Chapter 15: ၁၅

Array
(
[text] =>

ချစ်သူတစ်ယောက် ကောက်ရထားသည် {အခန်း ၁၅}

နီနီနဲ့ အတိအလင်း စကားပြောပြီးနောက်မှာ ထပ်ပြီးမျက်နှာချင်း

မဆိုင်ဖြစ်ကြတော့။ လမ်းမှာတွေ့ရင်တောင် ဩဂတ်ဘက်က

မျက်နှာလွှဲခဲ့တာချည်း။ မင်းသွင်ကတောင် အခြေနေတွေက

အဲ့ထိ ရောက်ကုန်လို့ အံ့ဩရသေးသည်။ မင်းသွင်ရဲ့ အပြစ်တင်

စကားတွေအား နားထောင်ရင်း မြှားဦးက ညီညီဆီ လှည့်လာတော့ မင်းသွင်ကိုတောင် စိတ်ရှုပ်ရှုပ်နဲ့ အော်ပစ်ခဲ့သေးသည်။

အဲ့ဒီချိန်မှ မင်းသွင်သိလိုက်တာက ဩဂတ်ဂုဏ်ပိုင်ဆိုတဲ့ကောင်က သူ့ညီကလွဲရင် ဘယ်သူ့ကိုမှ လူထင်တာ မဟုတ်ဘူးဆိုတာပဲ။

ဘယ်ရည်းစားနဲ့တွဲတွဲ သူ့ညီထက် ဦးစားမပေး။ ရည်းစားဦး

ဖြစ်တဲ့ ပုလဲသွယ်ကိုတောင် သူ့ညီနဲ့ ပတ်သတ်လာတော့ ထားခဲ့

နိုင်တဲ့ကောင်က ကျန်တဲ့ သူဆို ပြောမနေနဲ့တော့။

သော်ဒီထူးဟန်က ဩဂတ်ကို လှောင်ချိုင့်ထဲ ပိတ်ထားချင်တဲ့

စိတ်ရှိရင် ဩဂတ်ဂုဏ်ပိုင်ကလည်း သူနေမယ့် လှောင်ချိုင့်ကို

ရွှေလှောင်ချိုင့်လား ကြေးလှောင်ချိုင့်လားဆိုတာ ရွေးမည့်သူပင်။

"အေး!! မင်းအဲ့လိုသာ မင်းရဲ့ညီကို ကြပ်ကြပ်အလိုလိုက်

ကြာရင် မင်းခေါင်းပေါ် ‌ချီးပါသွားမှာ"

"အဲ့စကားပဲ ဆက်ပြောနေရင် ပြန်တော့ မင်းသွင်!!

မင်းသွင်ကလည်း ‌ပြောမနာဆိုမနာ သူငယ်ချင်းမို့စိတ်ဆိုးရမယ့်

အစား။ သူ့ဘေးမှာ ကပ်ထိုင်တယ်။ မင်းသွင်ဘာပြောချင်လည်း

ဆိုတာ သူသိပါတယ်။ နီနီကို ပြန်တောင်းပန်ပြီး လိုက်စေချင်တာ

ဒါပေမယ့် ဩဂတ်အနေနဲ့ ကြည့်ရင်လည်း နီနီနဲ့ ပြန်မဆက်ချင်တော့ဘူး။ ညီညီကို သူပေးခဲ့တဲ့ ကတိအတိုင်း တည်အောင်သာ

ကြိုးစားသွားမှာပင်။

"နီနီ သနားပါတယ်ကွာ .. သဲစုကတောင် ငါ့ကို ခဏခဏ

ပြောနေတာ နီနီ မျက်နှာက မှိုင်နေပြီး အိမ်မှာဆိုလည်း အမြဲ

ငိုနေတာပဲတဲ့.."

"အဲ့တော့ ငါက ဘယ်လိုလုပ်ပေးရမှာလဲ.."

"ဘာလုပ်ပေးရမှာလည်းလို့ မင်းကပဲ မေးရတယ်ရှိသေးတယ်

နီနီက မိန်းမကောင်းလေးပါကွာ တောင်းပန်လိုက်ရင် သူကလည်း

လက်ခံမယ့်သူပါ"

"မင်းပြောပုံက ငါကပဲလူယုတ်မာကြီးကျနေတာပဲ ငါသူ့ကို

အခွင့်ရေးယူထားတာ ဘာမှမရှိဘူးနော် မင်းသွင် အဲ့ဒီအတွက်

ငါ့လိပ်ပြာ ငါလုံတယ်.."

"အေးပါ လုံရင်လည်း ပြီးတာပဲ.. မင်းဆိုတဲ့ကောင်ကလေ

မင်းရဲ့ညီ ငမွှေထိုးကြောင့် မိန်းမကောင်းလေးတွေနဲ့ အကုန်

လွဲချော်နေတော့တာပဲ အခုရော အဲ့ငမွှေထိုး ဘယ်သွားလဲ

လုပ်ချင်ရာ လုပ်ပြီး အပြင်ထွက်အလေလိုက်နေတာမဟုတ်လား

သူများတွေကို လိုက်နှောက်ထားပြီးတော့မှ စားဝင် အိပ်ပျော်တာ

အံ့ဩပါ့!!!

"ကျောင်းပိတ်ရက်ဆိုတော့ ဟိန်းလေးနဲ့ အပြင်ထွက်သွားတာ

နောက်ပြီး ညီ့ကိုအပြစ်မတင်ပါနဲ့ ကလေးက ငယ်သေးတယ်

အခုချိန်မှာ သူ့လုပ်ရပ်က ကောင်းလား ဆိုးလား ဆိုတာ

ဘာမှ ခွဲခြားနိုင်သေးတာ မဟုတ်ဘူး"

"ကြည့်ပါ့လား မင်းက အဲ့ကောင်က တစ်စက်လေးမှ

အပြစ်မတင်တာ.."

"ဟင်း!! အပြစ်မတင်ရက်တဲ့ အကြောင်းတွေ ရှိလို့ပေါ့"

ဩဂတ် သက်ပြင်းချတာမြင်တော့ မင်းသွင်တွေဝေသွားသည်။

"ဘာအကြောင်းလဲ..."

"အရင်က ငါ့ကြောင့် ညီညီ ခွေးကိုက်ခံရတာ မင်းသိမှာပေါ့"

"ငါသိတယ်လေ.."

"တကယ်တော့ ကိစ္စတွေက ဒီတိုင်း ပြီးခဲ့တာ မဟုတ်ဘူး

ငါ့ဒယ်ဒီ အိမ်ထောင်ရေးနဲ့ ပတ်သတ်နေခဲ့တာ ညီညီသာ

မန္တလေးကို ပြန်မယ်လို့ ပြောခဲ့ရင် ဒယ်ဒီနဲ့ ဖေဖေ့ရဲ့ဆက်ဆံရေးကို အဆုံးသတ်စေလိမ့်မယ် ဒါပေမယ့် ညီက ဒီမှာပဲ ဆက်နေဖို့

ရွေးခဲ့တယ် နောက်ပြီး ငါပုလဲသွယ်ကို ညီ့ကြောင့် ဖြတ်ခဲ့တာလို့

မင်းက ထင်ခဲ့တယ် ဘာကြောင့်ဖြတ်ပစ်တာလည်းဆိုတာ

မင်းမသိဘူး"

"မင်းဒယ်ဒီ ဖိအားပေးလို့ မဟုတ်ဘူးလား"

ဩဂတ်မျက်နှာ ပြုံးသွားတယ်။

"အဲ့ဒါလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သတ်ပေမယ့် အမှန်က

ငါ သူ့ကို ရိုက်တဲ့ကိစ္စကို ဖွားဖွားဆီမှာ သွားတိုင်တယ်လေ

ဒါပေမယ့် သူ ညီ့ကို ရိုက်တဲ့ကိစ္စကိုကျ ဖုံးကွယ်ထားခဲ့တာကွ

မင်းပြောကြည့် ငါ့အတွက်ရော လွယ်ခဲ့မယ် ထင်လား.."

"ဒါတော့ကွာ သူက မင်းကိုပြန်ရချင်လို့ မင်းအဖွားဆီ

သွားကပ်တာ ဖြစ်မှာပေါ့"

"ဒါပေမယ့် ညီကကျ သူသွယ့်ဆီက အရိုက်ခံရပါတယ်လို့

ဒယ်ဒီဆီမှာ ပြန်မတိုင်ဘူး အဲ့ဒါက သေးငယ်ပေမယ့်

သူတို့ကြားမှာ သိပ်ကွာခြားတဲ့ အချက်ပဲ မင်းသွင် မင်းက

ငါ့ညီဆိုးတာပဲ မြင်တာ သူဘယ်လောက်ထိ စိတ်ထားကောင်းလည်း မင်းမသိဘူး"

မင်းသွင် မျက်နှာမဲ့သွားသည်။ စိတ်ကောင်းရှိတာကလည်း

မင်းအတွက် သီးသန့်ပါ ငါ့ကောင်ရာလို့ ပြောပစ်ချင်စိတ်က

တားမရ။

"အဲ့ဒါဆို မင်းညီခွေးကိုက်ခံရကတည်းက တစ်လျှောက်လုံး

ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် ရှိနေခဲ့တာပေါ့ ဟုတ်လား"

ဩဂတ်က ဘာမှမပြောပဲ မျက်နှာလွှဲသည်မို့ ခန့်မှန်းချက်က

မှန်နေတဲ့ပုံပင်။ သော်ဒီခွေးကိုက်ခံရပြီးနောက် လမ်းဘေးခွေး

မပြောနဲ့ အိမ်မွေးခွေးဆိုရင်တောင် သော်ဒီက ကြောက်တတ်သလို ဩဂတ်ကလည်း ခွေးတွေဆို သဘောမကျ။ ဒါတွေအကုန်

သူ့ညီကြောင့် မဟုတ်ရင် ဘယ်သူ့ကြောင့်ဖြစ်ရဦးမှာလဲ။

"ငါတော့ မင်းရဲ့ရှေ့ရေးကိုတွေးပြီး ရင်လေးမိတယ်

ရှေ့လျှောက်ပြီး မိန်းမကောင်းလေးတွေနဲ့ တွေ့ရင် မင်းညီကြောင့်

ထပ်ပြီး လွဲချော်နေဦးမှာပဲ ငါမသိလို့ မေးပါရစေ မင်းသူ့ကို

အမြဲတမ်းရွေးချယ်နေဦးမှာလား မင်းအိမ်ထောင်ပြုဖို့

စိတ်ကူးကရော လုံးဝမရှိတာလား ဟေ့ရောင်!!!

"အိမ်ထောင်က အချိန်တန်ရင် ပြုမှာပေါ့!!!

"ဘယ်တော့လဲ မင်းညီကြောင့် ထပ်လွဲရဦးမှာပဲကို

ကြီးကြီးကျယ်ကျယ်နဲ့"

"ငါ အတင်းပြောတတ်တဲ့ မိန်းမတွေကို မကြိုက်ဘူး

အရွဲ့တိုက်တတ်တဲ့ မိန်းမတွေကိုလည်း ကြောက်တယ်

ငါနဲ့ငါ့ညီကို မဟုတ်တမ်းတရားတွေ စွပ်စွဲတတ်တဲ့

မိန်းမတွေကိုဆို ရွံပါရွံတယ်.."

ထိုအခိုက် ခြံရှေ့မှာ မြင်လိုက်ရတဲ့ ညီ့ကြောင့် ဩဂတ် ထိုင်ရာမှ

ထရပ်လိုက်သည်။ မင်းသွင်ကတော့ သူ‌ပြောချင်တဲ့စကားတွေအား သော်ဒီကိုမြင်လိုက်ရသည့်အခါ ပြန်မျိုချရုံပဲတတ်နိုင်၏။

သူအစက သော်ဒီဆိုတဲ့ ငမွှေထိုးလေးကို နာနာရိုက်ပစ်ချင်တာ။

အခုတွေ့လိုက်ရတော့ သော်ဒီမျက်နှာက ဘာမှမလုပ်ထားသလို

အပြစ်ကင်းစင်နေခဲ့တာကြောင့် ဆွံ့အနေမိပါသည်။

"ကိုကို.."

"ကိုကြီးဩဂတ်.."

"ဘောလုံးကန်ပြီး ပြန်လာခဲ့တာလား"

"မဟုတ်ပါဘူး Gym သွားကစားတာ ကိုကို့လိုဖြစ်ချင်လို့"

"အခုလည်း ဖြစ်နေပြီ မဟုတ်ဘူးလား"

"မလုံလောက်သေးဘူး!!

"ဟုတ်ပါပြီ ခဏနားပြီး ရေချိုးလိုက် ကိုကိုတို့ အတူတူ

ထမင်းစားရအောင်.."

သော်ဒီက ချက်ချင်း သူ့လက်မောင်းကို ဖက်ကာ ခေါင်းမှီလိုက်သည်။

"ကိုကို!!

"ဘာပြောစရာရှိလို့လဲ ညီ!!

"ဆယ်တန်းအောင်ရင် ညီ့ကိုဆိုင်ကယ်ဝယ်ပေး!!!

ဩဂတ်က ညီဆိုင်ကယ်စီးမှာကို သဘောမကျ။

"မရပါဘူး အန္တရာယ်များတယ် .."

"ကိုကိုရာ လုပ်ပါနော်.. ညီ ဆိုင်ကယ်ပဲ လိုချင်တာ"

"ကိုကို့လို ကားပဲစီးပါ့လား ညီရ!!

"ဒါဆို ပြိုင်ကားဝယ်ပေး!!

"ညီ!!!

"နော်..ကိုကို ညီ ဆိုင်ကယ်ပဲ လိုချင်တာ ကိုကို့ညီလေးကို

အလို မလိုက်ချင်ဘူးလားဟင်"

သော်ဒီ မျက်တောင်လေးပုတ်ခတ် ပုတ်ခတ် လုပ်ကာသနားခံရသည်။ ဖေဖေ့ဆီမှာ သွားတောင်းဆိုရင် ကိုကို့ထက်တောင်

ပိုပြောမှာ သိတာမို့ ဖေဖေ့ဆီတော့ မသွားရဲ။

"အင်းပါ ဟုတ်ပါပြီ ကိုကို ဝယ်ပေးမယ်"

"ယေး!!! ကိုကိုဆိုင်ကယ် ဝယ်ပေးမှာတဲ့!!! ပြောပြီးစလစ်

နံပါတ်တစ်နော် ကိုကို"

ညီ့ရဲ့ပါးတစ်ဖက်ကို အသာဆွဲဖဲ့ရင်း မပြုံးပဲ မနေနိုင်..။

သူညီ့ကို ကြည့်တိုင်း ညီ့ဆီက ဖြူစင်မှုတွေနဲ့ လူငယ်ဆန်ဆန်

ကလေးတစ်ယောက်လို အမူယာတို့ကိုသာ တွေ့ရပါသည်။

"ညီ ဖြစ်ချင်တာ ကိုကိုက အကုန်ဖြည့်ဆည်းပေးမယ်"

"ဪ ကိုကြီးမင်းသွင် ရောက်နေတာပဲ.."

"အင်း ဟုတ်တယ် !!

"ရောက်တုန်းလေး ထမင်းဝင်စားသွားပါ့လား ဖက်တီးလည်း

စားမှာ"

"တော်ပါပြီ ငါ့ညီရာ အစ်ကို ရင်ပြည့်နေပြီ"

မင်းတို့ကို ကြည့်ပြီး ရင်ပြည့်နေတာလို့ ပြောချင်ပေမယ့်

မင်းသွင် ပြောလို့မထွက်။ ထိုအစား ဩဂတ်တို့ညီအစ်ကို

နှစ်ယောက် ကြည်နူးနေတာကိုသာ ကြည့်နေမိရင်း မျက်ဖြူလန်ပြ လိုက်သည်။

"ကိုကြီးရာ အားမနာစမ်းပါနဲ့ ကိုကို့သူငယ်ချင်းကလည်း ကျွန်တော့်သူငယ်ချင်းပါပဲ"

စကားအဆုံး မင်းသွင်မှာ အလန့်တကြား ထအော်တော့သည်။

"ဟေ့ရောင်တွေ မင်းတို့ညီအစ်ကိုနှစ်ယောက်ရဲ့ ဝေစားမျှစား

အစီစဉ်ထဲမှာ ငါ့ကိုဆွဲမထည့်ကြပါနဲ့ကွာ တောင်းပန်ပါတယ်"

ဩဂတ်နဲ့ သော်ဒီ နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက်

ကြည့်ကာ ပြိုင်တူ ရယ်လိုက်မိသည်..။ မင်းသွင်မှာ ခပ်လန့်လန့်နဲ့

သူတို့နားမှာ ဆက်မနေတော့ပဲ ကားမောင်းပြီး ဇွတ်အတင်း

ထွက်ပြေးသွား၏။

အချိန်တို့က ကုန်လွန်လာကာ ညီ့အား ပေးခဲ့ပါသော

ကတိကြောင့် သူလည်းရည်းစားမထားရဲပဲ

ဟိုလိုလို ဒီလိုလိုဖြင့် ၈နှစ်ကုန်ဆုံးသွားခဲ့ပါသည်။

ညီ့ကို သဘောမတွေ့တာမို့ ဖွားဖွားဆီ ဘယ်တော့မှ ထပ်မသွားဖြစ်တဲ့ ဩဂတ်က ဖွားဖွားကြီးရဲ့ နာရေးကျမှပဲ သွားဖြစ်တော့သည်။ ဒီလိုဆိုတော့လည်း မြေးတစ်ယောက်အနေနဲ့

ကိုယ့်အဖွားကို ဆုံးရှူံးရသည်မို့ ဝမ်းနည်းရတာတော့အမှန်။

ဘယ်လောက်ပဲ ကတောက်ကစ ဖြစ်ထားပါစေ တစ်ဦးတည်းသော သားဖြစ်တဲ့အတွက် ဒယ်ဒီပါ ရောက်နေခဲ့သည်။ ဖေဖေ

မပါရင် ဘယ်မှ မသွားတတ်တဲ့ ဒယ်ဒီက အခုတော့ ဖွားဖွားရဲ့

နာရေးကို ရောက်လာခဲ့သည်။

ဩဂတ်အသက် ၂၀ပြည့်ပြီးနောက်မှာ 'ပြင်ဦးလွင်က ရာသီဥတုကို ကြိုက်တယ် အဲ့မှာပဲနေချင်တယ်'လို့ ပြောသည့် ဖေဖေ့

စကားတစ်ခွန်းကြောင့် ဒယ်ဒီနဲ့ဖေဖေက ပြင်ဦးလွင်မှာပဲ အခြေ

ချပြီး ညီ့ကိုတော့ 'သားကြီးနဲ့ဆို သားငယ်ကို စိတ်ချတယ် '

ဘာညာနဲ့ ပြောပြီး ညီနဲ့ကိုယ့်ကို ထားခဲ့တဲ့ ဒယ်ဒီကိုသိပ်တော့

မကျေနပ်ပါ။

ကုမ္ပဏီကိစ္စတွေကိုတော့ ဒယ်ဒီက သူ့နည်းသူ့ဟန်နဲ့

ဖြေရှင်းပြီး ရန်ကုန်ကိုတော့ တစ်ပတ် တစ်ကြိမ် နှစ်ပတ် တစ်ကြိမ်

အမြဲပြန်လာပြီး ဖြေရှင်းတတ်သည်။ ဖေဖေ့ကို လက်ထပ်တဲ့နေ့က

လွှဲပေးခဲ့တဲ့ သိန်းနှစ်သောင်းတန် စံအိမ်ကြီးထဲမှာ ပန်းလေးတွေကို ချစ်တတ်တဲ့ ဖေဖေ့အတွက် ခြံထဲမှာလည်း အရောင်စုံလင်တဲ့

ပန်းဥယျာဉ်လေးတစ်ခု လုပ်ထားပေးသေးတာမို့ အဲ့နေရာမှာပဲ

ပျော်မွေ့နေတဲ့ ဖေဖေက ရန်ကုန်ကိုတော့ သိပ်မလာဖြစ်။

ဩဂတ် ငယ်ငယ်က ရောက်ခဲ့ဖူးပေမယ့် ဒီအရွယ်ရောက်တော့မှ

စံအိမ်ကြီးဆီ မရောက်ဖြစ်ပါ။ ညီကတော့ ဆယ်တန်းပြီးကတည်းက

ဆိုင်ကယ်တစ်စီးနဲ့ လေလွင့်နေကာ ပြင်ဦးလွင်နဲ့ ရန်ကုန်ကို

ခေါက်တုံ့ခေါက်ပြန် ခဏခဏ သွားနေသည်မို့ တစ်ခါတစ်ရံ

သူတောင် ဖမ်းမမိချင်ပါ ။

လမ်းသရဲလေးအတိုင်း ဖြစ်နေတဲ့ ညီက ရန်ကုန်ရောက်လာရင်တောင် ကလပ်တွေ ဘားတွေမှာပဲ အချိန်ကုန်တတ်သူမို့

စိတ်ရှိမှ သူ့ဆီကို ရောက်လာတတ်၏။ ရှိသမျှ ကလပ်တွေ

ဘားတွေကလည်း ဒယ်ဒီသားမှန်း သိတဲ့ ညီ့ကို သိပ်ဂရုတစိုက်

ရှိသည်မို့ အခုထိတော့ အဲ့ဒီနေရာတွေက ညီ့အတွက် အန္တရာယ်

မရှိသေး။

ထိုစဉ် အိမ်ထဲကို လျှောက်လာသည့် ညီ့ကြောင့် ဖွားဖွားရဲ့

ဓာတ်ပုံလေးကို ငေးကြည့်ရာမှ ညီ့ကိုသာ ခပ်စိုက်စိုက်ကြည့်ရတော့သည်။ နာရေးမှာ ရှိသမျှ လူတွေကလည်း စီးကရက်တစ်လိပ်ကို ခဲပြီး ဝင်လာတဲ့ ညီ့ကို အထူးအဆန်း စိုက်ကြည့်နေကြလေရဲ့။

ဒီညီတစ်ယောက်ကိုတော့ သူထိန်းလို့ တကယ်မနိုင်...။

ဆွယ်တာလည်ပိတ် လက်ရှည်နဲ့ အမဲရောင် Pants ‌

လေးကို ဝတ်ထားသည့် ကောင်လေးရဲ့ တစ်ကိုယ်လုံးကို ဩဂတ်

ခေါင်းစ ခြေဆုံး ကြည့်လိုက်သည်။ အသက်၂၃နှစ်ရှိပြီဖြစ်တဲ့

ကောင်လေးက ဆံပင်ကိုပါ ခဲရောင်ဆိုးပစ်လိုက်သည်။

သူသဘောမကျပေမယ့် ထိုအရောင်လေးက ညီနဲ့တအား

လိုက်သည်ဟု ထင်ကြေးပေးရပါမည်။

အခုထိ ခြေညှပ်ဖိနပ်ကို စွဲနေအောင်ဝတ်တဲ့ ညီက

သူ့မျက်စီထဲမှာ တကယ်ကို ကလေးလေးတစ်ယောက်ထက်

မပိုပါ။

"ဟိုင်း!! ကိုကို.."

ထေ့ငေါ့တဲ့ အပြုံးတစ်ခုက မျက်နှာထက်မှာ ဖြစ်ထွန်းလာပြီး

မှုတ်ထုတ်လိုက်တဲ့ စီးကရက်အငွေ့တွေကြားက ညီ့မျက်နှာ

ချောချောအား တွေ့ရသည်။ အရပ်၆ပေအတိ ရှည်နေပြီဖြစ်တဲ့

ညီက တစ်ခါတစ်လေ ၆ပေ၄ရှိတဲ့ သူ့ကို မမှီသေးကြောင်း

ပြောပြောပြီး ညည်းတွားတတ်သေးတယ်။

အရင်တုန်းက ငယ်ရုပ်ကို ဘယ်နားပြန်ရှာရမလည်းမသိပေမယ့်

ပြောင်းလဲလာတဲ့ ရုပ်ကလေးကလည်း ကြည့်ကောင်းနေပြီး

ယောက်ျားဆန်လာသည်ဟု ယူဆလို့ရသည်။ အသက်၂၃နှစ်

ရှိပြီမို့ ညီက သူ့အနားကို အရင်လို မကပ်ပဲ ခပ်ခွာခွာ နေလွန်းလာ၏။ အိမ်ကို ပြန်ရောက်ရင်တော့ သူနဲ့အတူ အိပ်တတ်တဲ့

အကျင့်ကတော့ မပျောက်သေးပေ။

"ဩဂတ်... မတွေ့ရတာ ကြာပြီနော်"

ဖွားဖွားနာရေးမို့ သက်ရှိထင်ရှားရှိစဉ်က ဖွားဖွားနဲ့ လက်ပွန်းတတီး

နေခဲ့တဲ့ ပုလဲသွယ်လည်း ရောက်လို့နေခဲ့၏။ သွယ်က အရင်ကလို

ပုံစံလေး ရုပ်မပြောင်းပဲ ရှိနေတာမို့ ထူးထူးခြားခြား မှတ်မိအောင်

သိပ်မကြိုးစားရ။ မြင်ရုံနဲ့ တန်းမှတ်မိသွားခဲ့ပါသည်။

"မတွေ့တာ ကြာပြီနော် သွယ်!!

"ဟုတ်ပါရဲ့!! ဆရာဝန် ဖြစ်နေပြီဆို ဝါသနာလည်းမပါ

ရည်ရွယ်ချက်လည်း မရှိပဲနဲ့ ကြားကြားချင်းမှာ သွယ်အရမ်း

အံ့ဩသွားခဲ့တာ သိလား"

"အင်း!!

"ဪ... ဒါက သော်ဒီထင်တယ် မတွေ့တာကြာလို့လားမသိဘူး

ကြည့်လို့ အရမ်းကောင်းလာတာပဲ သွယ့်ထက်ငယ်တဲ့ကောင်လေးကို အခုတော့ သွယ်ကတောင်မော့ကြည့်နေရပြီ"

သွယ်က ပြုံးနေသလောက် သော်ဒီကမချေမငံ ပြန်ကြည့်တဲ့အခါ

ဩဂတ် ‌မျက်စောင်းပါးပါးထိုးရသည်။ ထိုအခါမှ သော်ဒီက

မပြုံးချင် ပြုံးချင်နဲ့ ဖျစ်ညှစ်သလို ပြုံးရင်း

"ဟုတ်ပါရဲ့ မတွေ့တာကြာပြီနော် မမသွယ်.."

"ညီက အပြောအဆို သိပ်မတတ်ဘူး သွယ်

ဒါကို သွယ်ကပဲ လူကြီးပီပီ နားလည်ပေးပါနော် ဗွေမယူပါနဲ့"

"ဟင်းဟင်း!! နင်မပြောင်းလဲဘူးနော် အခုထိ ညီလေးကို

ကာကွယ်‌ပေးနေတုန်းပဲ"

"အင်း!! ငါ့အတွက်တော့ ငါ့ညီက ပထမ ဦးစားပေးလေ!!

"မမသွယ်နဲ့ ကိုကို မတွေ့တာကြာတော့ ပြောစရာတွေလည်း

အများကြီးရှိနေမှာပေါ့ အေးအေးဆေးဆေး ပြောကြပါ့လား

ကျွန်တော် ဖွားဖွားကို နှုတ်ဆက်ဦးမယ်"

"အင်း!!

သွယ်နဲ့ ဩဂတ်ထွက်သွားတော့ ထိုနေရာမှာရပ်နေသူက

သော်ဒီတစ်ယောက်ထဲရယ်။ စီးကရက်တစ်လိပ်ကို နှုတ်ခမ်းမှာ

ခဲရင်း မီးညှိလိုက်သည်။ ထို့နောက် ဖွားဖွားရဲ့ ဓာတ်ပုံကို

သေချာယူကြည့်ပြီး စီးကရက်ငွေ့တွေထုတ်လွှတ်လိုက်သည်..။

ပြီးမှ ခပ်ထေ့ထေ့ အပြုံးတစ်ခုက သော်ဒီနှုတ်ခမ်းမှာ ဖြစ်ထွန်းလျက်...

"သောက်အဖွားကြီး!! နောက်ဘဝကျ အတ္တမကြီးရဘူးနော်

လူကြီးဖြစ်တိုင်း နေရာတကာမှန်နေတာ မဟုတ်ဘူးရယ်

အခုတော့ သေခါနီးအချိန်မှာတောင် သားကရော မြေးကရော

တစ်ယောက်မှ အနားမှာ ရှိမနေပေးခဲ့ဘူးမလား.."

ပုံထဲက အသက်၈၀အရွယ် အဖွားကို သော်ဒီကြည့်ရင်း ခပ်ချဉ်ချဉ် ဆိုမိသည်။ ငယ်ငယ်က သူ့အိမ် ကိုကိုနဲ့ လိုက်သွားခဲ့တာကို

လူကိုမြင်တော့ မတူသလိုမတန်သလို ဆက်ဆံတဲ့ အဖွားက

သူ့ကိုသဘောမကျသလို သူကလည်းအဖွားကိုသဘောမကျ။

ရှိသမျှ ပိုင်ဆိုင်မှုတွေကိုတော့ သူ့ကိုပြုစုပေးတဲ့ ဒေါ်လေးကို

အကုန်လွှဲပေးခဲ့သည်ဟု ရှေ့နေကြီးဆီက ကြားရသည်..။

ပိုင်ဆိုင်မှုကလည်း သိပ်များတာမဟုတ်ဘူးရယ်။ လက်ရှိနေတဲ့

အိမ်ရယ်ခြံရယ် ဂိုထောင်ထဲမှာ ထိုးထားတဲ့ ကားရယ်။ ဒါပဲ

ရှိသည်။ တစ်လ တစ်လ ဖွားဖွားအိမ်ရဲ့ အိမ်အသုံးစရိတ်နဲ့

အိမ်မှာ ခိုင်းဖို့ ခေါ်ထားတဲ့ အလုပ်သမားတွေကို လစာ ပေးဖို့က

အစ အကုန် ဒယ်ဒီထောက်ပံ့တာတွေပဲ။ အခုဖွားဖွားဆုံးသွားပြီ

ဆိုတော့ ထောက်ပံ့စရာ မလိုတော့ဘူးပေါ့။

အမှန်ဆို သူလွှဲပေးရမယ့်သူက ကိုကိုဆိုပေမယ့် သူ့ဆီ

တစ်ကြိမ်မှ မလာတော့တဲ့ ကိုကို့အား စိတ်နာသွားပုံရသည်။

ဒါတွေမရလို့ ကိုကိုကတောင် ဘာမှမဖြစ်တာ ကြားကနေ သူ့လို

လူစိမ်းတစ်ယောက်က ဘာဖြစ်ရဦးမှာလဲ။

ဖွားဖွားရဲ့ ဓာတ်ပုံကို ပြန်ချလိုက်ပြီး စီးကရက်ကို နောက်ဆုံး

တစ်ရှိုက်ဖွာကာ ဒယ်ဒီတို့နား ရောက်နေတဲ့ ကိုကို့ဆီပြန်လာလိုက်တယ်။ မမသွယ်ကတော့ ဒေါ်လေးနဲ့အတူ ထိုင်ပြီး စကားစမြည်

ပြောနေ၏။ သူကိုကိုနဲ့ မမသွယ်ကိုကြည့်ပြီး တစ်ချိန်က သူ့ကြောင့် ပျက်စီးသွားတဲ့ ဆက်ဆံရေးတစ်ခုကိုမြင်ယောင်ကာ

စိတ်လည်းမကောင်းပေ။

"ကိုကို.."

"ဆေးလိပ်မသောက်ဖို့ ကိုကိုမပြောထားဘူးလား"

"ကိုကိုကလည်း!!!!

"အဲ့လိုကြပ်ကြပ်လုပ် ကြာရင်ကျန်းမာရေးထိမှာပဲ"

"အဲ့ခါကျလည်း ကိုကိုကုပေးပေါ့!!

ကတ်ကတ်လန်ပြန်ပြောနေတဲ့ ထိုကောင်လေးကို နားရင်းတစ်ချက် ကျင်းပစ်လိုက်တော့ ဒယ်ဒီအကြည့်တွေက သူတို့ဆီ

ရောက်လာတယ်။ သားငယ်လေးကို ရိုက်လိုက်လို့ မကျေနပ်သလို

ကြည့်နေတာမို့

"ဒယ်ဒီသားငယ်က အရမ်းဆိုးနေတာ.."

"ကလေးပဲ ဆိုးမှာပေါ့!!!

"ဒယ်ဒီပဲ ကိုကိုနားလည်အောင် ပြောပြလိုက်တော့ လူကိုတွေ့ရင်

ဆရာဝန် တစ်ယောက်ရဲ့ပါဝါကို အပြည့်ပြနေတာပဲ"

ညီညီရဲ့စကားကြောင့် ခေါင်းပဲ ရမ်းနေမိတယ်..။ အသက်သာ

ကြီးလာပေမယ့် အိမ်မှာ အငယ်ဆုံးလေးဖြစ်သည့်တစ်လျှောက်

အခုထိ ကလေးစိတ် မကုန်သေးဘူးဟုသာ သူကတော့

ထင်မိနေတာပဲ။ ဘယ်လောက်ပဲလူကြီးပုံဖမ်းပါစေ ဩဂတ်ရဲ့

စိတ်ထဲမှာတော့ ညီညီက အတောင်မစုံသေးတဲ့ ငှက်ငယ်လေး

တစ်ကောင်ဖြစ်နေဆဲပင်။

Zawgyi

ခ်စ္သူတစ္ေယာက္ ေကာက္ရထားသည္ {အခန္း ၁၅}

နီနီနဲ့ အတိအလင္း စကားေျပာျပီးေနာက္မွာ ထပ္ျပီးမ်က္နွာခ်င္း

မဆိုင္ြဖစ္ြကေတာ့။ လမ္းမွာေတြ့ရင္ေတာင္ ဩဂတ္ဘက္က

မ်က္နွာလြွဲခဲ့တာခ်ည္း။ မင္းသြင္ကေတာင္ အေြခေနေတြက

အဲ့ထိ ေရာက္ကုန္လို့ အံ့ဩရေသးသည္။ မင္းသြင္ရဲ့ အျပစ္တင္

စကားေတြအား နားေထာင္ရင္း ျမွားဦးက ညီညီဆီ လွည့္လာေတာ့ မင္းသြင္ကိုေတာင္ စိတ္ရွုပ္ရွုပ္နဲ့ ေအာ္ပစ္ခဲ့ေသးသည္။

အဲ့ဒီခ်ိန္မွ မင္းသြင္သိလိုက္တာက ဩဂတ္ဂုဏ္ပိုင္ဆိုတဲ့ေကာင္က သူ့ညီကလြဲရင္ ဘယ္သူ့ကိုမွ လူထင္တာ မဟုတ္ဘူးဆိုတာပဲ။

ဘယ္ရည္းစားနဲ့တြဲတြဲ သူ့ညီထက္ ဦးစားမေပး။ ရည္းစားဦး

ြဖစ္တဲ့ ပုလဲသြယ္ကိုေတာင္ သူ့ညီနဲ့ ပတ္သတ္လာေတာ့ ထားခဲ့

နိုင္တဲ့ေကာင္က က်န္တဲ့ သူဆို ေျပာမေနနဲ့ေတာ့။

ေသာ္ဒီထူးဟန္က ဩဂတ္ကို ေလွာင္ခ်ိုင့္ထဲ ပိတ္ထားခ်င္တဲ့

စိတ္ရွိရင္ ဩဂတ္ဂုဏ္ပိုင္ကလည္း သူေနမယ့္ ေလွာင္ခ်ိုင့္ကို

ေရြွေလွာင္ခ်ိုင့္လား ေြကးေလွာင္ခ်ိုင့္လားဆိုတာ ေရြးမည့္သူပင္။

"ေအး!! မင္းအဲ့လိုသာ မင္းရဲ့ညီကို ြကပ္ြကပ္အလိုလိုက္

ြကာရင္ မင္းေခါင္းေပါ္ ‌ခ်ီးပါသြားမွာ"

"အဲ့စကားပဲ ဆက္ေျပာေနရင္ ျပန္ေတာ့ မင္းသြင္!!

မင္းသြင္ကလည္း ‌ေျပာမနာဆိုမနာ သူငယ္ခ်င္းမို့စိတ္ဆိုးရမယ့္

အစား။ သူ့ေဘးမွာ ကပ္ထိုင္တယ္။ မင္းသြင္ဘာေျပာခ်င္လည္း

ဆိုတာ သူသိပါတယ္။ နီနီကို ျပန္ေတာင္းပန္ျပီး လိုက္ေစခ်င္တာ

ဒါေပမယ့္ ဩဂတ္အေနနဲ့ ြကည့္ရင္လည္း နီနီနဲ့ ျပန္မဆက္ခ်င္ေတာ့ဘူး။ ညီညီကို သူေပးခဲ့တဲ့ ကတိအတိုင္း တည္ေအာင္သာ

ြကိုးစားသြားမွာပင္။

"နီနီ သနားပါတယ္ကြာ .. သဲစုကေတာင္ ငါ့ကို ခဏခဏ

ေျပာေနတာ နီနီ မ်က္နွာက မွိုင္ေနျပီး အိမ္မွာဆိုလည္း အျမဲ

ငိုေနတာပဲတဲ့.."

"အဲ့ေတာ့ ငါက ဘယ္လိုလုပ္ေပးရမွာလဲ.."

"ဘာလုပ္ေပးရမွာလည္းလို့ မင္းကပဲ ေမးရတယ္ရွိေသးတယ္

နီနီက မိန္းမေကာင္းေလးပါကြာ ေတာင္းပန္လိုက္ရင္ သူကလည္း

လက္ခံမယ့္သူပါ"

"မင္းေျပာပုံက ငါကပဲလူယုတ္မာြကီးက်ေနတာပဲ ငါသူ့ကို

အခြင့္ေရးယူထားတာ ဘာမွမရွိဘူးေနာ္ မင္းသြင္ အဲ့ဒီအတြက္

ငါ့လိပ္ျပာ ငါလုံတယ္.."

"ေအးပါ လုံရင္လည္း ျပီးတာပဲ.. မင္းဆိုတဲ့ေကာင္ကေလ

မင္းရဲ့ညီ ငေမြွထိုးေြကာင့္ မိန္းမေကာင္းေလးေတြနဲ့ အကုန္

လြဲေခ်ာ္ေနေတာ့တာပဲ အခုေရာ အဲ့ငေမြွထိုး ဘယ္သြားလဲ

လုပ္ခ်င္ရာ လုပ္ျပီး အျပင္ထြက္အေလလိုက္ေနတာမဟုတ္လား

သူမ်ားေတြကို လိုက္ေနွာက္ထားျပီးေတာ့မွ စားဝင္ အိပ္ေပ်ာ္တာ

အံ့ဩပါ့!!!

"ေက်ာင္းပိတ္ရက္ဆိုေတာ့ ဟိန္းေလးနဲ့ အျပင္ထြက္သြားတာ

ေနာက္ျပီး ညီ့ကိုအျပစ္မတင္ပါနဲ့ ကေလးက ငယ္ေသးတယ္

အခုခ်ိန္မွာ သူ့လုပ္ရပ္က ေကာင္းလား ဆိုးလား ဆိုတာ

ဘာမွ ခြဲြခားနိုင္ေသးတာ မဟုတ္ဘူး"

"ြကည့္ပါ့လား မင္းက အဲ့ေကာင္က တစ္စက္ေလးမွ

အျပစ္မတင္တာ.."

"ဟင္း!! အျပစ္မတင္ရက္တဲ့ အေြကာင္းေတြ ရွိလို့ေပါ့"

ဩဂတ္ သက္ျပင္းခ်တာျမင္ေတာ့ မင္းသြင္ေတြေဝသြားသည္။

"ဘာအေြကာင္းလဲ..."

"အရင္က ငါ့ေြကာင့္ ညီညီ ေခြးကိုက္ခံရတာ မင္းသိမွာေပါ့"

"ငါသိတယ္ေလ.."

"တကယ္ေတာ့ ကိစ္စေတြက ဒီတိုင္း ျပီးခဲ့တာ မဟုတ္ဘူး

ငါ့ဒယ္ဒီ အိမ္ေထာင္ေရးနဲ့ ပတ္သတ္ေနခဲ့တာ ညီညီသာ

မန္တေလးကို ျပန္မယ္လို့ ေျပာခဲ့ရင္ ဒယ္ဒီနဲ့ ေဖေဖ့ရဲ့ဆက္ဆံေရးကို အဆုံးသတ္ေစလိမ့္မယ္ ဒါေပမယ့္ ညီက ဒီမွာပဲ ဆက္ေနဖို့

ေရြးခဲ့တယ္ ေနာက္ျပီး ငါပုလဲသြယ္ကို ညီ့ေြကာင့္ ြဖတ္ခဲ့တာလို့

မင္းက ထင္ခဲ့တယ္ ဘာေြကာင့္ြဖတ္ပစ္တာလည္းဆိုတာ

မင္းမသိဘူး"

"မင္းဒယ္ဒီ ဖိအားေပးလို့ မဟုတ္ဘူးလား"

ဩဂတ္မ်က္နွာ ျပုံးသြားတယ္။

"အဲ့ဒါလည္း တစ္စိတ္တစ္ပိုင္း ပါဝင္ပတ္သတ္ေပမယ့္ အမွန္က

ငါ သူ့ကို ရိုက္တဲ့ကိစ္စကို ဖြားဖြားဆီမွာ သြားတိုင္တယ္ေလ

ဒါေပမယ့္ သူ ညီ့ကို ရိုက္တဲ့ကိစ္စကိုက် ဖုံးကြယ္ထားခဲ့တာကြ

မင္းေျပာြကည့္ ငါ့အတြက္ေရာ လြယ္ခဲ့မယ္ ထင္လား.."

"ဒါေတာ့ကြာ သူက မင္းကိုျပန္ရခ်င္လို့ မင္းအဖြားဆီ

သြားကပ္တာ ြဖစ္မွာေပါ့"

"ဒါေပမယ့္ ညီကက် သူသြယ့္ဆီက အရိုက္ခံရပါတယ္လို့

ဒယ္ဒီဆီမွာ ျပန္မတိုင္ဘူး အဲ့ဒါက ေသးငယ္ေပမယ့္

သူတို့ြကားမွာ သိပ္ကြာြခားတဲ့ အခ်က္ပဲ မင္းသြင္ မင္းက

ငါ့ညီဆိုးတာပဲ ျမင္တာ သူဘယ္ေလာက္ထိ စိတ္ထားေကာင္းလည္း မင္းမသိဘူး"

မင္းသြင္ မ်က္နွာမဲ့သြားသည္။ စိတ္ေကာင္းရွိတာကလည္း

မင္းအတြက္ သီးသန့္ပါ ငါ့ေကာင္ရာလို့ ေျပာပစ္ခ်င္စိတ္က

တားမရ။

"အဲ့ဒါဆို မင္းညီေခြးကိုက္ခံရကတည္းက တစ္ေလ်ွာက္လုံး

ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္စိတ္ ရွိေနခဲ့တာေပါ့ ဟုတ္လား"

ဩဂတ္က ဘာမွမေျပာပဲ မ်က္နွာလြွဲသည္မို့ ခန့္မွန္းခ်က္က

မွန္ေနတဲ့ပုံပင္။ ေသာ္ဒီေခြးကိုက္ခံရျပီးေနာက္ လမ္းေဘးေခြး

မေျပာနဲ့ အိမ္ေမြးေခြးဆိုရင္ေတာင္ ေသာ္ဒီက ေြကာက္တတ္သလို ဩဂတ္ကလည္း ေခြးေတြဆို သေဘာမက်။ ဒါေတြအကုန္

သူ့ညီေြကာင့္ မဟုတ္ရင္ ဘယ္သူ့ေြကာင့္ြဖစ္ရဦးမွာလဲ။

"ငါေတာ့ မင္းရဲ့ေရွ့ေရးကိုေတြးျပီး ရင္ေလးမိတယ္

ေရွ့ေလ်ွာက္ျပီး မိန္းမေကာင္းေလးေတြနဲ့ ေတြ့ရင္ မင္းညီေြကာင့္

ထပ္ျပီး လြဲေခ်ာ္ေနဦးမွာပဲ ငါမသိလို့ ေမးပါရေစ မင္းသူ့ကို

အျမဲတမ္းေရြးခ်ယ္ေနဦးမွာလား မင္းအိမ္ေထာင္ျပုဖို့

စိတ္ကူးကေရာ လုံးဝမရွိတာလား ေဟ့ေရာင္!!!

"အိမ္ေထာင္က အခ်ိန္တန္ရင္ ျပုမွာေပါ့!!!

"ဘယ္ေတာ့လဲ မင္းညီေြကာင့္ ထပ္လြဲရဦးမွာပဲကို

ြကီးြကီးက်ယ္က်ယ္နဲ့"

"ငါ အတင္းေျပာတတ္တဲ့ မိန္းမေတြကို မြကိုက္ဘူး

အရြဲ့တိုက္တတ္တဲ့ မိန္းမေတြကိုလည္း ေြကာက္တယ္

ငါနဲ့ငါ့ညီကို မဟုတ္တမ္းတရားေတြ စြပ္စြဲတတ္တဲ့

မိန္းမေတြကိုဆို ရြံပါရြံတယ္.."

ထိုအခိုက္ ြခံေရွ့မွာ ျမင္လိုက္ရတဲ့ ညီ့ေြကာင့္ ဩဂတ္ ထိုင္ရာမွ

ထရပ္လိုက္သည္။ မင္းသြင္ကေတာ့ သူ‌ေျပာခ်င္တဲ့စကားေတြအား ေသာ္ဒီကိုျမင္လိုက္ရသည့္အခါ ျပန္မ်ိုခ်ရုံပဲတတ္နိုင္၏။

သူအစက ေသာ္ဒီဆိုတဲ့ ငေမြွထိုးေလးကို နာနာရိုက္ပစ္ခ်င္တာ။

အခုေတြ့လိုက္ရေတာ့ ေသာ္ဒီမ်က္နွာက ဘာမွမလုပ္ထားသလို

အျပစ္ကင္းစင္ေနခဲ့တာေြကာင့္ ဆြံ့အေနမိပါသည္။

"ကိုကို.."

"ကိုြကီးဩဂတ္.."

"ေဘာလုံးကန္ျပီး ျပန္လာခဲ့တာလား"

"မဟုတ္ပါဘူး Gym သြားကစားတာ ကိုကို့လိုြဖစ္ခ်င္လို့"

"အခုလည္း ြဖစ္ေနျပီ မဟုတ္ဘူးလား"

"မလုံေလာက္ေသးဘူး!!

"ဟုတ္ပါျပီ ခဏနားျပီး ေရခ်ိုးလိုက္ ကိုကိုတို့ အတူတူ

ထမင္းစားရေအာင္.."

ေသာ္ဒီက ခ်က္ခ်င္း သူ့လက္ေမာင္းကို ဖက္ကာ ေခါင္းမွီလိုက္သည္။

"ကိုကို!!

"ဘာေျပာစရာရွိလို့လဲ ညီ!!

"ဆယ္တန္းေအာင္ရင္ ညီ့ကိုဆိုင္ကယ္ဝယ္ေပး!!!

ဩဂတ္က ညီဆိုင္ကယ္စီးမွာကို သေဘာမက်။

"မရပါဘူး အန္တရာယ္မ်ားတယ္ .."

"ကိုကိုရာ လုပ္ပါေနာ္.. ညီ ဆိုင္ကယ္ပဲ လိုခ်င္တာ"

"ကိုကို့လို ကားပဲစီးပါ့လား ညီရ!!

"ဒါဆို ျပိုင္ကားဝယ္ေပး!!

"ညီ!!!

"ေနာ္..ကိုကို ညီ ဆိုင္ကယ္ပဲ လိုခ်င္တာ ကိုကို့ညီေလးကို

အလို မလိုက္ခ်င္ဘူးလားဟင္"

ေသာ္ဒီ မ်က္ေတာင္ေလးပုတ္ခတ္ ပုတ္ခတ္ လုပ္ကာသနားခံရသည္။ ေဖေဖ့ဆီမွာ သြားေတာင္းဆိုရင္ ကိုကို့ထက္ေတာင္

ပိုေျပာမွာ သိတာမို့ ေဖေဖ့ဆီေတာ့ မသြားရဲ။

"အင္းပါ ဟုတ္ပါျပီ ကိုကို ဝယ္ေပးမယ္"

"ေယး!!! ကိုကိုဆိုင္ကယ္ ဝယ္ေပးမွာတဲ့!!! ေျပာျပီးစလစ္

နံပါတ္တစ္ေနာ္ ကိုကို"

ညီ့ရဲ့ပါးတစ္ဖက္ကို အသာဆြဲဖဲ့ရင္း မျပုံးပဲ မေနနိုင္..။

သူညီ့ကို ြကည့္တိုင္း ညီ့ဆီက ြဖူစင္မွုေတြနဲ့ လူငယ္ဆန္ဆန္

ကေလးတစ္ေယာက္လို အမူယာတို့ကိုသာ ေတြ့ရပါသည္။

"ညီ ြဖစ္ခ်င္တာ ကိုကိုက အကုန္ြဖည့္ဆည္းေပးမယ္"

"ဪ ကိုြကီးမင္းသြင္ ေရာက္ေနတာပဲ.."

"အင္း ဟုတ္တယ္ !!

"ေရာက္တုန္းေလး ထမင္းဝင္စားသြားပါ့လား ဖက္တီးလည္း

စားမွာ"

"ေတာ္ပါျပီ ငါ့ညီရာ အစ္ကို ရင္ျပည့္ေနျပီ"

မင္းတို့ကို ြကည့္ျပီး ရင္ျပည့္ေနတာလို့ ေျပာခ်င္ေပမယ့္

မင္းသြင္ ေျပာလို့မထြက္။ ထိုအစား ဩဂတ္တို့ညီအစ္ကို

နွစ္ေယာက္ ြကည္နူးေနတာကိုသာ ြကည့္ေနမိရင္း မ်က္ြဖူလန္ျပ လိုက္သည္။

"ကိုြကီးရာ အားမနာစမ္းပါနဲ့ ကိုကို့သူငယ္ခ်င္းကလည္း က်ြန္ေတာ့္သူငယ္ခ်င္းပါပဲ"

စကားအဆုံး မင္းသြင္မွာ အလန့္တြကား ထေအာ္ေတာ့သည္။

"ေဟ့ေရာင္ေတြ မင္းတို့ညီအစ္ကိုနွစ္ေယာက္ရဲ့ ေဝစားမ်ွစား

အစီစဉ္ထဲမွာ ငါ့ကိုဆြဲမထည့္ြကပါနဲ့ကြာ ေတာင္းပန္ပါတယ္"

ဩဂတ္နဲ့ ေသာ္ဒီ နွစ္ေယာက္လုံး တစ္ေယာက္ကို တစ္ေယာက္

ြကည့္ကာ ျပိုင္တူ ရယ္လိုက္မိသည္..။ မင္းသြင္မွာ ခပ္လန့္လန့္နဲ့

သူတို့နားမွာ ဆက္မေနေတာ့ပဲ ကားေမာင္းျပီး ဇြတ္အတင္း

ထြက္ေျပးသြား၏။

အခ်ိန္တို့က ကုန္လြန္လာကာ ညီ့အား ေပးခဲ့ပါေသာ

ကတိေြကာင့္ သူလည္းရည္းစားမထားရဲပဲ

ဟိုလိုလို ဒီလိုလိုြဖင့္ ၈နွစ္ကုန္ဆုံးသြားခဲ့ပါသည္။

ညီ့ကို သေဘာမေတြ့တာမို့ ဖြားဖြားဆီ ဘယ္ေတာ့မွ ထပ္မသြားြဖစ္တဲ့ ဩဂတ္က ဖြားဖြားြကီးရဲ့ နာေရးက်မွပဲ သြားြဖစ္ေတာ့သည္။ ဒီလိုဆိုေတာ့လည္း ေျမးတစ္ေယာက္အေနနဲ့

ကိုယ့္အဖြားကို ဆုံးရွူံးရသည္မို့ ဝမ္းနည္းရတာေတာ့အမွန္။

ဘယ္ေလာက္ပဲ ကေတာက္ကစ ြဖစ္ထားပါေစ တစ္ဦးတည္းေသာ သားြဖစ္တဲ့အတြက္ ဒယ္ဒီပါ ေရာက္ေနခဲ့သည္။ ေဖေဖ

မပါရင္ ဘယ္မွ မသြားတတ္တဲ့ ဒယ္ဒီက အခုေတာ့ ဖြားဖြားရဲ့

နာေရးကို ေရာက္လာခဲ့သည္။

ဩဂတ္အသက္ ၂၀ျပည့္ျပီးေနာက္မွာ 'ျပင္ဦးလြင္က ရာသီဥတုကို ြကိုက္တယ္ အဲ့မွာပဲေနခ်င္တယ္'လို့ ေျပာသည့္ ေဖေဖ့

စကားတစ္ခြန္းေြကာင့္ ဒယ္ဒီနဲ့ေဖေဖက ျပင္ဦးလြင္မွာပဲ အေြခ

ခ်ျပီး ညီ့ကိုေတာ့ 'သားြကီးနဲ့ဆို သားငယ္ကို စိတ္ခ်တယ္ '

ဘာညာနဲ့ ေျပာျပီး ညီနဲ့ကိုယ့္ကို ထားခဲ့တဲ့ ဒယ္ဒီကိုသိပ္ေတာ့

မေက်နပ္ပါ။

ကုမ္ပဏီကိစ္စေတြကိုေတာ့ ဒယ္ဒီက သူ့နည္းသူ့ဟန္နဲ့

ေြဖရွင္းျပီး ရန္ကုန္ကိုေတာ့ တစ္ပတ္ တစ္ြကိမ္ နွစ္ပတ္ တစ္ြကိမ္

အျမဲျပန္လာျပီး ေြဖရွင္းတတ္သည္။ ေဖေဖ့ကို လက္ထပ္တဲ့ေန့က

လြွဲေပးခဲ့တဲ့ သိန္းနွစ္ေသာင္းတန္ စံအိမ္ြကီးထဲမွာ ပန္းေလးေတြကို ခ်စ္တတ္တဲ့ ေဖေဖ့အတြက္ ြခံထဲမွာလည္း အေရာင္စုံလင္တဲ့

ပန္းဥယ်ာဉ္ေလးတစ္ခု လုပ္ထားေပးေသးတာမို့ အဲ့ေနရာမွာပဲ

ေပ်ာ္ေမြ့ေနတဲ့ ေဖေဖက ရန္ကုန္ကိုေတာ့ သိပ္မလာြဖစ္။

ဩဂတ္ ငယ္ငယ္က ေရာက္ခဲ့ဖူးေပမယ့္ ဒီအရြယ္ေရာက္ေတာ့မွ

စံအိမ္ြကီးဆီ မေရာက္ြဖစ္ပါ။ ညီကေတာ့ ဆယ္တန္းျပီးကတည္းက

ဆိုင္ကယ္တစ္စီးနဲ့ ေလလြင့္ေနကာ ျပင္ဦးလြင္နဲ့ ရန္ကုန္ကို

ေခါက္တုံ့ေခါက္ျပန္ ခဏခဏ သြားေနသည္မို့ တစ္ခါတစ္ရံ

သူေတာင္ ဖမ္းမမိခ်င္ပါ ။

လမ္းသရဲေလးအတိုင္း ြဖစ္ေနတဲ့ ညီက ရန္ကုန္ေရာက္လာရင္ေတာင္ ကလပ္ေတြ ဘားေတြမွာပဲ အခ်ိန္ကုန္တတ္သူမို့

စိတ္ရွိမွ သူ့ဆီကို ေရာက္လာတတ္၏။ ရွိသမ်ွ ကလပ္ေတြ

ဘားေတြကလည္း ဒယ္ဒီသားမွန္း သိတဲ့ ညီ့ကို သိပ္ဂရုတစိုက္

ရွိသည္မို့ အခုထိေတာ့ အဲ့ဒီေနရာေတြက ညီ့အတြက္ အန္တရာယ္

မရွိေသး။

ထိုစဉ္ အိမ္ထဲကို ေလ်ွာက္လာသည့္ ညီ့ေြကာင့္ ဖြားဖြားရဲ့

ဓာတ္ပုံေလးကို ေငးြကည့္ရာမွ ညီ့ကိုသာ ခပ္စိုက္စိုက္ြကည့္ရေတာ့သည္။ နာေရးမွာ ရွိသမ်ွ လူေတြကလည္း စီးကရက္တစ္လိပ္ကို ခဲျပီး ဝင္လာတဲ့ ညီ့ကို အထူးအဆန္း စိုက္ြကည့္ေနြကေလရဲ့။

ဒီညီတစ္ေယာက္ကိုေတာ့ သူထိန္းလို့ တကယ္မနိုင္...။

ဆြယ္တာလည္ပိတ္ လက္ရွည္နဲ့ အမဲေရာင္ Pants ‌

ေလးကို ဝတ္ထားသည့္ ေကာင္ေလးရဲ့ တစ္ကိုယ္လုံးကို ဩဂတ္

ေခါင္းစ ေြခဆုံး ြကည့္လိုက္သည္။ အသက္၂၃နွစ္ရွိျပီြဖစ္တဲ့

ေကာင္ေလးက ဆံပင္ကိုပါ ခဲေရာင္ဆိုးပစ္လိုက္သည္။

သူသေဘာမက်ေပမယ့္ ထိုအေရာင္ေလးက ညီနဲ့တအား

လိုက္သည္ဟု ထင္ေြကးေပးရပါမည္။

အခုထိ ေြခညွပ္ဖိနပ္ကို စြဲေနေအာင္ဝတ္တဲ့ ညီက

သူ့မ်က္စီထဲမွာ တကယ္ကို ကေလးေလးတစ္ေယာက္ထက္

မပိုပါ။

"ဟိုင္း!! ကိုကို.."

ေထ့ေငါ့တဲ့ အျပုံးတစ္ခုက မ်က္နွာထက္မွာ ြဖစ္ထြန္းလာျပီး

မွုတ္ထုတ္လိုက္တဲ့ စီးကရက္အေငြ့ေတြြကားက ညီ့မ်က္နွာ

ေခ်ာေခ်ာအား ေတြ့ရသည္။ အရပ္၆ေပအတိ ရွည္ေနျပီြဖစ္တဲ့

ညီက တစ္ခါတစ္ေလ ၆ေပ၄ရွိတဲ့ သူ့ကို မမွီေသးေြကာင္း

ေျပာေျပာျပီး ညည္းတြားတတ္ေသးတယ္။

အရင္တုန္းက ငယ္ရုပ္ကို ဘယ္နားျပန္ရွာရမလည္းမသိေပမယ့္

ေျပာင္းလဲလာတဲ့ ရုပ္ကေလးကလည္း ြကည့္ေကာင္းေနျပီး

ေယာက္်ားဆန္လာသည္ဟု ယူဆလို့ရသည္။ အသက္၂၃နွစ္

ရွိျပီမို့ ညီက သူ့အနားကို အရင္လို မကပ္ပဲ ခပ္ခြာခြာ ေနလြန္းလာ၏။ အိမ္ကို ျပန္ေရာက္ရင္ေတာ့ သူနဲ့အတူ အိပ္တတ္တဲ့

အက်င့္ကေတာ့ မေပ်ာက္ေသးေပ။

"ဩဂတ္... မေတြ့ရတာ ြကာျပီေနာ္"

ဖြားဖြားနာေရးမို့ သက္ရွိထင္ရွားရွိစဉ္က ဖြားဖြားနဲ့ လက္ပြန္းတတီး

ေနခဲ့တဲ့ ပုလဲသြယ္လည္း ေရာက္လို့ေနခဲ့၏။ သြယ္က အရင္ကလို

ပုံစံေလး ရုပ္မေျပာင္းပဲ ရွိေနတာမို့ ထူးထူးြခားြခား မွတ္မိေအာင္

သိပ္မြကိုးစားရ။ ျမင္ရုံနဲ့ တန္းမွတ္မိသြားခဲ့ပါသည္။

"မေတြ့တာ ြကာျပီေနာ္ သြယ္!!

"ဟုတ္ပါရဲ့!! ဆရာဝန္ ြဖစ္ေနျပီဆို ဝါသနာလည္းမပါ

ရည္ရြယ္ခ်က္လည္း မရွိပဲနဲ့ ြကားြကားခ်င္းမွာ သြယ္အရမ္း

အံ့ဩသြားခဲ့တာ သိလား"

"အင္း!!

"ဪ... ဒါက ေသာ္ဒီထင္တယ္ မေတြ့တာြကာလို့လားမသိဘူး

ြကည့္လို့ အရမ္းေကာင္းလာတာပဲ သြယ့္ထက္ငယ္တဲ့ေကာင္ေလးကို အခုေတာ့ သြယ္ကေတာင္ေမာ့ြကည့္ေနရျပီ"

သြယ္က ျပုံးေနသေလာက္ ေသာ္ဒီကမေခ်မငံ ျပန္ြကည့္တဲ့အခါ

ဩဂတ္ ‌မ်က္ေစာင္းပါးပါးထိုးရသည္။ ထိုအခါမွ ေသာ္ဒီက

မျပုံးခ်င္ ျပုံးခ်င္နဲ့ ဖ်စ္ညွစ္သလို ျပုံးရင္း

"ဟုတ္ပါရဲ့ မေတြ့တာြကာျပီေနာ္ မမသြယ္.."

"ညီက အေျပာအဆို သိပ္မတတ္ဘူး သြယ္

ဒါကို သြယ္ကပဲ လူြကီးပီပီ နားလည္ေပးပါေနာ္ ေဗြမယူပါနဲ့"

"ဟင္းဟင္း!! နင္မေျပာင္းလဲဘူးေနာ္ အခုထိ ညီေလးကို

ကာကြယ္‌ေပးေနတုန္းပဲ"

"အင္း!! ငါ့အတြက္ေတာ့ ငါ့ညီက ပထမ ဦးစားေပးေလ!!

"မမသြယ္နဲ့ ကိုကို မေတြ့တာြကာေတာ့ ေျပာစရာေတြလည္း

အမ်ားြကီးရွိေနမွာေပါ့ ေအးေအးေဆးေဆး ေျပာြကပါ့လား

က်ြန္ေတာ္ ဖြားဖြားကို နွုတ္ဆက္ဦးမယ္"

"အင္း!!

သြယ္နဲ့ ဩဂတ္ထြက္သြားေတာ့ ထိုေနရာမွာရပ္ေနသူက

ေသာ္ဒီတစ္ေယာက္ထဲရယ္။ စီးကရက္တစ္လိပ္ကို နွုတ္ခမ္းမွာ

ခဲရင္း မီးညွိလိုက္သည္။ ထို့ေနာက္ ဖြားဖြားရဲ့ ဓာတ္ပုံကို

ေသခ်ာယူြကည့္ျပီး စီးကရက္ေငြ့ေတြထုတ္လြွတ္လိုက္သည္..။

ျပီးမွ ခပ္ေထ့ေထ့ အျပုံးတစ္ခုက ေသာ္ဒီနွုတ္ခမ္းမွာ ြဖစ္ထြန္းလ်က္...

"ေသာက္အဖြားြကီး!! ေနာက္ဘဝက် အတ္တမြကီးရဘူးေနာ္

လူြကီးြဖစ္တိုင္း ေနရာတကာမွန္ေနတာ မဟုတ္ဘူးရယ္

အခုေတာ့ ေသခါနီးအခ်ိန္မွာေတာင္ သားကေရာ ေျမးကေရာ

တစ္ေယာက္မွ အနားမွာ ရွိမေနေပးခဲ့ဘူးမလား.."

ပုံထဲက အသက္၈၀အရြယ္ အဖြားကို ေသာ္ဒီြကည့္ရင္း ခပ္ခ်ဉ္ခ်ဉ္ ဆိုမိသည္။ ငယ္ငယ္က သူ့အိမ္ ကိုကိုနဲ့ လိုက္သြားခဲ့တာကို

လူကိုျမင္ေတာ့ မတူသလိုမတန္သလို ဆက္ဆံတဲ့ အဖြားက

သူ့ကိုသေဘာမက်သလို သူကလည္းအဖြားကိုသေဘာမက်။

ရွိသမ်ွ ပိုင္ဆိုင္မွုေတြကိုေတာ့ သူ့ကိုျပုစုေပးတဲ့ ေဒါ္ေလးကို

အကုန္လြွဲေပးခဲ့သည္ဟု ေရွ့ေနြကီးဆီက ြကားရသည္..။

ပိုင္ဆိုင္မွုကလည္း သိပ္မ်ားတာမဟုတ္ဘူးရယ္။ လက္ရွိေနတဲ့

အိမ္ရယ္ြခံရယ္ ဂိုေထာင္ထဲမွာ ထိုးထားတဲ့ ကားရယ္။ ဒါပဲ

ရွိသည္။ တစ္လ တစ္လ ဖြားဖြားအိမ္ရဲ့ အိမ္အသုံးစရိတ္နဲ့

အိမ္မွာ ခိုင္းဖို့ ေခါ္ထားတဲ့ အလုပ္သမားေတြကို လစာ ေပးဖို့က

အစ အကုန္ ဒယ္ဒီေထာက္ပံ့တာေတြပဲ။ အခုဖြားဖြားဆုံးသြားျပီ

ဆိုေတာ့ ေထာက္ပံ့စရာ မလိုေတာ့ဘူးေပါ့။

အမွန္ဆို သူလြွဲေပးရမယ့္သူက ကိုကိုဆိုေပမယ့္ သူ့ဆီ

တစ္ြကိမ္မွ မလာေတာ့တဲ့ ကိုကို့အား စိတ္နာသြားပုံရသည္။

ဒါေတြမရလို့ ကိုကိုကေတာင္ ဘာမွမြဖစ္တာ ြကားကေန သူ့လို

လူစိမ္းတစ္ေယာက္က ဘာြဖစ္ရဦးမွာလဲ။

ဖြားဖြားရဲ့ ဓာတ္ပုံကို ျပန္ခ်လိုက္ျပီး စီးကရက္ကို ေနာက္ဆုံး

တစ္ရွိုက္ဖြာကာ ဒယ္ဒီတို့နား ေရာက္ေနတဲ့ ကိုကို့ဆီျပန္လာလိုက္တယ္။ မမသြယ္ကေတာ့ ေဒါ္ေလးနဲ့အတူ ထိုင္ျပီး စကားစျမည္

ေျပာေန၏။ သူကိုကိုနဲ့ မမသြယ္ကိုြကည့္ျပီး တစ္ခ်ိန္က သူ့ေြကာင့္ ပ်က္စီးသြားတဲ့ ဆက္ဆံေရးတစ္ခုကိုျမင္ေယာင္ကာ

စိတ္လည္းမေကာင္းေပ။

"ကိုကို.."

"ေဆးလိပ္မေသာက္ဖို့ ကိုကိုမေျပာထားဘူးလား"

"ကိုကိုကလည္း!!!!

"အဲ့လိုြကပ္ြကပ္လုပ္ ြကာရင္က်န္းမာေရးထိမွာပဲ"

"အဲ့ခါက်လည္း ကိုကိုကုေပးေပါ့!!

ကတ္ကတ္လန္ျပန္ေျပာေနတဲ့ ထိုေကာင္ေလးကို နားရင္းတစ္ခ်က္ က်င္းပစ္လိုက္ေတာ့ ဒယ္ဒီအြကည့္ေတြက သူတို့ဆီ

ေရာက္လာတယ္။ သားငယ္ေလးကို ရိုက္လိုက္လို့ မေက်နပ္သလို

ြကည့္ေနတာမို့

"ဒယ္ဒီသားငယ္က အရမ္းဆိုးေနတာ.."

"ကေလးပဲ ဆိုးမွာေပါ့!!!

"ဒယ္ဒီပဲ ကိုကိုနားလည္ေအာင္ ေျပာျပလိုက္ေတာ့ လူကိုေတြ့ရင္

ဆရာဝန္ တစ္ေယာက္ရဲ့ပါဝါကို အျပည့္ျပေနတာပဲ"

ညီညီရဲ့စကားေြကာင့္ ေခါင္းပဲ ရမ္းေနမိတယ္..။ အသက္သာ

ြကီးလာေပမယ့္ အိမ္မွာ အငယ္ဆုံးေလးြဖစ္သည့္တစ္ေလ်ွာက္

အခုထိ ကေလးစိတ္ မကုန္ေသးဘူးဟုသာ သူကေတာ့

ထင္မိေနတာပဲ။ ဘယ္ေလာက္ပဲလူြကီးပုံဖမ္းပါေစ ဩဂတ္ရဲ့

စိတ္ထဲမွာေတာ့ ညီညီက အေတာင္မစုံေသးတဲ့ ငွက္ငယ္ေလး

တစ္ေကာင္ြဖစ္ေနဆဲပင္။

[text_hash] => 9a2f2f03
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...