့ဘက်က
မက်ဆေ့ခ်ျတွေ ပို့နေပေမယ့် စာမပြန်လာတာမို့ စိတ်မကြည်နေခြင်းပင်။
"ဘာမှမဖြစ်ပါဘူး နီနီရဲ့!!
"အင်းပါ ဘာမှမဖြစ်ရင် ပြီးတာပါပဲ.. ကိုဩဂတ်တို့အိမ်က
အကျယ်ကြီးပဲနော်"
နီနီက အိမ်ကြီးကို အကဲခတ်ပြီး လိုက်ကြည့်ကာ သဘောတကျ
ပြောနေခြင်း။
"အင်း!!
"မိသားစုဝင်က ဘယ်နှစ်ယောက်လည်းဟင်"
"၄ယောက်!!
"ဪ!! ကိုဩဂတ်က အကြီးဆုံးလား"
"အင်း ဟုတ်တယ်.. ကိုယ့်မှာ ညီတစ်ယောက်ရှိသေးတယ်"
"ညီရှိတာလား"
"အင်း ဒယ်ဒီရယ် ဖေဖေရယ် ညီရယ် ကိုယ်ရယ်"
"ဒယ်ဒီရယ် ဖေဖေရယ် ဟုတ်လား?
နီနီ ကြောင်သွားတာမြင်တော့ ဩဂတ် တစ်ချက်ပြုံးလိုက်သည်။
ဘယ်သူမဆို မသိတဲ့သူတွေက သူတို့အကြောင်းကြားတာနဲ့
အခုလို ကြောင်အမ်းကုန်ကြ၏။
"ဒယ်ဒီက ကိုယ့်ဒယ်ဒီအရင်းလေ ကိုယ်၁၅နှစ်လောက်က
ဖေဖေနဲ့ ထပ်ပြီး အိမ်ထောင်ပြုခဲ့တာ"
"လိင်တူစုံတွဲပေါ့"
"ဟုတ်တယ်"
ဒါမျိုးတွေက အခုခေတ်မှာ မထူးဆန်းတော့တာမို့ သူမ
နားလည်သလို ခေါင်းညိတ်လိုက်ပါသည်။
"ညီလေးကရော ကိုဩဂတ်ရဲ့ ညီအရင်းလား!!
"မဟုတ်ဘူး သူက ဖေဖေ့သားပါ ဒါပေမယ့် ကိုယ့်အတွက်
ညီလေးတစ်ယောက်လိုပဲ သူက နည်းနည်းဆိုးပေမယ့်
စိတ်ထားက ကောင်းပါတယ် နီနီ သူနဲ့တွေ့ရင် နည်းနည်းပါးပါး
သီးခံပေးပါဦး"
နီနီ အင်တင်တင်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဒီနေ့ ကျောင်းပိတ်ရက်လေ အိမ်မှာ မနေပဲ အဲ့ကလေးက
ဘယ်သွားတယ် မသိဘူး ဒီအချိန်က ထမင်းစားချိန်
ရောက်နေပြီကို.."
ပြောရင်း ပူပန်သလိုဖြစ်နေတဲ့ ဩဂတ်မျက်နှာကို ကြည့်ပြီး
ကိုဩဂတ်က သူ့ညီလေးကို အတော်ချစ်ပါလားလို့ နီနီ
တွေးရပါ၏။
"ကိုဩဂတ်ညီက ဘယ်နှစ်နှစ်လဲ"
"၁၅နှစ်"
"ဪ.. နီနီမောင်ဝမ်းကွဲကလည်း ၁၅နှစ်ပဲ လူပျိုပေါက်လေး
အရွယ်ဆိုတော့ ထိန်းရ သိမ်းရ အရမ်းခက်တာပဲ သိလား
အိမ်ကလူတွေဆို ကတ်ကတ်လန် ရန်တွေ့တာ"
နီနီမောင်အကြောင်း ကြားလိုက်မှ ညီက တော်သေးပါလားဟု
ဩဂတ် တွေးလိုက်မိရင်း ပါးချိုင့်တွေထင်းနေအောင် ပြုံးမိသွားသည်။ သူသတ်ဝင်လာတော့ နီနီက သူ့ကို ခပ်ငေးငေးလေး
စိုက်ကြည့်နေတာမို့ ကြောင်အမ်းအမ်းဖြစ်သွားရသည်။
"ဘာလို့ စိုက်ကြည့်နေတာလဲ ကိုယ့်မျက်နှာမှာ တစ်ခုခု
ရှိနေလို့လား"
"ကိုဩဂတ်မှာ ပါးချိုင့်တွေရှိတယ်နော် နီနီသတိထားမိတာ
ကြာပြီ ကိုဩဂတ်ရဲ့ ပါးချိုင့်အကြောင်းက နီနီတို့ တစ်ကျောင်းလုံး
အရမ်းနာမည်ကြီးနေတာ ဒီနေ့တော့ အနီးကပ်မြင်လိုက်ရပြီ"
ဩဂတ်မှာ နီနီစကားကြောင့် ပါးချိုင့်တွေပိုပြီး မြင်သာမှုရှိတဲ့အထိ
ပြုံးပြလိုက်ရင်း
"ဘယ်ကသာ နီနီရယ် ကိုယ်က အဲ့လောက်လည်း ကြည့်မကောင်းပဲနဲ့"
"ကြည့်ကောင်းတာပေါ့ တစ်ကျောင်းလုံးက မိန်းကလေးတွေဆို
ကိုဩဂတ်ဆီမှာ တိမ်းညွတ်ချင်နေကြတာ အဲ့ထဲမှာ နီနီလည်း
ပါတယ်"
သူတို့နှစ်ဦးသာ တစ်ယောက်ကိုတစ်ယောက် ငေးစိုက်ကာ
ခဏလောက် ကြည့်မိသွားသည်။ နီနီရဲ့ ပန်းရောင်သမ်းနေတဲ့
စိုရဲရဲ နှုတ်ခမ်းဖူးဖူးလေးကို ကြည့်မိရင်း ဩဂတ်မှာ တံတွေးမျိုချ
လိုက်ရသည်။
"အဟမ်း!!!
အသံကြောင့် နှစ်ယောက်လုံး ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး
အသံပြုတဲ့ ညီညီကို ဩဂတ်ကြည့်လိုက်၏။ ညီညီခန္ဓာကိုယ်မှာ
ချွေးတွေရွှဲနေပြီး ဝတ်ထားတဲ့ စွပ်ကျယ်ချိုင်းပြတ်လေးမှာ
ချွေးတွေကြောင့် ခန္ဓာကိုယ်မှာ ကပ်ချပ်နေခဲ့ပါသည်။ ထို့အပြင်
လက်ထဲမှာ ပေရေနေတဲ့ ဘောလုံးကိုလည်း တွေ့ရတာမို့ ညီညီ
တစ်ယောက် အပြင်ကနေ ဘောလုံးကန်လာကြောင်းတန်းသိလိုက်သည်။
"ကိုကို မက်ဆေ့ခ်ျလည်းပို့တယ် ဖုန်းလည်းဆက်တယ်
ဘာလို့ လစ်လျူရှုထားရတာလဲ"
"ဖုန်းက အခန်းထဲမှာ ထားခဲ့တာ"
ထိုအခါမှ သူညီညီ့အား သက်သက်စိတ်ပူသွားတာဖြစ်ကြောင်း
သူ့ကိုသူ နားလည်လိုက်သည်။
"နေ့လယ်တောင် ရောက်နေပြီ အခုမှပြန်လာတယ်"
"ရေချိုးဦးမယ်"
"ချွေးတွေရွှဲနေတာ ခဏနေမှချိုး !!
"အခုချိုးတော့ ဘာဖြစ်လည်းဗျာ ပူရအိုက်ရတဲ့ကြားထဲ.."
"ပူမှာပေါ့ နေပူထဲ ဆော့လာတာကိုး!!
"ဟွန်း!! ကိုကိုကတော့လေ ဆရာဝန်တောင်မဖြစ်သေးဘူး
ကိုယ့်ညီလေးအပေါ်မှာ သိပ်ကို ဆရာဝန်ဆန်နေတာပါ့လား"
ဩဂတ်မှာ ညီ့စကားကြောင့် ပြုံးမိသွားသည်။ ညီပြောတာလည်းမမှား ဘာမဆိုသူက ဆရာဝန်တစ်ယောက်လိုသာ တွေးဖြစ်တာမို့
ညီဘာပဲစားစား ကျန်းမာရေးနဲ့ ညီညွတ်တာမဟုတ်ရင် လက်နဲ့တောင် မတို့ခိုင်းပေ။
"လက်ထဲက ဘောလုံးက ဘာလုပ်တာလဲ"
"ဪ ဒါလား လောင်းကြေးအဖြစ် ဘောလုံးသိမ်းလာတာ"
"မင်းကတော့ သူများတွေကို လိုက်အနိုင်ကျင့်နေတယ်"
"ဟာ!! မျှမျှတတ ဆော့တာပါနော်"
"ဟုတ်ပါပြီ ခဏနားပြီး ရေချိုးတော့ နေ့လယ်စာ
မစားရသေးဘူးမလား ကိုကိုနဲ့အတူ စားရအောင်"
သော်ဒီ ထွက်မသွားခင်မှာ ခုနက သူလစ်လျူရှုထားတဲ့
နီနီကို တစ်ချက်ကြည့်ရင်း
"ဒီ မမလှလှလေးက ဘယ်သူလဲ ကိုကို"
"ဟုတ်သားပဲ သူ့နာမည်က လဝန်းနီတဲ့ အားလုံးကတော့
နီနီလို့ ခေါ်ကြတယ်"
"အားလုံးထဲမှာရော ကိုကိုပါသေးလား"
ဩဂတ် မျက်မှောင်ကြုတ်ကာ သော်ဒီကို ကြည့်လိုက်တော့
သော်ဒီက ရယ်ကျဲကျဲနဲ့ မျက်စိတစ်ဖက်ကို စသလိုနောက်သလိုနဲ့
မှိတ်ပြသည်။
ဩဂတ်က ဆက်ပြီး...
"နီနီ!! ဒါက ကိုယ့်ညီလေ သော်ဒီထူးဟန်တဲ့"
"တွေ့ရတာ ဝမ်းသာပါတယ်နော် မမ.."
"ကိုဩဂတ်ညီက ချစ်စရာလေးပဲ"
"တွေ့တဲ့လူတိုင်းက ဒီလိုပြောကြတာပါပဲ.."
သော်ဒီ ထိုစကားကို ပြောခဲ့ပြီးသည်နှင့် ရေချိုးဖို့အတွက်
အခန်းထဲကို ဝင်လာလိုက်သည်။ ဘောလုံးကို သူ့အခန်းမှာ
ထားခဲ့ပြီး ကိုကို့အခန်းမှာ ရေချိုးလိုက်၏။ အင်္ကျီကလည်း
အခန်းထဲ သွားယူရမှာ ပျင်းတာမို့ ကိုကို့အင်္ကျီကိုပဲယူဝတ်လိုက်
တော့သည်။ ကိုကိုက သူနဲ့ မတော်တော့လို့ ပစ်ထားတဲ့အင်္ကျီတောင် သော်ဒီခန္ဓာကိုယ်မှာ ခပ်ဖားဖားကြီးဖြစ်နေ၏။
ဒူးတိဘောင်းဘီကို သူ့အခန်းထဲကနေ ယူဝတ်ပြီးမှ အောက်ကို
ဆင်းလာလိုက်ပါ၏။
"ရေချိုးပြီးပြီလား"
"ဟုတ် ကိုကို"
လဝန်းနီ ရှေ့က ကောင်လေးကိုကြည့်ရင်း မှင်သက်နေခဲ့သည်။
ခုနက ပေရေနေတဲ့ပုံကလည်း တစ်မျိုးကြည့်ကောင်းသလို
အခု ရေချိုးပြီးခါစ ပုံစံလေးကလည်း အပြစ်ကင်းစင်ပုံရကာ
အရမ်းကိုချစ်ဖို့ကောင်းလှသည်။
ကိုဩဂတ် သူ့ညီကို ချစ်တာလည်းမပြောနဲ့ သော်ဒီထူးဟန်က
အရမ်းကို ချစ်စရာကောင်းနေခဲ့သည်။ အသားက ရှိရင်းစွဲ
ဖြူဥနေတာမို့ အဖြူရောင်ခပ်ဖားဖား အင်္ကျီနဲ့လည်း ကြည့်လို့
အရမ်းကောင်းနေခဲ့၏။
"အစ်မ ဘာလို့ ကျွန်တော်ကို ကြည့်နေတာလဲ အင်္ကျီက
ဖားနေလို့လား ဆောရီးနော် ပုံမှန်ဆိုလည်း ကျွန်တော်က
ကိုကို့အင်္ကျီတွေ ယူဝတ်နေကျ.."
ဒီလိုဆိုတော့ သော်ဒီထူးဟန်ကိုကြည့်ပြီး သူမမျက်လုံးခပ်သာသာ
ပင့်မိသွားတယ်။ ကိုဩဂတ်ကလည်း သူ့ညီကိုသာ ပြုံးကြည့်နေတာမို့ သူမလည်းရှက်ကိုးရှက်ကန်း ပြန်ပြုံးပြရ၏။
"နီနီပါ တစ်ခါတည်း ဝင်စားလိုက်ပါ့လား ထမင်းတွေ
အများကြီးပဲရယ်.."
"ဟုတ်တယ် အစ်မ.. ကျွန်တော်ဖေဖေရဲ့ လက်ယာလေးကို
မြည်းသွားပါ့လား"
သူမ ငြင်းချိန်တောင်မရ။ ဩဂတ်က သူမအတွက် ပန်းကန်ထဲကို
ထမင်းတွေ ထည့်ပေးနေပြီမို့ မထူးဇာတ်ခင်းကာ ဝင်စားဖို့
သဘောတူလိုက်ရတော့သည်။
"ကိုကို ဘာဟင်းလဲ.."
"ညီညီ့အကြိုက်တွေချည်းပဲ ၃မျိုးတောင်!!
"ကိုကို ဒီငါးဖယ်စားမယ်!!!
"အင်း ကိုကိုလုပ်ပေးမယ်"
ဟင်းတွေက ပြန်နွှေးထားတာမို့ အငွေ့တစ်ထောင်းထောင်း
ထနေသည့်အတွက် ညီစားချင်တဲ့ ငါးဖယ်လုံးကို ဇွန်းနဲ့
ခပ်ယူလိုက်ပြီး တဖူးဖူးမှုတ်ကာ အေးပြီလို့ထင်ရတဲ့အချိန်မှ
ပါးစပ်နား တေ့ပေးလိုက်သည်။
"စားကောင်းလား"
ဒီလိုဆိုတော့ သော်ဒီက မျက်နှာပြုံးဖြဲဖြဲနဲ့ လက်မကိုလည်း
ထောင်ပြလာသည်။
"ဖေဖေချက်ထားတာ အရမ်းကောင်းတယ် ဒါပေမယ့်
ညီက ကိုကို့လက်ယာလည်း စားဖူးချင်သေးတယ်"
ဟင်းခပ်ရန်ပြင်မလို့ လုပ်နေတဲ့ ဩဂတ်လက်တွေက
လေထဲမှာတုန့်ဆိုင်းသွားရသည်။
"နောက်ကျ ကိုကို သင်လိုက်မယ် .."
"အဟွတ်!! အဟွတ်"
ထိုအခါမှ သူတို့အပြင် နီနီရှိသေးကြောင်း ဩဂတ်သတိရမိသွားကာ နီနီဘက်ကိုပြန်ကြည့်လိုက်သည်။ နီနီက ရေကို အသည်းအသန် မော့သောက်နေတာမို့ သော်ဒီမှာမေးထောက်လျက် အသာကြည့်နေလိုက်သည်။
"ဘာလို့ ထမင်းဖြူချည်း စားနေတာတုန်း အစ်မရဲ့...
ဟင်းနဲ့ ရောစားမှပေါ့ "
ပြောလည်းပြော သော်ဒီက သူမ ပန်းကန်ထဲကို ဟင်းတွေ
ထည့်ပေးလာပြီး 'စား'ဆိုတဲ့ သဘောနဲ့ မေးဆတ်ပြသည်..။
သူမ ဩဂတ်ကို ပြန်ကြည့်လိုက်တော့လည်း ဩဂတ်က သူမကို
ပြုံးရုံသာ ပြုံးပြပြီး သူ့ဘာသာ စားစရာရှိတာ ဆက်စားနေသည်။
ခုနကလို အမူယာတွေမရှိတော့တဲ့ ဩဂတ်အား ကြောင်အမ်းစွာ
ကြည့်နေပြီးမှ ထမင်းတစ်လုတ်ကို မနည်းမျိုချလိုက်ရပါသည်။
...................
"သူနဲ့ မင်းက ဘောင်ချာရှိလို့လား.."
စီးကရက် အတိုလေးကို ရှေ့မှာလွှင့်ပစ်ရင်း သော်ဒီမျက်နှာက
ခပ်မဲ့မဲ့။ ၁၅နှစ် သာသာဆိုပေမယ့် သော်ဒီထူးဟန်က ဆေးလိပ်
တွေလည်း ခိုးသောက်တတ်နေပြီမို့ ဖက်တီး သက်ပြင်းဖွဖွချသည်။ ကျောင်းမှာ ရန်မဖြစ်လိုက်နဲ့ ဖြစ်လိုက်တာနဲ့ ဘယ်သူတုန်း
ပြေးကြည့် သော်ဒီထူးဟန်သာ ရှိတော့သည်။
ကျောင်းမှာ ရန်အဖြစ်ဆုံးနဲ့ ပြဿနာအရှာနိုင်ဆုံးဆုကိုပေးမယ်ဆို
ဒီကောင်က ပြိုင်ဘက်မရှိပဲ ပထမရမှာ ကျိန်းသေ၏။ အခုလည်း
စီးကရက်ခိုးသောက်နေရင်း သူနဲ့ပြဿနာဖြစ်ဖူးတဲ့ အတန်းထဲက
သုတကျော်တို့ အဖွဲ့နဲ့ လူရှင်းတဲ့နေရာမှာ ပတ်ပင်းလာတိုးသည်။
ဒီကောင်တွေ အဖွဲ့က ၃ယောက်ရှိပြီး ကျောင်းမှာဆို အမြဲတမ်း
စောက်ကြီးစောက်ကျယ် နိုင်တဲ့အဖွဲ့ပင်။
"ဖြစ်ပါ့မလား သူတို့က၃ယောက်!!
"ဖြစ်ပါတယ်ကွာ မင်းနေခဲ့.. ငါ့ကိုစောင့်နေ"
ဖက်တီးက ကြောက်တတ်တာမို့ သူ့ကိုဒီနေရာမှာပဲ ထားခဲ့ကာ
ဘေးနားက ပုလင်းနှစ်ပုလင်းကို ဆွဲယူပြီး အနောက်ကနေ
ဆော်ထည့်လိုက်သည်။ နှစ်ယောက်လုံး ခေါင်းမှာ သွေးတွေ
ထွက်သွားကာ သူတို့ကိုကျုံးသွားတဲ့လူအား ပြန်မကြည့်နိုင်ပဲ
ထွန့်ထွန့်လူးကာ ညည်းတွာနေကြ၏။ ကျန်တဲ့တစ်ယောက်ကိုလည်း တစ်ဖက်လူက ဘာမှမလုပ်ရသေးခင် သူအရင်ဦးအောင်
ပိတ်ထိုးခဲ့ပြီးမှ ဖက်တီးလက်ကို ဆွဲကာ ပြေးလာလိုက်သည်။
ပြေးနေတာ အရှိန်ရနေတုန်း လမ်းတစ်ဝက်မှာ ရပ်လိုက်တဲ့
သော်ဒီကြောင့် ဖက်တီးကြောင်သွားရ၏။
"သော်ဒီ ဘာဖြစ်လို့လဲ ပြေးကြမယ်လေ.."
သော်ဒီတစ်ယောက် ဂိစ်တသ်တစ် မျက်နှာထားနဲ့ နားထဲမှာ
ကိုကို့စကားသံတစ်ချို့ကို ပြန်ကြားယောင်မိတာမို့ ရပ်လိုက်ခြင်းသာ...
'ပုဆိုးခြုံထဲကနေ လက်သီးပြတဲ့ ကောင်တွေဆို ကိုကိုက
အထင်မကြီးဘူး'
"ဟေ့ကောင် ဘာဖြစ်တာလဲ!!!
သော်ဒီခြေလှမ်းတွေက ခုနက ထိုကောင်တွေရှိရာကိုခြေဦးလှည့်
နေတာမို့ ဖက်တီးတစ်ယောက် ထိတ်ထိတ်ပြာပြာ ဖြစ်သွားပြီး
တားသော်လည်း သော်ဒီကလက်မခံပါ။ ဟိုကောင်တွေကလည်း
ကျောင်းမှာပြဿနာအရှာနိုင်ဆုံးကောင်တွေမို့ ဒီနားမှာမျက်မြင်
သက်သေကလည်း သူ့အပြင်မရှိတဲ့အတွက် ကျောင်းအုပ်ရုံးခန်းကို ရောက်ချင်မှရောက်မည်။
အကြိမ်တိုင်း ကျောင်းအုပ်ကငဲ့ညှာတဲ့အနေနဲ့ သူ့အဖေကို
လှမ်းခေါ်မယ့်အစား ကိုကြီးဩဂတ်ကိုသာ လှမ်းခေါ်ပေးခဲ့သည်။
ဒါပေမယ့် ဒီတစ်ခါ ထပ်ရန်ဖြစ်ပါက ကိုကြီးဩဂတ်ကိုမဟုတ်ပဲ
ဒယ်ဒီတို့ကို လှမ်းခေါ်မယ်ဆိုတဲ့စကားကြောင့် ဖက်တီးမှာ
ပိုစိုးရိမ်သွားရခြင်းဖြစ်သည်။
"ဒီနားမှာ ဘာမျက်မြင်သက်သေမှမရှိဘူး လာပါကွာ
ငါတို့ ပြေးရအောင်"
"မဟုတ်ဘူး ဖက်တီးရ!! ဒီကောင်တွေကို ငါပြောရဦးမယ်"
"ဟင်!! မင်းက ဘာပြောမလို့လဲ"
"ငါ့နာမည်ကို.."
ထို့နောက် သုတကျော်ရဲ့ ဆံပင်ကို ဆောင့်ဆွဲလျက်...
"ဒီမှာ ဟေ့ကောင် ငါ့နာမည်က သော်ဒီထူးဟန်!!!
"သော်ဒီထူးဟန်!!
မှုန်ဝါးနေတဲ့ အမြင်အာရုံကိုအံတုပြီး သုတကျော်က သူ့ကို
ပြူးပြဲကြည့်လာသည်မို့ တစ်ချက်ပြုံးပြရင်း လှည့်ထွက်ရန်
ပြင်လိုက်သည်။
"မင်းကို ကျောင်းအုပ်ဆီ တိုင်မှာ မကြောက်ဘူးလား"
သုတကျော်မျက်နှာကို ချာခနဲလှည့်ကြည့်ပြီးမှ ပုခုံးနှစ်ဖက်ကို
ပေါ့ပျက်ပျက် ပင့်ပြရင်း
"အရင်က ငါသွားနေကျပဲဟာ ထပ်သွားရလည်း မထူးဆန်းဘူး
မင်းတို့ သွားမတိုင်မှာပဲ ငါစိတ်ပူတာ"
ဖက်တီးမှာ ကြောက်ကြောက်လန့်လန့်နဲ့ သော်ဒီနောက်ကနေ
ကပ်ပါလာခဲ့ရသည်။ ထိုနေ့က တကယ်ပဲ သော်ဒီထူးဟန်မှာ
ကျောင်းအုပ်ရုံးခန်းကို ရောက်ခဲ့ပြီး ကျောင်းအုပ်ကလည်း
ကိုကြီးဩဂတ်ကို ခေါ်မယ့်အစား သူ့ဒယ်ဒီနဲ့ ဖေဖေ့ကိုသာ
လှမ်းခေါ်ရင်း ကတိတည်ခဲ့ပါသည်။ ဒါပေမယ့် ရောက်လာတော့
ကိုကြီးဩဂတ်ပါ လိုက်လာခဲ့သည်။
"ဖြစ်ပျက်သမျှကတော့ အဲ့ဒီအတိုင်းပါပဲ!!!
ဦးအဂ္ဂမှာ ကျောင်းအုပ်ပြောသမျှကို ခေါင်းတညိတ်ညိတ်နဲ့
နားထောင်နေကာ တစ်ဖက်ကျောင်းသားတွေကို သေချာလေး
ကြည့်လိုက်သည်။
"မျက်မြင်သက်သေ ရှိလား မင်းတို့ကို ငါ့သားက လုပ်ခဲ့တယ်
ဆိုတဲ့ သက်သေ.."
"ဘာသက်သေ လုပ်ရဦးမှာလဲ အဲ့ကောင်မျက်နှာ ကျုပ်
မြင်လိုက်တာပဲ"
"မင်းတို့စကားလောက်နဲ့ ငါ့သားမှာ အပြစ်ရှိကြောင်း
ဘယ်လိုလုပ် ယုံလို့ရမှာလဲ "
ထိုအခါ အဖွဲ့ထဲက ကောင်က သူ့ဘာသာငြိမ်ငြိမ်လေး
ရပ်နေတဲ့ ဖက်တီးအား လက်ညိုးထိုးပြရင်း
"အဲ့ကောင်က မျက်မြင်သက်သေပဲလေ. "
ဖက်တီးက ကြောင်အမ်းသွားရင်း ပါးစပ်အဟောင်းသားဖြစ်ရသည်။ ကျောင်းအုပ်ကလည်း ချောင်းဟမ့်ရင်း
"ကောင်းကင်ဟိန်း မင်းဘာပြောမလဲ.."
"ဘာကိုလဲဗျ"
"သူတို့ကပြောနေတယ်လေ မင်းကမျက်မြင်သက်သေတဲ့
ငါတို့ကို ဘာပြောချင်သေးလဲ"
ဖက်တီးက ခေါင်းကုတ်ကာ ကျောင်းအုပ်ဆီ တိုးလာခဲ့တော့
ကျောင်းအုပ်မှာ သက်ပြင်းချ ခေါင်းတဆတ်ဆတ်ညိတ်သည်။
"မကြောက်နဲ့ မြင်သမျှတွေ အကုန်ပြောပြလိုက်"
ဖက်တီး ကြောက်ကြောက်နဲ့ပဲ ခေါင်းညိတ်ပြရသည်..။
အခုချိန်မှာ အားလုံးရဲ့ အာရုံစူးစိုက်မှုတွေက သူ့ဆီမှာပဲ
ရှိနေ၍ ဖက်တီးတစ်ယောက်ဇောချွေး ပြန်ရသည်..။ ပြီးမှ
"ကျွန်တော် ဘာမှမမြင်လိုက်ပါဘူးဗျ!!!
ကျောင်းအုပ်မျက်နှာတည်သွားရင်း အရိုက်ခံရတဲ့ကောင်တွေလည်း ရှူးရှူးရှားရှားဖြစ်ကုန်၏။
"ကဲ... မင်းတို့ကြားတယ်နော် မင်းတို့ကကျောင်းသားမို့
ကူညီတဲ့အနေနဲ့ ဆေးဖိုးလေးတော့ ငါစွန့်ကြဲခဲ့ပါ့မယ်"
ပြောရင်း တစ်သောင်းတန် တစ်အုပ်ကို သုတကျော်လက်ထဲ
ထည့်ပေးခဲ့လိုက်၏။ သူတို့ပြန်လာတော့ သော်ဒီကိုပါ
တစ်ခါတည်း ခေါ်ခဲ့လိုက်သည်။ ဩဂတ်ကလည်း သူ့ညီကို
ကြည့်နေရင်း စိတ်ပူနေပေမယ့် ဖေဖေ့မျက်နှာကတော့
တင်းမာလျက်ရှိကာ အိမ်ကိုပြန်ရောက်ရောက်ချင်း ပေါက်ကွဲလာသည်။
"အဲ့ဒါ မင်းလက်ချက်မှန်း ငါသိတယ် သော်ဒီထူးဟန်"
"ဒါဆို ဘာလို့ ဖေဖေ မဖော်ထုတ်ရတာလဲ"
"မင်းလို အရိုင်းစိုင်းကောင်က ငါ့သားဖြစ်နေလို့လေ.."
ခုံပေါ်မှာ တင်ထားတဲ့ တုတ်၃ချောင်းထဲက တစ်ချောင်းကို
ကောက်ယူပြီး သော်ဒီကို တရွှမ်းရွှမ်းရိုက်ပေမယ့် သော်ဒီ
မျက်နှာက တစ်ချက်မှ ဟန်ပျက်မသွားပေ။ ဩဂတ်ကလည်း
သူ့ညီကိုရိုက်နေတာ မကြည့်ရက်စွာ မျက်နှာလွှဲရင်း စိတ်မကောင်းဖြစ်ရသည်။
ညီက သိပ်ကိုဆိုးသည်။ ဒါတွေကလည်း သူ့အလိုလိုက်မှုတွေကြောင့် တစ်စိတ်တစ်ပိုင်း ပါဝင်၏။
"ငါမင်းကို ကျောင်းမှာစာလုပ်ဖို့ လွှတ်လိုက်တာ အဲ့လို
ရမ်းကားဖို့ မဟုတ်ဘူးကွ!!!
ရိုက်ရင်းနဲ့ တုတ်က ၃ချောင်းကုန်သွားသည့်တိုင် မိုးနှောင်းမှာ
မောလာသလောက် သော်ဒီမှာ အသံတောင်မထွက်။
"မင်းသူငယ်ချင်း ကောင်းကင်ဟိန်းကို သိတယ်မလား
ဘယ်လောက်လိမ်မာလဲ သူ့ချီးကို အတုံးလိုက်ကျွေးရမယ်"
ဓာတ်ပြားဟောင်းကြီး ဖွင့်လာ၍ သော်ဒီစိတ်ညစ်ရသည်..။
ကိုယ့်ဘာသာ ဘယ်လောက်ရမ်းကားပါစေ အချိန်တန်
စာမေးပွဲဖြေလို့ အောင်ရင် ရပြီမဟုတ်လား..။
"တော်ပါတော့ ဖေဖေရာ နားတွေငြီးလှပြီ!!!
ဖြောင်း!!!
ပါးတစ်ဖက်က ထူပူသွား၏။ မိုးနှောင်းက ပါးရိုက်လိုက်တော့မှ
ငြိမ်နေတဲ့ ဩဂတ်မှာ ညီ့ရှေ့ဝင်ရပ်ရသလို ဒယ်ဒီကလည်း
ဖေဖေ့အား ဆွဲထားလေသည်။
"စိတ်လျှော့မှပေါ့ ငယ်ရာ သားငယ်က တမင်လုပ်တာမှမဟုတ်တာ"
"ဒီကောင် သက်သက်ဒုက္ခပေးနေလို့ ပြောနေရတာ"
"ဖေဖေ တော်ပါတော့ ညီညီက နောင်တရနေပါပြီ!!
ညီ့ကို ဖေဖေ့ရှေ့ကနေ အတင်းကွယ်ထားရင်း ဩဂတ်
စိတ်မသက်သာစွာ ပြောရ၏။
"သူ့ကို သိပ်အလိုမလိုက်နဲ့..သား အဲ့ကောင်က အရိုင်းစိုင်းကောင်"
"လာပါ..ငယ်ရာ ကိုကိုတို့ သွားရအောင်ပါ"
ဒယ်ဒီက ဇွတ်အတင်းခေါ်တော့ ဖေဖေက ယက်ကန် ယက်ကန်
ပါသွားသည်။ ထိုအခါ သူကလည်း ညီ့အားလှည့်ကြည့်ရင်း
"ဆေးထည့်မယ် လိုက်ခဲ့!!
ကိုကို့ရဲ့အမိန့်တွေအောက် နေသားကျနေပြီမို့ ယောင်ပြီးတောင်
ခေါင်းမခါဝံ့။
"ချွတ်လိုက် ဆေးထည့်ပေးမယ်"
အင်္ကျီကိုချွတ်ချလိုက်တော့ ရှိူးရာတို့က ကျောပြင်အနှံ့ရဲစွေးနေကာ အောက်ကို တစ်ဖြည်းဖြည်း လျှောဆင်းသွားသည်မို့
ဩဂတ်က မတတ်သာစွာ...
"ဘောင်းဘီပါချွတ်!!!
"ကိုကို့!!!
"ဘာလဲ ချွတ်လေ.. ဆေးထည့်ရမှာ ဒီမှာမြင်လား"
ဆေးကိုထောင်ပြရင်း ပြောတော့ သော်ဒီခေါင်းကုတ်၏။
ဘာပဲပြောပြော လူပျိုပေါက် အရွယ်မို့ ကိုကို့ရှေ့မှာ အခုလို
ချွတ်ရမည်အား တွေးရင်းမရှက်ပဲမနေနိုင်။
"ကိုကိုကလည်း ရှက်စရာကြီး ညီ့ဘာသာ လုပ်မယ်လေ"
"မရဘူး!! အခုမှရှက်ရမှန်းသိတာလား ရန်ဖြစ်တုန်းကကျ
မရှက်ဘူးပေါ့"
"ကိုကိုကလည်း မတူဘူးလေ အဲ့တုန်းက လက်ရည်ချင်းယှဉ်ရတာ"
"မလိုချင်ဘူး အခုချွတ်!! ပြီးရင် အိပ်ယာပေါ် မှောက်ထား"
ဒီတော့ ဖင်ပါမကျန် ရိုက်ခဲ့တဲ့ဖေ့ဖေ့ကိုသာ အပြစ်တင်ရတော့မည်။
"ပြီးရောဗျာ ချွတ်ဆိုချွတ်မယ် ကိုကိုဟိုဘက်လှည့်ထား
အဆင်သင့်ဖြစ်ရင် ပြောမယ်"
"အင်း!!
ကိုကို ဟိုဘက်လှည့်နေတုန်း ဘောင်းဘီချွတ်ပြီး ကုတင်ပေါ်တက်ကာ မှောက်ထားလိုက်ပြီးမှ
"ရပြီ ကိုကို"
ဩဂတ်မှာ ကျောပြင်ပေါ်ကနေ အောက်ကို ဆင်းသွားတဲ့
ရှိူးရာတွေကြောင့် မကြည့်ရက်စွာ မျက်မှောင်ကြုတ်ရသည်။
အရိုက်ခံရတာ ညီညီဖြစ်ပေမယ့် ညီညီ့အစား သူက ပိုပြီး
နာလှသည်။
"နောက်တစ်ခါ ရန်မဖြစ်နဲ့ ညီညီ..."
"ဒါပေမယ့် သူတို့က!!!!
"ကိုကို မကြိုက်ဘူး!!!!
"ဟုတ်"
"ညီ့ခန္ဓာကိုယ်က ဒီလိုဒဏ်ရာတွေကို မမြင်ချင်ဘူး
ကိုကို့စကားကို နားထောင်စမ်းပါ"
သော်ဒီနှုတ်ဆိတ်သွားသည်။ ဖေဖေရိုက်တုန်းက မနာတဲ့
ဒဏ်ရာတွေက ကိုကို့လက်နဲ့ထိတွေ့လာတော့ စပ်ဖျဉ်းဖျဉ်း
ဖြစ်လာခဲ့ပါသည်။ နေရာအနှံ့ပြား ဆေးလိမ်းပေးနေတာမို့
သော်ဒီကြက်သီးတွေထလာ၏။ အောက်ကို ဖြည်းဖြည်းချင်း
လျှောဆင်းလာပြီး ဆေးထည့်ပေးသည့်အခါမှာတော့ သော်ဒီ
လက်တွေက အိပ်ယာခင်းကိုသာ တင်းကြပ်စွာ ဆုပ်ထွေးထား
လိုက်မိတော့သည်။
ထူးဆန်စွာဖြင့် ဒီနေ့မှ သူ့နှလုံးခုန်နှုန်းတွေက ပိုမြန်ဆန်နေကြောင်းကို သော်ဒီအောက်နှုတ်ခမ်းလေးကို ခပ်သာသာ
ဖိကိုက်လျက် တစ်ညလုံးအဖြေရှာပေမယ့် နောက်ဆုံးမှာတော့
အဖြေမရခဲ့ပဲ အိပ်ပျော်သွားခဲ့ပါ၏။
Zawgyi
ခ်စ္သူတစ္ေယာက္ ေကာက္ရထားသည္ {အခန္း ၁၁}
ဩဂတ္တို့ ေက်ာင္းမွာ ေက်ာင္းသားေဟာင္းမ်ား ေတြ့ဆုံပြဲ
ရွိတာမို့ သူတို့လို ဂ်ူနီယာေတြက ပြဲအတြက္ လိုအပ္တာမွန္သမ်ွ
တာဝန္အသီးသီး ခြဲယူရသည္။ ဒါေြကာင့္ သူ့အိမ္ျပန္ခ်ိန္ေလးက
အျမဲလိုလို ေနာက္က်တတ္ျပီး အိမ္ေရာက္ျပီဆိုတာနဲ့ တန္းအိပ္
သြားတတ္ကာ အိပ္ယာနိုးျပီဆိုရင္လည္း ညီညီတစ္ေယာက္
သူ့ေဘးမွာ အိပ္ေနတတ္တာကို အျမဲေတြ့ရသည္။
ေတာ္ေသးတာက ညီညီက သူ့အေပါ္ဆိုးျပီး ဂ်စ္ေပမယ့္လည္း
အလိုက္သိသည့္သူပင္။ အိမ္ျပန္ေနာက္က်ျပီး သူ့ကိုအခ်ိန္မေပး
နိုင္လို့ ရစ္တာဘာညာ တစ္ခုမွ မရွိေပ။ သူကလည္း ေက်ာင္းမွာ
သူတို့လုပ္ေနတာေတြကို အကုန္ေျပာျပထားတာမို့ ညီကလည္း
နားလည္တာ ြဖစ္နိုင္သည္။
တစ္ခါတစ္ေလက် သူအိမ္ျပန္လာလို့ မအိပ္ခင္ေလးမွာ
သံပုရာရည္ တစ္ခြက္အား လာလာပို့တတ္တာကိုလည္း
ခ်စ္စရာေကာင္းသည့္ အျပုမူလို့ ဩဂတ္က မွတ္ယူထားလိုက္သည္။
ြဖစ္ခ်င္ေတာ့ လဝန္းနီနဲ့ ဩဂတ္က အတူတူတြဲျပီးေဖ်ာ္ေြဖရမည္မို့ အျမဲလိုလို အတူတူရွိခ်ိန္က မ်ားလာခဲ့ပါသည္..,။ သူလည္း
ျငင္းနိုင္သေလာက္ ျငင္းေသာ္လည္း မင္းသြင္က ဇြတ္အတင္း
ထိုးေပးတဲ့အခါ မျငင္းနိုင္ေတာ့ပဲ လက္ခံလိုက္ရေတာ့သည္..။
အဲ့ဒါကို သိသြားတဲ့ညီက သူ့ကို ၃ရက္ေလာက္ စိတ္ေကာက္ခဲ့
ေသး၏။ သူေတာ္ေတာ္ေလး ေခ်ာ့ယူေတာ့မွ အင္တင္တင္နဲ့
စိတ္ေကာက္ေျပခဲ့ရသည္။
တန္ျပန္အေနနဲ့ ညီ့ကို သီခ်င္းဆိုျပမည့္ ကတိကို သူေပးခဲ့ရသည္။
ဒါေတာင္ ညီက သူေရာ လိုက္ြကည့္ခ်င္တယ္ ဘာညာလုပ္ေနတာ ညီရွိရင္ စိတ္ေြဖာင့္မွာ မဟုတ္လို့ မနည္းေခ်ာ့ယူျပီးမလိုက္ဖို့
တားယူရသည္။ ညီက ဂ်စ္ျပီးဆိုးေပမယ့္ သူ့စကားကိုေတာ့
ဖယ္ရွားတယ္ဆိုတာမရွိ။ ဒါကပဲ ညီ့အား အလိုလိုက္ျပီး အခ်စ္ပိုေစတဲ့ အခ်က္ပင္။
"ကိုဩဂတ္!!
"အင္း!!
"ဘာြဖစ္ေနတာလည္းဟင္ မ်က္နွာြကီးမွုန္သုန္ေနတာပဲ"
လဝန္းနီ ထိုသို့ေျပာလာမွ သူ့ကိုယ္သူ သတိထားမိသြားကာ
ဖုန္းကိုျပန္ပိတ္လိုက္သည္..။ ညီညီတစ္ေယာက္ သူ့ဘက္က
မက္ေဆ့ခ္်ေတြ ပို့ေနေပမယ့္ စာမျပန္လာတာမို့ စိတ္မြကည္ေနြခင္းပင္။
"ဘာမွမြဖစ္ပါဘူး နီနီရဲ့!!
"အင္းပါ ဘာမွမြဖစ္ရင္ ျပီးတာပါပဲ.. ကိုဩဂတ္တို့အိမ္က
အက်ယ္ြကီးပဲေနာ္"
နီနီက အိမ္ြကီးကို အကဲခတ္ျပီး လိုက္ြကည့္ကာ သေဘာတက်
ေျပာေနြခင္း။
"အင္း!!
"မိသားစုဝင္က ဘယ္နွစ္ေယာက္လည္းဟင္"
"၄ေယာက္!!
"ဪ!! ကိုဩဂတ္က အြကီးဆုံးလား"
"အင္း ဟုတ္တယ္.. ကိုယ့္မွာ ညီတစ္ေယာက္ရွိေသးတယ္"
"ညီရွိတာလား"
"အင္း ဒယ္ဒီရယ္ ေဖေဖရယ္ ညီရယ္ ကိုယ္ရယ္"
"ဒယ္ဒီရယ္ ေဖေဖရယ္ ဟုတ္လား?
နီနီ ေြကာင္သြားတာျမင္ေတာ့ ဩဂတ္ တစ္ခ်က္ျပုံးလိုက္သည္။
ဘယ္သူမဆို မသိတဲ့သူေတြက သူတို့အေြကာင္းြကားတာနဲ့
အခုလို ေြကာင္အမ္းကုန္ြက၏။
"ဒယ္ဒီက ကိုယ့္ဒယ္ဒီအရင္းေလ ကိုယ္၁၅နွစ္ေလာက္က
ေဖေဖနဲ့ ထပ္ျပီး အိမ္ေထာင္ျပုခဲ့တာ"
"လိင္တူစုံတြဲေပါ့"
"ဟုတ္တယ္"
ဒါမ်ိုးေတြက အခုေခတ္မွာ မထူးဆန္းေတာ့တာမို့ သူမ
နားလည္သလို ေခါင္းညိတ္လိုက္ပါသည္။
"ညီေလးကေရာ ကိုဩဂတ္ရဲ့ ညီအရင္းလား!!
"မဟုတ္ဘူး သူက ေဖေဖ့သားပါ ဒါေပမယ့္ ကိုယ့္အတြက္
ညီေလးတစ္ေယာက္လိုပဲ သူက နည္းနည္းဆိုးေပမယ့္
စိတ္ထားက ေကာင္းပါတယ္ နီနီ သူနဲ့ေတြ့ရင္ နည္းနည္းပါးပါး
သီးခံေပးပါဦး"
နီနီ အင္တင္တင္ြဖင့္ ေခါင္းညိတ္ျပလိုက္သည္။
"ဒီေန့ ေက်ာင္းပိတ္ရက္ေလ အိမ္မွာ မေနပဲ အဲ့ကေလးက
ဘယ္သြားတယ္ မသိဘူး ဒီအခ်ိန္က ထမင္းစားခ်ိန္
ေရာက္ေနျပီကို.."
ေျပာရင္း ပူပန္သလိုြဖစ္ေနတဲ့ ဩဂတ္မ်က္နွာကို ြကည့္ျပီး
ကိုဩဂတ္က သူ့ညီေလးကို အေတာ္ခ်စ္ပါလားလို့ နီနီ
ေတြးရပါ၏။
"ကိုဩဂတ္ညီက ဘယ္နွစ္နွစ္လဲ"
"၁၅နွစ္"
"ဪ.. နီနီေမာင္ဝမ္းကြဲကလည္း ၁၅နွစ္ပဲ လူပ်ိုေပါက္ေလး
အရြယ္ဆိုေတာ့ ထိန္းရ သိမ္းရ အရမ္းခက္တာပဲ သိလား
အိမ္ကလူေတြဆို ကတ္ကတ္လန္ ရန္ေတြ့တာ"
နီနီေမာင္အေြကာင္း ြကားလိုက္မွ ညီက ေတာ္ေသးပါလားဟု
ဩဂတ္ ေတြးလိုက္မိရင္း ပါးခ်ိုင့္ေတြထင္းေနေအာင္ ျပုံးမိသြားသည္။ သူသတ္ဝင္လာေတာ့ နီနီက သူ့ကို ခပ္ေငးေငးေလး
စိုက္ြကည့္ေနတာမို့ ေြကာင္အမ္းအမ္းြဖစ္သြားရသည္။
"ဘာလို့ စိုက္ြကည့္ေနတာလဲ ကိုယ့္မ်က္နွာမွာ တစ္ခုခု
ရွိေနလို့လား"
"ကိုဩဂတ္မွာ ပါးခ်ိုင့္ေတြရွိတယ္ေနာ္ နီနီသတိထားမိတာ
ြကာျပီ ကိုဩဂတ္ရဲ့ ပါးခ်ိုင့္အေြကာင္းက နီနီတို့ တစ္ေက်ာင္းလုံး
အရမ္းနာမည္ြကီးေနတာ ဒီေန့ေတာ့ အနီးကပ္ျမင္လိုက္ရျပီ"
ဩဂတ္မွာ နီနီစကားေြကာင့္ ပါးခ်ိုင့္ေတြပိုျပီး ျမင္သာမွုရွိတဲ့အထိ
ျပုံးျပလိုက္ရင္း
"ဘယ္ကသာ နီနီရယ္ ကိုယ္က အဲ့ေလာက္လည္း ြကည့္မေကာင္းပဲနဲ့"
"ြကည့္ေကာင္းတာေပါ့ တစ္ေက်ာင္းလုံးက မိန္းကေလးေတြဆို
ကိုဩဂတ္ဆီမွာ တိမ္းညြတ္ခ်င္ေနြကတာ အဲ့ထဲမွာ နီနီလည္း
ပါတယ္"
သူတို့နွစ္ဦးသာ တစ္ေယာက္ကိုတစ္ေယာက္ ေငးစိုက္ကာ
ခဏေလာက္ ြကည့္မိသြားသည္။ နီနီရဲ့ ပန္းေရာင္သမ္းေနတဲ့
စိုရဲရဲ နွုတ္ခမ္းဖူးဖူးေလးကို ြကည့္မိရင္း ဩဂတ္မွာ တံေတြးမ်ိုခ်
လိုက္ရသည္။
"အဟမ္း!!!
အသံေြကာင့္ နွစ္ေယာက္လုံး ရွက္ကိုးရွက္ကန္း ြဖစ္သြားျပီး
အသံျပုတဲ့ ညီညီကို ဩဂတ္ြကည့္လိုက္၏။ ညီညီခန္ဓာကိုယ္မွာ
ေခ်ြးေတြရြွဲေနျပီး ဝတ္ထားတဲ့ စြပ္က်ယ္ခ်ိုင္းျပတ္ေလးမွာ
ေခ်ြးေတြေြကာင့္ ခန္ဓာကိုယ္မွာ ကပ္ခ်ပ္ေနခဲ့ပါသည္။ ထို့အျပင္
လက္ထဲမွာ ေပေရေနတဲ့ ေဘာလုံးကိုလည္း ေတြ့ရတာမို့ ညီညီ
တစ္ေယာက္ အျပင္ကေန ေဘာလုံးကန္လာေြကာင္းတန္းသိလိုက္သည္။
"ကိုကို မက္ေဆ့ခ္်လည္းပို့တယ္ ဖုန္းလည္းဆက္တယ္
ဘာလို့ လစ္လ်ူရွုထားရတာလဲ"
"ဖုန္းက အခန္းထဲမွာ ထားခဲ့တာ"
ထိုအခါမွ သူညီညီ့အား သက္သက္စိတ္ပူသြားတာြဖစ္ေြကာင္း
သူ့ကိုသူ နားလည္လိုက္သည္။
"ေန့လယ္ေတာင္ ေရာက္ေနျပီ အခုမွျပန္လာတယ္"
"ေရခ်ိုးဦးမယ္"
"ေခ်ြးေတြရြွဲေနတာ ခဏေနမွခ်ိုး !!
"အခုခ်ိုးေတာ့ ဘာြဖစ္လည္းဗ်ာ ပူရအိုက္ရတဲ့ြကားထဲ.."
"ပူမွာေပါ့ ေနပူထဲ ေဆာ့လာတာကိုး!!
"ဟြန္း!! ကိုကိုကေတာ့ေလ ဆရာဝန္ေတာင္မြဖစ္ေသးဘူး
ကိုယ့္ညီေလးအေပါ္မွာ သိပ္ကို ဆရာဝန္ဆန္ေနတာပါ့လား"
ဩဂတ္မွာ ညီ့စကားေြကာင့္ ျပုံးမိသြားသည္။ ညီေျပာတာလည္းမမွား ဘာမဆိုသူက ဆရာဝန္တစ္ေယာက္လိုသာ ေတြးြဖစ္တာမို့
ညီဘာပဲစားစား က်န္းမာေရးနဲ့ ညီညြတ္တာမဟုတ္ရင္ လက္နဲ့ေတာင္ မတို့ခိုင္းေပ။
"လက္ထဲက ေဘာလုံးက ဘာလုပ္တာလဲ"
"ဪ ဒါလား ေလာင္းေြကးအြဖစ္ ေဘာလုံးသိမ္းလာတာ"
"မင္းကေတာ့ သူမ်ားေတြကို လိုက္အနိုင္က်င့္ေနတယ္"
"ဟာ!! မ်ွမ်ွတတ ေဆာ့တာပါေနာ္"
"ဟုတ္ပါျပီ ခဏနားျပီး ေရခ်ိုးေတာ့ ေန့လယ္စာ
မစားရေသးဘူးမလား ကိုကိုနဲ့အတူ စားရေအာင္"
ေသာ္ဒီ ထြက္မသြားခင္မွာ ခုနက သူလစ္လ်ူရွုထားတဲ့
နီနီကို တစ္ခ်က္ြကည့္ရင္း
"ဒီ မမလွလွေလးက ဘယ္သူလဲ ကိုကို"
"ဟုတ္သားပဲ သူ့နာမည္က လဝန္းနီတဲ့ အားလုံးကေတာ့
နီနီလို့ ေခါ္ြကတယ္"
"အားလုံးထဲမွာေရာ ကိုကိုပါေသးလား"
ဩဂတ္ မ်က္ေမွာင္ြကုတ္ကာ ေသာ္ဒီကို ြကည့္လိုက္ေတာ့
ေသာ္ဒီက ရယ္က်ဲက်ဲနဲ့ မ်က္စိတစ္ဖက္ကို စသလိုေနာက္သလိုနဲ့
မွိတ္ျပသည္။
ဩဂတ္က ဆက္ျပီး...
"နီနီ!! ဒါက ကိုယ့္ညီေလ ေသာ္ဒီထူးဟန္တဲ့"
"ေတြ့ရတာ ဝမ္းသာပါတယ္ေနာ္ မမ.."
"ကိုဩဂတ္ညီက ခ်စ္စရာေလးပဲ"
"ေတြ့တဲ့လူတိုင္းက ဒီလိုေျပာြကတာပါပဲ.."
ေသာ္ဒီ ထိုစကားကို ေျပာခဲ့ျပီးသည္နွင့္ ေရခ်ိုးဖို့အတြက္
အခန္းထဲကို ဝင္လာလိုက္သည္။ ေဘာလုံးကို သူ့အခန္းမွာ
ထားခဲ့ျပီး ကိုကို့အခန္းမွာ ေရခ်ိုးလိုက္၏။ အင္္က်ီကလည္း
အခန္းထဲ သြားယူရမွာ ပ်င္းတာမို့ ကိုကို့အင္္က်ီကိုပဲယူဝတ္လိုက္
ေတာ့သည္။ ကိုကိုက သူနဲ့ မေတာ္ေတာ့လို့ ပစ္ထားတဲ့အင္္က်ီေတာင္ ေသာ္ဒီခန္ဓာကိုယ္မွာ ခပ္ဖားဖားြကီးြဖစ္ေန၏။
ဒူးတိေဘာင္းဘီကို သူ့အခန္းထဲကေန ယူဝတ္ျပီးမွ ေအာက္ကို
ဆင္းလာလိုက္ပါ၏။
"ေရခ်ိုးျပီးျပီလား"
"ဟုတ္ ကိုကို"
လဝန္းနီ ေရွ့က ေကာင္ေလးကိုြကည့္ရင္း မွင္သက္ေနခဲ့သည္။
ခုနက ေပေရေနတဲ့ပုံကလည္း တစ္မ်ိုးြကည့္ေကာင္းသလို
အခု ေရခ်ိုးျပီးခါစ ပုံစံေလးကလည္း အျပစ္ကင္းစင္ပုံရကာ
အရမ္းကိုခ်စ္ဖို့ေကာင္းလွသည္။
ကိုဩဂတ္ သူ့ညီကို ခ်စ္တာလည္းမေျပာနဲ့ ေသာ္ဒီထူးဟန္က
အရမ္းကို ခ်စ္စရာေကာင္းေနခဲ့သည္။ အသားက ရွိရင္းစြဲ
ြဖူဥေနတာမို့ အြဖူေရာင္ခပ္ဖားဖား အင္္က်ီနဲ့လည္း ြကည့္လို့
အရမ္းေကာင္းေနခဲ့၏။
"အစ္မ ဘာလို့ က်ြန္ေတာ္ကို ြကည့္ေနတာလဲ အင္္က်ီက
ဖားေနလို့လား ေဆာရီးေနာ္ ပုံမွန္ဆိုလည္း က်ြန္ေတာ္က
ကိုကို့အင္္က်ီေတြ ယူဝတ္ေနက်.."
ဒီလိုဆိုေတာ့ ေသာ္ဒီထူးဟန္ကိုြကည့္ျပီး သူမမ်က္လုံးခပ္သာသာ
ပင့္မိသြားတယ္။ ကိုဩဂတ္ကလည္း သူ့ညီကိုသာ ျပုံးြကည့္ေနတာမို့ သူမလည္းရွက္ကိုးရွက္ကန္း ျပန္ျပုံးျပရ၏။
"နီနီပါ တစ္ခါတည္း ဝင္စားလိုက္ပါ့လား ထမင္းေတြ
အမ်ားြကီးပဲရယ္.."
"ဟုတ္တယ္ အစ္မ.. က်ြန္ေတာ္ေဖေဖရဲ့ လက္ယာေလးကို
ျမည္းသြားပါ့လား"
သူမ ျငင္းခ်ိန္ေတာင္မရ။ ဩဂတ္က သူမအတြက္ ပန္းကန္ထဲကို
ထမင္းေတြ ထည့္ေပးေနျပီမို့ မထူးဇာတ္ခင္းကာ ဝင္စားဖို့
သေဘာတူလိုက္ရေတာ့သည္။
"ကိုကို ဘာဟင္းလဲ.."
"ညီညီ့အြကိုက္ေတြခ်ည္းပဲ ၃မ်ိုးေတာင္!!
"ကိုကို ဒီငါးဖယ္စားမယ္!!!
"အင္း ကိုကိုလုပ္ေပးမယ္"
ဟင္းေတြက ျပန္ေနြွးထားတာမို့ အေငြ့တစ္ေထာင္းေထာင္း
ထေနသည့္အတြက္ ညီစားခ်င္တဲ့ ငါးဖယ္လုံးကို ဇြန္းနဲ့
ခပ္ယူလိုက္ျပီး တဖူးဖူးမွုတ္ကာ ေအးျပီလို့ထင္ရတဲ့အခ်ိန္မွ
ပါးစပ္နား ေတ့ေပးလိုက္သည္။
"စားေကာင္းလား"
ဒီလိုဆိုေတာ့ ေသာ္ဒီက မ်က္နွာျပုံးြဖဲြဖဲနဲ့ လက္မကိုလည္း
ေထာင္ျပလာသည္။
"ေဖေဖခ်က္ထားတာ အရမ္းေကာင္းတယ္ ဒါေပမယ့္
ညီက ကိုကို့လက္ယာလည္း စားဖူးခ်င္ေသးတယ္"
ဟင္းခပ္ရန္ျပင္မလို့ လုပ္ေနတဲ့ ဩဂတ္လက္ေတြက
ေလထဲမွာတုန့္ဆိုင္းသြားရသည္။
"ေနာက္က် ကိုကို သင္လိုက္မယ္ .."
"အဟြတ္!! အဟြတ္"
ထိုအခါမွ သူတို့အျပင္ နီနီရွိေသးေြကာင္း ဩဂတ္သတိရမိသြားကာ နီနီဘက္ကိုျပန္ြကည့္လိုက္သည္။ နီနီက ေရကို အသည္းအသန္ ေမာ့ေသာက္ေနတာမို့ ေသာ္ဒီမွာေမးေထာက္လ်က္ အသာြကည့္ေနလိုက္သည္။
"ဘာလို့ ထမင္းြဖူခ်ည္း စားေနတာတုန္း အစ္မရဲ့...
ဟင္းနဲ့ ေရာစားမွေပါ့ "
ေျပာလည္းေျပာ ေသာ္ဒီက သူမ ပန္းကန္ထဲကို ဟင္းေတြ
ထည့္ေပးလာျပီး 'စား'ဆိုတဲ့ သေဘာနဲ့ ေမးဆတ္ျပသည္..။
သူမ ဩဂတ္ကို ျပန္ြကည့္လိုက္ေတာ့လည္း ဩဂတ္က သူမကို
ျပုံးရုံသာ ျပုံးျပျပီး သူ့ဘာသာ စားစရာရွိတာ ဆက္စားေနသည္။
ခုနကလို အမူယာေတြမရွိေတာ့တဲ့ ဩဂတ္အား ေြကာင္အမ္းစြာ
ြကည့္ေနျပီးမွ ထမင္းတစ္လုတ္ကို မနည္းမ်ိုခ်လိုက္ရပါသည္။
...................
"သူနဲ့ မင္းက ေဘာင္ခ်ာရွိလို့လား.."
စီးကရက္ အတိုေလးကို ေရွ့မွာလြွင့္ပစ္ရင္း ေသာ္ဒီမ်က္နွာက
ခပ္မဲ့မဲ့။ ၁၅နွစ္ သာသာဆိုေပမယ့္ ေသာ္ဒီထူးဟန္က ေဆးလိပ္
ေတြလည္း ခိုးေသာက္တတ္ေနျပီမို့ ဖက္တီး သက္ျပင္းဖြဖြခ်သည္။ ေက်ာင္းမွာ ရန္မြဖစ္လိုက္နဲ့ ြဖစ္လိုက္တာနဲ့ ဘယ္သူတုန္း
ေျပးြကည့္ ေသာ္ဒီထူးဟန္သာ ရွိေတာ့သည္။
ေက်ာင္းမွာ ရန္အြဖစ္ဆုံးနဲ့ ျပဿနာအရွာနိုင္ဆုံးဆုကိုေပးမယ္ဆို
ဒီေကာင္က ျပိုင္ဘက္မရွိပဲ ပထမရမွာ က်ိန္းေသ၏။ အခုလည္း
စီးကရက္ခိုးေသာက္ေနရင္း သူနဲ့ျပဿနာြဖစ္ဖူးတဲ့ အတန္းထဲက
သုတေက်ာ္တို့ အဖြဲ့နဲ့ လူရွင္းတဲ့ေနရာမွာ ပတ္ပင္းလာတိုးသည္။
ဒီေကာင္ေတြ အဖြဲ့က ၃ေယာက္ရွိျပီး ေက်ာင္းမွာဆို အျမဲတမ္း
ေစာက္ြကီးေစာက္က်ယ္ နိုင္တဲ့အဖြဲ့ပင္။
"ြဖစ္ပါ့မလား သူတို့က၃ေယာက္!!
"ြဖစ္ပါတယ္ကြာ မင္းေနခဲ့.. ငါ့ကိုေစာင့္ေန"
ဖက္တီးက ေြကာက္တတ္တာမို့ သူ့ကိုဒီေနရာမွာပဲ ထားခဲ့ကာ
ေဘးနားက ပုလင္းနွစ္ပုလင္းကို ဆြဲယူျပီး အေနာက္ကေန
ေဆာ္ထည့္လိုက္သည္။ နွစ္ေယာက္လုံး ေခါင္းမွာ ေသြးေတြ
ထြက္သြားကာ သူတို့ကိုက်ုံးသြားတဲ့လူအား ျပန္မြကည့္နိုင္ပဲ
ထြန့္ထြန့္လူးကာ ညည္းတြာေနြက၏။ က်န္တဲ့တစ္ေယာက္ကိုလည္း တစ္ဖက္လူက ဘာမွမလုပ္ရေသးခင္ သူအရင္ဦးေအာင္
ပိတ္ထိုးခဲ့ျပီးမွ ဖက္တီးလက္ကို ဆြဲကာ ေျပးလာလိုက္သည္။
ေျပးေနတာ အရွိန္ရေနတုန္း လမ္းတစ္ဝက္မွာ ရပ္လိုက္တဲ့
ေသာ္ဒီေြကာင့္ ဖက္တီးေြကာင္သြားရ၏။
"ေသာ္ဒီ ဘာြဖစ္လို့လဲ ေျပးြကမယ္ေလ.."
ေသာ္ဒီတစ္ေယာက္ ဂိစ္တသ္တစ္ မ်က္နွာထားနဲ့ နားထဲမွာ
ကိုကို့စကားသံတစ္ခ်ို့ကို ျပန္ြကားေယာင္မိတာမို့ ရပ္လိုက္ြခင္းသာ...
'ပုဆိုးြခုံထဲကေန လက္သီးျပတဲ့ ေကာင္ေတြဆို ကိုကိုက
အထင္မြကီးဘူး'
"ေဟ့ေကာင္ ဘာြဖစ္တာလဲ!!!
ေသာ္ဒီေြခလွမ္းေတြက ခုနက ထိုေကာင္ေတြရွိရာကိုေြခဦးလွည့္
ေနတာမို့ ဖက္တီးတစ္ေယာက္ ထိတ္ထိတ္ျပာျပာ ြဖစ္သြားျပီး
တားေသာ္လည္း ေသာ္ဒီကလက္မခံပါ။ ဟိုေကာင္ေတြကလည္း
ေက်ာင္းမွာျပဿနာအရွာနိုင္ဆုံးေကာင္ေတြမို့ ဒီနားမွာမ်က္ျမင္
သက္ေသကလည္း သူ့အျပင္မရွိတဲ့အတြက္ ေက်ာင္းအုပ္ရုံးခန္းကို ေရာက္ခ်င္မွေရာက္မည္။
အြကိမ္တိုင္း ေက်ာင္းအုပ္ကငဲ့ညွာတဲ့အေနနဲ့ သူ့အေဖကို
လွမ္းေခါ္မယ့္အစား ကိုြကီးဩဂတ္ကိုသာ လွမ္းေခါ္ေပးခဲ့သည္။
ဒါေပမယ့္ ဒီတစ္ခါ ထပ္ရန္ြဖစ္ပါက ကိုြကီးဩဂတ္ကိုမဟုတ္ပဲ
ဒယ္ဒီတို့ကို လွမ္းေခါ္မယ္ဆိုတဲ့စကားေြကာင့္ ဖက္တီးမွာ
ပိုစိုးရိမ္သြားရြခင္းြဖစ္သည္။
"ဒီနားမွာ ဘာမ်က္ျမင္သက္ေသမွမရွိဘူး လာပါကြာ
ငါတို့ ေျပးရေအာင္"
"မဟုတ္ဘူး ဖက္တီးရ!! ဒီေကာင္ေတြကို ငါေျပာရဦးမယ္"
"ဟင္!! မင္းက ဘာေျပာမလို့လဲ"
"ငါ့နာမည္ကို.."
ထို့ေနာက္ သုတေက်ာ္ရဲ့ ဆံပင္ကို ေဆာင့္ဆြဲလ်က္...
"ဒီမွာ ေဟ့ေကာင္ ငါ့နာမည္က ေသာ္ဒီထူးဟန္!!!
"ေသာ္ဒီထူးဟန္!!
မွုန္ဝါးေနတဲ့ အျမင္အာရုံကိုအံတုျပီး သုတေက်ာ္က သူ့ကို
ျပူးျပဲြကည့္လာသည္မို့ တစ္ခ်က္ျပုံးျပရင္း လွည့္ထြက္ရန္
ျပင္လိုက္သည္။
"မင္းကို ေက်ာင္းအုပ္ဆီ တိုင္မွာ မေြကာက္ဘူးလား"
သုတေက်ာ္မ်က္နွာကို ခ်ာခနဲလွည့္ြကည့္ျပီးမွ ပုခုံးနွစ္ဖက္ကို
ေပါ့ပ်က္ပ်က္ ပင့္ျပရင္း
"အရင္က ငါသြားေနက်ပဲဟာ ထပ္သြားရလည္း မထူးဆန္းဘူး
မင္းတို့ သြားမတိုင္မွာပဲ ငါစိတ္ပူတာ"
ဖက္တီးမွာ ေြကာက္ေြကာက္လန့္လန့္နဲ့ ေသာ္ဒီေနာက္ကေန
ကပ္ပါလာခဲ့ရသည္။ ထိုေန့က တကယ္ပဲ ေသာ္ဒီထူးဟန္မွာ
ေက်ာင္းအုပ္ရုံးခန္းကို ေရာက္ခဲ့ျပီး ေက်ာင္းအုပ္ကလည္း
ကိုြကီးဩဂတ္ကို ေခါ္မယ့္အစား သူ့ဒယ္ဒီနဲ့ ေဖေဖ့ကိုသာ
လွမ္းေခါ္ရင္း ကတိတည္ခဲ့ပါသည္။ ဒါေပမယ့္ ေရာက္လာေတာ့
ကိုြကီးဩဂတ္ပါ လိုက္လာခဲ့သည္။
"ြဖစ္ပ်က္သမ်ွကေတာ့ အဲ့ဒီအတိုင္းပါပဲ!!!
ဦးအဂ္ဂမွာ ေက်ာင္းအုပ္ေျပာသမ်ွကို ေခါင္းတညိတ္ညိတ္နဲ့
နားေထာင္ေနကာ တစ္ဖက္ေက်ာင္းသားေတြကို ေသခ်ာေလး
ြကည့္လိုက္သည္။
"မ်က္ျမင္သက္ေသ ရွိလား မင္းတို့ကို ငါ့သားက လုပ္ခဲ့တယ္
ဆိုတဲ့ သက္ေသ.."
"ဘာသက္ေသ လုပ္ရဦးမွာလဲ အဲ့ေကာင္မ်က္နွာ က်ုပ္
ျမင္လိုက္တာပဲ"
"မင္းတို့စကားေလာက္နဲ့ ငါ့သားမွာ အျပစ္ရွိေြကာင္း
ဘယ္လိုလုပ္ ယုံလို့ရမွာလဲ "
ထိုအခါ အဖြဲ့ထဲက ေကာင္က သူ့ဘာသာျငိမ္ျငိမ္ေလး
ရပ္ေနတဲ့ ဖက္တီးအား လက္ညိုးထိုးျပရင္း
"အဲ့ေကာင္က မ်က္ျမင္သက္ေသပဲေလ. "
ဖက္တီးက ေြကာင္အမ္းသြားရင္း ပါးစပ္အေဟာင္းသားြဖစ္ရသည္။ ေက်ာင္းအုပ္ကလည္း ေခ်ာင္းဟမ့္ရင္း
"ေကာင္းကင္ဟိန္း မင္းဘာေျပာမလဲ.."
"ဘာကိုလဲဗ်"
"သူတို့ကေျပာေနတယ္ေလ မင္းကမ်က္ျမင္သက္ေသတဲ့
ငါတို့ကို ဘာေျပာခ်င္ေသးလဲ"
ဖက္တီးက ေခါင္းကုတ္ကာ ေက်ာင္းအုပ္ဆီ တိုးလာခဲ့ေတာ့
ေက်ာင္းအုပ္မွာ သက္ျပင္းခ် ေခါင္းတဆတ္ဆတ္ညိတ္သည္။
"မေြကာက္နဲ့ ျမင္သမ်ွေတြ အကုန္ေျပာျပလိုက္"
ဖက္တီး ေြကာက္ေြကာက္နဲ့ပဲ ေခါင္းညိတ္ျပရသည္..။
အခုခ်ိန္မွာ အားလုံးရဲ့ အာရုံစူးစိုက္မွုေတြက သူ့ဆီမွာပဲ
ရွိေန၍ ဖက္တီးတစ္ေယာက္ေဇာေခ်ြး ျပန္ရသည္..။ ျပီးမွ
"က်ြန္ေတာ္ ဘာမွမျမင္လိုက္ပါဘူးဗ်!!!
ေက်ာင္းအုပ္မ်က္နွာတည္သြားရင္း အရိုက္ခံရတဲ့ေကာင္ေတြလည္း ရွူးရွူးရွားရွားြဖစ္ကုန္၏။
"ကဲ... မင္းတို့ြကားတယ္ေနာ္ မင္းတို့ကေက်ာင္းသားမို့
ကူညီတဲ့အေနနဲ့ ေဆးဖိုးေလးေတာ့ ငါစြန့္ြကဲခဲ့ပါ့မယ္"
ေျပာရင္း တစ္ေသာင္းတန္ တစ္အုပ္ကို သုတေက်ာ္လက္ထဲ
ထည့္ေပးခဲ့လိုက္၏။ သူတို့ျပန္လာေတာ့ ေသာ္ဒီကိုပါ
တစ္ခါတည္း ေခါ္ခဲ့လိုက္သည္။ ဩဂတ္ကလည္း သူ့ညီကို
ြကည့္ေနရင္း စိတ္ပူေနေပမယ့္ ေဖေဖ့မ်က္နွာကေတာ့
တင္းမာလ်က္ရွိကာ အိမ္ကိုျပန္ေရာက္ေရာက္ခ်င္း ေပါက္ကြဲလာသည္။
"အဲ့ဒါ မင္းလက္ခ်က္မွန္း ငါသိတယ္ ေသာ္ဒီထူးဟန္"
"ဒါဆို ဘာလို့ ေဖေဖ မေဖာ္ထုတ္ရတာလဲ"
"မင္းလို အရိုင္းစိုင္းေကာင္က ငါ့သားြဖစ္ေနလို့ေလ.."
ခုံေပါ္မွာ တင္ထားတဲ့ တုတ္၃ေခ်ာင္းထဲက တစ္ေခ်ာင္းကို
ေကာက္ယူျပီး ေသာ္ဒီကို တရြွမ္းရြွမ္းရိုက္ေပမယ့္ ေသာ္ဒီ
မ်က္နွာက တစ္ခ်က္မွ ဟန္ပ်က္မသြားေပ။ ဩဂတ္ကလည္း
သူ့ညီကိုရိုက္ေနတာ မြကည့္ရက္စြာ မ်က္နွာလြွဲရင္း စိတ္မေကာင္းြဖစ္ရသည္။
ညီက သိပ္ကိုဆိုးသည္။ ဒါေတြကလည္း သူ့အလိုလိုက္မွုေတြေြကာင့္ တစ္စိတ္တစ္ပိုင္း ပါဝင္၏။
"ငါမင္းကို ေက်ာင္းမွာစာလုပ္ဖို့ လြွတ္လိုက္တာ အဲ့လို
ရမ္းကားဖို့ မဟုတ္ဘူးကြ!!!
ရိုက္ရင္းနဲ့ တုတ္က ၃ေခ်ာင္းကုန္သြားသည့္တိုင္ မိုးေနွာင္းမွာ
ေမာလာသေလာက္ ေသာ္ဒီမွာ အသံေတာင္မထြက္။
"မင္းသူငယ္ခ်င္း ေကာင္းကင္ဟိန္းကို သိတယ္မလား
ဘယ္ေလာက္လိမ္မာလဲ သူ့ခ်ီးကို အတုံးလိုက္ေက်ြးရမယ္"
ဓာတ္ျပားေဟာင္းြကီး ဖြင့္လာ၍ ေသာ္ဒီစိတ္ညစ္ရသည္..။
ကိုယ့္ဘာသာ ဘယ္ေလာက္ရမ္းကားပါေစ အခ်ိန္တန္
စာေမးပြဲေြဖလို့ ေအာင္ရင္ ရျပီမဟုတ္လား..။
"ေတာ္ပါေတာ့ ေဖေဖရာ နားေတြျငီးလွျပီ!!!
ေြဖာင္း!!!
ပါးတစ္ဖက္က ထူပူသြား၏။ မိုးေနွာင္းက ပါးရိုက္လိုက္ေတာ့မွ
ျငိမ္ေနတဲ့ ဩဂတ္မွာ ညီ့ေရွ့ဝင္ရပ္ရသလို ဒယ္ဒီကလည္း
ေဖေဖ့အား ဆြဲထားေလသည္။
"စိတ္ေလ်ွာ့မွေပါ့ ငယ္ရာ သားငယ္က တမင္လုပ္တာမွမဟုတ္တာ"
"ဒီေကာင္ သက္သက္ဒုက္ခေပးေနလို့ ေျပာေနရတာ"
"ေဖေဖ ေတာ္ပါေတာ့ ညီညီက ေနာင္တရေနပါျပီ!!
ညီ့ကို ေဖေဖ့ေရွ့ကေန အတင္းကြယ္ထားရင္း ဩဂတ္
စိတ္မသက္သာစြာ ေျပာရ၏။
"သူ့ကို သိပ္အလိုမလိုက္နဲ့..သား အဲ့ေကာင္က အရိုင္းစိုင္းေကာင္"
"လာပါ..ငယ္ရာ ကိုကိုတို့ သြားရေအာင္ပါ"
ဒယ္ဒီက ဇြတ္အတင္းေခါ္ေတာ့ ေဖေဖက ယက္ကန္ ယက္ကန္
ပါသြားသည္။ ထိုအခါ သူကလည္း ညီ့အားလွည့္ြကည့္ရင္း
"ေဆးထည့္မယ္ လိုက္ခဲ့!!
ကိုကို့ရဲ့အမိန့္ေတြေအာက္ ေနသားက်ေနျပီမို့ ေယာင္ျပီးေတာင္
ေခါင္းမခါဝံ့။
"ခ်ြတ္လိုက္ ေဆးထည့္ေပးမယ္"
အင္္က်ီကိုခ်ြတ္ခ်လိုက္ေတာ့ ရွိူးရာတို့က ေက်ာျပင္အနွံ့ရဲေစြးေနကာ ေအာက္ကို တစ္ြဖည္းြဖည္း ေလ်ွာဆင္းသြားသည္မို့
ဩဂတ္က မတတ္သာစြာ...
"ေဘာင္းဘီပါခ်ြတ္!!!
"ကိုကို့!!!
"ဘာလဲ ခ်ြတ္ေလ.. ေဆးထည့္ရမွာ ဒီမွာျမင္လား"
ေဆးကိုေထာင္ျပရင္း ေျပာေတာ့ ေသာ္ဒီေခါင္းကုတ္၏။
ဘာပဲေျပာေျပာ လူပ်ိုေပါက္ အရြယ္မို့ ကိုကို့ေရွ့မွာ အခုလို
ခ်ြတ္ရမည္အား ေတြးရင္းမရွက္ပဲမေနနိုင္။
"ကိုကိုကလည္း ရွက္စရာြကီး ညီ့ဘာသာ လုပ္မယ္ေလ"
"မရဘူး!! အခုမွရွက္ရမွန္းသိတာလား ရန္ြဖစ္တုန္းကက်
မရွက္ဘူးေပါ့"
"ကိုကိုကလည္း မတူဘူးေလ အဲ့တုန္းက လက္ရည္ခ်င္းယွဉ္ရတာ"
"မလိုခ်င္ဘူး အခုခ်ြတ္!! ျပီးရင္ အိပ္ယာေပါ္ ေမွာက္ထား"
ဒီေတာ့ ဖင္ပါမက်န္ ရိုက္ခဲ့တဲ့ေဖ့ေဖ့ကိုသာ အျပစ္တင္ရေတာ့မည္။
"ျပီးေရာဗ်ာ ခ်ြတ္ဆိုခ်ြတ္မယ္ ကိုကိုဟိုဘက္လွည့္ထား
အဆင္သင့္ြဖစ္ရင္ ေျပာမယ္"
"အင္း!!
ကိုကို ဟိုဘက္လွည့္ေနတုန္း ေဘာင္းဘီခ်ြတ္ျပီး ကုတင္ေပါ္တက္ကာ ေမွာက္ထားလိုက္ျပီးမွ
"ရျပီ ကိုကို"
ဩဂတ္မွာ ေက်ာျပင္ေပါ္ကေန ေအာက္ကို ဆင္းသြားတဲ့
ရွိူးရာေတြေြကာင့္ မြကည့္ရက္စြာ မ်က္ေမွာင္ြကုတ္ရသည္။
အရိုက္ခံရတာ ညီညီြဖစ္ေပမယ့္ ညီညီ့အစား သူက ပိုျပီး
နာလွသည္။
"ေနာက္တစ္ခါ ရန္မြဖစ္နဲ့ ညီညီ..."
"ဒါေပမယ့္ သူတို့က!!!!
"ကိုကို မြကိုက္ဘူး!!!!
"ဟုတ္"
"ညီ့ခန္ဓာကိုယ္က ဒီလိုဒဏ္ရာေတြကို မျမင္ခ်င္ဘူး
ကိုကို့စကားကို နားေထာင္စမ္းပါ"
ေသာ္ဒီနွုတ္ဆိတ္သြားသည္။ ေဖေဖရိုက္တုန္းက မနာတဲ့
ဒဏ္ရာေတြက ကိုကို့လက္နဲ့ထိေတြ့လာေတာ့ စပ္ဖ်ဉ္းဖ်ဉ္း
ြဖစ္လာခဲ့ပါသည္။ ေနရာအနွံ့ျပား ေဆးလိမ္းေပးေနတာမို့
ေသာ္ဒီြကက္သီးေတြထလာ၏။ ေအာက္ကို ြဖည္းြဖည္းခ်င္း
ေလ်ွာဆင္းလာျပီး ေဆးထည့္ေပးသည့္အခါမွာေတာ့ ေသာ္ဒီ
လက္ေတြက အိပ္ယာခင္းကိုသာ တင္းြကပ္စြာ ဆုပ္ေထြးထား
လိုက္မိေတာ့သည္။
ထူးဆန္စြာြဖင့္ ဒီေန့မွ သူ့နွလုံးခုန္နွုန္းေတြက ပိုျမန္ဆန္ေနေြကာင္းကို ေသာ္ဒီေအာက္နွုတ္ခမ္းေလးကို ခပ္သာသာ
ဖိကိုက္လ်က္ တစ္ညလုံးအေြဖရွာေပမယ့္ ေနာက္ဆုံးမွာေတာ့
အေြဖမရခဲ့ပဲ အိပ္ေပ်ာ္သြားခဲ့ပါ၏။
[text_hash] => 91da4ed9
)
What do you think?