Array
(
[text] =>
ချစ်သူတစ်ယောက် ကောက်ရထားသည် {အခန်း ၁၆}
ပုံမှန်ဟုတ်မနေတဲ့ လေထုကြောင့် ဩဂတ် မနက်ခင်းလေးက
စိတ်သက်သာရာ ရကာ လက်မောင်းထဲမှာ ပွေ့ဖက်ထားဟန်
ရှိတဲ့ ခပ်နွေးနွေး ကိုယ်လုံးလေးကြောင့် သူမျက်လုံးတွေ ပြူးပြဲ
ဖွင့်ကြည့်လိုက်တယ်။
သူ့ဘေးမှာ ပုစွန်ကွေးလေးလို ကွေးကွေးလေး အိပ်နေရှာတဲ့
ညီ့ကို တွေ့လိုက်ရမှ စိတ်သက်သာရာ ရသွားတော့သည်။ ညီက
လှုပ်ရှားလာသည်မို့ အိပ်ရေးမဝမှာစိုးတဲ့သူက ကျောလေးကို
ပြန်ပုတ်သိပ်မှ ပြန်ငြိမ်ကျသွား၏။ ညက သူအစောကြီး
အိပ်သွားသည့်တိုင် ညီညီကလည်း ဘယ်ချိန်အိမ်ပြန်လာပြီး
သူ့အိပ်ယာမှာ လာအိပ်ခဲ့သလည်း မသိရ။
ဘာပဲဖြစ်ဖြစ် မြင်ရခဲတဲ့ ညီညီကို အခုလို ပြန်တွေ့ရတော့လည်း
အတိုင်းဆမသိ ဝမ်းသာရသည်။ လွမ်းနေရတဲ့ မျက်နှာလေးကို
ကြည့်ပြီး ပါးတစ်ဖက်ကို ငုံ့နမ်းလိုက်တော့ ဆတ်ခနဲဖွင့်လာတဲ့
မျက်လုံးတွေနဲ့အတူ ညီညီက အလန့်တကြား ထထိုင်သည်။
"ကိုကို ဘာလို့ လာနမ်းတာလဲ ရူးနေလား!!!
ညီ့စကားကြောင့် သူကတော့ ကြောင်အမ်းအမ်းဖြစ်ရနေရပြီ။
ခန္ဓာကိုယ်အောက်ပိုင်းက စောင်နဲ့ဖုံးထားတာမို့ ညီ့ရဲ့အပေါ်ပိုင်း
ပုံစံကိုသာ ကြည့်လျက်..
"ဘာလဲကွာ ကိုယ့်ညီကို နမ်းတာပဲ.."
သော်ဒီ သက်ပြင်းချသည်။ ကိုကိုကတော့ အခုထိ သူ့ကို
ကလေးလို့ ထင်နေပုံ...
"ကျွန်တော် ကလေးမဟုတ်တော့ဘူးနော် ကိုကို
စိတ်ရှိတိုင်း လူကိုလာနမ်းမနေနဲ့"
"ဟာ.. ကိုကို့မျက်စိထဲမှာ မင်းက၊ ကလေးပဲလေ"
သော်ဒီ စောင်ကိုလှပ်ပြီး ထရပ်လိုက်တော့ ဩဂတ်မျက်ခုံး
ပင့်ပြီး ဘဝင်မကျသည့်လေသံနဲ့
"ညီညီ!!!
သော်ဒီက ဘာလဲဆိုတဲ့ သဘောနဲ့ မေးဆတ်ပြတယ်။ ညီ့ရဲ့
ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ ရှပ်အင်္ကျီက သူ့ရဲ့အင်္ကျီဖြစ်နေပြီး
ထိုအင်္ကျီက ပေါင်ထိ ရှည်ကျနေ၏။ ဒါပေမယ့် ထိုအင်္ကျီက
လွဲလို့ အောက်ပိုင်းမှာ ဘာမှမရှိ။
"ဘောင်းဘီရော ဝတ်ထားရဲ့လား.."
"ပါတယ်လေ ကိုကိုရာ!!!
ပြောရင်းဆိုရင်း ပေါင်ထိရှည်တဲ့ အင်္ကျီကို လှန်ပြလာတော့
မျက်နှာလွှဲရသူက သူသာဖြစ်နေသည်။ ညီကတော့ သူ့ကိုယ်သူ
ကလေးလို့ သဘောထားခံရတာကို သိပ်မကြိုက်ပေမယ့်
လုပ်သမျှ ကိစ္စတွေက ၊ ကလေးတစ်ယောက်လို ဆိုတာကို
သိပုံမရ။
"ညက ဘယ်ချိန် ပြန်လာခဲ့တာလဲ "
"၁၁ ဝန်းကျင်လောက်!!
"အင်း.. ကိုကို့ကို ဖုန်းဆက်နှိူးလိုက်တာ မဟုတ်ဘူး"
"မဟုတ်ရင်တောင် ကိုကိုက ဆေးရုံမှာ ပင်ပန်းနေတဲ့ဟာ.."
ညီ့ရဲ့ ဒီအပြောတွေကြားမှာ နေသားကျနေတဲ့ ဩဂတ်က
အခုလည်း ပြုံးစိစိ ဖြစ်သွားရသည်။
"ရေသွားချိုးတော့.."
"ဟုတ်!!
ညီ ရေချိုးခန်းဝင်သွားတဲ့ အချိန်မှာတော့ တစ်ခန်းလုံးကို
သန့်ရှင်းရေးလုပ်ပြီး အိပ်ယာသိမ်းရသည်။ အကုန်ပြီးပြီဆိုမှ
တိုက်ဆိုင်စွာ မင်းသွင်က ဖုန်းဆက်လာ၏..။ မင်းသွင်မှာ
ဘာအဖြစ်မှ မရှိဘူးထင်ခဲ့ပေမယ့် မကြာခင်ကပဲ ဌာနတစ်ခုထဲမှာ
လုပ်တဲ့ ဆရာဝန်မလေး သီရိဖူးဝေ ဆိုတဲ့ မိန်းကလေးနဲ့
တွဲဖြစ်ခဲ့ကြသည်။
ဒီကောင့်ရဲ့ မြှားနက်မောင် အကျင့်က အခုထိမပျောက်သေး။
လူကို ဟိုကောင်မလေးနဲ့သဘောတူလိုက် ဒီကောင်မလေးနဲ့
သဘောတူလိုက်နဲ့ ညီညီက မင်းသွင်ရဲ့ ထိုအကျင့်တွေကြောင့်
မင်းသွင်ကို တစ်စက်မှအကောင်းမမြင်တော့။
"မင်းသွင် ပြော..."
'ညက ငါကလပ်သွားတာကွာ မင်းညီနဲ့ တွေ့ခဲ့တယ်'
"အဲ့ဒါ ဘာထူးဆန်းလို့လဲ ငါ့ညီက ရန်ကုန်အနှံ့ပတ်နေတဲ့ကောင်လေ"
'ငါ သူ့ကို ကောင်လေးတစ်ယောက်နဲ့ တွေ့လိုက်တယ်'
"ဪ ငါ့ညီက အရွယ်ရောက်ပြီလေ သူငယ်ချင်းအသစ်တွေ
ဘာတွေနဲ့ ကဲချင်ကဲမှာပေါ့ နောက်ပြီး ဟိန်းလေးလည်း
ရှိတာပဲမလား"
'ဟိန်းလေးမဟုတ်ဘူး နောက်ပြီး အဲ့သူစိမ်းကောင်လေးနဲ့
မင်းရဲ့ညီက မှောင်မှောင်မဲမဲထဲမှာ နမ်းနေကြတာနော် သားရီး
ဒါဘာအဓိပ္ပာယ်လည်းဆိုတာ သိတယ်မလား..'
ဖုန်းကို ကိုင်ထားတဲ့ဩဂတ် လက်ချောင်းတွေက တင်းခနဲ
ဖြစ်သွားသည်။ ညီညီအကြောင်း အားလုံးသိတယ်ထင်ခဲ့တာ
အခုကြည့်ရသလောက် အကုန်လုံးသိနေတာတော့ မဟုတ်ဘူးပဲ..။ နောက်ပြီး ဘာဖြစ်တယ် ယောက်ျားချင်း နမ်းတယ် ဟုတ်လား။ ဒါဆို ညီညီက ဒယ်ဒီနဲ့ ဖေဖေ့လိုမျိုးလား..
'ငါပြောတာ ကြားလား သားရီး'
"အင်း!! ငါညီညီကို မေးကြည့်လိုက်မယ် "
ဖုန်းကို တန်းချပြီးနောက် ဩဂတ်ရဲ့ မျက်ခုံးနှစ်ခုက ထိလုနီးနီး
စုကြုတ်သွားတယ်။ ညီညီ ယောက်ျားတစ်ယောက်နဲ့ နမ်းတယ်
ဆိုတဲ့ မင်းသွင်ရဲ့ စကားက နားထဲမှာတဝဲလည်လည်။ ဘာပဲဖြစ်ဖြစ် သူကတော့ ညီ့နှုတ်က ထွက်လာတဲ့ စကားကိုပဲယုံမှာမို့
စိတ်ကိုလည်း အသင့်ပြင်ထားလိုက်ပါသည်။
ညီက ရည်းစားထားသင့်တဲ့အရွယ်ရောက်နေပေမယ့်
ဘယ်မိန်းကလေးနဲ့မှ မတွဲဖူးသေးကြောင်း သတိရလိုက်တော့
ရင်ထဲထိတ်ခနဲ ဖြစ်သွားရတာအမှန်။ အကယ်၍.. မင်းသွင်ရဲ့
ပြောစကားသာ မှန်နေမယ်ဆိုရင်ရော...
"ကိုကို.. "
ထိုအချိန် ရေချိုးခန်းထဲကနေ ခေါင်းပြူထွက်လာတဲ့ ညီ့အပြုံးတွေက ဖြူစင်တောက်ပနေပေမယ့် သု့မျက်နှာကတော့ ပင်သေ
ခြောက်လေးလို ညှိုးရော်နေတယ်။ ဒါကိုတော့ ညီသတိမထားမိဖို့
မျှော်လင့်ရတာပဲ...
"ကိုကို့အင်္ကျီလေး ခဏငှားပေးပါ့လား!!
ခေါင်းတစ်ချက်ပဲ ညိတ်ပြလိုက်ပြီး အဝတ်ဗီရိုထဲက ကိုယ့်အင်္ကျီကို
ဆွဲယူပြီး ညီလက်ထဲထည့်ပေးလိုက်သည်။
"Boxerရော? ယူဦးမလား"
"ကိုကို့ဟာက ညီနဲ့ မတော်ဘူးလေ ရတယ် ကိုကို ပြီးမှ
ညီကိုယ့်ဘာသာ အခန်းထဲက သွားယူဝတ်လိုက်မယ်"
"အင်း!!
ညီက ပြောချင်ရာပြောပြီး ရေချိုးခန်းတံခါးကို ပြန်ပိတ်သွားသည်။
ခဏလောက်ကြာမှ ပြန်ထွက်လာပြီး သူလှမ်းပေးတဲ့Boxerကို
မျက်လုံးပင့်ကြည့်သည်။
"ညီ့အခန်းထဲက ယူထားတာလား"
"ဟုတ်တယ်"
ထိုအခါ သော်ဒီက ကိုကို့လက်ထဲက Boxerကို လှမ်းယူပြီး
ကျေးဇူးတင်စကားပြောဖို့လည်းမမေ့။
"အလိုက်သိတာ ကိုကိုပဲရှိတယ်!!!
Boxerကို ယူပြီး သူ့ရှေ့မှာပဲ ဝတ်လိုက်တဲ့ညီက တကယ်ကို
ပေါ့ပါးတည်ငြိမ်နေပြီး ဘာအပြစ်မှ လုပ်မထားသည့်အတိုင်းပင်။
လုပ်ချင်ရာလုပ်နေသူက မရှက်ပေမယ့် မြင်နေရတဲ့ သူကတော့
ရှက်လာသလိုပဲမို့ ခပ်မြန်မြန်အကြည့်လွှဲလိုက်ရသည်။
Gym ရုံမှာ သွားကစားလေ့ရှိတဲ့ ညီက အခုဆို ထင်းထွက်နေတဲ့
Six Pack တွေနဲ့ အတော်ကြည့်လို့ ကောင်းနေပြီး ညီက
သူ့လို ထွားမနေပဲ ပိန်ပါးနေတာမို့ ပေါင်တံလေးတွေက စင်းနေ၏။
"ကိုကိုလည်း ရေချိုးမှာလား.."
"အင်း!!
"ဒါဆို ညီတို့ Breakfast အတူတူစားရမှာလားဟင်"
"စားရမှာပေါ့ ညီလာမယ်ဆိုတာ မသိခဲ့လို့ ကိုကိုဘာမှတော့
စီစဉ်ထားတာမရှိဘူး ပေါင်မုန့်မီးကင်လောက်နဲ့ ကော်ဖီပဲ
ရမှာ"
"ရပါတယ် ကိုကိုရဲ့ ဘာဖြစ်လဲ .."
"ဒါဆို ထမင်းစားခန်းမှာ ထိုင်စောင့်နေလေ ကိုကိုလာခဲ့မယ်"
"ဟုတ်!!
ရေချိုးခန်းထဲ ဝင်သွားတဲ့ ကိုကို့နောက်ကျောကို ရွှင်းရွှင်းစားစား
ကြည့်နေပြီး ခုံပေါ်တင်ထားတဲ့ဖုန်းကိုယူကာ အောက်ထပ်ကို
ဆင်းလာလိုက်သည်။ ပြင်ဦးလွင်မှာရှိတဲ့ ရာသီဥတုကို ပိုသဘော
ကျပေမယ့် ရန်ကုန်မှာရှိတဲ့ ကိုကို့ဆီမှာသာ သော်ဒီပျော်ရသည်..။
တစ်ခါတစ်လေ ဖေဖေ့ဆီသွားရင် တစ်ပတ်လောက်နေမယ်လို့
တွေးတွေးပြီး ကိုကို့ကို လွမ်းလို့ ၃ရက်လောက်နဲ့ပြန်ပြန်လာရတာ
သူသာအသိ။
ကိုကို့ ကိုယ်သင်းရနံ့တွေရှိနေတဲ့ ရှပ်အင်္ကျီကို
သော်ဒီ ငုံ့နမ်းလိုက်သည်။ နွေးနွေးထွေးထွေးရှိပြီး သင်းသင်းလေး။ ထို့နောက်မှာတော့ သူ့အပြုံးတွေပီပြင်လာကာ အရူးလို
ခေါင်းမော့ရယ်ပစ်လိုက်ရသည်။
ကိုကို့ရဲ့ အငွေ့သက်ကို ရချိန်တိုင်း ဟိုအရင်ကတည်းက
ရင်တလှပ်လှပ်ဖြစ်ရပြီး ထိုအချိန်တိုင်းမှာလည်း ပြုံးစိစိ
ဖြစ်နေတတ်သည်။ ခြေချိတ်ထိုင်လိုက်မှ သွယ်စင်းနေတဲ့
ပေါင်တံတို့က ကျစ်လစ်ပြီး ပိုကြည့်ကောင်းနေသယောင်။
"ညီ ရန်ကုန်ရောက်လာတာ ဒယ်ဒီနဲ့ အတူတူလိုက်လာတယ်လို့
ကိုကို ထင်ထားတာ ကြည့်ရတာ အဲ့လိုမဟုတ်ပုံပဲ.."
ဩဂတ်မှာ ပေါင်မုန့်မီးကင်ကို ခပ်မြန်မြန်လုပ်ရင်း ပေါင်မုန့်ပေါ်မှာ
ညီ့အတွက်ကတော့ ချောကလက်ချိစ့်သုတ်လိုက်ပြီး သူစားမယ့်
ပေါင်မုန့်ပေါ်မှာတော့ စတော်ဘယ်ရီယိုသုတ်ကာ ကော်ဖီနှစ်ခွက်
ဖျော်ပြီးသည်အထိ ညီ့ဆီက ဘာစကားမှပြန်မကြားရ။
"မေးရင် ဖြေမှပေါ့!!
"ညီ!! ကိုကို့ဆီ လာမလို့ပါပဲ "
"ဘယ်မှာ အိပ်လဲ ကလပ်မှာလား!!
"ဖက်တီးဆီမှာ"
ဩဂတ်မျက်နှာက တည်နေပြီး ခေါင်းတညိတ်ညိတ် ဖြစ်သွားရင်း
သော်ဒီရဲ့ သွယ်လျစွာ ပေါ်နေတဲ့ ပေါင်တံလေးတွေကြောင့်
မျက်ခုံးပင့်ကာ
"ဒယ်ဒီတို့ဆီမှာလည်း မင်းအဲ့ပုံစံအတိုင်း နေတာလား.."
ထိုအခါ သော်ဒီက ပြာပြာသလဲနဲ့...
"ဒီပုံစံအတိုင်းသာ နေရင် ဖေဖေ ကျွန်တော်ကိုရိုက်သတ်မှာပေါ့"
"ဒါဆို!!!
"ကိုကို့ဆီမှာပဲ နေတာပါ စိတ်ချ!!
သော်ဒီက သူလုပ်ပေးတဲ့ မနက်စာကို အပြစ်ကင်းတဲ့
ကလေးတစ်ယောက်လို ငုံ့စားနေတာမြင်တော့ ဘယ်ကနေ
ဘယ်လို စကားစရမှန်းမသိဖြစ်သွားတယ်။ သူကလည်း
ဒယ်ဒီသားပေမယ့် တစ်လျှောက်လုံး မိန်းမတွေကိုသာ သဘော
ကျလာသည့်သူပင်။
"ညီ!!
သော်ဒီ မျက်လုံးတွေက ဝိုင်းစက်လာကာ အပြစ်ကင်းစင်တဲ့
သူ့မျက်နှာနုနုလေးနဲ့ လိုက်ဖက်စွာ...
"ညက ကောင်လေးတစ်ယောက်နဲ့ မဖွယ်မရာ လုပ်ခဲ့တယ်ဆို?
"ဟမ်!!
"မလိမ်နဲ့နော် တိုင်တဲ့သူ ရှိတယ်!!
သော်ဒီ ကိုကိုစကားကြောင့် နင်သွားရပေမယ့် စားစရာတွေကို
အတင်းငုံ့စားပြီး ပလုတ်ပလောင်း ဖြစ်မှ ကိုကို့ကို ပြူးတိပြူးကြောင် တစ်ချက်မော့ကြည့်သည်။
"မေးရင် ဖြေရတယ် ကလေးရဲ့!!!
ဒါနဲ့ ပါးစပ်ထဲမှာရှိသမျှ အကုန်မျိုချပြီး ကော်ဖီတစ်ငုံလောက်
သောက်ပြီးမှ
"နမ်းရုံပါပဲ ကိုကို မဖွယ်မရာ မလုပ်ပါဘူး!!
"ဘာလို့ ကောင်လေးလဲ?
ကိုကို့အား သူသေချာကြည့်လျက် ပခုံးကိုခပ်သာသာ
ခပ်ပြရင်း
"ယောက်ျားတစ်ယောက်နဲ့ နမ်းတယ်ဆိုမှတော့
ညီက Gay ဖြစ်နေလို့ပေါ့ ကိုကိုရာ "
ပေါ့ပေါ့ပါးပါး ပြောလာတဲ့ ညီ့အား သူဆွံ့အစွာ ကြည့်နေမိသည်။
ထို့ကြောင့် ဇွန်းခက်ရင်း ကိုင်ထားတဲ့ သူ့လက်တွေက
သတိလက်လွတ်၊ လွှတ်ချမိသွားတာမို့ ချလွင်ဆိုတဲ့ အသံက
ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
"ဘာလို့ ကိုကို့ကို မပြောရတာလဲ.."
"အဟွန်း!! ဘယ်လိုပြောရမှာလဲ ကိုကိုရေ ကိုကို့ညီက
ယောက်ျားတွေကိုပဲကြိုက်တဲ့ Gayစစ်စစ်ပါလို့ပြောရမှာလား
နောက်ပြီး အဲ့လိုပြောလိုက်ရင်ရော ကိုကို မရွံသွားဘူးလို့
အာမခံနိုင်လို့လား"
ဩဂတ် မတ်တပ်ထရပ်ပြီး ညီ့အနောက်ကို လျှောက်သွားပြီးမှ
အနောက်ကနေ တင်းတင်းလေး ဖက်ထားလိုက်သည်..။
ထိုအခါ အဖက်ခံရတဲ့သော်ဒီမှာ ကြောင်အမ်းသွားပြီး
မလှုပ်ရဲပဲ အသက်အောင့်ထားရသည်အထိ။
"ကိုကိုက ဘာလို့ မင်းကိုရွံရမှာလဲ.."
"..........."
"ကိုကိုတို့မှာ ဒီညီအစ်ကိုနှစ်ယောက်ပဲရှိတာ ကိုကိုက
မင်းကိုရွံစရာလားဟမ်!! နောက်တစ်ခါ ဘာဖြစ်ဖြစ်
ညီ့ရဲ့ကိစ္စတိုင်းကို သိသူက ကိုကို ပထမဆုံးပဲ ဖြစ်ရမယ်
နားလည်ရဲ့လား"
"အင်း!! ညီကြိုးစားပါ့မယ်"
"ညီမေ့နေပြီလား ကိုကိုက သဘောထားကြီးတယ်လေ
ဒယ်ဒီတောင် ယောက်ျားတစ်ယောက်ဖြစ်တဲ့ ညီ့ဖေဖေကို
လက်ထပ်သေးတာပဲ မင်းကို ဂေးဖြစ်နေလို့ ဆိုတဲ့အကြောင်း
ပြချက်နဲ့ ကိုကိုဘယ်တော့မှ ဖယ်ထားမှာမဟုတ်ဘူး"
ပြောရင်း ကိုကိုက ပါးတစ်ဖက်ကို နှာခေါင်းတစ်ခုလုံးနစ်ဝင်တဲ့အထိ နမ်းသည်မို့ သော်ဒီ အင်္ကျီစလေးကိုသာ တင်းနေအောင်
ဆွဲဆုပ်ထားရတယ်။ အပြင်မှာ အရမ်း Strong ဖြစ်ပေမယ့်
သူက ကိုကို့မျက်စိထဲမှာ ကလေးတစ်ယောက် မပိုပါ။
သူကိုယ်တိုင်ကလည်း ကိုကို့အပေါ်ဆို ကလေးတစ်ယောက်လို
ဆိုးချင်တဲ့စိတ်လေးက ရှိနေခဲ့ပါသည်။
"ကိုကို မေးမယ် မေးမယ်နဲ့ အခုတော့ မေးခွန်းပြောင်းရတော့မှာပေါ့"
ဩဂတ် သူ့နေရာမှာ ပြန်ထိုင်ရင်း စကားဆက်တယ်။
"ညီ့မှာ ချစ်ရတဲ့ ကောင်လေး ရှိနေပြီလား ကိုကို့ကိုမရှက်နဲ့"
ကိုကို့မေးခွန်းကြောင့် သူမျက်ခုံးခပ်သာသာပင့်ရ၏။
"အတည်တွဲနေတဲ့ ကောင်လေးအကြောင်း မေးရင်တော့
မရှိပါဘူး ကိုကို... ဒါပေမယ့် ချစ်နေတဲ့လူ အကြောင်း
မေးရင်တော့ ရှိတယ်လို့ဖြေရမှာပေါ့"
စကားအဆုံး ဩဂတ်မှာ မျက်လုံးပင့်ရ၏။
"ရှိရင် ကိုကို့ဆီ ခေါ်လာခဲ့ ညီနဲ့ လိုက် ၊ မလိုက်ကို
ကိုကိုပဲ ဆုံးဖြတ်ပေးမယ်.."
သော်ဒီ ကိုကို့အား မျက်လုံးပင့်ကြည့်ကာ ငြိမ်ကျသွားရသည်။
"ကိုကိုပြောတာ ကြားလား ကိုယ်ကယောက်ျားလေးဆိုတိုင်း
ဘာမှ မဖြစ်ဘူးဆိုပြီး ထင်ရာလျှောက်မလုပ်နဲ့ အဆင့်တက်ချင်လို့
လွန်ကျူးချင်တယ်ဆိုလည်း ကိုကို့ကို အရင်ပြော.."
သော်ဒီ ခေါင်းညိတ်ပြတော့ ဩဂတ် ပြုံးလိုက်သည်...။
ဘာပဲဖြစ်ဖြစ် ညီ့ဘက်က ကောင်လေးတွေကို သဘောကျတယ်လို့
ဝန်ခံတာကလည်း တစ်ခုတော့ကောင်းသည်။ သူ့မှာ အဲ့တုန်းက
အရူးလို ကတိကြောင့် ဒီနေ့အထိ ကောင်မလေးတစ်ယောက်တောင် မရှိခဲ့တာလေ။ အခု ညီညီ့ကြောင့် သူအဲ့တုန်းက
ကတိကို မတည်လို့လည်း အဆင်ပြေသွားပြီမဟုတ်လား။
...........................
"ကိုသော် ရောက်မှ ရောက်လာပါ့မလားလို့ ကျွန်တော်
စောင့်လိုက်ရတာဗျာ"
ဝိုင်းမှာ ဖက်တီးကိုစောင့်ရင်း သောက်နေတုန်း ကောင်လေး
တစ်ယောက် သူ့ဘေးမှာ ကပ်ထိုင်လာသည်။ ကြည့်လိုက်တော့
သူ ကလပ်မှာတုန်းက သရမ်းပြီး နမ်းခဲ့တဲ့ တစ်ယောက်..။
အဲ့တုန်းက တစ်ယောက်နာမည်တစ်ယောက်မသိပဲ ဒီတိုင်း
နမ်းဖြစ်သွားတာ။ ဒါနဲ့ အဲ့ဒီကောင်လေးက ကိုယ့်ကိုသိလို့ထင်တယ် နာမည်တွေဘာတွေတောင် တပ်ခေါ်လို့။
"ကျွန်တော်ကို မှတ်မိလား!!
"အင်း!! မှတ်မိပေမယ့် မင်းနာမည်ကိုတော့ ကိုယ်မသိပါဘူး"
ထိုကောင်လေးက အရှေ့တိုးလာကာ မျက်နှာချင်း နီးကပ်လာတာမို့ သူကလည်း ကောင်လေးမျက်နှာကို ပြောင်ပြောင်တင်းတင်း
ပြန်ကြည့်နေလိုက်တယ်။ ကောင်လေးက အသားဖြူပေမယ့်
သူ့လောက်တော့ဖြူနေတာမဟုတ်။ ဆံပင်ဆေးဆိုးထားတာကြောင့် အကြောင်ကြားဖြစ်နေတဲ့ ဆံပင်အုပ်အုပ်လေးနဲ့တော့
ထိုကလေးက လိုက်ဖက်နေခဲ့သည်။
"ကိုသော် တကယ် ကျွန်တော်နာမည် မသိဘူးပေါ့ ဟုတ်လား"
သူခေါင်းညိတ်ရင်း ကောင်လေးရဲ့ ခါးကို လက်တစ်ဖက်နဲ့
ဆွဲဖက်ထားလိုက်တယ်။
"မင်းလေးရဲ့ နာမည်က ဘယ်သူများလဲ.."
"ဒါမှမဟုတ်.. ကျွန်တော့်ကို... ကိုသော်အပိုင်လေးလို့
တပ်ခေါ်ရင်ရော?
သူ ထိုကောင်လေးနဲ့ ထပ်ပြီးကျီစယ်ချင်ပေမယ့် သူ့နားကို
လျှောက်လာတဲ့ ဖက်တီးအား မြင်လိုက်ရတာကြောင့် ဖက်ထားတဲ့
ခါးကိုပြန်လွှတ်ပေးလိုက်တယ်။
"ကျွန်တော့်နာမည်က ကောင်းထက်ယံပါ ကိုသော်!!
"ကိုယ်မှတ်ထားပါ့မယ်!!
"ဆောရီးကွာ ငါနောက်ကျသွားတယ်"
"နောက်မကျပါဘူး ဖက်တီးရ "
ဖက်တီးရဲ့ ခန္ဓာကိုယ်က သူစတွေ့ဖူးတုန်းကလို ဝနေတာမျိုး
မဟုတ်တော့ပဲ ခန္ဓာကိုယ်က တစ်ပြေးညီ ပြည့်ပြည့်လေး
ဖြစ်ကာ ကြည့်လို့ကောင်းနေသည်။ ဒါပေမယ့် နှုတ်ကျိုးနေပြီမို့
ဖက်တီးရဲ့ နာမည်အစစ်ဖြစ်တဲ့ ကောင်းကင်ဟိန်းဆိုတဲ့နာမည်
ပျောက်ကာ ဖက်တီးလို့သာ ခေါ်ဖြစ်ခဲ့သည်။
"မင်းအလုပ်များနေတာလား ဖက်တီး!!
"အလုပ်များတာတော့ ဟုတ်တယ် ငါ့ကောင်ရေ..
မနက်ကတောင် အဖေက ငါ့ကို သူ့အလုပ်ဆိုဒ်ထဲ
ခေါ်သွားသေးတယ် ငါ့အရည်အချင်းတွေကို မြင်တော့
သူဘာပြောတယ်ထင်လဲ"
"ဘာတဲ့လဲ မင်းကိုတော်တယ်တဲ့လား.."
"ဘယ်ကသာ... အင်ဂျင်နီယာတော့ ဖြစ်မှာမဟုတ်ဘူး
အုတ်သယ်ဖို့တော့ အရည်အချင်းမှီတယ်တဲ့"
"ဟား!!! မင်းဖားသားကြီးကလည်း မမိုက်သေးပါဘူးကွာ
ငါ့ကိုပဲကြည့် ဒယ်ဒီရောဖေဖေရောရှိပြီး ကိုကိုတစ်ယောက်လည်း
ရှိသေးတယ် ငါဘာအလုပ်မှ လုပ်စရာမလိုဘူး မိဘလုပ်စာကို
ထိုင်စားလိုက် ထစားလိုက်နဲ့ ဘယ်လောက်အဆင်ပြေလဲ"
နောက်ဆုံးမှာတော့ သူ ဖက်တီးဆီကနေ အားကျတဲ့အကြည့်နဲ့သာ ကြည့်ခံလိုက်ရသည်။ သော်ဒီကလည်း အလိုလိုက်ခံထားရတဲ့ သားအငယ်ဆုံးလေးမို့ ဖင်ခေါင်းက ခပ်ကျယ်ကျယ်။ ကောင်လေး တွေပဲ သဘောကျတယ်လို့ သူ့ဆီမှာ ဝန်ခံတုန်းက သူက
သိပ်မအံ့ဩခဲ့။ ဒီလိုဖြစ်မယ်ဆိုတာ ထင်သားပဲ...
သော်ဒီမှာ ဘယ်တစ်ယောက် ညာတစ်ယောက် ပြိုင်တွဲဖို့
ရည်းစားတွေရှိပေမယ့် သူကတော့ အခုထိ စော်ငြင်းကောင်
ဖြစ်နေတုန်းပဲ ဒါကလည်း ရုပ်ရည်တစ်ခုထဲနဲ့ ဆိုင်တာမဟုတ်ဘူး
တော်ကီနဲ့လည်း ဆိုင်သေးတယ်လို့ သော်ဒီက ပြောတတ်သည်။
"ဒါနဲ့ သူက ဘယ်သူလဲ.."
သော်ဒီနားမှာ အသီးစားလိုက် သောက်စရာရှိတာ သောက်လိုက်နဲ့
လုပ်နေတဲ့ ကောင်းထက်ယံအား ဖက်တီးက မေးဆတ်ပြလိုက်သည်။ လှစ်ခနဲ ပြုံးသွားတဲ့ သော်ဒီက ကောင်းထက်ယံ ခါးလေးကို ဖက်ပြီး ဖက်တီးကို ခပ်လှောင်လှောင်ကြည့်လိုက်သည်။
"ကိုသော်.. ထပ်သောက်ဦးမှာလား"
"မင်းကိုယ့်နာမည်ကို ဘယ်လိုသိတာလဲ နောက်ပြီး ကိုယ်ဒီကို
လာမယ်ဆိုတာရော ဘယ်လိုသိလဲ.."
"ကိုသော်နဲ့ မနမ်းခင်ကတည်းက ကိုသော်ကို သိနေတာပါ
အဲ့ဒီနောက် ကိုသော် ဘယ်သွားတတ်တယ် ဘယ်လာတတ်တယ်
ဆိုတာကို ကျွန်တော်စုံစမ်းခဲ့ရတာ"
သော်ဒီက နောက်ယောင်ခံ လိုက်ခံရတာကို သဘောမကျပေမယ့်
အခုဟာက သူ့အတွက်အန္တရာယ်မရှိတာမို့ ခေါင်းတဆတ်ဆတ်
ညိတ်ပြလိုက်၏။
"ကိုယ်နဲ့ ပတ်သတ်ပြီး မင်းသိတာ ဘာရှိသေးလဲ. "
"ယံယံသိတာကတော့ ကိုသော်က ရည်းစားရှုပ်တယ်
ငြီးငွေ့လွယ်တယ် ချည်နှောင်ခံရတာမျိုးကို မကြိုက်ဘူး
နောက်ပြီး ကိုသော်ဆိုင်ကယ်ပေါ်ကို ဘယ်ရည်းစားကိုမှ
တင်မခေါ်ဖူးဘူး"
ကောင်လေးသိထားတဲ့ သူ့အချက်လက်တွေကြောင့် သော်ဒီ
မျက်ခုံးပင့်လိုက်တယ်။
"မင်းက သိထားတာတွေ မနည်းဘူးပဲ !!
"ဟုတ်ကဲ့ ကိုသော်.."
"ဒါဆို ထပ်ပြောစမ်းပါဦး ကိုယ်က ငြီးငွေ့လွယ်မှန်း သိရဲ့သားနဲ့
ဘာဖြစ်လို့ လာကပ်ရတာလဲ .."
"ဘာလို့လည်းဆိုတော့ နှလုံးသားကို မလွန်ဆန်နိုင်လို့!!!
ကောင်းထက်ယံနဲ့ သော်ဒီ အကြည့်ချင်းဆုံသွားခဲ့သည်..။
တစ်ယောက်မျက်လုံး တစ်ယောက်စိုက်ကြည့်နေစဉ်မှာပဲ
သော်ဒီက မျက်လုံးတစ်ဖက်ကို ဖျတ်ခနဲ မှိတ်ပြလိုက်တော့
ယံယံက ရှက်ရွံ့စွာ မျက်နှာရဲရဲနဲ့ တစ်ဖက်ပြန်လှည့်သွားသည်။
Ring..Ring
အရှိန်ရနေတုန်း သော်ဒီကို နှောက်ယှက်တာကတော့
ဖုန်းမြည်သံတစ်ခုက ဖြစ်သည်။ ကျစ်ခနဲ စုတ်သပ်ရင်းဖုန်းကို
ထုတ်ကြည့်တော့ ခေါ်သူက ကိုကိုမို့ ဝေ့ဝါးနေတဲ့ မျက်လုံးတွေက
ပြူးပြဲသွားရ၏။
"ကိုကို.."
'သော်ဒီထူးဟန် အိမ်ကိုပြန်လာခဲ့'
"ညီ.. အပြင်ရောက်နေတာ ကိုကို ဟို.. ဖက်တီးနဲ့
သောက်နေတာ"
'ဘာပဲဖြစ်ဖြစ် ကိုကိုနဲ့ ညစာစားဖို့ အိမ်ပြန်လာခဲ့
နာရီဝက်အတွင်း အိမ်အရောက်ပြန်ခဲ့..'
"ဟုတ်!!!
ကိုကို့ဖုန်းကျသွားတော့ လေပူတစ်ချက်ကို ခပ်လောလော
မှုတ်ထုတ်လိုက်သည်။
"ဘာတဲ့လဲ မင်းကိုကိုက အိမ်ပြန်လာဖို့ ခေါ်တာလား"
"ဟုတ်တယ် ကြည့်ရတာ ကိုကိုပြန်ရောက်နေပြီထင်တယ်
ငါအိမ်ပြန်မှ ဖြစ်မယ် မဟုတ်ရင် ကိုကိုငါ့ကို စိတ်တိုလိမ့်မယ်"
ဘယ်နေရာရောက်နေပါစေ သူ့ကိုကိုခေါ်ပါက အမြှီးလေးနှံ့ပြီး
ချက်ချင်းပြေးသွားတတ်တဲ့ သော်ဒီအကျင့်တွေက ဖက်တီး
အတွက် ရိုးနေပြီမို့ ခေါင်းကိုအသာညိတ်ပြလိုက်သည်။
"ကိုသော်... ယံယံနဲ့အတူ မသောက်တော့ဘူးလားဟင်"
"ဆောရီး နောက်တစ်ကြိမ်မှပေါ့!!
"ဒါပေမယ့်!!!
ယံယံ နောက်ထပ် ဘာစကားမှ ဆက်မပြောနိုင်အောင်
နှုတ်ခမ်းလွှာလေးကို ဖိနမ်းပြီး နှုတ်ပိတ်ပစ်လိုက်သည်...။
"လိမ်မာမယ်မလား!!!
"ဟုတ်"
ထို့နောက် သော်ဒီ ထထွက်လာသည်။ ကိုကိုဝယ်ပေးတဲ့
ဆိုင်ကယ်က အခုထိ သော်ဒီ သဘောကျရတဲ့ ပစ္စည်းတစ်ခုမို့
ဆိုင်ကယ်ပေါ်ကို ကျန်တဲ့သူမပြောနဲ့ ဖက်တီးကိုတောင်ခေါ်တင်ခြင်းမရှိ။ ကိုကို့ကို လိုက်စီးမလား မေးပေမယ့် ဆိုင်ကယ်စီးရတာ
ဝါသနာမပါဘူးဟုသာ ပြောပြီးခဏခဏ ငြင်းဆန်ခဲ့သည်။
သော်ဒီ အိမ်ရှေ့မှာပဲ ဆိုင်ကယ်ကို ရပ်ပစ်ခဲ့ပြီး အိမ်ထဲကို
ဝင်လာလိုက်တယ်။ ဒယ်ဒီနဲ့ ဖေဖေနဲ့ မရှိတဲ့နောက် အိမ်က
ခါတိုင်းထက် ပိုတိတ်ဆိတ်သွားသလို သူနဲ့ ကိုကို နှစ်ယောက်ထဲ
နေဖို့အတွက်တော့ တော်တော်လေးကျယ်လွန်းအားကြီးတယ်လို့
ပြောလို့ရတယ်။ ကိုယ် ပြင်ဦးလွင်မှာ ရောက်နေတဲ့ ရက်တွေဆို
ကိုကိုတစ်ယောက် ဘယ်လိုများ ဖြတ်သန်းတယ်မသိ။
"ပြန်ရောက်ပြီလား !!
အပေါ်ထပ်ကနေ ဆင်းလာနေတဲ့ ကိုကို့ကို အပြုံးနဲ့ ခေါင်းညိတ်ပြ
လိုက်တယ်။ ကိုကိုက အခုမှရေချိုးခါစဖြစ်တာမို့ ဆံပင်တွေက
မခြောက်သေးပဲ ရေစတွေ တွဲခိုနေတယ်။ အိမ်နေရင်းဖြစ်တာမို့
စွပ်ကျယ်တစ်ထည်ကို ဝတ်ထားတဲ့ ကိုကို့ပုံစံက ယောက်ျား
ဆန်တဲ့ အငွေ့သက်တွေ ထုတ်လွှတ်နေခဲ့ပါသည်။
"ညစာ အတူစားရအောင်"
"အင်း!!
ကိုကို့လက်ရာကို စားဖူးချင်တယ်ဆိုတဲ့ စကားကြောင့် ဖေဖေ
ပြင်ဦးလွင်မသွားခင်မှာ ဩဂတ်က အကုန်သင်ယူထားခဲ့တာ..။
အခုတော့ ညီညီ့ကို သူကိုယ်တိုင် ချက်ကျွေးနိုင်နေပြီမို့ ကျေနပ်ရသည်။
"ဒီည ကိုကိုနဲ့ အတူအိပ်မယ်မလား"
ထမင်းငုံ့စားနေတဲ့ သော်ဒီက သူ့ကိုမျက်လုံးပင့်ကြည့်လာတယ်။
အတူတူ အိပ်မလား ဆိုတဲ့ စကားက သူ့ကို နည်းနည်းလန့်သွား
စေတာတော့အမှန်။
"ဟောဗျာ!! အိပ်မယ်မလားလို့"
"ရတယ် ကိုကို ဒီည.. ညီ့အခန်းမှာပဲ ပြန်အိပ်ပါ့မယ်"
ဩဂတ်မှာ ညီဖြစ်သူစကားကို သဘောမကျ။ ပန်းကန်ထဲ
ဟင်းထည့်နေတဲ့ သူ့လက်က တန့်သွားရင်း
"ဘာလို့လဲ အရင်ကလည်း အိပ်နေကျ မဟုတ်ဘူးလား!!
"ကျွန်တော် ကလေးမဟုတ်တော့ဘူး ကိုကို
ဪ.. နောက်ပြီး ညီမရှိတုန်း ညီ့အခန်းထဲကိုမဝင်ပါနဲ့
ညီက၊ ကလေးမဟုတ်တော့ ကိုယ်ပိုင်လျို့ဝှက်ချက်တွေ
ရှိနေပြီ"
သော်ဒီ သူနဲ့ခပ်ခွာခွာ နေရခြင်းအကြောင်းကို တွေးမိပြန်တော့
ဩဂတ် ဆွေးမြေ့စွာ ညီ့အား ပြန်ကြည့်လိုက်သည်။
"ဘာလို့ အချိန်တွေကုန်တာ ဒီလောက်မြန်ရတာလည်းမသိဘူး
ကိုကိုကတော့လေ ညီ့ကို ၁၃နှစ် အရွယ်လေးပဲ ပြန်ဖြစ်စေချင်တာ ကိုကို့အနား အရမ်းကပ်ပြီး ကိုကိုအချိန်ပြည့် နမ်းလို့
ရတယ်လေ"
ဒီလိုဆိုတော့လည်း သော်ဒီက နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်..။
"ကျွန်တော်လည်း ၁၃နှစ်သားပဲ ပြန်ဖြစ်ချင်တာပါ ကိုကို"
ဒါမှ ကိုကို့နားမှာ ကပ်ချွဲလို့ရပြီး ကိုကို့ကိုလည်း အချိန်ပြည့်
နမ်းလို့ရမှာလေ။ အသက်ရွယ်ဆိုတာကြီးနဲ့ ညီကလည်း
ကိုကိုနဲ့ မကန့်သတ်ထားချင်ခဲ့ပါဘူး။
Zawgyi
ပုံမှန်ဟုတ်မနေတဲ့ လေထွုေကာင့် ဩဂတ် မနက်ခင်းလေးက
ရှိတဲ့ ခပ်နွေးနွေး ကိုယ်လုံးလေွးေကာင့် သူမျက်လုံးတွေ ပြူးပြဲ
ဖွင့်ွကည့်လိုက်တယ်။
ဘာပွဲဖစ်ွဖစ် မြင်ရခဲတဲ့ ညီညီကို အခုလို ပြန်တွေ့ရတော့လည်း
ွကည့်ပြီး ပါးတစ်ဖက်ကို ငုံ့နမ်းလိုက်တော့ ဆတ်ခနဲဖွင့်လာတဲ့
မျက်လုံးတွေနဲ့အတူ ညီညီက အလန့်တွကား ထထိုင်သည်။
ညီ့စကာွးေကာင့် သူကတော့ွေကာင်အမ်းအမ်ွးဖစ်ရနေရပြီ။
ခန်ဓာကိုယ်အောက်ပိုင်းက စောင်နဲ့ဖုံးထားတာမို့ ညီ့ရဲ့အပေါ်ပိုင်း
ပုံစံကိုသွာကည့်လျက်..
ကလေးလို့ ထင်နေပုံ...
"ညီညီ!!!
ခန်ဓာကိုယ်ပေါ်မှာ ရှိတဲ့ ရှပ်အင်ကျီက သူ့ရဲ့အင်ကျွီဖစ်နေပြီး
ထိုအင်ကျီက ပေါင်ထိ ရှည်ကျနေ၏။ ဒါပေမယ့် ထိုအင်ကျီက
"ပါတယ်လေ ကိုကိုရာ!!!
ပြောရင်းဆိုရင်း ပေါင်ထိရှည်တဲ့ အင်ကျီကို လှန်ပြလာတော့
မျက်နှာလွှဲရသူက သူသွာဖစ်နေသည်။ ညီကတော့ သူ့ကိုယ်သူ
ကလေးလို့ သဘောထားခံရတာကို သိပ်မွကိုက်ပေမယ့်
လုပ်သမျှ ကိစ်စတွေက ၊ ကလေးတစ်ယောက်လို ဆိုတာကို
သိပုံမရ။
"၁၁ ဝန်းကျင်လောက်!!
"အင်း.. ကိုကို့ကို ဖုန်းဆက်နှိုးလိုက်တာ မဟုတ်ဘူး"
ညီ့ရဲ့ ဒီအပြောတွေကားမှာ နေသားကျနေတဲ့ ဩဂတ်က
အခုလည်း ပြုံးစိစွိဖစ်သွားရသည်။
"ရေသွားချိုးတော့.."
"ဟုတ်!!
ဘာအွဖစ်မှ မရှိဘူးထင်ခဲ့ပေမယ့် မွကာခင်ကပဲ ဌာနတစ်ခုထဲမှာ
တွဲဖစ်ခွဲ့ကသည်။
သဘောတူလိုက်နဲ့ ညီညီက မင်းသွင်ရဲ့ ထိုအကျင့်တွေေကာင့်
"မင်းသွင် ပြော..."
ရှိတာပဲမလား"
မင်းရဲ့ညီက မှောင်မှောင်မဲမဲထဲမှာ နမ်းနွေကတာနော် သားရီး
ဒါဘာအဓိပ်ပာယ်လည်းဆိုတာ သိတယ်မလား..'
ွဖစ်သွားသည်။ ညီညီအွေကာင်း အားလုံးသိတယ်ထင်ခဲ့တာ
'ငါပြောတွာကားလား သားရီး'
"အင်း!! ငါညီညီကို မေွးကည့်လိုက်မယ် "
ဘယ်မိန်းကလေးနဲ့မှ မတွဲဖူးသေွးေကာင်း သတိရလိုက်တော့
ရင်ထဲထိတ်ခနွဲဖစ်သွားရတာအမှန်။ အကယ်၍.. မင်းသွင်ရဲ့
"ကိုကို.. "
ထိုအချိန် ရေချိုးခန်းထဲကနေ ခေါင်းပြူထွက်လာတဲ့ ညီ့အပြုံးတွေကွဖူစင်တောက်ပနေပေမယ့် သု့မျက်နှာကတော့ ပင်သေ
မျှော်လင့်ရတာပဲ...
"ကိုကို့အင်ကျီလေး ခဏငှားပေးပါ့လား!!
ခေါင်းတစ်ချက်ပဲ ညိတ်ပြလိုက်ပြီး အဝတ်ဗီရိုထဲက ကိုယ့်အင်ကျီကို
"Boxerရော? ယူဦးမလား"
"အင်း!!
ခဏလောက်ွကာမှ ပြန်ထွက်လာပြီး သူလှမ်းပေးတဲ့Boxerကို
မျက်လုံးပင့်ွကည့်သည်။
"ဟုတ်တယ်"
ရှက်လာသလိုပဲမို့ ခပ်မြန်မြန်အွကည့်လွှဲလိုက်ရသည်။
Six Pack တွေနဲ့ အတော်ွကည့်လို့ ကောင်းနေပြီး ညီက
"အင်း!!
ရမှာ"
"ရပါတယ် ကိုကိုရဲ့ ဘွာဖစ်လဲ .."
"ဟုတ်!!
ွကည့်နေပြီး ခုံပေါ်တင်ထားတဲ့ဖုန်းကိုယူကာ အောက်ထပ်ကို
သူသာအသိ။
ကိုကို့ ကိုယ်သင်းရနံ့တွေရှိနေတဲ့ ရှပ်အင်ကျီကို
ရင်တလှပ်လှပ်ွဖစ်ရပြီး ထိုအချိန်တိုင်းမှာလည်း ပြုံးစိစိ
ွဖစ်နေတတ်သည်။ွေခချိတ်ထိုင်လိုက်မှ သွယ်စင်းနေတဲ့
ပေါင်တံတို့က ကျစ်လစ်ပြီး ပွိုကည့်ကောင်းနေသယောင်။
ကိုကို ထင်ထားတွာကည့်ရတာ အဲ့လိုမဟုတ်ပုံပဲ.."
ဖျော်ပြီးသည်အထိ ညီ့ဆီက ဘာစကားမှပြန်မွကားရ။
"မေးရင်ွေဖမှပေါ့!!
"ဖက်တီးဆီမှာ"
ဩဂတ်မျက်နှာက တည်နေပြီး ခေါင်းတညိတ်ညိတ်ွဖစ်သွားရင်း
သော်ဒီရဲ့ သွယ်လျစွာ ပေါ်နေတဲ့ ပေါင်တံလေးတွေေကာင့်
မျက်ခုံးပင့်ကာ
"ဒါဆို!!!
ဘယ်လို စကားစရမှန်းမသွိဖစ်သွားတယ်။ သူကလည်း
ကျလာသည့်သူပင်။
"ညီ!!
"ဟမ်!!
သော်ဒီ ကိုကိုစကာွးေကာင့် နင်သွားရပေမယ့် စားစရာတွေကို
အတင်းငုံ့စားပြီး ပလုတ်ပလောင်ွးဖစ်မှ ကိုကို့ကို ပြူးတိပြူွးေကာင် တစ်ချက်မေွာ့ကည့်သည်။
"မေးရင်ွေဖရတယ် ကလေးရဲ့!!!
သောက်ပြီးမှ
"ဘာလို့ ကောင်လေးလဲ?
ကိုကို့အား သူသေချွာကည့်လျက် ပခုံးကိုခပ်သာသာ
ခပ်ပြရင်း
ညီက Gayွဖစ်နေလို့ပေါ့ ကိုကိုရာ "
ပေါ့ပေါ့ပါးပါး ပြောလာတဲ့ ညီ့အား သူဆွံ့အစွာကည့်နေမိသည်။
ထို့ွေကာင့် ဇွန်းခက်ရင်း ကိုင်ထားတဲ့ သူ့လက်တွေက
ယောက်ျားတွေကိုပွဲကိုက်တဲ့ Gayစစ်စစ်ပါလို့ပြောရမှာလား
အာမခံနိုင်လို့လား"
ထိုအခါ အဖက်ခံရတဲ့သော်ဒီမှာွေကာင်အမ်းသွားပြီး
"..........."
မင်းကိုရွံစရာလားဟမ်!! နောက်တစ်ခါ ဘွာဖစ်ွဖစ်
ညီ့ရဲ့ကိစ်စတိုင်းကို သိသူက ကိုကို ပထမဆုံးပွဲဖစ်ရမယ်
နားလည်ရဲ့လား"
"အင်း!! ညွီကိုးစားပါ့မယ်"
"ညီမေ့နေပြီလား ကိုကိုက သဘောထာွးကီးတယ်လေ
ဒယ်ဒီတောင် ယောက်ျားတစ်ယောက်ွဖစ်တဲ့ ညီ့ဖေဖေကို
လက်ထပ်သေးတာပဲ မင်းကို ဂေွးဖစ်နေလို့ ဆိုတဲ့အွေကာင်း
ပြောရင်း ကိုကိုက ပါးတစ်ဖက်ကို နှာခေါင်းတစ်ခုလုံးနစ်ဝင်တဲ့အထိ နမ်းသည်မို့ သော်ဒီ အင်ကျီစလေးကိုသာ တင်းနေအောင်
ဆွဲဆုပ်ထားရတယ်။ အပြင်မှာ အရမ်း Strongွဖစ်ပေမယ့်
ကိုကို့မေးခွန်ွးေကာင့် သူမျက်ခုံးခပ်သာသာပင့်ရ၏။
"အတည်တွဲနေတဲ့ ကောင်လေးအွေကာင်း မေးရင်တော့
မရှိပါဘူး ကိုကို... ဒါပေမယ့် ချစ်နေတဲ့လူ အွေကာင်း
မေးရင်တော့ ရှိတယ်လို့ွေဖရမှာပေါ့"
ကိုကိုပဲ ဆုံွးဖတ်ပေးမယ်.."
သော်ဒီ ကိုကို့အား မျက်လုံးပင့်ွကည့်ကာ ငြိမ်ကျသွားရသည်။
"ကိုကိုပြောတွာကားလား ကိုယ်ကယောက်ျားလေးဆိုတိုင်း
ဘာမှ မွဖစ်ဘူးဆိုပြီး ထင်ရာလျှောက်မလုပ်နဲ့ အဆင့်တက်ချင်လို့
ဘာပွဲဖစ်ွဖစ် ညီ့ဘက်က ကောင်လေးတွေကို သဘောကျတယ်လို့
အရူးလို ကတွိေကာင့် ဒီနေ့အထိ ကောင်မလေးတစ်ယောက်တောင် မရှိခဲ့တာလေ။ အခု ညီညီ့ွေကာင့် သူအဲ့တုန်းက
...........................
စောင့်လိုက်ရတာဗျာ"
ပြန်ွကည့်နေလိုက်တယ်။ ကောင်လေးက အသာွးဖူပေမယ့်
သူ့လောက်တေွာ့ဖူနေတာမဟုတ်။ ဆံပင်ဆေးဆိုးထားတွာေကာင့် အွေကာင်ွကာွးဖစ်နေတဲ့ ဆံပင်အုပ်အုပ်လေးနဲ့တော့
ဆွဲဖက်ထားလိုက်တယ်။
တပ်ခေါ်ရင်ရော?
လျှောက်လာတဲ့ ဖက်တီးအား မြင်လိုက်ရတွာေကာင့် ဖက်ထားတဲ့
"ကိုယ်မှတ်ထားပါ့မယ်!!
ဖက်တီးရဲ့ ခန်ဓာကိုယ်က သူစတွေ့ဖူးတုန်းကလို ဝနေတာမျိုး
မဟုတ်တော့ပဲ ခန်ဓာကိုယ်က တစ်ပြေးညီ ပြည့်ပြည့်လေး
ဖက်တီးရဲ့ နာမည်အစစ်ွဖစ်တဲ့ ကောင်းကင်ဟိန်းဆိုတဲ့နာမည်
ပျောက်ကာ ဖက်တီးလို့သာ ခေါ်ွဖစ်ခဲ့သည်။
သူဘာပြောတယ်ထင်လဲ"
"ဘယ်ကသာ... အင်ဂျင်နီယာတေွာ့ဖစ်မှာမဟုတ်ဘူး
"ဟား!!! မင်းဖားသာွးကီးကလည်း မမိုက်သေးပါဘူးကွာ
ငါ့ကိုပွဲကည့် ဒယ်ဒီရောဖေဖေရောရှိပြီး ကိုကိုတစ်ယောက်လည်း
သိပ်မအံ့ဩခဲ့။ ဒီလွိုဖစ်မယ်ဆိုတာ ထင်သားပဲ...
ွဖစ်နေတုန်းပဲ ဒါကလည်း ရုပ်ရည်တစ်ခုထဲနဲ့ ဆိုင်တာမဟုတ်ဘူး
"ဒါနဲ့ သူက ဘယ်သူလဲ.."
အခုဟာက သူ့အတွက်အန်တရာယ်မရှိတာမို့ ခေါင်းတဆတ်ဆတ်
ညိတ်ပြလိုက်၏။
ငြီးငွေ့လွယ်တယ် ချည်နှောင်ခံရတာမျိုးကို မွကိုက်ဘူး
တင်မခေါ်ဖူးဘူး"
ကောင်လေးသိထားတဲ့ သူ့အချက်လက်တွေေကာင့် သော်ဒီ
"ဟုတ်ကဲ့ ကိုသော်.."
ဘွာဖစ်လို့ လာကပ်ရတာလဲ .."
ကောင်းထက်ယံနဲ့ သော်ဒီ အွကည့်ချင်းဆုံသွားခဲ့သည်..။
တစ်ယောက်မျက်လုံး တစ်ယောက်စိုက်ွကည့်နေစဉ်မှာပဲ
Ring..Ring
ထုတ်ွကည့်တော့ ခေါ်သူက ကိုကိုမို့ ဝေ့ဝါးနေတဲ့ မျက်လုံးတွေက
ပြူးပြဲသွားရ၏။
"ကိုကို.."
သောက်နေတာ"
'ဘာပွဲဖစ်ွဖစ် ကိုကိုနဲ့ ညစာစားဖို့ အိမ်ပြန်လာခဲ့
"ဟုတ်!!!
မှုတ်ထုတ်လိုက်သည်။
"ဟုတ်တယ်ွကည့်ရတာ ကိုကိုပြန်ရောက်နေပြီထင်တယ်
ငါအိမ်ပြန်မွှဖစ်မယ် မဟုတ်ရင် ကိုကိုငါ့ကို စိတ်တိုလိမ့်မယ်"
"ဆောရီး နောက်တစ်ွကိမ်မှပေါ့!!
"ဒါပေမယ့်!!!
"လိမ်မာမယ်မလား!!!
"ဟုတ်"
ဆိုင်ကယ်က အခုထိ သော်ဒီ သဘောကျရတဲ့ ပစ်စည်းတစ်ခုမို့
နေဖို့အတွက်တော့ တော်တော်လေးကျယ်လွန်းအာွးကီးတယ်လို့
ကိုကိုတစ်ယောက် ဘယ်လိုမျာွးဖတ်သန်းတယ်မသိ။
"ပြန်ရောက်ပြီလား !!
လိုက်တယ်။ ကိုကိုက အခုမှရေချိုးခါစွဖစ်တာမို့ ဆံပင်တွေက
မွေခာက်သေးပဲ ရေစတွေ တွဲခိုနေတယ်။ အိမ်နေရင်ွးဖစ်တာမို့
"ညစာ အတူစားရအောင်"
"အင်း!!
ကိုကို့လက်ရာကို စားဖူးချင်တယ်ဆိုတဲ့ စကာွးေကာင့် ဖေဖေ
ထမင်းငုံ့စားနေတဲ့ သော်ဒီက သူ့ကိုမျက်လုံးပင့်ွကည့်လာတယ်။
စေတာတော့အမှန်။
ဩဂတ်မှာ ညွီဖစ်သူစကားကို သဘောမကျ။ ပန်းကန်ထဲ
သော်ဒီ သူနဲ့ခပ်ခွာခွာ နေရွခင်းအွေကာင်းကို တွေးမိပြန်တော့
ဩဂတ် ဆွေးမြေ့စွာ ညီ့အား ပြန်ွကည့်လိုက်သည်။
ကိုကိုကတော့လေ ညီ့ကို ၁၃နှစ် အရွယ်လေးပဲ ပြန်ွဖစ်စေချင်တာ ကိုကို့အနား အရမ်းကပ်ပြီး ကိုကိုအချိန်ပြည့် နမ်းလို့
ရတယ်လေ"
"ကျွန်တော်လည်း ၁၃နှစ်သားပဲ ပြန်ွဖစ်ချင်တာပါ ကိုကို"
နမ်းလို့ရမှာလေ။ အသက်ရွယ်ဆိုတွာကီးနဲ့ ညီကလည်း
[text_hash] => a542b703
)
What do you think?